ရဲဝံ့စွန့်စား ပြည်ချစ်သား @pctmm11 Channel on Telegram

ရဲဝံ့စွန့်စား ပြည်ချစ်သား

@pctmm11


တပ်မတော်သားများနှင့် မိသားစုဝင်များအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ဒီ Channel ကနေ သင်တို့အား ကြိုဆိုပါတယ်။

ရဲဝံ့စွန့်စား ပြည်ချစ်သား (Burmese)

ရဲဝံ့စွန့်စား ပြည်ချစ်သားအတွက် ပျို့ပျတ်ချက်အား ရယူပေးပါသည်။ ဒီအခါအားရဲဝံ့စွန့်စား ပြည်ချစ်သားများကို သုံးပြီး တပ်မတော်သားများနှင့် မိသားစုဝင်များအား လုံးကျန်းမာ၊ ချမ်းသာကြပါစေ။ ဒီ Channel ကနေ သင်တို့ အျကည့်ဖို့ ကြိုဆိုပါတယ်။ အဘယ်သူမှာ ဘယ်လို ဘာပူပာခြင်းမျိုးရှိပါသလဲ။ ရဲဝံ့စွန့်စား ပြည်ချစ်သား အခြား ယောက််ဝီယာဖြစ်ပါသည်။ သင့်အကျယ်အလာတွင် ကြောင့်ပြုပြင်သော အသုံးပြု ထားသော အစီအစဥ်များ ကို ဒီ Channel မှ ရယူပေးနိုင်သည်။

ရဲဝံ့စွန့်စား ပြည်ချစ်သား

13 Jan, 05:11


ခွက်ပျောက်သူများ 🙄🙄🙄

ရဲဝံ့စွန့်စား ပြည်ချစ်သား

13 Jan, 04:14


ငါးချဉ်ထုပ်တော့မဟုတ်ဘူး

ကချင်ထုပ်(စုတ်) လေးများ

ရဲဝံ့စွန့်စား ပြည်ချစ်သား

12 Jan, 13:55


နယ်မြေရှင်းလင်းခြင်း (မတ္တရာ)

ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၁၀ နာရီချိန်ခန့်က နယ်မြေရှင်းလင်းနေသည့်စစ်ကြောင်းသည် မတ္တရာမြို့၏ အရှေ့တောင်ဘက် မီတာ ၁၁၀၀၀ ခန့်အကွာရှိ မြကန်သာရွာအနီးတွင် အကြမ်းဖက်သမား ၅ ဦးနှင့် ထိတွေ့မှု အနည်းငယ်ဖြစ်ပွားခဲ့ပြီး ရန်သူထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့အလောင်း ၂ လောင်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။ (ပုံများ ထပ်မံဖော်ပြပါမည်)
-
တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

12 Jan, 13:55


တိုက်ပွဲသတင်း (မကျီးဇင်)

ဇန်နဝါရီ ၁၁ ရက်နေ့ ညနေပိုင်းအချိန်က ဂွမြို့နယ်အစပ် မကျီးဇင်ရွာ၏ မြောက်ဘက် ဘောမိကျေးရွာအနီးတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် AA သောင်းကျန်းသူ ၃၀ ဦးခန့်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် AA အလောင်း ၁ လောင်း
(၂) M-22 သေနတ် ၁ လက်
(၃) ကျည်အိမ် ၁ ခု၊ ကျည် ၁၄ တောင့်

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
မှတ်တမ်းပုံများအား ထပ်မံဖော်ပြပေးပါမည်။
-
တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

12 Jan, 10:46


တိုက်ပွဲသတင်း (ဗန်းမော်တက္ကသိုလ်)

ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီချိန်ခန့်က ဗန်းမော်မြို့၏မြောက်ဘက် မီတာ ၅၀၀၀ ခန့်အကွာရှိ ဗန်းမော်တက္ကသိုလ်အား အကြမ်းဖက် KIA/PDF အင်အား (စိစစ်ဆဲ)မှာ အဝေးမှ လာရောက်နှောင့်ယှက်ပစ် ခတ်သဖြင့် ပြန်လည်ပစ်ခတ်ပြီး နယ်မြေရှင်းလင်းခဲ့။ မိမိထိခိုက်မှုမရှိ။ ရန်သူ့ထံမှ -
(၁) KA သေနတ် ၁ လက်
(၂) ကျည်အိမ် ၅ ခု၊ ကျည် ၁၀၀ ခန့်
(၃) RPG ဒုံးသီး ၂ လုံး
(၄) ၄၀ မမ ဗုံးသီး ၉ လုံး
(၅) လက်ပစ်ဗုံး ၉ လုံး
(၆) ကျည်ကာဦးထုပ် ၂ လုံး၊ ကျည်ကာ ၁ ထည်
(၇) အိုင်ကွန် ၁ လုံး

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

12 Jan, 10:46


မူသဲစခန်း ပြန်လည်သိမ်းပိုက်ရရှိ

ပခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ မူသဲစခန်းအား ဇန်နဝါရီလ ပထမပတ်ထဲတွင် KNLA သောင်းကျန်းသူများမှ သာလွန်အင်အားအသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် စခန်းရှိ အရာရှိ/စစ်သည်များ အနေဖြင့် ခေတ္တခဏရှောင်ဖယ်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့(ယနေ့)တွင် တပ်မတော် သားများမှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မူသဲစခန်းအား အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
-
နယ်မြေဆက်လက်ရှင်းလင်းနေဆဲဖြစ်သဖြင့် ရန်သူ့အလောင်း/လက်နက်ပုံများအား ထပ်မံဖော်ပြပေးပါမည်။
-
တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

12 Jan, 06:48


ပြည်ပကို ခွေးတိုးပေါက်ကနေ ထွက်ပြေးသွားတဲ့ အကြမ်းဖက်ခွက်ခေါက်အဖွဲ့အစည်း အနူဂျီကကောင်တွေ ပြည်ပမှာ ဘုံးထားတဲ့အလှူငွေတွေနဲ့ သောက်စားပျော်ပါးနေတဲ့အချိန်မှာ ဒီကောင်တွေမြှောက်ပေးတာကို ဦးနှောက်သုံးပြီး မစဉ်းစားဘဲ လိုက်လုပ်ခဲ့ကြတဲ့ PDF အကြမ်းဖက်ကောင်တွေရဲ့ ဘဝကတော့ မသာပေါ်တဲ့သူကပေါ် ပြတ်တဲ့သူကပြတ်နဲ့ အသုံးချခံတွေ ဖြစ်နေကြပြီ...
-
ပြည်ပြေးတွေက အသုံးချလိုက် တိုင်းရင်းသားလက်နက်ကိုင် သူပုန်တွေက ထိုးကျွေးလိုက်နဲ့ PDF ဆိုတဲ့သူတွေကတော့ မျိုးတုံးပျောက်ကွယ်တော့မယ်ဆိုတာ အသေအချာပဲ....

ရဲဝံ့စွန့်စား ပြည်ချစ်သား

12 Jan, 06:20


ULA/AA အဖွဲ့ဝင်များနှင့် ULA/AA အကြမ်းဖက်အားပေးထောက်ခံသူများ ကျောက်တော် (ထွေအုပ်ရုံး)၌ အစည်းအဝေးပြုလုပ်နေစဉ် လေကြောင်းမှ ဗုံးကြဲခံရ
==========================
ဇန် ၁၁ ၊ မေယုဌာနေ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့ ယနေ့နံနက်ပိုင်း ၉ နာရီခန့်၌ ULA/AA အဖွဲ့ဝင်များနှင့် ULA/AA အကြမ်းဖက်အားပေးထောက်ခံသူ အင်အား (၁၀၀)ကျော် ကျောက်တော်(ထွေအုပ်ရုံး)၌ အစည်းအဝေးလုပ်နေစဉ် လေကြောင်းမှ ဗုံးကြဲခံခဲ့ရသဖြင့် အယောက်၂၀ ကျော်ခန့် ပွဲချင်းပြီးသေဆုံးကာ ၄၅ ဦးခန့် ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနများတွင် ရေးသားပြောဆိုလျက်ရှိသည်။

မြေပြင်မှရရှိသည့် ကနဦးအချက်အလက်များအရ ULA/AA အဖွဲ့ဝင်များနှင့် ULA/AA အကြမ်းဖက်အားပေးထောက်ခံသူ ၄ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ ၂၂ ဦး အပြင်းအထန်ဒဏ်ရာရှိထားကြောင်းနှင့် သေဆုံး/ဒဏ်ရာရရှိမှုများတွင် အရပ်သားများမပါဝင်ဘဲ ULA/AA ဗဟိုနိုင်ငံရေးမှူးအပါအဝင် စည်းရုံးရေးမှူးနှင့် ULA/AA အဖွဲ့ဝင်များသာ ပါကြောင်း ကြားသိရသည်။
https://t.me/newsmayyu

ရဲဝံ့စွန့်စား ပြည်ချစ်သား

12 Jan, 06:19


တောင်ခမ်းဒေသ၊ မကျီးရေကျေးရွာအနီး ခံစစ်ပြင်ဆင်နေတဲ့ TNLA တွေကို မြန်မာ့တပ်မတော် အမြောက်တပ်ဖွဲ့နဲ့ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး သမ ပေးလိုက်တဲ့ Video ။
Fighting Myanmar Army
👊👊👊👊👊
လွတ်လပ်စွာ ကူးယူနိုင်ပါတယ်

ရဲဝံ့စွန့်စား ပြည်ချစ်သား

11 Jan, 16:26


❗️❗️❗️❗️❗️❗️

၂၀၂၁ ရွေးကောက်ပွဲမဲမသမာမှုများကြောင့် အာဏာထိမ်းဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် အနူဂျီတို့ရဲ့ မြှောက်ပင့်ပေးမှုများကြောင့် ပေါ်ပေါက်လာခဲ့တဲ့ ပဒက်လူငယ်တွေဟာ အထက်ရောက်ရင် လျှောက်လှမ်း စရာလမ်းမရှိတဲ့ လှေကားတစ်ခုပေါ်ကို တက်လှမ်းနေကြတယ်ဆိုတာကို ပဒက်တွေရဲ့ ၁၀၀ % မှာ ၈၅ % ကသိနေကြပါပြီ။ သိနေကြလို့လည်း နေရပ်ကို ပြန်လာတဲ့သူတွေပြန်လာကြပြီး တချို့တချို့သော ကျွံဝင် သွားကြတဲ့ လူငယ်တွေကတော့ ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့လမ်းကို သိသိကြီးနဲ့ လျှောက်လှမ်းနေကြရပါတော့တယ်။
-
မက်လုံးအမှား ခံယူချက်အမှားတွေနဲ့ EAOs တွေရဲ့ အသုံးချခံ လူသားတံတိုင်းတွေအဖြစ်နဲ့ လောကကြီးက ပျောက်ကွယ်သွားကြတဲ့ လူငယ်တေ ဒုနဲ့ဒေးပါပဲ။
-
သူတို့မသိတာလား? လို့ မေးလာခဲ့ရင် သူတို့သိပါတယ်။ ဒါဆိုဘာလို့ ပြန်မလာကြတာလဲ? လို့မေးရင်တော့ EAOs ရဲ့ဥပဒေဆိုတာ တရားရေးစာအုပ်တွေ ဥပဒေပြဌာန်းချက်တွေမှမဟုတ်တာ သူတို့ကိုင်ထားတဲ့ လ//က်န/က်နဲ့ သူတို့ နှုတ်ဖြားကထွက်တဲ့စကားက သူတို့ဥပဒေဆိုတော့ တာဝန်မထမ်းဆောင်ချင်ဘူး အိမ်ပြန်ချင်တယ် လို့ပြောလိုက်တာနဲ့ တမဟုတ်ချင်း ပျောက်ကွယ်သွားရတာဆိုတော့ ဘယ်သူက လွန်ဆန်ရဲတော့မှာလဲ?
-
ပဒက်လူငယ်တွေအနေနဲ့ကတော့ ပြန်လမ်းမဲ့လမ်းတွေကို ဆက်လျှောက်လှမ်းနေမယ်ဆိုရင် မိဘဆွေမျိုး ရပ်ရွာတွေကို ပြန်မရောက်နိုင်တော့မယ့် တက်လမ်းအမှားကြီးကို နောင်တရစွာနဲ့ ပြန်လှည့်လာခဲ့ပါလို့ အသိပေးချင်တယ်။ ဘာလို့ဒီလိုပြောနိုင်လဲဆိုရင်တော့ အခု AA တွေသိမ်းနိုင်ပြီဆိုတဲ့ ကျောက်တော်၊ ကျောက်နီမော်၊ အမ်း၊ မောင်တော ဒေသတွေ အခု ဘယ်လိုဖြစ်နေပြီလဲ?ဆိုတာ အရင်စုံစမ်းပါ။ မတ္တရာဒေသမှာ ဖြစ်နေတဲ့ အခြေအနေမှန်တွေကဘာလဲ? ကျောက်မဲ သိန္ဒီ၊ နမ့်ဆန်၊ တောင်ခမ်းဒေသတွေမှာ ပလောင်တွေ အခြေအနေမှန်ကိုစုံစမ်းပြီး ကြည့်လိုက်ရင်သိကြမှာပါ။ တပ်ကတော့ရှင်းတယ် ခြေသံလုံလုံနဲ့ သူ့အလုပ်သူ ဆက်လုပ်သွားမှာပါ။
-
နောက်ဆုံးသတိပေးချင်တာကတော့ တက်လမ်းဆိုတာ ပန်းတိုင်ရှိမှ ရည်မှန်းချက်ရှိမှ ဆက်လျှောက်ရမယ့် လမ်းတွေရှိမှ ဆက်တက်ရမှာပါ။ ပုံမှာပါတဲ့အတိုင်း တက်လမ်းဆိုရင်တော့.......
-
တွေးတောဆင်ခြင် လမ်းမှန်ပြင်နိုင်ကြပါစေ။

KT

ရဲဝံ့စွန့်စား ပြည်ချစ်သား

11 Jan, 14:55


၂၀၂၄ ခုနှစ် (တစ်နှစ်စာ) ဇယားချုပ်

ဒီဇယားလေးကို ကြည့်ကြည့်ပါ။ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်းမှာတင် ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ တိုက်ပွဲတွေကြားမှာ ဆုံးရှုံးခဲ့ရတဲ့ လူသားအရင်းအမြစ်တွေ သောင်းနဲ့ချီ သေဆုံးဒဏ်ရာရခဲ့တာတွေ တွေ့ရပါတယ်။ ဒါ့အပြင် အရှင်ဖမ်းမိပြီး အရေးယူခဲ့ရတဲ့ အရေအတွက်ကြည့်မယ်ဆိုရင်လည်း ထောင်နဲ့ချီ ရှိပါတယ်။
-
ဒါတွေဟာ အလောင်း/လက်နက်လက်ဝယ်ရရှိပြီးတော့ ခိုင်မာတဲ့အချက်အလက်တွေအရ သတင်းထုတ်ပြန် ထားတဲ့ကိန်းဂဏန်းတွေပဲဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်တွေထဲမှာ လူမသိ၊ သူမသိနဲ့ သေဆုံးမှုတွေကိုပါ ထည့်တွက်ချက်မယ်ဆိုရင် ဒီထက် ပိုပြီးများဖို့ပဲရှိပါတယ်။
-
သေဆုံးသူတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်းမှာရှိတဲ့ အရွယ်ကောင်းတွေ အများစုဖြစ်နေတာကို တွေ့ရှိရပါတယ်။ ဒါတွေဟာ တိုင်းပြည်ရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေပါ။ ဘယ်ဘက်က သေသေ ဆုံးရှုံးနစ်နာသွားတာကတော့ နိုင်ငံရဲ့ အဖိုးမဖြတ် နိုင်တဲ့ လူသားအရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။
-
ဖြစ်ပျက်ခဲ့တဲ့ ဒီအကြောင်းချင်းရာတွေရဲ့နောက်ကွယ်မှာ EAOs တွေရဲ့အမြတ်ထုတ်မှုတွေ ရှိနေပါတယ်။ EAOs တွေက လူမျိုးရေးကိုဗန်းပြ၊ နိုင်ငံရေးအလှည့်အပြောင်းကို အကြောင်းပြုပြီး လူငယ်တွေကို လက်နက်ကိုင် ပုန်ကန်စေခဲ့တယ်။ သွေးဆူလွယ်တဲ့ လူငယ်တွေကို အသုံးချ ခုတုံးလုပ်ပြီး သူတို့ရဲ့ နယ်မြေကို ချဲ့ထွင်ကာ သူပုန် သက်ဆိုးရှည် ကောင်းစားရေးအတွက် ရှေ့ဆုံးမှ ပေးဆပ်ခိုင်းခဲ့တယ်။ မြန်မာပြည်ရဲ့ လူသားအရင်းအမြစ်တွေကို စတေးပစ်ခဲ့ကြတယ်ဆိုတာ စိတ်မကောင်းဖွယ်ရာ တွေ့ရပါကြောင်း သတိချပ်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

05 Jan, 14:37


တိုက်ပွဲသတင်း(ဗန်းမော်)
ဇန်နဝါရီလ ၄ ရက်
====================

ဗန်းမော်တက္ကသိုလ်သို့ နေရာ ၅ နေရာမှ KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅၅ ဦးခန့်က ၁ ကြိမ်၊ နေရာ ၂ နေရာမှ ရန်သူ(စိစစ်ဆဲ)အဖွဲ့က (၁) ကြိမ်၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ အလောင်းများ ဆွဲယူကာ ဆုတ်ခွာထွက်ပြေးသွားခဲ့။

အကြမ်းဖက် ၂ လောင်း
လက်နက် ၃ လက်
ကျည်အိမ် ၇ ခု
လမ်းလျှောက်စကားပြောစက် ၁ လုံး သိမ်းဆည်းရမိခဲ့။

အကြမ်းဖက်များ မဆွဲယူနိုင်ဘဲ ကျန်ခဲ့တဲ့ အလောင်း ၂ လောင်းဟာ ဗမာ PDF တွေဖြစ်နေတာကို တွေ့ရပါတယ်..
ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ KIA တွေဟာ ဗမာ PDF တွေကို ရှေ့က တက်ခိုင်းပြီး ၎င်းတို့က နောက်ကနေတိုက်လို့ PDF တွေ ထိခိုက်သေဆုံးမှု များပြားနေပါတယ်..
KIA တွေ ကျရင် ခရစ်ယာန်ဘာသာနဲ့အညီ မြှုပ်နှံသင်္ဂြိုလ်ပေးပြီး ဗမာ PDF တွေကိုတော့ ၁၀ လောင်း ၁ ကျင်းနဲ့ ဖြစ်သလို မြှုပ်နှံပေးလေ့ရှိကြောင်းလည်း ကြားသိရပါတယ်…

ဓာတ်ပုံတွေရရင် ထပ်မံတင်ပေးသွားပါမည်။
တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

05 Jan, 14:37


တိုက်ပွဲသတင်း(အနန်းကွင်း)
ဇန်နဝါရီ ၄ ရက်
==========================

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက အနန်းကွင်းစခန်းနှင့် ဝန်းကျင်တစ်ဝိုက်သို့ နေရာ ၃ နေရာမှ KNLA တမဟ(၆)၊ ရင်း(၁၆)နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၉၀ ဦးခန့်က ၂ ကြိမ်၊ နေရာ ၂ နေရာမှ ရန်သူအင်အား ၈၀ ဦးခန့်က ၁ ကြိမ်၊ နေရာ ၄ နေရာမှ ရန်သူအင်အား ၁၂၀ ဦးခန့်က ၁ ကြိမ် ပေါင်း ၄ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာသွားခဲ့။

KNLA ၇ လောင်း
လက်နက် ၄ လက်
၄၀ မမဗုံးသီး ၅ လုံး
လက်ပစ်ဗုံး ၁ လုံး
ကျည်အိမ် ၂ ခု
ကျည် ၆၃ တောင့်
ရှေ့ထွက်မိုင်း ၈ လုံး
အိုင်ကွန် ၁ လုံး
ကျည်ကာဦးထုပ် ၁ လုံး
ကျည်ကာအင်္ကျီ ၂ ထည်
ဘန်ကာ ၄ လုံး သိမ်းဆည်းရမိခဲ့။

မိမိစစ်သည် ၁ ဦးကျ၊ ဒဏ် ၄ ဦးရ။
ဓာတ်ပုံများရပါက ထပ်မံတင်ပေးသွားပါမည်။

တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

05 Jan, 14:30


ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်လျက်ရှိသော Together Urban Force အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီလ ၅ ရက်

ရဲဝံ့စွန့်စား ပြည်ချစ်သား

05 Jan, 14:30


ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်လျက်ရှိသော Together Urban Force အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီလ ၅ ရက်

ရဲဝံ့စွန့်စား ပြည်ချစ်သား

05 Jan, 14:05


တောင်ခမ်း က စမ်းသလားဟေ့


ပလောင်တွေခမ်းတဲ့ တောင်ခမ်းမှာ
ရန်သူဟာ အမြောက်တပ်ဖွဲ့ရဲ့ “ဌာနာဌာနိက ဝေရီ ဗေဒက သေန” ကို ကောင်းကောင်းခံစားနေရသတဲ့

ဘက်ပေါင်းစုံက ဝိုင်းပတ်ပိတ်ဆို့ပြီး အပိုင်ဆိုတွက်တိုက်တဲ့ ရန်သူ ဟာ တောင်ခမ်း ကိုတော့ ပလောင်လွမ်းပြီး ကျန်တော့မယ်ဆိုတာ အသေအချာပဲ

စမ်းသလားဟေ့ … ရန်သူရေ
၃ သိန်းကျော်အင်အားပဲရှိတဲ့ တပ်မတော်ကို
ဘက်ပေါင်းစုံကရတဲ့ အင်အားစုတွေနဲ့တိုက်တာ
ဒီတစ်ခေါက်မှမနိုင်ရင်တော့ ဖင်လန်ပြေးဖို့သာပြင်ထားပါလေ

နိုင်ငံတော်အလံနေရာမှာ ဘာအလံမှစိုက်ဖို့ မစဉ်းစားနဲ့လေ
နိုင်ငံတော်လူကြမ်းတွေရှိနေသေးသရွေ့လေ

မင်းထက်ကျော်ဇော

Telegram Link : https://t.me/minhtetkyawzaw

TikTok Link : https://www.tiktok.com/@minhtetkyawzaw706?_t=8n1RPNprXTU&_r=1

ရဲဝံ့စွန့်စား ပြည်ချစ်သား

05 Jan, 08:08


❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️

သပြေညိုအစွမ်းပြတယ်လို့ ဆိုရမယ်။ မိုးကုတ်မြို့ကို TNLA သူပုန်တွေ လာတိုက်တုန်းက အိုးစည်ဗုံမောင်းတီးပြီး သပြေခက်လေးတွေနဲ့ ကြိုဆိုကြတာ မှတ်မိကြလိမ့်ဦးမယ်ထင်ပါတယ်။ ဒီ .. သပြေ ခက်လေးတွေက မိုးကုတ်မြို့နဲ့ အနီးတဝိုက်မှာ အစွမ်းပြနေပါပြီ။
-
မိုးကုတ်မှာ ဖုန်း၊ အင်တာနက် အသုံးမပြုဖို့ ပလောင်က ပိတ်ထားတယ်။ သုံးတာတွေ့ရင် ကြက်ငှက်ကလေး တွေလို အပျောက်ရှင်းပစ်လိုက်ကြတယ်။ အခုလည်း ပလောင်သူပုန် TNLA က သူ့အောက်မှာ မြို့အုပ်ချုပ်ရေး အဖွဲ့ဆိုပြီး ဖွဲ့စည်းပြီး ကျောက်မျက်လုပ်ကွက်တွေ တိုင်းတာပြီး အခကြေးငွေယူ ချပေးနေတယ်။ အုပ်ချုပ်ရေးအဖွဲ့မှာ ဘယ်သူတွေပါလဲဆိုတော့ -
(၁) ဝင်းတင့် (စည်ပင်သာယာရပ်ကွက်)
(၂) ဇော်ဝင်း (မြတ်စေတနာလူမှုရေး)
(၃) မွန်လေး (ရွှေဘုံသာရပ်ကွက်)
(၄) သာထွန်းအောင် (ဈေးဟောင်းရပ်ကွက်)
(၅) ဆန်ဂျေး (တောင်ကချင်ရပ်ကွက်)
(၆) ဟုမ်းမနက် (ကျောက်ကုန်သည်)
(၇) စီတာရာ (ရှမ်းတောရပ်ကွက်)

ဆိုတဲ့သူတွေနဲ့ ဖွဲ့ထားတယ်။ အဲဒီသူတွေထဲက ကျောက်မျက်လုပ်ကွက်ချထားရေးတာဝန်ခံက ဆန်ဂျေး ဖြစ်ပြီး တိုင်းတာရေးတာဝန်ခံ ဆင်ခွာရွာက လှဖေ (ပလောင်) ဖြစ်တယ်။ လုပ်ကွက်တစ်ခု တိုင်းတာတိုင်း လုပ်ကွက်ရသည်ဖြစ်စေ/ မဖြစ်စေ ဆန်ဂျေးနဲ့ လှဖေကို ငွေ ၃ သိန်းစီ ပေးရတယ်။ ဆိုချင်တာကတော့ မိုးကုတ်သူတွေ မိအေး ၂ ခါနာ အဖြစ်ပေါ့။
-
ဒီ ၃၁ ရက်နေ့ည (New Year) တုန်းကလည်း ဝက်သားလာရောင်းတဲ့ လီဆူးလူမျိုး ဈေးသည်လေးတွေဆီက ဝက်သားတွေကို TNLA အဖွဲ့က လုယက်ပြီး အောင်ပွဲခံစားသောက်လိုက်ရလို့ ဈေးသည်တွေခမြာ အရင်းပြုတ်သွားပါလေရဲ့။
-
ဒါ့အပြင် မူးယစ်ဆေးသုံးလို့ဆိုပြီး မိုးကုတ်ထောင်မှာ ဖမ်းထားတာ လူငယ် ၂၀၀ ကျော်တယ်။ အဲ့သူတွေကို ဆုံးမတယ်ဆိုပြီး ရိုက်နှက်ကြတာ သေတဲ့သူတွေ အများကြီးရှိသလို အောက်ပိုင်းသေသွားတဲ့သူတွေလည်း များတယ်လို့ သိရတယ်။ ပိုက်ဆံတတ်နိုင်သူတွေကသာ TNLA ကို ငွေကြေး အမြောက်အမြားပေးပြီး ထောင်ထဲက ထုတ် .. မန္တလေးကို တိမ်းရှောင်နိုင်ကြတယ်။
-
နောက်ထပ် ဆိုးဝါးတဲ့သတင်းတစ်ခုက မိုးကုတ်က ကာရာအိုကေဆိုင်တွေမှာ TNLA သူပုန်အဖွဲ့တွေဟာ နေ့စဉ်ညတိုင်း အခမဲ့ မူးယစ်သောက်စားကြပြီး သူတို့သဘောကျတဲ့ မိန်းကလေးတွေကို တစ်ည ၂ သိန်းပေး မယ်ဆိုပြီး အပြင်ခေါ်သွား ပျော်ပါးကြတယ်။ ဒီဇင်ဘာ ၆ ရက်နေ့လောက်က ကာရာအိုကေဆိုင်မှာ အလုပ်လုပ်နေတဲ့ မိန်းကလေး ၃ ယောက်ကို ၂ သိန်းစီပေးမယ်ဆိုပြီး အပြင်ကို ခေါ်ထုတ်သွားကြတယ်။ ၂ ယောက်ကတော့ အသက်မဲ့ခန္ဓာနဲ့အတူ ဆိုင်ကို ပြန်ရောက်လာပြီး ၁ ယောက်ကတော့ ဒဏ်ရာအပြင်း အထန်နဲ့ ပြန်ရောက်လာတယ် (ဒါက .. မိအေး ၃ ခါနာ)။
-
မူးယစ်ဆေးသုံးလို့ဆိုတဲ့ ခေါင်းစဉ်နဲ့ အဖမ်းခံရတဲ့ လူငယ် (၂၀၀) ကျော်နဲ့ ကာရာအိုကေဆိုင်ကနေ အပြင်ခေါ်သွားပြီး လူမဆန်စွာ နှိပ်စက်ကွပ်မျက်ခံခဲ့ရတဲ့ မိန်းကလေးဟာ ဗမာလူမျိုးတွေချည်း ဖြစ်တယ်ဆိုတာ စိတ်မကောင်းစွာ သိရတယ်။
-
ပထွေးကို ဖအေထင်ပြီး သပြေခက်နဲ့ ကြိုဆိုကာ အိမ်ဦးခန်းကို တင်ထားကြတဲ့ မိုးကုတ်ဒေသခံတွေအတွက် ကတော့ ဝဋ်ရှိသရွေ့ ခံပေဦးတော့ဗျိုး။

KT

ရဲဝံ့စွန့်စား ပြည်ချစ်သား

30 Dec, 09:39


AA ထုတ်ပြန်ချက်အပေါ် တွေ့ရှိချက်

ရဲဝံ့စွန့်စား ပြည်ချစ်သား

30 Dec, 08:52


မူးယစ်ဆေးဝါးကလည်း သောင်းကျန်းသူတွေရဲ့ ဝင်ငွေရလမ်းထဲက တစ်ခုပဲ.....

အဲဒီတော့ကား သောင်းကျန်းသူ သူပုန်တွေရဲ့ ဝင်ငွေရလမ်းတွေသာ ပိတ်ဆို့ဖျက်ဆီးပြစ်ရင် ဒီကောင်တွေ ကြာကြာ မခံနိုင်ပါဘူး

ရဲဝံ့စွန့်စား ပြည်ချစ်သား

30 Dec, 07:46


နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို နောင်တော်တပ်မတော်သားများနှင့်အတူ ကျေပွန်စွာထမ်းဆောင်နေသော ပြည်သူ့စစ်မှုထမ်းများ
❤️❤️❤️

ရဲဝံ့စွန့်စား ပြည်ချစ်သား

30 Dec, 07:31


တပ်နှင့်ပြည်သူ မြဲကြည်ဖြူ အဖျက်ရန်ဟူသမျှ ချေမှုန်းကြ

ရဲဝံ့စွန့်စား ပြည်ချစ်သား

30 Dec, 07:05


ဘယ်အရာပဲလုပ်လုပ် အမြဲတမ်း
စည်းကမ်း စနစ်တကျနဲ့ပဲသွားတယ်....

ရဲဝံ့စွန့်စား ပြည်ချစ်သား

30 Dec, 06:31


❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️

ဗမာတွေစည်းလုံးညီညွတ်မှုပြိုကွဲလို့ဖြစ်ရတာ၊ ဗမာတွေကို ပြန်လည်စည်းရုံးဖို့လိုကြောင်း ဂျာနယ်မှာရော FB မှာပါ ကျွန်တော် ရေးခဲ့တာ ကြာပါပြီ။
-
ကျွန်တော်ဆိုရင် ဗမာနီ ဗမာစိမ်းပြိုကွဲသွားတဲ့အကြောင်း၊ Nation building ပြိုကွဲသွားတဲ့ အကြောင်းကိုပါ ပုံမျိုးစုံနဲ့ရေးခဲ့ဖူးပါတယ်။
-
ဗမာလူမျိုးတွေကို စည်းလုံးညီညွတ်အောင်တည်ဆောက်လိုက်မယ်ဆိုရင် ဒီတိုင်းပြည်ရဲ့ လူဦးရေ ရဲ့ ၇၀% နီးပါးရှိလို့ ကျန်တဲ့ လူမျိုးနွယ်စုတွေကိုပါ အလိုလို ထိန်းပြီးသား ဖြစ်သွားမယ်ဆိုတဲ့အထိကို ရေးခဲ့ဖူးပါတယ်။
-
EAOs တွေဟာ သူတို့လိုချင်တဲ့ နယ်မြေတွေကို ရရှိဖို့ ဗမာPDF တွေကို အသုံးချနေတယ်။ ရပြီးတာနဲ့ ကန်ထုတ်မယ်ဆိုတာက အစ ၁၀၂၇ စစ်ဆင်ရေးအစ မှာ MNDAA ပြောခွင့်ရလီကျားဝင်းတို့ ဂျင်းထည့်နေကြောင်းကိုပါ ၁၀၂၇ စထဲ ကလည်း ရေးခဲ့ပါတယ်။ တောက်လျှောက် သတိပေးခဲ့ပါတယ်။
-
ဒါပေမယ့် ဗမာPDF တွေဟာ အသက်သေခံပြီးတော့ အကျိုးမရှိတဲ့ အလုပ်ကို EAOs တွေ ခိုင်းတိုင်း လိုက်လုပ်ခဲ့ကြတယ်။ သိတဲ့ PDF တွေ ရှိနိုင်သလို မသိတဲ့ PDF တွေ လည်း ရှိနိုင်ပါတယ်။ သိသိမသိသိ ဗမာPDF အားလုံးကတော့ ရှေ့က ဗမာနိုင်ငံရေးသမားတွေလိုပဲ။ စိတ်ခံစားမှု နောက်အလွန်အကျူးလိုက်ပြီး အမုန်းတရားတွေ အညှိုးအာဃာတတွေနဲ့ မိုက်ရူးရဲဆန်စွာ လုပ်ခဲ့ကြတယ်။ အကျိုးဆက် ဗမာ PDF တွေ သိမ်းယူထားနိုင်ပါတယ်ဆိုတဲ့ မြို့တစ်မြို့တောင် လက်ညှိုးထိုးပြစရာ မယ်မယ်ရရ မရှိသေးပေမယ့် မြို့သိမ်းတိုက်ပွဲတိုင်းမှာတော့ ဗမာ PDF တွေ မသေဘဲ ရခဲ့တဲ့ မြို့ တစ်မြို့မှာ မရှိပါဘူး။
-
မြန်မာပြည်နိုင်ငံရေးကို လေ့လာကြည့်ရင် မြန်မာလူငယ်တွေ စံပြုအားကျခဲ့ကြတဲ့ ရဲဘော်သုံးကျိပ်ရဲ့ လက်နက်ကိုင်လမ်းစဉ်ဆိုတဲ့ နိုင်ငံရေးဓလေ့အမှားနဲ့ တည်ဆဲအစိုးရကိုဆန့်ကျင်ရင် နိုင်ငံရေး ဖြစ်တယ် ဆိုတဲ့ နိုင်ငံရေးဓလေ့ အမှားနှစ်ခုကြောင့် မြန်မာ့မြေမှာ လက်နက်ကိုင်သူပုန်အဖွဲ့ အသစ်သစ် ပေါ်ပေါက်လာဖို့နဲ့ လက်နက်ကိုင်ပုန်ကန်မှု ကြီးထွားသထက်ကြီးထွားလာစေဖို့ မြေခံရေခံကောင်းတွေ အဖြစ်တည်ရှိနေတာက ဝမ်းနည်းစရာပါ။
-
ဒီအယူအဆမှားတွေဟာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့၊ ငြိမ်းချမ်းသာယာဖို့ မစွမ်းနိုင်ပေမယ့် တိုင်းပြည်ကို ဖျက်ဆီးဖို့ ကတော့ ရေကန်အသင့် ကြာအသင့်မှာ ရှိနေခဲ့ပါတယ်။
-
အားလုံးခြုံပြောရရင် လက်ရှိအဖြစ်အပျက်တွေဟာ ဗမာပြိုကွဲမှုကနေ အဓိကမြစ်ဖျားခံလာတာကို တွေ့ရတယ်။
-
အခုတော့ ဗမာပြိုကွဲမှုကို ဦးကိုကိုကြီးလည်းပြောလာသလို အမေရိကန်မှာရှိတဲ့ ဦးအောင်မိုးဝင်းတို့လည်း ထုတ်ပြောလာကြပြီ။ နိုင်ငံရေးကို စိတ်ဝင်စားသူ အများစုကလည်း လက်ခံလာကြပါပြီ။
-
ဒါ့ကြောင့် လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ ရောဂါ ကိုရှာတွေ့ခဲ့ပြီလို့ ယူဆမိပါတယ်။
-
ဘာလုပ်သင့်သလဲ ဆိုတာကို အကြံပြုရမယ်၊ ဗမာအမျိုးသားစည်းလုံးညီညွတ်မှု ကော်မတီလိုကော်မတီမျိုး အသင်းအဖွဲ့မျိုး မဖြစ်မနေဖွဲ့စည်း၊ ဗမာတွေ ပြန်လည်စည်းလုံးညီညွတ်လာအောင်လက်တွေ့ကျကျ အင်တိုက်အားတိုက် ဆောင်ရွက်သင့်ပါပြီ။ အင်္ဂလိပ်ခေတ် က တို့ဗမာအစည်းအရုံးလိုပေါ့ ။ လွတ်လပ်ရေးရဖို့ အထိ ထိရောက်အောင်မြင်ခဲ့တဲ့ သမိုင်းတောင် ရှိသေးရင် ဒီအချိန်မှာဗမာလူမျိုးတွေကို စည်းလုံးအောင် ဘာလို့မလုပ်နိုင်ရမှာလဲ။
-
ဗမာတွေစည်းလုံးတော့မယ် စည်းလုံးအောင်လုပ်နေတယ်ဆိုတဲ့ အသံကြားရုံနဲ့တင် လက်ရှိ သောင်းကျန်း နေတဲ့ EAOs အဖွဲ့တွေဟာစိတ်ပိုင်းဆိုင်ရာ အလိုလို ထိခိုက်သွားပြီး သူတို့ရှေ့တိုးမယ့် ခြေလှမ်းတွေပါ တဖြည်းဖြည်း နောက်ဆုတ်သွားပါလိမ့်မယ်။
-
သာကီမျိုးတွေ ဂုဏ်မညှိုးဖို့ စည်းလုံးကြပါစို့။
-
အောင်နိုင်သူ

ရဲဝံ့စွန့်စား ပြည်ချစ်သား

29 Dec, 23:17


အားလပ်ချိန်မှာ ပျော်နေကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ

#pms@pyithusitt

ရဲဝံ့စွန့်စား ပြည်ချစ်သား

29 Dec, 06:27


အုမ္မသီး

ဒီဇင်ဘာ ၂၈ ရက်နေ့က နောင်ချိုမြို့နယ်၊ အုမ္မသီးရွာနားက ရန်သူ့နေရာအား Drone ဖြင့် တိုက်ခိုက်တဲ့ မှတ်တမ်းဖြစ်ပါသည်။
-
တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

29 Dec, 02:22


ကလေးဝ

ကလေးဝ၊ ရွာသာရွာဘက်မှာ Drone ကို မကြောက်မလန့် စက်လတ်နဲ့ပစ်ချနေတဲ့ အကြမ်းဖက်တွေကို လက်စတုန်း ချေမှုန်းမှု မှတ်တမ်း။
-
အားမလို အားမရ မဖြစ်ကြပါနဲ့။ မြေပြင်မှာတော့ အကုန်အပျောက်ပါပဲ။ အချို့အရာတွေက International Rules အရ Evidence ကျန်မှာစိုးလို့ ဖြတ်တောက်ထားလိုက်ပါတယ်။
-
ဒါကြောင့် မှတ်တမ်း၏ ၄၀ % လောက်သာ ဖော်ပြပေးပါမယ်။
-
တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

29 Dec, 02:22


ဖာကျတဲ့ ခိုင်သခေါ ..
-
အရပ်ကားလား? တပ်က သိမ်းသွားတဲ့ faw ကားနဲ့ AA သူပုန်တွေ ပို့တဲ့ကားလားဆိုတာ ARSA ဘက်က ထုတ်ထားတဲ့ Vdo တွေကို ကြည့်ရင် သိသာပါတယ်
-

ရဲဝံ့စွန့်စား ပြည်ချစ်သား

29 Dec, 02:22


Coming Soon

ကလေးဝ၊ ရွာသာရွာဘက်မှာ Drone ကို မကြောက်မလန့် စက်လတ်နဲ့ပစ်ချနေတဲ့ အကြမ်းဖက်တွေကို လက်စတုန်း ချေမှုန်းမှုနဲ့ နောင်ချို၊ အုမ္မသီးရွာဘက်မှာ အကြမ်းဖက်တွေကို ချေမှုန်းနေတဲ့ Drone မှတ်တမ်းတွေ မကြာခင် တင်ပေးပါမယ်။
-
အားမလို အားမရ မဖြစ်ကြပါနဲ့။ မြေပြင်မှာတော့ အကုန်အပျောက်ပါပဲ။ အချို့အရာတွေက International Rules အရ Evidence ကျန်မှာစိုးလို့ ဖြတ်တောက်ထားလိုက်ပါတယ်။
-
ဒါကြောင့် မှတ်တမ်း၏ ၄၀ % လောက်သာ ဖော်ပြပေးပါမယ်။
-
တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

28 Dec, 13:18


ကောင်းကျိုးမပေးတဲ့ကောင်တွေ

ရဲဝံ့စွန့်စား ပြည်ချစ်သား

28 Dec, 07:25


❗️❗️❗️❗️

ဧရာဝတီတိုင်းဆိုတာနဲ့ ဆောင်ပုဒ်လေးတစ်ခုကို တန်းပြီးပြေးမြင်မိပါတယ် "ရိုးသား ကြိုးစားဧရာဝတီသား"။ လတ်တလောမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ သော/င်းကျန်းသူများရဲ့ နယ်မြေဖော်ဆောင်ရေးဖြစ်စဉ်တွေကို ကြည့်လိုက်ရင် နယ်ခံတိုင်းရင်းသားတွေက ကိုယ့်နယ်မြေတွေကို သော/င်းကျန်းသူတွေဝင်ရောက်လာတဲ့ အခါမှာ ဒီမိုကရေစီ မျှော်လင့်ချက်နဲ့ တပ်မတော်ထက်များ ပိုလွတ်လပ်မလားရယ်လို့ တလွဲအိပ်မက်တွေနဲ့ ကြိုဆိုထောက်ခံခဲ့ကြပြီး ယခုလက်ရှိအခြေအနေမှာတော့ သော/င်းကျ/န်းသူတွေရဲ့ လူမျိုးကြီးဝါဒနဲ့ အဖိအနှိပ်ချုပ်ချယ်ခံနေရတာ ကိုယ်တွေ့တွေဖြစ်လို့ ရေးမပြတော့ပါဘူး။
-
အားလုံးနဲ့ မတူတာ ဧရာဝတီ ..
ဘာလို့ အဲ့ဒီလိုပြောနိုင်သလဲဆိုရင် ဧရာဝတီသည် မိမိဒေသတည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးကိုပဲ ရှေးရှုလုပ်ဆောင်နေပြီး တပ်ကိုလည်း အားမပေးသလို နယ်မြေချဲ့သော/င်းကျ/န်းသူ များကိုလည်း လုံးဝ (လုံးဝ) လက်မခံကြတာကို တွေ့မြင်ကြရမှာပါ။ တနည်းအားဖြင့် ဧရာဝတီသားတွေက ချင့်ချိန်တွေးတော ဆင်ခြင်မှုမှာပိုတာကို တွေ့ရပါတယ်။
-
AA ဝင်လာရင် ဘာဖြစ်မလဲ? ဘယ်လိုဖြစ်လာမလဲ? ဆိုတာကို ဧရာဝတီအနေနဲ့ လုံးဝတွက်ချက် သိမြင်ပြီးဖြစ်ပါတယ်။ ထွ/န်းမြ/တ်နို/င်ရဲ့ အင်တာဗျူးတစ်ခုမှာ ရခိုင်အာရခန်မြေပုံအဟောင်းမှာ ဧရာဝတီသည်လည်း အာရခန်အင်ပါယာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ပြောဆိုထားတာရှိပါတယ်။
-
ဒီလိုအခြေအနေများမှာတော့ မြန်မာနိုင်ငံ၏အသုံးအများဆုံး ဆိုရှယ်မီဒီယာ နှစ်ခုဖြစ်တဲ့ တစ်တော့နဲ့ ဖေ့စ်ဘွတ်ပလက်ဖောင်းတွေမှာ ဧရာဝတီသားတွေရဲ့ ကြိုတင်ပြင်ဆင်မှုနှင့် ဒေသကာကွယ်ရေး ဆောင်ရွက် ချက်တွေ ဒေသအတွက်မည်သည့်ဘက်မှ မလိုက်ဘဲ ကာကွယ်မယ်ဆိုတဲ့ ဧရာဝတီအားမာန်တွေကို ဖော်ထုတ်ပြသလာကြတာတွေ့ရပါတယ်။
-
ဧရာဝတီသားတို့ရဲ့ စိတ်ဓာတ်၊ အားမာန်၊ ဒေသကာကွယ်လိုစိတ်တွေစတဲ့ ဧရာဝတီရဲ့အားမာန်တွေကြောင့် စီ//အို//င်အေနောက်ခံ AA တွေအနေနဲ့ ဧရာဝတီကို မြူတစ်မှုံမျှ ရရှိနိုင်မှာ မဟုတ်ပါဘူးလို့ သုံးသပ်မိပါတယ်။
-
(ပုံကတော့ မင်းတပ်မြို့အခြေအနေဖြစ်ပါတယ်။)

KT

ရဲဝံ့စွန့်စား ပြည်ချစ်သား

28 Dec, 05:41


နယ်မြေရှင်းလင်းခြင်း (နောင်ချို၊ ဂန့်ဂေါ်)

နောင်ချိုမြို့နယ်၊ ဂန့်ဂေါ်ရွာအနီးတွင် အကြမ်းဖက် TNLA ၂၀ ဦးခန့် ရောက်ရှိနေကြောင်း ဒေသခံများ၏ သတင်းပေးမှုကြောင့် ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းမှာ Drone နဲ့ကင်းထောက်ပြီး Drop Bomb များ၊ လက်နက်ကြီးပစ်ကူများဖြင့် ကြိုတင်ချေမှုန်းမှုယူပြီး ရန်သူ့နေရာအား တိုက်ခိုက်ရှင်းလင်းခဲ့။ ဖြစ်စဉ်တွင် ရန်သူများ ဆုတ်ခွာထွက်ပြေးသွားပြီး မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် TNLA ၂ လောင်း
(၂) Type-81 သေနတ် ၂ လက်
(၃) ကျည်အိမ် ၅ ခု၊ ကျည် ၈၁ တောင့်
(၄) RPG ဒုံးသီး ၁ လုံး
(၄) ကြယ်တစ်ပွင့်ပါ ပုခုံးဒေါက် ၁ စုံ
(၅) ရွှေရောင်တံဆိပ် ၂ ခု

တို့အား သိမ်းဆည်းရရှိခဲ့ပါတသည်။
-
တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

28 Dec, 05:40


❗️❗️❗️❗️❗️❗️❗️

နောင်ချိုဘက်မှာတော့ ဒေသခံတွေက TNLA ကို ချီးထက်ရွံနေပြီ .. သူတို့တွေ ရောက်တာနဲ့ တပ်ကို ချက်ချင်းသတင်းပေးနေတယ်။
-
မနေ့က (ဒီ ၂၇)လည်း နောင်ချိုမြို့နယ်၊ ဂန့်ဂေါ်ရွာအပြင်မှာ TNLA ၂၀ လောက် စုနေတယ်လို့ သတင်းပေးလို့ တပ်က Drone နဲ့ကင်းထောက်ပြီး Drop Bomb တွေရော အကြီးတွေရော ဆော်ထုတ်လိုက်လို့ ထွက်ပြေးသွားတယ်။ ပြီးမှ မြေပြင်တပ်က အဲ့နေရာကို သွားရှင်းတော့ ၂ လောင်း၊ ၂ လက် ရလိုက်တယ်။
-
ပြောချင်တာက ပြည်သူကလည်း သတင်းပေး၊ Drone Team ကလည်း ပစ်ကူပေးရင် ဘယ်သူပုန်မှ ကြာရှည် တောင့်မခံနိုင်ဘူးဆိုတာပါပဲ။ Drone တွေကို ဒီထက် တွင်တွင်ကျယ်ကျယ်သုံးသင့်တယ်။ ခေတ်သစ်စစ်ပွဲတွေမှာ Drone တွေက အဆုံးအဖြတ်ပေးသွားတာ မျက်မြင်တွေပဲမို့ Drone Team ကို ပိုမို တိုးတက်စေချင်တယ်၊ Upgrade လုပ်စေချင်ပါတယ်။

KT

ရဲဝံ့စွန့်စား ပြည်ချစ်သား

19 Nov, 14:41


ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ညပိုင်းက ဟိုပုံးမြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးရဲ့ ဗုဒ္ဓပူဇနိယ မီးထွန်းပွဲတော်နဲ့ ဟိုပုံးတန်ဆောင်တိုင်ဖွင့်ပွဲအခမ်းအနားကို မွေတော်ဘုရားကြီးဝန်းအတွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တဲ့ မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်...အဲဒီတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၁၉ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပနေတာပဲဖြစ်ပါတယ်...

ရဲဝံ့စွန့်စား ပြည်ချစ်သား

19 Nov, 11:55


တိုက်ပွဲသတင်း(ရေနံချောင်း)
နိုဝင်ဘာ ၁၈ ရက်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဆန်းကန်ကြီးကျေးရွာဝန်းကျင်တစ်ဝိုက် နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်အင်အား ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ-

ကျား ၃ လောင်း
အမ်အေ(၃) ၁ လက်
ကျည် ၁၀၀ တောင့်
အီနာဂါ(ပို့ကျည်ပါ) ၁ လုံး
ကျည်အိမ် ၃ ခု
ကျည်ကာဦးထုပ် ၁ လုံး
ကျည်ကာအင်္ကျီ ၁ ထည်
လျှပ်စစ်ဒီတိုနေတာ ၆ချောင်း သိမ်းဆည်းရမိခဲ့။

တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

19 Nov, 10:18


တိုက်ပွဲသတင်း(နောင်ချို)
နိုဝင်ဘာ ၁၈ ရက်

ရှမ်းပြည်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ၊ အုမ္မသီးကျေးရွာ လမ်းဆုံဝန်းကျင်တစ်ဝိုက် လုံခြုံရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်းစဉ် TNLA နှင့် အကြမ်းဖက်အင်အား ၄၀ ဦးခန့်က ၁ ကြိမ်၊ အင်အား (၂၀) ဦးခန့်က ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

TNLA ၃ လောင်း
လက်နက် ၃ လက်
ကျည်အိမ် ၆ ခု
ကျည် ၂၉၃ တောင့်
အီနာဂါဗုံးသီး ၂ လုံး သိမ်းဆည်းရမိခဲ့။

လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရ။

နောင်ချိုမြို့နယ်အတွင်း တပ်မတော်မှ တန်ပြန်ထိုးစစ်အသွင် တိုက်ခိုက်လျက်ရှိရာ ကင်းထောက် ဒရုန်းများဖြင့် TNLA အခြေပြုနေရာများအား ထောက်လှမ်းပြီး drop bomb ချ တိုက်ခိုက်ခြင်း ၊ ၁၂၀ မမ ဒုံးများဖြင့် တိုက်ခိုက်ခြင်းကြောင့်TNLA အဖွဲ့များ ထိခိုက်ကျဆုံးများပြားလျက်ရှိပါတယ်..

ယခုရက်ပိုင်းအတွင်း TNLA အဖွဲ့မှ အတင်းအဓမ္မ လူသစ်စုဆောင်းထားသော တပ်သားသစ်များဖြင့် လုံခြုံရေးတပ်ဖွဲ့များ၏ နောင်ချိုတန်ပြန်တိုက်စစ်ကို ခုခံတိုက်ခိုက်ခဲ့ရာ နို ၁၇ ရက်မှ စတင်ပြီး အုမ္မတီးလမ်းခွဲတစ်ဝိုက်တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်းသိရပါတယ်။

တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

19 Nov, 09:33


အလင်းဝင်တဲ့သူတွေကဝင်ကုန်ပြီ... အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဘဝအဆုံးခံမလား??? အလင်းထဲဝင်ပြီး မကောင်းမှုအညစ်အကြေးတွေကို ဆေးကြောမလား??? စဉ်းစား.........

ကပ္ပတိန်နှင်းမောင်

https://t.me/kohninmg777

ရဲဝံ့စွန့်စား ပြည်ချစ်သား

19 Nov, 06:43


ဖုန်တာရွှင် အဖမ်းခံရတဲ့အကြောင်းအရင်းအမှန်
===================================
Myanmar Now သတင်းဌာနမှာ လာရှိုးကနေပြန်မဆုတ်လို့ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က ဖမ်းထားကြောင်း သတင်းဖြန့်နေပါတယ်

ဖြစ်စဉ်အမှန်က အမေရိကန် (Drug Enforcement Administration –DEA)က မူးယစ်ရာဇာအလိုရှိပစ်မှတ် တရားခံစာရင်းသွင်းခံထားရတဲ့ ဖုန်တာရွှင်ဟာ NUG ကတဆင့် CIA နဲ့ ချိတ်ဆက်ပြီး မူးယစ်ရာဇာတရားခံစာရင်းကလွတ်အောင် မြန်မာ့နိုင်ငံအတွင်း တရုတ်ဩဇာကို အာခံမယ့် လက်နက်ကိုင်အဖွဲ့အဖြစ် လိုင်းကြောင်ပြီး လှုပ်ရှားလာလို့ တရုတ်က မူးယစ်ကိစ္စနဲ့ဖမ်းဆီးတာလို့ တရုတ်မီဒီယာတွေက ဖော်ပြနေပါတယ်

ကျားဖြန့်ကိုအကြောင်းပြပြီး ဖုန်မျိုးနွယ်ရဲ့ ရန်သူ နစကအစိုးရရဲ့လူ ပယ်စောက်ချိန်ကို ဖမ်းဆီးပြီး လောက်ကိုင်ဒေသကို ဖုန်အဖွဲ့ကိုပေးခဲ့ပေမယ့် ဖုန်အဖွဲ့ကတရုတ်ကို အာခံပြီး CIA cell ထိုင်ဝမ်တရုတ်နဲ့ NUG ကို သွားချိတ်လိုက်တာကို တရုတ်ထောက်လှမ်းရေးက သိသွားပြီး ဖုန်တာရွှင်ကို ထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ ထင်မြင်ယူဆနေကြပါတယ်။

ထုံးစံအတိုင်း အနောက်အုပ်စုက ဖြစ်စဉ်အမှန်ကို လမ်းကြောင်းလွှဲချင်လို့ သူတို့ရဲ့ ဩဇာခံမီဒီယာတွေကတဆင့် လားရှိုးပြန်မပေးလို့ ဖုန်တာရွှင်အဖမ်းခံရတာဖြစ်တယ်လို့ သတင်းလွှင့်နေကြောင်း တရုတ်-မြန်မာဆက်ဆံရေးစောင့်ကြည့်လေ့လာသူတွေက သုံးသပ်လျက်ရှိပါတယ်...

တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

19 Nov, 06:31


❤️❤️❤️

ရဲဝံ့စွန့်စား ပြည်ချစ်သား

17 Nov, 07:26


ပဒက်တိုရဲ့ တန်ဆောင်တိုင်မီးထွန်းပွဲတဲ့ ...

Crd.

ရဲဝံ့စွန့်စား ပြည်ချစ်သား

17 Nov, 05:02


မိုးမောက်၊ ကုန်းလောက KIA အကြမ်းဖက်သမားတွေ ထိခိုက်သေဆုံးမှု ဘယ်လောက်တောင်များလဲမသိဘူး...

လူနဲ့ကျင်းတူးပြီး မမြှုပ်နိုင်လို့ ဘက်ဟိုးနဲ့ တူးပြီး မြှုပ်ရတဲ့ အနေအခြေထိဖြစ်နေတာ...

လေလှိုင်းပေါ်မှာတော့ KIA ကဘယ်စခန်းဘယ်လို သိမ်းတယ် ဘာညာဆိုပြီး လေကျယ်နေပြီးတော့ တကယ့်လက်တွေ့မှာတော့ KIA အကြမ်းဖက်ကောင်တွေ ငရဲပြည်ကို စဉ်ဆက်မပြတ်သွားနေတာပဲ...

ဒီလို သတင်းတွေလည်း လေလှိုင်းပေါ်မှာ ဖော်ပြကြပါအုံး...
အသက်၃၆ နှစ်အရွယ်တွေဆိုတော့တွက်ကြည့်ပေါ့...

KIA အကြမ်းဖက်ကောင်တွေ လူငယ်တွေကို ဘယ်လောက်အသုံးချပြီး အသေခံခိုင်းနေသလဲဆိုတာ စဉ်းစားသာကြည့်ပေတော့...

ရဲဝံ့စွန့်စား ပြည်ချစ်သား

16 Nov, 15:26


ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ
ခရီးရှည် ချီတက်ထိုးဖောက်တိုက်ခိုက်ခြင်းသင်ခန်းစာ လေ့ကျင့်နေမှု

#PMS

ရဲဝံ့စွန့်စား ပြည်ချစ်သား

16 Nov, 12:58


နောင်ချိုမြို့နယ် နားခေါ်ရွာအနီး အကြမ်းဖက် TNLA အဖွဲ့ရဲ့ Drone Guard တင်လာသည့်ယာဉ်အား တပ်မတော် Drone တပ်ဖွဲ့မှ ချေမှုန်းဖျက်ဆီး။

တပ်မတော် ဒရုန်းတပ်ဖွဲ့ကတော့ ဒီရက်ပိုင်း ခပ်စိပ်စိပ်ကြိတ်နေပြီ။


တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

16 Nov, 12:57


နယ်မြေရှင်လင်းမှုသတင်း(နောင်ချို၊ ဂန့်ဂေါ)

နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက နောင်ချိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့်စစ်ကြောင်းသည် ဂန့်ဂေါရွာ၏ အနောက်မြောက်ဘက်တစ်မိုင်ခန့်အကွာနေရာအားရှင်းလင်းစဉ်အကြမ်းဖက် TNLA/PDF ပူးပေါင်းအင်အား ၂၅ ဦးခန့်နှင့်ထိတွေ့မှုဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင်မိမိတပ်ဖွဲ့ဝင် ၁ ဦးဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ထံမှ-

(၁) အကြမ်းဖက်အလောင်း ၁ လောင်း
(၂) Type-81 ၁ လက်
(၃) ကျည်အိမ် ၁ ခု၊ ကျည် ၇၁ တောင့်
(၄) ယူနီဖောင်း ၁ စုံ

တို့အားသိမ်းဆည်းရရှိခဲ့ပါသည်။ (ပုံများအားထပ်မံဖော်ပြပါမည်)

တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

16 Nov, 12:57


လက်နက်များသိမ်းဆည်းရရှိမှုသတင်း(နတ်မောက်)

နိုဝင်ဘာ ၁၅ ရက်နေ့ ညနေပိုင်း က အကြမ်းဖက်မှုများကိုမလိုလားသောနတ်မောက်မြို့ ဒေသခံ တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ အကြမ်းဖက်PDF အဖွဲ့ဝင်အချို့လက်နက်/ခဲယမ်းများ သယ်ဆောင်လာမည်ဖြစ်ကြောင်းသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပိတ်ဆို့စစ်ဆေးခြင်းများဆောင်ရွက်ခဲ့။

ရရှိသည့်သတင်းအတိုင်း မိတ္ထီလာ-နတ်မောက်သွား ကားလမ်းအတိုင်း အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကိုစစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိသဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်အား စွန့်ပစ်ထွက်ပြေးသွားခဲ့။ တရားခံအားဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင် -

(၁) AK-47 ကျည် ၃၂၀၀ တောင့်
(၂) ယမ်းပျော့ ၃၂ ဗူး
(၃) ဒီတိုနေတာ ၁၀၀ခု
(၄) ဆိုင်ကယ် ၁ စီး
တို့အား သိမ်းဆည်းရမိခဲ့ပါသည်။(ပုံများအားထပ်မံဖော်ပြပါမည်)

တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

16 Nov, 12:57


သတင်းဆက်(ကျိန္တလီ)

နိုဝင်ဘာ ၁၄ ရက်နေ့ ကျိန္တလီနှင့်ဂွမြို့အနီးတိုက်ပွဲဖြစ်စဉ်မှ အလောင်းလက်နက်ရရှိမှုမှတ်တမ်း

တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

16 Nov, 06:22


ဆားတောင်တွင်ပစ်ခတ်မှုဖြစ်ပွား(စစ်ကိုင်းတိုင်း)

နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့လည်ပိုင်းက၊ ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး ဆားတောင်မြို့အနီး နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များမှ အသင့်ကြိုတင် စောင့်ဆိုင်းနေစဉ် AD Van အဖြူရောင် ယာဉ် ၁ စီးမှ အရှိန်ဖြင့်မောင်းဝင်လာပြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ရာ လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်ပစ်ခတ်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့။ဖြစ်စဉ်တွင် အကြမ်းဖက် PDF များထံမှ-

(၁) လက်လုပ်သေနတ် ၂ လက်
(၂) ကျည် ၅၄ တောင့်
(၃)ကျည်အိမ် ၂ ခု
(၄)ကား ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ပါသည်။

တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

16 Nov, 05:57


မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တိုက်ပွဲတွေ မဖော်ဆောင်ပို့ပြောတာကို KIA က မနာခံတဲ့အတွက် တရုတ်က နယ်စပ်ဂိတ် ပိတ်လိုက်တယ်…

ဒါကို CIA တပည့် KIA က မြန်မာဘက်က ဂိတ်ကိုပြန်ပိတ်တယ်…

ဒီလို KIA ပြန်ပိတ်တာကို တရုတ်ကြီးက တင်ပြီး မှောင်ခိုလမ်းတွေပါ CCTV တပ်ပြီး စောင့်နေ တဲ့အပြင် ခိုးဝင်တွေကို ပစ်ဖို့အမိန့်ပေးထားတယ်လို့သိရတယ်…

လောလောဆယ်တော့ ကချင်မှာ ဂွမ်မော်ကျေးဇူးကြောင့် ဆီ တစ်ဂါလံ ၅ သောင်းလောက်ဖြစ်နေသလို လက်ဖက်ရည် တစ်ခွက် ၇ ထောင်လောက်ဖြစ်နေပြီ။

ငတ်ကြပေါ့။။။။။။။။။။။။။။။။။။။။။။။။။။။

မှိုင်းဝေ

ရဲဝံ့စွန့်စား ပြည်ချစ်သား

16 Nov, 04:59


တိုက်ပွဲသတင်း(အမ်း)

နိုဝင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းက အမ်းမြို့၏တောင်ဘက် ၂၈မိုင်ခန့်အကွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် AA အကြမ်းဖက်သောင်းကျန်းသူ များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်များဆုတ်ခွာထွက်ပြေးသွားခဲ့။ AA အကြမ်းဖက်များဆုတ်ခွာရာနောက်သို့ လုံခြုံရေးတပ်ဖွဲ့များမှ လိုက်လံရှင်းလင်းခဲ့ရာ ရန်သူ့ထံမှ-

(၁) Type - 81 သေနတ် ၁ လက်
(၂) ကျည်အိမ် ၂ ခု၊ ကျည် ၂၄ တောင့်
(၃) ကျည်ကာဦးထုပ် ၂ လုံး( ကျည်ဖောက် ပျက်စီး)


တို့အားသိမ်းဆည်းရမိခဲ့ပါသည်။ (ပုံများအားထပ်မံဖော်ပြပါမည်)

တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

16 Nov, 04:59


တိုက်ပွဲသတင်း(တောင်ကုတ်)

နိုဝင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းက တောင်ကုတ်မြို့၊ကိုင်းရှည်တံတားအနီး တွင် နယ်မြေရှင်းလင်းနေသော တပ်မတော်စစ်ကြောင်းနှင့် AA အကြမ်းဖက်သောင်းကျန်းသူ များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် အဖွဲ့မှ၎င်းတို့၏ အလောင်း/လက်နက်များအား ရသမျှကောက်ယူကာ ဆုတ်ခွာထွက်ပြေးသွားခဲ့။ AA အကြမ်းဖက်များထိခိုက်ကျဆုံးမှုများစွာဖြင့် ကစင့်ကလျားဆုတ်ခွာရာနောက်သို့ လုံခြုံရေးတပ်ဖွဲ့များမှ ထပ်ချပ်လိုက်လံရှင်းလင်းခဲ့ရာ ရန်သူ့ထံမှ-

(၁) Type - 81 သေနတ် ၂ လက်
(၂) RPG- ၁ လက်
(၃) ကျည်အိမ် ၄ ခု၊ ကျည် ၁၂၀ တောင့်
(၄) RPG ဒုံးသီး ၁ လုံး
(၅) လက်ပစ်ဗုံး ၂ လုံး တို့အား


သိမ်းဆည်းရမိခဲ့ပါသည်။ (ပုံများအားထပ်မံဖော်ပြပါမည်)

တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

16 Nov, 04:03


အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ဖွဲ့များမှ အရာရှိ/စစ်သည်၊ မိသားစုဝင်များ၏ အကျိုးခံစားခွင့်ဖြစ်သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဦးပိုင်အစုရှယ်ယာအမြတ်ရငွေများအား သက်ဆိုင်ရာတပ်များရှိ တာဝန်ခံအရာရှိများမှ အစုရှယ်ယာပိုင်ရှင်အရာရှိ/စစ်သည်၊ မိသားစုဝင်များထံ စနစ်တကျထုတ်ပေးခဲ့ကြောင်း သိရှိရ.....
တိုင်း A1 ကြီးမှ ထုတ်ယူရရှိအမြတ်ငွေများနှင့်ပတ်သက်သည်များအား တပ်ရင်း/ဖွဲ့ရှိ အရာရှိ/စစ်သည်၊မိသားစုများအား ရှင်းလင်းချပြခဲ့ကြောင်း သိရှိရ...

#ဦးဦးပိုင်ဦး

ရဲဝံ့စွန့်စား ပြည်ချစ်သား

02 Nov, 15:02


ဒါကတော့ Vdo ဖိုင်ပါ ..
-
Drone အထူးတပ်ဖွဲ့ စစ်သည်တော်တွေရဲ့ စွမ်းရည်တွေကို မကြာမီ ဆက်လက်ဖော်ပြပေးသွားပါဦးမယ်။

တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

02 Nov, 15:02


Mission Accomplished

ဒီပုံလေးတွေကတော့ နောင်ချို၊ ဂန့်ဂေါ်ဘက်က ရန်သူ့ Drone Jammer တင်ယာဉ်အား ဗုံးကြဲတိုက်ခိုက်မှု ပုံလေးတွေဖြစ်ပါတယ်။
-
Jammer ယာဉ်ပျက်စီးသွားခဲ့ပြီး မြေပြင်တပ်တွေလည်း ဝင်ရောက်ရှင်းလင်းနေပါပြီ။
-
မကြာမီ Vdo ဖိုင်တင်ပါမယ်။

တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

02 Nov, 15:02


အကြမ်းဖက်သမားတွေအတွက် ပြေးစရာ မြေမရှိစေရ။
-
Drone တပ်ဖွဲ့ အထူးစစ်သည်တော်များရဲ့ လက်စွမ်း သိမြင်လာရတော့မှာ ဖြစ်ပါတယ်။ Ready to Fight … ပါ
💪💪💪
-
တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

02 Nov, 13:58


အနောက်တောင်တိုင်းစစ်ဌာနချုပ် (ပုသိမ်) တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒုတိယအကြိမ် ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပ။။။
(2-11-2024)
-

ရဲဝံ့စွန့်စား ပြည်ချစ်သား

02 Nov, 12:35


နယ်မြေရှင်းလင်းခြင်း

လက်ရှိတွင် နောင်ချိုမြို့နယ်အတွင်း၌ တပ်မတော်စစ်ကြောင်းများမှ ပိုက်စိပ်တိုက် နယ်မြေရှင်းလင်းလျက်ရှိပြီး ဂန့်ဂေါ်ဒေသမှ ဆုတ်ခွာထွက်ပြေးနေသော ရန်သူ့နောက်သို့ ထပ်ကြပ်လိုက်လံရှင်းလင်းလျက်ရှိကာ ဂန့်ဂေါ်ရွာ၏ အပြင်ဘက် မီတာ ၅၀၀၀ ဝန်းကျင်တဝိုက်၊ ဘန့်ဘွေးဒေသဘက်တို့တွင်လည်း ရန်သူအဖွဲ့ငယ်များနှင့် ထိတွေ့မှု မကြာခဏဖြစ်လျက်ရှိပါသည်။ နိုဝင်ဘာ ၁ ရက်နေ့က ဂန့်ဂေါ်ရွာ၏ အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာတွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် TNLA ၁ လောင်း
(၂) M-22 သေနတ် ၁ လက်
(၃) ကျည်အိမ် ၁ ခု၊ ကျည် ၁၉ တောင့်
(၄) လက်ပစ်ဗုံး ၁ လုံး

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
အလားတူ သပိတ်ကျင်းဒေသနှင့် မတ္တရာဒေသများဘက်တွင်လည်း စစ်ကြောင်းများ လက်ယှက်ထိုးပြီး ရန်သူအား ရှာဖွေ ရှင်းလင်းလျက်ရှိပါကြောင်း သိရှိရပါသည်။

တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

02 Nov, 12:34


ခင်ဦးသတင်း

နိုဝင်ဘာလ ၁ ရက် ညနေ ၅ နာရီခွဲခန့်က ခင်ဦးမြို့အနီး နယ်မြေလှည့်ကင်း ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ များသည် အဖျက်အမှောင့် ပြုလုပ်ရန် လာသည့် အကြမ်းဖက် PDF များနှင့် ထိတွေ့မှုဖြစ်ခဲ့ရာ -
(၁) ပစ္စတိုသေနတ် ၁ လက်
(၂) ကျည် ၆ တောင့်
(၃) ကျည်အိမ် ၂ ခု
(၄) လက်ပစ်ဗုံး ၂ လုံး

တို့အား သိမ်းဆည်းရမိကြောင်း သိရှိရ။

တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

02 Nov, 07:29


ယောဒေသမှာ PDF တစ်ဦး
Starlink ၆ စုံယူပြီး တပ်မတော်ထံအလင်း၀င်

အသိမြင်မှန်တာကို ကြိုဆိုပါတယ်ညီလေး

ဘာပဲဖြစ်ဖြစ် လူပီသစွာနေလို့ရပြီပေါ့။

မှိုင်းဝေ

ရဲဝံ့စွန့်စား ပြည်ချစ်သား

02 Nov, 07:29


တိုက်ပွဲသတင်း (တောင်ခမ်း)

နိုဝင်ဘာ ၁ ရက် နေ့လည်ပိုင်းအချိန်က အောင်ခမ်း၏ အနောက်မြောက်ဘက် မီတာ ၁၃၀၀ ခန့်အကွာတွင် နယ်မြေရှင်းလင်းစစ်ကြောင်းနှင့် အကြမ်းဖက် TNLA/PDF အဖွဲ့များ ထိတွေ့မှု ၃ ကြိမ်ခန့်ဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် ရန်သူ့ထံမှ -
(၁) M-22 သေနတ် ၁ လက်
(၂) ကျည်အိမ် ၂ ခု၊ ကျည် ၃၅ တောင့်

တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။

တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

02 Nov, 06:05


ပြည်သူ့စစ်မှုထမ်းသင်တန်းသားများရဲ့ လက်နက်ငယ် ဖြုတ်/တပ်ပြိုင်ပွဲ

#PMS

ရဲဝံ့စွန့်စား ပြည်ချစ်သား

26 Oct, 12:20


ယနေ့ Breaking News
-
-
-

ရဲဝံ့စွန့်စား ပြည်ချစ်သား

26 Oct, 09:37


ကြို့ပင်ကောက်သတင်း

အောက်တိုဘာ ၂၅ ရက် နေ့လည်ပိုင်းအချိန်က ဒေသခံများ၏ သတင်းပေးမှုအရ ကြို့ပင်ကောက်မြို့၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် ထိတွေ့မှု အနည်းငယ်ဖြစ်ပွားခဲ့။ မသင်္ကာဖွယ် တဲ ၁ လုံးအတွင်းမှ -
(၁) လက်လုပ်မိုင်း ၅ လုံး
(၂) ပြောက်ကျား ယူနီဖောင်း ၁ စုံ

တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။

တိုက်ပွဲသတင်းစုံ(Telegram)
တိုက်ပွဲသတင်းစုံ(Website)

ရဲဝံ့စွန့်စား ပြည်ချစ်သား

26 Oct, 08:03


တိုက်ပွဲသတင်း (ထန်တလန်)

အောက်တိုဘာ ၂၅ ရက်နေ့ ညနေပိုင်းအချိန်က နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းသည် ထန်တလန်မြို့၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ အကြမ်းဖက် PDF စခန်းကုန်း ၁ ခုအား တွေ့ရှိသိမ်းပိုက်ခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့စခန်းကုန်းမှ -
(၁) အကြမ်းဖက် PDF အလောင်း ၁ လောင်း
(၂) Type-81 သေနတ် ၁ လက်
(၃) ကျည်အိမ် ၁ ခု၊ ကျည် ၃၀ တောင့်၊ ကျည်ကာ ၁ ထည်
(၄) ပစ်ကျင်း ၁၇ ကျင်း
(၅) သဲအိတ်ဘန်ကာ ၂ လုံး
(၆) တဲ ၅ လုံး
(၇) ဆက်သွယ်ရေးမြောင်း ၂၅၀ ပေခန့်

သိမ်းဆည်းရရှိခဲ့ပါတယ်။ (ပုံများ ထပ်မံဖော်ပြပါမည်)

တိုက်ပွဲသတင်းစုံ(Telegram)
တိုက်ပွဲသတင်းစုံ(Website)

ရဲဝံ့စွန့်စား ပြည်ချစ်သား

26 Oct, 08:03


တိုက်ပွဲသတင်း (အမ်း)

အောက်တိုဘာ ၂၅ ရက်၊ မနက်ပိုင်းအချိန်က အမ်းမြို့နယ်တွင် နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကြောင်းသည် အမ်းမြို့၏ အနောက်တောင်ဘက် မီတာ ၆၀၀၀ ခန့်အကွာတွင် အကြမ်းဖက် AA တို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့။ မိမိစစ်သည် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်နေရာအား အသေးစိတ်ရှင်း လင်းရာ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် AA အလောင်း ၁ လောင်း
(၂) သေနတ်မျိုးစုံ ၅ လက်
- MA-1 သေနတ် ၂ လက်
- M-22 သေနတ် ၁ လက်
- AK-47 သေနတ် ၁ လက်
- စက်လတ် ၁ လက်

တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ (ပုံများအား ထပ်မံဖော်ပြပါမည်)

တိုက်ပွဲသတင်းစုံ(Telegram)
တိုက်ပွဲသတင်းစုံ(Website)

ရဲဝံ့စွန့်စား ပြည်ချစ်သား

25 Oct, 15:48


အမ်းတိုက်ပွဲသတင်း(၂၅/၁၀/၂၀၂၄ ရက်နေ့ ည ၉ နာရီအချိန်ထိ)
======================

ယနေ့၌ ၃၇၃ တပ်နှင့် တပ်ဆေးရုံအတွင်း ခိုးဝင်လာတဲ့ AA ဘိန်းစားအဖွဲ့ဝင်များအား တပ်မတော်သားများမှ ပြန်လည်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ ပဲပုဒုံ စစ်ဆေးရေးဂိတ်အား AA ဘိန်းစားအဖွဲ့ဝင်များမှ ယနေ့နံနက် ၉ နာရီခန့်က လာရောက်တိုက်ခိုက်ခဲ့သော်လည်း လက်နက်ကြီး/ Drone တို့ဖြင့် ပစ်ကူပေးတိုက်ခိုက်မှု၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်တို့၏ အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်မှုတို့ကြောင့် ရန်သူများအနေဖြင့် နေ့လည် (၁)နာရီခွဲခန့်တွင် ပြန်လည် ဆုတ်ခွာထွက်ပြေးသွားကြောင်းနှင့် ယနေ့နံနက်ပိုင်း ၅ နာရီ ၄၅ မိနစ်ခန့်ကလည်း အမ်းမြစ်တစ်ဖက်ကမ်းက ကျမောင်းလမ်းခွဲ နေရာအား AA ဘိန်းစားအဖွဲ့ဝင်များ လာရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး/ Drone တို့ဖြင့် ပစ်ကူပေးတိုက်ခိုက်မှု၊ တပ်မတော်သားမျာ၏ ပြန်လည်တိုက်ခိုက်ချေမှုန်းမှုတို့ကြောင့် နေ့လည် ၁၁ နာရီခွဲခန့်တွင် ရန်သူများ ကစဉ်ကလျားဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

ထိုအပြင် AA ဘိန်းစားအဖွဲ့ဝင်များမှ လုံးရွာဘုရားကုန်းနှင့် တိုင်းရုံး၏ အနောက်တောင်ဘက် မီတာ ၇၂၀၀ အကွာရှိ ပွိုင့် ၂၄၄ စခန်းအား လာရောက် တိုက်ခိုက်ခဲ့သော်လည်း လက်နက်ကြီးပစ်ကူများ၏ တိကျမှန်ကန်မှု၊ Drone များမှ ထပ်ကြပ်မကွာလိုက်လံ ဗုံးကြဲတိုက်ခိုက်မှု၊ လေကြောင်းပစ်ကူများ ထိရောက်ခဲ့မှုတို့ကြောင့် ရန်သူမှာ (၁၀) မိနစ်တောင် ခြေမချနိုင်ဘဲ ပြန်လည်ဆင်းပြေး သွားကြောင်း သိရှိရသည်။
ယနေ့နံနက်အစောပိုင်းက AA ဘိန်းစားအဖွဲ့ဝင်များ အလောင်း/ လက်နက်များထားကာ စရတပ်အတွင်းမှ ကစဉ်ကလျားဆုတ်ခွာထွက်ပြေးသွားသည့် မှတ်တမ်းဓာတ်ပုံများရရှိပါက ထပ်မံတင်ပေးပါမည်။
#MinChitOo
https://t.me/minchitoo989989/41025

ရဲဝံ့စွန့်စား ပြည်ချစ်သား

25 Oct, 09:58


တိုင်းပြည် ကာကွယ်ဖို့ နိုင်ငံသားတိုင်း
စစ်မှုထမ်းကြပါစို့။

#PMS

ရဲဝံ့စွန့်စား ပြည်ချစ်သား

25 Oct, 09:02


တိုက်ပွဲသတင်း (မြင်းခြံ)

အောက်တိုဘာ ၂၄ ရက်၊ မနက်ပိုင်းက မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ထိန်ပင်ရွာအနီးတွင် အကြမ်းဖက်များ ခိုအောင်းနေကြောင်း ဒေသခံများရဲ့ အတိအကျသတင်းပေးမှုကြောင့် တပ်/ ပသစပူးပေါင်း လုံခြုံရေးအဖွဲ့က သွားရောက်ရှင်းလင်းရာ အကြမ်းဖက် ၅၀ ဦးနှင့် ထိတွေ့မှုအနည်းငယ်ဖြစ်ပွားပြီး ရန်သူဆုတ်ခွာထွက်ပြေး သွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့စခန်းနေရာမှ -
(၁) လုပ်သေနတ် ၅ လက်
(၂) လူနေတဲ ၁၁ လုံး
(၃) စားသောက်ကုန်များ (ဆန်/ ဆီအပါ)

တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။
-
ပြည်သူ့လုံခြုံရေးစနစ် စတင်အသက်သွင်းခြင်းရဲ့ ရလဒ်ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ အကြမ်းဖက်သူများရဲ့ လှုပ်ရှားမှုသတင်းများကို လျှို့ဝှက်စွာပေးခြင်းဖြင့် မိမိရပ်ရွာ အေးချမ်းဖို့ ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်။

တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

25 Oct, 09:02


တိုက်ပွဲသတင်း (ပုလော)

အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းချိန်က ပုလောမြို့နယ်၊ မိန်းမမြို့ရွာဝန်းကျင်တွင် အကြမ်းဖက်အဖွဲ့များ ခိုအောင်းလှုပ်ရှားနေကြောင်း ဒေသခံများရဲ့ သတင်းပေးမှုအရ သွားရောက်ရှင်းလင်းရာ အကြမ်းဖက် PDF ၁၅ ဦး ခန့်နှင့် ထိတွေ့မှုအနည်းငယ်ဖြစ်ပွားပြီး ရန်သူမြောက်အရပ်သို့ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် PDF အလောင်း ၁ လောင်း
(၂) လုပ်သေနတ် ၁ လက်
(၃) ကိုးလုံးကျည် ၂ တောင့်

တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။

တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

25 Oct, 06:06


❗️❗️❗️❗️❗️❗️❗️

အောက်တိုဘာ ၂၄ ရက် (မနေ့) နေ့လည်အချိန်က မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာရှိ စာသင်ကျောင်းအား အကြမ်းဖက် PDF များက ယုတ်မာရက်စက်စွာ Drop Bomb ၄ လုံးချ တိုက်ခိုက်ခဲ့ပါတယ်။ ဆရာ/ဆရာမ ၁၄ ဦး၊ ကျောင်းသား/သူ ၈၀ ဦးတို့ စာသင်နေစဉ် ဗုံးချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိုတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ -
(၁) ဒေါ်ရွှေရည်ဝင်း (ဆရာမ) (မစိုးရိမ်ရ)
(၂) မောင်ပိုင်ပိုင်ဟိန်းထွန်း (ကျောင်းသား) (မစိုးရိမ်ရ)
(၃) မလှအင်ကြင်း (ကျောင်းသူ) (မစိုးရိမ်ရ)
(၄) မနှင်းဝေရီ (ကျောင်းသူ) (မစိုးရိမ်ရ)
(၅) မရွှန်းလဲ့ဝေ (ကျောင်းသူ) (မစိုးရိမ်ရ)
(၆) ဒေါ်မာဌေး (ဒေသခံ) (မစိုးရိမ်ရ)

ဒဏ်ရာအသီးသီး ရရှိခဲ့ပါတယ်။
-
တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့ ပညာရေးကဏ္ဍကို တိုက်ခိုက်မှုသည် အလွန်အောက်တန်းကျ၊ ယုတ်မာရက်စက်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ထိုလုပ်ရပ်များကို မှတ်တမ်းတင် ထားရှိကာ ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ် ကြောင်း သိရှိရပါတယ်။
-
မိရင် တခါတည်း ကြိုးစင်တင်ရမယ်။

KT

ရဲဝံ့စွန့်စား ပြည်ချစ်သား

25 Oct, 05:39


တိုက်ပွဲသတင်း (မတ္တရာ)

အောက်တိုဘာ ၂၃ ရက် နေ့လည်ပိုင်းအချိန်က မတ္တရာမြို့နယ်တွင် နယ်မြေရှင်းလင်းနေတဲ့ တပ်/ရဲ/ပသစ ပူးပေါင်း လုံခြုံရေးအဖွဲ့သည် မတ္တရာမြို့အနောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာတွင် အကြမ်းဖက် PDF ၂၀ ဦးခန့်နှင့် ထိတွေ့မှု ၂ ကြိမ်ဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ၂ ဦးဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် PDF ၂ လောင်း
(၂) MA-1 သေနတ် ၂ လက်
(၃) လက်ပစ်ဗုံး ၂ လုံး
(၄) အိုင်ကွန် ၁ လုံး၊ ကျည်အိမ် ၅ ခု

သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။

တိုက်ပွဲသတင်းစုံ

ရဲဝံ့စွန့်စား ပြည်ချစ်သား

25 Oct, 04:47


NLD ပါတီ မှတ်ပုံတင် ပြန်လျှောက်ထားမယ်ဆိုရင်