Naung Taw Lay @naungtawlay Channel on Telegram

Naung Taw Lay

@naungtawlay


National Journalist

Naung Taw Lay (English)

Welcome to Naung Taw Lay, the Telegram channel dedicated to providing you with the latest news and updates in the field of journalism! Our channel, @naungtawlay, is curated by a team of national journalists who are committed to delivering accurate and insightful information to our subscribers. Who is Naung Taw Lay? Naung Taw Lay is a platform where you can stay informed about the current events shaping our world, from politics to entertainment and everything in between. What is Naung Taw Lay? Naung Taw Lay is a trusted source of news that you can rely on to stay up-to-date with the most important stories of the day. Whether you're a journalist, a news enthusiast, or simply someone who wants to be in the know, Naung Taw Lay has something for you. Join us today and be a part of our growing community of informed individuals who value quality journalism. Stay informed, stay connected with Naung Taw Lay!

Naung Taw Lay

28 Nov, 06:01


မြန်မာ - ထိုင်း နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဒူးစစ် မေနဖန် အား ၂၇-၁၁-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၄ ၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရေးအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြား ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
https://www.mmnationalpost.com/2024/11/blog-post_909.html

Naung Taw Lay

28 Nov, 01:35


ကာဇတ်စတန် သမ္မတ က ပူတင်၏ နိုင်ငံတော်ခရီးစဉ်ကို သမိုင်းဝင်ဖြစ်ရပ်အဖြစ် ဖော်ပြ

ASTANA၊ နိုဝင်ဘာ ၂၈
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ကာဇက်စတန်နိုင်ငံခရီးစဉ်သည် သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ကာဇတ်သမ္မတ Kassym-Jomart Tokaev က ပြောကြားခဲ့သည်။
"ကာဇက်စတန်နိုင်ငံကို နိုင်ငံတော်အလည်အပတ်လာရောက်ဖို့ ဖိတ်ခေါ်ချက်ကို လက်ခံတဲ့အတွက် ရုရှားဖက်ဒရေးရှင်းသမ္မတ ကို ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ ခရီးစဉ်ဟာ ကာဇက်စတန်ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု၊ သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်လာပါတယ်။” ဟု Tokaev ကဆိုသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_120.html

Naung Taw Lay

28 Nov, 00:59


လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ပြောဆို၍ ငွေစက္ကူအတု ဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည်ရယူခဲ့သူအား ဖမ်းဆီး

နေပြည်တော်၊ နိုဝင်ဘာ ၂၈
Facebook လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ အခေါက်ရွှေရောင်းသူဝယ်သူအမည်ပါ Facebook Group အတွင်း Amara Pan အမည်ပါ Facebook အကောင့်မှ “ငွေတုရောင်းတယ် မှတ်ပုံတင်တဲ့ရောင်းပေးတယ် လူလိမ်မဟုတ်ပါ လူလိမ်ထင်ရင်မဝယ်ပါနဲ့ Viber/ 09971007328 သို့ ဆက်သွယ်ပါ” စာသား နှင့်ငွေစက္ကူအတုပုံများ Post တင်ထားမှုအား စိစစ်တွေ့ရှိရသဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ Amara Panအမည်ပါ Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ဒက္ခိဏသီရိမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနေ မအေးအေးအောင် (၁၈) နှစ်အား နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ၎င်း၏နေအိမ်၌ ငွေစက္ကူအတုများရရှိမည်ဖြစ်ကြောင်း အခြားသူများ ယုံကြည်အောင် ပြောဆိုကာ ငွေကြေးလိမ်လည်ရယူခဲ့ရာ၌ အသုံးပြုခဲ့သော VIVO Y 83 အမျိုးအစား အနီရောင်လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_745.html

Naung Taw Lay

28 Nov, 00:50


တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များအကြား တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ ၂၇
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံ ခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များအကြား တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ပြုလုပ်သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_144.html

Naung Taw Lay

27 Nov, 15:59


တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များအကြား တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ ၂၇
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံ ခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များအကြား တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ပြုလုပ်သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_144.html

Naung Taw Lay

27 Nov, 15:41


အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ နိုဝင်ဘာ ၂၇
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အသိပေး ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Wana” Telegram အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ဆင်ကျုံးကျေးရွာနေ အောင်မျိုးလွင်အား ဆတ်သွားနယ်မြေရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှု ဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

Join - https://t.me/MyanmarNationalPost

Naung Taw Lay

27 Nov, 15:38


ပဒေသာပင်မြေကြီးမပေါက်နိုင်၊ ပြည်သူနှင့်သက်ဆိုင်သော အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်

သဘာဝဘေးအန္တရာယ်နှင့် လူတို့ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက်လည်း ထည့်သွင်း စဉ်းစားရန်လိုကြောင်း၊ လိုအပ်သည့် ဘတ်ဂျက်ငွေများကိုလည်း ချထားပေးသွားမည်ဖြစ်သဖြင့် ထည့်သွင်းတွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ ဘတ်ဂျက်သုံးစွဲရာ၌ငွေရှိမှသာ သုံးစွဲနိုင်မည်ဖြစ်သဖြင့် အခွန်အခများ ပြည့်ပြည့်ဝဝရရှိရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာလျင် အခွန်အခများလည်း ရရှိမည်ဖြစ်သဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်မှုရှိအောင် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ၎င်းတို့ကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေနှင့် အခြားလိုအပ်ချက်များရှိပါက နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အားသွန်ခွန်စိုက်ဆောင်ရွက်ရန်လိုကြောင်း၊ ယခုဘဏ္ဍာနှစ်နှင့် နောင်လာမည့်ဘဏ္ဍာနှစ်များ၌ ပြည်သူလူထုနှင့် သက်ဆိုင်သော အများပြည်သူ အသုံးပြုနိုင်သည့် အခြေခံလိုအပ်ချက်များကို နေပြည်တော် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ဖြည့်ဆည်းပေးနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပဒေသာပင်မြေကြီးမှ မပေါက်နိုင်ကြောင်း၊ ကြိုးစားလုပ်ကိုင်ခြင်းဖြင့်သာ ပဒေသာပင်ပေါက်နိုင်သဖြင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးအနက်ထား၍ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ဖြည့်စွက်မှာကြားသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_521.html

Naung Taw Lay

27 Nov, 15:30


စစ်ကိုင်းတိုင်း၊ ဆာလင်းကြီးမြို့နယ် ဆေးရုံအနီး နှင့် မြို့မဈေးအနီးရှိ စကစကို ၄၀ မမ နဲ့ လက်နက်ငယ်ဖြင့်ပစ်ခတ်တိုက်ခိုက်သည်ဟု လိမ်ညာဖော်ပြ
(ဖြစ်စဉ်အမှန်)👇👇👇
နိုဝင်ဘာလ ၂၅ ရက်နေ့တွင် PDF များမှ ဆာလင်းကြီးမြို့နယ်ရှိ ဆေးရုံးနှင့် မြို့မဈေးကို ရည်ရွယ်ချက်ရှိရှိ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖြစ်စဉ်တွင် စကစတပ်များနှင့် ပြည်သူများထိခိုက်မှုမရှိခဲ့ကြောင်း ဒေသအတွင်းသတင်းများအရသိရှိရ💯💯💯
-
PDF များရဲ့ ယုတ်မာသည့် လုပ်ရပ်ကို ဖုံးကွယ်ပြီး စကစတပ်စွဲထားတဲ့နေရာကို တိုက်ခိုက်သည်ဟု မြေလတ်အသံ မှ ဗြောင်လိမ်ရေးသားထားခြင်းသာဖြစ်ပါတယ်

#Disinformation
FACTCHECK

Naung Taw Lay

27 Nov, 14:09


နီပိန်း ခွေးတွေ ဝမ်းသာအောင် လေလည်တဲ့ သဘောမျှသာ -

Join - https://t.me/MyanmarNationalPost

Naung Taw Lay

27 Nov, 13:43


ပြည်ဖျက်မီဒီယာများ က လုပ်ကြံဖန်တီးရေးသား သတင်းလိမ်၊ သတင်းမှားများ ကောက်နှုတ်ဖော်ပြချက်

Join - https://t.me/MyanmarNationalPost

Naung Taw Lay

27 Nov, 13:39


ပအိုဝ်းနယ်မြေအတွင်း ဝင်ရောက်လှုပ်ရှားနေတဲ့ PDF, KNDF, KNPP အကြမ်းဖက်အဖွဲ့များကို လက်နက်ချပြီး အေးအေးဆေးဆေး နေဖို့ မေတ္တာရပ်ခံတယ်။ လူလိုပြောတယ်။ အကြမ်းဖက်သမားများက ပြန်လည်ပစ်ခတ်တာတွေ လုပ်နေတဲ့အတွက် ငှက်ပျောသီးကျွေးပြီး ရှင်းထုတ်နေရတဲ့ အခြေအနေကို PNO သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ခံက ရှင်းလင်းပြောဆိုထားပါတယ်။

Join - https://t.me/MyanmarNationalPost

Naung Taw Lay

27 Nov, 13:28


ICC က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ဖမ်းဝရမ်းထုတ်ခွင့်မရှိ

Join - https://t.me/MyanmarNationalPost

Naung Taw Lay

27 Nov, 11:44


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင်၊ နိုဝင်ဘာ ၂၇
၂ဝ၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို၊ ယမန်နေ့ ညနေပိုင်းက ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_779.html

Naung Taw Lay

27 Nov, 11:38


ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး၊ နိုဝင်ဘာ ၂၇
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားအား ပဲခူးတက္ကသိုလ်မှ ကျောင်းသား/သူများက “လူငယ်စွမ်းရည်” သီချင်း ဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးခဲ့ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_954.html

Naung Taw Lay

23 Nov, 09:33


အေးချမ်းပါစေ မြန်မာပြည်

Join - https://t.me/MyanmarNationalPost

Naung Taw Lay

23 Nov, 06:51


(၂/၂၀၂၄) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၂၃
(၂/၂၀၂၄)ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်၍ ယမန်နေ့က နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နေပြည်တော်၌ကျင်းပရာ အစည်းအဝေးသို့ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_233.html

Naung Taw Lay

23 Nov, 06:47


၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ဆက်လက်ကျင်းပ ကျောက်စိမ်းအတွဲပေါင်း ၆၁၃ တွဲ ရောင်းချ

နေပြည်တော်၊ နိုဝင်ဘာ ၂၃
၂၀၂၄ ခုနုစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့(၂၂-၁၁-၂၀၂၄) တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်းနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသ ထားသည့် ကျောက်စိမ်းအတွဲများ ကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။
ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၁) မှ (၈၅၀) အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း ၆၁၃ တွဲ ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_869.html

Naung Taw Lay

23 Nov, 06:42


နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာ အိမ်ထောင်စု(၇၀)စု၊ ကျား(၁၁၀)ဦး၊ မ(၉၁)ဦး၊ ပေါင်း(၂၀၁)ဦးနှင့် ပူချယ်ကျေးရွာ တို့မှ အိမ်ထောင်စု(၂၃)စု၊ ကျား(၃၁)ဦး၊ မ(၁၈)ဦး၊ ပေါင်း(၄၉)ဦးတို့သည် ပင်လောင်းမြို့၊ ကံသာဦးရပ်ကွက်ရှိ မြို့နယ်မိုးလုံလေလုံခန်းမဆောင်သို့ တိုက်ပွဲရှောင်အဖြစ် ရောက်ရှိနေထိုင်လျက်ရှိကြောင်း သိရှိရပါသည်။ (ဟုတ်မဟုတ်ကိုယ်တိုင်သွားရောက်မေးမြန်းနိုင်ပါသည်)😏
-
ဖယ်ခုံမြို့နယ်အတွင်းသို့ KNDF/PDF များ ဝင်ရောက်လာသောကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကုန်းဆုံကျေးရွာနှင့် ပူချယ်ကျေးရွာမှ ပြည်သူများသည် စကစတပ်အားအကူအညီတောင်းခံသဖြင့် စကစယာဉ်တန်းများဖြင့် ကူညီစောင့်ရှောက် ပေးတာကို RFA မှ စကစတပ်များကို ပြည်သူလူထုအထင်အမြင် လွဲမှားစေရန် သတင်းအမှားဖြင့် အပုတ်ချရေးသားထားခြင်းဖြစ်ပါသည်။😏😏😏
#Fakenews
#FACT CHECK

Naung Taw Lay

23 Nov, 06:42


RFA ကလည်း မှော်ဘီက မြဝတီအသံလွှင့်ဌာနကို ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ပြန်🤭🤭🤭
-
နိုဝင်ဘာလ ၂၁ ရက်နေ့တွင် မှော်ဘီမြိုနယ်ရှိ မြဝတီအသံလွှင့်ဌာန တွင် ၄၀ မမ ဖြင့်တိုက်ခိုက်ခံရခြင်းမရှိသလို ပေါက်ကွဲမှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း ဒေသအတွင်းသတင်းများအရသိရှိရပါတယ်👌
#Fakenews
#FACTCHECK

Naung Taw Lay

23 Nov, 06:25


၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ Website နှင့် Mobile Application လွှင့်တင်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၂၃
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ Website နှင့် Mobile Application လွှင့်တင် ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများကြီးမားစွာမှားယွင်းမှု၊ မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ ဖြစ်ပွားခဲ့ပါကြောင်း။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/website-mobile-application.html

Naung Taw Lay

23 Nov, 05:36


ပူတင်၏သတိပေးချက်များကို အလေးအနက်ထားရန် ဟန်ဂေရီဝန်ကြီးချုပ် ပြောကြား

တာဝေးပစ် လက်နက်များဖြင့် ယူကရိန်းတိုက်ခိုက်မှုအပေါ် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ သတိပေးချက်ကို အနောက်နိုင်ငံများက လျစ်လျူမရှုသင့်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ပြောကြားခဲ့သည်။

ယူကရိန်းရှိ Dnipro (ယခင် Dnepropetrovsk) ရှိ စစ်ဘက်-စက်မှုဆိုင်ရာ အဆောက်အအုံကို ဖျက်ဆီးရန်အတွက် ရုရှားက ၎င်း၏ Oreshnik တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်သစ်ကို အသုံးပြုခဲ့ကြောင်း ပူတင်က ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။ အမေရိကန်လုပ် ATACMS နှင့် British Storm Shadow ဒုံးကျည်များကို အသုံးပြု၍ နိုင်ငံတကာအသိအမှတ်ပြု ရုရှားပိုင်နက်အား ယူကရိန်း၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_867.html

Naung Taw Lay

23 Nov, 05:13


ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အသစ် Mr. Michael John Dunford ကို လက်ခံတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ ၂၃
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အသစ် Mr. Michael John Dunford ကို ယမန်နေ့က နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် WFP က မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် WFPအကြား ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ WFP ရုံးမှ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://www.mmnationalpost.com/2024/11/wfp-mr-michael-john-dunford.html

Naung Taw Lay

23 Nov, 04:45


မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံနယ်စပ် ဝင်/ ထွက်ဂိတ်တချို့ကို လုံခြုံရေးအရစိစစ်ခွင့်ပြုပေးလျက်ရှိပြီး လက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားရာ နယ်စပ်ဂိတ်များကို လုံခြုံရေးအထူးတင်းကျပ်ထားမှု၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် အခြားသောနိုင်ငံများ၏ နယ်စပ်ဂိတ်များဝင်/ထွက်သွားလာမှုကို စနစ်တကျစစ်ဆေးကြပ်မတ်ရေး၊ မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအတွက်နည်းပညာနှင့် ဘာသာရပ်ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်သည့် ပံ့ပိုးကူညီမှုများပေးနိုင်ရေး၊ နှစ်နိုင်ငံနယ်စပ် ပြည်ဝင်/ပြည်ထွက် လူဝင်မှုကြီးကြပ် ရေးလုပ်ငန်းများအတွက်လိုအပ်ချက်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးရေး၊
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_390.html

Naung Taw Lay

23 Nov, 04:35


ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင်ကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီအစည်းအဝေး တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ ၂၃
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ တရားသူကြီးချုပ် The Hon. Alexander G. Gesmundo ၏ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်နိုင်ငံစီဘူးမြို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှ ၂၀ ရက်အထိ ကျင်းပသည့် “(၁၁) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေး” သို့ တက်ရောက်ခဲ့သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_372.html

Naung Taw Lay

23 Nov, 03:24


၁၀၄ နှစ်မြောက် အမျိုးသားနေ့အောင်ပွဲ အကြို လှည့်လည်ဖျော်မြေမှု မြင်ကွင်း (မော်လမြိုင်)

အမျိုးသားနေ့အောင်ပွဲအကြို လှည့်လည်ဖျော်ဖြေရေးအဖွဲ့များကို မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ လှည့်လည်ဖျော်ဖြေရေးကိုတော့ YMBA နဲ့ မျိုးချစ်သမဂ္ဂအင်အားစု (မွန်ပြည်နယ်) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

Join - https://t.me/MyanmarNationalPost

Naung Taw Lay

22 Nov, 17:17


မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁ဝဝ)ပြည့် ရာပြည့်သဘင် နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

နေပြည်တော်၊ နိုဝင်ဘာ ၂၂
မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအထိမ်းအမှတ်ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/naypyitaw-state-polytechnic-university_22.html

Naung Taw Lay

22 Nov, 16:59


တပ်မတော်‌ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ နိုဝင်ဘာ ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ‌တောင်ကြီးမြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် နမ့်စန်မြို့ရှိ တပ်မတော် ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကု ဆေးရုံကြီး(ခုတင်-၅၀၀)၊ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် သန်လျင်မြို့ရှိ တပ်မတော်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါ ဖြစ်ပွားမှု၊ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှုအခြေအနေ များကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
https://www.mmnationalpost.com/2024/11/blog-post_177.html

Naung Taw Lay

22 Nov, 16:41


(၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး(25th ASEAN Chiefs of Army Multilateral Meeting – 25th ACAMM)သို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာလ ၂၂
ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပပြုလုပ်သည့် (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (25th ASEAN Chiefs of Army Multilateral Meeting – 25th ACAMM)သို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်စားတက်ရောက်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ Mabalacat မြို့သို့ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် Mabalacat မြို့ရှိ Hilton Clark Sun Valley Resort ၌ ကျင်းပပြုလုပ်သော (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/25th-asean-chiefs-of-army-multilateral.html

Naung Taw Lay

21 Nov, 14:50


မြန်မာ-တရုတ်ချစ်ကြည်ရေးကျောင်းဆောင် ပြုပြင်မွမ်းမံလှူဒါန်းခြင်း အခမ်းအနား လှိုင်သာယာမြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံးက လှူဒါန်း၍ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း က တာဝန်ယူဆောင်ရွက်သည့် မြန်မာ-တရုတ် ချစ်ကြည်ရေး ကျောင်းဆောင် ပြုပြင်မွမ်းမံ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် အမှတ် (၁၄) အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီး Ms.Ma Jia က မြန်မာ-တရုတ် ချစ်ကြည်ရေး ကျောင်းဆောင် ပြုပြင်မွမ်းမံ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် မြန်မာနိုင်ငံ မှာ တရုတ်-မြန်မာချစ်ကြည်ရေး ကျောင်းဆောင်ပေါင်း ၂၃ ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့ ပြီး လှိုင်သာယာမြို့နယ် အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်းလည်း အပါအဝင် ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော် တိုးတက်မှု၏ အဓိကအင်အား များဖြစ်၍ အားလုံးက ပညာကို ထူးချွန်အောင် ကြိုးစားသင်ယူ ပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ဖြည့်ဆည်းပေးဖို့ မျှော်လင့်ပါကြောင်းနှင့် တရုတ် - မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေကြောင်း ပြောကြားသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_370.html

Naung Taw Lay

21 Nov, 14:14


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များ လုပ်ငန်းညှိနှိုင်း အစည်း အမှတ်စဉ်(၁၁/၂၀၂၄) ကို ယမန်နေ့နံနက်ပိုင်းက တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာ ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့သော တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁၀/၂၀၂၄) အစည်း အဝေး ဆုံးဖြတ်ချက်များဆောင် ရွက်ပြီးစီးမှုကို တာဝန်ရှိသူတစ်ဦး က ဖတ်ကြားတင်ပြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_320.html

Naung Taw Lay

21 Nov, 13:50


ပြည်ဖျက်မီဒီယာများမှ လုပ်ကြံဖန်တီးရေးသား သတင်းလိမ်၊ သတင်းမှားများ ကောက်နှုတ်ဖော်ပြချက်
(၂၁-၁၁-၂၀၂၄)
Join - https://t.me/MyanmarNationalPost

Naung Taw Lay

21 Nov, 12:43


တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့နယ်အတွင်းရှိ ကျုံဝါးရိုးချောင်းကော ပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး

ပုသိမ်၊ နိုဝင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြောင်းမြမြို့နယ်အတွင်းရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျုံဝါးကျေးရွာအုပ်စု ကံချောင်-ကျုံဝါးရိုး ချောင်းကောပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_206.html

Naung Taw Lay

21 Nov, 12:38


လွိုင်လင်မြို့တွင် Polytechnic University ( Panglong)ဖွင့်ပွဲကျင်းပ

လွိုင်လင်၊ နိုဝင်ဘာ ၂၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန Polytechnic University (Panglong) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်တွင် ကျင်းပပါသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပင်လုံတက္ကသိုလ်ပါမောက္ခချုပ်၊ နည်းပညာတက္ကသိုလ်(ပင်လုံ)၊ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ) ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ကျောင်းသား/သူများ၊ ဘင်ခရာပန်းဖွားအဖွဲ့နှင့် တက်ရောက်ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/polytechnic-university-panglong.html

Naung Taw Lay

21 Nov, 11:11


မုံရွာမြို့နယ် ဗန်စီကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ လက်နက် ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရရှိ

မုံရွာ၊ နိုဝင်ဘာ ၂၁
မုံရွာမြို့နယ်၊ ဗန်စီကျေးရွာအနီးတွင် နိုဝင်ဘာလ ၂၀ ရက် နေ့လည် ၁ နာရီခွဲခန့်က နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲဝင်များသည် သတင်းအရ ခွက်ဆေးကန် ဘုန်းကြီးကျောင်းအတွင်းရှိ အဆောက်အဦများအား အသေးစိတ်ဝင်ရောက်ရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းဆောင်ရွက်မှုအတွင်း လက်လုပ်သေနတ်(အရှည်) ၂ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်ရှော့တိုက်ဒုံး ၃ ခု၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၇ လုံး၊ လက်လုပ် Fixed Wing Drone (ပြုလုပ်ဆဲ) ၁ စီး၊ လက်လုပ် Drop Bomb ၄ လုံး၊ ဗုံးသီးပြုလုပ်သည့်ပုံစံခွက် ၂ ခု၊ လက်နက်ငယ်ပြောင်း ၄၂ ခု၊ လက်နက်ကြီးပြောင်း ၆ ခု၊ ယမ်းကြိုး ၂ ခွေ၊ လက်လုပ်မိုင်း ၄ လုံး၊ သံဖြတ်စက် ၁ ခု၊ တွင်ခုံ ၁ ခု၊ ယမ်းစိမ်း(၅ ဂါလံ) ၁ ပုံး၊ အက်ဆစ်(၅ ဂါလံ) ၁ ပုံး၊ ယမ်းဝါ ၂ ပိဿာ၊ ခဲ ၃ ပိဿာ၊ ရီမု ၂ ခုတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

Join - https://t.me/MyanmarNationalPost

Naung Taw Lay

21 Nov, 10:54


AA အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ အလောင်းပုံတွေ မတင်ပါနဲ့

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် အနောက်မြောက်ဘက်ရှိ မဒေါကျော်ရွာအနီး နိုဝင်ဘာ ၁၉ ရက်နေ့က နယ်မြေရှင်းလင်းစဉ် AA အကြမ်းဖက်သောင်းကျန်းသူ ၃၀ ဦးခန့်အား တွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများက ပြန်လည်ပစ်ခတ်ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ သိရပါတယ်။
ပစ်ခတ်မှု ဖြစ်စဉ်အတွင်းမှာ AA အကြမ်းဖက်သမား ၂လောင်း၊ လက်နက် ၄ လက်၊ ကျည်မျိုးစုံ ၁၂၇၂ တောင့်၊ အမ်အေ(၁၀) ဒုံးသီး ၁၃ လုံး၊ ၄၀ မမဗုံးသီး ၁၀ လုံး၊ အီနာဂါ ၂၀ လုံး၊ ကျည်အိမ်မျိုးစုံ ၇ ခု၊ စကားပြောစက် ၁ လုံး သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရပါတယ်။
အစောပိုင်း ရက်တွေကလည်း မောင်တောနယ်မှာ အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်မှုတွေမှာလည်း AA အကြမ်းဖက်သမား အမြောက်အများ သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။ စိတ်မချမ်းမြေ့ဖွယ်ရာ အခြေအနေမျိုးဖန်တီးခဲ့သူတွေကတော့ မူးယစ်ဆေးဝါးနဲ့ စီးပွားရှာ၊ ပြည်ပနိုင်တွေရဲ့ ကူညီပံ့ပိုမှုနဲ့ လူမျိုးရေးမှိုင်းတိုက်ပြီး အကြမ်းဖက်လမ်းစဉ်နောက် လိုက်ခဲ့ကြတဲ့ AA ခေါင်းဆောင် မူးယစ်ရာဇာ ထွန်းမြတ်နိုင် ရဲ့ သန္ဓေယုတ်တဲ့ လုပ်ရပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ အကြမ်းဖက်ခေါင်းဆောင်အားလုံးက ဘေးလွတ်ရာထွက်ပြေးပြီး ဒေသခံပြည်သူလူထုကို ဗမာမုန်းတီးရေး လှုံ့ဆော်ပြီး ရက်စက်ယုတ်မာမှုတွေ ကျူးလွန်ခဲ့ကြတာပဲဖြစ်ပါတယ်။
နေ့စဉ်နေ့တိုင်း အကြမ်းဖက်သမားတွေက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့အခါကြတော့ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ကလည်း တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်နှိမ်နင်းရေးက မဖြစ်မနေ လုပ်ရပမယ့် တာဝန်ဖြစ်လာတယ်။ AA အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်တစ်ဦး က AA အကြမ်းဖက်အဖွဲ့ဝင်တွေ သေဆုံးတဲ့ ရုပ်သံ၊ ဓာတ်ပုံတွေကို မတင်ဖို့ တပ်ဖွဲ့ဝင်တစ်ဦး ကို ပြောတဲ့ အသံဖိုင်တွေ ထွက်လာခဲ့ဖူးတယ်။
ဘာကြောင့် အမှန်တရားကို ဖုံးကွယ်လိမ်ညာချင်ရတာလဲဆိုတော့ ရခိုင်လူငယ်တွေကို အကြမ်းဖက်သမားအဖြစ် စည်းရုံးသိမ်းသွင်းဖို့ ခက်ခဲသွားမယ်။ အကြမ်းဖက်အဖွဲ့ထဲမှာ ရှိနေတဲ့ လူငယ်တွေလည်း စိတ်ပျက် အားငယ်သွားမယ်။ လူငယ်တွေကို အကြမ်းဖက်သမားအဖြစ် အသုံးချပြီး သေတွင်းထဲ တွန်းပို့ချင်သူတွေရဲ့ လုပ်ရပ်ကို အထင်အရှား တွေ့မြင်ရပါတယ်။
မိုက်ရူးရဲဆန်သော လုပ်ရပ်များသည် အန္တရာယ်ရှိသည်။ အန္တရာယ်ရှိသည့် လမ်းကြောင်းပေါ်ကို တွန်းပို့ခဲ့ကြတဲ့ AA အကြမ်းဖက်ခေါင်းဆောင် တစ်ဦးချင်း၊ တစ်ယောက်ချင်းကို ပြတ်သားစွာ ကန့်ကွက်ရှုတ်ချပါတယ်။ ရခိုင်ပြည်မှာ AA အကြမ်းဖက်အဖွဲ့သာ အကြမ်းဖက်လုပ်ရပ်တွေ မိုက်ရူးရဲရဲဆန်ဆန် (စိတ်ကူးယဉ်ဆန်ဆန်) မလုပ်ခဲ့ဘူးဆိုရင် ရခိုင်ပြည်နယ်မှာ ဘယ်သူမှ ဘေးမသီ ရန်မခပါဘူး။ AA အကြမ်းဖက်အဖွဲ့ မိုက်ရိုင်းလွန်တယ်။ AA နဲ့ အလိုတူ အလိုပါ လုပ်ခဲ့ကြသူတွေဟာ ရခိုင်ပြည်သူလူထုကို စတေးခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။

နောင်တော်လေး (ဘိုကလေး)
Join - https://t.me/MyanmarNationalPost

Naung Taw Lay

19 Nov, 16:04


PDF အကြမ်းဖက်သမားများက ခရီးသည်တင် မော်တော်ယာဉ်အား Drone အသုံးပြု၍ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ ခရီးသွားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ် တွင် ဗုံးသီး ပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကသာ-မန္တလေးပြေးဆွဲသည့် “ငွေအိုးမန်း” ခရီးသည်တင်မော်တော်ယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှ မန္တလေးမြို့သို့ မောင်းနှင် ထွက်ခွာလာစဉ် ကန့်ဘလူမြို့နယ်၊ ပေကြီးကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက် အဖွဲ့က Drone အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ -
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/pdf-drone-drop-bomb.html

Naung Taw Lay

19 Nov, 15:57


ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က သွေးထွက်သံယိုဖြစ်စေမည့်ကိစ္စများကို ရှောင်ရှားပြီး နိုင်ငံရေးကို နိုင်ငံရေးဆွေးနွေးမှုဖြင့် အဖြေရှာနိုင်ရေး ဆွေးနွေး

စစ်တွေ၊ နိုဝင်ဘာ ၁၉
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဥက္ကဋ္ဌ စောမြရာဇာလင်းသည် အိန္ဒိယခရီးစဉ်မှအပြန် ရခိုင်ပြည်သို့ သွားရောက်ကာ အခက်အခဲကြုံတွေ့နေကြရသေ ာစစ်တွေအခြေစိုက် ရခိုင်၊ မူဆလင်၊ မာရာမာကြီးတို့နှင့်နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၅ရက်အထိ သီးခြားစီခွဲ၍ တွေ့ဆုံကာ ရခိုင်လူထု ခံစားနေကြရသော စစ်၏ အနိဋ္ဌာရုံများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/alp.html

Naung Taw Lay

19 Nov, 15:40


အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ ရှေ့သို့မရောက်နိုင်ဖြစ်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

နေပြည်တော်၊ နိုဝင်ဘာ ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_109.html

Naung Taw Lay

19 Nov, 15:24


နွားထိုးကြီးမြို့နယ် အုတ်တွင်းရွာမှ ပြည်ခိုင်ဖြိုးပါတီဝင်များကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးနေ၊
MNDAA အကြမ်းဖက်အဖွဲ့ က တရုတ်ကို မျက်ရည်ခံထိုးဖို့ ကြိုးစားနေသော လုပ်ကွက်များ၊

Join - https://t.me/MyanmarNationalPost

Naung Taw Lay

19 Nov, 15:20


ပြည်ဖျက်မီဒီယာများမှ လုပ်ကြံဖန်တီးရေးသား သတင်းလိမ်၊ သတင်းမှားများ ကောက်နှုတ်ဖော်ပြချက်

Join - https://t.me/MyanmarNationalPost

Naung Taw Lay

19 Nov, 13:47


မုဒိန်းကောင်နှင့် ပဒက်ထောက်ပို့ မိသားစု အရှုပ်တော်ပုံ

Join - https://t.me/MyanmarNationalPost

Naung Taw Lay

19 Nov, 13:17


နွားထိုးကြီး မြို့နယ် အုတ်တွင်းရွာမှာ ၁၆-၁၁-၂၀၂၄ ရက်နေ့ က ပြည်ခိုင်ဖြိုးပါတီဝင် ၂ဦး၊ ယနေ့ ၁၉-၁၁-၂၀၂၄ ရက်နေ့မှာ ၁ဦး PDF အကြမ်းဖက်အဖွဲ့က လာဖမ်းခေါ်သွားတယ်။ ၁၆ ရက်နေ့က ဖမ်းသွားတဲ့သူတွေလည်း သေသလား၊ ရှင်သလား ဘာသတင်းမှ မကြားရဘူး။ မြို့နယ်ကိုလည်း သတင်းပို့လို့မရဘူး။ တာဝန်ရှိသူများ ကူညီပေးကြပါအုံး။ အများပြည်သူ သွားလာနေတဲ့ လမ်းမှာလည်း PDF အကြမ်းဖက်အဖွဲ့က မိုင်းများ ထောင်ထားပါတယ်။

Join - https://t.me/MyanmarNationalPost

Naung Taw Lay

19 Nov, 10:50


တဆွေလုံး တမျိုးလုံး အမေရိက ပြေးတဲ့ ပြည်ဖျက်မိစ္ဆာမအကြောင်း

အခေါင်းထဲကနေ လက်သုံးချောင်းထောင်ပြီး ဆက်တက်ရမယ်၊ ဆက်တိုက်ရမယ်လို့ ပြောတဲ့ အပျံမရဲ့ အချက်အလက်တွေကို တရားဝင် ကြည့်ရှုလို့ရတဲ့ website က ဝင်ကြည့်လိုက်တဲ့အချိန်မှာ တဆွေလုံး တမျိုးလုံး အမေရိကန်ကို ခေါ်ထားတာကို တွေ့ရှိခဲ့ရပါတယ်။ တောထဲက လူငယ်တွေကိုတော့ သေချင်သေပေါ့။

Join - https://t.me/MyanmarNationalPost

Naung Taw Lay

19 Nov, 10:24


နောင်ချိုမြို့အတွင်း နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်လျက်ရှိ

နောင်ချို၊ နိုဝင်ဘာ ၁၉
ရှမ်းပြည်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ၊ အုမ္မသီးကျေးရွာ လမ်းဆုံဝန်းကျင်တစ်ဝိုက် လုံခြုံရေးတပ်ဖွဲများ နယ်မြေရှင်းလင်းစဉ် ယမန်နေ့က TNLA နှင့် အကြမ်းဖက်အင်အား ၄၀ ဦးခန့်က ၁ ကြိမ်၊ အင်အား (၂၀) ဦးခန့်က ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်နှိမ်နင်းခဲ့ရသည်။
ဖြစ်စဉ်များအတွင်း TNLA ၃ လောင်း၊ လက်နက် ၃ လက်၊ ကျည်အိမ် ၆ ခု၊ ကျည် ၂၉၃ တောင့်၊ အီနာဂါဗုံးသီး ၂ လုံး သိမ်းဆည်းရမိခဲ့သည်။
တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲဝင် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တပ်မတော်အနေဖြင့် တန်ပြန်ထိုးစစ်အသွင် တိုက်ခိုက်လျက်ရှိရာ ကင်းထောက် ဒရုန်းများဖြင့် TNLA အခြေပြုနေရာများအား ထောက်လှမ်းပြီး drop bomb ချ တိုက်ခိုက်ခြင်း ၊ ၁၂၀ မမ ဒုံးများဖြင့် တိုက်ခိုက်ခြင်းကြောင့်TNLA အဖွဲများ ထိခိုက်ကျဆုံးများပြားလျက်ရှိကြောင်း သိရသည်။

Join - https://t.me/MyanmarNationalPost

Naung Taw Lay

19 Nov, 09:01


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့၌ “ပညာအားမာန်” စာကြည့်တိုက် တက်ရောက်ဖွင့်လှစ်ပေး

ရွှေတောင်၊ နိုဝင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲဝင် ဝန်ကြီးများနှင့် အတူ နိုဝင်ဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာ၌ “ပညာအားမာန်” စာကြည့်တိုက် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်တိုက “ပညာအားမာန်” စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_244.html

Naung Taw Lay

19 Nov, 08:50


ဆည် တည်ဆောက်သည့် အကျိုးကျေးဇူးများ

မြန်မာဟာ မြေအရင်းအမြစ်၊ ရေအရင်းအမြစ်ပေါတဲ့ နိုင်ငံတစ်ခုပါ။ ရှေးကဘိုးတော်အနော်ရထာမင်းကြီး လက်ထက်ကစလို့ နိုင်ငံတည်ဆောက်ရေးတည်ငြိမ်အေးချမ်းရေးအဖို့ရာမှာ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေး အလေးအနက်ထားလုပ်ခဲ့တာပါပဲ။ ငတ်ရင်၊ စားနပ်ရိက္ခာ မလုံလောက်ရင် ပြည်ပျက်မယ်။ ရိုးရိုးလေးပဲ။ ခေတ်အဆက်ဆက် စိုက်ပျိုးရေး၊ ဆည်ဆောက်ရေးကို အလေးထားလုပ်ခဲ့ကြတာကြောင့်လည်း မြန်မာဟာသမိုင်းမှာ အငတ်ဘေး ဆိုက်ရောက်တဲ့ဖြစ်ရပ်မျိုး ကြီးကြီးမားမားမကြုံဖူးဘူး။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_393.html

Naung Taw Lay

13 Nov, 09:33


ဝက်လက်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်ပြီး လက်နက်ခဲယမ်း သယ်ဆောင်ပေးခြင်း၊ ဆက်ကြေးကောက်ပေးခြင်းများ လုပ်ဆောင်ခဲ့သည့် အမျိုးသမီး ၂ဦး ပြစ်ဒဏ်ချမှတ်

ဝက်လက်၊ နိုဝင်ဘာ ၁၃
ဝက်လက်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်ပြီး လက်နက်ခဲယမ်း သယ်ဆောင်ပေးခြင်း၊ ဆက်ကြေးကောက်ပေးခြင်းများ လုပ်ဆောင်ခဲ့သည့် အမျိုးသမီး ၂ဦး ၁၂-၁၁-၂၀၂၄ ရက်တွင် ပြစ်ဒဏ်ချမှတ် လိုက်ကြောင်း သိရသည်။
ဝက်လက်မြို့နယ်၊ ရွှေကျင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲနှင့် ဆက်သွက်၍ ခဲယမ်းများသယ်ယူပေးခြင်း၊ အကြမ်းဖက်အဖွဲ့များအတွက် ဆက်ကြေးကောက်ခြင်း၊ နေထိုင်သည့် နေရာများ အား သိရှိပါလျက် လုံခြုံရေးအဖွဲ့များထံ သတင်းပို့ရန် ပျက်ကွက်မှုကျူးလွန်ခဲ့သူ တရားခံ မေရတနာဦး(ခ) မေမိုးခေါင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(ခ)တို့အရ ထောင်ဒဏ်တစ်သက် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ဝက်လက်မြို့နယ်၊ လှေတောကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့၏ နေရာများအား သိရှိပါလျက် လုံခြုံရေးအဖွဲ့များထံ သတင်းပို့ရန် ပျက်ကွက်မှု ကျူးလွန်ခဲ့သူ တရားခံ ငယ်လေး(ခ) ဝါလေးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၂(ခ)အရ ထောင်ဒဏ် ၇ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များတွင် အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သူများကို စစ်ခုံရုံးဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://www.mmnationalpost.com/2024/11/pdf_13.html

Naung Taw Lay

13 Nov, 09:32


ခမောက်ကြီးမြို့နယ်တွင် စကစတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၆ ဦး သေဆုံးခဲ့တယ်လို့ Khit Thit Media မှ လိမ်ညာရေးသား
******************************

နိုဝင်ဘာလ ၁၁ ရက်နေ့ ခမောက်ကြီးမြို့နယ် အောင်ချမ်းသာကျေးရွာအနီးတွင် နယ်မြေရှင်လင်းရေးလုပ်နေတဲ့ စကစတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စကစတပ်ဖွ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း Khit Thit Media မှ စကစတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၆ ဦး သေဆုံးခဲ့တယ်ဆိုပြီး NUG နှင့် ၎င်းတို့ လက်ဝေခံအဖွဲ့များ လိုင်းပေါ်ကနေ အလှူခံတောင်းစားလို့ကောင်းအောင် အရှက်မရှိ လိမ်ညာရေးသားနေကြခြင်းသာဖြစ်ပါတယ်။

#Disinformation
https://t.me/factcheckmm 🇲🇲

Naung Taw Lay

13 Nov, 08:01


နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ငြိမ်းချမ်းရေးတက္ကသိုလ် (University for Peace-UPEACE) တို့ ပူးပေါင်း၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် ယဉ်ကျေးမှုကွဲပြားခြားနားခြင်းဆိုင်ရာ သင်တန်း ဖွင့်လှစ်

နေပြည်တော်၊ နိုဝင်ဘာ ၁၃
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် ငြိမ်းချမ်းရေး တက္ကသိုလ် (University for Peace-UPEACE) တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် ယဉ်ကျေးမှုကွဲပြားခြားနားခြင်းဆိုင်ရာသင်တန်း (Training on Peaceful Coexistence and Cultural Diversity) ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ၁၁-၁၁-၂၀၂၄ ရက်မှ ၁၂-၁၁-၂၀၂၄ ရက်အထိ ဖွင့်လှစ်ခဲ့သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/university-for-peace-upeace.html

Naung Taw Lay

13 Nov, 06:00


အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ၏ ရာမယဏအနုပညာပြပွဲ ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၁၃
ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ယမန်နေ့က အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ၏ ရာမယဏအနုပညာပြပွဲကျင်းပခဲ့ရာ မြန်မာနိုင်ငံရှိ ဂုဏ်သရေရှိပုဂ္ဂိုလ်များ၊ သံတမန်များ၊ တတ်သိပညာရှင်များနှင့် အိန္ဒိယအသိုက်အဝန်းများမှအဖွဲ့ဝင်များ အပါအဝင်ဧည့်သည် ၁၀၀ ကျော် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
သံအမတ်ကြီး Abhay Thakurက ၎င်းတို့အား ကြိုဆိုခဲ့ပြီး ရာမယဏ၏ တရားနည်းလမ်းကျသော ကျင့်ကြံကြိုးပမ်းမှုများအကြောင်းကို ပြောကြားခဲ့သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_862.html

Naung Taw Lay

13 Nov, 06:00


မင်္ဂလာဒုံမြို့နယ်တွင် မိုင်းခွဲတိုက်ခိုက်ခံရ၍ စကစတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိခဲ့တယ်လို့ Khit Thit Media မှ စိတ်ကူးယဉ်ရေးသား
******************************

နိုဝင်ဘာလ ၁၂ ရက်နေ့ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်လမ်း၊ ရွှေနံသာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မိုင်းခွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိသော်လည်း Khit Thit Media မှ အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရ၍ စကစတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိခဲ့တယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ အလှူခံတောင်းစားလို့ကောင်းအောင် စိတ်ကူးယဉ်ရေးသားနေကြခြင်းသာဖြစ်ပါတယ်။

#FakeNews
https://t.me/factcheckmm 🇲🇲

Naung Taw Lay

13 Nov, 05:35


(၃၂) ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်း ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာ

နေပြည်တော်၊ နိုဝင်ဘာ ၁၃
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် (၃၂) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းသည် ယမန်နေ့က နေပြည်တော်လေဆိပ်မှ ဖိလစ်ပိုင်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်းဦးဆောင်၍ -
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_687.html

Naung Taw Lay

13 Nov, 05:26


သာစည် - မန္တလေး ရထားလမ်းပိုင်း၌ လူစီးရထား စတင်ပြေးဆွဲ

နေပြည်တော် နိုဝင်ဘာ ၁၃
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းများတွင် လူစီးရထားများ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိရာ သာစည် - မန္တလေး ခရီးစဉ်အမှတ်(သ-၃၀၁) အဆန်နှင့် မန္တလေး - သာစည်ခရီးစဉ် အမှတ်(သ-၃၀၂) အစုန် RBE လူစီးရထားများကို နိုဝင်ဘာ ၁၁ ရက်မှ စတင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_535.html

Naung Taw Lay

13 Nov, 05:09


နိုဝင်ဘာလ (၁၈) ရက်နေ့မှ စ၍ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် လျှောက်ထားနိုင်ပြီ

ရွှေလုပ်ငန်းကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်အတွက် နိုဝင်ဘာလ ၁၈ ရက်တွင် စတင်လျှောက်ထားနိုင်ပြီး လိုင်စင်လျှောက်ထားခြင်းကာလမှာ စတင်လျှောက်ထားသည့်နေ့မှ ၃လအတွင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ၁၂-၁၁-၂၀၂၄ ရက်န့ ရက်စွဲဖြင့် အသိပေးကြေညာထားသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂)သတ္တုတွင်း လုပ်ငန်းတွင် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင် လျှေက်ထားရာတွင် လူပုဂ္ဂိုလ်အနေဖြင့် လျှောက်ထားပါက လုပ်ငန်းလိုင်စင်လျှောက်ထားသူ၏ လိုင်စင် ဓာတ်ပုံ(၂)ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ကိုယ်ရေးအချက်အလက် တင်ပြရမည်ဖြစ်သည်။

Join - https://t.me/MyanmarNationalPost

Naung Taw Lay

13 Nov, 04:48


AA အကြမ်းဖက်အဖွဲ့ရဲ့ သရုပ်မှန်

ကာတွန်း - နွေမင်းသစ်
Join - https://t.me/MyanmarNationalPost

Naung Taw Lay

13 Nov, 04:36


ပွင့်ဖြူမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်

မကွေး၊ နိုဝင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် PDF အကြမ်းဖက်သမားများ အခြေပြု လှုပ်ရှားနေသည်ဖြစ်ရာ ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး စစ်ကြောင်းမှ အင်အားအလုံးအရင်းဖြင့် ရှင်းလင်းနေကြောင်းသိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ချောင်းဆုံဘက်တွင် အကြမ်းဖက်သမားအလောင်း၊ လက်နက်များ ရရှိထားကြောင်း၊ ကျွဲခြံကျေးရွာတွင်လည်း နယ်မြေရှင်းလင်းနေပြီး ရန်သူ့အလောင်းများနှင့် လက်နက်များရရှိထားကြောင်းသိရသည်။
တွေ့ရှိ အလောင်းများအားစစ်ဆေးချက်အရ ထိုဒေသရှိရွာသားများပါဝင်နေကြောင်းသိရသည်။
ဖအိုင်းနယ်နှင့် စလင်းနယ်၊ စေတုတ္တရာနယ်တို့တွင်လည်း PDF အကြမ်းဖက်သမားများ အခြေပြုလှုပ်ရှားရာ နေရာများကို လေကြောင်းမှ ရှင်းလင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တပ်မ ၈၈အား ဦးဆောင်ပြီး ကပစ၂၀(စေတုတ္တရာ)၊ ဝါစိုက်ပျိုးရေးတပ်(ပွင့်ဖြူ)၊ စလင်းတပ်နယ်၊ ဆင်ဖြူကျွန်းတပ်နယ်၊ ပဒါန်းတပ်နယ်၊ စကုတပ်နယ်၊ ဖအိုင်းတပ်နယ်နှင့် ရေပုတ်ကလေးပြည်သူ့စစ်တပ်ဖွဲ့၊ ကျောင်းကုန်းကြီးပြည်သူ့စစ်တပ်ဖွဲ့၊ ရွာခိုင်ပြည်သူ့စစ်တပ်ဖွဲ့၊ ဆင်လူးပြည်သူ့စစ်တပ်ဖွဲ့ တို့ဖြင့် ပူးပေါင်းထိုးစစ်ဆင်နေကြောင်း သိရသည်။

Join - https://t.me/MyanmarNationalPost

Naung Taw Lay

13 Nov, 04:09


နွားထိုးကြီး ၊ အုတ်တွင်းရွာ

Naung Taw Lay

13 Nov, 03:54


ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့ တရုတ် - မြန်မာယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှုဖွင့်ပွဲ အခမ်းအနားနှင့် (၄) ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ ၁၃
၂၀၂၄ ခုနှစ် တရုတ် - အာဆီယံ လူမှုယဉ်ကျေးမှုဆွေးနွေးဖလှယ်ရေးနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် တရုတ်- မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်မြောက် နှစ်ပတ်လည်အကြိုလှုပ်ရှားမှုအဖြစ် တရုတ် - မြန်မာ နှစ်နိုင်ငံ ကဏ္ဍစုံအကျိုးတူပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ မြှင့်တင်နိုင်ရန်နှင့် နှစ်နိုင်ငံမီဒီယာပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၄ ခုနှစ် တရုတ် - မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားနှင့် (၄) ကြိမ်မြောက် Twin City မီဒီယာဖိုရမ်ကို ယမန်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့ရှိ တျန်ချီစုံဖိန် ဗီလာဟိုတယ်၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ ယူနန်ပြည်နယ်ကောင်စစ်ဝန်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/twin-city_13.html

Naung Taw Lay

13 Nov, 03:07


ဖလမ်းကို ကယ်တင်ပါ၊ ကာကွယ်ပါ

မြေပြင်အခြေအနေကိုတော့ ကျွန်တော်တို့အနေနဲ့ မြင်တွေ့နိုင်ဖို့ မလွယ်ပါဘူး။ ကြားသိရတဲ့ သတင်းစကားတွေကို အခြေခံပြီးတော့ တာဝန်ရှိသူများအနေနဲ့ အကြမ်းဖက်နှိမ်နင်းရေးကို အလေးထား ဆောင်ရွက်နိုင်ဖို့ပဲ တင်ပြနိုင်ပါတယ်။
တင်ပြမှုဟာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ အကြမ်းဖက်သမားများရဲ့ လက်ချက်နဲ့ အတိဒုက္ခရောက်ရတာမျိုး မဖြစ်စေလိုတဲ့အတွက်သာ တင်ပြခြင်းဖြစ်ပါတယ်။
၁၀-၁၁-၂၀၂၄ ရက်နေ့ကတည်းက ဖလမ်းမှာ ရဲစခန်းကို အကြမ်းဖက်သမားများတွေက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခြင်း ဖြစ်ပါတယ်။ နောက်ရက်တွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ နှိမ်နင်းမှုကြောင့် အကြမ်းဖက်သမားတွေကို အသေဖမ်းဆီးရမိခဲ့တဲ့ သတင်းတွေလည်း တွေ့မြင်ခဲ့ရပါတယ်။
ချင်းပြည်နယ်၊ ဖလမ်းမြို့ အခြေအနေနဲ့ ပတ်သက်လို့ ယမန်နေ့က ဖလမ်းမြို့တိုက်ပွဲပြင်းထန်လျက်ရှိပြီး ရဲစခန်းရှိ ရဲဘော်များနှင့် မိသားစုဝင် ၄၂ ဦး ဖမ်းဆီးထားကြောင်း ဖလမ်းမှ ၇ မိုင်အကွာ လုံပီးရပ်ကွက်တွင် အကြမ်းဖက်သမားများက ချုပ်နှောင်ထားကြောင်း သတင်းစကားများ ကြားသိရပါတယ်။ မြို့တွင်းဖုန်းလိုင်းများ ပြတ်တောက်လျက်ရှိပြီး CNDF မှ နို ၁၃ ရက်နေ့ နံနက် ၇၃၀ နာရီ နောက်ဆုံး မြို့တွင်းကျန်ရှိသူများအားလုံးထွက်ခွာရန် ထုတ်ပြန်ထားကြောင်း ကြားသိရပါတယ်။
ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ပေါင်းများစွာမှာ မြို့ရွာတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သင်ခန်းစာတွေလည်း မနည်းတော့ပါဘူး။ သက်ဆိုင်ရာ နယ်မြေအလိုက် အကြမ်းဖက်နှိမ်နင်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် စီမံကွပ်ကဲနေကြတဲ့ တာဝန်ရှိ လူကြီးမင်းများအနေနဲ့ အကြမ်းဖက်သမားများက ဆင်ကန်းတောတိုး လုပ်လာပြီဆိုသည်နှင့် တပြိုင် လိုအပ်တဲ့ စစ်ကူ/ ပစ်ကူ အပြည့်အဝ ဆောင်ရွက်ပေးခြင်းအားဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များကို ကာကွယ်စောင့်ရှောက်ရာရောက်သလို မြို့/ရွာများ မပျက်စီးရေးအတွက်လည်း ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။
အကြမ်းဖက်သမားများကို အောင်မြင်စွာ နှိမ်နင်းဆောင်ရွက်နိုင်ကြပါစေ

နောင်တော်လေး (ဘိုကလေး)
Join - https://t.me/MyanmarNationalPost

Naung Taw Lay

13 Nov, 02:42


တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၁၃
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_933.html

Naung Taw Lay

13 Nov, 01:41


ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E.Mr. Iskander Azizov နှင့် တာဝန်ရှိသူများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား Lotte ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

Join - https://t.me/MyanmarNationalPost

Naung Taw Lay

13 Nov, 01:30


နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ပညာသင်နှစ် အသစ်စတင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ကြရန်မှာကြား

နေပြည်တော်၊ နိုဝင်ဘာ ၁၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များနှင့် နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ပညာသင်နှစ် အသစ်စတင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ကြရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ပညာရေးဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_566.html

Naung Taw Lay

13 Nov, 01:19


AA အကြမ်းဖက်အဖွဲ့ဝင်များ အကျအဆုံးများပြားပြီး စိတ်ဓာတ်ပျက်ပြားနေချိန် ပြည်ဖျက်မီဒီယာများက လုပ်ကြံဖန်တီး ရေးသားလှုံ့ဆော်မှုများ ပြုလုပ်ပေးလျက်ရှိ

Join - https://t.me/MyanmarNationalPost

Naung Taw Lay

13 Nov, 01:17


မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအို မြန်မာချစ်ကြည်ရေးအသင်းတို့ တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ ၁၂
မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများပါဝင်သောအဖွဲ့အား ယမန်နေ့က မကာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr.Jose Wong ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့မှ UMFCCI ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးနှင့် တာဝန်ရှိသူများ၊ မကာအို-မြန်မာ ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ်ချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ရန်နှင့် ပိုမိုတိုးတက်ရန် အဓိကထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ IT ကဏ္ဍ၊ ဆေးဝါးကဏ္ဍ စသည့် နယ်ပယ်ပေါင်းစုံတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
ယင်းနောက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌနှင့် မကာအို-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

Join - https://t.me/MyanmarNationalPost