Sitt Naing(69) @newschannel11115 Channel on Telegram

Sitt Naing(69)

@newschannel11115


ပြည်ထောင်စုသတင်းစဥ်များနှင့်
တပ်မတော်သတင်းစဥ်များဖော်ပြမည်။

ပြည်ထောင်စု သတင်းများ (Burmese)

ပြည်ထောင်စု သတင်းများသည် ပြည်ထောင်စုဝန်ကြီးဌာနများ၏ သတင်းများ တင်ပေးပါသည်။ ဤဌာနသည် ပြည်ထောင်စုရှိ နိုင်ငံများ၊ အဝါရှင်များ၊ နိုင်ငံတို့၏ အကြောင်းဝင်မှုနှင့် အခြား ရုပ်ပုံများအား ဖြင့်တင်သကဲ့သို့ အသုံးပြုပေးပါသည်။ ဤသတင်းများသည် ပြည်ထောင်စုကို အကျွင်းကျောင်း အရေအတွက် လုပ်ဆောင်ရွက်ပေးသည်။ အသုံးပြုသူများသည် ဤသတင်းများမှ အသုံးပြုပြီး အဆင့်အတန်း အခက်အခဲများ ရှာဖွေပေးနိုင်မည်ဖြစ်သည်။

Sitt Naing(69)

21 Nov, 14:46


နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ အခမ်းအနားတက်ရောက်ချီးမြှင့်သည်။

နိုဝင်ဘာလ  ၂၁ ရက်

Sitt Naing(69)

21 Nov, 14:32


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များ လုပ်ငန်းညှိနှိုင်း အစည်း အမှတ်စဉ်(၁၁/၂၀၂၄) ကို ယမန်နေ့နံနက်ပိုင်းက တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာ ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့သော တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁၀/၂၀၂၄) အစည်း အဝေး ဆုံးဖြတ်ချက်များဆောင် ရွက်ပြီးစီးမှုကို တာဝန်ရှိသူတစ်ဦး က ဖတ်ကြားတင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အတွင်း ရေးမှူး ဦးခင်မောင်ဆန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် ဝန်ကြီးဌာနများ၏ လမ်းညွှန်ချက် များ၊ ညွှန်ကြားချက်များကို ဖတ်ကြားရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသ ကြီး ဌာနဆိုင်ရာများမှ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ကိစ္စရပ်များနှင့် စီမံကိန်း လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်မှုအခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က စားရေရိက္ခာဖူလုံစွာ စိုက်ပျိုး ရေး၊ သီးထပ်စိုက်ပျိုးရေး၊ မိုးစပါးများ အချိန်မီ ရိတ်သိမ်းနိုင်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရေး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ ပြောကြားခဲ့ကြောင်း သိရသည်။

Sitt Naing(69)

21 Nov, 14:05


ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တရုတ်သံရုံးမှလှူဒါန်းသည့်လှိုင်သာယာအမှတ်( ၁၄) အခြေခံပညာအထက်တန်းကျောင်းပြုပြင်မွမ်းမံမှုကြည့်ရှု

နို၀င်ဘာ၂၁

မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှလှူဒါန်း၍မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းမှတာဝန်ယူဆောင်ရွက်သည့်မြန်မာ - တရုတ်ချစ်ကြည်ရေး ကျောင်းဆောင်ပြုပြင်မွမ်းမံလှူဒါန်းခြင်းအခမ်းအနားကိုယနေ့နံနက်ပိုင်းကလှိုင်သာယာအမှတ်( ၁၄) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပသည်။

အခမ်းအနားသို့တိုင်း‌​ဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်း၊တိုင်း‌​ဒေသကြီး၀န်ကြီးများ၊မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့်တာ၀န်ရှိသူများက ကျောင်းဆောင် သို့ လေ့လာကြည့်ရှုခဲ့ကြ‌သည်။

အဆိုပါမြန်မာ -တရုတ်ချစ်ကြည်ရေးကျောင်းဆောင်သည်မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက၂၀၁၇ ခုနှစ်ဇွန်လကRCCနှစ်ထပ်ဆောက်လုပ်ပေးခဲ့ပြီး၂၀၂၄ ခုနှစ်နို၀င်ဘာကထပ်မံပြုပြင်မွမ်းမံလှူဒါန်းခြင်း ဖြစ်ပြီးငွေ ကျပ်သိန်း ၆၁၀ ခန့်အကုန်ကျခံဆောင်ရွက်ခဲ့‌​ကြောင်းသိရသည်။

Sitt Naing(69)

21 Nov, 13:55


စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ်(၂၇)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူဖမ်းမိ

နိုဝင်ဘာ ၂၁


စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးအား ငွေကျပ်(၂၇) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ နိုဝင်ဘာ ၅ ရက်က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၅ ရက်နံနက် ၅ နာရီက စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာလမ်းဆုံတွင် ကလေးဝဘက်မှ ကလေးဘက်သို့ စိန်လွင်မောင်းကာ ချစ်စန်းကို လိုက်လာသည့် FUSO ၁၂ ဘီးကားကိုရှာဖွေစစ်ဆေးရာ ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ယင်း မူးယစ်ဆေးဝါးများအား မန္တလေးမြို့မှ ကလေးမြို့သို့တင်ပို့ရောင်းချခဲ့သည့် မြင့်နိုင်ဦး(ခ)မောင်စိုးနှင့် ဇော်ဝင်းထွန်း(ခ) နိုင်ဝင်းထွန်း(ခ)နားကားတို့အား မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ဘရန်မွန်း(ခ)ဇော်တန်နှင့် ရန်နိုင်တို့အား မဟာအောင်မြေမြို့နယ်တို့၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် မူးယစ်ဆေးဝါးများအား ကလေးမြို့တွင် လက်ခံသိုလှောင်၍ မြန်မာ-အိန္ဒိယနယ်စပ်သို့ တင်ပို့ရောင်းချသူများဖြစ်သည့် လားထန်ပွီးယယာ၊ သောက်နယ်လွယ်(ခ)ပုသောက်တို့အား နိုဝင်ဘာ ၅ ရက်တွင် ကလေးမြို့နှင့် မန္တလေးမြို့မှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများတင်ပို့ခဲ့သည့် ဝင်းဌေးအောင်အား ပြည်ကြီးတံခွန်မြို့နယ်၊ မူးယစ်ဆေးဝါးများအား လက်ခံသိုလှောင်ထားသည့် လှမိုး(ခ)ဆန်းလွင်အား ကလေးမြို့တွင် နိုဝင်ဘာ ၆ ရက်က မူးယစ်ဆေးဝါးများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အတူ မူးယစ်ဆေးဝါးများအား မန္တလေးမြို့တွင်တစ်ဆင့်ပြန်လည်ရောင်းချသူ ရော်ကျိန်ရန်(ခ)အားဟွိုက်၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာတွင် ငွေကြေးလွှဲပြောင်းလက်ခံဆောင်ရွက်ပေးသူ မအားမိန်၊ လက်ခံသိုလှောင် ဖြန့်ဖြူးပို့ဆောင်ပေးသူ ရဲဇော်အောင်(ခ)အားဖတို့အား ချမ်းမြသာစည်မြို့နယ်တွင် ထပ်မံဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးအား ငွေကျပ်(၂၇ ဒသမ ၅)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်း ဖြူ(၁၅၀ ဒသမ ၀၃)ကီလို၊ စိတ်ကြွဆေးပြား(၅ ဒသမ ၅၁)သန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၃ တန်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ယင်း မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးမြို့သို့ သယ်ဆောင်၍ကလေးမြို့တွင်သိုလှောင်ကာ မြန်မာ-အိန္ဒိယနယ်စပ်၌ တစ်ဘက်နိုင်ငံမှ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်သူများနှင့် ချိတ်ဆက်ရောင်းဝယ်ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသဖြင့် ၎င်းတို့အား ဥပဒေအရအမှုဖွင့်ပြီး ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရန် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်လည်း ဆက်လက်အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။