NOM.World News @nomworldnews Channel on Telegram

NOM.World News

@nomworldnews


NOM World News Official Channel.

NOM.World News (English)

Welcome to NOM World News, your go-to source for the latest updates and breaking news from around the globe. This channel, @nomworldnews, is the official channel of NOM World News, where you can stay informed about current events, trending topics, and important developments in various fields. Who is NOM World News? NOM World News is a reputable news organization dedicated to providing accurate and reliable news coverage to its audience. With a team of experienced journalists and reporters, we strive to bring you the most up-to-date information on a wide range of topics, including politics, business, technology, entertainment, and more. What is NOM World News? NOM World News is your one-stop destination for staying informed and educated about what's happening in the world. Whether you're interested in global politics, economic trends, scientific breakthroughs, or cultural events, you can find it all on NOM World News. Our channel serves as a platform for in-depth analysis, exclusive interviews, and comprehensive coverage of major events happening worldwide. Stay connected with @nomworldnews to access breaking news alerts, insightful articles, and engaging multimedia content. Join our community of informed readers and be a part of the conversation on the most pressing issues of our time. Trust NOM World News to keep you updated, informed, and enlightened on the latest news stories shaping our world today.

NOM.World News

31 Jan, 03:00


၂၀၂၃ တုန်းက ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ ကိုရန်ကျမ်းကို မီးရှို့ပြီး ဆန္ဒပြခဲ့တဲ့ အမျိုးသားတဦး ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ပစ်သတ်ခံလိုက်ရပါတယ်။ အသက် ၄၀ အရွယ် Momika ဆိုတဲ့ အမျိုးသားဖြစ်ပြီး သူဟာ စတော့ဟုမ်းဗဟိုဗလီအပြင်ဘက်မှာ အစ္စလာမ်ဘာသာရေးစာအုပ်ကို မီးရှို့ခဲ့တာပါ။ စတော့ဟုမ်းရဲတပ်ဖွဲ့ကတော့ အသက် ၄၀ အရွယ် အမျိုးသားတဦး ညဘက်မှာ အပစ်ခံခဲ့ရပြီး လူ ၅ ဦးကို ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

NOM

NOM.World News

31 Jan, 02:57


Google Map မှာ မက္ကဆီကိုပင်လယ်ကွေ့နာမည်ကို အမေရိကပင်လယ်ကွေ့လို့ နာမည်ပြောင်းခဲ့တာကို ပြန်လည်စဉ်းစားဖို့အတွက် မက္ကဆီကိုသမ္မတက Google ကို စာပို့အကြောင်းကြားခဲ့ပါတယ်။

အမေရိကန်၊ကျူးဘား၊ မက္ကဆီကိုတို့နဲ့ ထိစပ်နေတဲ့ ရေပိုင်နက်ကို ထရမ့်က သူ့ရဲ့ ရာထူးသက်တမ်း ပထမအပတ်အတွင်းမှာပဲ အမေရိကန်ပင်လယ်ကွေ့လို့ နာမည်ပြောင်းဖို့ လိုအပ်ကြောင်း အုပ်ချုပ်မှုအမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီနောက်တောာ့ အမေရိကန်နိုင်ငံအတွင်း Google Maps အသုံးပြုသူတွေမှာ အမေရိကန်ပင်လယ်ကွေ့လို့ နာမည်ပြောင်းလဲတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အခြားသောတိုင်းပြည်တွေမှာတော့ မက္ကဆီကိုပင်လယ်ကွေ့လို့ ဆက်လက်မြင်တွေ့နေရဆဲပါ။

NOM

NOM.World News

31 Jan, 02:53


ဇူလိုင် ၁၃ ရက်နေ့က ဂါဇာတောင်ပိုင်းကို အစ္စရေးတို့တိုက်ခိုက်မှုအတွင်း ဟားမတ်စ်ရဲ့ စစ်ဘက်ဆိုင်ရာအကြီးအကဲ မိုဟာမက်ဒီဖ် သေဆုံးခဲ့တယ်လို့ အစ္စရေးက ကြေညာခဲ့ပါတယ်။ လပေါင်းများစွာကြာမြင့်အပြီးမှာတော့ ဒီဖ်သေဆုံးခဲ့တာ မှန်ကန်ကြောင်း ဟားမတ်စ်က အတည်ပြုလိုက်ပါတယ်။ လပေါင်းများစွာကြာအောင် ဒီသတင်းကို ဟားမတ်စ်က မထုတ်ပြန်ခဲ့ဘဲ အပစ်အခတ်ရပ်စဲထားတဲ့အချိန်မှသာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

NOM

NOM.World News

31 Jan, 02:49


လေယာဉ်တိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး CNN သတင်းထောက်က ထရမ့်ကို အခင်းဖြစ်ပွားရာနေရာကို သွားမှာလားလို့ မေးမြန်းခဲ့ပါတယ်။

ထရမ့်ဟာ စိတ်ဆိုးသွားဟန်ရှိပြီး “ဘယ်နေရာလဲ၊ ရေထဲကိုလား၊ မင်းက ငါ့ကို ရေကူးခိုင်းနေတာလား၊ မင်းမေးခွန်းက သိပ်အဆင်ပြေမနေဘူးနော်၊ ငါ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်အချို့နဲ့တော့ တွေ့သွားမှာပါ” လို့ ပြန်ပြောသွားခဲ့ပါတယ်။

NOM

NOM.World News

31 Jan, 02:45


ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ကနေဒါနဲ့ မက္ကဆီကိုတို့ဆီက သွင်းကုန်တွေအတွက် အခွန် ၂၅% အထိ ကောက်ခံမယ်လို့ ထရမ့်က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ရေနံတင်ပို့မှုအတွက်တော့ ပါဝင်မလားဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ အထောက်အထားမဲ့ ရွှေ့ပြောင်းအခြေချသူတွေနဲ့ နယ်စပ်ဖြတ်ကျော်ပြသနာတွေ၊ အိမ်နီးချင်းတွေနဲ့ ကုန်သွယ်မှုလိုငွေပြမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

31 Jan, 02:42


ခရီးသည်တင်လေယာဉ်နဲ့ အမေရိကန်စစ်တပ်ရဟတ်ယာဉ်တို့ လေထဲမှာ တိုက်မိပြီး ပျက်ကျတဲ့ဖြစ်စဉ်မှာ အသက်ရှင်ကျန်ရစ်သူ တဦးမှမရှိခဲ့ဘူးလို့ ဒေါ်နယ်ထရမ့်က အတည်ပြုပြောဆိုလိုက်ပါတယ်။ Patomac မြစ်အတွင်း ပြုတ်ကျခဲ့ပြီးနောက် စုစုပေါင်း လူ ၆၇ ဦး အသက်ဆုံးရှုံးခဲ့ပြီဖြစ်ပါတယ်။

NOM

NOM.World News

30 Jan, 04:14


မာ့ခ်ဇူကာဘာ့ဂျ်ရဲ့ Meta ကုမ္ပဏီဟာ ဒေါ်နယ်ထရမ့်ရဲ့ အကောင့်တွေကို ဆိုင်းငံ့ခဲ့မှုကြောင့် တရားစွဲဆိုခံရတာကို ကျေအေးဖို့အတွက် ထရမ့်ကို ဒေါ်လာ ၂၅ သန်း ပေးဆောင်ဖို့ သဘောတူညီလိုက်ပါတယ်။

NOM

NOM.World News

30 Jan, 04:12


ရော်နယ်ရေဂင်လေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုဟာ ကန်စစ်တပ်ရဲ့ Blackhawk စစ်ရဟတ်ယာဉ်နဲ့ တိုက်မိခဲ့တာဖြစ်တာလို့ ပင်တဂွန်က အတည်ပြုလိုက်ပါတယ်။ လက်ရှိမှာ ကယ်ဆယ်ရေးကနေ လူ ၄ ဥိးကို ကယ်တင်ထားနိုင်တယ်လို့ ဆိုပါတယ်။ ကန်စစ်တပ်ရဟတ်ယာဉ်မှာတော့ စစ်မှုထမ်း ၃ ဦး လိုက်ပါခဲ့တယ်လို့ သိရပြီး လေယာဉ်မှာတော့ ခရီးသည် ၆၀ ဦးနဲ့ ဝန်ထမ်း ၄ ဦးလိုက်ပါခဲ့တာပါ။ လေထဲမှာ တိုက်မိပြီး ပိုတိုးမတ်မြစ်အတွင်းကို ကျသွားခဲ့တာလည်းဖြစ်ပါတယ်။

NOM

NOM.World News

30 Jan, 03:06


ဂွါတာနာမိုပင်လယ်အော်ဆီ ရွှေ့ပြောင်းနေထိုင်သူအချို့ကို ပို့ဆောင်မယ်လို့ ထရမ့်က ပြောဆိုလိုက်ပါတယ်။ အဆိုပါနေရာမှာ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ထိန်းသိမ်းရေးစခန်းတခု တည်ဆောက်ဖို့အတွက် အမိန့်ပေးလိုက်ပြီလည်းဖြစ်ပါတယ်။

အမေရိကန်ရဲ့ နာမည်ကျော် ဂွါတာနာမိုအကျဉ်းစခန်းနဲ့ သီးခြားခွဲထွက်နေမယ့် အဆောက်အအုံဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူတွေဟာ အမေရိကန်ပြည်သူတွေကို ခြိမ်းခြောက်နေတဲ့ အဆိုးရွားဆုံးရာဇဝတ်ကောင်တွေလို့လည်း သူက ပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

30 Jan, 03:02


အမေရိကန် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်ဟောင်း Bob Menendez ကို လာဘ်စားမှု၊ ငွေသားနဲ့ ရွှေချောင်းတွေ ရယူမှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်လိုက်ပါတယ်။

NOM

NOM.World News

30 Jan, 03:00


ကနဦးသတင်းတွေအရ Ronald Reagan အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးမှာ ခရီးသည် ၆၀ ဦး လိုက်ပါလာတဲ့ PSA လေကြောင်းလိုင်းပိုင် Flight 5342 လေယာဉ်ဟာ ပျက်ကျခဲ့တယ်လို့ သိရပါတယ်။ အခုအခါမှာ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကန်လေတပ်ကနေ လေယာဉ်တစီး ပျက်ကျခဲ့ပါသေးတယ်။ အခုအခါ ခရီးသည်တင်လေယာဉ် ထပ်မံပျက်ကျမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

NOM

NOM.World News

30 Jan, 02:59


ရုံးပြန်မတက်ချင်တဲ့ ဖက်ဒရယ်ဝန်ထမ်းတွေကို လုပ်ခလစာ ၈ လစာပေးပြီး အလုပ်ထွက်ခွင့်ပေးမယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ ဖက်ဒရယ်အစိုးရရဲ့ အသုံးစရိတ်ကို လျှော့ချမယ်လို့ ပြောခဲ့တာကို အကောင်အထည်ဖော်နေတာဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့ နောက်ဆုံးထားပြီး မိမိသဘောအလျောက် အလုပ်ထွက်ခွင့် အစီအစဉ်မှာ ပါဝင်မယ်၊ မပါဝင်ဘူးဆိုတာကို ဆုံးဖြတ်ဖို့ ဝန်ထမ်းတွေဆီ အီးမေးလ်ပို့ခဲ့တာဖြစ်ပါတယ်။

NOM

NOM.World News

28 Jan, 09:44


Google Maps မှာ မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကပင်လယ်ကွေ့လို့ နာမည်ပြောင်းလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်က သုံးစွဲသူတွေက အဆိုပါနာမည်ကို မြင်ရမှာဖြစ်ပြီး မက္ကဆီကိုက သုံးစွဲသူတွေကတော့ အရင်အတိုင်း မက္ကဆီကိုပင်လယ်ကွေ့လို့ မြင်နေရမှာဖြစ်ပါတယ်။ အခြားသောနိုင်ငံတွေကတော့ နာမည်နှစ်မျိုးစလုံးကို မြင်ရနိုင်တယ်လို့ Google က ဆိုပါတယ်။

NOM

NOM.World News

28 Jan, 09:01


တရုတ်ရဲ့ Al ဖြစ်တဲ့ DeepSeek ကြောင့် ကမ္ဘာ့အချမ်းသာဆုံး ဘီလျံအများအပြား ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်ရဲ့ ဒီ Al ဟာ ကမ္ဘာတလွှားမှာ ရုတ်ချည်းဆိုသလို ထင်ပေါ်ကျော်ကြားလာခဲ့ပြီး Nvidia ဆိုရင် ရှယ်ယာ ၁၇% အထိ ကျဆင်းသွားခဲ့ကာ တရက်အတွင်းမှာပဲ စျေးကွက်တန်ဖိုးအရ ဒေါ်လာ ၆၀၀ ဘီလျံအထိ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

NOM

NOM.World News

28 Jan, 08:52


ယူကရိန်းအတွက် စည်းလုံးညီညွှတ်မှုဆိုတဲ့ (U4U) အစီအစဉ်ကို အမေရိကန်လူဝင်မှုကြီးကြပ်ရေးက ရပ်ဆိုင်းလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ ယူကရိန်းနိုင်ငံသားတွေကို အမေရိကန်မှာ တရားဝင်အလုပ်လုပ်ခွင့်နဲ့ နှစ်နှစ်အထိ ဝင်ရောက်နေထိုင်ခွင့်ပြုထားတာဖြစ်ပါတယ်။

NOM

NOM.World News

28 Jan, 03:11


Greenland ကို ထိန်းချုပ်ဖို့ စိတ်ဝင်စားတယ်လို့ ဒေါ်နယ်ထရမ့်က ပြောခဲ့ပြီးနောက် ဒိန်းမတ်ဟာ စစ်ရေးစွမ်းရည်တွေ မြှင့်တင်ဖို့အတွက် ဒေါ်လာ ၂.၀၅ ဘီလျံအထိ သုံးစွဲမယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။ ဒေသတွင်း စောင့်ကြည့်ထောက်လှမ်းရေးနဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းခြင်းဆိုင်ရာ စွမ်းရည်တွေ မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့လည်း ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။

NOM

NOM.World News

28 Jan, 02:53


အမေရိကန်တောင်ပိုင်းနယ်စပ်မှာ မရိန်းတပ်သားတွေ လုံခြုံရေးအတွက် ဆောင်ရွက်နေတာကို အိမ်ဖြူတော်က ဓာတ်ပုံမှတ်တမ်းထုတ်ပြန်ခဲ့ပါတယ်။

NOM

NOM.World News

27 Jan, 09:52


၂၀၂၃ တုန်းက ခရိုင်းမီးယားကို ပြန်လည်သိမ်းပိုက်မယ်လို့ ပြောဆိုခဲ့တဲ့ ယူကရိန်းထောက်လှမ်းရေးအကြီးအကဲက ယူကရိန်းနိုင်ငံတည်ရှိမှုဟာ ဒီနှစ်နွေရာသီအတွင်း ရုရှားနဲ့ ငြိမ်းချမ်းရေးရရှိမယ့်အပေါ် မူတည်တယ်လို့ ပြောဆိုလိုက်ကြောင်း သိရပါတယ်။

NOM

NOM.World News

27 Jan, 05:12


လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ရတဲ့ ဂျယ်ဂျူးလေယာဉ်ပျက်ကျမှုကို စုံစမ်းမှုအတွင်း လေယာဉ်အင်ဂျင်တွေအတွင်းမှာ ငှက်မွှေးတွေ တွေ့ခဲ့ရတယ်လို့ စုံစမ်းရေးမှူးတွေက ပြောဆိုခဲ့ပါတယ်။ တွေ့ရှိခဲ့တဲ့ သက်သေအချက်အလက်တွေကိုလည်း ကုလအထိပါ တင်ပြထားတယ်လို့ သိရပါတယ်။

NOM

NOM.World News

27 Jan, 05:09


အမေရိကန်က ပြန်လည်ပို့ဆောင်ခဲ့တဲ့ ကိုလံဘီယာနိုင်ငံသားတွေကို တင်ဆောင်လာတဲ့ လေယာဉ်တွေကို ဆင်းသက်ခွင့်ပိတ်ပင်ခဲ့တဲ့နောက် ဝါရှင်တန်ဟာ ကိုလံဘီယာအပေါ် အခွန်စည်းကြပ်မှုကို ချက်ချင်းတိုးမြှင့်ခဲ့ပါတယ်။

ထရမ့်က အမိန့်ပေးခဲ့တာဖြစ်ပြီး ဒါဟာ ကိုလံဘီယာအတွက် အကျပ်ရိုက်စရာဖြစ်လာပါတယ်။ ဒီနောက်မှာတော့ နှစ်ဖက်ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပြီး ကိုလံဘီယာက ပြန်ပို့လာသူတွေကို လက်ခံဖို့ သဘောတူခဲ့တာကြောင့် စည်းကြပ်ခွန်တိုးမြှင့်မှုအမိန့်ကို ထရမ့်က ပြန်လည်ဆိုင်းငံ့လိုက်ပါတယ်။

ဒါပေမယ့်လည်း ပထမဆုံးပို့ဆောင်တဲ့ လေယာဉ်က အောင်မြင်စွာနဲ့ ပြန်မလာနိုင်ချိန်အထိ ကိုလံဘီယာအစိုးရအရာရှိတွေကို ဗီဇာကန့်သတ်တာ၊ အခွန်စည်းကြပ်တာတွေကို ဖြေလျှော့ပေးဦးမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

NOM

NOM.World News

27 Jan, 05:05


ဘီလာရုစ်ရွေးကောက်ပွဲမှာ လက်ရှိသမ္မတဖြစ်သူ လူကာရှန်ကိုက သူ့ရဲ့ သက်တမ်း ၇ ဆက်မြောက်အဖြစ် အနိုင်ရခဲ့ပါတယ်။ ပူတင်ရဲ့ အမာခံ မဟာမိတ်လို့ သတ်မှတ်ခံထားရတဲ့ လူကာရှန်ကိုက ဘီလာရုစ်ကို နောက်ထပ်အုပ်ချုပ်ခွင့်ရဦးမှာဖြစ်ပါတယ်။

NOM

NOM.World News

27 Jan, 05:03


မရိန်းတပ်သားတွေ၊ ကြည်းတပ်နဲ့ အမျိုးသားအစောင့်တပ်တွေဟာ အမေရိကန်တောင်ပိုင်းနယ်စပ်ကို ဖြန့်ကျက်ထားပြီး လုံခြုံရေးတွေ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ထရမ့်ကတော့ သူပြောခဲ့တဲ့အတိုင်း နယ်စပ်တွေကို သေချာစောင့်ကြပ်နေပြီဖြစ်ပါတယ်။

NOM

NOM.World News

27 Jan, 03:42


ခရစ်တော်မပေါ်ခင် ဒါရှန်ခေတ်က အံ့အားသင့်ဖွယ်ရာ ရွှေခေါင်းဆောင်းနဲ့ ရွှေလက်ကြပ် ၃ ခု ရိုမေးနီးယားမှာ အခိုးခံလိုက်ရပါတယ်။ ဒတ်ချ်ပြတိုက်တခုကို ငှားရမ်းထားတဲ့ ရှေးဟောင်းပစ္စည်းတွေဖြစ်ပြီး ပြပွဲနောက်ဆုံးရက်မှာ ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဝင်ရောက်ပြီး ရာနဲ့ချီတဲ့ ရတနာတွေထဲက ဒီအရာတွေကို သူခိုးဓါးပြတွေက ပစ်မှတ်ထားယူဆောင်ခဲ့တယ်လို့ ရိုမေးနိးယားယဉ်ကျေးမှုဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။ ပြီးတော့ နောက်ဆုံးရက်မှာမှ ဒီလိုဖြစ်တာက မသင်္ကာစရာကောင်းတယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

NOM

NOM.World News

26 Jan, 08:42


ဂါဇာအရေးအခင်းအတွင်းမှာ ကလေးငယ်ပေါင်း ၁၃၀၀၀ အထိ သေဆုံးခဲ့ပြီး ၂၅၀၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ကုလက ထုတ်ပြန်လိုက်ပါတယ်။

NOM

NOM.World News

26 Jan, 08:37


ကွန်ဂိုမှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၁၃ ဦးဟာ M23 Group ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကွန်ဂိုအရှေ့ပိုင်းက Goma မြို့အနီး ချဉ်းကပ်လာတဲ့ သူပုန်တွေကို တိုက်ခိုက်ခဲ့ရာမှာ တောင်အာဖရိက စစ်သား ၉ ဦး၊ ဥရုဂွေးစစ်သားတဦးနဲ့ မာလာဝီစစ်သား ၃ ဦး သေဆုံးခဲ့တာလို့ တောင်အာဖရိက စစ်တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

NOM

NOM.World News

26 Jan, 03:27


“Greenland က ကမ္ဘာကြီးရဲ့ လွတ်လပ်မှုနဲ့ ဆက်နွယ်နေတာကြောင့် ကျနော်တို့ ပိုင်ဆိုင်နိုင်မယ်လို့ ထင်ပါတယ်၊ ဒီလိုလွတ်လပ်မှုမျိုးကို ကျနော်တို့ကပဲ လုပ်ပေးနိုင်တာပါ၊ သူတို့မလုပ်နိုင်ပါဘူး”

- ဒေါ်နယ်ထရမ့်

NOM

NOM.World News

26 Jan, 03:24


ရွှေ့ပြောင်းနေထိုင်သူတွေကို ပြန်လည်ပို့ဆောင်တဲ့ လေကြောင်းခရီးစဉ်တွေကို မက္ကဆီကိုမြေအတွင်း ဝင်ရောက်ခွင့်ကို မက္ကဆီကိုဘက်က ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ ထရမ့်ဟာ သူ့ရဲ့ ရွှေ့ပြောင်းနေထိုင်သူ မူဝါဒအရ တရားမဝင် နေထိုင်သူတွေကို ပြန်လည်ပို့ဆောင်မှုတွေ စတင်နေတာလည်းဖြစ်ပါတယ်။

မက္ကဆီကိုရဲ့ ဒီပိတ်ပင်မှုကတော့ စနေနေ့က ဂွါတီမာလာကို ရွှေ့ပြောင်းနေထိုင်သူ ၁၆၀ ဦး အထိ အမေရိကန်က Air Force C-17 နှစ်သင်းနဲ့ ပြန်လည်ပို့ဆောင်ပေးပြီးနောက်မှာ ထွက်ပေါ်လာတာပါ။ ဒီအတွက်ကြောင့် သူတို့နှစ်နိုင်ငံကြားမှာ တင်းမာမှုတွေ ရှိလာလိမ့်မယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

NOM

NOM.World News

26 Jan, 03:19


ယူကရိန်းအရေးကို ထရမ့်နဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ပူတင်က ပြောဆိုလိုက်ပါတယ်။ ဒီစစ်ပွဲကို ဘယ်လိုရပ်တန့်ကြမလဲဆိုတာကို ဆွေးနွေးကြမှာဖြစ်ပြီး ထရမ့်ဘက်ကလည်း ဒါကို အမြန်ဆုံးအကောင်အထည်ဖော်ချင်နေတာပါ။

ရုရှားအစိုးရပိုင် ရုပ်မြင်သံကြားနဲ့ အင်တာဗျူးမှာ ပူတင်က ပြောဆိုခဲ့တာဖြစ်ပြီး အမေရိကန်သမ္မတသစ်နဲ့ ပူးပေါင်းလုပ်ဆာင်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဆိုခဲ့ပါတယ်။

NOM

NOM.World News

26 Jan, 03:17


မြောက်ကိုရီးယားဟာ မနေ့က သူတို့ရဲ့ ခရုဇ်ဒုံးကျည်စနစ်ကို စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ပြုံယမ်းက တရားဝင်သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှု တိုးမြင့်လာတာကို အပြင်းထန်ဆုံး တုံ့ပြန်မယ်လို့ ပြောထားတဲ့အတိုင်း လုပ်ဆောင်ခဲ့တာပါ။ ဒီစမ်းသပ်ပစ်ခတ်မှုကို ကင်ဂျုံအန်ကိုယ်တိုင် ကြည့်ရှုခဲ့တယ်လို့ဆိုပါတယ်။

NOM

NOM.World News

26 Jan, 03:14


ဘေရွတ်မြို့မှာ အစ္စရေးတို့ရဲ့ ပေါင် ၂၀၀၀ ဗုံးနဲ့ ကြဲချမှု ထိမှန်ခဲ့တဲ့ အဆောက်အဦ ဘယ်လိုဖြစ်သွားလဲဆိုတာကို ဒီရုပ်သံဖိုင်မှာ မြင်တွေ့ရမှာပါ။

NOM

NOM.World News

26 Jan, 03:13


အစ္စရေးအတွက် ပေါင် ၂၀၀၀ ဗုံးတွေ ပေးပို့ဖို့အတွက် ဒေါ်နယ်ထရမ့်က မီးစိမ်းပြလိုက်ပါတယ်။ MK-84 ဗုံး ၁၈၀၀ ဟာ ရက်ပိုင်းအတွင်း အစ္စရေးကို ရောက်ရှိတော့မယ်လို့ ဆိုပါတယ်။

NOM

NOM.World News

25 Jan, 11:56


ပူတင်ဟာ ဒေါ်နယ်ထရမ့်ကို ခြယ်လှယ်ဖို့အတွက် ကြိုးစားနေတယ်ဆိုပြီး ယူကရိန်းသမ္မတဇီလင်စကီးက ပြောဆိုလိုက်ပါတယ်။ သမ္မတရာထူးကို ထရမ့်က ရယူခဲ့ပြီးနောက် ယူကရိန်းစစ်ပွဲကို ရပ်တန့်နိုင်ဖို့ ပူတင်နဲ့ အမြန်ဆုံးတွေ့သွားမယ်လို့ သတင်းတွေထွက်လာပြီးနောက်မှာ အခုလိုမျိုးပြောဆိုလိုက်တာပါ။

"ထရမ့်ကို သူက ကြိုးကိုင်ချင်နေတာပါ၊ သူတို့ရဲ့ ဒီလုပ်ရပ်က အောင်မြင်မှာမဟုတ်ဘူးလို့လည်း ကျနော်ယုံကြည်ပါတယ်" လို့ ဇီလင်စကီးက မနေ့က ပြောဆိုခဲ့တာဖြစ်ပါတယ်။

NOM

NOM.World News

25 Jan, 11:52


ဓါးစာခံတွေချင်း ဒုတိယအကြိမ်မြောက် လဲလှယ်မှုမှာ ဟားမတ်စ်တို့က အစ္စရေး အမျိုးသမီးစစ်သည် ၄ ဦးကို လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

NOM

NOM.World News

25 Jan, 02:56


အစ္စရေးနဲ့ အီဂျစ်တို့ကိုသာ ခြွင်းချက်ထားပြီး ထရမ့်အစိုးရအဖွဲ့ဟာ ယူကရိန်းအပါအဝင် နိုင်ငံခြားတိုင်းပြည်တွေအတွက် အကူအညီပေးနေမှုအားလုံးကို ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ အစ္စရေးနဲ့ အီဂျစ်အတွက် အရေးအစားအစာနဲ့ စစ်ဘက်ဆိုင်ရာ ရန်ပုံငွေတွေကိုတော့ ဆက်လက်စီးဆင်းနေစေပါတယ်။

NOM

NOM.World News

25 Jan, 02:52


အီရန်-အီရတ် စစ်ပွဲအထိမ်းအမှတ် အဆောက်အဦရှေ့မှာ ကပြခဲ့တဲ့ မိန်းကလေးနှစ်ဦးကို အီရန်က ဖမ်းဆီးလိုက်ကာ မသင့်လျော်တဲ့ ဝတ်စားဆင်ယင်မှုတွေကိုလည်း အပြစ်တင်ခဲ့ပြီး သူမတို့ရဲ့ အင်စတာဂရမ်အကောင့်တွေကိုလည်း ပိတ်သိမ်းလိုက်ပါတယ်။

NOM

NOM.World News

14 Jan, 11:23


ယူကရိန်းအတွက် ဒေါ်လာဘီလီယံနဲ့ချီပြီးပေးခဲ့တဲ့ ဘိုင်ဒင်အစိုးရဟာ ကယ်လီဖိုးနီးယား တောမီးလောင်ကျွမ်းမှုမှာ ဆုံးရှုံးနစ်နာခဲ့သူတွေကို one-time payment အဖြစ်နဲ့ တစ်အိမ်ထောင်စုလျှင် ဒေါ်လာ ၇၇၀ ပေးအပ်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။

NOM

NOM.World News

14 Jan, 10:12


တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့ ရန်လိုမှုတွေ ကြီးထွားလာနေတာဟာ ဖိလစ်ပိုင်ကို မထီမဲ့မြင်ပြုလုပ်နေတာဖြစ်တယ်လို့ လုံခြုံရေးအရာရှိတဦးက ပြောဆိုခဲ့ပြီး နိုင်ငံတကာတရားစွဲဆိုမှုအသစ်တွေ အပါအဝင် ဖိလစ်ပိုင်ရဲ့ တုံ့ပြန်မှုတွေအားလုံးက စားပွဲဝိုင်းပေါ်မှာ ရှိနေတယ်လို့လည်း တရုတ်ကို သတိပေးလိုက်ပါတယ်။

အင်္ဂါနေ့က တရုတ်ကမ်းခြေစောင့်သင်္ဘောကြီးတစင်းဟာ အငြင်းပွားနေတဲ့ Scarborough Shoal မှာ ကင်းလှည့်ခဲ့ပြီး ဖိလင်္စပိုင်အနောက်မြောက်ပိုင်းကမ်းရိုးတန်းကို ရွက်လွှင့်ခဲ့ပြီး ရေမိုင် ၇၇ မိုင်အထိ ရောက်ခဲ့တယ်လို့ ဖိလစ်ပိုင်က ပြောဆိုခဲ့ကာ တရုတ်အစိုးရအနေနဲ့ ဒီသင်္ဘောကို ချက်ချင်းပြန်လှည့်သင့်တယ်လို့ ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီ လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဂျိုနသန်မာလာယာက ပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

14 Jan, 10:06


ကိယက်ဗ်ကို လာရောက်ဖို့အတွက် ဇီလင်စကီးရဲ့ ဖိတ်ခေါ်မှုကို စလိုဗက်ကီးယားဝန်ကြီးချုပ်က ငြင်းဆန်လိုက်ပါတယ်။

NOM

NOM.World News

14 Jan, 10:05


အမေရိကန်မှာ TikTok ကို ပိတ်ပင်ခဲ့မယ်ဆိုရင် တရုတ်နည်းပညာကုမ္ပဏီကြီးဟာ အီလွန်မက်စ်ဆီ လက်လွှဲရောင်းချဖွယ်ရှိနေတယ်လို့ Bloomberg က ဆိုပါတယ်။

အမေရိကန်တရားရုံးချုပ်က တရုတ်ကုမ္ပဏီ ByteDance ကို ဇန်နဝါရီ ၁၉ ရက်နေ့ နောက်ဆုံးထားပြိး နိုင်ငံတွင်းမှာ TikTok လည်ပတ်နေမှုကို ရပ်တန်ဖို့ လိုအပ်တဲ့ ဥပေဒတရပ်ကို အတည်ပြုဖို့ လုပ်ဆောင်နေတာပါ။

အီလွန်မက်စ်ပါဝင်နေတဲ့ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ဟာ ဘယ်လိုမျိုးဆောင်ရွက်ရမယ်ဆိုတာကို တရုတ်အကြီးတန်းအရာရှိတွေနဲ့ အရေးပေါ်အစီအစဉ်တွေ ဆွေးနွေးနေတယ်လို့သိရပြီး အမေရိကန်အတွက် TikTok ဌာနခွဲကို X က ထိန်းချုပ်ဖွယ်ရှိနေပါတယ်။

NOM

NOM.World News

13 Jan, 12:10


အိန္ဒိယဟာ ဒီနေ့မှာပဲ မဟာဗျူဟာကျတဲ့ ဟိမဝန္တာလမ်းဥမင်လိုဏ်ခေါင်းကို ဖွင့်လှစ်လိုက်ပါတယ်။ ဝန်ကြီးချုပ်မိုဒီ တက်ရောက်ခဲ့ပြီး ၆.၄ ကီလို ရှည်လျားတယ်လို့ ဆိုပါတယ်။ ဒီလှိုဏ်ခေါင်း‌ကြောင့် ကက်ရှ်မီးယားကို Ladakh နဲ့ ချိတ်ဆက်ပေးနိုင်မှာဖြစ်ပြီး စစ်ဘက်ဆိုင်ရာအထောက်အပံ့တွေကို မြန်မြန်ဆန်ဆန် ဖြန့်ကျက်နိုင်တော့မှာလည်း ဖြစ်ပါတယ်။ တရုတ်နဲ့ နယ်စပ်ဇုန်တွေကို အိန္ဒိယက ပိုမိုထိန်းချုပ်နိုင်ဖို့လည်း အသုံးဝင်လာမှာဖြစ်ကာ ကန်ဒေါ်လာ ၃၁၃သန်းအထိ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

NOM

NOM.World News

13 Jan, 12:05


ရုရှား-ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်သား ၃၀၀ အထိ သေဆုံးခဲ့ပြီလို့ တောင်ကိုရီးယားက ပြောဆိုလိုက်ပါတယ်။ ၂၇၀၀ အထိ ဒဏ်ရာရရှိခဲ့တယ်လို့လည်း တောင်ကိုရီးယားသူလျှိုအေဂျင်စီက ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

NOM

NOM.World News

13 Jan, 03:09


ရုရှားက ဖမ်းဆီးခံထားရတဲ့ ယူကရိန်းသုံ့ပန်းတွေနဲ့ မြောက်ကိုရီးယားစစ်သားတွေကို လဲလှယ်မယ်လို့ ဇီလင်စကီးက ကမ်းလှမ်းလိုက်ပါတယ်။ Kursk ဒေသအတွင်းမှာ မြောက်ကိုရီးယားစစ်သား ၂ဦးကို ယူကရိန်းက ဖမ်းဆီးရမိထားတယ်လို့ ဇီလင်စကီးက အတည်ပြုခဲ့ပြီး နောက်တနေ့မှာ ဒီကမ်းလှမ်းမှုကို လုပ်ဆောင်ခဲ့တာပါ။ ယူကရိန်းတို့ ဖမ်းမိထားတယ်ဆိုတဲ့ မြောက်ကိုရီးယားစစ်သားတွေနဲ့ပတ်သက်ပြီး ရုရှားနဲ့ မြောက်ကိုရီးယားဘက်ကတော့ တစုံတရာတုံ့ပြန်တာမျိုးမရှိခဲ့ပါဘူး။

NOM

NOM.World News

13 Jan, 03:04


LA တောမီးလောင်ကျွမ်းမှုနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ သံသယကြောင့် အမေရိကန်စွမ်းအင်ကုမ္ပဏီကြီး Edison ဟာ စုံစမ်းစစ်ဆေးမှုတွေ ခံနေရပါတယ်။

NOM

NOM.World News

13 Jan, 03:03


မက္ကဆီကိုမှာ အစ္စရေးစစ်သားနှစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လိုဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက် အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါသတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။

NOMM

NOM.World News

13 Jan, 02:55


မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ်နဲ့ မြန်မာနိုင်ငံကနေ ဆင် ၆ ကောင်ကို Great Moscow Circus ဆီ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဆင်တွေထဲကတချို့ကို ရုရှားနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Maria Zakharova က အစားအစာတွေ ကျွေးမွေးနေတာဖြစ်ပါတယ်။

NOM

NOM.World News

12 Jan, 04:38


LA တောမီးလောင်ကျွမ်းမှုအတွက် လိုအပ်ပါက အကူအညီတွေ ပေးသွားဖို့ အသင့်ရှိနေကြောင်း အီရန်က အမေရိကန်ကို ပြောဆိုလိုက်ပါတယ်။

"ဒီလိုခက်ခဲတဲ့ အခိုက်အတန့်တွေမှာ မင်းတယောက်တည်းဖြစ်မနေစေရဘူးဆိုတာကို အီရန်လခြမ်းနီအသင်းကိုယ်စား ကျနော် အာမခံပါတယ်" လို့ အီရန်သမ္မတက ပြောဆိုပြီး အကူညီပေးမယ်လို့ ကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။

NOM

NOM.World News

12 Jan, 04:36


နောက်ထပ် သမ္မတသက်တမ်းအတွက် သူ ပါဝင်ယှဉ်ပြိုင်ဦးမယ်လို့ တူရကီသမ္မတ အာဒိုဂန်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

NOM

NOM.World News

12 Jan, 04:35


Kursk မှာ ဖမ်းမိခဲ့တယ်ဆိုတဲ့ မြောက်ကိုရီးယားစစ်သားတွေနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာအချက်တွေကို ရုရှားသတင်းဌာနက RT က ပြန်လည်ထောက်ပြပြီး မေးခွန်းတွေပါ ထုတ်ခဲ့ပါတယ်။

- ယူကရိန်းတို့ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုမှာ ဖမ်းခံထားရတဲ့ စစ်သားစကားပြောချိန် အသံတိတ်သွားခဲ့ပြီး ဒါဟာ သူက ရုရှားလို ပြောနေလို့လားလို့ ပြန်လည်မေးခွန်းထုတ်ထားပါတယ်။
- အိပ်ယာပေါ်မှာ လှဲလျောင်းနေတဲ့ စစ်သားဟာ ကိုရီးယားတဦးနဲ့ မတူညီပါဘူး။
- အနောက်တိုင်းမီဒီယာတွေဟာ မသိနားမလည်တဲ့ အာရှအင်္ဂါရပ်တွေကို သက်သေအဖြစ်ထည့်သွင်းထားပါတယ်။

NOM

NOM.World News

12 Jan, 04:31


LA တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူဦးရေဟာ ၁၆ ဦးအထိ မြင့်တက်လာပြီး ၄ ဦးကတော့ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးခဲ့တယ်လို့ ကနဦးတွေ့ရှိထားပါတယ်။

NOM

NOM.World News

12 Jan, 04:29


လူပေါင်း ၁၇၉ ဦးအထိ သေဆုံးခဲ့တဲ့ ဂျယ်ဂျူးလေယာဉ်ပျက်ကျမှုမှာ လေယာဉ်မပျက်ကျခင် ၄ မိနစ်အလိုမှာပဲ Black box က ပိတ်ထားခဲ့တယ်လို့ တောင်ကိုရီးယားပို့ဆောင်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ တွေ့ရှိခဲ့ရတာလို့ ဆိုခဲ့ပြီး မှတ်တမ်းတင်ထားမှုကို ရပ်တန့်ထားခဲ့တာလို့ သိရပါတယ်။ အဆိုပါ Black Box ကို အမေရိကန်အထိ ပို့ဆောင်ပြီးတော့ စစ်ဆေးခဲ့တာဖြစ်ပြီး data recorder ဟာ ပျက်စီးနေခဲ့တယ်လို့လည်း ဆိုပါတယ်။

NOM

NOM.World News

12 Jan, 04:27


Kursk ဒေသအတွင်းမှာ မြောက်ကိုရီးယားစစ်သား နှစ်ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ယူကရိန်းသမ္မတဇီလင်စကီက ကြေညာပြောဆိုလိုက်ပါတယ်။ ဒဏ်ရာရရှိလျက်နဲ့ ဖမ်းမိခဲ့ပြီး လက်ရှိမှာတော့ ဆေးကုသပေးထားကာ ထိန်းသိမ်းထားတယ်လို့လည်း သူက အတည်ပြုပါတယ်။

"Kursk မှာ မြောက်ကိုရီးယားစစ်သားတွေကို ကျနော်တို့စစ်သားတွေက ဖမ်းမိခဲ့ပါတယ်" လို့ တယ်လီဂရမ်ကတဆင့် သူက ပြောဆိုခဲ့တာပါ။ ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု SBU လက်အောက်မှာ ထားရှိထားပြီး စစ်သားတွေဟာ အထောက်အထားအပြည့်အစုံမပါရှိဘဲ ရုရှားစစ်တပ်က ထုတ်ပေးထားတဲ့ ID Card တွေကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

NOM

NOM.World News

11 Jan, 08:53


လက်ဘနွန်ဟာ သမ္မတရာထူးအတွက် စစ်ဦးစီးချုပ် ဂျိုးဆက်ဖ်အာဝင်ကို ရွေးချယ်လိုက်ပါတယ်။ လွှတ်တော်တွင်း မဲပေးရွေးချယ်မှုမှာ အသာစိးရရှိခဲ့ပြီး သူ့ကို အမေရိကန်နဲ့ ဆော်ဒီတို့က ထောက်ခံပေးထားတာပါ။

NOM

NOM.World News

11 Jan, 08:47


ကယ်လီဖိုးနီးယားတောမီးလောင်ကျွမ်းမှုအတွင်း Army Reserve Center ကနေ

- ဟမ်းဗွီး ၃ စီး
- စက်သေနတ် ၈ လက်
- လှံစွပ် ၁၈ ခုအထိ လုယက်ခိုးယူခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဂိုဒေါင်ထဲကနေ သယ်ထုတ်သွားခဲ့တာဖြစ်ပြီး ဒီအဖြစ်အပျက်အတွက် စုံစမ်းနေတယ်လို့လည်း ကန်တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြပါတယ်။

NOM

NOM.World News

05 Jan, 09:37


ဒီလိုသတ်မှတ်တာဟာ တရားရုံးလုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ ဘယ်သူ့မဆိုအပေါ် ပြင်းထန်တဲ့ ကန့်သတ်ချက်တွေရှိလာမှာပါ။ ကမ္ဘာတဝှမ်းက ဘဏ္ဍာရေးအဖွဲ့အစည်းတွေဟာ ICC ဝန်ထမ်းတွေနဲ့ အဆက်အသွယ်ဖြတ်တောက်တာ ဒါမှမဟုတ် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကို ရင်ဆိုင်ရမှာပါ။ ICC ဝန်ထမ်းတွေအနေနဲ့လည်း ဘဏ်လုပ်ငန်းဆောင်ရွက်မှု၊ အကြွေးဝယ်ကတ်တွေကို အသုံးပြုလို့ရမှာမဟုတ်တော့ဘဲ အမေရိကန်မှာရှိနေတဲ့ ပိုင်ဆိုင်မှုတွေကိုပါ ဆိုင်းငံ့ခံထားရနိုင်တယ်လို့ ဆိုပါတယ်။

NOM

NOM.World News

05 Jan, 09:37


အစ္စရေးဝန်ကြီးချုပ်နဲ့ အစ္စရေးခေါင်းဆောင်တွေအပေါ် ဖမ်း၀ရမ်းထုတ်ခဲ့တဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ကို အရေးယူဖို့အတွက် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က အချက်ပြလိုက်ပါတယ်။

အဆိုပါကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုမှုအရ ထရမ့်ဟာ သူ သမ္မတရာထူးကို လက်ခံရယူပြီးနောက် ICC ကို ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ရာထူးလက်ခံပြီး တရက်အကြာဖြစ်တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ အမှုဆောင်အမိန့်ကို ထုတ်ပြန်နိုင်တယ်လို့လည်း ဆိုပါတယ်။

ဒဏ်ခတ်အရေးယူမယ့် အစီအစဉ်မှာ တရားသူကြီးတွေ၊ အစိုးရရှေ့နေတွေလည်း ပါဝင်ပြီး ICC အရာရှိတွေနဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားမှာလည်း ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်အဖွဲ့အစည်းတွေအပေါ် ကန်နိုင်ငံခြားရေးဌာနက လုပ်ဆောင်နေတဲ့ သတ်မှတ်လုပ်ငန်းစဉ်တွေကို အသုံးပြုပြီး ICC က အမေရိကန်အကျိုးစီးပွားကို ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ အစိုးရက သတ်မှတ်ဖို့လည်း စီစဉ်ထားပါတယ်။

NOM.World News

05 Jan, 08:33


တရုတ်နိုင်ငံ၊ Hebei ပြည်နယ်အတွင်းက ဟင်းသီးဟင်းရွက်စျေးတခုမှာ မီးလောင်မှုဖြစ်ပွားပြီး အနည်းဆုံး လူ ၈ ဦးသေဆုံးခဲ့ကာ ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး တနာရီကျော်အကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့ကာ အကြောင်းရင်းကို စုံစမ်းနေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

NOM

NOM.World News

05 Jan, 08:31


တရုတ်နိုင်ငံမှာ HMPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်တမျိုး ကူးစက်ပျံ့နှံ့နေပြီး အိမ်နိးချင်း အိန္ဒိယကတော့ ဒီအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီလို့ ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဆောင်းရာသီမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုက အမြင့်ဆုံးဖြစ်တတ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အိန္ဒိယဆရာဝန်တဦးဖြစ်တဲ့ Goel ကတော့ "ဒါက သာမန်အအေးမိသလိုမျိုး အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တွေပါပဲ၊ အသက်ကြီးငယ်မရွေး ဖြစ်တတ်ပြီး အသက်ကြီးရင့်သူတွေနဲ့ ကလေးငယ်တွေမှာ ပိုအဖြစ်များပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

WHO ကလည်း ဒီအခြေအနေကို စောင့်ကြည့်နေပြီး အရေးပေါ်အခြေအနေကြေညာတာမျိုး မရှိသေးပါဘူး။ ဟောင်ကောင်မှာတော့ ဖြစ်ပွားသူ အနည်းငယ်သာရှိတယ်လို့ သိရကာ အစိုးရိမ်မကြီးဖို့အတွက် တိုက်တွန်းထားပါတယ်။

အမေရိကန်ရောဂါထိန်းချုပ်ရေးစင်တာကတော့ ဒီဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းနဲ့ အောက်ပိုင်းတွေကို သက်ရောက်စေနိုင်ပြီး ကိုယ်ခံအားနည်းသူတွေ၊ လူကြီးတွေနဲ့ ကလေးငယ်တွေအပေါ် သက်ရောက်မှုရှိတယ်လို့ ရှင်းပြထားပါတယ်။

NOM

NOM.World News

05 Jan, 08:23


ဆီးရီးယားဟာ လာမယ့်တပတ်အတွင်း နိုင်ငံတကာလေကြောင်းလိုင်းတွေကို ပြန်လည်ပြေးဆွဲဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါဟာ သမ္မတဟောင်း အာဆတ်ပြုတ်ကျပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဒမတ်စကပ်ကနေ လေကြောင်းလိုင်းတွေ ပြန်လည်စတင်ဖို့ စီစဉ်မှုလည်း ဖြစ်ပါတယ်။

NOM

NOM.World News

05 Jan, 08:21


အမေရိကန်ထုတ် တာဝေးပစ် ဒုံးကျည်တွေနဲ့ ယူကရိန်းက တိုက်ခိုက်ခဲ့မှုကို သေချာပေါက်လက်တုံ့ပြန်မယ်လို့ ရုရှားသမ္မတ ပူတင်က ပြောဆိုလိုက်ပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့က တိုက်ခိုက်ခဲ့တာလို့ သိရပြီး ATACMS ဒုံးကျည်တွေဖြစ်ကာ အဆိုပါဒုံးကျည်တွေကို ပစ်ချနိုင်ခဲ့တယ်လို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ အနည်းဆုံး ၈ ခုအထိ ရှိတယ်လို့လည်း ဆိုခဲ့ပြီး ဘယ်နေရာမှာ၊ ဘယ်အချိန်လဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

NOM

NOM.World News

05 Jan, 08:17


အိမ်ဖြူတော်မှာ သမ္မတဂျိုးဘိုင်ဒင်ကိုယ်တိုင် ပေးအပ်ချီးမြှင့်မယ့် Presidential Medal of Freedom ဆုကို ကမ္ဘာကျော်ဘောလုံးသမားမက်ဆီလည်း ရရှိခဲ့ပါတယ်။ ဒီနေ့မှာ ပေးအပ်သွားခဲ့ပြီးတော့ မက်ဆီကတော့ တက်ရောက်ရယူခဲ့ခြင်းမရှိဘဲ သူ ပျက်ကွက်ခဲ့တာအတွက်‌ တောင်းပန်မှုလုပ်သွားခဲ့ပါတယ်။ မက်ဆီနဲ့အတူ အခြားသူ ၁၇ ဦးကို ဆုချီးမြှင့်ဖို့အတွက် ရွေးချယ်ခဲ့ကြောင်း အိမ်ဖြူတော်က တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီဆုဟာ အမေရိကန်မှာတော့ အရပ်သားပြည်သူတွေကို ချီးမြှင့်တဲ့ အမြင့်ဆုံးဆုလို့လည်း ဆိုပါတယ်။ မက်ဆီနဲ့ အခြားသူတွေဟာ ကမ္ဘာကြီးအတွက်၊ နိုင်ငံအတွက် စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့ကြတာဖြစ်တယ်လို့လည်း အိမ်ဖြူတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

မက်ဆီဟာ သူ့ရဲ့ လီယိုမက်ဆီဖောင်ဒေးရှင်းကတဆင့် ကမ္ဘာတဝှမ်းက ကလေးငယ်တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက် ထောက်ပံ့မှုတွေကို လုပ်ပေးခဲ့ပြီး ယူနီဆက်ဖ်ရဲ့ သံတမန်အဖြစ်နဲ့ပါ ပါဝင်လှုပ်ရှားပေးခဲ့တယ်လို့လည်း အိမ်ဖြူတော်က ဖော်ပြထားပါတယ်။

NOM

NOM.World News

04 Jan, 13:48


ဖိလစ်ပိုင်သမ္မတမားကို့စ်ဂျူနီယာဟာ ဒုသမ္မတ ဆာရာဒူတာတေးကို အမျိုးသားလုံခြုံရေးကောင်စီမှာ ရယူထားတဲ့ တာဝန်ကနေ ဖယ်ရှားမယ့် အမိန့်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ သူတို့နှစ်ဦးကြားမှာ တင်းမာမှုတွေ ဖြစ်ပွားနေတာဖြစ်ပြီး တဦးနဲ့တဦး လုပ်ကြံဖို့အထိတောင် စီစဉ်ထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ အခုအခါမှာတော့ လုံး၀ကို အကွဲအပြဲတွေ ဖြစ်ခဲ့တာဖြစ်ပြီး အရေးပါတဲ့ ရာထူးတခုကနေ ဆာရာဒူတာတေးဖယ်ရှားခံလိုက်ရတာလည်း ဖြစ်ပါတယ်။

NOM

NOM.World News

04 Jan, 10:51


လူပေါင်း ၁၇၉ဦးအထိ သေဆုံးခဲ့တဲ့ ဂျယ်ဂျူးလေယာဉ်ပျက်ကျမှုမှာ ရှင်သန်ကျန်ရစ်နေခဲ့သူ နှစ်ဦးဟာ ပြန်လည်သက်သာကောင်းမွန်လာပြီလို့ သိရပါတယ်။ အသက်ဘေးစိုးရိမ်စရာမရှိတော့ဘူးလို့ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူတွေထဲက ရုပ်အလောင်း ၁၀၃ ခုကိုလည်း သက်ဆိုင်ရာမိသားစုဆီ လွှဲပြောင်းပေးထားပြီးကြောင်းလည်း ဆိုပါတယ်။

NOM

NOM.World News

04 Jan, 10:48


ဘိုင်ဒင်အစိုးရဟာ ဂျက်ဖိုက်တာလေယာဉ်တွေအတွက် ခဲယမ်းတွေနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို အစ္စရေးဆီ ရောင်းချဖို့ စီစဉ်နေပါတယ်။ စုစုပေါင်း ဒေါ်လာ ၈ ဘီလျံတန်ဖိုးရှိ‌ပြီး ကွန်ဂရက်ကို အဆိုပြုထားပြီးဖြစ်ကာ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်က ခွင့်ပြုဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

NOM

NOM.World News

04 Jan, 06:54


အသေခံဗုံးဖောက်ခွဲမှုတွေနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ အမေရိကန်မှာ နောက်ထပ်ပစ်ခတ်မှုတခု ဝါရှင်တန်ဒီစီမှာ ဒီနေ့ဖြစ်ပွားခဲ့ပါတယ်။ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကာ ၂ဦးကိုတော့ ဆေးရုံဆီ ပို့ဆောင်ပေးထားတယ်လို့ သိရကာ တဦးက ပစ်ခတ်ခဲ့သူဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

NOM

NOM.World News

04 Jan, 06:49


ဂျပန်ရဲ့ Nippon သံမဏိကုမ္ပဏီက အမေရိကန်သံမဏိတွေကို ဝယ်ယူမယ့် ဒေါ်လာ၁၄.၉ ဘီလျံတန်စာချုပ်ကို ဂျိုးဘိုင်ဒင်က ကန့်ကွက်ပိတ်ပင်လိုက်ပါတယ်။ ဒိလိုမျိုး ပိတ်ပင်ခဲ့ပြီးနောက်မှာ ကုမ္ပဏီနှစ်ခုစလုံးက ဥပဒေကြောင်းအရ ဆောင်ရွက်သွားမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ ဂျပန်အစိုးရကလည်း ဘိုင်ဒင်ရဲ့ ဆုံးဖြတ်ချက်ကို နားမလည်အောင်ဖြစ်ရတယ်လို့ ဆိုပါတယ်။

ပြည်တွင်းစက်မှုလုပ်ငန်းကို ကာကွယ်ဖို့ ဗျူဟာမြောက်လိုအပ်ချက်လို့ ဘိုင်ဒင်က အကြောင်းပြခဲ့ပြီး သူ့ရဲ့ သမ္မတသက်တမ်းကုန်ခါနီးမှာ ဒီလိုလုပ်ဆောင်ခဲ့တာပါ။ အမေရိကန်သံမဏိကုမ္ပဏီကလည်း ဘိုင်ဒင်ဟာ သူ့ရဲ့ ကိုယ်ပိုင်နိုင်ငံရေးအစီအစဉ်အတွက် အမေရိကန်သံမဏိလုပ်သားတွေရဲ့ အနာဂတ်ကို စတေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

NOM

NOM.World News

04 Jan, 06:40


APPLE ရဲ့ CEO တင်မ်ကွတ်ခ်ဟာ ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ဒေါ်လာ ၁ သန်းလှူဒါန်းခဲ့ပါတယ်။

NOM

NOM.World News

04 Jan, 06:37


၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတကာခေါင်းဆောင်တွေဆီကနေ ဂျိုးဘိုင်ဒင်ရရှိခဲ့တဲ့ လက်ဆောင်တွေထဲမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီဆီက ရခဲ့တဲ့ ဒေါ်လာ ၂ သောင်းတန် စိန်က တန်ဖိုးအကြီးမားဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သမ္မတကတော် Jill Biden အတွက် ပေးခဲ့တာဖြစ်ပြီး ၇.၅ ကာရက်ရှိတယ်လို့ ဆိုပါတယ်။

NOM

NOM.World News

03 Jan, 11:46


ကင်ညာက ရွာတရွာမှာ တန်ဝက်လောက် အလေးချိန်ရှိတဲ့ အာကာသယာဉ် အစိတ်အပိုင်းတွေ ပြုတ်ကျလာခဲ့တာပါ။ အစောပိုင်းမှာတော့ ကျယ်လောင်တဲ့အသံကြောင့် ဗုံးလို့ ထင်မှတ်ပြီး ကြောက်လန်ခဲ့ကြပါတယ်။

လက်ရှိမှာ ကင်ညာအာကာသအေဂျင်စီက ဒုံးပျံရဲ့ ခွဲထွက်ကွင်းလို့ သတ်မှတ်ထားပြီး စုံစမ်းစစ်ဆေးနေပါတယ်။

NOM

NOM.World News

03 Jan, 11:44


ဖမ်း၀ရမ်းထုတ်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းကို ဖမ်းဆီးဖို့အတွက် ဒီနေ့မှာ တောင်ကိုရီးယားရဲအရာရှိတွေနဲ့ အကျင့်ပျက်ခြစားမှုစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တွေက သမ္မတနေအိမ်ခြံဝင်းဆီကို ရောက်ရှိလာခဲ့ပါတယ်။

ဒါပေမယ့်လည်း အိမ်တော်လုံခြုံရေးအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပြီး ၆ နာရီခန့်ကြာအောင် အချေအတင်ဖြစ်ခဲ့ကြပါတယ်။ စစ်တပ်နဲ့ လုံခြုံရေးအရာရှိတွေက ကားတွေအသုံးပြု၊ လူတံတိုင်းဖန်တီးကာ သမ္မတကို ကာကွယ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီအတွက်ကြောင့် ဖမ်းဆီးဖို့အတွက် ရပ်တန့်လိုက်ရပြီး အိမ်တော်ရှေ့မှာ ယွန်းကို ထောက်ခံသူတွေက အောင်ပွဲခံခဲ့ကြပါတယ်။ လက်ရှိအခြေအနေကတော့ ဖမ်း၀ရမ်းသက်တမ်းကုန်ဆုံးမယ့် ဇန်နဝါရီ ၆ ရက်အထိ စုံစမ်းစစ်ဆေးရေးမှူးတွေက သမ္မတကို ဖမ်းဆီးခွင့်ရှိတယ်လို့ သိရပါတယ်။

သမ္မတဟာ ဥပဒေလမ်းကြောင်းတွေကို မလိုက်နာခဲ့ဘူးလို့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်က ပြောဆိုခဲ့ပြီး ထပ်မံဖမ်းဆီးပေးဖို့အတွက်လည်း တောင်းဆိုထားပါတယ်။

NOM

NOM.World News

03 Jan, 04:16


စပိန်ကနေ ပြည်နှင်ဒဏ်ခံခဲ့ရပြီးနောက် အာဂျင်တီးနားကို သွားရောက်နေတဲ့ အတိုက်အခံသမ္မတလောင်း Edmundo Gonzalez Urrutia ကို ဖမ်းဆီးပေးနိုင်သူကို ဒေါ်လာ ၁ သိန်း ဆုကြေးပေးမယ်လို့ ဗင်နီဇွဲလားက ကြေညာလိုက်ပါတယ်။

ဇူလိုင်လရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မာဒူရိုကို အနိုင်ရခဲ့တယ်လို့ အခိုင်အမာပြောဆိုခဲ့တဲ့ Urrutia ဟာ ဗြူနိုအေရိစ်ကို ရောက်ရှိနေမယ်လို့ မျှော်လင့်ကြောင်းလည်း ဗင်နီဇွဲလားသမ္မတရုံးက ဖော်ပြခဲ့ပါတယ်။ Urrutia ကလည်း သူ့ရဲ့ လက်တင်အမေရိက ခရီးစဉ်ကို စတင်ပြီဖြစ်ပြီး ပထမဆုံးရပ်နားမယ့်နိုင်ငံက အာဂျင်တီးနားလို့ သူ့ရဲ့ X မှာ ဖော်ပြခဲ့ပါတယ်။

NOM

NOM.World News

03 Jan, 03:53


Trump ဟိုတယ်ရှေ့က Cybertruck ဖောက်ခွဲမှုကို ကျူးလွန်ခဲ့တဲ့ Matt Livelsberger ဟာ အသေခံဗုံးခွဲမှုမလုပ်ခင် ရက်ပိုင်းအလိုကမှ ဇနီးသည်နဲ့ လမ်းခွဲခဲ့တယ်လို့ ဆိုပါတယ်။ Matt မှာ သမီးတဦးရှိပြီး Cybertruck ကို ငှားရမ်းခဲ့တာဖြစ်ပြီး ဟိုတယ်ရှေ့မှာ ဖောက်ခွဲမှုလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

NOM

NOM.World News

03 Jan, 03:51


ဂျိုးဘိုင်ဒင်ဟာ သူရာထူးကနေ မထွက်ခွာခင်မှာ အမေရိကန်ကမ်းရိုးတန်းရေပြင်အချို့က ကမ်းလွန်ရေနံနဲ့ သဘာ၀ဓါတ်ငွေ့ဖွံ့ဖြိုးတက်ရေးလုပ်ငန်းတွေကို အပြီးတိုင်ပိတ်ပင်ဖို့အတွက် စီစဉ်နေပါတယ်။

NOM

NOM.World News

03 Jan, 03:51


ယူကရိန်းစစ်ပွဲကတဆင့် လေ့လာခဲ့တဲ့ ဂိမ်းပုံစံလိုမျိုး မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က လေ့ကျင့်နေတာဖြစ်ပါတယ်။

NOM

NOM.World News

29 Dec, 04:18


အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုဟာ ဆီးလမ်းကြောင်းပိုးဝင်မှုဖြစ်ပွားပြီး ဒီနေ့မှာ ခွဲစိတ်ကုသမှုခံယူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အသက် ၇၅ နှစ်အရွယ် ဝန်ကြီးချုပ်ဟာ မတ်လအတွင်းကလည်း အူကျွံခဲ့တာကြောင့် ခွဲစိတ်မှုလုပ်ခဲ့ရသေးပြီး ဇူလိုင်လတုန်းကလည်း နှလုံးခုန်စက်ကို အစားထိုးထည့်သွင်းထားရသူဖြစ်ပါတယ်။

NOM

NOM.World News

29 Dec, 04:16


ရုရှားလေပိုင်နက်အတွင်း ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုအတွက် အဇာဘိုင်ဂျန်ကို ရုရှားသမ္မတပူတင်က တောင်းပန်စကားဆိုလိုက်ပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးထိခိုက်ခဲ့သူတွေအတွက် ဝမ်းနည်းကြောင်းလည်း ပူတင်က ဖုန်းဆက်သွယ်ပြောဆိုချိန်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကနဦးစုံစမ်းမှုတွေနဲ့ မျက်မြင်သက်သေတွေရဲ့ အဆိုအရ ဒီဇင်ဘာ ၂၅ ရက်နေ့ဖြစ်စဉ်မှာ လေယာဉ်အပြင်ဘက်ကနေ ပေါက်ကွဲသံကြားရပြီးနောက် လေယာဉ်ကို လက်နက်လို့ယူဆရတဲ့အရာ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

NOM

NOM.World News

29 Dec, 04:12


တောင်ကိုရီးယားလေယာဉ်ပျက်ကျမှုမှာ လူပေါင်း ၁၇၉ ဦး အထိ သေဆုံးခဲ့ကာ ၂ဦးတည်းသာ အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ Yonhap မီးသတ်ဌာနကို ကိုးကားပြီး Yonhap သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

NOM

NOM.World News

29 Dec, 03:24


လေယာဉ်ပျက်ကျမှုအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ရနိုင်သမျှ အရင်းအမြစ်အားလုံးကို အသုံးပြုဖို့အတွက် တောင်ကိုရီးယားသမ္မတသစ် Choi Sang-mok က အရေးပေါ်အဖွဲ့တွေကို ညွှန်ကြားလိုက်ပါတယ်။

နောက်ဆုံးသတင်းတွေအရ လက်ရှိအချိန်ထိ သေဆုံးသူပေါင်း ၄၇ ဦးအထိ ရှိပြီလို့သိရပါတယ်။ လက်ရှိမှာဆို လေဆိပ်ရဲ့ လေယာဉ်ခရီးစဉ်အားလုံးကို ဆိုင်းငံ့ထားကာ စုံစမ်းစစ်ဆေးရေးကော်မတီလည်း ရောက်ရှိနေပြီး ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

NOM

NOM.World News

29 Dec, 02:08


ဘန်ကောက်ကနေ တောင်ကိုရီးယားကို ပျံသန်းခဲ့တဲ့ ဂျယ်ဂျူးလေကြောင်းလိုင်းက Boeing 737 လေယာဉ်ဟာ ဒီနေ့မနက်ပိုင်း Muan လေဆိပ်မှာ ဆင်းသက်တဲ့အချိန် ဘီးချမရတဲ့ ပြသနာဖြစ်ပွားခဲ့ပါတယ်။ ဒီနောက်မှာတော့ လေယာဉ်ဟာ ပြေးလမ်းတလျှောက် သွားနေခဲ့ပြီး လေယာဉ်ကွင်းခြံစည်းရိုးကို ဝင်တိုက်မိကာ ပေါက်ကွဲခဲ့ပြီး ခရီးသည်ပေါင်း ၂၇ ဦးအထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ၂ဦးကိုတော့ ကယ်တင်ထားနိုင်ကာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေဆဲလို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။

NOM

NOM.World News

28 Dec, 07:27


ငါက မင်းရဲ့ ကျွန်မဟုတ်ဘူးလို့ စလိုဗက်ကီးယားဝန်ကြီးချုပ်က ယူကရိန်းသမ္မတ ဇီလင်စကီးရဲ့ ဝေဖန်မှုကို ပြန်လည်တုံ့ပြန်လိုက်ပြီး ယူကရိန်းအတွက် လျှပ်စစ်ဓါတ်အားပေးဝေနေမှုကို ရပ်ဆိုင်းပစ်မယ်လို့လည်း ခြခြိမ်းခြောက်လိုက်ပါတယ်။

"တကိုယ်ကောင်းဆန်တဲ့ နိုင်ငံရေးအကြောင်းပြချက်တွေနဲ့ အနောက်နိုင်ငံတွေက မင်းတောင်းဆိုသမျှကို လက်တွေ့ကျကျပေးတယ်ဆိုတာ ငါ နားလည်ပါတယ်၊ ဒါပေမယ့် ငါက မင်းရဲ့ အစေခံမဟုတ်ဘူး၊ မင်းဆီက ဘာမှမမျှော်လင့်ဘဲ ကူညီပေးဖို့အတွက် တာဝန်ရှိတဲ့ ကျွန်မဟုတ်ဘူး" လို့ သူက X မှာ ရေးသားပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

28 Dec, 07:24


အာဖဂန်-ပါကစ္စတန်နယ်စပ်အနီးမှာ တာလီဘန်တွေနဲ့ ပါကစ္စတန်စစ်တပ်တို့ကြား ပြင်းပြင်းထန်ထန်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ မနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး နယ်စပ်မှာ စစ်ပွဲဇုန်သဖွယ်ရှိနေခဲ့ပါတယ်။ နာရီပေါင်းများစွာ ကြာမြင့်ခဲ့တယ်လို့ သိရပြီး ပါကစ္စတန်အရပ်သားတွေရဲ့ နေအိမ်တွေဟာ ဒုံးကျည်ထိမှန်ခဲ့ပြီး အသေအပျောက်အသေးစိတ်ကို သိရဖို့က ခက်ခဲနေပါတယ်။

NOM

NOM.World News

28 Dec, 03:03


ကာဇက်စတန်အတွင်း ပျက်ကျခဲ့တဲ့ အဇာဘိုင်ဂျန်လေယာဉ်ဖြစ်ရပ်မှာ လွတ်မြောက်လာတဲ့ အမှုထမ်း ၁ ဦးနဲ့ ခရီးသည်နှစ်ဦးက လေယာဉ်ပျက်မကျခင်မှာ အပြင်ဘက်က ပေါက်ကွဲသံကြားလိုက်ရပြီး လေယာဉ်ကို တခုခုထိမှန်ခဲ့တာကို သူတို့ ကြားသိခံစားခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

28 Dec, 03:00


Kursk ဒေသအတွင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားတပ်ဖွဲ့ဝင်အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အစုလိုက်အပြုံလိုက် အသေအပျောက်တွေကို ရင်ဆိုင်နေရတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက မနေ့က သတင်းထောက်တွေကို ပြောဆိုသွားခဲ့ပါတယ်။ ရုရှားနဲ့ မြောက်ကိုရီးယားစစ်ခေါင်းဆောင်တွေဟာ ဒီတပ်တွေကို စစ်အသုံးစရိတ်အဖြစ် သဘောထားကာ ယူကရိန်းကို‌‌‌ ချေမှုန်းဖို့အမိန့်ပေးနေတာဖြစ်တယ်လို့လည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။ ရုရှားနဲ့ မြောက်ကိုရီးယားဘက်ကတော့ ဒီပြောဆိုမှုအပေါ် တုံ့ပြန်တာမျိုးမရှိသေးပါဘူး။

NOM

NOM.World News

28 Dec, 02:56


လူပေါင်း ၃၈ ဦးအထိ သေဆုံးခဲ့တဲ့ လေယာဉ်ပျက်ကျမှုဟာ လက်နက်နဲ့ ပစ်ခတ်ခံရမှုကြောင့်ဖြစ်တယ်လို့ အဇာဘိုင်ဂျန်အစိုးရက လူသိရှင်ကြားထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဘယ်လိုလက်နက်အမျိုးအစားလဲဆိုတာကို ဆက်လက်စုံစမ်းနေဆဲလို့ သယ်/ပို့ဝန်ကြီး Rashad Nabiyev က မနေ့က ပြောဆိုခဲ့ပါတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရဆိုရင် လေယာဉ်ပျက်မကျခင်မှာ ပေါက်ကွဲသံတခုကို လေယာဉ်အပြင်ဘက်ကနေ ကြားခဲ့ရပြီး လေယာဉ်ကို တခုခုထိမှန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီအချိန်မှာ ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ ယူကရိန်းဒရုန်းတွေ တိုက်ခိုက်မှုတွေ လုပ်နေခဲ့တယ်လို့လည်း သိရပါတယ်။

NOM

NOM.World News

28 Dec, 02:53


၂၀၂၄ အတွင်း အမေရိကန်မှာ အိမ်ခြေယာမဲ့ဦးရေဟာ ၁၈% အထိ တိုးမြင့်လာတယ်လို့ အမေရိကန်အိုးအိမ်နဲ့ မြို့ပြဌာနရဲ့ စာရင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါဟာ ဒီဘက်နှစ်တွေအတွင်း အမြင့်ဆုံးတိုးပွားလာမှုဖြစ်ပြီး လူဦးရေစုစုပေါင်းအားဖြင့် ၇၇၁၄၈၀ အထိ ရှိပါတယ်။ ဒါဟာ အမေရိကန်ပြည်သူ ၁၀၀၀၀ မှာ ၁ ဦးနှုန်း အိမ်ခြေယာမဲ့ဖြစ်နေတာလို့ ညွှန်းဆိုတာလည်းဖြစ်ပါတယ်။

NOM

NOM.World News

28 Dec, 02:51


အမေရိကန်ဟာ THAAD ဒုံးခွင်းဒုံးကာကွယ်ရေးစနစ်ကို အစ္စရေးမှာ ပထမဆုံးအကြိမ် အသုံးပြုလိုက်ပါတယ်။ အစ္စရေးရှေ့တန်းမှာ တပ်ဖြန့်ထားတဲ့ ဒီစနစ်ကို ယီမင်က ဟူသီတွေ ပစ်လွှတ်ခဲ့တဲ့ တာလတ်ပစ်ဒုံးကျည်ကို ဖျက်ချဖို့ရာ အသုံးပြုခဲ့တာလို့ ကန်အရာရှိတဦးက TWZ ကို ပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

28 Dec, 02:48


ပင်လယ်ပြင်အတွင်း နစ်မြုပ်နေတဲ့ ရုရှားသင်္ဘောသားတွေကို ကယ်တင်ဖို့အတွက် နော်ဝေ Ursa Major က ကငြင်းဆန်ခဲ့တဲ့အပေါ် ရုရှားဘက်က ရှုတ်ချလိုက်ပါတယ်။ နိုင်ငံတကာရေကြောင်းဥပဒေအရ ကူညီပေးဖို့ အပြန်အလှန်တာဝန်ရှိတာကို ပျက်ကွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

နော်ဝေရေကြောင်းကုမ္ပဏီ Bulkship Management AS ကတော့ သူတို့ဟာ စပိန်ရေကြောင်းအာဏာပိုင်တွေဆီက ညွှန်ကြားချက်အတိုင်း လိုက်နာခဲ့တာဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ရုရှားကာကွယ်ရေးဌာနလက်အောက်က ဖြစ်တဲ့ Oboronlogistics သင်္ဘောနစ်မြုပ်ခဲ့တာပါ။

စပိန်နဲ့ အယ်လ်ဂျီးရီးယားကြား ပင်လယ်ထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သင်္ဘောသား ၁၆ ဦးအနက် ၁၄ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၂ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ သင်္ဘောအင်ဂျင်ခန်းပေါက်ကွဲခဲ့တာလို့လည်း သိရပါတယ်။

NOM

NOM.World News

28 Dec, 02:42


ကာကွယ်ရေးအသုံးစရိတ်ကို သမိုင်းဝင်စံချိန်တင်အဖြစ် ဒေါ်လာ ၇၃၀ ဘီလီယံအထိ သုံးစွဲမယ့် အစီအစဉ်ကို ဂျပန်အစိုးရက ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ပါတယ်။ လာမယ့်နှစ်အတွက်ဖြစ်ပြီး လက်ရှိနှစ်ထက် ၂.၆% တိုးမြင့်လာတာဖြစ်တယ်လို့ ကျိုဒိုသတင်းအေဂျင်စီက ဆိုပါတယ်။

NOM

NOM.World News

27 Dec, 09:19


ဟူသီသူပုန်တွေ ထိန်းချုပ်ထားတဲ့ ယီမင်ရဲ့ ဆာနားမြို့တော်နဲ့ ယီမင်ဆိပ်ကမ်းတွေကို အစ္စရေးက တိုက်ခိုက်ရာမှာ ဆာနားလေဆိပ်မှာ လေယာဉ်ပေါ်တက်ဖို့ လုပ်နေတဲ့ WHO အကြီးအကဲနားမှာ ထိမှန်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

Tedros Adhanom Ghebreyesus နဲ့ မီတာအနည်းငယ်အကွာမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လေယာဉ်အမှုထမ်းတဦး ဒဏ်ရာရခဲ့ကာ လေကြောင်းထိန်းချုပ်ရေးမျှော်စင်၊ လေယာဉ်ပေါ်တက်မယ့် ခရီးသည်ထွက်ခွာရာနေရာနဲ့ လေယာဉ်ပြေးလမ်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ WHO အကြီးအကဲကတော့ ကံကောင်းထောက်မစွာနဲ့ တစုံတရာမဖြစ်ဘဲ ကင်းလွတ်ခဲ့ပါတယ်။

NOM

NOM.World News

27 Dec, 08:31


ဖလော်ရီဒါပြည်နယ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဥိးဟာ မိုတယ်အခန်းထဲကို ပီဇာမှာယူခဲ့ပြီးနောက် ဒေါ်လာ ၅၀ ကိုအကြွေဖြတ်ဖို့အတွက် ပြုလုပ်ခဲ့ပြီး အပိုဘောက်ဆူး ၂ ဒေါ်လာသာပေးလို့ ပီဇာပို့ဆောင်သူက ဓါးနဲ့ထိုးသတ်တာကို ခံခဲ့ရတယ်လို့ သိရပါတယ်။

ပီဇာအတွက် ၃၃ ဒေါ်လာကျသင့်ပြီး Marcos Pizza ဆိုင်ရဲ့ မူဝါဒအရ အကြွေပြန်မအမ်းပေးဘဲ အတိအကျပေးစေတဲ့ မူဝါဒကို ဖောက်သည်က မလိုက်နာခဲ့ဘဲ အပိုဘောက်ဆူး ၂ ဒေါ်လာသာ ပေးတာကို ဒေါသထွက်ပြီးနောက် ဓါးနဲ့ ၁၄ ချက်ထိုးခဲ့ကာ အမျိုးသမီးရဲ့ အခြေအနေကတော့ ဆေးရုံမှာ တည်ငြိမ်နေပြီလို့ သိရပါတယ်။

NOM

NOM.World News

27 Dec, 04:46


နိုင်ငံ့ကြွေးမြီတွေ တိုးလာတာကြောင့် အမေရိကန်ပြည်ထောင်စုဟာ အမှန်တကယ်ဒေဝါလီခံသွားရနိုင်တဲ့ အနေအထားကို ရင်ဆိုင်ရနိုင်တယ်လို့ အီလွန်မက်စ်က သူ့ရဲ့ လူမှုကွန်ယက် X က မှာ ရေးသားပြောဆိုခဲ့ပါတယ်။

အမေရိကန်ရဲ့ နိုင်ငံကြွေးမြီဟာ နိုဝင်ဘာ ၁၅ ရက်နေ့က ဒေါ်လာ ၃၆ ထရီလီယံအထက်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပါတယ်။ မက်စ်ကတော့ ဒါကို ပြင်ဆင်တာ ဒါမှမဟုတ် ဒေဝါလီခံတာဖြစ်ဖြစ် လုပ်ရလိမ့်မယ်ဆိုပြီး သတိပေးခဲ့တာဖြစ်ပါတယ်။

NOM

NOM.World News

27 Dec, 04:29


တရုတ်ဟာ တိဘက်ဒေသမှာ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ် ရေကာတာ တည်ဆောက်ဖို့အတွက် စီစဉ်နေပြီး ဒီအပေါ်မှာ ဝေဖန်မှုတွေလည်း ရှိလာပါတယ်။

တိဘက်က Yarlung Tsangpo မြစ်ပေါ်မှာ ဧရာမ ပရောဂျက်ကြီးတခုကို တရုတ်က စီစဉ်နေပြီး နှစ်စဉ် လျှပ်စစ်ဓါတ်အား ၃၀၀ ဘီလီယံ kWh ထုတ်ပေးနိုင်မယ့် ရေအားလျှပ်စစ်ဆည်ကြီးလို့လည်း သိရပါတယ်။ တည်ဆောက်မှုအတွက် ဒေါ်လာ ၁၃၇ ဘီလီယံကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

NOM

NOM.World News

27 Nov, 11:21


အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၁၃ ဦးကို ဖိလစ်ပိုင်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် လုံခြုံရေးစိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။ Bataan ကမ်းလွန်မှာ သောင်တူးသင်္ဘောတစီးအပေါ်နေ အထောက်အထားမဲ့ တရုတ်နိုင်ငံသားတွေကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ဖမ်းဆီးခဲ့တာပါ။ ဒါဟာ တရုတ်မှာ အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေအပေါ် တရုတ်ဘက်က ဖိနှိပ်တာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးခဲ့ကြပါတယ်။

NOM

NOM.World News

27 Nov, 11:19


ယူကရိန်းကို တိုက်ရိုက်လက်နက်ထောက်ပံ့ဖို့အတွက် ယူကရိန်းအထူးသံတမန်ခရီးစဉ်အတွင်း တောင်းဆိုမှုကို တောင်ကိုရီးယားက ငြင်းဆန်လိုက်ပါတယ်။ တာဝေးပစ်လက်နက်တွေကို ယူကရိန်းက တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီး Rustem Umerov ဦးဆောင်တဲ့ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က တောင်ကိုရီးယားသမ္မတနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

ဒိခရီးစဉ်အတွင်း တောင်ကိုရီးယားဆီက လက်နက်ထောက်ပံ့မှုရယူဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။ မြောက်ကိုရီးယားက ရုရှားအတွက် အားဖြည့်ပေးနေတာကို ထောက်ပြပြီး ယူကရိန်းက‌ တောင်ကိုရီးယားကို အကူအညီတောင်းဆိုခဲ့တာလို့လည်း သိရပါတယ်။ ဒါပေမယ့် ကိုရီးယားအစိုးရကတော့ လက်နက်တိုက်ရိုက်ထောက်ပံ့ဖို့ အစီအစဉ်မရှိဘူးလို့ တုံ့ပြန်ခဲ့ကြောင်းလည်း သိရပါတယ်။

NOM

NOM.World News

27 Nov, 11:15


အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု စတင်ခဲ့ပြီနောက် ဘေရွတ်တောင်ပိုင်းမှာ နေထိုင်တဲ့ ပြည်သူတွေဟာ သူတို့ရဲ့ နေအိမ်တွေဆီကို ပျော်ရွှင်စွာနဲ့ ပြန်လာနေကြပြီဖြစ်ပါတယ်။

NOM

NOM.World News

27 Nov, 04:36


မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ဂါဇာကမ်းမြောင်က တဲထောင်ပေါင်းများစွာ ပျက်စီးခဲ့ပြီး အိုးအိမ်မဲ့သူအများအပြားဟာ ဘေးဒုက္ခရောက်ခဲ့ရပြန်ပါတယ်။ ပါလက်စတိုင်းတွေ ခိုလှုံနေရတဲ့ ယာယီခိုလှုံရေးစခန်းအများအပြား မျောပါသွားခဲ့တယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်အတွင်း ရေကြီးမှုကြောင့် တဲပေါင်း ၁၀၀၀၀ အထိ ပျက်စီးခဲ့တယ်လို့လည်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

NOM

NOM.World News

27 Nov, 04:35


"ဒါက အဆင်မပြေဘူးနော်"

ယူကရိန်းအတွက် ဘိုင်ဒင်က နောက်ထပ် ဒေါ်လာ ၂၄ ဘီလီယံ လိုချင်တယ်ဆိုတဲ့ Politico က ဖော်ပြထားမှုကို အီလွန်မက်စ်က စိတ်ပျက်လက်ပျက်နဲ့ တုံ့ပြန်သွားခဲ့ပါတယ်။

NOM

NOM.World News

27 Nov, 04:17


အိန္ဒိယနိုင်ငံမြောက်ပိုင်းက အူတာပရာဒက်ရှ်ပြည်နယ်မှာ မင်္ဂလာဆောင်တခုကို သွားရောက်ခဲ့တဲ့ ကားတစီးဟာ Google Map က လမ်းညွှန်မှုအတိုင်း မောင်းနှင်ခဲ့ရာကနေ ပြင်ဆင်လက်စ တံတားတခုပေါ်ကနေ ပြုတ်ကျလို့ လူ ၃ ဦးသေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဖြစ်ပွားခဲ့တာဖြစ်ပြီး သူတို့ဟာ ရမ်ဂင်္ဂါမြစ်တံတားအပေါ် ရောက်ခဲ့ပြီး ဆက်လက်မောင်းခဲ့ရာမှာ ဖြစ်ပွားခဲ့တာပါ။

အဆိုပါတံတားဟာ ရေကြီးမှုကြောင့် ပြန်လည်ပြင်ဆင်နေရဆဲဖြစ်ပြီး Google Map လမ်းညွှန်ချက်အတိုင်း ကားမောင်းသူက မောင်းခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ Google ကတော့ ဒီဖြစ်ရပ်အတွက် စိတ်မကောင်းကြောင်းပြောဆိုခဲ့ပြီး အာဏာပိုင်တွေနဲ့ အပြည့်အ၀ပူးပေါင်းကာ ကူညီပေးမယ်လို့ ကြေညာခဲ့ပါတယ်။

NOM

NOM.World News

27 Nov, 04:14


မက္ကဆီကိုကုန်ပစ္စည်းတွေအပေါ် စည်းကြပ်ခွန်ကောက်ခံမယ်လို့ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြီး နောက်တရက်မှာပဲ မက္ကဆီကိုသမ္မတ Sheinbaum က အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ ရွှေ့ပြောင်းနေထိုင်မယ့်သူတွေ ရောက်မလာစေရတော့ဘူးလို့ ကြေညာလိုက်ပါတယ်။

NOM

NOM.World News

27 Nov, 04:08


အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား အပစ်အခတ်ရပ်စဲရေးကို တရားဝင်စတင်လိုက်ပြီဖြစ်ပါတယ်။

NOM

NOM.World News

26 Nov, 08:48


အာရှမှာ အမေရိကန်ဘက်က ဒုံးကျည်တွေကို ဖြန့်ကျက်ဖို့လုပ်ဆောင်လာမယ်ဆိုရင် ရုရှားကလည်း အလားတူဖြန့်ကျက်တာမျိုး လုပ်ဆောင်သွားမယ်လို့ ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

NOM

NOM.World News

26 Nov, 08:47


ဗြိတိန်ဟာ ယူကရိန်းကို နောက်ထပ်သော Storm Shadow ဒုံးကျည်တွေ လျှို့ဝှက်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားပိုင်နက်ကို တိုက်ခိုက်ဖို့အတွက် အမေရိကန်ဘက်က ခွင့်ပြုချက်မပေးခင်မှာကတည်းက ဗြိတိန်က ပေးပို့ထားတယ်လို့လည်း Bloomberg က ဆိုပါတယ်။ ဝန်ကြီးချုပ် Keir Starmer ရဲ့ လက်ထက်မှာ ပထမဆုံးအကြိမ် ပေးခဲ့တာလည်း ဖြစ်ပါတယ်။

NOM

NOM.World News

26 Nov, 08:45


ဂျပန်ရဲ့ Epsilson S ဒုံးကျည်ကို မြေပြင်မှာ စမ်းသပ်မှုဟာ အင်ဂျင်မီးလောင်မှုကြောင့်‌ နှောင့်နှေးခဲ့ရတယ်လို့ သိရပါတယ်။ Tanegashima Space Center မှာ စမ်းသပ်ခဲ့တာဖြစ်ပြီး ပစ်လွှတ်မှုကိုပါ ရွှေ့ဆိုင်းလိုက်တယ်လို့ ဆိုပါတယ်။ အမျိုးသားအာကာသဂရိုဂရမ်တခုအဖြစ် လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

NOM

NOM.World News

26 Nov, 08:42


LGBTQ ဒီဇိုင်းပုံစံဖြစ်နေတာကြောင့် သိမ်းဆည်းထားတဲ့ Swatch နာရီ ၁၇၂ လုံးကို ပြန်လည်ပေးပို့ဖို့အတွက် မလေးရှားတရားရုံးက အမိန့်ပေးလိုက်ပါတယ်။ အဆိုပါနာရီတွေဟာ တလုံးကိုဒေါ်လာ ၁၄၀၀၀ တန်ဖိုးရှိတယ်လို့ သိရပြီး ပြီးခဲ့တဲ့နှစ်က သိမ်းဆည်းထားခဲ့တာပါ။ Swath ကတော့ ဒီနာရီတွေဟာ ငြိမ်းချမ်းရေးနဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုထားတာလို့ ပြောဆိုခဲ့ပါတယ်။ အာဏာပိုင်တွေအနေနဲ့ ဖမ်း၀ရမ်းမရှိတာကြောင့် တရားမဝင်ဘူးလို့လည်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

NOM

NOM.World News

26 Nov, 02:59


ဒေါ်နယ်ထရမ့် သမ္မတတာဝန်ယူချိန်မှာ နိုင်ငံခြားသားကျောင်းသားတွေကို ဖိနှိပ်နိုင်တဲ့အပေါ် ကျောင်းသားအများအပြားက စိုးရိမ်မှုတွေရှိနေတယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။ ထရမ့်ဟာ အမျိုးသားရေးကိုပဲ ပိုဦးစားပေးမယ်လို့ ကြွေးကြော်ထားတကြောင့်လည်း အခုလိုမျိုးထိတ်လန့်နေကြတာပါ။

တက္ကသိုလ်အချို့ကတော့ သူတို့ကျောင်းသားတွေကို တက္ကသိုလ်ဝင်းထဲ ပြန်လည်လာနေထိုင်ဖို့အတွက် အကြောင်းကြားအကြံပြုနေကြပါတယ်။ ထရမ့်ဟာ အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးဖို့အတွက်လည်း အခုကတည်းက စတင်နေပြဖြစ်ကာ ကျောင်းသားတွေက ဗီဇာ ဆက်လက်ရရှိရေးအပေါ်မှာလည်း ကန့်သတ်လာမှာကို ကြောက်နေကြပါတယ်။

NOM

NOM.World News

26 Nov, 02:41


တောင်ကိုရီးယားအမျိုးသားတဦးဟာ စစ်မှုထမ်းကာလအတွင်း ရှေ့တန်းမှာ တာဝန်ယူရမယ့်အရေးကိုရှောင်လွှဲဖို့အတွက် အလွန်အမင်း ၀လာအောင် ကြိုးစားခဲ့မှုနဲ့ ထောင်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။ တောင်ကိုရီးယားမှာ မဖြစ်မနေ စစ်မှုထမ်းရတဖြစ်ပြီး ၁၈ လကြာမြင့်တာဖြစ်ပါတယ်။

ဒီအမျိုးသားဟာ စစ်မှုထမ်းရချိန်မှာ ရုံးထိုင်အလုပ်လုပ်ရဖို့အတွက်ကို ရည်ရွယ်ပြီး ကိုယ်အလေးချိန်တိုးအောင် လုပ်ခဲ့တာပါ။ တာဝန်ရှိသူတွေက သူ့ကိုယ်အလေးချိန်ဟာ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ဖို့ သတ်မှတ်ထားတာထက် ကျော်လွန်နေတယ်လို့ မှတ်ချက်ပြုပြီး ရုံးထိုင်အလုပ်သာ လုပ်စေခဲ့ပါတယ်။

ဒါပေမယ့်လည်း သူဟာ တမင်ကြံစည်ခဲ့တယ်ဆိုတာပေါ်ပေါက်ခဲ့ပြီး အရေးယူခံလိုက်ရတာပါ။ သူ့ရဲ့ သူငယ်ချင်းဖြစ်သူက အကြံပေးခဲ့တာလို့ သိရပြီး အဆိုပါသူငယ်ချင်းကိုပါ အရေးယူခဲ့ပါတယ်။ အဆိုပါသူငယ်ချင်းကတော့ သူဟာ နောက်ပြောင်ခဲ့တာသာဖြစ်ပြီး တကယ်လိုက်လုပ်မယ်လို့ မထင်ခဲ့ကြောင်း ငြင်းဆန်ခဲ့ပါတယ်။

NOM

NOM.World News

26 Nov, 02:38


ဒေါ်နယ်ထရမ့် သမ္မတရာထူးကို လွှဲပြောင်းမယူခင်မှာပဲ ဘိုင်ဒင်အစိုးရဟာ ယူကရိန်းအတွက် နူကလီးယားလက်နက်တွေ ပေးအပ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး လေးပွင့်ဆိုင်ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းတွေထွက်လာပါတယ်။

ထရမ့်လက်ထက်မှာ ယူကရိန်းအတွက် ထောက်ပံ့ပေးနေတာတွေကို လျှော့ချသွားဖွယ်ရှိနေတာပါ။ ဒါကြောင့်မို့ ဘိုင်ဒင်က သူ့ သက်တမ်းမကုန်ဆုံးခင် ရသလောက် အကုန်ထောက်ပံ့သွားဖို့ကို အရှိန်မြှင့်လုပ်နေတယ်လို့လည်း ယူဆရပါတယ်။

NOM

NOM.World News

25 Nov, 09:23


တက္ကဆက်ပြည်နယ်မှာ ဂျက်ဖိုက်တာတစီး ဆင်းသက်ချိန်မှာ မတော်တဆမှုဖြစ်ပွားခဲ့တာပါ။ လေယာဉ်မှူးဟာ အလျင်အမြန်ပဲ ခုန်ထွက်နိုင်ခဲ့ပြီး ဘေးကင်းခဲ့ပါတယ်။ လေယာဉ်ကလည်း ကြီးကြီးမားမားထိခိုက်တာမျိုး မရှိခဲ့ဘူးလို့ ယူဆရပါတယ်။

NOM

NOM.World News

25 Nov, 05:36


ယူကရိန်းစစ်ပွဲရဲ့ အကြောင်းရင်းခံဟာ ငွေကြေးနဲ့ပတ်သက်တယ်လို့ ကန်အထက်လွှတ်တော်အမတ် Lindsey Graham က ဝန်ခံလိုက်ပါတယ်။

"ဒီစစ်ပွဲက‌ ငွေကြေးနဲ့ပတ်သက်တယ်၊ ဥရောပမှာ မြေရှားသတ္ထု အကြွယ်၀ဆုံးက ယူကရိန်းဖြစ်ပြီး ဒေါ်လာ နှစ်ထရီလီယံကနေ ၇ ထရီလီယံအထိရှိပါတယ်" လို့ ဆိုပါတယ်။

ရုရှားက အဲဒီနေရာကို မသီမ်းပိုက်နိုင်ဖို့အတွက် သေချာအောင် ကျနော်တို့လုပ်ဆောင်တာက ကျနော်တို့ရဲ့ အကျိုးစီးပွားပါပဲလို့လည်း သူက ထပ်ပြောခဲ့ပါတယ်။

NOM

NOM.World News

25 Nov, 05:33


လိင်ပြောင်းလဲထားသူတွေကို ကန်စစ်တပ်ကနေ ဖယ်ရှားဖို့အတွက် ဒေါ်နယ်ထရမ့်ဟာ အမိန့်ပေးဖို့အတွက် စီစဉ်နေပြီလို့ သိရပါတယ်။

NOM

NOM.World News

25 Nov, 05:33


ဗြိတိန်မှာ အထွေထွေရွေးကောက်ပွဲကို ချက်ချင်းကျင်းပပေးဖို့ လက်မှတ်ထိုးတောင်းဆိုမှုဟာ ၂၄ နာရီအတွင်းမှာ လက်မှတ်ပေါင်း ၁ သန်းကျော်အထိ ရရှိနေပါတယ်။

NOM

NOM.World News

25 Nov, 05:31


ယူကရိန်းကိုတိုက်ခိုက်ဖို့အတွက် ရုရှားဟာ ရာနဲ့ချီတဲ့ ယီမင်တိုက်ခိုက်ရေးသမားတွေကို စုဆောင်းထားတယ်လို့ ဆိုပါတယ်။

NOM

NOM.World News

21 Nov, 05:10


ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့ဟာ ယူကရိန်းဆီက ရမယ့် ကြွေးမြီ ဒေါ်လာ ၄.၆၅ ဘီလျံကို လျှော်ပေးလိုက်တယ်လို့ သိရပါတယ်။ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီလုပ်ရပ်ဟာ လွှတ်တော်အတိုက်အခံအချို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။

NOM

NOM.World News

21 Nov, 03:47


ယူကရိန်းကို အမေရိကန်က မိုင်းတွေ ထောက်ပံ့ပေးမယ့် အစီအစဉ်အပေါ် မိုင်းဆန့်ကျင်ရေးအဖွဲ့အစည်းတွေက ဝေဖန်နေကြပါတယ်။ မြေမြုပ်မိုင်းတွေကို အမေရိကန်က ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ဝါရှင်တန်ရဲ့ ဒီလုပ်ရပ်ဟာ ထိတ်လန့်စရာကောင်းတယ်လို့ နိုင်ငံတကာ မြေမြုပ်မိုင်းပိတ်ပင်ရေး အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတွေက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ နိုင်ငံတကာဥပဒေအရ မြေမြုပ်မိုင်းတွေ အသုံးပြုတာဟာ တရားဝင်မှုမရှိသလို နိုင်ငံပေါင်း ၁၆၀ ကလည်း ပိတ်ပင်ဖို့ လက်မှတရေးထိုးထားတယ်လို့ အဆိုပါတာဝန်ရှိသူက ပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

21 Nov, 03:29


"အမေရိကန်ရဲ့ အထောက်အပံ့ပေးနေမှုတွေ ရပ်တန့်သွားရင် ယူကရိန်းက စစ်ရှုံးသွားနိုင်ပါတယ်၊ ဒါပေမယ့် ကျနော်တို့ကတော့ အစွမ်းရှိသမျှ တောင့်ခံပြီး ဆက်တိုက်ခိုက်သွားမှာပါ၊ ကျနော်တို့ ကိုယ်ပိုင်လက်နက်၊ ခဲယမ်တွေ ထုတ်လုပ်နိုင်ပေမယ့် ရေရှည်အတွက်ကျ အဆင်မပြေပါဘူး"

- Fox နဲ့ အင်တာဗျူးမှာ ယူကရိန်းသမ္မတဇီလင်စကီးရဲ့ ပြောဆိုခဲ့မှု

NOM.World News

21 Nov, 03:09


နော်ဝေအိမ်ရှေ့မင်းသား Haakon ရဲ့ သားဖြစ်သူ အသက် ၂၇ နှစ်အရွယ် Marius Borg Hoiby ဟာ မုဒိမ်းမှုသံသယနဲ့ ဖမ်းဆီးခံထားရတယ်လို့ နော်ဝေရဲတပ်ဖွဲ့က အတည်ပြုလိုက်ပါတယ်။ သူဟာ သတိလစ်နေတဲ့သူနဲ့ လိင်ဆက်ဆံမှုကို ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ သူဟာ အသက် ၂၀ အရွယ် အမျိုးသမီးတဥိးကို ပြုကျင့်ခဲ့တာလို့ သိရပြီး တနင်္လာနေ့ညနှောင်းပိုင်းက ဖမ်းဆီးခံလိုက်ရတာပါ။ သူ့ကို အမျိုးသမီးလေးဦးနဲ့ အမျိုးသားတဦးက ပြစ်မှုအမျိုးမျိုးနဲ့ တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။

ဩဂုတ်လအတွင်းမှာ သူက အော်စလိုမြို့တိုက်ခန်းတခုမှာ အမျိုးသမီးတဦးကို အကြမ်းဖက်တဲ့လုပ်ရပ်ပြုလုပ်ခဲ့ပြီး အသက် ၂၀ အရွယ် အမျိုးသားတဦးကိုလည်း သတ်ပစ်ဖို့အထိ ခြိမ်းခြောက်ခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။ Hoiby ရဲ့ ရှေ့နေကတော့ နောက်ဆုံးရည်းစားကို ကိုယ်ထိလက်ရောက်ထိခိုက်စေခဲပြီး တိုက်ခန်းမှာလည်း ရာဇဝတ်မှုမြောက်တဲ့ ပျက်စီးမှု၊ ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တယ်လို့ ဝန်ခံပြီး အခြားသောအခြေအနေအတွက်တော့ ရာဇဝတ်မှုမမြောက်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

21 Nov, 02:58


အိန္ဒိယရဲ့ အချမ်းသာဆုံးသူဌေးကြိး Adani ကို လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုတွေမှာ ပါဝင်မှုကြောင့် နယူးယောက်မှာ တရားစွဲဆိုထားတယ်လို့ အမေရိကန်အစိုးရရှေ့နေ့တွေက မနေ့က ပြောဆိုခဲ့ပါတယ်။ Adani နဲ့ သူ့ရဲ့ တူဖြစ်သူ Sagar အပါအဝင် တရားခံ ၇ ဦးဟာ ဆိုလာဓါတ်အားပေးစီမံကိန်းအတွက် အိန္ဒိယအစိုးရအရာရှိတွေကို လာဘ်ငွေ ကန်ဒေါ်လာ ၂၆၅ သန်းအထိ ပေးဆောင်ဖို့ သဘောတူခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် Adini Group ရဲ့ အခြားသော အမှုဆောင်အရာရှိချုပ်ဟောင်း Vneet Jaain ဟာ သူတို့ရဲ့ အကျင့်ပျက် ခြစားမှုတွေကို ဖုံးကွယ်ဖို့အတွက် ကြိုးစားခဲ့တယ်လို့လည်း ရှေ့နေတွေပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

21 Nov, 02:53


ရုရှားပိုင်နက်အတွင်းကို အမေရိကန်ထုတ် တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီး တရက်အကြာမှာပဲ ယူကရိန်းဟာ ဗြိတိန်-ပြင်သစ်ထုတ် Storm Shadow ဒုံးကျည်တွေနဲ့လည်း ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗြိတိန်က ထောက်ပံ့ပေးထားတဲ့ အဆိုပါဒုံးကျည်တွေကို အသုံးပြုပြီး ရုရှားကို တိုက်ခိုက်ဖို့လည်း နောက်ထပ် စီစဉ်နေတယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးက ရိုက်တာကို အတည်ပြုခဲ့ပါတယ်။

NOM

NOM.World News

20 Nov, 08:22


ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်မယ်ဆိုတဲ့ သတင်းကြောင့် ကိယက်ဗ်က အမေရိကန်သံရုံးကို ယာယီပိတ်လိုက်ပြီလို့ သိရပါတယ်။ ယူကရိန်းက တာဝေးပစ်ဒုံးကျည်တွေနဲ့ ရုရှားကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ ဒီသတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ သံရုံးဝန်ထမ်းတွေကိုလည်း ဘေးကင်းရာဆီ သွားရောက်နေထိုင်ဖို့အတွက် ညွှန်ကြားထားတယ်လို့ သံရုံးက ထုတ်ပြန်ထားကာ ကန်နိုင်ငံသားတွေကိုလည်း ခိုလှုံဖို့နေရာတွေ ပြင်ဆင်ထားဖို့ တိုက်တွန်းထားပါတယ်။

NOM

NOM.World News

20 Nov, 07:10


ဘရာဇီးလ်မှာ ကျင်းပနေတဲ့ G20 ထိပ်သီးအစည်းအဝေးပွဲအတွက် သတင်းတင်ဆက်နေတဲ့ ဘရာဇီးလ်ရုပ်သံတင်ဆက်သူဟာ ကန်သမ္မတဂျိုးဘိုင်ဒင်ကို ဘင်လာဒင်နဲ့ ရောသွားခဲ့ပုံရပါတယ်။ သူဟာ ဘိုင်ဒင်ရဲ့ နာမည်ကို ပြောဆိုခဲ့ချိန်မှာ အမေရိကန်သမ္မတ ဘင်လာဒင်ဆိုပြီး ပြောဆိုမိသွားခဲ့ပါတယ်။ :P :P :P

NOM

NOM.World News

20 Nov, 04:00


ဓါးစာခံတွေကို လွတ်မြောက်အောင် လုပ်ပေးနိုင်မယ်ဆိုရင် တဦးချင်းစီအတွက် ဆုကြေးအဖြစ် ဒေါ်လာ ၅ သန်းစီ ပေးသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ကြေညာခဲ့ပါတယ်။ အင်္ဂါနေ့က ဂါဇာကို ရောက်ရှိခဲ့တဲ့အချိန်အတွင်းမှာ သူက ဆုကြေးကမ်းလှမ်းမှုကို ကြေညာခဲ့တာပါ။

ဟားမတ်စ်တို့ဖမ်းဆီးခံထားရတဲ့ ဓါးစာခံတွေ လွတ်မြောက်အောင် ကူညီပေးမယ့်သူတွေကိုလည်း စစ်ပွဲဒဏ်ခံနေရတဲ့ ပါလက်စတိုင်းနယ်မြေကနေ လွတ်မြောက်အောင် လုပ်ပေးမယ်လို့ သူက ကမ်းလှမ်းထားပါတယ်။

"ဒီအရှုပ်အထွေးကနေ ထွက်ခွာသွားချင်သူတွေကို ကျနော်ပြောချင်ပါတယ်၊ ဓါးစာခံတွေကို ခေါ်ဆောင်လာပေးမယ့်သူနဲ့ သူ့ရဲ့ မိသားစုအတွက် လုံခြုံတဲ့လမ်းကို ရှာတွေ့မှာပါ၊ ဓါးစာခံတဦးချင်းစီအတွက်လည်း ဒေါ်လာ ၅ သန်းအထိ ပေးမှာပါ" လို့ နေတန်ယာဟုက ပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

20 Nov, 03:56


ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲ ရက်ပေါင်း ၁၀၀၀ ပြည့်တဲ့နေ့မှာ ယူကရိန်းက အမေရိကန်ထုတ် ATACMS ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားဘက်က ပြောဆိုခဲ့ပါတယ်။ ရုရှားပိုင်နက်အတွင်းကို တာဝေးပစ်ဒုံးကျည်တွေနဲ့ ယူကရိန်းက ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

စုစုပေါင်း ဒုံးကျည် ၆ စင်းပစ်ခတ်ခဲ့ပြီး ရုရှားဘက်က တစင်းကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။ Bryansk ဒေသမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေကိုတော့ ရုရှားဘက်က မပြောဆိုခဲ့ပါဘူး။ ဒီလက်နက်တွေအသုံးပြုရင် သင့်တော်သလို တုံ့ပြန်မယ်လို့ ရုရှားက ပြောဆိုထားဖူးပါတယ်။

မော်စကိုဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စောင့်ကြည့်တော့မှာဖြစ်ပါတယ်။

NOM

NOM.World News

20 Nov, 02:51


အမေရိကန်က ယူကရိန်းအတွက် တာဝေးပစ်ဒုံးကျည်တွေကို အသုံးပြုခွင့်ပေးခဲ့ပြီးနောက် ပူတင်ဟာ နူကလီးယားလက်နက်သုံးစွဲခွင့် မူဝါဒတွေကို ပြောင်းလဲပြင်ဆင်လိုက်ပါတယ်။ ဘယ်လိုအခြေအနေတွေမှာ နူကလီးယားလက်နက်တွေကို အသုံးပြုနိုင်သလဲဆိုတဲ့ စည်းကမ်း၊စည်းမျဉ်းတွေကို ပြောင်းလဲလိုက်တာလို့လည်း သိရပါတယ်။

စက်တင်ဘာလအတွင်းမှာ စတင်ပြီးတော့ ဒီအချက်ကို အဆိုပြုခဲ့ပြီး မနေ့ကမှ ရုရှားလွှတ်တော်က ထောက်ခံချက်ပေးကာ ပူတင်က အသိအမှတ်ပြုလက်မှတ်ရေးထိုးလိုက်တာပါ။ နူလက်နက်မပိုင်ဆိုင်ထားတဲ့ နိုင်ငံတခုနဲ့ စစ်ပွဲဖြစ်ပွားချိန်မှာ အဆိုပါနိုင်ငံကို နူလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတခုက အကူအညီပေးမယ်ဆိုရင် နှစ်နိုင်ငံပူးပေါင်ပြီး ရုရှားကို စစ်ပြုတာလို့ ယူဆမယ့် ပြဌာန်းချက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဘိုင်ဒင်ရဲ့ တာဝေးပစ်ဒုံးကျည် အသုံးပြုခွင့် ခွင့်ပြုချက်နဲ့အတူ ယူကရိန်းအရေးကလည်း ပိုပြီးလှုပ်ခတ်လာသလို စစ်မီးတွေ ပိုမိုတောက်လောင်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

NOM

NOM.World News

20 Nov, 02:30


ရုရှားပိုင်နက်ထဲအထိ ပစ်လွှတ်နိုင်မယ့် တာဝေးပစ်ဒုံးကျည်တွေကို ယူကရိန်းအတွက် ခွင့်ပြုပေးခဲ့တဲ့ ဂျိုးဘိုင်ဒင်အပေါ် စွပ်စွဲပြစ်တင်မှုတွေ ပြုလုပ်ဖို့အတွက် အမေရိကန်ကွန်ဂရက်အဖွဲ့ဝင်တွေက တောင်းဆိုနေတယ်လို့ သိရပါတယ်။

NOM

NOM.World News

20 Nov, 02:29


ရုရှားဟာ နူကလီးယားလှိုင်း၊ ဓါတ်ရောင်ခြည်တွေနဲ့ သမာရိုးကျတိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိတဲ့ မိုဘိုင်းဗုံးအမိုးအကာတွေကို စတင်ထုတ်လုပ်နေပြီလို့ သိရပါတယ်။ အစုလိုက်အပြုံလိုက် ထုတ်လုပ်နေတာဖြစ်ပြီး အဆိုပါ အမိုးအကာတွေဟာ ၄၈ နာရီအထိ အကာအကွယ်ပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

NOM

NOM.World News

20 Nov, 02:27


ကန်ကာကွယ်ရေးဌာနက စက်ရုံ၊အလုပ်ရုံသုံး စက္ကူဖြတ်စက်ကို အော်ဒါမှာယူခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပြီးနောက် အခုအခါမှာ ဝါရှင်တန်ဒီစီမှာရှိတဲ့ တရားရေးဌာနအဆောက်အအုံအပြင်မှာ စက္ကူဖြတ်စက် တင်ထားတဲ့ ထရပ်ကားတစီးကို မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

NOM

NOM.World News

19 Nov, 09:05


အမေရိကန် FBI နဲ့ တရားရေးဌာနက အရာရှိတွေဟာ တရားခံတွေဘက်ကနေ ခုခံကာကွယ်ပေးတဲ့ ရာဇဝတ်မှုဆိုင်ရာရှေ့နေတချို့ဆီ ဆက်သွယ်မှုတွေ လုပ်ဆောင်နေကြပါတယ်။ အကြောင်းရင်းကတော့ ထရမ့်အစိုးရလက်ထက်မှာ သူတို့အပေါ် ကျရောက်လာနိုင်တဲ့ အမှုတွေအတွက် ဖြစ်ပါတယ်။

NOM

NOM.World News

19 Nov, 03:49


ဂါဇာအတွက် ပို့ဆောင်ပေးလိုက်တဲ့ စားနပ်ရိက္ခာအကူအညီပေးရေး ယာဉ်တန်းက ကုန်တင်ကား အစီး ၁၀၀ နီးပါးဟာ လုယက်အပိုင်စီးခံလိုက်ရတယ်လို့ ကုလရဲ့ ပါလက်စတိုင်းဆိုင်ရာ အေဂျင်စီက ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့က ဂါဇာထဲ ဝင်ရောက်သွားတဲ့ ကုန်တင်ကား ၁၀၉ စီးထဲက ၉၇ စီး လုယက်ခံလိုက်ရတာဖြစ်ပြီး ယာဉ်မောင်းတွေကို သေနတ်နဲ့ခြိမ်းခြောက်ကာ မောင်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ပစ်ဗုံးတွေနဲ့ သေနတ်တွေ သယ်ဆောင်လာတဲ့ မျက်နှာဖုံးတပ်လူတွေက စီးနင်းခဲ့တာဖြစ်ပြီး ထောက်ပံ့ရေးပစ္စည်းအားလုံး ပါသွားတယ်လို့လည်း သိရပါတယ်။ ဂါဇာမှာ အခြေအနေက ဆိုးရွားနေပြီး လုပ်ငန်းဆက်လည်ပတ်နိုင်မှာမဟုတ်တော့ဘူးလို့လည်း အဆိုပါအေဂျင်စီက ပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

19 Nov, 03:43


အမေရိကန်ဒုံးကျည်တွေ အသုံးပြုပြီး ရုရှားပိုင်နက်ထဲကို တိုက်ခိုက်လာမယ်ဆိုရင် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။ အမေရိကန်ဟာ ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုခွင့်ပေးလိုက်ပြီလို့ သတင်းတွေထွက်ပေါ်လာပြီးနောက် ရုရှားရဲ့ ပြန်လည်တုံ့ပြန်မှုလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ အသေးစိတ်မပြောခဲ့ပါဘူး။

ဘိုင်ဒင်ဟာ သူ့ရဲ့ သမ္မတသက်တမ်းကုန်ဆုံးဖို့ နီးကပ်လာချိန်မှာမှ ဒါကို ခွင့်ပြုပေးခဲ့တာပါ။ ယူကရိန်းဘက်က တောက်လျှောက်တောင်းဆိုမှတွေကိုငြင်းဆန်ခဲပေမယ့်လည်း ရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရပြီးနောက် အသုံးပြုခွင့်ပေးဖို့ ဘိုင်ဒင်က ဆုံးဖြတ်လိုက်တာ‌ဖြစ်ပါတယ်။

NOM

NOM.World News

19 Nov, 03:01


ရုရှားရဲ့ ကာမီကာဇီအသေခံဒရုန်းတစင်းဟာ အမေရိကန်ထုတ် HIMARS ဒုံးကျည်စနစ်တခုကို Zaporozhye ဒေသမှာ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တယ်လီဂရမ်ချန်နယ်တခုမှာ ဗီဒီယိုဖိုင်နဲ့တကွ ဖော်ပြထားတာဖြစ်ပြီး ဒေါ်လာ ၃.၅ သန်းတန်ကြေးရှိတဲ့ ဒုံးကျည်စနစ်ကို ဒေါ်လာအနည်းငယ်သာကုန်ကျတဲ့ ဒရုန်းနဲ့ တိုက်ခိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

NOM

NOM.World News

19 Nov, 03:00


အမေရိကန်ရဲ့ အပစ်အခတ်ရပ်စဲရေးစီမံချက်အပေါ် ဟစ်ဇ်ဘိုလာနဲ့ လက်ဘနွန်တို့ဘက်က သဘောတူညီခဲ့တယ်လို့ Reuters က မနေ့က ဖော်ပြခဲ့ပါတယ်။ လက်ဘနွန်လွှတ်‌တော်ဥက္ကဌ ရဲ့ လက်ထောက်ဖြစ်သူကလည်း ဒါကို အတည်ပြုခဲ့ပါတယ်။ ဘေရွတ်ကို ဘိုင်ဒင်ရဲ့ အရှေ့အလယ်ပိုင်း အကြီးတန်းအကြံပေးတွေထဲက တဦးဖြစ်တဲ့ Amos Hochstein က သွားရောက်နေတယ်လို့လည်း သိရပြီး အစ္စရေးဘက်ကတော့ တစုံတရာမှတ်ချက်မပေးသေးဘူးလို့ ဆိုပါတယ်။

(ဓါတ်ပုံ၊ အမေရိကန်အထူးသံတမန် Amos Hochstein)

NOM

NOM.World News

19 Nov, 02:56


အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့် ကိစ္စမှာ အမေရိကန်စစ်တပ်ကို အသုံးပြုသွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို အမေရိကန်ကနေ ပြန်လည်နှင်ထုတ်ဖို့အတွက် တက်ကြွလွန်းတဲ့ ဒေါ်နယ်ထရမ့်က သူ့ရဲ့ Turth လူမှုကွန်ယက်ကနေ နောက်တကြိမ်အတည်ပြုပြီး စစ်တပ်ကိုပါ အသုံးပြုသွားမယ်လို့ ပြောဆိုခဲ့တာပါ။

NOM

NOM.World News

17 Nov, 10:48


ပင်တဂွန်စစ်ဌာနချုပ်သည် ၎င်း၏ဘဏ္ဍာရေးဆိုင်ရာစာရင်းစစ်​ဆေးမှုကို သတ္တမမြောက်ဆက်တိုက် ပျက်ကွက်ခဲ့ပြီး ၎င်း၏ဘတ်ဂျက်၏ ဒေါ်လာ ၈၂၄ ဘီလီယံကို စာရင်းမရှင်းလင်းနိုင်ခဲ့ပေ။

NOM

NOM.World News

17 Nov, 10:38


ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရခဲ့ပြီးနောက် အမေရိကန်ကာကွယ်ရေးဌာနဟာ စက်ရုံ၊ အလုပ်ရုံအဆင့်တွေမှာသာ အသုံးပြုတဲ့ စက္ကူဖျက်စက်ကို အော်ဒါမှာယူခဲ့တယ်လို့ သိရပါတယ်။ လူမှုကွန်ယက်ပေါ်မှာ အဆိုပါသတင်းက ပွဲဆူနေပြီး ကာကွယ်ရေးဌာနက ဒါကို ဘာအတွက်မှာယူတာလဲဆိုပြီး မေးခွန်းထုတ်နေ‌ပါတယ်။

NOM

NOM.World News

17 Nov, 09:10


ဘိုင်ဒင်အစိုးရလက်ထက် ၂၀၂၃ အတွင်း သုံးစွဲခဲ့တဲ့ ဖက်ဒရယ်အသုံးစရိတ်တချို့ကို ဆီနိတ်တာ James Lankford ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

-ပဲရစ်က သားသတ်သမားတွေရဲ့ လျှို့ဝှက်ဘာသာစကားလေ့လာရန် - ဒေါ်လာ ၃သောင်း
-ကိုကင်းပေးလိုက်ရင် ဂျပန်ငုံးတွေ လိင်ပိုင်းဆိုင်ရာ ပိုမိုညစ်ညမ်းခြင်း ရှိ၊ မရှိ - ဒေါ်လာ ၁ သိန်း
-Al Smart အိမ်သာတွေ ဖွံ့ဖြိုးတိုးတက်ရေး - ဒေါ်လာ ၃သိန်းခွဲ
-New York Metropolitan Opera မှာ မီးသတိပေးတပ်ဆင်ခြင်း - ဒေါ်လာ ၇သိန်းခွဲ
-Climate Change အကြောင်းကို မသိနားမလည်သူတွေနဲ့ ဘယ်လိုပြောဆိုမလဲ လေ့လာရန် - ဒေါ်လာ ၄သိန်း
-gin ဒါမှမဟုတ် tequila ပေးရင် sunfish တွေ ပိုမိုရန်လိုခြင်း ရှိ၊မရှိ လေ့လာ - ဒေါ်လာ ၁ သိန်း
-မိန်းပြည်နယ်မှာ ကယ်လ်ပင်နဲ့ ခရုခွံ ပျိုးခင်းတွေ ဆောက်လုပ် - ဒေါ်လာ ၂သန်း
-မြို့ဖားနဲ့ကျေးလက်ဖားတွေကြား မိတ်လိုက်ပုံ ကွဲပြာခြားနားမှုကို လေ့လာရန် - ဒေါ်လာ ၁သန်းခွဲ
-လိင်ပြောင်းအမျိုးသမီးတွေရဲ့ HIV အကြောင်းလေ့လာဖို့ မျောက်တွေကို လိင်ပြောင်းရန် - ဒေါ်လာ ၂သိန်း
-ဆဲလ်ဖီရိုက်ကူးခြင်းက ပျော်ရွှင်မှုပေးနိုင်သလား လေ့လာရန် - ဒေါ်လာ ၁ သန်း
-ရုရှားအမျိုးသမီးတွေအပေါ် ကိုဗစ်သက်ရောက်မှုကို လေ့လာရန် - ဒေါ်လာ ၆သိန်းခွဲ

NOM

NOM.World News

17 Nov, 05:10


ကုလဆိုင်ရာ အီရန်သံအမတ်နဲ့ အီလွန်မက်စ်တို့ နယူးယောက်မှာ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေကို အီရန်ဘက်က ငြင်းဆန်လိုက်ပါတယ်။ နိုင်ငံခြားရေးဒုတိယဝန်ကြီး Abbas Araghchi က ငြင်းဆန်ခဲ့တာဖြစ်ပြီး အမေရိကန်မီဒီယာတွေရဲ့ လုပ်ကြံဇာတ်လမ်းဖြစ်တယ်လို့ ဆိုပါတယ်။

အီရန်အနေနဲ့ ကန်အစိုးရအဖွဲ့သစ်ရဲက မူဝါဒတွေကို စောင့်ဆိုင်းနေပြီး အဲဒီအပေါ်မှာ အခြေခံကာ သူတို့ကိုယ်ပိုင်ရပ်တည်ချက်တွေကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

NOM

NOM.World News

17 Nov, 05:07


အီရန်ဟာ နောက်ထပ် အဓိပတိခေါင်းဆောင်တဦးကို လျှို့ဝှက်စွာရွေးချယ်ထားတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ လက်ရှိ နိုင်ငံ့ခေါင်းဆောင် အသက် ၅၈ နှစ်အရွယ် ခါမေနီဟာ ပြင်းထန်တဲ့ ဖျားနာမှုကို ရင်ဆိုင်နေရပြီး သူမရှိတော့တဲ့အချိန်မှာ‌ ခေါင်းဆောင်သစ်တင်မြှောက်ရမှာဖြစ်ပါတယ်။

တီဟီရန်ဟာ ခါမေနီရဲ့ ဒုတိယသားဖြစ်သူ မိုဂျ်တာဘာခါမေနီကို ရွေးချယ်တင်မြှောက်ထားတယ်လို့ အစ္စရေးမီဒီယာ Ynet News က ဖော်ပြခဲ့ပါတယ်။ ဒီသတင်းကို အစောဆုံးဖော်ပြခဲ့တဲ့ သတင်းဌာနကတော့ အီရန်အစိုးရကို ဆန့်ကျင်တဲ့ ပါရှန်းမီဒီယာ Iran International ဖြစ်ပါတယ်။

ခါမေနီဟာ ကျန်းမာရေးအရမ်းဆိုးရွားနေတာမို့ မကြာခင်မှာ သူ့နေရာကို စွန့်လွှတ်ဖွယ်ရှိတယ်လို့လည်း အဆိုပါသတင်းဌာနက ရေးသားထားပါတယ်။

NOM

NOM.World News

17 Nov, 04:48


အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူအဖြစ် ဒေါ်နယ်ထရမ့်ဟာ အသက် ၂၇ နှစ်အရွယ်သာရှိသေးတဲ့ အမျိုးသမီး Karoline Leavitt ကို ခန့်အပ်လိုက်ပါတယ်။ သူမဟာ အမေရိကန်သမိုင်းမှာ အသက်အငယ်ဆုံးအိမ်ဖြူတော်ပြောရေးဆိုခွင့်ရသူ ဖြစ်လာမှာပါ။ သူမကို ထက်မြက်ပြီး ခံနိုင်ရည်ရှိသူတဦးလို့ ထရမ့်က ချီးကျူးခဲ့ပြီး ယုံကြည်မှုအပြည့်အ၀ပေးခဲ့ဖွယ်ရှိပါတယ်။

NOM

NOM.World News

17 Nov, 04:00


အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းမှာ မျောက်ကျောက်ရောဂါဖြစ်ပွားသူ တဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အမေရိကန်မှာ ပထမဆုံးအကြိမ်တွေ့ရှိခဲ့တာဖြစ်ပြီး အဆိုပါလူနာဟာ အရှေ့အာဖရိကကို သွားရောက်ပြီး ပြန်ရောက်ရှိလာခဲ့သူလို့ ဆိုပါတယ်။

လက်ရှိမှာတော့ သူ့ကို ကုသမှုတွေ ပေးနေပြီး နေအိမ်မှာပဲ တဦးတည်းနေထိုင်စေတယ်လို့လည်း သိရပါတယ်။ သူနဲံနီးစပ်သူအားလုံးကိုလည်း ကျန်းမာရေးဌာနဆီ အကြောင်းကြားဖို့အတွက် ကယ်လီဖိုးနီးယားကျန်းမာရေးဌာနက အသိပေးထားပါတယ်။

NOM

NOM.World News

17 Nov, 03:51


ဂျိုးဘိုင်ဒင်နဲ့ နောက်ဆုံးအကြိမ် တွေ့ဆုံမှုအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်အနေနဲ့ ထရမ့်အစိုးရလက်ထက်မှာ နှစ်နိုင်ငံဆက်ဆံရေးအတွက် စီမံခန့်ခွဲမှုတွေကို အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ စနေနေ့က အာရှ-ပစိဖိတ်စီးပွားရေးဖိုရမ်ကို တက်ရောက်ရင်း တွေ့ဆုံခဲ့တာဖြစ်ပြီး ပီရူးက ဟိုတယ်တခုမှာ ၂ နာရီကြာအောင် စကားပြောဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။ တရုတ်ဟာ အမေရိကန်နဲ့ ဆက်ဆံရေးကို အားကောင်းသန်မာပြီး မပြောင်းမလဲ ဆက်လက်ရှိနေချင်လို့လည်း ရှီက ပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

17 Nov, 03:48


တရုတ်နိုင်ငံ၊ Wuxi မြို့မှာ အသက် ၂၁ နှင်္စအရွယ် ကျောင်းသားတဦးရဲ့ ဓါးနဲ့တိုက်ခိုက်မှုကြောင့် ၈ ဦးအထိ သေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ကနဦးစုံစမ်းချက်တွေအရ အဆိုပါကျောင်းသားဟာ သူ့ရဲ့ အဆင့်သတ်မှတ်ချက် နိမ့်ကျခဲ့ပြီး ဒီပလိုမာတန်း မအောင်မြင်ခဲ့တဲ့အပေါ် ဒေါသထွက်ခဲ့ပြီးတော့ လုပ်မိခဲ့တာလို့ ဝန်ခံခဲ့ကြောင်း သိရပါတယ်။

NOM

NOM.World News

16 Nov, 08:51


ပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် သမ္မတဇီလင်စကီကို တောင်းဆိုခဲ့တဲ့ ယူကရိန်းလွှတ်တော်အမတ် Yevhen Shevchenko ဟာ ထောင်ဒဏ်ကျခံနေရပါတယ်။ သူ့ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ သူဟာ ဇီလင်စကီးရဲ့ Servant of People ပါတီရဲ့ ပါတီဝင်ဟောင်းလည်းဖြစ်ပါတယ်။

NOM

NOM.World News

16 Nov, 07:08


အီလွန်မက်စ်ရဲ့ X လူမှုကွန်ယက်ကို boycott လုပ်မှု မအောင်မြင်ခဲ့တဲ့နောက် IBM, Disney, Comcast, Discovery, Warner Bros နဲ့ Lionsgate Entertainment တို့ဟာ X မှာပဲ ပြန်လည်ကြော်ငြာမှုတွေကို လုပ်ဆောင်နေရပြီဖြစ်ပါတယ်။

NOM

NOM.World News

16 Nov, 02:34


ပါချင်မြို့က အီရန်စစ်ဘက်ဆိုင်ရာအဆောက်အအုံကို အောက်တိုဘာလကုန်ပိုင်းမှာ တိုက်ခိုက်ခဲ့မှုဟာ အီရန်ရဲ့ နူကလီးယားဗုံးထုတ်လုပ်နိုင်စွမ်းကို သိသိသာသာနှောင့်နှေးစေခဲ့တယ်လို့ အစ္စရးအကြီးတန်းအရာရှိတွေက ပြောဆိုလိုက်ပါတယ်။

တိုက်ခိုက်မှုအတွင်း ပျက်စီးခဲ့တဲ့ ခေတ်မီဆန်းပြားတဲ့ ပစ္စည်းကိရိယာတွေဟာ နူကလီးယားကွင်းဆက်တုံ့ပြန်မှုစတင်ဖို့ အရေးကြီးတဲ့ အရာတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ အီရန်ဟာ ၂၀၀၃ ကတည်းက အဆိုပါကိရိယာကို အသုံးပြုပြီး နူကလီးယားပရိုဂရမ်ကို လုပ်ဆောင်နေတာလို့လည်း သိရပါတယ်။

အီရန်က လက်ရှိမှာ နူကလီးယားလက်နက် သုတေသနတွေကို ပြန်လည်လုပ်ဆောင်နေတယ်လို့ အမေရိကန်နဲ့ အစ္စရေးက ပြောဆိုထားကာ ထုတ်လုပ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ပျက်စီးသွားတဲ့ ကိရိယာတွေအတွက် အစားထိုးဖို့ လိုအပ်နေပြီလို့လည်း အစ္စရေးက ဆိုပါတယ်။

NOM

NOM.World News

16 Nov, 02:30


အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင်တွေဟာ သတင်းစာရှင်းလင်းပွဲ ပူးတွဲပြုလုပ်ခဲ့ကြပြီး မြောက်ကိုရီးယားနဲ့ ရုရှားကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာတဲ့အပေါ် ရှုတ်ချခဲ့ကြပါတယ်။ ပီရူးမှာ ပြုလုပ်ခဲ့တဲ့ Asia-Pacific Economic Cooperation (APEC) အစည်းအဝေးမှာ ပြင်ပသတင်းစာရှင်းလင်းပွဲအဖြစ် လုပ်ဆောင်ခဲ့တာပါ။

အဆိုပါ ၃ နိုင်ငံဟာ ခိုင်မာတဲ့ မဟာမိတ်တွေအဖြစ် ရပ်တည်နေပြီး မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုတွေအတွက် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ကာ တုံ့ပြန်နေကျလည်းဖြစ်ပါတယ်။ အခုအခါမှာ မြောက်ကိုရီးယားတပ်တွေက ယူကရိန်းကို တိုက်ခိုက်မှုမှာ ပါဝင်လာတဲ့နောက် စိုးရိမ်မှုတွေမြင့်တက်လာကာ ဆက်တိုက်ဝေဖန်ရှုတ်ချနေတာလည်း ဖြစ်ပါတယ်။

NOM

NOM.World News

16 Nov, 02:26


New York Times ၊ CBS နဲ့ အခြားသောမီဒီယာအဖွဲ့အစည်းတွေကို ဘက်လိုက်မှုအတွက် ဒေါ်နယ်ထရမ့်က တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ ထရမ့်ဟာ အသရေဖျက်မှု၊ နိုင်ငံရေးအရ မုန်းတီးမှုတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ ယူဆခဲ့ပြီး နစ်နာကြေး ဒေါ်လာ ၁၀ ဘီလီယံအထိ တောင်းဆိုထားတယ်လို့လည်း ဆိုပါတယ်။

NOM

NOM.World News

16 Nov, 02:25


ဒေါ်နယ်ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားမှုမရှိဘူးလို့ အီရန်က အမေရိကန်ကို ပြောဆိုလိုက်ပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့ကတည်းက အီရန်ဘက်က အမေရိကန်ကို စာရေးသားပေးပို့ကာ ပြောဆိုခဲ့တာဖြစ်တယ်လို့ Wall Street Journal က ဆိုပါတယ်။

NOM

NOM.World News

16 Nov, 02:23


ထိုင်ဝမ်သမ္မတ Lai Ching-te ဟာ အမေရိကန်ခရီးစဉ် သွားရောက်ဖို့အတွက် စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ပစိဖိတ်ခရီးစဉ်အတွင်း သူဟာ ဟာဝိုင်အီနဲ့ ဂူအမ်တို့ကိုလည်း ဝင်ရောက်သွားဖို့ စီစဉ်ထားကြောင်း Reuters က ဆိုပါတယ်။ ဒါဟာ မေလအတွင်းက သူ တာဝန်ယူရပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်လည်းဖြစ်ပြီး တရုတ်ကတော့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ရှုတ်ချမှာ သေချာသလောက်ရှိနေပါတယ်။ Lai ကို အန္တရာယ်ကြီးမားတဲ့ ခွဲထွက်ရေးသမားလို့ တရုတ်က တံဆိပ်ကပ်ထားတာဖြစ်ပါတယ်။

NOM

NOM.World News

15 Nov, 10:41


မြောက်ပိုင်းကြံ့ဖြူတွေထဲက နောက်ဆုံးသော အထီးကောင်ဖြစ်တဲ့ ကြံ့ဖြူကြီးဟာ သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကမ္ဘာပေါ်မှာ မြောက်ပိုင်းကြံ့ဖြူတွေ မျိုးသုဉ်းသွားခဲ့ပြီဖြစ်ပါတယ်။ ဒီကြံ့ဖြူတွေဟာ နှစ်သန်းပေါင်း ၅၅ သန်းကျော်အထိ တည်ရှိခဲ့ပြီး ရေခဲခေတ်၊ မြေငလျင်တွေ၊ ဥက္ကာပျံတွေကို သိမီခဲ့ကြပြီး မရေမတွက်နိုင်တဲ့ သမိုင်းဝင်ပြောင်းလဲမှုတွေတိုင်းမှာ တည်ရှိခဲ့ကြတဲ့ သတ္တဝါတွေလို့လည်း ဆိုငပါတယ်။ အခုအခါမှာတော့ မျိုးသုဉ်းပျောက်ကွယ်ခဲ့ပါပြီ။

NOM

NOM.World News

15 Nov, 08:39


မနက်ဖြန်ပွဲမတိုင်ခင် လုပ်ခဲ့တဲ့ Face-off မှာ မိုက်တိုင်ဆန်က ဂျိတ်ပေါလ်ကို par yite ခဲ့တာပါ။ သံမဏိမိုက်ကြီးဟာ သူ့ရဲ့ ကြံ့ခိုင်မှုအားကောင်းတဲ့ ပုံစံကို ပြသခဲ့သလို ဂျိတ်ပေါလ်ကိုလည်း မထင်မှတ်တဲ့အချိန်မှာ yite သွားခဲ့တာပါ။ trash talk တွေ တဦးနဲ့ တဦး ပြောနေခဲ့တာက မဆန်းပေမယ့် မျက်နှာချင်းဆိုင်ဖို့ ဂျိတ်ပေါလ်က ဟန်ပြင်ချိန်မှာပဲ တွယ်ထည့်လိုက်တာပါ။

ဒီပွဲကို အားလုံးက စိတ်ဝင်စားနေချိန်မှာ မိုက်တိုင်ဆန်ရဲ့ လုပ်ရပ်ကြောင့် ပိုပြီး စိတ်ဝင်စားစရာဖြစ်လာပါတယ်။ Netflix က တိုက်ရိုက်ထုတ်လွှင့်မယ့်ပွဲ ဖြစ်ပြီး ပိုက်ဆံသက်သက်ရှာတာလို့ ဝေဖန်မှုတွေရှိနေပေမယ့် တကမ္ဘာလုံးအတိုင်းအတာနဲ့တော့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ပွဲဆိုရင်လည်း မများပါဘူး။

အသက် ၅၈ နှစ်အရွယ် မိုက်တိုင်ဆန်ရဲ့ ကြိုးဝိုင်းထဲ တကျော့ပြန်ဝင်ရောက်မှုဖြစ်ပြီး သူ့သားအရွယ်လောက်ရှိတဲ့ Youtuber ဂျိတ်ပေါလ်နဲ့ ထိုးသတ်ရမှာမို့ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့နာမည်နဲ့လိုက်ဖက်အောင် လုပ်ပြမယ်လို့ သံမဏိမိုက်ကြီးက‌ ကြုံးဝါးထားလို့ ဘယ်လိုတွဖြစ်လာမလဲဆိုတာ ကြည့်ရပါမယ်။

NOM

NOM.World News

15 Nov, 05:27


ထရမ့်ရဲ့ သက်တမ်းမတိုင်ခင်မှာ အမေရိကန်အခွန်ထမ်းရန်ပုံငွေတွေကို ယူကရိန်းအတွက် တတ်နိုင်သမျှ ဒေါ်လာတွေ ပေးပို့သွားမယ်လို့ ဂျိုးဘိုင်ဒင်-ဟားရစ်အစိုးရအဖွဲ့က ပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

15 Nov, 05:26


ရွေးချယ်ခံထားရတဲ့ သမ္မတဒေါ်နယ်ထရမ့်ဟာ ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှုများဆိုင်ရာ ဝန်ကြီးအဖြစ် Robert F. Kennedy Jr ကို ခန့်အပ်ကြောင်း‌ ကြေညာခဲ့ပါတယ်။ ဒီနောက်မှာတော့ ဆေးဝါးစတော့ရှယ်ယာတွေ ကျဆင်းသွားတယ်လို့ သိရပါတယ်။

NOM

NOM.World News

11 Nov, 05:05


ထရမ့်ရဲ့ အကြံပေးဟောင်းတဦးဖြစ်သူက ကန်အစိုးရသစ်ဟာ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေကို ပြန်လည်ရရှိစေမယ့်အစား ယူကရိန်းမှာ ငြိမ်းချမ်းရေးရဖို့သာ အာရုံစိုက်လိမ့်မယ်လို့ ပြောဆိုခဲ့ကြောင်း BBC က ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ထရမ့်အတွက် မဲဆွယ်စည်းရုံးရေးလုပ်ပေးခဲ့တဲ့ Bryan Lanza က ငြိမ်းချမ်းရေးအတွက် လက်တွေ့ကျတဲ့အမြင်ကို ဇီလင်စကီးဆီကနေ ထရမ့်က တောင်းဆိုလိမ့်မယ်လို့ ဆိုပါတယ်။

"စားပွဲဝိုင်းမှာထိုင်ပြီး စကားပြောမယ်ဆိုရင် ခရိုင်းမီးယားမှာ ငြိမ်းချမ်းရေးရဖို့အတွက်ကိုပဲ ငါတို့ တတ်နိုင်တယ်လို့ ပြောရမှာပါ" လို့လည်း သူက ထပ်မံပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

11 Nov, 04:51


Kursk ဒေသမှာ မြောက်ကိုရီးယားနဲ့ ရုရှားတပ်တွေကြား စစ်ရေးရေဒီယိုဆက်သွယ်မှုတွေကို ယူကရိန်းက ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ယူကရိန်းထောက်လှမ်းရေးဌာနက မနေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သူတို့ကြားဖြတ်ဟန့်တားခဲ့တဲ့ ထုတ်လွှင့်မှုမှတော့ "တစ်၊ နှစ်၊ စောင့်ပါ၊ Saja One ၊ လက်ခံရရှိတယ်" ဆိုတဲ့ မြောက်ကိုရီးယားလေယူလေသိမ်းနဲ့ ပြောဆိုခဲ့တဲ့ စစ်ဘက်ဆိုင်ရာကုဒ် စကားလုံးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်သားလို့ ယူဆရတဲ့ အမျိုးသားတဦးကလည်း လုပ်ဖော်ကိုင်ဖက်တဦးကို ညွှန်ကြားချက်တွေ ပေးနေပုံရတယ်လို့လည်း ဆိုပါတယ်။ အဆိုပါဒေသမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံပြီး တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့လည်း အစောပိုင်းမှာ ယူကရိန်းဘက်က ပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

11 Nov, 04:48


ယူကရိန်းစစ်ပွဲကို အရှိန်မမြှင့်ဖို့အတွက် ဒေါ်နယ်ထ၇မ့်က ပူတင်ဆီ ဖုန်းဆက်ပြောဆိုကာ တိုက်တွန်းခဲ့တယ်လို့ ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့ပါတယ်။ ထရမ့်ဟာ သူ့ရဲ့ ဖလော်ရီဒါနေအိမ်ကနေ ကြာသပတေးနေ့က ပူတင်ဆီ ဖုန်းခေါ်ဆိုခဲ့တယ်လို့ သိရပါတယ်။ ထရမ့်ရဲ့ ဆက်သွယ်ရေးအရာရှိ စတီဗင်ချောင်ကတော့ ဒီသတင်းအတွက် အတည်ပြုခြင်းမရှိခဲ့ဘဲ သမ္မတထရမ့်နဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကြား သီးသန့်ခေါ်ဆိုမှုတွေကို သူတို့မှတ်ချက်မပေးချင်ဘူးလို့သာ AFP ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

NOM

NOM.World News

10 Nov, 11:48


ဂျပန်ရဲ့ မိုင်းရှင်းလင်းရေးသင်္ဘော Ukushima ဟာ နိုင်ငံအနောက်တောင်ပိုင်းက Fukuoka ကမ်းလွန်မှာ လေ့ကျင့်မှုအတွင်း မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ ကနဦးသတင်းများအရ တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသေးစိတ်ကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။

NOM

NOM.World News

10 Nov, 05:54


ဒေါ်နယ်ထရမ့်ရဲ့ အကြံပေးအရာရှိတွေဟာ အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးဖို့အတွက် အစီအစဉ်တွေကို အပြီးသတ်လုပ်ဆောင်နေပြီး ရန်ပုံငွေအတွက် ရွေးချယ်စရာတွေကို ရှာဖွေနေတယ်လို့ သိရပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးဖယ်ရှားဖို့အတွက် စစ်ဘက်ဆိုင်ရာအင်အားကို အသုံးပြုဖို့ရာ အမျိုးသားအဆင့် အရေးပေါ်ကြေညာချက်တခုကိုလည်း ကြေညာဖို့အတွက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

NOM

NOM.World News

10 Nov, 04:45


ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့အတွက် ဒေါ်နယ်ထရမ့်ဘက်က အဆိုပြုချက်ကို နားထောင်ကြည့်မယ်လို့ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ပြောဆိုလိုက်ပါတယ်။ ထရမ့်ဟာ သူ့လက်ထက်မှာ စစ်ပွဲတွေကို အဆုံးသတ်မယ်လို့ ပြောဆိုထားပြီး အမေရိကန်အနေနဲ့ ကိုယ့်နိုင်ငံအတွက်သာ အာရုံစိုက်မယ်လို့လည်း ကြွေးကြော်ထားပါတယ်။

ရုရှားဘက်ကတော့ ထရမ့် ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ဂုဏ်ပြုမှုတွေ လုပ်ခဲ့ပါတယ်။ အမေရိကန်နဲ့ ရုရှားကြား ဆက်ဆံရေးကလည်း အပြောင်းအလဲကြီးဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပြီး အခုအခါမှာလည်း ထရမ့်ဘက်က ပြောဆိုမှုကို နားထောာင်ပြီး ဘာလုပ်ဆောင်မလဲဆိုတာကို ဆုံးဖြတ်သွားဖွယ်ရှိနေပါတယ်။

NOM

NOM.World News

10 Nov, 03:12


ဒိုဟာမှာ အခြေစိုက်ဖွင့်လှစ်ထားတဲ့ ဟားမတ်စ်တို့ရဲ့ သံတမန်ရေးရာရုံးခန်းကို ပိတ်သိမ်းပစ်ဖို့အတွက် ကာတာတာဝန်ရှိသူတွေကို အမေရိကန်ဘက်က ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ဘိုင်ဒင်အစိုးရအရာရှိတချို့က ဖွင့်ဟခဲ့တာလည်းဖြစ်ပါတယ်။

အစ္စရေးဓါးစာခံတွေကို လွှတ်ပေးဖို့အတွက် တောင်းဆိုမှုကို ဟားမတ်စ်တို့က ငြင်းဆန်ခဲ့ပြီးနောက်မှာ အမေရိကန်က ဒီလိုမျိုးလုပ်ဆောင်ဖို့အတွက်ပြောဆိုခဲ့တာပါ။ ကာတာဘကက်လည်း အဆိုပါပြောဆိုမှုအပေါ် သဘောတူညီခဲ့တယ်လို့ သိရပြီး ဘယ်အချိန်မှာ ဟားမတ်စ်တို့ရဲ့ ရုံးခန်းကို ပိတ်သိမ်းမလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

NOM

NOM.World News

10 Nov, 03:09


ယူကရိန်းသမ္မတဇီလင်စကီးရဲ့ ATACMS မစ်ဇိုင်းဒုံးကျည်တွေ အသုံးပြုခွင့် တောင်းဆိုမှုကို ကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ငြင်းပယ်ခဲ့ပါတယ်။ အမေရိကန်ဟာ ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုခွင့်ပေးမှာမဟုတ်ဘူးလို့ ပင်တဂွန်အကြီးအကဲက အရင်ကလည်း ပြောဆိုထားဖူးပြီး အခုတခါမှာ ထပ်မံ ငြင်းဆန်လိုက်တာဖြစ်ပါတယ်။

NOM

NOM.World News

10 Nov, 03:07


စနေနေ့က တောင်ကိုရီးယားရဲ့ သင်္ဘောနဲ့ လေယာဉ်အများအပြားဟာ မြောက်ကိုရီးယားဘက်က GPS စနစ်တွေကို ပိတ်ဆို့ထားမှုကြောင့် အခက်တွေ့ခဲ့ရတယ်လို့ တောင်ကိုရီးယားက ပြောဆိုခဲ့ပါတယ်။ အချက်ပြစနစ်ကို မလုပ်မလုပ်နိုင်အောင် မြောက်ကိုရီးယားက jammers တွေအသုံးပြုခဲ့ကြောင်းလည်း စွပ်စွဲခဲ့ပါတယ်။

NOM

NOM.World News

09 Nov, 09:32


ဘူဒါပတ်စ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ယူကရိန်းသမ္မတဇီလင်စကီးက အနောက်နိုင်ငံတွေက ပိတ်ဆို့ထားတဲ့ ရုရှားပိုင်ဆိုင်ငွေ ဒေါ်လာ ၃၀၀ ဘီလျံကို ယူကရိန်းဆီ ပေးအပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

"လူတိုင်းက ပြောနေကြတယ်၊ ထရမ့်က မင်းတို့ကို ငွေကြေးမထောက်ပံ့ရင် ဘာလုပ်မလဲတဲ့၊ လက်နက်တွေ ဘယ်ကရနိုင်မလဲတဲ့၊ ကျနော်‌ဖြေပါရစေ၊ ဒေါ်လာဘီလီယံ ၃၀၀ လောက်ရှိနေတာကို ကျနော်တို့ ယူလို့ရမလား" လို့ ဇီလင်စကီးက ပြောဆိုခဲ့တာပါ။

ထရမ့်ဟာ ယူကရိန်းကို ထောက်ပံ့မှုလုပ်ဆောင်ဖို့ရာ အလားအလာနည်းပါးနေပြီး ဒါဟာ ရုရှားနဲ့ အကြီးအကျယ်တိုက်ခိုက်နေရတဲ့ ကိယက်ဗ်အတွက် စိတ်ပူစရာဖြစ်နေတာပါ။ ဒါကြောင့်မို့ ဇီလင်စကီးက ရုရှားပိုင်ဆိုင်ငွေတွေကို အသည်းအသန်တောင်းဆိုမှုတွေ စတင်ခဲ့တာလို့လည်း သုံးသပ်နေကြပါတယ်။

NOM

NOM.World News

09 Nov, 09:29


သမ္မတအဖြစ် တာဝန်ယူရမယ့်အချိန်မှာ ဒေါ်နယ်ထရမ့်ဟာ အီရန်ရဲ့ ရေနံဝင်ငွေကို ဖြတ်တောက်ဖို့ ကြိုးစားသွားမယ်လို့ Wall Street Journal က ဖော်ပြခဲ့ပါတယ်။ ဟားမတ်စ်နဲ့ ဟစ်ဇ်ဘိုလာတို့ကို အီရန် ထောက်ပံ့နေတဲ့ အင်အားလျော့ပါးသွားအောင် ထရမ့်က ပစ်မှတ်ထားနေတာပါ။ အီရန်ဟာ ထရမ့်ကို လုပ်ကြံဖွယ်ရှိတယ်လို့လည်း သတင်းရင်းမြစ်တချို့က ရေးသားနေပြီး အီရန်ကတော့ သူတို့မှာ အဲဒီလိုမျိုး အစီအစဉ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

NOM

NOM.World News

09 Nov, 09:27


Al-Shafia မြို့အနီး အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဆီးရီးယားတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး အစ္စရေးစစ်တပ်ဘက်ကတော့ တစုံတရာ တုံ့ပြန်ထားခြင်းမရှိသေးပါဘူး။

NOM

NOM.World News

07 Nov, 08:46


လာမယ့်နေ့ရက်တွေနဲ့ ရက်သတ္တပတ်တွေအတွင်း ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ အစိုးရအဖွဲ့ကို စတင်ရွေးချယ်မှု ပြုလုပ်မယ်လို့ အကူးအပြောင်းဦးဆောင်အဖွဲ့က အိမ်ဖြူတော်ကို ပြောဆိုလိုက်ပါတယ်။ အမေရိကန်ရဲ့ အသက်ကို တတ်နိုင်သမျှ ဘေးကင်းလုံခြုံစေမယ့် မူဝါဒတွေကို ချမှတ်မယ့် ပုဂ္ဂိုလ်တွေကို ရွေးချယ်မယ်လို့လည်း အဆိုပါအဖွဲ့က ပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

07 Nov, 03:51


မြောက်ကိုရီးယားတပ်တွေနဲ့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလ ၄ ရက်နေ့က Kursk ဒေသအတွင်းမှာ မြောက်ကိုရီးယားတပ်ဖွဲ့ အုပ်စုငယ်တခုနဲ့ ရင်ဆိုင်ခဲ့ရပြီး တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးက KBF သတင်းဌာနကို ပြောဆိုခဲ့တာပါ။ မြောက်ကိုရီးယားတပ်တွေဟာ ရုရှားယူနီဖောင်းတွေကို ဝတ်ဆင်ထားပြီး ရုရှားစစ်တပ်ရဲ့ ကွက်ကဲမှုအောက်ကနေ တိုက်ခိုက်နေတယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။

NOM

NOM.World News

07 Nov, 03:39


ဂါဇာနဲ့ လက်ဘနွန်မှာ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်ဖို့အတွက်လည်း ဒေါ်နယ်ထရမ့်က နေတန်ယာဟုကို တိုက်တွန်းပြောဆိုခဲ့တယ်လို့ ဟီဘရူးဘာသာနဲ့ သတင်းတင်ဆက်နေတဲ့ Ma'Ariv သတင်းဌာနက ဆိုပါတယ်။ ဒါဟာ စစ်ပွဲတွေကို အမြန်ဆုံးရပ်တန့်ဖို့အတွက် ထရမ့်က ပြောဆိုခဲ့တာလို့ ယူဆရပါတယ်။

NOM

NOM.World News

07 Nov, 03:36


အမေရိကန်သမ္မတရာထူးကို စတင်တာဝန်ထမ်းဆောင်ချိန်မှာပဲ ဂါဇာစစ်ပွဲကို ပြီးဆုံးစေချင်တယ်လို့ ဒေါ်နယ်ထရမ့်က အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကို ပြောဆိုခဲ့တယ်လို့ Times of Israel က ဖော်ပြခဲ့ပါတယ်။ လာမယ့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီအတွင်းမှာ ထရမ့်က ၄၇ ဆက်မြောက် အမေရိကန်သမ္မတအဖြစ် တာဝန်စတင်ယူရမှာဖြစ်ပါတယ်။

NOM

NOM.World News

07 Nov, 02:52


ဂျပန်ဟာ ကမ္ဘာာ့ပထမဆုံး သစ်သားဂြိုလ်တုကို လွှတ်တင်လိုက်ပြီလို့ သိရပါတယ်။ ဂျပန်သုတေသီတွေ တည်ဆောက်ထားတဲ့ ဒီဂြိုလ်တုကို အင်္ဂါနေ့က ဖလော်ရီဒါမှာရှိတဲ့ နာဆာရဲ့ Kennedy Space Center ကနေ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ ၉၀၀ ဂရမ်အလေးချိန်သာရှိတဲ့ ဂြိုလ်တုဖြစ်ပြီး အနာဂတ်မှာ လနဲ့ အင်္ဂါဂြိုလ်ပေါ်တွေမှာ အိမ်တွေဆောာက်ဖို့အတွက် အသုံးပြုနိုင်တဲ့ ပြန်လည်ပြည့်ဖြိုးမြဲ အာကာသအဆင့်ပစ္စည်းဖြစ်တယ်ဆိုတာကို သက်သေပြဖို့ ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။

NOM

NOM.World News

07 Nov, 02:49


အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဒေါ်နယ်ထရမ့်ဆီ ဖုန်းခေါ်ဆိုခဲ့ပြီး ရွေးကောက်ပွဲအောင်မြင်မှုအတွက် ဂုဏ်ပြုစကားပြောဆိုခဲ့တယ်လို့ ABC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

NOM

NOM.World News

07 Nov, 02:48


ဒေါ်နယ်ထရမ့်အနိုင်ရခဲ့ပြီးနောက် အနောက်နိုင်ငံတွေဟာ ရုရှားအပေါ် ပိတ်ဆို့ထားမှုတွေက အမေရိကန်က ပြန်ရုတ်သိမ်းမလားဆိုတဲ့အချက်ကို ဆွေးနွေးနေကြရပါပြီ။ ဒါ့အပြင် နေတိုးအဖွဲ့ကနေ အမေရိကန်နုတ်ထွက်မှာ၊ ယူကရိန်းအတွက် အကူအညီတွေကို ရပ်တန့်ပစ်လိုက်မှာကိုလည်း သုံးသပ်နေကြတယ်လို့ သိရပါတယ်။

အမေရိကအကျိုးစီးပွားအတွက်ကိုပဲ ရှေးရှုမယ်လို့ ကြွေးကြော်ထားတဲ့ ထရမ့်ကြောင့် ဒီလိုတွေဖြစ်လာမှာကို စိုးရိမ်နေသူအများအပြားရှိပါတယ်။ အထူးသဖြင့် ယူကရိန်းအတွက် စိုးရိမ်စရာတွေ ဖြစ်လာနေပြီး အမေရိကန်ဆီကသာ အကူအညီတွေ မရခဲ့ရင် ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ အပူတပြင်း အဖြေရှာရတော့မှာပါ။

ရုရှားကတော့ ထရမ့်ရဲအောင်ပွဲကြောင့် အမေရိကန်နဲ့ ဆက်ဆံရေးတင်းမာနေမှုတွေကို ဖယ်ရှားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုထားပါတယ်။

NOM

NOM.World News

03 Nov, 09:55


အမည်ဖော်ပြထားခြင်းမရှိတဲ့ BBC ဝန်ထမ်းပေါင်း ၁၀၀ ကျော်အပါအဝင် သတင်းမီဒီယာလောကအတွင်းက မီဒီယာသမား ၂၀၀ ကျော်ဟာ ပူးတွဲလက်မှတ်ရေးထိုးထားပြီး ဂါဇာစစ်ပွဲအတွင်း ဘီဘီစီဟာ သတင်းဘက်လိုက်ဖော်ပြမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စာကို ဘီဘီစီရဲ့ အထွေထွေဒါရိုက်တာ Tim Davies ဆီ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

တိကျမှန်ကန်တဲ့ သက်သေအထောက်အထားအခြေခံ ဂျာနယ်လစ်ဇင်ကင်းမဲ့ပြီး အယ်ဒီတာစံနှုန်းတွေကိုလည်း ပျက်ကွက်ခဲ့တယ်လို့ အဆိုပါစာမှာ ပါဝင်ခဲ့ပါတယ်။ ဒီအတွက် အဆိုပါစံနှုန်းတွေကို ပြန်လည်လိုက်နာဖို့အတွက် ဘီဘီစီကို တိုက်တွန်းပါကြောင်းလည်း ပါရှိခဲ့ပါတယ်။

NOM

NOM.World News

03 Nov, 09:53


မကြာခင် မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အသစ်စမ်းသပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဟာ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့အတူ မနေ့က ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်ရဲ့ B-1B နူကလီးယားဗုံးကြဲလေယာဉ်တွေ ပါဝင်ခဲ့သလို တောင်ကိုရီးယားကလည်း F-15K နဲ့ KF-16 တိုက်လေယာဉ်၊ ဂျပန်ရဲ့ F-2 ဂျက်လေယာဉ်တွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ပုံစံတူပြုလုပ်ထားတဲ့ ပစ်မှတ်တွေကို လျင်မြန်တိကျစွာ‌ ချေမှုန်းနိုင်တဲ့ စွမ်းရည်ကို ပြသခဲ့တယ်လို့ ဆိုးလ်စစ်တပ်က ပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

03 Nov, 02:55


လက်ဘနွန်နိုင်ငံသားတဦးကို ပြန်ပေးဆွဲခဲ့တဲ့ အစ္စရေးရဲ့လုပ်ရပ်ကို ကုလလုံခြုံရေးကောင်စီဆီ တိုင်ကြားသွားမယ်လို့ မနေ့က လက်ဘနွန်အစိုးရက ပြောဆိုလိုက်ပါတယ်။ ဟစ်ဇ်ဘိုလာတပ်မှူးလို့ စွပ်စွဲကာ အစ္စရေးက ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အမှန်တကယ်မဟုတ်ဘူးလို့ လက်ဘနွန်က ငြင်းဆန်ထားပါတယ်။ ဘေရွတ်မြိုမြောက်ဘက် ကီလို ၃၀ အကွာက Batroun မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ဘနွန်ဝန်ကြီးချုပ်က ကုလဆီ တိုင်ကြားဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးကို ညွှန်ကြားခဲ့တယ်လို့လည်း သိရပါတယ်။

NOM

NOM.World News

03 Nov, 02:53


ဗလန်စီယဒေသမှာ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၂၁၁ ဦးအထိ သေဆုံးမှုရှိလာခဲ့ပြီဖြစ်ပါတယ်။ စပိန်အစိုးရဟာ အဆိုပါဒေသကို စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၀၀၀၀ အထိ စေလွှတ်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတယ်လို့လည်း ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က ပြောဆိုခဲ့ပါတယ်။

အဆိုပါဒေသမှာ သမိုင်းတလျှောက် အဆိုးဝါးဆုံးရေဘေးကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ထောင်နဲ့ချီတဲ့ မိသားစုဝင်တွေကို ဘေးလွတ်ရာကို ပို့ဆောင်ပေးခဲ့ရပြီး အပျက်အစီးတွေကို ရှင်းလင်းနေရပါတယ်။ အပျက်အစီးတွေ အောက်ကနေ သေဆုံးသူတွေကို တွေ့ရှိနေရဆဲလို့လည်း ဆိုပါတယ်။

NOM

NOM.World News

03 Nov, 02:50


ဘိုလီဗီးယားအလယ်ပိုင်းက စစ်စခန်းတခုကို လက်နက်ကိုင်အဖွဲ့တဖွဲ့ သိမ်းပိုက်လိုက်ကာ စစ်ဘက်ဆိုင်ရာအမှုထမ်း ၂၀၀ ကျော်ကို ဓါးစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ Cochabamba မြို့အနီးက အခြေစိုက်စစ်စခန်းဖြစ်ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းသွားတယ်လို့ ဘိုလီဗီးယားစစ်တပ်က အတည်ပြုခဲ့ပါတယ်။

သမ္မတဟောင်း Evo Morales နဲ့ အဆိုပါ လက်နက်ကိုင်အဖွဲ့က ဆက်နွယ်နေတယ်လို့ သမ္မတ Luis Arce က ပြောဆိုခဲ့ပေမယ့် တစုံတရာ သက်သေပြနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဒီလုပ်ရပ်ဟာ တိုင်းပြည်ကို သစ္စာဖောက်တာလို့လည်း ဆိုခဲ့ပြီး အေးအေးဆေးဆေးပဲ ပြန်လည်ထွက်ခွာသွားဖို့အတွက် အခြားလက်နက်ကိုင်တပ်ဖွဲ့တွေက တိုက်တွန်းနေတယ်လို့လည်း သိရပါတယ်။

NOM

NOM.World News

03 Nov, 02:46


ဂျာကာမြို့အနီးက စားသုံးဆီစက်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သောကြာနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးသတ်ကားပေါင်း ၂၀ အထိ အသုံးပြုကာ ငြိမ်းသတ်ဖို့ ကြိုးစားခဲ့ရတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

NOM

NOM.World News

02 Nov, 11:42


ဗြိတိန်ကွန်ဆာဗေးတစ်ပါတီဟာ အတိုက်အခံခေါင်းဆောင်အဖြစ် Kemi Badenoch ကို ရွေးချယ်လိုက်ပါတယ်။ နိုင်ဂျီးရီးယားနွယ်ဖွား သူမဟာ ဗြိတိန်ရဲ့ အဓိကပါတီကြီးကို ဦးဆောင်ရမယ့် ပထမဆုံးလူမည်းအမျိုးသမီးလည်း ဖြစ်လာခဲ့ပါပြီ။

NOM

NOM.World News

02 Nov, 09:44


ပင်လယ်ကွေ့ဒေသအတွင်း ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အီဂျစ်ဟာ စုစုပေါင်း ဒေါ်လာ ၆ ဘီလျံအထိ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ကုန်တင်သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့်ဖြစ်ပြီး အီဂျစ်အတွက် စီးပွားရေးအရ ကြီးမားစွာ ဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

၂၀၂၃ နိုဝင်ဘာကစတင်ပြီး ဟူသီတွေက တိုက်ခိုက်ခဲ့တာပါ။ ပင်လယ်နီအတွင်း သွားလာနေတဲ့ ကုန်တင်သင်္ဘောတွေလည်း ပျက်စီးထိခိုက်ခဲ့ရပါတယ်။ အထူးသဖြင့် ဗြိတိန်နဲ့ အမေရိကန်သင်္ဘောတွေကို ပိုမိုပစ်မှတ်ထားခဲ့တာလည်းဖြစ်ပါတယ်။

NOM

NOM.World News

02 Nov, 03:26


လက်ဘနွန်နဲ့ ထိစပ်နေတဲ့ အစ္စရေးနယ်စပ်က Metula မြို့မှာ စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသား ၄ ဦး ဒုံးကျည်ထိမှန်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း X လူမှုကွန်ရက်မှာ အဆိုပါအကြောင်းကို အတည်ပြုခဲ့ပြီး ဝမ်းနည်းကြောင်း ရေးသားခဲ့ပါတယ်။

လက်ဘနွန်ဘက်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ကြောင့် သေဆုံးခဲ့တယ်လို့ အစ္စရေးမီဒီယာတွေက ဆိုပါတယ်။ စုစုပေါင်း ၅ ဦး သေဆုံးခဲ့ကာ တဦးကတော့ အစ္စရေးနိုင်ငံသားဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်း အောက်တိုဘာ ၂၃ ရက်နေ့ကလည်း အစ္စရေးမြို့တွေထဲကို ဟားမတ်စ်တို့ ဝင်တိုက်ခိုက်စဉ်က ထိုင်းနိုင်ငံသား ၄၆ ဦးအထိ သေဆုံးခဲ့ပါသေးတယ်။

NOM

NOM.World News

02 Nov, 03:18


အနောက်နိုင်ငံတွေအနေနဲ့ မြောက်ကိုရီးယားကို အရေးယူဖို့အတွက် ယူကရိန်းသမ္မတ ဇီလင်စကီက တိုက်တွန်းလိုက်ပါတယ်။ ယူကရိန်းနဲ့ မြောက်ကိုရီးယားတပ်တွေ ထိပ်တိုက်မတွေ့ခင်မှာ သူက ပြောဆိုခဲ့တာဖြစ်ပါတယ်။

"ထောင်နဲ့ချီတဲ့ မြောက်ကိုရီးယားရဲ့ စစ်သားတွေဟာ ယူကရိန်းနယ်စပ်နားမှာ ရှိနေပါတယ်၊ ယူကရိန်းနိုင်ငံသား‌တွေက သူတို့ကိုယ်သူတို့ ခုခံကာကွယ်ဖို့အတွက် ဖိအားပေးခံရပါလိမ့်မယ်၊ ဒါကို တကမ္ဘာလုံးက ထပ်ပြီးတော့ စောင့်ကြည့ကြပါလိမ့်ဥိးမယ်" လို့ တယ်လီဂရမ်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်တခုမှာ သူကပြောဆိုခဲ့ပါတယ်။

"ကမ္ဘာကြီးဟာ စစ်ပွဲတွေ ဖြစ်ပွားတွေကို တားဆီးနိုင်စွမ်းရှိပါတယ်၊ ဒီအတွက် ကောက်နှုတ်ချက်တွေ၊ စကားလုံးတွေနဲ့တင် မလုံလောက်ပါဘူး၊ ခိုင်မာတဲ့ ခြေလှမ်းတွေ လိုအပ်ပါတယ်" လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။

NOM

NOM.World News

02 Nov, 03:09


ပင်လယ်နက်ကမ်းရိုးတန်းမှာ တည်ဆောက်မယ့် တူရကီရဲ့ Sinop နူကလီးယားဓါတ်အားပေးစက်ရုံကို တည်ဆောက်ပေးဖို့အတွက် စာချုပ်ချုပ်ဆိုခြင်းကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ တူရကီနေ့စဉ်သတင်းစာ Hurriyet နဲ့ မနေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာဖြစ်ပြီး အဆိုပါစက်ရုံဟာ တူရကီရဲ့ ဒုတိယမြောက် နူဓါတ်အားပေးစက်ရုံဖြစ်လာမှာပါ။ စာချုပ်ချုပ်ဆိုနိုင်မယ်ဆိုရင် နှစ်ဦးနှစ်ဖက် အကျိုးရှိလိမ့်မယ်လို့ သူက ပြောဆိုခဲ့ပြီး ဒီလိုမျိုး ဆောက်လုပ်ပေးတဲ့ အောင်မြင်မှုအတွေ့အကြုံတွေ ရုရှားမှာ အများကြီးရှိတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

02 Nov, 03:06


အရှေ့အလယ်ပိုင်းဒေသမှာ B-52 ဗုံးကြဲလေယာဉ်တွေကို ဖြန့်ကြက်လိုက်ပြီလို့ ပင်တဂွန်ဌာနက ကြေညာလိုက်ပါတယ်။

NOM

NOM.World News

02 Nov, 02:41


ယူကရိန်းကို အနိုင်ရတဲ့အထိ ရုရှားကို ကူညီပေးသွားမယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Choe Son Hui က မနေ့က ပြောဆိုလိုက်ပါတယ်။ သူဟာ မော်စကိုကို ရောက်ရှနေတာဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နဲ့ တွေ့ဆုံခဲ့ပါသေတးယ်။ ရုရှားမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေလည်း ရောက်ရှိနေပြီး ဝင်ရောက်တိုက်ခိုက်ပေးဖို့ အရမ်းနီးစပ်နေတဲ့အချိန်မှာ အခုလိုမျိုး ပြောဆိုလိုက်တာပါ။

NOM

NOM.World News

01 Nov, 04:19


YouTube မှာ ထုတ်လွှင့်နေတဲ့ ရုရှားနိုင်ငံပိုင် မီဒီယာ ၁၇ ခုကို ပိတ်ဆို့ခဲမှုအတွက် Google ကို ဒဏ်ကြေးငွေ ဒေါ်လာ 20,000,000,000,000,000,000,000,000,000,000,000 အထိ ပေးဆောင်ရမယ်လို့ ရုရှားတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ အဆိုပါ ငွေကြေးပမာဟာ ဒေါ်လာ ၂၀ ထရီလီယံဖြစ်ပြီး ကမ္ဘာ့ပြည်တွင်းအသားတင်ထုတ်ကုန်တခုလုံးထက်တောင် ပိုများတဲ့ ငွေကြေးပမာဏပါ။

Google ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂ ထရီလီယံသာရှိပြီး ရုရှားက အဲဒီရဲ့ ၁၀ ဆအထိ ဒဏ်ကြေးပေးဆောင်ဖို့အတွက် လုပ်ခဲ့တာပါ။ တကယ်လို့ ပေးဆောင်ခြင်းမရှိရင် ပြစ်ဒဏ်က တိုးမြင့်လာမယ်လို့ TASS က ဖော်ပြခဲ့ပြီး ၉ လအတွင်း တရားရုံးဆုံးဖြတ်ချက်ကို အတည်မပြုခဲ့ရင် တရက်ကို ဒေါ်လာ ၁၀၂၅ အထိ ဒဏ်ကြေးပေးဆောင်ရမှာာဖြစ်ပြီး အပတ်စဉ် ၂ ဆတိုးသွားမယ်လို့လည်း ဆိုပါတယ်။

NOM

NOM.World News

01 Nov, 03:43


လာမယ့်ရက်ပိုင်းအတွက် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၈၀၀၀ ခန့်အထိ ယူကရိန်းတိုက်ပွဲမှာ ပါဝင်လာမယ်လို့ ခန့်မှန်းထားကြောင်း ဝါရှင်တန်က ပြောဆိုလိုက်ပါတယ်။ ရုရှားကို ကူညီတိုက်ခိုက်ပေးမှာဖြစ်ပြီး ဘိုင်ဒင်အစိုးရဟာ ဒီအရေးကိစ္စကို မျက်ခြေမပြတ် စောင့်ကြည့်နေကာ သတင်းတွေ ဆက်တိုက်ထုတ်ပြန်နေတာဖြစ်ပါတယ်။

Kursk ဒေသကို မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရောက်ရှိနေပြီလို့လည်း သိရပြီး မကြာခင် တိုက်ပွဲအတွင်း ဝင်ရောက်ဆင်နွှဲတော့မှာလည်း ဖြစ်ပါတယ်။ ဆိုးလ်ကတော့ တပ်သားပေါင်း ၁၁၀၀၀ ကနေ ၁၂၀၀၀ အထိ ရှိမယ်လို့ ခန့်မှန်းထားပြီး ၈၀၀၀ အထိကို တပ်ဖြန့်နေရာချပြီးပြီလို့ အမေရိကန်က ပြောဆိုခဲ့တာပါ။

ရုရှားက မြောက်ကိုရီးယားတပ်သားတွေကို အမြောက်၊ ဒရုန်းနဲ့ အခြေခံသဘောတရားတွေကို သင်ကြားပေးခဲ့တယ်လို့ သိရပြီး ကတုတ်ကျင်းရှင်းလင်းတာတွေလည်း ပါဝင်ကာ ရှေ့တန်းစစ်ဆင်ရေးတွေမှာ အဆိုပါတပ်ဖွဲ့တွေကို အပြည့်အ၀အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်က ပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

01 Nov, 03:40


မြောက်ကိုရီးယားဟာ Hwason-19 လို့ နာမည်ပေးထားတဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်သစ်ကို စမ်းသပ်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ ဂျပန်နဲ့ ရုရှားကြား သမုဒ္ဒရာထဲ ကျရောက်ခဲ့ပြီး ပျံသန်းမှုကို မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့က ခြေရာခံခဲ့ကြပါတယ်။

"ကမ္ဘာ့အပြင်းထန်ဆုံး မဟာဗျူဟာမြောက်ဒုံးကျည်" လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ ဒီဒုံးကျည်ဟာ လေထုထဲကို ဝင်ရောက်လာချိန် နူကလီးယားထိပ်ဖူးကို ကာကွယ်နိုင်မယ့် စွမ်းရည်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ရှိနေပေမယ့်လည်း အမေရိကန်ရဲ့ ဘယ်နေရာကိုမဆို တိုက်ခိုက်နိုင်တဲ့ အကွာအဝေးကို သရုပ်ပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

NOM

NOM.World News

01 Nov, 03:32


မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်သစ် အစီအစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားဟာ အခဲ-လောင်စာဆီ ဒုံးကျည်တွေထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ တင်ပို့မှုကို ထိန်းချုပ်လိုက်တယ်လို့ ကြေညာသွားခဲ့ပါတယ်။ အဆိုပါ ပို့ကုန်တွေထဲမှာ မြောက်ကိုရီးယားတို့ ကိုယ်တိုင်ထုတ်လုပ်ဖို့ခက်ခဲတဲ့ ပစ္စည်း ၁၅ မျိုး ပါဝင်တယ်လို့ သိရပြီး နိုင်ငံတကာပို့ကုန် ထိန်းချုပ်မှုကို အားဖြည့်တာက ပိတ်ဆို့အရေးယူမှုကို ပိုမိုအားကောင်းစေမယ်လို့ မျှော်လင့်ထားကြောင်းလည်း ဆိုပါတယ်။

NOM

NOM.World News

01 Nov, 03:28


အီရန်ဟာ လာမယ့်ရက်ပိုင်းအတွင်း အီရတ်ပိုင်နက်အတွင်း ရောက်နေတဲ့ အစ္စရေးကို ထိုးစစ်ဆင်တိုက်ခိုက်သွားဖို့ ပြင်ဆင်နေပါတယ်။ - Axios

NOM

NOM.World News

31 Oct, 09:13


အင်ဒိုနီးရှားနိုင်ငံ၊ Maluku ကျွန်းဒေသမှာ တံတားတစင်းကျိုးခဲ့တာကြောင့် အနည်းဆုံး ၇ ဦးသေဆုံးကာ ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒေသခံ နိုင်ငံရေးသမားတဦးကိုကြိုဆိုဖို့အတွက် လူပေါင်းရာနဲ့ချီကာ တံတားဟောင်းအနီးကို ရောက်ရှိခဲပြီနောက်မှာ ရုတ်တရက်ကျိုးကျခဲ့တာလို့ Jakarta Globe က ဆိုပါတယ်။

NOM

NOM.World News

31 Oct, 04:03


TikTok ကို တည်ထောင်ခဲ့တဲ့ Zhang Yiming ဟာ တရုတ်ရဲ့ အချမ်းသာဆုံးသူ ဖြစ်လာတယ်လို့ သိရပါတယ်။ အလျင်အမြန်ကြီးထွားလာတဲ့ TikTok ရဲ့ အနေအထားကြောင့် သူဟာ ပြီးခဲ့တဲ့နှစ်ကထက် ၄၃% အထိ ပိုမိုကြွယ်၀လာခဲ့ကာ လက်ရှိကြွယ်၀မှုက ဒေါ်လာ ၃၈ ဘီလျံရှိတယ်လို့ ဆိုပါတယ်။

အသက် ၄၁ နှစ်အရွယ် Zhang ဟာ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ရဲ့ CEO ရာထူးကနေ ၂၀၂၁ က နုတ်ထွက်ခဲ့သူပါ။ TikTok က ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး Social media app တခုဖြစ်လာပြီး သုံးစွဲသူပေါင်း ၁ ဘီလျံအထိ ရရှိထားခဲ့ပါတယ်။

NOM

NOM.World News

26 Oct, 05:16


အီရန်ဟာ ပြည်တွင်းပြည်ပလေကြောင်းခရီးစဉ်အားလုံးကို ရပ်ဆိုင်းထားပြီး နောက်ထပ် အသိပေးချက် မထုတ်ပြန်မချင်း ပျံသန်းမှာမဟုတ်ဘူးလို့ သိရပါတယ်။

NOM

NOM.World News

26 Oct, 05:15


အီရန်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ မအောင်မြင်ခဲ့ဘူးလို့ တီဟီရန်က ရုရှားသံရုံးက ထုတ်ပြန်လိုက်ပါတယ်။ ရုရှားသံရုံးနဲ့ အခြားသော ရုရှားအဖွဲ့အစည်းတွေဟာ ပုံမှန်လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။

အီရန်ဘက်က ထုတ်ပြန်ချက်မှာလည်း အစ္စရေးဟာ တီဟီရန်၊ Ilam နဲ့ Khuzestan ပြည်နယ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး အီရန်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်က ကာကွယ်ခဲ့တယ်လို့ ဆိုပါတယ်။

NOM

NOM.World News

26 Oct, 03:14


အီရန်နိုင်ငံရဲ့ မြို့တော် တီဟီရန်မှာလည်း ပေါက်ကွဲမှုအနည်းဆုံး ၃ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။

NOM

NOM.World News

26 Oct, 03:13


အစ္စရေးတိုက်ခိုက်မှု ထွက်ပေါ်လာခဲ့ပြီးနောက် တီဟီရန်မြို့နဲ့ Karaj မြို့က အီရန်ပြည်သူတွေအများအပြားဟာ ဆီဆိုင်နဲ့ ဓာတ်ငွေ့ဆိုင်တွေဆီ အလုအယက်သွားခဲ့ကြတာပါ။ အရေးကြုံလာရင် ဘေးကင်းရာကို တိမ်းရှောင်ဖို့အတွက် ဆီ၊ ဓါတ်ငွေ့တွေ ဖြည့်တင်းဖို့ ဖြစ်ပါတယ်။

NOM

NOM.World News

26 Oct, 03:12


အီရန်ကို အစ္စရေးတို့ တိုက်ခိုက်မှုကို စစ်ဖက်ဆိုင်ရာအကြီးအကဲတွေနဲ့အတူ ဝန်ကြီးချုပ်နေတန်ယာဟုက တိုက်ရိုက်ကြည့်ရှုနေတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

NOM

NOM.World News

26 Oct, 03:07


အီရန်က စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောဆိုလိုက်ပြီး အီရန်မီဒီယာတွေကလည်း တီဟီရန်မြို့အနီးက Karaj မြို့မှာ ဒီနေ့မနက်ပိုင်း ပေါက်ကွဲသံတွေ ကြားရတယ်လို့ ဖော်ပြခဲ့ပါတ်ယ။

အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကလည်း အီရန်ကို တိုက်ခိုက်ခဲ့တယ်လို့သာ ပြောဆိုခဲ့ပြီး အသေးစိတ်ကိုတော့ မပြောဆိုထားပါဘူး။ အစ္စရေးကို အီရန်ဘက်က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီနောက်မှာ လက်တုံ့ပြန်မယ်လို့ အစ္စရေးက သတိပေးထားပြီး အခု အကောင်အထည်စဖော်ခဲ့တာလို့ ယူဆရပါတယ်။

NOM

NOM.World News

25 Oct, 10:26


Tesla ရဲ့ ရှယ်ယာတွေ သိသိသာသာ မြင့်တက်လာခဲ့ပြီးနောက် အီလွန်မက်စ်ဟာ တရက်အတွင်းမှာပဲ ဒေါ်လာ ၃၃.၅ ဘီလျံအထိ ပိုမိုကြွယ်၀သွားပါတယ်။ ကြာသပတေးနေ့ စျေးကွက်တန်ဖိုးအရ Tesla ရဲ့ ရှယ်ယာတခုကို ၂၂% အထိ မြင့်တက်သွားကာ ဒေါ်လာ ၂၆၀ အထိရှိခဲ့ပါတယ်။ ကြွယ်၀မှုဟာ ၁၄% အထိ တရက်အတွင်း ထိုးတက်သွားခဲ့တယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။

NOM

NOM.World News

25 Oct, 03:39


ပင်လယ်နီအတွင်း သင်္ဘောတွေကို ဟူသီသူပုန်တွေက တိုက်ခိုက်နေရာမှာ ပစ်မှတ်ထားခြေရာခံနိုင်ဖို့အတွက် လိုအပ်တဲ့ ဒေတာတွေကို ရုရှားက ထောက်ပံ့ပေးနေတယ်လို့ အစီရင်ခံစာတွေက ဖော်ပြခဲ့ကြပါတယ်။ ဂြိုလ်တုဓာတ်ပုံတွေကို ရုရှားက ပေးပို့ခဲ့တယ်လို့ Wall Street Journal က မနေ့က ဖော်ပြခဲ့တာပါ။

The US Daily ကလည်း ဖော်ပြမှုလုပ်ခဲ့ပြီး အီရန်တော်လှန်ရေးအစောင့်တပ်ကတဆင့် ဟူသီတွေက ရရှိနေတာလို့ ဆိုပါတယ်။ ဟူသီတွေဟာ ကုန်တင်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး အမေရိကန်နဲ့ ဗြိတိန်တို့ကလည်း တုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့ကြရပါတယ်။

NOM

NOM.World News

25 Oct, 03:36


ဘာတီမိုးလ်တံတားကျိုးပျက်စေခဲ့တဲ့ ဖြစ်ရပ်အတွက် ကုန်တင်သင်္ဘောပိုင်ရှင်ကို လျော်ကြေး ကန်ဒေါ်လာ ၁၀၂ သန်း ပေးဆောင်ဖို့အတွက် အမေရိကန်တရားရေးဌာနက အမိန့်ချလိုက်ပါတယ်။ ၁.၆ မိုင်ရှည်လျားတဲ့ ဒီတံတားကျိုးခဲ့ပြီးနောက် ဆောက်လုပ်ရေးလုပ်သား ၆ ဦးလည်း သေဆုံးခဲ့ကာ ပြန်လည်ပြင်ဆင်မှုအကြီးစားတွေကိုလည်း လုပ်ဆောင်ခဲ့ရပါတယ်။

NOM

NOM.World News

25 Oct, 03:33


ယူကရိန်းတို့ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ ရုရှားပိုင်နက် Kursk ဒေသဆီကို ရုရှားမှာ‌ လေ့ကျင့်ခဲ့တဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို တပ်ဖြန့်လိုက်ပြီလို့ The Hill က မနေ့က ဖော်ပြလိုက်ပါတယ်။ ယူကရိန်းထောက်လှမ်းရေးကလည်း ရုရှားအရှေ့ပိုင်းက စစ်စခန်း ၅ခုအနက် တခုမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ လေ့ကျင့်နေတာကို တွေ့ရှိရတယ်လို့ တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။

ဒါဟာ တိုက်ပွဲဇုန်အတွင်း မြောက်ိကိုရီးယားတပ်ဖွဲ့တွေ ရောက်ရှိလာခဲ့ပြီဆိုတာပါပဲ။ ရုရှားသမ္မတပူတင်ကလည်း ဒီသတင်းတွေကို ငြင်းဆိုခြင်းမရှိဘူးလို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ယူကရိန်းကာကွယ်ရေးဌာနကတော့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၂၀၀၀ ခန့်အထိ ပို့ဆောင်ထားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

NOM

NOM.World News

25 Oct, 03:28


New York Post ရဲ့ ဖော်ပြထားတဲ့ သတင်းတပုဒ်အရ အသက် ၁၄ နှစ်အရွယ် လူငယ်တဦးဟာ Al Chatbot တခုနဲ့ ချစ်ကြိုးသွယ်ခဲ့မိပြီးနောက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့တယ်လို့ သိရပါတယ်။ သူဟာ Game of Thrones chatbot နဲ့ ချစ်ကြိုက်ခဲ့တာဖြစ်ပြီး Al app က သူ့ကို လာခဲ့လို့ ပြောခဲ့ကြောင်း ဆိုပါတယ်။

Al bot က မင်းမှာ ကိုယ့်ဘ၀အတွက် ကိုယ်ပိုင်အစီအစဉ်မရှိဘူးလားလို့ မေးမြန်းခဲ့ပြီး ကောင်လေးက သူ တခုခုကို စဉ်းစားနေတယ်လို့ ပြန်ပြောထားခဲ့တာကိုလည်း မြင်တွေ့ခဲ့ရတယ်လို့ NYP က ဆိုပါတယ်။ ဒီနောက်မှာ "မင်းဆီကို ငါလာမယ်လို့ ကတိပေးတယ်၊ မင်းကို အရမ်းချစ်တယ်" လို့ ကောင်လေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး မိခင်ဖြစ်သူကတော့ Al ရဲ့ စနက်မကင်းဘူးလို့ စွပ်စွဲပြီး တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

NOM

NOM.World News

24 Oct, 13:35


ယူကရိန်းအတွက် ဒေါ်လာဘီလျံ ၃၀ အထိ ချေးပေးမယ့်အစီအစဉ်ကို အမေရိကန်က မနေ့က သဘောတူညီလိုက်ပါပြီ။ G7 အဖွဲ့က ၁၀ ဘီလျံ၊ အမေရိကန်က ၂၀ ဘီလျံကို ဒီနှစ်ကုန်မှာ ပေးသွားဖို့အတွက် မနေ့က အမေရိကန်ဘဏ္ဍာရေးဝန်ကြီးနဲ့ ယူကရိန်းဘဏ္ဍာရေးဝန်ကြီးတို့ စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပြီးပါပြီ။

ဒီငွေတွေဟာ ရုရှားပိုင်ဆိုင်မှု ဒေါ်လာ ၃၀၀ ဘီလျံကို ထိန်းချုပ်ထားရာကနေ ရရှိလာမယ့် အတိုးထဲကနေပေးသွားမှာပါ။ စီးပွားရေးနဲ့ စစ်ရေးကိစ္စတွေမှာ ယူကရိန်းက အသုံးပြုနိုင်မှာဖြစ်ပြီး ဒီချေးငွေအတွက် ကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဘဏ္ဍာရေးဝန်ကြီးကို ကျေးဇူးတင်ကြောင်း ယူကရိန်းသမ္မတဇီလင်စကီးက ပြောဆိုခဲ့ပါတယ်။

စုစုပေါင်းအားဖြင့် ဒေါ်လာ ဘီလျံ ၅၀ ကို ချေးသွားမှာဖြစ်ကာ အမေရိကန်က ပေးရမယ့် ဒေါ်လာသန်း ၂၀ အတွက် သဘောတူညီမှု ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

NOM

NOM.World News

24 Oct, 04:20


မကြာသေးမီ လတွေအတွင်း ဒုတိယအကြိမ်ဖြစ် အညစ်အကြေးတွေထည့်သွင်းထားတဲ့ မြောက်ကိုရီးယားရဲ့ မိုးပျံပူဖောင်းဟာ တောင်ကိုရီးယားသမ္မတအိမ်တော်ဝင်းအတွက် ထပ်မံရောက်ရှိလာခဲ့တယ်လို့ တောင်ကိုရီးယားက သတင်းထုတ်ပြန်ပါတယ်။ ဆိုးလ်မြို့၊ ယောင်ဆန်းခရိုင်က ခြံဝင်းအတွင်း ဒီနေ့မှာ ကျရောက်ခဲ့ပြီး အမှိုက်သရိုက်တွေ ပါဝင်တယ်လို့ တောင်ကိုရီးယားသမ္မတလုံခြုံရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

NOM.World News

24 Oct, 04:16


Wall Street Journal က ပြုလုပ်ခဲ့တဲ့ ကန်ရွေးကောက်ပွဲမှာ ဘယ်သူအနိုင်ရမလဲဆိုတဲ့ စစ်တမ်းမှာ ဒေါ်နယ်ထရမ့်က ဟဲရစ်ထက် အသာစီးရနေတယ်လို့ သိရပါတယ်။ ထရမ့်ဟာ ၄၇% အထိ ရရှိခဲ့ပြီး ဟဲရစ်က ၄၅% ရှိခဲ့ကာ စစ်တမ်းကို လူပေါင်း ၁၅၀၀ က ဝင်ရောက်ဖြေဆိုခဲ့တယ်လို့ ဆိုပါတယ်။

NOM

NOM.World News

24 Oct, 04:14


ယူကရိန်းစစ်ပွဲထဲကို ဝင်ပါဖို့အတွက် ဖြစ်နိုင်ချေရှိတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ရုရှားမှာ ရှိနေတယ်လို့ အမေရိကန်က ပထမဆုံးအကြိမ် အတည်ပြုပြောဆိုလိုက်ပါပြီ။ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ဒါဟာ ဥရောပနဲ့ အာရှအတွက် သက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ရောမကိုရောက်ရှိနေတဲ့ အော်စတင်က "ရုရှားမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေရှိတဲ့ အထောက်အထားတွေ ရှိပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အရေအတွက်အတိအကျနဲ့ ဘာအကြောင်းရင်းကြောင့် ရောက်နေလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

NOM

NOM.World News

24 Oct, 04:11


တရုတ်ရဲ့ နူကလီးယားအဆင့်မြှင့်တင်မှုနဲ့ လက်နက်တွေထုတ်လုပ်မှုဟာ ကျယ်ပြန့်လာပြီး ကုန်း၊ ရေပြင်နဲ့ ဝေဟင်တွေအတွက် အစီအစဉ်ကိုလည်း အရှိန်မြှင့်တင်နေတယ်လို့ အမေရိကန်ရဲ့ အကဲဖြတ်ချက်အသစ်က ဖော်ပြခဲ့ပါတယ်။

အစီရင်ခံစာအတွင်းမှာ တရုတ်က ဒုံးကျည် ၃၀၀ ခန့် ပါဝင်တဲ့ မြေပြင်အခြေစိုက်လက်နက်တိုက်ကို ဘယ်လိုတည်ဆောက်နေလဲဆိုတာကို အသေးစိတ်ဖော်ပြထားပြီး ကုန်းလမ်း-မိုဘိုင်းလ်တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တပ်ဖွဲ့ကိုလည်း တိုးချဲ့ထားကာ ဝေဟင်ပစ် ပဲ့ထိန်းဒုံးကျည်တွေ သယ်ဆောင်နိုင်တဲ့ ဗုံးကြဲလေယာဉ်တွေလည်း ထပ်မံထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။

NOM

NOM.World News

24 Oct, 04:09


တိုက်ခိုက်ရေးသမား နှစ်ဦးရဲ့ လက်ချက်ကြောင့် ၅ ဦးသေဆုံးကာ ၂၂ ဦးအထိ ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်ရပ် မနေ့က တူရကီနိုင်ငံ၊ အန်ကာရာမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို တူရကီက အကြမ်းဖက်တိုက်ခိုက်မှုလို့ သတ်မှတ်ပြီး ကာဒစ်စတန်အလုပ်သမားပါတီရဲ့ လက်ချက်ဖြစ်တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုအပြီး တူရကီဟာ အီရတ်နိုင်ငံတွင်းက PKK တို့ ရှိရာနေရာကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ပြီး တုံ့ပြန်ခဲ့ပါတယ်။ အီရတ်မြောက်ပိုင်းနဲ့ ဆီးရီးယားမြောက်ပိုင်းတွေကို တိုက်ခိုက်ခဲ့ပြီး PKK ပစ်မှတ်ပေါင်း ၃၂ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

NOM

NOM.World News

23 Oct, 10:05


သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုက အမေရိကန်သံရုံးက နိုင်ငံအရှေ့တောင်ပိုင်းမှာ တိုက်ခိုက်မှုတခုဖြစ်ပွားလာနိုင်တယ်လို့ သတိပေးချက်ထုတ်ပြန်ပြီး အမေရိကန်နိုင်ငံသားတွေကို အဆိုပါနေရာကို ရှောင်ကြဉ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ရေလွှာလျှောစီးဖို့အတွက် နာမည်ကြီးပြီး လည်ပတ်စရာ ကမ်းခြေတွေ များပြားတဲ့ Arugam Bay ဧရိယာမှာ အကြမ်းဖက်တိုက်ခိုက်မှု‌ ဖြစ်လာနိုင်တယ်လို့ ယုံကြည်ရလောက်တဲ့ အချက်အလက်တွေကို အခြေခံပြီး သတိပေးတာလို့ သံရုံးက ဆိုပါတယ်။

သံရုံးဝန်ထမ်းတွေကိုလည်း နောက်ထပ်သတိပေးချက် မထုတ်ပြန်မချင်း ခရီးသွားလာမှုကန့်သတ်ချက်ကို ထိရောက်စွာ ကန့်သတ်လိုက်တယ်လို့လည်း ရေးသားထားကာ ကန်နိုင်ငံသားတွေကိုလည်း အထူးတလည်သတိပေးကြောင်း ဖော်ပြထားပါတယ်။

NOM

NOM.World News

23 Oct, 07:52


BRIC အစည်းအဝေးမှာ အတူတူမြင်တွေ့ခဲ့ရတဲ့ ပူတင်၊ ရှီကျင့်ဖျင်နဲ့ မိုဒီ။

NOM

NOM.World News

23 Oct, 03:25


ကန်ရွေးကောက်ပွဲအတွင်း ဗြိတိန်လေဘာပါတီဟာ နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုတွေ ရှိနေတယ်လို့ ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုလိုက်ပါတယ်။ ကာမာလာဟဲရစ်ရဲ့ မဲဆွယ်စည်းရုံးရေးအတွင်းမှာ ဗြောင်ကျကျဝင်ရောက်စွက်ဖက်နေတယ်လို့ ထရမ့်က ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့တာပါ။

BBC ကတော့ ကန်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတဲ့ တက်ကြွလှုပ်ရှားနေသူတွေဟာ ပုဂ္ဂိုလ်ရေးအရ လုပ်ဆောင်တာဖြစ်တယ်လို့သာ သူတို့နားလည်းထားကြောင်းဆိုပါတယ်။ လေဘာပါတီကတော့ ဒါကို မတုံ့ပြန်သေးပါဘူး။

လေဘာပါတီဝင်တွေဟာ ဟဲရစ်အတွက် မဲဆွယ်ပေးဖို့အတွက် အမေရိကန်ကို ထွက်ခွာခဲ့တယ်လို့ တိုင်ကြားချက်မှာ ပါဝင်ပြီး နိုင်ငံခြားတိုင်းပြည်တွေဆီကနေ အလှူငွေတွေကို တရားမဝင်လက်ခံခဲ့တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

NOM

NOM.World News

22 Oct, 07:46


မြောက်ကိုရီးယားတပ်ဖွဲ့တွေကို ရုရှားဆီ စေလွှတ်နေတာဟာ အန္တရာယ်ကြီးမားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်က သတိပေးလိုက်ပါတယ်။ ဒီကိစ္စအတွက် တောင်ကိုရီးယားကလည်း ရုရှားသံအမတ်ကို ဆင့်ခေါ်ကာ သတိပေးကန့်ကွက်ခဲ့ပြီးနောက် ဝါရှင်တန်ကပါ အခုလိုမျိုး ပြောဆိုလိုက်တာပါ။ အမေရိကန်အနေနဲ့ မဟာမိတ်တွေနဲ့ တိုင်ပင်ကာ သင့်တော်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့ကို ဆွေးနွေးသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

22 Oct, 04:15


ပီရူးသမ္မတဟောင်း Alejandro Toledo ဟာ သူ တာဝန်ယူချိန်အတွင်း လာဘ်စားမှုကြောင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံလိုက်ရပါတယ်။ ငွေကြေးခဝါချမှုတွေကိုလည်း ကျူးလွန်ခဲ့တယ်လို့ သိရပြီး အသက် ၇၈ နှစ်အရွယ် သမ္မတဟောင်းဟာ ၂၀၀၁ ကနေ ၂၀၀၆ အထိ ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၅ နှစ်က သူ့ကို ကယ်လီဖိုးနီးယားမှာ ဖမ်းဆီးခဲ့ပြီး မနှစ်ကမှ ပီရူးကို လွှဲပြောင်းပေးခဲ့တာပါ။ ဘရာဇီးလ်ကုမ္ပဏီတခုက အစိုးရနဲ့ စာချုပ်ချုပ်ဆိုနိုင်ဖို့ သူကို ဒေါ်လာသန်းတဝက်ပေးခဲ့တယ်ဆိုတာကို ဝန်ခံထားပါတယ်။

NOM

NOM.World News

22 Oct, 04:12


ပါကစ္စတန်အမျိုးသားတဦးဟာ သူ့ရဲ့မိခင်နဲ့ ညီမ အပါအဝင် မိသားစုထဲက အမျိုးသမီးလေးဦးကို လစ်ဘရယ်နေထိုင်မှုပုံစံနဲ့ ဆိုရှယ်မီဒီယာအသုံးပြုတကြောင့် သတ်ဖြတ်လိုက်တယ်လို့ ရဲတပ်ဖွဲ့က မနေ့က ပြောဆိုခဲ့ပါတယ်။ Bilal Ahmed ကို စနေနေ့မှာ ဖမ်းဆီးမိခဲ့ပြီး တရားရုံးက စွဲချက်တင်ထားကာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။

ကြားနာမှုအတွင်းမှာ လူသတ်တရားခံက အမျိုးသမီးတွေရဲ့ နေထိုင်မှုပုံစကြောင့် အိမ်ထောင်ရေးပျက်စီးစေပြီး အမြဲလိုလို အော်ဟစ်ပြောဆိုနေတာကြောင့် မိခင်၊ ညီမ၊ ခယ်မနဲ့ တူမတို့ကို လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

သေဆုံးရုပ်အလောင်းတွေကို နေထိုင်ရာတိုက်ခန်းထဲမှာပဲ တွေ့ရှိခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တင်တဲ့အပေါ်မှာလည်း တရားခံက အံ့အားသင့်ခဲ့ရတယ်လို့ ဆိုခဲ့ပြီး ညီမဖြစ်သူကို သင်ခန်းစာပေးဖို့ရည်ရွယ်ကာ ရိုက်နှက်ခဲ့ပြီးနောက် မျက်မြင်သက်သေတွေ ရှိနေတာမို့ သတ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း ဆိုပါတယ်။

NOM

NOM.World News

22 Oct, 03:39


ဟစ်ဇ်ဘိုလာတွေဟာ ဒေါ်လာ သန်း ၅၀၀ အထိ တန်ဖိုးရှိတဲ့ ရွှေတွေနဲ့ ငွေကြေးတွေကို ဘေရွတ်က ဆေးရုံအောက်မှာ လျှို့ဝှက်ဘန်ကာလုပ်ခဲ့ပြီး ဝှက်ထားခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ရဲ့ ပြောဆိုခွင့်ရှိသူက အတည်ပြုပြောဆိုခဲ့တာပါ။ "ဘန်ကာကို ဆေးရုံအောက်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ဒေါ်လာဘီလျံဝက်လောက်ရှိတဲ့ ငွေနဲ့ ရွှေတွေကို ဝှက်ထားခဲ့တာပါ၊ ဒါတွေကို လက်ဘနွန်ပြန်လည်ထူထောင်ရေးအတွက်လို့ ပြောထားပေမယ့် တကယ်တမ်းက ဟစ်ဇ်ဘိုလာပြန်လည်ထူထောင်ဖို့ပါပဲ" လို့ ဆိုပါတယ်။

"လက်ဘနွန်အစိုးရ၊ လက်ဘနွန်အာဏာပိုင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဒီပိုက်ဆံတွေကို ဟစ်ဇ်ဘိုလာက အသုံးပြုပြီး အစ္စရေးကို အကြမ်းဖက်တိုက်ခိုက်မှာကို ခွင့်မပြုကြဖို့လည်း ပြောချင်ပါတယ်" လို့ သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

22 Oct, 02:56


အီရန်အတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစ္စရေးနိုင်ငံသား ၇ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ သံသယဝင်ခံရသူတွေထဲမှာ စစ်သားတဦး ပါဝင်ပြီး အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ရဲ့ အဆောက်အဦတွေနဲ့ ကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေကို ပေးပို့ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

NOM

NOM.World News

22 Oct, 02:55


တက္ကဆက်ပြည်နယ်မှာ ရဟတ်ယာဉ်ပျက်ကျမှုတခုဖြစ်ပွားခဲ့ပြီး ၄ ဦးသေဆုံးခဲ့ကာ ကလေးငယ်တဦး ပါဝင်တယ်လို့ သိရပါတယ်။ တနင်္ဂနွေနေ့ညနေပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး R44 ရဟတ်ယာဉ်ဟာ မြို့အတွင်းက ရေဒီယိုမျှော်စင်ကို ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

NOM

NOM.World News

22 Oct, 02:35


ရုရှားပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားမှုကနေ ပေါင် ၂.၂၆ ဘီလျံကို ယူကရိန်းတို့ လက်နက်ခဲယမ်းတွေ ဝယ်ယူရာမှာ အသုံးပြုဖို့ ဗြိတိန်က ပေးသွားမယ်လို့ ဆိုပါတယ်။ ဒီငွေကြေးတွေဟာ ယူကရိန်းစစ်တပ်အသုံးပြုဖို့ တခုတည်းအတွက်သာလို့လည်း ကာကွယ်ရေးဝန်ကြီး John Healey က ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

NOM

NOM.World News

21 Oct, 08:10


တာဝေးပစ်လက်နက်တွေကို အသုံးပြုခွင့်မပေးဘူးလို့ ပင်တဂွန်က ယူကရိန်းကို ပြောဆိုခဲ့ကြောင်း WSJ က ဖော်ပြခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ သမ္မတ ဇီလင်စကီး၊ ယူကရိန်းကာကွယ်ရေးဝန်ကြီး Rustem Umerov တို့ မနေ့က ကိယက်ဗ်မှာ တွေ့ဆုံမှုအတွင်း ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

ဒီခရီးစဉ်ကို လွိုက်အော်စတင်က မကြေညာဘဲ သွားရောက်ခဲ့တာဖြစ်ပြီး စစ်ဘက်ဆိုင်ရာအကူအညီပေးရေး အစီအစဉ်သစ်ကိုလည်း ကြေညာမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

NOM

NOM.World News

21 Oct, 08:08


ဩစတြေးလျအထက်လွှတ်တော်အမတ် Lidia Thorpe ဟာ Canberra က ပါလီမန်လွှတ်တော်ဆီကို ချားလ်ဘုရင် လာရောက်လည်ပတ်စဉ်အတွင်း "ငါတို့ရဲ့ မြေကို ပြန်ပေးပါ" လို့ တောင်းဆိုခဲ့ပြီး "မင်းက ငါ့ရဲ့ ဘုရင် မဟုတ်ဘူး" လို့လည်း အော်ဟစ်ပြောဆိုခဲ့ပါတယ်။

"ငါတို့ဆီနေ ခိုးသွားခဲ့တာတွေကို ပေးလိုက်ပါ၊ ငါတို့ရဲ့ အရိုးတွေ၊ ဦးခေါင်းခွံတွေ၊ ငါတို့ကလေးတွေ၊ ငါတို့လူမျိုးတွေကို ပြန်ပေးပါ" လို့ ဗြိတိန်ဘုရင်ကို သူမက အော်ဟစ်တောင်းဆိုခဲ့တာပါ။

ဒီ ဗီဒီယိုရဲ့ အဆုံးသတ်မှာတော့ ဩစတြေးလျဘုရင်မကြီး Camilla က အဆိုပါအဖြစ်အပျက်ကို ကြည့်နေရင်း ရယ်မောနေတာပါဝင်ခဲ့ပါတယ်။ Camilla ဟာ သူမနန်းတက်ချိန်မှာ အဲလစ်ဇဘက်ဘုရင်မကြီးကို သစ္စာခံဖို့အတွက် ငြင်းဆန်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

NOM

NOM.World News

21 Oct, 08:03


ရုရှားမှာ မြောက်ကိုရီးယားတပ်တွေကို ဖြန့်ကျက်မှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားဟာ ရုရှားသံအမတ်ကို ဆင့်ခေါ်မှုတွေ လုပ်ခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ ရုရှားသံအမတ်ဟာ ဒီနေ့မှာ တောင်ကိုရီးယားနိုင်ငံခြားရေး ဒုဝန်ကြီးနဲ့‌ တွေ့ဆုံခဲ့ပြီး ဘာတွေပြောဆိုခဲ့လဲဆိုတာကိုတော့ ပြောဆိုခြင်းမရှိသေးပါဘူး။

မြောက်ကိုရီးယားအထူးတပ်ဖွဲ့ဝင် ၁၅၀၀ အထိ ရုရှားကို ရောက်ရှိနေတာဖြစ်ပြီး ဗီဒီယို၊ ဓါတ်ပုံအထောက်အထားတွေလည်း ထွက်ပေါ်လာခဲ့တာပါ။ ဒီလိုမျိုး စေလွှတ်မှုဟာ တောင်ကိုရီးယားကို တိုက်ခိုက်ဖို့အတွက် မြောက်ကိုရီးယားဘက်က လေ့ကျင့်စေတာလားဆိုတဲ့ သံသယတွေလည်း ရှိနေပါတယ်။

NOM

NOM.World News

21 Oct, 04:21


တနင်္ဂနွေနေ့က အမေရိကန်နဲ့ ကနေဒါ စစ်သင်္ဘောတစင်းစီဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခဲ့ပါတယ်။ ဒါဟာ အဆိုပါအနီးတဝိုက် စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ တရုတ်ရဲ့ မစ်ရှင်ကို အနှောင့်အယှက် ဖြစ်စေခဲ့တယ်လို့ ပေကျင်းက ရှုတ်ချခဲ့ပြီး တင်းမာမှုတွေက တစထက်တစ မြင့်တက်လာပါတယ်။

NOM

NOM.World News

21 Oct, 04:18


တရုတ်စစ်တပ်ရဲ့ ရေတပ်သင်္ဘော ၁၂ စင်းနဲ့ လေယာဉ် ၁၄ စင်းကို ထိုင်ဝမ်ကျွန်းအနီးမှာ တွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်ဝမ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းကို လေယာဉ် ၇ စင်းအထိ ဝင်ရောက်လာခဲ့ပြီး ထိုင်ဝမ်ဘက်ကလည်း လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ ပဲ့ထိန်းဒုံးကျည်စနစ်တွေကို အသင့်ပြင်ဆင်မှု လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

NOM

NOM.World News

21 Oct, 03:51


အီလွန်မက်စ်က သူဟာ ဒီနေ့က စတင်ပြီး ကန်ရွေးကောက်ပွဲပြုလုပ်မယ့်နေ့အထိ တရက်ကို ကန်ဒေါ်လာ ၁.၄ သန်း အထိ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိတဲ့ ကန်နိုင်ငံသားတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်နဲ့ တရားဝင်လက်နက်ကိုင်ဆောင်ခွင့်အချက်တွေကို ပြင်ဆင်ဖို့ အွန်လိုင်းကတဆင့် လက်မှတ်ရေးထိုးတောင်းဆိုသူတွေကို ပေးသွားမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒါက အငြင်းပွားစရာဖြစ်နေပြီး ငွေပေးချေမှုနဲ့ ပတ်သက်ပြီး တရားဝင်၊ မဝင်ဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။ ချက်လက်မှတ်နဲ့ ပေးသွားမှာဖြစ်တယ်လို့ သိရပြီး အီလွန်မက်စ်ရဲ့ ဒီလုပ်ဆောင်မှုဟာ ဒေါ်နယ်ထရမ့်ကို ‌ရွေးကောက်ပွဲမှာ အသာစီးရစေဖို့အတွက် လုပ်ဆောင်တဲ့ နည်းလမ်းတမျိုးဖြစ်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

NOM

NOM.World News

21 Oct, 03:42


ဘရာဇီးလ်သမ္မတလူလာဒါဆေးလ်ဗားဟာ နေအိမ်မှာ ချော်လဲခဲ့လို့ ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့ကာ ၅ ချက်ခန့် ချုပ်ခဲ့ရပါတယ်။ ဒါကြောင့် သူ ရုရှားကို သွားမယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပြီး BRIC အစည်းအဝေးကို တက်ရောက်နိုင်မှာမဟုတ်တော့ပါဘူး။ စနေနေ့က ဖြစ်ပွားခဲ့တာလို့ သိရပြီး သမ္မတဟာ ဦးနှောက်မှာ သွေးအနည်းငယ်ယိုခဲ့တယ်လို့ သူ့ဆရာဝန်က GloboNews TV ကို ပြောဆိုခဲ့ပါတယ်။

NOM

NOM.World News

21 Oct, 02:43


အင်ဒိုနီးရှားသမ္မတသစ်အစြဖ် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘို၀ိုဆူဘီယန်တိုဟာ မနေ့က ကျမ်းသစ္စာကျိန်ဆိုမှုကို ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ လွှတ်တော်ရှေ့မှောက်မှာ ကျမ်းကျိန်ဆိုပြီး အင်ဒိုနီးရှားရဲ့ ၈ ဦးမြောက် သမ္မတဖြစ်လာတာပါ။

ဆူဘီယန်တိုဟာ ရာထူးကနေ ထွက်ခွာတော့မယ့် သမ္မတဝီဒိုဒိုရဲ့ သားကို ဒုတိယသမ္မတနေရာ ရွေးချယ်ခဲပြီး ကျောင်းသားတွေကို အခမဲ့စားစရာတွေပေးမယ့် မူဝါဒကို ကျင့်သုံးမယ်လို့ ကြေညာထားပါတယ်။ သူဟာ ရွေးကောက်ပွဲမှာ ထောက်ခံမဲ ၆၀% နီးပါး ရရှိခဲ့သူပါ။

NOM

NOM.World News

20 Oct, 10:11


ရှို့မီးလို့ သံသယရှိတဲ့ မီးလောင်မှုကြောင့် ဗြိတိန်က DHL ဂိုဒေါင်တခု ဆုံးရှုံးခဲ့ပါတယ်။ ဒါဟာ ရုရှားက ဗြိတိန်မှာ အပျက်စီးတွေ ဖန်တီးဖို့ ကြိုးပမ်းနေတဲ့ လက္ခဏာဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတဦးက သတိပေးခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့က ဘာမင်ဂမ်မြို့ DHL စင်တာမှာ ဖြစ်ပွားခဲ့တဲ့ ကြောက်စရာဖြစ်ရပ်မှာ မော်စကိုပါဝင်ပတ်သက်နေမှုကို ဗြိတိန်အကြမ်းဖက်မှု တန်ပြန်နှိမ်နှင်းရေး ရဲတပ်ဖွဲ့က စုံစမ်းနေတယ်လို့လည်း သိရပါတယ်။

ရုရှားသူလျှိုတွေဟာ ဗြိတိန်ကို သွားတဲ့ လေယာဉ်ပေါ်ကို မီးလောင်ဗုံးတလုံး သိုဝှက်သယ်ဆောင်ခဲ့တယ်လို့လည်း သူတို့က ယူဆထားပါတယ်။

NOM

NOM.World News

20 Oct, 05:28


ရုရှားအရှေ့ပိုင်းမှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ရောက်ရှိပြီး လေ့ကျင့်မှုတွေ လုပ်ဖို့ ပြင်ဆင်နေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် ယူကရိန်းမှာ တိုက်ပွဲဝင်ဖို့ရာ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို စေလွှတ်ခဲ့တယ်ဆိုတဲ့ သတင်းက အမှန်တကယ်ဖြစ်ခဲ့တယ်လို့ ပြောလို့ရပါပြီ။

လက်ရှိမှာ ၁၅၀၀ အထိ ရောက်ရှိနေပြီး အများစုကတော့ တိုက်ပွဲဝင်ဖူးသူတွေမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဒါကြောင့်မို့ လေ့ကျင့်မှုတွေကို ထပ်မံပြုလုပ်နေရပါတယ်။ ထွက်ပေါ်လာခဲ့တဲ့ ဗီဒီယိုဖိုင်မှာလည်း မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဟာ ယူနီဖောင်းနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကိုယ်စီရယူနေတာကို မြင်တွေ့ခဲ့ရပါတယ်။

NOM

NOM.World News

20 Oct, 04:48


ဟားမတ်စ်ခေါင်းဆောင်သစ် စင်ဟာ,ဟာ သူ့ရဲ့ နေအိမ်မှာ သေဆုံးခဲ့တာဖြစ်တယ်လို့ ဂါဇာပြည်သူတဦးက BBC ကို ဖွင့်ဟလိုက်ပါတယ်။ Ashraf Abo Taha ဆိုသူက အစ္စရေးဒရုန်းကြောင့် ပျက်စီးခဲ့တဲ့ အဆောက်အဦဟာ သူ့နေအိမ်ဖြစ်ပြီး ယာဆင် သေဆုံးခဲ့မှုအတွက် သူ အံ့ဩထိတ်လန့်ခဲ့ရတယ်လို့ ဆိုပါတယ်။

အစ္စရေးတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုကလစ်က ပျက်စီးနေတဲ့ အဆောက်အဦကို သူ့နေအိမ်ဖြစ်တယ်လို့ အတည်ပြုခဲ့တာပါ။ BBC ကလည်း မပျက်စီးခင်က နေအိမ်အနေအထားနဲ့ ပျက်စီးနေတဲ့ နေအိမ်တို့ဟာ တူညီတယ်ဆိုတာကို ဓါတ်ပုံအထောက်အထားတွေနဲ့ အတည်ပြုနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် Abo Taha ပိုင်ဆိုင်တယ်ဆိုတာကိုတော့ အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

NOM