VLOG BY HSU @vlogbyhsu Channel on Telegram

VLOG BY HSU

@vlogbyhsu


Study Tips, Lifestyle Tips & Other.

YouTube: https://youtube.com/@VLOGBYHSU

VLOG BY HSU (English)

Are you looking for a channel that offers insightful study tips, lifestyle advice, and much more? Look no further than VLOG BY HSU! With a focus on providing valuable content for viewers, VLOG BY HSU covers a wide range of topics to help you enhance your daily life. Whether you're a student looking to improve your study habits or simply seeking ways to upgrade your lifestyle, this channel has got you covered

VLOG BY HSU, created by the talented content creator Hsu, strives to offer engaging and informative videos that cater to a diverse audience. From study hacks to productivity tips, and from self-care routines to travel vlogs, there's something for everyone on this channel. Hsu's unique perspective and passion for sharing knowledge make each video a must-watch

In addition to the valuable content available on the channel, VLOG BY HSU also extends its reach to YouTube, where you can find even more in-depth videos and tutorials. By subscribing to VLOG BY HSU on both Telegram and YouTube, you can stay updated on the latest uploads and never miss out on valuable tips and advice

Whether you're a student looking to enhance your academic performance, a young professional seeking to improve your lifestyle, or simply someone who enjoys learning new things, VLOG BY HSU is the perfect channel for you. Join the community today and start your journey towards a better and more fulfilling life!

VLOG BY HSU

05 Feb, 05:11


Valentine's Day နားနီးပြီဆိုတော့ ကိုယ်ချစ်တဲ့သူတွေကို ဘာပေးရမလဲဆိုတာ ကြိုပြီးစဥ်းစားလို့ရအောင်ပါ။ ❤️

(ပေးစရာလူမရှိရင်လည်း Hazel ကို လာ​ပေးလို့ရပါတယ်။ 😜)

VLOG BY HSU

05 Feb, 05:08


Valentine's Day Gift Ideas # 11
— Open When Letters

ဒါလေးတွေကတော့ သူတို့ရဲ့စိတ်ဓါတ်ကျချိန်၊ ဝမ်းနည်းချိန်၊ ပျော်ရွှင်နေချိန်မှာ ဖွင့်ဖတ်လို့ရအောင် ရေးပေးထားတဲ့စာလေးတွေပါ။

Letters Ideas 💡
~ Open when you need a laugh
~ Open when you can't sleep
~ Open when you're happy
~ Open when you need motivation
~ Open when you stressed
~ Open when you need a hug

ဒီလိုမျိုး အမျိုးအစားစုံတဲ့ စာလေးတွေရေးပြီး Jar တစ်ခုထဲ (ဒါမှမဟုတ်) ဘူးလေးတစ်ခုထဲထည့်ပြီး ပေးလို့ရပါတယ်။

VLOG BY HSU

05 Feb, 05:08


Valentine's Day Gift Ideas # 12
— Experience Gift

ဒါကတော့ Experience နဲ့ဆိုင်တဲ့ Gift မျိုးပါ။ Dinner သွားစားတာ၊ အတူတူလျှောက်လည်တာမျိုး လုပ်လို့ရသလို Fav band တွေရဲ့ Concert tickets, Show tickets လေးတွေ ပေးပြီး အတူတူသွားကြည့်လို့လည်းရပါတယ်။

VLOG BY HSU

05 Feb, 05:08


Valentine's Day Gift Ideas # 13
— Plant or Flowers

ပန်းအိုးလေးတစ်အိုးနဲ့ အပင်လေးတွေပေးတာ (ဒါမှမဟုတ်) ပန်းစည်းလေးပေးတာ ဒါမျိုးလုပ်လို့ရပါတယ်။

ပန်းစည်းကြီးမပေးနိုင်ဘဲ ပန်းလေးတစ်ပွင့်လောက် ပေးရင်တောင် အမြတ်တနိုး တန်ဖိုးထားကြမယ့်သူတွေ အများကြီးရှိပါတယ်။

VLOG BY HSU

05 Feb, 05:08


Valentine's Day Gift Ideas # 14
— Chocolates

နောက်ဆုံးတစ်ခုကတော့ Valentine's Day တိုင်းရဲ့ ဇာတ်လိုက်ဖြစ်တဲ့ ချောကလက်ပါ။ ချောကလက်ကို အပြင်မှာဝယ်ပြီးပေးနိုင်သလို ကိုယ်ကိုယ်တိုင်လုပ်ပြီး အချစ်တွေကို ပြသလို့လည်းရပါတယ်။

Chocolate Recipes for Valentine's Day 🍫
~ Chocolate Bar
~ Chocolate Covered Strawberry
~ Nama Dark Chocolate
~ Chocolate Cookies
~ Chocolate Cakes

VLOG BY HSU

05 Feb, 05:08


Valentine's Day Gift Ideas # 7
— Create a Photo Book of Memories

Fav Moments တွေကို စာအုပ်လေးတစ်အုပ်ထဲစုထားပြီး Gift အဖြစ်ပေးလို့ရပါတယ်။

ကိုယ်ပြောချင်တဲ့စကားလေးတွေကို ထည့်ရေးထားပြီး... Sticker လှလှလေးတွေနဲ့လည်း အလှဆင်နိုင်ပါသေးတယ်။

VLOG BY HSU

05 Feb, 05:08


Valentine's Day Gift Ideas # 10
— Tech Gadgets

သူတို့ဘာတွေလိုနေလဲ။... သူတို့လိုအပ်နေတဲ့ Technology နဲ့ပတ်သက်တဲ့ ပစ္စည်းလေးတွေပေးလို့ရပါတယ်။

ဖုန်းကသုံးတာနှစ်တွေအရမ်းကြာနေပြီဆိုရင် ဖုန်းအသစ်တစ်လုံးလဲပေးလိုက်တာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။

နောက်ထပ်ပေးလို့ရတာတွေကတော့ နာရီ၊ Headphones၊ AirPods စသဖြင့် အကိုက်ညီဆုံးဖြစ်မယ့်အရာလေးတွေ ရွေးချယ်နိုင်ပါတယ်။

VLOG BY HSU

05 Feb, 05:08


Valentine's Day Gift Ideas # 9
— Subscription Services

- သီချင်းကြိုက်တတ်သူတွေအတွက်... Spotify
- Graphic Design တွေ အမြဲဆွဲနေရတဲ့သူတွေအတွက်... Canva Premium
- ရုပ်ရှင်ကြည့်ရတာကြိုက်တဲ့သူတွေအတွက်... Netflix

စသဖြင့် သူတို့နဲ့လိုအပ်နေတဲ့ အရာလေးတွေကိုလည်း Gift အဖြစ် ပေးနိုင်ပါသေးတယ်။

VLOG BY HSU

05 Feb, 05:08


Valentine's Day Gift Ideas # 8
— Book or Journal

စာကြမ်းပိုးလေးတွေအတွက်ဆိုရင်တော့ စာအုပ်လေးတွေပေးတာက မမှားသောရွေးချယ်မှုတစ်ခုပါ။ ဒီလိုစာကြမ်းပိုးလေးတွေမှာဆိုရင် သူတို့လိုချင်တဲ့ စာအုပ်တွေဟာ List နဲ့ကိုရှိပါတယ်။

စာအုပ်စျေးတွေ ခေါင်ခိုက်နေလို့ ဝယ်ချင်တောင် ငြိမ်ငြိမ်နေနေရတဲ့သူလေးတွေပါ။ ဒါကြောင့် ဒီလိုစာကြမ်းပိုးလေးတွေအတွက်ဆိုရင် သူတို့ဝယ်ချင်တဲ့စာအုပ်တွေကို သိအောင်လုပ်ပြီး အမှတ်တရလက်ဆောင်အနေနဲ့ ပေးလို့ရပါတယ်။

နောက်တစ်ခုကတော့ Journal ရေးဖို့စာအုပ်လေးပါ။ သူတို့တွေရဲ့ အတွေးတွေ၊ စိတ်ကူးစိတ်သန်းတွေကို ချရေးလို့ရမယ့် စာအုပ်မျိုးလေးဖြစ်တဲ့အတွက် တကယ်ကို သဘောကျကြမှာပါ။

VLOG BY HSU

05 Feb, 05:07


Valentine's Day Gift Ideas # 5
— Surprise Visits

Long Distance Relationship, Friendship တွေအတွက် တကယ်ကို အမှတ်တရဖြစ်စေမယ့် အရာလေးပါ။

အချိန်တွေအကြာကြီး ဝေးကွာနေတဲ့ ချစ်ရတဲ့သူတွေနဲ့ အပြင်မှာတွေ့ဖို့ကို ကြိုးစားကြည့်ကြည့်ပါ။

2 ယောက်တူတူ သွားချင်တဲ့နေရာလေးတွေသွားပြီး အမှတ်တရလေးတွေ ဖန်တီးလို့ရပါတယ်။

VLOG BY HSU

05 Feb, 05:07


Valentine's Day Gift Ideas # 4
— Crochet Gifts

ဒီတစ်ခုကတော့ သိုးမွှေးထိုးရတာ ကြိုက်တဲ့သူတွေနဲ့ကွက်တိပါပဲ။ ဆွယ်တာ၊ အိတ်၊ vest.... ကောင်မလေးတွေအတွက်ဆိုရင်လည်း ခေါင်းစီးကြိုးလေးတွေ၊ ပန်းလေးတွေ ထိုးပေးလို့ရပါတယ်။

VLOG BY HSU

05 Feb, 05:07


Valentine's Day Gift Ideas # 6
— Plant a Tree Together

အပင်လေးတစ်ပင်ကို အတူတူစိုက်ကြည့်ပါ။

အမှတ်တရတွေရှိခဲ့တဲ့နေရာ (ဒါမှမဟုတ်) ကိုယ့်ရဲ့အိမ်ခြံဝန်းထဲမှာ စိုက်လို့လည်းရပါတယ်။

အပင်စိုက်ရတာ မလွယ်တာမို့၊ အပင်လေး တစ်ဆတစ်ဆ ကြီးထွားလာတာနဲ့အမျှ Memories တွေလည်း အများကြီးဖြစ်လာစေမှာပါ။

VLOG BY HSU

05 Feb, 05:07


Valentine's Day Gift Ideas # 3
— Personlized Music Playlist

နောက်တစ်ခုကတော့ သီချင်းနားထောင်ရတာကြိုက်တဲ့သူဆိုရင် သူ့အတွက် Playlist လေးတစ်ခု ပြုလုပ်ပေးလို့ရပါတယ်။

Music လို့ခေါ်တဲ့ ဂီတအနုပညာဟာ Universal Language of Love တစ်ခုဖြစ်ပါတယ်။

ကိုယ်ကြိုက်တဲ့သီချင်းလေးတွေ၊ သူကြိုက်လောက်မယ်ထင်တဲ့ သီချင်းလေးတွေ၊ နားထောင်စေချင်တဲ့ သီချင်းလေးတွေကို Playlist တစ်ခုထဲထည့်ထားပြီး Gift အနေနဲ့ပေးလို့ရပါတယ်။

Playlist Title Ideas 💡
~ Songs that remind you...
~ Love songs for you...
~ Be mine...

VLOG BY HSU

05 Feb, 05:07


Valentine's Day Gift Ideas # 1
— Homemade Threats

ဒီလိုနေ့မျိုးမှာ ပေးလို့အကောင်းဆုံးကတော့ ကိုယ်ကိုယ်တိုင်လုပ်ထားတဲ့ Homemade အရာလေးတွေပါ။

Chocolate, Cookie, Brownies, Cakes, etc... ကိုယ်ကျွမ်းကျင်ရာကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

အမှတ်တရလေးလည်းဖြစ်ချင်တယ်ဆိုရင်တော့ 2 ယောက်အတူတူ မုန့်လေးတွေလုပ်နိုင်ပါတယ်။

VLOG BY HSU

05 Feb, 05:07


Valentine's Day Gift Ideas # 2
— Handwritten Love Letters

အရင်ခေတ်တွေတုန်းက တစ်ယောက်နဲ့တစ်ယောက် စာပေးတဲ့အလေ့အကျင့်လေးတွေ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ကိုယ်ကိုယ်တိုင်ရေးထားတဲ့ ကိုယ့်ရဲ့လက်ရေးလေးနဲ့ စာပေးတယ်ဆိုတာ တော်တော်လေးကို ရှားသွားပြီပဲဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်ဘယ်လောက်ချစ်ကြောင်း၊ မြတ်နိုးကြောင်း၊ သဘောကျကြောင်းကို ဒီလိုလက်ရေးစာလေးတွေနဲ့ ဖော်ပြကြည့်ပါ။

VLOG BY HSU

05 Feb, 05:07


Valentine's Day အတွက် Gift Ideas (14) ခု...။ 💌

Hi, everyone... မကြာခင်မှာဆိုရင် Valentine's Day ကိုရောက်ရှိတော့မှာပဲ ဖြစ်ပါတယ်။ ဒီလို​​နေ့မျိုးမှာ တစ်​ယောက်နဲ့တစ်​ယောက် ချစ်ခြင်း​မေတ္တာ​တွေပြသတဲ့အ​နေနဲ့ လက်​ဆောင်​တွေအပြန်အလှန်​ပေးကြပါတယ်။ တကယ်​တော့ Valentine's day ဆိုတာ ချစ်သူရည်းစား​တွေနဲ့ပဲ သက်ဆိုင်တာမဟုတ်ပါဘူး။

လက်​ဆောင်​ပေးတယ်ဆိုတာကလည်း ကိုယ်ချစ်တဲ့ မိသားစုဝင်၊ သူငယ်ချင်း... ကိုယ်ချစ်ရတဲ့မည်သူ့ကိုမဆို ​ပေးလို့ရပါတယ်။ Valentine's day ဖြစ်​ပေါ်လာပုံ​ဟာလည်း Saint Valentine ဆို​တဲ့ ဘုန်း​တော်ကြီးတစ်​ပါးကို အစွဲပြုပြီးဖြစ်​ပေါ်လာခဲ့တာပါ။

လက်ဆောင်တွေပေးပြီး ချစ်ခြင်း​မေတ္တာတရား​တွေကို ​ဖော်ပြချင်ကြပေမယ့် ကိုယ်ချစ်ရသူ​တွေကို ဘာလက်​ဆောင်​ပေးလို့​ပေးရမှန်းမသိဘဲ ​ခေါင်းစား​နေသူများအတွက် ဒီ Blog ​လေးက အဓိကရည်ရွယ်ပါတယ်ရှင်။ Hazel ဒီ Blog မှာတော့ Valentine's Day Gifts Ideas လေးတွေကို စုစည်းပြီးရေးသားထားပါတယ်...။ 💕

VLOG BY HSU

02 Feb, 07:05


Self-Study နဲ့ပတ်သက်တဲ့ Post ပေါင်းချုပ်...။ ✍️🏻

https://www.facebook.com/share/p/12DL5NiyiGp/

VLOG BY HSU

02 Feb, 07:05


အင်္ဂလိပ်စာကို ဘယ်ကစလုပ်ရမှန်းမသိဖြစ်နေလား...။ ❓️

ဒီ Blog မှာတော့ အင်္ဂလိပ်စာကို ကိုယ်တိုင် Self-Study လုပ်ချင်သူတွေအတွက် အလွယ်တကူဝင်ဖတ်နိုင်အောင် Hazel Link လေးတွေ စုပေးထားပါတယ်။ Save ထားပြီး ကိုယ်အားတဲ့အချိန်တွေမှာ တစ်နေ့တစ်ပုဒ်လောက် ဖတ်ကြည့်ပါနော်။ 💌

အင်္ဂလိပ်စာတိုးတက်ဖို့အတွက် အမျိုးအစားစုံတဲ့ Article တွေကို ဘယ်မှာရှာဖတ်မလဲ...။
https://www.facebook.com/share/p/1A5dLiVd2a/

Vocabulary တွေကို Topic အလိုက် အခမဲ့လေ့လာနိုင်မယ့်နေရာတစ်ခု။ 🎓
https://www.facebook.com/share/v/19xzG9EJTo/

Podcast တွေနားထောင်ရင်း အင်္ဂလိပ်စာတိုးတက်အောင် ဘယ်လိုလုပ်မလဲ။ 🎧
https://www.facebook.com/share/v/1GjyhiZqZQ/

Self-Study လုပ်လို့ကောင်းတဲ့ စာအုပ်တွေ...။ 📖
https://www.facebook.com/share/p/15k42tsphD/

English Speaking တိုးတက်ချင်ရင် ဒီ Channel တွေကနေလေ့လာ ❗️📌
https://www.facebook.com/share/p/1AdU4z1mcC/

Study With Me Video တွေနဲ့ စာလုပ်ကြမယ်...။ ✍🏻
https://www.facebook.com/share/p/162RkMw27E/

Timetable ဘယ်လိုဆွဲမလဲ...။
How to Create a Timetable? (Step-by-Step) 🗓
https://www.facebook.com/share/p/19vMUxibaK/

ဘာသာစကားတွေလေ့လာရာမှာ မထိရောက်ဘူးဖြစ်နေတယ်ဆိုရင်…။ 📜
https://www.facebook.com/share/p/15yhehrQJK/

Self-Study လုပ်သူတွေမသိတဲ့ Self-Study လုပ်နည်း...။
https://www.facebook.com/share/p/1XjL7ngHFh/

အင်္ဂလိပ်စာကို Self-Study လုပ်ရင်းလည်း ကျွမ်းကျင်လာနိုင်ပါတယ်...။🎖
https://www.facebook.com/share/p/1A6tcF6NvE/

စာလုပ်ဖြစ်လိုက်၊ မလုပ်ဖြစ်လိုက် ဖြစ်နေလား...။ 💭
https://www.facebook.com/share/p/18HoGT4wa7/

ညဘက်တွေမှာ စာဘယ်လိုလေ့လာမလဲ။🦉🌙
https://www.facebook.com/share/p/1BTeEHsdEd/

❝ Girl Power Songs Recommendations ❞ 🎵
https://www.facebook.com/share/p/12ENh7E2Mrr/

"The Best Youtube Channels To Learn English" 📣
( Self-Study လုပ်လို့အကောင်းဆုံး Youtube Channelများ )
https://www.facebook.com/share/p/1E7pcqQxsx/

"Feynman Study Technique"🧠 🎩📖
https://www.facebook.com/share/p/151iJXdKpG/

📝"စာလုပ်ဖို့ ပျင်းနေတဲ့စိတ်ကို ဘယ်လိုဖျောက်မလဲ။"📝
https://www.facebook.com/share/p/1CBUTM7u4q/

Spaced Repetition 💫
https://www.facebook.com/share/p/15pHaXKAFC/

Every Students Should Do (Study Tips) 🖼📝
https://www.facebook.com/share/p/1BQxxveTYt/

Note Taking Strategies 📝🔍
https://www.facebook.com/share/p/1EAXobQLUd/

Time Management Tips For Students 💁⏱️
https://www.facebook.com/share/p/159giUdzxM/

Educational YouTube Channel Sharing 👩‍🎓
https://www.facebook.com/share/p/1BQqKM15t1/

ကျောင်းသားကျောင်းသူတိုင်းအတွက် အသုံးဝင်သော applicationsများ🥇
(Apps Recommendations For Students)
https://www.facebook.com/share/p/1HekPK8hfD/

Cambridge in Use Series (Free Download)
https://www.facebook.com/share/p/19xchsZFHT/

𝗦𝗲𝗹𝗳-𝗦𝘁𝘂𝗱𝘆ကို ဘယ်ကစ​​လေ့လာရမှန်းမသိဘဲ လမ်း​ပျောက်​နေသူများအတွက်📋📝
https://www.facebook.com/share/p/1BWgumfaZj/

𝗠𝗼𝘁𝗶𝘃𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗦𝗼𝗻𝗴 𝗟𝗶𝘀𝘁🎼🎧📲
https://www.facebook.com/share/p/1BRrtoYsWV/

("Feel free to share my post, but pls don't copy".)
— Hazel ရေးထားတဲ့ Blog တွေကို လွတ်လပ်စွာ Share နိုင်ပြီး၊ Copy ကူးယူခြင်းကိုတော့ လုံးဝ လုံးဝ ခွင့်မပြုပါ။ ***

——————————————————————

My Socials

Telegram: https://t.me/VLOGBYHSU
Facebook: https://www.facebook.com/VLOG-BY-HSU-103058298999693/
Instagram:
https://instagram.com/vlog_by_hsu?igshid=ZDdkNTZiNTM=
YouTube: https://youtube.com/@VLOGBYHSU

My Personal Acc

Facebook: https://www.facebook.com/profile.php?id=100078768157593
Instagram: https://instagram.com/hsu_yadanar_htet_2005?igshid=MzRlODBiNWFlZA=

Writer : Hsu Yadanar Htet (VLOG BY HSU)

VLOG BY HSU

25 Jan, 03:07


Hello Guysss 👀

ဒီ Content Writing အတန်းလေးက လူပြည့်တော့မှာမလို့၊ တက်ချင်သူတွေအနေနဲ့ Page Messenger ကို မြန်မြန်လေးလာခဲ့ပေးနော် 🤍

(Edited: လူပြည့်သွားပါပြီရှင့်။)

Page Link:
https://www.facebook.com/share/1L4gHoH1tR/


(နောက်အပတ် စနေနေ့ကျရင် အတန်းထဲမှာတွေ့ကြပါမယ်။ 🌷)

VLOG BY HSU

15 Jan, 15:55


VLOG BY HSU pinned «Content Writing ကို အခြေခံကနေစပြီး လေ့လာကြမယ်။ ✍🏻 Hi everyone အားလုံးပဲမင်္ဂလာပါရှင့်… 🤎 Content Writing ကိုအခြေခံကနေစပြီး ကျွမ်းကျင်သွားတဲ့အထိ စနစ်တကျလေ့လာချင်တဲ့သူတွေအတွက် Content Writing (Online Class) လေးတစ်ခုကို ဖေဖော်ဝါရီလထဲမှာ Hazel ဖွင့်ဖို့ရှိပါတယ်။…»

VLOG BY HSU

15 Jan, 15:54


အတန်းအချိန်ဇယားကိုတော့ အောက်မှာကြည့်ပေးပါ။

▪️Start Date = Feb 1, 2025
▪️Timetable = Sat & Sun
▪️Duration = 1 Month
▪️Class Time = 7:00PM to 8:30PM
▪️Fee = 55,000MMK

အတန်းချိန်မှန်ပြီး၊ တကယ်ကြိုးစားခဲ့တဲ့သူတွေအတွက်လည်း Hazel အသိအမှတ်ပြု Certificate ထုတ်ပေးသွားဖို့လည်းရှိပါတယ်။ နောက်တစ်ခုကတော့ Hazel လူအရေအတွက် အကန့်အသတ်နဲ့ပဲလက်ခံပါမယ်။ လူနည်းနည်းနဲ့ သေသေချာချာသင်ကြားပေးချင်လို့ပါ။ စိတ်ဝင်စားရင်တော့ Page Messenger မှာ "Content Writing" လို့ရေးပြီး သင်တန်းလာအပ်နိုင်ပါပြီ။

Facebook Page: https://www.facebook.com/vlogswith.HsuYadanarHtet?mibextid=ZbWKwL

VLOG BY HSU

15 Jan, 15:54


Content Writing ကို အခြေခံကနေစပြီး လေ့လာကြမယ်။ ✍🏻

Hi everyone အားလုံးပဲမင်္ဂလာပါရှင့်… 🤎

Content Writing ကိုအခြေခံကနေစပြီး ကျွမ်းကျင်သွားတဲ့အထိ စနစ်တကျလေ့လာချင်တဲ့သူတွေအတွက် Content Writing (Online Class) လေးတစ်ခုကို ဖေဖော်ဝါရီလထဲမှာ Hazel ဖွင့်ဖို့ရှိပါတယ်။

ဒီအတန်းကို Hazel ကိုယ်တိုင်သင်ကြားပေးသွားမှာဖြစ်ပြီး၊ Hazel စာတွေရေးလာတဲ့ သက်တမ်းတစ်လျှောက်လုံး ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အရင်ကတည်းကသိခဲ့ရင်ကောင်းမှာပဲဆိုတဲ့ Content Writing Tips တွေနဲ့ ပေါင်းစပ်ပြီးသင်ကြားပေးသွားမှာပါ။

ဘာတွေပါဦးမလဲဆိုရင်...

🔸Content Writing ရဲ့အခြေခံတွေ
🔸ဖတ်လိုက်တာနဲ့ စိတ်ဝင်စားသွားစေမယ့် Headline ရေးနည်း
🔸Content Idea ထုတ်နည်း၊ Brainstorming လုပ်နည်း
🔸Content Calendar ဆွဲနည်း
🔸Idea မထွက်တဲ့အခါ၊ Blank ဖြစ်နေတဲ့အခါ လုပ်လို့ရတဲ့ နည်းလမ်းတွေ
🔸Outline ရေးနည်းနဲ့ Content Structure
🔸Content ရေးရာမှာ ဆောင်ရန်ရှောင်ရန်တွေ၊ ဖြစ်တတ်တဲ့အမှားတွေ
🔸Content Writing အတွက် အသုံးဝင်တဲ့ Resource တွေလည်း Share ပေးသွားမှာပါ။

ဒါတွေအပြင် Freelancer (or) Content Writer အဖြစ်လုပ်ကိုင်မယ့်သူတွေအတွက်
🔸Client နဲ့ပူးပေါင်းလုပ်ကိုင်တဲ့အခါ သိထားသင့်တဲ့အချက်တွေ
🔸Content Writing Skill တက်လာအောင် ဘယ်လိုလုပ်မလဲဆိုတာတွေ
🔸Portfolio အကြောင်းနဲ့ Portfolio စနစ်တကျတည်ဆောက်နည်းတွေ
🔸လူအများဆီရောက်စေမယ့် Content Marketing Strategies တွေ
🔸Engagement ကောင်းတဲ့ Content တစ်ပုဒ်ကို အဆင့်ဆင့်ဖန်တီးပုံတွေနဲ့ အခြားသောအကြောင်းအရာတွေလည်း ပါပါသေးတယ်။

ဘယ်သူတွေတက်သင့်လဲ...

🔸Content Writing စိတ်ဝင်စားသူတွေ
🔸အခြေခံကနေစပြီး စနစ်တကျလေ့လာချင်သူတွေ
🔸စာတွေရေးရင်း တစ်ဖက်ကနေ Income ရှာချင်သူတွေ
🔸ဘယ်ကနေဘယ်လို Content တွေစရေးရမလဲမသိသူတွေ
🔸စာရေးတာဝါသနာပါပေမယ့် ဒီလမ်းကြောင်းကိုမစရဲဘဲဖြစ်နေသူတွေ
🔸Freelancer အဖြစ်ရပ်တည်ချင်သူတွေတက်သင့်ပါတယ်။

Content ဆိုတာဘာလဲမသိတဲ့အဆင့်ကနေ ကိုယ်တိုင် Content တွေဖန်တီးလာနိုင်တဲ့အဆင့်ထိ သိသင့်သိထိုက်တာမှန်သမျှ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။ သင်တန်းကာလ တစ်လကြာမြင့်မှာဖြစ်ပြီး စာရေးတဲ့အလေ့အကျင့်ရအောင်လို့ ကြားထဲမှာလည်း Homework တွေ၊ Assignment တွေရှိပါမယ်။ ဒါတွေ အကုန်လုံးကိုလည်း Hazel ကိုယ်တိုင်စစ်ပြီး Feedback သေချာပေးသွားမှာပါ။

VLOG BY HSU

15 Jan, 13:24


Hazel အတန်းလေးတစ်ခုဖွင့်ထားတယ်နော်၊ ဘာအတန်းလေးလဲဆိုတာ သိပြီးကြပြီလား 👀

Online Class Announcement
https://www.facebook.com/share/p/1GZXBRYRT5/

VLOG BY HSU

31 Dec, 06:34


2025 အတွက်မေးခွန်းလေးတွေ ဖြေကြည့်ဖို့အသင့်ပဲလား။

အခုဆိုရင် 2024 ကကုန်ဆုံးသွားပါပြီ၊ ဒီတစ်နှစ်အတွင်းမှာ အခြေအနေအမျိုးမျိုးကို ကျော်ဖြတ်ခဲ့ရမယ်လို့ထင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ပြီးသွားခဲ့တဲ့အရာတွေက ပြန်ပြင်လို့မရတာကြောင့်၊ ဒီအရာတွေကနေ သင်ခန်းစာတွေယူပြီး ရှေ့ဆက်လျှောက်သွားဖို့လိုပါတယ်။

နောက်တစ်ခုပြောချင်တာကတော့ ကိုယ့်အနေနဲ့အကောင်းဆုံးကြိုးစားခဲ့တာဖြစ်တဲ့အတွက် တာဝန်ကျေပါတယ်။

အောက်မှာတော့ ကိုယ့်ကိုယ်ကိုယ်ပိုပြီး သိလာစေဖို့ မေးခွန်းလေးတချို့ကို ရေးပေးထားပါတယ်။ ဖြေကြည့်ကြည့်ပါနော်။

■ 2025 အကုန်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူတစ်ယောက်အနေနဲ့ မြင်ချင်လဲ။

— လူတစ်ယောက်နဲ့တစ်ယောက်ဟာ အောင်မြင်မှုကို တိုင်းတာကြတာခြင်းမတူတာမို့၊ ကိုယ့်ရဲ့အောင်မြင်မှုက ဘယ်လိုမျိုးလဲဆိုတာ သိထားဖို့လိုပါတယ်။ ကိုယ်တစ်ကယ်ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲဆိုတဲ့အဖြေကိုသာ‌ ဖြေကြည့်ပါ။

■ 2024 က ကိုယ့်အတွက် ဘယ်လိုနှစ်မျိုးဖြစ်ခဲ့လဲ။ (အကောင်းဆုံးနှစ်/ သာမန်နှစ်/ အဆိုးဆုံးနှစ်)

— တချို့သူတွေအတွက်တော့ 2024 က အကောင်းဆုံးနှစ်တစ်နှစ်ဖြစ်နိုင်သလို၊ တချို့သူတွေအတွက်က ဘဝအတွက်အဆိုးဆုံးနှစ်တစ်နှစ်လည်း ဖြစ်နေနိုင်ပါတယ်။ ကိုယ့်အတွက် ဘယ်လိုနှစ်မျိုးဖြစ်ခဲ့လဲဆိုတာ ပြန်စဥ်းစားကြည့်ပါ။

■ ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လိုလူတွေရှိနေလဲ။ သူငယ်ချင်းအသစ်တွေရခဲ့လား။

— ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလည်း အရေးကြီးတာမို့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လိုလူတွေရှိနေလဲဆိုတာ မကြာခဏ Check လုပ်သင့်ပါတယ်။ Toxic ဖြစ်ပြီး ကိုယ့်အပေါ်မနာလိုစိတ်ရှိတဲ့သူငယ်ချင်းတွေဆိုရင် သူတို့ကို 2024 မှာထားခဲ့လိုက်ပါ။ ကိုယ့်အနားမှာ အမြဲတမ်းရှိနေပေးတဲ့သူတွေက ဘယ်သူတွေလဲဆိုတာလည်း ပြန်စဥ်းစားကြည့်ပါ။ သူငယ်ချင်းအသစ်တွေရှာကြည့်ဖို့လည်း မမေ့ပါနဲ့။

■ 2024 နဲ့မတူဘဲ 2025 မှာ ကိုယ်အကောင်အထည်ဖော်သွားချင်တဲ့ အရာတစ်ခုဆိုရင် ဘာဖြစ်မလဲ။

— 2024 မှာ ကိုယ်မလုပ်လိုက်ရတဲ့အရာတစ်ခုကို 2025 မှာလုပ်ခွင့်ရမယ်ဆိုရင် အဲ့အရာကဘာဖြစ်မလဲ၊ အဲ့အရာဖြစ်လာဖို့အတွက်ရော ကိုယ်ဘယ်လိုမျိုးကြိုးစားသွားမလဲဆိုတာ ပြန်စဥ်းစားကြည့်ကြည့်ပါ။

■ အချိန်အများစုကို ဘယ်နေရာတွေမှာကုန်ဆုံးခဲ့လဲ။ ကိုယ့်အတွက် အကျိုးရှိရှိအသုံးချခဲ့လား။

— ကိုယ့်ရဲ့အချိန်အများစုကို ကိုယ့် Goal တွေဖြစ်မြောက်လာဖို့အတွက် အသုံးပြုသင့်ပါတယ်။ ဒီလို Goal တွေဖြစ်မြောက်လာတဲ့အခါ အကျိုးခံစားရမှာကလည်း ကိုယ်ပဲဖြစ်တာကြောင့်ပါ။

■ 2024 ရဲ့ Favourite Memory တစ်ခုဆိုရင်ဘာဖြစ်မလဲ။

— 2024 မှာအမှတ်တရတွေလည်း အများကြီးရှိခဲ့မယ်လို့ထင်ပါတယ်။ အဲဒီအမှတ်တရတွေထဲကမှ ကိုယ်အကြိုက်ဆုံးအမှတ်တရတစ်ခုကို စဥ်းစားကြည့်ပါ။

■ 2025 မှာ လုပ်ချင်တဲ့ Habit တွေဆိုရင် ဘာတွေဖြစ်မလဲ။

— လာမယ့်နှစ်မှာ ကိုယ့်အနေနဲ့ နေပူပူ၊ မိုးရွာရွာ ဖြစ်အောင်လုပ်သွားမယ့် Habit 3 ခုသတ်မှတ်ပါ။

■ “ခက်တယ် ဒါပေမယ့်လုပ်နိုင်ခဲ့တယ်”လို့ ပြောလို့ရတဲ့ အောင်မြင်မှုတစ်ခုဆိုရင် ဘာဖြစ်မလဲ။

— ကိုယ်မလုပ်နိုင်ဘူးလို့ထင်ခဲ့ပေမယ့် တကယ်တမ်းလုပ်ကြည့်တဲ့အခါ အောင်မြင်ခဲ့တဲ့အရာကို ပြန်စဥ်းစားကြည့်ကြည့်ပါ။

ဒီမေးခွန်းလေးတွေဖြေကြည့်ပြီး ကိုယ်ဘာတွေဆက်လုပ်ရမလဲဆိုတာ လမ်းစလေးတွေ ပေါ်လာမယ်လို့ထင်ပါတယ်။ နောက်တစ်ခေါက်ပြန်ပြောချင်တာကတော့ ❝ You Did Great ❞ ပါနော်။ 💌

————————————————
Related Blog Posts

New Year မှာ ဒါလေးတွေလုပ်မယ်...။ 🪄 💭
https://m.facebook.com/story.php?story_fbid=379483331406366&id=100080341062291&mibextid=Nif5oz

How to Glow Up in 1 Month ☆⋆。𖦹°‧★
တစ်လအတွင်းမှာ Glow Up ဖြစ်ဖို့ဆိုရင်... ။ ✨️ 💭
https://m.facebook.com/story.php?story_fbid=289323013755732&id=100080341062291&mibextid=Nif5oz

Comfort zone ထဲက ဘယ်လိုရုန်းထွက်မလဲ...။
https://m.facebook.com/story.php?story_fbid=274566428564724&id=100080341062291&mibextid=Nif5oz

How to Stop Procrastination ⏳️
အချိန်ဆွဲတတ်တဲ့အကျင့်ကို ဘယ်လိုဖျောက်မလဲ...။
https://m.facebook.com/story.php?story_fbid=291562793531754&id=100080341062291&mibextid=Nif5oz

VLOG BY HSU

31 Dec, 04:38


2025 အတွက်မေးခွန်းလေးတွေ ဖြေကြည့်ဖို့အသင့်ပဲလား။

https://www.facebook.com/share/p/18VYdgLXa6/

အခုဆိုရင် 2024 ကကုန်ဆုံးသွားပါပြီ၊ ဒီတစ်နှစ်အတွင်းမှာ အခြေအနေအမျိုးမျိုးကို ကျော်ဖြတ်ခဲ့ရမယ်လို့ထင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ပြီးသွားခဲ့တဲ့အရာတွေက ပြန်ပြင်လို့မရတာကြောင့်၊ ဒီအရာတွေကနေ သင်ခန်းစာတွေယူပြီး ရှေ့ဆက်လျှောက်သွားဖို့လိုပါတယ်။

နောက်တစ်ခုပြောချင်တာကတော့ ကိုယ့်အနေနဲ့အကောင်းဆုံးကြိုးစားခဲ့တာဖြစ်တဲ့အတွက် တာဝန်ကျေပါတယ်။

ဒီ Post ထဲမှာတော့ ကိုယ့်ကိုယ်ကိုယ်ပိုပြီး သိလာစေဖို့ မေးခွန်းလေးတချို့ကို ရေးပေးထားပါတယ်။ ဖြေကြည့်ကြည့်ပါနော်။
——————————————
My Socials
Telegram: https://t.me/VLOGBYHSU
Facebook: https://www.facebook.com/VLOG-BY-HSU-103058298999693/
Instagram:
https://instagram.com/vlog_by_hsu?igshid=ZDdkNTZiNTM=
YouTube: https://youtube.com/@VLOGBYHSU

My Personal Acc
Facebook: https://www.facebook.com/profile.php?id=100078768157593
Instagram: https://instagram.com/hsu_yadanar_htet_2005?igshid=MzRlODBiNWFlZA=

Writer : Hsu Yadanar Htet (VLOG BY HSU)

VLOG BY HSU

22 Dec, 12:59


ဒါကတော့ Vocabulary လေ့လာတာနဲ့ပတ်သက်တဲ့ Video လေးပါ။ Hazel နေ့တိုင်းလေ့လာဖြစ်နေတဲ့ နေရာလေးအကြောင်း ပြောပြပေးထားပါတယ်။ 💗

YouTube Link: https://youtu.be/ZM6nHVyjklk?si=N3Jg8bavwCByfIJN

Facebook Link: https://www.facebook.com/share/v/1Am7vZF8NC/

VLOG BY HSU

22 Dec, 11:16


Hello everyone အင်္ဂလိပ်စာလေ့လာတဲ့အခါ Vocabulary တွေကို ဘယ်ကနေ လေ့လာဖြစ်ကြလဲ၊ ကိုယ်လေ့လာနေကျ နေရာလေးတွေရှိရင် Comment မှာ‌ရေးသွားပေးကြပါဦးနော် 👀🫶🏻

VLOG BY HSU

13 Dec, 11:47


Video လေးကြည့်လို့ရပြီနော် ❤️

YouTube Link: https://youtu.be/CFVoppVzVgA?si=QOYQWnvYNE1MmZVP

Facebook Link: https://www.facebook.com/share/v/1C3ZzPFaGU/

VLOG BY HSU

13 Dec, 01:52


Hello everyone 👀

Good Morning ပါရှင့်၊ Hazel ဒီနေ့ည Podcast တွေနားထောင်တာနဲ့ပတ်သက်တဲ့ Video လေးတစ်ပုဒ်တင်ဖို့ရှိတယ်နော်။

🔹Pls Subscribe to my YouTube Channel
https://youtube.com/@VLOGBYHSU

VLOG BY HSU

08 Dec, 13:21


Series နဲ့ထွက်တဲ့ (Headway, Life Vision, Read Explorer, Great Writing, Longman) စာအုပ်လေးတွေကလွဲရင် ကျန်တဲ့စာအုပ်လေးတွေအကုန်ပါပါတယ်နော်။ Hazel လက်ထဲမှာ Series လိုက် Download လုပ်ထားတာမရှိလို့ပါ။ 🤍

ကိုယ့်မှာအဲ့စာအုပ်လေးတွေရှိရင် ဒီ Comment မှာ Share ပေးသွားလို့ရပါတယ်နော်။

VLOG BY HSU

08 Dec, 13:15


Longman Academic Writing Series
****************************
Great Writing လိုပဲ တော်တော်လေးကိုနာမည်ကြီးတဲ့စာအုပ်ပါ။ Level 1 ကနေ 5 အထိ စာအုပ် ၅ အုပ်ထွက်ထားပါတယ်။

VLOG BY HSU

08 Dec, 13:15


IELTS Writing Task 1 and Task 2
*************************
IELTS Writing အတွက် ကျောင်းသူကျောင်းသားတွေတော်တော်ကြိုက်ကြတဲ့ စာအုပ်ပါ။ ကိုယ်က IELTS ဖြေဖို့ အစီအစဥ်မရှိသေးရင်လည်း လေ့လာတဲ့သဘောနဲ့ Sample Essay တွေဝင်ဖတ်ကြည့်ထားနိုင်ပါတယ်။

VLOG BY HSU

08 Dec, 13:15


101 American English Idioms
***********************
ဒါလည်း Mc-Graw Hill ကထုတ်ထားတဲ့ စာအုပ်ပါဘဲ။ စာပိုဒ်တွေမှာ တကယ့် American တွေသုံးလေ့ရှိတဲ့ Idiom လေးတွေပါပါတယ်။ စာပိုဒ်လေးတွေကလည်း တိုတိုလေးတွေမို့ နားလည်လွယ်စေပါတယ်။

VLOG BY HSU

08 Dec, 13:15


📙 Writing Skills Books

“Great Writing” Series
******************
Writing Skill အတွက်တော်တော်လေးကို နာမည်ကြီးတဲ့စာအုပ် Series ပါ။ ဒီစာအုပ်တွေနဲ့သာလေ့ကျင့်ထားရင် ကိုယ့်ရဲ့ Writing Skill ကတော်တော်လေးကို ကောင်းသွားစေမှာပါ။

VLOG BY HSU

08 Dec, 13:15


How to Write Essays
*****************
Essay တစ်ပုဒ်ကို စနစ်တကျဘယ်လိုရေးမလဲဆိုတာ သင်ပြပေးမယ့် စာအုပ်တစ်အုပ်ပါ။ Opening paragraph ‌ရေးနည်း၊ Body paragraph ရေးနည်း၊ Closing paragraph ရေးနည်းတွေပါတဲ့အပြင် Sample Essays တွေလည်းထည့်ပေးထားပါတယ်။

VLOG BY HSU

08 Dec, 13:14


📗 Reading Skills Books

Short Stories in English
******************
ဒီစာအုပ်မှာတော့ Chapter တွေတော်တော်များများပါပါတယ်။ ပြီးတော့ Chapter တစ်ခုချင်းစီအလိုက် Summary ရယ်၊ စာပိုဒ်တွေထဲမှာသုံးသွားတဲ့ Vocab List ရယ် ထည့်ပေးထားတဲ့အပြင် ကိုယ့်ရဲ့ Comprehension Skill ကိုလေ့ကျင့်လို့ရမယ့် မေးခွန်းလေးတွေလည်းပါပါတယ်။

VLOG BY HSU

08 Dec, 13:14


Reading Explorer
**************
Reading Explorer စာအုပ်တွေကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ Article လေးတွေဖတ်ရင်း Reading Skill ကိုတိုးတက်စေမှာပါ။ Science, Culture, Current Events စသဖြင့် နယ်ပယ်အစုံရှိပါတယ်။

VLOG BY HSU

08 Dec, 13:14


Intermediate English Reading and Comprehension
***************************
Reading Skill နဲ့ Comprehension Skill ကိုလေ့ကျင့်လိုရမယ့် စာအုပ်လေးပါ။ စာပိုဒ်တွေဖတ်ပြီး သူမေးထားတဲ့မေးခွန်းတွေကို ဖြေပေးရမှာပါ။ ကိုယ့်အတွက် Skimming နဲ့ Scanning Skill တွေလည်း တစ်ခါတည်းလေ့ကျင့်ပြီးသားဖြစ်စေပါတယ်။

VLOG BY HSU

26 Nov, 14:13


VLOG BY HSU pinned «How to Stay Focused While Studying 🍒 📖 စာလုပ်ချိန်မှာ အာရုံစူးစိုက်မှုကောင်းအောင် ဘယ်လိုလုပ်မလဲ။ °ᡣ𐭩 . ° . Hello, everyone! Study tips sharing blog လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ Hazel က စာလုပ်တဲ့အခါ အာရုံစူးစိုက်မှုကောင်းအောင်၊ အတွေးတွေပြန့်မသွားအောင်…»

VLOG BY HSU

26 Nov, 14:12


7 — Summarize in Your Own Words

စာလုပ်တယ်ဆိုပြီး ဖတ်စာအုပ်ထဲကစာကို စာအုပ်ထဲ ၏သည်မရွေး ပြန်ကူးနေတုန်းလား။

တကယ်တော့ စာလုပ်တာတို့၊ Notes ထုတ်တာတို့ဆိုတာ ကိုယ်နားလည်ထားသလို ပြန်ရေးရတာပါ။ ဒါမှသာ ကိုယ်နောက်တစ်ခေါက် ဒီ Note ကိုဖတ်လိုက်တဲ့အခါ ကိုယ်လေ့လာထားတဲ့စာတွေက ကိုယ့်ဦးနှောက်ထဲကို ပြန်ရောက်ပြီး မှတ်မိလာမှာပါ။ ကိုယ်သင်ထားတဲ့စာတွေကို Summary ပြန်ရေးတဲ့နည်းလေးသုံးပြီး စာလုပ်ကြည့်ပါ။

8 — Set Clear Goals and Deadlines

စာလုပ်မယ့် Study Session တွေမှာ Goal တွေချတာမျိုးလုပ်ကြည့်ပါ။ ဥပမာ ❝ ငါ ၆ နာရီကျရင် စာလုပ်မယ်လို့တွေးတာထက်၊ ငါ ည ၉ နာရီဆိုရင် ဒီအိမ်စာတွေလုပ်ပြီးနေရမယ် ❞ ဒီလိုမျိုး ပြောင်းပြီးတွေးကြည့်တာက ကိုယ်ဒီအလုပ်ကို ပိုပြီး လုပ်ဖြစ်စေပါတယ်။

အာရုံတွေပြန့်မသွားအောင် ကိုယ်လုပ်စရာရှိတဲ့စာတွေ၊ ခေါင်းစဥ်တွေကို စာရေးစားပွဲနားက ကြည့်လိုက်တာနဲ့ အမြဲမြင်နေမယ့် နေရာမျိုးမှာ ကပ်ထားပါ။

VLOG BY HSU

26 Nov, 14:12


9 — Exercise Regularly, Stay Hydrated and Eat Healthy

ကိုယ်လက်လှုပ်ရှားရတဲ့အလုပ်လေးတွေ၊ လေ့ကျင့်ခန်းလေးတွေကိုလည်း အချိန်ပေးပြီးလုပ်ဖို့လိုပါတယ်။ စာလုပ်နေချိန်မှာ ရေကိုလည်းအလုံအလောက်သောက်ပါ၊ ကိုယ်ခံအားကောင်းဖို့ Healthy ဖြစ်စေတဲ့အစားအစာတွေစားပါ။ Study Break တွေမှာလည်း အချိုဓာတ်ပါတဲ့ မုန့်တွေစားရင် ခေါင်းတွေလေးပြီး အိပ်ငိုက်စေတတ်တာကြောင့် အသီးအနှံတို့လိုမျိုး ပေါ့ပေါ့ပါးပါး Snack လေးတွေပိုစားပေးပါ။

10 — Study with Me Videos

တစ်ယောက်တည်းစာလုပ်ရတာပျင်းရင် Study with Me Video လေးတွေဖွင့်ပြီး အတူတူစာလုပ်ပါ။ Study with Me Video က Video ကြာချိန်၊ Background sound တွေအပေါ်မူတည်ပြီး အမျိုးအစားတွေထပ်ခွဲလို့ရပါတယ်။ အဲ့အကြောင်းကို Hazel Blog သပ်သပ်တစ်ခုတင်ပေးဖူးတာကြောင့် ဒီမှာတော့ Detail မရေးတော့ပါဘူး။ Study with Me Video တွေစုပေးထားတဲ့ Blog လေးကို အောက်က Link မှာ ဝင်ကြည့်ကြည့်ပါ။

Study With Me Video တွေနဲ့ စာလုပ်ကြမယ်...။ ✍️🏻
https://www.facebook.com/share/p/19qf2eDXLT/

VLOG BY HSU

26 Nov, 14:12


5 — Turn Off Your Phone or Film Yourself

စာလုပ်မယ်ဆို Phone ကို အဝေးမှာထားထားတာက အကောင်းဆုံးပါ။ ဖုန်းကနေ ဝင်လာတဲ့ Noti တွေက တကယ်ကို အနှောက်အယှက်ဖြစ်စေပါတယ်။ Hazel ကတော့ Social media app တွေကို Noti ပိတ်ထားလိုက်ပါတယ်။ အဲ့လိုလုပ်ထားတာ တော်တော်လေးကို ငြိမ်းချမ်းတယ်လို့တောင် ခံစားရစေပါတယ်။ Noti တွေကို အာရုံရောက်ပြီးပါသွားတဲ့အခါ ကိုယ်လုပ်စရာအလုပ်တွေမပြီးတော့တဲ့အတွက် Depression ဖြစ်တာတို့ Stress ပိတာတို့ ဖြစ်လာနိုင်ပါတယ်။

နောက်ထပ်အသုံးဝင်တဲ့ နည်းတစ်ခုကတော့ အဲဒီဖုန်းနဲ့ပဲ Hazel တို့တွေ စာလုပ်နေတာ၊ အလုပ်လုပ်နေတာကို Video ရိုက်ထားလိုက်ပါ။ အဲ့လိုလုပ်ထားတဲ့အခါ ကိုယ်အလုပ်လုပ်နေတဲ့၊ စာလုပ်နေတဲ့ပုံကိုပြန်ကြည့်ပြီး “ငါအာရုံစိုက်ပြီး အလုပ်လုပ်နေတဲ့ပုံက တော်တော်မိုက်ပါလား”ဆိုပြီး ကိုယ့်ကိုယ်ကိုယ်တောင် ပြန်ကြွေသွားနိုင်ပါသေးတယ်။ 😜

6 — Write Down Your Thoughts On Paper

စာလုပ်မယ်လို့စဥ်းစား -> စာရေးစားပွဲမှာထိုင် -> စာခဏလုပ် -> စာကလွဲလို့ ကျန်တာအကုန်လျှောက်စဥ်းစား

ဒါကတော့ Hazel တို့ စာလုပ်မယ်လို့လုပ်တိုင်းကြုံနေရတာလေးပါ။ စာလုပ်တာ ခဏလောက်အကြာမှာပဲ ဦးနှောက်ကနေ

🔸️ “ဒါကြီးက ပျင်းဖို့ကောင်းတယ်၊ ဘာလို့လုပ်နေမှာလဲ တခြားပျော်ဖို့ကောင်းတာလေး သွားလုပ်ရအောင်လား”
🔸️ “စာမလုပ်ဘဲ ဖုန်းလေးကိုင်လိုက်ပါလား ဘာတွေဖြစ်နေပြီလဲမသိဘူး”
🔸️“ဟိုဟာလေးက ဘာလေးပါလိမ့်”
🔸️“ဟယ် ဟိုပုရွက်ဆိတ်တွေက ဘယ်ကိုသွားနေတာ” 😂

ဒီလိုမျိုးအတွေးပေါင်း သောင်းခြောက်ထောင်ကဘယ်ကနေပေါ်လာမှန်းမသိ ပေါ်လာတတ်ပါတယ်။ Hazel လည်းအဲ့လိုဖြစ်ပါတယ်၊ Hazel ကတော့ စာလုပ်နေရင်း “ငါဘာစားရင်ကောင်းမလဲ”ဆိုပြီး အစားအသောက်တွေ လိုက်စဥ်းစားနေတာပါ။

အဲ့လိုဖြစ်တာက Hazel တို့ဦးနှောက်ထဲမှာရှိနေတဲ့ မျောက်ကလေးကနေ ဒါတွေကိုလျှောက်တွေးနေစေတာပါ။ (တကယ့်မျောက်တော့မဟုတ်ပါဘူး) သူက ခက်ခက်ခဲခဲအလုပ်တွေမကြိုက်ဘူး၊ လွယ်လွယ်ကူကူ သက်သက်သာသာအလုပ်တွေကြိုက်တယ်။ ဒါတွေကိုပဲ သူလုပ်ချင်တယ်။

အဲ့လိုဖြစ်လာရင် Hazel လုပ်နေကျနည်းက ကိုယ့်အနားမှာစာအုပ်တစ်အုပ်ထားတယ်။
— ခေါင်းထဲပေါ်လာတဲ့ ခုနကလိုအတွေးတွေကို အကုန်ချရေးလိုက်တယ်။ ပြီးတော့ ကိုယ်ခုနကလုပ်နေတဲ့အလုပ်ကိုပဲ အာရုံစိုက်ပြီးလုပ်လိုက်တယ်။ စာအုပ်ထဲချရေးထားတဲ့အလုပ်တွေကို ကိုယ်အာရုံစိုက်နေတဲ့အလုပ်ပြီးတဲ့အချိန်မှ လုပ်ပါတယ်။ Hazel ဒီလိုနည်းနဲ့သွားပါတယ်။ စာအုပ်ထဲချရေးထားတဲ့အတွက် ခုနက ခေါင်းထဲပေါ်လာတဲ့ အလုပ်တွေကိုလည်း မမေ့သွားစေပါဘူး။

VLOG BY HSU

26 Nov, 14:12


1 — Find a Quiet Place

ပထမဆုံး စာမလုပ်ခင်မှာ တိတ်ဆိတ်ပြီး၊ ကိုယ့်အတွက် Comfortable ဖြစ်စေမယ့်နေရာမျိုးကိုရှာပါ။ နောက် Tips တစ်ခုကတော့ စာလုပ်နေချိန်မှာ အာရုံပျံ့လွင့်သွားတာမျိုးမဖြစ်အောင် နံရံကိုမျက်နှာမူပြီးစာလုပ်တာမျိုး လုပ်ကြည့်ပါ။ ဒီလိုလုပ်ခြင်းက စာလုပ်ရင်းတခြားအရာတွေကို လိုက်ကြည့်နေတာမျိုးလည်း လျော့နည်းသွားစေပါတယ်။

ကိုယ်စာလုပ်မယ့်စားပွဲမှာ လိုအပ်တဲ့ပစ္စည်းတွေကို သူ့နေရာနဲ့သူသပ်သပ်ရပ်ရပ်ထားထားပါ။ ရှုပ်ပွနေတဲ့စားပွဲ၊ ရှုပ်ပွနေတဲ့ပတ်ဝန်းကျင်က ကိုယ့်ရဲ့စိတ်ကိုလည်း ရှုပ်ထွေးစေပါတယ်။ ဒါကြောင့် စာမလုပ်ခင် အချိန်ခဏလောက်ပေးပြီး စာကြည့်စားပွဲလေးကို သန့်ရှင်းရေးအရင်လုပ်လိုက်ပါ။

2 — Use a Study Schedule

နေ့စဥ်ပုံမှန်စာလုပ်နိုင်အောင်၊ စာလုပ်တဲ့အကျင့်ဖြစ်အောင် Study Schedule လေးတစ်ခုလုပ်ထားပါ။ အချိန်တစ်ခုသတ်မှတ်ထားပြီး နေ့တိုင်းအဲ့အချိန်မှာစာလုပ်တာမျိုးလုပ်ပါ။ အစပိုင်းမှာ ၂ နာရီ၊ ၃ နာရီစာလုပ်ချိန်ထားထားတာထက် မိနစ် ၃၀ လောက်နေ့တိုင်း ပုံမှန်စာလုပ်ဖြစ်နေရင်တောင် အဆင်ပြေပါတယ်။ အဲ့အချိန်မှာ Automatic စာလုပ်တဲ့အကျင့်လေးဖြစ်အောင်အထိ ကိုယ့်ကိုယ်ကိုယ် Train ထားပါ။

VLOG BY HSU

26 Nov, 14:12


3 — Listen to Focus Music

စာလုပ်ရင်း သီချင်းနားထောင်ရတာကြိုက်တဲ့သူတွေက Lyrics မပါတဲ့သီချင်းလေးတွေ၊ Calm ဖြစ်စေတဲ့ သီချင်းလေးတွေ၊ Piano music, White music တို့ကို စာလုပ်ရင်းနားထောင်နိုင်ပါတယ်။ ဒီလိုသီချင်းအမျိုးအစားလေးတွေက ကိုယ့်ကိုအာရုံစူးစိုက်မှုပိုကောင်းအောင် ကူညီပေးပါတယ်။

4 — Take Regular Breaks

စာကြီးပဲလုပ်နေလို့မရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်အနားပေးဖို့လည်းလိုပါတယ်။ ဒီလိုအချိန်မှာ ဘယ်လိုအနားယူလဲဆိုတာကလည်း အရေးကြီးပြန်ပါသေးတယ်။ ဥပမာ ၁၅ မိနစ်နားနေတဲ့အချိန် ဖုန်းသုံးလိုက်မိရင်း ၁၅မိနစ်ထပ်ပိုကြာသွားပြီး၊ စာပြန်မလုပ်ဖြစ်တော့တာမျိုးလည်းဖြစ်တတ်ပါတယ်။

ဒါကြောင့် Study Break မှာ ရေထသောက်တာ၊ မုန့်စားတာ၊ လမ်းထလျှောက်တာ၊ အိပ်ချင်စိတ်ပြေသွားအောင် မျက်နှာသစ်လိုက်တာ၊ Moti ရစေတဲ့ သီချင်းတစ်ပုဒ်နားထောင်လိုက်တာမျိုး လုပ်လို့ရပါတယ်။

VLOG BY HSU

26 Nov, 14:11


How to Stay Focused While Studying 🍒 📖
စာလုပ်ချိန်မှာ အာရုံစူးစိုက်မှုကောင်းအောင် ဘယ်လိုလုပ်မလဲ။ °ᡣ𐭩 . ° .

Hello, everyone! Study tips sharing blog လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ Hazel က စာလုပ်တဲ့အခါ အာရုံစူးစိုက်မှုကောင်းအောင်၊ အတွေးတွေပြန့်မသွားအောင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး အသုံးဝင်တဲ့ Tips လေးတွေကို Sharing ‌လုပ်ပေးသွားပါမယ်။

(ပုံလေးတွေအောက်မှာ ဆက်ဖတ်ပေးနော်။ 💕)

———————————————

My Socials
Telegram: https://t.me/VLOGBYHSU
Facebook: https://www.facebook.com/VLOG-BY-HSU-103058298999693/
Instagram:
https://instagram.com/vlog_by_hsu?igshid=ZDdkNTZiNTM=
YouTube: https://youtube.com/@VLOGBYHSU

My Personal Acc
Facebook: https://www.facebook.com/profile.php?id=100078768157593
Instagram: https://instagram.com/hsu_yadanar_htet_2005?igshid=MzRlODBiNWFlZA=

Writer : Hsu Yadanar Htet (VLOG BY HSU)

VLOG BY HSU

13 Nov, 01:06


Hello everyone, Good Morning ပါရှင့် 💕

Hazel တစ်ခုအကူအညီတောင်း (or) ပူဆာစရာလေးရှိလို့ပါ။ ဒီနေ့က Hazel ကို မွေးဖွားပေးခဲ့တဲ့ Hazel မေမေရဲ့ မွေးနေ့လေးပါ။

ဒီလိုရက်မျိုးမှာ အမှတ်တရလေး ဖြစ်သွားအောင်လို့ Hazel မေမေအတွက် မွေးနေ့ဆုတောင်းစကားလေးတွေ တစ်ယောက်တစ်ခွန်းလောက်ဖြစ်ဖြစ် ရေးသွားပေးကြပါဦးနော်။ 👀

အားလုံးပဲ ကျေးဇူးအများကြီးပါရှင့်။ 🫶🏻

VLOG BY HSU

07 Nov, 07:24


English Speaking နဲ့ပတ်သက်ပြီးလေ့လာလို့ရတဲ့ YouTube Channel လေးတွေ တင်ပေးထားတယ်နော် 💕

Read here
https://www.facebook.com/share/p/1CzC62BPHi/

VLOG BY HSU

04 Nov, 13:21


Professional Self-Care

Set Career Goals 🎯

ကိုယ့်ရဲ့ Career နဲ့ သက်ဆိုင်တဲ့ Goal တွေချမှတ်ပါ။ Action Plan တွေရေးဆွဲပါ။ Plan ချထားတဲ့အတိုင်း ကိုယ့်ဘက်ကလည်းတကယ်လိုက်လုပ်ပါ။ Progress တွေကိုလည်း အမြဲသုံးသပ်နေဖို့လိုပါတယ်။

Set Boundaries 📜

ကိုယ့်ရဲ့အလုပ်နဲ့ Personal Life ကြားမှာလည်း Boundaries လေးတွေသတ်မှတ်ထားပါ။ No လို့ပြောဖို့ကိုလည်း ဝန်မလေးပါနဲ့။

Take Breaks 🍃

လူဆိုတာ အလုပ်တွေကြီးလုပ်နေလို့မရတဲ့အတွက် ကိုယ့်အတွက် အနားယူချိန်တွေလည်း သတ်မှတ်ထားပါ။ တစ်ပတ်မှာတစ်ရက်လောက် Sunday Reset လိုရက်လေးတွေထားထားပြီး ကိုယ့်ကိုယ်ကိုယ် Recharge ပြန်လုပ်ပါ။

Sunday Reset & Planning Blog 🌷💌
ကိုယ့်ရဲ့တစ်ပတ်တာကို တနင်္ဂနွေနေ့တွေမှာ ကြိုတင်ပြင်ဆင်ကြမယ်...။
https://www.facebook.com/share/p/1NZvPt1orB/

VLOG BY HSU

04 Nov, 13:21


Spiritual Self-Care

Meditate 🧘🏻‍♀️

တိတ်ဆိတ်တဲ့နေရာလေးတွေရှာပြီး Meditate လုပ်ပါ၊ YouTube မှာ Guided Meditation လို့ရှာပြီး သူပြောတဲ့အတိုင်း နောက်ကနေလိုက်လုပ်ကြည့်ပါ။ အောက်မှာလည်း Link လေးတွေချပေးထားပါတယ်။ တရားထိုင်တာက စိတ်ငြိမ်စေပြီး တခြားသော Benefits တွေလည်း အများကြီးရှိပါတယ်။

5 Minute Guided Morning Meditation for Positive Energy ☀️
https://youtu.be/j734gLbQFbU?si=XY_M85lVY625T8Hs

10 Minute Guided Meditation for Positive Energy, Peace & Light 🌤
https://youtu.be/cyMxWXlX9sU?si=BGjDwFGRb9CmSJDb

Spending Time in Nature 🐝

Outdoor Activity လေးတွေကလည်း စိတ်ကိုငြိမ်းချမ်းမှုပေးပါတယ်။ အပင်လေးတွေစိုက်ပြီး Gardening ပြုလုပ်တာ၊ မြက်ခင်းလေးတွေ ပေါ်မှာလမ်းလျှောက်တာ၊ ပန်းခြံလေးတွေသွားတာ… စတဲ့နည်းတွေနဲ့ သဘာဝတရားရဲ့ အလှအပလေးတွေကို မြင်အောင်ကြည့်ကြည့်ပါ။

ဒီနေ့ Blog လေးကလည်း တော်တော်လေးကိုရှည်သွားပါပြီ။ အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးပါ။ ဒီ Tips လေးတွေကို အကုန်လုံးလိုက်လုပ်ရမယ်လို့မဆိုလိုဘဲ ကိုယ်နဲ့သင့်တော်ရာကို ရွေးချယ်ပါနော်။ Hazel တို့တွေ နောက် Blog မှာ ပြန်တွေ့ကြပါမယ်။ ❤️

———————————————

My Socials

Telegram: https://t.me/VLOGBYHSU
Facebook: https://www.facebook.com/VLOG-BY-HSU-103058298999693/
Instagram:
https://instagram.com/vlog_by_hsu?igshid=ZDdkNTZiNTM=
YouTube: https://youtube.com/@VLOGBYHSU

My Personal Acc

Facebook: https://www.facebook.com/profile.php?id=100078768157593
Instagram: https://instagram.com/hsu_yadanar_htet_2005?igshid=MzRlODBiNWFlZA=

Writer : Hsu Yadanar Htet (VLOG BY HSU)

VLOG BY HSU

04 Nov, 13:20


Social Self-Care

Social Self-Care ကတော့ Relationships နဲ့ Social Connections တွေအတွက်ပါ။

Spending Time With Loved Ones 👩🏻‍❤️‍👨🏻

မိသားစု၊ သူငယ်ချင်း၊ ကောင်လေး၊ ကောင်မလေး စသဖြင့် ကိုယ်ချစ်ရတဲ့သူတွေကို ပစ်မထားဘဲ အချိန်‌ပေးပါ။ အမှတ်တရကောင်းတွေဖန်တီးပါ။ ကိုယ်ကသူတို့ကို အချိန်မပေးဘဲ ပစ်ထားမိလို့ ရှေ့ဆက်လို့မရတဲ့ဆက်ဆံရေးတွေ၊ အချင်းချင်းနားလည်မှုလွဲကုန်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်နားမှာ အမြဲရှိနေပေးတဲ့သူတွေကို တန်ဖိုးထားပါ။

Stay in Touch 🌷

အဆက်အသွယ်မပြတ်အောင်နေပါ။ ဖုန်းခေါ်ပါ၊ စာပို့ပါ၊ Video call ပြောတာမျိုးလုပ်ပါ။ အခုဆို တစ်ယောက်ယောက်ကို ဆက်သွယ်ချင်ရင်နည်းလမ်းတွေအများကြီးနဲ့ အလွယ်တကူဆက်သွယ်လို့ရပါတယ်။ ကိုယ့်ဘက်ကသတိတရရှိနေပေးဖို့ပဲလိုတာပါ။

Attend Events ‌and Participate 🔖

ကိုယ်နဲ့ဝါသနာတူတဲ့သူတွေကို မိတ်ဆွေဖွဲ့ထားပါ။ ဘယ်နေရာတွေမှာရှာလို့ရမလဲဆို Onground Event တွေ၊ Semina, Webinar တွေမှာတွေ့နိုင်ပါတယ်။ အဲ့လိုမိတ်ဆွေဖွဲ့ထားတဲ့အခါ ကိုယ်လိုအပ်တဲ့အခါ အကြံဉာဏ်တွေ၊ အကူအညီတွေ‌တောင်းတာမျိုး လုပ်လို့ရပါတယ်။

Volunteer 🙋🏻‍♂️

Community တိုးတက်တဲ့လုပ်ငန်းမျိုးကိုလုပ်ရတာကြိုက်ရင် Volunteer လုပ်ဖို့ Recommend ပေးချင်ပါတယ်။ Hazel ကိုယ်တိုင်လည်း အခုလက်ရှိမတူညီတဲ့ Organization တွေမှာ Volunteer လုပ်နေပါတယ်။

အဲ့လိုလုပ်ရာကနေ ဘာရလဲဆို မတူညီတဲ့နေရာဒေသတွေက လူငယ်လေးတွေနဲ့တွေ့ဆုံရပြီး၊ အဲ့လူငယ်လေးတွေ တစ်ယောက်ချင်းစီကလည်း သူ့အားသာချက်နဲ့သူရှိကြတဲ့အတွက် သူတို့ဆီကနေ အများကြီးလေ့လာသင်ယူဖို့ အခွင့်အရေးရပါတယ်။ ပြီးတော့ နောက်တစ်ချက်က Networking Skill လည်း သိသိသာသာကောင်းလာစေပါတယ်။

တစ်ခုရှိတာကတော့ Organization သေချာရွေးပြီးမှလျှောက်ပါ၊ Volunteer ခေါ်တိုင်း ဝင်မလျှောက်ပါနဲ့။

VLOG BY HSU

04 Nov, 13:20


Practical Self-Care

Organize Your Space 🧹

ကိုယ်နေထိုင်ရာနေရာလေးတွေကို မကြာခဏသန့်ရှင်းရေးပြုလုပ်ပါ။ ကိုယ်အလုပ်လုပ်တဲ့၊ စာလုပ်တဲ့စားပွဲကိုလည်း ရှင်းရှင်းလင်းလင်းနဲ့ သပ်သပ်ရပ်ရပ်ထားပါ။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်က ရှုပ်နေတဲ့အခါ ကိုယ့်စိတ်ကိုလည်း ရှုပ်ထွေးစေပါတယ်။

Planning and Goal Setting 📑

ကိုယ့်ရဲ့တစ်လစာ၊ တစ်ပတ်စာ၊ တစ်ရက်စာ လုပ်စရာရှိတာတွေကို ကြိုတင် Plan တတ်တဲ့အကျင့်မွေးမြူပါ။ Planning တွေနဲ့ပတ်သက်ပြီး Hazel Sharing လုပ်ပေးထားတာအများကြီး ရှိတဲ့အတွက် ဒီမှာထည့်မရေးတော့ပါဘူး။ Page ထဲဝင်ကြည့်တာ (ဒါမှမဟုတ်) Pinned Post က Link လေးတွေကနေတစ်ဆင့် ဖတ်ရှုနိုင်ပါတယ်။ Goal တွေချရာမှာလည်း အများကြီးချတာမျိုးမလုပ်ပဲ ကိုယ်လုပ်နိုင်တဲ့ပမာဏ Realistic ဖြစ်တဲ့ Goal လေးတွေချပါ။

Time Management ✏️

တစ်နေ့တာ လုပ်စရာရှိတာတွေကို To Do List ရေးပါ။ ကိုယ့်ရဲ့အချိန်တွေကို သေချာစီမံခန့်ခွဲပါ။ Task တွေကို Prioritize လုပ်ပြီး အရေးကြီးတဲ့အလုပ်၊ အရေးမကြီးတဲ့အလုပ်ခွဲထားပါ။

———————————————
Time Management Blogs ⏰️

Time Blocking (သို့မဟုတ်) အချိန်ကိုအကျိုးရှိစွာ အသုံးချနည်းလျှို့ဝှက်ချက်
https://www.facebook.com/share/p/1F2w2pjr3c/

24 နာရီတောင် အချိန်မလောက်ဖြစ်နေသူများအတွက် Time Management Tips (7) ခု ⏳️
https://www.facebook.com/share/p/18GTEhHDWK/

Time Management Tips For Students 💁
https://www.facebook.com/share/p/1WmnKbBbu5/

VLOG BY HSU

04 Nov, 13:20


Mental Self-Care

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ရော Self-Care ဘယ်လိုလုပ်မလဲ။

Read Regularly 📖

စာအုပ်ဖတ်တာတို့၊ Article ဖတ်တာတို့ ပုံမှန်လေးလုပ်ပေးပါ။ စာဖတ်ချိန်ဆိုပြီး အချိန်တစ်ခုထားတာ (ဒါမှမဟုတ်) ညမအိပ်ခင် ၁၅ မိနစ်လောက်ပဲဖြစ်ဖြစ် အချိန်ပေးပြီး စာဖတ်တာမျိုးလုပ်လို့ရပါတယ်။ စာဖတ်ခြင်းရဲ့ကောင်းကျိုးတွေကိုတော့ အားလုံးလည်းသိပြီးသားဖြစ်မှာမို့ Hazel ဒီမှာတော့ ထည့်မရေးတော့ပါဘူးနော်။

Challenge Your Mind 🧠

ကိုယ့်ရဲ့ ဦးနှောက်ကိုအလုပ်ပေးဖို့လိုပါတယ်။ ဒါကြောင့်များများတွေးခေါ်ရတဲ့ သင်္ချာပုစ္ဆာတွေတွက်တာ၊ Chess, Sudoku, Puzzle တို့လို Brain Game တွေဆော့ပြီး ကိုယ့်ကိုယ်ကိုယ် Challenge ခေါ်ကြည့်ပါ။

Learn Something New 💻

တစ်ဖက်ကနေလည်း ကိုယ်စိတ်ဝင်စားတာတွေသင်ယူနေပါ။ ဘာသာစကားတွေသင်လို့ရသလို Video Editing, Graphic Design, Programming, Coding စသဖြင့် သင်လို့ရတဲ့ Skill တွေအများကြီးရှိပါတယ်။ ဘယ်ကနေလေ့လာရမှန်းမသိရင် အောက်က Link လေးတွေကို ဝင်ကြည့်ကြည့်ပါ။

📝 နယ်ပယ်အစုံလေ့လာလို့ရတဲ့ YouTube Channel များ။
(Part 1)
https://www.facebook.com/share/p/1KsUbo74ze/

📝 နယ်ပယ်အစုံလေ့လာလို့ရတဲ့ YouTube Channel များ။
(Part 2)
https://www.facebook.com/share/p/18Na86c61V/

Practice Positive Affirmations 🩷

ကိုယ့်ကိုယ်ကိုယ်ပြောတဲ့ Self talk တွေကလည်းအရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ်ကောင်းတဲ့ စကားတွေပဲပြောပေးပါ။ ကိုယ့်ရဲ့ စိတ်ကို Reprogramming လုပ်ပေးတဲ့ Affirmation လေးတွေနားထောင်ပါ။

Limit Screen Time ⏰️

Screen Time တစ်နေ့ကို ဘယ်နှနာရီပဲသုံးမယ်ဆိုပြီး သတ်မှတ်ထားပါ။ စစချင်းမှာတော့ အဲ့လိုသတ်မှတ်ရ ခက်ကောင်းခက်နိုင်ပါတယ်။ Screen Time Limit ပြည့်တဲ့အခါ အချိန်ထပ်တိုးလိုက်တာမျိုး လုပ်တတ်ကြပါတယ်။ အဲဒီအစား ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေ အရင်ဆုံးလုပ်လိုက်ပြီး အဲ့အလုပ်တွေပြီးတော့မှ Reward အဖြစ်သုံးတာမျိုး ပြုလုပ်ကြည့်ပါ။