Saya Sithu Htet @essentialsayasithuhtet Channel on Telegram

Saya Sithu Htet

@essentialsayasithuhtet


English for Teachers and Students

Saya Sithu Htet (English)

Are you looking to improve your English skills? Look no further than 'Saya Sithu Htet' Telegram channel! This channel, with the username '@essentialsayasithuhtet', is dedicated to providing valuable resources and lessons for both teachers and students. Whether you are a beginner or an advanced learner, this channel offers a wide range of materials to help you enhance your English proficiency. From grammar tips to vocabulary exercises, you will find everything you need to take your English skills to the next level. nnWho is 'Saya Sithu Htet'? He is a language enthusiast and educator who is passionate about helping others learn and improve their English. With years of experience in teaching English, he has curated a collection of useful and practical resources to support learners at every stage of their language journey. nnWhat is 'Saya Sithu Htet' channel all about? It is a one-stop destination for English learners who are seeking to enhance their language skills. Whether you are a teacher looking for new teaching ideas or a student striving to improve your English abilities, this channel has something for everyone. With regular updates and interactive activities, you can engage with the content and practice your English in a fun and engaging way. nnJoin 'Saya Sithu Htet' Telegram channel today and unlock your full potential in English! Start your language learning journey with the guidance and support of a dedicated teacher who is committed to helping you succeed. Don't miss out on this valuable opportunity to boost your English skills and become a more confident and proficient language user. Subscribe now and take the first step towards achieving your language learning goals with 'Saya Sithu Htet'!

Saya Sithu Htet

12 Nov, 12:26


Unit 11
worked/got/went etc. (past simple)

အတိတ်ကာလအကြောင်းတွေကို ပြောဖိုအတွက် past simple ကို ကြေကြေညက်ညက် နားလည်ဖို့ လိုပါတယ်။ ဒီသင်ခန်းစာမှာ past simple နဲ့ ရေးပုံ၊ ပြောပုံတွေကို အသေးစိတ်ရှင်းပြထားပါတယ်။ လေ့လာကြည့်ပါဦး။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/mQYjLw3a9IQ

Saya Sithu Htet

11 Nov, 13:22


Saya Sithu Htet pinned «🔸 အင်္ဂလိပ်လို သွက်သွက်လက်လက် ပြောနိုင်ဖို့ ဘာလိုမလဲ။ 🔸 အင်္ဂလိပ်လို ဖတ်လိုက်တဲ့စာတွေကို နားလည်ဖို့ ဘာလိုမလဲ။ 🔸 အင်္ဂလိပ်လို ပြောတာတွေကို နားလည်ဖို့အတွက်ရော။ 🔸 အင်္ဂလိပ်လို ရေးဖို့အတွက်ဆိုရင်လည်း လိုအပ်တာ ဘာရှိမလဲ။ ဟုတ်ပါတယ်။ ဒါတွေအားလုံးအတွက် စကားလုံးတွေ…»

Saya Sithu Htet

11 Nov, 12:35


🔸 အင်္ဂလိပ်လို သွက်သွက်လက်လက် ပြောနိုင်ဖို့ ဘာလိုမလဲ။
🔸 အင်္ဂလိပ်လို ဖတ်လိုက်တဲ့စာတွေကို နားလည်ဖို့ ဘာလိုမလဲ။
🔸 အင်္ဂလိပ်လို ပြောတာတွေကို နားလည်ဖို့အတွက်ရော။
🔸 အင်္ဂလိပ်လို ရေးဖို့အတွက်ဆိုရင်လည်း လိုအပ်တာ ဘာရှိမလဲ။

ဟုတ်ပါတယ်။ ဒါတွေအားလုံးအတွက် စကားလုံးတွေ သိဖို့လိုပါတယ်။ ဝေါဟာရ ကြွယ်ဝဖို့ လိုပါတယ်။

Level အားလုံးအတွက် လုံလောက်တဲ့ ဝေါဟာရတွေသာမရှိရင် အင်္ဂလိပ်လို ရေး၊ ဖတ်၊ ပြော၊ နားထောင် အားလုံးအတွက် အခက်အခဲ ရှိမှာ အမှန်ပါပဲ။

💟 အင်္ဂလိပ်ဝေါဟာရတွေ မှတ်သားတဲ့အခါ သာမန်ကာလျှံကာ မှတ်သားသွားတာထက် အမျိုးအစားအလိုက် အုပ်စုဖွဲ့မှတ်သားတာ၊ မှားတတ်တာတွေ နှိုင်းယှဉ်ဂရုပြုလေ့လာတာ၊ လေ့ကျင့်ခန်းတွေ လုပ်တာက ပိုပြီး ဝေါဟာရတွေကို ပိုင်ပိုင်နိုင်နိုင် သုံးတတ်စေပါတယ်။

အင်္ဂလိပ်ဝေါဟာရတွ တိတိကျကျ နားလည်ပြီး ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်စေဖို့ Vocabulary သင်တန်းလေး ဖွင့်လှစ်ပေးထားလိုက်ပါတယ်။

ဒီသင်တန်းမှာ
🔹ဝေါဟာရတွေကို အကြောင်းအရာအလိုက် သင်ပြပေးထားတယ်။
🔹 မှတ်သားရလွယ်အောင် ထပ်ခါ ထပ်ခါ ရှင်းပြပေးထားတယ်။
🔹 မှားတတ်တာတွေကို ရှင်းပြထားတယ်။
🔹 လေ့ကျင့်ခန်းတွေကိုလည်း ​စဉ်းစားပြ၊ ရှင်းပြ၊ ဖြေပြထားတယ်။

♦️ အချိန်မရွေး အထပ်ထပ်လေ့လာနိုင်အောင် Telegram private group ထဲမှာ Video နဲ့ သင်ခန်းစာတွေ သင်ပြပေးမယ့် ပုံစံ ဖြစ်ပါတယ်။ video နဲ့မို့ ကိုယ်အားချိန်၊ အဆင်ပြေချိန် ဘယ်ချိန်မဆို သင်ခန်းစာတွေ စိတ်ကြိုက် အထပ်ထပ် လေ့လာလို့ ရပါတယ်။

သင်တန်းကို elementary level အတွက်ရယ်၊ pre-intermediate and intermediate level အတွက်ရယ် နှစ်ခု ခွဲပေးထားပါတယ်။

elementary level အတွက် English Vocabulary in Use (elementary) စာအုပ်ကို အသုံးပြုပြီး သင်ပေးပါမယ်။ သင်ခန်းစာ နမူနာတွေကို အောက်ပါ link တွေကို နှိပ်ပြီးကြည့်ရှုနိုင်ပါတယ်။
💟 The family
https://youtu.be/8sDglwvap8Y?si=hlZr9PJsIUW-RHtU
💟 Birth, marriage and death
https://youtu.be/-mMkHuZ5vKk?si=dtgf6YFciiZ9q8Jf
💟 Parts of the body
https://youtu.be/6FXYV7TNT3o?si=SOSrU5fifw0wCnE9
💟 Clothes
https://youtu.be/NGaawhjgsvc?si=cl1geQ3nhDV4DjZN

pre-intermediate and intermediate level
အတွက် English Vocabulary in Use (pre-intermediate and intermediate) စာအုပ်အသုံးပြုပြီး သင်ကြားပေးပါမယ်။ သင်ခန်းစာ နမူနာတွေကို အောက်ပါ link တွေကို နှိပ်ပြီးကြည့်ရှုနိုင်ပါတယ်။
Learning vocabulary
https://youtu.be/ma87PRHMTJ0?si=z4ZMbjO4ZUIgrWwk
Keeping a vocabulary notebook
https://youtu.be/f4NhWYHIeX8?si=r7H_pAz2YntvzSl4

elementary level အတွက် သင်တန်းကြေး သုံးသောင်းကျပ် (30000) သာ ဖြစ်ပါတယ်။

pre-intermediate to imtermediate level အတွက်သင်တန်းကြေး လေးသောင်းကျပ် (40000) သာ ဖြစ်ပါတယ်။

🌠 သင်တန်းနှစ်ခုလုံးက Telegram group ထဲမှာ video သင်ခန်းစာတွေကြည့်ပြီး လေ့လာရမှာဖြစ်တဲ့အတွက် Telegram ရှိနေသရွေ့/ account မပျက်သရွေ့ ရာသက်ပန်လေ့လာနိုင်ပါတယ်။

သင်တန်းအပ်မယ်ဆိုရင် ဒီ Link ကို နှိပ်ပြီး အပ်လို့ရပါတယ်။
t.me/SayaSithuHtetEssentialEnglish

Saya Sithu Htet

01 Nov, 13:11


Unit 10
was/were

အတိတ်ကာလအကြောင်းတွေကို ပြောဖို့အတွက် was/ were သုံးစွဲပြီး ပြောပုံ၊ ရေးပုံကို လေ့လာကြည့်ပါဦး။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/IcirbiQkEBc

Saya Sithu Htet

30 Oct, 12:44


Unit 9
I have ... and I've got

have နဲ့ have got သုံးစွဲပုံတွေကို နှိုင်းယှဉ်လေ့လာကြည့်ရအောင်နော်။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/OzA3aJNzy1o

Saya Sithu Htet

25 Oct, 12:35


Lesson 51
You seem + (adj) ပုံစံသုံးပြီး တစ်ခုခု ဖြစ်ပုံပေါ်၊ ဖြစ်ဟန်ရှိတဲ့အကြောင်း ပြောပုံကို လေ့လာကြည့်ကြစို့နော်။

https://youtu.be/NBKtu0CSTLg

Saya Sithu Htet

22 Oct, 11:53


Unit 8
I am doing (present continuous) and I do (present simple)

present continuous နဲ့ present simple အကြောင်း လေ့လာပြီးတဲ့အခါ ဒီတစ်ခါမှာတော့ အဲဒီ tense နှစ်ခုကို နှိုင်းယှဉ်ပြီး လေ့လာကြည့်ရအောင်နော်။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/SsXuMewYRyM

Saya Sithu Htet

20 Oct, 12:30


Lesson 51

You're supposed to + (verb) ပုံစံ သုံးပြီး စကားပြောတဲ့ ပုံစံလေး လေ့လာကြည့်ပါဦး။

https://youtu.be/DXyhTFfwhSU

Saya Sithu Htet

17 Oct, 12:51


Basic Writing ကို Telegram မှာ member ဝင်ပြီး လေ့လာနိုင်ပါပြီ။

Essay တွေ ရေးတာပဲ ဖြစ်ဖြစ်၊ တခြားEnglish Writing အတွက်ပဲဖြစ်ဖြစ် ဘယ်လိုတွေး၊ ဘယ်လိုရေးဆိုပြီး ပြောကြပေမဲ့ အခြေခံဝါကျတွေတောင် ဖြောင့်အောင် မရေးတတ်ရင် အဆင်မပြေဘူးလေ။

Writing က ချက်ချင်းသင်၊ ချက်ချင်းတတ်တာမဟုတ်ဘဲ အချိန်ယူရတော့ တချို့လေ့လာသူတွေက အချိန်ယူပြီး လေ့လာချင်ကြတယ်။ အချိန်မရွေး လေ့လာလို့ရတာ သဘောကျကြတယ်။ ဒါဆိုရင် Video သင်ခန်းစာတွေကို အထပ်ထပ်ကြည့်၊ ကိုယ်ရေးချင်တဲ့ပုံစံနဲ့ ချိတ်ဆက်ရေးသားလေ့ကျင့်လို့ ရရင် အဆင်အပြေဆုံးပေါ့။

ဒီ သင်တန်းမှာ video သင်ခန်းစာတွေနဲ့ စကားစု တစ်ခုချင်းစီကစပြီး ရေးတတ်အောင် စသင်ပါတယ်။ စကားစုတွေရေးတတ်ပြီဆိုရင် ဝါကျတည်ဆောက်တတ်အောင်၊ အဲဒီကနေမှ ဝါကျတွေကို ချိတ်ဆက်တတ်၊ အတွေးအစဉ်မပြတ်အောင် သုံးရတဲ့ စကားတွေသုံးတတ်အောင် သင်တာပါ။

ဒါကြောင့် အခြေခံအားနည်းတဲ့အတွက် အခြေခံကစပြီး သေချာလေ့ကျင့်ချင်သူတွေအတွက် ဒီသင်တန်းက အထူးသင့်တော်ပါတယ်။ သင်ထားသမျှ တဆင့်ချင်းစီ ကြေညက်အောင် လေ့လာ၊ လေ့ကျင့်သွားမယ်ဆိုရင် ကိုယ်ပိုင်ဝါကျတွေ သေချာရေးတတ်ပါလိမ့်မယ်။

ဒါ့အပြင် တပည့်တွေ၊ သားသမီးတွေ၊ မောင်နှမတွေကို Writing တဆင့်ပြန်သင်ပေးချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ အဆင်သင့်ပြင်ဆင်ပေးထားတဲ့ မှတ်စုတွေကို Download ယူ၊ သင်ပြထားတဲ့ Video တွေကို နမူနာကြည့်ပြီး ကိုယ့်ကျောင်းသားနဲ့ ကိုက်ညီအောင် ပြင်ဆင်သင်ပြမယ်ဆိုရင် မပင်ပန်းဘဲ အဆင်သင့်သင်ပြနိုင်မှာပါ။

ဒီလို အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးထားတဲ့ Writing သင်တန်းမှာ member ဝင်ပြီး လေ့လာချင်ရင် သင်တန်းကြေး 60,000 (ခြောက်သောင်းကျပ်) သာ သွင်းဖို့ လိုအပ်ပါတယ်။ Telegram ရှိနေသရွေ့၊ account မပျက်သရွေ့ ရာသက်ပန်လေ့လာလို့ ရပါတယ်။

ဒီ Link ကို နှိပ်ပြီး chat box ကနေ သင်တန်းအပ်လို့ ရပါတယ်ခင်ဗျာ။
t.me/SayaSithuHtetEssentialEnglish

Saya Sithu Htet

03 Oct, 08:53


Unit 7
Do you (present simple questions)

present simple နဲ့ ပတ်သက်ပြီး ရိုးရိုးဝါကျပုံစံတွေ၊ အငြင်းပုံစံတွေ ပြောခဲ့ပြီးပါပြီ။ ဒီတစ်ခါ မေးခွန်းပုံစံနဲ့ လေ့လာကြည့်ရအောင်နော်။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/aTV6qkPlPME

Saya Sithu Htet

01 Oct, 12:29


Unit 6
I don't (present simple negative)

present simple အကြောင်း နားလည်ပြီးပြီဆိုရင် ဒါကို negative ပုံစံနဲ့ တစ်ခါ လေ့လာကြည့်ရအောင်။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/6p3LHZMflUk

Saya Sithu Htet

24 Sep, 13:39


Unit 5
I do/ work/ like etc. (present simple)

ဒီတစ်ခါမှာတော့ present simple ကို လေ့လာကြည့်ရအောင်။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/JswN1mKlhSs

Saya Sithu Htet

22 Sep, 10:54


"(be) used to + noun or … -ing"

ကျွန်တော်တို့ used to + infinitive ကို အတိတ်မှာ ပုံမှန်လုပ်လေ့ရှိတာတွေအကြောင်း ပြောဖို့ ဘယ်လိုသုံးရသလဲဆိုတာကို ပြောခဲ့ပြီးပြီနော်။ ဒါဆိုရင် သူနဲ့ ပုံစံချင်းဆင်တဲ့ be + used to ကရော ဘာအတွက် သုံးတာလဲ။

ဒါကိုမပြောခင်မှာ အခြေအနေလေးတစ်ခုကို ကြည့်ရအောင်။ ကျွန်တော်တို့ အရင်တုန်းက ၂၄ နာရီအပြည့် လျှပ်စစ်မီးရတယ်။ အဲဒီလိုဖြစ်နေရာကနေ ရုတ်တရက် လူရွှင်တော်တွေပြောသလို ၂ ရက်ကို ၄ နာရီလောက်ပဲ လာတော့တဲ့အခါ မနေတတ်၊ မထိုင်တတ်ဖြစ်သွားတယ်မဟုတ်လား။ အခုတော့ မီးပြတ်ရင် သိပ်မထူးတော့ဘူး။ ဒါက ဘာဖြစ်သွားတာလဲ။ အကျင့်ဖြစ်သွားတာ၊ ကျင့်သားရသွားတာပေါ့။ ဒီလိုမျိုးသဘောနဲ့ဆိုရင် be used to သုံးနိုင်ပါတယ်။

be used to ရဲ့နောက်မှာ noun သို့မဟုတ် -ing ပုံစံ လိုက်နိုင်ပါတယ်။

be used to ရဲ့ အဓိပ္ပာယ်က used to + infinitive နဲ့ တော်တော်ကွာတယ်နော်။ be used to က ကျင့်သားရတာ၊ used to + infinitive က အရင်တုန်းက ပုံမှန်လုပ်ခဲ့ပြီး ခုမလုပ်တော့တာ။

be used to ကို အင်္ဂလိပ်လို ရှင်းပြထားတာလေး ဖတ်ကြည့်ပါဦး။

♦️ If you say that you are used to something, you mean that you know it well. You have experienced it so much that it is no longer strange to you.

be used to + noun ပုံစံလေးကို အရင် ကြည့်ရအောင်။

ဥပမာ
🔹 I’m used to London traffic – I’ve lived here for six years.
ကျွန်တော်က လန်ဒန်က ယာဉ်အသွားအလာနဲ့ ကျင့်သားရနေပါပြီ။ ဒီမှာနေလာတာ ခြောက်နှစ်ရှိပြီလေ။
🔹 At the beginning, I couldn’t understand the Londoners, because I wasn’t used to their accent.
အစတုန်းကတော့ လန်ဒန်သားတွေပြောတာ နားမလည်ဘူးခင်ဗျ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့လေသံနဲ့ အကျင့်မရသေးဘူးလေ။

♦️ be used to ရဲ့နောက်မှာ -ing ပုံစံကို သုံးနိုင်ပါတယ်။ ဒါပေမဲ့ infinitive ပုံစံကိုတော့ မသုံးနိုင်ပါဘူး။ infinitive ဆိုတာကတော့ verb တစ်ခုရဲ့အခြေခံပုံစံကို ပြောမှန်းသိတယ်နော်။ (ဥပမာ go ဆိုရင် go ပဲ။ goes, went, gone, going စတာတွေမဟုတ်ဘူး။)

ဥပမာ ကြည့်ရအောင်။
🔸 I’m used to driving in London now, but it was hard at the beginning. (NOT I’m used to drive …)
ကျွန်တော်က အခု လန်ဒန်မှာ ကားမောင်းရတာကို ကျင့်သားရနေပြီ။ ဒါပေမဲ့ အစတုန်းကတော့ ခက်တာပေါ့။
🔸 It was a long time before she was completely used to working with old people.
ကြာတော့မှပဲ သူက လူကြီးတွေနဲ့ အလုပ်လုပ်ရတာကို လုံးဝကျင့်သားရသွားတော့တယ်။

🔰 get used to က become used to လို့ အဓိပ္ပာယ်ရပါတယ်။

🔹 You’ll soon get used to living in the country.
မကြာခင်မှာ ခင်ဗျားကျေးလက်ဒေသမှာနေရတာကို ကျင့်သားရလာပါလိမ့်မယ်။

Ref: Basic English Usage

Saya Sithu Htet

20 Sep, 13:27


"used to ကို ဘယ်လိုသုံးကြမလဲ"

used to ကို သုံးစွဲတဲ့ပုံစံနှစ်မျိုးကို မြင်ရတတ်တော့ ကျွန်တော်တို့ ရောထွေးသွားတတ်တယ်။ တစ်ခုကတော့ used to ဆိုပြီး သုံးစွဲတာနဲ့ နောက်တစ်ခုကတော့ am/ is/ are တစ်ခုခုနဲ့ used to ကို ပေါင်းပြီး သုံးစွဲတာပါ။ တစ်ခုနဲ့တစ်ခု သုံးစွဲပုံလည်း မတူ၊ အဓိပ္ပာယ်လည်း မတူတော့ သေသေချာချာလေး ခွဲခြားလေ့လာကြည့်ရအောင်။

ဒီအခြေအနေလေးကို စဉ်းစားကြည့်လိုက်ပါ။

ကျွန်တော်တို့ တစ်ခုခုကို အရင်တုန်းက ပုံမှန်လုပ်တယ်။ အခုတော့ မလုပ်တော့ဘူး ဆိုပါစို့။ ဆေးလိပ်သောက်တာပဲ ဥပမာ ပေးလိုက်ရအောင်။ အရင်တုန်းက ဆေးလိပ် ပုံမှန်သောက်ဖြစ်တယ်။ အခုတော့ မသောက်တော့ဘူး။ ဒါဆို အဲဒါကို ပြောဖို့ ဘယ်လို သုံးစွဲနိုင်မလဲ။

🔸 I used to smoke, but I’ve stopped.
ကျွန်တော် ဆေးလိပ်သောက်လေ့ရှိခဲ့တယ်။ ဒါပေမဲ့ ဖြတ်လိုက်ပါပြီ။

ဒီစာကြောင်းလေးကို ကြည့်လိုက်ရင် ကျွန်တော်တို့ အတိတ်ကာလမှာ လုပ်ခဲ့တဲ့အကြောင်းကိုပဲ ပြောနေတာ တွေ့မယ်နော်။ ဒါကြောင့် used to ကို သုံးထားတယ်။ used to မှာ present ပုံစံ မရှိဘူး။ used to ကို အတိတ်ကာလအတွက်ပဲ သုံးရတယ်။

♦️ used to ကို အခုတော့ ပြီးဆုံးသွားပြီဖြစ်တဲ့ အတိတ်က အလေ့အထတွေနဲ့ အခြေအနေတွေကို ဖော်ပြဖို့ သုံးပါတယ်။

နောက်ထပ် ဥပမာလေးတစ်ခုကို ကြည့်ရအောင်။

🔸 She used to be very shy.
သူက သိပ်ပြီး ရှက်တတ်လေ့ ရှိခဲ့တယ်။

ဒါဆိုရင် အရင်တုန်းက သူသိပ်ပြီး ရှက်တတ်တယ်။ ခုတော့ မရှက်ကြောက်တော့ဘဲ ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲ ရှိလာပြီဆိုတဲ့ သဘောပေါ့။

အတိတ်တုန်းက အလေ့အထတွေကို ပြောတဲ့အခါ used to သုံးတယ်ဆိုတော့ အခု အလေ့အထကို ပြောတဲ့အခါမှာ use to ဆိုပြီး သုံးလိုက်ရမလား။ ဘယ်ဟုတ်ပါ့မလဲ။ ခုလို မှတ်ထားပါ။

To talk about present habits and states, we usually just use the simple present tense.
ပစ္စုပ္ပန် အလေ့အထတွေနဲ့ အခြေအနေတွေကို ပြောဖို့ simple present tense ကိုပဲ သုံးလေ့ရှိတယ်။

ဥပမာတွေကို ကြည့်ရအောင်။

🔸 He smokes. (NOT He uses to smoke.)
သူက ဆေးလိပ်သောက်တတ်တယ်။
🔸 Her sister is still very shy.
သူ့ရဲ့ညီမက သိပ်ပြီး ရှက်တတ်တုန်းပဲ။

used to ကို မေးခွန်းတွေ၊ အငြင်းဝါကျတွေမှာ ပုံမှန်အားဖြင့် did နဲ့ သုံးတယ်။
• Did + Subject + use to …?
• Subject + didn’t + use to …

Formal style မှာတော့ used to က modal auxiliary verb ရဲ့ ပုံစံရှိနိုင်တယ်။ ဆိုလိုတာက မေးခွန်းတွေနဲ့ အငြင်းဝါကျတွေမှာ do မသုံးဘဲ used to သုံးလို့ ရတယ်။

နှိုင်းယှဉ်လေ့လာကြည့်ရအောင်။

🔹 ကျောင်းမှာတုန်းက မင်း ဘောလုံးကစားလေ့ရှိခဲ့သလား။
Did you use to play football at school? (informal)
Used you to play football at school? (formal)
🔹 ကျွန်မက အော်ပရာတွေကို မကြိုက်ခဲ့ဘူး။ ဒါပေမဲ့ ခုတော့ ကြိုက်တယ်။
I didn’t use to like opera, but now I do. (informal)
I used not to like opera, but now I do. (formal)

ဒီတစ်ချက်ကိုတော့ မှတ်ထားပါ။
♦️ We do not use used to to say how long something took, or how often it happened.
တစ်ခုခုက ဘယ်လောက်ကြာတယ် ဒါမှမဟုတ် ဘယ်နှစ်ကြိမ်ဖြစ်ပွားတယ်ဆိုတာကို ပြောဖို့ used to မသုံးပါဘူး။

🔸 I lived in Chester for three years. (NOT I used to live in Chester for three years.)
ကျွန်တော်က ချက်စတာမှာ သုံးနှစ်ကြာအောင် နေခဲ့တယ်။
🔸 I went to France seven times. (NOT I used to go to France seven times.)
ကျွန်တော်က ပြင်သစ်ကို ခုနစ်ကြိမ်သွားခဲ့တယ်။

used to + infinitive နဲ့ be used to … ing ပုံစံက အဓိပ္ပာယ်အတော်ကွာတဲ့အတွက် ဒီနှစ်ခု ရောလို့ မရပါဘူး။ be used to … ing အကြောင်းကိုလည်း ဆက်ကြည့်ကြမယ်နော်။

Ref: Basic English Usage

Saya Sithu Htet

31 Aug, 13:10


Unit 4
Are you doing (present continuous questions)

present continuous နဲ့ ဝါကျတွေ ရေးပုံ၊ ပြောပုံကို လေ့လာပြီးတဲ့အခါ မေးခွန်းတွေ လုပ်နိုင်ဖို့ present continuous questions ကို လေ့လာကြည့်ရအောင်။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/fHHBs20PiTo?si=hIH2rS-pKggBUXLg