ကျွန်မတို့ Study Diary ရဲ့ page ကိုစောင့်ကြည့်နေကြ စာဖတ်သူလေးတွေဆိုရင် Study Diary က ပြုလုပ်ခဲ့တဲ့ “စာအုပ်အလှူခံ” “ပညာရေးကူပွန်ရောင်းချခြင်း” အစီအစဉ်တွေကို သိကြပါလိမ့်မယ်။ ဒီအလှူတွေကနေ ကျွန်မတို့လက်ခံရရှိခဲ့တဲ့ စာအုပ်၊ဂျာနယ်၊ ရွှေသွေးတေဇ တွေကိုစုပေါင်းရင်း ငွေကြေးအလှူတွေကို စာရေးကိရိယာတွေဝယ်လို့၊ Study Diary Volunteers တွေက လူအင်အားစိုက်ကာ မြန်မာနိုင်ငံတောင်ပေါ်ဒေသ တစ်နေရာမှာ စာကြည့်တိုက်လေးတစ်ခု ကို ပြုလုပ်သွားဖို့ ရှိပါတယ်ရှင်။
စာကြည့်တိုက်သာမက ဒေသတွင်းက ကျောင်းသား၃၂ယောက်စာအတွက်
- လွယ်အိတ်
- စာအုပ်
- ခဲတံ
- ပုံဆွဲစာရေးကိရိယာ
- ဖိနပ်
- ဦးနှောက်ဖွံဖြိုးရန်ကစားစရာများ ကိုပါတစ်ပါတည်း အထောက်အပံ့ကူညီဖို့စီစဉ်ထားပါတယ်။
ကျွန်မတို့ရဲ့ပညာရေးprojectတွေကို အမြဲယုံကြည်ပြီး လာရောက်ပူးပေါင်းကြတဲ့စာအုပ်အလှူရှင်တွေသာမက၊ “ကူပွန် ပရောဂျက်” မှာ “ကူပွန်မယူတော့ဘူး၊ လိုတဲ့နေရာလှူပေးပါ” ဆိုတဲ့ အလှူရှင်များကိုပါ ကျေးဇူးတင်ရှိရင်း လောလောလတ်လတ်ဝယ်ထားတဲ့ သင်ထောက်ကူ ပစ္စည်းလေးများကို မျှဝေလိုက်ပါတယ်ရှင်။ (ပုံတစ်ပုံခြင်းဆီ ထောက်ကြည့်နိုင်ပါတယ်)