The La Pyae @thelapyae_official Channel on Telegram

The La Pyae

@thelapyae_official


Get the good Stuff related to

Tech 🤖
Mindset 🧠
And all the other things I love 💛

To follow up me on other social media
Please visit https://thelapyae.com

The La Pyae (English)

Are you looking for the good stuff related to Tech, Mindset, and all the other things that the creator loves? Look no further than 'The La Pyae' Telegram channel! This channel, with the username @thelapyae_official, is the go-to place for insightful content on various topics that will pique your interest. From the latest in technology to tips on how to improve your mindset, this channel has it all

The La Pyae offers a unique blend of content that will keep you engaged and informed. Whether you are a tech enthusiast, someone looking to expand their mindset, or simply curious about the world, this channel has something for everyone. Stay up to date with the latest trends, discover new perspectives, and engage with like-minded individuals

To stay connected with 'The La Pyae' and to access even more content, be sure to visit https://thelapyae.com. Join the community today and start exploring the world of Tech, Mindset, and more with 'The La Pyae'!

The La Pyae

20 Nov, 17:31


အဆင်မပြေမှုတွေဆိုတာ
မဖိတ်ခေါ်ပဲလဲရောက်လာနိုင်တာမို့

ရောက်လာတဲ့ အဆင်မပြေမှုတွေကို

အဆင်ပြေလာတဲ့ထိ
ပြောင်းလဲအောင်လုပ်မယ်ဆိုတဲ့
စိတ်ဓာတ်လေးရှိပြီဆိုရင်

အဆင်မပြေမှုတွေလာလဲ အဆင်ပြေအောင်
နေတတ်ထိုင်တတ်သွားပါလိမ့်မယ်

@thelapyae

The La Pyae

20 Nov, 17:05


တချို့အရာတွေကသင်ပေးလို့မရဘူး

- ကြိုက်တဲ့လူပုံစံ
- Fashion taste
- စိတ်ဓာတ်အဆင့်အတန်း

ဘယ်လောက်ပဲပြောပေးပေး
မပြောင်းသွားတဲ့သူတွေဆိုတာရှိတယ်

@thelapyae

The La Pyae

20 Nov, 16:36


ရုပ်ခံကောင်းတဲ့သူတွေရဲ့
ဒုက္ခကလဲမသေးဘူးဗျ

မသိလို့ ငြိမ်နေတာတောင်
ဆရာစားချန်တယ်လို့ထင်ခံရတယ် 🤪

မသိဘူးငြင်းတာတောင်
မပြောချင်လို့လျှိုတယ်ထင်ခံရတယ် 🤪

အိမ်း ....

@thelapyae

The La Pyae

20 Nov, 13:08


ကိုယ်မရသေးတဲ့အရာတွေကို
ရနေတဲ့သူတွေ

ကိုယ်မရောက်သေးတဲ့ level ကို
ရောက်နေသူတွေကိုတွေ့ရင်

သူတို့ကိုအတုယူပြီးကြိုးစားဖို့
ကိုယ့်ကိုယ်ကိုသတိပေးပါ

အားကျဖို့မလိုသလို
စိတ်ဓာတ်ကျဖို့လဲမလိုဘူး

တူညီတဲ့မိဘကမွေးတဲ့သူတွေမှာတောင်
မတူညီတဲ့ ဘဝတွေရှိသေးတာဆိုတော့

သူစိမ်းတွေနဲ့ဆို ပိုလို့တောင်
နှိုင်းယှဉ်ပြီး စိတ်ညစ်စိတ်ကျဖြစ်မနေသင့်ဘူး

Walk your own path ✌🏻

@thelapyae

The La Pyae

20 Nov, 07:04


အားနဲချက်တွေရှိတာကိုသိပြီး
ပြင်နိုင်တဲ့သူဖြစ်ဖို့ အရေးကြီးတယ်

အားနဲချက်တွေရှိနေတာကိုကလဲ
Character ကိုစိတ်ဝင်စားဖို့ကောင်းစေတယ်

အကုန်ပြည့်စုံနေရင်ပျင်းစရာကြီး 😁

@thelapyae

The La Pyae

20 Nov, 05:26


အများကြီးမလိုဘူးကိုယ့်ကိိုယ်ကို
နေ့စဉ်အပြည့်အဝနေထိုင်သွားဖို့

သတိပေးနိုင်ရင်ကို
အရင်ထက်အများကြီးသာသွားနိုင်တယ်

@thelapyae

The La Pyae

20 Nov, 03:15


အကြမ်းဆုံး Samurai တစ်ယောက်ရဲ့
အရှင်းဆုံး ပညတ်ချက် ၂၁ ပါး

Miyamoto Musashi ဆိုတာ
ရှုံးပွဲမရှိ ရန်သူတွေကိုချေမှုန်းခဲ့တဲ့နေရာမှာ
ပြိုင်ဘက်မဲ့ ဓားသမားတစ်ယောက်ဖြစ်တယ်

သူမသေခင်မှာပိုင်ဆိုင်မှုတွေအားလုံး
စွန့်လွှတ်ပြီး တောထဲမှာသွားနေပြီး

Book of 5 ring လို့နောက်အခါမှာ
လူသိများလာတဲ့ စာကိုရေးခဲ့တဲ့

ဒါအပြင် Dokkodo ဆိုတဲ့
တစ်ယောက်တည်း နေထိုင်နည်းဆိုတဲ့
ပညတ်ချက် ၂၁ ချက်ကိုလဲရေးသားခဲ့ပါတယ်

( read in comment )

@thelapyae

The La Pyae

19 Nov, 17:27


သူလုပ်တာကြည့်ရတာ လွယ်ကူတယ်လို့
ထင်ရတဲ့အရာတွေရဲ့နောက်မှာ

နှစ်ပေါင်းများစွာသော ပေးဆပ်မှုနဲ့
ကြိုးစားမှုတွေဆိုတာရှိတယ်

ဒါကိုလူတိုင်းမသိနိုင် 🤫

@thelapyae

The La Pyae

19 Nov, 17:15


အခုရနေတဲ့ ရလဒ်တိုင်းက
ကိုယ်တချိန်က လုပ်ခဲ့ မလုပ်ခဲ့တာတွေရဲ့
ပေါင်းခြင်းရလဒ်သာဖြစ်တယ်

ရိတ်သိမ်းချိန်မှာ အများကြီးရနေဖို့ဆိုတာ
သေချာစိုက်ပျိုးခဲ့သလားပေါ်မူတည်တယ်

အခုလုပ်နေတာတွေကလဲ
နောင်တစ်ချိန်ပြန်ရိတ်သိမ်းရမှာမို့
သေချာစိုက်ပျိုးသွားဖို့လိုတယ်

@thelapyae

The La Pyae

19 Nov, 15:51


✌🏻✌🏻✌🏻

The La Pyae

19 Nov, 14:00


လူတိုင်းမှာ Devil စိတ်တွေဆိုတာရှိတယ်

- ဒေါသကြီးတာ
- လောဘကြီးတာ
- အငြိုးကြီးတာ
- နာကြည်းချက်ကြီးတာ
- အမုနိးတရားကြီးတာ
- ပျော်ချင်ပျက်ချင်စိတ်ကြီးတာတွေက

အဆိုးတွေကိုလုပ်မိဖို့ အားပေးတဲ့
Devil စိတ်တွေပဲ

အဲ့ Devil တွေနဲ့ မိတ်ဖွဲ့နိုင်သွားတဲ့အခါ
- ဒေါသကို အားထုတ်တဲ့နေရာ
- လောဘ ကို လိုချင်တာရအောင်လုပ်တဲ့နေရာ
- အငြိုးကို မခံချင်နဲ့ ကြိုးစားတဲ့နေရာ
- နာကြည်းချက်ကို ဇွဲရှိတဲ့နေရာ
- အမုန်းတရားကို ဝီရိယစိုက်တဲ့နေရာ
- ပျော်ချင်ပျက်ချင်စိတ်ကို
achievement ရအောင်လုပ်တဲ့နေရာမှာသုံးပြီး

ကိုယ့်ဘဝကို version မြှင့်တင်လို့ရတယ်

When you make friends with your devils,
you become unstoppable. 😈

@thelapyae

The La Pyae

19 Nov, 12:47


ကိုယ်တိုင် အတွေ့အကြုံကသိရင်
First hand knowledge

သူများအတွေ့အကြုံကသိရင်
Second hand knowledge

သူများပြောတာကြားဖူးလို့သိရင်
အဲ့ဒါ ကောလဟာလ အဆင့်ပဲရှိမယ်

First hand knowledge နဲ့
လူတွေကို လွှမ်းမိုးဖို့ လုံလောက်တဲ့
Knowledge မရှိတဲ့အခါ

အများစုက အငှား knowledge နဲ့
ဆရာလုပ်ကြတယ်

စာအုပ်ထဲကပါတာတွေပြောတယ်
နားထောင်ဖူးတာ မြင်ဖူးတာတွေပြောတယ်

ဒါကြောင့်အများစုက
book summaries တွေပြောရင်း
သူတို့ရဲ့ ဆရာကြီး image နဲ့ ဝင်ငွေ ကို
တည်ဆောက်တယ် 🤷🏻‍♂️

ကျနော်တို့ပိုကောင်းတဲ့ အနာဂတ်ရဖို့ဆိုရင်

တကယ်တော် တကယ်တတ်
တကယ် အတွေ့အကြုံရှိတဲ့သူတွေက

ရှေ့ထွက်ပြီး လမ်းပြ အလင်းပြ
ပညာပြ ပေးဖို့လိုတယ်

Professional များ
ရှေ့ထွက်ဖို့ဖိတ်ခေါ်ပါတယ်🙏🏻

@thelapyae

The La Pyae

19 Nov, 12:38


Second Brain ဆိုတာ
First Brain မရှိတဲ့သူတွေအတွက်တော့မလိုဘူး 😅

စဉ်းစားတဲ့ ဦးနှောက်ရှိပြီး မှတ်သားစရာတွေက
များလွန်းလို့ မေ့တတ်တဲ့အခါမှ

မမေ့သွားအောင် သိမ်းထားတဲ့အနေနဲ့
Second Brain ဆိုတာသုံးတာပါ

အရင်ဆုံး First Brain မှာ မှတ်မိနေအောင်

- မှတ်တတ်တဲ့ အကျင့်
- ချရေးတတ်တဲ့အကျင့်
- ပြန်ဖတ်လေ့ရှိမှ

Second Brain ဆိုတာ သုံးလို့အဆင်ပြေနိုင်မယ်

Second Brain ဆိုတာ ပိုတော်လာအောင်
လုပ်ပေးတဲ့ tools တစ်ခုမဟုတ်ဘူးဗျ

တော်နေတဲ့သူကို ကူညီပေးတဲ့
အထောက်အကူပြု နည်းပညာပဲ

ကျနော် free ပေးနေတဲ့
Second Brain Notion ဟာ

User ပေါင်း 10,000 ကျော်
လက်ရှိအသုံးပြုနေပါတယ်

စမ်းသုံးကြည့်ချင်တယ်ဆိုရင်
ဒီမှာရယူနိုင်ပါတယ်

https://www.notion.so/templates/second-brain-lapyae

Tutorial link ကို comment ထဲမှာယူပါ 🙏🏻

@thelapyae

The La Pyae

19 Nov, 09:05


ကိုယ်ချစ်တဲ့ မိန်းကလေးကို
မထင်မှတ်တဲ့ အချိန်မှာ

sprite တိုက်ရင်
အရမ်းပျော်တယ်ဆိုလို့

အိပ်နေတုန်းလေယာဉ်ပေါ်မှာ
နှိုးပြီး sprite တိုက်လိုက်တာ

ပြန်ပဲအိပ်သွားတယ် 😁

@thelapyae

The La Pyae

19 Nov, 07:08


အမြဲရှောင်ရမယ့်
ကြောင် ၃ ကောင်

- ဖွန် ကြောင်
- သတ္တိ ကြောင်
- လိုင်း ကြောင်

@thelapyae

The La Pyae

19 Nov, 07:07


Other :
လုပ်မယ်ဆိုရင်လဲ ရှယ်လုပ်တယ်
မလုပ်ရင်လဲ မလုပ်ဘူး

Myanmar :
လုပ်ရင်လဲ ပြီးပြီးရောပဲ
မလုပ်ရင်လဲ လုပ်လိုက်ရင်
ကောင်းမလားတွေးပြီးဘူ 🫠

@thelapyae

The La Pyae

19 Nov, 03:15


ဇ ရှိတဲ့သူဖြစ်ဖို့တော့လိုတယ်

ဇ ရှိပြီး ဇောင်းမကြွပဲ နေနိုင်ရင်

ဘဝဇတ်လမ်းက အထာကျပြီပဲ

@thelapyae

The La Pyae

19 Nov, 01:55


သင်ပြီးမှ စလုပ်မယ်ဆိုရင်တော့
ဘယ်တော့မှ အဆုံးသတ်မှာမဟုတ်ဘူး

သင်ပြီးမှလုပ်မယ်ဆိုတဲ့ project
ကို သင်နေရင်းနဲ့ စမ်းသပ်လုပ်ကြည့်

အကုန်မလုပ်တတ်သေးတဲ့အတွက်
အခက်အခဲတွေ့မှာပဲ

အဲ့အခက်အခဲကိုဖြေရှင်းတဲ့နည်းကို
ရှာဖွေပြီးသင်ယူ

ဒီလိုနည်းနဲ့သွားရင် feedback loop က
မြန်တဲ့အတွက် တိုးတက်မှုလဲမြန်တယ်

ပြီမှလုပ်မယ်ဆိုရင် မလုပ်ဖြစ်တာလဲ
ဖြစ်သွားနိုင်တယ်

@thelapyae

( Soft skill များကိုသာဆိုလိုသည် )

The La Pyae

18 Nov, 17:04


ကိုယ်မှန်ကြောင်းသက်သေပြဖို့
ဘယ်လောက်တောင် အချိန်တွေကုန်ပြီးပြီလဲ?

ကိုယ်မှန်တာတကယ်သေချာနေရင်
ငြင်းဖို့ရောတကယ်လိုလို့လား ?

သူတို့အမှန်မြင်ဖို့ရော ကိုယ့်မှာ
တာဝန်တကယ်ရှိသလား ?

ဒီမေးခွန်းတွေရဲ့ အဖြေကိုရသွားရင်
အမြင်ခြင်းပြိုင်နေတာတွေရပ်ရတာလွယ်သွားတယ်

ပျားတစ်ကောင်အနေနဲ့ ယင်ကောင်ကို
ပျားရည်ချိုတယ်ဆိုတာအတင်းရှင်းပြနေဖို့မလိုဘူးလေ

သူ့အကြိုက်နဲ့သူပေါ့ 😉

@thelapyae

The La Pyae

13 Nov, 17:19


စာဖတ်တာကောင်းပါတယ်
အသိပညာတွေရနေတယ်လို့ခံစားရစေတယ်

တိုးတက်ဖို့ငါလုပ်နေတယ်လို့
ခံစားမှုကိုပေးတယ်

ဖတ်ထားတာတွေကို စာအုပ်ထဲကနေ
ခေါင်းထဲမှာကျန်ရင် ဗဟုသုတဖြစ်လာတယ်

ဗဟုသုတကို လက်တွေ့သုံးနိုင်ရင်
ပညာရှင်ဖြစ်လာတယ်

ပညာကိုလက်ဆင့်ကမ်းနိုင်ရင်
ဆရာဖြစ်လာတယ်

ဆရာတွေကို ဆရာလုပ်လာနိုင်ရင်
ဆရာကြီးဖြစ်လာတယ်

ဆရာကြီးအရမ်းလုပ်လာရင်တော့
ရွာပြင်ကိုရောက်သွားတယ် 😅

အရေးကြီးတာ စာအုပ်ပုံထဲမှာနေတဲ့
ခေါင်းအလွတ်ကြီးနဲ့သူ မဖြစ်ဖို့လိုတယ်

@thelapyae

The La Pyae

13 Nov, 16:44


လိုတာထက်ပိုမပြောတတ်တဲ့
အကျင့်လေးမွေးဖို့လိုတယ်

ရှည်ကျောတတ်တဲ့ လျှာက
လူရာဝင်တဲ့အချိန်ကိုတိုတောင်းစေတယ်

တိုတိုနဲ့ လိုရင်းပြောတတ်ဖို့ဆိုရင်
လုပ်ရမယ့်အရာ ၅ ခု

( read in comment )

@thelapyae

The La Pyae

13 Nov, 12:16


နေ့စဉ်နေ့ရက်တိုင်းကိုဖြတ်သန်းတဲ့အခါ
ကိုယ့်ကိုယ်ကို သတိပေးတဲ့အရာ

၁၁ ခုထားထားတယ်

၁. ဘယ်သူ့ကြောင့်မှ စိတ်ဒုက္ခမခံနဲ့ မတန်ဘူး

၂. အချိန်ဆွဲမိတာ မရှိဖို့ အချိန်ကိုအရင်စီမံ

၃. အတွေးမလွန်ဖို့ သတိထား

၄. ကြိုတင်ပြင်ဆင်မှုက ပြဿနာတွေကလာတဲ့
ခေါင်းကိုက်မှုကိုသက်သာစေတယ်

၅. ပိုက်ဆံနောက်မလိုက်နဲ့ ပြဿနာတွေနောက်လိုက်

၆. ကျန်းမာဖို့ အဓိက ဦးစားပေး

၇. ကုသိုလ် ပညာ ဥစ္စာရဖို့ နေ့တိုင်းစစ်ဆေး

၈. အရသာရှိပြီး ဒုက္ခရောက်မှာတွေကိုရှောင်

၉. အနဲဆုံး လူတစ်ယောက်ကိုကူညီ

၁၀. စိတ်ကိုအရှင်းဆုံးထား စကားကိုအရှင်းဆုံးပြော

၁၁. အပေါ်က ၁၀ ခုကိုနေ့စဉ်ဖတ်ဖို့မမေ့နဲ့

@thelapyae

The La Pyae

13 Nov, 11:12


မနာတတ်တဲ့သူဖြစ်သွားရင်လဲ
မကြိုးစားကြတော့ဘူး

သုံးစားမရတဲ့ကောင်လို့ အပြောခံရရင်တောင်

သုံးစားမရတာက နာမည်သာဆိုးတာ
အနေအစားချောင်တယ်ဆိုတဲ့သူတွေကရှိတယ် 🤪

@thelapyae

The La Pyae

13 Nov, 09:40


Pressure မရှိတဲ့ life ကမတိုးတက်ဘူး

လိုအပ်ရင် ကိုယ့်ဘဝအတွက်
ဘယ်သူမှ pressure မပေးလဲ

- ကိုယ့်ကိုယ်ကို pressure ပေးနေဖို့လိုတယ်
- ကိုယ့်ကိုယ်ကို deadline တွေပေးနေဖို့လိုတယ်
- ကိုယ့်ကိုယ်ကို pursue လုပ်စရာပေးနေဖို့လိုတယ်

မဟုတ်ရင် ဘဝကြီးက ပျင်းစရာကြီး 😁

@thelapyae

The La Pyae

13 Nov, 08:17


ပိုက်ဆံအတွက် အလုပ်လုပ်တာကနေ
အလုပ်လုပ်လို့ ပိုက်ဆံရလာတဲ့သူဖြစ်ဖို့က

လောကအမြင်ပြောင်းဖို့လိုတယ်

ပြဿနာတွေဖြေရှင်းဖို့
လူတွေကိုကူညီဖို့ကိုပဲ ဦးစားပေးလိုက်ရင်

ပိုက်ဆံဆိုတာ reward အနေနဲ့ ပြန်ရလာလိမ့်မယ်

ဒါကိုသဘောမပေါက်ရင်
ပိုက်ဆံမှာပါတဲ့ ခြင်္သေ့ကြီးတွေ ဆင်ကြီးတွေက

ခြေလေးချောင်းနဲ့ပြေးနေချိန်မှာ
ကိုယ်ကခြေနှစ်ချောင်းနဲ့လိုက်နေရလိမ့်မယ်

@thelapyae

The La Pyae

13 Nov, 06:06


မည်မည်ရရ တော့ဘာမှမလုပ်ပဲ
နယ်နယ်ရရ တော့မဖြစ်နိုင်

@thelapyae

The La Pyae

13 Nov, 03:36


အကြိုက်တူ အတွေးတူ လုပ်ရပ်တူ
လောင်တာခြင်းတူနေတဲ့ လူတွေကြားမှာ

- routine မတူ
- ဖတ်တဲ့ စာတွေခြင်းမတူ
- နေထိုင်နေတဲ့ mindset ခြင်းမတူ

တဲ့သူတွေက ကွဲထွက်နေမှာတော့
အသေအချာပါပဲ

Quit being normal , normal is boring

@thelapyae

The La Pyae

12 Nov, 17:13


တစ်ယောက်တည်းနေဖို့မလိုပေမယ့်
တစ်ယောက်တည်းနေနိုင်ဖို့လိုတယ်

ကိုယ့်ရဲတက်လမ်း ကိုယ့်ရဲ့ပျော်ရွှင်မှု
ကိုယ့်ရဲ့ခံစားချက်တွေက

တစ်ခြားသူတွေရဲ့ အထင်တွေ
အမြင်တွေ ဝေဖန်မှု အားပေးမှုတွေပေါ်မှာ
မမူတည်ပဲနေနိုင်ပြီဆိုရင်

သင်ဟာ next level ရောက်ဖို့
အသင့်ဖြစ်နေသူဖြစ်လာပြီလို့ဆိုနိုင်တယ်

အဖော်မက်နေရင်တော့ …….
အပေါ်တက်နိုင်မည်မဟုတ်

@thelapyae

The La Pyae

12 Nov, 16:17


လူတွေမျက်ကွယ်ပြုလို့မရအောင်
တော်နေချင်ရင် ၁၈၂၅ ရက်ပဲလိုတယ်

၁၈၂၅ ရက် လုပ်နိုင်သူတွေပဲ
Top 1% ထဲကိုရောက်တာ

အဲ့ ၁၈၂၅ ရက်မစခင်
လုပ်ရမယ့်အရာ ၅ ခုရှိတယ်

( read more in comment )

@thelapyae

The La Pyae

12 Nov, 13:37


လူတိုင်းမသိတာတွေသိပြီး
လူတိုင်းမတတ်တာတွေတတ်ရင်

လူတိုင်းဝင်ခွင့်မရတဲ့ အခန်းတွေကိုဝင်လို့ရပြီး
လူတိုငိးမရနိုင်တဲ့ အခွင့်အရေးနဲ့ ဝင်ငွေတွေရမယ်

လူအတော်အများက ရလဒ်ကိုပဲလိုချင်ရတယ်
ကြိုးစားမှု ပေးဆပ်မှု ဆုံးရှုံးမှုတွေကိုတော့
မလုပ်ချင် မလိုချင်ကြဘူး

လောကမှာ ဘယ်အရာမှ အလကားမရဘူးမိတ်ဆွေ

@thelapyae

The La Pyae

12 Nov, 13:01


ကိုယ်တိုင်က pro မဟုတ်ရင်
Pro တွေရဲ့ ပညာကိုတန်ဖိုးမထားတတ်ဘူး

"ဒါလေးများပိုက်ဆံအကုန်ခံလို့ကွာ" လို့
ပြောရင်ကြည့်လိုက် ဆေးမြီးတိုဆရာကြီးတွေပဲ 😝

ပြီးပြီးရောလုပ်တတ်တဲ့ အကျင့်နဲ့
ဖြစ်သလိုလုပ်နေသ၍ pro ဖြစ်ဖို့လမ်းမရှိ

@thelapyae

The La Pyae

12 Nov, 11:22


အကောင်းဆုံးဆေး
→ အစားအသောက်

အကောင်းဆုံး therapy
→ ချစ်ရတဲ့လူတွေနဲ့ အတူတူပျော်တဲ့အချိန်

အကောင်းဆုံး productivity app
→ airplane mode

အကောင်းဆုံး exercise
→ လမ်းလျှောက်ခြင်း

အကောင်းဆုံး အနားယူမှု
→ အိပ်ရေးဝအောင်အိပ်ခြင်း

အကောင်းဆုံး mindfulness
→ သေရဦးမယ်ဆိုတာသတိရခြင်း

@thelapyae

The La Pyae

12 Nov, 09:48


Google ရဲ့ gemini app ဟာ
Standalone app အနေနဲ့ ios အတွက်
ထွက်လာပါပြီိ ( US Store မှာတော့ မရသေးပါ )

စမ်းရင်းကလိရင်းနဲ့ one word answer
Prompt လေးလဲမျှဝေပေးလိုက်ပါတယ် 😬

တိကျချက်ငတော့ကမ်းကုန်ပဲ 😬

မေးခွန်းတွေမေးကြည့်ပြီး
အဖြေတွေ ပြန်လာ share အုံး 😬


@thelapyae

The La Pyae

12 Nov, 08:45


Nvidia ရဲ့ CEO Jensen Huang ရဲ့
လူသိနဲတဲ့ အချက်တစ်ခုက

သူကနာရီလုံးဝမဝတ်ဘူး
ဘာလို့လဲဆိုတော့

အခုလက်ရှိအချိန်ကိုပဲ
သေချာအာရုံစိုက်မိပြီး

လုပ်နေတဲ့အလုပ်ပေါ်မှာပဲ
အာရုံစိုက်ချင်တာတဲ့

ပြီးတော့ Nvidia မှာ
long term plan မရှိဘူးတဲ့ဗျာ

သူတို့အတွက် long term ဆိုတာ

ဒီနေတစ်နေ့တာမှာ
ငါတို့ဘာလုပ်ကြမလဲဆိုတဲ့

အပေါ်မှာသာမူတည်ပြီး
နောက်နေ့အတွက်ကို
ကြိုမတွေးပါဘူးတဲ့ခင်ဗျာ

မှတ်သားစရာ mindset တစ်ခုပါပဲ 🙏🏻

@thelapyae

The La Pyae

12 Nov, 06:39


ပိုက်ဆံရှာနေရတာက
ပိုက်ဆံရှာဖို့မလိုတဲ့ အခြေအနေရောက်ဖို့

တရားထိုင်နေတာက
တရားထိုင်ဖို့မလိုပဲ အေးချမ်းတဲ့
အခြေအနေရောက်ဖို့

ကြိုးစားနေတာက
ကြိုးစားဖို့ မလိုတဲ့ အခြေအနေရောက်ဖို့

ဒါကိုသဘောပေါက်သွားရင်

- အလုပ်အများကြီးလုပ်တာ
- တရားအကြာကြီးထိုင်တာ
- အရမ်းကြိုးစားနေတာက

ဂုဏ်ယူစရာ ပြိုင်စရာမဟုတ်ဘူး
ဂုဏ်ဆာစရာမဟုတ်ဘူး

အဲ့အခြေအနေကိုရောက်သွားမှ
ဂုဏ်ယူရတယ်ဆိုတာ
သဘောပေါက်သွားလိမ့်မယ်

( Not everyone will understand,
Only for legends )

@thelapyae

The La Pyae

11 Nov, 16:41


လုပ်ငန်းခွင်ဝင်လို့ လူတွေနဲ့အလုပ်လုပ်ရရင်
လျှာထက်စိတ် ရှည်ဖို့အရေးကြီးတယ်

မဟုတ်ရင် office politics တွေနဲ့
Mind game တွေကြားမှာ ညပ်ပြီး
ဒုက္ခရောက်သွားနိုင်တယ်

@thelapyae

The La Pyae

11 Nov, 14:52


ကိုယ့်ကိုယ်ကို စည်းကမ်းတင်းကျပ်ပြီး

ကိုယ့်ကိုယ်ကို စိတ်ရှည်တဲ့ သူနဲ့ သွားပြိုင်ရင်

သင်ရှုံးဖို့များတယ်

@thelapyae

The La Pyae

11 Nov, 13:54


Long term ကိုကြိုတွေးပြီး
လောင်နေလို့တော့မဖြစ်

@thelapyae

The La Pyae

11 Nov, 11:04


နားမလည်ခင်အထိ
သင်ထားတာအားလုံးက
မှတ်နေတာသာဖြစ်တယ်

အသုံးမချခင်အထိ
သင်ထားတာအားလုံးက
စကားလုံးတွေအဆင့်မှာပဲရှိတယ်

အသုံးလဲချတတ်ပြီး
နားလည်သဘောပေါက်မှာ
ပညာအဆင့်ကိုရောက်တယ်

@thelapyae

The La Pyae

11 Nov, 06:46


ဆရာတွေရှိတာကောင်းတယ်
နည်းလမ်းတွေသင်ယူလို့ရတယ်

ဆရာရဲ့နည်းလမ်းနဲ့တော့
ဆရာထက်တော်ဖို့မဖြစ်နိုင်ဘူး

ဆရာဆိုတာလဲ သူတွေ့ကြုံဖူးတဲ့
သူ့ဘဝတစ်ခုနဲ့ လေ့လာဖူးတာတွေက
ရရှိထားတဲ့ ဗဟုသုတလောက်သာသိနိုင်မယ်

ဆရာတွေသိတာမှာလဲ limit ရှိသလို
နည်းတိုင်းကလဲ ကိုယ်နဲ့ကိုက်ချင်မှကိုက်မယ်

ကိုယ့်အတွက် အမှန်တရားနဲ့
အလုပ်ဖြစ်တဲ့နည်းဆိုတာ

ကိုယ်တိုင် experiment
လုပ်ကြည့်မှပဲရနိုင်တယ်

Inspire ယူပြီး experiment လုပ်နိုင်မှ
ပိုတော် ပိုတတ်တဲ့သူဖြစ်လာနိုင်မယ်

@thelapyae

The La Pyae

11 Nov, 05:22


အများစုက ဖြစ်သလိုနေတယ်
ဖြစ်ချင်တာဖြစ်ဆိုပြီးနေတယ်

အဆင်ပြေသွားမှာပါဆိုတဲ့
စိတ်နဲ့နေကြတယ်

တကယ်တော့ ပြဿနာရှင်းဖို့ဆိုတာ
အရင်ဆုံး diagnose လုပ်ဖို့လိုတယ်

ရလာတဲ့ result တွေနဲ့
ပြုပြင်ပြောင်းလဲဖို့လိုတယ်

ပြန်လည်သုံးသပ်မှုမလုပ်ရင်
ဘဝကြီးက အဝိုင်းလည်နေဦးမှာပဲ

@thelapyae

The La Pyae

11 Nov, 03:45


Running shoe ကပြေးတာကို
သက်သောင့်သက်သာဖြစ်အောင်တော့
ကူညီပေးနိုင်တယ်

ဒါပေမယ့်
ကိုယ့်အစားတော့ပြေးမပေးနိုင်ဘူး

Tools and Techniques တွေဆိုတာ
ဇတ်ပို့တွေကြီးပဲဗျ

တော်တော်များများလူတွေက
- အားကစားလုပ်နည်းတွေ
- Productivity hack တွေ
- Planner တွေ
- Notion template တွေ ကိုစုထားကြတယ်

အားလုံးက ကိုယ်တကယ်အသုံးချပြီး
လုပ်မှ တကယ်အလုပ်ဖြစ်တာပါ

ဝယ်ယူ သိမ်းဆည်းထားတာနဲ့တော့
Result တွေမထွက်လာနိုင်ပါ

Planner စာအုပ်ကြီးနဲ့
ပရမ်းပတာဖြစ်နေသူတွေမှအများကြီး 😅

Hack တွေအကုန်သိပြီး
တကယ်မလုပ်သူတွေအများကြီး

Notion Template တွေစုထားပြီး
နောက်မှဆိုပြီး သိမ်းထားသူတွေအများကြီး

အရေးကြီးတာ tools တွေကိုသုံးပြီး
တကယ်လုပ်ဖြစ်ဖို့ပဲ

@thelapyae

The La Pyae

11 Nov, 03:19


ရလာတဲ့ information အသစ် ပညာအသစ် နည်းစနစ်အသစ်တွေပေါ်မူတည်ပြီး

ပြောင်းလွယ်ပြင်လွယ်ရှိတဲ့သူတွေက
Result ကိုမြန်မြန်မြင်ရလေ့ရှိတယ်

လေ့လာမှုတွေတော့လုပ်ပြီး
ပြောင်းလဲမှုမရှိရင် ဒါဟာအပန်းဖြေခြင်းသာဖြစ်တယ်

@thelapyae

The La Pyae

11 Nov, 01:47


လူတော်တော်များများကသူတို့

- manipulate လုပ်လို့မရရင်
- control လုပ်လို့မရရင်
- ခြယ်လှယ်လို့မရရင်
- ဖြဲခြောက်လို့မရရင်
- မက်လုံးပေးပြီးခိုင်းလို့မရရင်
- ဝင်ရောလို့မရရင်
- အထင်ကြီးအောင်လုပ်မရရင်

အဲ့လိုလူကို "မကောင်း" ပြောတာ
ဒါသဘာဝပါပဲ 🫰🏻

@thelapyae

The La Pyae

10 Nov, 17:04


တကူးတကပြောပြနေရင်လဲ
လူကောင်းမဖြစ်နိုင် 😅

@thelapyae

The La Pyae

10 Nov, 15:34


Manifest Guru - ဘာပဲလိုချင်လိုချင်
manifest လုပ်လို့ရတယ်

Me - အခုလက်ရှိအရပ်ထက် ၃ လက်မရှည်လာအောင်လုပ်ပြရင် သင်တန်းလာတက်မယ် ရလား?

Me - ရလားလို့ ?

Me - ရလားလို့ ?

( အဖြေပြန်မရတော့ပါ 🤪 )

@thelapyae

The La Pyae

10 Nov, 15:11


တစ်ကောင်တည်းလဲ ကျားဆိုတော့

အထင်တွေကြီးနေတာ

ဘာကျားလဲမေးတော့ ဖွတ်ကျားတဲ့ 🤪

ပညာတွေလဲရပါတယ် 🤪

@thelapyae

The La Pyae

10 Nov, 10:40


ဘယ်အရာမှ ကိုယ်မပိုင်ဘူး
ပိုင်ဆိုင်ထားတဲ့ ပစ္စည်းမှန်သမျှဟာ

ငွေနဲ့ခဏလဲပြီးသုံးခွင့်ရနေတာကြီးပဲ
ဒီသဘောကိုနားလည်သွားရင်

ဘယ်အရာကိုမှဆုံးရှုံးတယ်လို့
မခံစားရတော့ဘူး

အချိန်ပြည့်သွားရင်
ပြန်အပ်လိုက်ရတဲ့သဘောပါပဲ

Detachment is key to happiness

@thelapyae

The La Pyae

10 Nov, 09:26


ကျနော်တို့အားလုံးက
ကျနော်တို့လုပ်ခဲ့တဲ့ ရွေးချယ်မှုရဲ့
ပေါင်းခြင်းရလဒ်ပဲဗျ

သွားမယ် မသွားဘူး
လုပ်မယ် မလုပ်ဘူး

စားမယ်မစားဘူး
သောက်မယ် မသောက်ဘူး

ချစ်မယ် မချစ်ဘူး
မုန်းမယ် မမုန်းဘူး

စိတ်တိုမယ် မတိုဘူး
ခွင့်လွှတ်မယ် မလွှတ်ဘူး

စွန့်စားမယ် မစွန့်စားဘူး
အခုလုပ်မယ် နောက်မှလုပ်မယ်

စသည်ဖြင့် ရွေးချယ်ခဲ့တဲ့
ရွေးချယ်မှုတွေကသာ

ကျနော်တို့ ဘဝကိုပုံဖော်သွားတာမို့
ကောင်းသောရွေးချယ်မှုလုပ်နိုင်ဖို့က
အရမ်းအရေးကြီးတယိ 🤘🏻

@thelapyae

The La Pyae

10 Nov, 04:04


ကိုယ့်ဟာကိုယ် အကျောတင်းတဲ့ကောင်လို့
အစကတော့မထင်ဘူးဗျ

ခပ်အေးအေးနေတယ်
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်တယ်

သွားအနှိပ်ခံတော့မှ အနှိပ်ဆရာက
ခင်ဗျာတော်တော် အကျောတင်းတာပဲ

ကျနော့်လက်တွေတောင်ညောင်းပြီး
ချွေးပါထွက်တယ်ဆိုမှ

ကိုယ့်ကိုယ်ကို
အကျောတင်းတဲ့ကောင်မှန်းသိတော့တယ် 😝

@thelapyae

The La Pyae

10 Nov, 02:24


Sunday ဆိုတာ သုံးတတ်ရင်
တည်ဆောက်တဲ့နေ့အဖြစ်သုံးလို့တယ်

- ပျော်ရွှင်မှုတည်ဆောက်မလား
- ပညာအသစ်တွေတည်ဆောက်မလား
- ခိုင်မာတဲ့ နားလည်မှုတွေတည်ဆောက်မလား
- ထိန်းချုပ်မှုရှိတဲ့စိတ်ကိုတည်ဆောက်မလား

ဆိုတာတော့ ကိုယ့်ရဲ့ရွေးချယ်မှုသာဖြစ်တယ်

@thelapyae

The La Pyae

09 Nov, 16:50


ပျော်ရွှင်မှုကို online မှာ
ရှာရတာကတော့လွယ်ပါတယ်

ဘာလာမယ်မှန်းမသိတာတွေကို
လျောက်ကြည့်ရင်းနဲ့ အပျင်းဖြေတယ်ပေါ့

ဒါပေမယ့် technology ပစ္စည်းတွေ
တစ်ခုမီ အကူအညီမပါပဲ ပျော်တတ်သေးရဲ့လား?

ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ
ဖုန်းကို ခန္ဓာအစိတ်အပိုင်းတစ်ခုလို
သတ်မှတ်ပြီး အသုံးပြုနေရာက

တကယ့် reality မှာ သိပ်မနေဖြစ်တော့တဲ့
Information zombie တွေဖြစ်နေမယ်

@thelapyae

The La Pyae

09 Nov, 12:43


အလကားလူမဖြစ်ချင်ရင်

@thelapyae

The La Pyae

09 Nov, 09:43


ပျော်ရွှင်မှုကို ပိုက်ဆံနဲ့
ပေးဝယ်လို့မရဘူးလို့ပြောကြတယ်

ဒါပေမယ့်
- ကျန်းမာရေးစောင့်ရှောက်မှု
- လုံခြုံတဲ့ အိမ်နေရာ
- အပန်းဖြေခရီိး
- အသိပညာတိုးပွားဖို့သင်တန်း
- အခွင့်အလမ်းတွေ

ဒါတွေကတော့ ဝယ်ယူလို့ရတယ်
အဲ့ဒီအရာတွေကနေ ပျော်ရွှင်မှုရဖို့

လမ်းသွယ်တစ်ခုပေါ်လာစေတယ်

@thelapyae

The La Pyae

09 Nov, 08:51


လုပ်သင့်တာတွေကို လုပ်ဖြစ်အောင်
ခိုင်းစေနိုင်တဲ့ mental strength ရှိဖို့ အရေးကြီးတယ်

တော်တော်များများလူတွေက
ဘာလုပ်သင့်တယ်ဆိုတာကိုသိကြတယ်

လုပ်ချင်စိတ်ပဲမရှိကြတာ 😅

Mental Strength ကောင်းလာဖို့
ဘာလုပ်ရမလဲမေးရင်

နေ့စဉ်နေတိုင်း ခက်တာတွေကို
နဲနဲစီပိုလုပ်သွားပါ

သရဲကြောက်လို့ သရဲကား
နေ့တိုင်းကြည့်သလိုပေါ့

တဖြေးဖြေးနဲ့ အကွက်တွေသိလာရင်
သိပ်မကြောက်ရတော့ဘူး 🙌🏻

@thelapyae

The La Pyae

08 Nov, 12:21


ခုဏက link ကမှားနေလို့ပါ
ပြန်ပြင်လိုက်ပါပြီ 😁

မနက်ဖြန်စပါမယ် 🙏

https://t.me/moonbasehq/216

The La Pyae

08 Nov, 11:11


လိုချင်တာတွေများနေရင်
လောဘလျော့ရမယ်လို့သိတဲ့သူ

စိတ်တိုစရာတွေတွေ့လာရင်
ဒေါသလျော့ရမယ်လို့သိတဲ့သူ

တွေပူမိနေတာတွေများလာရင်
မောဟလျော့ရမယ်လို့သိတဲ့သူ

စားချင်တာတွေများရင်
ခါးပတ်နဲနဲလျော့ရမယ်လို့သိတဲ့သူတွေပဲ

အေးချမ်းကြတာပါ 😝

@thelapyae

The La Pyae

08 Nov, 06:11


လူတွေရဲ့ အကြောင်းသိချင်ရင်

- သူတို့ပေါင်းတဲ့သူငယ်ချင်းတွေ
- အခက်အခဲကို handle လုပ်ပုံတွေ
- အောင်မြင်မှုကို ခံယူပုံတွေ
- ငွေကြေးနဲ့ အချိန်စီမံမှုတွေ
- တွဲနေတဲ့ partner ရဲ့တိုးတက်မှုတွေ

ကိုလေ့လာကြည့်ပါ 👀

@thelapyae

The La Pyae

08 Nov, 03:05


တချို့တွေရဲ့ motivation တွေက
ဘီစကွတ်ရေစွတ်ထားသလိုပဲ

ကြာကြာမခံဘူး ပျော့ကျသွားရော 🫠🤪

@thelapyae

The La Pyae

07 Nov, 16:30


အကြံတွေကတော့ပေါပါတယ်
အမြတ်ကျန်အောင်လုပ်တဲ့သူကတော့ရှားတယ်

@thelapyae

The La Pyae

07 Nov, 14:46


ကိုယ့်အသုံးမကျမှုတွေအတွက်
သူများတွေကို blame ရတာအားမရရင်

ဖုန်းရွှေပညာသင်ပါ ဒါဆို
အိမ်မှာရှိတဲ့ခုံတွေ မှန်တွေ
အိမ်ထောင်ပရိဘောဂတွေကို
Blame လို့ရသွားတာပေါ့ 🤪

မင်းတို့ မနေတတ်မထိုင်တတ်လို့
ငါမတိုးတက်တာတို့ဘာတို့ 🤪

@thelapyae

The La Pyae

07 Nov, 12:27


မြန်မာနိုင်ငံမှာ Social media တွေကို kpay ဖွင့်သလို ဖုန်းနံပတ်ရော မှတ်ပုံတင်ရော မျက်နှာပါ verify လုပ်ပြီးမှသာသုံးရမယ်ဆိုရင် သိပ်ကောင်းမယ်

မဟုတ်တာလုပ်တဲ့သူနဲ့ ဟုတ်တာလုပ်တဲ့သူလဲကွဲသလို

ကိုယ်ပြောလိုက် လုပ်လိုက်တာတွေအတွက်နောက်ဆက်တွဲကိုပါခံရမယ်ဆိုရင်

ပေါက်ကရတွေ ပွဲတွေနဲပြီး
ပိုအကျိုးရှိနိုင်မယ်ထင်တယ်

What do you think ? 🤔

@thelapyae

The La Pyae

07 Nov, 12:13


စားတဲ့ အစားအသောက်က
ခန္ဓာကိုယ်ကို ပုံသွင်းတယ်

ဖတ်တဲ့ စာတွေက
အတွေးအခေါ်ကို ပုံသွင်းတယ်

ပေါင်းနေတဲ့ အပေါင်းအသင်းက
စိတ်ဓာတ်တွေကို ပုံသွင်းတယ်

နေ့စဉ်လုပ်နေတဲ့ အလုပ်တွေက
အနာဂတ်ကို ပုံသွင်းတယ်

ကျင့်ကြံနေတဲ့ အကျင့်တွေက
သံသရာကို ပုံသွင်းတယ်

ကိုယ့်ဘဝကို ကိုယ် control ရှိချင်ရင်
ဒီအရာတွေကို control ရှိနေဖို့လိုတယ်

@thelapyae

The La Pyae

07 Nov, 10:20


Skill မရှိတဲ့သူရဲ့ဘဝက ဦးတည်ရာမဲ့တယ်
ဒါကြောင့် skill တစ်ခုခုတတ်အောင်သင်ဖို့လိုတယ်

ကိုယ်တိုင်တတ်တဲ့ skill မရှိရင်
သူများလုပ်တာတွေအကုန်လိုက်လုပ်ကြည့်ချင်
စိတ်တွေဖြစ်နေရင်း အချိန်ကုန်နေမယ်

Skill တစ်ခုခုကို တတ်မြောက်ကျွမ်းကျင်အောင်
သင်ယူခြင်းက ဦးနှောက်ရဲ့ဖွဲ့စည်းပုံကိုပါ
ပြောင်းလဲသွားစေတယ်

အတွေးအခေါ်ပြောင်းလာစေတယ်
အမြင်သစ်တွေရလာစေတယ်

ဒါကြောင့်ဒီတိုင်းမနေပါနဲ့ skill တစ်ခုခု
တတ်မြောက်အောင်သင်ယူပါ 🙌🏻

@thelapyae

The La Pyae

07 Nov, 08:51


ကျနော်အသက် ၃၂ နှစ်ရှိပြီ

၁၁ နှစ်မှာ basketball ကိုစတွေ့ခဲ့တယ်
Train လုပ်တာမှန်ရင်ပိုတော်တယ်ဆိုတာသိခဲ့တယ်

၁၆ နှစ်မှာ cooperate လောကကိုတွေ့ခဲ့တယ်
တော်တဲ့သူတွေကိုစုပေါင်းအောင်လုပ်နိုင်ရင်
စီးပွား လုပ်လို့ရတယ်ဆိုတာသိခဲ့တယ်

၁၈ နှစ်မှာ technician ​လောကကိုတွေ့ခဲ့တယ်
ပညာဆိုတာရှိရင် ပိုက်ဆံဆိုတာရှာလိုရတယ်ဆိုတာ
သဘောပေါက်ခဲ့တယ်

၂၂ နှစ် ဗုဒ္ဓ philosophy ကိုစတွေ့ခဲ့တယ်
စိတ်ကို management လုပ်နိုင်ရင်
အရာခပ်သိမ်းအဆင်ပြေနိုင်တယ်ဆိုတာ
သဘောပေါက်ခဲ့တယ်

၂၅ နှစ်မှာ charity လောကကိုစတွေ့ခဲ့တယ်
ကိုယ့်လောက် ကံတရားမျက်နှာသာမပေးတဲ့
သူတွေဆိုတာရှိတယ် ဒီလူတွေကိုဝေမျှရမယ်
ဆိုတာသဘောပေါက်ခဲ့တယ်

၂၈ နှစ်မှာ stoicism ဆိုတာစတွေ့ခဲ့တယ်
ထိန်းချုပ်လို့မရတာတွေကိုရင်ဆိုင်နည်းနဲ့
လူတစ်ယောက်ရဲ့တန်ဘိုးအကြောင်းနားလာခဲ့တယ်

အသက် ၃၀ မှာ public speaking နဲ့
writingကိုတွေ့ခဲ့တယ် Idea တွေဆိုတာ
ဝေမျှနေရင်းနဲ့ တိုးပွားလာတယ်
ဆိုတာသဘောပေါက်ခဲ့တယ်

သိတာတွေ သဘောပေါက်တာတွေ
ပိုများလာတာနဲ့အမျှ

ကိုယ့်ဘဝနေထိုင်မှု quality က
ပိုပိုကောင်းလာတယ်

Internal ထဲမှာဖြစ်နေတဲ့ အစိုင်အခဲတွေ
ပြိုကျသွားပြ်ိးတော့

External လောကကြီးထဲမှာ ရိုးရှင်းစွာ
နေထိုင်တတ်လာတယ်

You get better by doing more ✌🏻

@thelapyae

The La Pyae

07 Nov, 08:27


အောက်ဆုံးထိရောက်သွားချိန်တွေမှာ
လူတွေအကြောင်းကောင်းကောင်းပိုသိရတယ်

လက်တွဲခေါ်တဲ့သူကနဲတယ်
အပြစ်ပြောမယ့်သူကများတယ်

ခင်တယ်လို့ထင်ရပေမယ့်ကွယ်ရာမှာ
"ငါပြောသားပဲ" ဆိုတဲ့သူတွေပေါတယ်

ကူဖော်ရမလားလို့အဆင်ပြေနေတဲ့သူတွေကို
မော့ကြည့်လိုက်တော့ မှန်တံတားအောက်က
အပေါ်မော့ကြည့်ရသလိုပဲ ဖင်ခေါင်းပဲမြင်ရတယ် 🫠

ကြိုးစားမှရမယ်
ကိုယ့်ကိုတကယ်ကယ်မယ့်သူက ကိုယ်ပဲရှိတယ်

@thelapyae

The La Pyae

07 Nov, 07:09


အရေးကြီးတာနဲ့ မကြီးတာကို
ခွဲတတ်ဖို့နဲ့ ဦးစားပေးတတ်ဖို့အရေးကြီးတယ်

ပိုတော် ပိုတတ် ပိုချမ်းသာ ပိုအေးချမ်းတဲ့
သူတွေကိုလေ့လာကြည့်တဲ့အခါ

- ကိစ္စတစ်ခုနဲ့ တစ်ခုကို အကန့်ခွဲထားနိုင်တယ်

- ကိစ္စတိုင်းကိုလိုအပ်သလောက်ပဲ အချိန်ပေးတယ်

- ပြဿနာတစ်ခုကလာတဲ့ဖိအားကို
နောက်ပြဿနာစီသယ်မလာဘူး

- စိုက်ထုတ်လိုက်တဲ့အားထက်
ပိုကြီးတဲ့ရလဒ်ရမယ့် အလုပ်တွေပေါ်မှာ
အချိန်နဲ့ အင်အားသုံးတယ်

Learn from the best 👌🏻

@thelapyae

The La Pyae

07 Nov, 05:39


မရှိတာကိုမသိရလို့ အဆင်ပြေနေတဲ့
အရာတွေကို marketing ကြောင့်

သိလာရတဲ့အခါ အလိုမကျမှုကတိုးလာတယ် 😅

ဒါကို Marketing Virus ကိုက်တယ်လို့ခေါ်တယ်

ဥပမာ - ယောကျ်ားလေးတိုင်းမှာ
နာရီကောင်းကောင်းတစ်လုံးတော့ရှိသင့်တယ်
ဒါကအချိန်လေးစားမှုကိုပြတယ်
ဒါကြောင့် ဒီနာရီလေးကို ရွေးချယ်လိုက်ပါ
ဘယ်နေ့ကနေ ဘယ်နေ့အတွင်းဝယ်ရင်
ဘယ်လောက် discount ပေးတယ်

နာရီက ဖုန်းမှာလဲကြည့်ရတယ်
ကားထဲမှာလဲပါတယ်

ရုံးသွားရင်လဲရုံးမှာရှိတယ်
အိမ်မှာလဲနံရံကပ်နာရီနဲ့

အစကတော့ လိုတယ်မထင်ဘူး
ဒါပေမယ့် "ယောကျ်ားလေးတိုင်းမှာရှိသင့်တယ်"
ဆိုတဲ့ Marketer ရဲ့ စကားကိုယုံလိုက်မိရင်

မရှိခြင်းကို အလိုမကျနေတော့ဘူး 😁

ဒီလိုမျိုး Marketing Virus ကိုက်လို့
လိုချင်နေတဲ့အရာတွေ ဝယ်မိထားတာတွေ
ဘယ်လောက်တောင်ရှိနေပြီလဲ ?

ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်ကြည့်ပါ 🫰🏻
ဝယ်ပြီးအသုံးတည့်ရင်တော့ကောင်းတယ်
ဝယ်ပြီး အသုံးမတည့်ရင်တော့ waste ပါပဲ

မကြာခင် Black Friday တွေ 11.11 တွေ
New Year Sale တွေကလာတော့မှာဆိုတော့
ကိုယ့်ကိုယ်ကိုလဲ သတိပေးရင်း .... 😅

@thelapyae

The La Pyae

07 Nov, 03:42


လူတိုင်းမှာ ကိုယ်နဲ့မတူတဲ့
လောကအမြင်ရှိတယ်ဆိုတာသိပြီး

မတူတဲ့ အမြင်ရှိတဲ့သူတွေကို
မနှိမ်ဘူး မတိုက်ခိုက်ဘူးဆိုရင်

သင်ဟာ ပညာလဲရှိပြီး
အေးချမ်းမှုလဲရနေသူဖြစ်နေလောက်ပြီ

@thelapyae

The La Pyae

06 Nov, 17:02


ကိုယ်ဘာဖြစ်နေလဲ သိဖို့
Self awareness ကောင်းဖို့လိုတယ်

ကိုယ်ဘာဖြစ်ချင်လဲ သိဖို့
Reflection လုပ်နိုင်ဖို့လိုတယ်

ကိုယ်ဖြစ်ချင်တာကို ရဖို့ကြိုးစားတဲ့ အခါ
Consistency ရှိဖို့လိုတယ်

များများကိုယ့်ကိုယ်ကိုသိဖို့ကြိုးစားနိုင်လေလေ
ပိုတိုးတက်မှုရှိလေလေပဲ

@thelapyae

The La Pyae

06 Nov, 15:59


ဘာဖတ်ရမလဲ လိုက်မေးတဲ့သူက
စာဖတ်ဖို့ ဒီလောက်စိတ်မပါကြဘူး

ဘာစီးပွားရေးလုပ်ရင်ကောင်းမလဲ
လိုက်မေးတဲ့သူက စီးပွားရေးသမားမဟုတ်ဘူး

တကယ်စိတ်ဝင်စားရင် ဘယ်သူမှ
လိုက်ပြီးမမေးတော့ဘူး ကိုယ်တိုင်လိုက်ရှာပြီး

ကိုယ့်လမ်းကိုယ်ဖောက် ပြီး
ကိုယ့်လမ်းကိုယ်လျှောက်ကြတယ်

@thelapyae

The La Pyae

06 Nov, 14:02


တချို့ ပညာတွေက စာအုပ်ထဲမှာမရှိဘူး
( sad but true )

စာအုပ်ထဲကိုရောက်သွားတဲ့ ပညာဆိုတာ
ရေးထည့်ပေးတဲ့သူကရှိဦးမှ

လက်တွေ့လုပ်ပြီး ရေးထည့်တဲ့သူမရှိလို့
စာအုပ်ထဲမရောက်နေတဲ့ ပညာတွေအများကြီး

တချို့ကလဲ ကိုယ်တိုင်တော့သိတယ်
ပြန်မရှင်းပြတတ် မတင်ပြတတ်လို့
စာအုပ်ထဲမရောက်သွားကြဘူး

လက်တွေ့လုပ်မှ တကယ်သိရတာတွေဆိုတာ
နယ်ပယ်တိုင်းမှာရှိတယ်

စာတွေ့နဲ့တင် ပြည့်စုံပြီလို့မှတ်လို့မရ
လက်တွေ့ကနေ လဲပညာယူဖို့လိုတယ် 🫰🏻

@thelapyae

The La Pyae

06 Nov, 09:09


"လူမစွမ်း Net မ" တဲ့ခေတ်က
တကယ်ရောက်နေပါပြီ

အခုထက်ပိုတော်ပိုတတ်ချင်ရင်
InterNet ကိုအသုံးချပြီး
သင်ယူမှုများဖြင့် မ စ မှုများရယူပါ 🫰🏻

🌎ကမ္ဘာကြီးအကြောင်းသိချင်ရင် : Kurzesagt
https://youtube.com/@kurzgesagt

👨‍🔬သိပ္ပံစိတ်ဝင်စားရင် : Veritisium
https://youtube.com/@veritasium

⚔️သမိုင်းစိတ်ဝင်စားရင် : oversimplified
https://youtube.com/@oversimplified

👨🏻‍💻Productivity ဆိုရင် : Ali Abdaal
https://youtube.com/@aliabdaal

💰Creator economy ဆိုရင် : Colin and Samir
https://youtube.com/@colinandsamir

💵Freelance Business ဆိုရင် : TheFutur
https://youtube.com/@thefutur

🏥ကျန်းမာရေးဆိုရင် : Huberman Labs
https://youtube.com/@hubermanlab

😇Spiritual ဆိုရင် : Sadhguru
https://youtube.com/@sadhguru

😎ကျနော်ပြောမှ နားထောင်ချင်တယ်ဆိုရင်
https://youtube.com/@thelapyae_official

Enjoy free education 🙌🏻
@thelapyae

The La Pyae

06 Nov, 09:00


လိုအပ်တယ်ဆိုပြီး မသင်ချင်ပဲ
သင်ခံထားရတဲ့ အရာတွေကို

မြန်မြန်ဖယ်ထုတ်နိုင်လေလေ
လိုအပ်တာတွေသင်ဖို့နေရာရလာလေလေပဲ

ကျနော်တို့ ရဲ့ personality တွေက
Customize လုပ်ယူလို့ရတယ်

Nature အရပါလာတဲ့ အကျင့်တွေကို
မကြိုက်ရင် Nurture လုပ်ယူလို့ရတယ်

ကိုယ့်ရဲ့ အကျင့် စရိုက် တွေးခေါ်ပုံနဲ့
လောကကြီးရဲ့ အမြင်ကိုပြောင်းလဲနိုင်လေလေ

ပိုတော် ပိုတတ် ပိုချမ်းသာ
ပိုအေးချမ်း ပိုတန်ဖိုးရှိတဲ့သူဖြစ်လာလေလေပဲ

@thelapyae

The La Pyae

06 Nov, 06:11


နောက်မှပြန်ဖတ်မယ်လို့
Save ထားတဲ့ post တွေထဲက

လုပ်ရမယ့်အရာတွေကို
ချက်ချင်းလုပ်ခဲ့ရင်

အခုလောက်ဆို result
တစ်ခုခုတောင်ရနေလောက်ပြီ 😁

Revisit your save post today 🙌🏻

@thelapyae

The La Pyae

03 Nov, 17:19


အလွယ်ကြိုက်တဲ့သူကပေါပါတယ်
ဒါကြောင့် ပိုလွယ်ဖို့ပဲမျှော်လင့်ကြတယ်

ကျောထောက်နောက်ခံသာ
သူတို့လိုသာရှိကြည့်ငါဘယ်လိုဖြစ်နေပြီလို့
တွေးရင်း ဘာမှမလုပ်ဖြစ်ကြဘူး

အခြေအနေတွေကို ထိုင်blame နေလို့
ဘာမှထူးမလာနိုင်တာမို့

ရှိတာနဲ့စပြီး ရောက်နေတဲ့နေရာကနေ
ပိုတိုးတက်လာနိုင်ဖို့ပဲလုပ်ရမှာပါပဲ

အချိန် ငွေ skill ၃ ခုထဲက ၂ ခုကိုအသုံးချပြီး
ကျန်တဲ့တစ်ခုကိုရှာ

တစ်ခုမှ မရှိသေးရင် အချိန်သုံးပြီး
Skill ရအောင်သင်

ကျောထောက်နောက်ခံမရှိရင်
ကိုယ်တိုင်တည်ဆောက်ယူတာပဲကောင်းတယ်

@thelapyae

The La Pyae

03 Nov, 12:56


ကိုယ့်ကို ဘယ်နေရာမှာထားထားလဲဆိုတာ
သိချင်တယ်ဆိုရင်

ဘယ်အချိန်တွေမှာစကားလာပြောလဲ
သေချာသတိထားကြည့်ပါ 😊

@thelapyae

The La Pyae

03 Nov, 09:32


မေးချင်တာတွေရှိရင် စုထားပါ
ည ၉ နာရီမှာ YouTube Live လုပ်ပါမယ်

https://www.youtube.com/live/49g9SlNMHXg?si=t5AQwZM_TQ44AXbK

See you Soon

The La Pyae

03 Nov, 08:32


ဘဝကစာမေးပွဲတွေ
အမြဲစစ်နေတဲ့ ကျောင်းတော်ကြီးနဲ့တူတယ်

- စိတ်ဓါတ်သန်မာတဲ့သူ
- သင်ယူလိုစိတ်ရှိတဲ့သူ
- ဇွဲကောင်းတဲ့သူ
- ပြောင်းလွယ်ပြင်လွယ်ရှိသူ
- စိတ်ကိုထိန်းနိုင်တဲ့သူတွေကတော့

တခြားသူတွေထက် အသာစီးရနိုင်တယ်

ဆရာတွေ mentor တွေ စာအုပ်တွေ
Podcast တွေ tutorial တွေကတော့
ကျူရှင်ယူတာနဲ့တူတယ်

ကျူရှင်ယူတဲ့သူတွေကအမှတ်ပိုကောင်းတယ်

@thelapyae

The La Pyae

03 Nov, 07:18


အယူအဆတွေကို အမှန်လိုမျိုး
ပြောနေကြတဲ့ ခေတ်ကြီးထဲမှာ

တကယ်အမှန်တရားကို
ဘယ်လိုရှာဖွေမလဲ ဘယ်လိုစိစစ်ရေးလုပ်မလဲ

ဘာတွေနဲ့ မှန်မမှန်တိုင်းမလဲဆိုတာက
ပိုအရေးကြီးတဲ့ skill တစ်ခုဖြစ်လာပါပြီ

လွယ်လွယ်နဲ့ တန်းမယုံဖို့ အရေးကြီးတယ်

( ဒါကလဲ ကျနော့်အယူအဆသာဖြစ်တယ် )

@thelapyae

The La Pyae

03 Nov, 06:54


ကျနော့်ရဲ့ telegram channel လေး
ကြီးထွားလာတာနဲ့အမျှ

ကျနော်ကို့ စာပို့ဆက်သွယ်လာတဲ့သူတွေ
အများအပြားရှိလာပါတယ်

ကျနော် ဘယ်ကြေညာမှ လက်မခံပါဘူး
ပိုက်ဆံ ရှာဖို့အတွက် လုပ်တာမဟုတ်လို့
စိတ်လဲမဝင်စားပါဘူး

ဒီ post လေးနဲ့ပဲအားလုံးကိုဖြေပေးလိုက်ပါတယ်
နောက်လဲ စာပို့ပြီးမမေးပါနဲ့ခင်ဗျာ

ကျေးဇူးပါ

The La Pyae

03 Nov, 05:36


နဲနဲတွေဝေပြီး များများလုပ်တဲ့သူနဲ့

များများတွေဝေပြီး နဲနဲလုပ်တဲ့သူက

အချိန်တန်ရင်ကွာလာတာပါပဲ

@thelapyae

The La Pyae

03 Nov, 04:06


google ကနေ တိတ်တိတ်လေး စမ်းသပ်နေတဲ့
Lear About ဆိုတဲ့ project လေးပါ

perplexity နဲ့ တော့ပုံစံတူတယ် ဒါပေမယ့်
ပိုပြီးတော့ visually ကြည့်ရတာအဆင်ပြေတယ်

ကိုယ်သိချင်တဲ့ topic တစ်ခုကို
ရေးပေးလိုက်တာနဲ့ ကိုယ့်အစား research
လုပ်ပေးပြီးတော့ Infographic ဆန်ဆန်
ပြန်ပြီး စနစ်တကျထုတ်ပေးတာတွေ့ရတယ်

လေ့လာရတာကြိုက်တဲ့သူတွေအတွက်တော့
သဘောကျစရာကောင်းတဲ့ product
အသစ်တစ်ခုပါပဲ

စမ်းသုံးကြည့်မယ်ဆိုရင် USA VPN လိုပါမယ်
ဒီမှာ စမ်းသပ်အသုံးပြုနိုင်ပါတယ်

https://learning.google.com/experiments/learn-about?src=signup

မြန်မာလိုတော့မရသေးပါ။

စေတနာများစွာဖြင့်
@thelapyae

The La Pyae

03 Nov, 02:36


ကိုယ်လိုချင်တာကိုသိပြီး
တကယ်ရအောင်ကြိုးစားလုပ်တဲ့သူတွေကို

လူတိုင်းကနားလည်ပေးနိုင်မှာမဟုတ်
ဒီတော့ အဲ့လမ်းကိုလျှောက်တဲ့အချိန်

သူငယ်ချင်းအချို့ မိတ်ဆွေအချို့
ချစ်ရသူအချို့ကို ဆုံးရှုံးနိုင်တယ်

ဒီအဆင့်ကို မကျော်လွှားနိုင်ရင်တော့
ဒုံရင်းအတိုင်းဖြစ်နေမယ်

The choice is yours

@thelapyae

The La Pyae

02 Nov, 17:05


Perfectionist ဖြစ်ချင်တယ်ဆိုတာ
အမှားကိုလက်မခံနိုငိတာကနဲနဲ

ငါမှားတာကိုသူတို့ဘာထင်မလဲဆိုပြီး
တွေးပူတာကများများဆိုတာ

နားလည်ပြီးသွားတဲ့နောက်ပိုင်း
သူများအမြင်နဲ့ ရှုထောင့်တွေကို
လက်ခံနိုင်သွားတယ်

Ego ကြီးရှေ့ကခံနေရင်
သင်ယူမှုကနောက်ကကျော်မတက်နိုင်ဘူးလေ 😅

@thelapyae

The La Pyae

02 Nov, 14:28


ရှင်းပြဖို့ခက်လောက်အောင်
တချို့အရာတွေက

ကြိုတင်စီစဉ်ထားသလိုကို
ဖြစ်လာတာကို ကိုယ်တိုင်ခံစားရရင်

အဲ့ဒါကို spiritual experience
လို့ခေါ်တယ်

လူတိုင်းမခံစားဖူးတဲ့အတွက်
လူတိုင်းကိုပြောပြလို့နားမလည်နိုင် 😇

@thelapyae

The La Pyae

02 Nov, 09:04


ကြိုးစားရတာ ပင်ပန်းနေပြီလား ?

ဒါဆိုရင် ပင်ပန်းရင်းနဲ့ဆက်ကြိုးစားပါ

အစထဲကလွယ်ရင်
လူတိုင်းလုပ်နေလောက်ပြီ

မလွယ်တော့ကောင်းတယ်
လိုက်လုပ်နိုင်သူရှားတယ်

Keep working until it’s done

@thelapyae

The La Pyae

02 Nov, 05:11


Life hack - No 2

လူထင်ကြီးခံရဖို့အတွက်
ဘယ်တော့ ကိုယ့်ရဲ့
အချိန် ပိုက်ဆံ energy ကိုမသုံးနဲ့

@thelapyae

The La Pyae

02 Nov, 02:23


လူတွေဟာ ကိုယ်ချစ်တဲ့သူတွေဆို

- သဒ္ဓါတရားပိုရှိတယ်
- ပိုစေတနာရှိကြတယ်
- အချိန်ပိုပေးတယ်
- အလေးထားတယ်

ကိုယ့်ကိုယ်ကိုယ်ရော ?
တကယ်ချစ်သလား ?

တကယ်ရှိရင် အခုရောက်နေတဲ့
Level ထက်ပိုကောင်းတဲ့နေရာ

ပိုများတဲ့ဝင်ငွေ ပိုအေးချမ်းတဲ့နေထိုင်မှု
ပိုတိုးတက်တဲ့ ဘဝလမ်းကိုရောက်ဖို့

တွန်းပို့ပေးရမယ်မဟုတ်လား ?

@thelapyae

The La Pyae

01 Nov, 17:01


နေ့စဉ်ကိုယ့်ကိုယ်ကို
သတိပေးခြင်းဖြင့်

စိတ်ချမ်းသာမှုအပေါင်း
သရဖူဆောင်းနိုင်ပါစေ 😇

@thelapyae

The La Pyae

01 Nov, 12:48


ပိုက်ဆံရှိပြီး ဝယ်ချင်တာတွေ
အလွယ်တကူဝယ်မရတဲ့ နိုင်ငံမှာ
လူဖြစ်တာတစ်ခုတော့ကောင်းတယ်

ပိုက်ဆံပိုစုဖြစ်တယ် 😁

@thelapyae

The La Pyae

01 Nov, 08:56


ဘာလို့ အဖြူနဲ့ အမဲပဲ
ဝတ်တာများလဲဆိုရင်

နေ့စဉ်နဲ့အမျှလုပ်နေရတဲ့
Decision တွေနဲအောင်လုပ်တာပါပဲ

နေ့စဉ်ဘဝမှာ Decision တွေ
အများကြီးလုပ်ရတယ်

ဘာစားမယ် ဘယ်သွားမယ်
ဘာပြီးဘာလုပ်မယ် ဆိုတာကစလို့

ဝင်ငွေတိုးအောင် ရှိတာတွေပွားအောင်
မဆုံးရှုံးအောင်လဲ Decision တွေကချရတယ်

အဲ့တော့ အရေးကြီးတဲ့ နေရာတွေမှာ
ခေါင်းသုံးဖို့ အချိန်ရအောင်

အရေးမကြီးတာတွေကို မစဉ်းစားရအောင်
ကြိုတင်ပြင်ဆင်ထားတယ်

အမြဲ ဝတ်တဲ့ style
အမြဲ စားတဲ့ menu
အမြဲ သွားတဲ့နေရာတွေကို
ရွေးချယ်သတ်မှတ်ထားလိုက်တယ်

၃ နှစ်လောက်တစ်ခါ အသစ်တွေ
Try ပြီး update လုပ်တယ်

Minimalism လမ်းစဉ်ကိုလဲ
လိုက်ပြီးသားဖြစ်သလို

Mindfulness လဲရစေတယ်

@thelapyae

The La Pyae

01 Nov, 08:06


အလုပ်တစ်ခုကို တစ်နှစ်လောက်
ဝင်လုပ်ကြည့်ပြီးမှ ကိုယ်ကဒီအလုပ်နဲ့
ကိုက်မကိုက်ဆိုတာသိနိုင်တယ်

စီးပွားတစ်ခုကို ၂ နှစ်လောက်
Run ကြည့်ပြီးမှ ကိုယ်က ဒီစီးပွားနဲ့
ကိုက်မကိုက်ဆိုတာသိနိုင်တယ်

လူတစ်ယောက်နဲ့ ၃ နှစ်လောက်
တွဲကြည့်ပြီးမှ ကိုယ်က ဒီလူနဲ့ရှေ့ဆက်ဖို့
ကိုက်မကိုက်ဆိုတာသိနိုင်တယ်

တိုင်းပြည်အသစ်တစ်ခုမှ ၅ နှစ်လောက်
နေကြည့်ပြီးမှ ကိုယ်က ဒီမှာတက်လမ်းရှိမရှိ
ကိုက်မကိုက်ဆိုတာသိနိုင်တယ်

အချိန်ပေးပြီး မလုပ်ကြည့်ပဲနဲ့တော့
အပေါ်ယံထက်ပိုပြီးမသိနိုင်

@thelapyae

The La Pyae

01 Nov, 02:52


2025 ရောက်ဖို့ နောက်ထပ်
ရက် ၆၀ ပဲကျန်တော့မယ်

ရက် ၆၀ ဆိုတာ တကယ်လုပ်မယ်ဆိုရင်
တစ်ခုခု အဖြစ်ရှိအောင်လုပ်ဖို့

သင်ယူဖို့ လေ့လာဖို့ အချိန်လောက်သေးတယ်

ကိုယ်လုပ်ချင်တာတွေစဖို့
နှစ်ကုန်တဲ့ ထိထိုင်စောင့်နေဖို့မလို 💪🏻

@thelapyae

The La Pyae

31 Oct, 16:47


Professional ဆိုတာ
သေချာကျွမ်းကျင်တဲ့ ပညာရပ်တစ်ခုနဲ့
အသက်မွေးဝမ်းကြောင်းပြုနေသူဖြစ်တယ်

ကိုယ့်မှာskill တွေမရှိသေးရင်
- နယ်ပယ်တစ်ခုကိုရွေး
- အချိန်ပေးပြီးသင်ယူ

ဘယ်လောက်ထိလေ့လာရမလဲမေးရင်

သွားတိုက်သလောက်လွယ်ကူလာတဲ့ထိ
လေ့လာသင်ယူဖို့လိုတယ်

အိပ်ချင်မူးတူးဖြစ်နေနေ
စိတ်မပါတာပဲဖြစ်နေနေ

ဘယ်အချိန်ထလုပ်လုပ်
လုပ်နိုင်နေတဲ့ထိ လေ့ကျင့်သင်ယူဖို့လိုတယ်

ဒါဆို pro ပီသတဲ့ pro ဖြစ်နိုင်ပြီ

@thelapyae

The La Pyae

28 Oct, 02:48


ချွေတာရမလား
ပိုရှာရမလား မေးရင်

ချွေတာရင်းနဲ့ ပိုရှာပါ

ကြိုးစားရမလား
ပျော်စရာရှာရမလားမေးရင်

ကြိုးစားရင်း ပျော်စရာရှာပါ

Life is all about balancing

@thelapyae

The La Pyae

27 Oct, 16:29


အသက်ရှင်နေတုန်း
ကျနော်သိတာနဲနဲနဲ့

လူတွေများများကို ကူညီသွားမယ်

လူပီသတဲ့လူလိုနေသွားမယ်

ပြင်လို့ရတာတွေပြင်ရင်း
ပြင်မရတာတွေလက်ခံသွားမယ်

ကိုယ်သိတာတွေကို
လိုချင်တဲ့သူတွေကိုမျှဝေမယ်

ရန်ပြုနေတဲ့သူတွေကို
အတတ်နိုင်ဆုံးခွင့်လွှတ်သွားမယ်

ရလာတဲ့ ကောင်းချီးတွေကို
လူအများစုအတွက်သုံးပေးမယ်

ဒီလောက်ပါပဲ
လောဘအများကြီးမရှိပါဘူး 😁

@thelapyae

The La Pyae

27 Oct, 16:23


ဘယ်အချိန်မှာဘာလုပ်ရမယ်
ဘယ်လိုတုန့်ပြန်ရမယ်

ဘယ်လောက်အားထုတ်ရမယ်
ဆိုတာကိုသိတာရော

ဘယ်အချိန်မှာဆိုရင် ငြိမ်မရမယ်
ဘယ်လိုမလုပ်ရဘူးဆိုတာကို

သေချာသိခြင်း မသိခြင်းကလဲ
လူတွေကို level ကွာသွားစေတယ်

မယုံရင် ကိုယ့်ကိုယ်ကိုပြန်သုံးသပ်ကြည့်ပါ

@thelapyae

The La Pyae

27 Oct, 16:10


ငါအချိန်ရပါသေးတယ်
နောက်နေ့မှာလောလာမယ်လို့

တွေးမိလိုက်တိုင်း
ငါနောက်ကျကျန်ခဲ့မယ်ဆိုတာသတိရပါ

@thelapyae

The La Pyae

27 Oct, 09:07


မစွန့်နိုင်တဲ့ အကျင့်ဆိုးတွေကပဲ
ကိုယ့်ကို မတိုးတက်အောင်လုပ်နေတာပါ

မြန်မြန်ရှင်းနိုင်လေလေ
တိုးတက်မှုနှုန်းမြန်လေလေပါပဲ

@thelapyae

The La Pyae

27 Oct, 07:59


ခဏနေ video
အသစ်ကြည့်လို့ရပါမယ် 🫰🏻

https://openinyoutube.com/@TheLaPyae_Official

The La Pyae

27 Oct, 05:58


ဗုဒ္ဓဘာသာဝင်
ညီအကိုမောင်နှမများအတွက်
English စာလဲလေ့လာရင်း

ဗုဒ္ဓဝင်တွေကို Animated movie
ကြည့်ချင်သူတွေအတွက်

ဒီ playlist လေးက
အကျိုးရှိမယ်ထင်ပါတယ်

Watch on YouTube

@thelapyae

The La Pyae

27 Oct, 04:32


မှတ်ဉာဏ်ကောင်းတာ
တစ်ခုတည်းကိုကြည့်ပြီး

တော်တယ်လို့သတ်မှတ်လို့မရဘူး

မှတ်နိုင်ပြီး မစဉ်းစားတတ်
မတွေးခေါ်တတ်သူတွေမှ အများကြီး

Problem solve မလုပ်နိုင်သူ
Creative thinking မရှိသူတွေမှ
အများကြီး

မှတ်ဉာဏ်ကောင်းသူတွေက
မှတ်ဉာဏ်ကို စစ်တဲ့စာမေးပွဲတွေမှာ
နေရာရနိုင်ပေမယ့်

ဘဝမှာတော့ တီထွင်ကြံဆ
စဉ်းစားတွေခေါ် ဖြေရှင်းမှုတွေ
လုပ်နိုင်သူတွေကနေရာပိုရတယ်

@thelapyae

The La Pyae

27 Oct, 01:34


စာအုပ်တွေဆိုတာ ဘဝရဲ့
Dictionary တွေပဲ

စာများများဖတ်လေလေ

ကိုယ်မသိသေးတဲ့
ကိုယ့်အကြောင်းတွေ

စိတ်ချမ်းသာကိုယ်ကျန်းမာပြီး
ဘယ်လိုနေထိုင်ရမယ်

ဘယ်လိုစိတ်ထားရမယ်ဆိုတာကို
ကိုယ်တိုင် translate လုပ်လာနိုင်လေလေ

ဘဝကိုနေထိုင်ရတာ
အဓိပ္ပာယ်ရှိလာလေလေပဲ🫰🏻

@thelapyae

The La Pyae

26 Oct, 16:42


ခဏခဏ ဒီတစ်ခုတည်းကိုပဲ
မှားနေတာဆိုရင်

ဒီမကောင်းတာကိုမှ ထပ်ခါထပ်ခါ
လုပ်မိနေတာဆိုရင်

သေချာတယ် အဲ့ဒါရွေးချယ်မှုလုပ်သွားတာပဲ

@thelapyae

The La Pyae

26 Oct, 13:56


သနားဖို့ကောင်းတဲ့ အချက်က

ကိုယ့်မှာသနားစရာကောင်းတဲ့
ရုပ်ကမရှိနေဘူး 😅

အဲ့တော့သူများထက်
ပိုကြိုးစားရတယ် 😅

@thelapyae

The La Pyae

26 Oct, 13:51


ကံကောင်းလို့ အဆင်ပိုပြေသူတွေရှိပေမယ့်

အလကားတော်လာတဲ့သူတော့မတွေ့ဘူးသေးဘူး

( လိုအပ်ရင်နားလည်သည်အထိ အကြိမ်များစွာပြန်ဖတ်ပါ 🙏🏻 )

@thelapyae

The La Pyae

26 Oct, 09:09


သေချာလုပ်နေရင်းတောင်
မသေချာတာတွေဖြစ်လာတတ်တဲ့ဘဝကြီးမှာ

ဘာလုပ်ချင်မှန်းသေချာမသိတာက
မရေမရာဘဝကိုသာ ခေါ်ဆောင်သွားလိမ့်မယ်

ကပ်မယ့် ကမ်းမသိရင် လမ်းပျောက်နေတဲ့
ရွက်လှေလိုပဲ လေသယ်ရာလွင့်မြောနေမယ်

ဘာလုပ်ချင်လဲရှာလို့လုံးဝမရရင်
ကိုယ်ဟာဘာမှ ဝါသနာမပါသူလို့ခံယူလိုက်

ဝါသနာမရှိသူဖြစ်တဲ့အတွက်
သူများထက်တော့ အပင်ပန်းခံပြီး
သင်ယူမှုကိုလုပ်ရလိမ့်မယ်

ပင်ပင်ပန်းပန်း သင်ယူမှုက
ပင်ပင်ပန်းပန်းအလုပ်တွေကထွက်နိုင်အောင်
ကူညီပေးသွားပါလိမ့်မယ်

@thelapyae

The La Pyae

26 Oct, 05:55


Make Notion မှာကြေညာသွားတဲ့
Notion feature အသစ်များ

၁. Notion Form

Data ကောက်တဲ့သူတွေအတွက်ရော
Project management အတွက်သုံးသူတွေရော
ဝမ်းသာစရာပါပဲ ကျနော်ဆို ဒီ feature မရလို့
တခြား service ကိုသုံးနေရတာပါ အခုတော့
သုံးလို့ရပါပြီ 🫰🏻( free user တွေလဲ
Unlimited form create လုပ်နိုင်ပါတယ် )

၂. Notion Mail ( coming soon )

ကိုယ်လက်ရှိသုံးနေတဲ့ Gmail ကိုပဲ
mail client အနေနဲ့သုံးဖို့ထွက်လာတာပါ
ဆိုလိုတာကတော့ Notion က email service
အနေနဲ့ @notion.com ဆိုပြီး
ထွက်လာတာမဟုတ်ပါဘူး

( read more in comments )

The La Pyae

26 Oct, 04:41


ဝင်ငွေကို နာရီနဲ့ တွက်တဲ့
အကျင့်ကိုပြင်ပြီး

ဖြေရှင်းနိုင်တဲ့ ပြဿနာ size နဲ့
တိုင်းတက်သွားရင်

အလုပ်ချိန်နဲပေမယ့်
ဝင်ငွေများလာနိုင်ပါတယ်

အများစုက တစ်ရက် ၈ နာရီလုပ်တယ်
ဘယ်လောက်ရတယ်

ငါ ၁၆ နာရီသာလုပ်ရင် ၂ ဆ
တောင်ရနိုင်တယ်လို့တွက်တတ်ကြတယ်

အချိန်က limit ရှိတယ်
Energy က limit ရှိတယ် ရည်ရှည်မသွားနိုင်ဘူး

အဲအစား ပြဿနာကြီးကြီးကို
ဖြေရှင်းပေးနိုင်မယ့် skill set တွေသင်လိုက်

ဥပမာအနေနဲ့

- youtube channel လုပ်ချင်တယ်
video edit မလုပ်တတ်ဘူး
- podcast လုပ်ချင်တယ်
audio setup မလုပ်တတ်ဘူး
- online business လုပ်ချင်တယ်
Content မရေးတတ်ဘူး

ဒီလိုလူတွေရဲပြဿနာကိုဖြေရှင်းပေးနိုင်တဲ့
Skill တွေသာရှိရင် အဲ့ကနေရဝင်ငွေဆိုတာ
အလွယ်တကူကိုရနိုင်တယ်

ကိုယ်ရှင်းပေးချင်တဲ့ ပြဿနာကိုသာ
ရွေးချယ်လိုက် အဲ့အတွက်လိုအပ်တာတွေသင်

ကိုယ့် solution ကို monetize လုပ်
ဒါဆိုရပြီဗျ

Pro tip -
ချမ်းသာတဲ့သူတွေရဲ့ ပြဿနာကို
ရှင်းနိုင်ရင် ပိုက်ဆံပိုရတယ် 🫰🏻

@thelapyae

The La Pyae

26 Oct, 03:22


တော်ရာမှာနေ ပျော်ရာမှာမနေနဲ့ပြောကြတယ်

ကျနော်အထင်တော့

တော်ရာမှာပျော်အောင်နေပြီး
ဘာလုပ်လုပ်တော်အောင်လုပ်နေဖို့လိုတယ်

@thelapyae

The La Pyae

25 Oct, 16:47


တိုင်းတာမှုမရှိရင် ဘယ်အရာကိုမှ
ပိုတိုးတကိလာအောင်လုပ်မရဘူး

ကိုယ်လုပ်နေတဲ့ အရာတိုင်းကို
တိုင်းတာလို့ရတဲ့ unit တစ်ခုရှိမှကိုရတယ်

တစ်နှစ်ပြီးသွားရင် တစ်နှစ်
- ငါဘာ skill တွေတိုးတက်လာလဲ?
- ဘာ accomplishment ဖြစ်ခဲ့ပြီလဲ ?
- ဘယ်အကျင့်ဆိုးတွေမရှိတော့ဘူးလဲ ?
- ဘာအကျင့်ကောင်းတွေရလာပြီလဲ ?
- မကောင်းတဲ့သူဘယ်နှစ်ယောက်
ဘဝထဲကရှင်းနိုင်ပြီလဲ ?
- ကောင်းတဲ့သူဘယ်နှစ်ယောက်ကို
ဘဝထဲခေါ်ထားနိုင်ပြီလဲ ?
- ငါ့ရဲ့လုပ်ရပ်တွေက လူဘယ်နှစ်ယောက်ကို
အကျိုးဖြစ်ထွန်စေခဲ့ပြီလဲ?
- ကုသိုလ် ပညာ ဥစ္စာ ၃ ခုလုံးရခဲ့တဲ့နေ့
ဘယ်လောက်ရှိပြီလဲ?

စသည်ဖြင့်ကိုယ့်ကိုယ်ကို
Checkup လုပ်ကြည့်ဖို့လိုတယ်

ဒါမှ အလုပ်မဖြစ်တာတွေကိုရှောင်ပြီး
အလုပ်ဖြစ်တာတွေကို ပိုလုပ်ဖြစ်မယ်မဟုတ်ပါလား ?

@thelapyae

The La Pyae

25 Oct, 15:21


Digital Nomad ဆိုပြီး
အချိန်အများကြီး laptop ရှေ့မှာထိုင်နေရရင်

အဲ့ဒါကို laptop worker လို့ပဲခေါ်တယ် 🤪

Location freedom + time freedom
၂ ခုလုံးရနေမှ Digital Nomad ဖြစ်ရတာတန်တယ်

@thelapyae

The La Pyae

25 Oct, 13:46


အများစုသောလူတွေဟာ
တစ်စုံတစ်ယောက်ရဲ့

- လေးစားမှုရဖို့
- အားကျမှုရဖို့
- အသိအမှတ်ခံရဖို့
- အထင်ကြီးခံရဖို့
- အချစ်ခံရဖို့

ကိုယ်တကယ်မကြိုက်တာတွေကို
လုပ်ရင်း ဘဝကိုဖြတ်သန်းနေကြတယ်

ဒီလိုသူများအတွက်နေထိုင်ရင်း
ကိုယ့်ဘဝကို အချိန်ကုန်နေမယ်ဆို

လူဖြစ်ရမတန်ပဲနေမယ်

It’s one time, live your life

@thelapyae

The La Pyae

25 Oct, 12:10


Social media မယုံရတာတော့
လက်တွေ့ဗျာ

One Bangkok ဖွင့်ပွဲဆိုတော့
လှတပတလေးတွေနဲ့လာပြီး

ကော်ဖီ တစ်ခွက်မှာ ၆ ယောက်လောက်
အလှည့်ကျရိုက်ပြီး ပြန်သွားတာ

အကုန် blue mark တွေနဲ့ကြီးပဲ 😬😬😬

အားတောင်ငယ်သွားတယ်
ငါပဲတုံးလို့ ဝယ်သောက်မိနေလား ? 😅

@thelapyae

The La Pyae

25 Oct, 11:54


ပုံမှန်လုပ်သွားရင်ရပြီဆိုတာမှန်တယ်

ဒါပေမယ့်

- ဘာကြောင့်လုပ်ချင်တယ်
​- ဘာကိုလုပ်ချင်တယ်
- ဘယ်လောက်ကြာရင်လိုချင်တယ်
- ဘယ်လောက်အချိန် ငွေ energy သုံးရမယ်

ဆိုတာကို သေချာရှင်းရှင်းလင်းလင်းသိတဲ့
Clarity ရှိဖို့က ပိုအရေးကြီးတယ်

Consistency is key
Clarity is key

@thelapyae

The La Pyae

25 Oct, 10:03


မေး - အကို့လို E ကောင်းချင်တယ်
ဘယ်ကစပြီးဘယ်လိုလုပ်ရမလဲ ?

ဖြေ - ရေများများသောက်ပါ ဒိန်ချဉ်စားပါ
အစာကိုကြေညက်အောင်ဝါးပါ fasting လုပ်ပါ 🫰🏻

ပုံမှန်လုပ်သွားရင် E ကောင်းလာပါမယ် 🤪

@thelapyae

The La Pyae

25 Oct, 08:47


ကိုယ့်ရဲ့ social media တွေမှာ
ဘာ information တွေမြင်ရမယ်ဆိုတာကို

သေချာစွာစီမံခြင်းဟာ
အနာဂတ်ကို စီမံခြင်းပါပဲ

ဘာလို့လဲဆိုတော့ ကိုယ်နေ့စဉ်
ဖတ် ကြည့် နားထောင် လေ့လာနေတာတွေ
ရဲပေါင်းခြင်းရလဒ်က သင့်အနာဂတ်မို့ပါပဲ

@thelapyae

The La Pyae

25 Oct, 07:13


Instagram သုံးလား?

မသုံးရသေးရင် ကမ္ဘာနဲ့အညီ
ရင်ဘောင်တန်းနေတဲ့

အသိပညာတွေကို
နောက်ကျပြီးမှ သိနေရလိမ့်မယ်

IG မှာ creator တွေအများကြီးပဲဗျ

သုံးတတ်မယ်ဆို တကယ်အလုပ်ဖြစ်တဲ့
educational platform အနေနဲ့သုံးလို့ရတယ်

🟡 Ai news တွေနဲ့ ပက်သက်ရင်

https://www.instagram.com/power.ai

🟡 စိတ်ဓါတ်ရေးရာနဲ့ ပက်သက်ရင်

https://www.instagram.com/pathsofmeaning

🟡 Design နဲ့ပက်သက်ရင်

https://www.instagram.com/yankodesign

🟡 Photo နဲ့ပက်သက်ရင်

https://www.instagram.com/photos_tricks117

🟡 Spiritual နဲ့ပက်သက်ရင်

https://www.instagram.com/theuniverse_calling

🟡 ကျနော့် content တွေကြည့်ချင်ရင်

https://www.instagram.com/thelapyae/

@thelapyae

The La Pyae

25 Oct, 04:43


Notion Mail official Announcement 📣

ပထမဆုံး physical event ဖြစ်တဲ့
Make Notion event မှာ

New Product အဖြစ်
Notion Mail ကို ကြေညာခဲ့ပါတယ်

Mail client app အနေနဲ့ ထွက်
လာတာမို့ စိတ်ဝင်စားဖို့ကောင်းတယ်

Notion ရဲ့ Design language အတိုင်း
Minimal ဖြစ်တယ် သပ်ရပ်တယ်

Function လေးတွေလဲ
ကောင်းတာတွေ့ရတယ်

ကျနော်ကတော့ Official
Notion Ambassador မို့ စမ်းသုံးနေတာ
၂ ပတ်လောက်ရှိပါပြီ

ကြိုက်တဲ့ feature ပြောပါဆိုရင်
Ai နဲ့ mail တွေ ကို tag လုပ်ပြီး
Category ခွဲခိုင်းတာပါပဲ

ကိုယ်တိုင်စမ်းသုံးဖို့အတွက်
ဒီမှာ waitlist အနေနဲ့ signup လုပ်နိုင်ပါတယ်

http://notion.so/product/mail



@thelapyae - Notion Ambassador 🄽

The La Pyae

25 Oct, 02:30


"အားကျ" တယ်ဆိုတဲ့ စကားကိုက
အမှန်ဆို energy သဘောအရ မကောင်းဘူး

သူများကိုကြည့်ပြီး "အားကျ" လိုက်တာ
ဆိုတာနဲ့ကို စိတ်ကကျသွားတယ်

အားကျ တယ်လို့ဖြစ်ပြီးရင်
ဘာလုပ်ဖြစ်လဲ ပြန်စစ်ဆေးကြည့်

အများစုကဘာမှမလုပ်ဖြစ်တာများတယ်
ကိုယ်သဘောကျတဲ့ lifestyle ရှိတဲ့သူတွေတွေ့ရင်

အတုယူပါ ဘယ်လိုကြိုးစားလဲ
ဘယ်နေရာကစခဲ့လဲ

ဘယ်လောက်ပေးဆပ်ခဲ့လဲ
ဆိုတာအတုယူပါ

သုံးစွဲနေတာတွေ ပျော်ပါးနေတာတွေ
အဆင်ပြေနေတာတွေကိုပဲမြင်နေရင်တော့

အားက ကျနေဦးမှာပါပဲ 🫰🏻

@thelapyae

The La Pyae

24 Oct, 17:01


ရောက်နေတဲ့နေရာ ရှိနေတဲ့အရည်အချင်း
ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်နဲ့စိတ်

မိသားစုအခြေအနေ ပညာရေး background
ဒါတွေကတစ်ယောက်နဲ့တစ်ယောက်တူတာမဟုတ်ဘူး

ဒီတော့ လိုက်ယှဉ်ပြီး စိတ်ညစ်နေမယ့်အစား
ကိုယ့်လက်ရှိဖြစ်တည်မှုတွေအကုန်လုံးကိုလက်ခံလိုက်

ဒါဆိုညံနေတာတွေ လိုအပ်နေတာတွေကို
တိုးတက်အောင်လုပ်ဖို့ဆိုတာ ပိုလွယ်လာလိမ့်မယ်

@thelapyae

The La Pyae

24 Oct, 16:43


perplexity mac အတွက်ထွက်ပါပြီခင်ဗျာ

https://pplx.ai/mac

The La Pyae

24 Oct, 14:50


YouTube မှာအသစ်တင်ထားတဲ့
၃ ခုလုံးကြည့်ပြီးပြီလား ?

Link က comment ထဲမှာရှိပါတယ် 🫰🏻

@thelapyae

The La Pyae

24 Oct, 13:30


ပြောင်းလဲမရတာတွေအပေါ်
ထိုင်ဘူနေမယ့်အစား

ဖြစ်သမျှကို လက်ခံပြီး အကောင်းဆုံး
ရင်ဆိုင်လိုက်တာကောင်းတယ်

Positivity နဲ့ လန်းဆန်းစွာနေထိုင်ပါ

@thelapyae

The La Pyae

24 Oct, 10:32


ကောင်းတာတွေကိုချက်ချင်းလုပ်ပြီး
မကောင်းတာတွေကိုနောက်မှလုပ်မယ်လို့

စိတ်ထားတတ်ပြီဆိုရင်
၈၀% သူတွေထက် ရှေ့ပိုရောက်နိုင်ပြီ

၈၀% သောသူတွေက မကောင်းတာတွေကို
ချက်ချင်းလုပ်ပြီး ကောင်းတာဆိုနောက်မှ
လုပ်မယ်ဆိုပြီး လုပ်တာကများတယ်

@thelapyae

The La Pyae

24 Oct, 07:31


စိတ်ချမ်းသာ ကိုယ်ကျန်းမာနေတဲ့သူ
အဆင်ပြေနေတဲ့သူတွေက

ဘယ်သူ့ကိုမှ တကူးတက
စိတ်အနှောက်အယှက်ဖြစ်အောင်
ဒုက္ခလိုက်မပေးဘူး

ဒါကိုနားလည်သွားရင် ရန်သူကိုတောင်
ဂရုဏာတရားထားရတာလွယ်သွားတယ်

@thelapyae

The La Pyae

24 Oct, 06:10


စိတ်နဲ့ ခန္ဓာ ကို အနားပေးတတ်ဖို့လိုတယ်
ကိုယ်တိုင်က ရွေးချယ်မှုနဲ့ အနားမပေးရင်

သဘာဝတရားကြီးက စောစောစီးစီး
ကိုယ့်ကို အနားပေးလိုက်လိမ့်မယ်

@thelapyae

The La Pyae

24 Oct, 02:55


အကို အဲ့လို body ရဖို့ တစ်နေ့
GYM ဘယ်လောက်ဆော့လဲမေးကြတယ်

အနွေးထည်အမဲ လက်ရှည်ကြီးချွတ်ပြီး
Video တွေတင်တော့ တွေ့ရပြီပေါ့ 😝

၂၀၁၆, ၂၀၁၇ မှာတော့ နေ့တိုင်းဆော့ပါတယ်
ကျန်တာကတော့ body weight exercise နဲ့
Lifestyle ပါပဲ

လွယ်ကူရိုးရှင်းတာ ၃ ခုလုပ်တယ်

💪🏻၁. ရေသန့်ကို ၁၀ မိနစ် လမ်းလျှောက်ရမယ့်
နေရာကနေအမြဲဝယ်တယ်

တစ်ခါဝယ်ရင် 1 liter ၆ လုံးတွဲ ၂ ကဒ်ဝယ်တယ်
အဲ့ရေ ၂ ကဒ်ကို လမ်းမှာလုံးဝမချပဲ သယ်တယ်

Gym exercises မှာဆိုရင် ( farmer carries)
လို့ခေါ်တာရှိတယ်ရှာကြည့်ပါ

ဒီနည်းနဲ့ muscle ကို maintain လုပ်တယ်

Muscle တွေကို ကြီးချင်ရင်
time under tension လိုတယ်

ဆိုလိုတာက ဘယ်လောက်ကြာကြာ
weight တစ်ခုကို တင်းခံထားသလဲ
ပေါ်မူတည်တယ်

ရေဝယ်ရင်းနဲ့ muscle build တယ်

💪🏻 ၂. အစားစားပြီးတိုင်း ၁၀ မိနစ် လမ်းလျောက်တယ်
ဘာလို့လဲဆိုတော့ စားပြီးတန်းထိုရင်ရင်

သွေးတွင်းသကြားဓါတ်က အရမ်းထိုးတက်တယ်
Glucose spike ဖြစ်တယ်ခေါ်တယ်

အဲ့ဒါကမကောင်းဘူး အတွင်းကလီိစာတွေ
အတွက်မကောင်းသလို အသက် လဲတိုစေတယ်

ဒီတော့ ၁၀ မိနစ်လောက်လမ်းလျှောက်ပြီး
သွားစားရတဲ့ဆိုင်မှာစားတယ်

အဲ့တော့အပြန်လဲ ၁၀ မိနစ်
လမ်းပြန်လျောက်ဖြစ်တယ်

ထမင်းစားရင်းရအဆီပါချပြီးသားဖြစ်တယ်

💪🏻 ၃.Fasting နဲ့ bodyweight လုပ်တယ်

ည ၈ နာရီကနေ နောက်နေ့နေ့လည် ၂ နာရီထိ
အစားမစားတဲ့ window ထားထားတယ်

16:8 fasting ဆိုပါတော့ လွယ်ကူတယ်
ရိုးရှင်းတယ် အလုပ်ဖြစ်တယ်

Workout အနေနဲ့ကတော့ ဘယ်နေရာမှာမဆို
လုပ်လို့ရတဲ့ equipment မလိုတာလုပ်ဖြစ်တယ်

pushup , squats,
Burpee, sit ups ကို 7 min HIIT
( high intensity interval training)
အနေနဲ့လုပ်တယ်

ဒီ ၃ ခုက ရိုးရှင်းတယ် အလုပ်ဖြစ်တယ်
Simple is the best 🫶🏻

@thelapyae

The La Pyae

24 Oct, 02:32


2024 ရဲ့ မြန်နှုန်းမြင့်
Study formula အသစ်

( YouTube + Perplexity + NotebookLM)

Step 1 : ဘာသင်ချင်လဲရွေးပါ
ဒီခေတ်ထဲမှာ သင်စရာတွေပေါပါတယ်
အဲ့ထဲက ကိုယ်သင်ယူချင်တဲ့ topic တစ်ခုရွေးပါ
ဥပမာ - marketing , branding , leadership

Step 2 : Perplexity ကိုသုံးပါ
Search လုပ်တဲ့နေရာမှာ focus ကို
video လို့ရွေးပြီး ( give me 10 videos on +
ကိုယ်သင်ချင်တဲ့ topic ) လို့ရေးပါ

ကိုယ့်ကိုယ်စား သူက video တွေရှာပေးပါမယ်
အဲ့ video link တွေကို source ထဲကနေ ကူးပါ

တကယ်လို့ ကိုယ်တိုင် manual ရှာချင်ရင်လဲ

YouTube ရဲ့ search box ထဲမှာ
ကိုယ်သင်ချင်တဲ့ topic ကိုရိုက်ထည့်ပြီးရှာပါ

ထိပ်ဆုံးကပေါ်လာတဲ့ video ၁၀ ခုကို
Link တွေယူပါ

Step 3 : NotebookLM သုံးပါ

NotebookLM မှာ youtube video တွေကို
Source အနေနဲ့ထည့်လို့ရနေပါပြီ

ကိုယ် ကူးထားတဲ့ youtube link တွေကို
Source ထဲမှာထည့်ပါ ပြီးရင်တော့

Podcast အနေနဲ့ ပြောင်းပြီး နားထောင်လို့
ရသလို အဲ့ video တွေထဲမှာပါတဲ့

Data တွေနဲ့ စကားပြောပြီး
Notes ပြန်ထုတ်ခိုင်းလို့ပါရပါတယ် 🫰🏻

( နားမလည်ရင်နောက်တော့ video နဲ့တင်ပေးပါမယ် )

@thelapyae

The La Pyae

23 Oct, 16:47


ကိုယ့်ကိုယ်ကို control ရှိတဲ့သူဟာ
အချိန်တန်ရင်သာတာပါပဲ 🫰🏻

@thelapyae

The La Pyae

21 Oct, 16:49


ဘာကြောင့် စလုပ်ခဲ့လဲဆိုတာ
ခိုင်မာတယ်ဆိုရင် တော်ရုံ
အရှုံးမပေးဖြစ်တော့ဘူး

@thelapyae

The La Pyae

21 Oct, 15:02


ဒီတစ်ခုကအရေးကြီးတယ်

@thelapyae

The La Pyae

21 Oct, 12:18


ဘာဝတ်ဝတ် လှချင်ရင်
fit ဖြစ်တဲ့ body ရှိဖို့ပဲလိုတယ်

ဘာဖြစ်ဖြစ် ခံနိုင်ရည်ရှိချင်ရင်
Stoic mindset ရှိဖို့လိုတယ်

ဘာဖြစ်ဖြစ်ရောင်းထွက်ချင်ရင်
Sale techniques သိဖို့လိုတယ်

ဘာလုပ်လုပ် စနစ်တကျဖြစ်ချင်ရင်
တိကျသေချာတဲ့ စနစ်ရှိဖို့လိုတယ်

@thelapyae

The La Pyae

21 Oct, 06:37


Motivation မလိုပဲ
လုပ်စရာတွေပြီးချင်ရင်

- များနေတဲ့ task တွေလျော့လိုက်
- ကြီးနေတဲ့ task တွေသေးလိုက်

မနိုင်ဝန်တော့ ဘယ်သူမှ
ကြာကြာမထမ်းနိုင်တာမို့

နိုင်သလောက်နဲ့ပုံမှန်လုပ်သွားမယ်ဆို
ဘာ motivation မှမလိုပါဘူး

@thelapyae

The La Pyae

21 Oct, 05:03


ခရီးရောက်နေပေမယ့်လဲ

Video တစ်ပုဒ်ရအောင်ရိုက်ထားပါတယ်

ခဏနေရင် youtube မှာ
ကြည့်လို့ပါမယ်

https://openinyoutube.com/@TheLaPyae_Official

🙏🏻 @thelapyae

The La Pyae

21 Oct, 02:11


ကိုယ့်ရဲ့ အကောင်းဆုံး
သူငယ်ချင်းက ကိုယ်ဖြစ်နေဖို့လိုတယ်

ကိုယ်နဲ့အတူ အမြဲတမ်
နောက်ဆုံးအချိန်ထိရှိနေတာကိုယ်တိုင်ပဲမို့

- ကိုယ့်ကိုယ်ကို နားလည်ဖို့
- ကိုယ့်ကိုယ်ကို မညာဖို့
- ကိုယ့်ကိုယ်ကို စေတနာရှိဖို့
- ကိုယ့်ကိုယ်ကို ခွင့်လွှတ်တတ်ဖို့
- ကိုယ့်ကိုယ်ကို ကြီးပွားတိုးတက်ဖို့

ကူညီဖေးမစောင်ရှောက် ပွင့်လင်းဖို့လိုတယ်

ကိုယ့်ကိုယ်ကို သူစိမ်းဖြစ်နေသူတွေမှ အများကြီး
အဲ့ထဲမှာ ကိုယ်မပါပါစေနဲ့ 🫰🏻

@thelapyae

The La Pyae

20 Oct, 16:31


ထမင်းတစ်လုပ်ရဲ့ တန်ဖိုးကို
ငတ်ဖူးမှ သိတယ်

အိမ်ထမင်း အိမ်ဟင်းရဲ့တန်ဖိုးကို
အိမ်နဲ့ဝေးမှသိမယ်

ခုချိန်ထိ နေစရာအိမ်လဲရှိ
အိမ်ထမင်း အိမ်ဟင်းစားပြီး

ခေါ်စရာ အမေရော အဖေရောရှိသေးရင်
သင်ဟာသိပ်ကိုကံကောင်းတဲ့သူလို့ပြောလို့ရတယ်

@thelapyae

The La Pyae

20 Oct, 15:08


ငွေဆိုတာ ရှာရတာမဟုတ်ဘူး
လဲယူရတာဆိုတာနားလည်ဖို့လိုတယ်

- အချိန်နဲ့လဲမလား
- energy နဲ့လဲမလား
- ပညာနဲ့လဲမလား
- အတွေ့အကြုံနဲ့လဲမလား
- Resource နဲ့လဲမလား
- connection နဲ့လဲမလား
- သိက္ခာနဲ့လဲမလား

ကိုယ်ပေးလိုက်တဲ့အရာက တန်ဖိုးရှိလေလေ
ပြန်ရတဲ့ငွေကများလေလေပဲ

It’s simple 👌🏻

@thelapyae

The La Pyae

20 Oct, 13:56


စိတ်ကူးထဲကရှိနေတဲ့ goals တွေကို

- လုပ်ခဲ့သင့်တယ်
- လုပ်ချင်ခဲ့တယ်
- လုပ်ဖို့စိတ်ကူးရှိတယ်
- လုပ်မလို့ပဲ
- လုပ်ရမလား မလုပ်ရမလား
စဉ်းစားနေတယ်

ဆိုတာတွေထက်

တကယ်ဖြစ်အောင် လုပ်လိုက်တာ
ကပိုကောင်းတယ်

@thelapyae

The La Pyae

20 Oct, 12:58


စိတ်ကိုပေါ့ပေါ့ပါးပါးထားပြီး

အလုပ်ကိုလေးလေးနက်နက်လုပ်သူတွေက

ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းရတာပါပဲ

@thelapyae

The La Pyae

20 Oct, 12:52


လူအားလုံး ကိုယ့်ဘဝနဲ့ကိုယ်ပဲ

@thelapyae

The La Pyae

20 Oct, 10:53


ဝန်ခံပါတယ် တချို့စာတွေကို
ကျနော်ရေးတာမဟုတ်ပါဘူး
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
သောက်လိုက်တဲ့ coffee တွေက
ကျနော့်ကိုသုံးပြီးရေးသွားတာပါ 🫰🏻😁

@thelapyae

The La Pyae

20 Oct, 08:51


အိမ်မက်ကြီးကြီးမက်ပါ

အိမ်မက်ကိုတကယ်
အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားပါ

ကြီးမားတဲ့ အိမ်မက်တွေရှိပြီး
ကြိုးစားမှုမရှိရင်

အိမ်မက်ပိပြီး
ဘဝသေသွားတတ်တယ်

@thelapyae

The La Pyae

20 Oct, 06:49


ကိုယ့်နားမှာရှိတဲ့သူတွေကို
​ပြောင်းလဲဖို့ကြိုးစားပါ

မရရင် ကိုယ့်နားမှာရှိမယ့်သူတွေကို
ပြောင်းလဲလိုက်ပါ

@thelapyae

The La Pyae

20 Oct, 03:48


Life hack - 3

သူများလုပ်တာတွေ ဖြစ်မြောက်တာတွေ
ထိုင်ကြည့်ပြီး အားတက်နေတဲ့
အချိန်တွေကိုလျော့လိုက်ရင်

ကိုယ်ဘဝအတွက်
တကယ်အကောင်အထည်ဖော်ဖို့
အချိန်ပိုထွက်လာလိမ့်မယ်

@thelapyae

The La Pyae

20 Oct, 03:37


စံ သတ်မှတ်ချက်ကွာရင် → တွေးခေါ်ပုံကွာတယ်

တွေးခေါ်ပုံကွာရင် → လုပ်ကိုင်ပုံကွာတယ်

လုပ်ကိုင်ပုံကွာရင် → ရလဒ်တွေကွာတယ်

ရလဒ်တွေကွာရင် → ဘဝတွေကွာသွားတယ်

@thelapyae

The La Pyae

20 Oct, 03:03


Stoic နဲ့ Buddhism မှာ
တူတာလေးတွေရှိပါတယ်

Memento Mori = အနိစ္စ
ငါတစ်နေ့သေရဦးမယ်ဆိုတာက
အနိစ္စသဘောနဲ့တူတယ်

Apatheia = ဒုက္ခ
ခံစားရသမျှ emotion တွေကနှိပ်စက်တယ်
ဒါကြောင့်စိတ်ကိုစောင့်ကြည့်နေမှရတယ်
ဆိုတာက ဒုက္ခ သဘောနဲ့တူတယ်

Amor Fati = အနတ္တ
ဖြစ်လာသမျှကိုလက်ခံကြိုဆိုတယ်
ဆိုတာကရအနတ္တ သဘောနဲ့တူတယ်

@thelapyae

The La Pyae

20 Oct, 01:58


လိုချင်တာတွေရလာဖို့
စိတ်ကိုနှစ်ပြီး ကြိုးစားတာထက်

လိုချင်တာတွေနဲ့ တန်တဲ့လူဖြစ်အောင်
ကြိုးစားလိုက်တာကပိုသေချာတယ်

@thelapyae

The La Pyae

19 Oct, 23:12


Night Owl တွေ အစောကြီးထပြီဆို
သေချာတယ် အဲ့ဒါခရီးသွားတဲ့နေပဲ 😝

@thelapyae

The La Pyae

19 Oct, 17:08


ဒါကို ကျနော် ထည့်တာမဟုတ်သလို
ဘယ်လောင်းကစား crypto trading NFT ကိုမှလဲအားမပေးပါဘူးခင်ဗျာ

ယောင်လို့တောင် မနှိပ်ပါနဲ့ 🙏🏻