𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬 @zieacademy Channel on Telegram

𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬

@zieacademy


Since~25.7.2022

Need 6500

Tik Tok acc -

𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬 (English)

Welcome to ZIE ACADEMY! This Telegram channel, with the username @zieacademy, is your go-to destination for all things related to education and learning. Established on 25th July 2022, ZIE ACADEMY aims to provide valuable content to help you enhance your knowledge and skills. With a need for 5400 followers, this channel is on a mission to create a community of like-minded individuals who are passionate about personal growth and development. In addition to educational content, ZIE ACADEMY also features Tik Tok account recommendations, allowing you to explore new and exciting profiles in the world of social media. Join ZIE ACADEMY today and embark on a journey of continuous learning and self-improvement!

𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬

21 Nov, 08:30


"လူတိုင်းရဲ့စိတ်ကိုအေးချမ်းစေမဲ့စကားတစ်ခွန်း"


🌍ကမ္ဘာပေါ်မှာလူသားတိုင်းတစ်ဦးနဲ့တစ်ဦးဆက်သွယ်တဲ့အခါစကားနဲ့ဆက်သွယ်ကြရတာပဲဖြစ်ပါတယ်။

🙋‍♀သို့သော်စကားဆိုတာ ပြောတိုင်းလည်းမကောင်း၊တတ်တိုင်းလည်းမကောင်းဆိုတာလည်းရှိပါတယ်။

🗣စကားကြောင့် ရန်သူနှစ်ဦး ပြေလည်သွားနိုင်သလို၊စကားကြောင့်ပင် အရင်းနှီးဆုံးမိတ်ဆွေနှစ်ဦး ရန်သူဖြစ်သွားနိုင်ပါတယ်။


💁‍♀တစ်ဦးနဲ့တစ်ဦး နှုတ်ဆက်တဲ့အခါမှာဆိုရင်လည်း "(Hello) မင်္ဂလာပါ"လို့နှုတ်ဆက်ခြင်းက တခြားသောနည်းလမ်းများနှင့်နှုတ်ဆက်ခြင်းနဲ့ယှဉ်လျှင် တစ်ပန်းပိုသာနေသလို နှုတ်ခွန်းဆက်ခံရတဲ့လူအတွက်လည်း အေးချမ်းစေတဲ့အပြင်နားဝင်လည်းပိုချိုစေပါတယ်။👂💛


🖇အီဂျစ်နဲ့ အစ္စရေးတို့ကြား ပဋိပက္ခများဖြစ်ပြီးစစ်ပွဲများဖြစ်ကာ Yom Kippur စစ်ပွဲကို တုံ့ပြန်သည့်အနေဖြင့် Brian နဲ့ Michael McCormack ညီအစ်ကိုနှစ်ယောက် တို့က World Hello Day ကို 1973 November,21 ရက်‌နေ့တွင် စတင်တည်ထောင်ခဲ့ပါ‌တယ်။

🗺 World Hello Day ကို နိုင်ငံပေါင်း 180 တွင်လည်းကျင်းပကြပါတယ်။

🧬ကွဲပြားမှုများကို ပေါင်းကူးဆက်သွယ်နိုင်ပုံနဲ့လူတစ်ဦးချင်း၊ လူမျိုးအချင်းချင်းကြားတွင်လည်း နားလည်မှု တိုးပွားစေမည့် ဆက်ဆံရေးကို
သရုပ်ပြတဲ့နေ့ကို ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။📝🤍 


📌ပဋိပက္ခများကို ဖြေရှင်းရန် အင်အားအစား ဆက်သွယ်ရေးကို အသုံးပြုရန် ကမ္ဘာ့ခေါင်းဆောင်များကို လည်း တိုက်တွန်းထားပါတယ်။

☝️Wrold Hello Day တွင် မတူညီသောလူဆယ်ယောက်(မိမိရဲ့သူငယ်ချင်း၊မိတ်ဆွေ/သူစိမ်း) ကို Hello ဟူ၍ယဉ်ကျေးလှိုက်လှဲစွာနှုတ်ဆက်ခြင်းဖြင့် ပါဝင်ဆင်နွှဲနိုင်ပါတယ်။

🗣ထို့ပြင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် 31 ဦးက "Wrold Hello Day သည် ငြိမ်းချမ်းရေးကိုထိန်းသိမ်းစောင့်ရှောက်ရန်အ
တွက်အရေးကြီးသောကိရိယာတစ်ခုဖြစ်
ကြောင်း လည်းပြောကြားခဲ့ပါတယ်။


🙇‍♀မြန်မာမှု‌ပြုပြီးပြောပြရမယ်ဆိုလျှင် "မင်္ဂလာပါ"ဆိုသော နှုတ်ဆက်ခြင်းက တစ်ဦးနှင့်တစ်ဦးငြိမ်းချမ်းရေး‌သဘောဆောင်သလို အပြုသဘောဆောင်တဲ့ ‌နှုတ်ဆက်စကားတစ်ခွန်းပါ။


👋ဒါကြောင့် ဒီကနေ့မှာကျရောက်တဲ့ Wrold Hello Day မှာ လူဆယ်ယောက်ကို နှုတ်ဆက်ခြင်းဖြင့် ပါဝင်ဆင်နွှဲဖို့တိုက်တွန်းရင်းZIE ACEMEADY ကဂုဏ်ပြုလိုက်ရပါတယ်ရှင့်။🧸🎀

#World_Hello_Day
#contentwriter_Gee
#graphicdesign_Gee
#Zie_Academy
#ZAE

𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬

20 Nov, 03:30


နှစ်စဉ်ကမ္ဘာပေါ်မှာ ကလေးငယ်ပေါင်း သန်း ၄၀၀ ခန့်ကမိသားစုနဲ့ကွဲကွာပြီး ပညာဆက်လက်မသင်ကြားရခြင်း၊ လူကုန်ကူးခံရခြင်း၊ စစ်ပွဲများကြောင့်ဒဏ်ရာရခြင်း၊ လက်နက်ကိုင်အဖွဲ့များရဲ့အကြမ်းဖက်မှုကိုခံရခြင်း စတဲ့အခြေ‌အနေတွေကိုကြုံ‌တွေ့နေရတယ်ဆိုတာ သိပါသလား ❗️❗️❗️

📍UNICEF ရဲ့ အချက်အလက်များအရ ကမ္ဘာ့ကလေးငယ် 10%(၃၄၆သန်းခန့်) က ပညာရေး၊ကျန်းမာရေးနဲ့ လူမှု့အခွင့်အရေးတွေဆုံးရှုံးနေပါတယ် 📍

🗣ကလေးငယ်တွေဟာလည်း လူသားတွေပါပဲ၊သူတို့လေးတွေမှာ ရည်မှန်းချက်ကိုယ်စီနဲ့ အောင်မြင်မဲ့အနာဂတ်ကလေးတွေရှိကြပါတယ်

တန်းတူညီမျှအခွင့်အရေးမရရှိမှုနဲ့ ပညာသင်ကြားခွင့်မရှိတဲ့ကလေးငယ်လေးတွေရဲ့အနာဂတ်ဟာ ၎င်းတို့ရဲ့ရည်မှန်းချက်၊အိမ်မက်တွေကိုပါ ပျက်စီးဆုံးရှုံးခံလိုက်ရပါတယ်😿

ဒါဟာ ယခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာ ကလေးငယ်တွေဒီလိုရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုတာဟာ ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ရပ်လို့ဆိုနိုင်ပါတယ် 🙅‍♀

1954 ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံမှာဒီကိစ္စကိုဖြေရှင်းဖို့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ကလေးငယ်တွေရဲ့ဘ၀ကိုပိုမိုတိုးတက်စေပြီး သာတူညီမျှအခွင့်အရေးရရှိစေရန် World Children Day ကိုစတင်ဆောင်ရွက်ခဲ့ပါတယ် ❤️‍🩹🫂

နှစ်စဉ် November 20 ရက်နေ့မှာ World Children Day ကို ကျင်းပလျှက်ရှိပြီး နှစ်စဉ်မတူညီတဲ့ခေါင်းစဉ်အလိုက် ကလေးငယ်များရင်ဆိုင်ကြုံတွေ့နေရတဲ့ပြဿနာတွေကို ဝိုင်း၀န်းဖြေရှင်းကြပါတယ် 🎊

အားလုံးဟာ ထိုနေ့ရောက်တာနဲ့ ကလေးငယ်များအတွက် ပညာရေးဆိုင်ရာလှုပ်ရှားမှု၊ကလေးငယ်အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုများပြုလုပ်ကြပြီး ကမ္ဘာအနှံ့ ကျောင်းများ၊ မိဘများနှင့် အစိုးရများတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကလေးများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုတည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြပါတယ်💬

🔊များသောအားဖြင့် ပညာရေးဆိုင်ရာဆွေးနွေးဟောပြောပွဲများ၊ကလေးအခွင့်အရေးနဲ့ပတ်သက်တဲ့အသိပညာမျှဝေပွဲများနဲ့ ကလေးများရဲ့ဖန်တီးနိုင်စွမ်းနဲ့ စွမ်းဆောင်ရည်ကိုပြသဖို့ အားကစားပြိုင်ပွဲ၊ဖျော်ဖြေရေးပွဲ၊ပန်းချီ၊လက်မှုအနုပညာ စသည့်ပြိုင်ပွဲများကျင်းပပေးကြပါတယ်

🎉ထို့အပြင် ဆင်းရဲသောကလေးများအတွက် အ၀တ်အစားများ၊စာအုပ်များနဲ့အခြေခံလိုအပ်ချက်တွေကို လှူဒါန်းပေးကြပြီး ပညာဆက်လက်သင်ကြားနိုင်ရေး ဝိုင်း၀န်းထောက်ပံ့ပေးကြပါတယ်

နောင်ဆက်လက်ဖွံ့ဖြိုးမဲ့အနာဂတ်အတွက် တစ်ဦးကစလို့ဝိုင်း၀န်းပါ၀င်ပြီး ကူညီလိုက်ကြရအောင် ✨✨

#World_Children_Day
#contentwriter_Minarko
#graphicdesign_MinarKo
#Zie_Academy
#ZAE

𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬

19 Nov, 03:31


“ သင့်ရဲ့ ဘဝမှာ Men ဆိုတဲ့ ယောကျာ်းကောင်းတွေကို တွေ့ဖူးပါသလား❓ ”

ကမ္ဘာပေါ်မှာ ယောကျာ်းတွေ အများကြီးရှိပါတယ်။ 🥸👈

📍ဒါပေမယ့် ယောကျာ်းကောင်းဟာ ရှားပါးလှတယ်ဆိုတာကို မြင်ဖူး၊ ကြားဖူးကြမှာပါ။

ယောကျာ်းကောင်းဆိုတာဟာ တစ်နည်းအားဖြင့်...
▫️ကိုယ်ချင်းစာတရားရှိသူ
▫️တည်ကြည်ဖြောင့်မတ်ပြတ်သားသူ
▫️ကြင်နာသော နှလုံးသားရှိသူ စသဖြင့်ကို သတ်မှတ်ပါတယ်။

ယောကျာ်းကောင်းဟာ သင့်ရဲ့အဖေ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ အိမ်နီးချင်း၊ လက်တွဲဖော်တွေလည်း ဖြစ်နိုင်ပါတယ်။ 😽🫶

အဖေကတော့ အကောင်းဆုံး ယောကျာ်းဆိုတာကိုတော့ လက်ခံနိုင်တယ်မလား။ 🎖

🎉 ဒီလိုအမျိုးသားကောင်းတွေကို ဂုဏ်ပြုဖို့ အမျိုးသားနေ့လေးဖြစ်ပေါ်လာတာပါ။

ဒီနေ့ဟာ အပြည်ပြည်ဆိုင်တာ အမျိုးသားနေ့ (IMD) ဖြစ်ပါတယ်။ 🙋‍♀

💼 University of West Indies မှ Jerome Teelucksingh ဆိုတဲ့သူဟာ နိုဝင်ဘာ ၁၉ ရက်နေ့ကို ဖခင်ဖြစ်သူရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့နဲ့ ၁၉၈၉ ခုနှစ်မှာ ထရီနီဒတ်နှင့် တိုဘာဂိုရဲ့ ဘောလုံးအသင်းက ကမ္ဘာ့ဖလားအထိ တက်ရောက်ဖို့ ကြိုးပမ်းရင်းနဲ့ တိုင်းပြည်ကို စည်းလုံးညီညွတ်စေခဲ့ပုံကိုလည်း ဂုဏ်ပြုဖို့ ဆိုပြီး စတင်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ⚽️

IMD ကို ၁၉၉၉ ခုနှစ် Trinidad and Tobago မှာ စတင်ကျင်းပခဲ့ပါတယ်။ 🗺✈️

အဲ့ဒီနေ့မှာဆိုရင် နိုင်ငံပေါင်း ၈၀ ကျော်ကို ဖိတ်ခေါ်ပြီး ကျင်းပကြပါတယ်။ 🌎

ဒါကြောင့် ဒီနေ့မှာ ကိုယ်တန်ဖိုးထား၊ လေးစားရတဲ့ ယောကျာ်းကောင်းတွေကို စာလေးတစ်စောင်နဲ့ ဂုဏ်ပြုဖို့ မမေ့နဲ့အုံးနော်... 📩❕
#International_Men's_Day
#contentwriter_Rudy
#graphicdesign_Rudy
#Zie_Academy
#ZAE

𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬

18 Nov, 03:31


“ Mickey Mouse မှာ အသဲကြော်ပဲလှော်လေးရှိတယ်ဆိုတာ သင်သိပါသလား? ” 🫵

ဟုတ်ပါတယ်။ Mickey mouse မှာ အတော်ချစ်ရတဲ့ Minnie mouse ဆိုတဲ့ အသဲကြော်ပဲလှော်လေး ရှိပါတယ်။ 🐭🎀

အားလုံးသိကြမှာပါ။ ဒီ Mickey Mouse ကားလေးဟာ ရာစုနှစ်တစ်ခုပြည့်လုတိုင်အောင် အတော်လေး ကြိုက်ခဲ့ရတဲ့ ကာတွန်းလေး တစ်ခုဖြစ်ပါတယ်။ 💽

👨‍💻 Mickey နဲ့ Minnie လေးကို 1928 ခုနှစ်မှာ Walt Disney နဲ့ အတူ Ub Iwerks က စတင်ဖန်တီးခဲ့တာပါ။ 💻

အခုဆိုရင် Mickey လေးဟာ အသက် 9⃣6⃣ နှစ်တောင်ရှိပါပြီ။

Flim ထဲမှာဆိုရင် Mickey ဟာ ကားတိုက်ခံရတာတွေ၊ စစ်ထဲဝင်ပြီး သူငယ်ချင်းတွေကို အသက်နဲ့ရင်းပြီး ကယ်တင်ခဲ့တာတွေ၊ အသဲကြော်လေးနဲ့ စတင်တွေ့ခဲ့တဲ့ ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်တဲ့ episodes လေးတွေပါဝင်ပါတယ်။ 🎥🎞

ထူးထူးခြားခြားအနေနဲ့ ဒီကားလေးက ပထမဆုံး Television တွေမှာ အသံပါဝင်ပြီး စကားပြောတဲ့ ဇာတ်ကောင်တွေ ဖြစ်ပါတယ်။🎙🩶

ပထမဆုံး ပြောတဲ့ စကားလုံးလေးကတော့ “Hot Dog” ဖြစ်ပါတယ်။ 😋🌭

🗣 Walt Disney က “ Mickey  နဲ့ Minnie လေးတို့ လက်ထပ်လိုက်ပြီ ” ဆိုတာကို 1933 မှာ ကြေညာခဲ့ပါသေးတယ်။ 💌

လူအများမသိကြတာလေးတစ်ခုက သူတို့စုံတွဲရဲ့ Birthday ဟာ တူညီနေတာကိုပါပဲ။ 😳💖

နိုဝင်ဘာ 18 မှာ သူတို့ရဲ့ ပထမဆုံး ဂန္တဝင်ပွဲဦးထွက်  Steamboat Willie ကားလေးကို အမှီပြုပြီး သူတို့ စုံတွဲရဲ့ Birthday လို့ သတ်မှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ 🧁🍓

🧠 ဒါကြောင့် ဒီနေ့လေးဟာ ရာစုနှစ်တစ်ခုထိ ရင်ထဲစွဲခဲ့ရတဲ့ characters လေးတွေကို ပြန်ပြီး အမှတ်ရနေမိစေမှာ အမှန်ပါပဲ။ 💫

Childhood Memories လေးတွေကို ပြန်လည်အမှတ်ရနိုင်ဖို့ ချစ်ရသူနဲ့အတူ Mickey Mouse ကားလေးတွေ ပြန်ကြည့်လိုက်ကြ‌အုံးနော်။ 🛋📺

ဒါပေမဲ့ အမှတ်တရတွေပြန်လည်ရနိုင်ဖို့ဆိုတာက အသဲကြော်ပဲလှော်လေးရှိမှ ရပါမယ်နော်... 😝🩵

#Mickey_Mouse_Day
#contentwriter_Rudy
#graphicdesign_Rudy
#Zie_Academy
#ZAE

𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬

16 Nov, 01:30


Good Morning Academies🍀
Have a nice day❄️
စောစောထတဲ့ academies လေးတွေရှိကြလား👀✌️

ZIE ACADEMY မှာ
Tr Rudy👩‍🏫
#contentwriter_Rudy လို့
academies လေးတို့ခဏ" မြင်ဖူးကြမှာပေါ့နော်✨✨
သူလေးကတော့ အရမ်းကိုမှချစ်စရာကောင်းတဲ့
🥳 Today Birthday Girl 🥳
🎂 Nang Hseng Kham 🎂

🎉 Happy Birthday Rudy🎊
May your birthday be as amazing as you are 🎊🧸
Wishing you a day filled with joy and happiness & a year full of wonderful surprises🎁🎈

မွေးနေ့မှာပျော်ရွင်ပါစေ Rudy လေးရေ🍰
🦋စိတ်ချမ်းသာကိုယ်ကျန်းမာပြီးလိုအင်ဆန္ဒတွေတစ်လုံးတစ်ဝတည်းပြည့်ပါစေနော်🌸
ရည်မှန်းချက်တွေလဲအကောင်အထည်ဖော်နိုင်ပါစေ🌷🌈
မိဘကအားကိုးရတဲ့သမီးလိမ္မာလေးဖြစ်ပါစေ 👩‍❤️‍👨
🎉Happy Rudy dayy🎂

Content Writing မှာတော်ရုံမကဘဲ graphic design တွေပါဆွဲနိုင်တဲ့ဘက်စုံတော်တဲ့သူလေးပါ✍🎖
ဒါ့အပြင် Tr Rudy က Class တစ်ခုသင်ပေးခဲ့ဖူးပါတယ် 👩‍🏫 Tr Rudy ရဲ့ကလေးလေးတွေရှိကြလား👀🕵‍♀
ZIE ACADEMY မှာ content ပေါင်းများစွာဖန်တီးခဲ့တဲ့ Rudy ကို ကျေးဇူးအများကြီး အများကြီး တင်ပါတယ် 🫶🥰
နောက်လဲ ဒီထက်လက်ရာမြောက်တဲ့ Content တွေဖန်တီးနိုင်ပါစေနော်🫧🫧

Would you mind giving some wishes for Rudy❔👀

#Nang_Hseng_Kham_birthday
#contentwriter_Nesli
#graphicdesign_Nadi
#Zie_Academy
#ZAE

𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬

15 Nov, 15:30


ဟိတ်...ဟိုတစ်ယောက် အမှိုက်တွေကိုဒီတိုင်းလွှတ်ပစ်နေပြန်ပြီလား😾👊

အမြဲမလိုက်နာနိုင်ရင်တောင် ဒီနေ့လေးမှာတော့လိုက်နာမှပေါ့လို့ 🤞

Wait wait ဒီနေ့ဘာနေ့လည်းကောမှတ်မိရဲ့လား 🧐❓

ထင်ပါတယ်၊ဒီနေ့က Recycling နေ့လေ။ မမှတ်မိရင်လည်းခုထဲကမှတ်ထားလိုက်တော့ 📝

ကမ္ဘာ့ပတ်၀န်းကျင်ကိုသာယာလှပအောင်ထိန်းသိမ်းဖို့ လူတိုင်းပဲတာ၀န်ရှိတယ်နော် ✅

ထိန်းသိမ်းခြင်းနည်းတွေထဲမှာ အသုံးမ၀င်တော့တဲ့ပစ္စည်းတွေကိုပြန်လည်အသုံးပြုနိုင်အောင်ပြုလုပ်တာ တစ်နည်းအားဖြင့် Recycling လုပ်တာကအတော်လေးကိုထိရောက်တဲ့နည်းပါ  ♻️♻️

ယနေ့ November 15 မှာကျရောက်တဲ့ Recycling Day ဟာဆိုရင် အမေရိကန်နိုင်ငံမှာနှစ်စဉ်ကျင်းပလျက်ရှိပြီး ပြည်သူတွေအားလုံးဟာ စည်းစည်းလုံးလုံးနဲ့ပါ၀င်ကြပါတယ် 🙇‍♀

‌ဒီနေ့လေးစတင်လာပုံကတော့ရိုးရှင်းပါတယ်၊ 1997 ပြည့်နှစ်မှာ အမေရိကန်နိုင်ငံမှာရှိတဲ့ Environment Protection Agency (EPA) အဖွဲ့အစည်းကနေ recycling ပြုလုပ်ခြင်း၊သဘာ၀ပတ်၀န်းကျင်ကိုထိန်းသိမ်းကာကွယ်ခြင်းတို့ကို မမေ့မလျော့ပြုလုပ်ဖို့တိုက်တွန်းရင်း စတင်ဖြစ်လာခဲ့တာပါ 🤩

စတင်ခဲ့တဲ့ရည်ရွယ်ချက်ကလည်း အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း အမှိုက်တွေကနေပတ်၀န်းကျင်ညစ်ညမ်းပျက်စီးစေမှုကိုလျော့ချရန် Recycling ပြုလုပ်ခြင်း၊သဘာ၀ကိုထိန်းသိမ်းကာကွယ်ခြင်းတို့အတွက်ပဲ ဖြစ်ပါတယ် 💡

ကိုယ်က Volunteer အဖြစ်နဲ့ဖြစ်ဖြစ်၊ Social Media ကနေမျှဝေပြီးပဲဖြစ်ဖြစ် တက်နိုင်ရာလေးကနေ enjoy လုပ်ဖို့ ‌နိုးဆော်လိုက်ပါတယ်နော် 🎊

☘ သဘာ၀ပတ်၀န်းကျင်စိမ်းလန်းရေး ၊ တို့များအလေးထားဆောင်ရွက်ပေး 🍀

#Recycling_Day
#contentwriter_Minarko
#graphicdesign_MinarKo
#Zie_Academy
#ZAE

𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬

13 Nov, 14:30


🫂"လူတိုင်းကိုကြင်နာမှုတွေပေးလိုက်ပါ"🫂


☝️ဘဝမှာ သစ္စာဖောက်ခံရတာ၊အပယ်ခံရတာ၊ဂျောင်ထိုးခံရတာ စသဖြင့် negative behavior တွေဆိုတာကြုံဖူးကြစမြဲပါ။

🗣အဲ့လိုတွေကြုံလာရတိုင်း ကိုယ့်အပေါ်ကို လုပ်တဲ့လူကိုလည်း မေ့ခဲပါတယ်။

"လုပ်တဲ့လူကမေ့ပေမဲ့ ခံရတဲ့လူက‌မမေ့ဘူးဆိုတာမျိုးပေါ့"

🗓ဒီကနေ့ကတော့ ကျွန်မတို့မှာဘယ်လိုမျိုးအဖုအထစ်၊ရန်ငြိုးရန်စတွေပဲရှိခဲ့ရှိခဲ့ အဲ့တာတွေကိုချေဖျောက်ပြီး ကြင်နာနွေးထွေးမှုပေးရမဲ့ Wrold Kindness Day လေးပဲဖြစ်ပါတယ်။🎊


🖇 2010 ခုနှစ်တွင် Michael Lloyd-White ရဲ့ တောင်းဆိုချက်အရ NSW အဖွဲ့ချုပ် မိဘများနဲ့ နိုင်ငံသားများအသင်း NSW ပညာရေးဌာန၏ ဝန်ကြီးထံ Wrold Kindness Day ကို NSW ကျောင်းပြက္ခဒိန်တွင် သတ်မှတ်ပေးရန် စာရေးသားတင်ပြခဲ့ပါတယ်။

🖇 Hon Peter Garrett ဟာ World Kindness Australia အတွက် ပံ့ပိုးမှု ကြေငြာချက်ကို ပံ့ပိုးပေးခဲ့ပြီး ကျောင်းပေါင်း ၉၀၀၀ ကျော်အတွက် National School Calendar တွင် World Kindness Day ထားရှိခဲ့ပါတယ်။


🤍 "Be Kind People" လူတိုင်းကိုကြင်နာနွေးထွေးမှုတွေပေးလိုက်ပါ။🤍


💁‍♀ဘယ်လိုအရာတွေကြောင့်ပဲဖြစ်ဖြစ်ကိုယ့်စိတ်ကိုထိန်းချုပ်ပြီး ‌ကြင်နာလိုက်ပါ။ကြင်နာလိုက်လို့ အကျိုးမယုတ်ပါဘူး။ငွေကြေးလေးမကုန်ကျပါဘူး။ပွန်းပဲ့လည်းမသွားပါဘူး။


🪢ဒါကြောင့် လူသားတိုင်းကိုကြင်နာပေးတာအကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။✨

#National_Kindness_Day
#contentwriter_Gee
#graphicdesign_Gee
#Zie_Academy
#ZAE

𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬

12 Nov, 11:31


National Happy Hour Day🍀

နှစ်စဉ် November 12 ရက်နေ့ကို National Happy Hour Day အဖြစ်ကျင်းပကြပါတယ်။

ဒီနေ့ အလုပ်ပြီးတဲ့အခါ မိမိကိုယ်ကို ကောင်းကောင်း ပြုစုရန်ဖြစ်ပါတယ်။ ပြုစုတယ်ဆိုတာက ‘treat yourself well’ နဲ့ တူညီပါတယ်။ အကောင်းဆုံးကြိုးစားပြီးတဲ့အခါ မိမိကိုယ်ကို ချီးမွမ်းရင်း ကောင်းကောင်းပြုစုရန်ဖြစ်ပါတယ်။ စားချင်တဲ့အရာများစားရင်း၊ သောက်ချင်တာ သောက်ရင်း မိတ်ဆွေသူငယ်ချင်း ချစ်ရသူများနဲ့အတူ ဖြတ်သန်းသင့်တဲ့ ညနေခင်းလေးဖြစ်ပါတယ်။

‘Happy Hour’ ဆိုတဲ့စကားလုံးကို ၂၀ ရာစုအစောပိုင်းမှာ အမေရိကန်ရေတပ်မှ စတင်သုံးစွဲခဲ့တယ်လို့ သိရပါတယ်။သင်္ဘောသားများ သင်္ဘောပေါ်တွင် အနားယူရင်း ဖျော်ဖြေမှုအချိန်ကို ‘Happy Hour’ လို့ ခေါ်တယ်လို့ သိရပါတယ်။

နောက်ပိုင်းတွင် အရက်ဆိုင်များနှင့် ဘားများအတွက် ဝင်ငွေအနည်းငယ်ရှိသောအချိန်တွင် ဖွင့်ခြင်းမှ အဖွဲ့အစည်းနှင့်အဖွဲ့အစည်းနှင့် ပျော်ပွဲများဆွဲဆောင်ရန် လျှော့ဈေးအစီအစဉ်များကို ထောက်ပံ့ခြင်းဖြစ်လာပါတယ်။🍺

ယခုခေတ်အခမ်းအနားများမှာ လျှော့ဈေးပရိုမိုးရှင်းများ၊လူမှုဆက်ဆံရေး၊ ဖန်တီးမှုရှိတဲ့ မီနူးများဟု၍ဖြစ်လာခဲ့ပါတယ်။ 🥂

National Happy Hour Day ကို လျှော့ဈေးများရှာဖွေရင်း သောက်ရင်းစားရင်း ဂိမ်းများကစားရင်း ချစ်ရသူများနှင့်အတူရှိရင်း ကုန်ဆုံးကြပါတယ်။ လူထုအတွက် စိတ်ဝင်စားစရာအချက်မှာ Happy Hour Day တွင် လျှော့ဈေးများ ပိုမိုသက်သာတယ်၊ ချစ်ရသူများကိုအချိန်ခန ပေးနိုင်လာတယ်၊ အများကြီး အလုပ်လုပ်ထားတဲ့ ကိုယ့် ခန္ဓာကိုယ်ကို အနားပေးနိုင်တယ်စသည်တို့ဖြစ်ပါတယ်။

Happy National Hour Day သည် မိမိတို့၏ အလုပ်များမှ နားနေပြီး အပန်းဖြေဖို့အတွက်အားလပ်ချိန်ဖြစ်ပါတယ်။

ထို့ကြောင့် ယနေ့တွင် အချိန်ခနလေးဖြစ်ဖြစ် ပင်ပန်းထားတဲ့ ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်ကလေးကို အနားပေးရင်း ပျော်ရွှင်လိုက်ကြပါစို့! 🍦

🪵🍀

#Happy_Hour_Day
#contentwriter_Aurora
#graphicdesign_Daisy
#Zie_Academy
#ZAE

𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬

11 Nov, 13:32


"အမှတ်တရနေ့တစ်ရက်"

အမှတ်တရနေ့လို့ဆိုလိုက်တိုင်းဝေးကွာသွားတဲ့ မင်းနဲ့သူနဲ့ရဲ့အရင်ကအမှတ်တရတွေကိုသွားသတိရမနေနဲ့ဦးနော်🙈


☝️November 11 ရက်နေ့ကတော့ "Remembrance Day" ပဲဖြစ်ပါတယ်။


🗣လူတိုင်းသိတဲ့ ပထမကမ္ဘာစစ်ကြီးချုပ်ငြိမ်းရပ်စဲခဲ့တဲ့နေ့တစ်ရက်ဆိုရင်လည်းမမှားပါဘူးနော်။


📜အပစ်အခတ်ရပ်စဲရေးစာချုပ်အရ 1918 ခုနှစ် "11 လ 11 ရက်နေ့ 11 နာရီ" တွင် စစ်ပွဲများ ပြီးဆုံးခဲ့ပါတယ်။


🎗ဒါကြောင့်နိုဝင်ဘာလ 11 ရက်နေ့ နံနက် 11 နာရီတိုင်းတွင် ကနေဒါလူမျိုးများဟာအပစ်အခတ်ရပ်စဲရေးနေ့လို့ အမည်ပေးထားသော "Remembrance Day"ကို အသိအမှတ်ပြုကြကာကျင်းပကြပါတယ်။


⚔ပထမကမ္ဘာစစ်အတွင်း ရန်လိုမှုများအဆုံးသတ်ကာတိုက်ခိုက်ရေးရက်စဲပြီး နိုင်ငံ့ကာကွယ်ရေးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသူများအားလုံးကို ပြန်လည်အမှတ်ရစေမဲ့နေ့တစ်ရက်ပဲဖြစ်ပါတယ်


💁‍♀ထို့ပြင်စစ်ပွဲအတွင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားသော သို့မဟုတ် ထိခိုက်ခံစားခဲ့ရသူများအား ဂုဏ်ပြုသောအားဖြင့်လည်း နိုဝင်ဘာလ 11ရက်နေ့ကို Remembrance Day ကို ကျင်းပပါတယ်✨


🪅 စစ်ပွဲများနဲ့အပစ်အခက်ရပ်စဲခဲ့သော Nov 11 နေ့တွင်ကျရောက်သည့် Remembrance Day ကိုလည်း ZIE ACADEMY ကဂုဏ်ပြုလိုက်ရင်းမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေသော စစ်ပွဲများ၊အပစ်အခက်များရပ်စဲပြီး အနာဂတ်မှာကောင်းမွန်သောဖက်ဒရယ်နိုင်ငံသစ်ထူထောင်နိုင်ပါစေလို့လည်းဆုတောင်းလိုက်ရပါတယ်ရှင်💌

#Remembrance_Day
#contentwriter_Gee
#graphicdesign_Gee
#Zie_Academy
#ZAE

𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬

08 Nov, 16:30


“ကော်ဖီမကြိုက်သူတွေအတွက် Cappuccino” ☕️

ဘာဆိုင်လို့လဲလို့ မေးကောင်းမေးကြပါလိမ့်မယ်။ ❓

သူမ နဲ့ ခင်ဗျားလိုပါပဲ ဆိုင်သလိုနဲ့ မဆိုင်ကြသလိုမျိုးပေါ့နော်... 🫵🙂‍↕️

ကဲ... Cappuccino အကြောင်းလေး ဆက်လိုက်ကြရအောင်❗️

💁‍♀ Cappuccino ဆိုတာနဲ့ social media တွေ၊ cafe ဆိုင်တွေမှာ အထာကျကျ ပုံစံအမျိုးမျိုး ဖျော်ပြတာကို ပြေးမြင်ကြတယ်မလား?

ဒါပါပဲ။ Cappuccino ကအလွယ်ပြောရရင် ဆတူ expresso ၊ ကျိုပြီးသားနို့နဲ့ milk Foam တွေပါဝင်တာပဲဖြစ်ပါတယ်။ 🌰🥛

အဲ့ဒီပါဝင်ပစ္စည်းတွေကို creamy ဖြစ်အောင်ပြုလုပ်ပြီး ကော်ဖီအရသာ လေးလေးပင်ပင်လေးနဲ့ ပေါင်းစပ်ထားတာဆို‌တော့ လျှာဖျားပေါ်က တောင်းတနေတဲ့ အရသာလေးဆိုတာ ဒါပဲဖြစ်မှာပါ။ 🤤❤️

📍 သူက 1900s ၊ အီတလီနိုင်ငံ၊ Capuchin friars ဆိုတဲ့ စကားလုံးကနေ စတင်လာတာဖြစ်ပါတယ်။ 🗺

အဲ့ဒီအချိန်စ အခုချိန်ထိ အရာသာမပျက်ပဲ cafe ဆိုင်တိုင်းမှာ အဆင်သင့် ဝယ်ယူသောက်သုံးနိုင်ပါတယ်။ 🏪

🥐 ကော်ဖီမကြိုက်တဲ့သူတွေလည်း ကော်ဖီစသောက်ကြည့်ချင်တယ်ဆို Cappuccino ကို အရင်ဆုံး စသောက်ကြည့်ဖို့ recommended ပေးချင်ပါတယ်ရှင်။ 🥨

အပူနဲ့ အအေးနှစ်မျိုးကို စိတ်ကြိုက် သောက်သုံးလို့ရပါတယ်နော်။ ✌🏻

အပူကတော့ မိုးအေးအေးလေးမှာ လေးလေးပင်ပင်အရာသာလေးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို နွေးထွေးသွားစေနိုင်ပါတယ်။ ☕️♨️

အအေးကတော့ နေ့ခင်းဘက်တွေမှာ ပေါ့ပေါ့ပါးပါး style ကျကျသောက်ရင်း စိတ်လေးကို နုပျိုလန်းဆန်းနေစေနိုင်ပါတယ်ရှင်။ ☕️❄️

ဒါကြောင့် ဒီလိုအချိန်ကောင်းလေးမှာ ရည်းစားလေးနဲ့ Cappuccino date ဖို့ မမေ့နဲ့နော်... 🤓

#National_Cappuccino_day
#contentwriter_Rudy
#graphicdesign_Rudy
#ZAE
#Zie_Academy

6,510

subscribers

3,115

photos

205

videos
Best Similar Channel