For The Future Myanmar @for_the_future_myanmar Channel on Telegram

For The Future Myanmar

@for_the_future_myanmar


For The Future Myanmar (English)

For The Future Myanmar is a Telegram channel dedicated to providing valuable insights and information about the future of Myanmar. As a platform that focuses on the development and progress of the country, this channel aims to educate and engage its audience on various topics including technology, innovation, education, and sustainability in Myanmar. From discussing the latest trends to sharing success stories, For The Future Myanmar is the go-to channel for anyone interested in learning about the positive changes happening in Myanmar and what the future holds for the country. Join us on this journey towards a brighter future for Myanmar!

For The Future Myanmar

30 Nov, 12:15


These can be a good way to get started.

5.Using the Pomodoro Technique to Improve Focus 🌲

The Pomodoro Technique is a time management method that many people use. It involves focusing on a task for 25 minutes without distractions, then taking a 5-minute break. After doing this 4 times, you take a longer break. This method helps prevent burnout, and taking short breaks during work increases focus and productivity.

6.Getting Enough Sleep and Maintaining a Regular Sleep Schedule 🛌

Sleep is essential for being productive. Getting enough sleep helps improve memory, creativity, and decision-making skills. Studies show that people who sleep less than 5 hours are less productive compared to those who sleep 7-8 hours. Therefore, it's important to maintain a regular sleep schedule for better productivity.

7.Journaling (or) Tracking Your Day ✍️

Everyone's daily energy levels and body functions are different. That's why it's important to track your day and create a routine that works for you. Journaling helps you reflect on your day and is a useful tool for setting personal goals.

Now, you should have a better understanding of biohacking and how to start being more productive. By making small changes to your lifestyle, you can achieve great results. 💯

Whatever it is, effort and patience are key. By consistently applying the biohacking methods we have shared, you can unlock your full potential. 🔑

#AuthorbyLaMinPhwe
#ContentbyMHK
#TranslationByMkk
#translatedbynyanwonnaing
#ForTheFutureMyanmar
#YouthOrganization

For The Future Myanmar

30 Nov, 12:15


အိပ်စက်ခြင်းဟာ Productivity ကောင်းဖို မရှိမဖြစ်လိုအပ်တဲ့ အခြေခံအကျဆုံး အချက်တစ်ချက်ပဲဖြစ်ပါတယ်။ အိပ်စက်ချိန်လုံလောက်ခြင်းဟာ မှတ်ဉာဏ်တွေကို စုစည်းနိုင်ဖို၊ တီထွင်ဖန်တီးနိုင်စွမ်းကောင်းဖိုနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို များစွာ အထောက်အကူပြုပါတယ်။ လေ့လာချက်တွေအရ အိပ်စက်ချိန် ၅ နာရီအောက်ပဲရှိတဲ့သူတွေဟာ အိပ်စက်ချိန် ၇-၈ နာရီလောက်ရှိတဲ့သူတွေနဲ့ယှဉ်ရင် Productive Level နိမ့်နေတာကိုတွေ့ရတာမလို ကိုယ့်ရဲ့ အိပ်ချိန်စက်ဝန်းကိုလည်း သေချာလေး ဂရုစိုက်ဖိုကို Bucket list ထဲ ထည့်ထားလိုက်တော့နော်။

၇။ Journaling ရေးခြင်း (သို) တစ်နေ့တာကို ခြေရာခံခြင်း ✍️

လူတစ်ယောက်နဲ့တစ်ယောက်ဟာ ဖြတ်သန်းရတဲ့ တစ်နေ့တာချင်း၊ ခန္ဓာကိုယ် တည်ဆောက်မှုနဲ့ Energy Level ချင်းဟာ တူနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ရဲ့ တစ်နေ့တာကို သေချာလေး မှတ်တမ်းတင်ထားပြီး သင့်တော်တဲ့ Routine တစ်ခုကို ဖန်တီးဖိုအ‌ရေးကြီးပါတယ်။ ဒီလိုမျိုး တစ်နေ့တာကို မှတ်တမ်းတင်ထားခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်နိုင်သလို ၊ ကိုယ့်ရဲ့ရည်းမှန်းချက်တွေ ချမှတ်ရာမှာ အသုံးဝင်တဲ့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။

ခုဆိုရင်တော့ Futureseers လေးတိုက Biohacking အကြောင်းကို သေချာလေးနားလည်သွားတဲ့အပြင် Productive ဖြစ်တဲ့ နေ့ရက်တွေကို စတင်နိုင်မဲ့ နည်းလမ်းကောင်းလေးတွေကိုလည်း သိသွားကြလိမ့်မယ်လိုထင်ပါတယ်။ ကိုယ့်ရဲ့ Lifestyle မှာ ခုလိုအကျိုးရှိတဲ့ ပြောင်းလဲမှုသေးသေးလေးတွေ ထည့်သွင်းလိုက်ရုံနဲ့ ရလဒ်ကောင်းတွေကို ရရှိနိုင်မှာအသေအချာပါပဲ။ 💯

ဘယ်အရာပဲဖြစ်ဖြစ် ကြိုးစားမှုနဲ့ စိတ်ရှည်မှူဟာလည်း အရေးကြီးတာမလို ခုပြောပြလိုက်တဲ့ Biohacking နည်းလမ်းတွေကို ပုံမှန် ကြိုးစား လုပ်ဆောင်သွားမယ်ဆိုရင် ကိုယ့်ရဲ့ အမြင့်မားဆုံးသော လုပ်ဆောင်နိုင်ရည်တွေကို ဖွင့်လှစ်ပေးနိုင်မယ့် သော့ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ 🔑

Biohacking Tips For Productive Days ✨

💻 When people hear the term "hacking," many would think of hacking smartphones, computers, or email. So, when they hear "biohacking," they might feel bewildered.

In reality, biohacking is something that’s not unfamiliar to us. Using smartwatches for running, using anti-aging products, taking vitamins and supplements, drinking energy drinks, practicing diet plans like intermittent fasting, meditating, and doing breathing exercises that we often incorporate into our lives are all biohacking principles.💫

Biohacking is a process of enhancing our mental and physical performance, either by using scientific methods or by changing our lifestyle. Since It’s based on biology, genetics, neuroscience, and nutrition, along with self-experimentation, biohacking is sometimes called DIY Biology.

By now, you probably have a clearer understanding of what biohacking is. Today, we will share some effective ways to biohack your daily routine to help you have a productive and balanced lifestyle. 🥰

1. Expose yourself to sunlight in the morning 🌞

Our body has an internal clock known as the Circadian Rhythm that regulates sleep cycles, hormones, digestion, and body temperature within a 24-hour period. Light is the most crucial factor for Circadian Rhythm. So, spending 10 to 15 minutes in sunlight early in the morning can reset your body's clock and release alertness-boosting hormones like cortisol, which can help you start the day with full of vigor.

2. Start your morning with at least one glass of water 🫧

During sleep, our bodies lose water. Dehydration can weaken cognitive functions and reduce alertness. Therefore, drinking at least one glass of water upon waking is an excellent way to boost productivity. Staying hydrated throughout the day is essential!

3. Practice breathing exercises and meditation 🧘

Breathing exercises and meditation are well-known techniques to reduce mental problems such as stress and anxiety. Additionally, breathing exercises help regulate the nervous system, enhance focus, and boost energy levels, making them a must-have to your daily routine.

4.Doing Micro-workouts during Breaks 🚶

Exercise and workouts improve blood circulation and brain function, which help keep both the body and mind healthy. Many people know this. However, due to lack of time or feeling lazy, some people can't start their workout routines. For these people, I suggest starting with light micro-workouts, such as stretching or walking, instead of heavy workouts.

For The Future Myanmar

30 Nov, 12:15


Biohacking Tips For Productive Days ✨

💻 Hacking လိုပြောလိုက်တာနဲ့ တော်တော်များများက စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ E-mail တွေကို Hack တာကိုပဲ ပြေးမြင်မိကြမှာပါ။ ဒါ့ကြောင့် Biohacking ဆိုတာကို ကြားလိုက်ရင်တော့ အနည်းငယ် ဇဝေဇဝါ၊ ထူးထူးဆန်ဆန်း ဖြစ်သွားကြ‌လောက်မှာပါ။

တကယ်တော့ Biohacking ဆိုတာဟာ ကျွန်တော်တိုနဲ့ မစိမ်းသက်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ Smart Watch တွေအသုံးပြုပြီး ပြေးတာမျိုးတွေ၊ Anti-aging ထုတ်ကုန်တွေအသုံးပြုတာတွေ၊ ဗီတာမင်၊ ဖြည့်စွက်စာ နဲ့ Energy Drinks တွေ သုံးစွဲတာမျိုးတွေ၊ နောက်ပြီး Intermittent Fasting လိုခေါ်တဲ့ Diet Plan တွေအပြင် တရားထိုင်တာနဲ့ အသက်ရှူ လေ့ကျင့်ခန်းတွေဟာ ကျွန်တော်တို အသုံးပြုလေ့ အသုံးပြုထရှိတဲ့ Biohacking သဘောတရားတွေပဲ ဖြစ်ပါတယ်။ 💫

Biohacking ဆိုတာက သိပ္ပံနည်းလမ်းတွေကို အသုံးပြုပြီးတော့ဖြစ်ဖြစ်၊ ကိုယ်ရဲ့ Lifestyle ကို ပြောင်းလဲပြီးတော့ပဲဖြစ်ဖြစ် ကျွန်တော်တိုရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်လာအောင် မြှင့်တင်ပေးနိုင်တဲ့ ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ Biology, Genetic, Neuroscience နဲ့ Nutrition စတဲ့နယ်ပယ်တွေက နည်းလမ်းတွေနဲ့ Self Experimentation တွေကိုအခြေခံထားတာကြောင့် Biohacking ကို DIY Biology လိုလည်း ခေါ်ကြပါသေးတယ်။

ကဲ...ခုလောက်ဆိုရင်တော့ Biohacking ဆိုတာကို သေချာလေး နားလည်သွားလိမ့်မယ်လိုထင်ပါတယ်။ ဒီနေ့မှာတော့ Productive ဖြစ်တဲ့ တစ်နေ့တာရအောင်၊ Balanced Lifestyle တစ်ခုရအောင် ကိုယ့်ရဲ့ Daily Routine တွေကို ဘယ်လို Biohack ရမလဲ ဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးပါ့မယ်နော်။ 🥰

၁။ မနက်ခင်း နေရောင်ခြည်နှင့် ‌ထိတွေ့ပေးခြင်း 🌞

ကျွန်တော်တိုရဲ့ ခန္ဓာကိုယ်ထဲမှာ ၂၄ နာရီအတွင်း  အိပ်ချိန်စက်ဝန်း၊‌ ဟော်မုန်း၊ အစာ‌ချေစနစ် နဲ့ ကိုယ်အပူချိန်တွေကို ထိန်းချုပ်ညှိနှိင်းပေးနေတဲ့ Circadian Rhythm လိုခေါ်တဲ့ ကိုယ်တွင်းနာရီတစ်ခု ပါရှိပါတယ်။ Circadian Rhythm အတွက် အရေးအကြီးဆုံးအရာဟာ အလင်းရောင်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အိပ်ရာနိုးနိုးချင်း မနက်စောစော ၁၀မိနစ်၊ ၁၅မိနစ် လောက် နေရောင်ခြည်နဲ့ထိတွေ့ပေးခြင်းဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ်စည်းချက်ကို Reset လုပ်နိုင်မဲ့အပြင် Cortisol လို Alert ဖြစ်တဲ့ Hormone မျိုးကို ထုတ်ပေးနိုင်တာကြောင့် တစ်နေ့တာကို တက်တက်ကြွကြွ အားအင်အပြည့်နဲ့စတင်နိုင်မှာပဲဖြစ်ပါတယ်။

၂။ မနက်ခင်းကို အနည်းဆုံး ရေတစ်ခွက်နဲ့ စတင်ခြင်း 🫧

အိပ်စက်နေတဲ့ အတောအတွင်းမှာ ခန္ဓာကိုယ်ရဲ့ ရေဓာတ်တွေဟာ ဆုံးရှုးနေပါတယ်။ ရေဓာတ်ဆုံးရှုးခြင်းဟာ Cognitive Function တွေကို အားနည်းစေပြီး နိုးကြားမှုကိုလည်းလျော့နည်းစေပါတယ်။ ဒါ့ကြောင့် အိပ်ယာထချိန် အနည်းဆုံး ရေတစ်ခွက်သောက်ပေးခြင်းဟာ ကိုယ့်ရဲ့ Productivity ကို မြှင့်တင်ပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝနေဖိုလည်း အရေးကြီးတယ်နော်။

၃။ အသက်ရှူလေ့ကျင့်ခန်း နှင့် တရားထိုင်ခြင်း 🧘

အသက်ရှူလေ့ကျင့်ခန်းနဲ့ တရားထိုင်ခြင်းမျိုးတွေဟာ Stress နဲ့ Anxiety လိုမျိုး စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို လျှော့ချပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတွေဆိုတာကို သိကြမှာပါ။ ဒါ့အပြင် အသက်ရှူ လေ့ကျင့်ခန်းတွေဟာ အာရုံကြောစနစ်ကို ထိန်းညှိပေးနိုင်ပြီး အားရုံစူးစိုက်မှုအားကိုကောင်းစေတဲ့အပြင် Energy Level ကိုလည်း မြှင့်တင်ပေးနိုင်တဲ့အတွက် ကိုယ့်ရဲ့ Daily Routine မှာ မ‌မေ့မလျော့ ထည့်ထားသင့်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။

၄။ အနားယူချိန်မှာ Mico-workout လေးတွေလုပ်ခြင်း🚶

Exercise နဲ့ Workout တွေဟာ သွေးလည်ပတ်မှုကောင်းစေပြီး ဦးနှောက်လုပ်ဆောင်ရည်တွေကို တိုးတက်စေတဲ့အတွက် ကိုယ်ရောစိတ်ပါ ကျန်းမာစေနိုင်တဲ့ အလေ့အကျင့်ကောင်းလေးဆိုတာကို အားလုံးသိကြမှာပါ။ ဒါပေမဲ့ အချိန်မရလိုဖြစ်စေ၊ ပျင်းလိုဖြစ်စေ အကြောင်းအမျိုးမျိုးနဲ့ လေ့ကျင့်ခန်းလုပ်ဖို မစတင်နိုင်တဲ့သူတွေရှိမှာပါ။ ဒီလိုလူတွေအတွက် Heavy Workout တွေအစား Stretching လိုမျိုး ဒါမှမဟုတ် လမ်းလျှောက်တာနဲ့ အနှေးပြေးခြင်းလိုခေါ်တဲ့ Jogging လိုမျိုး Light ဖြစ်တဲ့ Mico-workout လေးတွေနဲ့ စကြည့်ဖို အကြံပေးလိုက်ပါရစေ။

၅။ အာရုံစူးစိုက်မှု အားကောင်းဖို Pomodoro Technique သုံးခြင်း 🌲

Pomodoro Method ဆိုတာကတော့ တော်တော်များများနဲ့ မစိမ်းသက်တဲ့ Time Management နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ အလုပ်တစ်ခုကို ပြင်ပအနှောင့်အယှက်တွေမရှိပဲ ၂၅ မိနစ် အာရုံစိုက်လုပ်မယ်၊ ပြီးရင် ၅ မိနစ်နားမယ်၊ ဒီလိုမျိုး လေးကြိမ်ပြုလုပ်ပေးပြီးတာနဲ့ အချိန်ကြာကြာနားတဲ့ ထိရောက်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒီလို အလုပ်လုပ်နေချိန်အတွင်းမှာ Short Break ယူခြင်းဟာ ပင်ပန်းတာတွေ၊ Burnout ဖြစ်တာတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် သေချာအလုပ်လုပ်မဲ့ ၂၅ မိနစ်မှာ အာရုံစူးစိုက်မှုအားကောင်းပြီး Productivity Level ကိုလည်း ထိန်းထားနိုင်မှာဖြစ်ပါတယ်။
၆။ လုံလောက်စွာ အိပ်စက်ခြင်းနှင့် အိပ်ချိန်စက်ဝိုင်းအား ပုံမှန်ထားခြင်း 🛌

For The Future Myanmar

28 Nov, 11:31


"Media Partnership Announcement" đŸ“ လူငယ်တို့အတွက် Time will Tell Organization မှ ပထမဆုံးအကြိမ် ဉီးဆောင် ကျင်းပပြုလုပ်ပေးသွားမည့် “Path to Progress“ in-person workshop လေးကို For The Future Myanmar မှ Media Partnership အနေဖြင့်  á€•á€śá€śá€ˇá€•á€­á€Żá€¸á€•á€Ťá€á€„်ပ္းထဏးပဍတယ်ခဗဝဏ။ đŸ¤đŸťđŸŽŠ “P2P: Path to Progress” ဆိုတာကတော့ Time will Tell ရဲ့ပထမဆုံး ပွဲဉီးထွက် on ground workshop တစ်ခုဖြစ်ပြီး Youth Empowerment Project တစ်ခုလည်းဖြစ်ပါတယ်။ Community ကို အကျိုးပြုလိုသော လူငယ်တွေ ၊ Self Empowerment လုပ်လိုသော လူငယ်တွေ၊ Interpersonal Skills တွေတိုးတက်ကောင်းမွန်လိုသော လူငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ကောင်းမွန်သော ဉီးဆောင်မှုပေးလိုတဲ့ လူငယ်တို့အတွက် ဒီ workshop လေးက အထောက်အပံ့ကောင်းတစ်ခုဖြစ်နိုင်ရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ပေးတာ ဖြစ်ပါတယ်ခဗျာ။ “Path to Progress” workshop လေးကိုတော့ 🗓️ Date : 5th & 6th December, 2024 🕙 Time : 10:00 am to 4:00 pm 📍 Location : BUC Education Service [အမှတ် (၁၂)၊ ပြည်ထောင်စုရိပ်သာလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ (Feel Restaurant အနီး)] တို့တွင် 2ရက်တာ ကျင်းပပေးသွားမှာဖြစ်ပြီး တစ်ရက်နဲ့တစ်ရက် မတူညီသော training sessions တွေ activities တွေလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ activities တွေနှင့်အတူ အမိုက်စား Guest Speakers တွေရဲ့ training sessions တွေဖြစ်ကြတဲ့ ⭐️ Public Speaking ⭐️ Innovation and Entrepreneurship for Youths ⭐️ Art of Volunteering ⭐️ Civic Engagement ⭐️ Youths and Environmental Sustainability စတဲ့ အကြောင်းအရာလေးတွေကို ဒီ workshop လေးမှာ လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် workshop 2 ရက်တာလုံးကို အောင်မြင်စွာ တက်ရောက်ပြီးဆုံးပါက certificate လည်း ပေးအပ်ချီးမြှင့်ပေးသွားမှာဖြစ်သလို တက်ရောက်လာသူများကို နေ့လည်စာဖြင့်လည်း ကျွေးမွေးဧည့်ခံပေးသွားအုံးမှာ ဖြစ်ပါတယ်။ 📍“Path to Progress” workshop အကြောင်း အသေးစိတ်ကို အောက်ပါ link တွင်ဝင်ရောက်ဖတ်ရှုပြီး register လုပ်နိုင်ပါတယ်။ 
https://www.facebook.com/share/18HXUTqec6/?mibextid=WC7FNe

လူဉီးရေကန့်သတ်ထားတာမို့ အမြန်ဆုံးစာရင်းပေးသွင်းဖို့ကိုလည်း တိုက်တွန်းလိုက်ရပါတယ်ခဗျာ။

#MediaPartnership
#PathtoProgress
#P2P
#ForTheFutureMyanmar
#TimewillTell

For The Future Myanmar

23 Nov, 15:03


အလှူမပြတ် မေတ္တာထက်သန်ရင်း ရွှင်မြူးမှုတွေနဲ့အရောင်ခြယ်ခဲ့ကြတဲ့နေ့လေး✍

ဒီနေ့ရဲ့ ဝေမျှကာကူ နိဗ္ဗာန်စျေးအလှူ အစီအစဥ်လေးကြောင့်ပျော်ခဲ့ကြတယ်ဟုတ်❓

သူငယ်ချင်းအသစ်တွေလည်းရ၊ တစ်ယောက်ကိုတစ်ယောက်လက်ကမ်းကူ ဒါနလှူကြတာက ကြည်နူးမှုအပေါင်းအဖြာဖြာနဲ့ ပြည့်စုံတာကြောင့် ဖွဲ့နွဲ့လို့မဆုံးနိုင်ပါဘူးနော်။

💪ရိုင်းပင်းကူညီခြင်းရဲ့စွမ်းအားဟာ ဒီပွဲတော်လေးရဲ့ အခရာပါပဲ။

အလှူပစ္စည်းလေးတွေကိုကြည့်ရင်း ကလေးတွေရဲ့အပြုံးကို စိတ်ကူးကြည့်နေရတာနဲ့တင် စိတ်ဥယျာဥ်ကို လေပြည်သွေးလေးတိုက်ခတ်လိုက်သလိုအေးချမ်းရပါတယ်။

💌ဒါနရှင်လေးတွေကလည်း ပြန်လက်ခံရရှိတဲ့ ခွန်အားစာလေးတွေကြောင့် တစ်ခဏတာ ပြုံးပန်းဆင်နိုင်မယ်လို့ယုံကြည်ပါတယ်။

ဒီလိုတန်ဖိုးရှိတဲ့အခိုက်အတန့်လေးကတိုတောင်းလွန်းနေတယ်နော်။🤔

အဲ့လိုတွေးမိနေရင်တော့ မနက်ဖြန်တစ်ရက် ကျန်သေးကြောင်း သတင်းကောင်းပါးပါရစေ။

📍မနက်ဖြန် 24 ရက်နေ့မှာတော့ Junction City ဧရိယာတစ်ဝိုက်မှာ နေ့လယ် ၁နာရီကနေ ၄နာရီအထိ ရှိနေသွားမှာဖြစ်ပါတယ်။ မတူညီတဲ့အစီအစဥ်တွေစောင့်မျှော်နေတာကြောင့် အားလုံးရိုင်းပင်းကူညီပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ လာရောက်လှူဒါန်း‌ကြတဲ့ donor တွေကိုလည်း လက်ဆောင်သေးသေးလေးတွေပေးသွားမဲ့အပြင် ‌photo booth frame လေးနဲ့အတူ အမှတ်တရဓာတ်ပုံလှလှလေးတွေပါ ရိုက်ခွင့်ရမှာဖြစ်လို့ လာရောက်ကြဖို့ဖိတ်ခေါ်ပါတယ်နော်။

#contentbyMoe
#ForTheFutureMyanmar
#youthorganization

For The Future Myanmar

23 Nov, 02:30


📣 Media Partnership Announcement 📣

For The Future Myanmar × Better Tomorrow

မင်္ဂလာပါ Futureseers တို့ရေ

💁🏻‍♀️ ဒီနေ့မှာတော့ Futureseers တို့ကို အသိပေးစရာ သတင်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ လိင်နှင့်မျိုးဆက်ပွားကျန်းမာရေး ဗဟုသုတတွေကို မျှဝေပေးနေတဲ့ Better Tomorrow ကနေပြီးတော့ အခမဲ့ ပညာပေးသင်တန်းတစ်ခုကို လာမယ့် နိုဝင်ဘာလ (၂၃) ရက်နဲ့ (၂၄) ရက်နေ့တို့မှာ အွန်လိုင်းကနေ တဆင့် ကျွမ်းကျင်ဆရာဝန်တွေမှ ပို့ချပေးသွားမယ့်အကြောင်း ဖြစ်ပါတယ်။

⚕️✨ (၂) ရက်တာ သင်တန်းမှာ လူငယ်တိုင်းသိထားသင့်တဲ့ လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာတွေကို အရင်နဲ့မတူဘဲ နေ့စဥ်ဘဝမှာ အကျိုးရှိရှိပြန်လည်အသုံးချလို့ရမယ့် ဗဟုသုတတွေကိုပါ ပြောပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။?

👨🏻‍⚕️ သင်တန်းပထမရက်ရဲ့ မနက်ပိုင်းမှာ ဒေါက်တာဟန်မင်းဗိုလ်မှ Healthy relationship, Consent & Communication ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ရှင်းလင်းပြောပြပေးသွားမှာဖြစ်ပါတယ်။
⏰🗓️ သင်တန်းပို့ချပေးမယ့်အချိန်ကတော့ နိုဝင်ဘာလ (၂၃)ရက်နေ့ မနက် (၁၀)နာရီခွဲကနေ နေ့လည် (၁၂) နာရီအထိ ဖြစ်ပါတယ်။

👨🏻‍⚕️ ပထမရက်ရဲ့ ညနေပိုင်းမှာဆိုရင် ဒေါက်တာဇွဲလင်းသူက Sexual Health and Safety ဆိုတဲ့ခေါင်းစဥ်နဲ့ ရှင်းလင်းပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ⏰🗓️
သင်တန်းပို့ချပေးမယ့်အချိန်ကတော့ နိုဝင်ဘာလ (၂၃)ရက်နေ့ ညနေ (၇)နာရီခွဲကနေ (၉) နာရီအထိ ဖြစ်ပါတယ်။

👩🏻‍⚕️ သင်တန်းရဲ့ ဒုတိယရက် မနက်ပိုင်းမှာတော့ ဒေါက်တာအေးမွန်မွန်ခန့်က Menstrual Health, Hygiene and Healthy Lifestyle for All ဆိုတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပို့ချပေးသွားမှာဖြစ်ပါတယ်။ ⏰🗓️ အချိန်ကတော့ နိုဝင်ဘာလ (၂၄)ရက်နေ့ မနက် (၁၀)နာရီခွဲကနေ နေ့လည် (၁၂) နာရီအထိ ဖြစ်ပါတယ်။

✍🏻 🙋🏻‍♀️ဒုတိယရက် ညနေပိုင်းချိန်မှာ ဆရာမ စူးရှမေမှ Sexual Violence, Abuse and Rights အကြောင်းကို ပို့ချဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ⏰🗓️ နိုဝင်ဘာလ (၂၄)ရက်နေ့ ညနေ (၄) နာရီမှ (၅)နာရီခွဲအထိ ဖြစ်ပါတယ်။

💁🏻‍♀️ ဒုတိယရက် ညပိုင်းအချိန်မှာတော့ (၂)ရက်တာ အတွေ့အကြုံတွေကို ဖလှယ်ရင်း စကားစမြည်ပြောကြမယ့် closing ceremony လေးပါရှိဦးမယ့်အပြင် Better Tomorrow ဘက်နေပြီး နောက်ဆုံးအထိ တက်တက်ကြွကြွပါဝင်ဆွေးနွေးပေးတဲ့ သင်တန်းသားတွေကို (၂) ရက်တာမှာ ကုန်ကျမယ့် အင်တာနက်ဖိုးတွေကို ထောက်ပံ့ပေးဦးမှာ ဖြစ်ပါတယ်။

ဒီသင်တန်းလေးအတွက် Better Tomorrow နဲ့အတူ media partner အဖြစ် ပူးပေါင်းပါဝင်ပေးထားတဲ့ အဖွဲ့အစည်းတွေကတော့

. MELISSA
https://www.facebook.com/MelissaGCW?mibextid=kFxxJD

. For The Future Myanmar
https://www.facebook.com/profile.php?id=100083357270189&mibextid=kFxxJD

. LANN
https://www.facebook.com/LANNMyanmareducation?mibextid=kFxxJD

. Hype Community
https://www.facebook.com/HypeCommunitySpace?mibextid=kFxxJD

. HEAA Foundation
https://www.facebook.com/profile.php?id=61566855394212&mibextid=kFxxJD

. Treat With Me
https://www.facebook.com/treatwithmemyanmar?mibextid=kFxxJD

တို့ဖြစ်ပါတယ်။

ကဲ… သင်တန်းလာတက်ပြီး ဘဝအတွက် လိုအပ်တဲ့ ဗဟုသုတတွေကို ရရှိမယ့်အပြင် ပိတ်ရက်ကိုအကျိုးရှိရှိ အသုံးချမယ်ဆိုတဲ့ Futureseers လေးတို့က အခုပဲ registration လုပ်ဖို့ အောက်က လင့်လေးကို နှိပ်လိုက်ပါနော်။

Registration link 🔗 🖇️
https://docs.google.com/forms/d/e/1FAIpQLSc5IMkxoGVLR9ngMneS0vGG79Fb4RxVAqiW12yR-V2LSg7_NQ/viewform

#BetterTomorrow
#Healthier_Choices_Brighter_Futures
#SRH_Training #Sexeducation #Youths
#ForTheFutureMyanmar

For The Future Myanmar

17 Nov, 12:31


"ဝေမျှကာကူ နိဗ္ဗာန်ဈေးအလှူ" ✨

မြန်မာတို့ရဲ့ ရိုးရာဓလေ့၊ယဉ်ကျေးမှုတွေ ထုံမွှမ်းလှတဲ့လရာသီ၊ ဖော်ရွေပျူငှာတတ်တဲ့စိတ်သဘောထား အရင်းခံကို ထင်ဟပ်နေစေတဲ့ မြန်မာ့ဆယ်နှစ်လ ရာသီများထဲမှ တန်ဆောင်မုန်းလ။

တန်ဆောင်မုန်းလရဲ့ မီးထွန်းပွဲ၊ မသိုးသင်္ကန်းရက်ပွဲ၊ပံ့သကူပစ်ပွဲ၊မီးပုံးပျံလွှတ်ပွဲ၊သူခိုးကြီးည၊ဆေးပေါင်းခပွဲ စတဲ့ မရိုးနိုင်သော ရိုးရာဓလေ့တွေထဲက တစ်ခုဖြစ်တဲ့ နိဗ္ဗာန်ဈေးပွဲတော်။

နိဗ္ဗာန်ဈေးပွဲတော်ဟာဆိုရင် စေတနာကို အရင်းခံ မေတ္တာဖြင့်တည်ခင်းရင်း ပီတိအမြတ်ကိုပြန်ယူသော နိဗ္ဗာန်အကျိုးမျှော်၍ လှူဒါန်းကြတဲ့ အခမဲ့ဈေးတန်းတစ်ခုပဲဖြစ်ပါတယ်။

မဲနံပါတ်တွေကို တန်းစီထုတ်ယူချိန် ပင်ပန်းရင်းတစ်လှည့်၊ ရယ်မောပျော်ရွှင်ရင်းတစ်လှည့် ဖြစ်တည်လာတဲ့ ခင်မင်ရင်နှီးမှုတွေ၊ ဆိုင်ခန်းတွေလှည့်ပတ်ရှာဖွေရင်း သူစိမ်းဆိုတာမရှိတော့ဘဲ အချင်းချင်းကူညီဖေးမရင်း တစ်သားတည်းဖြစ်သွားတဲ့ အချိန်တွေ၊ ပေးသူပြုံးပြီး ယူသူပျော်တဲ့ ရယ်မော ပျော်ရွှင်သံတွေနဲ့ လွှမ်းခြုံထားတဲ့ နွေးထွေးတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်တဲ့ ချစ်စရာမြန်မာ့ရိုးရာ ဓလေ့တစ်ခုဆိုလည်း မှားဖွယ်ရာမရှိပါဘူး။

ဒီလို အဓိပွါယ်ရှိလှတဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုကို မရင်းနှီး‌သေးတဲ့ ကလေးငယ်တွေအတွက်  ရင်းနှီးမှုရရှိသွားအောင်၊ ရင်းနှီးပြီးသားလူတွေအတွက်လည်း အမှတ်တရကောင်းလေးတွေကို ပြန်လည်တမ်းတမိစေဖို့ ရည်ရွယ်ရင်း ကျွန်တော်တို့ "For The Future-Myanmar" ကနေ "ဝေမျှကာကူ နိဗ္ဗာန်ဈေးအလှူ" ဆိုတဲ့ Program လေးကို အားလုံးအတွက် ယူဆောင်လာခဲ့ပြီပဲဖြစ်ပါတယ်။ 🎊

💁ဒီ Program လေးမှာတော့မုန့်တွေ၊ကျောင်းသုံးပစ္စည်းတွေကိုအဓိကထား လှူဒါန်းနိုင်မှာဖြစ်ပြီး ကိုယ့်မှာပိုလျှံနေတဲ့ ပစ္စည်းတွေ၊ ပြန်လည်အသုံးပြုလို့ရတဲ့ လွယ်အိတ်၊ရေဘူး၊အရုပ် (ကလေးများ အသုံးပြုနိုင်မည့် မည်သည့်ပစ္စည်းမဆို) ဝေမျှ လှူဒါန်းသွားနိုင်ဖို့ စီစဉ်ပေးထားတဲ့ အစီအစဉ်ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။

📍ဒီအစီအစဉ်လေးမှာ ပါဝင်လှူဒါန်းချင်တဲ့ ပစ္စည်းလေးတွေကိုတော့...

1️⃣ 23.11.2024 (စနေနေ့) နေ့လယ် ၁နာရီမှ ၄နာရီအထိ Time City ဧရိယာနဲ့...

2️⃣ 24.11.2024 (တနင်္ဂ‌နွေ) မှာတော့ နေ့လယ် ၁နာရီမှ ၄နာရီအတွင်း Junction City ဧရိယာတို့မှာ နှစ်ရက်တိတိ For The Future-Myanmar မောင်နှမတွေ ရှိနေမှာမလို့ တတ်နိုင်သလောက် လာရောက်လှူဒါန်းရင်း အမှတ်တရလေးတွေ ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။

လာရောက်လှူဒါန်းကြတဲ့ ပစ္စည်းလေးတွေကိုတော့ For The Future-Myanmar မောင်နှမတွေကနေ အမှန်တကယ် လိုအပ်နေတဲ့ ကလေးငယ်‌တွေဆီကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးသွားမှာပဲဖြစ်ပါတယ်။

မြန်မာတို့ရဲ့ ချစ်စရာ ဓလေ့ရိုးရာတစ်ခုကို မျိုးဆက်သစ်လေးများရဲ့ ရင်ထဲမှာ မျိုးစေ့ချပေးခဲ့ပြီး ဆက်လက်ထိန်းသိမ်းသွားစေလိုတဲ့ ရည်ရွယ်ချက်ကောင်းနဲ့ ပြုလုပ်ပေးသွားမှာဖြစ်တဲ့အပြင် ရိုးရာအစဉ်အလာမပြတ်ကျင်းပနည်းအတိုင်း ကလေးတွေနဲ့အတူ ပျော်ရွှင်စွာ ဆင်နွှဲသွားဖို့ စီစဉ်ထားတာကြောင့် တစ်တက်တစ်အားအနေနဲ့ လာရောက်ပါဝင်လှူဒါန်းနိုင်ကြဖို့ ဖိတ်ကြားလိုက်ရပါတယ်။ 💞

#ForTheFutureMyanmar
#youthorganization

For The Future Myanmar

15 Nov, 11:45


❝ 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 ❞ ✨🔊

For The Future-Myanmar 🤝 𝗠𝗘𝗟𝗜𝗦𝗦𝗔

🔊 Hello ... Futureseers တို့ရေ ...

✨ ဒီတစ်ခေါက်မှာတော့ လိင်နဲ့မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဗဟုသုတ အကြောင်းတွေကို လူထုဆီမျှဝေပေးနေတဲ့ 𝗠𝗘𝗟𝗜𝗦𝗦𝗔 ကခုလာမဲ့ နိုဝင်ဘာ 16 ရက်နေ့မှာ ပြုလုပ်သွားမဲ့ Menstrual Health Awareness Program လေးတစ်ခုကို For The Future-Myanmar ကနေ 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 အနေနဲ့ ဆောင်ယူလာခဲ့ပြန်ပါပြီရှင်...။ 🙋‍♀️

🩸ဒီ Program လေးက 𝗠𝗘𝗟𝗜𝗦𝗦𝗔 ကနေ လစဉ်လတိုင်းပြုလုပ်လျက်ရှိတဲ့ ❝ ရှာရှာဖွေဖွေမျိုးဆက်ပွားကျန်းမာရေး ❞ Health Talk Serie ရဲ့ " Better Periods, Better Days " ဆိုတဲ့ Virtual Program လေးပဲဖြစ်ပါတယ်။

⭕️ ဒီ Program လေးမှာတော့ Session နှစ်ခုပါဝင်သွားမှာဖြစ်ပြီးတော့ ပထမပိုင်းအနေနဲ့

◽️ ရာသီစက်ဝန်းလည်ပတ်ပုံ

◽️ ရာသီလာချိန်အတွင်း သန့်ရှင်းမှုရှိစေဖို့မှာ Menstraul HygienManagementရဲ့ အရေးပါပုံ

◽️ရာသီလာချိန်အတွင်းမှာ အဖြစ်များတတ်တဲ့ ကျန်းမာရေးပြဿနာတွေကိုသက်သာစေမဲ့ အလေ့အကျင့်ရှိသင့်ပုံ

◽️ ရာသီစက်ဝန်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့ အရေးကြီးပုံ

◽️ရာသီစက်ဝန်းဟာ နေ့စဥ်ဘဝအတွက် ဘယ်ပုံဘယ်နည်း သက်ရောက်ပုံ စတဲ့အကြောင်းအရာတွေကို ပြည့်ပြည့်စုံစုံဝေမျှသွားမှာဖြစ်ပါတယ်။ ✨

⭕️ Program လေးရဲ့ ဒုတိယပိုင်းမှာဆိုရင်တော့

◽️ရာသီလာစဥ်မှာ အမျိုးသမီးတွေကြုံတွေ့ရတတ်တဲ့ ကျန်းမာရေးပိုင်းဆိုင်ရာပြဿနာတွေအတွက် အကြံပြုချက်နဲ့ ယောဂအခြေခံတွေ

◽️ယောဂနဲ့ အသက်ရှုလေ့ကျင့်ခန်းတွေလုပ်

ခြင်းကနေတဆင့် သက်သာသွားစေနိုင်တဲ့ ရာသီကျန်းမာရေး လက္ခဏာတွေ

◽️ရာသီလာချိန်အတွင်း ပေါ့ပေါ့ပါးပါးလေ့ကျင့်နိုင်တဲ့ ယောဂကျင့်စဉ်အမျိုးအစားတွေ

◽️ ရာသီလာစဉ်အတွင်း ဘေးကင်းစွာ ယောဂလေ့ကျင့်ရန် အကြံပြုချက် စတာတွေကို ပြည့်ပြည့်စုံစုံဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပြီးတော့ Participants တွေကိုယ်တိုင် လိုက်ပါကျင့်ဆောင်နိုင်မဲ့ Workshop Session လေးလည်းပါဝင်သွားမှာပဲဖြစ်ပါတယ်။

📌 𝗘𝘃𝗲𝗻𝘁 𝗗𝗲𝘁𝗮𝗶𝗹𝘀 >>>

🗓 Date : 16th Nov , 2024(Saturday)

⏰ Time : 6:30 - 9:30 pm

🌐 Venue : Virtual Zoom Platform

ဖြစ်ပြီး Program လေးမှာ ပါဝင်ဆွေးနွေးသွားကြမဲ့ Healthcare Educator, Yoga Instructor တွေရဲ့ အကြောင်းကို အောက်မှာပေးထားတဲ့ Link မှာဝင်ရောက်ဖတ်ကြည့်နိုင်ပါတယ်နော်။

📍Program Link : https://shorturl.at/YncbK

♦️ အခုပြုလုပ်သွားမဲ့ Program လေးမှာဆိုရင် Knowledge Sharing တွေအပြင် Yoga Practice Session လေးပါ ပါဝင်သွားမှာဖြစ်တဲ့အတွက် ကိုယ်သိချင်တဲ့ မေးခွန်းတွေကိုလည်း တိုက်ရိုက်မေးမြန်းနိုင်ပြီး Yoga လည်းတူတူကျင့်ရမယ်ဆိုတော့ လစဉ်ဓမ္မတာလာရင် ကိုက်ခဲတတ်တဲ့ အမျိုးသမီးလေးတွေကတော့ လုံးဝကို Must Join ပါပဲနော်။ ဆိုတော့ လက်လွှတ်မခံဘဲ အမြန်ဆုံး Register လုပ်ပြီး ပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။ 💁‍♀️

🖇 Registration Link 🖇

https://forms.gle/gnwf6p9bNPwa6jQB7

🙆‍♀️ ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဆွေတွေပါ တက်ရောက်နိုင်အောင် အခု ပိုစ့်လေးကို Share ဖို့နဲ့ Virtual Programအကြောင်းကို ထပ်ပြီးသိချင်တာရှိရင် Host Organization ဖြစ်တဲ့ 𝗠𝗘𝗟𝗜𝗦𝗦𝗔 ရဲ့ Page Messenger မှာ သွားရောက်မေးမြန်းကြဖို့ မမေ့ပါနဲ့ဦးနော် ။ 🫶✨

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

🩸🔴 𝗠𝗘𝗟𝗜𝗦𝗦𝗔 အနေနဲ့ လိင်နဲ့မျိုးဆက်ပွားကျန်းမာရေးကဏ္ဍရဲ့ အခြေခံအကျဆုံးအကြောင်းအရာတစ်ခုဖြစ်တဲ့ ရာသီလာခြင်းနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့အယူအဆတွေကိုပယ်ဖျက်ပေးခြင်းနဲ့ ရာသီသုံး

ထုတ်ကုန်တွေကို လက်လှမ်းမီသုံးစွဲခွင့်ရရှိ‌နိုင်ဖို့အတွက် ရည်ရွယ်ပြီး အမျိုးသမီးတွေရဲ့ အခြေခံနဲ့ အရေးကြီးဆုံး လိုအပ်ချက်တွေထဲကတစ်ခုဖြစ်တဲ့ ကောင်းမွန်လုံခြုံတဲ့ရာသီလာခြင်းဆိုင်ရာ တကိုယ်ရည် သန့်ရှင်းရေးစီမံခန့်ခွဲမှု (menstrual hygiene management) ကို တဖက်တလမ်းက ပံ့ပိုးပေးနိုင်ဖို့အတွက် ❝ တစ်ထုပ်ဝယ်ယူ တစ်ထုပ်ကူ 🩸❞ ဆိုတဲ့ Menstrual Products Contribution Movement လေးကတဆင့် ရာသီလာခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာတွေ၊ လစဉ်သုံးပစ္စည်းများ ပံ့ပိုးပေးခြင်းနဲ့ ရာသီလာခြင်းအပေါ်မှာ လွဲမှားစွာပြောနေကြတဲ့ အမည်းစက်တွေကို လျှော့ချပေးခြင်းတို့ကို လုပ်ဆောင်ပေးနေတာဖြစ်လို့ အခု Movement လေးမှာ ပါဝင်ချင်တယ်ဆိုရင်လည်း messenger m.me/melissagcw ကတဆင့် အချိန်မရွေး စုံစမ်းနိုင်ပါ တယ်ရှင်။ 🩸🔴

~~~

🔸Instagram

https://shorturl.at/iLM12

🔸LinkedIn

https://t.ly/r2G_R

🔸Threads

https://t.ly/K-w9P

🔸 Telegram

https://t.me/melissagcw

https://t.me/watchtolearnMLS

#ForTheFutureMyanmar
#Melissa
#girlscantwhat
#melissagcwmyanmar
#menstrualproductscontributionmls
#တစ်ထုပ်ဝယ်ယူတစ်ထုပ်ကူ
#ရှာဖွေမျိုးဆက်ပွားကျန်းမာရေး
#BetterPeriodsBetterDays
#mediapartnership

For The Future Myanmar

14 Nov, 13:08


"ဆေးပေါင်းခတဲ့ မဲဇလီည"

မင်္ဂလာပါ Futureseers လေးတို့ရေ✨

ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းညလို့ပြောလိုက်တာနဲ့ မဲဲဇလီဖူးသုပ်စားတာကို Futureseers တို့ မျက်စိထဲ ပထမဆုံးမြင်မိကြမယ်ထင်ပါတယ်။ မဲဇလီဖူးသုပ်ဆိုတာကတော့ ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်းလပြည့်နေ့မှာ မြန်မာတို့ ဆေးဖြစ်ဝါးဖြစ် စားသုံးကြတဲ့ ရိုးရာအသုပ်တစ်ခုပဲ ဖြစ်ပါတယ်။

တစ်နှစ်ပတ်လုံး စိမ်းလန်းစွာပွင့်တဲ့ မဲဇလီပင်ဟာ ဘာကြောင့်တန်ဆောင်မုန်းလပြည့်နေ့မှာမှ ဆေးပေါင်းခတယ်လို့ ဆိုကြတာလဲ၊ မဲဇလီဖူးအသုပ်စားတဲ့အခါ ရရှိတဲ့ကောင်းကျိုးတွေက ဘာတွေဖြစ်မလဲဆိုတာ ဒီ video လေးမှာ ပြောပြသွားမှာဖြစ်ပါတယ်။

Futureseers တို့အားလုံးလည်း မနက်ဖြန်ကျရောက်တော့မယ့် တန်ဆောင်မုန်းလပြည့်ည အခါသမယမှာ မိသားစု၊သူငယ်ချင်းတွေနှင့်အတူတူ မဲဇလီဖူးသုပ်စားရင်း ပျော်ရွှင်ငြိမ်းချမ်းတဲ့တန်ဆောင်တိုင် ဖြစ်ပါစေလို့ For The Future-Myanmar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

For The Future Myanmar

13 Nov, 12:40


Debate Club Facilitator
https://docs.google.com/forms/d/1PXaqJulE3tKEfFtvj8Lt3LpbSTim5JM2UFuuTsc4OOk/edit?usp=drivesdk

For The Future Myanmar

13 Nov, 12:39


Research&Development Team
https://docs.google.com/forms/d/e/1FAIpQLSciwEqz8qTPS5Fm99PJJbyblS1XCjvVN8wqj2rBIPaKZQXvMA/viewform?usp=sharing

Zoom Host
https://docs.google.com/forms/d/e/1FAIpQLSeWbmNZm8mSZ30tPIsz9lszhsNA8zb5gEPvXN3wJaRvoxeOHQ/viewform?usp=sf_link

For The Future Myanmar

13 Nov, 12:39


Supervisor of the Department of
Publishing

https://docs.google.com/forms/d/12wK0HUeBl6DMo-EdsGRbXESa7tock47WVk8cC9lsAIk/edit?usp=drivesdk

Content Writer
https://docs.google.com/forms/d/1cNzbsswMZpcpqH9zcjxZwBdUFcHAKrYV8vtuinWipN8/edit?usp=drivesdk

Media & Public Relations

https://docs.google.com/forms/d/e/1FAIpQLScWkPa6O6mGfuw9Ltte4fF2jm7JM6ZFbB8GLqEpZjDWOQBTtQ/viewform?usp=sf_link

Video Editor

https://docs.google.com/forms/d/e/1FAIpQLSfQ8rUfDqunyAaa4X743YAjGxu-pI6yY9zgaKYwURk2Rt4Q2w/viewform?usp=sf_link

Translator Team

https://docs.google.com/forms/d/16f6Tea3CHFj9guq7fR62DEyV-Gm57t0q0lLJxPGz46I/edit?usp=drivesd

For The Future Myanmar

13 Nov, 12:39


Human Resources Team
https://docs.google.com/forms/d/1ev5M9AezpNlC8KC4mQCjYPFKnKOpdB71NOTzHJXCnrg/edit?usp=drivesdk

Voluteer Point Auditor Team
https://docs.google.com/forms/d/e/1FAIpQLSdyQJ0f37EK5PfMzWCtUZqs8pgnHL98ekordg3gT-lZeA-k1g/viewform?usp=sharing

Training&Development Team
https://docs.google.com/forms/d/1dizjS6AdW94BQFsGmf0jBMk-4GLu2-Fb_5K9R-8iOFk/edit?usp=drivesdk

For The Future Myanmar

13 Nov, 12:38


အကြင်နာဖြန့်ဝေသော လက်တစ်စုံဖြစ်ဖို့... 🫴

တိုက်စားခံလိုက်ရတဲ့ အချိန်တွေကို နောင်တတွေနဲ့အတူ မဖြတ်သန်းရစေဖို့၊ အထီးကျန်တဲ့နေ့ရက်တွေကို ကျော်လွှားနိုင်ဖို့၊ ပျောက်ဆုံးနေတဲ့ အနာဂတ်တွေကို ပြန်လည်ရှာဖွေဖို့၊ ကိုယ်ဝါသနာပါရာကို ခြေလှမ်းသစ်တွေ စတင်နိုင်ဖို့ရာအတွက် အခွင့်အရေးအသစ်တွေကို For The Future-Myanmar Organization ကနေ ယူဆောင်လာပြီပဲ ဖြစ်ပါတယ်။ ✨

For The Future-Myanmar Organization ဟာဆိုရင် Sustainable Development Goals (SDG) တွေကို အခြေခံပြီး လူငယ်တွေရဲ့ တိမ်မြုပ်နေတဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပေးနိုင်ဖို့အတွက် တစ်ဖက်တစ်လှမ်းကနေ ကူညီအားဖြည့်ပေးနေတဲ့ Non-profit Organization တစ်ခုပဲဖြစ်ပါတယ်။

💁 ဒီလို Organization လေးမှာ Volunteer လုပ်ရင်း အကြင်နာတွေ ဖြန့်ဝေပေးနိုင်မဲ့ လက်တစ်စုံဖြစ်ဖို့ အခွင့်အရေးလေးတွေကတော့...

1. Human Resources Team
2. Volunteers Point Auditor Team
3. Zoom Host Team
4. Training & Development Team
5. Video Editing Team
6. Research & Development Team
7. Media & Public Relation Team
8. Content Writing Team
9. Supervisor of the Department of Publication
10. Debate Club Facilitators Team
11. Translator Team တို့ပဲဖြစ်ပါတယ်။

✅  Experience မရှိသေးတဲ့ သူတွေအနေနဲ့လည်း အတွေ့အကြုံရှိပြီးသား Senior တွေရဲ့ အကူအညီနဲ့အတူ အတွေ့အကြုံအသစ်တွေကို ရယူနိုင်မှာဖြစ်လို့ အချိန်ဆွဲမနေပဲ ခုချက်ချင်းပဲ Register လုပ်လိုက်တော့နော်။

✅ တူသောအကျိုးပေးတယ်ဆိုသလိုပဲ Volunteer တစ်ယောက်အနေနဲ့ မတူညီတဲ့ နေရာအသီးသီးက မိတ်ဆွေအသစ်တွေနဲ့အတူတူ Task တွေကိုလုပ်ဆောင်ရမှာဖြစ်လို့ Networking skill, Team Work skill အပြင် Problem-solving skill တွေပါ တိုးတက်လာမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့ရဲ့ For The Future-Myanmar ကနေ ဒီနှစ်ထဲမှာပဲ For The Future; Education Institute-Myanmar ကို ဂုဏ်ယူစွာနဲ့ ထပ်မံဖွင့်လှစ်ထားပြီး လူငယ်တွေအတွက် အကျိုးလည်းရှိ၊ ပျော်စရာလည်းကောင်းမဲ့ Club (3) ခုကိုလည်း အပတ်စဉ် ပြုလုပ်‌ပေးလျက်ရှိပါတယ်။

◾ ငြင်းရခုန်ရတာ ဝါသနာပါတဲ့ သူတွေအတွက် " War of Words Debate Club "

◾ စာဖတ်ဝါသနာအိုးလေးတွေအတွက် " The Book Sitters Reading & Speaking Club "

◾ စိတ်အေးလက်အေး စကားလက်ဆုံ‌ကြလို့ရမဲ့ " Tea Talk Speaking Club "

✅ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ Club တွေအပြင် အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်တဲ့ Class တွေ၊ ဘာသာစကားသင်တန်းတွေကိုပါ Free အနေနဲ့ ဖွင့်လှစ်ပေးထားတာဖြစ်လို့ ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် Join ရင်းနဲ့ ကိုယ့်ရဲ့ ဗဟုသုတနဲ့ အသိပညာနယ်ပါယ်တွေကိုပါ ချဲ့ထွင်နိုင်မဲ့ အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်‌နေပြန်ပါသေးတယ်။

ကဲ...ဒါဆိုရင်တော့ ဒီလောက်ကောင်းတဲ့ အခွင့်အရေးမျိုးကို လက်မလွှတ်ရလေအောင် ‌သက်ဆိုင်ရာပုံတစ်ပုံချင်းစီအောက်က Link လေးကနေတစ်ဆင့် ခုပဲ လျှောက်ထားလိုက်တော့နော်။

📍Form Deadline လေးကတော့ 20.11.2024 (Wednesday) 7:00 PM ပဲဖြစ်ပါတယ်။

📍Interview အတွက်ရွေးချယ်ခံရတဲ့ သူတွေကိုတော့ 22.11.2024 (Friday) မှာ Mail ကနေတစ်ဆင့် ဆက်သွယ်ပေးမှာဖြစ်လို့ Spam Box တွေထဲပါမကျန် စစ်ပေးကြပါဦးနော်။

📍Interview အတွက်ရက်ကိုတော့ 23,24,25,26 အဖြစ်သတ်မှတ်ထားပြီး Final Result ကိုတော့ 29.11.2024 (Friday) မှာ ကြေညာပေးသွားမှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် Update အကြောင်းအရာတွေကို မျက်ခြည်မပြတ်ရအောင် For The Future-Myanmar ရဲ့ Facebook, Instagram နဲ့ Telegram တို့ကို Like & Follow လုပ်ထားဖို့လည်း မမေ့ပါနဲ့နော်။

Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL

Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==

Telegram - https://t.me/For_The_Future_Myanmar

YouTube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlWTZ

#ForTheFuture_Myanmar
#YouthOrganization

For The Future Myanmar

12 Nov, 14:24


"ကွဲပြားမှုစုံလင် နာနတ္တတစ်ခွင်"

"နာနတ္တရပ်ဝန်း" ဆ်ိုတာ ကွဲပြားမှုနဲ့ စုံလင်မှုတို့ကို ကိုယ်စားပြုထားတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ မိမိတို့ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ကမ္ဘာကြီးပေါ်မှာ မတူညီတဲ့ ခံယူချက်တွေ၊ အတွေးအခေါ်အတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကွဲပြားမှုတွေကြောင့် ဖယ်ကျဥ်ခံရတာတွေရှိသလို ခွဲခြားဆက်ဆံခံရတာတွေလည်း ရှိပါတယ်။ ဒါတွေကို နားလည်နိုင်မယ့်သူ၊ စိတ်ကိုအရင်းခံပြီး နားထောင်ပေးမယ့်သူတွေကို ကျွန်တော်တို့ တစ်ဦးချင်းစီက လိုအပ်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ နာနတ္တရပ်ဝန်းသူ၊ ရပ်ဝန်းသားများအနေနဲ့ မိမိရဲ့ ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းနေကြရလဲ၊ တစ်ပါးသူတွေကရော ဘယ်လိုတွေ ရင််ဆိုင်ကြုံတွေ့ နေရတာလဲဆိုတာကို ပြောပြနိုင်ဖို့ ပွဲလေးတစ်ပွဲ စီစဥ်ထားပါတယ်။ ဒီပွဲလေးကနေပြီးတော့ ခံယူချက်တွေ အယူအဆတွေနဲ့ အခက်အခဲတွေကို နားထောင်ကြရင်း တစ်ဦးနဲ့ တစ်ဦး ပိုမိုနားလည်နိုင်ရန် ရည်ရွယ်ပါတယ်။ လူအဖွဲ့အစည်းအတွင်းမှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ ရှိလာမှသာ ခွဲခြားဆက်ဆံမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို ကာကွယ်တားဆီးနိုင်မှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ လေးပင်စေတဲ့ ဖြစ်တည်မှု ဂုဏ်ပုဒ်အားလုံးအတွက် စိတ်သက်သာရာရပ်ဝန်းလေး ဖြစ်စေမယ့်အပြင် ပါဝင်သူအားလုံးအတွက် စိတ်အမောပြေပျောက်စေမယ့် ပျော်စရာအစီအစဉ်လေးတွေရော refreshment တွေလည်း စီစဉ်ပေးထားတာဖြစ်တဲ့အတွက်

နာနတ္တရပ်ဝန်းကနေစီစဉ်တဲ့ ယခုအစီအစဉ်လေးကို လာရောက်ပါဝင်ချင်တယ်ဆိုရင် အောက်ပါ form လေးမှာ register လုပ်ပြီး ပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ် 🙌

https://docs.google.com/forms/d/e/1FAIpQLSeKaE4BD_tJuKV3EbYXIqUU3OIW2eMo5bmsHEs4DWsT0r7ssQ/viewform?usp=sf_link

Date 📆 14 November 2024

Time ⏳ 10:00 am to 4:30 pm (MMT)

Location 📌 Spaces-31 https://www.facebook.com/profile.php?id=100083211180737&mibextid=LQQJ4d

#nanatta_yatwoon #EmbraceDiversity

For The Future Myanmar

11 Nov, 12:30


“စုံလင်ကွဲပြား၊ ပေါင်းစည်းစို့လား”

သင်က မတူညီ၊ ကွဲပြားမှုတွေအတွက် ခက်ခဲတဲ့စိန်ခေါ်မှုတွေပြည့်နေတဲ့ ပတ်ဝန်းကျင်မှာ မွေးဖွားလာတဲ့သူတစ်ဦးလား❓

ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ မတူညီတဲ့အမြင်တွေ ၊ ကွဲပြားနေတဲ့ဖြစ်တည်မှုတွေ အများကြီးရှိနေပါတယ်။ သာယာပျော်ရွှင်ပြီး သာတူညီမျှမှုရှိတဲ့ လူ့အသိုက်အဝန်းကို ရရှိဖို့ဆိုရင် ကျွန်ုပ်တို့ တွေဟာ ဒီလို ကွဲပြားတဲ့အတွေးအမြင်တွေ၊
အမျိုးမျိုးသောမတူညီတဲ့ဖြစ်တည်မှု‌တွေကိုလက်ခံပေးဖို့လိုအပ်ပါတယ်။
လူ့မှုအသိုင်းအဝိုင်းအတွင်းမှာ ရှင်သန်နေထိုင်သူများအနေဖြင့် DEI ( Diversity, Equity, Inclusion ) ဆိုတဲ့ မတူကွဲပြားမှု၊ သာတူညီမျှမှု၊ အားလုံးပါဝင်မှု
တို့ကို ကောင်းစွာ သိရှိနားလည်ပြီး လူသားအားလုံးကို သာတူညီမှုရှိစွာ၊ နားလည်မှုရှိစွာဆက်ဆံကြမယ်ဆိုရင် ကျွန်ုပ်တို့ဟာ ပိုမိုကောင်းမွန်ပြီး ခွဲခြားဆက်ဆံမှုကင်းတဲ့ လူမှုပတ်ဝန်းကျင်ကိုလည်း ရရှိလာမှာဖြစ်သလို ခွဲခြားဆက်ဆံမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခများကိုလည်း လျော့ချနိုင်မှာဖြစ်ပါတယ်။

သို့ပေမယ့်... ကျွန်ုပ်တို့ လူ့ပတ်ဝန်းကျင်မှာ မတူညီကွဲပြားမှုတွေကို နားလည်နိုင်မှု အားနည်းသေးတဲ့သူတွေ၊ လက်မခံနိုင်တဲ့လူတချို့တွေလည်းရှိနေပါတယ်။
ဒါတင်မကသေးပဲ မတူညီကွဲပြားမှုတွေကြောင့်ခွဲခြားဆက်ဆံခံရတဲ့လူတွေလည်း ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာရှိနေတာကို သုတေသနတွေအရပါမက ပတ်ဝန်းကျင်တွင်ပါ မျက်မြင်ကိုယ်တွေ့တွေလည်း တွေ့ရှိနေရပါတယ်။ 🚫
ဒါ့အပြင် ခွဲခြားဆက်ဆံမှုတွေရဲ့ နောက်ဆက်တွဲသက်ရောက်မှုအနေနဲ့ မတူကွဲပြားတဲ့ အစုအဖွဲ့အသီးသီးတွေရဲ့ ပဋိပက္ခတွေမှတဆင့် ပြင်းထန်သော လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး အစရှိသဖြင့် ကြီးမားကျယ်ပြန့်သော သက်ရောက်မှုများဖြစ်စေနိုင်တဲ့ဖြစ်ရပ်များကိုလည်း ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာ တွေ့မြင်နေရဆဲဖြစ်ပါတယ်။
ကျွန်ုပ်တို့ ကိုယ်တိုင်လည်း သတိမထားမိတဲ့အချိန်မှာ အခြားသူအပေါ်ခွဲခြားဆက်ဆံတဲ့စကားလုံးတွေ၊ အပြုအမူတွေလုပ်ဆောင်မိတဲ့အခါ တစ်ဖက်သူမှာ နာကျဉ်သွားရတာမျိုးတွေလည်းရှိတတ်ပါတယ်။ ဒီလိုအပြုအမူတွေကို သတိထားဖို့အတွက်ကြောင့် DEI Awareness ဆိုတာ ကျွန်ုပ်တို့ လူ့ပတ်ဝန်းကျင်မှာ ရှင်သန်နေထိုင်နေတဲ့ လူသားတိုင်းအတွက် လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။

အခုလို လူမှုပတ်ဝန်းကျင်အတွက် အရေးကြီးလိုအပ်တဲ့ DEI ( Diversity, Equity, Inclusion ) နဲ့ပတ်သက်လို့ ပိုမိုသိရှိချင်ပြီး မိမိအသိုင်းအဝိုင်းကိုလည်း ကိုယ်သိသလောက်ပြန်လည်မျှဝေချင်တယ်ဆိုရင်တော့ ကျွန်ုပ်တို့ နာနတ္တရပ်ဝန်းမှ ပြုလုပ်မဲ့ “ စုံလင်ကွဲပြား ပေါင်းစည်းစို့လား” ဆိုတဲ့ Inclusion Awareness Sharing Session လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

(Social Inclusion ပိုင်းတွင် ကျွမ်းကျင်၍ အတွေ့အကြုံများသော trainer ဆရာမမှ ယခု online session ကို ဦးဆောင်၍ မျှဝေပေးသွားမည် ဖြစ်၍ စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါ link မှ တဆင့် ပါဝင်လျှောက်ထားနိုင်ပါသည်။)

https://docs.google.com/forms/d/e/1FAIpQLSdMUhQ7eVqPlI5VL6adWtIM3Q8EeY7kvmGu2MH4yLurGoxkcw/viewform?usp=sf_link

(❗️ယခု DEI trainning လေးကတော့ ယခင်က DEI awareness နဲ့ပက်သက်၍ ကနဦးရင်းနီးမှု မရှိထားသေးသော သင်တန်းသား/သင်တန်းသူများအတွက် ဦးစားပေးရည်ရွယ်ထားသောကြောင့် လူဦးရေ အကန့်အသတ်အရရွေးချယ်မှုတွင် Inclusion awareness နှင့်ပက်သက်၍အခြေခံ အသိပညာမျှဝေမှုလိုအပ်နေသော ပါဝင်သူများကို ဦးစားပေးရွေးချယ်မည်ဖြစ်ကြောင်း ဦးစွာအသိပေးမေတ္တာရပ်ခံအပ်ပါသည်။)

#Nanatta_Yatwoon #embracediversity

" စုံလင်ကွဲပြား ပေါင်းစည်းစို့လား "

Date & Time 📆⏳
______

Date : 13, November 2024 (Wednesday)
Time : 7 P.M to 9 P.M

Platform 📍👩🏻‍💻🧑🏾‍💻
____

Online Zoom meeting

For The Future Myanmar

08 Nov, 11:31


💟အဟာရချို့တဲ့တယ်ပြောလိုက်ရင် ပထမဆုံးပြေးမြင်မိတာက အစာရေစာလုံလောက်စွာမစားခြင်းကိုပါ။ အမှန်စင်စစ်မှာကော ဟုတ်နေပါ့မလား။

◾️ကဲ....ကဲ Futureseers တို့ကို ငယ်ဘဝအမှတ်တရအချို့ဆီကို ခရီးသွားကြည့်ကြရအောင်။ စာသင်ခန်းထဲက ချိတ်ဆွဲထားတဲ့ အစားအစာသီးနှံပုံလေးတွေဆီရောက်သွားပြီဟုတ်။ ကဲ အစာစားအုပ်စုကြီးဘယ်နှခုရှိလဲဆိုတာ ဘယ်သူမှတ်မိကြသလဲ။😜

အဓိကအားဖြင့်••••
▪️ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာအုပ်စု
▪️အင်အားဖြစ်ထွန်းစေသော အစာအုပ်စု
▪️ရောဂါအမျိုးမျိုးတွေ့ကိုကာကွယ်ပေးတဲ့ အစာအုပ်စုဆိုပြီး သုံးမျိုးရှိပါတယ်။

Futureseers လေးတို့က အစာအုပ်စုသုံးစုလုံးကိုမျှမျှတတစားပေးဖို့လိုပါတယ်။ လုံလောက်အောင်မစားမိတာမျိုး ဒါမှမဟုတ် လိုအပ်တဲ့ Calories ထက်ပိုစားမိခဲ့ရင် အဟာရချို့တဲ့မှု ဖြစ်လာတတ်ပါတယ်။
အဟာရချို့တဲ့မှုကို ပေါ့ပေါ့တန်တန်တွေးမိတတ်ကြပေမယ့် လက်တွေ့မှာတော့ နာတာရှည်ရောဂါ၊အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်လာနိုင်ပါ‌သေးတယ်။ အဓိကအားဖြင့် ကိုယ်ခံအားလျော့ဆင်းပြီး ကူးစက်ရောဂါမှ အသက်အန္တရာယ်ထိခိုက်သည်အထိဖြစ်နိုင်ပါတယ်။😔

🩶Calcium

Calcium ကို ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အရိုးမှာ အများဆုံးအသုံးပြုပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်ထဲက အရိုးအုပ်စုတွေဟာ အသက်အရွယ်နဲ့အမျှ ဆဲလ်ပြောင်းလဲမှုတွေဖြစ်တတ်ပါတယ်။

💌Fun Fact အနေနဲ့ အရွယ်ရောက်ပြီးသားလူကြီးတစ်ယောက်ဟာ တစ်နေ့ကို calcium ပမာဏ (၁၀၀၀)မီလီဂရမ်လိုအပ်ပြီး အသက် ၅၀ ကျော်အမျိုးသမီး‌တွေနဲ့ ၇၀ကျော်အမျိုးသားတွေဟာ (၁၂၀၀)မီလီဂရမ် လိုအပ်ပါတယ်။

◾️Calcium ကို အများအားဖြင့် နို့နှင့်နို့ထွက်ပစ္စည်းတွေက ရရှိနိုင်ပါတယ်။ ဒါ့အပြင် Kale နဲ့ ပန်းဂေါ်ဖီ ကဲ့သိုသော အစိမ်းရောင်အရွက်တွေမှာလည်းရရှိနိုင်ပါတယ်။

🩶Vitamin D

Vitamin D ကို တော့ အဓိကအားဖြင့် နေရောင်ခြည်က ရရှိနိုင်ပါတယ်။ Vitamin D လျော့နည်းမှုက မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ပြီး အကျိတ်‌ကင်ဆာနဲ့ ‌ရင်သားကင်ဆာအထိဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် Futureseers တို့လည်း အသားမဲမှာမကြောက်ဘဲ နေပူစာလုံကြရအောင်။🥰

💟လူသိများတဲ့ အဟာရဓာတ်ကိုပြောပြပြီးပြီဆိုတော့ စိတ်ပိုင်းဆိုင်ရာကိုမြှင့်တင်ပေးနိုင်မယ့် mood booster အစားအစာလေးတွေလည်းရှိ‌သေးပါတယ်‌နော်။

🫧အချိုဓာတ်ရှိတဲ့ အစားအစာလေးတွေဟာ မိန်းကလေးတွေ ဓမ္မတာလာချိန်မှာ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်စေပါတယ်။ ဒါ့အပြင် သံဓာတ်, အိုမီဂါ နဲ့ ဖက်တီးအက်စစ်တွေဟာလည်း စိတ်ပိုင်းဆိုင်ရာအခြေအနေကို မြှင့်တင်ပေးနိုင်ပါသေးတယ်။

💟Healthy Diet Plan ဆိုတာဘာလဲ?

Healthy Diet Plan လို့ ပြောတာလိုက်တာနဲ့ အများစုက ဟင်းသီးဟင်းရွက်စိမ်းစိမ်းကြီးတွေ စားရတော့မှာပဲလို့ တွေးမိကြပါတယ်။ ဒါက တစ်စိတ်တစ်ဒေသတော့မှန်ကန်ပါတယ်။ Futureseers တို့ ထပ်ဆင့်သိထားရမှာကတော့ ရှောင်ရမယ့်အရာအချို့ပါ။ ပထမဆုံး "သကြား" နဲ့ "အချိုမှုန့်" ပါ။ ဆရာဝန် အများစုကတော့ ဟင်းချက်ရာမှာ အချိုမှုန့်အစား "ဆား"ကို အသုံးပြုပေးဖို့ အကြံပြုထားပါတယ်။ နောက်တစ်ခုကတော့ လူငယ်တွေကြားမှာ Cola စတဲ့ အအေးတွေနာမည်ကြီးကြပါတယ်။ Zero Sugar Cold လို့ဆိုပေမယ့် အမှန်စင်စစ် သကြားပါဝင်မှုဟာ တစ်နေ့တာခန္ဓာကိုယ်ရဲ့ လုံလောက်မှုထပ်ပိုလွန်နေပါတယ်။

💌ဒီတော့အဟာရချို့တဲ့မှုမဖြစ်ရအောင် ဆောင်ရမယ့်၊ ရှောင်ရမဲ့အချက်လေးတွေ Futureseers တို့သိထားပြီးပြီဆိုတော့ ကျန်းမာပျော်ရွင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။

စာအကိုးအကား
https://www.everydayhealth.com/hs/guide-to-essential-nutrients/common-nutrient-deficiencies/
https://www.tuftsmedicarepreferred.org/healthy-living/importance-good-nutrition
https://www.weljii.com/blog/different-types-of-nutrition-and-nutrients-for-optimal-health/
#Contentbychawchaw

💟 When discussing malnutrition, the first thing that comes to mind is usually not eating enough food. But is that actually true?

◾️ Alright, Futureseers, let’s take a look at some childhood memories. Do you remember those posters of different food types hanging in classrooms? Now, who remembers how many food groups were there? 😜

In general, there are three essential food groups ••••
▪️Foods that support body growth and development.
▪️Foods that build strength.
▪️Foods that help prevent various diseases.

It’s important for Futureseers to eat all three food groups in a balanced way. If you don't eat enough or, eat more than the required calories, malnutrition can occur.
Though malnutrition may seem minor and often underrated, it can lead to chronic illnesses or respiratory diseases in reality. Mainly, it can weaken the immune system and lead to life-threatening infections. 😔

🩶 Calcium

Our bodies use calcium primarily for our bones. The bone structure within us continuously changes with age as cells transform.

For The Future Myanmar

08 Nov, 11:31


💌 Fun Fact: An adult needs approximately 1,000 mg of calcium per day, while women over 50 and men over 70 require 1,200 mg.

◾️ Calcium can mainly be obtained from dairy products. Additionally, it is also found in green leafy vegetables like kale and broccoli.

🩶 Vitamin D

Vitamin D primarily comes from sunlight. A lack of vitamin D can lead to unwanted side effects, even resulting in prostate and breast cancer. So, Futureseers, don’t be afraid of tanning; let’s sunbathe! 🥰

💟 Now that we've discussed well-known nutrients, there are also some foods that act as mood boosters.

🫧 Sweet foods can help improve emotional well-being during a woman's period. Additionally, iron, omega, and fatty acids can enhance mental health.

💟 What is a Healthy Diet Plan?

When we mention a Healthy Diet Plan, most people think it means eating a lot of green vegetables. It's partially true. Futureseers should also know what to avoid. Firstly, "sugar" and "MSG (monosodium glutamates)." Many doctors recommend using salt instead of msg when cooking. Secondly, soft drinks such as Cola are popular among young people. Even though it's labeled "Zero Sugar," it often exceeds the daily sugar intake limit.

💌 So, now that Futureseers know what to include and avoid in order to prevent malnutrition, have a healthy and joyful life!

References
https://www.everydayhealth.com/hs/guide-to-essential-nutrients/common-nutrient-deficiencies/
https://www.tuftsmedicarepreferred.org/healthy-living/importance-good-nutrition
https://www.weljii.com/blog/different-types-of-nutrition-and-nutrients-for-optimal-health/

Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL

Telegram - https://t.me/For_The_Future_Myanmar

Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==

YouTube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW


#ForTheFutureMyanmar #YouthOrganization
#AuthorbyEmily
#Contentbychawchaw
#TranslationByMkk
#GraphicDesignbyYeMinKhant

For The Future Myanmar

07 Nov, 11:32


မတူကွဲပြား အတူပါဝင် - ဝိုင်းဖွဲ့စကားဝိုင်းနဲ့ အနုပညာပြပွဲ
လမ်းညွှန်
----

မတူကွဲပြားအတူပါဝင် ဝိုင်းဖွဲ့စကားဝိုင်းနဲ့ အနုပညာပြပွဲကြီးကို နိုဝင်ဘာလ ၉ရက်နေ့၊ စနေနေ့မှာ
ကျင်းပတော့မှာဖြစ်လို့ ၂ရက်ပဲ အချိန်လိုပါတော့တယ်နော်။
ဒါကြောင့် လာဖို့ စဉ်းစားထားတဲ့သူတွေ လွယ်ကူချောမွေ့စွာ လာနိုင်ဖို့ လမ်းညွှန်လေးကို တင်ပြလိုက်ရပါတယ်။

နေရာ - Spaces 31၊ ပြည်ထောင်စုလမ်းသွယ်၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
Google Map direction :
https://www.google.com/maps/dir//No.+1+A,+Union+lane,+1+Saya+San+Road,+Yangon/@16.8213185,96.0785769,12z/data=!4m8!4m7!1m0!1m5!1m1!1s0x30c193b8edc609e9:0xfaf5f8fda18816c8!2m2!1d96.1609787!2d16.8213349

Bus ကားနဲ့လာမယ်ဆိုရင် -
YBS 12, 29, 43, 79, 132, 129 ကားတွေကိုစီးလာပြီး
ဂွတ္တလစ်ဈေးကွေ့မှတ်တိုင်မှာ ဆင်းရပါမယ်။ ထို့နောက် ၅မိနစ်ခန့် လမ်းလျှောက်လာခဲ့ရင် ရောက်ပါပြီ။

ကိုယ်ပိုင်ကားနဲ့လာမဲ့သူတွေအတွက် ပြည်ထောင်စုလမ်းသွယ်တလျှောက် parking ရပ်ထားနိုင်ပါတယ်။
ပတ်ဝန်းကျင်အိမ်တွေရှေ့ ပိတ်ထားမိတာနဲ့၊ အနှောင့်အယှက်မဖြစ်စေဖို့တော့ ဂရုစိုက်ပေးပါနော်။

Call Center -
လာနေရင်း လမ်းပျောက်ရင်၊ သို့မဟုတ် venue ရှာမတွေ့ရင် အောက်ပါ ဖုန်းနံပါတ်ကို
ဆက်သွယ်နိုင်ပါတယ်။ ဖုန်းနဲ့ဖြေကြားပေးမှာဖြစ်သလို မြေပုံအညွှန်းကိုလဲ SMS မှ တောင်းယူနိုင်ပါတယ်။

09 955131615
---

Spooniesoy Arts ရဲ sticker pack

Artist Spooniesoy ရေးဆွဲထားတဲ့ ရန်ကုန်မြို့ပေါ်မှ ရှေးခေတ်သယ်ယူပို့ဆောင်ရေး ယာဉ်များ sticker pack ကို
ရောင်းချသွားဖို့ ရှိပါတယ်။
2.5 in X 3 in ရှိတဲ့ စတစ်ကာတွေကို နှစ်သက်ရာတစ်စုစီ ရွေးချယ်ဝယ်ယူနိုင်သလို၊
series လိုက်လဲ ဝယ်ယူနိုင်ပါတယ်။

For The Future Myanmar

06 Nov, 12:05


စိတ်ဥယျာဥ်လေး တည်ငြိမ်အေးချမ်းဖို့ ထောက်ပို့ပေးခြင်းဟာ ဆိုရင် ဒုတိယမူပဲဖြစ်ပါတယ်။ နားထောင်ပေးခြင်း၊ ဖိအားဖြစ်စေတဲ့နေရာနဲ့အဝေးတွင် နေရာချထားပေးခြင်း၊ မိသားစု ၊ သူငယ်ချင်း ချစ်ရသူတွေနဲ့ ချိတ်ဆက်ပေးခြင်း စတာတွေလည်းပါဝင်လို့နေပါတယ်။ ချစ်ရသူတွေနဲ့အလှမ်းကွာနေတဲ့အခြေအနေမျိုးမှာ Community တွေ၊ အကူအညီပေးနိုင်တဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးခြင်းစသည့် လုပ်ငန်းစဥ်မျိုးပါဝင်ပါတယ်။

📌Promoting Self and community Efficacy

သူတို့ရဲ့ ဘဝကို ပြန်တည်ဆောက်နိုင်အောင်၊ သူတို့အခြေအနေတွေကို ကိုယ်တိုင်ကိုင်တွယ် စီမံလာနိုင်အောင်၊ အားသာချက်တွေကို ပြန်သတိထားအသုံးချလာနိုင်အောင်ကူညီပေးတာက တတိယမူရဲ့ ဝိသေသလက္ခဏာတွေပဲဖြစ်ပါတယ်။

📌Installing Hope

မျှော်လင့်ချက်မရှိတဲ့လူဟာသေလူလိုပါပဲ ဆိုတဲ့အတိုင်း ရှင်သန်သူတိုင်း ဟာ မျှော်လင့်ချက်တစ်ခုတော့ရှိသင့်ပါတယ်။ PFA ကတော့ မှေးမှိန်နေတဲ့ မျှော်လင့်ချက်တွေကို ပြန်လင်းလက်လာအောင် ဆောင်ရွက်ပေးပါတယ်။

PFA ပေးဖို့အတွက် စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူဖြစ်ဖို့မလိုပါဘူး။ PFA ပေးသူသည် အရေးပေါ်ဝန်ထမ်းကနေ အစ volunteer အလယ်၊ အိမ်နီးနားချင်း အဆုံး မိသားစုပါမကျန်ဖြစ်နိုင်ပါတယ်။

PFA ရဲ့ လုပ်ငန်းစဥ်ကို 3L (Look ,Listen, Link) ဆိုပြီး ခေါ်ပါတယ်။ အကူအညီလိုအပ်နေသူကိုမြင်အောင်ကြည့်ပေးကာ ရင်တွင်းကထွက်ပေါ်လာတဲ့စကားသံတွေကိုလေးစားသမှုနားထောင်ပေးပြီး မိသားစု၊ စိတ်ပိုင်းဆိုင်ရာ၊ ဆေးဘက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများနဲ့ ချိတ်ဆက်ပေးခြင်စတဲ့လုပ်ငန်းစဥ် အဆင့်ဆင့်ဖြစ်ပါတယ်။

ကပ်ဘေးတစ်ခုရဲ့ လှိုင်းဒဏ်ဟာ ပြီးဆုံးသည့်တိုင် အကျိုးဆက် ဆုံးရှုံးမှု၊ ကြေကွဲစရာတွေ ကျန်ရစ်ခဲ့ပါတယ်။ ကပ်ဘေးနဲ့တွဲပါလာတဲ့ ဖြစ်ရပ်ဆိုးတွေဟာ လှိုင်းလုံးလိုအရှိန်ပြင်းပြင်းနဲ့ဝါးမျိုရိုက်ခတ်သွားတဲ့အခါ ပြန်လည်ရပ်တည်ဖို့မလွယ်ကူကြပါဘူး။ PFA ကိုအသုံးချပြီး တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီကာ မှေးမှိန်နေတဲ့ မျှော်လင့်ချက်ရောင်ခြည်လေးကို ပြန်လည်လင်းထိန်စေစို့လား။


The Ripple Effects 🌊

💧 Every impact comes with a ripple effect, and the consequences are always present. This is because effects occur due to causes, and if the cause is unfavorable, the results often mirror that negativity. Life, like a fleeting ripple on water, is short, yet the events we experience are vast and varied, not always for the better.

In these challenging times, negative causes often arrive in groups, much like when a stone is thrown into a pond. The impact of the stone doesn’t just disturb the surface of the water where it lands; it creates ripples that spread across the entire surface. This phenomenon is known as "The Ripple Effect."

Periods of hardship test human resilience much like the stone causes ripples in water. The external challenges we face send waves that penetrate deep into our inner selves, spreading like ripples in our minds and emotions. These external crises can lead to individuals experiencing a wide range of emotional consequences, often leaving people with lasting psychological impacts. Some may remain unaware of the full extent of these effects, while others recognize the profound impact, but either way, it is not something that should be overlooked.

These crises don’t just affect the individuals directly involved. Healthcare workers, volunteers, and even those watching or hearing about these events through social media can experience secondary trauma. This can result in Secondary Traumatic Stress, leading to conditions like Post-Traumatic Stress Disorder (PTSD) and severe emotional fatigue. The ripple effects of a single event can cascade outward, affecting not only the primary victims but also those around them.

🇺🇸 According to a survey published by the U.S. Department of Health, 30% of individuals who experience these events may suffer from depression or PTSD, and a total of 20% may experience similar psychological conditions.

While trauma and difficulties can be the initial waves of the Ripple Effect, it is possible to spread hope and resilience as ripples by implementing effective solutions. One of the most effective methods for creating positive waves is through Psychological First Aid (PFA). PFA involves providing initial emotional support to people who have faced a disaster, crisis, or severe trauma.

What is the origin of the concept of PFA❓

For The Future Myanmar

06 Nov, 12:05


The concept of PFA originated during World War II, when the U.S. War Office aimed to alleviate the mental strain experienced by soldiers. At the time, it was known as BICEPS, which stood for Brevity, Immediacy, Centrality, Expectancy, Proximity, and Simplicity. In 1959, the term "Psychological First Aid" emerged.

The National Center for Post-Traumatic Stress Disorder (NC-PTSD) released a structured PFA framework that has been widely used by organizations such as the International Federation of Red Cross and Red Crescent Societies and the American Psychological Association.

Notably, after the 9/11 attacks, PFA became a critical tool in supporting survivors.

Implementing PFA does not imply that there is a great deal of difficulty in restoring psychological issues. Instead, it is a social psychological movement to better understand the immediate responses, both physical and emotional, that are common among survivors and their caregivers. It supports meeting urgent needs, facilitates acceptance of stressful conditions that may arise, and helps individuals rebuild.

PFA is structured with five core principles:

📌 Ensuring Safety

Creating a safe environment, both physically and emotionally, is the first step in providing PFA. This includes providing basic necessities such as food, water, and shelter is also part of the process of ensuring safety.

📌Promoting Calm

Facilitating a calm and peaceful environment is the second principle. This includes listening to the affected individuals, providing them space away from stressful environments, and connecting them with family, friends, and loved ones. In impossible situations, PFA includes connecting individuals with their communities or organizations that can offer assistance.

📌 Promoting Self and Community Efficacy

Helping individuals rebuild their lives, manage their circumstances, and recognize and utilize their strengths is a characteristic of the third principle.

📌 Installing Hope

As the saying goes, "A person without hope is like a dead person." Everyone who survives should have at least some hope. PFA works to clarify and reignite fading hope.

It is not necessary to be a mental health professional to provide PFA. Anyone from first responders, volunteers, neighbors, or even family members can all offer this support. The process of PFA is referred to as 3L (Look, Listen, Link). It involves observing those in need of help, listening with empathy and respect to the voices coming from their hearts, and connecting them with family members and mental and medical health professionals.

The impact of a crisis leaves behind loss and devastation even after it has ended. When negative events that accompany a crisis hit with a ripple effect, it can be challenging to recover. However, by using PFA, let’s help one another and rekindle the flickering light of hope.

Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL

Telegram - https://t.me/For_The_Future_Myanmar

Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==

YouTube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW


#Authorby_LaMinPhwe
#Contentby_Moe
#Translatedby_ZI
#GraphicDesignbyNoNoSit

#ForTheFutureMyanmar #YouthOrganization

For The Future Myanmar

06 Nov, 12:05


The Ripple Effects(သက်ရောက်မှုရဲ့အကျိုးဆက်လှိုင်းဂယက်)🌊

💧သက်​ရောက်မှု​​တွေတိုင်းမှာ တန်ပြန်သက်​​ရောက်မှု​တွေ အကျိုးဆက်​တွေဆိုတာ ရှိစမြဲပါ။ အ​ကြောင်း​ကြောင့်အကျိုးဖြစ်တာဖြစ်ပြီး အ​ကြောင်းမလှရင် အကျိုးလည်း မလှတတ်ကြပါဘူး။ ​လောကမှာရှင်သန်ရပ်တည်ချိန် ​ရေပွက်ပမာခဏ​လေးဟာ တိုသ​လောက် ကြုံ​တွေ့ရတဲ့ အ​ကြောင်းအရာ​တွေက​တော့ များပြားလွန်းပါတယ်။ ထိုအ​ကြောင်းအရာ​တွေကလည်း အမြဲ အ​ကောင်းချည်းမဟုတ်ပါဘူး။

အခုလို ကပ်ဆိုက်​နေတဲ့ကာလမျိုးမှာ မ​​ကောင်းရင်းခံအ​ကြောင်းတရား​တွေဟာ အုပ်စုလိုက်ကို ​ရောက်ရှိလာပါတယ်။ရေကန်ထဲကို ​ကျောက်ခဲက​လေး ပစ်ချလိုက်တဲ့အခါ ​ကျောက်ခဲရဲ့ အားသက်​ရောက်မှုက ​ကျ​ရောက်တဲ့​ရေမျက်နှာပြင်အပြင် ​ဆက်စပ်​နေတဲ့ ​ရေမျက်နှာပြင်ကိုပါ သက်​ရောက်​​စေပြီး လှိုင်းထ​စေပါတယ်။ ဒါကို The Ripple Effect လို့​ခေါ်ပါတယ်။

အကျပ်အတည်းကာလဆိုတာ လူ​တွေရဲ့ ကြံ့ခိုင်နိုင်စွမ်းကို ​ကျောက်ခဲတစ်လုံးနဲ့ ​ရေကို လှုပ်ခါ​စေသလို လာ​ရောက်စမ်းသပ်လေ့ရှိပါတယ်။ ဒီလို ပြင်ပဒုက္ခ​တွေရဲ့ရိုက်ခတ်မှုဟာ အ​တွင်းသဏ္ဌာန်ထဲထိကို လှိုင်းလုံး​လေး​တွေ ပျံ့နှံ့သလို ပျံ့နှံ့သွားပါတယ်။ ပြင်ပအ​ကြောင်းအမျိုးမျိုး၊ ကပ်​တွေ​ကြောင့် လူ​တွေမှာ အနည်းနဲ့အများဆိုသလို အကျိုးဆက် စိတ်ဒဏ်ရာ​တွေ ခံစားရတတ်ပါတယ်။ မသိသူကမသိ၊ သိသူကသိ​ပေမယ့် ဒါဟာ လျစ်လျူရှုထားသင့်တဲ့ကိစ္စတစ်ရပ်မဟုတ်ပါဘူး။ ဒီလိုကျပ်တည်းမှု​တွေ၊ crisis (ကပ်) ​တွေကြုံရတဲ့လူ​တွေတင်မကပဲ ​ကျန်းမာ​ရေးဝန်ထမ်း ၊ ကူညီ​ပေးတဲ့ volunteer ​တွေက စလို့ social media က​နေ တဆင့် ကြည့်မိ၊ ကြားမိသူတိုင်း တဆင့်ခံ ခံစားရတာမျိုးထိပါ ​တွေ့ရ၊ ခံစားရ​စေပါတယ်။ ဒါရဲ့ ထပ်မံအကျိုးဆက်အ​​နေနဲ့ Secondary Traumatic Stress ဖြစ်စဥ် ခံစား​ရ​စေပြီး Posttraumatic Stress Disorder(PTSD) နဲ့ ပြင်းထန်တဲ့emotional fatigue ထိပါ ​ဆိုးရွားလာနိုင်ပါတယ်။ ဒီ​လောက်ထိ ဖြစ်ရပ်တစ်ခုရဲ့ အကျိုးဆက် ဟာ The Ripple Effect လို ဆက်တိုက် ပျံ့နှံ့သွားတာကို​တွေ့ရမှာပါ။

🇺🇸 US Department Health ကထုတ်​ဝေထားတဲ့စစ်တမ်းအရ ဦးစွာအကျိုးဆက်ခံစားရသူ ၃၀% ဟာ စိတ်ကျခြင်း နဲ့ PTSD လိုမျိုး အပြုအမူဆိုင်ရာ ကျန်းမာ​ရေးအ​ခြေအ​နေ​တွေခံစားရနိုင်ပြီး စုစု​ပေါင်း ၂၀% ဟာ အလားတူအ​ခြေအ​နေမျိုး ခံစား​နေရပါတယ်။

Trauma နဲ့ ခက်ခဲမှု​တွေ က Ripple Effect ရဲ့ ဦးဆုံး လှိုင်း​တွေဖြစ်ကြပေမယ့် မျှော်လင့်ချက် နဲ့ ခံနိုင်ရည်အား​တို့ကိုလှိုင်းအဖြစ် ဖြန့်ကျက်ပြီး​တော့ ကုသနိုင်ပါတယ်။ အ​ကောင်းဘက်ကို ဦးတည်တဲ့ လှိုင်း​တွေကို ဖန်တီးရာမှာ အထိ​ရောက်ဆုံးနည်းလမ်းတစ်ခုကတော့ Psychological First Aid(PFA) ကို လုပ်​ဆောင်​ပေးခြင်းပဲဖြစ်ပါတယ်။ Psychological First Aid ဆိုတာက​တော့ ​ဘေးအန္တရာယ်၊ ကပ်ဆိုးအမျိုးမျိုး၊ ပြင်းထန်တဲ့ စိတ်ထိခိုက်မှု​​တွေနဲ့ကြုံခဲ့ရတဲ့ လူ​တွေကို ကနဦး ​စောင့်​ရှောက်မှု​ပေးခြင်းဖြစ်ပါတယ်။

PFA ဆိုတဲ့ concept ဘယ်လိုဖြစ်​ပေါ်လာတာလဲ❓

ဒုတိယကမ္ဘာစစ်အတွင်း U.S war office က စစ်သား​တွေရဲ့ စစ်က​နေခံစားခဲ့ရတဲ့ စိတ်ဖိအား​တွေ​လျော့ချရန်အတွက်က​နေစတင်ခဲ့ပါတယ်။ အဲ့တုန်းက BICEPS(Brevity ၊ Immediacy, Centrality, Exprctancy, Proximity, and Simplicity) လို့​ခေါ်တွင်ခဲ့ကြပါတယ်။ 1959 မှာ​တော့ PFA ဆိုတဲ့ အသုံးအနှုန်း​ပေါ်​ပေါက်လာခဲ့ပါတယ်။
The National Center for Post Traumatic Stress Disorder (NC-PTSD)က စနစ်တကျ ဖွဲ့စည်းပြုစုခဲ့တဲ့ PFA framework တစ်ခုကို ထုတ်ပြန်ခဲ့ပြီး International Federation of Red Cross and Red Crescent Societies , the American Psychological Associationစတဲ့ အဖွဲ့အစည်းတွေမှ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။
အထူးသဖြင့် 9/11တိုက်ခိုက်မှု အပြီးမှာ PFA ဟာ အသက်ရှင်ကျန်ရစ်သူတွေကို ကူညီတဲ့နေရာမှာ အရေးပါတဲ့ ကဏ္ဍတစ်ခုအဖြစ် ပို ထင်ရှားလာပါတယ်။


PFA ​လုပ်​ပေးရတယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ​တွေ ပြန်လည်ထူ​ထောင်ရမှာ အခက်အခဲရှိတယ်လို့​ကောက်ချက်ချခြင်းမျိုးမဟုတ်ပါဘူး။​Survivor ​တွေနဲ့ အနီးကပ်ကူညီ​သူ​တွေမှာ ဖြစ်​လေ့ဖြစ်ထရှိတဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ အစရှိတဲ့ ကနဦး တုံ့ပြန်မှု​တွေကို ပိုမိုနားလည်သ​ဘော​ပေါက်​အောင်ကူညီ​ပေးခြင်း၊ အ​ရေး​ပေါ်လိုအပ်ချက်​တွေကို​ထောက်ပံ့​ပေးခြင်း၊ လက်ရှိ နဲ့ ​အကျိုးဆက်ဖြစ်လာနိုင်တဲ့ ပူပင်​သောက​တွေကို ​လျော့ချနိုင်​အောင်ဖြစ်လာတဲ့အ​ခြေအ​နေကိုလက်ခံတတ်လာပြီး ပြန်လည်ထူ​ထောင်နိုင်​အောင်ကူညီ​ထောက်ပံ့​ပေးခြင်း စတဲ့ လူမှု​စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတစ်ခုပဲ ဖြစ်ပါတယ်။

PFA ကို အဓိကမူငါးချက်နဲ့ဖွဲ့စည်းထားပါတယ်။ အဲ့မူ ၅ချက်က​တော့ -

📌Ensuring Safety

🏘စိတ်​ရော၊ လူအတွက်ပါ လုံခြုံတဲ့ရိပ်မြုံ​လေး ဖန်တီး​ပေးနိုင်ဖို့က PFA ရဲ့ ပထမဆုံးမူပါပဲ။ ​ဆေးဘက်ဆိုင်ရာ နဲ့ အ​ခြေခံလိုအပ်ချက် အစာ၊​ရေ၊ ​နေရာ စတာ​တွေ ဖန်တီး​ပေးတာကလည်း Ensuring Safety ရဲ့ လုပ်ရိုးစဥ်တစ်ခုပါပဲ။

📌Promoting Calm

For The Future Myanmar

04 Nov, 12:25


Development and Cultural Adaptation of Psychological First Aid

🧷Psychological First Aid ဆိုတာက စီးပွားရေး၊လူမှုရေး အကျပ်တည်းကာလတွေမှာ လူတွေခံစားနေကြရတဲ့ စိတ်မကျန်းမာမှုတွေ၊စိတ်ဖိစီးမှုတွေ ကိုလျော့နည်းအောင်၊ပိုမိုကောင်းမွန်အောင်ကူညီပေးနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ လက်တွေ့အသုံးချတဲ့အခါမှာပိုမိုထိရောက်ပြီး အကူအညီဖြစ်စေဖို့အတွက် မတူညီတဲ့ဒေသအသီးသီးရဲ့ လူ့အသိုင်းဝိုင်းနဲ့ ရိုးရာဓလေ့တွေကို သိရှိထားဖို့လိုအပ်ပါတယ်။

🧷No.1. Knowing Cultural Background

PFA အကူအညီပေးတဲ့အခါကျရင် ထိုဒေသရဲ့ယုံကြည်ကိုးကွယ်မှု‌တွေ၊ယဉ်ကျေးမှုနောက်ခံတွေ၊တန်ဖိုးထားတဲ့အရာတွေ စတာတွေကိုကောင်းစွာသိရှိနားလည်ဖို့လိုအပ်ပါတယ်။ အချို့သော‌‌ နေရာဒေသတွေ၊ယဉ်ကျေးမှုတွေမှာဆိုရင် စိတ်ကျန်းမာရေး ပြဿနာတွေကို ရှောင်ကြဉ်ကြတာမျိုးရှိပါတယ်။ဒါကြောင့် အထိခိုက်ဖြစ်စေမဲ့အရာတွေကိုရှောင်ရှားပြီး စနစ်တကျဆောင်ရွက်ခြင်းဖြင့် ထိရောက်တဲ့PFA ကိုပေးစွမ်းနိုင်ပါတယ်။

🧷No.2. Integrating Traditional Practices

‌PFA ကို မိမိဝန်ဆောင်မှုပေးမဲ့နေရာဒေသတွေမှာရှိတဲ့ ရိုးရာယဉ်ကျေးမှုကုထုံးတွေနဲ့ ပေါင်းစပ်တာက စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကောင်းမွန်ရေးကိုများစွာအကျိုးသက်ရောက်မှုရှိစေပါတယ်။ မိမိရောက်ရှိနေတဲ့နေရာဒေသရဲ့ရိုးရာအစဉ်အလာတွေနဲ့ပွဲ‌တော်တွေကို PFA မှာထည့်ပေါင်းတာကလည်း community value နဲ့ကိုက်ညီတဲ့ PFA မျိုးကိုဖော်ဆောင်နိုင်ပါတယ်။

No.3. Relevant language

🧷PFA မှာ ထိထိရောက်ရောက်ပြောဆိုဆက်သွယ်နိုင်ဖို့ကလဲအရေးကြီးပါတယ်။လမ်းညွှန်ချက်တွေ၊အသိပေးချက်တွေကို မိမိရောက်ရှိ‌တဲ့နေရာဒေသနဲ့ကိုက်ညီမှုရှိပြီးရိုးရှင်းတဲ့ စကားအသုံးနှုန်းပုံစံတွေနဲ့ပြောဆိုဆက်ဆံသင့်ပါတယ်။ဥပမာအနေနဲ့ mental health အကြောင်းကိုသိပ်ပြီးမပြောကြတဲ့ လူမှုအသိုင်းဝိုင်းမှာဆိုရင် ထိုအသုံးအနှုန်းအစား " well-being" "strength" စတဲ့သင့်လျော်တဲ့အသုံးနှုန်းနဲ့အသုံးပြုကြရမှာဖြစ်ပါတယ်။

🧷No.4. Training and Empowerment

PFA ဆောင်ရွက်ရမဲ့နေရာဒေသရဲ့ ဒေသတွင်းအရေးပါသူတွေဖြစ်ပြီး လူတွေရဲ့ယုံကြည်မှုတွေရရှိထားကြတဲ့ အုပ်ချုပ်ရေးအကြီးကဲတွေ၊သာသနာရေးအကြီးကဲတွေ၊ဆရာ၊ဆရာမတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ အစရှိတဲ့လူတွေကို PFA ရဲ့ basic skills တွေဖြစ်တဲ့ နားထောင်ပေးတတ်ခြင်း၊နှစ်သိမ့်ပေးတတ်ခြင်း စတဲ့ training တွေပေးပြီး Community Empowerment လုပ်ဆောင်မယ်ဆိုရင်ပိုမိုကောင်းမွန်တဲ့ PFA လမ်းစဉ်ကိုဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

🧷No.5. Feedback and Continuous Improvement

PFA ပေးခဲ့တဲ့ဒေသတစ်ခုဟာ အမှန်တကယ်အကျိုးဖြစ်ထွန်းမှုရှိမရှိ သိရှိဖို့လည်းလိုအပ်ပါတယ်။ ထိုသိုသိရှိနိုင်ဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့ ဒေသခံတွေဆီက သူတို့ရရှိခဲ့တဲ့ အကူအညီတွေနဲ့ပက်သက်ပြီး feedback တောင်းခံတာဖြစ်ပါတယ်။ တကယ်လို့ PFA နည်းလမ်းတစ်ခုက အဆင်မပြေတာ၊ထိရောက်မှုမရှိတဲ့အခါမှာဆိုရင် တစ်ခြားပိုမိုကောင်းမွန်တဲ့နည်းလမ်းနဲ့ပြောင်းလဲမှုတွေပြုလုပ်ခြင်းဖြင့် PFA ကလူသားတွေအတွက်ပိုပြီးအကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။

#Contentbygrace
#AuthorByNyanMinMaung
#GraphicbyAngel
#ForTheFutureMyanmar
#youthorganization

For The Future Myanmar

03 Nov, 11:30


မတူကွဲပြား အတူပါဝင် - ဝိုင်းဖွဲ့စကားဝိုင်းနဲ့ အနုပညာပြပွဲ

တီထွင်က နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Diversity and All inclusive themed event တစ်ခုကို
2024 ခုနှစ်မှာ "မတူကွဲပြား အတူပါဝင်" ဆိုတဲ့ အမည်နဲ့ မကြာခင်မှာ outdoor event အဖြစ် 
စည်ကားသိုက်မြိုက်စွာ ကျင်းပသွားပါတော့မယ်။

မတူကွဲပြား အတူပါဝင် - လို့အမည်ရတဲ့ Panel discussion နဲ့ အနုပညာပြပွဲကြီးကို
နိုဝင်ဘာလ ၉ရက်နေ့မှာ Spaces 31 Venue မှာ ကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။

လူအမျိုးမျိုး ကိုယ်စီ ဇီဝဗီဇ၊ လူမျိုးဘာသာ၊ အလုပ်အကိုင်တွေ ရှိကြတာမှာ 
အတူလက်တွဲပြီး ပိုမိုတိုးတက်တဲ့ အနာဂတ်၊ ငြိမ်းချမ်းတဲ့အသိုက်အဝန်းကို ဖန်တီးကြဖို့ အရေးကြီးပါတယ်၊ 
ဒါကပဲ လူနဲ့ တိရိစ္ဆာန်တို့ယှဉ်တဲ့အခါ လူသားတွေရဲ့ အဓိကအားသာချက်ကြီး ဖြစ်ပါတယ်။ 
မတူကွဲပြားမှုကို လက်ခံပါတယ်ဆိုတာနဲ့တင် ပြီးရဲ့လား။ ? 
မပြီးသေးပါဘူး တကယ်ရော ကွဲပြားမှုအားလုံးကို လက်ခံနိုင်ရဲ့လား၊ 
 á€œá€€á€şá€á€śá€›á€Żá€śá€”á€˛á€ˇá€™á€•á€źá€Žá€¸á€žá€ąá€¸á€˜á€˛ လက်တွေ့ဘယ်လိုကျင့်သုံးကြမလဲ အစရှိတဲ့အကြောင်းတွေကို 
နယ်ပယ်အသီးသီးက အောင်မြင်နေတဲ့ အတတ်ပညာရှင်၊ အနုပညာရှင်တွေ စုပေါင်းဆွေးနွေးကြမဲ့ စကားဝိုင်းကြီးကို Tee Htwin - CSR မှာ ဦးဆောင်စီစဉ်ထားပါတယ်။

Registration Form : https://forms.gle/QVyBPfi9G41Dbtky5 

Panel Discussion
------

Panelist တွေအဖြစ် နယ်ပယ်အသီးသီးက လုပ်ငန်းရှင်၊ အနုပညာ/အတတ်ပညာရှင်တွေဖြစ်တဲ့
- ဒေါ်ဖြူအိသိမ်း
- မသျှားသက်ဇော်
- Hane Royal
- ခေတ်ရှေးညို
- မရှင်းသန့်ရွှေအိမ် တို့က ပါဝင်ဆွေးနွေးသွားကြမှာ ဖြစ်ပြီး

Moderator အဖြစ် Tee Htwin ရဲ့ founder တစ်ယောက်ဖြစ်တဲ့
- Ko Kaung Hlyan Soe က ဦးဆောင်ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။

ကျွေးမွေးဧည့်ခံရေး
------

Panel discussion အပြီးမှ lunch break ရှိပါတယ်။ Lunch break အတွင်းမှာ
ရန်ကုန်မြို့ရဲ့ နာမည်ကြီးလက်ဖက်ရည်ဆိုင်တစ်ခုဖြစ်တဲ့ 
ခအရာ AKKHAYA Tea House မှ လက်ဖက်ရည်၊

မြန်မာပြည်အနှံ့ Feel restaurant တွေမှာ လက်ရှိအသုံးပြုနေတဲ့ ငရုတ်သီးမှုန့်ဖြစ်တဲ့
Cook Me ငရုတ်သီးမှုန့်လုပ်ငန်းမှ ဧည့်ခံကျွေးမွေးတဲ့ နေ့လယ်စာ ထမင်းကြော် တို့ပါဝင်မှာ ဖြစ်ပါတယ်။
(အရည်အတွက်အကန့်အသက်ရှိပါတယ်နော်။)

အနုပညာပြပွဲ အစီအစဉ်
------

မနက်၁၀နာရီမှ နေ့လယ်၁၂ နာရီခွဲအထိက Panel discussion ပြုလုပ်မှာဖြစ်ပြီး
နေ့လယ်စာဖြင့် ဧည့်ခံပြီးနောက် နေ့လယ်ပိုင်း အနုပညာပြပွဲကို 
မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းသူ ကိုဉာဏ်ရဲရင့်ဝင်း ဦးဆောင်တဲ့ "မြန်မာ့ယဉ်ကျေးမှုအသိုက်အဝန်း" အဖွဲ့အစည်းက 
တာဝန်ယူခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။
ဒီမှာဆိုရင် မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားလူမျိုးတွေရဲ့ လက်မှုရိုးရာအလှအပတွေ၊ ဓလေ့ထုံးစံတွေနဲ့ 
Diversity နယ်ပယ်ပေါင်းစုံ ဖော်ညွှန်းတဲ့ အနုပညာလက်ရာများကို ပြသသွားမှာ ဖြစ်ပါတယ်။

Activities များ
------

Hysan Education မှ production partner အဖြစ် ပါဝင်ပေးထားတာဖြစ်တာမို့
ရိုက်ကူးရေးအစီအစဉ် လဲပါဝင်ပြီး booth counter မှ
ဂိမ်းအစီအစဉ်များနဲ့ လက်ဆောင်ပစ္စည်းများ ရရှိနိုင်ပါတယ်။

နေ့လယ် ၁နာရီမှာ Tee Htwin မှ volunteer မမများဦးဆောင်တဲ့
ပျော်စရာဂိမ်းအစီအစဉ်များ စတင်မှာဖြစ်ပြီး
Shwe Note Application မှလဲ promotion တွေအပြင် 
လက်ဆောင်ပစ္စည်းများစွာကို ကံစမ်းမဲဖောက်ပေးသွားအုံးမှာ ဖြစ်ပါတယ်။

ENNON Music Band မှ အနုပညာရှင်များဖြစ်တဲ့
Ko Than Tin Oo, Ko Ye Swann Yee, နဲ့ Ko Htun Lin Aung တို့က
unplugged ဝိုင်းအဖြစ် လာရောက်ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။

လက်မှု activities များအဖြစ်

- ELBEE Studio မှ gift ပစ္စည်းလေးများ ကိုယ်တိုင်ပန်းချီရေးဆွဲ/ဆေးခြယ်ခြင်း
- Pot Villa မှ pot painting 
- သူမလက်ရာ မှ ရက်ကန်းထည်များ စတဲ့ ဆိုင်ခန်းတွေ ရှိနေမှာ ဖြစ်ပါတယ်။

Youth Org များ
------

Social media partnership ချိတ်ဆက်ထားတဲ့ youth org တွေဖြစ်တဲ့

- MELLISSA
- For the Future - Myanmar
- Hype Think Education
- Asean Youth Organization
- HEAA Foundation 
- NextGen Impact - Myanmar
- Who Are You?
- Youth Renaissance
- Dagon University English Students' Service Learning Association  တို့လဲ အဖွဲ့လိုက်ရှိနေကြမှာဖြစ်တဲ့အပြင် ဖိတ်ကြားထားတဲ့ တခြား မတူညီတဲ့ Goal မျိုးစုံနဲ့ လူငယ်အဖွဲ့အစည်းတွေကလဲ လာရောက်ကြမှာဖြစ်လို့ အချင်းချင်းတွေ့ဆုံမိတ်ဆက်ပြီး  
community ချိတ်ဆက်လို့ ရနိုင်ပါတယ်။

------
ကဲ မတူကွဲပြားအတူပါဝင် ပွဲကြီးရဲ့ အစီစဉ်အားလုံးကို ချပြလိုက်ပါပြီ။ 
လူအင်အားများစွာနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပမဲ့


မတူကွဲပြားအတူပါဝင် - ဝိုင်းဖွဲ့စကားဝိုင်းနဲ့ အနုပညာပြပွဲ ကို အဆင်ပြေချောမွေ့အောင် ကူညီပံ့ပိုးပေးကြတဲ့  အားလုံးကို ကျွန်တော်တို့က အထူးကျေးဇူးတင်ကြောင်းပြောကြားရင်း အခမ်းအနားကို တက်ရောက်ဆွေးနွေးနိုင်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။



#YouthOrganisation
#ForTheFutureMyanmar

#TeeHtwin
#Diversity
#youthorganization
#media
#partnership

For The Future Myanmar

03 Nov, 01:58


မင်္ဂလာပါ Futureseersလေးတို့ရေ..
ကျွန်တော်တို့ For The Future-Myanmar ကကြီးမှူးစီစဉ်တဲ့ Pitch Perfect program လေးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ thumbnail enhanced video project duration လေးကတော့ 26 ရက်နေ့မှာပြီးဆုံးခဲ့တာပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်း ကျွန်တော်တို့ရဲ့ participants တွေဟာ group အသီးသီးဖွဲ့ကာ သူတို့ရဲ့ creativity , collaboration , hard work စတာတွေကိုပေါင်းစည်းပြီး ထူးချွန်ပြောင်မြောက်တဲ့ creation video လေးတွေအဖြစ်ပေးပို့ခဲ့ကြပါတယ်။ ဒါ့အပြင်ကျွန်တော်တို့ project creation team အနေနဲ့ ဒီprogram ကိုပိုမိုစိတ်လှုပ်ရှားဖွယ်အတွေ့အကြုံတစ်ခု ဖြစ်စေဖို့အတွက် ပါဝင်သူတစ်ဦးချင်းစီတိုင်းမှာ မိမိစိတ်ကြိုက် creation တစ်ခုကို vote ပေးလို့ရမယ့်အစီအစဉ်လေးလည်းပြုလုပ်ခဲ့ကြပါတယ်။

ယနေ့အချိန်မှာတော့ Voting result လေးလည်းထွက်ရှိလာပြီဖြစ်တဲ့အတွက် result တစ်ခုကို ကြေညာရမယ့်အချိန်ရောက်လာပြီပဲဖြစ်ပါတယ်။ voting result အရ voting အများဆုံးနဲ့  လူအများရဲ့စိတ်ဝင်စားကြိုက်နှစ်သက်မှုရရှိခဲ့တဲ့ creation ကတော့ Environmental group မှဖန်တီးပြုလုပ်ခဲ့တဲ့ "Towards a cleaner world" ဆိုတဲ့ creation ပဲဖြစ်ပါတယ်ခင်ဗျ။ Environmental team members တွေကိုကြိုးစားအားထုတ်မှုနဲ့ creative sense အတွက်အင်မတန်မှဂုဏ်ယူဝမ်းမြောက်မိပါတယ်ဗျ။

ဒါ့အပြင် creation တစ်ခုချင်းစီမှာသူမတူတဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ အရည်အချင်းတွေကိုများစွာတွေ့ရှိခဲ့ရပါတယ်။ ဒီ Program လေးတစ်လျှောက်ပါဝင်ပေးခဲ့ကြတဲ့ attendees တွေအားလုံးလည်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်နော်။  အနာဂတ် For The Future-Myanmar ကနေဆက်လက်ပြုလုပ်သွားမယ့် community အကျိုးပြု project တွေမှာလည်း ဆက်လက်ပြီးအားလုံးနဲ့ပြန်ဆုံတွေ့ကြနိုင်မယ်လို့မျှော်လင့်ပါတယ်ဗျ။ နောက်ပြီး အနိုင်ရခဲ့တဲ့ Environment group ရဲ့ “Prevention is better than cure” ရဲ့ creation video လေးကိုလည်း futureseers လေးတို့ပါ ကြည့်ရှုခံစားနိုင်အောင် FTFMM ကနေဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။

(English version)

Greetings to our futureseers,
The thumbnail enhanced video project, which is part of the Pitch Perfect program organized by For The Future-Myanmar, ended on the 26th.

After weeks of creativity, collaboration, and hard work, our participants delivered outstanding projects that showcased their skills and dedication. To make this an even more exciting experience, we also introduced a voting system where each participant had the chance to vote for their favorite creation.

Today , we are thrilled to announce the winner of our Thumbnail-Enhanced Video Creation Project. After tallying the votes, we are delighted to reveal that [ Environmental group ] has emerged as the top choice! Congratulations to the team on their exceptional work and creative vision that truly stood out!

A big thank you to all participants for your commitment and enthusiasm  each project was a testament to your creativity and talent. We are looking forward to meet again in the community benefit projects that For The Future-Myanmar will continue to do. Besides, We are delighted to share the video creation named "Prevention is better than cure" by the winner group so that our futureseers can enjoy it as well.

#YouthOrganisation
#ForTheFutureMyanmar
#PinchPerfect

For The Future Myanmar

31 Oct, 11:32


Sa Map -စမှတ် ကနေကျင်းပပြုလုပ်တဲ့ “သူတို့ဘယ်လိုစတင်ခဲ့ကြလဲ” Webinar Series မှာ Media Partner အဖြစ်ပါဝင်အားဖြည့်ထားပါတယ်။ 

🌟အိမ်မက်တွေများစွာကိုထုပ်ပိုးပြီး အနာဂတ်အတွက်ကြိုးစားနေတဲ့လူငယ်တွေအနေနဲ့တစ်ခါတလေမှာ လမ်းပျောက်တာ၊ စိန်ခေါ်မှုလေးတွေကိုရင်ဆိုင်ရတာ၊ အခက်အခဲလေးတွေကိုကျော်လွှားရတာလေးရှိပါတယ်။ 

ဒီလိုတွေ့ကြုံရတဲ့စိန်ခေါ်မှုလေးတွေကိုကျော်လွှားပြီး နေရာတစ်ခုဆီရောက်လာဖို့ “သူတို့ဘယ်လိုစတင်ကြလဲ”ဆိုတဲ့ Webinar မှာလေ့လာဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

Webinar အကြောင်းအသေးစိတ်ကို ဝင်ရောက်ဖတ်ကြည့်နိုင်ပါတယ်။ 
📍https://www.facebook.com/share/p/kTfLBkvLMm8Gig4P/

🎯မတူညီတဲ့နယ်ပယ်အသီးသီးမှာအောင်မြင်နေတဲ့ Speaker တွေဆီကနေ သူတို့ရဲ့အတွေ့အကြုံ၊ နည်းစနစ်တွေနဲ့ ထားရမယ့် Mindset၊ ရှိထားရမယ့် Skills တွေအကြောင်းစသဖြင့် ပြည့်ပြည့်စုံစုံနားထောင်ခွင့်ရမယ့်အပြင် 

ကိုယ်သိလိုရာမှန်သမျှကိုလည်း ပါဝင်ဆွေးနွေးအဖြေရှာနိုင်ဖို့ Form လေးဖြည့်ပြီးအခုပဲစာရင်းပေးသွင်းလိုက်ပါနော် 

📥 Registration form - https://docs.google.com/forms/d/1fYUaQosJsrI_zY_yYTVECgApdSvCGL48ZeRa9kI_eT8/edit

Facebook - Sa Map - စမှတ် 
Instagram - @samap.official
LinkedIn - www.linkedin.com/company/samap-official

Sa Map - စမှတ် " 𝐘𝐨𝐮𝐫 𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐏𝐨𝐢𝐧𝐭 & 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐃𝐫𝐞𝐚𝐦𝐬 𝐁𝐞𝐲𝐨𝐧𝐝 𝐋𝐢𝐦𝐢𝐭𝐬 "

#SaMap #စမှတ် #StartHere
#Business #Technology
#YouthOrganization 
#သူတို့ဘယ်လိုစတင်ခဲ့ကြတာလဲ
#Mediapartnership 
#Announcement

For The Future Myanmar

27 Oct, 14:30


🤝 Media Partnership Announcement

မတူကွဲပြား အတူပါဝင် - လို့အမည်ရတဲ့ Panel discussion နဲ့ အနုပညာပြပွဲကြီးဟာ
နိုဝင်ဘာလ ၉ရက်နေ့မှာ Spaces 31 Venue မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားတော့မှာပဲ ဖြစ်ပါတယ်။
လူအမျိုးမျိုး ကိုယ်စီ ဇီဝဗီဇ၊ လူမျိုးဘာသာ၊ အလုပ်အကိုင်တွေ ရှိကြတာမှာ
အတူလက်တွဲပြီး ပိုမိုတိုးတက်တဲ့ အနာဂတ်၊ ငြိမ်းချမ်းတဲ့အသိုက်အဝန်းကို ဖန်တီးကြဖို့ အရေးကြီးပါတယ်၊ ဒါကပဲ
လူနဲ့ တိရိစ္ဆာန်တို့ယှဉ်တဲ့အခါ လူသားတွေရဲ့ အဓိကအားသာချက်ကြီး ဖြစ်ပါတယ်။
မတူကွဲပြားမှုကို ဘယ်လိုလက်ခံမလဲ၊ လက်ခံရုံနဲ့မပြီးသေးဘဲ လက်တွေ့ဘယ်လိုကျင့်သုံးကြမလဲ အစရှိတဲ့အကြောင်းတွေကို
နယ်ပယ်အသီးသီးက အောင်မြင်နေတဲ့ အတတ်ပညာရှင်၊ အနုပညာရှင်တွေ စုပေါင်းဆွေးနွေးကြမဲ့ စကားဝိုင်းကြီးကို

1. MELISSA
2. For The Future Myanmar
3. NextGen Impact - Myanmar
4. Hype Think Education
5. ASEAN Youth Organization - Myanmar
6. Youth Renaissance
7. HEAA Foundation (Health Education Above All)
8. Dagon University English Students' Service-Learning Association

စတဲ့ Organization တွေရဲ့  Social Media Partnership ကူညီပံ့ပိုးမှုတွေကြောင့် ဒီလိုပွဲအခမ်းအနားတစ်ရပ်ကို အဆင်ပြေချောမွေ့စွာ လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒီပွဲမှာဆိုရင် ကိုယ်စီကြုံတွေ့ဖူးတဲ့ အတွေ့အကြုံလေးတွေကိုလဲ မျှဝေနိုင်မယ်၊ panelist တွေနဲ့ သိချင်တာတွေမေးမြန်းနိုင်မှာ ဖြစ်သလို
ကျွန်တော်တို့နဲ့ လက်တွဲပါဝင်ပေးထားကြတဲ့ Youth org တွေနဲ့လဲ ချိတ်ဆက်ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

မတူကွဲပြားအတူပါဝင် - ဝိုင်းဖွဲ့စကားဝိုင်းနဲ့ အနုပညာပြပွဲ Eventကို အဆင်ပြေချောမွေ့အောင် ကူညီပံ့ပိုးပေးကြတဲ့ Media Partnership အားလုံးကို ကျွန်တော်တို့ Tee Htwin- CSR က အထူးကျေးဇူးတင်ကြောင်းပြောကြားရင်း အခမ်းအနားကို တက်ရောက်ဆွေးနွေးနိုင်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

Registration Form : https://forms.gle/QVyBPfi9G41Dbtky5

#YouthOrganization
#ForTheFutureMyanmar

#TeeHtwin
#Diversity
#youthorganization
#media
#partnership

For The Future Myanmar

27 Oct, 13:31


လွတ်လပ်သောတန်းတူအခွင့်အရေး⚖️

ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာ၊အလုပ်လုပ်တဲ့နေရာ ဒါမှမဟုတ် တစ်ခြားသောနေရာမှာဆိုရင် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့သူတွေကိုမြင်ဖူးမှာသေချာပါတယ်။ ဟုတ်ပါတယ် အဲ့လိုလူမျိုးတွေကို မသန်စွမ်း ဖြစ်နေတဲ့လူတွေလို့ခေါ်ကြပါတယ်။

ဒါဆိုရင်မသန်စွမ်းမှုဆိုတာကဘာလဲ❓

မသန်စွမ်းမှုဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ပိုင်းဆိုင်ရာ ဒါမှမဟုတ် အာရုံစိုက်မှုပိုင်းဆိုင်ရာ စတဲ့စွမ်းဆောင်ရည်တွေအပေါ် အခက်အခဲတစ်ခုခုရှိပြီး အခြားသူတွေလိုမျိုးတစ်နေ့တာပုံမှန်လုပ်ဆောင်နိုင်စွမ်းကို နှောင့်နှေးစေတဲ့အခြေနေတစ်ခုဖြစ်ပါတယ်။

မသန်စွမ်းမှုအမျိုးအစားများ

ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု : ခန္ဓာကိုယ်ရဲ့ သွားလာနိုင်ခြင်း၊ လှုပ်ရှားနိုင်ခြင်း၊ အစိတ်အပိုင်းများကို အလုပ်လုပ်စေခြင်းတွေမှာ အခက်အခဲတစ်ခုခုရှိခြင်း ကိုခေါ်ဆိုပြီး တစ်ခြားသူတွေလိုပုံမှန်လှုပ်ရှားနိုင်ခြင်းမျိုးမရှိတာဖြစ်ပါတယ်။

အာရုံခံခြင်းမသန်စွမ်းမှု: အာရုံငါးပါးအနက် တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ ထိခိုက်ခြင်းဖြစ်ပြီး၊ ဥပမာအနေနဲ့ မျက်စိမမြင်ခြင်း၊ နားမကြားခြင်းတို့ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာနှင့် ဉာဏ်ရည်အရ မသန်စွမ်းမှု: တစ်ဦးတစ်ယောက်ရဲ့စိတ်ကျန်းမာရေးနဲ့ဉာဏ်ရည်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းတွေမှာအခက်ခဲရှိတာဖြစ်ပါတယ်။ဥပမာအနေနဲ့ဆိုရင် Autism၊ Down Syndrome၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုနည်းခြင်းနှင့် စိတ်ကျရောဂါတို့ကလည်း စိတ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည်အရမသန်စွမ်းတာဖြစ်ပါတယ်။

သင်ယူမှု မသန်စွမ်းမှု: သတင်းအချက်အလက်တွေကို အထင်အမြင်မမှန်ခြင်း၊ စာဖတ်ခြင်း၊ စာရေးခြင်းတွေမှာ ခက်ခဲစေတတ်ပြီး၊ Dyslexia (စာဖတ်ရန်ခက်ခဲခြင်း) စတဲ့ ပညာရေးဆိုင်ရာ အခက်အခဲ တွေဖြစ်ပါတယ်။

လူမှုရေးနှင့် အလုပ်အကိုင်များတွင် ပါဝင်ဆောင်ရွက်ခြင်း👥

မသန်စွမ်းသူတွေကို လူမှုအသိုင်းအဝိုင်းတွေမှာ အပြည့်အဝ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက်အထောက်အပံ့ပေးရပါမယ်။ အများသုံးနေရာတွေကို လွယ်လွယ်ကူကူ သုံးစွဲနိုင်ရန်အတွက် ပြုလုပ်ပေးတာတွေ၊အလုပ်နေရာတွေမှာလိုအပ်တဲ့ အဆင်ပြေမှု ဖန်တီးပေးတာတွေကအလွန်ကိုအရေးကြီးပါတယ်။ ဥပမာအနေနဲ့ Screen Reader တွေ၊ နားကြားစက်တွေ၊ သွားလာခြင်းအတွက် အကူအညီကိရိယာတွေ အစရှိတဲ့ အထောက်အပံ့ နည်းပညာတွေကမသန်စွမ်းသူတွေအတွက် သွားလာရတာကိုလွတ်လပ်စေပြီး ၊နေထိုင်မှုကို ပိုပြီးအဆင်ပြေစေပါတယ်။

ဥပဒေအကာအကွယ်များနှင့် အခွင့်အရေးများ📃

နိုင်ငံအများအပြားတွေမှာ မသန်စွမ်းသူတွေအတွက် တရားဝင် ကာကွယ်ပေးထားတဲ့ ဥပဒေများစွာရှိပါတယ်။ ဥပမာအနေနဲ့ အမေရိကန်နိုင်ငံရဲ့ Americans with Disabilities Act (ADA) နှင့် ကမ္ဘာ့သမဂ္ဂမှ ပြဋ္ဌာန်းထားသော UN Convention on the Rights of Persons with Disabilities (CRPD) တို့ဖြစ်ပြီး၊ မသန်စွမ်းသူတွေကို ပညာရေး၊ အလုပ်အကိုင်နဲ့ အများသုံးဝန်ဆောင်မှုများတွင် တန်းတူအခွင့်အရေး ရရှိစေရန် အလေးထားကာကွယ်ပေးခြင်းဖြစ်ပါတယ်။

မသန်စွမ်းမှုအကြောင်း သိရှိမြင်သာရေး💭

မသန်စွမ်းမှုဆိုတာက လူ့အသိုင်းအဝိုင်းမှာ မရှိမဖြစ် အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ လူတိုင်းက မသန်စွမ်းသူတွေရဲ့အခြေအနေတွေကို နားလည်ပြီး သင့်လျော်တဲ့ အထောက်အပံ့များပေးဖို့လိုအပ်ပါတယ်။

💁ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ မသန်စွမ်းမှုဆိုတာက လူ့ဘောင်အတွင်းမှာရှိတဲ့ သဘာဝတရားတစ်ခုဖြစ်ပြီး၊ လူတိုင်းက မသန်စွမ်းသူတွေကို လေးစားပြီးပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ကို ပိုမိုပါဝင်ဆောင်ရွက်နိုင်အောင် ဝိုင်းဝန်းကူညီထောက်ပံ့ပေးသင့်ပါတယ်။🫂

We can definitely see people who are mentally or physically weak in the world we live in, at our workplaces, or in other places. Yes, these people are called disabled people.

What is disability❓

Disability is when a person has difficulties in physical, mental, intellectual, or attention-related abilities. This makes it hard for them to do things that other people can do easily every day.

Types of disabilities

Physical disability: This means having trouble moving around or using parts of the body like hands or legs.

Sensory disability: This involves issues with one or more of the senses, such as not being able to see or hear.

Mental and intellectual disability: This is when a person has difficulties with mental health or thinking abilities. Examples include Autism, Down Syndrome, and other mental health issues.

Learning disability: This makes it hard to understand information, read, or write. An example is dyslexia, which makes reading difficult.

Involvement in society and work👥

For The Future Myanmar

27 Oct, 13:31


People with disabilities need support to fully participate in society. It is important to make public places easy to access and create comfort in workplaces. For example, technologies like screen readers, hearing aids, and mobility devices help them move freely and live more comfortably.

Laws and Rights for Disabled People📃

In many countries, there are various laws that provide protection for disabled individuals. For example, the Americans with Disabilities Act (ADA) in the United States and the UN Convention on the Rights of Persons with Disabilities (CRPD) promote equal rights for disabled people in education, employment, and public services.

Understanding Disabilities 💭

Disability is an important issue in society. Everyone needs to understand the situations of disabled people and provide the right support.

💁Therefore, we believe that disability is a natural part of humanity, and everyone should respect disabled individuals and help create a more inclusive environment.🫂

#Tanslatedbynyanwonnaing
#contentbygrace
#YouthOrganisation
#ForTheFutureMyanmar

For The Future Myanmar

25 Oct, 12:37


Lann 🤝 For The Future- Myanmar

Lann ကနေပြုလုပ်သွားမယ့် Program လေးဟာ ကျေးလက်ဒေသကလူငယ်တွေ အဆင့်မြင့်ပညာရေးကို လက်လှမ်းမှီဖို့အတွက် လိုအပ်တဲ့ အရည်အသွေးတွေကို ဖြည့်ဆည်းပေးသွားမယ့် Program လေးပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းက ကျေးလက်ဒေသတွေမှာရှိတဲ့ လူငယ်တွေဟာ အဆင့်မြင့်ပညာရေးကိုတက်လှမ်းဖို့
အခက်အခဲအမျိုးမျိုးနဲ့ရင်ဆိုင်နေကြရပါတယ်။
ဒီလိုအခက်အခဲတွေဟာ များသောအားဖြင့် ငွေကြေးဆိုင်ရာအခက်အခဲတွေ၊ လျှပ်စစ်မီးနဲ့ အင်တာနက်ဆိုင်ရာ အခက်အခဲတွေ၊ အဆင့်မြင့်ပညာရေးကို တက်လှမ်းနိုင်ဖို့အခွင့်အလမ်းနည်းပါးတာမျိုးတွေ ရှိနေကြပါတယ်။
လမ်းအဖွဲအဝင် လူငယ်တွေကလည်း ကျေးလက်ဒေသနဲ့ conflict ဒဏ်ခံရသောဒေသတွေမှလာတဲ့ လူငယ်‌တွေဖြစ်တဲ့အတွက်အဆင့်​မြင့်ပညာရေးကို လက်လှမ်းမီရန်အတွက် စိန်ခေါ်မှုများ၊ အခက်အခဲများကို ကြုံတွေ့ခဲ့ရသူများလည်းဖြစ်ပါတယ်။ ဒါကြောင့် လမ်းအဖွဲ့ဝင်များအနေနဲ့ မိမိတို့လိုပဲ အဆင့်မြင့်ပညာရေး လက်လှမ်းမီရန် အခက်အခဲများစွာကြုံနေရသောလူငယ်များအား ကူညီပံ့ပိုးသွားလိုတဲ့ စိတ်အားထက်သန်မှုနဲ့ 'လမ်း' ပရောဂျက်ကို အကောင်ထည်ဖော်ရန် ကြိုးစားဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
ဒီ Program လေးကစုစုပေါင်း (၆) လ နဲ့အထက် လခန့်ကြာမြင့်မှာဖြစ်ပြီး ဒီ အတွင်းမှာ
👉English Skill
👉 Digital Skill
👉 Soft Skill
👉 Personal Development Skill
စတာတွေကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်။
📝 ဒီ Program လေးကိုတက်ရောက်ဖို့ လိုအပ်ချက်တွေကတော့
👉ကျေးလက်ဒေသမှ အသက် (၁၆) နှစ်မှ (၃၀) နှစ်အထိ လူငယ်တွေ
👉အဆင့်မြင့်ပညာရေးကို တက်လှမ်းဖို့ အခက်အခဲနဲ့ကြုံတွေ့နေရတဲ့သူတွေ
👉English စာအခြေခံ သိကျွမ်းတဲ့သူတွေ
👉စိတ်အားထက်သန်မှုရှိပြီး Program ကို အစအဆုံး commitment အပြည့်ပေးပြီးတက်ရောက်နိုင်တဲ့သူဖြစ်ရပါမယ်။
👉 Lann ရဲ့ English Skill နဲ့ပတ်သက်တဲ့ pretest ကိုဖြေဆိုနိုင်သူဖြစ်ရပါမယ်။
Google form လေးကနေတဆင့် လျှောက်ထားနိုင်ပြီး pretest ဖြေဖို့နဲ့ Interview အဆင့်ရွေးချယ်ခံရသူတွေကို ပြန်လည်ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။
Form Link >>> https://forms.gle/XcvE62bM7ioZNVTD9
Form ကို (၆.၁၀.၂၀၂၄) ကနေစပြီး (၃၁. ၁၀. ၂၀၂၄) အထိဖွင့်ထားမှာဖြစ်ပါတယ်။

Main post -
https://www.facebook.com/share/p/5LVkMxoeDXj793wv/

#ForTheFutureMyanmar
#youthorganization
#lann
#mediapartnership

For The Future Myanmar

24 Oct, 11:30


The New Branch of For The Future-Myanmar: Eco Bunnies 🐇

မင်္ဂလာပါ Futureseers လေးတို့ရေ

ဒီနေ့မိတ်ဆက်ပေးသွားမှာကတော့ Eco Bunnies ပဲဖြစ်ပါတယ်။ Eco Bunnies ဆိုတာကတော့ သဘာဝ နဲ့ လူသားတွေ သဟဇာတဖြစ်အောင် နေထိုင်နိုင်မယ့် Tips လေးတွေနဲ့အတူ ၊ ကမ္ဘာမြေကြီး စဥ်ဆက်မပြတ်စိမ်းစိုနေဖို့ သဘာဝထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို Webinar Series တွေ၊ Challenges တွေ၊ Knowledge Sharing Content တွေ အစရှိတဲ့ နည်းလမ်းမျိုးစုံနဲ့ လူထုဆီ ဝေမျှပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ဒီလို မျှဝေနိုင်ခဲ့တာကြောင့်ပဲ For The Future-Myanmar က စီစဉ်ပြုလုပ်ခဲ့တဲ့ Internship Program 2024 မှာ "Best Internship Group of the Year 2024🏆" Award ကိုလဲရရှိခဲ့ပါတယ်။

🍀 Eco Bunnies အနေနဲ့ ဒီလိုမျိုး သဘာဝ နဲ့ သက်ရှိတို့ကြားက ဟန်ချက်ညီမှုကို သယ်ဆောင်ရာမှာ For The Future-Myanmar Organisation နဲ့ ပူးပေါင်းဖို့ လမ်းကြောင်းပေါ်ပေါက်လာခဲ့ပါတယ်။ For The Future-Myanmar ရဲ့ Branch အဖြစ်နဲ့ ရှေ့လျှောက်လက်တွဲလုပ်ဆောင်သွားဖို့ ကမ်းလှမ်းချက်ကို အဖွဲ့သားတွေအတူတူ ဆွေးနွေးပြီးတဲ့နောက် စက်တင်ဘာလ ၁၃ ရက်နေ့ မှာ Organisation ရဲ့ Branch တစ်ခုအနေနဲ့ တရားဝင်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

Eco Bunnies ဟာ သဘာဝရဲ့ သမမျှတမှုကို ဖော်ဆောင်ရေးနဲ့ပတ်သက်ပြီး For the Future-Myanmar ရဲ့ Branch ခွဲအနေနဲ့ 3R လို့သိကြတဲ့

1. Reduce (စွန့်ပစ်ပစ္စည်း‌တွေကို လျော့ချခြင်း) ၊

2. Reuse (ပြန်လည်အသုံးပြုခြင်း) ၊

3. Recycle (ပြန်လည်အသုံးချခြင်း)

စတဲ့ အကြောင်းအရာတွေအပေါ် အခြေခံပြီး ဆက်လက်မျှဝေသွားမှာ ဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ရပါတယ်။

Facebook- https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL

Instagram- https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==

Telegram- https://t.me/For_The_Future_Myanmar

YouTube- https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlWTZ

#ContentbyMoe
#Graphicby_Aye_Nyein_Phyo
#YouthOrganization
#ForTheFutureMyanmar

For The Future Myanmar

21 Oct, 11:29


-It is better to carry a battery-operated or rechargeable flashlight that is more powerful than the flashlight on your phone. It is also recommended to carry candles and gas lighters.

6.Knife/Whistle

-If you have a multi-purpose knife, you can use it for food preparations, opening cans and cutting clothes. As for the whistle, you can use it to give signals and call for help when you are trapped under debris.

7.Blanket

-A light and easy-to-carry blanket is useful anytime and anywhere.

8.Waterproof Bag

-When faced with floods, you can keep your phone and money in a waterproof bag or store your whole emergency kit inside it.

9.Rope

-A rope can be a lifesaver in emergencies, useful for climbing down from heights, building temporary shelters, tying items, or even as a safety line.

💁🏻‍♀️ If you use these useful tips in practice, you can definitely reduce casualties when faced with actual disasters.

References

- Disaster Preparedness Plan. (n.d.). Make a Plan | Red Cross.
https://www.redcross.org/get-help/how-to-prepare-for-emergencies/make-a-plan.html

-10 things that should be in your emergency kit. (2023, November 17). The Good Store PH.
https://thegoodstore.ph/blogs/news/10-things-that-should-be-in-your-emergency-kit

- Mon, A. T. (2023, November 17). ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံခဲ့ရင်. Hello Sayarwon.

https://hellosayarwon.com/healthy-habits/first-aid-healthy-habits/how-to-prepare-emergency-bag-for-disaster/

#ResearchbyZweThitHtoo
#ContentbyKyawt
#TranslatedbyHarry
#GraphicdesignbyAyeNyeinPhyo

For The Future Myanmar

21 Oct, 11:29


ကြိုတင်မှန်းဆလို့မရနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကို အံတုဖို့ ကျွန်တော်တို့ ဘာတွေလုပ်နိုင်သလဲ ❓️

💁🏻‍♀️မင်္ဂလာပါ Futureseers လေးတို့ရေ ...အခုရက်ပိုင်း မြန်မာနိုင်ငံနေရာဒေသ အသီးသီးမှာ သဘာဝရေဘေး အန္တရာယ်ကြောင့် အသက်အိုးအိမ်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြရတာကို အားလုံးပဲ အသိဖြစ်မှာပါနော်။ မြန်မာနိုင်ငံမှာတင်မကပါဘူး...နှစ်စဥ်နှစ်တိုင်း လိုလို ကမ္ဘာတစ်ဝန်းမှာ သဘာဝဘေး အန္တရာယ် အမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုတာ ဘယ်အချိန် ၊ ဘယ်နေရာမှာမဆို ကြုံတွေ့နိုင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်
ထားဖို့ လိုအပ်ပါတယ်။အန္တရာယ်ကြုံမှ ရှောင်ပြေးတာမျိုးထက် ကြိုတင်ကာကွယ်ဖို့ ပြင်ဆင်ထားခြင်းက အကောင်းဆုံး ဖြေရှင်းနည်းတစ်ခုပါပဲ။

ဒါ့ကြောင့် ဒီနေ့မှာ Futureseers လေးတို့အတွက် သဘာဝဘေးအန္တရာယ်တွေနဲ့ မရင်ဆိုင်ရခင်ဘယ်လိုပြင်ဆင်မှုတွေ လုပ်ထားရမလဲ ? အရေးပေါ် အခြေအနေမျိုးမှာ ဘယ်လိုလုပ်သင့်သလဲ ? ဆိုတာတွေကို
ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

✅️အဆင့် ၃ ဆင့် နဲ့ အရေးပေါ် အစီအစဥ်ရေးဆွဲခြင်း

1. နေထိုင်ရာ ဒေသ ၊ လုပ်ငန်းခွင် ၊ ကျောင်း စတဲ့နေရာမှာ ရှိနေတုန်း အရေးပေါ် အခြေအနေရောက် လာတဲ့အခါ ဘယ်လိုပြင်ဆင်မလဲ ? တုံ့ပြန်မလဲ ?
ဆိုတာ မိသားစုဝင်တွေနဲ့အတူတကွ တိုင်ပင်ပါ။

2. မိသားစုဝင်တိုင်းကို တာဝန်တစ်ခုစီခွဲဝေပေးထားပြီး အဖွဲ့လိုက် ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲ ? ဆိုတာ ကြိုတင်စီစဥ်ထားပါ။

3. အစီအစဥ်ထဲကအတိုင်း လက်တွေ့ကြိုတင်လေ့ကျင့်ထားပါ။

✅️မိသားစုဝင်တွေနဲ့ ကွဲကွာသွားရင် ဘာလုပ်ရမလဲ ဆိုတာ ကြိုတင်ပြင်ဆင်ထားခြင်း

1. ပြန်လည်တွေ့ဆုံဖို့ စုရပ်နေရာတစ်ခုကို ကြိုတင် သတ်မှတ်ထားပါ။

2. ကိုယ့်မြို့ရွာကမဟုတ်ဘဲ တခြားတစ်နေရာက ယုံကြည်အားထားရတဲ့ဆွေမျိုး ၊ မိတ်ဆွေတစ်ဦးရဲ့ ဆက် သွယ်ရမဲ့ လိပ်စာ ၊ ဖုန်းနံပါတ်တွေကို မိသားစုဝင်တိုင်းက မှတ်သားထားပါ။

3. အိမ်ရဲ့ အဝေးမှာရောက်နေတဲ့ အတူနေ မိသားစုဝင်တွေအတွက်လည်း ကြိုတင်တွေးထားပါ။

4. အရေးကြီးဆုံးအချက်ကတော့ Emergency Contact Card လို့ခေါ်တဲ့ အရေးပေါ် ဆက်သွယ်ရမဲ့ ကဒ်ပြားတွေကို ကိုယ်နဲ့မကွာ ယူထားပါ။ တကယ်လို့ မိသားစုဝင်တွေ ကွဲကွာသွားတဲ့အခါ ဆက်သွယ်ရလွယ်ကူမှာ ဖြစ်ပါတယ်။

Emergency Contact Card ပုံစံကို ဒီ Linkထဲမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

- https://www.redcross.org/content/dam/redcross/get-help/pdfs/American-Red-Cross-Emergency-Contact-Card.pdf

5. နေရပ်စွန့်ခွာဖို့ လိုအပ်လာတဲ့အခါ ဘယ်နေရာကိုသွားမယ်။ ဘယ်လမ်းကသွားမယ်ဆိုတာ ကြိုတင် စဥ်းစားထားပါ။ အိမ်မွေးတိရစ္ဆာန်တွေရှိရင် သူတို့လေးတွေအတွက်ပါ ကြိုတင်ပြင်ဆင်ထားပေးဖို့လည်း လိုအပ်ပါတယ်။

✅️အရေးပေါ်အသက်ကယ်ဆယ်ရေးအတွက် မရှိမဖြစ် လိုအပ်သည့်အရာများ

သဘာဝဘေးအန္တရာယ်ဒဏ်ကို ရုတ်တရက် ခံစားရတဲ့အခါ အရေးပေါ် ကယ်ဆယ်ရေးလုပ်ဖို့ ၊ ထိခိုက်ဒဏ်ရာတွေကို ကုသဖို့ Disaster Survival Kit ပြင်ဆင်ထားဖို့ လိုပါတယ်။အထူးသဖြင့် ဒီပစ္စည်းတွေကို မပါမဖြစ် ယူဆောင်ထားသင့်ပါတယ်။

1.ရှေးဦးသူနာပြုဆေးဘူး

- အရေးပေါ်အခြေအနေတွေမှာ ဆေးရုံဆေးခန်းတွေကို သွားဖို့ ခက်ခဲတာကြောင့် ဒဏ်ရာတွေကို ချက် ချင်းကုသနိုင်ဖို့ ၊ ရောဂါပိုးမဝင်အောင် ကာကွယ်နိုင်ဖို့အတွက် ရှေးဦးသူနာပြု ဆေးဘူးတွေကို အလိုအပ်ဆုံးပါပဲ။ အထူးသဖြင့် ပလာစတာ၊ ပတ်တီး၊ ကတ် ကြေး၊ အရက်ပြန် ၊ လက်သန့်ဆေးရည်၊ mask စတာတွေနဲ့ ဆေးပုံမှန်သောက်နေရတဲ့သူဆိုရင် သောက်နေကျဆေးကို သုံးရက်စာလောက် အရေးပေါ်အိတ်ထဲ ထည့်ထားပါ။

2. တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများ

- သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ Tissue ၊ ခေါင်းလျှော်ရည် စတဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။

3. အရေးကြီးသော စာရွက်စာတမ်းများ

- မှတ်ပုံတင် ၊ ဘဏ်စာအုပ် ၊ ဘဏ်ကတ်၊ ငွေသား၊ ဖုန်း ၊ နိုင်ငံကူးလက်မှတ် ၊ အိမ်ထောင်စုဇယား စတဲ့ အရေးကြီးတဲ့စာရွက်စာတမ်းများကို အလွယ်တကူ လွယ်သွားနိုင်မဲ့ အိတ်နဲ့ ထည့်ထားပါ။ ရေလုံဖို့လည်းအထူး သတိပြုပါ။

4. ရေဘူး နဲ့ စားစရာ အခြောက်အခြမ်းများ

- အရေးပေါ်အခြေအနေမှာ တစ်ရက်ကို လူတစ်ယောက်အတွက် ရေတစ်ဂါလံလောက် အနည်းဆုံး လိုအပ်တာမို့ သုံးရက်စာ ရေပမာဏကို တွက်ချက်ပြီး သိုလှောင်ထားသင့်ပါတယ်။ ဒါ့အပြင် အချိန်မရွေးစားလို့ရနိုင်မဲ့ ခေါက်ဆွဲခြောက် ၊ ဘီစကစ်တို့လိုမျိုး အစား အစာတွေကို ပြင်ဆင်ထားသင့်ပါတယ်။

5. လက်နှိပ်ဓာတ်မီး

- ဖုန်းမှာပါတဲ့ ဓာတ်မီးထက်စာရင် အလင်းပိုပြင်းတဲ့ ဓာတ်ခဲသုံးရတဲ့ လက်နှိပ်ဓါတ်မီး သို့မဟုတ် အား သွင်းလို့ရတဲ့ဟာမျိုးက ပိုကောင်းပါတယ်။ ဖယောင်းတိုင်နဲ့ ဂတ်စ်မီးခြစ်လိုမျိုး အလင်းရောင်ရစေမဲ့ အရာတွေလည်းရှိထားသင့်ပါတယ်။

6. ဓား / Whistle ခရာ
- ဘက်စုံသုံး ဓားတစ်လက် ဆောင်ထားရင် အစာစားဖို့၊ ဘူးဖောက်ဖို့၊ အဝတ်တွေဖြတ်ဖို့ စသဖြင့် အသုံးချလို့ရပါတယ်။ အပျက်အစီးတွေအောက် ပိတ်မိတဲ့အခါမျိုးမှာ ကယ်ဆယ်ရေးသမားတွေကို အချက် ပေးဖို့ ခရာနဲ့ အသံ​ပေးနိုင်ပါတယ်။

7. စောင်

For The Future Myanmar

21 Oct, 11:29


- ပေါ့ပါးပြီး သယ်ရလွယ်တဲ့ စောင်တစ်ထည်က ဘယ်အချိန် ၊ ဘယ်​နေရာမှာမဆို အသုံးဝင်ပါတယ်။

8. ရေမဝင်တဲ့အိတ်

- ရေကြီးတဲ့အခါ ဖုန်းနဲ့ ပိုက်ဆံတွေကို ရေမဝင်အောင် ကာကွယ်ဖို့ ရေမဝင်တဲ့အိတ်ထဲ ထည့်ထားတာမျိုး ၊ အရေးပေါ်အိတ်တစ်ခုလုံးကိုထည့်ထား
တာမျိုး​တွေ ပြုလုပ်နိုင်ပါတယ်။

9. ကြိုး

- ကြိုးတစ်​ချောင်းရှိထားရင် အရေးပေါ်အခြေအနေတွေမှာ အသက်ကယ်ကြိုးအဖြစ် အသုံးပြုဖို့ ၊ အမြင့်ကနေဆင်းဖို့ ၊ ယာယီတဲဆောက်ဖို့ ၊ ပစ္စည်းတွေချည်ဖို့ စသဖြင့် ​အသုံးပြုနိုင်ပါတယ်။

💁🏻‍♀️ဒီအချက်​လေး​တွေကို လက်​တွေ့လိုက်နာ​ဆောင်ရွက်မယ်ဆိုရင်​ သဘာဝ​ဘေးအန္တရာယ်​တွေကို ရင်ဆိုင်လာရ​တော့မယ်ဆိုရင်​တောင် အသက်စည်း စိမ်အိုးအိမ်ပျက်စီး ဆုံးရှုံးမှု​တွေကို အတတ်နိုင်ဆုံး ​လျှော့ချနိုင်မှာပဲဖြစ်ပါတယ်ရှင်။

References

- Disaster Preparedness Plan. (n.d.). Make a Plan | Red Cross.
https://www.redcross.org/get-help/how-to-prepare-for-emergencies/make-a-plan.html

-10 things that should be in your emergency kit. (2023, November 17). The Good Store PH.

https://thegoodstore.ph/blogs/news/10-things-that-should-be-in-your-emergency-kit

- Mon, A. T. (2023, November 17). ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံခဲ့ရင်. Hello Sayarwon.

https://hellosayarwon.com/healthy-habits/first-aid-healthy-habits/how-to-prepare-emergency-bag-for-disaster/

What can we do to withstand unpredictable natural disasters ❓

💁🏻‍♀️ Hello Futureseers! As you may all be aware, in recent days, many lives and homes across various regions of Myanmar have been lost because of the flood. In every single year, natural disasters have caused devestation not only in Myanmar but also across the world.

Since natural disasters can happen anytime and anywhere, it is necessary to make preparations. Preparing to prevent the incoming danger is a far better solution than escaping when faced with it.

So, today, Futureseers will be informed about how to prepare for the natural disasters and how to take actions in emergency situations.

✅ 3 steps for mapping out the emergency plan

1.Together with you family members, plan ahead for emergencies at home, work or school.

2.Assign tasks to each family member and plan in advance to work together as a team.

3.Practice in advance to follow the plan.

✅ Preparing what to do if separated from family members

1.Establish a meeting point in advance to reunite.

2.Memorize the contact information such as phone number and address of a reliable relative or friend from a different town or city. It is necessary that all family members memorize the contact information.

3.Plan in ahead for the family members away from home.

4.Most importantly, always keep "Emergency Contact Card" with you. It will help you in case of separation from family members.

You can learn about the Emergency Contact Card in the following link.
- https://www.redcross.org/content/dam/redcross/get-help/pdfs/American-Red-Cross-Emergency-Contact-Card.pdf

5.Consider where you will go and which route you will take if evacuation becomes necessary. If you have pets, make sure to prepare for them as well.

✅ Essential items for emergency survival

When faced with a sudden natural disaster, it is essential to prepare a Disaster Survival Kit in order to make emergency rescues and treat injuries.

1.First Aid Kit

-Since it is difficult to reach hospitals or medical centers during emergencies, a first aid kit is essential for immediately treating injuries and preventing infections. Key items include plasters, bandages, scissors, antiseptics, hand sanitizers, masks, and at least a three-day supply of any prescription medication.

2.Personal Hygiene Items

-Prepare personal care items such as toothbrush, toothpaste, soap, tissue and shampoo.

3.Important Documents

-Keep essential documents such as ID card, bank books, bank cards, cash, phone, passport and family registration certificate in a waterproof easy-to-carry bag.

4.Water Bottle and Non-perishable Food

-In an emergency, it is recommended to have at least one gallon of water per person per day. Store a three-day supply of water and pack food items like instant noodles and biscuits that can be eaten anytime.

5.Flashlight

For The Future Myanmar

20 Oct, 11:30


Psychological First Aid (PFA)

◾သင့်ပတ်ဝန်းကျင်မှု မှုခင်းတစ်ခုကြောင့် သို့မဟုတ် သဘာဝဘေးအန္တရာယ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်နေကြသူတွေကို မြင်ဖူးပါသလား။
👁️‍🗨️တစ်ခါတလေ တစ်ချို့သောစိတ်ထိခိုက်မှုတွေဟာ အရိပ်မည်းတခုလို ထိုသူဘဝကို လိုက်လံခြောက်လန့်နေတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာတွန်းအားလေးတစ်ခုဟာ ထိုသူဘဝကို လမ်းတည့်ပေးနေနိုင်မယ်ဆိုရင်။

🧠 PFA ဆိုတာဘာလဲ။

PFAရဲ့အရှည်ကတော့ "Psychological First Aid" ဖြစ်ပါတယ်။ Disaster တစ်ခုဖြစ်ပွားမှုရဲ့ နောက်ဆက်တွဲအနေနဲ့ လူဆယ်မှာ ရှစ်ယောက်လောက်ဟာ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတစ်ခုအဖြစ်ကျန်ရစ်ခဲ့တတ်ကြပါတယ်။ ကျွန်တော်တို့အနေနဲ့ အခင်းဖြစ်ပွားပြီးလျှင်ပြီးချင်း Emotional Support ပေးခြင်းအားဖြင့် ကူညီနိုင်ပါတယ်။ ထိုသို့ ပထမဆုံးစိတ်ပိုင်းဆိုင်ရာအရ ကူညီထောက်ပံ့‌ပေးခြင်းကို PFA (Psychological First Aid)ပြုလုပ်ပေးခြင်းလို့ခေါ်ပါတယ်။

🤔 PFA က ဘာကြောင့်အရေးကြီးတာလဲ။

💪 Disaster ပြီးပြီးချင်း ဖြစ်ပေါ်တတ်တဲ့ ရှောခ့် ၊စိတ်ဒဏ်ရာတွေဟာ ဂရုမပြုမိရင် Trauma တစ်ခုအဖြစ် စွန်းထင်းကျန်ရစ်နေတတ်တဲ့သဘောရှိပါတယ်။ PFA ဟာ ဤအရာကိုလျှော့ချပေးနိုင်လိမ့်မှာပါ။

🛑 ဒီအတွက် Anxiety, Depression, or PTSD စတဲ့ mental health disorders တွေ ကိုကာကွယ်နိုင်တာပေါ့။

🤝 PFA ကုသမှု အရင်ခံယူလိုက်ရတဲ့သူဟာ ရှေ့ဆက်မဲ့ဘဝခရီးအတွက် စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရာမှာ အထောက်အကူပြုနေမှာပါ။

💞 Look, Listen, Link Approach

Look - ပတ်ဝန်းကျင်ကို စူးစမ်းပါ။ PFA action မပြုလုပ်မီ အရေးကြီးတဲ့ အချက်တစ်ခုကတော့ အခင်းဖြစ်ပွားရာနေရာမှာ အရေးပေါ်ကုသမှုလိုအပ်နေသူတွေရှိနေလား သတိပြုထားရပါမယ်။ ဒဏ်ရာရလူနာတွေတွေ့ရင် အရင်ဆုံးသက်ဆိုင်ရာကျန်းမာရေးဌာကသူတွေနဲ့ ချိတ်ဆက်ပေးဖို့လိုအပ်ပါတယ်။

Listen - နားထောင်ပေးပါ။ ပထမဆုံး မိမိကိုယ်ကိုယ်မိတ်ဆက်ပေးပါ။ ယုံကြည့်မှုရယူပါ။ အာရုံစူးစိုက်စွာနားထောင်ပေးပါ။ မိမိရဲ့ ခန္ဓာကိုယ်အနေအထားကိုလည်း ဂရုပြုပေးပါ။ မေးခွန်းများကိုလည်း နားထောင်နေစဉ်အတွင်း အလျှင်းသင့်သလို မေးပေးရန်လိုအပ်ပါတယ်။

Link - ချိတ်ဆက်ပေးရပါမယ်။ သူတို့ရဲ့စိတ်သောကတွေကို နည်းလမ်းတွေနဲ့ပေါ့။ ချိတ်ဆက်တဲ့နေရာမှာလည်း သူတို့ချစ်ရတဲ့သူတွေနဲ့ရော၊ သူတို့သက်တောင့်သက်သာဖြစ်မယ့် ပတ်ဝန်းကျင်နဲ့ပါ ချိတ်ဆက်ပေးဖို့ မမေ့ပါနဲ့။ ဖုန်းဆက်ပေးတာမျိုးပေါ့။ သူပြောပြမှုအရ ရရှိခဲ့တဲ့အခက်ခဲတစ်ခုချည်းဆီကို ကြိုးစားအဖြေရှာပေးတာမျိုးပြုလုပ်ပေးရပါမယ်။

🗣️ သင့်မိသားစုဝင်လေးတွေကိုပဲဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်းပဲဖြစ်စေ။ ပတ်ဝန်းကျင်က က လူတစ်ချို့ကိုပဲဖြစ်စေ သင့်ရဲ့ ကူညီမှုတစ်ခုဟာ အရာအားလုံးကို ကွဲပြားချက်တစ်ခုဖြစ်စေမှာပါ။

◾Disaster တစ်ခုရဲ့ နောက်ဆက်တွဲသက်ရောက်မှုမှာ ကိုယ်ခန္ဓာကျန်းမာရေးဟာ အရေးကြီးသလို စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း အလားတူ ဂရုပြုသင့်ပါတယ်။

သဘာဝဘေးအန္တရာယ်တွေကြုံလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြီးမားစွာကျန်ရစ်နေခဲ့ကြပါတယ်။ အခင်းဖြစ်ပွားရာနေရာတွေမှာ ထိခိုက်ဒဏ်ရာရသူတွေထက်ပိုပြီး နာကျင်ရတဲ့သူတွေလည်းရှိနေတတ်ကြပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကသူတွေကို စိတ်ပိုင်းဆိုင်ရာထွေးပွေ့မှုပေးခြင်းဖြင့် ကြင်နာတဲ့လက်တစ်စုံကမ်းပေးကြပါစို့။

Psychological First Aid (PFA)

◾ Have you ever witnessed people trying to recover emotionally after experiencing a crime or natural disaster?

👁️‍🗨️ Sometimes, emotional wounds can follow individuals like a dark shadow, haunting their lives. However, if we can offer them a bit of psychological support, it can help set them on the right path.

🧠 What is PFA?

PFA stands for "Psychological First Aid." After a disaster, about eight out of ten people are left with emotional scars. We can assist by offering immediate emotional support right after the event. This kind of initial psychological support is known as PFA (Psychological First Aid).

🤔 Why is PFA important?

💪 Psychological wounds like shock and trauma often occur right after a disaster. If not addressed, these emotional injuries may develop into long-lasting trauma. PFA can help reduce the likelihood of this happening.

🛑 It helps prevent mental health disorders such as Anxiety, Depression, or PTSD.

🤝 Those who receive PFA will benefit from emotional recovery, helping them move forward on their life journey.

💞 Look, Listen, Link Approach

• Look: Observe your surroundings. Before administering PFA, it is crucial to assess the disaster site and identify if there are any individuals who require immediate medical attention. If you come across someone injured, it is important to connect them with the appropriate health care providers.
• Listen: Listen attentively.

For The Future Myanmar

20 Oct, 11:30


First, introduce yourself. Build trust. Listen with full attention. Be mindful of your body language. While listening, ask questions naturally and gently.
• Link: Help connect them. Lighten their emotional burdens by offering support. When linking them to others, don’t forget to connect them with their loved ones and a comforting environment. A simple phone call could make a difference. Try to help them find solutions to any challenges they’ve shared with you.

🗣️ Whether it is a family member, a friend, or even someone from your community, your act of assistance can make all the difference.

◾ In the aftermath of a disaster, while physical health is important, mental health deserves the same attention.
When natural disasters strike, many are left with deep emotional wounds. There may be people suffering emotionally even more than those who were physically injured. Let's lend a compassionate hand to those around us by offering them psychological comfort and support.

Facebook- https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL
Instagram- https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==
Telegram- https://t.me/For_The_Future_Myanmar
YouTube- https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlWTZ

#PsychologicalFirstAid
#YouthOrganization
#ForTheFutureMyanmar
#Contentby_ChawChaw
#Translatedby_Wadi
#GraphicDesignbyEaintKyalSin

For The Future Myanmar

19 Oct, 05:09


SLC Advocates 🤝 For The Future-Myanmar - Media Partnership

Scholarship Hunting and University Applications Season ကလက်တစ်ကမ်းမှာပဲဆိုတော့ ဘယ်လိုလုပ်ရမလဲ၊ ဘယ်နိုင်ငံ ဘယ်ကျောင်းကို လျှောက်ရမလဲ ဝေခွဲမရဖြစ်နေတုန်းဆိုရင်တော့ SLC က စီစဉ်ထားတဲ့ Study Abroad Sharing Program လေးရှိတယ်ဆိုတာကိုလက်တို့ပါရစေ။

ဒီ Sharing Program က အပတ်စဥ်၊ တစ်ပတ်မှာ ၂ရက်နဲ့ ၄ပတ်ဆက်တိုက်၊ စုစုပေါင်း ၈ ရက် ကြာမြင့် မှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ For The Future-Myanmar ကလည်း ဒီလိုအကျိုးရှိစေမယ့် ပရိုဂရမ်လေးကို လူငယ်တွေလက်လွတ်မသွားရအောင် Media Partnership အနေနဲ့ပါဝင်ပေးထားပါတယ်။

✈️ ပထမဆုံး အပတ်ဖြစ်တဲ့ 𝐂𝐡𝐚𝐩𝐭𝐞𝐫 1 မှာတော့ ဝေးဝေးလံလံမသွားချင်ဘဲ culture လည်းသိပ်ကွာခြားမှုမရှိတဲ့
- Asia နိုင်ငံတွေမှာ လျှောက်နိုင်တဲ့ ကျောင်း၊ Scholarshipနဲ့ တခြား programs တွေအကြောင်း
- ကိုယ်တိုင်ကျောင်းလျှောက်နိုင်မယ့် နည်းလမ်းတွေကို ရောက်နှင့်ပြီးသား Senior Guest Speakers တွေက မျှဝေသွားမှာဖြစ်ပြီး သူတို့နဲ့ သိလိုရာက်ို ၂ ရက်တာ စိတ်ကြိုက်ဆွေးနွေးသွားနိုင်မှာပဲ ဖြစ်ပါတယ်ရှင်။
Date -12, 13 October, 2024
Time - 7:00 - 9:00 P.M

✈️ ဒုတိယ အပတ် 𝐂𝐡𝐚𝐩𝐭𝐞𝐫 2 လေးမှာတော့ အနောက်နိုင်ငံတွေဖြစ်တဲ့ ဥရောပနိုင်ငံတွေမှာ ပညာသင်ကြားချင်တဲ့ သူတွေအတွက် University Application Process တွေကို ကိုယ်တိုင် လျှောက်နိုင်ကြဖို့ရာ sharing လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။
Date - 19, 20 October, 2024
Time - 7:00 - 9:00 P.M

✈️ တတိယအပတ်မှာတော့ ဒီ program ရဲ့ ထူးခြားချက်လေးပြောလို့ ရမယ့် 𝐂𝐡𝐚𝐩𝐭𝐞𝐫 3 လေးကို ကျင်းပသွားမှာပါရှင်။
- နိုင်ငံခြားရပ်ခြားမှာ နေတဲ့အခါရော အများစုကြုံနိုင်ချေရှိတဲ့ အခက်အခဲလေးတွေ၊ ဥပမာ
- အိမ်လွမ်းတာကစလို့
- နေထိုင်စရိတ်၊ ကျောင်းစရိတ်တွေ၊
- Cultural Differences တွေကိုဘယ်လို အသားကျအောင်လုပ်မလဲ၊
- ကျောင်းတစ်ဖက် အလုပ်တစ်ဖက် ကြုံနိုင်တဲ့ စိတ်ဖိစီးမှုတွေကို Guest Speakers တွေရဲ့ ကိုယ်တွေ့အတွေ့အကြုံတွေနဲ့ ဘယ်လိုကျော်ဖြတ်ခဲ့ကြလဲဆိုတာကို စာဖတ်သူတို့ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ရာ မျှဝေသွားမှာပဲဖြစ်ပါတယ်။
Date - 26 October, 2024
Time - 8:00 - 10:00 P.M

✈️ 𝐂𝐡𝐚𝐩𝐭𝐞𝐫 4 ဖြစ်တဲ့ နောက်ဆုံး အပတ်လေးမှာတော့ ဒီကျောင်းတွေကို လျှောက်ဖို့ အတွက် လိုအပ်တဲ့
-IELTS
-TOEFL
-Duolingo
-SAT
-IGCSE
-GED တွေကို ဘယ်လို ပြင်ဆင်ရမလဲ၊ ဘယ်ကျောင်းဆို ဘာလိုတယ်၊ဘာရှိရင် လျှောက်လို့ရပြီ၊ ဘယ်ကစ လုပ်ရမှာလဲ စတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို မျှဝေဆွေးနွေးပေးသွားကြမှာဖြစ်ပြီး သိထားသင့်တာတွေကို တစ်နေရာတည်းမှာ ရနိုင်မှာဖြစ်လို့ အကျိုးရှိမယ်လို့ လည်း မျှော်လင့်ပါတယ်။
Date - 2,3 November, 2024
Time - 7:00 - 9:00 P.M

ဒီ Program လေးက 𝐅𝐫𝐞𝐞 𝐨𝐟 𝐂𝐡𝐚𝐫𝐠𝐞 ဖြစ်ပြီး Registration ပြုလုပ်ပြီးတာနဲ့ ကိုယ်နှစ်သက်ရာ အပတ်ကို တက်ရောက်လို့လည်းရပါတယ်ရှင်။ ထိရောက်တဲ့ ဆွေးနွေးမှုတွေ ရရှိနိုင်ဖို့ရာ လူဦးရေလေးလည်း ကန့်သတ်ထားတာမလို့ မြန်မြန်တော့ စာရင်းပေးထားဖို့ လိုတယ်နော်။

Registration Link 👇📍

https://forms.gle/9LvfiVaQZLY7cSF4A

SLC ရဲ့ facebook page ကနေလည်း chapter တစ်ခုချင်းစီအတွက် upadate လေးတွေကို သွားပြီးကြည့်နိုင်ပါတယ်။

Facebook - https://www.facebook.com/slcadvocates

Telegram - https://t.me/slcadvocates2020

#ForTheFutureMyanmar
#SLCadvocates

For The Future Myanmar

15 Oct, 11:31


❝ ကြုံတွေ့လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို သူတို့ဘယ်လိုတုံ့ပြန်ကြလဲ ❞

​"ဘေးအန္တရာယ်" လို့ ဆိုတဲ့အခါမှာ သဘာဝ
ဘေးအန္တရာယ်နဲ့ လူတွေကဖန်တီးလိုက်တဲ့ဘေးအန္တရာယ် ဆိုပြီးနှစ်မျိုးခွဲခြားလို့ရပါတယ်။

ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ဘေးအန္တရာယ်တိုင်းက ကျွန်တော်တို့အတွက် အမျိုးမျိုး​​သော ဒုက္ခတွေကို ယူဆောင်လာဆဲဖြစ်ပါတယ်🚨

ဘေးအန္တရာယ်တွေကို ရင်ဆိုင်ရတဲ့အခါမှာအသက်အရွယ်အုပ်စုအလိုက် တုံပြန့်ပုံတွေ၊ ကြုံတွေ့ရတဲ့အတွေ့အကြုံတွေ၊ လိုအပ်တဲ့ အကူအညီတွေက ဘာတွေဖြစ်မလဲဆိုတာ ဒီနေ့တူတူ လေ့လာကြရအောင်နော်🤗

🔰Infants and Toddlers

▪️ဘေးအန္တရာယ်တစ်ခုကို ကြုံတွေ့ရတဲ့အခါမှာ
မွေးကင်းစကလေးငယ်တွေနဲ့ လမ်းလျှောက်ခါစ ကလေးငယ်တွေဟာ ဖြစ်ပျက်ခဲ့သမျှကို ကောင်းကောင်းနားမလည်နိုင်ပေမယ့် သူတို့ကို ပြုစုစောင့်ရှောက်ပေးသူရဲ့ စိတ်ခံစားမှုကနေ အာရုံခံစားနိုင်ကြပါတယ်။

▪️ဘေးအန္တရာယ်အတွင်း တတ်နိုင်သလောက် ပုံမှန်အတိုင်း daily routine လုပ်ပေးနိုင်တာက သူတို့အတွက် လုံခြုံတယ်လို့ ခံစားရစေမှာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ကိုဂရုစိုက်ပေးသူတွေက ကလေးငယ်တွေကို ရုပ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပေးဖို့လိုအပ်ပြီး တတ်နိုင်သလောက် တည်ငြိမ်အေးချမ်းတဲ့နေရာမှာ ထားပေးဖို့လိုအပ်ပါတယ်။

🔰 Preschool-aged children

▪️ဘေးအန္တရာယ်ကို ကြုံတွေ့လိုက်ရတဲ့ မူကြိုအရွယ်ကလေးငယ်တွေကတော့ အလွန်အကျွံ ကြောက်သွားတတ်ကြပြီး အဲ့ဒီကြောက်စိတ်က အသက်ကြီးလာတဲ့အထိ စွဲမြဲနေတတ်ပါတယ်။
တခါတရံမှာတော့ ဒီလိုကြုံတွေ့ရတာဟာ သူတို့ကြောင့်လို့ မှတ်ယူတတ်ကြတာမျိုး ရှိပြန်ပါတယ်။

▪️ဒီလိုကြောက်ရွံမှုတွေကို ဖြေရှင်းတဲ့အခါမှာ ရိုးရှင်းပြီး နားလည်ဖို့လွယ်ကူတဲ့ ရှင်းပြချက်တွေနဲ့ အခုအခါမှာ ဘေးကင်းသွားပြီဖြစ်ကြောင်း ပြောပြတာတွေ၊ သူတို့ရဲ့ခံစားချက်တွေကို ရုပ်ပုံတွေကနေတစ်ဆင့် ဖော်ပြခွင့်ပေးတာတွေ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

🔰 School-aged children

▪️ဘေးအန္တရာယ်ရဲ့အဖြစ်မှန်ကို ပိုမိုနားလည်လာပြီဖြစ်တဲ့ ကျောင်းနေအရွယ်ကလေးတွေကတော့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး ကြောက်ရွံ့စိုးရိမ်မှုတွေ ပိုတိုးလာနိုင်ပါတယ်။

▪️နောက်ဆက်တွဲအနေနဲ့ အိပ်မက်ဆိုးတွေ၊ ခေါင်းကိုက်တာတွေ စတဲ့ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေဖြစ်ပေါ်တတ်ပြီး သူတို့ရဲ့မိသားစုလုံခြုံရေးအတွက်လည်း စိုးရိမ်ပူပန်တာတွေ ဖြစ်လာနိုင်ပါတယ်။

▪️ဒါကြောင့်မို့ ဘေးအန္တရာယ်ရင်ဆိုင်နေဆဲကာလတွေမှာ လူကြီးတွေအနေနဲ့ သူတို့ရဲ့မေးခွန်းတွေကို ရိုးသားစွာဖြေပေးဖို့လိုတဲ့အပြင် safety အတွက်ပြင်ဆင်မှုတွေကို ရှင်းပြပေးဖို့လိုအပ်ပါတယ်။

🔰 Adolescents

▪️ဆယ်ကျော်သက်တွေအနေနဲ့တော့ ဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ကြောက်ရွံတာ၊ စိတ်ပျက်အားငယ်တာ၊ ဒေါသထွက်တာတွေအထိ ပြင်းထန်တဲ့စိတ်ခံစားမှုတွေ ခံစားရပါတယ်။ Disaster နဲ့ကြုံရတဲ့အခါမှာ လူပေါ်မူတည်ပြီး တစ်ချို့က လူတွေနဲ့မဆက်ဆံချင်တော့တာ အပြင် risky behaviors တွေဖြစ်တာမျိုးပါ ကြုံရပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ အခြားသူတွေကို ကူညီရင်း ကြုံလာရတဲ့ဘေးကို ကျော်ဖြတ်ကြပါတယ်။

▪️ဆယ်ကျော်သက်တွေအတွက် သူတို့ရဲ့စိတ်အ​ခြေအနေအတွက် ရင်ဖွင့်ရာနေရာတွေ၊ ရွယ်တူချင်းဆွေးနွေးမှုပြုလုပ်တာတွေ၊ စိတ်ထွက်ပေါက်အနေနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ရန် ဖန်တီးပေးတာတွေ လိုအပ်ပါတယ်။

🔰 Adults

▪️အရွယ်ရောက်ပြီးသူတွေကတော့ ရင်ဆိုင်ရတဲ့ ဘေးအန္တရာယ်ကနေ မိသားစုကိုကာကွယ်ဖို့ဆိုတဲ့ ဝန်ကို ခံစားရတဲ့အပြင် disaster ကြောင့် ဖြစ်လာတဲ့ stress တွေကိုခံစားရမှာဖြစ်ပါတယ်။ မိမိကိုယ်တိုင် recover ဖြစ်ဖို့ကိုလည်း အားထုတ်ရဦးမှာဖြစ်ပါတယ်။

▪️ဒီလိုအခြေအနေမျိုးမှာ မိသားစု၊ သူငယ်ချင်း၊ ကိုယ်ချစ်ရတဲ့သူ ဒါမှမဟုတ် အခြားသောအဖွဲ့အစည်းတွေကနေ emotional or social support လိုအပ်ပါတယ်။ ဒါ့အပြင် မိမိကိုယ်တိုင်ကလည်း mental health အတွက် mindfulness လေ့ကျင့်ခန်းတွေ၊ physical health အတွက် ကာယလှုပ်ရှားမှုတွေ ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

🔰 Other Adults

▪️သက်ကြီးရွယ်အိုတွေ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ(သို့) အသိဉာဏ်ဆိုင်ရာ ချို့ယွင်းသူတွေဟာ ဘေးအန္တရာယ်အတွင်း ပိုပြီးရုန်းကန်ရနိုင်ပါတယ်။

▪️ဒီလိုအခြေအနေမျိုးမှာ လိုအပ်တဲ့ဆေးဘက်ဆိုင်ရာ(သို့) လက်တွေ့ကျတဲ့ အထောက်အပံ့တွေကို သေချာရရှိစေရန် အရေးကြီးပါတယ်။

▪️သူတို့ချစ်ရသူတွေနဲ့ အတူတူရှိစေတာ၊ သင့်တော်တဲ့ ရပ်ရွာလှုပ်ရှားမှုတွေပါ ပါဝင်ခွင့်ပေးတာတွေက စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုနဲ့နှစ်သိမ့်မှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

အခုဆိုရင်တော့ အသက်အရွယ်မျိုးစုံရဲ့ တုံ့ပြန်မှုနည်းတွေကို သိသွားပြီဆိုတော့ ကိုယ်ရဲ့ပတ်ဝန်းကျင်မှာ disaster တစ်ခုခုကြောင့် ထိခိုက်ခံရတဲ့သူတွေကို ပိုပြီးအံဝင်ခွင်ကျတဲ့နည်းလမ်းတွေနဲ့ ကူညီပံ့ပိုးပေးနိုင်ပြီဖြစ်ပါတယ်✨

"How do they respond to the dangers they encounter?"

When we talk about "dangers," we can distinguish between natural disasters and those created by humans.

Both large and small dangers bring various forms of suffering to us. 🚨

For The Future Myanmar

15 Oct, 11:31


When faced with dangers, the responses, experiences, and necessary assistance vary by age group. Let’s explore this together today. 🤗

🔰Infants and Toddlers

When encountering danger, infants and toddlers may not fully understand what has happened, but they can sense the emotions of their caregivers.

Maintaining a regular daily routine as much as possible during a crisis helps them feel safe. Additionally, caregivers should provide physical reassurance and keep them in a stable, calm environment.

🔰Preschool-aged Children

Preschool-aged children often react with extreme fear, which may persist as they grow older. Sometimes, they may feel that they are the cause of the danger.

To address these fears, it's important to provide simple and clear explanations, reassure them that they are safe now, and express their feelings through visual aids.

🔰School-aged Children

School-aged children have a better understanding of reality, which can lead to increased fears related to safety.

They may experience nightmares or headaches and worry about their family's safety.

Therefore, it’s essential for adults to answer their questions honestly and explain safety measures clearly during such times.

🔰Adolescents

Adolescents may experience intense emotions such as fear, anxiety, and anger in response to danger. Some may withdraw from others or engage in risky behaviors, while others may focus on helping others in need.

For adolescents, providing safe spaces to express their feelings, peer discussions, and physical activities can be beneficial.

🔰Adults

Adults feel a responsibility to protect their families from dangers and experience stress caused by disasters. They also have to focus on their own recovery.

In such situations, emotional or social support from family, friends, or significant others is crucial. Additionally, individuals should engage in mindfulness practices for mental health and physical activities for overall well-being.

🔰Other Adults

Older adults, especially those with physical or cognitive impairments, may struggle more during emergencies.

It is vital to ensure they receive necessary medical or practical support during these times.

Being with loved ones and engaging in appropriate community activities can promote psychological stability and comfort.

Now that we’ve learned about the responses of various age groups, we can assist those affected by disasters in our environment with more understanding and supportive approaches. ✨

Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL

Telegram - https://t.me/For_The_Future_Myanmar

Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==

YouTube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW

#ContentbyCaro #ResearchbyLinnLettMay #TranslatedbyWadi #GraphicDesignbyHninThiriHtet

#ForTheFutureMyanmar
#YouthOrganization

For The Future Myanmar

13 Oct, 14:39


Day 3 ရဲ့ စိတ်လှုပ်ရှားစရာသင်ချပို့ချသွားမယ့် အ​ကြောင်းအရာ​လေး​တွေက​တော့

✨Eye-Catching Thumbnail Creation✨​ခေါင်းစဥ်​အောက်က
• Understanding thumbnail design principles
• Using related tools and software
• Practicing tips စတာ​တွေ ပဲဖြစ်ပါတယ်။

သင်ကြားပို့ချမယ့် Guest Speaker က​တော့ Zack Vlog ပဲဖြစ်ပါတယ်။

Video Editing နဲ့  ဓါတ်ပုံရိုက်ကူးခြင်း​ပညာရပ်တွေကို ကြိုက်နှစ်သက်တဲ့လူငယ်တစ်​ယောက်ဖြစ်ပြီး Content,Design, Video Editing စတဲ့ Digital Field နဲ့ဆိုင်တဲ့ ပညာရပ်​တွေကို တတ်ကျွမ်းသူတစ်​ယောက်လည်းဖြစ်ပါတယ်။📷
Video Editor တစ်​ယောက် အ​​နေနဲ့ Full-time job အပြင် Freelancer တစ်​ယောက်အ​နေနဲ့​ရော Vlogger တစ်​ယောက်အ​နေနဲ့ ပါ part-time  လုပ်ကိုင်​နေသူပါ။ 👨‍💻
ဒါ့အပြင် သူတည်​ထောင်တဲ့ Zack Vlog Pageဟာဆိုရင်လည်း ယခုအခါ  Brand ​​တော်​တော်များများနဲ့ လက်တွဲလုပ်​ဆောင်​နေတဲ့ ​အောင်မြင်တဲ့ page တစ်ခုအ​နေနဲ့ ရပ်တည်​နေပါတယ်။

For The Future Myanmar

13 Oct, 14:38


Day2  မှာပို့ချ​ပေးသွားမယ့်အ​ကြောင်းအရာ​တွေက​တော့
✨Slide Design Creation✨​ နဲ့ဆိုင်တဲ့
• Basic & advanced PowerPoint skills
• Professional Canva စတာ​တွေပဲဖြစ်ပါတယ်။
ဒီလိုစိတ်ဝင်စားစရာအ​ကြောင်းအရာ​တွေကိုမျှ​ဝေ​ပေးသွားမယ့် Guest speaker က​တော့ Ma Su Thae Thae Po ပဲဖြစ်ပါတယ်။
🧑‍🎓  သူ(မ) ဟာ Taungoo Computer University မှာ B.C.Sc( Computer Science) ရရှိခဲ့သူဖြစ်ပြီး Web Development နယ်ပယ်မှာ သုံးနှစ်​ကျော်လုပ်ကိုင်ကျင်လည်ခဲ့သူလည်းဖြစ်ပါတယ်။
👩‍💻 Big Bee ရဲ့ Sr.UXUI Desinger အ​နေနဲ့ အလုပ်လုပ်​​နေတဲ့အပြင်ရ Freelancer တစ်ဦး ဆိုလည်းမမှားပါဘူး။
ဒါ​တွေတင်မက​သေးဘဲ What Is Next? မှာ UXUI နဲ့ ပတ်သက်တဲ့ သင်တန်း​တွေကို သင်ကြား​ပေး​နေသူ Instructor တစ်​​ယောက်​လည်းဖြစ်ပါတယ်။ Community အတွက် အ​တွေ့အကြုံများကိုလည်း contribution ပြုလုပ်လျက်ရှိပါတယ်။

🏆Techstar startup Weekend Yangon 2023 December ပြိုင်ပွဲမှာ  1st Winner ရရှိခဲ့သလို
New Next Hackathon Challenge(Mandalay) မှာလည်း 3rd Prize Winner ဆုခူးနိုင်ခဲ့သူဖြစ်ပါတယ်။

💼 Connect LinkedIn Profile
https://www.linkedin.com/in/suthaethaepo

🫂 Join Community in Telegram
https://t.me/creativewebsharingmentoring

For The Future Myanmar

13 Oct, 14:36


အစီအစဥ်ရဲ့ Day 1 ( ၃ရက်တာ training )ရဲ့ပထမရက်မှာ​​တော့
✨Introduction to Presentation Skills✨ ​ခေါင်းစဥ်​အောက်မှာ -
• Crafting topic-specific messages
• Public speaking skills
• Understanding audience
• Structured presentations စတာ​တွေကို သင်ကြားပို့ချ​ပေးသွားမှာဖြစ်ပါတယ်။
သင်ကြားပို့ချ​ပေးမယ့် Guest Speaker က​တော့ Mr.Kaung Nyein Soe ပဲဖြစ်ပါတယ်။
🎓 ပညာ​ရေးပိုင်းမှာ ရန်ကုန်​စီးပွား​ရေး​တက္ကသိုလ်က​နေ MBAဘွဲ့၊ မန္တ​လေးနည်းပညာတက္ကသိုလ်က​နေ B.E (Electrical Power) တို့ရရှိထားသူလည်းဖြစ်ပါတယ်။
👨‍💻1997 ခုနှစ်က ​နေ 2015 အထိ Hitachi(Japan), Sampoerna( Indonesia) , Schaelffer(Germany) ,Samsaung(Korea) တို့လို  နိုင်ငံတကာကုမ္ပဏီ​​တွေမှာ လုပ်​ဆောင်ခဲ့ပါတယ်။
2016 မှာ​တော့ Kudos Academy ကို စတင်တည်​​ထောင်ခဲ့ပြီး  အခြား​သောဝန်​ဆောင်မှုနဲ့ပတ်သက်တဲ့ စီးပွား​ရေးလုပ်ငန်း​တွေကို မြန်မာနဲ့ ထိုင်းမှာ ယခုထပ်တိုင်လုပ်​ဆောင်လာသူပါ။ Sales,Service and Soft Skills sectors​တွေနဲ့ပတ်သက်တဲ့ အရည်အချင်း​တွေ တိုးတက်လာ​အောင် train ​​ပေးတဲ့ Chief Trainer တစ်​ယောက်လည်းဖြစ်ပါတယ်။ ​အခြား​သော Association ​တွေမှာလည်း Volunteer တစ်​ယောက်အ​နေနဲ့ လုပ်​ဆောင်ခဲ့သလို Chairperson of Rotary Club of Myanmar Diam, Thailad မှာ  ယခုအထိ လုပ်​ဆောင်လျက်ရှိပါတယ်။

For The Future Myanmar

13 Oct, 14:30


ကောင်းမွန်စွာ တင်ပြနိုင်ခြင်း နဲ့ စကားပြောစွမ်းရည် က ဘယ်လောက်အရေးပါလဲ

ဘယ်လောက်ပဲ idea ကောင်းကောင်း၊ တင်ပြနိုင်ခြင်းစွမ်းရည်လိုအပ်နေတဲ့အခါ လူတွေကို ကိုယ်သိစေချင်တဲ့ အဓိကအချက်ကို နားထဲဝင်အောင်မပြောနိုင်ပါဘူး။

တင်ပြနိုင်ခြင်း နဲ့ ထိရောက်တဲ့ ပြောဆိုဆက်ဆံနိုင်ခြင်းတို့ဟာ မည်သည့်လုပ်ငန်းခွင်မှာမဆို အချက်အချာ ကျ တဲ့ အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်။ ပညာအရည်အချင်း သာတူညီမျှရှိသူချင်းမှာတောင် communication and presentation skills ရှိသူက ပိုပြီး ခေါင်းတစ်လုံးသာတာကိုလည်း သဘောပိုက်ကြမှာပါ။

" အလျှောက်ကောင်းလို့ အထောင်းသက်သာ"ဆိုတဲ့ မြန်မာစကားပုံလေးအတိုင်း စကားအရာ ကျွမ်းကျင်ခြင်းဟာ ကိုယ်နဲ့သဘောထားကွဲလွဲနေသူတွေကိုတောင်သိမ်းသွင်းနိုင်တဲ့အထိစွမ်းပါတယ်။

ဒီလို အရည်အချင်းတွေပြည့်ဝချင်တဲ့လူငယ်တွေအတွက် Pitch Perfect ဆိုတဲ့ program လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အဆက်မပြတ်လေ့လာပြီး ကိုယ့်အရည်အချင်းတွေကို စဥ်ဆက်မပြတ်သွေးချင်ကြတဲ့လူငယ်တွေအတွက် ဒီ program လေးဟာ အပြောင်းအလဲတွေဆီပို့ဆောင်ပေးမယ့် ပေါင်းကူးတံတားလေးပဲ ဖြစ်ပါတယ်။

မပျင်းရမယ့် ဆွေးနွေးခန်းတွေ၊ အပြန်အလှန်နှီးနှောနိုင်တဲ့ chat တွေအပြင် လက်တွေ့လေ့ကျင့်ခန်းတွေပါတာကြောင့် မိမိကိုယ်ကိုယုံကြည်မှု တိုးမြှင့်ပေးနိုင်ပြီး ကောင်းမွန်တဲ့ တင်ပြသူ၊ ပေါင်းသင်းဆက်ဆံသူ တစ်ယောက် ဖြစ်လာမှာပါ။

ဒါတွေပဲလား
ကိုယ့်ရဲ့ နည်းပညာနဲ့သက်ဆိုင်တဲ့ video editing, Power point skills, Thumbnail creation တွေပါ လက်မလွတ်တမ်း သင်ကြားနိုင်မှာပါ။

အဲ့တော့ လက်တစ်ကမ်းမှာပဲရှိတဲ့ ဒီ program လေးကို အမိအရဆုပ်ကိုင်ချင်ရင်တော့ link လေးကို နှိပ်ပြီး Register လုပ်ပေးဖို့ နှိုးဆော်အပ်ပါတယ်

https://forms.gle/AftMKhpa74amV1Tx6

Program ကို ဦးစီးသွားမယ့် Guest Speaker တွေကတော့ Mr. Kaung Nyein Soe, Ma Su Thae Thae Po နဲ့ Zack Vlog တို့ပဲဖြစ်ပါတယ်။ ပုံတစ်ပုံချင်းစီကနေ သူတို့အကြောင်းနဲ့ program မှာပါဝင်မယ့်အချက်အလက်တွေကိုအသေးစိတ်ကို လေ့လာနိုင်ပါတယ်။

Training ကျင်းပသွားမယ့်ရက်လေးတွေကတော့
Day 1 - 18. Oct . 2024
Day 2 - 19 . Oct . 2024
Day 3 - 20 . Oct. 2024 တို့ပဲဖြစ်ပါတယ်။

ကျင်းပမယ့်အချိန်ကတော့ telegram group ကို join ပြီးတာနဲ့ group ထဲမှာကြေညာသွားမှာပါ။

ကောင်းမွန်တဲ့အခွင့်အရေးတွေ စီးကြိုနေလို့ အရောက်လှမ်းလာဖို့ မမေ့ဖို့ နှိုးဆော်လိုက်ပါတယ်။

Part 2 ( Thumbnail enhanced video)

Program လေးရဲ့ Part 2 မှာတော့ Thumbnail enhanced video creation အပိုင်းမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ thumbnail လေးတွေကို အဖွဲ့လိုက် ၁၀မိနစ်မကျော်တဲ့ video လေးတွေ ဖန်တီးပြီး ကိုယ်တိုင်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ဒါလေးကိုတော့ ဖန်တီးဖို့အတွက် attendees လေးတွေကို၂၁ ရက်နေ့ကနေ ၂၆ ရက်နေ့အထိငါးရက် အချိန်ပေးထားမှာဖြစ်ပါတယ်။

Part 3 ( The most voted creations)

Voting system နဲ့သွားမှာဖြစ်ပြီးတော့ mentors point of view , participants point of view ,organization arrangement တို့နဲ့ပါဝင်ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ ၃၁ ရက်နေ့အထိ voting ကိုဖွင့်ထားမှာဖြစ်ပြီးတော့ ၁ ရက်နေ့မှာတော့ selected creations ကို main site တွေကနေ publishing လုပ်မှာဖြစ်ပါတယ်။ Program organizer တွေ research လုပ်ပေးထားတဲ့ Theme based topic လေးတွေနဲ့ thumbnail video ကို create လုပ်လို့လည်းရသလို participants လေးတွေကိုယ်တိုင် ပြုလုပ်ချင်တဲ့ video တွေကိုလွတ်လပ်စွာ ဖန်တီးလို့ရပါမယ်။

Part 4 ( certificate criteria )

နောက်ဆုံးပိတ်Certificate နဲ့ လွယ်
ဆိုတဲ့အတိုင်း Certificate လေးတွေပေးအပ်သွားမယ့် အပိုင်းလေး ဖြစ်ပါတယ်။ ဒါကြောင့် Attendees လေးတွေအနေနဲ့ Certificate လေးတွေရချင်တယ်ဆိုရင် ပေးတဲ့အခါ လိုအပ်တဲ့ သတ်မှတ်ချက်၊ criteria လေးတွေရှိပါတယ်။

ဘယ်လို criteria တွေရှိမလဲဆိုတော့
1. Attendances of trainings
2. Participating
3. Participating in thumbnail enhanced video creation period
စတဲ့အချက်လေးတွေနဲ့ ကြည့်ရှုပြီး Shield လေးတွေနဲ့ ပေးအပ်သွားမှာဖြစ်ပါတယ်။

#Contentbymoe
#GraphicbyEaintKyalSin
#ForTheFutureMyanmar
#YouthOrganization

For The Future Myanmar

07 Oct, 11:35


"မသန်ပေမဲ့ စွမ်းပါတယ်" 🌟

မသန်စွမ်းဆိုတာဟာ ကျွန်တော်တို့နဲ့ မစိမ်းသက်တဲ့ အခေါ်အဝေါ်တစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ မွေးရာပါမသန်စွမ်းသူတွေအပြင် ရုတ်တရက်မထင်မှတ်ထားတဲ့ ဖြစ်ရပ်တွေကြောင့် မသန်စွမ်းဖြစ်သွားတဲ့ သူတွေကိုပါ မြင်မိကြမှာပါ။ မသန်စွမ်းလို့ဆိုလိုက်တာနဲ့ အမြင်အာရုံ၊ အကြားအာရုံ နဲ့ စကားပြောစွမ်းရည် ချို့ယွင်းနေတဲ့သူတွေကိုပဲ တန်းမြင်တတ်ကြပေမဲ့ ကျွန်‌တော်တို့ သတိမထားမိသေးတဲ့ မသန်စွမ်းအမျိုးအစားတွေလည်း များစွာရှိနေပါသေးတယ်။

ဒီလို သာမန်လူတွေထက် ထူခြားတဲ့ သွင်ပြင်၊ ပုံပန်းသဏ္ဍန်တွေကြောင့် မသန်စွမ်းသူတွေဟာ နေ့စဉ် ပတ်ဝန်းကျင်မှာတင် မဟုတ်ဘဲ ပညာရေး နဲ့ လုပ်ငန်းခွင်တွေမှာပါ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုမရရှိပဲ မျှော်လင့်ချက်မဲ့တဲ့ နေ့ရက်တွေကို ရင်ဆိုင်နေကြရတာပါ။ 🪫

"မသန်စွမ်းတွေကိုသာ အလုပ်ခန့်လိုက်ရင် လုပ်ငန်းခွင်မှာ အဆင်မပြေဖြစ်မယ်၊ Risk များမယ်၊ သူတို့အတွက် လိုအပ်တာတွေ ထောက်ပံ့ပေးရတာနဲ့တင် ငွေကုန်ကြေးကျများတယ်" ဆိုတဲ့ ရှေးရိုးစွဲ အယူအဆ၊ အတွေး‌အခေါ်တွေကြောင့် မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေဟာ ကျွန်တော်တို့ထင်ထားတာထက် ပိုပြီးရှားပါးလျက်ရှိနေပါတယ်။

ဒါ့ကြောင့်လဲ မသန်စွမ်းသူတွေဟာ သူတို့ရဲ့ အရည်အချင်းတွေကို ချပြခွင့်မရတဲ့အပြင် ပုံစံမျိုးစုံနဲ့ အခက်အခဲတွေကို ရင်ဆိုင်နေကြရတာပဲဖြစ်ပါတယ်။အဲ့ဒီအခက်အခဲတွေကတော့...

၁။ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများ 🥀

ရှေ့မှာပြောခဲ့သလိုပဲ ရှေးရိုးစွဲ အတွေးအမြင်တွေကြောင့် မသန်စွမ်းသူတွေကို မသင်္ကာတဲ့အကြည့်တွေ၊ နှိမ့်ချတဲ့ အပြောအဆို၊အပြုအမူ‌တွေအပြင် နေရာမပေးချင်ကြတာတွေကြောင့် မသန်စွမ်းသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်၊နာကျင်မှုတွေ ရှိနေကြရတာပဲဖြစ်ပါတယ်။

၂။ လူမှုရေးဆိုင်ရာ အခက်အခဲများ 🙍

တချို့ မသန်စွမ်းတွေဆိုရင် သူတို့ရဲ့ ခံစားချက်တွေကို ထုတ်မပြောပြနိုင်ဘဲ မွန်းကြပ်တဲ့ နေ့ရက်တွေကို ခံစားနေကြရတာပဲဖြစ်ပါတယ်။ အကြောင်းအရာနဲ့ သတင်းအချက်အလက်တွေကို ပေးပို့ပြောဆိုရာမှာ အခက်အခဲရှိနေကြတဲ့အတွက် လူမှုရေးဆိုင်ရာ ပေါင်းသင်းဆက်ဆံရေးတွေမှာပါ အခက်တွေ့နေကြရတာပါ။

၃။ ကာယပိုင်းဆိုင်ရာ အခက်အခဲများ 🧑‍🦽

လှုပ်ရှားရခက်ခဲနေတဲ့ မသန်စွမ်းများအတွက်တော့ အဆောက်အဦးအမြင့်တွေနဲ့ အထပ်မြင့်တွေ၊ လှေကားတွေဟာ သွားလာလှုပ်ရှားရေးမှာ အခက်တွေ့ရတဲ့အရာတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် လမ်းကူးတဲ့နေရာမှာလည်း အချက်ပြ sign တွေ မရှိတဲ့အပြင် အလျင်အမြန်ကူးဖို့ လိုအပ်နေခြင်းဟာလည်း ကြီးမားတဲ့ နေ့စဉ်ဘဝရဲ့ စိန်ခေါ်မှုတွေ ဖြစ်နေပြန်ပါတယ်။

၄။ မူဝါဒရေးဆိုင်ရာ အခက်အခဲများ 📜

မသန်စွမ်းသူတွေအပေါ် အတွေးအမြင်တွေ ပြောင်းလဲပေးနိုင်မဲ့ ပညာပေး Program တွေဟာလည်း နည်းပါးလျက်ရှိပါတယ်။ ဒါ့အပြင် မသန်စွမ်းသူတွေကို ကာကွယ်ပေးနိုင်တဲ့ မူဝါဒတွေ ၊ နည်းပညာ‌တွေ နည်းပါးနေခြင်းဟာလည်း မသန်စွမ်းတွေရဲ့ လူ့အခွင့်အရေးဆုံးရှုံးနေရခြင်းရဲ့ တစ်စိတ်တစ်ဒေသပဲဖြစ်နေပါတော့တယ်။

ဒါပေမဲ့...လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကနေစပြီး မသန်စွမ်းသူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ဖို့ နိုင်ငံတကာမှာ စတင်လုပ်ဆောင်နေကြပြီပဲဖြစ်ပါတယ်။ United States, United Kingdom တို့လိုနိုင်ငံတွေကနေစပြီး Korea, Singapore တို့လို အာရှနိုင်ငံတွေမှာပါ မသန်စွမ်းသူများရဲ့ ကျွမ်းကျင်ရာပေါ် မူတည်ပြီး လုပ်ငန်းခွင်တွေမှာ Position မျိုးစုံနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးလာကြပါပြီ။ 🪄

ဒါ့ကြောင့် ကျွန်တော်တို့တွေကလည်း မသန်စွမ်းသူများရဲ့ မလုပ်နိုင်တဲ့အရာတွေကို အာရုံစိုက်မနေပဲ လုပ်နိုင်တဲ့ အရာတွေကိုပဲ အားပေးအားမြှောက်လုပ်ပြီး ဖေးမကူညီခြင်းအားဖြင့် လူတွေရဲ့လွဲမှားနေတဲ့ အမြင်တွေကို ပြောင်းပေးလာနိုင်မယ်လို့ ထင်ပါတယ်။ လူထဲကလူတွေအတွက် ခွဲခြားဆက်ဆံခြင်းကင်းပြီး Positivity များတဲ့ Community တစ်ခုကို ဖန်းတီးပေးနိုင်ဖို့လည်း မျှော်လင့်မိပါတယ်ခင်ဗျာ။ ❤️

💁 ခုလို ဗဟုသုတတွေကို အားလုံးအတွက် ယူဆောင်လာပေးနေ‌တဲ့ "For The Future Myanmar" Page လေးကိုလည်း Like And Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။

"Although disabled,they are powerful"🌟

Disability is a term we are familiar with. In our environment, we see people with congenital disabilities as well as those who have become disabled due to sudden and unexpected events.When we say disability, we only see people with impaired vision,hearing and speech skills but there are still many types of disabilities that we are not aware of.

Disabled people face hopeless days, not only in their daily environment, but also in education and work because of their appearances that are different from ordinary people. 🪫

For The Future Myanmar

07 Oct, 11:35


Employment opportunities for disabled people are rarer than we think because of the conservative concepts and thoughts that "if only disabled people are employed, the workplace will be uncomfortable, there will be risks, and it will be expensive to provide them with what they need."

Therefore, people with disabilities are not allowed to show their skills, and they have to face difficulties in various types. Those difficulties are...

1.Mental difficulties 🥀

Disabled people are suffering from psychological damage and pain because they are viewed with suspicion in addition to condescending speech and behavior and again they don’t want to give spot due to conservative thoughts as mentioned before.

2. Social difficulties 🙍

Some disabled people are not able to express their feelings and suffer from suffocating days. They also have difficulty in social relationships because they have difficulty in communicating data and information.

4. Policy difficulties 📜

There are also few educational programs that can change the way of thinking about people with disabilities. In addition, lacking technology and policies that can protect people with disabilities is also part of the reason of disabled people are losing their human rights.

But...since a few years ago, people have started working internationally to create employment opportunities for disabled people.From countries like the United States and the United Kingdom to Asian countries like Korea and Singapore, they have been developing various positions and employment opportunities in workplaces depending on the skills of disabled people.🪄

So, we all think that we can change people's misconceptions by encouraging and supporting the things that disabled people can do instead of focusing on what they can't do. We also hope to be able to create a non-discriminating and positivity community for people among people.❤️

💁 Don't forget to like and follow the "For The Future Myanmar" page that brings this knowledge to everyone.

#ContentbyMHK
#translatedbyNyein
#GraphicdesignbyEaint
#ForTheFutureMyanmar
#YouthOrganization

For The Future Myanmar

02 Oct, 11:31


မမြင်နိုင်​သောအခက်အခဲ နဲ့ လက်တစ်စုံ
(The hand with hidden struggles)

ကျွန်​တော်တို့​ပတ်ဝန်ကျင်မှာ​နေထိုင်​နေကြတဲ့သူ​တွေကြားမှာ ဘယ်သူ​တွေက မသန်စွမ်းတဲ့လူ ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ဘယ်အချက်​တွေကြည့်ပြီး ဆုံးဖြတ်ကြပါသလဲ❓

များ​သောအားဖြင့် ​နိစ္စဓူဝ ကိစ္စ​တွေလုပ်တဲ့အခါ သူတို့​ရွေ့လျားနိုင်ဖို့ အ​ထောက်ကူပစ္စည်း​တွေ သုံးစွဲခြင်းရှိမရှိ၊ သာမန်လူ​တွေလုပ်နိုင်တဲ့ ​လုပ်ငန်းစဥ်​တွေကို လုပ်​​ဆောင်နိုင်ရန်ခက်ခဲခြင်းရှိ၊မရှိ စသည့်အချက်​တွေကိုကြည့်ပြီး ဆုံးဖြတ်ကြမှာပါ။

ဒါဆို အဲ့အချက်​တွေမရှိတဲ့လူ​တွေက သန်စွမ်းတဲ့လူ​တွေလို့သတ်မှတ်ကြတယ်လို့ပဲထားပါ​တော့။ ဒီအဆိုပြုချက်ကို ၁၀၀% မှန်တယ်လို့ ​ပြောလို့ရပါ့မလား။ ကျွန်ုပ်တို့သတိမထားမိ​တဲ့သန်စွမ်းတဲ့လူ​တွေလို သူတို့ရဲ့ လုပ်ငန်း​ဆောင်တာ​တွေကို လုပ်​နေကြတဲ့ မသန်စွမ်းသူများလည်းရှိ​နေလို့​နေပါတယ်။ သူတို့ကို Non-visible disability (NVDs) ၊ Hidden Disabilities လို့​ခေါ်ပါတယ်။

ဘာလို့ Non-visible Disability လို့​​ခေါ်တာလဲ❓

အပြင်ပိုင်းမှာ မသိသာမ​ပေါ်လွင်တဲ့ (disability)မသန်စွမ်းမှုမျိုး ကို​ခေါ်ခြင်းဖြစ်ပါတယ်။ ဒီ​နေရာမှာ Disability နဲ့ Disabled ရဲ့ ကွာခြားချက်ကို သိထားသင့်ပါတယ်။ မသန်စွမ်းမှု(Dsiability) ရှိတိုင်းလည်း ဒုက္ခိတ(disabled) မဟုတ်​နေပါဘူး။ သူတို့နှစ်​ခုရဲ့ အဓိပ္ပါယ်ကို ကွဲပြား​အောင်သိထားတာက Disability အ​ပေါ်ကို မြင်ကြတဲ့ ရှု​ထောင့်အမြင်ကို​ပြောင်းလဲ​​စေမှာပါ။

ဒီထဲမှာ ဘယ်လို အ​ခြေအ​နေ လက္ခဏာရပ်​တွေပါမလဲ❓

Non-visible Disability ထဲမှာ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု၊ ဦး​နှောက်ပိုင်းဆိုင်ရာချို့ယွင်းမှု စသဖြင့် ရှိပါတယ်။

●အမြင်ပိုင်းဆိုင်ရာချို့တဲ့ခြင်း ၊ အကြားပိုင်းဆိုင်ရာဆုံးရှုံးခြင်း စသည့် အာရုံပိုင်းဆိုင်ရာချို့တဲ့သူများဟာ ဥပမာ မျက်မှန်တပ်ဆင်ခြင်းမရှိဘဲ မျက်ကပ်မှန်ကို အသုံးပြုခြင်း ၊ နားကြားအကူကိရိယာတို့ကိုအသုံးမပြုခြင်း စသည့် အ​ခြေအ​နေများပါဝင်သလို

●အထီးကျန်စိတ်​ဝေဒနာ(Autism) ၊ စိတ်ကျ​ရောဂါ(depression) ၊
စိုးရိမ်လွန်​ရောဂါ(Anxiety) ၊
စိတ်ကစဥ့်ကလျားရောဂါ(Schizophrenia) စသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများလည်းပါဝင်ပါတယ်။

●နာတာရှည်ခါးနာ​ရောဂါ လိုမျိုးရုပ်ပိုင်းဆိုင်ရာပြဿနာ​တွေကလည်း ချန်လှပ်ထားလို့မရပါဘူး။

သူတို့ကို ဘယ်လို ကူညီ​အား​ပေးကြမလဲ🫂

အပြင်ပိုင်းမှာ နာမကျန်းပုံမ​ပေါက်ကြ​ပေမယ့် NVDs ခံစား​နေရသူ​တွဟာလည်း ​ပတ်ဝန်းကျင် နဲ့ မိသားစု၊ အသိုင်းအဝိုင်းရဲ့ ​အား​ပေး​ထောက်ပံ့မှုကို လိုအပ်ကြပါတယ်။

စကားလုံးများ​ရွေးချယ်အသုံးပြုခြင်းနှင့်စိတ်ခွန်အား🔤

သူတို့ကို " မင်း​နေ​ကောင်းတာပဲ။ ကြည့်ရတာ အကုန်ကျန်းမာ​နေတာပဲ" စတဲ့ စကားလုံး​တွေ​ပြောမယ့် အစား "မင်းသက်သာသွားမယ်လို့ ငါ​မျှော်လင့်ပါတယ်။ အမြန်ဆုံးသက်သာပါ​စေ။ အကူအညီလိုရင်​ပြောပါ" စတဲ့ စကားလုံး​တွေသုံး​ပေးခြင်းဟာ ပိုထိ​ရောက်ပြီး NVDs ခံစား​နေရတဲ့လူ​တွေကို ပိုစိတ်ခွန်အားရ​စေပါတယ်။

နား​ထောင်ခြင်း နှင့် နားလည်​ပေးခြင်း👂

ကိုယ်ကဘယ်လို စကား​တွေ​ပြောရမယ်မသိဘူး ၊ ဘယ်လိုလုပ်​ပေးရမလဲမသိတဲ့အခါ သူတို့ ရဲ့ရင်တွင်းစကားသံ​တွေကို နား​ထောင်ပြီး သူတို့ကို နားလည်​ပေးနိုင်ဖို့ကြိုးစားတာဟာ အ​ထောက်အကူပြု​စေမှာပါ။

စိတ်ပါဝင်စားခြင်း အနုပညာ

သူတို့ရဲ့စကားသံ​တွေကိုနား​ထောင်​ပေးသလို သူတို့စကားလုံး​တွေကို အ​လေးထားတယ် ဆိုတာကို ​ဖော်ပြ​ပေးတာကလည်း သူတို့​လေး​တွေအတွက် စိတ်ပိုင်းဆိုင်ရာ အများကြီး အကူအညီရ​စေမှာပါ။ ဒီလို စိတ်ဝင်တစား အပြုအမူ​လေး​တွေဟာ သူတို့ နဲ့ ကိုယ် တသားတည်း၊ တစည်းတည်း၊ တဉာဏ်တည်းဆိုတာကို ​ဖော်ပြ​ပေးတာမလို့ သူတို့လိုအပ်​နေတဲ့ စိတ်ခွန်အား​တွေ လည်း ရရှိ​စေမှာအမှန်ပါပဲ။

ဒီ​လောက်ဆို မိမိပတ်ဝန်းကျင်မှာရှိတဲ့ မမြင်ရတဲ့အခက်အခဲ​တွေနဲ့ လက်တစ်စုံကို လက်တွဲကူနိုင်လိမ့်မယ် လို့​မျှော်လင့်ပါတယ်။❤️

The Hand with Hidden Struggles

Among the people living in our neighbourhood, on what characteristics do we determine who have disabilities and who don't have them ❓

Most of the time, we make this judgment based on whether they need mobility aids to help them move or if they have difficulties performing mundane activities that normal people are capable of.

If someone doesn’t display these signs, we often assume they are fully able-bodied. But can we confidently say that this assumption is 100% correct? There are people who seem fully capable yet have disabilities that we don't seem to take notice of. These individuals are often categorized as having Non-visible Disabilities (NVDs), also known as Hidden Disabilities.

Why are they called Non-visible Disabilities ❓

For The Future Myanmar

02 Oct, 11:31


They refer to conditions that aren’t physically apparent. At this point, it’s important to differentiate between "Disability" and "Disabled." Just because someone has a disability doesn’t automatically mean they are disabled. Understanding the difference between these two terms helps shift the perspective on how we view disabilities.

What kinds of conditions fall under this category ❓

Non-visible Disabilities include a wide range of physical, mental, and neurological impairments.

●Sensory impairments such as visual or hearing loss also fall under this category, including people who rely on tools like contact lenses or hearing aids but appear fully able-bodied without these aids.

●Mental health conditions like Autism, Depression, Anxiety, and Schizophrenia are also part of the spectrum of hidden disabilities.

●We can't leave out chronic physical conditions like long-term back pain, either.

How can we support and assist them?🫂

Even though people with NVDs might not show visible signs of illness or impairment, they still need support and encouragement from their environment, family, and community.

Choosing Words Carefully and Offering Encouragement🔤

Rather than saying things like, "You look fine; you seem healthy," it’s better to use phrases like, "I hope you feel better soon. Let me know if you need any help." This approach is more effective and provides emotional support to people living with NVDs.

Listening and Understanding👂

If you’re unsure of what to say or how to help, just listening to their inner thoughts and trying to understand their experiences is a meaningful way to offer support.

The Art of Empathy

Just as you listen to their voices, showing that you value their words can provide significant mental support for them. These sincere acts of empathy demonstrate that you and they are on the same side, united in mind and spirit. As a result, they will receive the emotional strength they need.

With this in mind, we hope you can all lend a hand to people around us who are facing hidden struggles and support them.❤️

#ContentbyMoe
#TranslatedbyHarry
#GraphicDesignbyNoNoSit

Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL

Telegram - https://t.me/For_The_Future_Myanmar

Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==

YouTube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW

#ForTheFutureMyanmar
#YouthOrganization

For The Future Myanmar

01 Oct, 11:31


- PFA stands for "Psychological First Aid." It's a system that is designed to provide immediate emotional support and stability to individuals who have experienced a traumatic event before other forms of assistance are provided.

- Since incidents can vary from place to place, the specific methods of PFA may be different. However, irregardless of how the aid is delivered, its fundamental purpose remains the same.

📍So, what are the goals of PFA?

- PFA aims to rehabilitate physical and emotional safety, calmness, resilience, and hope in the affected individuals.

📍How can PFA be provided?

- When providing PFA, it’s necessary to follow the process of Prepare, Observe, Listen, and Connect.

1️⃣ Prepare 🎒

First and foremost, it's essential to study the conditions, safety, necessary supplies, and information about the location where you will be providing aid.

2️⃣ Observe 🧐

Upon arrival, you need to observe the situation, the urgent needs, injuries, people in need of help, their responses, and their mental states.

3️⃣ Listen 👂

The most crucial part of the PFA process is listening. Only when they can open up about their past traumatic experiences can we offer them understanding and comfort.

4️⃣ Connect 🔗

After identifying their needs and required assistance, it’s important to connect with local organizations, and charity organizations to ensure adequate support is provided.

- Some people are able to heal their emotional wounds on their own, but others may need effective treatment. It's important to carefully monitor those individuals and connect them with skilled professionals or organizations.

📍 Who needs PFA?

- Anyone, whether children, adults, male, or female, who has experienced traumatic events such as natural disasters, war, or accidents, may need PFA.

🚨 One thing to keep in mind is that not everyone will need PFA.

Although Psychological First Aid is simple and straightforward, it is an effective method to provide help to those experiencing emotional distress. 🎯

As our minds strive to lead our physical bodies, we must win this psychological battle to restore hope for the future we are moving toward. Therefore, let us encourage each other to show compassion and provide mutual support.

To stay updated on more informative and interesting content that we will be sharing in the future, please Like And Follow the 'For The Future; Education Institute - Myanmar' page!

Sending heartfelt prayers for everyone around the world to be free from all harm, disasters, and dangers... 🙇

#ContentbyMHK
#TranslationByMkk
#GraphicDesignbyAyeMyintMyat

Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL

Telegram - https://t.me/For_The_Future_Myanmar

Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==

YouTube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW

#ForTheFutureMyanmar
#YouthOrganization

For The Future Myanmar

01 Oct, 11:31


"ဖြစ်ရပ်ဆိုးမှ ရှင်သန်သူများအတွက် စိတ်ပိုင်းဆိုင်ရာ ကနဦး ကူညီစောင့်ရှောက်မှု" ⛑

သဘာဝဘေးဆိုတာ ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာဆိုး တစ်ခုပါပဲ။ လူတွေရဲ့ အသက်၊အိုးအိမ်၊စည်းစိမ်တွေကို လုယူဖျက်ဆီးသွားနိုင်တဲ့ အန္တရာယ်ဆိုးတစ်ခုဆိုလည်း မမှားပါဘူး။

ပျက်စီးဆုံးရှုံးသွားတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့အတူ ကျွန်တော်တို့ရဲ့ စိတ်ဝိဉာဉ်တွေဟာလည်း တိုက်စား‌ဖျက်စီးခံကြရပါတယ်။

ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ နာမကျန်းဖြစ်နေကြတဲ့ စိတ်ဝိဉာဉ်တွေကို ပြန်လည်ကုစားရာမှာ အရေးပါတဲ့ Psychological First Aid (PFA) ရဲ့အကြောင်းကိုပြော‌ပြပေးချင်ပါတယ်။

📍 PFA ဆိုတာဘာလဲ ?

- PFA ဆိုတာကတော့ ဘေးအန္တရာယ် တစ်စုံတစ်ရာနဲ့ကြုံတွေ့ကြရတဲ့အခါမှာ တခြားသော ကူညီစောင့်ရှောက်မှုတွေ မလုပ်ဆောင်ခင် ပထမဆုံးအနေနဲ့ အဖြစ်အပျက်ဆိုးကို ကြုံတွေ့လိုက်ရတဲ့ လူတစ်ယောက်ကို စိတ်လုံခြုံမှုနဲ့ စိတ်တည်ငြိမ်မှုကို ပေးနိုင်ဖို့အတွက် ရေးဆွဲထားတဲ့ "စိတ်ပိုင်းဆိုင်ရာ ကနဦး ကူညီစောင့်ရှောက်မှု" စနစ်တစ်ခုပဲဖြစ်ပါတယ်။

- တစ်နေရာနဲ့တစ်နေရာ ကြုံတွေ့ကြရတဲ့ ဖြစ်ရပ်တွေမတူညီတဲ့အတွက် PFA ရဲ့ စနစ်တွေဟာလည်း ကွာခြားကောင်း ကွားခြားနိုင်ပါတယ်။ ဘယ်လိုပဲ ကူညီစောင့်ရှောက်မှုတွေ ကွာခြားနေပါစေ သူ့ရဲ့ အခြေခံရည်ရွယ်ချက်တွေကတော့ တူညီနေဆဲပါပဲ။

📍 ဒါဆို PFA ရဲ့ ရည်ရွယ်ချက်တွေက ဘာတွေလဲ ?

- PFA က ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု၊ စိတ်တည်ငြိမ်မှု၊ စိတ်အားထက်သန်မှုနဲ့၊ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာဖို့အတွက် ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

📍 PFA ကို ဘယ်လိုထောက်ပံ့ပေးနိုင်မလဲ ?

- PFA ကိုလုပ်ဆောင်တဲ့အခါမှာ ပြင်ဆင်၊ ကြည့်၊ နားထောင်၊ ချိတ်ဆက်ဆိုတဲ့ process ကိုအသုံးချဖို့ လိုအပ်ပါတယ်။

1️⃣ ပြင်ဆင် 🎒

ပထမဆုံးအနေနဲ့ ကိုယ်သွား‌ရောက် လုပ်အားပေးမဲ့ နေရာရဲ့ အခြေအနေ၊ လုံခြုံမှု၊ လိုအပ်‌တဲ့ပစ္စည်းတွေနဲ့ သတင်းအချက်အလက်တွေကို လေ့လာထားဖို့ အရေးကြီးပါတယ်။

2️⃣ ကြည့် 🧐

ကိုယ်‌ရောက်ရှိသွားတဲ့ အချိန်မှာလည်း ရောက်ရှိနေတဲ့နေရာရဲ့ ‌အခြေအနေ၊အရေးပေါ် လိုအပ်ချက်တွေ၊ ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ အကူအညီ လိုအပ်နေတဲ့သူတွေနဲ့ သူတို့ရဲ့ တုံပြန်မှုတွေ အပြင် စိတ်အခြေအနေတွေကို အရင်ဆုံး လေ့လာကြည့်ရှုထားဖို့လိုအပ်ပါတယ်။

3️⃣ နားထောင်👂

PSA ရဲ့ process မှာ အရေးအကြီးဆုံးက နားထောင်ခြင်းပါပဲ။ သူတို့ကြုံတွေ့ခဲ့ရတဲ့ မကောင်းတဲ့ အတိတ်တွေအကြောင်းကို ရင်ဖွင့်ပြောပြနိုင်မှသာ ကျွန်တော်တို့ဘက်ကနေ နှစ်သိမ့်နားလည်မှုကို ပေးနိုင်မှာပဲဖြစ်ပါတယ်။

4️⃣ ချိတ်ဆက် 🔗

လိုအပ်ချက်နဲ့ အကူအညီတွေကို သိရှိပြီးတဲ့နောက်မှာတော့ လုံလောက်တဲ့ ကူညီထောက်ပံ့မှုတွေ ရယူနိုင်ဖို့ ရပ်ရွာအကျိုးပြု လူမှုအဖွဲ့အစည်းတွေ၊ ပရဟိတအသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ရမှာပဲဖြစ်ပါတယ်။

- တချို့တွေကတော့ ကိုယ့်ရဲ့စိတ်ဒဏ်ရာကို ကိုယ်တိုင် ပြန်လည် ကုစားနိုင်ကြပေမဲ့ တချို့သောသူတွေကတော့ ထိရောက်တဲ့ ကုသမှုတွေလိုအပ်နေတာမျိုးတွေ ရှိတတ်ပါတယ်။ အဲ့လိုလူတွေကို သေချာစောင့်ကြည့်ထားပြီးတော့ ကျွမ်းကျင်တဲ့ပညာရှင်တွေ (သို့) အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးဖို့ကလည်း အရေးကြီးပါတယ်။

📍 PFA ကို ဘယ်သူတွေက လိုအပ်တာလဲ ?

- သဘာဝဘေး၊ စစ်ဘေး၊ မ‌တော်တဆမှု စတဲ့ စိတ်ဒဏ်ရာရသွားစေနိုင်တဲ့ ဖြစ်ရပ်ဆိုးကိုကြုံတွေ့ခဲ့ရတဲ့ ကလေး၊ လူကြီး ၊ ကျား၊ မ မရွေး အားလုံး လိုအပ်ကောင်းလိုအပ်နိုင်ပါတယ်။

🚨 သတိထားရမှာတစ်ခုက လူတိုင်းကတော့ PFA ကို မလိုအပ်ပါဘူး။

Psychological First Aid ဆိုတာ လွယ်ကူရိုးရှင်း‌ပေမဲ့ စိတ်ဒုက္ခ‌ရောက်နေတဲ့သူတွေကို အကူညီ‌ပေးတဲ့နေရာမှာတော့ ထိရောက်မှုရှိတဲ့ နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ 🎯

စိတ်သွားမှကိုယ့်ပါမဲ့ ကျွန်တော်တို့ရဲ့ ရှေ့ဆက်ရမဲ့ အနာဂတ်မှာ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာဖို့ ဒီစိတ်ဓာတ်စစ်ဆင်ရေးမှာ အနိုင်ရမှဖြစ်မှာပါ။ ဒါကြောင့် ကျွန်တော်တို့တွေ စာနာမှုအပြည့်ထားပြီး အချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါရ‌စေ။

ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် ဗဟုသုတရစရာတွေကို ဆက်လက်ဝေမျှပေးသွားဖို့ရှိတာမလို့ "For The Future; Education Institute- Myanmar" Page လေးကိုလည်း Like And Follow လုပ်ထားကြပါဦးနော်။

ကမ္ဘာသူ၊ကမ္ဘာသားအပေါင်း ဘေးဆိုး၊ကပ်ဆိုး၊အန္တရာယ်ဆိုးအပေါင်းမှ ကင်းလွတ်ကြပါ‌စေကြောင်း ဆုတောင်းမေတ္တာ ပို့သလျက်...🙇

Psychological First Aid for Survivors of Disasters⛑

Natural disasters are unavoidable misfortunes. They are dangers that can destroy and take away people's lives, homes, and property.

Along with the loss and destruction of material things, our minds and spirits also suffer and are deeply affected.

Today, I'd like to talk about the importance of Psychological First Aid (PFA) in helping heal our wounded spirits.

📍What is PFA?

8,558

subscribers

1,748

photos

22

videos