Thai For Burmese (ထိုင်းဘာသာစကား အခြေခံ ရေးဖတ်ပြောသင်တန်း) @thai4burmese Channel on Telegram

Thai For Burmese (ထိုင်းဘာသာစကား အခြေခံ ရေးဖတ်ပြောသင်တန်း)

@thai4burmese


Self Study for Adult learners

နားလည်တတ်မြောက်စေရန် ရည်သန်၍
ယိုးဒယားစာကို အလွယ်ကူဆုံး ရှင်းလင်းချက်များဖြင့် မျှဝေသည့် နေရာဖြစ်ပါသည်။

Thai For Burmese (ထိုင်းဘာသာစကား အခြေခံ ရေးဖတ်ပြောသင်တန်း) (Burmese)

အကယ်၍ ကျေးဇူးပါပြီဆိုရင် ထိုင်းဘာသာစကား နဲ့ ပတ်ရိုက်တာ ဘာလုပ်မှာ ဆိုတဲ့အခါမျိုးစဉ်ကန့်ထောင်မိုးလွတ်ရရင် thai4burmese ဆိုရင်လည်း အကယ်စဉ်ရှိပါတယ်။ ဒီနေရာမှာ ထိုင်းဘာသာစကား စာအုပ်နှင့် လူအခန်းများအတွက် အခြေခံရေးဖတ်ပြောသင်တန်းပါဝင် ခဓကျဒေသဆိုင်သော အဆင့်အတန်းများဖြင့် ရည်သန်နားလည်တတ်မြောက်စေရန် လိုအပ်သလိုအပ်သလို့ ယိုးဒယားစာကို ယူပြီး အလွယ်ကူဆုံး ရှင်းလင်းချက်များဖြင့် မျှဝေသည့် နေရာဖြစ်ပါသည်။ ထိုင်းဘာသာစကား ရဲ့ စာအုပ်နှင့် ယူဆဝါဟ်ဆန့်လှန်ရှင်၏ လုံခြုံစနစ်ကို လမ်းညွှန်ခြင်းများတွေလည်း ရေးရန် ဖြစ်ပြီး အကယ်ဒမီဓာတ်နဲ့ ထိုင်းဘာသာစကား စာပေ့ပြီး ပါဝင်မှာပဲ။

Thai For Burmese (ထိုင်းဘာသာစကား အခြေခံ ရေးဖတ်ပြောသင်တန်း)

16 Nov, 09:30


အသုံးတည့်စကားစုများ

1.ช่างมันเถอะ
ထားလိုက်ပါ ရှိစေတော့

2.อย่าไปคาดหวังจากคนอื่นเลย
သူများဆီကဘာမှမမျှော်လင့်နေနဲ့

3.คนเราไม่เหมือนกันหรอก
လူတွေကတစ်ယောက်နဲ့တစ်ယောက်တူကြတာမှမဟုတ်တာ။

4.มันผ่านไปแล้ว
ပြီးသွားခဲ့ပြီပဲ။

5.เริ่มใหม่กันดีกว่า
အစကပြန်စကြတာပေါ့လေ

6.ไม่เป็นไรนะ
ဘာမှမဖြစ်ပါဘူးလေနော်

7.เดี๋ยวมันก็ผ่านไป
ပြီးရင်လည်းပြီးသွားမှာပါ

8.ฉันให้อภัยแล้ว
ငါခွင့်လွှတ်လိုက်ပါပြီ

9.ปล่อยวางบ้าง
လွှတ်ထားလိုက်ပါတော့

10. ใจเย็นๆ
စိတ်အေးအေးထား

11.ทำให้เต็มที่ก็พอ
အစွမ်းကုန်လုပ်ပြီးရင်ကိုရပြီ

12.ทุกอย่างคือบทเรียน
အရာအားလုံးကသင်ခန်းစာပါပဲ

Thai For Burmese (ထိုင်းဘာသာစကား အခြေခံ ရေးဖတ်ပြောသင်တန်း)

04 Nov, 10:28


ထိုင်းအသုံးလေးတွေလေ့လာလိုက်နော်။

Thai For Burmese (ထိုင်းဘာသာစကား အခြေခံ ရေးဖတ်ပြောသင်တန်း)

01 Nov, 07:09


ထိုင်းအသုံးလေးတွေလေ့လာလိုက်နော်။

Thai For Burmese (ထိုင်းဘာသာစကား အခြေခံ ရေးဖတ်ပြောသင်တန်း)

31 Oct, 15:49


ထိုင်းအသုံးလေးတွေလေ့လာလိုက်နော်။

Thai For Burmese (ထိုင်းဘာသာစကား အခြေခံ ရေးဖတ်ပြောသင်တန်း)

30 Oct, 04:41


ထိုင်းအသုံးလေးတွေလေ့လာလိုက်နော်။

Thai For Burmese (ထိုင်းဘာသာစကား အခြေခံ ရေးဖတ်ပြောသင်တန်း)

17 Oct, 07:21


ကိုယ့်အပေါ်ပြုခဲ့ပေးသော ကျေးဇူးတရားများကို ဒီလို အခါကြီးရက်ကြီးမှာ အောက်မေ့ပြီး မေတ္တာပို့ပါ။ ရှိခိုးကန်တော့ပါ။

ကိုယ့်အပေါ်တင်‌နေတဲ့ကျေးဇူးတရားများကို ‌နှလုံးလှစွာ ပယ်ဖျက်ပါ။

ကိုယ်ကကူညီဖူးတဲ့အကျိုးကို ပြန်မမျှော်ကိုးဘဲ
ပေးသောလက်ဖြင့် အသက်မွေးနိုင်အောင် ကျင့်ကြံပါ။

ဘဝဆက်တိုင်းမှာ ကျေးဇူးခံကျေးဇူးစား အဖြစ် အချင်းချင်း တွယ်ငြိခြင်းမရှိအောင် စိတ်ထားမွေးမြူပါ။

ဘယ်သူ့အပေါ်မှာမှ မှီခိုခြင်းမရှိစွာဖြင့် ဘဝကို လွတ်လပ်စွာ သွားခွင့်ပြုပါ။

အေးချမ်းပါလိမ့်မယ်။
မည်သို့ပင်ဆိုစေကာမူ ကျေးဇူးသိတတ်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်ပါတယ်။

ကျေးဇူးတရားမှာ နှောင်တွယ်စေတဲ့စိတ်ကို ဖျက်ပြီး လွတ်လပ်စွာသွားစေလိုသောစိတ်သည် မြင့်မြတ်တဲ့အကျင့်ဖြစ်ပေသည်။

ကုသိုလ်တရားများနှင့် ပျော်မွေ့သူဖြစ်နိုင်ကြပါစေ။

Thai For Burmese (ထိုင်းဘာသာစကား အခြေခံ ရေးဖတ်ပြောသင်တန်း)

17 Oct, 04:06


တတ်နိုင်သည့်ကုသိုလ်အမူပြုကာ ယခုနေ့ကို ကျော်ဖြတ်ပါ။

Thai For Burmese ကျောင်းသူသားများအားလုံး ကုိယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း လိုရာပြည့်စုံနိုင်ကြပါေစ။

Thai For Burmese (ထိုင်းဘာသာစကား အခြေခံ ရေးဖတ်ပြောသင်တန်း)

14 Oct, 10:00


ကျွန်တော် အမြဲပြောသလိုပေါ့

လာပါလာပါ ခေါ်မသင်ဘူး။

ကိုယ်မလုပ်ရင် ကိုယ်မရဖို့ဘဲရှိမယ်။
လုပ်ရင် လုပ်သလောက် အကျိုးပြန်ရမယ်။

ကျွန်တော်က နည်း ပေး လမ်းပြမယ်။
ခင်ဗျားတို့က ကျင့်သုံးဖို့လိုမယ်။

မကျင့်မသုံး လို့ကတော့
ဒုံရင်းကဒုံရင်းပဲဖြစ်နေကြတော့မပေါ့။

ဓါးတောင်မသုံးတာကြာရင် အသွားတုံးသေးတာပဲ။
ခင်ဗျားတို့ပညာလည်း မကျင့်သုံးရင် ဘယ်မှာ အသုံးတည့်ပါလိမ့်မလဲ။


အတတ်တော့မသင်ဘူး။
တတ်အောင်နည်းပေးလမ်းပြတယ်။

ကိုယ်တိုင်ကိုယ်ကျ ဘာမှမလုပ်သေးသရွေ့တော့ ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။

အတွေ့အကြုံဟာ အကောင်းဆုံးဆရာပဲ။

များများပြောပါ။ များများပြောလေ အမှားတွေ့လေ။ အမှားတွေ့လေ ပြင်ဖို့အခွင့်အရေးရလေ။

မတတ်သေးလို့ မပြောသေးတာဟာ
မပြောသေးလို့ မတတ်တာပါဘဲ။

ပညာကို ငွေနဲ့ လဲလှယ်ဝယ်ယူရတဲ့ခေတ်မှာ စေတနာဟာရှားသွားတယ်။

စေတနာတွေ ရေစီးကမ်းပြိုလွန်းတဲ့အခါမှာ
ထိုပညာတွေဟာလည်း တန်ဖိုးမဲ့လာတယ်။

တန်ဖိုးမဲ့လွန်းသွားတော့
တန်ဖိုးပျောက်သွားရော။

တန်ဖိုးပျောက်တဲ့အခါ
အလေးမထားတတ်တော့ဘူး။

အလေးမထားလေ မကျင့်ကြံလေပဲ။
မကျင့်ကြံလေ မဖြစ်ထွန်းလေပဲ။

ဘယ်အရာမဆို တန်ဖိုးရှိတယ်ဆိုတဲ့စိတ်နဲ့ ရှေ့တိုးဆောင်ရွက်ပါ။

ဒီကနေ့ရဲ့ ပျင်းရိခြင်းဟာ နောင်တစ်နေ့အတွက် အခက်အခဲတွေမို့

ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားပါ။
ကိုယ့်ကိုယ်ကိုယ်လေးစားပါ။
သင်ခက်ခဲစွာ ရှာဖွေထားတဲ့ ငွေတွေကို
အလဟဿလာမဖြုန်းပါနဲ့။

သင့်ဆီက ရယူထားတဲ့ငွေတွေဟာ
သင့်ချွေးနည်းစာဖြစ်မှန်းသိလို့

သင်တို့ကို လေးလေးစားစား သင်ကြားပေးနည်းပေးလမ်းပြ ပေးနေတာပါ။

သင်တို့ကိုယ်တိုင်လည်း ပေါ့ပေါ့ဆဆ မနေကြဘဲ အားသွန်ခွန်စိုက်လုပ်ကြပါ။

စိုင်းခမ်းမိန်း

Thai For Burmese (ထိုင်းဘာသာစကား အခြေခံ ရေးဖတ်ပြောသင်တန်း)

09 Oct, 16:26


https://youtu.be/lmK_yVZFFgY

EP 5 ကို လေ့လာနိုင်ပါပြီ။ အပတ်စဥ်သင်ခန်းစာများကို သဘောကျရင် ကျေးဇူးပြု၍ Youtube Channel ထဲသို ဝင်ပြီး Like & Subscribe လုပ်ပေးပါ။ Share ပေးကြပါနော်။

Thai For Burmese (ထိုင်းဘာသာစကား အခြေခံ ရေးဖတ်ပြောသင်တန်း)

02 Oct, 17:19


https://youtu.be/lU58kjALDvM?si=3A6A9B7cuN1gq3PI

EP 4 ကို လေ့လာနိုင်ပါပြီ။ အပတ်စဥ်သင်ခန်းစာများကို သဘောကျရင် ကျေးဇူးပြု၍ Youtube Channel ထဲသို့ ဝင်ပြီး Like & Subscribe လုပ်ပေးပါ။ Share ပေးကြပါနော်။

Thai For Burmese (ထိုင်းဘာသာစကား အခြေခံ ရေးဖတ်ပြောသင်တန်း)

29 Sep, 18:31


https://youtu.be/kHHMoBIl5Go?si=UFVzUgIBDUtwKB5k

သီချင်းကြိုက်သူတွေအတွက် နားထောင်လို့ရအောင်ပါ။ ဘာသာပြန်ထားပေးပါတယ်။ သီချင်းထဲကနေ သင်ယူပါ။

Thai For Burmese (ထိုင်းဘာသာစကား အခြေခံ ရေးဖတ်ပြောသင်တန်း)

28 Sep, 17:31


https://youtu.be/jhXrcAXKmGQ

EP 3 ကို လေ့လာနိုင်ပါပြီ။ အပတ်စဥ် စနေနေ့ နှင့် ဗုဒ္ဂဟူးတိုင်းမှာ ကြိုးစားပြီးတင်ထားပေးပါ့မယ်။ သတ်တရ လာတောင်းထားကြလို့လည်း သင်ယူကြတယ်သိရလို့ ဝမ်းသာပါတယ်။

Thai For Burmese (ထိုင်းဘာသာစကား အခြေခံ ရေးဖတ်ပြောသင်တန်း)

18 Sep, 09:49


https://youtu.be/pfsjkgXGsMM?si=nu7DISA17jiUts7U

EP 2 ကို ဤနေရာတွင်လေ့လာပါ။

သင်ယူနေသူများရှိလျှင် ကွန်မန့်မှာအကြောင်းပြန်ပေးထားပါနော်။ EP အသစ်တွေ နောက်ထပ်တင်ပေးပါမယ်။

Thai For Burmese (ထိုင်းဘာသာစကား အခြေခံ ရေးဖတ်ပြောသင်တန်း)

24 Aug, 09:15


August လ Free Class ပညာဒါန သင်ကြားပေးထားသော Video File များမှ EP1 ကို ဤနေရာတွင် သွားရောက်လေ့လာပါ။

Thai For Burmese (ထိုင်းဘာသာစကား အခြေခံ ရေးဖတ်ပြောသင်တန်း)

02 Aug, 10:33


စာသင်မည့် အဖွဲ့ထဲဝင်ရောက်ရန်။

Join conversation on Skype. https://join.skype.com/rXdeol1JzLBJ

Thai For Burmese (ထိုင်းဘာသာစကား အခြေခံ ရေးဖတ်ပြောသင်တန်း)

02 Aug, 10:33


August 8
Basic Thai Class

ပညာဒါန သင်တန်းသားများလက်ခံခြင်း။


အခြေခံထိုင်းစာ အခမဲ့သင်ကြားပေးရန်အတွက် ယခုလ August 8 ရက်နေ့မှစ၍ ကြာသပတေး နှင့် သောကြာ တစ်ပတ် နှစ်ရက် အတန်းကို စတင် ဖွင့်လှစ်ပေးဖို့ ဆရာရွေးချယ်လိုက်ပါသည်။

ထိုင်းစာ စကား စိတ်ဝင်စားသူ မည်သူမဆို ဤသင်တန်းကို တက်ရောက်လိုပါက

စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

သင်တန်းစမည့်နေ့ -8.8.24
သင်တန်းချိန် -ည 7:00 - 7:45
သင်တန်းဆရာ - Jai Kham Meng
သင်ကြားမည့်ပုံစံ - Online Class
သင်ကြားမည့်နေရာ - Skype Group
သင်ကြားမည့်ဘာသာ - ထိုင်းစာ စကား


စာရင်းသွင်းလိုသော ကျောင်းသူကျောင်းသားများသည် Skype Account ဖွင့်ထားရန်လိုအပ်သည်။ Acc ဖွင့်ပြီးပါက ယခု လင့်ခ် တွင်နှိပ်ပြီးဝင်ရောက်၍ အဖွဲ့ဝင်ထားနိုင်ပါသည်။ သင်တန်းစမည့်နေ့တွင် Video Call ဖြင့် Online သင်ကြားပေးသွားပါမည်။

မည်သည့်အသက်အရွယ်မဆို အခြေခံမရှိသူများ၊လေ့လာလိုစိတ်အပြည့်ဖြင့် ဝင်ရောက်သင်ကြားနိုင်သည်။

သင်တန်းကြေး အခမဲ့ ဖြစ်သဖြင့် တစ်ပြားတစ်ချပ်မှ ကုန်ကျစရာမလိုပါ။

လိုအပ်ချက်
ဖုန်း သို့မဟုတ် ကွန်ပျူတာ။
အင်တာနက်လိုင်း။
မှတ်စုစာအုပ်။
ပြင်းပြသည့်စိတ်။

စာသင်ခန်းမှာ တွေ့ကြပါမည်။
JKM

Thai For Burmese (ထိုင်းဘာသာစကား အခြေခံ ရေးဖတ်ပြောသင်တန်း)

16 Jun, 18:36


https://youtu.be/TtejV5pOG4g?si=4jC_0wwlbTEXu7UZ

1,397

subscribers

337

photos

33

videos