North Okkalapa Information @northokkalapainformation Channel on Telegram

North Okkalapa Information

@northokkalapainformation


North Okkalapa Information (English)

Welcome to North Okkalapa Information! Our Telegram channel is dedicated to providing you with all the latest news, events, and updates from the North Okkalapa region in Myanmar. Whether you are a resident or just interested in staying informed about this vibrant community, our channel is the perfect place for you. From local government announcements to community initiatives and cultural events, we cover it all

Who is North Okkalapa Information? We are a team of passionate individuals who are committed to keeping the residents of North Okkalapa informed and connected. With our channel, you can stay up to date on everything happening in the area, from new businesses opening to upcoming festivals and much more

What is North Okkalapa Information? Our channel is a one-stop destination for all things related to North Okkalapa. Whether you want to know about road closures, community meetings, or even job opportunities in the area, we have got you covered. Our goal is to keep the community informed and engaged, fostering a sense of unity and pride among residents

So, if you want to stay in the loop about North Okkalapa, be sure to join our Telegram channel today. Stay informed, stay connected, with North Okkalapa Information!

North Okkalapa Information

24 Apr, 17:34


ရွှေပေါက္ကံမြို့သစ်ရဲစခန်း

North Okkalapa Information

24 Apr, 17:33


မြောက်ဥက္ကလာပ ရွှေပေါက္ကံ ရဲစခန်းထဲက ရဲများ ကင်းလှည့်ဖို့ထွက်လာစဉ် ချိန်ကိုက် မိုင်း ၂လုံးနဲ့ဖောက် ခွဲတိုက် ခိုက်၊ ရဲ နှစ်ဦး ထိမှန်

ဧပြီ ၂၄၊ ၂၀၂၄။
North Okkalapa Information 

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ် ရဲစခန်းကို အားပြင်းတဲ့ မိုင်းနဲ့ ဖောက် ခွဲ တိုက် ခိုက် ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၂) ရဲ့ တာဝန်ရှိသူတစ်ဦးက North Okkalapa Information ကို ပြောပါတယ်။

ဧပြီလ ၂၄ရက် ညနေ ၆နာရီ ၄၅မိနစ်ခန့်က ရွှေပေါက္ကံ ရဲစခန်းအတွင်းမှ ရဲများ လှည့်ကင်းပတ်ဖို့ ထွက်ခွာလာချိန် အားပြင်းတဲ့ ချိန်ကိုက် မိုင်း ၂လုံးနဲ့ ဖောက် ခွဲ တိုက် ခိုက်ခဲ့လို့ ရဲ နှစ်ဦး ထိမှန်သွားခဲ့တယ်လို့ ဆိုပါတယ်။

" ကင်းလှည့်ဖို့ထွက်လာတဲ့ ရခ(ရဲ) တွေကို ချိန်ကိုက် မိုင်းနဲ့ ဖောက် ခွဲ တိုက် ခိုက် ခဲ့တာပါ၊ ရခ ၂ကောင် ထိပြီး ရဲဘော်တွေဘေးကင်းပါပြီ " လို့ အထက်ပါ တာဝန်ရှိသူက North Okkalapa Information ကို ပြောပါတယ်။

ရဲစခန်းတိုက် ခိုက်ခံရပြီး မိနစ်ပိုင်းအကြာ ရွှေပေါက္ကံ တံတားကို အကြမ်း ဖက် စစ်ကောင်စီတပ်က စစ်ကား ၂စီးနဲ့ ပိတ်ဆို့ စစ်ဆေးခဲ့တယ်လို့ ရွှေပေါက္ကံ ဒေသခံ တစ်ဦးက North Okkalapa Information ကို ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၂) သည် မြောက်ဥက္ကလာပမြို့နယ်အတွင်းက အကြမ်း ဖက် စစ်ကောင်စီ ထောက်တိုက်များကို ဆက်တိုက် တိုက် ခိုက်မှုများပြုလုပ်နေတာလဲ ဖြစ်ပါတယ်။

North Okkalapa Information

12 Apr, 15:37


နှစ်စဉ် မြောက်ဥက္ကလာပ အဝိုင်းမှာဆောက်လုပ်တဲ့ မြို့နယ် ဗဟို သင်္ကြန်မဏ္ဌပ် ယခု နှစ်သင်္ကြန် ရဲစခန်းဘေး‌ ရောက်သွား၊ လုံခြုံရေး အထူး(အထူး) တင်းကျပ်မယ်လို့ဆို

ဧပြီ ၁၂၊ ၂၀၂၄။
North Okkalapa Information

အကြမ်း ဖက် စစ်ကောင်စီ အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီး‌ ယမန်နှစ် ၂၀၂၃ခုနှစ် အထိ နှစ်စဉ် နှစ်တိုင်း မြောက်ဥက္ကလာပမြို့နယ် ဗဟို မဏ္ဌပ်ကို မြောက်ဥက္ကလာပ အဝိုင်းပန်းခြံရှေ့မှာ ဆောက်လုပ်နေကြဖြစ်သော်လည်း ယခု ၂၀၂၄ခုနှစ် သင်္ကြန်မှာတော့ အကြမ်း ဖက် စစ်ကောင်စီက ရဲစခန်း အနီး ဘေးကပ်ရပ်မှာ ဆောက်လုပ်ထားတာတွေ့ရပါတယ်။

လုံခြုံရေးကိုဦးစားပေး ဆောက်လုပ်ထားတာဖြစ်ပြီး ယမန်နှစ်ကထက် လုံခြုံရေးကို အထူးတင်းကျပ်သွားမယ်လို့လည်း အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်များထံကတစ်ဆင့်သိရပါတယ်။

ခေမာသီလမ်းမ မြရတနာ အမှတ် (၉) ရဲစခန်းအနီးမှာ ဆောက်လုပ်ထားတဲ့ အဆိုပါ မဏ္ဌပ်မှာ အကြမ်း ဖက် စစ်တပ်နဲ့ မြို့နယ် ရဲတပ်ဖွဲ့ အပြင် မြို့နယ် ထွေ/အုပ် အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ ကြက်ခြေနီနဲ့ အရန် မီးသတ်များ စတဲ့ အဖွဲ့အစည်း ပေါင်းစုံက သက်ဆိုင်ရာ ယူနီဖောင်း ၊ တာဝန်ကျ လက်ပတ်တို့ကို ဝတ်ဆင်ကာ စုစုပေါင်း လူအင်အား ရာဂဏန်းနီးပါးနဲ့ သင်္ကြန်ကာလ တစ်လျှောက် လုံခြုံရေး ယူသွားမှာလို့ North Okkalapa Information က စုံစမ်းသိရှိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လူစည်ကားမှုလျော့သွားတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲကို လူစည်ကားအောင် အကြမ်း ဖက် စစ်ကောင်စီက ပြင်ဆင်နေတာပါ။

ဧပြီလ ၁၃ ရက်နေ့ကစလို့ သင်္ကြန်ကျတော့မှာဖြစ်တာကြောင့် ရန်ကုန်မြို့က နေရာတချို့မှာ အကြမ်း ဖက် စစ်ကောင်စီရဲ့ ကြီးကြပ်မှုနဲ့ သင်္ကြန်မဏ္ဍပ်တွေ ဆောက်နေပါတယ်။

ရန်ကုန်တိုင်းထဲမှာ ခရိုင်နဲ့ မြို့နယ်အဆင့် ဗဟိုရေကစားမဏ္ဍပ် ၄၃ ခု၊ ရေကစားမဏ္ဍပ် နှစ်ရာနီးပါးနဲ့ လမ်းလျှောက်သင်္ကြန်နှစ်ခုပါဝင်မှာ ဖြစ်ပါတယ်။

North Okkalapa Information

11 Apr, 08:49


မြောက်ဥက္ကလာပ (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဗုံး ကွဲ

ဧပြီ ၁၁၊ ၂၀၂၄။
North Okkalapa Information 

မြောက်ဥက္ကလာပမြို့နယ် (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ ဧပြီလ ၁၁ရက် မနက်ပိုင်းက ဗုံး ပေါက် ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေက North Okkalapa Information ကို ပြောပါတယ်။

ဒီနေ့ မနက် ၁၀နာရီ ကျော်က မေဓါဝီလမ်းမပေါ် ကရဝိတ်လမ်းမကြီးထိပ်မှာရှိတဲ့ (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဖြစ်ပွားခဲ့တာပါ။

" (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီမနက် ဗုံး ပေါက်ပါတယ်၊ အသံ အတော်ကျယ်တယ်၊ ခဏကြာတော့ စစ်သားနဲ့ရဲတွေရောက်လာပြီး လမ်းပိတ် စစ်ပါတယ်၊ နေ့လည်မှ လမ်းပြန်ဖွင့်ပေးပါတယ် " လို့ (စ)ရပ်ကွက်နေသူတစ်ဦးက North Okkalapa Information ကို ပြောပါတယ်။

ပေါက် ကွဲမှုဖြစ်စဉ်ကြောင့် လူ ထိ ခိုက်မှုမရှိပဲအုပ်ချုပ်ရေးမှူးရုံး အဆောက်အအုံအတွင်းပိုင်းနဲ့ ပြတင်းပေါက် မှန်တချို့ ထိ ခိုက်ပျက်ဆီးခဲ့ပြီး ရုံးအနီးရပ်ထားတဲ့ ကားတစ်စီးလည်း မှန် ကွဲ ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်း ဖက် စစ်ကောင်စီတပ်က စစ်ကား ၂စီးအပြင် ရဲ တွေပါရောက်ရှိလာကာ လမ်း ပိတ်ဆို့ စစ်ဆေးခဲ့ပြီး နေ့လည် ၁နာရီကျော်မှ လမ်းပြန်ဖွင့်ပေးခဲ့တယ်လို့ ရပ်ကွက်နေသူ‌တွေထံကနေသိရှိရပါတယ်။

North Okkalapa Information

09 Apr, 15:33


မင်္ဂလာဒုံ ထောက်ပို့တပ်ကို တော်လှန်‌ရေးပူးပေါင်းတပ်ဖွဲ့ ဖောက် ခွဲ တိုက် ခိုက်၊ အကြမ်း ဖက် စစ်တပ်ဘက်က ထိ ခိုက်မှုရှိနိုင်

ဧပြီ ၉၊ ၂၀၂၄။
North Okkalapa Information

မင်္ဂလာဒုံမြို့နယ် ထောက်ပို့တပ်ကို ဒီနေ့ ဧပြီလ ၉ရက် ညပိုင်းက ဖောက် ခွဲ တိုက် ခိုက် ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ ရဲ့ တာဝန်ရှိသူတစ်ဦးက North Okkalapa Information ကို ပြောပါတယ်။

ဒီနေ့ ဧပြီလ ၉ရက် ည ၇နာရီ ၅၅မိနစ်ခန့်က မင်္ဂလာဒုံမြို့နယ် ပြည်လမ်းမရှိ အမှတ်(၃၂၃) ထောက်ပို့တပ်ရင်းကို ဖောက် ခွဲ တိုက် ခိုက် ခဲ့တာဖြစ်ပြီး အကြမ်း ဖက် စစ်တပ်ဘက်က အ ထိအ ခိုက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ နဲ့ NOKA UG တို့က ပူး ပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပေါက် ကွဲသံ နှစ်ကြိမ်ဟာ အလွန်ကျယ်လောင်ခဲ့တယ်လို့ မြို့ခံတွေထံကနေသိရပါတယ်။

North Okkalapa Information

05 Apr, 16:41


မြောက်ဥက္ကလာပကို အကြမ်း ဖက် စစ်ကောင်စီ ရန်ကုန်တိုင်း မြို့တော်ဝန် ရောက်ရှိလာလို့ လုံခြုံရေးတင်းကြပ်ထားချိန်
(ဋ)ရပ်ကွက် အုပ်ကြီးရုံး မိုင်း ခွဲ ခံရ

ဧပြီ ၅၊ ၂၀၂၄။
North Okkalapa Information

မြောက်ဥက္ကလာပမြို့နယ် (ဋ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အားပြင်းတဲ့ မိုင်း ၂လုံး နဲ့ ဖောက် ခွဲ တိုက် ခိုက် ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ တာဝန်ရှိသူတစ်ဦးက North Okkalapa Information ကို ပြောပါတယ်။

ဒီနေ့ မွန်းလွဲ ၂နာရီကျော်က စစ်မှုထမ်း ဥပဒေအတွက် အများဆုံး အလုပ်လုပ်ပေးနေတဲ့ (ဋ)ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးကို အားပြင်းတဲ့ မိုင်း ၂လုံး နဲ့ ဖောက် ခွဲ တိုက် ခိုက် ခဲ့တာလို့ ဆိုပါတယ်။

အဖွဲ့သားများအားလုံး ဘေးကင်းကြောင်းနဲ့ စစ်မှုထမ်း ဥပဒေလည်ပတ်အောင် အလုပ်လုပ်ပေးနေတဲ့ ရုံးတွေကိုလည်း ဆက်လက် တိုက် ခိုက် သွားမယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)က ထုတ်ပြန်ထားပါတယ်။

ပေါက် ကွဲ မှု ဖြစ်ပွားပြီးနောက် အကြမ်း ဖက် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ စစ်ဆေးခဲ့ကာ ယခု ညပိုင်းအချိန်ထိ အကြမ်း ဖက် စစ်ကောင်စီ စစ်ကားတွေ ရုံးအနီးမှာရှိနေပြီး လမ်းပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

ဒီနေ့ မနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်ကို အကြမ်း ဖက် စစ်ကောင်စီ ရန်ကုန်တိုင်း မြို့တော်ဝန် လာရောက်လို့ လုံခြုံရေး တင်းကြပ်ထားချိန်မှာ (ဋ)ရပ်ကွက် အုပ်ကြီးရုံး တိုက် ခိုက် ခံလိုက်ရတာလဲဖြစ်ပါတယ်။

North Okkalapa Information

28 Mar, 07:43


မြောက်ဥက္ကလာပ အုပ်ချုပ်ရေးအဖွဲ့ဝင်များ အစုလိုက် အပြုံလိုက် နုတ်ထွက်ဖို့ ဆန္ဒရှိလာတယ်လို့ဆို

မတ် ၂၈၊ ၂၀၂၄။
North Okkalapa Information

မြောက်ဥက္ကလာပမြို့နယ်အတွင်းက ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ အစုလိုက် အပြုံလိုက် နုတ်ထွက်ဖို့ ဆန္ဒရှိနေကြတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်နဲ့ ဒေသခံပြည်သူတွေထံက စုံစမ်းသိရှိရပါတယ်။

" အခုက အုပ်ကြီးတွေ ရာမှူး ဆယ်မှူး တွေရဲ့ နာမည်စာရင်းတွေနဲ့ လာတာ၊ စစ်မှုထမ်းဥပ‌ဒေ ကြောင့်ပဲ အုပ်ချုပ်ရေးရုံးတွေကို ဖုန်း ဆက်ပြီး သတိပေးတာတွေရှိလာတယ်၊ တချို့လဲ ဆက်မလုပ်တော့ပဲ ထွက်မယ့်သူတွေရှိသလို ဒီတိုင်း ပေပြီး အခြေအနေစောင့်ကြည့်နေတာတွေလဲရှိတယ်၊ စုပြုံပြီးထွက်ကြဖို့များတယ်၊ အရင်ကလို အ သ တ် ခံရမှာကို သူတို့တွေ သိကြတယ်၊ သိသိနဲ့ကို လုပ်နေကြတာ၊ ဒါပေမယ့် ဒီဥပဒေထုတ်ပြီးမှ အရင်ကထက်တော့ သူတို့ တော်တော်လေး ဆိုးရိမ်လာကြတယ် " လို့ အုပ်ချုပ်ရေးသတင်းရင်းမြစ်တစ်ခုက North Okkalapa Information ကို ပြောလာပါတယ်။

North Okkalapa Information တွင် မိမိ၏ နာမည်ပါလာမည်ဆိုး၍သော်လည်းကောင်း၊ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထုတ်ပြန်ထားခြင်းကြောင့် လည်းကောင်း၊ မကြာသေးခင်ရက်ပိုင်းက (င)ရပ်ကွက် ရုံးစာရေး ပစ် ခတ် ခံထားရတဲ့ ဖြစ်စဉ် ရှိနေခြင်းကြောင့်လည်းကောင်း၊ အုပ်ချူပ်ရေးမှူးရုံးများတွင် သတိပေးစာများကပ်ခံထားရခြင်းကြောင့်လည်းကောင်း နှုတ်ထွက်ချင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

" အုပ်ကြီးကတော့ သူနှုတ်ထွက်ဖို့ပြောတာ ဟို
(စကစ)က လက်မခံဘူးလို့သိရတယ်၊ သူ(အုပ်ကြီး) လဲ သူ့ကိုသူပြောတယ်၊ ငါ့ကို ဘယ်အချိန်လာ သ တ် ကြမလဲ မသိဘူးတဲ့၊ လုပ်ချင်တုန်းကကြ ရပိုင်ခွင့်တွေ မတ်ပြီးတော့ ဘယ်သူကမှ သူ့ကိုတင်မြှောက်ထားတာမဟုတ်ဘူး၊ အခုမှ ကြောက်နေတာ၊ ဟား ဟား ဟား၊ ဘာဆက်လုပ်မလဲတော့ မသိဘူး " လို့ ( - )ရပ်ကွက်က အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက North Okkalapa Information ကို ပြောပါတယ်။

အကြမ်း ဖက် စစ်ကောင်စီဒေါက်တိုင် အုပ်ချုပ်ရေးအဖွဲ့များကို အဓိကပစ် မှတ်ထား တိုက် ခိုက်မှု‌တွေယခင်အချိန်များကလို ဆက်တိုက် ပြန်လည်ဖြစ်ပေါ် လာမှာကို အလွန်အမင်း ဆိုးရိမ်မှုများရှိနေတယ်လို့ သိရပါတယ်။

" အရင်က အာကျယ်အာကျယ်လုပ်နေသူတွေ အခု ငြိမ်ကျသွားတယ်၊ သိပ် အသံမထွက်ရဲကြတော့ဘူး၊ ဟိုနေ့(မတ်လ ၂၃ရက်) က ပစ် ခံရပြီး သူနဲ့ အတူ နာမည်ထွက်နေတဲ့ ရပ်ကွက်ထဲက လေး ငါး ယောက်လဲ ငြိမ်နေတယ် " လို့ (င) ရပ်ကွက်နေသူတစ်ဦးက North Okkalapa Information ကို ပြောပါတယ်။

ကျောက်ရေတွင်းရပ်ကွက်၊ တံတားကြီးရပ်ကွက်၊ ပုရွက်ဆိတ်ကုန်းရပ်ကွက် နဲ့ (ဌ)ရပ်ကွက်တွေရဲ့ အုပ်ချုပ်ရေးမှူးရုံးတွေမှာ အုပ်ချုပ်ရေးမှူးတွေကို အမြန်ဆုံး နှုတ်ထွက်ကြဖို့ သတိပေးစာတွေလာကပ်တာ ပြီးခဲ့တဲ့ရက်ပိုင်းက ရှိခဲ့တယ်လို့ သိရပါတယ်။

North Okkalapa Information

26 Mar, 15:02


စစ်မှုထမ်းဥပဒေအား ဝိုင်းဝန်းကူညီ‌နေသူ‌ တွေရဲ့ စာရင်း တချို့ ထွက်ရှိလာ၊

စောင့်ကြည့်‌ နေပြီး အရေးယူသွားမယ်လို့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ ပြော

မတ် ၂၆၊ ၂၀၂၄။
North Okkalapa Information

မြောက်ဥက္ကလာပမြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး နဲ့ ဆယ်အိမ်မှူး တွေ အပါအဝင် စစ်မှုထမ်းဥပဒေအား ဝိုင်းဝန်းကူညီနေသူတွေရဲ့ စာရင်း တချို့ ထွက်ပေါ်လာပါတယ်။

၎င်းတို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ က ထုတ်ပြန်ပါတယ်။

" ပြည်သူတွေရဲ့တိုင်းတန်းလာတာတွေကိုသေချာမှတ်ထားပါတယ် ၊ တိုင်တန်းခံရသူတွေရဲ့ ရပ်ကွက်၊ လမ်း နာမည် ရာထူး အကုန်မှတ်ထားပါတယ် စောင့်ကြည့်နေပါတယ် ၊ အခွင့်ရေးရရင် အရေးယူပေးသွားပါမယ် " လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ ရဲ့ တာဝန်ရှိသူတစ်ဦးက North Okkalapa Information ကို ပြောပါတယ်။

စစ်မှုထမ်းဥပဒေအကြောင်းပြ ငွေကြေးကောက်ခံတာ၊ စည်းရုံးဟောပြောမှုတွေလုပ်ဆောင်နေတာ၊ လူငယ်များရဲ့ စာရင်းအချက်အလက်ကောက်ခံတာနဲ့ ဖောင်ဖြည့်ခိုင်းတာတွေမှာ ပါဝင်ကူညီလုပ်‌ဆောင် ပေးနေသူတွေကို ထိထိရောက်ရောက်အရေးယူသွားမယ်လို့ ဆိုပါတယ်။

(ဋ)ရပ်ကွက် ရာအိမ်မှူး မောင်မောင်ထွန်း၊ (ဋ )ရပ်ကွက် ဆယ်အိမ်မှူး မျိူးအောင် ၊(ဌ)ရပ်ကွက်  သပြေခြံကျူး ဆယ်အိမ်မှူး ဇော်နိုင် ၊ (ဋ)ရပ်ကွက် ရာအိမ်မှူး အောင်မျိူး၊ (ဋ)ရပ်ကွက် သန်း‌ဌေး (ကော်မရှင်အဖွဲ့ ) တို့က လက်ရှိမှာ တိုင်တန်းခံထားရသူတွေ ဖြစ်ပြီး ၎င်းတို့ရဲ့လုပ်ဆောင်ချက်တွေကို ရပ်တန်းက မရပ်ပါက ထိုလုပ်ရက်များအတွက် ပြစ်ဒဏ်ကျခံရမယ်လို့ မြောက်ဥက္ကလာပ ပကဖ ၂ က ဆိုပါတယ်။

ဒါ့အပြင် (ဌ)ရပ်ကွက် ခေမာ (၁)လမ်းက အကြမ်း ဖက် စစ်ကောင်စီခန့် ရာအိမ်မှူး မြင့်လွင်လဲ စစ်မှုထမ်းရန်ပြည်သူများကို အတင်းအကြပ် ဖိအားပေးကြောင်း၊ စစ်ကောင်စီကို သတင်းပေးခြင်းနဲ့ ပြည်သူတွေအပေါ် ခြိမ်းခြောက်ငွေညှစ်တာတွေလုပ်ဆောင်နေတယ်လို့ တိုင်တန်းလာကြောင်း Trash Bin မှာ ဖော်ပြခံထားရပါတယ်။

မတ်လ ၂၃ရက် ညပိုင်းက စစ်မှုထမ်းစာရင်းတွေလုပ်ဆောင်နေတဲ့ (င)ရပ်ကွက် သန္တာ ၁၄လမ်းမှာနေထိုင်တဲ့ နာမည်ကြီး ရုံးစာရေး အောင်ဆန်းဦး ပစ် ခတ် ခံရသော်လည်း အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

" နာမည်ထွက်နေတာတော့ အခု ပစ် ခံရတဲ့သူ အပါအဝင် လေး ငါး ယောက်လောက်ရှိတယ်၊ အခု ကျန်တဲ့သူတွေ ငြိမ်ကုန်ကြပြီ၊ သုံး ချက်လောက် ရှိတယ် ပစ် သွားတာ ၊ ‌ောက်သက်က ပြင်းတယ် လွတ်သွားသေးတယ်၊ အခု ရပ်ကွက်ထဲမနေရဲတော့ဘူး၊ နောက်တခါမလွတ်ပါစေနဲ့ဆုတောင်းနေကြတာ " လို့ (င)ရပ်ကွက်နေသူတစ်ဦးက North Okkalapa Information ကို ပြောပြပါတယ်။

North Okkalapa Information

17 Mar, 03:27


မြောက်ဥက္ကလာပတွင် အသက်ပြည့်မီသူတိုင်းစစ်မှုထမ်းရန် စတင်စည်းရုံးနေ

မတ် ၁၇၊ ၂၀၂၄။
North Okkalapa Information

မြောက်ဥက္ကလာပမြို့နယ်မှာ အသက်ပြည့်မီသူတိုင်းစစ်မှုထမ်းဖို့ အကြမ်း ဖက် စစ်ကောင်စီက စာရင်းကောက်ယူခိုင်းတာတွေရှိနေပြီလို့ အုပ်ချုပ်‌ရေးနဲ့ နီးစပ်တဲ့သတင်းရင်း
မြစ်တစ်ခုက North Okkalapa Information ကို ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၁၉)ရပ်ကွက်က အုပ်ချုပ်‌ရေးမှူးများအားလုံးကို မတ်လ ၁၃ရက်နေ့က မြို့နယ်‌ထွေအုပ်ရုံးကို ခေါ်ယူတဲ့ အစည်းအဝေးမှာအကြမ်း ဖက် စစ်ကောင်စီ အရာရှိက ပထမအသုတ် စစ်မှုထမ်းရန်အတွက် စာရင်းကောက်ယူရန် ညွှန်ကြားခဲ့တာလို့ ဆိုပါတယ်။

အသက်ပြည့်မီသူတွေရဲ့ အုပ်ထိန်းသူ‌တွေကိုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ ခေါ်ယူပြီး စစ်မှုထမ်းရမည့်ကိစ္စကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး စည်းရုံး‌ဟောပြောမှုတွေ ရပ်ကွက်တစ်ချို့မှာ စတင်လုပ်ဆောင်နေပြီလို့ North Okkalapa Information က စုံစမ်းသိရှိရပါတယ်။

အသက် ၂၄နှစ် ကနေ ၃၅နှစ် ကြားရှိသူတွေရဲ့ နာမည်စာရင်းတွေကို ဦးစားပေး ကောက် ခံတာတွေရှိနေပြီး မဲနှိုက်ရွေးချယ်မှာဖြစ်
ကြောင်း၊ သန်းခေါင်းစာရင်းရှိသူတွေရဲ့စာရင်းကို ဦးစားပေး ကောက်ခံနေပြီး နောက်ပိုင်းတွေမှာ ဧည့်စာရင်းနဲ့နေထိုင်သူတွေကို ဆက်လက်ကောက်ခံသွားမှာလို့ စုံစမ်းချက်တွေအရသိရပါတယ်။

မြန်မာနိုင်ငံရှိ အရွယ်ရောက်ပြီးသူအမျိုးသား၊အမျိုးသမီးတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်က အကြမ်း ဖက် စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။

North Okkalapa Information

09 Mar, 11:29


မြောက်ဥက္ကလာပ ကန်သာယာပန်းခြံက ၈၈၈၈ အထိမ်းအမှတ်ကျောက်တိုင်ကို အကြမ်း ဖက် စစ်ကောင်စီတပ်က ဖြို ချဖျက် ဆီးသွား

မတ် ၉၊ ၂၀၂၄။
North Okkalapa Information

မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံအတွင်းမှာရှိတဲ့ ၈၈၈၈ အထိမ်းအမှတ်ကျောက်တိုင် ဖြိုချဖျက်ဆီးခံလိုက်ရပါတယ်။

မနေ့ မတ်လ ၈ရက် ညပိုင်းက အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖြိုချဖျက်ဆီးသွားတာပါ။

မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံအတွင်းမှာရှိတဲ့ ၈၈၈၈ အထိမ်းအမှတ်ကျောက်တိုင်ဟာ အကြမ်း ဖက် စစ်တပ် အာဏာမသိမ်းမှီကာလများ၌ နှစ်စဥ် ၈၈၈၈နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားများ နှစ်စဥ်ပြုလုပ်နေကျနေရာတစ်ခုဖြစ်ပြီး မြို့နယ်ရဲ့အမွေအနှစ်တစ်ခုလဲဖြစ်ပါတယ်။

" သူတို့(စကစ) အနေနဲ့ ၈၈၈၈ အထိမ်းအမှတ်ကျောက်တိုင်ကိုသာ ဖျက်ဆီးလို့ရမယ်၊ ၈၈၈၈ကာလ အတိတ်သမိုင်းတွေ ၊ ၈၈၈၈ ကပေးအပ်လိုက်တဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တွေကိုတော့ လုံးဝဖျက်ဆီးလို့ရမှာမဟုတ်ဘူးလို့ပြောချင်ပါတယ်" လို့ မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ဦးက North Okkalapa Information ပြောပါတယ်။

ယခုလက်ရှိမှာ အထ်ိမ်းအမှတ်ကျောက်တိုင်ဟာ အလုံးစုံပျက်စီးသွားပြီး အောက်ခြေပိုင်းအနည်းငယ်သာကျန်ရှိတော့တာတွေ့ရပါတယ်။

North Okkalapa Information

06 Mar, 14:32


စစ်ကောင်စီတပ်စွဲထားပြီး လုံခြုံရေးအပြည့်ယူထားတဲ့ မြောက်ဥက္ကလာပ မြို့နယ်ခန်းမကို အားပြင်းတဲ့ မိုင်း နှစ် လုံးနဲ့ ဖောက် ခွဲ တိုက် ခိုက် ၊ ဂိတ်စောင့် ရဲ နှစ်ဦး ထိ မှန်သွား

မတ် ၆၊ ၂၀၂၄။
North Okkalapa Information

မြောက်ဥက္ကလာပမြို့နယ် အဝိုင်းကြီးမှာရှိတဲ့ အကြမ်း ဖက် စစ်ကောင်စီတပ်စွဲထားတဲ့ မြို့နယ်ခန်းမကို အားပြင်းတဲ့ မိုင်း နှစ် လုံးနဲ့ ဖောက် ခွဲ တိုက် ခိုက် ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)ရဲ့ တာဝန်ရှိသူက North Okkalapa Information ကို ပြောပါတယ်။

ဒီနေ့ မတ်လ ၆ရက် ညနေ ၆နာရီ ၂၅မိနစ်ခန့်က အရှေ့ပိုင်းခရိုင်(ပကဖ)၏ လမ်းညွှန်မှုဖြင့် အကြမ်း ဖက် စစ်ကောင်စီတပ်စွဲထားတဲ့ မြို့နယ်ခန်းမကို အားပြင်းတဲ့ မိုင်း နှစ် လုံးနဲ့ တိုက် ခိုက် ခဲ့လို့ ဂိတ်စောင့် ရဲ နှစ်ဦး ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

" တပ်စွဲထားတဲ့ မြို့နယ်ခန်းမကို ခွဲ ခဲ့တာပါ ၊ ရခ နှစ်ကောင်ထိပါတယ်၊ ကင်းကျနေတဲ့ ရခ ပါ " လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)ရဲ့ တာဝန်ရှိသူက North Okkalapa Information ကို ပြောပါတယ်။

တော်လှန်ရေး ရဲဘော်တွေ ဘေးကင်းစွာ ဆုတ် ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပေါက် ကွဲ မှုအပြီး အကြမ်း ဖက် စစ်ကောင်စီတပ်က လာရောက်ကာ ပိတ်ဆို့ စစ်ဆေးနေတယ်လို့ လမ်းသွား လမ်းလာတွေက North Okkalapa Information ကို ပြောလာပါတယ်။

ပေါက် ကွဲမှုဖြစ်တဲ့ မြို့နယ်ခန်းမ ရှေ့တွင် မြို့နယ်လျှပ်စစ်ရုံး၊ မလှမ်းမကမ်းတွင် ထွေအုပ်ရုံးနဲ့ ကြံ့ဖွတ်ရုံး တို့ရှိနေပြီး အဆိုပါရုံးများအားလုံးတွင် အကြမ်း ဖက် စစ်ကောင်စီတပ်က တပ်စွဲထားပြီး နေ့ည မပျက်လုံခြုံရေးယူထားတာလဲဖြစ်ပါတယ်။

North Okkalapa Information

06 Mar, 14:32


ဇန်နဝါရီ ၃၁ရက်နေ့ ညပိုင်းက အဝိုင်းကြီး လျှပ်စစ်မီတာရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)က အားပြင်းတဲ့ မိုင်း နဲ့ တိုက် ခိုက် ခဲ့မှုမြင်ကွင်း။

North Okkalapa Information

03 Mar, 06:32


မြောက်ဥက္ကလာပ သွေးစွန်းတဲ့နေ့

North Okkalapa Information

03 Mar, 06:29


မြောက်ဥက္ကလာပ သွေးစွန်းတဲ့နေ့

မတ် ၃၊ ၂၀၂၄။
North Okkalapa Information

၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က မြောက်ဥက္ကလာပ ဆန္ဒပြပွဲကို အကြမ်း ဖက်ဖြိုခွင်းခဲ့လို့ လူငယ်တချို့ သေဆုံးခဲ့ရတာ ၂၀၂၄ ခုနှစ်၊ မတ် ၃ ရက် ဒီနေ့မှာ သုံးနှစ် ပြည့်ခဲ့ပါပြီ။

အကြမ်း ဖက် စစ်ကောင်စီတပ်တွေက အကြမ်း ဖက် ဖြိုခွဲမှုကြောင့် တစ်ရက်တည်းမှာတင် မြောက်ဥက္ကလာမှာ ဆန္ဒပြသူလူငယ်တချို့အပါအဝင် ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။

သွေးစွန်းခဲ့ရတဲ့ သုံးနှစ်ပြည့်နဲ့ပတ်သက်လို့ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ကျောင်းသားတစ်ဦးက North Okkalapa Information ကို ပြောထားတာက " ကျွန်တော်တို့အနေနဲ့ အဒီအချိန်ကာလတွေတုန်းက စုစည်းမှုမျိုး ၊ညီညွတ်မှုမျိုးတွေနဲ့ဆို ခုစစ်ကောင်စီကိုအလဲထိုးနိုင်စွမ်းကျ်ိန်းသေရှိတယ် ။ အကုန်လုံး စည်းစည်းလုံးလုံးနဲ့ ကိုယ်နိုင်ရာတော်လှန်ရေးတာဝန်တွေကို ကိုယ်စီထမ်းဆောင်ကျမယ်ဆိုရင် ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ကို ပိုပြီးမြန်မြန်ဆန်ဆန်ရောက်မယ်ပေါ့။ ကျွန်တော်တို့က မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အနေနဲ့လဲ ခုလိုကျဆုံးသွားခဲ့တဲ့သူတွေကို အမြဲအမှတ်ရနေမှာဖြစ်တယ် ။အမှတ်ရနေရူံနဲ့မဟုတ်ဘဲ လုပ်စရာရှိတဲ့အခန်းကဏ္ဍတွေကိုလဲ အကုန်လက်တွဲလုပ်သွားမယ် ။ခုအာဏာသိမ်းစစ်တပ်ကျရှံးတဲ့ထိကိုတိုက်ပွဲဝင်သွားမယ်။ ခုကစစ်ကောင်စီက အလဲလဲအကွဲကွဲဖြစ်နေတဲ့အချ်ိန်မျိုး ၊ သမိုင်းတစ်လျှောက်အင်အားအချိနဲ့ဆုံးဖြစ်နေတဲ့အချိန်မျိုးဆိုတာ ခုပထမဆုံးလို့ပြောရတယ် ။ခုလိုချ်ိန်မျိုးကကျွန်တော်တို့အားလုံးအတွက်အကောင်းဆုံးအခွင့်အရေးဖြစ်တယ်ဆိုတာကိုသိရှိနားလည်ပြီးအပေါ်ကပြောခဲ့သလို နိုင်ရာတာဝန်တွေကိုထမ်းဆောင်ပြီး စစ်ကောင်စီကျဆုံးတဲ့ထိ အမြစ်ပြတ်တဲ့ထိ တူတူတွန်းလှန်ကြဖို့ ကျွန်တော်ပြောချင်ပါတယ်ဗျာ " လို့ ဆိုပါတယ်။

လွန်ခဲ့သောသုံးနှစ်ခန့် မြောက်ဥက္ကလာပမြို့နယ်ရဲ့ ပုံရိပ်အချို့ကို မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က စုစည်းတင်ပြထားတာ ရုပ်သံမှာ ကြည့်ရူနိုင်ပါတယ်။

North Okkalapa Information

25 Feb, 15:12


ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ မြောက်ဥက္ကလာပ (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက် ခွဲ တိုက် ခိုက်၊ အကြမ်း ဖက် စစ်ကောင်စီအဖွဲ့ အစစ်အဆေးကြမ်းနေ

ဖေဖေါ်ဝါရီ ၂၅၊ ၂၀၂၄။
North Okkalapa Information

မြောက်ဥက္ကလာပမြို့နယ် မေဓါဝီလမ်းမပေါ်က (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဒီနေ့ ဖေဖေါ်ဝါရီလ ၂၅ရက် ည ၈နာရီ ၇မိနစ်ခန့်က အားပြင်းတဲ့ မိုင်း သုံးလုံးနဲ့ ဖောက် ခွဲ တိုက် ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) ရဲ့ တာဝန်ရှိသူတစ်ဦးက North Okkalapa Information ကို ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ မြောက်ဥက္ကလာပမြို့နယ် အရှေ့ပိုင်းခရိုင်(ပကဖ) ၏လမ်းညွှန်မှုဖြင့် ဖောက် ခွဲ တိုက် ခိုက် ခဲ့တာလို့ ဆိုပါတယ်။

" ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ အားပြင်းတဲ့ မိုင်း သုံး လုံးနဲ့ ခွဲ ခဲ့တာပါ၊ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး လူငယ်တွေကို စခ၊ရခ (စကစ) နဲ့ပေါင်းပြီး ဖမ်း ဆီးနေတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကိုလဲ ဆက် လက် တိုက် ခိုက် သွားပါမယ် " လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) ရဲ့ တာဝန်ရှိသူတစ်ဦးက North Okkalapa Information ကို ပြောပါတယ်။

ထိ ခိုက် ပျက်စီးမှုအခြေအနေတွေကို လတ်တလော မသိရသေးပဲ လက်ရှိမှာ ရဲဘော်တွေဘေးကင်း သွားပြီလို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

ပေါက် ကွဲမှု ဖြစ်ပြီးနောက် ရုံးအနီးကို အကြမ်း ဖက် စစ်ကောင်စီအဖွဲ့တွေရောက်ရှိလာပြီး အနီးဝန်းကျင် လမ်းများကို ပိတ် ဆို့ ထားတယ်လို့ ရပ်ကွက်နေသူတွေက North Okkalapa Information ကို ပြောကြားပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းအရ မြောက်ဥက္ကလာပမြို့နယ် (၂)ရပ်ကွက် အုတ်ပုံဆိပ်အနီး ၄၃၅ ၊ ၄၃၆ အကြမ်း ဖက် စစ်တပ်ရှေ့မှာ အကြမ်း ဖက် စစ်ကောင်စီအဖွဲ့တွေ အစစ် အဆေးကြမ်းနေတယ်လို့ ရန်ကုန်မြေပြင်ကင်းထောက်အဖွဲ့ထံက သိရပါတယ်။

North Okkalapa Information

15 Feb, 14:05


မြောက်ဥက္ကလာပ ကန်သာယာပန်းခြံမှာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ထောက်ခံတယ်ဆိုပြီး နေ့စားသမားတွေ အော်ဟစ်ဆူညံသွားခဲ့

ဖေဖေါ်ဝါရီ ၁၅၊ ၂၀၂၄။
North Okkalapa Information

မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံမှာ ဒီနေ့ ဖေဖေါ်ဝါရီလ ၁၅ရက် မွန်းလွဲပိုင်းက တပ်ထောက်ခံသူလို့ဆိုတဲ့ နေ့စားသမားတွေက ပြည်သူ့စစ်မှုထမ်း ဥပဒေကို ထောက်ခံတယ်ဆိုပြီး စုဝေးပွဲ လုပ်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက North Okkalapa Information ကို ပြောပါတယ်။

ဒီနေ့ မွန်းလွဲ ၁နာရီကျော်က ကန်သာယာပန်းခြံရှေ့ကို YBS ဘက်(စ်)ကား ၄စီးနဲ့ ရောက်ရှိလာတဲ့ နေ့စားသမားတွေက အော်ဟစ်ဆူညံသွားခဲ့တာလို့ ဆိုပါတယ်။

ဒီစုဝေးပွဲကို အကြမ်း ဖက် စစ်ကောင်စီတပ်က စစ်ကား ၄စီးနဲ့ လုံခြုံရေးယူပေးထားခဲ့ပြီး မြို့နယ်အတွင်းမှာလဲ စစ်ကား ၃စီးနဲ့ လှည့်ကင်းပတ်နေပေးခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပြပါတယ်။

ဒီနေ့ တစ်ရက်ထဲမှာပဲ မြောက်ဥက္ကလာပမြို့နယ် အပြင် သန်လျင်၊ ကျောက်တံတား၊ လှိုင်သာယာအရှေ့ပိုင်း နဲ့ မင်္ဂလာဒုံ မြို့နယ်တွေမှာ စုဝေးပွဲတွေပြုလုပ်ခဲ့တယ်လို့ အကြမ်း ဖက် စစ်တပ် ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာတာတွေ့ရပါတယ်။