Myanmr People News @myanmarpeoplenews Channel on Telegram

Myanmr People News

@myanmarpeoplenews

media

Myanmr People News (English)

Are you interested in staying updated on the latest news and headlines from Myanmar? Look no further than the 'Myanmar People News' Telegram channel! This channel is dedicated to providing you with breaking news, insightful articles, and updates on all the happenings in Myanmar. Whether you are a resident of Myanmar or simply interested in the country's news, this channel is perfect for you. Stay informed about politics, culture, sports, and more with regular updates from 'Myanmar People News'. Join our growing community today and be in the know about everything Myanmar-related. Don't miss out on important updates and subscribe to 'Myanmar People News' now!

Myanmr People News

22 Nov, 07:53

ရုရှားက ယူကရိန်းကို တိုက်ချင်းပစ်ဒုံးကျည်ဖြင့် ပထမဆုံးအကြိမ်ပစ်ခတ်

ရုရှားက ယူကရိန်းနဲ့ပဋိပက္ခဖြစ်ပွား နေတဲ့ကာလတစ်လျှောက်မှာ ပထမဆုံး အနေနဲ့ တိုက်ချင်းပစ်ဒုံးကျည်အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်လိုက်တယ်လို့ ယူကရိန်းစစ်ဘက်ကထုတ်ပြန် ထားပါတယ်။

ရုရှားနဲ့ယူကရိန်းတို့ကြားမှာ တင်းမာ မှုတွေ တဖြည်းဖြည်းမြင့်တက်လာမှုရဲ့ နောက်ဆုံးအခြေအနေအဖြစ် အခုလိုမျိုး တိုက်ခိုက်မှုဖြစ်ပေါ်လာတာပါ။

နိုဝင်ဘာလ ၂၁ ရက်မှာ ရုရှားက ယူက ရိန်းနိုင်ငံတောင်ပိုင်း နီပရိုမြို့ကို Kh-101 အနိမ့်ပျံဒုံးကျည်ခုနစ်စင်းနဲ့အတူ RS-26 Rubezh တိုက်ချင်းပစ်ဒုံးကျည်ကိုပစ်လွှတ်လိုက်တာပါ။ အဲဒီဒုံးကျည်မှာတော့ နျူက လီးယားထိပ်ဖူး တပ်ဆင်ထားခြင်းမရှိဘူး လို့ ယူကရိန်းဘက်ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More» https://myawady.net.mm/node/59911

Myanmr People News

22 Nov, 07:53

အမေရိကန်က နျူကလီးယားလက်နက်များကိုအသုံးပြုရန် အသင့်ပြင်ဆင်ထားဟုဆို

အမေရိကန်နိုင်ငံအနေနဲ့ လိုအပ်လာပါ က နျူကလီးယားလက်နက်များကိုအသုံး ပြုဖို့အတွက် အသင့်ပြင်ဆင်ထားတယ်လို့ အမေရိကန်မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်(STRATCOM)မှ ပြောရေးဆိုခွင့်ရှိသူရေတပ်ဗိုလ်ချုပ်ကြီး သောမတ်ဘူချာနန်က ပြောပါတယ်။

တကယ်လို့များ နျူကလီးယားလက် နက်နဲ့အပြန်အလှန်တိုက်ခိုက်မှုဖြစ်လာပြီ ဆိုရင်တောင်မှ အမေရိကန်ကအဟန့်အ တားတစ်ခုအနေနဲ့ နျူကလီးယားလက် နက်တချို့ကို ဆက်လက်ထိန်းသိမ်းထား ဦးမှာဖြစ်တယ်လို့လည်း ရေတပ်ဗိုလ်ချုပ် ကြီးကဆက်ပြောပါတယ်။
Read More» https://myawady.net.mm/node/59912

Myanmr People News

22 Nov, 07:53

ယူကရိန်းမှ ဗြိတိန်ထုတ်တာဝေးပစ်ဒုံးကျည်ကို ရုရှားကကြားဖြတ်ပစ်ချ

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်းဆီ ကနေပစ်လွှတ်လိုက်တဲ့ ဗြိတိန်နိုင်ငံထုတ် တာဝေးပစ်ဒုံးကျည်နှစ်စင်းကို ရုရှားလေ ကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ကြား ဖြတ်ပစ်ချလိုက်တယ်လို့ ရုရှားကာကွယ် ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ယူကရိန်းဘက်ကပစ်ခတ်လိုက်တဲ့ဒုံးကျည်ဆိုတာက Storm Shadow အမည် ရှိဒုံးကျည်ပါ။ အဲဒီလိုပစ်ခတ်လိုက်တယ် ဆိုတဲ့အကြောင်းကိုလည်း ဗြိတိန်သတင်း ဌာနကြီးတစ်ခုက အတိအလင်းတင်ထား ပါတယ်။

ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ် ဖွဲ့က အဲဒီဒုံးကျည်တွေကိုဘယ်ဒေသမှာ ကြားဖြတ်ပစ်ချလိုက်တယ်ဆိုတာ မထုတ် ပြန်ထားပေမယ့် ဗြိတိန်သတင်းဌာနက တော့ ရုရှားရဲ့ခု(စ်)ဒေသမှာရှိတဲ့ ပစ်မှတ် များဆီဦးတည်ပစ်ခတ်လိုက်တာလို့ ဖော် ပြထားတာတွေ့ရပါတယ်။
Read More» https://myawady.net.mm/node/59913

Myanmr People News

22 Nov, 07:53

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ် (မန္တလေး)မှ ယာယီဆေးပညာဘွဲ့လက်မှတ်အတုများဖြင့် ထိုင်းနိုင်ငံ၊ Chulalongkorn တက္ကသိုလ်သို့ တက်ရောက်ရန် ဆောင်ရွက်ခဲ့သည့်သတင်း

နေပြည်တော်၊ နိုဝင်ဘာလ ၂၂ ရက်

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် အစိုးရ၏ပညာရေးစနစ်ကို ပျက်ပြားစေရန်ရည်ရွယ်၍ တရားမဝင် NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)မှ ယာယီဆေးပညာဘွဲ့လက်မှတ်အတုများပြုလုပ်ကာ ပြည်ပ တက္ကသိုလ်များတွင် ပညာသင်ကြားနိုင်သည်ဟု မက်လုံးများပေးပြီး လိမ်လည်ဆောင်ရွက်လျက် ရှိသဖြင့် ယုံမှားခဲ့သည့် ကျောင်းသား/ကျောင်းသူများသည် ပြည်ပတက္ကသိုလ်များ၌ ပညာသင်ကြားရန် လျှောက်ထားရာတွင် တရားဝင်မှုမရှိသောကြောင့် သက်ဆိုင်ရာတက္ကသိုလ်များမှ လက်မခံသည့် အတွက် ကျောင်းတက်ရောက်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
Read More» https://myawady.net.mm/node/59916

Myanmr People News

22 Nov, 07:52

အင်ဂျင်နီယာပညာစွမ်းအားနဲ့ ပိုမိုတောက်ပသော မြန်မာ့အနာဂတ်ကို အတူတကွဖန်တီးတည်ဆောက်ကြပါစို့

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနားတွင် “အင်ဂျင်နီယာပညာစွမ်းအားနဲ့ ပိုမိုတောက်ပသော မြန်မာ့အနာဂတ်ကို အတူတကွ ဖန်တီးတည်ဆောက်ကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့် Engineering Education and Technology Forum ကို Naypyitaw State Polytechnic University ၌ နိုဝင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ကျင်းပလျက်ရှိသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးသမိုင်းကြောင်း၊ ခေတ်အဆက်ဆက်ဖွံ့ဖြိုး တိုးတက်လာမှုကို လေ့လာသိရှိနိုင်ရန် သမိုင်းပြခန်းများ၊ စာတမ်းဖတ်ကြားမှုများနှင့် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှကျောင်းသား၊ ကျောင်းသူများ၏ ပရောဂျက်ပြပွဲများမှတစ်ဆင့် မျိုးဆက်သစ်အင်ဂျင်နီယာ ကျောင်းသားလူငယ်များ အင်ဂျင်နီယာနည်းပညာဆိုင်ရာ ဗဟုသုတများရယူနိုင်ရန် ရာပြည့်သဘင်အခမ်းအနားကို ကျင်းပခြင်းဖြစ်ပြီး တက်ရောက်လာသူများ၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည်။
Read More» https://myawady.net.mm/node/59920