kokhant(#kk) @kokhan1985 Channel on Telegram

kokhant(#kk)

@kokhan1985


kokhant(#kk) (English)

Are you a fan of cooking and want to take your culinary skills to the next level? Look no further than kokhant(#kk) Telegram channel! kokhant, also known as kokhan1985, is a channel dedicated to sharing delicious recipes, cooking tips, and culinary inspiration with its members. Whether you're a seasoned chef or a beginner in the kitchen, you'll find something to love in this channel. From traditional dishes to modern creations, kokhant(#kk) has something for everyone. Who is it for? kokhant(#kk) is for anyone who loves food and wants to learn new recipes and cooking techniques. What is it? It is a Telegram channel that provides a platform for food enthusiasts to connect, share recipes, and inspire each other to create delicious dishes. Join kokhant(#kk) today and let your culinary journey begin!

kokhant(#kk)

04 Jan, 12:40


နိုင်ငံတစ်ဝှမ်းရှိ ရခိုင်လူမျိုး မှတ်ပုံတင်ကိုင်ဆောင်ထားသူများအား ဇန်နဝါရီလအတွင်း အကြီးအကျယ် စုံစမ်းစစ်ဆေးသွားမည်ဟု သတင်းထွက်ပေါ်

kokhant(#kk)

28 Dec, 03:20


ကျွန်တော့  KPay ထဲကငွေများ အလိမ်ခံလိုက်ရပါတယ်
လိမ်ရိုးလိမ်ဆင်အတိုင်း ဖုန်းဆက် OTP တောင်းလိမ်ခြင်းမျိုးမဟုတ်ပါ
အဆင့်မြင့်နည်းပညာများအသုံးပြုအလိမ်ခံရခြင်းပါ

မိတ်ဆွေများ အလိမ်မခံရစေရန် ဖြစ်စဥ်ကို ပြန်လည်တင်ပြလိုက်ပါတယ်

ဖြစ်ပုံက ဒီလိုပါ

ဖေ့ဘွတ် မှာ Yadanarpon B2B ဆိုတဲ့ Page ကနေ အင်တာနက်ဒေတာ များ ရောင်းနေတာတွေ့မိပါတယ် Yadanarpon ဆိုတာက အများသိပြီးသားဆိုတော့ ယုံယုံကြည်ကြည်နဲ့ အင်တာနက်လျှောက်လိုက်ပါတယ် ဦးစွာ ဖုန်းနံပါတ်၊ မှတ်ပုံတင်၊ မြို့အမည် တွေတောင်းပါတယ်

နောက်တော့ ငွေလွှဲခိုင်းပါတယ် (Kpay-0998434408 Daw Thu Zar Phyo) တဲ့

ငွေလွှဲဝင်တာနဲ့ block ပြေးသွားတာလားဆို မဟုတ်ပါဘူး

Register တင်ပြီး ၂၄ နာရီအတွင်း sms ရောက်ပါမယ် SMS ရောက်ရင် plan သုံးလို့ ရပါပြီဆိုပြီး reply ပြန်လာပါတယ်

နောက်နေ့ရောက်တော့ ဖုန်းနံပါတ် အစိမ်း နဲ့ ဖုန်းဝင်လာတော့ အကို ကျွန်တော် Yadanarpon ကပါ messenger မှာ app လေးချပေးထားပါတယ် ဝင်ပြီး download ဆွဲပေးပါဦးဆိုတော့ ကိုယ်လည်း download ဆွဲလိုက်ပါတယ်

App အမည်က AirDroid Remote Support ပါ
(အဲ့တာ ဘာ app လည်းဆိုတာ ကိုယ်မသိပါ)

Download ပြီးရင် ပြောပေးပါဦးဆိုတာနဲ့ ပြီးပြီးကြောင်းပြောပြတော့ သူချပေးတဲ့ app ထဲက ပေါ်လာတဲ့ code No. ကို SS ပြပေးပါဆိုတော့ ကိုယ်လည်း ပြပေးလိုက်ပါတယ်

အဲ့မှာ ကိုယ့်ဖုန်းကို ဝင်ခွင့်ပြုပြီးသားဖြစ်သွားပါပြီ

နောက် KPay ကနေ ၁၀၀၀ ကျပ်ပေးချေပါ Viber ကနေလည်း link ပို့ပေးထားပါတယ် App လေးဖြင့်လုပ်ဆောင်ပြီးရင် Plan စသုံးလို့ရပါပြီနော် အကိုဆိုပြီး B2B Plan ဝယ်ယူရန် form နဲ့ လွှဲပေးရမယ့် Kpay No. နဲ့ Link ချပေးပါတယ်

သူပေးတဲ့ Link ကနေဝင် ဖောင်ဖြည့်ပြီး ငွေတစ်ထောင် လွဲပေးလိုက်ပါတယ်

(နောက်မှ သိရတာ အဲ့တာ Kpay Link အတုပါ)

ကိုယ်က အစစ်ထင်ပြီး ငွေချေလိုက်တဲ့အချိန်မှာ ကျွန်တာ့ pass code သူတို့ ရသွားပါပြီ ပြီးတော့ လွှဲပေးထားတဲ့ ဖုန်းနံပါတ်ပြောပါ ပြန်စစ်ပေးပါမယ်တဲ့ ဒါက Pass codeကို ယူသွားတဲ့နည်းပါ

ဖုန်းနံပါတ်ရယ် Kpay Pass code ရယ် သူတို့ရသွားပါပြီ

နောက် OTP ယူသွားပုံလေးဆက်ပြောပြမယ်နော်

အဲနောက်မှာ သူ့ဆီက က screen share လုပ်ဖို့ request တောင်းတာကို accept လုပ်ပေးဖို့ပြောလာပါတယ် accept ကိုနှိပ် ပြီးတော့ start screen share ကိုနှိပ်ခိုင်းပါတယ် ပြီးရင် start broadcast ကိုနှိပ်ပါ stop broadcast ကိုမနှိပ်ဘဲ home key နဲ့ပြန်ထွက်ပေးပါ တဲ့

(ကိုယ်လည်း သေချာမဖတ်မိပါဘူး သူပြောတဲ့အတိုင်းလိုက်ဝင်ပြီးလုပ်မိလိုက်ပါတယ်) 

ပြီးတာနဲ့ ဖုန်း Message ထဲဝင်စစ်ပေးပါ ဆိုတော့ ဖုန်း message ကိုဖွင့်ပြီး စောင့်နေလိုက်ပါတယ်

အဲ့အချိန်မှာ သူက Kpay ထဲဝင်နေပြပြီ ကိုယ်က ဖုန်း message ကိုဖွင့်စောင့်နေတော့ ဖုန်းမှာ OTP ပေါ်တဲ့ Noti တက်မလာတော့ပါဘူး

ကိုယ်လည်း ဝင်လာနိုးစောင့်နေတဲ့အချိန် သူက OTP ရသွားပါပြီ

ကိုယ်လည်း မသင်ကာလို့ Kpay message ကို ဝင်ကြည့်လိုက်တော့ ငွေလွှဲဖို့ OTP ချပေးထားတာမြင်တာနဲ့ လိမ်ပြီဆိုတာသိလိုက်တာနဲ့ ချက်ချင်း stop share နှိပ်ပြီး ထွက်လိုက်ချိန်မှာ နောက်ကျသွားပါပြီ

Kpay အကောင့်ထဲဝင်စစ်လိုက်တော့ ရှိသမျှပါသွားပါပြီ

KPay ထဲရှိရှိသမျှ အကုန်လွှဲယူသွားပါတယ် ကြောက်စရာကြီးပါ

ဒီအကြောင်း အသိမိတ်ဆွေတွေကိုပြောပြတော့ အသိထဲ အဲနည်းနဲ့ ပါသွားသူတွေ အများကြီးဖြစ်နေပါပြီ

နောက် အသိတစ်ယောက်လည်း Kpay Level 2 ကနေ 3 မဖြစ်မနေ ပြောင်းရမယ် ဆက်သွယ်လာလို့ လုပ်လိုက်တာ အကုန်ပါသွားပါတယ် တဲ့

ကျွန်တော်ဆီဆက်သွယ်လာတဲ့ ဖုန်းနံပါတ်က 09963724735 ပါ
သူတို့ လွှဲခိုင်းတဲ့ Kpay link အတုနံပါတ်က 09664820726 Htoo darling win
ကျွန်တော့ အကောင့်ကနေ လွှဲယူသွားတဲ့ နံပါတ်ကKpay accက (**7336)Daw Yu Yu Htwe

ကျွန်တော်တော့ Kpay ဆက်မသုံးတော့ပါ
Yadanarpon B2B အပြင် အခြားနည်းတွေ page တွေ ရှိနေနိုင်ပါတယ် သတိပြုနိုင်ကြပါစေ

လူလိမ်ဘေးမှ ဝေးကြပါစေ (CRD ကရက်ဒစ် )
Via - #KhinThanOo

kokhant(#kk)

28 Dec, 03:19


ရန်ကုန်မြို့ပေါ်မှာ တက်စီတစီးနဲ့ ကားချင်းငြိသလို လုပ်ပြီး လုပ်စားနေတဲ့ အဖွဲ့ (အိမ်စီးကားများ အထူးသတိပြုကြပါ)

ကိုယ့်လိုအဖြစ်မျိုးကြုံလာရရင် မခံရအောင် တက်စီ တစီးနဲ့လုပ်စားနေတဲ့အဖွဲ့နဲ့ တိုးခဲ့ရပုံလေး ပြောပြချင်လို့ပါ။ ဒီနေ့ ကိုယ်က ရုံးက ကားနဲ့ သွားစရာရှိတဲ့ way သွားပြီး လေးထောင့်ကန်လမ်းအတိုင်း ပြန်လာခဲ့ပါတယ်။ ကားက ရုံးက ကားဆရာအဘမောင်းတာပါ။ တာမွေလေးခုံးတံတားပေါ်ရောက်ချိန်မှာ အဘက ညာဘက်အစွန်ဆုံးလမ်းကြောအတိုင်း ကိုယ့်လမ်းကိုယ်သွားနေတာကို ပုံထဲက ကားက ဇွတ်ဟွန်းအတင်းတီးပြီး ဘေးကို တို-က်မိတော့မယ့်အနေအထားအထိ ခေါင်းထိုးဝင်လာပါတယ်။

အဘရော ကိုယ်ရော လန့်ပြီး အဘကလည်း ကားကို လွတ်အောင် ညာဘက်နည်းနည်းဆွဲပြီး တို-က်လည်း မတို-က်မိတော့ "ဒီကားက ဘယ်လိုဖြစ်တာလဲ အတင်းတွေပဲ" ဘာညာနဲ့ ပြောဆိုပြီး ဆက်မောင်းလာပါတယ်။ ဇာတ်လမ်းက အဲဒီမှာစတာပါပဲ။ ခုနကားက နောက်ကနေ လိုက်လာပြီး တံတားအဆင်းနားမှာ ရှေ့ကပိတ်ရပ်လိုက်တော့ အဘကလည်း ကားရပ်လိုက်ရပါတယ်။

ကားပေါ်ကနေ ယောက်ျားနှစ်ယောက် (တယောက်က ကတုံးနဲ့ပါ) အသားညိုညို မိန်းမတစ်ယောက်ဆင်းလာပြီး ပြဿနာစရှာပါတော့တယ်။ "ခင်ဗျားတို့ ကျွန်တော်တို့ကားကို တို-က်ပြီး ဘာလို့ မောင်းပြေးတာလဲ လာရှင်းပေး"ဆိုပြီး ၃ ယောက်သား တစ်ယောက်တပေါက် ဝိုင်းြဖ-ဲပါတယ်။

အဘရော ကိုယ်ရောက ကိုယ့်ကားက လမ်းမှန်အတိုင်းသွားနေတာ သူတို့ကားက ကိုယ့်လမ်းကြောထဲ အတင်းထိုးဝင်လာလို့ တို-က်မိမလိုဖြစ်တာ မတိုက်မိတော့ ဒီတိုင်းဆက်မောင်းလာတာ ဖြစ်ကြောင်း ပထမ အေးဆေး ပြောပါတယ်။ ကိုယ်ကလည်း အဲဒီလို မတိုက်မိဘဲ တိုက်မိပါတယ်လို့ လုပ်စားနေတဲ့အုပ်စုအကြောင်းတွေ ဖတ်ဖူးထားတော့ အဘကို ကားပေါ်က လုံးဝမဆင်းခိုင်းပါဘူး။

အဲဒါကို သူတို့က ကျွန်တော်တို့ကား ခင်ဗျားတို့ကားနဲ့တို-က်မိလို့ ထိသွားတာ လာဆင်းကြည့်ရမယ်နဲ့ အတင်းကို ကားပေါ်က ဆင်းခိုင်းတာပါ။ နောက်ဆုံးကိုယ်က "ရဲခေါ်မယ် ဖုန်းနဲ့ ဗီဒီယိုလည်း ရို-က်ထားတယ်" ဆိုပြီး ပြောတော့ "ခေါ်လိုက်လေရော အဲဒီဗီဒီယိုပြ" တွေရော အတင်းပြောပါတယ်။ တကယ်သာရို-က်ထားမိတဲ့ ဗီဒီယို ရှိလို့ပြမိရင် ဖုန်းကို အတင်းဆွဲလုပြီး ဖျ-က်မယ့် ပုံစံမျိုးတွေပါ။

အဘကလည်း ဝိုင်းပြောလွန်းလို့ မနေသာတော့ သွားဆင်းကြည့်ပါတယ်။ သူတို့ကားက အရင်က ဆေးကွက်နေတာတွေကို "ခင်ဗျားတို့ကားနဲ့ တို-က်မိတာ" လို့အတင်းပြောတာပါ။ ကိုယ်တွေကားက အရင်က ဆေးကွာနေလို့ထင်နေတဲ့အစင်းကြောင်းကိုလည်း သူတို့ကားနဲ့ထိမိလို့ဖြစ်တာလို့ အတင်းတွေပြောပါတယ်။ ဘာမှမတို-က်မိလို့ ဘာမှမရှိတဲ့ကားကို အတင်းတွေ လာပြူးပြဲကြည့် ကိုင်ကြည့်ပြီးကို ပြစ်ချက်လိုက်ရှာကြတာပါ။ တကယ်သာ တို-က်မိရင် ယာဉ်မောင်းဘေး ခရီးသည်နေရာထိုင်နေတဲ့ ကိုယ်က ကားချင်းထိမိ ပွတ်မိတဲ့အသံမျိုး တုန်ခါမှုမျိုး သေချာပေါက်ခံစားမိမှာပါ။

အခုက တကယ် မထိမိလို့ကို ဆက်မောင်းခဲ့တာကို အုပ်စုလိုက်ဆင်းဖြဲနေတာပါ။ "ခင်ဗျားတို့ကားက အိမ်စီးကားမလား"လို့လည်း မေးပါတယ်။ "အိမ်စီးကားမဟုတ်ဘူး"ဆိုတော့ "အုံနာကားလား အာ့ဆို အုံနာခေါ်ပေး" လို့ ပြောပါသေးတယ်။ ဆူဆူညံညံဖြစ်နေတော့ အဲဒီနားက လုံခြုံရေးတစ်ယောက်လည်း ထွက်လာပြီးကိုယ်ကလည်း ရဲခေါ်မယ်ဆို တကယ်ဖုန်းဆက်နေတာ လည်းမြင်ရော "ခင်ဗျားတို့ သတိထား .. နောက်တွေ့တဲ့နေရာ ကားခေါင်းကိုလိုက်တို-က်မယ်" လို့ ခြိမ်းခြောက်ပြီး အုပ်စုလိုက် ကားပေါ်တက် ပြန်လစ်သွားကြတာပါ။

ကိုယ်တွေနေရာမှာ မိန်းကလေးတွေချည်းပဲတို့ မပြောတတ်မဆိုတတ်လူတွေတို့၊ ပြန်မပြောရဲတဲ့လူတွေတို့ ဖြစ်ပြီး အနီးနားကလည်း လူပြတ်တဲ့နေရာသာဆို သေချာပေါက် သူတို့ပြောသလို ပိုက်ဆံပေးရင် ပေးရ ၊ မဟုတ်ရင်လည်း လူတွေကိုပါ အန္တရာယ်တစ်ခုခု ပြုကောင်းပြုသွားနိုင်ပါတယ် ခုက လူသိပ်မပြတ်တဲ့ နေရာလည်းဖြစ်၊ ကိုယ်ကလည်း ကြားဖူးနားဝရှိနေလို့ ရဲခေါ်မယ် ဗီဒီယို ရို-က်ထားတယ်နဲ့ ပြန်ပြော၊ အနားက လုံခြုံရေးကလည်း ထွက်လာလို့ သက်သာသွားတာပါ ။

နောက်ဆို ဒီကားနံပါတ်နဲ့ ယောက်ျားနှစ်ယောက် မိန်းမတစ်ယောက်ဆို သတိထားကြပါ ကားကတော့ သူတို့ကားဟုတ်ချင်မှဟုတ်ပါလိမ့်မယ် တကယ်လို့ အုံနာရှိရင်လည်း သူ့ကားနဲ့ ဒီလို လုပ်စားနေတာ သိရအောင် တင်လိုက်တာပါ။

kokhant(#kk)

27 Dec, 04:11


ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန် ဘေးကင်းရာနေရာသို့ရောက်ရှိနေသည့် စစ်ရှောင်များစာရင်း ပထမအကြိမ် ထုတ်ပြန်

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန် ဘေးကင်းရာနေရာသို့ ရောက်ရှိနေသည့် သူမစစ်‌ရှောင်များစာရင်းကို မြေပြင်ကူညီဆောင်ရွက်နေသူများက ယနေ့တွင် ပထမအကြိမ် ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ဘေးရှောင်များကို ရွှေကူမြို့ နာ‌ရေးကူညီမှုအသင်းက လက်ခံစောင့်ရှောက်ထားပြီး၊ ၎င်းတို့အနေဖြင့် ဘေးကင်းလုံခြုံကာရှိနေပြီး ကျန်းမာရေးစောက်ရှောက်မှုအပါအဝင် စားသောက်ရေးများအတွက်ပါ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

အဆိုပါ စာရင်းအတွင်း ပါရှိသော ဝေးကွာမိသားစုများ စိတ်ပူနေခြင်းမှ ကင်းဝေးရန် တင်ပြပေးခြင်းဖြစ်ပြီး ၊ ယင်းအနက် မန္တလေးမြို့သို့ ထပ်မံလိုက်ပါလိုသူများလည်း  စာရင်းပေးသွင်းနိုင်သည်ဟု အသိပေးထားသည်။

kokhant(#kk)

12 Dec, 00:17


🙏🙏🙏

✏️🔍🔎🔏🔐🔒🔓❤️

နံနက်ခင်း မေတ္တာပို့ ဆုတောင်း
~~~~

သုံးဆယ့်တစ်ဘုံ၌ ကျင်လည်ကြကုန်သော
လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအပေါင်းတို့သည်.....

ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ..
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ..
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ..
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ..

သူတော်စိတ်မြတ် အငြိမ်းဓာတ် လွှမ်းပတ်
ကမ္ဘာတည်ပါစေ

မေတ္တာစိတ်မြတ် အအေးဓာတ် လွှမ်းပတ်ကမ္ဘာခြုံပါစေ

သတ္တဝါမှန်သမျှ ဘေးမခ အေးမြချမ်းသာရှိပါစေ

သတ္တဝါမှန်သရွေ့တရားတွေ့ ၊ ချမ်းမြေ့သာယာရှိပါစေ

kokhant(#kk)

08 Nov, 04:17


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ မိုင်းထောင်ဖောက်ခွဲရန်လာရောက်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားနှစ်ဦးသေဆုံးကာ တစ်ဦးအားလက်လုပ်မိုင်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိ

kokhant(#kk)

08 Nov, 04:08


ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား အများပြည်သူ အဓိက အသုံးပြုသွားလာနေတဲ့ ပြည်ထောင်စု လမ်းမတစ်နေရာမှာ လမ်းမြေပြိုလာနိုင်မယ့် အန္တရာယ်ရှိနေကြောင်း သိရပါတယ်။ "လမ်းက ထက်ဝက်လောက် အက်ကွဲ ရာထင်နေပြီ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အမြန်မြင်ပြီး ကြိုတင် ပြုပြင်၊ ပြင်ဆင်နိုင်မှာ တော်ကာကျမယ်။ ယာဉ်မောင်း ကားသမားတွေက အတော်လေး သတိထားပြီး သွားရမယ့် အခြေအနေပဲဖြစ်ပါတယ်

kokhant(#kk)

07 Nov, 11:10


အထူးမိုးလေဝသသတင်း
===============
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆:၀၀) နာရီအချိန် ထုတ်ပြန်ချက်
---------------------------------------------------------------------
၁။ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်မှ ရွေ့လျားလာသော လေပွေလှိုင်းများကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း ယနေ့မွန်းလွဲမှ ၈-၁၁-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။”
အကြုံပြုချက်
၂။ သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။
Ref: မိုး/ဇလ

kokhant(#kk)

06 Nov, 23:01


စောစောစီးစီး သံဝေဂ ရပါ
🙏🙏🙏🙏🙏🙏🙏🙏🙏

လူတွေဟာ သေခါနီးကျ မှ
ကပ်ပြီးတော့ သံဝေဂ ရကြတယ်။
အချိန်နှောင်းသွားပြီ မရတော့ဘူး။

မအားဘူး ဆိုတဲ့ စကားကို
သုဿာန်မှာ သွားပြောကြည့်
သေတဲ့သူတွေဟာ မအားတဲ့ကြားကပဲ
သေကြရတာချည်းပါ။

ဒါကြောင့်
သေခါနီးမှ ကပ်ပြီးတော့
သံဝေဂ မရကြပါနဲ့။
စောစောစီးစီး သံဝေဂ ရကြပါ။

#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏

#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။🙏

အပ်ပမာဒနေ သမ်မာဒထေ
သတိတစ်လုံး အမြတ်ဆုံး
🙏🙏🙏🙏🙏🙏🙏🙏🙏

#ကူးယူမျှဝေပူဇော်ပါသည်🙏

kokhant(#kk)

06 Nov, 09:19


အမေရိကန်နိုင်ငံကို ပြန်လည်ကောင်းမွန်စေရန် လုပ်ဆောင်သွားမည်ဟု ထရန့် မိန့်ခွန်း ပြောကြား

အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်က အမေရိကန်နိုင်ငံကို ပြန်လည်ကောင်းမွန်စေရန် လုပ်ဆောင်သွားမည်ဟု ဖလောရီဒါပြည်နယ် West Palm ကမ်းခြေမြို့ရှိ West Palm Beach ကွန်ဗန်းရှင်းစင်တာတွင် မိန့်ခွန်းပြောကြားခဲ့သည်။

ထရန့်သည် ရွေးကောက်ပွဲတွင် အနိုင်ရရန်သေချာခဲ့ပြီးနောက် ၎င်း၏ ထောက်ခံသူများကို မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

အိမ်ဖြူတော်သို့ ရောက်ရှိရန် ၎င်းနှင့် ၎င်းအားထောက်ခံသူများသည် သမိုင်းတစ်ခု ရေးသားခဲ့ကြောင်း ထရန့်က ပြောသည်။

"ဒီနေ့ညမှာတော့ ကျွန်တော်တို့ဟာ အကြောင်းပြချက်တစ်ခုအတွက် သမိုင်းတစ်ခုရေးသားခဲ့တာပါ။ အဲဒီအကြောင်းပြချက်က ကျွန်တော်တို့ဟာ အခက်အခဲအတားအဆီးတွေကို ကျော်ဖြတ်ဖို့ဖြစ်ပြီး ဘယ်သူကမှ မဖြစ်နိုင်ဘူးထင်ထားတာကို ကျော်လွှားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့နိုင်ငံမှာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ နိုင်ငံရေးအောင်ပွဲတစ်ခုဖြစ်ပါတယ်" ဟု ထရန့်က ပြောကြားခဲ့သည်။

Ref:AFP

■Website Link >>> https://news-eleven.com/article/297176

kokhant(#kk)

06 Nov, 05:29


ဘိမ်းစားပြီး တိုက်နေကြတာ၊ နောက်ဆုတ်ရကောင်းမှန်းမသိ၊
တချို့ဆို၊ အူပွင့်လျက် ခြုံစည်းရိုးပေါ် တက်လာတာ၊ သေတဲ့နေရာ ပစ်နိုင်မှ၊
ရပ်သွားတယ်၊ မသေမခြင်း နာရကောင်းမှန်း မသိ အတင်း၀င်လုံးတာ၊
AAဓာတ်ခဲတွေ ဆားပေါက်ကုန်ပြီ

SittNwayOo

kokhant(#kk)

06 Nov, 04:36


.

☯️


Trump နိုင်ဖို့ 87%

Electoral vote အရ
Trump - 298
Harris  - 240

..... လို့ခန့်မှန်းထားတာတွေ့ရတယ်၊


.

kokhant(#kk)

06 Nov, 04:34


ထရမ့်ကိုနှိပ်မရ။
ထရမ့်ကိုနှိပ်ရင် ကင်မလာဆီမှာသွားပေါ်နေ။

မဲခိုးတဲ့နည်းပညာကို
အမေရိကန်က NLD ဆီကခိုးသလား?
NLD က အမေရိကန်ဆီက ခိုးသလား?

မှန်မှန်ဖြေနော်။😅
မဖြေရင် ငါလုပ်မှာနော်။

#SniperSu

kokhant(#kk)

06 Nov, 04:27


အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့်က သမ္မတရွေးချယ်ရေးအဖွဲ့ (electoral vote) မဲ ၂၁၀ ရရှိထားပြီး ကာမလာ ဟဲရစ်က ၁၁၂ မဲရရှိထား

မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ ၁၅ မိနစ် တွင် ရရှိထားသည့် သတင်းများအရ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့်က သမ္မတရွေးချယ်ရေးအဖွဲ့ (electoral vote) မဲ ၂၁၀ ရရှိထားပြီး ကာမလာ ဟဲရစ်က ၁၁၂ မဲရရှိထားသည်။

သမ္မတရွေးကာက်ပွဲတွင် အနိုင်ရရန် electoral vote ၂၇၀ ရရှိရန်လိုအပ်သည်။

Ref: AP

https://t.me/kokhan1985/25894

kokhant(#kk)

01 Nov, 02:17


ကယားမှာ အစွမ်းပြနေသော jet fighterများ_

Free Burma Rangersက ပေါင် ၅၀၀ ဗုံးကြောင့် PDFတွေ သေဆုံးကြောင်း ထုတ်ဖော်ပြလာ..

kokhant(#kk)

30 Oct, 22:42


ကိုယ့်ကို မလိုလို့ မုန်းလို့ ပြောလာတဲ့
စကားသံတွေဆိုတာ ရှောင်လို့မရဘူး
တွေ့ရလိမ့်မယ်။

အဲဒီ ...မကောင်းတဲ့စကားသံတွေကို
ပြန်ပြန်ပြီး စဉ်းစားမနေနဲ့
ခဏခဏ အမှတ်ရ မနေနဲ့
စိတ်ထဲမှာ သိမ်းထားမနေနဲ့
အမှတ်ရတိုင်းထုတ်ထုတ်ကြည့်နေတဲ့
ပစ္စည်းတစ်ခုလို လုပ်မနေနဲ့။

အဲဒါတွေဟာ ပြီးခဲ့ပြီ..
ဘာမှမရှိတော့ဘူး။

ဘာမှ မရှိတော့တာကြီးနဲ့ ပတ်သက်ပြီး
မကျေမနပ် ဒေါသတွေ ဖြစ်နေတာဟာ
ဘယ်လောက်ဉာဏ်နည်းရာရောက်သလဲ

စိတ်ဆင်းရဲရတာပဲ ရှိတယ်..
အကုသိုလ်ဖြစ်ရတာပဲအဖတ်တင်တယ်။

ဒါကြောင့်..
သူများက ကိုယ့်ကို ဘာပဲပြောပြော
အဲဒါတွေကို အမှတ်ရပြီး..

ခံစားနေဖို့ ငါ့မှာ အချိန်မရှိဘူး။
တန်ဖိုးရှိတာတွေကိုလုပ်ရဦးမယ်လို့တွေး
ပြီး ဖြစ်ခဲ့တာတွေကို ထားခဲ့ပါတော့..

စဉ်းစားမနေပါနဲ့။

#သစ္စာရွှေစည်ဆရာတော်

#ကောင်မူ့တစ်ခုနေ့စဉ်ပြုနိုင်ကြပါစေ

#ချစ်ခြင်းများစွာဖြင့်မျှဝေအပ်ပါသည်

kokhant(#kk)

22 Oct, 12:29


၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်ဘက် ရေမိုင် ၂၁၀ မိုင် ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း(Sagar Island)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီ ပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကျန် ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၅၀ မှ ၅၅ မိုင် အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေမှ ၁၅ ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးထစ်ချုန်း၍ မိုးအသင့်အတင့်ရွာပြီး၊ တစ်ခါ တစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါ သည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးထစ်ချုန်း၍ မိုးအသင့်အတင့်ရွာပြီး၊ တစ်ခါ တစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါ သည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

Ref: မိုး/ဇလ

kokhant(#kk)

22 Oct, 03:19


လက်နက်ကိုင်အဖွဲ့ဝင်အဖြစ် အယောင်ဆောင်ကာ စီးပွားရေးလုပ်ငန်းရှင်(၂၇ ဦး)ထံက ခြိမ်းခြောက်၍ ငွေကြေးတောင်းခဲ့သူ နှစ်ဦးအား ပြင်ဦးလွင်မြို့နယ်တွင် ဖမ်းဆီးရမိ

လက်နက်ကိုင်အဖွဲ့ဝင်အဖြစ် အယောင်ဆောင်ကာ စီးပွားရေးလုပ်ငန်းရှင် (၂၇ ဦး)ထံက ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခဲ့သူ နှစ်ဦးအား ပြင်ဦးလွင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားအယောင်ဆောင်၍ စီးပွားရေးလုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေကြေးတောင်းခံနေသူ ကျော်ခိုင်ဦးနှင့် တရားမဝင်ဇနီးဖြစ်သူ အေးအေးဝင်းတို့ နှစ်ဦးအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက် နေ့လည်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာ၊ ခေတ္တာလမ်း၊ အမှတ်(၂၂၆)၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိထားသည့် ကျော်ခိုင်ဦး၏ ထွက်ဆိုချက်အရ ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် ကျောက်မဲ မြို့နယ်၊ ပန်မောက်ကျေးရွာ၌ နေထိုင်စဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ အဓမ္မလူသစ်စုဆောင်းသဖြင့် ၎င်းအဖွဲ့ ထံ ဝင်ရောက်ခဲ့ရပြီး ၂၀၁၆ ခုနှစ်တွင် ဆက်လက်နေထိုင်လိုခြင်းမရှိသဖြင့် ပြန်လည်ထွက်ပြေးခဲ့ကြောင်း၊ ၎င်းနောက် ပင်လောင်းမြို့နယ်၊ နှောင်မီးကားကျေးရွာ၌ ဆိုင်ကယ်ပြင်ဆိုင် ဖွင့်လှစ်နေထိုင်၍ လိုင်စင်မဲ့မော်တော်ယာဉ်များ ရောင်းဝယ်ခြင်းလုပ်ငန်းအား လုပ်ကိုင်ခဲ့သည်ဟု သိရှိရကြောင်း ထုတ်ပြန်ချက်အရသိသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှစ၍ Chrome Software မှတစ်ဆင့် Myanmar Business Directory Application အား အသုံးပြုကာ စီးပွားရေးလုပ်ငန်းရှင်များ၏ ဖုန်းနံပါတ်များအား ရှာဖွေ၍ ၎င်းသည် အကြမ်းဖက်ဖောက်ခွဲရေးအုပ်စုမှဖြစ်ကြောင်း၊ တပ်၊ ရဲ၊ ပြည်သူ့စစ်နှင့် အခြားအဖွဲ့အစည်းများအား တိုင်တန်းပါက သတ်ဖြတ်ခံရမည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆို၍ ငွေကြေးများ တောင်းခံခဲ့ကြောင်းထုတ်ပြန် ထားသည်။

https://t.me/kokhan1985/25883

kokhant(#kk)

18 Oct, 02:49


မောင်တောတိုက်ပွဲသတင်း
====================
ယနေ့နံနက်ပိုင်း ၂ နာရီခန့်က AA ဘိန်းစားအဖွဲ့
ဆေးကြောင်ပြီး လာတိုက်သေးတယ်
လေယာဉ်ပစ်ကူချက်ချင်းပေးတာနဲ့
တပ်မတော်သားတွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေရဲ့ ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့်
နံနက် ၅ နာရီထိုးခန့်မှာ AA ဘက်က ဒဏ်ရာ၊ သေဆုံးများစွာနဲ့ တတိယအကြိမ်မြောက် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်
နခခ ၅ ပတ်ချာလည် သတ်ကွင်းတွေကတော့
AA ခဲဝါတွေ အတွက် “ခွေးသင်္ချိုင်း”ပဲ
ဒေသခံတွေပြောစကားအရတော့ နခခ ၅ ကအဖွဲ့တွေသမပေးထားတဲ့
AA မသာ ၄၀၀ ကျော်နေပြီ(ဒါတောင်လေကြောင်းဗုံးကြဲတာမပါသေးဘူး)
#MinChitOo

https://t.me/kokhan1985/25878

kokhant(#kk)

18 Oct, 02:48


Pdf အကြမ်းဖက်သမားများနှင့် လက်နက်များဖမ်းဆီးရမိ

အကြမ်းဖက်မှုများကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ပဲခူးတိုင်း‌၊ ပြည်မြို့၊ ပြည်-အောင်လံကားလမ်းပေါ်တွင် စစ်ဆေးဆောင်ရွက်နေစဉ် ပြည်မင်းသားခရီးသည်တင်ယာဉ်တွင် စီးနင်းလိုက်ပါလာ သည့် pdf အကြမ်းဖက်သမား ၆ ဦးအား လက်နက်/ခဲယမ်းများနဲ့အတူ ချက်ချင်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့။ ဖမ်းဆီးရရှိမှုများမှာ -

(၁) အကြမ်းဖက် PDF ၆ ဦး
(၂) ဘီအေ ၆၃ သေနတ် ၉ လက်
(၃) ဘီအေ ၆၄ သေနတ် ၂ လက်
(၃) ၇.၆၂ ကျည် ၃၀၀ တောင့်
(၄) ဘီအေ ၆၃ ကျည်အိမ် ၁၄ ခု
(၅) လက်လုပ်မိုင်း ၇ လုံး


တို့ဖြစ်ပါတယ်။
-
ယခုလို ပြည်သူများ၏ သတင်းပေးမှုများကြောင့် အကြမ်းဖက်သမားများအား အချိန်တိုအတွင်း ဖမ်းဆီးရမိမှုများ မကြာခဏရှိနေကြောင်း သိရှိရပါတယ်။


တိုက်ပွဲသတင်းစုံ

https://t.me/kokhan1985/25877?single

kokhant(#kk)

18 Oct, 02:46


ရှမ်းမြောက်သိန္နီ၊MNDAAသိမ်းပိုက်ထားတဲ့မတ်ခရစ်ရွာရှိ ကိုးကန့်သူပုန်စခန်းလေကြောင်းတိုက်ခိုက်ခံလိုက်ရတဲ့မြင်ကွင်း။

https://t.me/kokhan1985/25869?single

kokhant(#kk)

23 Mar, 09:47


Messages in this channel will be automatically deleted after 1 month

kokhant(#kk)

23 Mar, 09:46


Channel name was changed to «kokhant(#kk)»

kokhant(#kk)

23 Mar, 09:46


Channel photo updated

kokhant(#kk)

23 Mar, 09:44


ပြိုင်ပွဲက စ တော့မလား။
တဖက်က Reply တက်လာပြီ။
ပွဲဆူတာကြည့်ချင်တာဗျ။

https://t.me/kokhan1985/89?single

kokhant(#kk)

23 Mar, 09:42


ရဲမင်းကို ဝိုင်းတွယ်ကြပြန်ပြီ။
တော်တော်ရှုတ်နေတဲ့အလှူငွေ

https://t.me/kokhan1985/87

kokhant(#kk)

23 Mar, 09:40


မတ္တရာမြိုနယ်၊ပိုဝကျေးရွာကိုအကြမ်းဖက်ပဒက်များမှ လက်နက်ဖြင့် မိုက်ကြေးခွဲကာ မီးရှို့နေကြောင်း သတင်းပို့လာတဲ့အတွက် ရွှေဘတို့သွားရောက်ပြီး အကြီးအသေးအစုံ​ကျွေးခဲ့
အကြမ်းဖက်ပဒက်များ ကြောက်လန့်တကြား ငယ်သံပါအောင်ထွက်ပြေးသွားကြပြီး

၎င်းအကြမ်းဖက်အဖွဲ့ထံမှ -
(က)Djl Mini 2 Se အမျိုးအစား Drone   ၁ စီး
(ခ)လက်လုပ်သေနတ် အရှည် ၄လက်။
(ဂ)လက်လုပ်စိန်ပြောင်း   ၁လက်
(ဃ)တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၁လုံး
(င)PDF တံဆိပ်ပါ ပျောက်ကျား အင်္ကျီ ၅ထည်
(စ)ပျောက်ကျား ဘောင်းဘီ   ၁ထည်
(ဆ)အလံ     ၁ခု
(ဇ)PDFရင်း(၅၁၀) တံဆိပ်ပါလည်စီး ၄ ခု တိုအားသိမ်းဆည်းရမိခဲ့

https://t.me/kokhan1985/86?single

kokhant(#kk)

23 Mar, 09:38


ဗိုလ်တထောင် ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများထောင်ထား​သော လက်လုပ်ဗုံးတွေ့

NOM မတ်၂၃၊ ၂၀၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစုရပ်ကွက်၊ ကမ်းနားကွန်ကရစ်လမ်းရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများထောင်ထားသော မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးကို မတ်လ ၂၂ ရက် ည ၉ နာရီ ၃၀ မိနစ်အချိန်ကတွေ့ကြောင်း သိရသည်။

ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့၊ အတားအဆီးပြုလုပ်ထားသည့် ဘယ်ရီဂိတ်အနီးတွင် ဝါယာကြိုးများပါသော မားမား ခေါက်ဆွဲခြောက်ဘူးနှစ်ဘူးကို မသင်္ကာဖွယ်တွေ့သဖြင့်ရှင်းလင်းရာ တစ်ဘူးအတွင်း လက်လုပ်ယမ်းများထည့်ထားသည့် သံဘူးထည့်ထားပြီး နောက်တစ်ဘူးအတွင်း ဆားကစ်ပြား၊ ဓါတ်ခဲ၊ ဝါယာကြိုးတို့ ချိတ်ဆက်ထားသည်ကိုတွေ့သဖြင့် ကမ်းနားကွန်ကရစ်လမ်းပေါ်တွင် အတားအဆီးပြုလုပ်ကာ ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်းသိရသည်။

News Of Myanmar NOM

https://t.me/kokhan1985/82

kokhant(#kk)

23 Mar, 09:37


ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့  နယ် ငှက်တံတား‌ကျေးရွာဘက်ရှိတပ်မ‌တော်စစ်‌ကြောင်းကို မံနား/စီသာကျေးရွာဘက်ရှိ  KIA-PDFများက
ယနေ့ (၂၃•၃•၂၀၂၃)ရက်နေ့  နံနက်(၉:၃၀)
အချိန်မှ(၁၀:၄၅)အချိန်ထိ လက်နက်
ကြီး/လက်နက်ငယ်များဖြင့်စတင်တိုက်ခိုက် သဖြင့်တပ်မတော်မှအပြန်အလှန်ပစ်
ခတ်ပြီး Kia-pdf များကို ရှင်းလင်းလျှက်
ရှိပါကြောင်း သတင်းရရှိပါသည်။

https://t.me/kokhan1985/81

kokhant(#kk)

22 Mar, 08:35


မနက်သတင်းပေး ည Save

မြစ်ကြီးနား လေဆိပ်မှ လဝက ဖရဲသီး Save လိုက်ပြီနော်

သတင်းပေးသူရေ ကျေနပ်တယ်မို့လား

https://t.me/kokhan1985/80?single