ဝါ စိမ်း နီ @ygryellowgreenred Channel on Telegram

ဝါ စိမ်း နီ

@ygryellowgreenred


သတင်းမှန်များထုတ်ပြန်ကြေငြာသွားရန်

ဝါ စိမ်း နီ (Burmese)

ဝါ စိမ်း နီ ဆိုပြီးတော့ ရည်ရွယ်ပါသည်။ ဒီနေ့စိမ်း လှိုင်းရမ်းတွေကို ပြန်ကြေငြာသွားရန် တင်ပြထားပါသည်။ ဒီစိမ်းနီအပိုင်းအစီမှကိုဝင်ခဲ့နိုင်သည်။ တင်ပြရန်အတွက်က 'ygryellowgreenred' နီးချက်နံပါတ်ဖြင့် စိမ်းချလိုပါသည်။ ဒီစိမ်းနီက အသေးစိတ်နည်းနည်းချက်များဖြစ်သည်။ သင်တင်ထားတဲ့သတင်းမှန်များက များဆက်သွယ်နိုင်သည်။ မသင့်က အတွက် ညောင်မျှသည်သည်။ ဒါသည် လန်ဒန်ယားနီအားဖြင့် စိမ်းနီ့ကို မြေကိုင်စကွယ်ပေးနိုင်အောင်ပါသည်။

ဝါ စိမ်း နီ

10 Jan, 22:43


January 11 (2025)

မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ
🌄🌅🌄
လုံးစုံများစွာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ
🙏🏻🙏🏻🙏🏻
ဥပါဒ်ရန်ဘေးကင်းစင်ဝေး
ငြိမ်းအေးကြပါစေ
🙏🏻🙏🏻🙏🏻
ကောင်းမွန်သောနေ့ရက်များကိုလည်းပိုင်ဆိုင်နိုင်ကြပါစေ
🙏🙏🙏

#💛💚❤️

ဝါ စိမ်း နီ

10 Jan, 14:54


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ Aliance ငွေစုငွေချေးရုံးမှ ငွေများအား အဆိုပါရုံးမှ ရုံးဝန်ထမ်း ၂ ဦး၊ ညစောင့် ၁ ဦးနှင့် သော့ဖျက်ပေးသူ အမျိုးသား ၁ ဦးတို့က ပူးပေါင်းစီစဉ် ရယူခဲ့ကြပြီး ဧည့်စာရင်းလာစစ်သည့်အဖွဲ့များမှ တံခါးဖျက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း လီဆယ်သတင်းပို့ခဲ့သည့်ဖြစ်စဉ်အား ဖော်ထုတ်ဖမ်းဆီးရမိသည်။
နေပြည်တော်၊ ဇန်နဝါရီလ ၁၀ ရက်

ဝါ စိမ်း နီ

10 Jan, 14:52


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြိုနယ်ရှိ Aliance ငွေစုငွေချေးရုံးမှ ငွေများအား အဆိုပါရုံးမှ ရုံးဝန်ထမ်း ၂ ဦး၊ ညစောင့် ၁ ဦးနှင့် သော့ဖျက်ပေးသူ အမျိုးသား ၁ ဦးတိုက ပူးပေါင်းစီစဉ် ရယူခဲ့ကြပြီး ဧည့်စာရင်းလာစစ်သည့်အဖွဲများမှ တံခါးဖျက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း လီဆယ်သတင်းပိုခဲ့သည့်ဖြစ်စဉ်အား ဖော်ထုတ်ဖမ်းဆီးရမိ နေပြည်တော်၊ ဇန်နဝါရီ ၁၀

ဝါ စိမ်း နီ

10 Jan, 14:05


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်နှင့် မန္တလေးတပ်နယ်တို့ရှိ  အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား 🇲🇲🇲🇲🇲🇲

ဝါ စိမ်း နီ

10 Jan, 14:00


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပြောကြား

ဝါ စိမ်း နီ

10 Jan, 13:42


ဟိုပုံးမြို့နယ်၌ တပ်မတော်အင်ဂျင်နီယာသင်တန်းအမှတ်စဉ် (၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွငရဒေသ၊ ဟိုပုံးမြို့နယ်၌ တပ်မတော် အင်ဂျင်နီယာသင်တန်းအမှတ်စဉ် (၂၂)ကို ယနေ့နံနက်(၈)နာရီခွဲ အချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင်တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်လင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ ကျောင်းဆင်းသင်တန်းသားမိသားစုဝင်များနှင့် ဧည့်ပရိတ်သတ်များတက်ရောက်ကြပြီး သင်တန်းဆင်းပွဲတွင် သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။

တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က သင်တန်းဆင်းတပ်ခွဲအား စစ်ဆေးပြီး သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့ကြသူများအားဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်း ဆင်းမိန့်ခွန်းပြောကြားကာ သင်တန်းဆင်းတပ်ခွဲက စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခဲ့ကြောင်းသိရသည်။

ဝါ စိမ်း နီ

05 Jan, 08:28


မောင်မောင်ခေါ်တုန်းမထူးကြဘူး
အခုဟျောင့်တွေလို့ခေါ်နေတုန်း ထူးဖြစ်အောင်သာထူးထားကြပေတော့
ခါချဉ်ကောင်မာန်ကြီးပေမယ့်တောင်ကြီးကိုဖြိုတာနောက်ထား ဇွန်းတောင်မနိုင်သေးဘူး
ကိုယ့်ဖြစ်တည်မှုကိုယ်သဘောပေါက်ကြပါ။

ဝါ စိမ်း နီ

05 Jan, 07:30


*စိတ်မချမ်းမြေ့ဖွယ် မိုးကုတ်မြို့နှင့် အနီးတဝိုက်သတင်းများ*
သပြေညိုအစွမ်းပြတယ်လို့ ဆိုရမယ်။ မိုးကုတ်မြို့ကို TNLA သူပုန်တွေ လာတိုက်တုန်းက အိုးစည်ဗုံမောင်းတီးပြီး သပြေခက်လေးတွေနဲ့ ကြိုဆိုကြတာ မှတ်မိကြလိမ့်ဦးမယ်ထင်ပါတယ်။ ဒီ .. သပြေ ခက်လေးတွေက မိုးကုတ်မြို့နဲ့ အနီးတဝိုက်မှာ အစွမ်းပြနေပါပြီ။
-
မိုးကုတ်မှာ ဖုန်း၊ အင်တာနက် အသုံးမပြုဖို့ ပလောင်က ပိတ်ထားတယ်။ သုံးတာတွေ့ရင် ကြက်ငှက်ကလေး တွေလို အပျောက်ရှင်းပစ်လိုက်ကြတယ်။ အခုလည်း ပလောင်သူပုန် TNLA က သူ့အောက်မှာ မြို့အုပ်ချုပ်ရေး အဖွဲ့ဆိုပြီး ဖွဲ့စည်းပြီး ကျောက်မျက်လုပ်ကွက်တွေ တိုင်းတာပြီး အခကြေးငွေယူ ချပေးနေတယ်။ အုပ်ချုပ်ရေးအဖွဲ့မှာ ဘယ်သူတွေပါလဲဆိုတော့ -
(၁) ဝင်းတင့် (စည်ပင်သာယာရပ်ကွက်)
(၂) ဇော်ဝင်း (မြတ်စေတနာလူမှုရေး)
(၃) မွန်လေး (ရွှေဘုံသာရပ်ကွက်)
(၄) သာထွန်းအောင် (ဈေးဟောင်းရပ်ကွက်)
(၅) ဆန်ဂျေး (တောင်ကချင်ရပ်ကွက်)
(၆) ဟုမ်းမနက် (ကျောက်ကုန်သည်)
(၇) စီတာရာ (ရှမ်းတောရပ်ကွက်)
ဆိုတဲ့သူတွေနဲ့ ဖွဲ့ထားတယ်။ အဲဒီသူတွေထဲက ကျောက်မျက်လုပ်ကွက်ချထားရေးတာဝန်ခံက ဆန်ဂျေး ဖြစ်ပြီး တိုင်းတာရေးတာဝန်ခံ ဆင်ခွာရွာက လှဖေ (ပလောင်) ဖြစ်တယ်။ လုပ်ကွက်တစ်ခု တိုင်းတာတိုင်း လုပ်ကွက်ရသည်ဖြစ်စေ/ မဖြစ်စေ ဆန်ဂျေးနဲ့ လှဖေကို ငွေ ၃ သိန်းစီ ပေးရတယ်။ ဆိုချင်တာကတော့ မိုးကုတ်သူတွေ မိအေး ၂ ခါနာ အဖြစ်ပေါ့။
-
ဒီ ၃၁ ရက်နေ့ည (New Year) တုန်းကလည်း ဝက်သားလာရောင်းတဲ့ လီဆူးလူမျိုး ဈေးသည်လေးတွေဆီက ဝက်သားတွေကို TNLA အဖွဲ့က လုယက်ပြီး အောင်ပွဲခံစားသောက်လိုက်ရလို့ ဈေးသည်တွေခမြာ အရင်းပြုတ်သွားပါလေရဲ့။
-
ဒါ့အပြင် မူးယစ်ဆေးသုံးလို့ဆိုပြီး မိုးကုတ်ထောင်မှာ ဖမ်းထားတာ လူငယ် ၂၀၀ ကျော်တယ်။ အဲ့သူတွေကို ဆုံးမတယ်ဆိုပြီး ရိုက်နှက်ကြတာ သေတဲ့သူတွေ အများကြီးရှိသလို အောက်ပိုင်းသေသွားတဲ့သူတွေလည်း များတယ်လို့ သိရတယ်။ ပိုက်ဆံတတ်နိုင်သူတွေကသာ TNLA ကို ငွေကြေး အမြောက်အမြားပေးပြီး ထောင်ထဲက ထုတ် .. မန္တလေးကို တိမ်းရှောင်နိုင်ကြတယ်။
-
နောက်ထပ် ဆိုးဝါးတဲ့သတင်းတစ်ခုက မိုးကုတ်က ကာရာအိုကေဆိုင်တွေမှာ TNLA သူပုန်အဖွဲ့တွေဟာ နေ့စဉ်ညတိုင်း အခမဲ့ မူးယစ်သောက်စားကြပြီး သူတို့သဘောကျတဲ့ မိန်းကလေးတွေကို တစ်ည ၂ သိန်းပေး မယ်ဆိုပြီး အပြင်ခေါ်သွား ပျော်ပါးကြတယ်။ ဒီဇင်ဘာ ၆ ရက်နေ့လောက်က ကာရာအိုကေဆိုင်မှာ အလုပ်လုပ်နေတဲ့ မိန်းကလေး ၃ ယောက်ကို ၂ သိန်းစီပေးမယ်ဆိုပြီး အပြင်ကို ခေါ်ထုတ်သွားကြတယ်။ ၂ ယောက်ကတော့ အသက်မဲ့ခန္ဓာနဲ့အတူ ဆိုင်ကို ပြန်ရောက်လာပြီး ၁ ယောက်ကတော့ ဒဏ်ရာအပြင်း အထန်နဲ့ ပြန်ရောက်လာတယ် (ဒါက .. မိအေး ၃ ခါနာ)။
-
မူးယစ်ဆေးသုံးလို့ဆိုတဲ့ ခေါင်းစဉ်နဲ့ အဖမ်းခံရတဲ့ လူငယ် (၂၀၀) ကျော်နဲ့ ကာရာအိုကေဆိုင်ကနေ အပြင်ခေါ်သွားပြီး လူမဆန်စွာ နှိပ်စက်ကွပ်မျက်ခံခဲ့ရတဲ့ မိန်းကလေးဟာ ဗမာလူမျိုးတွေချည်း ဖြစ်တယ်ဆိုတာ စိတ်မကောင်းစွာ သိရတယ်။
-
ပထွေးကို ဖအေထင်ပြီး သပြေခက်နဲ့ ကြိုဆိုကာ အိမ်ဦးခန်းကို တင်ထားကြတဲ့ မိုးကုတ်ဒေသခံတွေအတွက် ကတော့ ဝဋ်ရှိသရွေ့ ခံပေဦးတော့ဗျိုး။
KT

ဝါ စိမ်း နီ

05 Jan, 05:52


အလှူခံ ခွက်ခေါက်ဖို့အတွက် ဂျင်းထည့်နည်းတွေ။ ပစ်ချင်ရာလျောက်ပစ်ပြီး။ ဘယ်ကျလို့ ကျမှန်းမသိ။😁😁

ဒီတစ်ခေါက် တောင်ငူလေတပ်က လေယာဉ် ဘယ်နှစီးပျက်ပြီး စကစ တပ်သား ဘယ်နှဦးသေသွားသလဲဆိုတာ ပြောပါဦး 🤣🤣🤣🤣

မှိုင်းဝေ

ဝါ စိမ်း နီ

05 Jan, 05:51


ဒီ Video ဖိုင်က ဇန် ၁ ရက်နေ့၊ မောင်တောမြို့နယ်၊ မီးဒိုင်ရွာရှိ အကြမ်းဖက် AA စခန်းကို ARSA အဖွဲ့တွေ စီးနင်းတိုက်ခိုက်တဲ့ ဖိုင်ဖြစ်ပါတယ်။
-
ကိုယ့်တိုင်းရင်းသား ရခိုင်သူပုန် AA ကို ပြည်ပက ထောက်ပံ့မှုတွေယူထားတဲ့ ARSA အဖွဲ့က လာရောက် တိုက်ခိုက်တာ လက်မခံချင်ပေမယ့် AA အဖွဲ့ကလည်း အင်မတန်ယုတ်မာတဲ့ အကြမ်းဖက်အဖွဲ့ဖြစ်နေတော့ လက်ပိုက်ကြည့်နေရုံကလွဲပြီး ဘာမှတ်ချက်မှ မပေးလိုတော့ပါ။
-
ယခုအချိန်မှာ မူဆလင်အဖွဲ့ ၄ ဖွဲ့ပေါင်းပြီး အကြမ်းဖက် AA ကို ချေမှုန်းမယ်လို့ သတင်းတွေ ထွက်နေပြီး ရခိုင်လူမျိုးတွေအတွက် အလားအလာ မကောင်းနိုင်ပါ။ ရခိုင်တိုင်းဟာ AA မဟုတ်ပေမယ့် AA တိုင်းက ရခိုင် ဖြစ်နေလို့ ယုတ်မာခဲ့တဲ့ မိုက်ပြစ်တွေကို ခံစားရမှာ လောကနိယာမတရားပါပဲ။
-
အကြမ်းဖက် AA အဖွဲ့ဟာ အခုဆိုရင် နောက်ပိုးဖြတ်ရိုက်မယ့်အဖွဲ့ပေါ်လာပြီဖြစ်လို့ စစ်မျက်နှာ ၂ ခုနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။ ကြားထဲက ရခိုင်လူမျိုးတွေအတွက်တော့ စိတ်မကောင်းဖြစ်ရုံမှတစ်ပါး ကျန်တာတော့မရှိ။
-
တိုက်ပွဲသတင်းစုံ

ဝါ စိမ်း နီ

05 Jan, 05:10


လက်တစ်ဆုပ်စာ လူတစ်စု၏ ကိုယ့်အကျိုးအတ္တကို ရှေ့တန်းတင်နေသ၍ ဒေသခံပြည်သူများ၏ ဘဝများပင် ထိခိုက်နစ်နာနေရဦးမည်ဟု တပ်ချုပ်ပြောကြား

ပြည်နယ်အရေး၊ လူမျိုးစုအရေးဟူသည့် ခေါင်းစဉ်များဖြင့် လက်တစ်ဆုပ်စာ လူတစ်စု၏ ကိုယ့်အကျိုးအတ္တကို ရှေ့တန်းတင်နေသ၍ ဒေသခံပြည်သူများ၏ ဘဝများပင် ထိခိုက်နစ်နာနေရဦးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ပြောကြားပါတယ် ။

ဇန်နဝါရီ (၄) ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို တက်ရောက်မိန့်ခွန်းပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ် ။

ဝါ စိမ်း နီ

05 Jan, 05:08


တန်ပြန်တိုက်စစ်တွေကိုစိတ်ဓာတ်တက်ကြွစွာဆင်နွှဲနေသော မြန်မာ့တပ်မတော်သားများ အန္တရာယ်ကင်းဘေးရှင်းပြီးအောင်မြင်မှုတွေရရှိပါစေ🙏🙏🙏

ဝါ စိမ်း နီ

05 Jan, 05:06


ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း  မိုင်းထောင်ဖောက်ခွဲမှုများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား လုပ်ကြံပစ်ခတ်သူ အကြမ်းဖက်သမား တရားခံ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇန်နဝါရီ ၄

ဝါ စိမ်း နီ

05 Jan, 03:48


အလှူခံ ခွက်ခေါက်ဖို့အတွက် ဂျင်းထည့်နည်းတွေ။ ပစ်ချင်ရာလျောက်ပစ်ပြီး။ ဘယ်ကျလို့ ကျမှန်းမသိ။😁😁

ဒီတစ်ခေါက် တောင်ငူလေတပ်က လေယာဉ် ဘယ်နှစီးပျက်ပြီး စကစ တပ်သား ဘယ်နှဦးသေသွားသလဲဆိုတာ ပြောပါဦး 🤣🤣🤣🤣

မှိုင်းဝေ

ဝါ စိမ်း နီ

04 Jan, 23:56


January 5 (2025)

မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ
🌄🌅🌄
လုံးစုံများစွာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ
🙏🏻🙏🏻🙏🏻
ဥပါဒ်ရန်ဘေးကင်းစင်ဝေး
ငြိမ်းအေးကြပါစေ
🙏🏻🙏🏻🙏🏻
ကောင်းမွန်သောနေ့ရက်များကိုလည်းပိုင်ဆိုင်နိုင်ကြပါစေ
🙏🙏🙏

#💛💚❤️

ဝါ စိမ်း နီ

04 Jan, 19:10


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြု 🇲🇲🇲🇲🇲🇲

ဝါ စိမ်း နီ

01 Jan, 13:02


ပြည်သူ့စစ်မှု့ထမ်းဗဟိုသို့ဆက်သွယ်တင်ပြတိုင်ကြားနိုင်

ပြည်နယ်နှင့်တိုင်းအသီးသီးတို့တွင်ပြည်သူ့
စစ်မှု့ထမ်းကိစ္စနှင့်ပတ်သတ် ၍ ငွေကြေးနှင့်ညှိနှိုင်းခြင်း စစ်မှု့ထမ်း  ဥပဒေနှင့်ကိုက်ညီမှု့မရှိသောကျူးလွန်ဆောင်ရွက်မှု့များရှိနေသည်ဟူသောသတင်းများအရ ထိုကဲ့သို့ကျူးလွန်ဆောင်ရွှက်မှု့များရှိပါကအောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်တင်ပြတိုင်ကြားနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။

ပြည်သူ့စစ်မှု့ထမ်းဗဟို
067-3404922
067-3404933
067-3404944
067-3404911

ဝါ စိမ်း နီ

01 Jan, 10:43


❗️❗️❗️❗️❗️❗️❗️❗️❗️
KBZPay လတ်တလောဖြစ်စဉ်များကို အမြန်ဆုံးစိစစ်နေပြီး စုံစမ်းဖော်ထုတ်သွားမည်ဟုသတင်းထုတ်ပြန်


၁ ဇန်နဝါရီ ၂၀၂၅

▪️KBZPay နှင့်ပတ်သက်၍ လတ်တလောဖြစ်စဉ်များကို အမြန်ဆုံး စိစစ်ဆောင်ရွက်နေကာ ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှု နှင့်အတူ စုံစမ်းထုတ်ဖော်သွားမယ်လို့ KBZPay က အသိပေးခဲ့ပါတယ်။

▪️လတ်တလောတွင် KBZPay အသုံးပြုသူအချို့၏ အကောင့်များသို့ OTP ကို ရယူပြီး PIN နံပါတ် ကို ခန့်မှန်းကာ ဝင်ရောက်သည့် ဖြစ်စဉ်များရှိခဲ့ပြီးနောက် KBZPay က သတင်းထုတ်ပြန်ချက်တစ်ခုကို ဒီဇင်ဘာ ၃၁ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
▪️အဆိုပါဖြစ်စဉ်များကို ကမ္ဘောဇဘဏ်မှ သိရှိသတိပြုမိထားပြီး ဖြစ်ကြောင်းနှင့် အသုံးပြုသူများ ငွေကြေးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကမ္ဘောဇဘဏ်မှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် အကောင်းဆုံး ဝန်ဆောင်မှု ပေးလျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။
▪️PIN နံပါတ်သည် ဒစ်ဂျစ်တယ်ငွေကြေးလုံခြုံစိတ်ချရမှုရှိစေရန်  အရေးကြီးသည့် ဒစ်ဂျစ်တယ် သော့တစ်ချောင်း ဖြစ်ပါသည်။  PIN နံပါတ်အား မိတ်ဆွေအပေါင်းအသင်းများဖြစ်စေ၊ မိသားစုဝင်များဖြစ်စေ၊ ဘဏ်ဝန်ထမ်းများဖြစ်စေ၊ ကုန်သည် (merchant) များဖြစ်စေ မည်သူနှင့်မျှ လုံးဝ (လုံးဝ) မျှဝေခြင်းမပြုရန် အလွန်အရေးကြီးတယ်လို့လည်း KBZPay က သတိပေးထားပါတယ်။
▪️အဆိုပါနံပါတ်ကို KBZPay မှလည်း မည်သည့်အခါမျှ တောင်းဆိုမည်မဟုတ်သလို  PIN  နံပါတ်သတ်မှတ်ရာတွင်လည်း ခန့်မှန်းရလွယ်ကူသော ဆင်တူဂဏန်းများ၊ မိမိ၏မွေးနေ့၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ် အစရှိသည့် နံပါတ်များကို———-
#ymg/knl

ဝါ စိမ်း နီ

01 Jan, 08:47


-
ဒဂုံမြို့သစ်အ​ရှေ့ပိုင်းတွင်ပစ်ခတ်ရန်ပြင်ထားသည့်​ရှော့တိုက်ဒုံးနှစ်လုံးမိ
=============================================================
NOM၊ဇန်နဝါရီ၁၊၂၀၂၅

ဒဂုံမြို့သစ်အ​ရှေ့ပိုင်းမြို့နယ်၊ပရိုဝမ်းကုန်တိုက်​​ဘေး​မြေကွက်လပ်​ရှေ့၊အမှတ်(၂)လမ်းမကြီး​ဘေးတွင်အ​ရှေ့​တောင်ဖက်သို့ချိန်ရွယ်ထားသည့်လက်လုပ်ဒုံးနှစ်ခုကိုဒီဇင်ဘာလ၃၀ရက်နံနက်၇း၃၀နာရီက​တွေ့ရှိဖယ်ရှားလိုက်ရ​ကြောင်းသိရသည်။

လမ်း​ဘေးတွင်မင်္ကာဖွယ်ပစ္စည်းများ​တွေ့​ကြောင်းသတင်းအရလုံခြုံ​ရေးအဖွဲ့ကသွား​ရောက်ရှင်းလင်းရာဘက်ထရီနှစ်အိုးဖြင့်ချိတ်ဆက်ကာပစ်ရန်အသင့်ပြုလုပ်ထား သည့်လက်လုပ်​ရှော့တိုက်ဒုံးနှစ်လုံးကို​တွေ့ရှိသဖြင့်​ဖောက်ခွဲဖျက်ဆီးလိုက်​ကြောင်းသိရသည်။

ဝါ စိမ်း နီ

01 Jan, 06:32


(၇၀) ကြိမ်မြောက် အောင်ဘာလေထီပေါက်စဉ် စ/ဆုံး

ဝါ စိမ်း နီ

01 Jan, 06:31


မေမြို့နာရီစင်နှင့် Happy new year

ဝါ စိမ်း နီ

01 Jan, 05:06


Happy new year 2025

ဝါ စိမ်း နီ

01 Jan, 05:02


ရန်ကုန်သူ ရန်ကုန်သားတွေတအားကဲတာပဲ

ဝါ စိမ်း နီ

01 Jan, 04:40


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမ(၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေခန့်မှန်းချက်ကို ၁-၁-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားပါတယ်…

Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဝါ စိမ်း နီ

01 Jan, 04:13


ကြည်ဖြူစွာအစစ်ဆေးခံကြပါရန်
=====================
မန္တလေး က စစ်ကိုင်းတံတားနှာပေါက်ဖြစ်စဉ်မှာ မလိုလားအပ်တဲ့ သူတေွေဆီကို ပို့ဆောင်မယ့် ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တဲ့အထဲမှာ သာသနာ့နွယ်ဝင် ဘုန်းတော်ကြီးတွေ ရဲ့ မော်တော်ယာဉ်တွေကို အသုံးပြုသယ်ဆောင်သွားးတာကို ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်။ ပြောချင်တာလေး နှစ်ခုရှိလို့ ရေးသားတင်ပြပါရစေ။
ပထမတစ်ချက်ကတော့ ဘုန်းတော်ကြီးတွေအနေနဲ့ မိမိတို့၏ကျောင်းပိုင်ကားများကို သွားလာမှုလျင်မြန်စေရေးအတွက် အသုံးပြုခြင်းမှအပ သက်ဆိုင်ရာ သာဝကတွေ ဆွေမျိုးမိတ်ဆွေတွေကို ငှားရမ်း အသုံးပြုမှုကို ဆင်ခြင်ရမှာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးမှုခံယူရာတွင်လည်း ကြည်ဖြူစွာဖြင့် အစစ်ဆေးခံယူတော်မူကြပါရန် ရိုသေလေးစားစွာဖြင့် အကြံပြုတင်ပြအပ်ပါတယ်။
ဒုတိယအချက်ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တင်ပြပါဖြစ်စဉ်ဟာ စစ်ကိုင်းတံတားနှာပေါက်မှာတာဝန်ကျနေတဲ့ တာဝန်သိ/သစ္စာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်မှုကြောင့် သာဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ စစ်ကိုင်းတံတားရောက်မှ မိုးပေါ်ကကျလာတာမဟုတ်ပါဘူး ပေါ့လျော့စွာ ဖြတ်သန်းခွင့်ပေးခဲ့တဲ့ ဂိတ်တွေ၊ ရောင်းချခဲ့တဲ့ ဆိုင်တွေ၊ ပါဝင်ပက်သက်သူတွေကို ဆက်လက်ဖော်ထုတ် အရေးယူသင့်ပါတယ်။ တာဝန်ကျေပွန်သူတွေကိုလည်း ထိုက်တန်စွာ ဆုချီးမြှင့်ပေးပြီး ပေါ့လျော့တဲ့သူတွေကိုလည်း ပြင်းထန်စွာအရေးယူသင့်ကြောင်း အကြံပြုလိုပါတယ်။

ဝါ စိမ်း နီ

01 Jan, 03:53


၂၀၂၅ ရုံးပိတ်ရက်/အလုပ်ပိတ်ရက်များ

ဝါ စိမ်း နီ

01 Jan, 02:01


၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျရောက်သော နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ပြောကြားသည့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

ဝါ စိမ်း နီ

01 Jan, 02:00


ယနေ့ စက်သုံးဆီဈေးနှုန်းများ

ဝါ စိမ်း နီ

01 Jan, 00:00


January 1 (2025)

မင်္ဂလာရှိသော နှစ်သစ်တစ်ခုရဲ့နံနက်ခင်းပါခင်ဗျာ
🌄🌅🌄
လုံးစုံများစွာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ
🙏🏻🙏🏻🙏🏻
ဥပါဒ်ရန်ဘေးကင်းစင်ဝေး
ငြိမ်းအေးကြပါစေ
🙏🏻🙏🏻🙏🏻
ကောင်းမွန်သောနေ့ရက်များကိုလည်းပိုင်ဆိုင်နိုင်ကြပါစေ
🙏🙏🙏

#💛💚❤️

ဝါ စိမ်း နီ

26 Nov, 00:08


November 26 (2024)

မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ
🌄🌅🌄
လုံးစုံများစွာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ
🙏🏻🙏🏻🙏🏻
ဥပါဒ်ရန်ဘေးကင်းစင်ဝေး
ငြိမ်းအေးကြပါစေ
🙏🏻🙏🏻🙏🏻
ကောင်းမွန်သောနေ့ရက်များကိုလည်းပိုင်ဆိုင်နိုင်ကြပါစေ
🙏🙏🙏

#💛💚❤️

ဝါ စိမ်း နီ

25 Nov, 14:12


သူတို့ပြောတဲ့ဘွာတေး
=============
အခြေမလှအနေမလှတော့ဘဲ ရှိရင်းစွဲနယ်မြေတောင်မှ ပြန်ပေးရတော့မယ့်အခြေအနေကိုရောက်မှ ငြိမ်းချမ်းရေးကမ်းလှမ်းလာတယ်ဆိုတာကတော့ လက်ခံနိုင်စရာအကြောင်းကိုမရှိပါဘူး။
၁။ ဆုံးရှုံးခဲ့ရတဲ့ အရာရှိ/စစ်သည်တွေ
၂။ လားရှိုး ၉/၁၀၀ ကမိမိတို့စစ်သည်တွေ မိသားစုဝင်တွေ
၃။ သတင်းပေးဒလန်ဆိုပြီး စွပ်ဆွဲ ခံပြီးလောကကြီးကနေပျောက်ကွယ်သွားခဲ့တဲ့ အပြစ်မဲ့ပြည်သူတွေ အပြစ်မဲ့ နိုင်ငံ့ဝန်ထမ်းတွေ
၄။ ပျက်ဆီးသွားခဲ့ရတဲ့ ရှမ်းမြောက်ဒေသက ရှမ်းတိုင်းရင်းသားတွေရဲ့ အေးချမ်းတဲ့ မြို့တွေ/ရွာတွေ စတဲ့အရာရာအတွက် တာဘုန်းကျော်တာဝန်ယူမှာလား? ဖုန်တာရွှင်တာဝန်ယူမှာလား?
ရမလားလို့လုပ်ကြည့်တယ် အခြေအနေမလှတော့မှ "ဘွာတေး" ဆိုတော့ မင်းတို့ကတဲ့ဇာတ် မင်းတို့ ဇာတ်သိမ်းကို လှအောင်ရေးလို့တော့ မရဘူးလေ။ မင်းတို့ရေးတဲ့ဇာတ်လမ်းက နဂိုတည်းက ဇာတ်သိမ်းပေါ်နေတာကို အခုအချိန်ကျမှတော့ အချိန်နှောင်းသွားပီလို့ပြောရတော့မှာပဲ။
ကျနော်ကတော့ ကျနော်အားပေးတဲ့ တပ်မတော်ကြီးရဲ့ အောင်ပွဲကြီးကိုပဲစောင့်ကြည့်နေတော့မယ်။ "အောင်ပွဲရတပ်မတော်ကြီးအား လှိုက်လှဲစွာအားပေးလျက်"

ဝါ စိမ်း နီ

25 Nov, 14:05


ဝရာကနေပိန်တော့မှာပါလား
==================
ဝ ဆိုတာတကယ်တမ်းတော့ ထိုင်းကဘယ်လိုနည်းနဲ့ရရ ကမ္ဘာ့မြေပေါ်ကနေဖယ်ရှားချင်နေတာ ကြာပါပြီ။
ဘာဖြစ်လို့လဲ???
-----------------
မေးဆရာရှိလာရင် ဖြေပေးချင်လို့ ရေးလိုက်ပါတယ် ထိုင်းနိုင်ငံအတွင်းသို့ နှစ်စဉ် တရားမဝင်ဝင်ရောက်နေတဲ့ မူး/ယ/စ် ‌ေ ဆးဝါးတွေရဲ့ ၉၇.၈၂ % ရာခိုင်နှုန်းဟာ ဝ ဒေသတွေကနေဝင်ရောက်နေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မူးယ/စ်‌ေ ဆးဝါး အထူးရဲတပ်ဖွဲ့ရဲ့ နှစ်စဉ်စစ်တမ်းမှာကို အထူးတလှယ်ဖော်ပြလေ့ရှိပါတယ်။ ဆိုတော့ ဝ ဆိုတာ ပျောက်ကွယ်သွားခဲ့ရင် ထိုင်းနိုင်ငံအတွက် လာဘ်ကြီးတစ်ပါးပါပဲ။
ဘာကြောင့်လဲ?
----------------
မြန်မာ-ထိုင်းနှစ်နိုင်ငံ အိမ်နီးချင်းချစ်ကြည်ရေးအရ ဝ ဒေသသည် မြန်မာနိုင်ငံပိုင်နက်ထဲမှာရှိတာကတကြောင်း၊ ဝ သည် မြန်မာနိုင်ငံမှ အထူးဒေသ တနည်းမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တာကတကြောင်း အမျိုးမျိုးသော အကြောင်းကြောင်းတွေကြောင့်သာ အိမ်နီးချင်းထိုင်းနိုင်ငံအနေနှင့် မသိချင်ယောင်ဆောင်နေခဲ့ရတာဖြစ်ပါတယ်။
လတ်တလောအခြေအနေ
---------------------------
လတ်တလောအခြေအနေမှာတော့ ရှမ်းမြောက်အရေးအခင်းမှာ မြောက်သုံးကောင်ရဲ့ နောက်ကွယ်က လက်သည်ဟာ ဝ တို့အနေနဲ့ ရာနှုန်းပြည့်နီးပါးပါဝင်ပတ်သက်နေတဲ့ အချက်ပါပဲ။ ဒါ့အပြင် ထိုင်းနဲ့ ဝကြားမှာမှာရှိတဲ့ ရှေ့တန်းနယ်စပ်စခန်းတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေပိုများလာခဲ့ပြီး ဝ စခန်းတွေဟာ ထိုင်းနယ်မြေထဲကို ရောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်ပါတယ်။
အခြေအနေပိုမိုဆိုးရွားလာတာကတော့ ဝ နဲ့ နစက ရဲ့ အေးစက်သွားတဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ ပေါက်ဖော်ကြီးတို့အနေနဲ့လည်း ကိုယ်မွေးတဲ့မြောက် ကိုယ့်ပြန်ချောက်နေတဲ့ အခြေအနေကြောင့် ဝ Vs နစက+ပေါက်ဖော် တို့သာ ဆက်ဆံရေးအေးစက်သွားခဲ့မယ်ဆိုရင်တော့............... မဝ နိုင်တော့တဲ့ ဝ အခြေအနေတစ်ခုကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ဝါ စိမ်း နီ

25 Nov, 13:14


Nov 25

လက်နက်များ ဖမ်းဆီးရမိ
===================

နိုဝင်ဘာ ၂၄ ရက် မနက် ၁၀ နာရီခန့်က ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်း၊ မြိုလှမြို၏ အနောက်မြောက်ဘက် မီတာ ၁၂၀၀၀ ခန့်အကွာတွင် လက်နက်/ခဲယမ်းများ သယ်ဆောင်မည်ဟု သတင်းရရှိသဖြင့် ဝန်းကျင်အား ပိတ်ဆိုရှင်းလင်းရာ အကြမ်းဖက် ၁၀ ဦးခန့်ဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် အလောင်း ၁ လောင်း
(၂) သေနတ် ၂ လက်
  - M-4 သေနတ် ၁ လက်
  - ပစ္စတို ၁ လက်
(၃) ကျည်အိမ် ၂ ခု၊ ကျည် ၁၀ တောင့်

တိုအား သိမ်းဆည်းရရှိခဲ့ပါသည်။ (ပုံများ ထပ်မံဖော်ပြပါမည်)
-
တိုက်ပွဲသတင်းစုံ

ဝါ စိမ်း နီ

25 Nov, 13:04


❝အမျိုးသားအောင်ပွဲနေ့မှာ ဗိုလ်မှူးကြီး နှစ်ဦးနဲ့ ဗိုလ်မှူး နှစ်ဦးတို့ကို သူရဘွဲ့ချီးမြှင့်❞

≋တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်များလည်းပါဝင်ခဲ့≋


𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙉𝙤𝙫~𝟐𝟓》

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးကြီး နှစ်ဦးနှင့် ဗိုလ်မှူး နှစ်ဦးတို့အား တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်သည့် ❝သူရဘွဲ့❞ ကို ယနေ့တွင်ကျရောက်သည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ချီးမြှင့်လိုက်ကြောင်း သိရသည်။

အဆိုပါ သူရဘွဲ့ကို ဗိုလ်မှူးကြီးဝဏ္ဏလှိုင်၊ ဗိုလ်မှူးကြီး သက်ထွန်းအောင်၊ ဗိုလ်မှူး မျိုးကိုကိုထွန်းနှင့် ဗိုလ်မှူးအောင်ဆန်းဦးတို့က ရရှိခဲ့ခြင်းဖြစ်ပြီး ဗိုလ်မှူးချုပ်မျိုးရွှေနှင့် ဗိုလ်မှူးချုပ်တင့်နိုင်ထွန်းအပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၆ ဦးအားလည်း တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ❝သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်❞ကို ချီးမြှင့်ခဲ့သည်။

MHT

ဝါ စိမ်း နီ

25 Nov, 12:34


မှတ်မိပါသေးတယ် စစ်အစိုးရလက်ထပ်မှာ နိုင်ငံတော်တည်ဆောက်ရေးအတွက် မြို့တွေတည်ဖို့၊ လမ်း တံတားတွေဖောက်ဖို့ သယံဇာတတွေ တူးဖော်ရောင်းချတုန်းက သယံဇာတတွေ ကုန်ပါပြီ (သူခိုးတွေ) စသဖြင့် အနီကြောင်တွေ အော်ဟစ်ခဲ့ကြတယ်။ အနုပညာရှင်တွေနဲ့ လူရွှင်တော်တွေလည်း ရုပ်ရှင်တွေရိုက် ၊ ပျက်လုံးတွေ ထုတ်ခဲ့ကြတယ်။

အခု သူပုန်တွေက တိုင်းတစ်ပါးနဲ့ပေါင်းပြီး သယံဇာတတွေ ထုတ်နေတော့ ဘယ်သူမှ အသံမထွက်ရဲကြပါဘူး။ အဲ့သူပုန်တွေ သယံဇာတတွေ ထုတ်တာ လမ်းဖောက်ဖို့လည်းမဟုတ်သလို တံတားဆောက်ဖို့လည်း မဟုတ်ဘူး။

တရုတ်လုံခြုံရေးတပ်တွေ မြန်မာပြည်လာမယ်ဆိုတော့ ကုန်းအော်တယ်။ သူပုန်တွေ လုပ်ချင်ရာလုပ်တာကျ မအော်ရဲကြပါဘူး။

တစ်ဖက်စွန်းရောက်တယ်ဆိုတာ အဲ့တာပဲဗျ။

ဝါ စိမ်း နီ

25 Nov, 07:18


‌မိုးကုတ်နဲ့ နမ္မတူမှာ
တရုတ်နဲ့ ပေါင်းပြီး ကျောက်ခိုးထုတ်နေတဲ့ tnla

အဲဒီ ၂ မြို့ကို ဘာလို့ ဗုံးမကြဲသေးတာလား။

#VOS

ဝါ စိမ်း နီ

25 Nov, 07:14


ပဲခူး ရိုးမ ပေါ် ၌တပ်မတော်က
နယ်မြေရှင်းလင်းစဉ် မကွေး pdf တပ်ရင်းမှူး ဆိုတဲ့ ငနဲ အပါအဝင် ပဒက် ၃ ကောင် မသာပေါ်

ဝါ စိမ်း နီ

25 Nov, 06:06


ပဲခူးရိုးမထဲမှာ PDF အကြမ်းဖက်တွေက ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံပိုင် သယံဇာတသစ်တွေကို ခိုးခုတ် ခိုးထုတ် ရောင်းစားနေကြတာကြောင့် သစ်ပင်ကြီးတွေ ကုန်သလောက်ဖြစ်နေပြီး တောင်ငူခရိုင်ထဲက တောတွေဆိုရင် ကတုံးတွေဖြစ်ကုန်ပြီတဲ့...ဒီအတိုင်းဆိုရင် မကြာခင်မှာ PDF အကြမ်းဖက်တွေကြောင့် သစ်တောတွေ ပြုန်းတီးပျောက်ကွယ်သွားဖို့ သေချာနေပြီ... PDF အကြမ်းဖက်တွေ လက်နက်ကိုင်တယ်ဆိုတာ နိုင်ငံနဲ့ ပြည်သူတွေအတွက်မှ မဟုတ်တာ...သူတို့ကိုယ်ကျိုးစီးပွားအတွက် ဒီလိုမျိုး ကိုယ်ကျိုးစီးပွားရှာချင်လို့ဆိုတာ သိကြပြီမို့လား...

ဝါ စိမ်း နီ

25 Nov, 06:02


​ခေတ်သစ်မှ ထပ်ဆင့်ဖြန့်​ဝေ​ပေးပါသည်
ကျေးဇူးပါခေတ်သစ် 😁

ဝါ စိမ်း နီ

25 Nov, 05:27


ဂုဏ်ထူးဆောင်ဘွဲ့များ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းခြင်း

ဝါ စိမ်း နီ

23 Nov, 13:50


နယ်မြေရှင်းလင်း(တောင်ခမ်း)

နိုဝင်ဘာ ၂၂ ရက် နေ့လည်ပိုင်းက နောင်ချိုမြိုနယ်၊ တောင်ခမ်းကျေးရွာ ဘုရားကုန်း၏တောင်ဘက်နယ်မြေများအား ရှင်းလင်းရာ ထိတွေ့မှုဖြစ်ပွားပြီး TNLA အကြမ်းဖက်သောင်းကျန်းသူများထံမှ-

(၁)TNLAအကြမ်းဖက် အလောင်း- ၂ လောင်း
(၂) Type 81သေနတ် - ၂ လက်
(၃) ကျည်အိမ်- ၅ ခု ကျည်- ၇၀ တောင့်တိုအား


အခြားအသုံးအဆောင်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရရှိခဲ့ပါသည်။(ပုံများအား ထပ်မံဖော်ပြပါမည်)



တိုက်ပွဲသတင်းစုံ

ဝါ စိမ်း နီ

23 Nov, 11:01


ဆီဆိုင်မြို့နယ် ပွန်ချောင်းတံတားမှာ အကြမ်းဖက် PNLA အဖွဲ့ကို  တပ်မတော်နဲ့ PNA ပူးပေါင်းအဖွဲ့က ဘာကြောင့် ချေမှုန်းလိုက်သလဲဆိုတာကို ပြောပြလာတဲ့ ပအို၀်း ပြည်သူတစ်ဦး

နားထောင်ကြည့်လိုက်

ဝါ စိမ်း နီ

23 Nov, 10:56


အမ်းမှာ ဆိုင်ကယ်တွေနဲ့လာတဲ့ AA သုံးဆယ်ကျော်ပါစစ်ကြောင်ကို တပ်မတော် ဒရုန်းတပ်ဖွဲ့မှ တစ်ယောက်မှ မကျန်အောင်ချေမှုန်းသုတ်သင်

ဝါ စိမ်း နီ

23 Nov, 10:41


အကြမ်းဖက်များမြို့/ရွာများထဲသို့အဝေးမှပစ်ခတ်တိုက်ခိုက်(နမ့်လန်)

နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့လယ်ပိုင်း တွင် နမ့်လန်မြို့တွင်းသို့ MNDAA အကြမ်းဖက်သောင်းကျန်းသူများက ရှော့တိုက်ဒုံး ၃ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မယ်ဇလီကုန်းရပ်ကွက် လယ်ကွင်းအတွင်း တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီးလူထိခိုက်မှုမရှိခဲ့။

အခြားတစ်လုံးမှာ ရွှေတောင်ဆီဆိုင် နောက်ဘက်ချောင်းအနီးကျရောက်ပေါက်ကွဲခဲ့ပြီး အနီးအနားတွင် ထင်းကောက်နေသော ကိုထွန်းအောင်(ဘ)ဦးလုံးရှန်၊ ၃၃ နှစ်၊ နားပန် ကောက်(ဟိုစန်)ရပ်ကွက်နေသူမှာ ညာပေါင်ရင်းဖောက်ဝင် ဒဏ်ရာရရှိခဲ့၊

နောက်ထပ်တစ်လုံးမှာ ကျောက်ဂူဘက်အထွက်လမ်း ရပ်ကွက်အတွင်းရှိ နှစ်ထပ်အိမ်တစ်လုံးထိမှန်ပျက်စီးခဲ့ပြီး ဒေါ်ပါဆိုင်(ဘ)ဦးလုံးစန့်၊ ၆၆ နှစ်မှာ ညာခြေသလုံးဖောက်ဝင်၊ ညာလက်ကောက်ဝတ်ဖောက်ဝင်၊ ဝဲပါးစောင်ပေါက်ပြဲ၊ နောက်ကျောပေါက်ပြဲ ဒဏ်ရာရရှိခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသည့် ဒေသခံများအား တပ်မတော်တာဝန်ရှိသူများမှ ဆေးကုသမှုခံနိုင်ရန် ဆေးရုံသို့အချိန်မီ ပို့ဆောင်ပေးပြီး လိုအပ်သောကူညီထောက်ပံ့မှုများပြုလုပ်ပေးလျက်ရှိကြောင်းသိရှိရပါသည်။

တိုက်ပွဲသတင်းစုံ

ဝါ စိမ်း နီ

23 Nov, 10:36


အာဆီယံ ကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးသို့ ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ပြီး ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်း၊ လာအိုနှင့် ဘရူနိုင်းနိုင်ငံတို့မှ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံဆွေးနွေး

(၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များအစည်းအဝေးသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ခဲ့ပြီး ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်း၊ လာအိုနှင့် ဘရူနိုင်း နိုင်ငံတို့မှ တာဝန်ရှိသူများနှင့်လည်း သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး(25th ASEAN Chiefs of Army Multilateral Meeting - 25th ACAMM)သို့ နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်စားတက်ရောက်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ Mabalacat မြို့သို့ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၁ ရက်တွင် Mabalacat မြို့ရှိ Hilton Clark Sun Valley Resort ၌ ကျင်းပသော (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝါ စိမ်း နီ

23 Nov, 06:00


နောင်ချိုမြို့နယ်အတွင်း ပလောင်အစွန်းရောက်အကြမ်းဖက် TNLA အဖွဲ့များ ဘိန်းဖြူထုတ်လုပ်ရန်ပြင်ဆင်နေသည့်နေရာကို လေယာဉ်ဖြင့်ဗုံးကြဲချေမှုန်း

ဝါ စိမ်း နီ

21 Nov, 23:59


November 22 (2024)

မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ
🌄🌅🌄
လုံးစုံများစွာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ
🙏🏻🙏🏻🙏🏻
ဥပါဒ်ရန်ဘေးကင်းစင်ဝေး
ငြိမ်းအေးကြပါစေ
🙏🏻🙏🏻🙏🏻
ကောင်းမွန်သောနေ့ရက်များကိုလည်းပိုင်ဆိုင်နိုင်ကြပါစေ
🙏🙏🙏

#💛💚❤️

ဝါ စိမ်း နီ

21 Nov, 17:06


စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့အား ငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၅ ရက် နံနက် ၅ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ကျီကုန်းကျေးရွာလမ်းဆုံတွင် ကလေးဝမှ ကလေးဘက်သို့ စိန်လွင်မောင်းနှင်ပြီး ချစ်စန်းကို လိုက်ပါလာသည့် FUSO ၁၂ ဘီးယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဘိန်းဖြူ ၅၀ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့တွင် မန္တလေးမှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချခဲ့ကြသည့် မြင့်နိုင်ဦး (ခ) မောင်စိုးနှင့် ဇော်ဝင်းထွန်း (ခ) နိုင်ဝင်းထွန်း (ခ) နားကားတို့အား မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်ရှိ နေအိမ်တွင်လည်းကောင်း၊ ဘရန်မွန်း (ခ) ဇော်တန်အား မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်တွင် လည်းကောင်း၊ ရန်နိုင်အား မဟာအောင်မြေမြို့နယ် စင်္ကြာနွယ်စဉ်ရပ်ကွက်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း။

ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီတွင် အဆိုပါ မူးယစ်ဆေးဝါးများအား ကလေးမြို့တွင် လက်ခံသိုလှောင်၍ မြန်မာ-အိန္ဒိယ နယ်စပ်သို့ တင်ပို့ရောင်းချသူများ ဖြစ်ကြသည့် လားထန်ပွီးယာအား ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ(၁၀)တွင် တစ်ဖက်နိုင်ငံမှ တရားမဝင် တင်သွင်းခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်နှင့်လည်းကောင်း၊ သောက်နယ်လွယ် (ခ) ပုသောက်အား ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ(၁၃)ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၅၁ သန်း၊ အိုက်စ် (မက်အဖက်တမင်း) ၄၁၂ ကီလို၊ ဘိန်းဖြူ သုည ဒသမ ၄၃ ကီလိုနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ နိုဝင်ဘာ ၆ ရက်တွင် မန္တလေးမှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများ တင်ပို့ခဲ့သည့် ဝင်းဌေးအောင်အား ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့၍ ၎င်းတင်ပို့ခဲ့သည့် မူးယစ်ဆေးဝါးများအား လက်ခံသိုလှောင်ထားသည့် လှမိုး(ခ)ဆန်းလွင်အား ကလေးမြို့ လှိုင်သာယာရပ်ကွက်ရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်တွင် ဘိန်းဖြူ ၁၃ ဒသမ ၂ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။

ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများအား မန္တလေးမြို့တွင် တစ်ဆင့်ပြန်လည်ရောင်းချသူမှာ ရော်ကျိန်ရန် (ခ) အားဟွိုက်ဖြစ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာတွင် ငွေကြေးလွှဲပြောင်း လက်ခံဆောင်ရွက်ပေးသူမှာ ၎င်း၏ဇနီး မအားမိန်ဖြစ်ကြောင်း သိရှိရသဖြင့် ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်ရှိ နေအိမ်တွင် ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်နေ စိုးဝင်း၏ အစီအမံဖြင့် မူးယစ်ဆေးဝါးများ မန္တလေးတွင် လက်ခံသိုလှောင် ဖြန့်ဖြူးပို့ဆောင်ပေးသူ ရဲဇော်အောင် (ခ) အားဖအား ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်ရှိ နေအိမ်၌ ဘိန်းဖြူ ၈၉ ဒသမ ၈ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ဒသမ ၀၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၅၁ သန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၃ တန်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးမြို့သို့ သယ်ဆောင်ပြီး ထိုမှတစ်ဆင့် ကလေးမြို့ တွင်သိုလှောင်၍ မြန်မာ-အိန္ဒိယနယ်စပ်တွင် တစ်ဘက်နိုင်ငံမှ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူများနှင့် ချိတ်ဆက်သယ်ဆောင် ရောင်းဝယ်ခဲ့ကြောင်းနှင့် အလားတူ ထိန်းချုပ်ဓာတုပစ္စည်းများ တစ်ဘက်နိုင်ငံမှ တရားမဝင်တင်သွင်းခဲ့ကြသည့် မူးယစ်မှောင်ခိုဂိုဏ်း အဖွဲ့ဝင်(၂၁)ဦးအား ဖော်ထုတ်နိုင်ခဲ့၍ ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

ဝါ စိမ်း နီ

21 Nov, 14:12


နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ အခမ်းအနား တက်ရောက်ချီးမြှင့် 🇲🇲🇲🇲🇲🇲

ဝါ စိမ်း နီ

21 Nov, 13:48


ဟော......သူတို့လုပ်ရင်အကောင်း
သူတို့ရှုံးတော့ မကောင်းတော့ဘူး
မသီတာရေ ဂုဏ်ယူလျက်ပါဗျ

ဝါ စိမ်း နီ

21 Nov, 12:36


နောင်ချိုမြို့နယ် ကံကြီးရွာမှာ ခိုအောင်းနေတဲ့ TNLA အဖွဲ့တွေကို တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
ဖြစ်စဉ်မှာ TNLA ဆေးမှူးအပါအဝင် သောင်းကျန်းသူအများအပြား ထိခိုက်သေဆုံးခဲ့ကြပါတယ်။

#AungMoeKyaw

ဝါ စိမ်း နီ

21 Nov, 04:05


နောင်ချို

21/11/24
✈️💣💣💣

12:8Am
12:41Am
1:00Am ပေါင်း၃ ကြိမ်
အတွဲလိုက်တွေရော

ဝါ စိမ်း နီ

19 Nov, 06:44


ဖုန်တာရွှင် အဖမ်းခံရတဲ့အကြောင်းအရင်းအမှန်
===================================
Myanmar Now သတင်းဌာနမှာ လာရှိုးကနေပြန်မဆုတ်လို့ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က ဖမ်းထားကြောင်း သတင်းဖြန့်နေပါတယ်

ဖြစ်စဉ်အမှန်က အမေရိကန် (Drug Enforcement Administration –DEA)က မူးယစ်ရာဇာအလိုရှိပစ်မှတ် တရားခံစာရင်းသွင်းခံထားရတဲ့ ဖုန်တာရွှင်ဟာ NUG ကတဆင့် CIA နဲ့ ချိတ်ဆက်ပြီး မူးယစ်ရာဇာတရားခံစာရင်းကလွတ်အောင် မြန်မာ့နိုင်ငံအတွင်း တရုတ်ဩဇာကို အာခံမယ့် လက်နက်ကိုင်အဖွဲ့အဖြစ် လိုင်းကြောင်ပြီး လှုပ်ရှားလာလို့ တရုတ်က မူးယစ်ကိစ္စနဲ့ဖမ်းဆီးတာလို့ တရုတ်မီဒီယာတွေက ဖော်ပြနေပါတယ်

ကျားဖြန့်ကိုအကြောင်းပြပြီး ဖုန်မျိုးနွယ်ရဲ့ ရန်သူ နစကအစိုးရရဲ့လူ ပယ်စောက်ချိန်ကို ဖမ်းဆီးပြီး လောက်ကိုင်ဒေသကို ဖုန်အဖွဲ့ကိုပေးခဲ့ပေမယ့် ဖုန်အဖွဲ့ကတရုတ်ကို အာခံပြီး CIA cell ထိုင်ဝမ်တရုတ်နဲ့ NUG ကို သွားချိတ်လိုက်တာကို တရုတ်ထောက်လှမ်းရေးက သိသွားပြီး ဖုန်တာရွှင်ကို ထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ ထင်မြင်ယူဆနေကြပါတယ်။

ထုံးစံအတိုင်း အနောက်အုပ်စုက ဖြစ်စဉ်အမှန်ကို လမ်းကြောင်းလွှဲချင်လို့ သူတို့ရဲ့ ဩဇာခံမီဒီယာတွေကတဆင့် လားရှိုးပြန်မပေးလို့ ဖုန်တာရွှင်အဖမ်းခံရတာဖြစ်တယ်လို့ သတင်းလွှင့်နေကြောင်း တရုတ်-မြန်မာဆက်ဆံရေးစောင့်ကြည့်လေ့လာသူတွေက သုံးသပ်လျက်ရှိပါတယ်...

တိုက်ပွဲသတင်းစုံ

ဝါ စိမ်း နီ

19 Nov, 04:38


တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ပိတ်ပွဲပြုလုပ်
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ပိတ်ပွဲကို နိုဝင်ဘာ ၁၇ ရက် ညပိုင်းတွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာမီးပုံးပျံကွင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယဉ်ကျေးမှုအကအဖွဲများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ခရီးသွားပွဲလာပရိသတ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲများ၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။ ထိုနောက် ပြိုင်ပွဲဝင်စိန်နားပန်မီးပုံးပျံကြီး သုံးလုံး၊ ညမီးကြီး မီးပုံးပျံလေးလုံးတို လွှတ်တင်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
ဆုရတေးသီချင်းဖြင့် ကပြဖျော်ဖြေ
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်(၂၀၂၄ ခုနှစ်) တောင်ကြီးမြို တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အား ပိတ်သိမ်းကြောင်း ကြေညာခဲ့ပြီး မီးရှူးမီးပန်းများ လွှတ်တင်ပစ်ဖောက်ခြင်း၊ စိန်နားပန်မီးပုံးပျံလွှတ်တင်ခြင်းနှင့် မီးပုံးပျံငယ်များ လွှတ်တင်ခြင်းတိုကို ဆောင်ရွက်ကြပြီး တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲများက တောင်ကြီးတန်ဆောင်တိုင်ဆုရတေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ဝါ စိမ်း နီ

19 Nov, 04:27


TNLA များထိမ်းသိမ်းထားသည့် နမ္မတူမြို့နယ်က ယခင်အစိုးရအမတ်ဟောင်း ဦးဝင်းလှိုင်ဆေးကုသခွင့်မရကြောင်း နှင့် အဆိုပါ ပုဂ္ဂိုလ်၏ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရသည့် အခြေအနေဖြစ်ပေါ်နေကြောင်းသိရှိရပါသည်။

ဝါ စိမ်း နီ

19 Nov, 04:18


ဖီဖာနိုင်ငံတကာခြေစမ်းပွဲ မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်လက်ရွေးစင်အသင်း နိုင်ငံတကာခြေစမ်းပွဲစဉ်အား MRTV HD နှင့် MRTV Parliament Channel တိုမှ ညနေ ၄ နာရီ ၄၅ မိနစ်တွင် တိုက်ရိုက် live ထုတ်လွှင့်ပြသမည်။

ဝါ စိမ်း နီ

19 Nov, 04:01


ဖုန်ကိုးကန့်သတင်းနောက်ဆက်တွဲ
======================
မနေ့ကတော့ ဒီသတင်းက တော်တော်လေးနေရာယူလွှမ်းမိုးခဲ့တာ တွေ့ရတယ်။ဒီနေ့တော့ဒီသတင်းရဲ့ နောက်ဆက်တွဲ သတင်းအဆက်ကိုကြားရဖို့ ရှိမယ်ထင်ပါတယ် ။
အခုပဲ ပေါက်ဖော်တို့နယ်စပ်ကနေ ကြားသိလာရတဲ့ သတင်းတစ်ပုဒ်အရ ဆိုရင် ဖုန်/တာရွှင် ကို မြန်မာအစိုးရ ထံ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ က လွှဲပြောင်းပေးဖို့ သံတမန်ရေးရာအရ ဆွေးနွေးညှိနှိုင်းနေကြပြီလို့ ဆိုပါတယ် ။
ပယ်/ဆောက်ချိန်ကို မြန်မာ က ပေါက်ဖော်တို့ဆီ လွှဲပေးသလို ဖုန်/တာရွှင်ကို လည်း လွှဲပေးကောင်းလွှဲပေးနိုင်တာမို့ ဖုန်/တာရွှင် ဟာ မြန်မာတရုတ် ချစ်ကြည်ရင်းနှီးမှုအတွက် တရုတ်ပေးမယ့် ၂၀၂၅ ခုနှစ် နှစ်သစ်ကူးအထူးလက်ဆောင်လည်း ဖြစ်လာနိုင်ပါတယ် ။
ဥပဒေနဲ့ အညီ အကြ/မ်း/ဖက်ခေါင်းဆောင်တွေ ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဖမ်းဆီးပေးပို့ ခြင်း ဟာ ဥပဒေနဲ့ ညီညွတ်ပါတယ်။ ဒါ့ကြောင့် အခုဆိုရင် TNLA AA ခေါင်းဆောင်တွေလည်း မျက်ခုံးလှုပ်နေကြပါပြီ ။
ဒါဟာ နစက ရဲ့ အကြ/မ်း/ဖက်အဖွဲ့ အဖြစ်ကြေငြာခဲ့တဲ့ ကောင်းကျိုးဖြစ်သလို
နစက ဥက္ကဌ ကြီး ရဲ့ တရုတ်ပြည် ခရီးစဥ်ရလဒ် ကောင်းလို့ ဆိုရမှာပဲ ဖြစ်ပါတယ် ။
တစ်ဖက်မှာ မြန်မာနဲ့တရုတ် နှစ်နိုင်ငံနယ်စပ်မှာ အခြေချနေတဲ့ KIO/KIA အဖွဲ့ ကို အကြ/မ်းဖ/က်အဖွဲ့အဖြစ် မကြာမီ ကြေငြာသွားမယ် လို့ ယူဆရပါတယ် ။
KIA ကို အကြ/မ်းဖ/က်အဖွဲ့ အဖြစ်မကြေရသေးပေမယ့် အန်ဘန်လ နဲ့ ဂွမ်မော် တို့ အုပ်စုက လိုင်ဇာမှာ မနေရဲလို့ သူတို့အတွက်ပိုပြီးလုံခြုံမယ်လို့ ထင်တဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဆီ ထွက်ပြေးခိုလှုံနေကြပြီလို့ ကြားသိထားပါတယ်။

ဝါ စိမ်း နီ

19 Nov, 03:27


စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၇၀၀၀ ကျော်လာ

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ် သတ်မှတ်ထုတ်ပြန်ပေးနေသည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ၇၀၀၀ အထိ မြင့်တက်လာကြောင်းမှ သိရသည်။

နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး ယခုအခါ တစ်ပိဿာ ၇၀၀၀ ကျော်အထိ မြင့်တက်လာခြင်းဖြစ်သည်။

စားအုန်းဆီ အဓိကထုတ်လုပ်တင်ပိုသည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပိုဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက် ၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

ဝါ စိမ်း နီ

19 Nov, 03:05


ပြင်ဦးလွင်မှာ တပ်မတော် နဲ့ပြည်သူ သွေးကွဲအောင် နည်းမျိုးစုံနဲ့ သပ်လျှိသွေးခွဲနေတဲ့ ခေတ်သစ် မီဒီယာပါ။ တရားဝင် မှု မဝင်မှု များဟာ မြေပြင် မှာစုံစမ်းကြည့်ရင် သိနိုင်ပါတယ်။ လုံခြုံရေး ကောင်းလွန်းလို ၊ တစ်ဖက် အဖွဲအစည်းတွေ ဝင်လိုတောင် မရတဲ့ ပြင်ဦးလွင်ရဲ့ လုံခြုံရေးကို ပျက်ပြားအောင် သွေးခွဲတဲ့ပိုစ်ပါ။ တရားမဝင်တဲ့ ဧက ၂၀၀ မှာ ပါဝင်ကြတဲ့ သူတစ်ချိုရဲ့ မကျေနပ်လို ခေတ်သစ်ကို သတင်းပေးလို တက်လာတဲ့ပိုစ်ပါ။ အမှန်တကယ်တော့ ၊ ပြင်ဦးလွင်မှာ တရားမဝင်တာ လုံးဝ ကို လုပ်လိုမရပါ။ အာဏာပိုင် အဖွဲအစည်းကလဲ လက်မခံပါ။ ခေတ်သစ်ရဲ့ အကောက်ဉာဏ် ဆင်မှုနဲ့၊ မမှန်သတင်းပေးမှုများပါ။ အုပ်ကြီး နဲ့ ပြည်သူ့စစ်တွေရဲ့ စစ်ဆေးမှု အားကောင်းလွန်းလို မြိုက အေးချမ်းသာယာလျက်ပါ။
#bak

ဝါ စိမ်း နီ

19 Nov, 00:58


ရှက်ရမ်း ရမ်းနေတာ
==================

         အချိန်မရှိမှ  ကိုစိုးဆီက ဖုန်းဝင်လာတယ်....

'' ငမျိုးရေ အကြမ်းဖက်တွေကတော့ တို့ မြို့ကို ဟိုနေ့ တိုက်မယ် ဒီနေ့တိုက်မယ်နဲ့ ကြိမ်းဝါးနေတယ် ကွ ''

'' ကြားပါတယ်ဗျာ ၁၉ ရက်နေ့ကို သီတာယုမွန် ဆီ လာတိုက်မယ် ဘာညာ နဲ့ ပြောနေတာလေ ''

'' အေး ဗျာ  ဒီကောင်တွေက မြို့ကို လောင်စာဆီ နဲ့ စားဆီ ဖြတ်မယ် ဘာညာ လေလုံးထွားနေတာ မြို့ကလည်း စောက်ရူးများတော့ အခု ဓာတ်ဆီဆိုင်တွေ တိုးခွေ့ဝယ်နေကြတာ ဆိုင်တွေတောင် ပိတ်ကုန်ပြီ ''

'' သူတို့ ကြွားထားတဲ့ ဌာနချုပ်တွေ အသိမ်းခံရလို့ ရှက်ရမ်း ရမ်းနေတာပါ ကျုပ်တို့မြို့က ပြည်သူ့စစ်တွေက လိုက်ရှာပြီးတောင် တိုက်နေရတာဗျာ သူတို့လာရင် ပိုကြိုက်တာပေါ့ ''

'' အေး ဟ ဟုတ်သားပဲ လာပါ့မလားကွ ''

'' ခင်ဗျားကလည်းဗျာ အခုဆို တဲရွာမှာလည်း တပ်ကထိုင်ထားပြီ လေ ၊ သီတာယုမွန်တို့ စစ်ကြောင်းက လက်ရှိနေရာကနေ ရှေ့တို့မယ် ၊ နွားထိုးဖက်က စစ်ကြောင်း တကြောင်း ၊ တောင်သာက တကြောင်း နဲ့ မြငိးခြံတပ်က နောက်တကြောင်းထိုးလိုက်ရင် ခွေးမသားတွေ ပြေးပေါက်တောင် မရှိဘူး ''

'' အေး ကွ ဒါပေမယ့် ခက်တာက အဲသလိုကို တွဲမပါကြတာကွ ''

'' အင်းးး ထားပါဗျာ မပြောတော့ပါဘူး 79  တို့ 81 တို့သာ သီတာယုမွန်တို့ရရင် ပဒက်မျိုး မြန်မြန်သုန်းမှာ သေချာတယ် ''

'' အေးပါ ကွာ မင်းပြောသလိုဆိုရင် မြို့ကို ၁၉ ရက်နေ့ လာတိုက်မယ် ဆိုတာ....''

'' ကိုယ့် သေတွင်း ကိုယ်တူးချင် လာလို့ ပြောလိုက်ပေါ့ ဗျာ တပ်ကလည်း တင့်ကားတောင်းထားတာ နဲ့ ရောက်လာမှာနဲ့ ကွက်တိနေမှာပဲ ''

'' မပူပါဘူး ကွာ မိတ္ထီလာ လေတပ်ကလည်း စက်နှိုးတာနဲ့ ရွတ်ဆို ရောက်လာတဲ့ မြို့ကွာ ''

'' OK ဘာမှ ပူမနေနဲ့ ခွက်ခေါက်ကောင်းအောင် ရှက်ရမ်း ရမ်းပြနေတာ အေးအေးသာနေ ''

            ကိုရွှေမျိုးဝင်း

ဝါ စိမ်း နီ

19 Nov, 00:56


အဆိပ်ဘုရင်က ငတုံးကြီးနော်။ တရုတ်ကြောင့် ထိုင်းကြောင့် တပ်မတော်အစိုးရက နေရာရလာတာကို မကျေနပ်ကြလို့ ပြည်သူနဲ့ အိမ်နီးချင်းနိုင်ငံတွေကိုလှည့်ပြီး ရန်တိုက်ပေးတယ်။ မြန်မာပြည်သူ အများစုက nug မွှေးတဲ့ စစ်မီးကြောင့် ထိုင်းမှာ ခိုလှုံနေရပြီး အိမ်ရှင် ထိုင်းနိုင်ငံမျက်နှာကို ကြည့်နေရတယ်။ နီပိန်းအမတ်တွေ ထိုင်းနိုင်ငံမှာခိုလှုံနေရတယ်။  တရုတ်က စူပါဝါနိုင်ငံ ။ nug လောက်ကို လေနဲ့မှုတ်တာနဲ့ လွှင့်တယ်

အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့ ဘာလို့ တပ်မတော်အစိုးရကို ထောက်ခံလဲဆိုရင်
💥nug က ဥပဒေမဲ့ လူသတ်အကြမ်းဖက်နေလို့ပါပဲ။ အမေရိကန်တောင် nug လက်အောက်ခံ pdf တွေကို အကြမ်းဖက်စာရင်းထည့်ထားပါတယ်။
💥 ပြည်သူ့ ဆန္ဒစစ်စစ်ဖြစ်တဲ့  ရွေးကောက်ပွဲနည်းလမ်းကို  ဆန့်ကျင် နှောင့်ယှက် ဖျက်စီးမယ်လို့ ကြွေးကြော်ထားလို့ပါပဲ။ ပြည်သူက စစ်ဘေးကြောင့် အိုးအိမ် စည်းစိမ်ဥစ္စာပျက်ကြလို့ စစ်ကိုရွံ့ မုန်းတီးသွားကြပါပြီ။ အကြမ်းမဖက်တဲ့နည်းလမ်းဖြစ်တဲ့ ရွေးကောက်ပွဲကပြည်သူ့ ဆန္ဒစစ်စစ်ဖြစ်နေတာကို အချက်အလက်စစ်တမ်းတွေအရ အိမ်နီးချင်းနိုင်ငံတွေက သိကြပါတယ်။ ခေတ်သစ်က ဂျင်းသတင်းနဲ့ အိမ်နီးချင်းနိုင်ငံက ခေါင်းဆောင်တွေကို လိမ်လို့ မရပါဘူး။

#BN(နီပိန်းတိုက်ဖျက်ရေး)

ဝါ စိမ်း နီ

19 Nov, 00:53


ခပ်ရိုင်းရိုင်းပြောရရင် တိုင်းရင်းသားအရည်ခြုံပြီး -င်ယားတာလို့ခေါ်တယ်။ လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေးထားတဲ့လောက်ကိုင်ဆိုတာကလည်း သမိုင်းအစဉ် အဆက်အရ ကိုးကန့်အချင်းချင်း လု နေကြတဲ့နယ်မြေတစ်ခုဖြစ်တယ်။ ရှေ့မှာ လျန်မိုးရန် နဲ့ ဖုန်ကြားရှင် တို့ရဲ့ ပြဿနာတွေရှိသေးတယ်။ ၂၀၁၅ လောက်မှာလက်နက် ကိစ္စပြဿ နာတက်လို့ တပ်မတော်က ဝင်ပါရတာတွေရှိတယ်။
---
သာမန်ကတော့ လောက်ကိုင်ဒေသကို ကိုးကန့် လူမျိုးတွေကိုပဲ အစဉ်အဆက် အုပ်ချုပ် ခိုင်းခဲ့တာပဲ။ ဒီဘက်ခေတ်မှာ အကြောင်းဖန်လာတာ ကတော့ ဖုန်ကြားရှင် နောက်ပိုင်း တက်လာတဲ့ ပယ်ဆောက်ချိန် ဦးစီးတဲ့ မျိုးနွယ်စု (၄)စုက တရုတ်မလိုလားတဲ့ ကျားဖြန့်မှာ ဦးဆောင်သူတွေဖြစ်နေတာ။ ဒါကို ရှင်းနိုင်ဖို့ MNDAA ကို နောက်ကွယ် ထောက်ပံ့တယ်။ ကျားဖြန့်လည်းရှင်းမယ်။ ဖုန်ကြားရှင်လက်ထက်ကတည်းက ပြန်ရချင် နေတဲ့ လောက်ကိုင် ဒေသလည်း ရမယ်ဆိုတဲ့ အကွက်နဲ့ ၁၀၂၇ က စဖြစ်ခဲ့တယ်လို့ ဆိုမယ်ဆို ဆိုလို့ရတယ်။ ဖြစ်ချင်တော့ လောက်ကိုင်မှာ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာ အသွင်ယူ ထားတဲ့ တရုတ်ထောက်လှမ်း ရေးတွေကလည်း သေကုန်တာကိုး။
---
လောက်ကိုင်ရထားပြီးတဲ့ အချိန်မှာ တရုတ်ဘက်က အချိန်ကိုက် ဟိုင်ဂင်ဆိုပြီး ခေါ်တယ်။ လားရှိုးကို ဆက်မသိမ်းရင်ဒီဇာတ်လမ်းက ဒီလောက်နဲ့ပြီးသွားမယ့်ကိစ္စ။ ဒါ့ကြောင့်လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက MNDAA ရဲ့  တိုက်ပွဲဖြစ်စဉ်ကို ပြည်ထောင်စုရဲ့အစိတ်အပိုင်း လောက်ပါလို့ ဆိုခဲ့တာ။ ဒါပေမယ့် ဇာတ်လမ်းက ဒီလောက်နဲ့ မပြီးသွားဘူး။ ပွကြီးရဲ့ ဘားမားအက်အရ ပေးထားတဲ့ သန်း ၂၀၀ က NUG နဲ့ EAO တချို့ဆီကိုရောက်တယ်။ ပိုဆိုးတာက CIA ဆဲလ်နဲ့ ဘင်္ဂလားဒေရှ့်ရဲ့လွတ်လပ်ရေးဖခင်သမီး ဆိုတဲ့သူပါ တိုင်းပြည် ကထွက်ပြေးရတယ်။ ဒီလို (၃)ပွင့်ဆိုင် ဖြစ်လာတဲ့ အခြေအနေမှာ တရုတ်က ရပ် ဆိုတဲ့ အနေအထား မရပ်တော့ပဲ TNLA MNDAA AA နဲ့ အဆစ်ပါလာတဲ့ Kia က ပါ ထင်တိုင်း ထကြဲတယ်။
----
မြန်မာ့ပြည်တွင်းစစ်မှာ အနောက်ယိမ်းအစိုးရတက်ရင် ကရင်ပြည်နယ်ဘက်က အေးချမ်းတယ်။ မြောက်ပိုင်းထဖြစ်တယ်။ တရုတ်ဘက် နည်းနည်းပြန် ကပ်ရင်…ကရင်ဘက်က ပြန်ပြီးပွဲဆူလေ့ရှိတယ်။ ဒါက မြန်မာ့နိုင်ငံရေး စစ်ပွဲကလင်ဒါပဲ။ မြန်မာပြည်ရဲ့ ဘယ့်နိုင်ငံ ခေါင်းဆောင်မှ မဖြေရှင်းနိုင်သေးဘူး။ အထက်ဆိုခဲ့သလို ရပ်ဆိုတဲ့ အနေအထား မှာ မရပ်ခဲ့တော့…လောက်ကိုင်လည်း အကောင်းအတိုင်း မကျန်တော့ဘူး။ TNLA သိမ်းထားပါတယ်ဆိုတဲ့ မြို့တွေလည်း နေ့စဉ် လေကြောင်း တိုက်တာခံနေရတယ်။ ဒီနယ်မြေတွေကို ရသွားဦးတော့… ဘယ်ဘတ်ဂျက်နဲ့ ပြန်လည် ထူထောင်ရေးလုပ်ကြမလဲ။ တပ်မတော်ကရော ဒီတိုင်းလက်ပိုက်ကြည့်နေမှာတဲ့လား။ ဒါတောင် ကိုယ်အမြဲရေးနေသလို… ပလောင် တွေရဲ့ နောက်တန်းဖြစ်တဲ့ နမ့်ဆန် တဝိုက်ကို စမုံတုံးသွားအောင် ဗုံးကြဲတာ မရှိသေးဘူး။ MNDAA ရဲ့ နောက်ချန် လောက်ကိုင်ကို အစ္စရေးလေတပ်က တိုက်သလို တစပြင်ဖြစ်အောင် မလုပ်သေးဘူး။ အဲလို့သာ ပက်ပက်စက်စက်လုပ်ခဲ့ရင်…တိုင်းစစ်ဌာနချုပ်တောင် ကျမယ်မထင်ဘူး။
----
ဆိုတော့….KIA ရော၊ MNDAA ရော ၊ TNLA ရော၊ AA ရော အမြင်မှန် ရသင့်ပါပြီ။ ဖြစ်နိုင်ရင်… တပ်မတော်ကိုလည်း ကိုင်းဖျားကိုင်းနား မခုတ်စေချင်ပါဘူး။ ဖုန်တာရွှင်ကို လုပ်သွားတဲ့အကွက်ဆို အတော်လေးလည်း လှတယ်မဟုတ်ဘူးလား။ တချို့စစ်ပွဲတွေက မြန်မြန် ဖြတ်တာကောင်းပါတယ်။ ရွေးကောက်ပွဲကလည်း နီးနေပြီလေ။

(နရီမိုး)

ဝါ စိမ်း နီ

18 Nov, 21:44


November 19 (2024)

မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ
🌄🌅🌄
လုံးစုံများစွာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ
🙏🏻🙏🏻🙏🏻
ဥပါဒ်ရန်ဘေးကင်းစင်ဝေး
ငြိမ်းအေးကြပါစေ
🙏🏻🙏🏻🙏🏻
ကောင်းမွန်သောနေ့ရက်များကိုလည်းပိုင်ဆိုင်နိုင်ကြပါစေ
🙏🙏🙏

#💛💚❤️

ဝါ စိမ်း နီ

18 Nov, 14:36


နောင်ချိုအင်းဝိုင်းဖြစ်စဉ်
===============
ယနေ့ ၁၈.၁၁.၂၀၂၄ ရက်နေ့ ညနေပိုင်းက အစပြုပြီး ပလောင်ပဒက်တွေဟာ နောင်ချိုမြို့နယ် အင်းဝိုင်းရှိ ဆင်းရွှေလီသကြားစက်မှာ အခြေပြုပြီး အင်အား ၃၀၀ ခန့် ၅ ဖွဲ့ခွဲပြီး ရောက်ရှိလာခဲ့ပါတယ်။

အဆိုပါ သကသတို့၏သတင်းအား အချိန်နှင့်တပြေးညီရရှိခဲ့ပြီး သတင်းတည်ဆောက်ရယူ အတည်ပြုကာ လုပ်စရာရှိသည်များအား ပထမအကြိမ် ဝေဟင်မှ တိတိကျကျပြုလုပ်ခဲ့ပြီး ဆင်းရွှေလီသကြားစက် အမှတ် ၃ ပေါ်သို့ လက်ဆောင်ပစ္စည်းများ တိတိကျကျရောက်ရှိခဲ့။

ဒုတိယအကြိမ် မြေပြင်ပ/စ်/ကူဖြင့် အင်းဝိုင်းဘုန်းကြီးကျောင်းနားသို့ လက်ဆောင် တစ်လုံး၊ အနီးရှိတောအုပ်ထဲသို့ လက်ဆောင် တစ်လုံး၊ အင်းဝိုင်းတံတားအနီးတစ်လုံး၊ ဆင်းရွှေလီသကြားစက် အမှတ် ၂ နှင့် အမှတ်သုံးကြားရှိ ပလောင်ပဒက်များအား တစ်လုံး အသီးသီး လက်ဆောင်ပေးအပ်နိုင်ခဲ့။

လက်ဆောင် Delivery services တိကျခဲ့ပြီး သကသတို့ အစီအမံပျက်ပြယ်ခဲ့ကြောင်းသိရှိရပြီး မပေါ့မဆဘဲ အမြဲအသင့်ရှိခဲ့တဲ့ ပြင်ဦးလွင်သားများနှင့် ဧည့်သည်တော်ကြီးများအား ဂုဏ်ယူလေးစားစွာဖြင့် တင်ပြအပ်ပါတယ်။

ဝါ စိမ်း နီ

18 Nov, 14:23


ကိုးကန့်မြေမှာထွက်မည့်နေ
=====================
ကိုးကန့်ဒေသ "ဖုန်" ပျောက်ကွယ်ပြီး နေဝင်သွားချိန် ကိုးကန့်ဒေသ စတင် တည်ထောင်ခဲ့သူ "ရန်" ပြန်လည်ထွန်းလင်းတောက်ပလာတော့မည်။
နောက်ကွယ်ကရပ်တည်ချက်ဘာလဲ? ဘယ်သူလဲ? မေးမနေကြပါနဲ့ တော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။

ဝါ စိမ်း နီ

18 Nov, 14:19


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေညာချက်အမှတ် ( ၇ / ၂၀၂၄ )အား ယနေ့ရက်စွဲဖြင့် ထုတ်ပြန်

ဝါ စိမ်း နီ

18 Nov, 14:19


💢ပြည်သူ့စစ်မှုထမ်းတွေရဲ့ ညတိုက်ပွဲလေ့ကျင့်‌မှုဆိုတာ ဘာလဲ

💁ပျိုမေတိုကတော့ ညတိုက်ပွဲဆိုတာ ညဖက်မှာ တိုက်ပွဲအတွက် တိုက်ခိုက်ရရုံပဲလို ထင်ထားခဲ့တာ...တကယ်တမ်း နည်းစနစ်ကျကျ၊ စည်းစနစ်တကျနဲ့ တိုက်ခိုက်ရေးအတွက် ပြင်ဆင်ပုံတွေ၊ သွားလာလှုပ်ရှားပုံတွေကို တွေ့လိုက်ရချိန်မှာတော့ အတော်လေးကို အံ့အားသင့်သွားခဲ့ရပါတယ်ရှင်‼️

💁ကဲ...ဒါဆို ပြည်သူ့စစ်မှုထမ်းတွေရဲ့ ညတိုက်ပွဲက ဘယ်လို အံ့အားသင့်စရာတွေရှိနေမလဲဘယ်လို နည်းစနစ်တွေကို အသုံးပြုထားလဲ ဘယ်လောက်အထိ စိတ်ဝင်စားစရာကောင်းလဲ

ဆိုတာတွေကို သိရဖို ပျိုမေတို Vlog လေးကို ဝင်ရောက်ကြည့်ရှုပေးကြပါဦးနော်‼️

😘ပရိသတ်အားလုံးကို ချစ်မြတ်နိုးလျက်...😘

ဝါ စိမ်း နီ

18 Nov, 14:08


KNPP karenni စစ်ရေးချုပ် ဗိုလ်မှူး (ကိုယ့်ဟာကိုယ်ပေးထားတဲ့ ရာထူး) ခူးဖဲဟာ သေဆုံး

ဝါ စိမ်း နီ

18 Nov, 13:48


❝ရှမ်းတောင်မှ သယ်လာသည့် ငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရန်ကုန်၌ဖမ်းမိ❞

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြိုနယ်၊ သီရိရတနာကားဝင်း၌ လှမင်းထွန်း မောင်းနှင်ပြီး အကူယာဉ်မောင်း မြင့်သူစိုးနှင့် ယာဉ်နောက်လိုက် ဖြိုးကျော်ဇော(ခ)မိုးထက်မြင့် တို လိုက်ပါလာသည့် ခရီးသည်တင်မှန်လုံယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြိုနယ်၊ လိပ်ကုန်းကျေးရွာနေ ဖမ်းဆီးရမိယာဉ်ပိုင်ရှင်ဖြစ်သူ အောင်ခိုင်ထူးနှင့် ဇနီး မမိုးစံပယ် တို၏ အစီအမံဖြင့် တောင်ကြီးမြိုနယ်၊ အေးသာယာမြိုမှ ရန်ကုန်တိုင်းဒေသကြီးသို သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း ဖမ်းမိတရားခံများက ထွက်ဆိုထားသည်ဟုဆိုသည်။

ဝါ စိမ်း နီ

03 Nov, 10:39


MODလက်အောက်ခံPDFတွေကပဲပြောတာ။တလရအောင်သွားတဲ့အခါNUGတဖွဲ့လုံးကို တရားစီရင်မှာတဲ့။

သူတို့မှာသက်သေအချက်အလက်တွေ စုထားတယ်။အခုမတတ်သာလို့ကြိတ်ခံနေကြရတာတဲ့။ကျနော်ကလည်းပြန်ပြောလိုက်ပါတယ်။အဲ့ဒါကြောင့်မအောင်မြင်အောင်ဖန်တီးနေကြတာပေါ့လို့။အောင်မြင်သွားရင်လည်း သူတို့ကမြန်မာပြည်ကိုပြန်မလာတော့ဘူး။

အခုတည်းကကြိုရှောင်နေကြတာကိုပဲလက်တွေ့ကြည့်ပါလားလို့။အညာတောသီးလူထုတခဲနက်အားပေးထောက်ခံခဲ့တဲ့NLDမှဖြစ်တည်လာကြတဲ့NUGကို အညာတောသီးလူထုကြီးဟာ အင်မတန်အားကိုးမျှော်လင့်ခဲ့ကြတယ်။

အခုသူတို့အားကိုးတဲ့NUGကပဲ သူတို့ကိုအကြမ်းဖက်လေပြီဆိုတော့ငါတို့ကိုယ်တိုင်ကျစ်ပေးခဲ့တဲ့ကြိုးနှင့်ငါတို့ကိုစီရင်လေခြင်းဆိုပြီးဘယ်လောက်တောင် ရင်ထုမနာဖြစ်ကြလေမလဲသိချင်လိုက်တာ။

တောသီးလူထူတွေစိတ်ပျက်လက်ပျက်နှင့်တလရကနောက်ဆုတ်သွားလို့တလရကျဆုံးခဲ့ရင်တရားခံဟာNUGပါပဲ။သည်အခြေအနေမရောက်ရောက်အောင်NUGကပဲဖန်တီးပြီးတွန်းပို့နေတာကိုး။

ဝါ စိမ်း နီ

03 Nov, 10:22


တိန့်ရှီးကျွင်းလာတယ်၊ ဝမ်ယိလာတယ် .. ဟောအခု နစကဥက္ကဌကြီး တရုတ်ကို သွားမယ် ..
-
ဒါဟာ တရုတ်အနေနဲ့ နစကအစိုးရကို အပေါင်းလက္ခဏာဆောင်တာကို ကမ္ဘာကို ချပြခြင်းပဲ။
-
ဘင်္ဂလား၊ သီရိလင်္ကာ၊ ပါကစ္စတန်မှာ တရုတ်ယိမ်းအစိုးရတွေ ပြုတ်ကျသွားတယ်။ မြန်မာကိုလည်း CIA က သူပုန်တွေကို ထောက်ပံ့ပြီး အစိုးရကို ပုန်ကန်ခိုင်းနေတယ်။ နစကအစိုးရပြုတ်ကျရင် မြန်မာပြည် အစိပ်စိပ်အမွှာမွှာ ကွဲသွားပါလိမ့်မယ်။
-
နောက်ပြီး CIA အနေနဲ့ သူပုန်တွေကို မွေးပြီး တရုတ်ရဲ့ စီးပွားရေး plan တွေကို တိုက်ခိုက်နေတယ် .. တရုတ် အသက်ရူကြပ်လိမ့်မယ် .. ဒါကြောင့် တရုတ်အစိုးရက နစကအစိုးရကို အားကောင်းလာအောင် ထောက်ပံ့ ပေးပါလိမ့်မယ်။
-
မြန်မာ-တရုတ် အစိုးရနှစ်ရပ်တွေ့ဆုံမှုဟာ မြန်မာနိုင်ငံရဲ့ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေးမှာ များစွာ အကျိုးကျေးဇူးရပါလိမ့်မယ်။
-
အဖြေကတော့ ရှင်းနေတာပါပဲ။

ဝါ စိမ်း နီ

03 Nov, 08:32


"စစ်မြေပြင် စိတ်ဓာတ်မြင့်မားရေးအတွက် ရုရှား ဘယ်လို ဖန်တီးသလဲ " (နရီမိုး)

ဝါ စိမ်း နီ

03 Nov, 08:32


မနက်ဖြန် နိုဝင်ဘာ ၄ ရက်နေ့ဟာ ရုရှားနိုင်ငံရဲ့ သွေးစည်းညီညွှတ်ရေး နေ့ ဖြစ်တယ်။ ဆိုတော့ ရုရှားတွေဟာ မျိုးချစ်စိတ်ကိန်းအောင်းဖို့အတွက် ၊ တိုင်းချစ်ပြည်ချစ်စိတ် ရှိဖို့ အတွက် နည်းမျိုးစုံနဲ့ ကြံဖန်ကြတဲ့အထဲမှာ…..မနက်ဖြန်မှာ လုပ်မယ့် အစီအစဉ်ကလည်း ကိုယ်တွေ အစိုးရနဲ့တပ်မတော်အတွက် နမူနာယူသင့်တယ်လို့တော့ တွေးမိတယ်။
---
အထူးသဖြင့် မနက်ဖြန်မှာကျရောက်မယ့် ရုရှားသွေးစည်းညီညွှတ်ရေးနေ့မှာ ယူကရိန်းစစ် ပွဲကနေ ရလာတဲ့ စစ်သုံးပစ္စည်းတွေ၊ ယာဉ်ယန္တရားတွေကို မော်စကို အပါအဝင် စိန့်ပီတာ စဘက်မြို့တွေမှာ ပြည်တွင်း/ပြည်ပက သူတွေ မြင်နိုင်ဖို့ ခင်းကျင်းပြသဖို့ လုပ်နေတာ ရှိတယ်။ သဘောကတော့ ယူကရိန်းစစ်ပွဲမှာ ငါတို့ ရုရှားတွေအနေနဲ့ ယူကရိန်း တစ်နိုင်ငံတည်းကို တိုက်နေရတာမဟုတ်ဘူး။ ခု မင်းတို့ဒီမှာကြည့်စမ်း။ နေတိုးအဖွဲ့ဝင် နိုင်ငံတွေက ထုတ်တဲ့ စစ်သုံးယာဉ်တွေ၊ သံချပ်ကာတွေ ၊ ဒီမှာတွေ့လားဆိုတဲ့ သဘောမျိုးနဲ့ သက်သေထူလိုက်တာ တွေ့ရတယ်။
---
ကိုယ်တွေ တပ်မတော်မှာလည်း တရားဝင် တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းဖြစ်ပါရက်နဲ့ ကိုယ့်ကိုထောက်ခံတဲ့ပြည်သူတွေ၊ ကိုယ့်တပ်မိသားစုဝင်တွေ၊ ရှေ့တန်းကျကျ တိုက်နေတဲ့ စစ်သည်တွေကို စိတ်အားတက်ကြွစေနိုင်တဲ့ ရန်သူ့ထိခိုက်သေဆုံးမှု ဓာတ်ပုံ၊ ရုပ်သံတွေ ကို ထုတ်ပြပေးနိုင်ရင် ကောင်းမယ်လို့တော့ တွေးမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရမခ ဖြစ်စဉ်တွေမှာ ရန်သူရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကိုပဲ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပေါပေါသီသီ မြင်တွေ့ခဲ့ကြတာမဟုတ်လား။
ခုဆို ရမခ နဲ့ ရခိုင် အမ်းဒေသ တွေမှာ လေကြောင်းပစ်ကူယူပြီး တိုက်နေတဲ့ ရုပ်သံတွေဟာ မြေပြင်က စစ်သည်တွေ အတွက် စိတ်အားတက်ကြွစေနိုင်တဲ့ အနေအထားမျိုးပဲ။ ခုဆို တပ်မတော်ရဲ့ တန်ပြန် ဒရုန်းသုံးစွဲနိုင်မှုတွေ ခပ်စိတ်စိတ် မြင်လာတာ၊ ထုတ်ဖော်ပြသနိုင်လာတာတွေက အကောင်းဘက်ကတွေးရင် တော်တော်လေး စိတ်ဓာတ်ပိုင်းဆိုင်ရာ အား ဖြစ်စေတယ်။ စစ်ဆင်ရေးကိစ္စတွေ က လျို့ဝှက်သင့်တဲ့ အရာတွေပါ။ ဒါပေမယ့် နောက်ဆက်တွဲဖြစ်တဲ့ စိတ်ဓာတ်တက် ကြွစေမယ့် အခြေအနေမျိုးတွေကိုလည်း ခေတ်နဲ့အညီ ဖန်တီးပေးနိုင်ရင် အကောင်းဆုံးပါ။

(နရီမိုး)

ဝါ စိမ်း နီ

03 Nov, 08:31


မကွေး (မြို့သစ်) သတင်း

နိုဝင်ဘာ ၂ ရက် ည ပိုင်းအချိန်က မကွေးတိုင်း၊ မြို့သစ်မြို့၏ အနောက်မြောက် မီတာ ၁၆၀၀၀ အကွာရှိ အင်တောရွာ လမ်းဆုံတွင် လုံခြုံရေးအဖွဲ့သည် ဒေသခံသတင်းပေးမှုအရ နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် ၁၀ ဦး တို့ဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ရန်သူမြောက်ဘက် ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် PDF အလောင်း ၂ လောင်း
(၂) ကျည် ၂၃၄ တောင့်၊ ကျည်အိမ် ၁ ခု
(၃) ယမ်း ၁ ဘူး
(၄) ဒီတိုနေတာ ၁၀၀ ခု
(၅) ပြောက်ကျားယူနီဖောင်း ၅ စုံ
တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။ (ပုံများအား ဆက်လက်ဖော်ပြပေးပါမည်)

တိုက်ပွဲသတင်းစုံ

ဝါ စိမ်း နီ

03 Nov, 07:25


*နယ်မြေရှင်းလင်းခြင်း (ထန်တလန်)*

နိုဝင်ဘာလ ၂ ရက် နေ့လည် ၁၂ နာရီခန့်က ထန်တလန်မြို့တွင် နယ်မြေရှင်းနေသည့် လုံခြုံရေးအဖွဲ့များသည် အကြမ်းဖက် CDF များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဝင်ရောက်နေထိုင်လျက်ရှိတဲ့ အဆောက်အဦ ၁ လုံးအား သိမ်းပိုက်ရရှိ။ ဖြစ်စဉ်တွင် မိမိဘက်က စစ်သည် ၁ ဦး၊ ရဲ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ထံမှ -

(၁) အကြမ်းဖက် CDF ၃ လောင်း
(၂) KA သေနတ် ၁ လက်
(၃) MA-2 သေနတ် ၁ လက်
(၄) ကျည် ၃၅ တောင့်၊ ကျည်အိမ် ၂ ခု
တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
တိုက်ပွဲသတင်းစုံ
ပုံများအား ဒီ Channel တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://t.me/combatnews7723

ဝါ စိမ်း နီ

03 Nov, 07:25


*မတ္တရာဒေသ ရန်သူ့ယာယီခြေကုတ်နေရာအား သိမ်းပိုက်ရရှိ*
နိုဝင်ဘာ ၂ ရက်နေ့ မနက်ပိုင်းအချိန်က မတ္တရာမြို့၏ အနောက်မြောက်ဘက် မီတာ ၈၀၀၀ ခန့်အကွာရှိ ထိန်ပင် ဇောက်ရွာအနီးတွင် နယ်မြေရှင်းလင်းစစ်ကြောင်းသည် ရန်သူ့ ယာယီခြေကုတ်နေရာအား တွေ့ရှိ ရှင်းလင်းရာ ထိတွေ့တိုက်ပွဲငယ် ဖြစ်ပွားခဲ့ပြီး ရန်သူ မြောက်အရပ်သို့ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုရှိဘဲ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် TNLA အလောင်း ၁ လောင်း
(၂) M-22 သေနတ် ၁ လက်
(၃) ကျည်အိမ် ၂ ခု၊ ကျည် ၂၀၀ ခန့်
(၄) ကျည်ကာဦးထုပ် ၁ လုံး၊ အိုင်ကွန် ၁ လုံး
(၅) လက်လုပ် Fixwing ၁ စီး
(၆) သစ်လုံးဘန်ကာ ၁ ခု
(၇) ပစ်ကျင်း ၄၁ ကျင်း
တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
တိုက်ပွဲသတင်းစုံ
ပုံများအား ဒီ Channel တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://t.me/combatnews7723

ဝါ စိမ်း နီ

03 Nov, 06:18


ဂွ သံတွဲ တောင်ကုတ်သတင်းများဆိုတဲ့ ဂရုမှာတင်ထားတဲ့ ပိုစ့်နှစ်ခု
(တောင်ပိုင်းက ရခိုင်တွေ သတင်းမှန်တောင်ပြောခွင့်မရကြတော့ဘူး)
AA မှာလူဘယ်လောက်တောင်ကုန်သွားလည်းဆိုတာ
ပိုစ့်မှာသာကြည့်တော့
စစ်သင်တန်းပို့ဖို့ဖမ်းခေါ်သွားတဲ့ကလေးက
ထွန်းမြတ်နိုင်သားလောက်ပဲရှိတယ်
ကိုယ်သားသမီးကျတော့ သေမှာဆိုးလို့၊ စစ်ဘေးဒုက္ခရောက်မှာဆိုးလို့
နိုင်ငံခြားမှာထား
ရခိုင်က ကလေးတွေကြတော့ သေတွင်းပို့
ဒါလား ရခိုင်လူမျိုးကိုချစ်တာ
ရခိုင်တွေမျိုးဆက်ပြတ်အောင် လုပ်နေတာ အဲ့ခွေးမျိုးက
#MinChitOo

ဝါ စိမ်း နီ

03 Nov, 04:52


မိုးကုတ်ပဒက်တို့ရင်ဖွင့်သံ
===================
တတက၁၃ ရဲ့ သတင်းကတော့ကြားရတာအားရတယ်ဗျာ။
ပဒက်တွေရဲ့ရင်ဖွင့်သံကတော့
"စနိုက်ပါအရမ်းကောင်းတယ် တိုးမရဘူး လက်ထောင်လက်မှန်တယ် ဘယ်နေရမှမပေါ်ရဲဘူး ကျနော်တို့တော့ ဒီတစ်ခါရိက္ခာပို့ပေးပြီးရင် ထပ်မသွားရဲတော့ဘူး.. ဘယ်နေရာဖြစ်ဖြစ်ကျနော်တို့(ပဒက်)တွေပဲတိုက်ရတာ"
အဲ့လိုကြားရတာအားရလိုက်တာဗျာ။ Congratulations ပါတပ်မတော်သားတို့။
🫡🫡🫡🫡

ဝါ စိမ်း နီ

03 Nov, 00:49


November 3 (2024)

မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ
🌄🌅🌄
လုံးစုံများစွာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ
🙏🏻🙏🏻🙏🏻
ဥပါဒ်ရန်ဘေးကင်းစင်ဝေး
ငြိမ်းအေးကြပါစေ
🙏🏻🙏🏻🙏🏻
ကောင်းမွန်သောနေ့ရက်များကိုလည်းပိုင်ဆိုင်နိုင်ကြပါစေ
🙏🙏🙏

#💛💚❤️

ဝါ စိမ်း နီ

02 Nov, 15:21


၂ စီး .. မကဘူး .. မကဘူးနော်
-
Hak Hak ❤️
-

ဝါ စိမ်း နီ

02 Nov, 14:45


မောင်တော မြောက်ပိုင်းတွင် ဒေသခံ
များ၏ တန်ဖိုးရှိပစ္စည်းများ လုယူခြင်း၊
မတရား ငွေညစ်ခြင်း ၊ ဖမ်းဆီးနှပ်စက်
ခြင်း ၊ လူသစ်အတင်းအဓ္ဓမ ဖမ်းဆီးစု
ဆောင်းခြင်း ဒေသခံများကို ဒုက္ခမျိုးစုံ
ပေးနေတဲ့ အကြမ်းဖက် AA အဖွဲ့ကို
ARSA အဖွဲ့မှ လိုက်လံ တိုက်ခိုက်ချေမှုန့်
နေသည့် ရုပ်သံဖိုင် ဖြစ်ပါတယ်။

ဆိုင်ကယ်နဲ့ တိုက်ခိုက်ခံရတဲ့ နှစ်ယောက်
ဟာ ULA/AA နိုင်ငံရေးမှုး အဆင့်ရှိသူတွေ လို့သိရတယ်။

မောင်တော မြောက်ပိုင်းရှိ အကြမ်းဖက်
AA အဖွဲ့လှုပ်ရှားမှု ၊ အခြေချမှုများကို
ARSA အဖွဲ့မှ စောင့်ကြည့်နေပြီး လိုက်
လံ တိုက်ခိုက်ချေမှုန့် နေတယ်လို့ သိရတယ်။

အကြမ်းဖက် AA အဖွဲ့ဟာ မောင်တော
ရှိ မြောက်ပိုင်းမှာဆို ARSA / RSO အ
ဖွဲ့မှ လိုက်လံတိုက်ခိုက်ချေမှုန့် နေသလို
တောင်ပိုင်းမှာ နခခ ၅ နဲ့ တပ်မတော်လေ
မှတိုက်ခိုက်ရှင်းလင်းနေသည့် အတွက်
မောင်တောတွင် အကြမ်းဖက် AA အဖွဲ့
ပြေးစရာ ၊ ပုန်းစရာ နေရာ မရှိဖြစ်နေ
ကြောင်း သိရသည်။

#KhitThitMyanmar

ဝါ စိမ်း နီ

02 Nov, 14:44


ဒါကတော့ Vdo ဖိုင်ပါ ..
-
Drone အထူးတပ်ဖွဲ့ စစ်သည်တော်တွေရဲ့ စွမ်းရည်တွေကို မကြာမီ ဆက်လက်ဖော်ပြပေးသွားပါဦးမယ်။

တိုက်ပွဲသတင်းစုံ

ဝါ စိမ်း နီ

02 Nov, 14:24


ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများနှင့် နေအိမ်များအားမီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ များအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားဝါဒ ဖြန့်ဝေ လျက်ရှိ
နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာ-၂