Tamadaw Daily Activity @tatmadawactivityy Channel on Telegram

Tamadaw Daily Activity

@tatmadawactivityy


တပ်မတော်သတင်းတွေ ဖတ်ကြမယ်

Tamadaw Daily Activity (Burmese)

တပ်မတော်သတင်းတွေ ဖတ်ကြမယ် သင်္ဘောထားဖောက်ပြီးဆုံးမိတ်ဆက်ပြီး Tamadaw Daily Activity ဆိုတဲ့ Telegram Channel မှာ တပ်မတော်သတင်းတွေ များတင်သော ရုပ်သံအရေအတွက် ဖတ်ကြခဲ့ပါတယ်။ သင်တို့ကို တပ်မတော်သတင်းတွေကြည့်ပြီး အပြင်သွင်းနေလိမ့်မယ်။nnTamadaw Daily Activity ဆိုတဲ့ Channel မှာ သင်တို့သည် တပ်မတော်သတင်းတွေလား သိလား ကြည့်မယ်ဆိုတဲ့ ရှေ့မှာလည်း လွယ်လုပ်ခဲ့ရမယ့် လူများအတွက် သင်တံခါး၊ အလန္တနဲ့ ရာထူးရှိခဲ့သမျိုးမှာ ကျွန်တော် တကယ့်လွှင့်အကြက်ကြားသော သင့်လျိပ်နှစ်မြောက် သတင်းများလေ့လာနိုင်အောင် ခွဲခြားနိုင်မယ်။nnတပ်မတော်သတင်းတွေ ဖတ်ကြမယ် Tamadaw Daily Activity ဆိုင်ရာ Channel ကို အလန္တနဲ့ လေ့လာခဲ့သော အစည်းအရုပ်ရာ သတင်းများကို သင်တို့များ ဖတ်လိုသူများအတွက် ချိုးဆောင်လိုက်ပါသည်။ တင်ပြိုင်ပွဲခေါ်ဆော်သူများ၊ ပြိုင်နှင့် ပြလာမှုလုပ်ကို သင်္ဘောထားဖောက်၏ ချက်ချင်းများလေ့လာခဲ့ပါသည်။nnတပ်မတော်သတင်းတွေ ဖတ်ကြမယ် Tamadaw Daily Activity ဆိုင်ရာ Channel မှာ အရေအတွက် အကျယ်အမတ်ကို တင်ဆက်နိုင်အောင် ဆုံးနေရသူများတွေအတွက် အစဉ်အမျိုးမျိုး သတင်းများ ရုပ်သံ ရှိသည်။ သင့်သတင်းအတွက် ရှာဖွေလိုသူများအတွက် သတင်းသို့ ရန်ကုန်သော အရေအတွက်များ ကို Tamadaw Daily Activity ဆိုင်ရာ Channel မှ ရယူနိုင်ပါသည်။

Tamadaw Daily Activity

11 Jan, 17:41


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ချယ်ရီပင်အား စိုက်ပျိုးပေး
==================
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ သွားရောက်ပြီး အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အဖြစ် ချယ်ရီပင်အား စိုက်ပျိုးပေးခဲ့ပါတယ်။
ထို့နောက် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုကာ
ကန်တော်ကြီးအတွင်း မွေးမြူထားသည့် ငါးများနှင့် ဘဲငန်းများအား အစာကျွေးမွေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့တယ်လို့ သိရပါတယ်။

Tamadaw Daily Activity

11 Jan, 17:40


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် (၁၇)ကြိမ်မြောက် ပန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ထားရှိမှုများအား ကြည့်ရှုအားပေးပြီး အပန်းဖြေ
လာရောက်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်
==================
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ သွားရောက်ပြီး အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် (၁၇)ကြိမ်မြောက် ပန်းပွဲတော် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ထားရှိမှုများအား ကြည့်ရှုအားပေးပြီး အပန်းဖြေလာရောက်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါတယ်။
ထို့နောက် ဥယျာဉ်အတွင်းရှိ နှစ် ၁၀၀ နီးပါး သက်တမ်းရှိသော ဂင်ဂိုပင်(Ginkgo Biloba) (ကမ္ဘာဦးပင်)အား ကြည့်ရှုပြီး စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့တယ်လို့ သိရပါတယ်။

Tamadaw Daily Activity

11 Jan, 17:39


အကြမ်းဖက်သမားများ၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တာဝါတိုင်များအား ဖျက်ဆီးခြင်းတို့ကြောင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
==================
အကြမ်းဖက်သမားများ၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တာဝါတိုင်များအား ဖျက်ဆီးခြင်း၊ ဓာတ်ငွေ့များ လုံလောက်စွာရရှိမှု မရှိခြင်းတို့ကြောင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးရန်အတွက် အခက်အခဲများ
ဖြစ်ပေါ်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဇန်နဝါရီလ ၁၁ ရက်နေ့တွင်
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

Tamadaw Daily Activity

11 Jan, 17:36


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြား
=====
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပြောကြားရာတွင် ပြင်ဦးလွင်မြို့သည် ချယ်ရီမြို့တော်၊ ပန်းမြို့တော်ဟု ဂုဏ်သတင်းကျော်ကြားသည့် အပန်းဖြေမြို့တော်တစ်ခုဖြစ်ကြောင်း၊ အေးချမ်းသာယာသည့် မြို့တစ်မြို့ဖြစ်သဖြင့် ပညာသင်ကြားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် မူဝါဒချမှတ်ထားပြီး ပညာရေးမြို့တော်၊ ကျန်းမာရေးမြို့တော်အဖြစ်လည်း ဂုဏ်သတင်းကျော်ကြားအောင် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့တယ်လို့ သိရပါတယ်။

Tamadaw Daily Activity

11 Jan, 17:34


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ မန္တလေးမြို့၊ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှု၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်
==============
ဇန်နဝါရီလ ၁၁ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုခံယူလျက်ရှိသော နိုင်ငံတော်ဩဝါဒါစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးထားသည့် အခြေအနေများအား သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရဖြည့်ငှက်သိုက်နှင့် စားသောက်ဖွယ်ရာများ၊ နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပြီး ဖူးမြော်ကြည်ညိုခဲ့ကြတယ်လို့ သိရပါတယ်။

Tamadaw Daily Activity

11 Jan, 09:03


UEC ဥက္ကဋ္ဌ(ငြိမ်း) နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး(ငြိမ်း) တိုထံသို နစကမှချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲများကို အိမ်အထိ သွားရောက်ပေးအပ်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိခဲ့သည့် UEC ဥက္ကဋ္ဌ(ငြိမ်း) နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး(ငြိမ်း) တိုထံသို အိမ်အရောက် သွားရောက်တွေ့ဆုံ ပေးအပ်ခဲ့သည်ဟု သိရပါတယ် ။

အဆိုပါ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲများ ချီးမြှင့်အပ်နှင်းရာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ(ငြိမ်း) ဦးသိန်းစိုးက စည်သူဘွဲ ကိုရရှိခဲ့သလို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး(ငြိမ်း) ဦးမြသိမ်းက ဝဏ္ဏကျော်ထင်ဘွဲ ကိုရရှိခဲ့ခြင်းဖြစ်ပြီး ထိုဂုဏ်ထူးဆောင်ဘွဲများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ၊ စည်သူ ဦးသန်းထွန်းဦးက လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်ပါတယ် ။

Tamadaw Daily Activity

11 Jan, 04:34


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အောင်မြေသာစံမြို့နယ်ရှိ မိဘမဲ့ ပရဟိတကလေးများကျောင်းရှိ သီလရှင်ဆရာကြီးဆရာလေးများ မိဘမဲ့ကျောင်းသားကျောင်းသူများ ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ကုသမှု့ပေးအပ်ခဲ့သည်။

Tamadaw Daily Activity

04 Jan, 17:46


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို တက်ရောက်ဂုဏ်ပြု

Tamadaw Daily Activity

04 Jan, 17:42


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိင်  (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲများချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို တက်ရောက်ချီးမြှင့်

Tamadaw Daily Activity

29 Dec, 15:14


ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်ရှိ St. Mary’s Cathedral Church ၌ ကျင်းပပြုလုပ်ခဲ့သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်စဉ် ပြောကြားချက်များထဲမှ ကောက်နုတ်ချက်
====
မိမိတို့အစိုးရအနေဖြင့်လည်း ပြည်သူအားလုံးလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေးအတွက်
ရှေ့လုပ်ငန်းစဉ်များ၊ အမျိုးသားရေးနှင့် နိုင်ငံရေးရည်မှန်းချက်များချမှတ်ပြီး ကြိုးစားဆောင်ရွက်ပေးနေကြောင်း၊ အတူယှဉ်တွဲနေထိုင်ကြသည့် လူ့အဖွဲ့အစည်းတစ်ခုအတွင်း၌ ကြုံတွေ့လာသည့်ပြဿနာများကို ဒီမိုကရေစီနည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းနည်းလမ်းကသာ အောင်မြင်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံရေးပြဿနာ တစ်နည်းအားဖြင့် နိုင်ငံရေးအရ တောင်းဆိုလိုမှုကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ ရနိုင်မည်မဟုတ်ကြောင်း၊ ထိုကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုလမ်းစဉ်ကို မည်သည့် လူ့အဖွဲ့အစည်းကမျှ လက်မခံသကဲ့သို့ မိမိတို့အားလုံးကလည်း ဆန့်ကျင်ကြရန်လိုကြောင်း။

Tamadaw Daily Activity

29 Dec, 15:13


ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားစဉ် ပြောကြားချက်များထဲမှ ကောက်နုတ်ချက်
============================

Tamadaw Daily Activity

29 Dec, 15:13


စစ်ရေးစွမ်းရည် ထက်မြက်စေရန်အတွက် စွမ်းရည်ရှိသည့် ကာကွယ်ရေးနှင့် စွမ်းအားရှိသည့် ကာကွယ်ရေးနှစ်မျိုးလုံး ပြည့်စုံနေရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
================
စစ်ရေးစွမ်းရည် ထက်မြက်စေရန်အတွက် စွမ်းရည်ရှိသည့် ကာကွယ်ရေးနှင့် စွမ်းအားရှိသည့် ကာကွယ်ရေးနှစ်မျိုးလုံး ပြည့်စုံနေရမည်ဖြစ်ပြီး စွမ်းရည်ရှိဖို့အတွက် တစ်ဦးချင်း၏ လေ့ကျင့်မှုများကို အမြဲမပြတ်ဆောင်ရွက်ပေးရန်လိုအပ်သကဲ့သို့ စွမ်းအားရှိရန်အတွက် လက်နက်၊ ယန္တရားများ၊ စက်ကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများအားလုံး စွမ်းအားရှိသည့်ပစ္စည်းများဖြစ်ရန်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

Tamadaw Daily Activity

29 Dec, 15:11


၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(ပဉ္စမပတ်) စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်
=======================
ဒီဇင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(ပဉ္စမပတ်) စုပေါင်းလမ်းလျှောက်ပွဲများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ရုံး/ဌာနများအပါအဝင် တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက် တပ်နယ်များ၌ အသီးသီးကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲများတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းမှူးရုံး စခန်းမှူးနှင့် ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သက်ဆိုင်ရာတိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ပါဝင်ဆင်နွှဲခဲ့ကြပြီး သတ်မှတ်နေရာများ၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

Tamadaw Daily Activity

28 Dec, 17:55


ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အင်းတိုင်တပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းများမှ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား သွားရောက်တွေ့ဆုံအမှာစကားပြောကြား
============
ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းတိုင်တပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းများမှ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြားခဲ့ပါတယ်။
အမှာစကားပြောကြားရာ၌ နိုင်ငံတော်တွင် အရေးပေါ်အခြေအနေနှင့် ကြုံတွေ့ရတိုင်း နိုင်ငံတော် မပျက်မယွင်း၊ မပြိုကွဲအောင်ထိန်းသိမ်းနိုင်သည်မှာ ကျစ်လျစ်ခိုင်မာအင်အားတောင့်တင်းသည့် တပ်မတော်တစ်ရပ်ရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းရွက်နိုင်ရန်အတွက် တပ်တွင်း၊ တပ်ပြင်စည်းလုံးညီညွတ်ရေးပြည့်ဝခိုင်မာနေရန် အထူးလိုအပ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Tamadaw Daily Activity

28 Dec, 17:54


ဟိုပုံးမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
============
ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက္ကချားကျေးရွာရှိ ဒေသခံပြည်သူ ၄၀၃ ဦးနှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မဟာဓမ္မိကာရာမတိုက်၊
မိတ္ထီလာကျောင်းရှိ သံဃာတော် ၁၇၅ ပါးနှင့် ဒေသခံပြည်သူ ၁၃၀ ဦးတို့ကို သက်ဆိုင်ရာနယ်လှည့်ဆေးကုသရေးအဖွဲ့များက ဆီးချို/သွေးချိုရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးပါတယ်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

Tamadaw Daily Activity

28 Dec, 17:53


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေဖြင့် မိမိဒေသနှင့် မိမိလူမျိုးအကျိုးကို မျက်ကွယ်ပြုကာ အကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့မြင်နေရကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
======================
နိုင်ငံတော်အတွင်း ဒေသအချို့တွင်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းများဖြင့်ဖြေရှင်းရန် ဖိတ်ခေါ်ထားရှိပြီးဖြစ်ပါကြောင်း၊ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေဖြင့် မိမိဒေသနှင့် မိမိလူမျိုးအကျိုးကို မျက်ကွယ်ပြုကာ အကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့မြင်နေရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် နှစ်(၅၀)ပြည့် ရွှေရတုအာခါအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

Tamadaw Daily Activity

28 Dec, 17:53


ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားစဉ် ပြောကြားချက်များမှ ကောက်နုတ်ချက်
============================

Tamadaw Daily Activity

27 Dec, 16:55


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး
စိုးဝင်း ပုသိမ်မြို့၊ နယ်မြေခံသင်တန်းကျောင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းမှ သင်တန်းသားများအား သွားရောက်တွေ့ဆုံအမှာစကားပြောကြား၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအား တွေဆုံအားပေး
====================================
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး
စိုးဝင်း သည် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ နယ်မြေခံသင်တန်းကျောင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းမှ သင်တန်းသားများအား သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားခဲ့ပါတယ်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား တစ်ဦးချင်းလိုက်လံကြည့်ရှု၍ ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ဆေးဝါးကုသပေးထားမှုအခြေအနေများနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှုအခြေအနေများအား ရင်းရင်းနှီးနှီး လိုက်လံမေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

Tamadaw Daily Activity

27 Dec, 16:36


တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၂၂)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၉) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား ကျင်းပပြုလုပ်
========================
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၂၂)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။
မိန့်ခွန်းပြောကြားရာတွင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အနေဖြင့် “ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်မည့် အမျိုးသားတပ်မတော်အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ပညာသည်များ မွေးထုတ်ပေးရန်’’ ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ သူနာပြုများနှင့် ဆေးဘက်ပညာသည်များကို စဉ်ဆက်မပြတ် သင်ကြားလေ့ကျင့် မွေးထုတ်ပေးလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

Tamadaw Daily Activity

27 Dec, 07:57


ပြည်သူ့စစ်မှုထမ်းသင်တန်း၊ အမှတ်စဉ်(၆) သင်တန်းဆင်းပွဲတွင် သင်တန်းသားများ၏ စစ်ပုံကျန စစ်ရေးပြ လှုပ်ရှားဟန်များက သင်တန်းကာလမှာ စိတ်ဝင်တစားကြိုးစားသင်ယူခဲ့ကြမှု၊ စည်းစနစ်ကျမှု၊ ညီညွှတ်မျှတစွာပူးပေါင်းဆောင်ရွက်မှုတိုကို ထင်ဟပ်ပေါ်လွင်စေပါတယ်...
"ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်"

Tamadaw Daily Activity

27 Dec, 07:54


နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့ကို ကာကွယ်စောင့်ရှောက်လျက်ရှိသော (ကြည်း၊ ရေ၊ လေ) တပ်မတော်သားများ တရားသောစစ်အောင်မြင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်🌟☘️

Tamadaw Daily Activity

27 Dec, 07:50


🌟🌟🌟🌟🌟🌟🌟🌟🌟
ချေမှုန်းရေးသင်ခန်းစာ လေ့ကျင့်နေကြတဲ့
ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ ❤️🇲🇲

Tamadaw Daily Activity

03 Dec, 16:30


အခြေခံစားကုန်များနှင့်ပတ်သက်၍ သင့်တင့်လျောက်ပတ်သည့် အမြတ်ကိုသာတင်၍ ရောင်းချသွားရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် ပြောကြား
=================================
စီးပွားရေးနှင့်ပတ်သက်၍ အသား၊ ငါးနှင့် အခြေခံစားကုန် ကုန်ဈေးနှုန်းများ ကြီးမြင့်လာမှုများဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများ၏ အခြေခံစားကုန်များနှင့်ပတ်သက်၍ သင့်တင့်လျောက်ပတ်သည့် အမြတ်ကိုသာတင်၍ ရောင်းချသွားရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုများအပေါ် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် စနစ်တကျစိစစ်ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ကုန်ဈေးနှုန်းများဖြစ်စေရေး စေတနာထား၍ အပင်ပန်းခံ ဆောင်ရွက်ကြစေလိုကြောင်းလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Tamadaw Daily Activity

03 Dec, 15:53


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
=======================================
ယနေ့ ဒီဇင်ဘာလ ၃ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။
အမှာစကားပြောကြားရာတွင် အစိုးရတစ်ရပ်ဟူသည်မှာ တာဝန်ထမ်းဆောင်ရာတွင် အချိန်ကာလအရ ကန့်သတ်မှုများရှိကြောင်း၊ ထို့ကြောင့် ရရှိသည့်အချိန်ကာလအတွင်း ထမ်းဆောင်ရမည့် နိုင်ငံ့တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ စိမ်းလန်းသာယာစိုပြေရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် Green Zone Area များ ဖော်ဆောင်သွားရန်လိုပြီး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ အခြေခံပညာရေးကဏ္ဍတွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်ရေးနှင့် ပညာသင်ကြားနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှုရာခိုင်နှုန်း အပြည့်
အဝရရှိအောင် ဆောင်ရွက်ရန်၊ ယခု ကျောင်းတက်နေသည့် ကျောင်းတက်နေသူအားလုံး စာမေးပွဲဖြေဆိုနိုင်ရေးနှင့် ကျောင်းများ အန္တရာယ်ကင်းရှင်းစွာ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Tamadaw Daily Activity

03 Dec, 15:47


ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
======================
ယနေ့ ဒီဇင်ဘာလ ၃ ရက် နံနက်ပိုင်းတွင် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါတယ်။
အမှာစကားပြောကြားရာတွင် လူလူချင်းတူသော်လည်း ဘဝကံကြမ္မာအကျိုးပေးကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းနေသူများကို စာနာထောက်ထား ဖေးမကူညီအားပေးကြရန်လိုအပ်ကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါတယ်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Tamadaw Daily Activity

03 Dec, 15:37


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က
လာရောက်ဂါရဝပြုတွေ့ဆုံ
========
ယနေ့ ဒီဇင်ဘာလ ၃ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H. E. Mr. Sholban Kara-Ool ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါတယ်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် နိုင်ငံတကာမျက်နှာစာတွင် ရုရှားနိုင်ငံအနေဖြင့် ခိုင်ခိုင်မာမာရပ်တည်ပေးလျက်ရှိမှုနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် ခိုင်ခိုင်မာမာရပ်တည်ပေးလျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပချိန်တွင် ရုရှားနိုင်ငံမှလေ့လာရေးအဖွဲ့များ ဖိတ်ခေါ်သွားမည့်အခြေအနေများ စသည့်အကြောင်းအရာများနှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Tamadaw Daily Activity

03 Dec, 09:08


❝ပြင်ဦးလွင်မှာ (၁၇)ကြိမ်မြောက်ပန်းပွဲတော်ကို ၁ လကြာ ကျင်းပမည်❞

ပြင်ဦးလွင်မြိုရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော် (Floral Fantasia)ကို ယခု ဒီဇင်ဘာ ၁၄ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်အထိ ၁ လကြာ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်၌ MSME အရောင်းပြခန်းများအပြင် ဂီတဖျော်ဖြေပွဲများနှင့် မျက်လှည့်ပွဲများပါ ထည့်သွင်း၍ ယခင်နှစ်များနှင့်မတူ တမူထူးခြားစွာ ကျင်းပသွားမည်ဟု အမျိုးသားကန်တော်ကြီး ဥယျာဉ်ထိန်းသိမ်းရေးကော်မတီက ဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ကျင်းပခဲ့သော (၁၆)ကြိမ်မြောက် ပန်းပွဲတော်၌ ပြည်တွင်းနှင့် ပြည်ပ ပန်းမျိုးစိတ်အရေအတွက် ၂ သိန်းနီးပါးကို ဇုန် ၈ ဇုန်ခွဲ၍ ပြသပေးခဲ့သလို ထူးခြားမှုအနေဖြင့် လီလီပန်းပြကွက်နှင့် သစ်ခွဥယျာဉ်ကိုပါ ထည့်သွင်းပြသခဲ့ပြီး ဈေးပွဲတော်နှင့် ဒေသထွက်ကုန် အရောင်းပြခန်း ၅၀ လည်း ပါဝင်ခဲ့သည်ဟု သိရသည်။

Tamadaw Daily Activity

03 Dec, 04:16


2-12-2024 ရက်နေ့က တန့်ယန်းမြို့နယ် နောင်ဟီးကျေးရွာမှာ တရားမ၀င် ကျားဖြန့်လုပ်နေတဲ့ တရုတ်နိုင်ငံသား ၁၈ ဦး၊ မြန်မာနိုင်ငံသား ၂၇ ဦး တို့အားဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ

-ကွန်ပျူတာ ၂၆ လုံး
-စတားလင့် ၁ စုံ၊ ဘန်း ၁ ခု
-ပစ္စတို ၂ လက်
-Type-81 ၂ လက်
-၄၀ မမ လောင်ချာတွဲ ၁ ခု
-ခဲယမ်းမျိုးစုံ
-စကားပြောစက် ၆ လုံး
-ဆိုင်ကယ် ၂ စီး
-မီးစက် ၁ လုံး
-wifi စက် ၃ လုံး
-ဖုန်းမျိုးစုံ ၁၃၀ လုံး
-လိုင်စင်မဲ့ ၆ ဘီးယာဉ် ၁ စီး

တို့အား သိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်

Tamadaw Daily Activity

15 Nov, 20:23


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀) ထွန်းညှိပူဇော်
=======================================
ယနေ့ နိုဝင်ဘာလ ၁၅ ရက် တန်ဆောင်မုန်းလပြည့် ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ရောင်စုံမီးအလှများ ထွန်းညှိပူဇော်ခြင်း၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ ဆီမီး(၁၀၀၀) ထွန်းညှိပူဇော်ခြင်းများဖြင့် တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့) တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။

Tamadaw Daily Activity

15 Nov, 20:22


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညို
===========================
ယနေ့ နိုဝင်ဘာလ ၁၅ ရက် ညပိုင်းတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၂၀၂၄ ခုနှစ်၊ တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲနှင့် မသိုး
ရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး ဆီမီးများကို အတူတကွ ထွန်းညှိပူဇော်ခဲ့ကြပါတယ်။
ထို့နောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ပြီး သဒ္ဓါဓိပတိခေါင်းလောင်းတော်အား ထိုးခတ်ပူဇော်ခဲ့ကြတယ်လို့ သိရပါတယ်။

Tamadaw Daily Activity

15 Nov, 20:21


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိန်နားပန် မီးပုံးပျံ
လွှတ်တင်မှုနှင့် ညမီးကျည်(ညမီးကြီး)မီးပုံးပျံများ လွှတ်တင်ပူဇော် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး
=======================
ယနေ့ နိုဝင်ဘာလ ၁၅ ရက် ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ
H.E. Mr. Tsydenov Alekesei Sambuevich နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တို့သည် စိန်နားပန် မီးပုံးပျံလွှတ်တင်မှုနှင့် ညမီးကျည်(ညမီးကြီး)မီးပုံးပျံများ လွှတ်တင်ပူဇော် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြပါတယ်။
ထို့နောက် ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် မြတ်ရောင်ခြည် စိန်နားပန် မီးပုံးပျံလွှတ်တင်မှုကို ကြည့်ရှုအားပေးခဲ့ကြတယ်လို့ သိရပါတယ်။

Tamadaw Daily Activity

15 Nov, 20:19


တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာ သင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
==============
ယနေ့ နိုဝင်ဘာလ ၁၅ ရက် ညပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ ၂၀၂၄ ခုနှစ်၊ တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က
မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုအသင်းကိုလည်းကောင်း၊ စိန်နားပန် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းကိုလည်းကောင်း၊ ညမီးကျည်(ညမီးကြီး)မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းကိုလည်းကောင်း ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Tamadaw Daily Activity

10 Nov, 06:03


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ၏ အပြန်ခရီးစဉ်အား ကြိုဆိုရန် စောင့်ဆိုင်းနေသည့် အနုပညာရှင်များ

Tamadaw Daily Activity

10 Nov, 06:01


တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ၏ အပြန်ခရီးစဉ်အား သောင်းသောင်းဖျဖျကြိုဆိုရန် စောင့်ဆိုင်းနေသည့် ပြည်သူများနှင့် အနုပညာရှင်များ၏ မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်

Tamadaw Daily Activity

10 Nov, 05:58


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ၏ အား ပြည်သူများမှ သောင်းသောင်းဖျဖျကြိုဆိုရန် စောင့်ဆိုင်းနေသည့် မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်

Tamadaw Daily Activity

10 Nov, 05:30


တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ အပြန်ခရီးစဉ်အား ပြည်သူများ သောင်းသောင်းဖျဖျကြိုဆိုရန် စောင့်ဆိုင်းနေသည့် မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်

Tamadaw Daily Activity

10 Nov, 05:19


မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံများ ယှဉ်ပြိုင်လွှတ်တင်ပူဇော်မှုများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပါတယ်။ မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ၊ ဝတ်ရွတ်အသင်းအဖွဲ့များက အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ မီးပုံးပျံကြီးများ ယှဉ်ပြိုင်လွှတ်တင်ပူဇော်ပွဲနှင့် မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်မှု၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း ဆီမီး (၉၀၀၀) ထွန်းညှိကပ်လှူပူဇော်မှု၊ LED မီးများဖြင့် အလှဆင်ပူဇော်မှုများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည့်အပြင် မြန်မာနိုင်ငံသဘင်အစည်းအရုံး၏ စီစဉ်မှုဖြင့် ဇာတ်မင်းသား ဖိုးချစ်အဖွဲ့နှင့်အတူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်ဝန်ထမ်းများက ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် နိုဝင်ဘာလ ၁၃ ရက်မှ ၁၅ ရက်အထိ ညစဉ်ကပြဖျော်ဖြေတင်ဆက်ကြမှာဖြစ်လို့ အနယ်နယ်အရပ်ရပ်မှမိဘပြည်သူများ လာရောက်ပါဝင်ဆင်နွှဲနိုင်ပါတယ်။

Tamadaw Daily Activity

09 Nov, 15:13


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချုံချင့်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံ
=====================
နိုဝင်ဘာလ ၈ ရက်နေ့ ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များသည်
ချုံချင့်မြို့ရှိ Yuantongsi သင်္ဘောဆိပ်သို့ ရောက်ရှိပြီး ယန်စီမြစ်အတွင်း သင်္ဘောစီး၍ လေ့လာခဲ့ကြကြောင်းနှင့် သင်္ဘောပေါ်တွင် လိုက်ပါလာသည့် ချုံချင့်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံကာ တရုတ်-မြန်မာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Tamadaw Daily Activity

09 Nov, 15:10


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် SERES မော်တော်ကားကုမ္ပဏီနှင့် Weima လယ်ယာစက်မှုထုတ်ကုန်ကုမ္ပဏီတို့သို့ သွားရောက်လေ့လာ
========================
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ချုံချင့်မြို့ရှိ SERES မော်တော်ကားကုမ္ပဏီနှင့် Weima လယ်ယာစက်မှုထုတ်ကုန်ကုမ္ပဏီတို့သို့ သွားရောက်လေ့လာခဲ့ကြပါတယ်။
ဒါ့အပြင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Chongqing International Logistics Hub Park နှင့် Chongqing Planning Exhibition ပြတိုက်တို့ကိုလည်း သွားရောက်လေ့လာခဲ့ကြတယ်လို့ သိရပါတယ်။

Tamadaw Daily Activity

09 Nov, 15:09


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့် တွေ့ဆုံဆွေးနွေး
=======
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြိုသိုရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့် နိုဝင်ဘာလ ၈ ရက် ညနေပိုင်းတွင် Yuzhou Hotel ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီလို တွေ့ဆုံဆွေးနွေးရာတွင် ချုံချင့်မြိုသို ခရီးစဉ်လာရောက်မှုသည် မြန်မာ-
ချုံချင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၏ လမ်းစတစ်ခုဖြစ်သည့် အခြေ အနေများ၊ မြန်မာနိုင်ငံနှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုဖလှယ်မှုများ၊ ပညာရေးကဏ္ဍနှင့် ခရီးသွားကဏ္ဍမြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို သိရပါတယ်။

Tamadaw Daily Activity

04 Nov, 09:45


နေ့စဉ်မိုးလေဝသသတင်း
==============
(၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
-----------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါ သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ တနင်္သာရီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်း ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၃ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

Tamadaw Daily Activity

04 Nov, 04:17


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်း အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသိုသွားရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြိုတွင် နိုဝင်ဘာလ ၆ ရက်မှ ၇ ရက် အထိကျင်းပပြုလုပ်မည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီးအစည်း အဝေးနှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများသို ပါဝင်တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရအဖွဲတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ် ပြီး နှစ်နိုင်ငံအစိုးရနှင့်ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့်ကဏ္ဍပေါင်းစုံ တွင်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

Tamadaw Daily Activity

04 Nov, 02:01


နေ့စဉ်မိုးလေဝသသတင်း
------------------------
(၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
==========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ တနင်္သာရီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၃ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်း နိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အနည်းငယ် ဖြစ်ထွန်းမည်။

Tamadaw Daily Activity

03 Nov, 15:00


၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်
================================
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး
ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပါတယ်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ပညာသင်စရိတ်များ ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြပါတယ်။

Tamadaw Daily Activity

03 Nov, 14:59


ပြည်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး
==========================================
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်
ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ
ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် တာဝန်ရှိသူများသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Tamadaw Daily Activity

02 Nov, 18:34


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်စဉ် ပြောကြားချက်များမှ ကောက်နုတ်ချက်
=======================================
ယနေ့အချိန်တွင် မိမိတို့နိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် နိုင်ငံရေးအရဖြစ်ပေါ်လာသည့်ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းမှုမရှိခြင်းကြောင့်ဖြစ်ကြောင်း၊ ပြည်ပမှ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး စသည့် လှုံ့ဆော်မှုအမျိုးမျိုးကို အခြေခံနေတာတွေ့ရကြောင်း၊ ယင်းသို့ သွေးထိုးလှုံ့ဆော်မှုများမှတစ်ဆင့် နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များကို မိုက်မဲစွာကျူးလွန်နေကြခြင်းပင်ဖြစ်ကြောင်း၊ သွေးကွဲနေပါက သွေးထိုးခံနေရမည်ပင်ဖြစ်ကြောင်း။

Tamadaw Daily Activity

02 Nov, 18:32


ဒီမြေ၊ ဒီရေ၊ ဒီလေကို တူညီစွာသုံးစွဲနေထိုင်ကြသည့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ပင်ဖြစ်ပါစေ ပြည်ထောင်စုစိတ်ဓာတ်မွေးပြီး နေထိုင်ကြရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
=========================
မြန်မာနိုင်ငံအတွင်း ဒီမြေ၊ ဒီရေ၊ ဒီလေကို တူညီစွာသုံးစွဲနေထိုင်ကြသည့် မည်သည့် လူမျိုး၊ မည်သည့်ဘာသာဝင်ပင်ဖြစ်ပါစေ မြန်မာနိုင်ငံကိုချစ်သည့်စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်မွေးပြီး နေထိုင်ကြရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်စဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုများကတစ်ဆင့် မြန်မာနိုင်ငံ၏အကျိုးကို ဝိုင်းဝန်းသယ်ပိုးသွားကြစေလိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

Tamadaw Daily Activity

02 Nov, 18:31


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ် ဆီမီးထွန်းညှိပေး
==================================
ယနေ့ နိုဝင်ဘာလ ၂ ရက် ညနေပိုင်းတွင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်ကြပြီး ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ် ဆီမီးထွန်းညှိပေးခဲ့ပါတယ်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က မင်္ဂလာဂုဏ်ပြုပဝါနှင့် ပန်းကုံးကို ဂါရဝပြုဆင်မြန်းပေးခဲ့ပါတယ်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဒီပါဝလီအထိမ်းအမှတ်အခမ်းအနား ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Tamadaw Daily Activity

02 Nov, 18:29


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
==========================
ယနေ့ နိုဝင်ဘာလ ၂ ရက် ညနေပိုင်းတွင် ဟိန္ဒူဘာသာဝင်များ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။
ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များအား တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပါတယ်။ ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့အား ဟိန္ဒူရိုးရာဆီမီးနံ့သာဖြင့် ကြိုဆိုခဲ့ကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့က ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို စက်ခလုတ်နှိပ်
ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။

Tamadaw Daily Activity

27 Oct, 02:57


ခွေးသစ်တို့ အူနေပုံထောက်ရင် ခွေးသူပုန်တွေ
အတော်အထိနာနေပြီနဲ့တူတယ်
ဘယ်လိုလဲ မင်းတို့ပြောတဲ့ ၁၀၂၇ တစ်နှစ်ပြည့်မှာ
နှစ်ပတ်လည်အမှတ်တရ လက်ဆောင်ပို့ပေးတာ အဆင်ပြေရဲ့လား...
ခွေးပလောင်သူပုန်တွေအတွက်ရော...ကိုးကန့်ခွေးသူပုန်တွေအတွက်ပါ
မျှမျှတတ ပို့ပေးလိုက်တယ်နော်...
ခွေးသစ်တို့ အူနေပုံထောက်ရင် ခွေးသူပုန်မျိုးတုံးတော့မယ်ထင်တယ်...

Tamadaw Daily Activity

27 Oct, 02:49


သတင်းအမှားပါ
=============
မည်သည့်တိုက်ပွဲမှဖြစ်ပွားခြင်းမရှိပါ။
ယမန်နေ့က ပုဏ္ဏားကျွန်း-စစ်တွေအစပ်ရှိ AA ဘိန်းစားအဖွဲ့စုဖွဲ့ရာနေရာများအား
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ အတွဲလိုက်ဒုံးများ၊ Drone များဖြင့် အကြိမ်ကြိမ် ကြိုတင်ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် အထိနာထားပြီး ယနေ့နံနက်ပိုင်းတွင် ၎င်းတို့၏ လူနာများနှင့် အလောင်းများအား ကားများဖြင့် အရေးပေါ်ပြောင်းရွှေ့နေခြင်းသာရှိကြောင်း သိရှိရသည်။

#MinChitOo

Tamadaw Daily Activity

27 Oct, 02:40


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း
(၂၇/၁၀/၂၀၂၄ ရက်နေ့ နံနက်ပိုင် ၉ နာရီထိ)
======================
ယနေ့နံနက်ပိုင်း၌ အမ်းမြို့ တပ်ဆေးရုံ၌ နှစ်ဖက်ထိတွေ့မှုခဏတာ ဖြစ်ပွားခဲ့ခြင်းသာရှိပြီး
အခြားမည်သည့်နေရာမှာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
#MinChitOo

Tamadaw Daily Activity

27 Oct, 01:22


နေ့စဉ်မိုးလေဝသသတင်း
---------------------------
(၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

Tamadaw Daily Activity

27 Oct, 01:21


နေ့စဉ်မိုးလေဝသသတင်း
---------------------------
(၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
==============================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း“ထရမ်မီ”(TRAMI)သည် အနောက်-အနောက် တောင်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် (၁၂)နာရီအတွင်း ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေ ဒါနန်းမြို့အနီးသို့ ရောက်ရှိနိုင်ကာ၊ အပူပိုင်းမုန်တိုင်း“ထရမ်မီ”(TRAMI)အဖြစ်သို့ အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာ ကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေသာချိန်ရှိပြီး၊ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အနည်းငယ် ဖြစ်ထွန်းမည်။

Tamadaw Daily Activity

27 Oct, 00:19


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၇-၁၀-၂၀၂၄ ရက်နေ့ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများကိုသိရှိနိုင်ပါရန် ဖော်ပြလိုက်ပါတယ်…….

Tamadaw Daily Activity

26 Oct, 22:37


မင်္ဂလာနံနက်ခင်းပါ🙏🙏🙏
အချိန်တိုင်းမှာ
စိတ်ချမ်းသာ
ကုသိုလ်နှင့်သာမြဲပါစေ🙏🙏🙏
မေတ္တာနှလုံးပွားများသုံး
ရွှင်ပြုံးချမ်းသာကြပါစေ…🙏🙏🙏

Tamadaw Daily Activity

26 Oct, 16:32


၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် (ဒုတိယအကြိမ်) ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်
====================
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့်
နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့ အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများအတွက် (ဒုတိယအကြိမ်)ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်ပွဲကို ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ အောင်ငြိမ်းအေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပါတယ်။ ဦးစွာတိုင်းမှူးက အမှာစကားပြောကြားခဲ့ပါတယ်။ ထို့နောက် တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူ ၉၄၇၉ ဦးအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက အသီးသီးလက်ခံရယူခဲ့ကြပါတယ်။

Tamadaw Daily Activity

26 Oct, 16:31


အောင်မြေသာစံမြို့နယ်တို့ရှိသံဃာတော်များနှင့် ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော် ရပ်ကွက်၊ ကထိန်တော်ကျောင်းတိုက်ရှိသံဃာတော်များနှင့် ဒေသခံပြည်သူများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်ရှိ ဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁၀၉ ပါးနှင့် ဒေသခံပြည်သူ ၂၂ ဦးတို့အား သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ဟောပြောဆွေးနွေးကာ ဆေးရုံတက်ရောက်ရန်လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။ ယင်းသို့ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။

Tamadaw Daily Activity

26 Oct, 16:28


မျက်မှောက်ကာလ မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတို့အရ မြန်မာနိုင်ငံသားတိုင်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့်အချုပ်အခြာအာဏာကို ကာကွယ်ရန် အချိန်ကျရောက်လာပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်( ၆ )ကျောင်းသား၊ ကျောင်းသူများကို အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ထို့ပြင် ပြည်သူတစ်ယောက်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီးတစ်ခုလုံးနှင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် အမျိုးသားရေးတာဝန်လည်းဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန်ရှိသည့် တပ်မတော်ကို ပြည်သူ့အားဖြင့် ပူးပေါင်းကူညီကြရမည်ဖြစ်သကဲ့သို့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတာဝန်များကို ပြည်သူနှင့်တပ်မတော် အတူတကွ ဦးထမ်းပဲ့ထမ်း တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

Tamadaw Daily Activity

26 Oct, 16:25


နိုင်ငံတစ်နိုင်ငံဖွံဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်သည်ပညာတတ်အရင်းအမြစ်များ‌ပေါများခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အသိပညာ၊ အတတ်ပညာ ပြည့်စုံသည့် ပညာတတ်များနှင့်သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ဆောင်ရွက်နေပြီး အရည်အသွေးပြည့်ဝသည့်ဘက်စုံပညာရေးစနစ် တိုးတက်ဖြစ်ပေါ်ရေးကိုလည်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်တွင် နိုင်ငံတော်က အားကိုးအားထားပြုရသည့်၊ ဗလငါးတန်နှင့် ပြည့်စုံသည့်၊ အရည်အချင်း ပြည့်ဝသည့်လူငယ်များကို မွေးထုတ်ပေးနိုင်ရန်အတွက် ဆရာ၊ ဆရာမများ၏ သင်ကြားပြသမှု၊ သွန်သင်ဆုံးမမှု ကောင်းမွန်ခြင်းအပေါ်တွင် မူတည်နေကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို မှန်ကန်အောင် တည့်မတ်ပေးရေးသည် ဆရာ၊ ဆရာမများ၏ တာဝန်ပင်ဖြစ်ကြောင်း။
၂၀၂၄ ခုနှစ် အောက်တိုဘာလ၂၅ ရက်နေ့တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် မှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ ၅ နှစ်သင်တန်းအမှတ်စဉ်( ၆ )မှကျောင်းသား၊ ကျောင်းသူများကိုတွေ့ဆုံအမှာစကားပြောကြားခဲ့သည့် ပြောကြားချက်များမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Tamadaw Daily Activity

25 Oct, 17:17


ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်
===================
ယနေ့ အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲ အခမ်းအနားများကို တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
သင်တန်းဆင်းပွဲအခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲသို့ တက်ရောက်ကြသော သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄)မှ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပါတယ်။
ညပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄)မှ နိုင်ငံ့သားကောင်းစစ်သည်များကို သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲများပြုလုပ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

Tamadaw Daily Activity

25 Oct, 16:48


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၆)မှ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ပြောကြားချက်များမှ ကောက်နုတ်ချက်
============================
မျက်မှောက်ကာလ မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတို့အရ မြန်မာနိုင်ငံသားတိုင်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့်အချုပ်အခြာအာဏာကိုကာကွယ်ရန် အချိန်ကျရောက်လာပြီဖြစ်ကြောင်း၊ ပြည်သူတစ်ယောက်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီးတစ်ခုလုံးနှင့်နိုင်ငံသူ၊ နိုင်ငံသားအားလုံးကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန်ရှိသည့်တပ်မတော်ကို ပြည်သူ့အားဖြင့် ပူးပေါင်းကူညီကြရမည်ဖြစ်သကဲ့သို့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတာဝန်များကို
ပြည်သူနှင့်တပ်မတော် အတူတကွ ဦးထမ်းပဲ့ထမ်း တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း။

Tamadaw Daily Activity

21 Oct, 17:35


ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံဒုတိယအကြိမ် ထပ်မံတွေ့ဆုံဆွေးနွေး
==========================
ယနေ့ အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုလျှော့ချနိုင်ရေးနှင့် ရေကြီးပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သတ်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံတာဝန်ရှိသူများ၏ ဒုတိယအကြိမ်မြောက် နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ အကောက်ခွန်ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
မြန်မာ-ထိုင်း နှစ်နိုင်ငံအစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ထိုင်းနိုင်ငံဘက်မှ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ နယ်စပ်ရေးရာဌာန ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး နတ္ထဖုံးဖလောင်ကျောက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပထမအကြိမ်အဖြစ် စက်တင်ဘာလ ၂၀ ရက်နေ့​တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Tamadaw Daily Activity

21 Oct, 16:16


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြားစဉ်
ပြောကြားချက်များမှ ကောက်နုတ်ချက်
====================================
မကြာမီကာလအတွင်း တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ကျောင်းသားများအားလုံး လုံခြုံချောမွေ့စွာ၊ ပျော်ရွှင်ချောမွေ့စွာဖြင့် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း ကျောင်းသား၊ ကျောင်းသူများ စိတ်လက်ချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေး ကျောင်းများအတွင်း သန့်ရှင်းသာယာမှုရှိအောင် ဆောင်ရွက်ပေးကြရန်လိုသကဲ့သို့ တန်းစဉ်အလိုက် သင်ရိုးအားလုံးတတ်မြောက်စေရေး အချိန်ပိုစာသင်ချိန်များဖြင့် သင်ကြားပေးရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ကျောင်းများတိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ ဆရာ၊ ဆရာမများ၏ စွမ်းရည်မြှင့်တင်ရေးနှင့် ကျောင်းများဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

Tamadaw Daily Activity

21 Oct, 16:15


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြား
=======================
ယနေ့ အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၄)ကို နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။
အမှာစကားပြောကြားရာတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အမျိုးသားရေးကိစ္စရပ်တစ်ခုအနေဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး နယ်မြေလုံခြုံရေးအရ ကောက်ယူရန်ကျန်ရှိသည့်နေရာများတွင်လည်း ဆက်လက်ကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်ခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်မှ နိုင်ငံတည်တံ့ခိုင်မြဲမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးကလည်း ဆက်လက်၍ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Tamadaw Daily Activity

21 Oct, 16:12


ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်
===================================
ယနေ့ အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် သင်တန်းကျောင်းအသီးသီး၌ ပြုလုပ်ခဲ့ကြပါတယ်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားခဲ့ကြပါတယ်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများတက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၆)မှ သင်တန်းသားများအားတွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြတယ်လို့သိရပါတယ်။

Tamadaw Daily Activity

20 Oct, 23:50


မင်္ဂလာ နံနက်ခင်းပါ🙏🙏🙏
သတ္တဝါများစွာ
ဘေးရန်ကွာ
ချမ်းသာကြပါစေ…🙏🙏🙏
မေတ္တာရေချမ်း
သွန်းကာဖြန်း
ငြိမ်းချမ်းကြပါစေ🙏🙏🙏
သက်ရှည်ကျန်းမာ
စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ….🙏🙏🙏
ကပ်ကြီး ၃ ပါးကို ကျော်လွှားနိုင်ကြပါစေ🙏🙏🙏

Tamadaw Daily Activity

20 Oct, 18:05


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲသို့ အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်းက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြရာ ရုပ်စုံသဘင်အဖွဲ့လိုက် ဝါသနာရှင်အဆင့်(ပထမတန်း)ပြိုင်ပွဲတွင် “ဝေဿန္တရာ” ဇာတ်တော်ကြီးဖြင့် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု ရတနာပုံရုပ်စုံသဘင်အဖွဲ့က “ဝေဿန္တရာ” ဇာတ်တော်ကြီးတွင် ပရမတ္ထပါရမီ၏ သဘောသဘာဝဖြစ်သည့် ပါရမီဖြည့်ဖက် ပုဂ္ဂိုလ်မြတ်တို့၏ ကျင့်ကြံပွားများရသည့် သီလကုသိုလ်အကျိုးနှင့် ဓမ္မနှင့်အဓမ္မ အားပြိုင်မှုတို့ကို အနှစ်သာရရှိရှိ ပေါ်လွင်အောင်ဖော်ကျူးသည့် အကအလှများ၊ စကားပြောများဖြင့် သရုပ်ဖော်ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ကြပါတယ်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ရုပ်စုံသဘင်အဖွဲ့လိုက် အကဲဖြတ်ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပါတယ်။