နေအိမ်၃လုံးမီးလောင်ဆုံးရှုံးပြီးအမျိုးသမီးတစ်ဦးလည်းသေဆုံး
ရွှေပြည်သာ။ ဒီဇင်ဘာ ၈
ရွှေပြည်သာမြို့နယ် မွန်မလေးကုန်စုံဆိုင် နောက်ကျောရှိ နေအိမ်များမီးလောင်မှုတွင် အမျိုးသမီးတစ်ဦးသေဆုံးပြီး ၂ထပ်လူနေအဆောင်၂လုံး
နှင့်တစ်ထပ်နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးသင့် အိမ်ထောင်စု ၆၁စုကို မီးဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကယ်ဆယ်ထားကြောင်းသိရသည်။
ဇန်နဝါရီလ ၇ ရက် မနက်၄နာရီ၄၅အချိန်ခန့်ကရွှေပြည်သာမြို့နယ် ပတ္တမြားစျေးအနီး
အမှတ်၅ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်း၊ အိမ်အမှတ်၁၀၅၃ရှိ ပိုင်ရှင်ဦးအောင်ဝင်းပိုင်ဆိုင်သော အကျယ်အဝန်း၄၀x၆၀ပေ RC၂ထပ်ခွဲရှိ ပထမအထပ်၊ အိမ်အမှတ်၁ဝ၅၄ရှိ ပိုင်ရှင်ဦးဇော်မင်းပိုင်ဆိုင်သော အကျယ်အဝန်း၂၀x၆၀ပေ သွပ်မိုး၊ ပျဉ်ထောင်၊ ကွန်ကရစ်ခင်း၂ထပ်လူနေအဆောင်၂လုံးနှင့်
အိမ်အမှတ်၁၀၅၅ရှိ အကျယ်အဝန်း၄၀x၆၀ပေသွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်းလူနေအိမ်၁လုံး မီးလောင်မှု
ဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့
မီးသတ်တပ်ဖွဲ့မှ
အုပ်ချုပ်မှုယာဉ်၁စီး၊ အထောက်အကူပြုယာဉ်၁စီး၊ မီးငြှိမ်းသတ်ယာဉ်၁၂စီး၊ ရေသယ်ယာဉ်၁၈စီး
မီးသတ်သန္ဓေတပ်ဖွဲ့ဝင်
၁၂၃ဦး၊ အရန်တပ်ဖွဲ့ဝင်၁၄၄ဦးတို့ဖြင့်
ရောက်ရှိငြိမ်းသတ်ရာ +++++++
မီးထိန်းနိုင်ပြီး+++ချိန်မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
မီးလောင်မှုအကြောင်းအရင်းကိုစီစစ်ရာတွင်
အိမ်အမှတ်(၁၀၅၄)၊ အကျယ်အဝန်း(၂၀x၆၀)ပေ သွပ်မိုး၊ ပျဉ်ထောင်၊ ကွန်ကရစ်ခင်း(၂)ထပ် လူနေ အဆောင်(၂)လုံးရှိ အခန်းတစ်ခုမှ
လျှပ်စစ်ဒယ်နီအိုးတည်ထားရာမှ အပူလွန်ကဲ၍ အနီးအနားရှိ အဝတ်အထည်များသို့ မီးကူးစက်ရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်းသိရသည်။
မီးလောင်မှုကြောင့်
အိမ်အမှတ်(၁၀၅၃)၊ အကျယ်အဝန်း (၄၀x၆၀) ပေ (RC) (၂)ထပ်ခွဲ၊ ပထမအထပ်ရှိ အတွင်းပစ္စည်း(၃၀၀၀၀၀ထိ/-)ခန့်၊
အိမ်အမှတ် (၁၀၅၄) ၊ အကျယ်အဝန်း (၂၀x၆၀)ပေ သွပ်မိုး၊ ပျဉ်ထောင်၊ ကွန်ကရစ်ခင်း(၂)ထပ်လူနေ အဆောင်(၂)လုံး(၂၄၀၀၀၀၀ဝိ/-)ခန့်၊အတွင်းပစ္စည်း (၄၀၀၀၀၀ဝိ/-)ခန့်၊
အိမ်အမှတ်(၁၀၅၅)၊ အကျယ်အဝန်း
(၄၀x၆၀)ပေ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း လူနေအိမ်(၁)လုံး(၁၂၀၀၀၀၀ဝိ/-)ခန့်၊ အတွင်းပစ္စည်း (၃၀၀၀၀၀ဝိ/-)ခန့်၊
စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး(၇၃၀၀၀၀၀ထိ/-) ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့သည်။၎င်းအပြင်
ဒေါ်မိုးမြင့်စံ၊ အသက်(၄၃)နှစ်ခန့် ၊ အမျိုးသမီး(၁)ဦးလည်း မီးလောင်သေဆုံးခဲ့သည်။
မီးလောင်မှုနှင့်ပတ်သက်၍
အဆောင်ငှားရမ်းသူ ဒေါ်မိုးမြင့်စံ အသက်(၄၃) ရွှေပြည်သာ မြို့မရဲစခန်းမှ[ပ] ၁၄/၂၀၂၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ် ၃၀၄[က]/၂၈၅ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
မီးဘေးသင့် အိမ်ထောင်စု(၆၁)စု၊ ကျား(၆၁)၊ မ(၉၂)ဦး၊ စုစုပေါင်းလူဦးရေ(၁၅၃)ဦးတို့အား အမှတ်(၅)ရပ်ကွက်၊ ရွက်လှလမ်း၊ အ.ထ.က(၆)ကျောင်းတွင် ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားရှိသိရသည်။
ရွှေမြင့်ဦး[ရွှေပြည်သာ]