Sit Min @nayminthurin Channel on Telegram

Sit Min

@nayminthurin


စစ်သတင်းများကိုတင်ပေးပါမယ်

Sit Min (Burmese)

Sit Min ဆိုတဲ့ အကြောင်းပြတဲ့ အင်္ဂလိပ်စာလက်ဆောင်များ ကွန်ပျူတင်ပါတယ်။ ဤလက်ဆောင်များသည် nayminthurin ဆိုတဲ့ Telegram channel မှာ တင်ပေးပါရမယ်။ ထို့နောက်ဖြေကိုယ်ရောင်ဝယ်ယူပါတယ်။ Sit Min ဆိုတဲ့ channel သည် အင်္ဂလိပ်စာလက်ဆောင်များ စီမံကို အချိန်အရေအတွက် ပြည့်စုံခဲ့ပါတယ်။ ဤလက်ဆောင်များသည် အင်္ဂလိပ်စာလက်ဆောင်များတစ်ခုဖြစ်ပြီး လူအများအား စတင်ချိန်နည်းလိုပါတယ်။ ဤလက်ဆောင်များကို သိရှိရန် nayminthurin ဆိုတဲ့ channel ကို follow လုပ်ပါ။ ဤ channel တစ်ခုသည် စီမံခြင်း နှင့် ပညာရှင်းများကို အကြောင်းတင်ပေးပါရန် အနောက်ကိုယ်ရောင်ဝယ်ယူပါတယ်။

Sit Min

04 Jan, 15:59


4-1-25

ဒီနေ့စစ်သတင်းကတော့
ဗန်းမော်အခြေအနေပြန်ကောင်းလာပါတယ်။အဓိကပြောချင်တာကလေကြောင်းပစ်ကူဘဲ။လေကြောင်းပစ်ကူထိရောက်ရင်စစ်ပွဲနိုင်မှာဘဲ။
လက်ရှိလေယာဥ်တွေစွမ်းပကားကမြေပြင်က ဆယ်ပေပတ်လည်ပစ်မှတ်တောင်မလွဲအောင်ပစ်နိုင်တဲ့တိကျသေချာတဲ့စွမ်းပကားတွေကြောင့်
လေတပ်ကဖရဲသီးမဟုတ်ရင်ရန်သူကိုမနိုင်စရာအကြောင်းကိုမရှိဘူး။

ဥသျှစ်ပင်ပန်းတောင်းဘက်အခြေအနေကောင်းပါတယ်။ဒီနေ့ တိုက်ပွဲမရှိပါ။

ကရင်ပြည်နယ်စစ်ပွဲတွေ ကလိုင်ထိ
စခန်းတိုက်ပွဲတွေ၊အနန်းကွင်းဗျူဟာတိုက်ပွဲတွေမှာတပ်မတော်ကအောင်မြင်မှုရပါတယ်။
Mndaa အဖွဲ့ဝတ်စုံပြောင်းတွေကရင်မှာလာပူးပေါင်းတယ်လို့သိရတယ်။ဝေါ ဘက်မှာတွေ့တဲ့သူတွေကသတင်းပို့ပါတယ်။

ရခိုင်မှာတော့ကျွန်တော်တင်ပြခဲ့တဲ့အတိုင်းထွန်းမြတ်နိုင်ဖင်ယားမှုကြောင့် ကလားအာဆာပူးပေါင်းအဖွဲ့နဲ့မောင်တောမှာAA နဲ့တိုက်ပွဲတွေပြင်းထန်နေတယ်။ဒီနေ့လညိးAA နယ်စပ်စခန်းတစ်ခုကိုသိမ်းလိုက်တယ်လို့သိရတယ်။
ပြောချင်တာက Oic နှင့်အနောက်အုပ်စုထောက်ပံ့မှုက AA ဆီမစီးဆင်းဘဲ အာဆာတွေဆီစီးဆင်းသွားလို့ ဘင်နိုင်ငံထူထောင်ရေးကြွေးကျော်လာတာတိုက်ဆိုင်နေတယ်။
အဲ့ဒီဘက်ကိုတပ်မတော်ကလည်းမစိုးမိုးတော့တဲ့အတွက်တစ်ဖက်နိုင်ငံရဲ့ငွေ၊လူ၊အင်အားတွေဖြည့်တင်းပြီး
ရခိုင်ကိုအမှည့်ချွေခံရတော့မယ့်ကိန်းမြင်နေရတယ်ဗျာ။

ချင်းပြည်ရိခေါဒါနယ်စပ်ဂိတ်မှာမူးယစ်ဆေး၊တရားမဝင်ဆေးဝါး၊
စတဲ့မှောင်ခိုပစ္စည်းတွေတင်သွင်းမှုကိုပိတ်ပင်ဖို့ဂိတ်ထိုင်သူတွေကတရားဝင်အစိုးရမဟုတ်တဲ့အတွက်အိန္ဒိယဘက်ကပိတ်လိုက်ကြောင်းသိရတယ်။
ချင်းမှာလည်းမင်းတပ်တိုက်ပွဲပြင်းထန်တယ်။ချင်းပဒက်တွေအသေ အပျောက်များကြောင်းသိရတယ်။

တပ်မတော်က အမ်း၊နပခ ပြန်ရရေးစစ်ဆင်ရေးတွေစတင်နေတာတွေ့ရတယ်။

စစ်မင်း

Sit Min

03 Jan, 13:33


ကျွန်တော်လွန်ခဲ့ရက်ကတင်ပြခဲ့သလို knu ဟာသူ့လိုတဲ့မြို့တွေစခန်းတွေသိမ်းပြီးအပစ်ရပ်ကြေညာဖို့အတွက်တိုက်ကွက်ဖော်ရန်
AA ဟာ knu ကိုသွားပေါင်းပါတယ်။အခုဆို knu နဲ့ AA ပေါင်းအင်အားသုံးထောင်ကျော်ဟာတိုက်ကွက်ဖော်ဖို့အသင့်ဖြစ်နေတဲ့အတွက်
ဒီအပတ်အတွင်းကရင်ပြည်နယ်အတွင်းတိုက်ပွဲတွေပြင်းထန်လာဖို့ရှိပါတယ်။

တပ်မ 22 နဲ့ တပခ တပ်တွေစခန်းတွေ၊အားလုံးအသင့်ပြင်ထားဖို့နိုးဆော်ပါတယ်။

စစ်မင်း

Sit Min

03 Jan, 13:22


တောင်ခမ်းကိုသတိထားစိုးရိမ်ရတယ်။ လဝ တွေ Mndaa အဝတ်ချိန်းပြီးသိန်းနီကတဆင့်လားရှိုးကို
အင်အားထောင်ချီ
ဝင်လာတယ်ဆိုတာတိုက်ကွက်တစ်ခုခုဖော်ဖို့ဘဲ။

မအလ ကလည်းတောင်ခမ်းမကျအောင်ထိန်းတိုက်နိုင်တဲ့အမြောက်တပ်မှူးကိုမှူးချုပ်ရာထူးတိုးပြီးပဒါန်းကိုရွှေ့လိုက်တယ်ဆိုတာအကြောင်းရှိနေသလိုဘဲ
သူ့နေရာအစားထိုးဝင်လာတာမကြားမိဘူး။တကယ်အစားထိုးထားရင်ကောယခင်တပ်မှူးလိုတိုက်စွမ်းရည်ရှိပါ့မလားဆိုတာစဥ်းစားစရာဘဲ။

မအလ အကွက်ရွှေ့ပုံက ကျသွားတဲ့
နပခနဲ့ ရမခ တိုင်းမှူးတွေကိုနေရာရွှေ့ပေးသလိုဖြစ်နေလို့သတိထားဖို့လိုတယ်ဆိုတာပြောပြတာ။

တပ်မတော်ရဲ့အကြီးဆုံးကဖရဲသီးဖြစ်နေသလားဆိုတာရုပ်လုံးပေါ်လာနေတယ်။စောင့်ကြည့်ကြပါ။

ဒီနေ့ဗန်းမော် တစ်နေကုန်တိုက်ပွဲဖြစ်တယ်။ရပ်ကွက်တော်တော်များများရှိအဆင့်မြင့်အဆောက်အဦးတွေ၊ရန်သူခိုအောင်းပစ်ခတ်နေတဲ့နေရာတွေကိုဗုံးကျဲခဲ့ကြောင်းသိရတယ်။

အထိနာနေတဲ့ kia ဟာအသွင်ပြောင်း လဝ တွေ၊ mndaa တွေပူးပေါင်းအင်အားထပ်ဖြည့်နေတယ်လို့သိရတယ်။

သူတို့နောက်ကပစ်ကူ၊စစ်ကူ၊ထောက်ပို့လမ်းကြောင်းနဲ့ ရန်သူဌာနချုပ်တွေကိုအမြန်ဗုံးကျဲဖို့လိုပါတယ်။

နောက်ကအမိန့်ပေးအဖွဲ့အုပ်ချုပ်ထောက်ပံ့မှုအဖွဲ့တွေကျဆုံးသွားမှရှေ့တန်းတိုက်စစ်အလိုလိုရပ်တန့်သွားမှာဖြစ်လို့ရန်သူ့ ဌာနချုပ်တွေကိုအမြန်ဗုံးကျဲပေးဖို့လိုပါတယ်။

စစ်မင်း

Sit Min

03 Jan, 12:36


3-1-2025

မနေ့ကတင်ခဲ့တဲ့အတိုင်းဘဲ ဘင်လေးဖွဲ့ပေါင်းထားတဲ့အဖွဲ့က အေအေနယ်ခြားစောင့်ငါးခူရစခန်းကိုဒီမနက်ပြန်သိမ်းလိုက်တယ်။AA အတွေအကျအဆုံးများစွာနဲ့ထွက်ပြေးရတယ်။

တစ်ချိန်မှာကိုယ်ပြောသလိုတစ်ဖက်နိုင်ငံရဲ့ပူးပေါင်းအဖွဲ့တွေမပါလာဖို့လိုတယ်။

ဒီအဖွဲ့ဟာအားကောင်းလာပြီးမကြာခင်မောင်တောနှင့်ဘူးသီးတောင်ကိုသူတို့ပြန်သိမ်းလိမ့်မယ်။စောင့်ကြည့်ရဦးမှာဘဲ။

စစ်မင်း

Sit Min

02 Jan, 15:38


မောင်တော မှာ၊ AA နဲ့ အာဆာ
တို့ စစ်ရေး တင်းမာနေ အာဆာ မှ ကြီမားတဲ့ စစ်ဆင်ရေးတွေ ပြုလုပ်တော့မည် ဖြစ်ကာ၊
စစ်ရေး ပြင်နေသည်ဟု၊ ထပ်မံ
ထုတ်ပြန်လာပါတယ်၊အာဆာ အနေနဲ့ AA ကို။
ရခိုင်ပြည်နယ် မှ တိုက်ထုတ် သွားမည် ဖြစ်တယ်လို့ ထုတ်ပြန်ချက် မှာ ပါရှိထားပါတယ်။ အာဆာ ဘက်မှ အဆိုပါ သတင်းထုတ်
ပြန်ပြီး AA မှ မောင်တောဘက် စစ်အင်အား
ဖြည့်တင်း လာကာ  AA နဲ့ အာဆာ တို့ စစ်ရေး တင်းမာ မှုကြောင့် မောင်တောမှာမကြာခင်AAနှင့်တိုက်ပွဲကြီးတွေဖြစ်လာနိုင်တယ်။

ဒါကိုသုံးသပ်ရရင်သာမာန်အားဖြင့်ကောင်းသလိုထင်ရပေမဲ့သေချာစဥ်းစားကြည့်ရင်မကောင်းတာကိုတွေ့ရတယ်။
ဘာလဲတိုရင် ဘင်းဂလားဒေ့ရှ်နိုင်ငံရဲ့အဖွဲ့တွေဟာအာဆာနှင့်ပေါင်းအသွင်ယူပြီး
ပြည်ပနယ်မြေကျူးကျော်စစ်တွေဖြစ်လာနိုင်တယ်။
အမှတ်တမဲ့ကြည့်ရင်တော့အာဆာကAA ကိုတိုက်နေသလိုနဲ့အာဆာစစ်အင်အားမတန်တဆကြီးထွားလာတယ်ဆိုရင်တော့သေချာပြီ တစ်ဖက်ဘင်အဖွဲ့တွေပါဝင်ပတ်သက်လာပြီဆိုတာ။
အနောက်တံခါးအရေးကထွန်းမြတ်နိုင်ဖင်ထယားမှုကြောင့်တိုင်းပြည်အတွက်အန္တရယ်တွေဝင်လာတော့မယ်လို့ခန့်မှန်းမိတယ်။

စစ်မင်း

Sit Min

02 Jan, 15:24


တပ်ဆုတ်ရမည်ဖြစ်စေ
မနိုင်လို့ထွက်ပြေးရသည်ဖြစ်စေ
မိမိစခန်းတပ်ဖွဲ့မှလက်နက်ခဲယမ်းအမြောက်စသည်တို့ကိုရန်သူထံမပါသွားအောင်မီးရှို့ဖျက်ဆီးဖောက်ခွဲဖျက်ဆီးခဲ့ရမယ်ဆိုတာတပ်မတော်လူကြီးအဆင့်ဆင့်ကမှာထားပြီးသား
မမှာခဲ့ရင်လည်းမိမိအစီအစဥ်နဲ့ဖျက်ဆီးခဲ့ရမှာကိုမဖျက်ဆီးခဲ့တဲ့အတွက်ရန်သူကသိမ်းဆည်းရမိသွားပြီးဖြစ်ပါတယ်။
ဒါတစ်ကြိမ်းတည်းမဟုတ်ဘူးနော်စခန်းတိုင်းတပ်တိုင်းအခုလိုထားပစ်ခဲ့တာပါ။ မည်သူ့မှာတာဝန်ရှိသနည်း
နောက်ဆုံးခဲယမ်းတွေမီးရှို့ဖောက်ခွဲခဲ့ရင်ရန်သူဟာစခန်း/တပ်ကိုချက်ချင်းမဝင်ရောက်နိုင်ပါဘူး။ရန်သူ့အတွက်လည်းအတားအဆီးဖြစ်စေပါတယ်။
အခုတော့ဗျာ....so sad ဘဲ...

စစ်မင်း

Sit Min

02 Jan, 15:06


၁/၁/၂၅
ကေအိုင်အေက ဗန်းမော်ကို
မရ ရအောင်တိုက်ဖို့အစွမ်းကုန်ကြိုးစားနေတယ်
တပ်ကလည်း ခြေလျှင် လနက အမြောက် သံချပ်ကာ လေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန်ပြန်တိုက်နေတယ် ၊ ဗန်းမော်ကနေတက္ကသိုလ်ဖက်သွားတဲ့ နမ့်ဖားတံတားကိုချိုးပြီး မြို့ထဲကိုရန်သူအင်အားမဖြည့်နိုင်အောင်နဲ့ အထဲရောက်ပြီးသားတွေ ပြန်မထွက်နိုင်အောင်လုပ်ထားတယ်လို့သိရ ၊ ဗန်းမော်မြို့ထဲ ကေအိုင်အေ အသေများပြားပြီး ဒဏ်ရာရ များစွာရှိသိရ ၊
ခလရ (၄၇)အပါအဝင် ဗန်းမော်ကတပ်တွေ နဲ့ ရဲစခန်းမကျသေး ၊ မံစီတပ်တွေလည်းမကျသေး ၊ တပ်ရင်း (၁၁)ရင်းကလည်း ဗန်းမော်ပတ်ချာလည်မှာရှိနေ ၊
တပ်မက သေချာထောက်လှမ်းပြီး အကြီးတွေလေယာဥ်တွေနဲ့ ချေနေတယ်လို့သိရ ၊
လေကြောင်းထောက်ပံ့မှု ၊ ပစ်ကူ မပြတ်ကြောင့်လည်းအောင်မြင်မှု့ရ သိရ ၊

တာဝန်ရှိသူတွေအနေနဲ့ရိက္ခာမပြတ်ရေးကြိုတင်စီစဥ်ထားပြီး တိုက်ပွဲဝင်စစ်သည်များအဆင်ပြေအောင်စားနိုင်ရေးကိုလည်းဂရုစိုက်စီမံပေးနေတယ်လို့သိရ ၊
ကေအိုင်အေ က လည်း အင်အား ထပ်ဖြည့်နေသိရ ။
ခုချိန်မှာ ကေအိုင်အေ နောက်တန်း အရင်းအမြစ် / လက်နက်စက်ရုံနေရာများ စသည်ကို ချေမွှပေးရင် ၎င်းတို့ စစ်ဦးကျိုးသွားနိုင် ၊ ကေအိုင်အေ ကျိုးရင် စစ်ကိုင်း ပဒက်များပါ အင်အားချိနဲ့သွားနိုင် ၊ သို့သော် တယုတ်မှ ကေအိုင်အေ အကြီးပိုင်း ခေါ်တွေ့ပြီးမှ ဗန်းမော်စစ်ရှိန်မြင့်လာခြင်းဖြစ် ၊ အခအန သိရှိနိုင်ပါရန် ။

Sit Min

02 Jan, 15:02


ပထမတန်းမှအရာရှိကြီးအဘများထံ မေတ္တာရပ်ခံချက်

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ NLD ရဲ့ မဲသမာမှုအကြောင်းပြုကြောင့် တပ်မတော်အနေနှင့် အနစ်နာခံကာ အာဏာယာယီထိမ်းရပြီးတိုင်းရင်းသားလက်နက်ကိုင်များနှင့်အကြမ်းဖက် NLD အားပေးထောက်ခံသူများ၏ ဆူပူအုံကြွမှုကို တပ််မတော်ခေါင်းဆောင်တာဝန်ယူထားသူတပ်ချုပ်ကြီးမှ ၎င်းကိုယ်တိုင်ပင် မထိန်းသိမ်းနိုင်ခဲ့ပြီး တိုင်းပြည်၏ စီးပွါးရေး၊လုံခြုံရေး၊သံတမန်ရေး၊ကျန်းမာရေး၊စစ်ရေး အစရှိသည်များ အဖက်ဖက်မှ အားလုံးယို့ယွင်းခဲ့သည်မှာ မြန်မာနိုင်ငံသားအသိပင်ဖြစ်သည်။အခြေအနေအကြောင်းကြောင်းကို ပြည်သူများမှ ၂နှစ်ကျော်မျှသာ သည်းခံနိုင်ခဲ့ပြီး ၄နှစ်သို့ဝင်လာသောအခါ ညည်းညူလာကြသည်။

တပ်ချုပ်ကြီးအား အာဏာယာယီထိမ်းကျောင်းမှူကို လက်ခံထောက်ခံခဲ့သော်ငှါး အထက်ပါအကြောင်းအရာများ တနေ့ထက်တနေ့ဆိုးရွားလာသဖြင့် နေပြည်တော်ရှိ တပ်မတော်အား ပုဂ္ဂိုလ်ရေးမစွဲဘဲ အမှန်တကယ်ချစ်မြတ်နိုးသူသော တပ်မတော်အပေါ်တွင်သာ သစ္စာခံသော ပထမတန်းစားအရာရှိကြီးများ ခေါင်းချင်းဆိုင် ဆွေးနွေးအဖြေရှာသင့်ပြီလို့ ယူဆလို့ရပါတယ်။လက်ရှိအသုံးမကျသည့် တပ်ချုပ်ကြီးနေရာအား အခြားထက်မြတ်ပြတ်သားသည့် ခေါင်းဆောင်တပ်ချုပ်ထံ လွဲပြောင်းပေးမည်ကို အနီကြောင်များသူပုန်ခေါင်းဆောင်များမှမလိုလားပါ။

နိုင်ငံရေးထွက်ပေါက်အဖြစ် ၂၀၂၅ နိုဝင်ဘာ ပြည်လုံးကျွတ်ရွေးကောက်ပွဲလုပ်မည်ဟု တပ်ချုပ်ကြီးမှ မကြာခဏပြောနေပင်မဲ့ ခြေဥအရ ရွေးကောက်ခံမြို့များ ၂၆၀ မျှ မပြည့်မှီလျှင် ရွေးကောက်ပွဲအထမမြောက်နိုင်တာ ဥပဒေပညာရှင်များ သိကြသည်။

အခုကျနော်တို့ တပ်မတော်အနေနှင့် အစဉ်အဆက် တပ်မတော်ခေါင်းဆောင်များ၏ အမျှော်အမြင်များဖြင့် တည်ဆောက်ထားခဲ့သော နှစ်ပေါင်း ၃၀ ၄၀ မျှရှိသော စခန်းများ ဗျူဟာကျသော ကုန်းများ ဆည်များ တိုင်းစစ်ဌာနချုပ်များ သိမ်းပိုက်ခံရခြင်း လက်နက်ချစစ်သည်များ ကျဆုံးစစ်သည်များ အလွန်အမင်းလာဘ်စားသော အစိုးရဝန်ထမ်းများကြောင့် မကြာမှီ တပ်မတော်၏ လက်နက်စက်ရုံများပါ အသိမ်းခံရဖွယ်ရှိပြီး မြို့ကြီးများပါ ပျက်စီးတော့မည်။

လက်ရှိတပ်ချုပ်ကြီး၏ အပြုအမှုအရ ခေတ်မှီစတန်းဒက်အာမေဟု ကြွေးကြော်ထားပင်မဲ့ လက်တွေ့မှာ အမှန်တကယ်မဟုတ်ဘဲ ခေတ်မမှီကာ ပညာအားနည်း၍ သက်ကြီးနေသော တပ်မတော်သားများ တပ်တွင်းထဲခေါ်ဆောင်ထားရသော မှီခိုမိသားစုဝင်များ တိုင်းပြည်၏ပြည်သူလူငယ်များ ရက်ကွက်အုပ်ချုပ်ရေးမှူးများအား ထိုးကျွေးကာ တပ်မတော်သားများအား ဆင်ဖြူတကောင် သီချင်းတပုဒ်လောက်ပင် တန်ဖိုးမထားပါ။ရှိပြီးသားလက်နက်ကြီး ယန္တယားများအား ထိရောက်စွာအသုံးမချဘဲ ၎င်း၏ စစ်ရေးပြပွဲ ဗိုလ်ရှူသဘင် အခမ်းအနားများတွင်သာ ပြသကာ အာသာဖြေနေသည်။ယင်းတပ်ချုပ်ကြီး၏ လုပ်ရက်ကြောင့် တပ်မတော်နှင့်တိုင်းပြည်သည် မွစာကြဲနေရပြီ။နိုင်ငံတပ်မတော်အား မဲစာရင်းနှင့်အမျိုးဘာသာအား ခုတုံးလုပ်ကာ ကိုယ်ကျိုးအတွက် အသုံးချနေသည်ဟု လူအများမှ ရှုမြင်လာကြပြီ။

လက်ရှိအခင်းအကျင်းများကြောင့် တပ်မတော်သားများစိတ်ထဲတွင် အောင်စိတ် နိုင်စိတ် တိုက်ခိုက်ချင်စိတ် မရှိတော့ဘဲ အလံဖြူ/ရေခဲပုံးဖော့ဖုံး ပြလျှင် ရေနှင့်ထမင်း ရမည်၊မိသားစုနှင့် ပြန်တွေရမည်ဟု ခံယူမြင်လာကာ အရှုံးကို ပျော်မွှေ့နေသည်မှာ ရန်သူဝါဒဖြန့်ရုပ်သံများတွင် တွေ့နိုင်သည်။ကျနော်တို့၏ တပ်မတော်သည် ပြည်တွင်းစစ်တွင် တော်တော်ရှုံးနေပြီး ပြည်ပစစ်ဖြစ်ပါက မတွေးဝံ့ပါ။

ဒီတိုင်းဆက်သွားပါက တပ်မတော်၏ သက်တမ်း နှစ် ၈၀ မျှတွင် တိုင်းပြည်နှင့် အတူပြိုကွဲသွားနိုင်သဖြင့် သမိုင်းလှစေရန်(သို့)အနစ်နာခံမည့် တပ်မတော်မှ အရာရှိကြီးများမှ စုပေါင်းကာ အာဏာသိမ်း၍ စစ်သည်များ၏ အသက်များ၊တပ်မတော်ဂုဏ်သိက္ခာ နှင့် တိုင်းပြည်ပြိုကွဲမှုမဖြစ်ရအောင် ကို ကယ်တင်ပေးကြဖို့ မေတ္တာရပ်ခံပါရစေ…

မေတ္တာဖြင့်…
တကကဖိုးကဲ(အကြံပြုလွှာ)

https://t.me/myanmarspicalarmy969

Sit Min

01 Jan, 16:24


1-1-2025
စစ်သတင်းမရေးတော့ဘူးလို့နေတာ
ရေးစရာလေးပေါ်လာလို့ရေးလိုက်ဦးမယ်။

ဗန်းမော်ကတော့ အခြေအနေနည်းနည်းပြန်ကောင်းလာတယ်။ဗန်းမော်မှာနေကြတဲ့ရှမ်းအဖွဲ့တွေက kia ကိုလက်မခံလို့သတင်းပေးလို့ ကိုယ့်ဆီကအသက်ရူချောင်သွားတာ။
ဒီနေ့ဗန်မောတက္ကသိုလ်တိုက်ပွဲ၊တရုတ်သင်တန်းကျောင်းတိုက်ပွဲတွေကပြင်းထန်တယ်။kia ပဒက်တွေထိခိုက်မှုများတယ်။

ပြောချင်တာက နိုင်ငံရေးအကြောင်းပါ။

ရခိုင်AA ကသူလိုချင်တာရသွားပြီဆိုတော့အပစ်ရပ်ဆွေးနွေးဖို့ကမ်းလှမ်းလိုက်တယ်။စစ်တွေကိုတော့ကြူကြူလှကဆက်မတိုက်ခိုင်းလို့မတိုက်တော့ဘူး၊ကျောက်ဖြူကတော့တရုတ်ရှိလို့မတိုက်ဘူး၊
ဆွေးနွေးဖို့ကမ်းလှမ်းတာနစကလက်မခံရင် မာန်အောင်ကိုတိုက်ပြလိမ့်မယ်။ဒီလောက်ဘဲ၊ဒီထက်မပိုဘူး။ ကျန်အင်အားတွေကိုယူနီဖောင်းချိန်းပြီးဝိုင်းကူတိုက်ပေးလိမ့်မယ်။ ဘယ်နေရာတွေလည်းဆိုရင် ကချင်နှင့်ကရင်ဖြစ်ဖို့များတယ်။

Tnla နှင့် Mndaa ကလည်းအပစ်ရပ်စာထွက်ပြီးယူနီဖောင်းချိန်းပြီး
ကချင်၊ရှမ်းနဲ့ကယားကိုဝိုင်းကူလိမ့်မယ်။
Kia ကဗန်းမောရပြီးလို့မြစ်ကြီးနားကိုဆက်တိုက်လိမ့်မယ်၊မြစ်ကြီးနားရရင်(သို့မဟုတ်)ဗန်းမော်ရတာနဲ့ အပစ်ရပ်စာထုတ်လိမ့်မယ်။
ကရင်ကလည်းအလားတူ ဘဲကော့ကရိတ်တိုက်မယ်၊ဖြူးညောင်လေးပင်၊ကညွတ်ကွင်း၊တောင်ငူအထိသူတို့လိုချင်တယ်။မရရင်တော့
ကော့ကရိတ်နဲ့အာရှလမ်းမကြီးထိန်းမိရင်အပစ်ရပ်စာထွက်လိမ့်မယ်။

မွန်ကလည်းတနင်္သါရီကော့သောင်း
လမ်းတစ်လျောက်ထိန်းချုပ်နိုင်တာနဲ့အပစ်ရပ်စာထွက်လိမ့်မယ်။

မအလကလည်းအားလုံးစာထွက်အထိကိုယ့်လူတွေထိုးကျွေးပြီးစောင့်နေတာ။ပြီးရင် ရွေးကောက်ပွဲလုပ်ပြီး
ရန်သူသိမ်းထားတဲ့နယ်မြေတွေကို
ဖက်ထရယ် uwsa လိုကွန်ဖက်ထရိတ်နဲ့အုပ်ချုပ်ခိုင်းဖို့ပြည်နယ်အလိုက်အခြေခံဥပဒေရေးဆွဲခိုင်းပြီး
သူက သမတ လုပ်ချင်တာ။
စစ်ကိုင်းကိုတော့သန့်ရှင်းတဲ့အထိသူတိုက်ခိုင်းလိမ့်မယ်။

အာ့လိုအစထဲကရည်ရွယ်ထားရင်လည်းကိုယ့်လူတွေအကုန်ပြန်ရုပ်လိုက်ပေါ့၊ဘာလို့အဖမ်းခံအသေခံ
ခံစစ်သေနဲ့ကစားခိုင်းတယ်၊စစ်ကူပစ်ကူမရောက်အောင်လုပ်တယ်၊
ရန်သူ့ဌာနချုပ်တွေကိုဗုံးမကျဲခိုင်းဘူး၊ မြဝတီမကျအောင်အတင်းခံတိုက်တဲ့ကောင်ကိုထောင်ဆယ့်လေးနစ်ချတယ်။ဒါတောင် နခခ5 တို့နပခတို့တောင်သူဖာသူကျသွားလို့မကျကျအောင်ရက်ပေါင်းရာချီခံစစ်သေနဲ့လူအင်အားရတဲ့နည်းနဲ့မဖြည့်ပေးဘဲထားတာ။နောက်ဆုံးကျသွားလို့မကျဘဲရခီးအားလုံးသေအောင်ပြန်ချနိုင်ရင် ကျော်ကျော်သန်းတို့
သူရိန်ထွန်းတို့အရေးယူခံရဦးမှာ။
ဒီကြားထဲလေတပ်ဖရဲသီးကကိုယ့်လူပေါ်ဗုံးကျဲချလို့တပ်မကအဖွဲ့တော်တော်များများသေကုန်တာရှိသေးတယ်။ပြောမယ်ဆိုမကုန်နိုင်ပါဘူးဗျာ။

အခုလည်းမွန်နဲ့ကရင်၊ကချင်ကိုသူဘယ်လိုဂွင်ဆင်ပေးမလဲဆိုတာစောင့်ကြည့်ကြည့်ပါ။

ကျွန်တော်ပြောတာဟုတ်မဟုတ်အခုလားရှိူးကိုပြန်တိုက်ခိုင်းလို့လား။
ပြန်မတိုက်ရင်ရှမ်းနဲ့mndaa နဲ့ပြသနာတက်လိမ့်မယ်။ရှမ်းကကွန်ဖက်ထရိတ်ပေးရင်လားရှိူးကိုသူပေးမှာမဟုတ်တဲ့အတွက်နယ်မြေလုတိုက်ပွဲတွေတော့မြင်ယောင်သေးတယ်။

နောက်အလားအလာအခြေအနေကတော့မကောင်းဘူး။ဒီလောက်ဘဲပြောချင်တယ်ဗျာ။
တပ်မတော်အတွက်ကတော့
so sad...ဘဲဗျာ။

Sit Min

31 Dec, 14:42


ရန်သူကိုနိုင်အောင်တိုက်ချင်ရင်လွယ်လွယ်လေး...

ရန်သူဌာနချုပ်တွေကိုဘဲစိစိညက်ညက်ကြေအောင်လေချုပ်ကိုယ်တိုင်ဦးစီးပြီးဗုံးကျဲခိုင်း...

ရန်သူကိုနောက်ကအမိန့်ပေး ထောက်ပံ့ပေးနေတဲ့ အုပ်ချုပ်ရေးအဖွဲ့ကိုသာစိစိညက်ညက်ကြေ
အောင်ဗုံးကျဲပေးရှေ့ကတိုက်စစ်ကျည်ကုန်တာနဲ့အလိုလိုရပ်သွားလိမ့်မယ်။

အဲ့ဒီအချိန်ကျမှ လေကြောင်းချီတပ်မနဲ့ရန်သူသိမ်းထားတဲ့မြို့တွေကိုချပေးပြီးပြန်သိမ်းပစ်လိုက်ယုံဘဲ။

ရန်သူကရှိသမျှအင်အားကိုစုပုံပြီးတစ်နေရာထဲကိုဘဲပုံအောနေတာ
သူတို့သိမ်းထားတဲ့မြို့တွေစခန်းတွေမှာအိုနာကျိုးကမ်းဘဲကျန်တာ
ဒါကိုလေကြောင်းချီတပ်မနဲ့ပြန်သိမ်းရမှာ...

မနိုင်ရင်ကြိုက်သလိုပြောအသက်နဲ့အာမခံပြောရဲတယ်။

ဖရီးရိုက်နေတဲ့လေချုပ်တွေ ကစထမှူးတွေကိုယ်တိုင်စုဖွဲ့ပြီး လေကြောင်းချီတပ်မနဲ့ပါဝင်တိုက်ခိုင်းရမှာ..

အာ့လိုတိုက်ခိုင်းတဲ့အတိုင်းလုပ်အောင်တပ်ချုပ်ဆိုတဲ့သူကအီကွပ်မင့်ပတ်ပြီးလေယာဥ်နဲ့ကောင်းကင်ပေါ်ကနေညွှန်ကြားနေရမှာ...

အာ့လိုမတိုက်သရွှေ့..အခုလိုပျော်ပွဲရွှင်ပွဲ
ပွဲရှာနေသရွှေ
ကတော့ကုန်မှာဘဲ...

Sit Min

31 Dec, 13:08


31-12-2024

ဒီနေ့ဗန်းမော် အခြေအနေမကောင်းဘူး။ kia က 2025 အတွက်နှစ်သစ်လက်ဆောင်ရဖို့ဆော်နေတာ
တပ်အဖွဲ့ဘဲကျန်တော့တယ်။
ဟိုကောင်ကတော့နှစ်သစ်ကူးပျော်
ပွဲ Countdown Event မှာပျော်နေတယ်...စောက်ရှက်ဘဲကွာ။

သူ့ရည်ရွယ်ချက်က ဒီရွေးကောက်ပွဲမှာရန်သူသိမ်းထားတဲ့နယ်မြေတွေကို
လဝ တွေနေသလို ကွန်ဖီးဒရမ့် ကိုယ်ပိုင်လွတ်လပ်စွာအုပ်ချုပ်ခွင့်ပေးပြီးသူက သမတ လုပ်ဖို့ဘဲဦးတည်နေတာတွေ့ရတယ်။
ဒီလိုဖြစ်လာအောင်သက်သက်လုပ်တာဆိုရင် ရဲဘော်တွေက အရုပ်တွေလား...
အသက်တွေလား...သေသွားတဲ့ဝိညဏ်တွေကိုသတိမရတော့ဘူးလား
မလေးစားတော့ဘူးလားလို့ပြောချင်တယ်။

အလားတူဘဲ ချင်း...ကရင်...ကယား
မွန်.. ရှမ်း...ဆက်လာလိမ့်မယ်လို့ယူဆတယ်။

မြန်မာဆိုတာလည်းတိုင်းရင်းသားဆိုတာမေ့နေတာလား။

ဒီပုံစံအတိုင်းဆက်သွားရင်မြန်မာအတွက်ကထန်းတောဘဲကျန်လိမ့်မယ်။
So sad...ဘဲ...

Sit Min

30 Dec, 13:14


ဂွ..လည်းကျသွားပြီ...
ကိုယ်ထင်တဲ့အတိုင်းကြူကြူလှဗျူဟာဖြစ်လာပြီဆိုတော့...သိပ်မပျောချင်တော့ပါဘူး
တစ်ခုတော့အတိအကျပြောလို့ရတယ်
အဲ့ဒါဘာလဲဆိုတော့ မအလ နှင့်ကြူကြူလှရှိနေသရွှေ့တပ်မတော်ပျက်စီးသွားလိမ့်မယ်
ဒီလောက်ဘဲပြောချင်တယ်

Sit Min

27 Dec, 15:04


27-12-2024
ဒီနေ့စစ်သတင်းတွေကတော့

ဗန်းမော်၊မံစီ အခြေအနေပြန်ကောင်းလာပါတယ်။ဗန်းမော်မှာ Kia ပဒက် Db ရာဂဏန်းရတယ်။မိမိဘက်ကတော့အငေးစားထိခိုက်မှုလောက်ဘဲရှိပါတယ်။ဘာဖြစ်လို့လဲတိုတော့
မိမိ drom စစ်ဆင်ရေးအောင်မြင်မှုကြောင့်ဖြစ်ပါတယ်။

နောင်ချို၊တောင်ခမ်းစစ်ပွဲတွေအောင်မြင်မှုရပါတယ်။နောင်ချိုတိုက်ပွဲမှာ Kia ဆယ်လောင်းရတယ်။
မတ္တရာဘက်တိုက်ပွဲတွေမှာလည်းမိမိဘက်ကအပေါင်းများပါတယ်။
ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။

ကိုးကန့်၊လဝနဲ့ရှမ်းစစ်သားအချို့မိုးမိတ်ဘက်ကိုအစားထိုးလူဖြည့်ပြီး
အဲ့ဒီကသောင်းကျန်းသူတွေဟာမတ္တရာဘက်၊ကိုအင်အားပေါင်းတယ်လို့သိရတယ်။

အမ်းတိုက်ပွဲမှာတော့မိမိဘက်ကလေထီးဗုံးချမှုထိရောက်တယ်လို့သိရတယ်။လေယာဥ်အုပ်စုလိုက်မနက်ကတဲကတီးနေတာပါ။AA ရခီးအစုပ်တွေရာဂဏန်းဂန့်သွားတယ်လို့သိရတယ်။

ဂွတိုက်ပွဲလည်းမနက်ကတဲကပြင်းထန်နေတာ၊ရခီးကလည်းလူထပ်ဖြည့်နေနေတယ်။တပ်မတော်ကလည်းAA ဆက်မကျွံလာဖို့ထိန်းထားပါတယ်။

ဒီနေ့မြစ်ကြီးနားနမ္မတီးရပ်ကွက်မှာလည်းဗုံးသီးကျတယ်။,လူတစ်ယောက်ထိခိုက်တယ်လို့သိရတယ်။

ဧရာဝတီ တိုင်းကိုဖောက်ဝင်လာတဲ့ပဒက်အကောင်နှစ်ဆယ် ဒေသခံသတင်းပေးလို့ဖမ်းမိလိုက်လို့တော်သေးတယ်။


သတင်းဆက်စောင့်ပါ

စစ်မင်း

Sit Min

26 Dec, 15:31


26-12-2024 စစ်သတင်းကတော့
အမ်းတိုက်ပွဲပြန်စနေပြီ
မိမိဘက်မှလေယာဥ်အုပ်စုဖွဲ့ပြီးာပြန်ဆော်နေတယ်။အမ်းမှာလက်နက်မချဘဲထွက်ပြေးလွတ်မြောက်သွားတဲ့တပ်မတော်သားအချို့ကျန်နေသေးတယ်။စစ်ကူအဖွဲ့တွေနဲ့ပြန်လည်ပေါင်းစည်းမိလားတော့သတင်းအတိအကျမရသေးဘူး။

ဂွတိုက်ပွဲကတော့တစ်နေကုန်ပြင်းထန်နေတယ်။AA ရခီးကလေးငယ်တွေ၊မိန်းခလေးတွေ၊တစ်ချို့ရွာသားတွေကိုဆေးပြားကျွေးပြီးစစ်တိုက်ခိုင်းနေတာတွေ့ရတယ်။
ဂွရရင်သံတွဲကိုပြန်ထိန်းချုပ်နိုင်မှာဖြစ်တယ်။

ဗန်းမော်အခြေအနေကတော့သတင်းတွေအသေးစိပ်မရသေးဘူး။ရရင်ပြန်တင်ပေးမယ်။ ဒီမနက်ပိုင်းအထိတော့ မံစီ 319 အခြေအနေသိပ်မကောင်းဘူး။

Knu ဘက်မှာတော့ စခနိးသစ်ကုန်းကိုမိမိ drom အဖွဲ့လက်စာမိသွားလို့
အလောင်းတောင်ပြန်မဆွဲနိုင်ဘူးထွက်ပြေးကြတာ။

မတ္တရာဘက်မှာတော့အခြေအနေပြန်ကောင်းလာပါတယ်။သူတို့လည်းလူပြန်စုနေတယ်။

သတင်းဆက်စောင့်

စစ်မင်း

Sit Min

26 Dec, 15:24


တစ်ခါတစ်လေစစ်သတင်းတင်ရင်းဒီလိုဟာသလေးတွေကြည့်ရတော့လည်းတစ်မျိုးပေါ့...😀😀😀😀

Sit Min

25 Dec, 13:06


ဗန်းမော်ကိုဂရုစိုက်ပါအမျိုးတို့ရေ...
အရင်လိုဒရုန်းစစ်ဆင်ရေးကိုသေချာသုံးပေးပါ။ Kia ကဗန်းမော်ကို 2025 နှစ်သစ်အတွက်ခရစ်မတ်လက်ဆောင်ဆိုပြီးအတင်းတိုက်ခိုင်းနေတယ်။
အမ်း နပခ တုံးကလည်းရခိုင်ပြည်နယ်နေ့လက်ဆောင်ဆိုပြီးအတင်းတိုက်ယူသွားတာမှတ်မိကြတယ်မိုလား။
အာ့ကြောင့်ဗန်းမော်ကျလို့မရဘူး။
ဗန်းမော်ကျရင်မြစ်ကြီးနားစိုးရိမ်ရတယ်။ ဒါကိုသိဖို့လိုပါတယ်။
ဒီအချိန်မှာ kia ရဲ့နောက်ပိုင်း ဌာနချုပ်တွေကိုဗုံးနဲ့စိစိညက်ညက်ကြေအောင်ကျဲပေးဖို့လိုပါတယ်။
ရန်သူကရန်သူလိုစစ်ကိုစစ်နဲ့တူအောင်တိုက်နေချိန်မှာကိုယ်ကလည်း
တိုင်းရင်းသားဆိုတဲ့အသိနဲ့အားနာနေလို့မရတော့ဘူး။ တိုင်းရင်းသားမျက်နှာကိုမကြည့်ဘဲမြန်မာပြည်မျက်နှာကိုကြည့်ဖို့လိုပါတယ်။
အခုချိန် kia ဌာနချုပ်ကိုဗုံးကျဲတာနဲ့တိုက်စစ်အဟုန်လျော့သွားပါလိမ့်မယ်။
နောက်ပိုင်းညွန်ကြားနေတဲ့ အုပ်ချုပ်မှုအဖွဲ့သေကုန်တာနဲ့စစ်နိုင်ပြီဘဲ
အရင်းပင်စည်ကိုအမြန်ဖြတ်တောက်ပါလို့တောင်းဆိုပါတယ်။
စစ်ဆိုတာတရားတာမတရားတာမရှိဘူးနိုင်ဖို့အဓိကဘဲမိုလား။

စစ်မင်း

Sit Min

25 Dec, 12:51


AA ရခီးတွေလက်နက်ခဲယမ်းတွေကကိုယ့်တပ်ကသိမ်းလို့ရတယ်ဘဲထားဦးဒီစစ်သည်တွေဒီလောက်အများကြီးကိုဘယ်လိုထမင်းစားနေသလဲ၊
ဘယ်လမ်းကြောင်းကထောက်ပို့နေသလဲ၊ကုန်သွားတဲ့ခဲယမ်းဘယ်ကရသလဲ၊စတဲ့ စစ်ကူ၊ပစ်ကူ၊ရိက္ခာစတဲ့ထောက်ပို့တွေကိုသာရအောင်ဖြတ်တောက်ပါ။
သေချာပေါက်စစ်နိုင်ပါတယ်။
AA ဌနချုပ်ကို ကြူကြူလှအမိန့်ရသည်ဖြစ်စေမရသည်ဖြစ်စေ စိစိညက်ညက်ကြေအောင်ဗုံးကျဲပါ။
သေချာစစ်နိုင်ပါတယ်။
ကြူကြူလှကိုကြောက်နေသရွှေ့ရခိုင်စစ်ရှုံးသွားမယ်။တစ်မျက်နှာကြည့်လို့မရဘူး၊မြန်မာပြည်မျက်နှာဘဲကြည့်ဖို့လိုတယ်။
ကြူကြူလှကိုအားနာနေသရွှေ့ရခိုင်ပြန်ရဖို့မလွယ်ဘူး။
ရခိုင်ကျသွားရင်ရေပတ်လည်ဝိုင်းနေတဲ့အတွက်ပြန်တိုက်ဖို့နှစ်တွေလတွေ
လူတွေ၊ငွေတွေအများကြီးရင်းရလိမ့်မယ်ဆိုတာတပ်မတော်ကအောက်ကခေါင်းဆောင်တွေသိဖို့လိုပြီ။
ဒီကိစ္စကိုအောက်ကတိုင်းမှူးအဆင့်ခေါင်းဆောင်တွေကဦးဆောင်ဖို့ကျတော့လည်းတိုင်းမှူးကိုရခိုင်တိုင်းရင်းသားခန့်ထားတော့ ရခိုင်မကျကျအောင်ဂွင်ဆင်ထားသလိုဖြစ်နေတယ်။
မည်သို့ပင်ဆိုစေကာမူ အောက်ကရင်းဖွဲ့၊လေတပ်အုပ်မှူးတွေကမိမိတို့အစီအမံနဲ့အချိန်အခါပေးလာတာနဲ့ကြားညှပ်ပြီး AA ဌာနချုပ်ကိုဗုံးကျဲပေးဖို့တောင်းဆိုပါတယ်။

စစ်မင်း

Sit Min

25 Dec, 12:40


ဂွမြို့အခြေအနေက ကြီးအပလာပြောသလိုမဟုတ်ပါဘူး အခြေအနေကောင်းပါတယ်။
ဒီညနေပိုင်းအပေါင်းတွေများပါတယ်။ရေတပ်၊လေတပ်၊ကြည့်း
သုံးကြောင်းဝိုင်းညှပ်ချနေပါတယ်
562 ကခဏဆုတ်လိုက်ရပေမဲ့ဝင်လာတဲ့AA တစ်ရာလောက်ပြန်ရလိုက်ပါတယ်။

စစ်မင်း

Sit Min

25 Dec, 12:38


အလံဖြူထောင်ပြီးအလင်းဝင်တုံးကလာ..လာ..မင်းတို့ကိုမသတ်ဘူး
ရေလာသောက်...အသက်မသေတော့ဘူးပြောခဲ့တဲ့ ခွေးသူတောင်းစားရခီးAA အဖွဲ့ အခုတော့ လက်နက်ချသူတွေကိုလယ်လှီးသတ်နေပါပြီ။
ကိုယ့်ဆီကအလင်းဝင်ချင်တဲ့တပ်မတော်သားတွေမြင်အောင်ကြည့်ပါ။
ရန်သူကရန်သူလိုဆက်ဆံနေချိန်မှာ
ကိုယ်ကပုတီးစိပ်ဘုရားဒကာယောင်ယောင်လုပ်နေလို့မရဘူးဆိုတာအဓိကတာဝန်ရှိတဲ့သူတွေသိဖို့ပါ။

Sit Min

20 Dec, 12:50


20-12-2024 စစသတင်း

အမ်း နပခ ကျသွားတယ်ဆိုတာ တစ်ဝက်မှန်တစ်ဝက်မှားပါတယ်
တစ်ဝက်မှန်တယ်ဆိုတာက စစ်အင်အားတစ်ဝက်က လက်နက်ချအညံ့ခံလိုက်လို့ပါ။
တစ်ဝက်မှားတာကတော့ အညံ့မခံဘဲဆက်ချနေတဲ့အဖွဲ့အချို့ကျန်ပါသေးတယ်။
အဓိကတော့ရေပြသနာပါ။
နောက်တစ်ချက်ကတော့ မိမိလေယာဥ်နဲ့လက်နက်ကြီးပြသနာပါ။
ရခိုင်ရိုးမတောင်တန်းပေါ်ကပစ်ပေးတဲ့မိမိလက်နက်ကြီးတွေကတိုင်းဝန်းထဲကျပြီးမိမိခုခံချနေတဲ့အဖွဲ့ကိုထိခိုက်ကုန်တာပါ။
လေယာဥ်ဗုံးကလည်းအပေါ်ကသူ့လူကိုယ့်လူခွဲမရတော့ တိုင်းတည့်တည့်ချလိုက်တော့ကိုယ့်လူတွေထိကုန်တာပါ။ နောက်တစ်ခုကတော့ရေပြသနာပါ။ရေကိုဝအောင်မသောက်ရတာသုံးရက်ရှိပြီဆိုတော့မခံနိုင်တော့ဘူးလေ။

ကျွန်တော်သိသလောက်တော့မှူးချုပ်ကျော်ကျော်သန်းတော့လက်နက်ချတဲ့အထဲတော့မပါသေးဘူး။

အခြားတိုင်းစစ်ဌာနချုပ်တွေလည်းအရန်ရေကိုလက်ယက်ရေတွင်းရိုးရိုးတွေတူးထားဖို့လိုတယ်ဆိုတဲ့သင်ခန်းစာရပါတယ်။

AA တင်တဲ့video လေးတော့တင်ပေးလိုက်ပါတယ်။

စစ်မင်း

Sit Min

19 Dec, 14:27


ဒီနေ့ 19-12-24 ရက်နေ့စစ်သတင်းတွေကတော့...

အမ်း နပခ မကျသေးပါဘူး
တိုက်နေတယ်။ လက်ကျန်အဖွဲ့တွေရဲ့စိတ်ဓာတ်ကောင်းပါတယ်။
AA ကရေဖြတ်တောက်ထားတယ်လို့သိရတယ်။ ညှိကွပ်အသစ်ကတော့နှစ်ပါတ်အတွင်း မောင်တော၊ အမ်း ကိုအပြီးသတ်တိုက်မယ်ပြောတာဘဲ။ လက်ရှိရခိုင်ရိုးမပေါ်ကိုတော့အမြောက်တွေရောက်သွားပြီ။နေရာကတော့ လဝ ပေါ့ဗျာ။

ဂွတိုက်ပွဲအခြေအနေကောင်းပါတယ်။ တပ်တွေမကျရေးခုခံတိုက်ပွဲဝင်လျက်ရှိတယ်။
ခံစစ်သေနဲ့ဆက်သွားလို့တော့မရဘူးဆိုတာသိဖို့လိုတယ်။ရန်သူဘက်ကအင်အားတွေ၊လက်နက်တွေဖြည့်နေတယ်။ထောက်ပို့လမ်းကြောင်းတွေကိုမိမိဘက်ကဖြတ်တောက်ဖို့လိုပါတယ်။

တောင်ခမ်းအခြေအနေကောင်းပါတယ်။မနက်ငါးလောင်းငါးလက်၊
ညနေခြောက်လောင်း၊ခြောက်လက်
56 ပါ။

ဗန်းမော်အခြေအနေကောင်းပါတယ်။နယ်မြေများဆက်လက်ရှင်းလင်းလို့တိုက်ပွဲတွေတော့ဆက်ဖြစ်နေတယ်။

နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေ ထိုင်းမှာအလွတ်သဘောဆွေးနွေးပွဲ
ပြုလုပ်လျက်ရှိ။
တောင်ကိုးရီးယားမှာတော့ အနူကြီးလက်မှတ်နဲ့သက်တမ်းတိူးတွေလက်မခံကြောင်းကြေညာ။

မတ္တရာဘက်ကတိုက်ပွဲတွေအခြေအနေကောင်းပါတယ်။

ဒီလောက်ဘဲနောက်မှဆက်တင်ပေးမယ်။

စစ်မင်း

Sit Min

18 Dec, 14:58


တပ်မတော်ထိပ်ပိုင်းနေရာများအပြောင်းအလဲဖြစ်ပေါ်
------------ဘ-----------------အ-----
လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများပေါ်မူတည်၍ တပ်မတော်၏ ထိပ်ပိုင်းအဓိကကျသည့် ရာထူးနေရာများအပြောင်းလဲ ဖြစ်ပေါ်ခဲ့သည့်ဟု စစ်ရုံးချုပ်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းကကြားသိရပါသည်။
တပ်မတာ်တွင် ဩဇာရှိသည့် ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူး အား ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား ရာထူးတိုးပေးခဲ့ပြီး ၊ ယခင် ဗိုလ်ချုပ်ကြီးမောင်မောင်အေးမှာ ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း မှာ ဒုဝန်ကြီးချုပ် ရာထူးဟု သာဖော်ပြခဲ့သည်။
အရေးကြီးသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နေရာအပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ယခင် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်သည် .. စစ်ဆင်ရေးများကို နေတဓူဝ ကွပ်ကဲရသည့် စစ်ဦးစီးအရာရှိချုပ်(ကြည်း) နေရာသို့ တိုးမြှင့်ခြင်း ခံခဲ့ရပြီး ..သူ့နေရာ(နမခတိုင်းမှူး) နေရာကိုတော့ .. သပိတ်ကျင်း တွင်းငယ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို ပြောင်းရွှေ့ခန့်ထားခဲ့သည်..။
--
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဆက်စပ်နယ်မြေတစ်ခုဖြစ်သည့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာအား တပ်ထိန်းချုပ်ဖြစ်သူ ဗိုလ်မှူးချုပ် စိုးကျော်ထက် (ယခင် တွင်းငယ် ကျောင်းအုပ်ကြီး) အား တိုးမြှင့်ခန့်ထားခဲ့ပြီး.. ယခင် တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်ဝေလင်းအား အရံအင်အားသို့ ပို့ဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာနအား တွဲဖက် ထားရှိကြောင်းသိရသည်။
--
အဆိုပါ သတင်းများသည် မှန်ကန်မှု ရှိသည် မရှိသည်ကို မသိရှိရသော်လည်း.. အရေးကြီးသည့် အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးခန့်အပ်ခြင်းခံရသူများသည့် လက်တွေ့မြေပြင် တိုက်ခိုက်ခဲ့ကြသည့် တပ်မှူး များဖြစ်ကြပြီး.. မြေပြင်နှင့် မကင်းကွာသူများဖြစ်ကြသလို .. အမိန့်ပေးစေခိုင်းမည့် စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဖြစ်သူကလည်း လပေါင်းများစွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အား ကွပ်ကဲခဲ့သူတစ်ဦး စစ်သားစစ်စစ်ကြီးတစ်ဦးဖြစ်ပါသည်..

Sit Min

18 Dec, 14:56


တပ်တွေမဖြစ်မနေဆုတ်ခွာရမယ်ဆိုရင်လက်နက်ခဲယမ်း၊စစ်လက်နက်ပစ္စည်း၊အမြောက်စတာတွေကိုဖျက်ဆီးမီးရှိုခဲ့ရမယ်ဆိုတာညွန်ကြားထားပြီးသားကို ညွန်ကြားချက်အတိုင်းမလိုက်နာဘဲဒီအတိုင်းထားပြီးထွက်ပြေးတော့ သူပုန်ကကိုယ့်ဆီကသိမ်းထားတဲ့အမြောက်တွေနဲ့ပြန်ပစ်ခံနေရတာရင်နာဖို့ကောင်းတယ်။အောက်က video ကိုကြည့်ပါ
👇👇👇👇👇

Sit Min

18 Dec, 14:52


ဒီနေ့ 18-12-24 ရက်နေ့စစ်သတင်း

အမ်း နပခ တိုက်ပွဲ ချနေတုံးဘဲ
မကျသေးပါဘူး။
မိမိဘက်ကစစ်ကူတွေအမြန်ရောက်ဖို့လိုတယ်။

ဂွတိုက်ပွဲ 562/563 တိုက်နေတယ်။
တပ်ရင်းတွေမကျပါဘူး။ဒီနေ့တော့အပေါင်းတွေများပါတယ်။

ဗန်းမော်အခြေအနေကောင်းပါတယ်။ဒီနေ့တပ်မတော်ကနယ်မြေလိုက်ရှင်းနေတယ်။

တောင်ခမ်းအေးဆေးပါ။လာချောင်းပစ်တာလောက်ဘဲရှိတယ်။

ဧရာဝတီတိုင်းနယ်စပ်အနီးမှာတိုက်ပွဲတွေစဖြစ်နေတယ်။တိတိကျကျမရသေးဘူး။ရရင်ပြန်တင်ပေးမယ်။

ကာဝန်၊ညှိချုပ်၊တိုင်းမှူး အပြောင်းအလဲတွေရှိတယ်။
နောက်ကခေတ်မီတွဲအသစ်တွေဘယ်လောက်ပြောင်းပြောင်း
ထိပ်ဆုံးကကျောက်မီးသွေးခေါင်းမပြောင်းရင်အမြန်နှုန်းကယခင်အတိုင်းနှေးနေဦးမှာဘဲ။

အပြောင်းအလဲတွေသီးသန့်ထပ်တင်ပေးပါမယ်။

သတင်းဆက်စောင့်ပါ

စစ်မင်း

Sit Min

17 Dec, 14:17


ဒီနေ့ 17-12-24 စစ်သတင်းတွေကတော့

နပခ အမ်းပြန်အဆက်အသွယ်ရတယ်။ တိုက်ပွဲကတော့တစ်နေကုန်ပြင်းထန်နေတယ်။
ကိုယ့်ဆီကစစ်ကူကလည်းမရောက်သေးဘူး။တိုင်းကိုစနိုက်ဘာတွေနဲ့ဝိုင်းပစ်ခံနေရတယ်။

ဗန်းမော်အခြေအနေကောင်းပါတယ်။ဒီနေ့အပေါင်းတွေများတယ်။

မင်းတပ် 274 အခြေအနေမကောင်းဘူး။အိမ်ထောင်သည်လိုင်းထဲအထိရန်သူရောက်လာတယ်ဆိုတော့စဥ်းစားပေါ့ဗျာ။

ဒီမနက် 0230 am အချိန်လောက်မှာညောင်လေးပင်မြို့၊ပစွန်မြောင်းရွာထိပ်ရှိတပ်မတော်နှင့်ပြည်သူ့စစ်ပူးပေါင်းဂိတ်ကို knu+pdf တွေလာတိုက်တယ်။မိမိဘက်ဆုံးရှံးမှုမရှိပါဘူး။
ဖြူး၊ကညွတ်ကွင်း၊ညောင်လေးပင်မပေါ့နဲ့။ရန်သူအင်အားရာချီပြီကပ်နေတယ်လို့သိရတယ်။ရထားလမ်းမိုင်းခွဲတာရောလွန်ခဲ့တဲ့တစ်ပတ်လောက်ကရန်မန်းလမ်းအနီးမှာပစ်ခတ်မှုတွေရှိတယ်။

ရွှေကျင်အနီးတိုက်ပွဲကြောင့်ကားသွားလာမှုတွေတောင်ရပ်ထားရတယ်။ ကရင်ကမြဝတီတောင်ပိုင်းကိုစစ်ကြေညာတယ်လို့သိရတယ်။

19 ရက်နေ့ဆွေးနွေးပွဲတစ်ချက်စောင့်ကြည့်ရမယ်။Mndaa နဲ့ဆွေးနွေးပွဲကတော့အဆင်မပြေဘူး။ လားရှိုးကိုပြန်တောင်းတာ mndaa ကပယ်ချလိုက်တယ်။

ဘပုကတော့ငြိမ်ချမ်းရေး nca လက်မှတ်ထိုးမည့်အဆင့်မဟုတ်ဘူး
လက်နက်စွန့်ဖို့တောင်းဆိုနေတယ်ဆိုတော့ဝှက်ဖဲကြီးကြီးများရှိနေလို့လား
ဒါမှမဟုတ်ဂေါက်ကြောင်ကြောင်သွားတာလားမစဥ်းစားတတ်ဘူး။

တွင်းငယ်ဘက်မှာတိုက်ပွဲတွေပြန်ဖြစ်နေတယ်။ တတက 13 ကိုရန်သူပိတ်ဆို့ထားတယ်လို့သိရတယ်။

သတင်းဆက်တွေရရင်ဆက်တင်ပေးပါမယ်။
သတင်းတွေရှယ်ပေးပါဦး။

စစ်မင်း

Sit Min

16 Dec, 15:19


ဒီနေ့စစ်သတင်းတွေကတော့

ပထမဦးဆုံးအမ်းအကြောင်းပြောချင်တယ်။
အမ်းတိုက်ပွဲမနက်ပိုင်းအထိအခြေအနေကောင်းတယ်။ညနေ 1700 ချိန်နောက်ပိုင်းအဆက်အသွယ်ပြတ်သွားတယ်။
ကျသွားလားဆိုတာအဆက်အသွယ်ရတာနဲ့ပြန်ပြောပေးမယ်။

ဂွတိုက်ပွဲအခြေအနေကောင်းတယ်
အပေါင်းတွေများတယ်။AA ထိခိုက်ကျဆုံးများသွားလို့စစ်ကိုင်းဘက်ကပဒက်တွေအင်အားသွားပေါင်းတယ်လို့သိရတယ်။ပြောချင်တာကသူတို့ဘက်ကစစ်ကူလိုရင်အချိန်မရွေးပေါင်းနိုင်တယ်။ကိုယ့်ဘက်ကစစ်ကူသွားရင်လမ်းမှာတင်ဖြတ်တောက်တိုက်ခံရလို့ကားမီးလောင်တာနဲ့ကျဆုံးကုန်တာနဲ့ဖြစ်ကုန်ရော။
အဲ့တာဘာလဲဆိုတော့ပုံသေခံစစ်ကိုဘဲအသုံးပြုနေတော့ဖြတ်တောက်ရေးလဲမလုပ်နိုင်သလိုတန်ပြန်တိုက်စစ်လည်းမဆင်နွဲနိုင်ဖြစ်နေကြတာ။လေကြောင်းအရေးသာမှုကြီးတစ်ခုလုံးရှိနေတာဒရုန်းတွေနဲ့ကင်းထောက်၊ရန်သူ့ထောက်ပို့လမ်းကြောင်းကိုဗုံးကျဲ၊ drop bomp ချစတာတွေလုပ်ဖို့လိုပါတယ်လို့ပြောချင်တယ်။

ဗန်းမော်၊နောင်ချိုတိုက်ပွဲတွေအခြေအနေကောင်းပါတယ်။
တောင်ခမ်းမှာလာတိုက်တဲ့ပလောင်ဝဲစားတွေတော်တော်ရလိုက်တယ်။

ကျောက်ဖြူလည်းAA ရခီးတွေစိမ့်ဝင်နေတယ်၊ဒီနေ့လည်းကျောက်
ဖြူအနီးကန္ဒီ ကျေးရွာမှာAA ခုနှစ်ယောက်ဖမ်းဆီးရမိတယ်။

တောင်ကုတ်တစ်ပေါက်ပွင့်သွားတာအခြေအနေသွေးအေးနေလို့မဖြစ်ဘူး။ ပန်းတောင်၊ဥသျှစ်ပင်၊ထုံးဘိုဘက်ဆင်းလာနိုင်တယ်။
ဆင်တဲဘက်ကနေပြည်မြို့ကိုဝင်ဆောက်လို့ရတယ်။
ကပစ တွေသတိထားဖို့လိုတယ်။ စပါးတန်း၊ကြံခင်းလမ်းကနေ ပုသိမ်ကိုဝင်ဆောင့်လို့ရတယ်ဆိုတော့အင်မတန်သတိထားဖို့လိုတယ်။တောင်ကုတ်အတက်ကညောင်ဂျိုးဟာခံစစ်၊တိုက်စစ် ကစားလို့ကောင်းဆုံးနေရာဖြစ်တယ်ဆိုတာစစ်ရေးသတိရှိဖို့လိုတယ်။

AA ဟာစစ်အသုံးစရိတ်ဒီလောက်များတာကိုသုံးနိုင်တာ အနောက်အုပ်စုတွေရဲ့ထောက်ပံ့မှုရထားတာသေချာတယ်။AA ကမျောက်ကချောက်ကောင်တွေတောင် ဂြိုလ်တုဖုန်းတွေသုံးနိုင်တာကိုကြည့်ရင်သိနိုင်တယ်။ဒီဖုန်းပြောခတွေကအရမ်းစျေးကြီးတယ်။တစ်မိနစ်ကိုမြန်မာငွေနဲ့ငါးသောင်းလောက်ရှိတယ်။ဒီဖုန်းတွေကိုင်နိုင်တယ်ဆိုကတဲကအနောက်ကထောက်ပံ့နေတာသေချာတယ်။ရခိုင်ကိုထွန်းမြတ်နိုင်ကတစ်ပြည်ထောင်စနစ်နဲ့အုပ်ချုပ်မယ်ဆိုပြီးကြိမ်းဝါးနေတာ။တကယ်ရခိုင်ကျသွားရင်သူတို့ကိုရုပ်သေးအစိုးရထားပြီးအမေရိကန်ကစစ်စခန်းတည်ဆောက်ပြီးဝါးမြိုသွားမယ်ဆိုတာမသိကြဘူး။

ကရင်ဘက်ကလည်းရွှေကျင်ဘက်မှာတိုက်ပွဲတွေစဖြစ်နေပြီ။
ချင်းဘက်မှာတော့ ဖလန်းတိုက်ပွဲတော့အခြေအနေကောင်းပါတယ်။
အပေါင်းတွေများပါတယ်။

မတ္တရာဘက်လည်းပေါ့လို့မရဘူး
ပဒက်ရယ်၊ kia ရယ် tnla ရယ်သုံးပွင့်ဆိုင်ပူးပေါင်းပြီးစစ်ဆင်ဖို့ကြိုးစားနေပြီလို့သိရတယ်။

ဒီနေ့ 77 နှစ်မြောက်လေတပ်နှစ်ပတ်လည်နေ့မှာထုတ်ပြတဲ့ လေယာဥ်တွေအဆင့်မြှင့်ထားတာတွေ့ရတယ်။
ပြောချင်တာက လက်နက်ပစ္စည်းဆိုတာလူလောက်တန်ဖိုးမရှိဘူး။လေစယာဥ်ပျက်ကျရင်လေယာဥ်ဆိုတာပြန်ဝယ်လို့ရတယ်။စစ်သားအသက်စစတွေကပြန်ဝယ်လို့မရဘူးဆိုတာစစ်ခေါင်ဆောင်တွေသိဖို့လိုတယ်။

တို့တပ်မတော်မှာလူထက်ပစ္စည်းကိုတန်ဖိုးထားနေရင်စစ်တိုက်လို့နိုင်မှာမဟုတ်ဘူး။
ဒါကြောင့်စစ်လက်နက်ပစ္စည်းတွေကိုအကျိုးရှိရှိအသုံးချနိုင်ဖို့၊အသုံးချတတ်ဖို့လိုပါတယ်။

အမ်းသတင်းရရင်ဆက်တင်ပေးမယ်။

သတင်းတွေရှယ်ပေးကြပါဦးဗျာ

သတင်းဆက်စောင့်ပါ

စစ်မင်း

Sit Min

15 Dec, 13:27


ဒီနေ့စစ်သတင်းကတော့
အကောင်းဘက်ပြောရရင်တော့
ဗန်မော်ကိုတပ်ကပြန်ထိန်းချုပ်နိုင်လိုက်တယ်။

အဆိုးဘက်ပြောရရင်တော့တောင်ကုတ်က တပ်တွေဆုတ်ပေးလိုက်ရတယ်။
ဒါကို မောင်ဇော်မင်းထွန်းလေးက
ရခိုင်လူမျိုးတွေဒုက္ခရောက်မှာစိုးလို့
သနားလို့မလုပ်တာ။
တပ်ကလုပ်မှတပ်မတော်ကိုအဆိုးမဆိုနဲ့လို့ပြောတုန်း။
ဟိုက ရခိုင်တစ်ပြည်နယ်လုံးသိမ်းဖို့သုံးမြို့နယ်ဘဲကျန်တော့တယ်။

စစ်တွေကို AA ဓာတ်ခဲအစုပ်တွေမနေ့ကဆင်းလာတယ်။သူတို့ရည်မှန်းချက်ကစစ်တွေကိုသိမ်းဖို့ဘဲ။
ဒကစမှူးကိုယ်တိုင်စစ်တွေရပ်ကွက်ထဲတစ်အိမ်တက်ဆင်းစစ်တော့
AA နဲ့အပေါင်းပါရှစ်ဆယ်လောက်မိတယ်။ သူတို့စစ်မတိုက်ခင်စိမ့်ဝင်မှာဘဲ။လက်နက်တွေလူတွေကိုအရပ်သားအသွင်နဲ့ရောက်အောင်ပို့မှာဘဲ။ဒါကိုလက်ဦးဖို့လိုတယ်။ဒေသခံတွေကတော့သူတို့လူတွေဆိုတော့ဖော်မှာမဟုတ်ဘူး။ကိုယ့်နည်းမျိုးစုံဖော်ထုတ်ဖို့လိုတယ်။

အမ်းအခြေအနေကတော့ဒီနေ့ရခိုင်ပြည်နယ်နေ့ဆိုတော့အမ်းကိုအပြီးသိမ်းမယ်ဆိုပြီးတိုက်နေတာဘဲ
လက်နက်ချဖို့လော်နဲ့အော်နေတာလည်းရှိတယ်။ကိုယ့်ဆီကလေယာဥ်နောက်ပိုးသိပ်နိုင်လို့ဒီညနေအခြေအနေပြန်ကောင်းသွားတာ။
ဒါတောင်စနိုက်ဘာနဲ့ဝိုင်းပစ်နေတာ။

ဒီနေ့ Mndaa နဲ့ တပ်မတော်ကိုယ်စားလှယ်မောင်ကိုကိုဦးတို့ကူမင်းမှာဆွေးနွေးကြတယ်လို့သိရတယ်။ရှုံးနေတဲ့အချိန်ဆိုတော့လားရှိုးပြန်တောင်းလို့ရနိုင်မှာမဟုတ်ဘူး။ Mndaa ကလည်းအခွန်စကောက်နေပြီ။ကွပ်ကဲမှုယူနေပြီ။
ကိုယ့်ဆီက မအလ ကပျော်ပွဲရွှင်ပွဲတွေနဲ့သာယာနေတုံး။ so sad ဘဲ

မောင်တောကတော့ဒသခံမူစလင်တွေနဲ့ အာဆာနဲ့ ပေါင်းပြီး Ands အဖွဲ့ဖွဲ့လိုက်တယ်လို့သိရတယ်။
Ands ရဲ့အဓိကရည်ရွယ်ချက်ကတော့ AA ကိုဘူးသီးတောင်မောင်တောကနေဆုတ်ခွာဖို့တိုက်ဖို့ဖွဲ့လိုက်တယ်လို့သိရတယ်။
ကျွန်တော်ချန်လပ်ထားတဲ့ မောင်သူရိန်ထွန်းကိစ္စကတော့ နောက်မှဆက်တင်ပြပါမယ်။
သူရိန်ထွန်းအဓိကကိစ္စပြောချင်တာက ပုံတွေတင်ထားတာ Ai နဲ့တင်ထားတာပါ။ယုံချင်ယုံ မယုံချင်နေပါ
AA ကသူရိန်ထွန်းမိပြီလို့ကြေညာထားပေမဲ့ အခုချိန်ထိ စစ်ဆေးမေးမြန်းချက် video မတင်နိုင်ပါဘူး။ သူ့ကိုဖမ်းဆီးရမိရေးအသဲအသန်လိုက်ရှာနေတာပါ။
ကျွန်တော်သိသလောက်ကတော့ဘင်းကလားဒေ့ရ်ှတစ်နေရာမှာသိထားပါတယ်။ ဒါကိုသူတို့မိအောင်ဖမ်းဖို့အသဲအသန်ဆောင်ရွက်နေချိန်ဒီမှာအဖမ်းပြထားတာပါ။ မိမိဘက်ကလည်းအခုချိန်ထိသတင်းထိန်ချန်ထားပါတယ်။ဒီလောက်ထိဘဲသိထားပေးပါ။
မောင်တောဟာမကြာခင်တိုက်ပွဲတွေအပြင်းအထန်ပြန်ဖြစ်လာမှာပါ။စောင့်ကြည့်ပါ။

ဂွမြို့အခြေအနေကတော့ ဒီနေ့တိုက်ပွဲတွေပြင်းထန်နေပါတယ်။သူတို့တောင်ကုတ်ရသွားတော့ ဂွဘက်ကိုအားလုံးဆင်းလာမည့်သဘောရှိပါတယ်။ခုချိန်ဖြတ်တောက်ရေးလေယာဥ်ဒရုန်းတွေသုံးနိုင်ရင်ကောင်းပါတယ်။ ဗန်းမော်ပြန်ရတာဒရုန်းစစ်ဆင်ရေးအောင်မြင်လို့ပြန်ရတာပါ။
ဒါကြောင့်ဒရုန်းစစ်ဆင်ရေးကိုအဓိကထားအသုံးပြုဖို့လိုအပ်ပါတယ်။

ဧရာဝတီဖက်စပြီးစိမ့်ဝင်နေပြီနော်
ပဒက်မောင်ဆောင်းခတို့လည်းရောက်နေပြီကြားတယ်။
ဒီအချိန်မှာတစ်အိမ်တက်ဆင်းစစ်ဖို့ကားသွားကားလာလက်နက်ခဲယမ်းစိမ့်ဝင်မှုစစ်ဖို့အလွန်အရေးကြီးပါတယ်။

ကျွန်တော့်စစ်သတင်းတွေရှယ်ပေးကြပါဗျာ

သတင်းဆက်စောင့်ပါ

စစ်မင်း

Sit Min

04 Dec, 12:44


Kia ဒီလောက်သောင်းကျန်းနေတာ
သူတို့ဌာနချုပ်ကိုအလှကြည့်နေတာလား...
အကြမ်းဖက်လည်းမကြေညာဘူး
ဌာနချုပ်တွေ၊လက်နက်စက်ရုံတွေလည်းဗုံးမကျဲခိုင်းဘူးဆိုတော့...
ဟိုကောင်ကအခုကိုယ့်ဖင်လာချနေပြီ။
ဘယ်အထိ kia ကိုအလှကြည့်နေမှာလဲသိချင်တယ်...တပ်ချုပ်ကြီး

Sit Min

04 Dec, 12:39


ရခိုင်ကိုသေချာထိန်းဖို့လိုတယ်နော်...
ဒီလောက်ဘဲပြောချင်တယ်
ရခိုင်ကိစ္စနှင့်ပတ်သက်ပြီးအဓိကအချက်တွေအများကြီးပြောချင်တယ်ဗျာ
နိုင်ငံရေးနှင့်ပတ်သက်နေတော့
အရေးယူခံနေရမှာစိုးလို့...
ပြောချင်တာကတော့ပါးစပ်ကိုယားနေတာဘဲ...
ကိုယ်ပြောတာကိုပြင်လိုက်ရင်လည်းရခိုင်ကိုပြန်ထိန်းချုပ်နိုင်မယ်။
ဒါပေမဲ့ပြောလို့မရဘူး။အရေးယူလိမ့်မယ်။

Sit Min

04 Dec, 10:14


Kia ကိုဘာဖြစ်လို့ခုချိန်ထိအကြမ်းဖက်မကြေညာတာလဲ
ဒီမနက် 0900 ချိန်ခန့် လ47 ရှေ့ကာကင်းကုန်းစခန်းနှစ်ခုကျသွားတယ်
319 အတိုက်ခံနေရတယ်
Kia ကို မျောက်သုံးကောင်လိုပြတ်ပြတ်သားဆောက်ရွက်မှရမယ်တပ်ချုပ်ကြီး။

Sit Min

04 Dec, 07:24


ငြိမ်ချမ်းရေးလုပ်ချင်ရင်ကိုယ့်နေရာကိုယ်ပြန်နေ
သိမ်းထားတာတွေနိုင်ငံတော်ပြန်အပ်
ဒါဆိုငြိမ်းချမ်းရေးလမ်းစဥ်ဆက်သွားမယ်...
တပ်ချုပ်ကဒါဘဲပြောရမှာ..
ဟိုလိုလိုဒီလိုလို မမဆောင်းလုပ်နေရင်တော့ခါးပါသွားမယ်ဆိုတာသတိပြုဖို့လိုတယ်

Sit Min

01 Dec, 14:11


နပခ..အခြေအနေမကောင်းဘူး
တိုင်းစစ်ဌာနချုပ်ကအရေးကြီးစာရွက်စာတမ်း၊လူ၊စတာတွေတော်တော်များများကိုစစ်တွေတိုင်းမှူးရှိတဲ့နေရာကိုပို့ထားပြီးပါပြီ။
ဒုတိုင်းမှူးနှင့်အခံွလောက်ဘဲကျန်တာပါ။
သို့ပေမဲ့လည်းတိုင်းစစ်ဌာနချုပ်ဆိုတဲ့ဂုဏ်ကိုတော့ထိန်းရမှာဘဲ...
ဒီလောက်ဘဲပြောချင်တယ်။

Sit Min

25 Nov, 13:50


ပလောင်အစုပ်အပဲ့ပြောတဲ့စကားကိုယုံလို့မဖြစ်ဘူး
တရုတ်ကကောင်းစွာပညာပေးမယ်ပြောတုံးကလုပ်ရဲရင်လုပ်ကြည့်တိုပြီးအာချောင်နေတဲ့ကောင်၊အခုဖြတ်ငါးဖြတ်နဲ့တွေ့နေတဲ့အပြင် အမေရိကန်ဘက်က စစ်ကိုမလိုလားတဲ့ ထရန့်တက်လာတော့ cia တွေဆီကထောက်ပံ့ငွေတွေရပ်သွားတယ်၊တဖက်ကတရုတ်ကလည်းပိတ်ပြီးဖိထားတယ်၊ရွှေဘကလည်းဗုံးတွေအဆက်မပြတ်ကျဲပေးနေတော့ အသံတွေထွက်လာတာဘဲ။
အခုချိန်ရပ်လိုက်တာနဲ့ လူသစ်စုမယ်၊စစ်စရိတ်ပြန်စုမယ်၊နားမယ်အစားကျွေးမယ်၊အင်အားပြည့်လာရင်ပြန်ပုန်ကန်မယ်ဆိုတဲ့ ခေါက်ရိုးကျိုးနေတာကို တပ်ချုပ်အနေနဲ့ပါးနပ်ဖို့လိုတယ်။ဒီလောက်ဘဲပြောချင်တယ်။

Sit Min

17 Nov, 13:26


အမ်းမပေါ့နဲ့ဗျာ..ဒီလောက်ဘဲပြောချင်တယ်..
တစ်မိုင်ကုန်းစခန်းမနက်ကိုးနာရီလောက်ရန်သူဆီပါသွားတယ်။
ဒီစခန်းက နပခ အတွက်အန္တရယ်ဘဲ
ဒီလောက်ဘဲပြောချင်တယ်ဗျာ...

စစ်မင်း

Sit Min

08 Nov, 13:14


အမ်း 374 ကိုတပ်ကပြန်ထိန်းထားပေမဲ့အလုံးစုံမဟုတ်သေးဘူး
ဗဟိုကင်းမရသေးဘူး
ပတ်ဝိုင်းထားတယ်
စိတ်မပူနဲ့မနက်ဖြန်အလုံးစုံပြန်ရမယ်

စစ်မင်း

Sit Min

06 Nov, 12:55


ဒါမျိုးတွေအများကြီးကျန်သေးတယ်

Sit Min

29 Oct, 04:59


ငါစစ်သတင်းတွေမတင်ချင်တော့လို့နေနေတာမရဘူး
နီပိတ်တွေက
ပေါက်ကရတွေလျောက်ပြောနေကြတယ်
အမ်းလုံးဝမကျဘူးသိပြီလား
မိမိဘက်ကဒဏ်ရာအနည်းအကျဥ်းရတာဘဲရှိတယ်။ကျတာတောင်မရှိဘူး။
အေအေဓာတ်ခဲစုတ်တွေ ဆားပေါက်ကုန်တာအများကြီးလာကြည့်ကြ။

သိပ်မပြောချင်ဘူး။

စစ်မင်း

Sit Min

16 Oct, 14:20


မောင်တော နဃ 5 ကိုလာတိုက်တဲ့ ရခီး AA တွေသေတဲ့အလောင်းကြည့်လိုက်ရင်ဆေးသုံးထားတဲ့မျက်နှာတွေကြည့်ဘဲ။
ပစ်ကွင်းကအကာအကွယ်မဲ့၊
မိုင်းကအပြည့်ထောင်ထားတယ်..
ဘန်ကာက drop bomp ခံနိုင်အောင်လုပ်ထညးပြီး တက်လာတဲ့ရန်သူကိုတစ်ယောက်ချင်းဖြုတ်လို့ရအောင်လုပ်ထားတဲ့ တောင်ခမ်းကို အတင်းတက်၊အတင်းတိုက်တယ်ဆိုထဲကဆေးသုံးထားတယ်ဆိုတာသိသာတယ်။

စစ်မင်း

Sit Min

16 Oct, 14:15


နမခ စောက်လုပ်မလုပ်ဘူး
တစ်ဖြေးဖြေးနဲ့ ဗောဓိတစ်ထောင်ဘုရားတောင်ပဒက်တွေနေရာယူတော့မယ်။
နမခ တိုင်းမှူးဖြုတ်သင့်တာကြာပြီ။
အဖားကြမ်းတယ်ဆိုပြီးဆက်ထားရင်တော့မင်းထိုက်နဲ့မင်းကံဘဲ

စစ်မင်း

Sit Min

16 Oct, 14:13


အချင်းချင်းအထုပ်ဖြေကုန်ပြီ

Oct 16

ပူးစားပေါင်းစား ဖော်ရှိုးတွေ။
-
ဘဏ်တွေဓားပြတိုက်လိုက် ရွေဆိုင်တွေဓားပြတိုက်လို့ကြည့်လိုက်ရင် pdf တွေကြီးပဲ။
-
လနလေး လက်ထဲရှိလာကြတော့ ထင်ရာစိုင်းကြတော့တာပဲ။

Sit Min

16 Oct, 14:11


လုပီ(၁၀၀၂)စခန်းတိုက်ပွဲKIA၅၀ထိခိုက်သေဆုံး
အောက်တိုဘာ၁၆၊၂၀၂၄။

ရလိုက်လွတ်လိုက်ပါဘဲ။KIAဘက်ကလည်းအကြာကြီးမထိုင်ရဲပါဘူး၊မီဒီယာဝါဒဖြန့်ဖို့အတွက်ဘဲခဏလာပြီးဓာတ်ပုံရိုက်၊စွန့်ပစ်မကောင်းလက်နက်ခဲယမ်းတွေပြတာပါဘဲ

နယ်ခြားစောင့်တပ်ဘက်ကကျတာ၆ယောက်ဘဲကျတာပါ။KIA&PDFအကောင်၅၀သေဆုံး၊၂၀ကျော်ထိခိုက်ဒဏ်ရသွားပါတယ်၊လောလောဆယ်ဘယ်သူမှလုပီစခန်းကိုမထိန်းချုပ်နိုင်သေးပါဘူး။လက်ရှိမှာကြည်း/လေ/ဒရုန်းမြေပြင်တိုက်ပွဲအရမ်းကောင်းနေပါတယ်

နေပြည်တော်

Sit Min

16 Oct, 14:09


တိုက်ပွဲသတင်း (နမ့်လန်)

အောက်တိုဘာ ၁၅ ရက်၊ ညနေပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ နမ့်လန်မြို့၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀၀ ကျော်အကွာတွင် နယ်မြေရှင်းလင်းစစ်ကြောင်းနှင့် အကြမ်းဖက် MNDAA အဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုအနည်းငယ် ဖြစ်ပွားပြီး မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့ဘက်မှ -
(၁) MNDAA အလောင်း ၁ လောင်း
(၂) Type-81 သေနတ် ၁ လက်
(၃) ကျည်အိမ် ၂ ခု၊ ကျည် ၆၀ တောင့်
တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။
-
(ပုံရရှိပါက ထပ်မံဖော်ပြပေးပါမယ်)

တိုက်ပွဲသတင်းစုံ
စစ်မင်း

Sit Min

16 Oct, 14:09


တိုက်ပွဲသတင်း (မောင်တော)

အောက်တိုဘာ ၁၅ ရက် မနက်စောစောပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ နခခ(၅) ဌာနချုပ်အား အကြမ်းဖက် AA သူပုန် ၄၀၀ ဦးခန့်က ဒုတိယအကြိမ် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။ လုံခြုံရေး တပ်ဖွဲ့များ၏ ရဲဝံ့စွန့်စားမှု၊ လေကြောင်း/အမြောက်ပစ်ကူ ထိရောက်မှုတို့ကြောင့် ရန်သူပြန်လည် ထွက်ပြေးသွား ခဲ့ပါတယ်။ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရကာ ရန်သူ့ဘက်မှ -
(၁) အကြမ်းဖက် AA အလောင်း ၃ လောင်း
(၂) သေနတ်မျိုးစုံ ၅ လက်
  - BA-63 သေနတ် ၂ လက်
  - BA-64 သေနတ် ၁ လက်
  - M-22 သေနတ် ၁ လက်
  - Type-81 သေနတ် ၁ လက်
(၃) ကျည်မျိုးစုံ ၂၀၀ ကျော်
(၄) ကျည်ခါးပတ်တွဲ ၂ ခု
(၅) ကျည်အိမ်နှင့် ကျည်ကာဦးထုပ်များ

သိမ်းဆည်းရရှိခဲ့ပါတယ်။
-
အောက် ၁၄ ရက်တုန်းကလည်း နခခ(၅)ကို လာရောက်တိုက်ခိုက်လို့ AA အနေနဲ့ ၉ လောင်း ၁၈ လက် ကျန်ရစ်ခဲ့ပြီး ယခုဒုတိယအကြိမ်နဲ့ဆို ၁၁ လောင်း ၂၃ လက် သိမ်းဆည်းရရှိခဲ့ပါတယ်။
-
မြေပြင်တွင် နယ်မြေရှင်းလင်းနေဆဲ ဖြစ်ပါတယ်။ အကြမ်းဖက် AA သူပုန်များအနေနဲ့ အလောင်းကောက်အဖွဲ့ဖြင့် အလောင်းများ ဆွဲပြေးနေသောကြောင့် ယခုထက် ထိခိုက်သေဆုံးမှု အများအပြားရှိကြောင်း သိရှိရပါတယ်။
-
နခခ(၅)ကိုလည်း အခွင့်သာလျှင် လာရောက် တိုက်ခိုက်နိုင်တာကြောင့် ဝန်းကျင်ကို ပိုက်စိပ်တိုက်ရှင်းလင်းနေ တယ်လို့လည်း သိရှိရပါတယ်။

တိုက်ပွဲသတင်းစုံ
စစ်မင်း

Sit Min

16 Oct, 14:07


ရခီးတွေပျားတုတ်နေပြီ

အောက်တိုဘာလ ၁၅ ရက်နေ့က ARSA အဖွဲ့ကထုတ်ပြန်လာတဲ့ ရခိုင်လူမျိုးရေးအစွန်းရောက်အဖွဲ့(AA) အလောင်းပုံများ
===============================

လက်ရှိအချိန်၌ နခခ ၅ မှ ပြန်လည်ဆုတ်ခွာထွက်ပြေးနေသည့် AA အဖွဲ့အား ARSA အဖွဲ့မှ လမ်းမှစောင့်ကြိုတိုက်ခိုက်ခြင်းပြုလုပ်နေသလို၊ မောင်တောမြောက်ပိုင်းနှင့် ဘူးသီးတောင်ရှိ AA စခန်းများအား ARSA အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများပြင်းထန်နေကြောင်း မြေပြင်သတင်းများအရ သိရှိရသည်။
#MinChitOo

Sit Min

15 Oct, 15:54


သူတို့အလေးတွေကျန်နေခဲ့ရင်လိုင်းပေါ်ရောက်မှာစိုးရိမ်သော်လည်း
အလောင်းတွေကကောက်မနိုင်တဲ့အခါမှာတော့....😁😁😁

စစ်မင်း

Sit Min

15 Oct, 15:53


သူတို့ဆီကရတဲ့သေနတ်တွေကြည့်လိုက်ရင်စုတ်ပြတ်သတ်နေတာဘဲ...

လက်နက်/ခဲယမ်းများ ဖမ်းမိ (ကြံခင်း)

အောက်တိုဘာ ၁၄ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ပိုးစုကြီးရွာအနီးတွင် အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း ဒေသခံများ၏ သတင်းပေးပို့မှုကြောင့် သွားရောက်ရှင်းလင်းရာ ထိတွေ့မှုအနည်းငယ်ဖြစ် ပွားပြီး ရန်သူ့ဘက်မှ -
(၁) အကြမ်းဖက် ၁ ဦး (အရှင်မိ)
(၂) အကြမ်းဖက် ၁ လောင်း
(၃) သေနတ်မျိုးစုံ ၈ လက်
  -  M-16 သေနတ် ၁ လက်။
  -  တစ်တောင့်ထိုးရိုင်ဖယ် ၁ လက်။
  -  FCG9 MK-2 ၁ လက်။
  -  လက်လုပ်သေနတ် ၄ လက်။
  -  လက်လုပ်ပစ္စတိုသေနတ် ၁ လက်။
 
(၄) ကျည်အိမ် ၂ ခု
(၅) ကျည်မျိုးစုံ ၁၅၀ တောင့်
(၆) တိုက်မိုင်း ၁ လုံး

သိမ်းဆည်းရရှိခဲ့ပြီး တဲများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါတယ်။

တိုက်ပွဲသတင်းစုံ
စစ်မင်း

Sit Min

14 Oct, 13:32


အခုလာမည့်တောင်ခမ်း၊
မောင်တော
အခုလိုဘဲ ပုံသေခံစစ်ကြီးနဲ့ဘဲသွားနေရင်တော့ ဂိုးကတော့သွင်းသွားအုန်းမှာဘဲ...
လုပ်သင့်တာတွေကိုကျွန်တော်အပေါ်မှာရေးပြထားပါတယ်။
အဲ့ဒါတွေမလုပ်ရင်တော့...

စစ်မင်း

Sit Min

14 Oct, 13:30


ဗုံးကျဲတာမထိရောက်ဘူး
အိမ်ပျက်တာဘဲအဖတ်တင်တယ်
တကယ်တာထိရောက်ရင် သီပေါကိုလာတိုက်တဲ့ အကြမ်းဖက်တွေတစ်ယောက်မှကျန်မှာမဟုတ်ဘူး။

ဒီလောက်ရန်သူဝိုင်းပတ်တိုက်နေတာ
ရန်သူထမင်းဘယ်ကစားသလဲ၊ဘယ်နေရာချက်ကျွေးနေလဲ၊ကုန်သွားတဲ့ခဲယမ်းဘယ်နေရာဖြည့်ဆည်းနေလဲ
တစ်ခုမမစုံစမ်းဘူး၊အဲ့ဒီထောက်ပို့လမ်းကြောင်းတွေ၊ခဲယမ်းလာတဲ့နေရာတွေ၊ထမင်းချက်တဲ့နေရာတွေကိုသာလေယာဥ်ဗုံးထိရောက်စွာကျုဲကြည့်ပါလား။ရန်သူဆိုတာအရုပ်ရေးပြရလိမ့်မယ်။
အခုထိ ပလောင် tnla ဌာနချုပ်၊ AAရခီးဌာနချုပ်တွေကိုအခုထိဗုံးမကျဲဘူး။ဘာဖြစ်လို့မကျဲတာလည်း။
စဥ်းစားမရဘူး။
ကိုယ်ကလုပ်သင့်တာမလုပ်တော့ရန်သူကတစ်မြို့ပြီးတစ်မြို့သိမ်းနေတယ်။
ဒါလည်းရှက်ရကောင်းမှန်းမသိဘူး။
စိတ်ပျက်သွားပါပြီ။