☯️
( ဘာတွေဖြစ်လာမလဲ ⁉️)
ထရမ့်ကျမ်းသစ္စာပြုချိန်ကို လိုင်းပေါ်တင်ပေး
လိုက်တာ ဆြာကြီးတွေ တွက်ချက်နိုင်အောင်ပါ
အမည်မဖေါ်လိုတဲ့ ဆရာကြီးတဦးကချပေး
လိုက်တဲ့အတိုင်းဆိုရင် -
🐠 ကျမ်းကျိန်ရက်အချိန်နေရာကို နက္ခတ်နဲ့
အခါကောင်းကို တွက်ချက်ပြီး နှောင်းသမတ
တွေကိုပါ ကျင့်သုံးစေခဲ့တာ အမျှော်အမြင်ကြီး
ရာရောက်တယ်၊ လဂ် မိဿရာသီ အံသာ (၂၀)
ဝန်းကျင်၊ ၁နွေ မကာရ ရာသီ (၁၀) တန့်၊
ဘရဏီနက္ခတ်ကိုစီးတယ်၊ အမြင်အယှဉ်နဲ့
နက္ခတ်အစီးကောင်းကို ရွေးပေးခဲ့ ။
🐠 ယခု ကျမ်းကျိန်ချိန်မှာ ၁နွေ ပလူတိုနဲ့ပူး
မိဿရာသီ လဂ်သခင် ၃င်္ဂါ နိစ်မူပြီး သမသတ်
မြင်တာမကောင်း၊ ရာဟု၊ ကိတ်လွှမ်းမိုးခံနေရ
🐠 ခတ္တိယ အုပ်ချုပ်သူလူတန်းစားတွေ ဒုက္ခနဲ့
တွေ့ရမယ်၊ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ပဋိပက္ခတ်
အကြီးကြီးဖြစ်မယ်၊ လက်နက်စစ်၊ စီးပွားရေးစစ်
ဖြစ်လိမ့်မယ်၊ ပြည်တွင်း Recession ဆိုတဲ့ စီးပွား
ရေးကျဆင်းမှုဖြစ်ပြီး ပြည်သူမကြေမနပ်မှုနဲ့
ရင်ဆိုင်ရလိမ့်မယ်၊ မဲဆွယ်ကာလ ထောက်ခံမှုနဲ့
ဆန့်ကျင်ဖက် မကြေနပ်မှုတွေနဲ့ရင်ဆိုင်ရမယ်၊
🐠 ပါပဂြိုလ်တွေလွှမ်းမိုးပြီး ဒဿာသရုပ်ဆောင်
ဂြိုလ်တွေကိုကြည့်ရင် လဂ်သခင် ၃င်္ဂါ ထူလက
နိစ်မူ ၊ အန္တရ၊ ပြသန္တရ ရာဟု ဗျာယအိမ်ကမြင်၊
၃င်္ဂါ ရာဟု သရုပ်ဆောင်တွေ ရေရာသီမှာရှိ၊
ဒါကြောင့် ပနားမားတူးမြောင်းပြသနာဟာ ထရမ့်
ပထမဆုံးထိတ်တိုက်တွေ့ရမဲ့ပြဿနာလို့ယူဆရ၊
🐠 သောင်္ကြာ စနေ (၂၁) အံသာနဲ့ ပူးတဲ့အချိန်၊
စနေနိစ်နဝင်းစီးပြီး သောကြာကသစ်နဝင်းစီး
(၂) တန့် (၇) တန့်သခင်သောကြာဟာ (၁၀)(၁၁)
တန့် သခင်စနေနဲ့ လာဘ ဘာဝမှာပူးတဲ့အတွက်
ထရမ့်ဟာ စီးပွားရေးကို အဓိကအလေးထား
လုပ်လိမ့်မယ်၊ ဒါပေမဲ့ သူဌေးတွေပိုချမ်းသာပြီး
ပြည်သူတွေ အသီးအပွင်မခံစားရ၊
🐠 ၃င်္ဂါ သမသတ်အမြင်က အစုလိုက်အပြုံလိုက်
သေစေလိမ့်မယ်၊ သမတနဲ့ စစ်ဖက် ထိတ်တိုက်
တွေ့မှုတွေရှိလာလိမ့်မယ်၊ အရှေ့အလယ်ပိုင်းက
အမေရိကန်စစ်စခန်း အတိုက်ခံရဖွယ်ရှိ၊ အီရန်စစ်
ဖြစ်လာမယ်၊ ပြည်တွင်းအကြမ်းဖက်တိုက်ခိုက်
ခံရဖွယ်ရှိ၊
🐠 ဒီ (၄) နှစ်မှာ ထရမ့်ဇာတာက ဘင်္ဂမှမရဏ
ဘာဝကိုကူးပြောင်းကာလ၊ လုပ်ကြံခံရမှုကြောင့်
လား❗ရုတ်တရက်ကျန်းမာရေးကြောင့်လား ❓
(၄) နှစ်သက်တမ်းပြည့် တာဝန်ထမ်းဆောင်နိုင်ဖို့
မသေခြာပါ၊
🐠 ကျမ်းကျိန်ပြီးကာလမှ (၂၁) လအတွင်း
ပြဿနာအကြီးအကျယ်နဲ့ရင်ဆိုင်ရမယ်၊
🐠လကြပ်ချိန်မှာမွေးတဲ့ထရမ့်ဟာ တချိန်က
မွန်ဂိုအင်ပါယာကိုတည်ထောင်ခဲ့တဲ့ ဂျင်ဂစ်ခန်လို
လောဘကြီး၊ အမေရိကန်အင်ပါယာကိုချဲ့ထွင်ချင်၊
🐠 Elon Musk လိုသဘာဝလွန် စဉ်းစားတတ်သူနဲ့
သဘာဝလွန် လောဘကြီးသူ (၂) ဦးပေါင်းဖက်မိ
တာက အရှိန်မထိမ်းနိုင်ပဲ ဘရိတ်ပေါက်ထွက်ဖို့
များနေတယ်၊ အမေရိကန်ပြည်သူတွေ မျှော်လင့်
ချက်ကြီးမားပြီး ထရမ့်ကိုရွေးခြယ်လိုက်ခြင်းဟာ
* မျှော်လင့်သလို ဖြစ်မလာပဲ
* အမေရိကန်ဟာ နိုင်ငံတကာအခင်းအကျင်း
မှာ ပိုပြီး အထီးကျန်ဆန်၊ ဗီလိန်ဖြစ်လာမယ်
* NATO, EU, G-7 တို့နဲ့ ဆက်ဆံရေးဆိုးဝါးမယ်
* သမတ သက်တမ်းပြည့်အတွက် မသေခြာ
* လူ့လောကထဲက ထွက်ခွာမှုဟာ Disgraceful
exit အထိဖြစ်လိမ့်မယ်၊
( အမည်မဖေါ်လိုသူ ဆရာကြီးတဦးရဲ့ တွက်ချက်
မှုအပေါ် "၂" ဦးပေါင်း အမြင်သာဖြစ်ပါတယ်
အခြားဆရာများလဲ အမြင်ကိုယ်စီ ထုတ်ဖေါ်
ပေးကြပါကုန် )
BaMg ( 22.1.25 ) ☯️☯️
.