မြိုင်မြို့နယ် မြေပြင်သတင်းမျှဝေရာ @myaingrealnews Channel on Telegram

မြိုင်မြို့နယ် မြေပြင်သတင်းမျှဝေရာ

@myaingrealnews


မြိုင်မြို့နယ် အတွင်းရှိ သတင်းတု / spy War များကို တွန်းလှန်ရင်းသတင်းမှန်များကို မျှဝေတင်ဆက်ပါမည်။

မြိုင်မြို့နယ် မြေပြင်သတင်းမျှဝေရာ (Burmese)

Introducing "မြိုင်မြို့နယ် မြေပြင်သတင်းမျှဝေရာ" - a Telegram channel dedicated to delivering real-time news coverage in the Myaing Myaing Township area. Are you interested in staying informed about local news, spy wars, and other important events happening in the region? Look no further! Join our channel to receive updates and stay connected with the latest developments. Don't miss out on any breaking news or exclusive stories. Stay ahead of the curve with "မြိုင်မြို့နယ် မြေပြင်သတင်းမျှဝေရာ" today!

မြိုင်မြို့နယ် မြေပြင်သတင်းမျှဝေရာ

22 Nov, 14:12


မြိုင်နယ်တောင်ပိုင်း ၊ ပျူရွာအား စကစမှ လေယာဉ်ဖြင့် ရိက္ခာ ချပေးနေမှု။
အချိန် တစ်နာရီကျော်ကြာ။
21.11.2024 ညနေ ၄ နာရီမှ စတင်

မြိုင်မြို့နယ် မြေပြင်သတင်းမျှဝေရာ

03 Nov, 08:59


မြိုင်၊ မကျည်းလေးပင်ကျေးရွာ အနီးနေထိုင်သည့် စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရ


ယမန်နေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် မကျည်းလေးပင်ကျေးရွာ အနီးနေထိုင်သည့် စစ်ဘေးရှောင် ပြည်သူများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ထို့ပြင် ၁ ဦးမှာလည်း ဒဏ်ရာ အခြေအနေ ပြင်းထန်ကြောင်း သိရှိရသည်။"လက်ရှိ ကျန်တော်တို့ သိရတာက ပြည်သူ ၂ ဦး နဲ့ မကျည်းလေးပင်ရွာ ပကဖ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ ၁ ဦးက ပြင်းထန် ဒဏ်ရာရတယ်။အခြေအနေတော့ ဆက်လက် စောင့်ကြည့်နေရတုန်းပဲ" ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။[Khit Thit Media]

သတင်းမှန်ကန်မှု ရှိသည့်အတွက် Video ဖိုင်သာ တင်ပေးလိုက်သည်။

မန်းကျီးလေးပင်တင်မက လမ်းတစ်လျောက် တောများကိုလည်း ပစ်ခတ်သွားခဲ့။

တိုက်ခိုက်ရေးရဟက်ယဉ် နှစ်စင်းဖြစ်သည်။

မြိုင်မြို့နယ် မြေပြင်သတင်းမျှဝေရာ

27 Sep, 11:21


အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် လက်အောက်ငယ်သားများမှ လာရှိုးမြို့ရှိ ပြည်သူပိုင်ဈေးကြီးအား ဗုံးကြဲ၍ ဖျက်ဆီးမှု သူတို့လုပ်သည်ဟု ဝန်ခံထားခြင်း။

မြိုင်မြို့နယ် မြေပြင်သတင်းမျှဝေရာ

27 Sep, 08:18


မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးရွာကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၇

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးရွာကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း အညာမြေ တပ်ပေါင်းစုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် အညာမြေ တပ်ပေါင်းစုတပ်ဖွဲ့နှင့် ပူးပေါင်းတပ်များက သရက်ကန် ပျူစောထီးရွာကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ တိုက်ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

ယင်း တိုက်ပွဲဖြစ်ပွားသည့်နေ့တွင်လည်း သရက်ကန်ရွာမှ လွတ်မြောက်လာသူ ပြည်သူ ၂၀ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ထိုကျေးရွာမှ ထွက်ပြေး လွတ်မြောက်လာသူ ၄၆ ဦး ထိရှိပြီဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၆ ရက်နေ့တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များက သရက်ကန် ပျူစောထီးရွာကို ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ ယင်း တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း၊ တိုက်ပွဲအတွင်း RPG အဖူး ၃ ဖူး၊ G3 ကျည် ၂၇ တောင့် ၊ ၅.၅၆ ကျည် ၉ တောင့်နှင့် G3 ကျည်ဘောက် တစ်ခုတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

"သရက်ကန် ပျူစောထီး တစ်ရွာလုံး ဆုတ်သွားတာမဟုတ်ဘူး။ တချို့တဝက် လောက်ပဲ ဆုတ်သွားတာ ရွာထဲမှာ ရွာခံ ပျူစောထီးတွေ အများအပြား ကျန်သေးတယ်" ဟု အညာမြေ တပ်ပေါင်းစုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို အညာမြေ တပ်ပေါင်းစုတပ်ဖွဲ့နှင့်အတူ TYK ပြောက်ကြားတပ်ဖွဲ့၊ Pakokku Pepole Defence Force(PPDF)၊ အမှတ် ၁ တပ်ရင်း ပကဖ၊ ဒေါင်းညီနောင် တပ်ဖွဲ့၊
ဒေါင်းမာန် တပ်ဖွဲ့၊ မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၄-စကြာ် ၊ မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၂-ဂဠုန် ၊ Kamma Revolution Force (KMRF) ၊ မုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Tiger Warrier Force ၊ မြိုင်ရာဇာ တပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု PLC ၊ နံ့သာမြေရက္ခ ၊ God of Myaing ၊ Union Brother ၊ Hunter Pakokku နှင့် Red Giant (RG) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ် မြေပြင်သတင်းမျှဝေရာ

22 Sep, 11:33


မြိုင်မြို့နယ် ၊ ကန်ကြီးတောရွာ စာသင်ကျောင်းအား အကြမ်းဖက်စစ်တပ်မှ လေကြောင်း တိုက်ခိုက်
We Love Myaing / 22.9.2024

ယနေ့ ညနေ 3:29 မိနစ်ဝန်းကျင်က
မြိုင်မြို့မြောက်ဘက် နှစ်မိုင်ကျော်ခန့်အကွာရှိ
ကန်ကြီးတောရွာစာသင်ကျောင်းနဲ့ အနီးတဝိုက်ကို
အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာတစ်စီးဖြင့်
Rocket အလုံးရေ နှစ်ဆယ်ကျော်ခန့်ပစ်ခတ်ပြီး
စက်သေနတ်များဖြင့် ပစ်ခတ်သွားတယ်လို့
သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့်
ကန်ကြီးတောရွာ စာသင်ကျောင်း အမိုးအကာများ
မျက်နှာကျက်များ ပျက်စီးသွားပြီး
စာသင်ကျောင်းတောင်ဘက်ရှိ
နေအိမ်တစ်လုံးလည်း အမိုးအကာများ
ပျက်စီးသွားတယ်လို့ သိရပါတယ်။

လေကြောင်းအန္တရာယ်ကြောင့်
ကျောင်းပိတ်ထားတဲ့အတွက်
ကျောင်းသားတွေနဲ့ ပြည်သူတွေ
အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

We Love Myaing.