မွန်မလေး @monmalay47 Channel on Telegram

မွန်မလေး

@monmalay47


မင်္ဂလာပါရှင်
💚💚💚💚💚

မွန်မလေး (Burmese)

မွန်မလေး ဆောင်းပါးနှင့် monmalay47 အမည်ဖြင့် သင့်ကို မင်္ဂလာရွတ်နိုင်သည်။ ဤ ခေါင်းစဉ်သည် မင်္ဂလာရွတ် နေသော တက်မလေး ဖြစ်ပြီး မွန်မလေး နှင့် monmalay47 အမည် ဖြင့် အကြောင်းသည်။ ဤ ခေါင်းစဉ်သည် အသည်းဆုံး ရှေ့နေ၊ အကြောင်းပြိုင် လေ့လာသော ညီမလေးသည်။ မွန်မလေး တွင် တောင်းပန် အရမ် နောက်ဆုံး လေးအား အဆင်ပြေနေပြီး၊ မြောက်လေ့ လာချက်များ ပေးချေလှမယ့် ညီမလေး မှ ယွဥ်ကျိတမယ့် အလှဖန် ဖန်ရှင်များ မျှဝေခြင်း ရှိပါသည်။ အသက်အရွယ် မ အသင့် စွန့်ပင့် ရင့်ရေ တိုင်နှင့် တိုင် သည် ဥပမာ မွန်လေး တွင် နေထိုင် လောင်းဘုရားတည်ထောင် တွင် ခေါင်းစဉ် လေ့ လာရသည်။ မွန်လေး ကို သိရှိနိုင်ငံ နှင့် ကုန်သွယ်နိုင်ငံကြောင့် ဥပမာ လန်ဒန် ကို ဖော်ရှေး မှာ ဆက်သွယ်ပါ။

မွန်မလေး

20 Nov, 08:44


ကျိုက်ထိုမြို့နယ်တွင် အပြစ်မဲ့ပြည်သူ(၁)ဦးအား အကြမ်းဖက် KRF အဖွဲ့မှ  သတ်ဖြတ်
+++++
နိုဝင်ဘာ၁၉ရက်နေ့၊  ည ၁၀ နာရီခွဲခန့်က ကျိုက်ထိုမြို့နယ်၊ ဝါးဒတ်ကွင်းကျေးရွာနေ ဦးချစ်ကိုဆိုသူအား အကြမ်းဖက် KRF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ဝါးဒတ်ကွင်းကျေးရွာထိပ်ရှိ ရာဘာတောစပ်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သတင်းရရှိပါသည်။
အကြမ်းဖက် KRF အဖွဲ့၏ သတ်ဖြတ်မှုကြောင့် ဦးချစ်ကိုမှာ ဦးခေါင်းဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ရကြောင်းလည်း သိရှိရပါသည်။
အကြမ်းဖက် KRF အဖွဲ့ လူ့မိစ္ဆာများမှာ အပြစ်မဲ့ပြည်သူများအား အကြောင်းအမျိုးမျိုးပြ၍ ပစ်ခတ်သတ်ဖြတ်မှုများ မကြာခဏ ပြုလုပ်နေသောကြောင့် မိဘပြည်သူများအနေဖြင့် သတိနှင့်သွားလာနေထိုင်နိုင်ကြပါရန် အသိပေးတင်ပြအပ်ပါတယ် ခင်ဗျာ။

Saw Ba Maung

မွန်မလေး

16 Nov, 01:24


မြန်မာ-ရုရှား ဘဏ်လုပ်ငန်းအပါအဝင် အနာဂတ် ၌ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများကိုဆွေးနွေး
+++++
မြန်မာ-ရုရှား ဘဏ်လုပ်ငန်းအပါအဝင် အနာဂတ် ၌ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ Mr. Alexey Sambuevich Tsydenovနှင့်ဒု-ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒု-ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်တို့ ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများနှင့် နိုဝင်ဘာ ၁၄ ရက်နေ့လည်ပိုင်းက တွေ့ဆုံခဲ့ကြပြီး ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံကြား လေကြောင်းခရီးသွားလာမှုနှင့် ပြည်သူအချင်းချင်းဆက်ဆံမှုတိုးမြှင့်ရေး၊ ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ သာသနာရေးနှင့်ယဉ်ကျေးမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စက်မှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်အလားအလာများကို ဆွေးနွေးခဲ့ကြသည်။

မွန်မလေး

15 Nov, 05:41


အကြမ်းဖက်အဖွဲ့တွေရဲ့ ယုတ်မာအောက်တန်းကျမှုကတော့ ပြောစရာစကားတောင်မရှိပါဘူး...အခု အပြစ်မဲ့ပြည်သူ အနုပညာရှင်တစ်ဦးရဲ့ နေအိမ်ကို ဗုံးခွဲတိုက်ခိုက်ပြီး အခြားအနုပညာရှင်တွေကိုပါ ခြိမ်းခြောက်နေတာကတော့ တော်တော်ကိုအောက်တန်းကျတဲ့လုပ်ရပ်ပဲဖြစ်ပါတယ်...ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေပါတယ်ဆိုတဲ့ကောင်တွေက ငါနဲ့မတူ ငါ့ရန်သူသတ်မှတ်ပြီးတော့ တိုက်ခိုက်နေတာကတော့ ရွံဖို့ကောင်းလိုက်တာ...လူတိုင်းက ကိုယ်နှစ်သက်ရာ အားပေးထောက်ခံခွင့်ရှိတယ်...မင်းတို့ကိုထောက်ခံအောင်လို့ ပြည်သူတွေကိုအခုလိုအကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး ထောက်ခံခိုင်းလို့ရမယ်ထင်နေလား...ပါးစပ်က ဒီမိုကရေစီလို့အော်နေပြီးတော့ လုပ်ရပ်က အကြမ်းဖက်အစွန်းရောက်တွေရဲ့လုပ်ရပ်နဲ့ တစ်ပုံစံတည်းလုပ်နေတဲ့ မင်းတို့ရဲ့ အောက်တန်းစားတော်လှန်ရေးက မကြာခင်ကျဆုံးတော့မှာပါ...မင်းတို့တွေ ပြည်သူတွေကို ဒီလိုပဲ လိုက်ခြိမ်းခြောက်နေတိုင်း မင်းတို့ အကြမ်းဖက်သမားတွေကို ကြောက်နေမယ်မထင်နဲ့ မင်းတို့ကို ပြည်သူတွေက တစ်နေ့ထက်တစ်နေ့ ရွွံရှာမုန်းတီးပြီး မင်းတို့ကို တစ်နိုင်ငံလုံးက လက်မခံတော့ဘဲ အားလုံးက ဝိုင်းပြီးမောင်းထုတ်တဲ့အချိန်ကျရင် နေစရာမပြောနဲ့ သေရင်တောင်မြှုပ်စရာမြေမရှိတဲ့ဘဝကို မင်းတို့တွေရောက်ကြလိမ့်မယ်...

မွန်မလေး

15 Nov, 05:29


နေ့လည်၃နာရီ K-Mart supermarket
ဖက်ခင်းရပ် စျေးကြိုနယ်မြေ
ထမင်း ကြက်သားဟင်း သီးစုံဟင်း ငရုတ်သီးဆားထောင်း တို့စရာအစုံ ပင်ပွားကျောက်ကျော(ဖျော်ရည်)
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နေ့လည်၃နာရီ၃၀မိနစ် မော်လမြိုင်တက္ကသိုလ်
Mainအဆောက်အဦးအနီး တောင်ဝိုင်းလမ်း
ကြာဇံချက်
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

ည-နေ၆နာရီ သာသနာနွယ်ဖောင်ဒေးရှင်း(ဇေတဝန်)ဆရာတော်ဦးစီးပြီး
တောင်ဝိုင်းကန်ဘောင်တွင်
ရေခဲမုန့်..နိဗ္ဗာန်စျေး
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

ရပ်ကွက်အလိုက် တချို့လမ်းဆုံနေရာတိုင်း နိဗ္ဗာန်စျေး စတုဒီသာ
ဧည့်ခံကျွေးမွေးလျက်ရှိပါသည်။

#walar

မွန်မလေး

15 Nov, 05:29


မော်လမြိုင် တန်ဆောင်မုန်းလပြည့်နေ့

မော်လမြိုင်တစ်ခွင် စတုဒီသာပတ်စားကြမယ်

နံနက်၄နာရီ ရှင်ဥပဂုတ္တပမထေရ်မြတ်
စျေးကြီးတောင်ပေါ်တန်းဓမ္မာရုံ
ကြက်သားကော်ရည်ခေါက်ဆွဲ(အီကြာကွေး)
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၄နာရီ ရှင်ဥပဂုတ္တပမထေရ်မြတ်
ယာယီစံကျောင်း မောင်ငံအလယ်တန်း(ကမ်းနားလမ်း)
အုန်းနို့ခေါက်ဆွဲ
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၄နာရီ ကျိုက်ပို့ဘုရား
အိုးရုံရပ် မုပွန်နယ်မြေ
သီးစုံဒန်ပေါက်
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၄နာရီ ရှင်ဥပဂုတ္တပမထေရ်မြတ်
ကန်ဘောင် သီရိမြိုင် ဘုရားလမ်းဆုံ
ထမင်း ကြက်ကုလားချက် ပဲကုလားဟင်း
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၄နာရီ ရှင်ဥပဂုတ္တပမထေရ်မြတ်
ယာယီစံကျောင်း ထားဝယ်စုရပ်
ကြာဇံဟင်းခါး(ကြက်သား)
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၄နာရီ ရှင်ဥပဂုတ္တပမထေရ်မြတ်
ယာယီစံကျောင်း မြိတ်တံတား(ကမ်းနားလမ်း)
ကြက်သားဆန်ပြုတ်
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၄နာရီ ရှင်ဥပဂုတ္တပမထေရ်မြတ်
ယာယီစံကျောင်းအနီး သဘောင်္လဲရပ်(အ.မ.က ကျောင်းလမ်း)
မုန့်ဟင်းခါး
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၄နာရီ ရှင်ဥပဂုတ္တပမထေရ်မြတ်
ယာယီစံကျောင်း ကျားတံတားရပ်
ကြက်သားဆန်ပြုတ်
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၄နာရီ ရှင်ဥပဂုတ္တပမထေရ်မြတ်
ယာယီစံကျောင်း မောင်ငံ ဂျီးဝါဝင်း အောက်ပိုင်း (ကမ်းနားလမ်း)
မုန့်ဟင်းခါး
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၄နာရီ မြတ်သန်းကုဋေကွမ်းသီးရောင်းဝယ်ရေးမိသားစုမှ
အိမ်အမှတ်၁၂၂ မင်းလမ်းမကြီး ဒိုင်းဝန်ကွင်းနယ်မြေ
ကြာဇံချက်
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၄နာရီ သံလွင်စျေးဘေးလမ်း
သံလွင်ဥယျာဉ်လမ်း ရေတွင်းလမ်း
နို့စိမ်းခေါက်ဆွဲ
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၅နာရီ သာသနာ့ရိပ်သာဘုန်းကြီးကျောင်း
တောင်ရိုးတန်းရပ်
မုန့်ဟင်းခါး
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၅နာရီ ရှင်သီဝလီရဟန္တာ ပူဇော်ခံ မဏ္ဍပ်
ဝါးတန်းရပ် ကျိုက္ဖနဲနယ်မြေ
အုန်းနို့ခေါက်ဆွဲ
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၅နာရီ ကျော်ကျော်စာပေ
ငန်းတေးရပ် မီးပွိုင့်လမ်းဆုံ(လမ်းသုံးခွ)
မုန့်ဟင်းခါး
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၅နာရီ၃၀မိနစ် ရွှေသိုက်ဂတ်စ်ဆိုင်မှ
မြေထဲကျောင်း(ဘုန်းကြီးကျောင်း) ကျိုက်သန်လန်ဘုရားလမ်း
မုန့်ဟင်းခါး
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၅နာရီ၄၅မိနစ် မဟာမြတ်မုနိဘုရားကြီးဝင်း
တောင်ပေါ်ရှိ
အာလူးပူရီ
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၆နာရီ သိမ်ကုန်းရပ်
အောက်လမ်းမကြီး
မုန့်ဟင်းခါး
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၇နာရီ ဦးတိအောင်+ဒေါ်ထွေးကြည် (ရွှေကညင်ရေခဲစက် မိသားစု)
ဦးခန္တီဘုရား(ဘုန်းကြီးကျောင်းရှေ့) တောင်ပေါ်
နိဗ္ဗာန်စျေး စတုဒီသာ
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၇နာရီ ရှမ်းစုရပ် မြို့ရှောင်လမ်း
ဒိုင်းဝန်ကွင်းနယ်မြေ
ထမင်း ဝက်ကလယ်ချက် ငပိတို့စရာ အေအး
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၈နာရီ၃၀မိနစ် Bear Mart
စျေးကြိုအဝိုင်းအနီး
ရေခဲမုန့်
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၈နာရီ၃၀မိနစ် Bear Mart
ကမ်းနားလမ်း သိမ်ကုန်းရပ်
ရေခဲမုန့်
မည်သူမဆို လာရောက်သုံဆောင်နိုင်ပါသည်။

နံနက်၉နာရီ အောင်သုခဓမ္မာရုံ
အောင်သုခရပ် ဖက်တန်းနယ်မြေ
ထမင်း ကြက်သားဟင်း ဝက်သားဟင်း သီးစုံပဲကုလားဟင်း
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၉နာရီ စံပြအထူးကုဆေးခန်းအနီး
မြို့ရှောင်လမ်း ကိုးအိမ်စုရပ် စျေးကြိုအဝိုင်းနီး
ထမင်း ကြက်ကုလားချက် သီးစုံပဲကုလားဟင်း
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နံနက်၁၀နာရီ -၁၂နာရီအတွင်း M -Hotel
ဖက်ခင်းလမ်းမကြီး ငန်းတေးရပ်
ကြက်ကုလားချက်၊ သီးစုံပဲကုလားဟင်း၊ ငရုတ်သီးထောင်း၊ ငါးကြော်
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နေ့လည်၂နာရီ ကျိုက်သုတ်ဘုရားရင်ပြင် ဓမ္မာရုံ၌
မရမ်းကုန်းရပ် ဗဟိုလမ်း
မုန့်ဟင်းခါး
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နေ့လည်၂နာရီ မာလာဝင်းလမ်းမိသားစု
မာလာဝင်းလမ်း မာလာဝင်းရပ်
မုန့်ဟင်းခါး
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နေ့လည်၂နာရီ ဆီဆုံ၂လမ်းထိပ်
ကျိုက်သန်လန်ဘုရားလမ်းအဆင်း ဆီဆုံရပ်
ထမင်း ဘဲဥဟင်း ငါးခြောက်ကြော် ငပိတို့စရာအစုံ
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နေ့လည်၂နာရီ သစ်တောရုံးဂိတ် စစ်ကဲကုန်းအုပ်ချူပ်ရေးမှုးရုံးအနီး
စစ်ကဲကုန်းရပ် အထက်လမ်းမကြီး
မုန့်ဟင်းခါး(ငါးပြုတ်)
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နေ့လည်၂နာရီ၃၀မိနစ် ဗဟိုလမ်းမိသားစု
ဝေလင်းလက်ဘက်ရည်ဆိုင် ဗဟိုလမ်း သာယာကုန်း
ခေါက်ဆွဲကြော် အေအး
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နေ့လည်၂နာရီ၃၀မိနစ် မင်္ဂလာလမ်းထိပ်
တောင်ဝိုင်းလမ်း စျေးကြိုရပ်
ထမင်း ဝက်သားဟင်း
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

နေ့လည်၃နာရီ ဘုရားနှစ်ဆူကျောင်း
ဘူတာကြီးမီးပွိုင်အတက် မြေနီကုန်းရပ်
နိဗ္ဗာန်စျေး
မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါသည်။

မွန်မလေး

14 Nov, 10:30


သထုံမြို့ရှိ ရွှေစာရံစေတီတော်တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စာရေးတံနှင့် ဆွမ်းဆန်စိမ်းလောင်းလှုပွဲကျင်းပမည်
+++++

မွန်ပြည်နယ်၊ သထုံမြို့ရှိ ရွှေစာရံစေတီတော်ရင်ပြင်တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စာရေးတံနှင့် ဆွမ်းဆန်စိမ်းလောင်းလှုပွဲကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

စာရေးတံနှင့် ဆွမ်းဆန်စိမ်းလောင်းလှုပွဲကို သုံးနှစ်ရပ်ဆိုင်းထားရာမှ ပြီးခဲ့သည့်နှစ်မှ စတင်ကာ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

ဆွမ်းဆန်တော်လောင်းလှူပွဲကို တန်ဆောင်မုန်းလပြည့် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီတွင် စတင်မည်ဖြစ်ပြီး ဆွမ်းလောင်းလှူမည့်နေရာအတွက် ဂေါပကအဖွဲ့ရုံးနှင့် အချိန်မီဆက်သွယ်ကြရန် တိုက်တွန်းထားသည်။

မွန်မလေး

14 Nov, 01:09


14.11.2024_Mawlamyine
စတုဒီသာမြို့​တော်လို့ ​ခေါ်ဆို​လောက်တဲ့ ​မော်လမြိုင်မြို့

တန်ဆောင်မုန်းလဆန်း(၁၄)ရက်
နေ့တွင် မော်လမြိုင်မြို့ရှိ စတုဒီသာ ကျွေးမွေးလှုဒါန်းမည့် နေရာများ

(၁) မော်လမြိုင် နဂါးမောက်ဘုရား
( နံနက် ၉ နာရီ မှ ည ၆ နာရီထိ )
- ထမင်း + ဟင်း (သက်သတ်လွတ်)
- ရေခဲမုန့်
- အအေး
- မုန့်များ

(၂) မော်လမြိုင် မြိုင်သာယာရပ်
သမိန်ဗရမ်းလမ်းရှိ အပျိုကြီး ကွတ်တီဆိုင်တွင်
- သင်္ဘောသီးထောင်း စတုဒီသာ
( နေ့လည် ၂ နာရီမှ စကျွေးမည် )

(၃) မော်လမြိုင်၊ မြိုင်သာယာရပ် သမိန်ဗရမ်းလမ်းရှိ
အချနား ကားဝပ်ရှော့တွင်
- ကြက်ကုလားချက်
- သီးစုံပဲဟင်း
- ဇီးလိပ်သည်းဖျော်ရည်

(၄) မော်လမြိုင် မြို့တော်ဦးအဝိုင်းပတ်ထိပ်
မင်္ဂလာရတနာပိုးထည်တိုက်တွင် နေလည်(၁)နာရီမှစပြီး
- မုန့်ဟင်းခါး
- ဝါးပလုတ်အချိုရည်

(၅) မော်လမြိုင် စမ်းကြီးရပ်ကွက် သရက်ကုန်းလမ်း
SAM အင်္ဂလိပ်ကျောင်းအနီး၊
မဆွိတီ အုတ်ရောင်းဝယ်ရေး အိမ်ရှေ့တွင်
- ဘဲဥဟင်း
- ပဲကုလားဟင်း
- ငရုပ်သီးစားထောင်း
- ထမင်း
( နေ့လယ်ပိုင်းတွင် စတင်ကျွေးမွေးပါမည်)

(၆) မော်လမြိုင် တောင်ရိုးတန်းလမ်းကြား
- ထမင်း
- ကြက်ကုလားချက်
- မဲဇလီဟင်းချို
- ငါးပိ + တို့စရာ

(၇) မြိုင်သာယာ သမိန်ဗရမ်းလမ်းတွင်
ညနေပိုင်း၌ စတုဒီသာ နိဗ္ဗာန်စျေး ရှိပါမည်။

(၈) မော်လမြိုင် သီရိမြိုင်(၁၉)လမ်း၊ အိမ်အမှတ်(၂၂)တွင်
အုန်းနို့ဆန်ပြုတ်၊ ညနေ (၄)နာရီမှ၊စတင်ကျွေးမွေးပြီး၊
လပြည့်နေ့ ဆွမ်းမျှောလိုသူများအား(ဂဃာ်နို့ဆွမ်း)၊မြတ်စွာဘုရားနှင့်၊သံဃာ်တော်များကပ်လှူရန် ကုသိုလ်ပြုပါမည်။
မည်သူမဆို လာရောက်အလှူခံယူနိုင်ပါသည်

Source #ဇင်မိုး

မွန်မလေး

14 Nov, 01:04


ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်
ကျိုက်ထိုမြို့နယ်ရှိ ဆကေသမဟာဓာတုဝင်
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်၌
ဘုရားဖူးလာ ပရိသတ်များဖြင့် စည်ကားနေကြောင်း ဆံတော်ရှင်ဂေါပကအဖွဲ့ရုံးထံမှ သိရသည်။

- PAN  @positiveanglenews

မွန်မလေး

12 Nov, 12:18


(၁၂.၁၁.၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၄၇၀,၆၉၈ ကျပ်
ပြင်ပပေါက်စျေး- ၆,၂၀၀,၀၀၀ ကျပ်

👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၀၀ ကျပ်(ဝယ်)၊ ၄၅၀၀ ကျပ်(ရောင်း)

👉စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၀၃၀ ကျပ်
Octane 95 - ၃၂၁၀ ကျ​ပ်
Premium Diesel - ၃၃၄၅ ကျပ်
Diesel - ၂၆၉၀ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

#News
#mmdbn

မွန်မလေး

12 Nov, 12:18


မော်လမြိုင်မြို့၊ အမှတ်(၁၀)အခြေခံအထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ
မော်လမြိုင် နိုဝင်ဘာ ၁၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၁၀)အခြေခံ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မော်လမြိုင်ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လှဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်က လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ပြင်ပ စာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းမှ Grade-11 နှင့် Grade -10 ကျောင်းသား‌ကျောင်းသူ ခြောက်ဦးတို့က လူငယ်နှင့် လူမှုမီဒီယာ လူငယ်နှင့် စာအုပ်စာပေ၊ လူငယ်နှင့် ဘဝရည်မှန်းချက်ပန်းတိုင်၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် ကိုယ်ကျင့်တရား၊ လူငယ်နှင့် ကျန်းမာကြံခိုင်ရေး စသည့်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ကို ကျယ်ကျယ်ပြန့်ပြန့် ‌မျှဝေဆွေးနွေးကြရာ အစီအစဉ်တင်ဆက်သူက ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူတို့က ဖြေကြားပေးခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက စကားဝိုင်းနှင့်ပတ်သက်၍ ပြန်လည်သုံးသပ် ဆွေးနွေးကာ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းညွှန့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

မွန်မလေး

12 Nov, 12:16


၁၀-၁၁-၂၀၂၄ ရက်နေ့ မနေ့က မကွေးတိုင်းဒေသကြီး ရေစကြိုမြိုနယ် ဆင်မရဲကျေးရွာတွင် ရွာသူရွာသားများမှ ကထိန်ခင်းရန်အတွက်ပြင်ဆင်ထားသည့် လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်သီထားသည့် အလှူငွေများကို ဓါးပြတိုက်ယူဆောင်သွားကြောင်း ဒေသခံများမှ ဆက်သွယ်ပြောဆိုလာပါတယ်။

ကမ္ဘာမှာ အကြမ်းဖက် pdf လောက်ယုတ်မာအောက်တန်းကျတဲ့အဖွဲ မတွေးဖူးသေးဘူး…

မွန်မလေး

12 Nov, 12:13


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ် ပြည်သူ့သမ္မတနိုင်ငံခရီးစဉ်တွင် နိုင်ငံတော်အတွက် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း အဖွဲ့အစည်းများမှ ထုတ်ပြန်ကြေညာထားပါတယ်။ ထိပ်သီးအစည်း အဝေးများ၌ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် စွမ်းစွမ်းတမံကြိုးပမ်းဆောင်နိုင်ခဲ့ခြင်း၊ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နိုင်ခဲ့ခြင်းတို့အပြင် တရုတ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ ဝန်ကြီးချုပ်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သောကောင်းမွန်သည့် ရလဒ်များရအောင် ဆွေးနွေးနိုင်ခဲ့ခြင်းကြောင့် အခုလို ဂုဏ်ယူဝမ်းမြောက်ကြောင်း သဘောထားထုတ်ပြန်ကြေညာခဲ့ကြပါတယ်။