Tha Zin Oo သဇင်ဦး @thazinoochannel Channel on Telegram

Tha Zin Oo သဇင်ဦး

@thazinoochannel

Tha Zin Oo သဇင်ဦး
https://t.me/thazinoochannel
https://t.me/thazinoogroup
https://t.me/earnppmoney2020_bot?start=r05967635634

Tha Zin Oo သဇင်ဦး (Burmese)

သဇင်ဦး အသင်းအပေါ်ကို အလုပ်လုပ် နေသည့် အချက်အလက်လေးဖြစ်ပြီး ရှော့မှီး အချက်အလက်ကို သတင်းတွေ သင့်တွင် ပေးပို့ပြီး လွတ်လပ်လို့ ရသည်။ ဤစာရင်းသည် ကိုယ့် အခြေအနေချိန်မှ သင်တွင် မိမိ လက်မှတ်ထဲသို့ ပြန်လာရန် အလုပ်လုပ်လိုက်ပါသည်။ စာရင်းနှင့် စာမျက်နှာမျက်နှာတွင် ဤစာရင်းကို မြှင့်မြှင့် ပြန်လာခဲ့ရပါမည်။

Tha Zin Oo သဇင်ဦး

27 Mar, 06:39

(Feed generated with FetchRSS (https://fetchrss.com/))

Tha Zin Oo သဇင်ဦး

27 Mar, 06:39

အုတ်ဖို့မြို့နယ် တာဝါရွာအား PDF များနေထိုင်သည့်ရွာဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှမီးရှို့
https://www.facebook.com/216265185075061/posts/6538101162891400/

အုတ်ဖို့မြို့နယ် တာဝါရွာအား PDF များနေထိုင်သည့်ရွာဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှမီးရှို့

ရွှေနွယ်

မဇ္ဈိမ။ ။ ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာအုပ်စု တာဝါရွာ အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)များ ရှိနေသည့်ရွာဟု စွပ်စွဲကာ ယနေ့ ညနေ ၄ နာရီမှစ၍ စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေသည်ဟု အုတ်ဖိုဒေသခံတစ်ဦးမှ မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်များသည် ယခင်ကတည်းက အဆိုပါရွာအား မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့သည်များရှိပြီး ယခုမီးရှို့ဖျက်ဆီးနေစဉ်တွင်လည်း ရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များမှ ပစ္စည်းများကို ကားကြီး ကားငယ်နှင့်သယ်ထုတ်ခိုးယူနေသည်ဟု သိရသည်။

"ရွာခံတွေက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက သူတို့ကို(စစ်ကောင်စီတပ်သားများကို) ကြောက်လို့ထွက်ပြေးနေကြရတာ၊ ချောင်းစောက်၊ တာဝါ၊ ကန့်နီ၊ မြေပြာ၊ ကိုင်းချိုကြီး ဒီရွာတွေက စစ်ကောင်စီတပ်တွေကို တိုက်နေတဲ့ PDF ရွာတွေလို့ စွပ်စွဲအငြိုးထားပြီး မီးရှို့နေတာ၊ ရှို့နေတာ တစ်နာရီလောက်ရှိပြီ ခုထိ မီးခိုးတွေအူနေတုန်းပဲ” ဟု အုတ်ဖိုမြို့နေ ဒေသခံမှ မဇ္ဈိမကိုပြောသည်။

အုတ်ဖိုမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က ကြို့ပင်ကိုးကျေးရွာ စာသင်ကျောင်းတွင် ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄ )မြေအောက် ပြောက်ကျားတပ်ဖွဲ့က ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး ကြို့ပင်ကောက်ဆေးရုံသို့ တင်ခဲ့ရကြောင်း သိရသည်။

ပဲခူးတိုင်းအနောက်ခြမ်းတွင် ယခုမတ်လအတွင်း စစ်ကောင်စီတပ်များအား ဒေသကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုသည် မြို့နယ်အသီးသီးတွင် ခပ်စိပ်စိပ်ဖြစ်လာနေပြီး၊ ပြည်သူများအနေဖြင့်လည်း သတိထား၍ သွားလာနေထိုင်ကြရန်နှင့် လက်နက်ကိုင်ဆောင်ထားသူများ စစ်ကောင်စီတပ်သားများ၏အနီးအနားတွင် မနေမိကြစေရန် ကာကွယ်ရေးတပ်ဖွဲ့များ၏ ပဲခူးတိုင်းသတင်းပြန်ကြားရေးတာဝန်ခံမှ ပြည်သူများကို အသိပေးစကား ဆိုထားသည်။

ထို့အပြင် ပဲခူးရိုးမအားအမှီသဟဲပြု၍ လုပ်ကိုင်စားသောက်နေကြရသော ဒေသခံပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်များ၏ တပ်လှုပ်တပ်ရွေ့များကို အထူးသတိထားကြရန် သတိပေးထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ပဲခူးရိုးမ

#အုတ်ဖိုမြို့နယ်

#PDF

#စစ်ကောင်စီတပ်

------------------------

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Tha Zin Oo သဇင်ဦး

23 Mar, 02:51

(Feed generated with FetchRSS (https://fetchrss.com/))

Tha Zin Oo သဇင်ဦး

23 Mar, 02:51

ယူရိုပါကွန်းဖရန့်လိဂ် ကွာတားဖိုင်နယ်အဆင့် မဲခွဲရလဒ်

လက်ချ်ပေါ့နန် (POL) vs ဖီအိုရင်တီးနား (ITA)
ဂျန့် (BEL) vs ဝက်စ်ဟမ်း (ENG)
အယ်လ်ခမာ (NED) vs အန်ဒါလက်ချ် (BEL)
ဘေဆယ် (SUI) vs နိုက်စ် (FRA)

Semi-finals
Winner QF 1 vs Winner QF 4
Winner QF 2 vs Winner QF 3

#UECL
#ConferenceLeague
https://www.facebook.com/216265185075061/posts/6517428081625375/

ယူရိုပါကွန်းဖရန့်လိဂ် ကွာတားဖိုင်နယ်အဆင့် မဲခွဲရလဒ်

လက်ချ်ပေါ့နန် (POL) vs ဖီအိုရင်တီးနား (ITA)

ဂျန့် (BEL) vs ဝက်စ်ဟမ်း (ENG)

အယ်လ်ခမာ (NED) vs အန်ဒါလက်ချ် (BEL)

ဘေဆယ် (SUI) vs နိုက်စ် (FRA)

Semi-finals

Winner QF 1 vs Winner QF 4

Winner QF 2 vs Winner QF 3

#UECL

#ConferenceLeague

Tha Zin Oo သဇင်ဦး

22 Mar, 22:47

(Feed generated with FetchRSS (https://fetchrss.com/))

Tha Zin Oo သဇင်ဦး

22 Mar, 22:47

ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်း အရန်ရဲတပ်ဖွဲ့ အိမ်ရာဝင်း တွင် ဗုံးပေါက်ကွဲမှု ဖြစ်၊ မန္တလေး ပို့ဆောင်ရေးရုံးတွင် ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရမှုများရှိ

ရန်ကုန်၊ မတ် ၂၀

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ ၁၆ ရပ်ကွက်ရှိ ရန်ကုန်တိုင်းရဲတပ်ဖွဲရုံး အိမ်ရာ ဝင်းအတွင်းတွင် ယနေ့ ဗုံးပေါက်ကွဲခဲ့ကြောင်း ရန်ကုန်ကင်းထောက် Eagle News အဖွဲ့၏ သတင်းဖော်ပြချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်များ အရ သိရှိရသည်။

မတ်လ ၂၀ ရက်နေ့ ည ၉ နာရီခွဲခန့် ရန်ကင်းမြို့နယ် အရန် ရဲတပ်ဖွဲ့ တပ်ဝင်း အတွင်း ပေါက်ကွဲသံများ ထွက်ပေါ်လာကြောင်း ၊ အဆိုပါ ဖောက်ခွဲမှုကို Freeland Attack Force (FLA) နှင့် Anonymous Fighters Force ( AFF )တို့က ဦးဆာင်ပြီး Yangon Underground Force (YUF) ၊ Emerald Girls Army (EGA ) ၊ အဖွဲတို့ပူးပေါင်းကာ ဗုံးခွဲတိုက် ခိုက်ခဲ့ကြောင် အဆိုပါ အဖွဲ့များ က သတင်းထုတ်ပြန်ထားသည်။

"ဗုံးပေါက်ကွဲ သံကြားရပါတယ်။ ရဲတချို့ စစ်ဆေးတာတွေနဲ့ ထွက်လာတာတွေ့ ပါ တယ်။ ခဏလောက်အကြာတော့ အကုန်ပြန်တိတ်ဆိတ်သွားပါတယ်။ ထိ ခိုက် ဒဏ်ရာ ရတာ မရှိဘူးလို့ထင်ပါတယ်" ဟု ရန်ကင်းမြို့နယ်၊ ၁၆ ရပ်ကွက် မှ ဒေသပြည်သူတစ်ဦးက ဆိုသည်။

အလားတူ ယနေ့ နံနက်ပိုင်း ၂ နာရီခွဲအချိန် မြောက်ဒဂုံမြို့နယ်အတွင်း ဗုံးပေါက် ကွဲသံ ကျယ်လောင်စွာ ကြားရ ကြောင်း ဒေသပြည်သူတချို့က ပြောသည်။

ထို့ပြင် မတ်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန် မန္တလေးတိုင်း၊ ချမ်း အေး သာစံမြိုနယ်၊အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၈၃ လမ်း ၊၃၄×၃၅ လမ်း ကြားရှိ မန္တလေးတိုင်းပို့ဆောင်ရေး စီမံကိန်းဦးစီးဌာရုံးတွင် လက်လုပ်ဗုံး ဖြင့် ပစ် ခတ်မှု ဖြစ်ပွားပြီး ဦးလွှမ်းမိုး၊ဒု-ဦးစီးမှုး၊ ဦးဇော်မြင့်၊အကြီးတန်းစာရေး၊ မသူ သူ အောင်၊အငယ်တန်းစာရေး၊ဒေါ်လှစံပယ်ကျော်တို့ ထိခိုက်ဒဏ်ရာရ ရှိ ကြောင်း စစ်တပ်ဘက်က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ယနေ့နံနက်ပိုင်း မန္တလေး ပို့ဆောင်ရေးရုံးတွင် ဗုံးပေါက်ကွဲစဉ်။
https://www.facebook.com/385165108587508/posts/1752045181899487/

22 Mar, 09:39

(Feed generated with FetchRSS (https://fetchrss.com/))

Tha Zin Oo သဇင်ဦး

22 Mar, 09:39

ကနီနှင့် မင်းကင်းမြို့နယ်အစပ်မှ စစ်ဘေးရှောင်ကလေးငယ်များ အရေပြားရောဂါ ဖြစ်ပွားနေ

007

မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ ကနီနှင့် မင်းကင်းမြို့နယ်အစပ်ရှိ စစ်ဘေးရှောင်နေရာများတွင် ရာနှင့်ချီသည့်က လေးငယ်များ အရေပြားရောဂါဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

“ကလေးတွေမှာဖြစ်နေကြတာဗျ၊ အရေပြားမှာ အရည်ကြည်ဖုလေးတွေ ပေါက်နေတာ။ အဲဒါတွေက ရက် ကြာလာတော့ အနာတွေဖြစ်ကုန်တယ်။ ဖြစ်တယ်ဆိုတာနဲ့ ဆေးလိမ်းနိုင်ရင် ပြဿနာမရှိဘူး။ အခုက ဆေးမရှိဝါးမရှိနဲ့ အတော်လေးဒုက္ခရောက်နေကြတယ်” ဟု စစ်ကိုင်းမြို့ဘက်သို့ စစ်ဘေးရှောင်လာသည့် ယင်းမာပင်မြို့နယ်မှဒေသခံတစ်ဦးက ပြောသည်။

ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်အစပ်ကြားရှိ စစ်ဘေးရှောင်နေရာများတွင် ယခုလ ပထမပတ်ခန့်မှစ၍ ရောဂါဖြစ်ပွားနေခြင်းဖြစ်ပြီး ကလေးငယ်ရာနှင့်ချီပြီး ရောဂါဖြစ်ပွားနေကြကြောင်း သိရသည်။

“လူကြီးသူမတွေပြောတာတော့ ရာသီအပြောင်းအလဲမှာဖြစ်တတ်တာတဲ့၊ တချို့ကလည်း ကျောက်ရောဂါ လို့ပြောတယ်၊ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ပြောတာတွေလည်းရှိတယ်။ ဒါပေမယ့်လည်း စစ်ရှောင် နေရချိန်မှာ နေစရာအခက်အခဲ၊ စားရေးသောက်ရေးအခက်အခဲနဲ့ဆိုတော့၊ ဒီကြားထဲ ကလေးတွေမှာ ဝေဒနာခံစားနေရရှာတာ စိတ်အနှောင့်အယှက်ဖြစ်ကြတာပေါ့ဗျာ” ဟု ဒေသခံတစ်ဦးကလည်းပြောသည်။

အဆိုပါအရေပြားရောဂါမှာ အရေပြားပေါ်တွင် အကြည်ရောင်အဖုများပေါက်ခြင်းဖြစ်ကြောင်း၊ ထိမိခိုက်မိ လျှင် မီးလောင်ဒဏ်ရာကဲ့သို့ ပူစပ်နာကျင်မှုဒဏ်ခံစားရကြောင်း၊ အထူးသဖြင့် ကလေးငယ်များတွင် ခန္ဓာကိုယ်အနှံ့အပြားပေါက်နေကြခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

စစ်အုပ်ချုပ်ရေးထုတ်ပြန်ကြေညာထားရခြင်းမရှိသေးသည့် ကနီနှင့် မင်းကင်းမြို့နယ် အစပ်တွင်၊ ဒေသခံ ၅,၀၀၀ ကျော်စစ်ဘေးရှောင်နေထိုင်ကြပြီး၊ ၎င်းတို့အနက်မှ ကလေးငယ် ၅၀၀ ဝန်းကျင်၏ လေးပုံတစ်ပုံ ခန့်သည် အရေပြားရောဂါဖြစ်ပွားနေကြောင်း သိရသည်။

“ကိုယ့်နေရာမဟုတ်တော့၊ ရေအခက်အခဲဖြစ်ကြတယ်၊ ရေကောင်းကောင်းမရကြဘူး၊ ကြိုချက်သောက်ဖို့ လည်း အခြေအနေမပေးဘူး၊ ရာသီကလည်းပူ ရေချိုးဖို့တောင်အနိုင်နိုင်ဆိုတော့ ကလေးတွေမှာဖြစ်ကုန် ကြတာ၊ အဓိကတော့ ရေမ၀(ရေအလုံအလောက်မရ)လို့ ဖြစ်ကြတာပါ။ လူကြီးတွေလည်းဖြစ်ကြပေမယ့် နည်းတယ်” ဟု စစ်ကိုင်းမြို့ဘက်သို့ စစ်ဘေးရှောင်လာသူတစ်ဦးက ဆိုသည်။
အလားတူ ကရင်ပြည်နယ် ဒီးမော့ဆိုအရှေ့ခြမ်းရှိ စစ်ဘေးရှောင်စခန်းများတွင်လည်း ရေလုံလောက်စွာ မရသဖြင့် လသားအရွယ်ကလေးငယ်များအပါအဝင် စစ်ဘေးရှောင် ၅၀ ခန့် အရေပြားရောဂါဖြစ်ပွား နေကြသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်းမှ စစ်ရှောင်ကလေးငယ်အချို့ကိုမြင်တွေ့ရစဉ်။ (ပုံအဟောင်း)

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#စစ်ဘေးရှောင်ကလေးငယ်
#အရေပြားရောဂါ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
https://www.facebook.com/216265185075061/posts/6526069064094610/

21 Mar, 09:31

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ ကျရောက်သည့် (၃၅)နှစ်မြောက် ချင်းတော်လှန်ရေးနေ့သို့ သဝဏ် လ.....

(Feed generated with FetchRSS (https://fetchrss.com/))

Tha Zin Oo သဇင်ဦး

21 Mar, 09:31

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၀ မတ် ၂၀၂၃ )
https://www.facebook.com/216265185075061/posts/6526063954095121/

PDF အဖွဲ့များကို ပြင်းထန်စွာ ခုခံနေရသည့် စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီ စစ်ဌာနချုပ်ကို စစ်ကောင်စီ ခေါင်းဆောင် မကြာခဏ သွားရောက်ပြီး တပ်တွင်းစည်းလုံးရှိ ရန် နှင့် သစ္စာရှိရန် ထပ်ခါတလဲလဲ မှာကြား သည်ကို ကြည့်ပါက စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ တပ်များ စည်းလုံးမှု ပျက်ပြားပြီး သေဆုံးမှု များပြားနေသည်မှာ ထင်ရှားပေါ်လွင်နေသည်။

http://www.mizzimaburmese.com/article/125754

------------------------

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Tha Zin Oo သဇင်ဦး

21 Mar, 07:19

(Feed generated with FetchRSS (https://fetchrss.com/))

4,942

subscribers

35,196

photos

20,988

videos