အမှန်တရား @kyawayemin Channel on Telegram

အမှန်တရား

@kyawayemin


မြန်မာ့နိုင်ငံရေးသတင်း

အမှန်တရား (Burmese)

အမှန်တရား သည် မြန်မာနိုင်ငံရေးသတင်းတို့ရဲ့ အထူးေဖာင့်အားဖြင့် သတင်းအချက်အလက်များရရှိနိုင်သည်။ ဤသတင်းမှာ မြန်မာ့ နိုင်ငံတို့၏ နိုင်ငံရေးသတင်းများ၊ လူမျိုးအားဖြင့် အပေါ်၊ ကုန်သည်၊ လမ်းကြောင်းများနှင့် အစီအစဥ်များလုပ်ငန်းများအား ပြသမည့်အခါ ဖြစ်သည်။ ဤသတင်းမှာတိုင်းသည် အလုပ်များ၊ လမ်းကြောင်းများ၊ လူမျိုးအားဖြင့် ကုန်၊ ပြည့်တြင်း၊ အစီအစဥ်တွေ၊ နိုင်ငံရေးသတင်းတွေ အားပြောရခြင်းများသိရှိနိုင်သည်။ ဤသတင်းကို သဘာဝအနီးအနားအဖြစ်သည့်အခါ လှောင်ေပးပါ။

အမှန်တရား

22 Jan, 14:20


ယခုချိန်ထိကျွန်တော်ချန်နယ်ကိုအားပေးခဲ့မိဘညီကိုမောင်နှမအားလုံးကိုပထမဉီးစွာလေးစားပါတယ် ကျွန်တော်ဆောင်ပါးမနက်ဖန်တင်ပေးပါ့မယ် ပထမဆောင်ပါးကတော့ကျွန်တော်ပြောတဲ့အတိုင်ထင်မြင်ယူဆချက်တွေမှန်ခဲ့တယ်ဆိုတာ ကျွန်တော်ချန်နယ်ကလူကြီးမင်းတွေအသိပါပဲ အကြောင်းအမျိုးမျိုးကြောင့်သတင်းမတင်ဖြစ်ပေမဲ့သတင်းကိုလေ့လာလိုက်စားသူပါ နိုင်ငံရေးသမားမဟုတ်ပါဘူး ဒီလောက်ပါပဲ မနက်ဖန်ဆောင်းပါးတင်ပေးပါ့မယ်

အမှန်တရား

26 Dec, 15:14


စစ်ကိုင်းတိုင်း အစိုးရမှ ရှင်းလင်းနိုင်မှု မရှိသော မင်းကင်းမြို့ အထက် ၇မိုင်ခန့်အကွာရှိ ရွှေမျောများ၌ စစ်သွေးကြွများနဲ့ ဒေသခံများ ခိုက်ရန် ဖြစ်ပွားမှု

#PeopleMedia

အမှန်တရား

09 Dec, 11:41


https://vt.tiktok.com/ZSjw2DE1C/

အမှန်တရား

30 Nov, 15:49


ကိုမင်း လုပ်ကြံသတ်ဖြတ်ခံရမှု အပေါ် မျိုးချစ်ပြည်သူများ၏ သဘောထား အမြင်

ဇော်ဘုန်းဟိန်း၊နောင်တော်လေး၊မျိုးမင်းလတ်၊မောင်စိုး

အမှန်တရား

30 Nov, 15:20


နေပြည်တော်-တောင်ညိုလမ်းတွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ၊ ပြည်သူ့စစ်အဖွဲ့ဝင် ကိုမင်းမင်းကို PDF အဖွဲ့က ခေါင်းဖြတ်သတ်ဖြတ်ခဲ့
==============================================================
NP News - နိုဝင်ဘာ ၃ဝ

နေပြေည်တော်ကောင်စီနယ်မြေ၊ ပုပ္ဗသီရိမြိုနယ်၊ နေပြည်တော်-တောင်ညိုလမ်းတွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ၊ ပြည်သူ့စစ်အဖွဲ့ဝင် ကိုမင်းမင်းကို PDF အဖွဲ့က ခေါင်းဖြတ်သတ်ဖြတ်သည့်အပြင် အကြမ်းဖက်အပြုအမူများကိုဆောင်ရွက်ခဲ့ကြောင်း ကိုမင်းမင်းနှင့်နီးစပ်သူတစ်ဦးက NP Newsကို ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာ ၂၉ ရက်)၊ မွန်းလွဲ ၁ နာရီ ၃ဝ မိနစ်အချိန်ခန့်က ပုပ္ဗသီရိမြိုနယ်၊ နေပြည်တော် -တောင်ညိုအဆင်းလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကိုမင်းမင်းတို့ စီးလာတဲ့ကားကို လမ်းပိုင်းတစ်နေရာမှာတားပြီးတော့ သေနတ်နဲ့ပစ်ခဲ့တာပါ။ ကားပေါ်မှာ(၃)ယောက်ပါတယ်။ တစ်ယောက်က လွတ်သွားတယ်။ ကိုမင်းမင်းနဲ့ နောက်တစ်ယောက်ကတော့ ဆုံးပါတယ်။ ကိုမင်းမင်းကို ခေါင်းဖြတ်ပြီး အကြမ်းဖက်လုပ်ရပ်ပေါ့ဗျာ။ အကြမ်းဖက်သမားတွေလုပ်တဲ့အတိုင်း ခေါင်းပြတ်ကို ကိုင်ပြီးလှောင်ကြပြောင်ကြတာတွေ မင်းမဲ့စရိုက်ဆန်ဆန်လုပ်ခဲ့ကြတယ်”
ဟု အထက်ပါနီးစပ်သူက ဆိုသည်။

အဆိုပါလုပ်ရပ်ကို ကျူးလွန်သည့်အဖွဲ့မှာ ဗိဿနိုး PDF အဖွဲ့လက်အောက်ခံ ကြိုးကြာနီတပ်ရင်းမှဖြစ်ကြောင်း ၎င်းတို့ကိုယ်တိုင်ဝန်ခံထားပြီး အွန်လိုင်းထက်တွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်အတွင်း ကိုမင်းမင်း၏ ဦးခေါင်းပြတ်ကို PDF အဖွဲ့က ဆံပင်မှဆွဲကာ ဖိနပ်ဖြင့် မျက်နှာကို တက်နင်းနေသည့်မြင်ကွင်းနှင့်အတူ အကြမ်းဖက်သမားများ ပျော်ရွှင်စွာအောင်ပွဲခံနေသည်ကိုလည်း တွေ့မြင်ရသည်။

#Np - news

အမှန်တရား

30 Nov, 11:57


ပလက်ဖောင်းတွေ မပြီးခင်မှာ နီပိန်းတွေ မြင်သွားတော့ ဇောင်းကြွ ဖောင်းထုကြ တယ်။ ပလက်ဖောင်းတွေ ပြီးသွားတော့ နီပိန်းတွေ မသိဟန်ဆောင်နေကြပြီ။

အမှန်တရား

30 Nov, 09:37


တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် မြိုင်မြို့က ကျောင်းသား/သူ ၉ ဦး ကူသူမဲ့နေ

တပ်မတော် ချစ်မြတ်နိုးသူ ကိုမင်းမင်း ကို NLD အုပ်စု သတ်ဖြတ်လိုက်ပြီ

AA အဖွဲ့ကို ထောက်ခံကြောင်း ရေးသားနေတဲ့ ရခိုင်တိုင်းရင်းသား ရဲမှူး(ငြိမ်း)ကို ဖမ်းလိုက်ပြီ

#PeopleMedia

အမှန်တရား

28 Nov, 08:25


နောင်ချို၊ ဂန့်ဂေါ်ဒေသဘက် စစ်ကြောင်းထိုးရှင်းခံရလို့ ပဒက် ၂ ကောင်နဲ့ သေနတ် ၃ လက် ရရှိ

အမှန်တရား

28 Nov, 08:25


ပြင်ဦးလွင် နောင်ချို အစပ်ရှိ မိမိတို့ တပ်မတော်စစ်ကြောင်းရှိ စစ်သည်များထံသို့ ပြည်သူများမှ စားသောက်ဖွယ်ရာများလှူဒါန်း


တရားသောစစ်အောင်ရမည်

အမှန်တရား

28 Nov, 01:16


NP News - 27.11.2024

အမှန်တရား

27 Nov, 13:45


ICC ရဲ့ ပြောကြားချက် အပေါ် အသိအမှတ်မပြုကြောင်း န-စ-က အစိုးရ က ပြောဆိုလိုက်သည်။


#PeopleMedia

အမှန်တရား

25 Nov, 14:33


MT News သတင်းဌာနရဲ့ တစ်နေ့တာအတွင်း ထူးခြားသတင်း

၂၅. ၁၁. ၂၀၂၄
တင်ဆက်/တည်းဖြတ် MT News

ဒီနေ့အတွက် MT News သတင်းဌာနရဲ့ ၂၄ နာရီ သတင်းအစီအစဉ်မှာ စုစည်းတင်ဆက်ပေးချင်တဲ့ သတင်းတွေကတော့

◾️ တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်သမားတွေနဲ့ လက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ လုပ်ဆောင်မှု‌တွေကြောင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်နေရကြောင်း SAC ဥက္ကဋ္ဌ ပြောကြားတဲ့သတင်း

◾️ AA ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ဆမီးမြို့မှာ ချင်းအမျိုးသမီးတစ်ဦး မုဒိန်းကျင့်ခံရလို့ သတိမေ့နေတာကြောင့် ဆေးရုံတင်ထားရပြီး မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးနံဘေးမှာ AA ဘက်တံဆိပ်ပါအင်္ကျီတွေ့ရှိတဲ့သတင်း

◾️ ပြည်တွင်းလက်ကျန်ဆန် ပိုလျှံမှုရှိခြင်း၊ နိုင်ငံတကာဆန်ဈေး ကျဆင်းနေမှုအပြင် ကောက်စောစပါးနှင့် ဆန်တွေ ဈေးကွက်ကို စတင်ဝင်နေပြီဖြစ်လို့ မကြာမီဆန်ဈေးနှုန်း ကျဆင်းလာနိုင်တယ်ဆိုတဲ့သတင်း

◾️ အိန္ဒိယနိုင်ငံ ဗလီတစ်ခုရဲ့ အပြင်မှာ ဆန္ဒပြအကြမ်းဖက်ကြရာက လူသုံးဦးသေဆုံးပြီး၊ အများအပြား ဒဏ်ရာရတဲ့သတင်း

◾️၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ အကယ်ဒမီဆုပေးပွဲ ဗန်းကိုင်ဆောင်မယ့် ရွှေကြိုမောင်မယ်တွေကို လျှောက်လွှာစတင်ခေါ်ယူတဲ့သတင်း

◾️ အမှိုက်ကောက်သူတစ်ဦးကို သတင်းပေးစွပ်စွဲပြီး ကြိုပင့်ကောက် PDF သတ်ဖြတ်တဲ့သတင်း

◾️ မလေးရှားနိုင်ငံသွားရန် အလုံပိတ် Box ကားပေါ်လိုက်ပါလာသည့် အထောက်အထားမဲ့ မြန်မာ ၂၉ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖမ်းမိတဲ့သတင်း

◾️ မြောက်ဒဂုံမြိုနယ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်းကာ လမ်းသွားလမ်းလာတွေဆီကနေ လက်ကိုင်ဖုန်း‌တွေလုယက်သူတစ်ဦးကို ဖုန်းမျိုးစုံ ၁၅ လုံးနဲ့အတူ ဖမ်းမိတဲ့သတင်း

◾️ ဗိုလ်မှူးကြီး နှစ်ဦးအပါအဝင် လေးဦးကို သူရဘွဲ ချီးမြှင့်တဲ့သတင်းနဲ့

◾️ ခိုးယူခံရတဲ့ စိန်ထည်တွေထဲမှာ ပစ္စည်းပေး ပန်းတိမ်အပ်သူတွေလည်း ပါနေလို ခိုးယူသွားသူဝန်ထမ်းကို အမြန်တွေ့ရှိဖမ်းမိချင်တာကြောင့် စိန်ဆိုင်က ဆုငွေတိုးမြှင့်ချီးမြင့်ပေမယ့် လိမ်လည် ဆက်သွယ်သူတွေနဲ့သာ ကြုံနေရဟု စိန်ဆိုင်ပိုင်ရှင်ဖွင့်ဟ တဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပြီး

MT News သတင်းဌာနရဲ့ ဒီရုပ်သံမှာ နားဆင်နိုင်မှာဖြစ်ပါတယ်။

#ပွင့်လင်းမြန်မာ #mtnews_entertainment
#mtnews #myanmar_transparency_news
#myanmar_transparency_news_ရုပ်သံ

အမှန်တရား

25 Nov, 14:14


ငါ့သရောက်မြို့ရဲစခန်းကို PDF အကြမ်းဖက်သမားများက လာရောက်တိုက်ခိုက်၊
ပုဂံမြို့သစ်၊ ကဗျာည စားသောက်ဆိုင်တဲ့ ဝင်လာတဲ့ PDF အကြမ်းဖက်သမားတွေကို ဝိုင်းရိုက်၊
TNLA အကြမ်းဖက်အဖွဲ့ရဲ့ မျက်ရည်ခြူ ထုတ်ပြန်ချက်၊
ချင်းညီနောင်က ကန်ပက်လက်မှာ ဆက်ကြေးကောက် ကြမ်းနေ၊

Join - https://t.me/MyanmarNationalPost

အမှန်တရား

25 Nov, 13:19


ခိုးယူခံရတဲ့ စိန်ထည်တွေထဲမှာ ပစ္စည်းပေး ပန်းထိမ်အပ်သူတွေလည်း ပါနေလို့ ခိုးယူသွားသူဝန်ထမ်းကို အမြန်တွေ့ရှိဖမ်းမိချင်တာကြောင့် စိန်ဆိုင်က ဆုငွေတိုးမြှင့်ချီးမြင့်ပေမယ့် လိမ်လည် ဆက်သွယ်သူတွေနဲ့သာ ကြုံနေရ

၂၅ .၁၁.၂၀၂၄
Written by Hey Mar

စိန်ဆိုင် ဝန်ထမ်းက ငွေကျပ် သိန်းသုံးထောင်နီးပါး GIA စစ်ချက်ပါရှိတဲ့ စိန်ထည် လက်ဝတ်ရတနာတွေ ခိုးယူထွက်ပြေးခဲ့တာကြောင့် စခန်းမှာ အမှုဖွင့်လှစ်ဆောင်ရွက်နေတဲ့အပြင် အဆိုပါဝန်ထမ်းကိုတွေ့ရှိပါက အကြောင်းကြားပေးသူကိုလည်း ငွေကျပ်သိန်းငါးဆယ်ကနေ ကျပ် သိန်းနှစ်ရာ ချီးမြှင့်ပါမယ်လို့ ကြေညာထားတဲ့အတွက် အမျိုးမျိုးသော လိမ်လည်ဖြားယောင်း ဆက်တဲ့ ဖုန်းတွေကြောင့် အပူပိုမို ဖိစီးနေရပြီး အစစ်အမှန်ဆိုရင်တောင် ယုံရခက်တဲ့ အခြေအနေ‌တွေလည်း ဖြစ်နေကြောင်း Jewellery Box စိန်ဆိုင်ပိုင်ရှင်က ပြောပြလာပါတယ် ။

လတ်တလောမှာတော့ အမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာဆီကရော ပြင်ပကပါ ဘာအချက်အလက်မှ သေချာရေရာစွာ မရရှိသေးဘဲ ခိုးယူထွက်ပြေးသွားတဲ့ စိန်ဆိုင်ဝန်ထမ်း မဖြိုးဖြိုးသော်ရဲ့ဖခင် တက္ကစီယာဉ်မောင်းကိုသာ မသင်္ကာမှုနဲ့ ဖမ်းဆီးထားတဲ့အခြေအနေလို့ ဆိုပါတယ်။

Jewellery box စိန်ဆိုင်ပိုင်ရှင်က "လိုင်းပေါ်မှာ ပြန့်နေသလို သိန်းသောင်းချီပါသွားတာတော့မဟုတ်ပါဘူး။ သူယူသွားတာက အော်ဒါအပ်ထည်တွေဆိုတော့ စရံပေး အပ်ထားတာ ပစ္စည်းပေး အပ်ထားတာ ဒါတွေလည်း ပါပါတယ်။ ပစ္စည်းကတော့ သိန်း‌သုံးထောင်ကျော် ခန့်မှန်းခြေပါ။ တာဝန်ယူရမယ့် အပ်ထည်တွေအတွက်တော့ အမြန်ဖမ်းဆီးရမိ အမှုမှန်ပေါ်ချင်လို့ အန်တီတို့ ဆုငွေတိုးလိုက်တာပါ။ ဒါပေမယ့် မူဆယ်မှာတွေ့တယ် ၊ ပြင်ဦးလွင် ၊ မန္တလေး စုံနေအောင် သတင်းပေးကြတယ်။ လာကြည့်ခိုင်းတယ်။ ရန်ကုန်ထဲ ဘယ်အိမ်ရာမှာတွေ့တယ်ဆိုပြီး ချိန်းတယ်။ သူတို့နဲ့ ထိပ်တိုက်သာ သွား‌တွေ့မိရင် မသင်္ကာစရာပါ။အခြေအနေက အန္တရာယ်ဖြစ်မယ့် အခြေအနေတွေ ကြုံရတယ်။ ဆုငွေတိုးထားလို့ လမ်းလွှဲပြီး၊ အကြောင်းအမျိုးမျိုးနဲ့ ဖုန်းဆက်ပြီး ငွေညှစ်နေကြတဲ့လူတွေကလည်း များလာတယ်"" လို့ MT News ကို ပြောပါတယ်။

လက်ဝတ်ရတနာတွေ ခိုးယူထွက်ပြေးခဲ့သူမှာ ဝန်ထမ်းမဖြိုးဖြိုးသော်ဆိုသူဖြစ်ပြီး ဆိုင်မှာ အလုပ်ဝင်တာ တစ်လ ကျော်သာ ရှိသေးတဲ့ ဝန်ထမ်းလို့သိရပါတယ်။ ဆိုင်ပိုင်ရှင် ပြောပြချက်အရ အဆိုပါဝန်ထမ်းကို လိုင်းပေါ်ကနေတစ်ဆင့် ချိတ်ဆက်ရှာဖွေမိပြီး ခန့်အပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ္စည်းတွေ ခိုးယူခံရတဲ့နေ့က သားမက်နဲ့ သမီးက ဘုရားဖူးထွက်သွားပြီး၊ ဆိုင်ပါ ဆိုင်ပိုင်ရှင် အန်တီကြီးနဲ့ အိမ်အကူ ဝန်ထမ်း လေးဦးသာ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ ဆိုင်က အိမ်ရဲ့ ပထမထပ်မှာ ဖွင့်ထားတာမို့ ဆိုင်ပိုင်ရှင်က အောက်ထပ် မြေညီအခန်းကို ဆင်းကာ၊ ပန်းတိမ်ထည် လက်ခံနေတုန်း မဖြိုးဖြိုးသော်ဆိုသူ ဆင်းလာပြီး သူ့ရည်းစား အဝတ်တွေပါလာတယ်ဆိုကာ ပစ္စည်းထွက်ပေးချင်လို့ လို့ ပြောပြီး အပြင်ထွက်သွားတယ်လို့ ဆိုပါတယ်။

မဖြိုးဖြိုးသော် အပြင်ထွက်သွားတာနဲ့၊ ဆိုင်ရှင်လည်း ပန်းတိမ်ထည်လက်ခံရင်း မသင်္ကာတာကြောင့် ဆိုင်ရှိရာ ပြန်တက်လာချိန်၊ အတူထားခဲ့တဲ့ အိမ်အကူက ရည်းစားနဲ့ ဖုန်းပြောနေပြီး ဆိုင်တံခါးကိုလည်း မဖြိုးဖြိုးသော်က အတွင်းကနေ သော့ခတ်ခဲ့တာမို့ အထဲမှာကျန်ခဲ့သူကို အတော်ခေါ်ယူကာ ဖွင့်ခိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။

ပစ္စည်းကို ‌ကြည့်ရှူ့ စစ်ဆေးရာမှာတော့ LAB စစ်ချက် ထုတ်ထားတဲ့ ကောင်တာထဲက ပစ္စည်းအရေအတွက် သေချာ မစိစစ်နိုင်တဲ့ ပမာဏက ပျောက်ဆုံးနေတာကို သိရှိတာကြောင့် အိမ်အကူတွေနဲ့ ချက်ချင်းလိုက်ကြည့်ရာ ဘေးအိမ်က သူတို့ဆိုင်ရဲ့အဖြစ်အပျက်အခြေအနေ ကို မေးမြန်းတာကြောင့် ‌ပြောပြဖြစ်ရာက ဆိုင်ဝန်ထမ်း မဖြိုးဖြိုးသော်မှာ ဆိုင်ရဲ့ CCTV လွတ်ရာ နေရာမှာ အသင့်တံခါးဖွင့်စောင့်ဆိုင်းနေတဲ့ တက္ကစီကားတစ်စီးပေါ် အမြန်‌ ပြေးတက်သွားတာကို တွေ့ရှိရတယ်လို့ ဆိုတာကြောင့် CCTV မှတ်တမ်းတွေပါယူဆောင်ပြီး သက်ဆိုင်ရာ တောင်ဥက္ကလာပ ရဲစခန်းမှာ အမှုဖွင့်လှစ်ကာ မဖြိုးဖြိုးသော်ရဲ့ နေအိမ်ဆီ လိုက်လံရှာဖွေခဲ့သလို တက္ကစီယာဉ်မောင်း အလုပ်ကို လုပ်ကိုင်သူ တစ်ဦးဖြစ်တဲ့ မဖြိုးဖြိုးသော်ရဲ့ ဖခင်ကိုလည်း သံသယတရားခံအဖြစ် ကနဦး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Website တွင် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=82754

#စိန် #ဖြိုးဖြိုးသော် #JewelryBox #သူခိုး #GIA #MT #mtnews

အမှန်တရား

15 Nov, 12:32


နခခ(၅)မြောက်ဘက်ဇူဠရွာအတွင်းAAအဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပီးသေ
နိုဝင်ဘာ၁၅၊မေယုဌာနေ


ယမန်နေ့ညပိုင်း၈နာရီအချိန်ခန့်ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်၊ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ မြောက်ဘက်ဇူဠရွာအတွင်းရှိAA အဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ရာ၈ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်းULA/AAအဖွဲ့နှင့်နီးစပ်သူများထံမှသိရှိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍မောင်တောမြို့ပေါ်တွင်နေထိုင်သည့်ULA/AAအဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ“မနေ့ညတုန်းကAAအဖွဲ့တွေနခခ၅ကို(၁၀)နာရီလောက်မှာထပ်သွားတိုက်တယ်၊သူတို့သွားမတိုက်ခင်အချိန်မှာဖြစ်သွားတာ၊ဟိုတစ်နေ့က နခခ၅ကနေဒဏ်ရာတွေနဲ့ပြန်ပြေးလာတဲ့အဖွဲ့တွေကိုသူတို့ခေါင်းဆောင်ကနောက်တစ်ကြိမ်ထပ်သွားခိုင်းတာ၊ပြန်ပြေးလာတဲ့အဖွဲ့ကမောင်တောတောင်ပိုင်းသားတွေ၊တိုက်ခိုင်းတာကAAစစ်ဒေသမှူးဦးဆောင်တဲ့မောင်တောမြောက်ပိုင်းအဖွဲ့၊မင်းတို့ကျတော့မတိုက်ဘူး၊ငါတို့တို့ကျတော့ရှေ့ကအသေခံတက်ခိုင်းတယ်ဆိုပြီးစကားများကြတယ်၊သူတို့ကိုမတိုက်ရင်ပစ်သတ်မယ်ဆိုပြီးတစ်ယောက်ကိုပစ်သတ်ပြတဲ့အချိန်အသတ်ခံရတဲ့တောင်ပိုင်းသားတွေကဝိုင်းပစ်လို့(၇)ယောက်ပွဲချင်းပြီးသေတယ်လို့ကြားတယ်၊စုစုပေါင်း ၈ယောက်သေတယ်၊ပြီးခဲ့တဲ့ရက်ပိုင်းက အလောင်းတွေတင်လာတဲ့စက်လှေဆိုလည်းအခုထိဒီအတိုင်းထားထားတာလောက်တွေပါတက်နေပြီ၊အဲ့ဒီနေ့တုန်းကသူတို့ဘက်ကသေတာ၆၂ဦးလို့ပြောနေသံကြားတယ်၊မတိုက်ရဲလို့မြို့ထဲကိုပြန်ပြေးလာတဲ့သူတွေလည်း မြို့ထဲကအိမ်တွေထဲမှာလာပုန်းနေကြတာအများကြီး၊အဲ့ဒီအဖွဲ့တွေကိုULAလိုက်ရှာဖမ်းဆီးနေတာတွေလည်းရှိတယ်”ဟုပြောသည်။

 မိမိတို့သတင်းဌာနစုံစမ်းသိရှိ္ရသည့်သတင်းများအရပြီးခဲ့သည့်ရက်ပိုင်းကလည်းအမ်းမြို့၊ပဲပဒုံစခန်းအားတိုက်ခိုက်စဉ်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပဲပဒုံစခန်းမှပြန်လည်ထွက်ပြေးသည့်မကွေးPDFအဖွဲ့ဝင်၁၂ဦးအားAA ခေါင်းဆောင်မှလိုက်လံပစ်ခတ်ရာ မကွေးPDFအဖွဲ့ဝင်(၂)ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး၁၀ဦးမှာလွတ်မြောက်သွားကြောင်းသိရှိရသည်။
https://t.me/newsmayyu/14246

အမှန်တရား

14 Nov, 15:57


ဝက်သိုးနဂါး ပြေးခဲ့ရပြီ

အမှန်တရား

14 Nov, 15:56


မတ္တရာမြို့နယ်၊ အောက်ကင်းကျေးရွာ အနီး လမ်းပိုင်း၌ လမ်းမိုင်းထောင်နေသော စစ်သွေးကြွ PDF အဖွဲ့ နဲ့ လုံခြုံရေး အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သွေးကြွ အဖွဲ့ဝင် အသေ ၅လောင်း ရရှိခဲ့သည်။

#PeopleMedia

အမှန်တရား

09 Nov, 12:24


၅၀၅ ဖြင့် ဖမ်းဆီးခံလိုက်ရကြောင်း ဦးငါးမင်းဆွေ၏ ပြောဆိုမှု

#PeopleMedia

အမှန်တရား

08 Nov, 12:20


မြင်းခြံမြို့က စည်ပင်ဝန်ထမ်း ၃ ယောက်နဲ့ ဖောကားတစ်စီးကို အန်ယူဂျီအဖွဲ့ ဓါးပြတိုက်

ညောင်ဦးမြို့မှာ ဒေသခံ ၃ ယောက်ကို လုပ်ကြံမှု(သို့မဟုတ်)ပုဂံ-ညောင်ဦး-ငါ့သရောက် တရားဥပဒေစိုးမိုးမှု

မြိုင်မြို့မှာ ဒု-ရဲမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး လုပ်ကြံခံရမှု

စစ်ဘေးကြောင့် ရခိုင်ဒေသခံ ၂ သန်းကျော် ၂၀၂၅ ခုနှစ် နှစ်ဝတ်ခန့်မှာ အငတ်ဘေးသင့်မယ်လို ကုလ ထုတ်ပြန်

#PeopleMedia

အမှန်တရား

08 Nov, 09:44


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် ထိပ်သီးအစည်းအဝေး များသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra တွေ့ဆုံဆွေးနွေးခဲ့သည်။

#PeopleMedia

အမှန်တရား

07 Nov, 13:24


💥အပျံမ နဲ့ nug ဝရမ်းပြေးတွေ နေထိုင်နေရတဲ့ ဗီဇာကို parole visa ရေမျှော ကမ်းတင် ဗီဇာလို့ခေါ်ပါတယ်။ မြန်မာလို ခံဝန်ဗီဇာပေါ့နော်။ ပြစ်မှုကျူးလွန်ခြင်း မရှိ ကောင်းမွန်စွာနေပါမယ် ဆိုတဲ့ ခံဝန်ကတိနဲ့ နေထိုင်နေရတဲ့ ဗီဇာဖြစ်ပါတယ်။

💥parole ဗီဇာနဲ့ နေထိုင်နေသူတွေကို အမေရိကားကနေ နှင်ထုတ်ဖို့ ကျုပ်တို့ဘက်က ဘာလုပ်လို့ရလဲ ၊ ဘာတွေပြင်ဆင်ထားရမလဲ သိထားဖို့လိုပါတယ်။

💥အပျံမ နဲ့ nug ဝန်ကြီးတွေရဲ့ ဝင်ငွေရလမ်း မပြနိုင်တဲ့ တရားမဝင် ငွေကြေး ပြောင်းရွှေ့မှုတွေ ၊ nug pay လို crypto coin တွေလုပ်ပြီး ငွေကြေး လျှော်ဖွတ်တာတွေ ၊  nug bond လို multi level ဆန်ဆန် ထုတ်ရောင်းတာတွေကို သက်ဆိုင်ရာနိုင်ငံတွေက ဥပဒေအရ တိုင်ကြား ရပါမယ်။

💥 အပြစ်မဲ့ ပြည်သူ (၆) ထောင်ကျော်ကို သတ်ဖြတ်ဖို့ စေခိုင်းမှု အတွက် အပျံမနဲ့ nug ဝန်ကြီးတွေကို  တိုင်ကြားရပါမယ်။တိုင်ကြားချက်နဲ့ အမှုတွေကို ထရမ့်နဲ့ ထရမ့်ပါတီက အမတ်တွေ သိရှိအောင် လော်ဘီတွေငှားပြီး လုပ်ဆောင်ရပါမယ်။ parole visa နဲ့ အေးဆေးမနေပဲ လူသတ်ပြီး ငွေကြေးခဝါချနေတဲ့ လူလိမ်ဂိုဏ်းဆိုတာကို ထရမ့်ပါတီက သိရင် နှင်ထုတ်မှာပါ။ ရာဇဝတ်မှု အခြေခံရှိတဲ့ ရွှေ့ပြောင်းတွေကို ထရမ့်အစိုးရနဲ့ ပါတီက နိုင်ငံရေးအရ လုံးဝ လုံးဝ အလိုမရှိပါဘူး။

💥ဒီမိုကရက်တွေဘက်က တာဝန်ရှိသူတွေ နဲ့ထရမ့်အစိုးရ အဖွဲ့ဝင်  ဖြစ်လာမယ့်သူတွေက နှင်ထုတ်ဖို့ကို တရားဝင်ပြောပြီးသားပါ။ အေးဆေးမနေပဲ ရာဇဝဝ်မှု ကျုးလွန်သူတွေကို green card ရထားလဲ နှင်ထုတ်မှာပါတဲ့နော်။ parole visa ဆိုတာက green card ထက် အဆင့်နိမ့်ပါတယ်။

💥 အမေရိကားမှာ ခိုလှုံနေတဲ့ မြန်မာ ရာဇဝတ်သားတွေကို နှင်ထုတ်နိုင်ဖို့ အမေရိကန်နိုင်ငံသား  မြန်မာတွေ စုပေါင်း ကြိုးစားသင့်ပါတယ်။ တိုင်းပြည်အေးချမ်းလိုတဲ့ မြန်မာနိုင်ငံက သူဌေးကြီးတွေလဲ ငွေကြေးထောက်ပံ့သင့်ပါတယ်။ ငွေကြေးတောင့်မှ လှုပ်ရှားမှုဆိုတာ ရှိမှာပါ။  တိုင်းပြည်အေးချမ်းဖို့ အခွင့်အရေးမို့ ဒေါ်လာ သန်း(၁၀၀) ကုန်ကျလဲ တန်ပါတယ်နော်။ လှိုင်းစီးတတ်ဖို့ လိုပါတယ်။

အမှန်တရား

07 Nov, 12:05


န-စ-ကဥက္ကဋ္ဌနဲ့ တရုတ်နိုင်ငံဝန်ကြီးချုပ်တို့ ဆွေးနွေးခဲ့ကြသော မြန်မာနိုင်ငံအရေး

ထရန့် သမ္မတဖြစ်မှုကြောင့် ထိုင်း-မြန်မာနယ်စပ်မှာ သောင်တင်တော့မည့် နီပိတ်များ

ဆန်ပြုတ် ပြုတ်သောက်စရာတောင် မရှိတော့တဲ့ တင်နီလာအေးနဲ့ အပေါင်းအပါများ

#PeopleMedia

အမှန်တရား

07 Nov, 05:36


သံအမတ်ကြီး ဦးသစ်လင်းအုန်းမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတထံခန့်အပ်လွှာပေးအပ်
…………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင်ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

#PeopleMedia

အမှန်တရား

07 Nov, 05:35


တောင်ကုတ်မြို့ ၊ ကင်းတောင်ကျေးရွာ
ရှိ အကြမ်းဖက် AA စခန်းကို ဗုံးကြဲရှင်း
လင်း။

အကြမ်းဖက် AA တပ်ဖွဲ့ဝင် ၂၅ ဥိးခန့်
သေဆုံးခဲ့ပြီး ၃၀ ကျော်ထိခိုက်ဒဏ်ရာ
ရရှိခဲ့ကြောင့် သိရသည်။

#KhitThitMyanmar

အမှန်တရား

23 Oct, 16:30


NP News - 23.10.2024

အမှန်တရား

23 Oct, 15:29


အကြမ်းဖက် PDF တွေ ပြည်သူတွေကို မသတ်ဘူးဆိုလို့ သူတို့သတ်ခဲ့တာလေးတွေကို ပြန်တင်ပေးမယ်

ပြည်သူတွေကို ဘယ်လိုတွေရက်ရက်စက်စက်ခြေလက်တွေဖြတ်ပြီးသတ်ခဲ့သလိုဆိုတာကိုပေါ့။

ဘုတလင်မှာ အသတ်ခံရတဲ့ ၆ ဦးကလည်း ဒီကောင်တွေပဲသတ်ကြတာ။

သူတို့သတ်ခဲ့တာတွေကို ကြည့်ချင်ရင် အောက်လင့်တွေမှာ ၀င်ကြည့်နိုင်တယ်။



https://t.me/hminewai/58618?single


https://t.me/hminewai/58628?single


https://t.me/hminewai/52625?single


https://t.me/hminewai/25089



https://t.me/hminewai/230?single

https://t.me/hminewai/450?single


https://t.me/hminewai/506?single


https://t.me/hminewai/3961?single


https://t.me/hminewai/5050?single


https://t.me/hminewai/5110?single


https://t.me/hminewai/5824?single

https://t.me/hminewai/6037?single


https://t.me/hminewai/6330?single

https://t.me/hminewai/6650?single

https://t.me/hminewai/6777?single


နောက်ရက်တွေမှာလည်း ထပ်မံဖော်ပြပေးမည်။


မှိုင်းဝေ



သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ

အမှန်တရား

23 Oct, 15:16


နဂါးအဖွဲ့ကို KIAနဲ့ NUG က ဖမ်းသွားတယ်။

ဒါကို မကျေနပ်လို့ နဂါးအဖွဲ့က NUG အုပ်စုကို ပြန်ဖမ်းတယ်။

ချကြကွာ။

အမှန်တရား

23 Oct, 14:41


နေပြည်တော်၊MICC-1 ၌ ကျင်းပသော (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက်ဖွင့်လှစ်ခဲ့သည်။

#PeopleMedia

အမှန်တရား

22 Oct, 03:36


ရန်ကုန်အခြေနေ

အမှန်တရား

22 Oct, 03:35


ရန်ကုန်မြို့ရေကြီးရေလျံအရေးပေါ်အခြေနေမှာရှိ

အမှန်တရား

21 Oct, 16:45


အကြမ်းဖက်သမားအယောင်ဆောင်၍ စီးပွားရေးလုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေကြေးတောင်းခံနေသည့် တရားခံများအား ဖမ်းဆီးရမိသည်။
( ပြည်တွင်းရုပ်သံ/ ရုက္ခစိုး/ 9:03 PM 10/21/2024 ) ( SD )

အမှန်တရား

21 Oct, 16:12


စလင်းမြို့ စစ်သွေးကြွတွေ ရုံးထိုင်နေဦးမယ်။ကြည့်ကြဦးဗျာ။

အမှန်တရား

21 Oct, 14:12


မိုးလေဝသ ခန့်မှန်းချက် * ၂၀.၁၀.၂၀၂၄ *

အမှန်တရား

21 Oct, 14:04


မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု ဖော်ထုတ်ပေးရန် တရုတ်အစိုးရ န-စ-က ထံ တောင်းဆို

ရုရှား-မြန်မာ ဒုတိယအကြိမ် စစ်ရေးလေ့ကျင့်ရန် စစ်သင်္ဘော ၄ စီး မြန်မာကို ရောက်ရှိနေ

နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ရန် တပ်မတော် ထိုးစစ် စတင်နေ

နတ်မောက်မြို့နယ်မှာ တပ်မတော် ထောက်ခံသူတွေ သတ်ဖြတ်ခံရမှု

ပုလောမြို့နယ်မှာ သီတင်းကျွတ်ပြန် ကျောင်းသားများ လိုက်ပါလာတဲ့ စက်လှေ နစ်မြုပ်

ပွင့်ဖြူမြို့ကို အကြမ်းဖက်သမားတွေ ခြေကုပ်ယူနေပြီ

#PeopleMedia

အမှန်တရား

21 Oct, 06:27


အေးအေး
ဆက်အိပ်ကြ။ မထနဲ့။

အမှန်တရား

21 Oct, 06:26


မလှိုင် -တောင်သာ အခြေအနေ

အမှန်တရား

21 Oct, 06:25


ထန်တလန်။ မု မု

အမှန်တရား

21 Oct, 06:24


NP News - 20.10.2024