မန္တလေးသတင်းကွန်ရက် @mandalaynewsnetwork Channel on Telegram

မန္တလေးသတင်းကွန်ရက်

@mandalaynewsnetwork


သတင်းချစ်သူများအတွက် ကွန်ရက်တခု

မန္တလေးသတင်းကွန်ရက် (Burmese)

မန္တလေးသတင်းကွန်ရက် သည် မန္တလေးနိုင်ငံနှင့် အထက်ရောက်မြို့နယ်၊ သတင်းအလိုက်သတင်းဝင်မည်တွေဖြစ်ပါသည်။ ဒီကွန်ရက်သည် နောက်ဆုံးထုတ်လွှင့်တဲ့ အသင်းအပြင်ကြီး များတွေကို ပြောရပ်မည့်သတင်းစာများပေးနေပါသည်။ အခုလိုလူမျိုးစုကြီးကျင်ကျင် မဆိုင်ရင်နှစ်ဦးဦးစီးစီးတိုင်းမှ သတင်းများကို ယူဆရပ်စြာမြင်သာခဲ့သည်လား? တစ်ခုတည်းတင်ဖွဲ့ပြီးလျှင် မန္တလေးသတင်းကွန်ရက် ကွန်ရက်သည် သတင်းအချက်အလက်များ ပြောဖို့ ရှိပါသည်။ ဤကွန်ရက်သည် မန္တလေးသတင်းမှ အသက်ရှင်အမည် ဖြစ်နိုင်ပါသည်။

မန္တလေးသတင်းကွန်ရက်

21 Nov, 04:28


နိုဝင်ဘာလကုန်ပိုင်း လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာပြည်တွင်းရှိ ဒေသတချို့ နေရာကွက်၍ မိုးကြီးနိုင်

Nov 21, 10:54 AM

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နိုင်မည့်လေဖိအားနည်းရပ်ဝန်းကြောင့် နိုဝင်ဘာလကုန်ပိုင်း မြန်မာနိုင်ငံတွင်းရှိ ဒေသတချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း နိုင်ငံတကာမိုးလေဝသစောင့်ကြည့်သူ ဆရာဝင်းနိုင်က ယနေ့နိုဝင်ဘာ၂၁ရက် နံနက်ပိုင်းတွင် ခန့်မှန်းထားသည်။

ယနေ့ နံနက် ၉ နာရီအချိန်တွင် သင်္ချာပုံစံပြု မိုးလေဝသကြိုတင်ခန့်မှန်းရေးအချက်အလက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ ကော့သောင်းမြို့ အနောက်တောင်ဘက် မိုင် ၅၄၀ ခန့်၊ ထိုင်းနိုင်ငံဖူးခက်မြို့ အနောက်တောင်ဘက် မိုင် ၄၂၀ ခန့်၌ လေပွေလှိုင်းတခု အစပျိုးနေပြီး တဖြည်းဖြည်း အားကောင်းလာနိုင်ကြောင်း၊ မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားရင်း အားပိုကောင်းလာပြီး လာမည့် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် အားကောင်းသည့် လေဖိအားနည်းရပ်ဝန်း(Deep Depression)ဖြစ်လာနိုင်ကြောင်း၊ ယင်းနောက် နိုဝင်ဘာ ၂၈ ရက် ည ပိုင်း၊ နိုဝင်ဘာ၂၉ ရက် မနက်အစောပိုင်း အိန္ဒိယနိုင်ငံအရှေ့တောင်ပိုင်း တမီလ်နာဒူးပြည်နယ် ချင်နိုင်းမြို့အနီးမှ ကုန်းတွင်းကိုဝင်ရောက်သွားနိုင်မှာဖြစ်ကြောင်းကြိုတင်ခန့်မှန်းချက်များအရ တွေ့ရကြောင်း ဆိုပါသည်။

“လေဖိအားနည်းရပ်ဝန်းက မြန်မာနိုင်ငံဘက်ကိုဦးတည်ရွေ့လျားလာမှာမဟုတ်သော်လည်း နိုဝင်ဘာ ၂၈-၂၉-၃၀ ရက်များမှ ဒီဇင်ဘာလဆန်း ၁ ရက် ၂ ရက် နေ့များအထိ မြန်မာနိုင်ငံရဲ့ ပြည်နယ်တိုင်းဒေသအချို့မှာ မိုးအနည်းငယ်၊ မိုးအသင့်အတင့်နဲ့ နေရာကွက်ပြီး မိုးများနိုင်မယ့်အခြေအနေတွေဖြစ်ပေါ်နိုင်ပါတယ်”ဟု ဆရာဝင်းနိုင်က လူမှုကွန်ရက်မှတဆင့် ရေးသားထားသည်။

အသေးစိတ်ကြိုတင်ခန့်မှန်းချက်တွေအရ နိုဝင်ဘာ၂၈ရက်မှ ဒီဇင်ဘာ၂ရက်အတွင်း ဧရာဝတီတိုင်းမြောက်ပိုင်း၊ ဧရာဝတီတိုင်းအနောက်ဘက်ခြမ်းက ကမ်းရိုးတန်းဒေသများ၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် နေပြည်တော်အပါအဝင် ပြည်နယ်တိုင်းဒေသအချို့တွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်ဒေသအချို့၌ နေရာကွက်၍ မိုးများနိုင်ကြောင်း သိရသည်။

#မန္တလေးသတင်းကွန်ရက်
ဓာတ်ပုံ ဆရာဝင်းနိုင်

မန္တလေးသတင်းကွန်ရက်

19 Nov, 03:30


ပုဂံဒေသတွင် ဆိုင်ကယ်ပျောက်ဆုံးမှုရှိလာသဖြင့် ဘုရားဖူးခရီးသည်များ သတိပြုကြရန်လို

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်လည်ပတ်ရာတွင် ဆိုင်ကယ်ပျောက်ဆုံးမှုရှိလာကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူတဦးက လူမှုကွန်ရက်စာမျက်နှာပေါ် ထုတ်ဖော်ရေးသားချက်အရ သိရသည်။

နိုဝင်ဘာ၁၈ရက် နေ့လယ်ပိုင်းက ရွှေကွန်ချာဘုရားတွင် ဆိုင်ကယ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး Honda 100CC အမျိုးအစား၊ အစိမ်းနက်ရောင်၊ နံပါတ် MDY 79W 34175 ဖြစ်ကြောင်း ဆိုပါသည်။

“ဇက်သော့ခတ်ထားတယ်နော်။ ခိုးခံရတာက။ တွေ့တဲ့သူများ အောက်ပါဖုန်းနံပါတ်ကိုဆက်သွယ်ပေးကြပါ။ ( 0968575 2345 ) ယာဉ်မောင်းလိုင်စင်တွေရော၊ ပိုက်ဆံတွေရော မှတ်ပုံတင်တွေရော ဆိုင်ကယ်တူးဘောက်စ်ထဲ ထည့်ထားတာအကုန်ပါသွားပါတယ်။ ဘုရားဖူးဧည့်သည်များအထူးဂရုပြုသတိထားကြပါ”ဟု  ပုဂံညောင်ဦး သိလိုရာမေးဖြေ Facebook Group တွင် ၎င်းက ရေးသားထားသည်ကို တွေ့ရသည်။

ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ပုဂံညောင်ဦးဒေသသို့ ဘုရားဖူး ပြည်တွင်း/ ပြည်ပ ခရီးသွားများ ဝင်ရောက်လည်ပတ်မှု များပြားသဖြင့် အထူးစည်ကားခဲ့ကာ ပြည်တွင်းခရီးသွားများ သာမက ပြည်ပခရီးသွားများလည်း စတင်ဝင်ရောက်နေပြီဖြစ်သည်။

ပုံဂံဒေသသို့ ခရီးသွားဝင်ရောက်မှုများလာသည်နှင့်အတူ ဒေသခံတို့အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာပြီး  ဒေသတွင်းရှိ ဒေသထွက်ကုန်၊ အစားအသောက်နှင့် ခရီးသွားဝန်ဆောင်လုပ်ငန်းမှုလုပ်ငန်းများ၊ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းများလည်း အဆင်ပြေလာသည်။

#မန္တလေးသတင်းကွန်ရက်
#ပုဂံ

မန္တလေးသတင်းကွန်ရက်

18 Nov, 04:30


အပိုလိုဆေးရုံကြီးမှ နှလုံးခွဲစိတ်အထူးကု၊ ကင်ဆာအထူးကု၊ အရိုးအကြောအထူးကုဆရာဝန်ကြီးများရဲ့ ကျန်းမာရေးဟောပြောပွဲ

နိုဝင်ဘာလ၂၃ရက်မှာ 🇮🇳အိန္ဒိယနိုင်ငံ 🏥အပိုလိုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ရန်ကုန်မှာ ကျန်းမာရေးဟောပြောပွဲ ပြုလုပ်မှာ ဖြစ်တဲ့အတွက် စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ရန် မျှဝေပေးလိုပါတယ်

ဟောပြောမယ့် ဆရာဝန်ကြီးများကတော့
• 𝐃𝐫 𝐓𝐚𝐦𝐚𝐬𝐡𝐢𝐬 𝐌𝐮𝐤𝐡𝐞𝐫𝐣𝐞𝐞 (နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီး)
Consultant Cardiothoracic, Vascular and Robotic Surgeon
M.B.B.S, DNB (Cardiothoracic surgery)

• 𝐃𝐫 𝐒𝐚𝐧𝐝𝐢𝐩 𝐆𝐚𝐧𝐠𝐮𝐥𝐲 (ကင်ဆာအထူးကုဆရာဝန်ကြီး)
M.B.B.S, MD (General medicine)
DM (Medical oncology)
Kidwai, Bangalore

• 𝐃𝐫 𝐒𝐨𝐮𝐦𝐞𝐧 𝐊𝐚𝐫 (အရိုးအထူးကုဆရာဝန်ကြီး)
Consultant Robotic Joint Replacement Arthroplasty and Trauma Surgeon
MS (Orthopedics), Mch (Ortho) USAIM

တက်ရောက်သင့်သူများဆိုရင်
မိမိ ဒါမှမဟုတ် မိမိ မိသားစုဝင်တွေထဲမှာ
• နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ
• နှလုံးအဆို့ရှင်ပြဿနာရှိသူများ
• မွေးရာပါ နှလုံးရောဂါရှိသူများ
• နှလုံးအစားထိုးဖို့လိုအပ်သူများ
• သွေး‌ကြောရောဂါရှိသူများ
• အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာရှိသူများ
• ရင်သားကင်ဆာရှိသူများ
• အဆုတ်နဲ့ရင်ခေါင်းပိုင်းမှာကင်ဆာရှိသူများ
• မီးယပ်ကင်ဆာရှိသူများ
• အရိုးအဆစ်ဝေဒနာ ခံစားနေရသူများ
• ဒူးဆစ်အစားထိုးဖို့ လိုအပ်သူများ တက်ရောက်သင့်ပါတယ်။

ပွဲအစီအစဉ်
🗓️နေ့ရက် : 23.11.24 ( Saturday )
🕙အချိန် : 10:00 Am to 2:00 Pm
📍နေရာ : Zealax Hotel, Ballroom
အမှတ်(၁၆) ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

“ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့”

𝐖𝐞𝐂𝐚𝐫𝐞 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐂𝐨.,𝐋𝐭𝐝.

ရန်ကုန်ရုံး
📍အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
☎️ဖုန်း 09970716074, 09254364535 , 095373256

မန္တလေးရုံး
📍အမှတ်၁၈၅၊ ၃၅လမ်း၊ ၇၇×၇၈လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ဖုန်း 09451922992

မန္တလေးသတင်းကွန်ရက်

13 Nov, 15:17


ဘုရားကြီးအတွင်း၌ ရှင်မာလဲဘုရားပွဲတော်(ကြာပန်းပစ်ပွဲ)ကို နှစ်ရက်တိုင် ကျင်းပမည်

Nov 13, 1:20 PM

မန္တလေးမြို့၊ မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်းတည်ထားကိုးကွယ်သည့် ရှင်မာလဲဘုရားပွဲတော်(ကြာပန်းပစ်ပွဲ)ကို နိုဝင်ဘာ၁၄ရက်နှင့်၁၅ရက် နှစ်ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့မှ ထုတ်ပြန်ထားသည်။

ရှင်မာလဲဘုရားပွဲ၏ ထူးခြားချက်မှာ တန်ဆောင်တိုင်ပွဲတော်၌ ကြာပန်းတမျိုးတည်းသာ လှူဒါန်းကြသည့်ပွဲဖြစ်သည်။

သမိုင်းကြောင်းအရ ရှင်မာလဲဘုရားကို ပုဂံပြည့်ရှင် အလောင်းစည်သူမင်း၏ သားတော်ကြီး မင်းရှင်စော တည်ခဲ့သည်။ မင်းရှင်စောသည် မန္တလေးရွှေတောင်အရပ်ဖြစ်သော ထွန်တုန်းပူတက်( ယခု ဗိုလ်တက်ကုန်း)တွင် ထီးနန်းစိုက် စံနေတော်မူစဉ်က တည်ခဲ့သည်ဟု သိရသည်။ မင်းရှင်စောသည် ရှင်မာလဲဘုရားကို တာဝတိံသာနတ်ပြည်မှ စူဠာမဏိစေတီတော် ပုံစံအတိုင်း ရည်မှန်းတည်တော်မူပြီး ကြာပန်းတမျိုးတည်းသာ ကပ်လှူပူဇော်ခဲ့သည်။

နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၄ရက်၊ လဆန်း၁၅ ရက်(လပြည့်နေ့) ရှင်မာလဲဘုရားပွဲတော် ရောက်ပြီဆိုလျှင် မင်းရှင်စော ထီးနန်းတည်ခဲ့သည့် ဗိုလ်တက်ကုန်း၊ အောင်ပင်လယ်၊ နန္ဒါကန်နှင့် ဇောင်းကလောကန်ဒေသရွာများမှ အနွယ်တော်များသည် လှည်းများဖြင့် ရှင်မာလဲဘုရားပွဲတော်သို့ စုရုံးရောက်ရှိလာကြသည်။ လှည်းများကို ဘုရားကြီးအရှေ့ ၄၅တာကွင်းတွင် ချွတ်ပြီး ရပ်နားကြသည်။ ထိုနေ့ညစာအတွက် ပါလာသော စားအိုးစားခွက်များဖြင့် ချက်ပြုတ်စားသောက်ကြသည်။ ပြီးလျှင် ဖီးလိမ်းသန့်စင်ကာ မဟာမုနိဘုရားအား ဖူးမြော်ကြသည်။ မဟာမုနိဘုရားဖူးပြီးနောက် မိမိတို့ဒေသမှ ခူးဆွတ်လာသော ကြာပန်းများကို ရှင်မာလဲဘုရားအား တင်လှူပူဇော်ကြသည်။

အရုဏ်ဦးတွင် ရှင်မာလဲဘုရားအား ဃနာနို့ဆွမ်းကပ်လှူရန် ရည်မှန်း၍ အသင့်ယူဆောင်လာကြသော ဆန်တဆုပ်၊ ဆီတမှုတ်မှအစ တတ်နိုင်သလောက် လှူဒါန်းကြသည်။ အချို့အလှူရှင်များက ဃနာနို့ဆွမ်းအတွက် နွားနို့ ညှစ်လှူရန် နို့များများထွက်သော ကလေးအမေ နွားသားအမိကို လှူဒါန်းကြသည်။ ဃနာနို့ဆွမ်းအတွက် နွားသားအမိကို လှူဒါန်းရခြင်းမှာ မိမိအတွက် ကုသိုလ်ထူးများ ရရှိရုံသာမက ကာယကံမြောက် နို့ရည်လှူဒါန်းသော နွားသားအမိလည်း နောင်ဖြစ်လေရာ ဘဝတွင် ကောင်းသောဘဝရစေခြင်းငှာ ရည်ရွယ်လှူဒါန်းကြခြင်းဖြစ်သည်။

#မန္တလေးသတင်းကွန်ရက်
#ရှင်မာလဲဘုရား
#ကြာပစ်ပွဲ
ဓာတ်ပုံ ဂေါပကအဖွဲ့

မန္တလေးသတင်းကွန်ရက်

11 Nov, 14:25


သက်တော်ရှည် စစ်ကိုင်းဟံသာဂီရိဆရာတော်ကြီး၏ အဂ္ဂိဈာပန နိုဝင်ဘာ၁၃ရက်တွင် ပြုလုပ်မည်

Nov 11, 8:48 PM

စစ်ကိုင်းတောင်ရိုး၊ ဟံသာဂီရိပရိယတ္တိစာသင်တိုက်၊ တိုက်တည် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တနန္ဒဝံသ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်တော်ကို လာမည့် နိုဝင်ဘာ၁၃ ရက်, ဗုဒ္ဓဟူးနေ့တွင် စစ်ကိုင်းတောင် အရိယဝံသရုပ်စုံကျောင်းအနီး၊ တောင်ဆင်းကားလမ်း အနောက်ဘက်၌ အဂ္ဂိဈာပနအဖြစ် ဆင်ယင်ကျင်းပမည်ဖြစ်သည်။

ဆရာတော်ကြီးသည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ၉ရက်(စနေနေ့) နံနက် ၅ နာရီ ၁၇ မိနစ်တွင် တဘဝတခန္ဓာ ချုပ်ငြိမ်းတော်မူခဲ့ရာ သက်တော် ၉၃ နှစ်၊ သိက္ခာတော် ၇၃ ဝါရှိပြီဖြစ်သည်။

ဆရာတော်ကြီးဘဒ္ဒန္တနန္ဒဝံသကို စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ရွှေပေါက်ပင်ကျေးရွာတွင် ခမည်းတော် ဦးထွန်းလင်း - မယ်တော် ဒေါ်နွယ်တို့က ၁၂၉၃ ခုနှစ် တပေါင်းလဆန်း ၄ ရက်(စနေနေ့)တွင် ဖွားမြင်တော်မူသည်။

၁၃၀၃ ခုနှစ်၌ ပထမအကြိမ် ရှင်သာမဏေပြုသည်။ ၁၃၀၉ ခုနှစ်၌ ဒုတိယအကြိမ် ရှင်သာမဧဏပြုသည်။

၁၃၁၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက်နေ့၌ မြောင်မြို့နယ် ရွှေပေါက်ပင်ကျေးရွာ ရွှေသိမ်တော်ကျောင်း ဆရာတော် ဥုးဇယျာဝံသကို ဥပဇ္ဈာယ်ပြု၍ စစ်ကိုင်းမြို့ ရိုင်တန်းရပ် ဇမ္ဗူအေးပွဲရုံပိုင်ရှင် ဦးထွန်း-ဒေါ်အေး၊ သား ဦးအောင်ဘ၊ သမီး ဒေါ်တင်မေ မိသားစုတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရိုင်တန်းကျောင်း ခဏ္ဍသိမ်၌ ရဟန်းဖြစ်သည်။

၁၃၁၂ ခုနှစ်၌ အစိုးရပထမငယ်တန်း၊ ၁၃၁၃ ခုနှစ်၌ အစိုးရပထမလတ်တန်းနှင့် ၁၃၁၄ ခုနှစ်၌ အစိုးရပထမကြီးတန်းတို့ အသီးသီးအောင်မြင်သည်။

၁၃၁၇ ခုနှစ်၌ အစိုးရ သာသနဓဇဓမ္မာစရိယဘွဲ့ ရရှိသည်။ ၁၃၁၉ ခုနှစ်၌ မြန်မာဂုဏ်ထူးနှစ်ကျမ်းကိုအောင်မြင်၍ အစိုးရ သာသနဓဇ သိရီပဝရ ဓမ္မာစရိယဘွဲ့ ရရှိသည်။

၁၃၂၃ ခုနှစ် ပထမဝါဆိုလဆန်း ၈ ရက်၌ စာသင်သံဃာ ၁၈ ပါးဖြင့် ဟံသာဂီရိပရိယတ္တိစာသင်တိုက်ကို တည်ထောင်တော်မူသည်။ တနေ့လျှင် စာဝါ ၇ ဝါ ၇ နာရီ၊ ဓမ္မာစရိယတန်း၊ ငယ်၊ လတ်၊ ကြီး၊ ပါဠိပထမပြန်ဘာသာရပ်များ ကြိုးစားပို့ချပေးတော်မူသည်။

စာဝါပို့ချပေးရင်း (၁)ဓမ္မပဒအတ္ထာလင်္ကာရကျမ်း၊ (၂)သင်္ဂဟတ္ထာလင်္ကာရကျမ်း၊ (၃)သဒ္ဒတ္ထာလင်္ကာရကျမ်း၊ (၄)အလင်္ကာရတ္ထာလင်္ကာရကျမ်းတို့ကို ရေးသားတော်မူသည်။

နှစ်စဉ် ဝါမကပ်မီ ဝါဆိုဦး ၁၀ ရက် တရားစခန်း၊ နှစ်သစ်ကူးသင်္ကြန် ၁၀ ရက် တရားစခန်းများဖွင့်လှစ်၍ ၁၃၄၅ ခုနှစ်မှစ၍ ၁၃၇၅ ခုနှစ်အထိ နှစ်ပေါင်း ၃၀ တိုင် ယောဂီ ၅၀၀ ကျော်တို့အား အခမဲ့ ကျွေးမွေးလှူဒါန်းပြီး ဝိပဿနာတရားရှုမှတ်နည်းများ ဟောပြောသင်ကြားပေးခဲ့သည်။

ဓမ္မရက္ခိတကုန်းတော်ပေါ်၌ နှစ်ကျိပ်ရှစ်ဆူ ထိုင်တော်မူဆင်းတုတော်များ၊ ရွှေဟင်္သာမင်း ကိုးတောင်ပြည့်စေတီတော်၊ ၂၇ တောင်ရပ်တော်မူ ရုပ်ပွားဆင်းတု၊ ၁၈ တောင်ရပ်တော်မူကြေးဆင်းတု၊ ၂၁ ပေပတ်လည် ရေကန်ကြီးနှစ်ကန်၊ ဖြိုးရတနာရေစက်နှင့် သာသနာ့အကျိုးတော်ဆောင် ရေစက်ကြီးများ ပူဇော်တည်ထားခဲ့သည်။

၁၃၄၉ ခုနှစ်၌ စစ်ကိုင်းမြို့ မြို့နယ် သံဃနာယကအဖွဲ့(ရွှေကျင်)ဥက္ကဋ္ဌ၊ ၁၃၅၂ ခုနှစ်မှ ၁၃၇၃ ခုနှစ်အထိ စစ်ကိုင်းတိုင်း တိုင်းသံဃနာယကအဖွဲ့(ရွှေကျင်)ဥက္ကဋ္ဌ တာဝန်များ ဆောင်ရွက်တော်မူသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက မဟာဂန္ထဝါစကပဏ္ဍိတ(၁၃၅၃ ခုနှစ်)၊ အဂ္ဂမဟာပဏ္ဍိတ(၁၃၅၄ ခုနှစ်)နှင့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ(၁၃၆၀ ပြည့်နှစ်) ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်းကို ခံယူရသည်။

ဆရာတော်သည် တပည့်များအား သာသနာအရေး လောကအရေးဆိုင်ရာ အဆုံးအမများ အခါအားလျော်စွာမိန့်ကြားကာ ဗုဒ္ဓါနုဿတိ၊ ကာယဂတာသတိ၊ အာနာပါနဿတိ၊ ဝိပဿနာကမ္မဋ္ဌာန်းများ မပြတ်စီးဖြန်းအားထုတ်လျက် သီတင်းသုံးနေထိုင်ခဲ့သည်။

#မန္တလေးသတင်းကွန်ရက်
#ဟံသာဂီရိ

မန္တလေးသတင်းကွန်ရက်

08 Nov, 15:04


တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပမည့်ရက်ကို ပြောင်းလဲဟု ယနေ့ည ထုတ်ပြန်

Nov 8, 9:24 PM

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည့် တန်​ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို ရာသီဥတုအ​​ခြေအ​နေကြောင့် နိုဝင်ဘာ၁၁ရက်မှ နိုဝင်ဘာ၁၇ရက်သို့ ပြောင်းလဲလိုက်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ ယနေ့နိုဝင်ဘာ၈ရက်ညပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။

မူလက တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ၉ရက်မှ နိုဝင်ဘာ၁၅ရက်အထိ ကျင်းပမည်ဟု ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယခုအခါ နိုဝင်ဘာ၁၁ရက်မှ နိုဝင်ဘာ၁၇ရက်အထိသို့ ရက်ပြောင်းလဲကျင်းပခြင်းဖြစ်သည်။

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် အဝေရာမီးပုံးပျံကွင်း၌ ညမီးကျည် ၂၆ လုံး၊ စိန်နားပန် ၂၄ လုံးနှင့် နေ့လွှတ်မီးပုံးပျံ ၁၀၀ ကျော် လွှတ်တင်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ ဆိုသည်။

#မန္တလေးသတင်းကွန်ရက်
#တောင်ကြီးတန်ဆောင်တိုင်
ဓာတ်ပုံများ မူရင်းဆရာများကို Credit

မန္တလေးသတင်းကွန်ရက်

08 Nov, 02:44


မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (မန္တလေးတိုင်းဒေသကြီး)သို့ အသင်းဝင်ကြေးနှင့်ကတ်ပြားဖိုး အခမဲ့ဖြင့် ဝင်ခွင့်ပြုမည့်အပေါ် အိမ်ခြံမြေလောကသားများ ဝမ်းသာကြိုဆို

Nov 8, 9:11 AM

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(မန္တလေးတိုင်းဒေသကြီး)သို့ အသင်းဝင်ရာတွင် လာမည့် ၂၀၂၅ခုနှစ်မှစတင်၍ အသင်းဝင်ကြေးနှင့် အသင်းအသိအမှတ်ပြုကတ်ပြားဖိုး(လုံးဝ)ပေးရန်မလိုတော့ပဲ အခမဲ့စနစ်ဖြင့် ဆောင်ရွက်ပေးသွားတော့မည့်အပေါ် အသင်းဝင်လိုသည့် မန္တလေးအိမ်ခြံမြေလောကသားများက ဝမ်းသားအားရ ကြိုဆိုမှုရှိကြောင်း သိရသည်။

အသင်းဝင်လိုသော်လည်း အသင်းဝင်ကြေးနှင့်အသင်းကတ်ပြားဖိုးတို့ကိုပေးသွင်းဖို့ ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများနှင့် အကျိုးတော်ဆောင်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(မန္တလေးတိုင်းဒေသကြီး) ဥက္ကဌ ဦးအောင်တိုး၏ စီစဉ်ပေးမှုဖြင့် ယခုလိုဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သည်။

“အိမ်ခြံမြေအလုပ်လုပ်နေသူတွေထဲမှာ အဆင်မပြေ ရုန်းကန်နေရတဲ့သူတွေလည်းရှိတော့ အသင်းဝင်ချင်ပေမယ့် အသင်းဝင်ကြေးနဲ့ကတ်ပြားဖိုးကြောင့် အခက်အခဲဖြစ်နေတဲ့သူတွေအတွက် အလွန်ဝမ်းသာစရာကောင်းတာပေါ့။ အသင်းဝင်ဖြစ်ပြီးမှ စည်းစည်းလုံးလုံးနဲ့ အလုပ်လုပ်ကြမယ်ဆိုရင် အကျိုးတော်ဆောင်ပွဲစားတွေရဲ့ ဘဝဟာ ပိုမိုတိုးတက်မြင့်မားလာစေမှာပါ။ အခုအစီအစဉ်ကို အသင်း ဥက္ကဌ ဦးအောင်တိုးက အသင်းဝင်အသစ်တွေကိုယ်စား ဗဟိုကို သွင်းရမယ့်ငွေကိုစိုက်သွင်းပေးပြီး အလှူအနေနဲ့ လုပ်တာလို့ သိရတယ်။ အိမ်ခြံမြေလောကသမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ လုပ်ဆောင်မှုပါ”ဟု မန္တလေးမြို့မှ အကျိုးဆောင်တဦးကဆိုပါသည်။

ပုံမှန်အားဖြင့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(မန္တလေးတိုင်းဒေသကြီး)သို့ အသင်းဝင်လိုသည့် အသင်းသားသစ်များအနေဖြင့် အသင်းဝင်ကြေးနှင့် စမတ်ကတ်ဖိုး ငါးသောင်းကျပ် ပေးသွင်းကြရသည်။

အသင်းဝင်လိုသူများသည် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (မန္တလေးတိုင်းဒေသကြီး)ရုံးတည်ရှိရာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၇လမ်း၊ လမ်း၃၀နှင့် ၃၁လမ်းကြားသို့ လူကိုယ်တိုင် လာရောက်စုံစမ်း၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်သည်။

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဌ ဦးအောင်တိုးသည် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီမှစတင်၍ ဥက္ကဌအသစ်အဖြစ် တာဝန်ယူပြီးနောက် အသင်းရုံးကိုဖွင့်လှစ်ပေးနိုင်ခဲ့ကာ အသင်းသူအသင်းသားများနှင့်စုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပခြင်း၊ ရေဘေးသင့်ဒေသများသို့လှူဒါန်းခြင်း၊ အိမ်ခြံ‌မြေဥပဒေဆိုင်ရာအခမဲ့သင်တန်းဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

#မန္တလေးသတင်းကွန်ရက်

မန္တလေးသတင်းကွန်ရက်

07 Nov, 08:06


မဟာမုနိဘုရားကြီးထံကပ်လှူရန် (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ ကျင်းပမည်

Nov 7, 2:32 PM

မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးထံသို့ ကပ်လှူပူဇော်ရန်ရည်ရွယ်၍ (၃၅)ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ခြင်းအခမ်းအနားကို လာမည့် တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင်တရက်ဖြစ်သည့် နိုဝင်ဘာ၁၄ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့မှ ယနေ့ နိုဝင်ဘာ၇ရက် ထုတ်ပြန်သည်။

မသိုးမြတ်သင်္ကန်းကို ရက်ကန်းပညာရှင်များ၊ စက်ချုပ်ပညာရှင်များက နှစ်စဉ်လာရောက် ကုသိုလ်ယူ ရက်လုပ်ပူဇော်ကြခြင်းဖြစ်သည်။

နိုဝင်ဘာ၁၄ရက်(တန်ဆောင်မုန်းလဆန်း ၁၄ရက်)တွင် မဟာမုနိဘုရားကြီး၏ ရင်ပြင်တော်ပေါ်၌ ပြခန်းမဏ္ဍပ်များဖွင့်လှစ်ကာ ရက်ကန်းစင်တော်များဖြင့် စတင်ရက်လုပ်ပူဇော်ပြီးနောက် နိုဝင်ဘာ၁၅ရက် (တန်ဆောင်မုန်းလပြည့်နေ့) နံနက်ပိုင်းအချိန်တွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးထံ ကပ်လှူပူဇော်ကြမည်ဖြစ်ပါသည်။

မသိုးသင်္ကန်းသည် နေ့ရက်မကူးစေဘဲ တရက်အတွင်း ပြီးအောင်ရက်လုပ်သော သင်္ကန်းဖြစ်ပြီး ကထိန်ကာလ၏ နောက်ဆုံးရက်ဖြစ်သော တန်ဆောင်မုန်း လဆန်း၁၄ ရက် ညနေပိုင်းတွင်သာ မသိုးသင်္ကန်းကို ရက်လုပ်ကာ တန်ဆောင်မုန်းလပြည့်နေ့ အာရုဏ်မတက်မီ အပြီးရက်လုပ်ကာ လှူဒါန်းရခြင်းဖြစ်သည်။

#မန္တလေးသတင်းကွန်ရက်