Myanmar Digital News @myanmardigitalnews_mdn Channel on Telegram

Myanmar Digital News

@myanmardigitalnews_mdn


Statements

Myanmar Digital News (English)

Are you looking for the latest updates and news from Myanmar? Look no further than Myanmar Digital News, your go-to source for all things related to Myanmar's digital landscape. With our Telegram channel @myanmardigitalnews_mdn, you can stay informed on the latest developments, trends, and events shaping the digital sphere in Myanmar. From technology advancements to social media trends, we cover it all. Myanmar Digital News is dedicated to providing accurate and timely information to our audience. Our team of experienced journalists and researchers work tirelessly to bring you the most relevant news and insights. Whether you are a digital enthusiast, a business professional, or simply someone interested in staying informed, our channel has something for everyone. Stay updated on the latest tech startups, digital marketing strategies, cybersecurity threats, and more with Myanmar Digital News. Join our growing community of like-minded individuals who share a passion for all things digital. Don't miss out on the opportunity to expand your knowledge and stay ahead of the curve with Myanmar Digital News. Subscribe to our Telegram channel today and never miss a beat when it comes to Myanmar's digital landscape. Stay informed, stay connected with Myanmar Digital News.

Myanmar Digital News

20 Feb, 14:36


အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ် ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၂၀၀) ထပ်မံလွှဲပြောင်းပေးအပ်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၀

Myanmar Digital News

20 Feb, 14:17


နိုင်ငံပိုင်သယံဇာတများကို မတော်လောဘဖြင့် ဥပဒေမဲ့ခိုးထုတ်ကာ အကြမ်းဖက်နှင့် လက်နက်ကိုင်သောင်းကျန်းမှုများကို ထောက်ပံ့နေမှုအား တိုက်ဖျက်သွားမည်

Myanmar Digital News

20 Feb, 12:59


မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား၂၁၀ ဦး ထပ်မံထိန်းသိမ်းနိုင်ခဲ့
နေပြည်တော် ဖေဖော်ဝါရီ ၂၀

Myanmar Digital News

20 Feb, 03:56


အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ် ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၂၀၀) ထပ်မံလွှဲပြောင်းပေးအပ် နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

Myanmar Digital News

20 Feb, 03:31


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို လေ့လာဖတ်ရှုနိုင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် www.mdn.gov.mm/uec တွင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား (၅)မျိုးဖြင့် လွှင့်တင်ထားပြီး Mobile Application ကိုလည်း Download ရယူ၍ လေ့လာဖတ်ရှုနိုင်ပါသည်။

ရွေးကောက်ပွဲ အကြိုကာလ၌ ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲ အလွန်ကာလ ဖြစ်စဉ်များ၊ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ခြင်း၊ ရွေးကောက်ပွဲအပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို လေ့လာဖတ်ရှုနိုင်ပါသည်။

Myanmar Digital News

Myanmar Digital News

20 Feb, 01:15


ချောင်းဦး၊ ငါန်းဇွန်နှင့် မတ္တရာမြို့နယ်တို့တွင် လုံခြုံရေးအဖွဲ့ဝင်များက လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူနှစ်ဦးသေဆုံးပြီး သာသနိက အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်လျက်ရှိ

Myanmar Digital News

20 Feb, 01:14


နိုင်ငံပိုင်သယံဇာတများကို မတော်လောဘဖြင့် ဥပဒေမဲ့ခိုးထုတ်ကာ အကြမ်းဖက်နှင့်လက်နက်ကိုင်သောင်းကျန်းမှုများကို ထောက်ပံ့နေမှုအား တိုက်ဖျက်သွားမည်

Myanmar Digital News

20 Feb, 01:10


မန္တလေးတိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့သည့် MDY PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

Myanmar Digital News

17 Feb, 05:29


Breaking News
မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံမှ အရာရှိကြီးများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မြဝတီမြို့ -ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ပြီး ကောင်းမွန်စွာထိန်းသိမ်းထားမှုအခြေအနေနှင့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူနေမှု အခြေအးများကို လိုက်လံကြည့်ရှုလေ့လာပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းပေးအပ်နိုင်ရေး ဆွေးနွေးညှိနှိုင်း

Myanmar Digital News

17 Feb, 05:26


ပြည်ပနိုင်ငံသားများ သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး မြန်မာ - တရုတ် - ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များက ဆွေးနွေးညှိနှိုင်းလျက်ရှိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

Myanmar Digital News

17 Feb, 03:33


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို လေ့လာဖတ်ရှုနိုင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် www.mdn.gov.mm/uec တွင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား (၅)မျိုးဖြင့် လွှင့်တင်ထားပြီး Mobile Application ကိုလည်း Download ရယူ၍ လေ့လာဖတ်ရှုနိုင်ပါသည်။

ရွေးကောက်ပွဲ အကြိုကာလ၌ ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲ အလွန်ကာလ ဖြစ်စဉ်များ၊ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ခြင်း၊ ရွေးကောက်ပွဲအပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို လေ့လာဖတ်ရှုနိုင်ပါသည်။

Myanmar Digital News

Myanmar Digital News

17 Feb, 01:19


မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၃၁ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့

Myanmar Digital News

16 Feb, 15:03


ပခုက္ကူမြို့၊ ကွက်သစ်ရပ်ကွက်ရှိ အလှူရှင်နေအိမ်၌ ချက်ပြုတ်ရေးလုပ်ငန်းများ ဝိုင်းဝန်းလုပ်ဆောင်နေသူများအား PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်
နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီလ ၁၆ ရက်

Myanmar Digital News

16 Feb, 03:29


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို လေ့လာဖတ်ရှုနိုင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် www.mdn.gov.mm/uec တွင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား (၅)မျိုးဖြင့် လွှင့်တင်ထားပြီး Mobile Application ကိုလည်း Download ရယူ၍ လေ့လာဖတ်ရှုနိုင်ပါသည်။

ရွေးကောက်ပွဲ အကြိုကာလ၌ ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲ အလွန်ကာလ ဖြစ်စဉ်များ၊ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ခြင်း၊ ရွေးကောက်ပွဲအပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို လေ့လာဖတ်ရှုနိုင်ပါသည်။

Myanmar Digital News

Myanmar Digital News

15 Feb, 15:07


မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၇၉၉ ဦး ထိန်းသိမ်းနိုင်ခဲ့ပြီး ၆၁ ဦးကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကာ ၇၃၈ ဦး ဆက်လက်လွှဲပြောင်းပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိ
နေပြည်တော် ဖေဖော်ဝါရီ -၁၅

Myanmar Digital News

15 Feb, 14:51


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၊ စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး၊ ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်

Myanmar Digital News

14 Feb, 15:20


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၌ တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုဆောင်ရွက်နေသူများအား ဖော်ထုတ်ဖမ်းဆီးရမိ၊ လိုအပ်သည့် စစ်ဆေးဖော်ထုတ်မှုများဆောင်ရွက်
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

Myanmar Digital News

14 Feb, 15:15


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်

Myanmar Digital News

14 Feb, 05:40


ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲကြီး နှစ်ရက်တိုး၍ ကျင်းပသွားမည်

Myanmar Digital News

14 Feb, 03:38


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို လေ့လာဖတ်ရှုနိုင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် www.mdn.gov.mm/uec တွင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား (၅)မျိုးဖြင့် လွှင့်တင်ထားပြီး Mobile Application ကိုလည်း Download ရယူ၍ လေ့လာဖတ်ရှုနိုင်ပါသည်။

ရွေးကောက်ပွဲ အကြိုကာလ၌ ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲ အလွန်ကာလ ဖြစ်စဉ်များ၊ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ခြင်း၊ ရွေးကောက်ပွဲအပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို လေ့လာဖတ်ရှုနိုင်ပါသည်။

Myanmar Digital News

Myanmar Digital News

14 Feb, 03:32


ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်နှင့်စပ်လျဉ်း၍ ထပ်မံအသိပေးကြေညာချက်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် ၂၅-၁၀-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ်၊ ၀၅၅/၂၀၂၄ နှင့်အညီ လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ၃၀-၁၀-၂၀၂၄ ရက်နေ့ထုတ် သတင်းစာများတွင် အသိပေးကြေညာခဲ့ပြီး ဖြစ်ပါသည်။

ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့် လုပ်ငန်းလိုင်စင် လျှောက်ထားမှုကို ၁၈-၁၁-၂၀၂၄ ရက်နေ့မှ စတင်လျှောက်ထားရန် ၇-၁၁-၂ဝ၂၄ ရက်နေ့ထုတ် သတင်းစာများတွင် ကြေညာထားရှိပြီး ဖြစ်သောကြောင့် အဆိုပါလျှောက်ထားမှုများကို ၁၇-၂-၂၀၂၅ ရက်နေ့ထိ (၃)လအတွင်း နောက်ဆုံးထား လျှောက်ထားရန်နှင့် လျှောက်ထားခြင်း မရှိ(မရှိ)သောသူများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ၁၁-၁၂-၂၀၂၄ ရက်နေ့ထုတ် သတင်းစာများတွင် အသိပေးကြေညာခဲ့ပြီး ဖြစ်ပါသည်။

ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို ၁၈-၁၁-၂၀၂၄ ရက်နေ့မှ ၁၇-၂-၂၀၂၅ ရက်နေ့အထိ (၃)လအတွင်း နောက်ဆုံး လျှောက်ထားရမည့်ရက်သည် ပြည့်မြောက်တော့မည်ဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းလိုင်စင်များကို လျှောက်ထားရန်နှင့် လျှောက်ထားခြင်း မရှိ(မရှိ)သောသူများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ နှင့်အညီ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ထပ်မံအသိပေး ကြေညာအပ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန

Myanmar Digital News

14 Feb, 03:14


MSME ချေးငွေများ လျှောက်ထားနိုင်

Myanmar Digital News

13 Feb, 15:06


တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

Myanmar Digital News

13 Feb, 15:04


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ထံ မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ လာရောက်တွေ့ဆုံ

Myanmar Digital News

11 Feb, 00:33


ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ၏ ပထမနေ့တွင် လုပ်ငန်း/စီးပွား ချိတ်ဆက်မှုပြခန်း၌ MSME လုပ်ငန်းရှင်များအား ပြည်တွင်း/ပြည်ပ ဈေးကွက်ရရှိရေး၊ ရင်းနှီးမြှုပ်နှံမတည်ငွေ ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေး

Myanmar Digital News

11 Feb, 00:33


(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲသို့ အများပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက်ပါဝင်ဆင်နွှဲ

Myanmar Digital News

11 Feb, 00:32


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် ဖွင့်လှစ်

Myanmar Digital News

10 Feb, 15:13


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား ၂၁ ဦး ထပ်မံဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီ - ၁၀

Myanmar Digital News

10 Feb, 08:24


ဧရာဝတီတံတား(မလွန်) ရေလမ်းကြောင်း ပြောင်းလဲမည်

နေပြည်တော် ဖေဖော်ဝါရီ ၁၀

ဧရာဝတီတံတား(မလွန်) ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် အစုန် ရေလမ်းကြောင်းကို ရေလယ်တိုင် အမှတ်(၃)နှင့် (၄)အကြားမှ လည်းကောင်း၊ အဆန် ရေလမ်းကြောင်းကို ရေလယ်တိုင် အမှတ်(၂)နှင့် (၃)အကြားမှ လည်းကောင်း သတ်မှတ်ပေးထားပြီး ယခုအခါ မြစ်ကြမ်းပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သောကြောင့် တံတားရေလမ်းကြောင်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ အစုန်၊ အဆန် ရေလမ်းအဖြစ် ရေလယ်တိုင် အမှတ်(၄)နှင့် (၅)အကြားမှ ပြောင်းလဲဖွင့်လှစ်မည်ဖြစ်သည်။

ပြောင်းလဲမည့် ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ (၉၈)မီတာရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံး ရေမျက်နှာပြင်အထက် (၁၇)မီတာရှိသည်။ ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါအစိမ်းရောင် တြိဂံအမှတ်အသားပြသ၍ ညအခါ မီးစိမ်းထွန်းပြသထားပြီး မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင် ကြက်ခြေခတ်အမှတ်အသား ပြသ၍ ညအခါ မီးနီထွန်း ပြသထားမည်ဖြစ်သည်။

တံတားတိုင်များ၏ အောက်ခြေပိုင်တိုင် အုတ်ခုံမှာ ရေလယ်တိုင်များ၏ တစ်ဖက်တစ်ချက်တွင် (၁၅)ပေခန့် ထိုးထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင် (၂)ခုအကြားမှ ယှဉ်ပြိုင် ခုတ်မောင်းခြင်း မပြုရန်နှင့် တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်အပြင် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။

သတင်းစဉ်

Myanmar Digital News

10 Feb, 03:59


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို လေ့လာဖတ်ရှုနိုင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် www.mdn.gov.mm/uec တွင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား (၅)မျိုးဖြင့် လွှင့်တင်ထားပြီး Mobile Application ကိုလည်း Download ရယူ၍ လေ့လာဖတ်ရှုနိုင်ပါသည်။

ရွေးကောက်ပွဲ အကြိုကာလ၌ ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲ အလွန်ကာလ ဖြစ်စဉ်များ၊ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ခြင်း၊ ရွေးကောက်ပွဲအပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို လေ့လာဖတ်ရှုနိုင်ပါသည်။

Myanmar Digital News

Myanmar Digital News

07 Feb, 13:45


နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အခြားဒုစရိုက်လုပ်ငန်းများကို နှိမ်နင်းနေမှုအခြေအနေ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာမေးမြန်းမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ပြောကြားချက်

Myanmar Digital News

07 Feb, 03:45


နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ပြတ်ပြတ်သားသား နှိမ်နင်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်းသို့ အထောက်အထားမဲ့ဝင်ရောက်လာသူများအား သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်လျက်ရှိ

Myanmar Digital News

06 Feb, 14:37


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ခမ်းနားထည်ဝါစွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု များအား ကြည့်ရှုစစ်ဆေး

Myanmar Digital News

06 Feb, 14:37


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်ရန် နေပြည်တော်သို့ရောက်ရှိနေသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဦးစီးမှူးများအား တွေ့ဆုံမှာကြား

Myanmar Digital News

05 Feb, 15:04


အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား၊ ပြခန်းအလိုက် ခင်းကျင်းပြသရန် ပြင်ဆင်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေး

Myanmar Digital News

04 Feb, 14:22


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအတွက် MRTV DTH စလောင်းနှင့် Set Top Box များလှူဒါန်း

Myanmar Digital News

04 Feb, 14:22


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံ သံဃရာဇာဆရာတော်ကြီးနှင့် အဖွဲ့ဝင်များအား ဖူးမြော်ကြည်ညို

Myanmar Digital News

03 Feb, 14:48


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

Myanmar Digital News

03 Feb, 04:01


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ရန်ကုန်-ပုသိမ်၊ ပုသိမ်-ငွေဆောင်၊ ပုသိမ်-ရှောပြာ-ချောင်းသာ လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ပုသိမ် ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ တံတားအမှတ်(၁/၁ဝ၆) အပင်နှစ်ဆယ်တံတား ပေ ၂၂၀၊ မူလနှစ်လမ်းသွားမှ လေးလမ်းသွား သံကူကွန်ကရစ်တံတားအဖြစ် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ တံတားအမှတ်(၁/၁ဝ၆) အပင်နှစ်ဆယ်တံတား ပေ ၂၂၀၊ မူလနှစ်လမ်းသွားမှ လေးလမ်းသွား သံကူကွန်ကရစ်တံတားလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက တံတားဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ကာကာအတွင်း ပြီးစီးစေရေးအတွက် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ လူအင်အား စက်အင်အားဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်း မိုင်(၁၀၅/၅-၁၀၈/၄)အတွင်း ၄၈ ပေအကျယ် ကတ္တရာကွန်ကရစ်လမ်း တိုးချဲ့တည်ဆောက်နိုင်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ တံတားအမှတ်-၁/၁၀၈ ကိုးဆူတံတား ၈၈ ပေ၊ မူလနှစ်လမ်းသွားမှ လေးလမ်းသွား သံကူကွန်ကရစ်တံတားအဖြစ် တိုးချဲ့တည်ဆောက်နေမှုအား လည်းကောင်း၊ ရန်ကုန်-ပုသိမ်လမ်း ပုသိမ်မြို့အဝင် ၄၈ ပေ အကျယ် ၂ မိုင် ၆ ဖာလုံ လေးလမ်းသွား ကတ္တရာကွန်ကရစ်ခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး၊ လုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ လမ်းဘေးဝဲယာတွင် သစ်ပင်ပန်းမန်များ၊ အရိပ်ရအပင်များ စိုက်ပျိုးရန်နှင့် ပန်းပေါင်းဝေဆာပြီး စိမ်းလန်းစိုပြေအောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-ငွေဆောင်လမ်းပေါ်ရှိ တွန်ပလွန်တံတား ပေ ၂၆၀၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ RC Concrete တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်တွင် တံတားအထူးအဖွဲ့ (၁၆)မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေး၊ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးအလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-ရှောပြာ-ချောင်းသာလမ်း မူလ ၁၈ ပေအကျယ်မှ ၂၄ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)က ပုသိမ်-ရှောပြာ-ချောင်းသာလမ်း (၁၈/၀)မိုင်မှ (၃၅/၀)မိုင်အတွင်း ၁၇ မိုင် သုညဖာလုံ ပေ ၄၀ အကျယ် လမ်းတာဘောင်ချဲ့ခြင်း၊ ၂၄ ပေအကျယ် ကတ္တရာခင်းခြင်း လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်-ရှောပြာ-ချောင်းသာလမ်းတစ်လျှောက် လမ်းလုပ်ငန်းဆောင်ရွက်မှုနေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

Myanmar Digital News

03 Feb, 04:01


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ရန်ကုန်-ပုသိမ်၊ ပုသိမ်-ငွေဆောင်၊ ပုသိမ်-ရှောပြာ-ချောင်းသာ လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ပုသိမ် ဖေဖော်ဝါရီ ၃

Myanmar Digital News

01 Feb, 13:55


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၂၀ / ၂၀၂၅ ၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

Myanmar Digital News

01 Feb, 02:27


နေ့စဉ်ထုတ် သတင်းစာ (၃)စောင်ဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် GNLM သတင်းစာတိုကို အောက်ပါ Link များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည် ...
http://www.mdn.gov.mm/newspaper/public/
www.moi.gov.mm/mal
www.moi.gov.mm/km
www.moi.gov.mm/nlm

နေ့စဉ်ထုတ် သတင်းစာ (၃)စောင်ဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် GNLM သတင်းစာတို့ကို အောက်ပါ Link များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည် ...
www.moi.gov.mm/mal
www.moi.gov.mm/km
www.moi.gov.mm/nlm

Myanmar Digital News

31 Jan, 15:21


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

Myanmar Digital News

31 Jan, 15:07


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၅) ကျင်းပ

Myanmar Digital News

31 Jan, 14:51


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၁၂ / ၂၀၂၅ ၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်) ကော်မရှင်အဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း

Myanmar Digital News

31 Jan, 14:50


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၁၅ / ၂၀၂၅ ၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်) ဗဟိုအကြံပေးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း

Myanmar Digital News

31 Jan, 14:49


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၁၄ / ၂၀၂၅ ၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်) ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

Myanmar Digital News

31 Jan, 14:48


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၁၃ / ၂၀၂၅ ၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်) တာဝန်မှအနားယူခွင့်ပြုခြင်း

Myanmar Digital News

31 Jan, 14:47


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၁၁ / ၂၀၂၅ ၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်) ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

Myanmar Digital News

31 Jan, 14:45


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၁၀ / ၂၀၂၅ ၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်) တာဝန်မှအနားယူခွင့်ပြုခြင်း

Myanmar Digital News

31 Jan, 14:44


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၉ / ၂၀၂၅ ၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်) ပြည်ထောင်စုဝန်ကြီးများ ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း

Myanmar Digital News

31 Jan, 14:43


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၇ / ၂၀၂၅ ၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းခြင်း

Myanmar Digital News

31 Jan, 14:43


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆ / ၂၀၂၅ ၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း

Myanmar Digital News

31 Jan, 14:41


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၈ / ၂၀၂၅ ၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း

Myanmar Digital News

23 Jan, 04:04


တရုတ်တို့က ၂၀၁၀ ပြည့်လွန်နှစ်မှစ၍ ဂရင်းလန်ကျွန်းတွင် ရင်းနှီးမြှုပ်နှံမှုများ စတင်လုပ်ဆောင်ခဲ့ရာ တရုတ်အစိုးရပိုင်လုပ်ငန်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ အခြားနိုင်ငံများမှ လုပ်ငန်းများနှင့် ဖက်စပ်လုပ်ဆောင်မှုများဖြင့် ဂရင်းလန်နိုင်ငံ၏ သတ္တုတူးဖော်မှု၊ အခြေခံအဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ရေး စသည့် လုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည်။ ဂရင်းလန်တွင် တရုတ်တို့ ပါဝင်နေသော စီးပွားရေးလုပ်ငန်းကြီး ငါးခုရှိရာ ကျွန်း၏ မြောက်ပိုင်းတွင် ၂၀၁၄ ခုနှစ်မှစ၍ တရုတ်အစိုးရပိုင် Non-Ferrous Metal ကုမ္ပဏီကဩစတြေးလျ သတ္တုတွင်းကုမ္ပဏီ Ironbank နှင့် တွဲဖက်၍ သွပ်နှင့် ခဲထုတ်လုပ်မှုလုပ်ငန်း၊ ကျွန်း အနောက်ဘက်ကမ်းခြေတွင် တရုတ်ပုဂ္ဂလိကပိုင် General Nice ကုမ္ပဏီက ၂၀၁၅ ခုနှစ်မှစ၍ သံရိုင်းထုတ်လုပ်မှုလုပ်ငန်း၊ ကျွန်းအရှေ့ဘက်ကမ်းခြေတွင် တရုတ်ပုဂ္ဂလိကကုမ္ပဏီ Jiangxi Zhongrun က Nordic Mining ကုမ္ပဏီနှင့် ပူးတွဲ၍ ၂၀၀၈ ခုနှစ်တွင် ကြေးနီတူးဖော် ထုတ်လုပ်မှုလုပ်ငန်း၊ ကျွန်းတောင်ပိုင်းတွင် တရုတ်ဒေသန္တရအစိုးရပိုင် Shenghe ကုမ္ပဏီက ၂၀၁၆ ခုနှစ်မှစ၍ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်း၊ ဂရင်းလန်ကျွန်း၏ မြို့တော်ဖြစ်သော နူးခ်မြို့ နိုင်ငံတကာလေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်း (တရုတ်အစိုးရပိုင် CCCC ကုမ္ပဏီကို မူလက ရွေးချယ်လျာထားမှုတွင် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒိန်းမတ်ကုမ္ပဏီကသာ တာဝန်ယူ လုပ်ဆောင်ခဲ့သည်)တို့ ဖြစ်ကြသည်။ ထို့အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးတွင်လည်း တရုတ်ကုမ္ပဏီကြီးနှစ်ခုက ပါဝင်လုပ်ဆောင်လျက်ရှိသည်။

၂၀၀၉ ခုနှစ်တွင် ဂရင်းလန်ကျွန်းသည် ဒိန်းမတ်နိုင်ငံထံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိခဲ့ရာ စီးပွားရေး လုပ်ငန်းများတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပိုမိုရရှိလာပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်ခဲ့ရာ အရင်းအနှီး တောင့်တင်းသော တရုတ်တို့ကို ဂရင်းလန်ကိုယ်တိုင်က လိုလိုလားလား ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်လေသည်။

တရုတ်တို့ကလည်း ဂရင်းလန်ကျွန်းအပါအဝင် အာတိတ်ဒေသနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်တွင် စက္ကူဖြူစာတမ်းတစ်ရပ် ထုတ်ပြန်၍ ယင်း၏သဘောထားကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ပြီးဖြစ်၏။ အဆိုပါ စက္ကူဖြူစာတမ်းအရ တရုတ်နိုင်ငံသည် အာတိတ်သမုဒ္ဒရာနှင့် မထိစပ်သော်လည်း အာတိတ်နှင့် နီးစပ်သောနိုင်ငံ Near Artic State တစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာတိတ်ဒေသ စီမံခန့်ခွဲမှုကိစ္စနှင့်ပတ်သက်၍ တက်ကြွစွာ ပါဝင်လျက်ရှိကြောင်း၊ အာတိတ်ဒေသ၏ ကြွယ်ဝလှသော သဘာဝသယံဇာတများကို သဘာဝပတ်ဝန်းကျင် မထိခိုက်စေဘဲ ဆင်ဆင်ခြင်ခြင် ထုတ်ယူအသုံးပြုသင့်သည်ဟူသော အမြင်ကို ထောက်ခံကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာသည့် အာတိတ်ဒေသ၏ ရေလမ်းကြောင်းများ အရေးပါမှုကို အလေးထားကြောင်း၊ တရုတ်တို့၏ ရပ်ဝန်းပိုးလမ်းမအစီအစဉ်တွင် မြောက်ဝင်ရိုးစွန်း ပိုးလမ်းမ Polar Silk Road အဖြစ် ထည့်သွင်းမည်ဖြစ်ကြောင်း စသည်ဖြင့်ပါရှိခဲ့သည်။

ထို့ကြောင့် တရုတ်တို့အနေဖြင့် ကမ္ဘာ့ကုန်ထုတ်စက်ရုံကြီးအဖြစ် ဆက်လက်ရပ်တည်နိုင်ရန်၊ အဆင့်မြင့် နည်းပညာသုံးစက်ပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်နိုင်ရန် လိုအပ်သည့် ကုန်ကြမ်းသတ္တု တွင်းထွက်များ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ဂရင်းလန်ကျွန်းမှထွက်ရှိမည့် သယံဇာတများကို ရယူလိုသကဲ့သို့ အရှေ့ကမ္ဘာခြမ်းမှ အနောက်သို့ ကုန်ပစ္စည်းများကို အတိုဆုံးလမ်းကြောင်းမှ ပို့ဆောင်နိုင်ရေးအတွက် အာတိတ်ဒေသ မြောက်ဝင်ရိုးစွန်း ရေလမ်းကြောင်း (North Pole Sea Route - NSR) ကို ထိရောက်စွာ အသုံးချလိုသည်မှာ ထင်ရှားနေလေသည်။

တရုတ်စီးပွားရေးပညာရှင်အချို့၏ ခန့်မှန်းချက်အရ တရုတ်ကုန်စည်များကို NSR မှတစ်ဆင့် တင်ပို့နိုင်လျှင် ကုန်စည်ပို့ဆောင်ခ ဒေါ်လာဘီလီယံ ၆၀ မှ ၁၂၀ ခန့်အထိ နှစ်စဉ် သက်သာသွားနိုင်သည်ဟု ဆိုသည်။ ထို့အပြင် တောင်တရုတ်ပင်လယ်မှ အိန္ဒိယသမုဒ္ဒရာ၊ မြေထဲပင်လယ်တို့ကိုဖြတ်၍ တောင်ဘက်မှ ပတ်သွားရမည့် ရေလမ်းကြောင်းပေါ်ရှိ မလက္ကာ ရေလက်ကြား၊ ပင်လယ်နီနှင့် စူးအက်တူးမြောင်းစသည့် ပုလင်းလည်ပင်း (Bottle-neck Choke Point) နေရာများမှ ပိတ်ဆို့ခံရမည့်အန္တရာယ်၊ ပင်လယ်ဓားပြအန္တရာယ် စသည့် ရေကြောင်းလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ရှောင်ရှားနိုင်မည် ဖြစ်လေသည်။

အနာဂတ်အလားအလာ

မည်သို့ပင်ဖြစ်စေ တရုတ်ကို မဟာဗျူဟာအရ အဓိကပြိုင်ဘက်အဖြစ် မှတ်ယူထားသည့် သမ္မတ ဒေါ်နယ်ထရမ့် အတွက်မူ ဂရင်းလန်ကျွန်းနှင့် အာတိတ်ဒေသသို့ တရုတ်တို့ ပိုမိုထိုးဖောက် ချဉ်းကပ်လာခြင်းကို မည်သို့မျှ နှစ်မြို့နိုင်မည် မဟုတ်ပေ။ ထို့ကြောင့်လည်း ဂရင်းလန်ကျွန်းကို မရ-ရသည့် နည်းဖြင့် ရယူမည်ဟု ကြုံးဝါးပြောဆိုနေခြင်း ဖြစ်၏။ ကနေဒါနိုင်ငံမှာလည်း ဂရင်းလန်နှင့် အမေရိကန်အကြား စပ်ကြားနယ်မြေ ဖြစ်နေလေရာ ကနေဒါကို အမေရိကန်ပြည်ထောင်စုအတွင်း သွတ်သွင်းနိုင်ပါက မြောက်ဝင်ရိုးစွန်းမှ အလယ်အမေရိကတိုင်အောင် အနောက်ကမ္ဘာခြမ်းတစ်ခုလုံး၏ မြောက်ပိုင်းတစ်ပိုင်းလုံးကို အမေရိကန်က မောင်ပိုင်စီးနိုင်လိမ့်မည် ဖြစ်လေသည်။ ဤသည်ပင် ပထဝီနိုင်ငံရေးအရ ထရမ့်၏ မဟာအမေရိကန် နယ်ပယ်ချဲ့ထွင်ရေး (Pax Americana) MAGA စိတ်ကူးဟု ရှုမြင်ရပေသည်။

Myanmar Digital News

23 Jan, 04:04


ထရမ့်၏ နယ်မြေချဲ့ထွင်ရေးစိတ်ကူးမှာ ၂၀ ရာစုအစပိုင်းက ပေါ်ထွန်းခဲ့သည့်ပညာရှင် Friedrich Ratzel ၏ ပထဝီနိုင်ငံရေးဆိုင်ရာ Organic Theory ကို ပြန်လည်ကျင့်သုံးနေသည့်ပုံရှိသည်ဟု လေ့လာသူအချို့က ဆိုကြသည်။ Ratzel ၏ သီအိုရီ အကျဉ်းချုပ်မှာ နိုင်ငံများသည် သက်ရှိသတ္တဝါများ ရှင်သန်ရေးနှင့် ခွန်အားရှိရေးအတွက် အစာစားသကဲ့သို့ နယ်မြေများကို ရယူချဲ့ထွင်၍ အင်အားတိုးချဲ့ ရမည်ဟူသော အယူအဆဖြစ်သည်။ ယခုလည်း ထရမ့်၏ နယ်မြေချဲ့ထွင်ရေးအယူအဆကို Ratzel ၏ နောက်လိုက်တစ်ဦးဖြစ်သည့် ဟစ်တလာနှင့် နှိုင်းယှဉ်၍ ဟစ်တလာပုံစံပေါက်နေသော ထရမ့်ရုပ်ပုံ ရေးဆွဲသရော်မှုများလည်း ပေါ်ပေါက်လာသည်။

သို့သော်လည်း ထရမ့်၏ ဂရင်းလန်အိပ်မက်မှာ လက်တွေ့ဖော်ဆောင်ရန် ခက်မည့်သဘောရှိ၏။ နေတိုးစစ်စာချုပ်အဖွဲ့ဝင် အချင်းချင်းဖြစ်သော ဒိန်းမတ်ကို စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်၍ ဂရင်းလန်ကို အင်အားသုံးရယူရန်မှာ မဖြစ်နိုင်သလောက် ရှိသည်။ ငွေကြေးဖြင့် ဝယ်ယူရန်မှာလည်း “ဂရင်းလန်သည် ရောင်းရန်မဟုတ်”ဟု ဒိန်းမတ်ဝန်ကြီးချုပ်က ကြေညာထားသောကြောင့် အလားအလာ နည်းလှသည်။

အခြားတစ်ဖက်တွင်မူ ဂရင်းလန်ကျွန်းသားများ၏ သဘောဆန္ဒက အဓိကကျသည်။ ၂၀၀၉ ခုနှစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဥပဒေအရ ဂရင်းလန်ကျွန်းသားများက လူထုသဘောထားဆန္ဒ ခံယူပွဲကျင်းပ၍ ဂရင်းလန်၏ အနာဂတ်ကို ဆုံးဖြတ်ခွင့်ရှိသည်။ ထို့ကြောင့် ဂရင်းလန်ကျွန်းသားများက ဒိန်းမတ်ထံမှ ခွဲထွက်၍ လွတ်လပ်ရေးရယူလိုက်လျှင် အမေရိကန်နှင့် ပေါင်း/မပေါင်း ဆုံးဖြတ်ရန်မှာ လူဦးရေ ခြောက်သောင်းအောက်သာရှိပြီး ကမ္ဘာ့အကြီးဆုံးကျွန်းကြီးကို ပိုင်ဆိုင်သော ဂရင်းလန်သားများ၏ သဘောထား သက်သက်မျှ ဖြစ်သွားပေလိမ့်မည်။ ထိုမျှနည်းပါးသော လူဦးရေဖြင့် ထိုမျှကြီးမားသော ကျွန်းကြီးကို ထိန်းချုပ်ကာကွယ်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ရှိသည်။ ထို့အပြင် လက်ရှိအခြေအနေတွင်လည်း အမေရိကန်စစ်စခန်းက ဂရင်းလန်ကျွန်းပေါ်၌ ရှိနေသည်။ အကယ်၍သာ ဂရင်းလန်ကျွန်းသားများကို မက်လောက်သည့် စီးပွားရေးနှင့် ကာကွယ်ရေး မက်လုံးများပေးကာ ဆွဲဆောင်စည်းရုံးနိုင်လျှင်မူ ထရမ့်၏အိပ်မက်ကို အကောင်အထည်ဖော်နိုင်ကောင်း ဖော်နိုင်ဖွယ်ရှိပေသည်။

လက်သွက်သော ထရမ့်ကလည်း သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီကပင် သားဖြစ်သူ ဂျူနီယာထရမ့်ကို သူ၏ကိုယ်ပိုင်လေယာဉ်ကြီးဖြင့် ဂရင်းလန်သို့ စေလွှတ်ကာ ကျွန်းသားများနှင့် ထိတွေ့ဆွေးနွေးစေခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်ရာ ဂရင်းလန်သည် အမေရိကန် ပိုင်နက်နယ်မြေအဖြစ် တရားဝင် ဖြစ်မလာနိုင်သေးသည့်တိုင်အောင် အမေရိကန်တို့၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ စောင့်ရှောက်ခံဘဝသို့ ပုံစံတစ်မျိုးမျိုးဖြင့် တဖြည်းဖြည်း ရောက်ရှိလာရန် အလားအလာမှာကား နီးစပ်နိုင်သည်ဟု ကောက်ချက်ချ တင်ပြအပ်ပါသတည်း။ ။

Myanmar Digital News

23 Jan, 04:04


ရှေ့ပိုင်းက ကမ်းလှမ်းမှုများမှာ ဂရင်းလန်၏ စီးပွားရေးအလားအလာအပေါ် မူတည်သော်လည်း ထရူးမင်း၏ ကမ်းလှမ်းမှုမှာမူ မဟာဗျူဟာလုံခြုံရေးအပေါ် ပို၍မူတည်လေသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တပ်ဖွဲ့များက ဥရောပတစ်နံတစ်လျားကို သိမ်းပိုက်ခဲ့ရာ ဒိန်းမတ်နိုင်ငံက ဂရင်းလန်ကျွန်းကို ဂျာမန်တို့ အပိုင်စီးမသွားနိုင်စေရန် အမေရိကန်တို့ကို အကူအညီ တောင်းခဲ့သည်။ အမေရိကန်တို့က ၁၉၄၁ ခုနှစ်မှစ၍ ဂရင်းလန်ကျွန်းပေါ်တွင် လေတပ်စခန်း အများအပြားကို စတင်ဆောက်လုပ်၍ တပ်စွဲထားခဲ့သည်။ ဂျာမန်တို့ စစ်ရှုံးပြီး ၁၉၄၅ ခုနှစ်တွင် ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားသည့်နောက်ပိုင်း၌ အမေရိကန်နှင့် ဆိုဗီယက်ရုရှားတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့ပြန်ရာ မြောက်အမေရိကတိုက်နှင့် ဥရောပ/ အာရှတိုက် မြောက်ပိုင်းဒေသနှစ်ခု၏ စပ်ကြားနယ်မြေဖြစ်သော ဂရင်းလန်မှာ မဟာဗျူဟာအရ အရေးပါလာပြန်သည်။ ထို့ကြောင့်လည်း သမ္မတထရူးမင်းက ဂရင်းလန်ကျွန်းကို အသည်းအသန် ရယူလိုခဲ့ခြင်းဖြစ်၏။

အမေရိကန်တို့က ဂရင်းလန်ကျွန်းကို အပိုင်ဝယ်ယူ၍ မရခဲ့သော်လည်း စစ်အေးတိုက်ပွဲကာလ တစ်လျှောက်လုံးမှသည် ယနေ့ကာလတိုင်အောင် ဂရင်းလန်၌ မဟာဗျူဟာ လေတပ်အခြေစိုက်စခန်း (ထူလီအာကာသသိပ္ပံ လေ့လာရေးစခန်း)ကို ဒိန်းမတ်နိုင်ငံနှင့် ညှိနှိုင်း၍ ဆက်လက်ထားရှိခဲ့သည်။ အမေရိကန်မှ တာဝေးကင်းထောက် လေယာဉ်များနှင့် မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးများသည် ဂရင်းလန်ကျွန်းကို ဖြတ်ကျော်၍ ပျံသန်းခဲ့ကြသကဲ့သို့ B-36 ၊ B-47 ၊ B-52 မဟာဗျူဟာဗုံးကြဲ လေယာဉ်ကြီးများလည်း အလှည့်ကျ အခြေစိုက်ကာ ကမ္ဘာ့ခေါင်မိုး ကောင်းကင်ပေါ်၌ စဉ်ဆက်မပြတ် ပျံဝဲစိုးမိုးခဲ့ကြသည်။

ဆိုဗီယက်က အမေရိကန်သို့ တိုက်ချင်းပစ်ဒုံးပျံများ ပစ်လွှတ်ပါက ခရီးအတိုဆုံး လမ်းကြောင်းသည် ဂရင်းလန်ကျွန်းပေါ်မှဖြတ်၍ ပျံသန်းခြင်းဖြစ်ရာ ဆိုဗီယက်တိုက်ချင်းပစ် ဒုံးပျံများကို ခုခံကာကွယ်ရန် တာဝေးထောက်လှမ်းရေး အာရုံခံစနစ်များကိုလည်း အမေရိကန်တို့က ဂရင်းလန်ကျွန်းတွင် ချထားခဲ့သည်။ ထို့အပြင် ဆိုဗီယက်နယ်မြေအတွင်းသို့ ပစ်လွှတ်တိုက်ခိုက်နိုင်သည့် Iceman ခေါ် ရေခဲပြင်အခြေစိုက် တိုက်ချင်းပစ် ဒုံးပျံအစင်း ၅၀၀ ကိုလည်း ဂရင်းလန်ရေခဲထုအတွင်း လိုဏ်ခေါင်းတူး၍ ချထားရန် ဆောင်ရွက်ခဲ့ဖူးသည်။ ရွေ့လျားနေသော ရေခဲထုလွှာများကို ထိန်းချုပ်ရန် အလွန်ခက်ခဲသည့်အတွက် ၁၉၆၇ ခုနှစ်တွင် လက်လျှော့ခဲ့ရသည်ဟု ဆိုသည်။ ၁၉၆၈ ခုနှစ်တွင် အဏုမြူဗုံးများပါရှိသည့် မဟာဗျူဟာဗုံးကြဲ လေယာဉ်တစ်စင်း ဂရင်းလန်တွင် ပျက်ကျသွားသည့် နောက်ပိုင်းတွင် ယင်းသို့သော မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ ဂရင်းလန်ကျွန်း၌ ထားရှိခြင်းကို ရုပ်သိမ်းခဲ့ရသည်။ သို့သော်လည်း ယနေ့ကာလတိုင်အောင် ဂရင်းလန်ကျွန်းရှိ ထူလီလေတပ်စခန်း၌ အမေရိကန် F 35 ဘက်စုံသုံး တိုက်လေယာဉ်များ ထားရှိနေဆဲဖြစ်သည်။

ဤသို့ မဟာဗျူဟာအရအရေးပါမှုကြောင့် လည်းသမ္မတထရမ့်က ဂရင်းလန်ကျွန်းကို အသည်းအသန် ရယူလိုခြင်းဖြစ်ပြီး သူ၏ပထမသမ္မတ သက်တမ်းကာလအတွင်းကပင် ဂရင်းလန်ကျွန်းကို ဝယ်ယူနိုင်ရေးအတွက် ကြိုးပမ်းခဲ့ခြင်းဖြစ်၏။

တရုတ်နိုင်ငံနှင့် ဂရင်းလန်ကျွန်း

တရုတ်နိုင်ငံသည် ဂရင်းလန်ကျွန်းနှင့် အာတိတ်ဒေသအပေါ် အထူးစိတ်ဝင်စားမှုရှိခဲ့သည်။ ယင်းမှာ ဂရင်းလန်ကျွန်း၏ သယံဇာတကြွယ်ဝမှုနှင့် အာတိတ်ဒေသ၏ မဟာဗျူဟာအရ အရေးပါမှုတို့ကြောင့် ဖြစ်လေသည်။ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် မြောက်ဝင်ရိုးစွန်း၌ ရေခဲပျော်မှုမြင့်တက် လာလေရာ ဂရင်းလန်ကျွန်း၌ တည်ရှိနေသော ရေခဲပြင်ထု လျော့ပါးလာသည်နှင့်အမျှ ကုန်းမြေထုအတွင်း တည်ရှိနေသော တွင်းထွက်သယံဇာတများ ရှာဖွေတူးဖော်ထုတ်လုပ်ရေး အခွင့်အလမ်းများလည်း ပိုမိုပေါ်ပေါက်လာသည်။

Myanmar Digital News

23 Jan, 04:04


ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကျယ် (ဒေါ်နယ်ထရမ့်၏ ဂရင်းလန် အိပ်မက်)

ကိုကိုလှိုင်

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးတွင် ဒေါ်နယ်ထရမ့်သည် ကံကြမ္မာတစ်ကြော့ပြန်၍ (၄၇)ဆက်မြောက် အမေရိကန်သမ္မတ ဖြစ်လာခဲ့လေပြီ။ နေရာတိုင်းလိုလိုတွင် ပွဲဆူအောင် လုပ်ကိုင်ပြောဆိုတတ်သည့် ထရမ့်သည် သမ္မတအဖြစ် တာဝန်မယူမီကပင် သူ၏ သမ္မတသက်တမ်းအတွင်း ဆောင်ရွက်လိုသည့်ကိစ္စများကို အမြည်းသဘောမျိုး ထုတ်ဖော်ပြောဆိုလာခဲ့ရာ ပထဝီနိုင်ငံရေးနှင့်ပတ်သက်၍ ကမ္ဘာ့မြောက်ဖျားစွန်းရှိ ဂရင်းလန်ကျွန်းအား ဒိန်းမတ်နိုင်ငံထံမှ ဝယ်ယူရေး (သို့မဟုတ်) အင်အားသုံးရယူရေး၊ အလယ်အမေရိကရှိ ပနားမားတူးမြောင်းအား ပြန်လည်ရယူရေး၊ အိမ်နီးချင်းမက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့အား အမေရိကန်နိုင်ငံ၏ ပြည်နယ်အသစ်များအဖြစ် သိမ်းသွင်းရေးဟူသည့် ထူးထူးခြားခြား စိတ်ကူးစိတ်သန်းများ ပါရှိခဲ့သည်။

ယေဘုယျအားဖြင့် ထရမ့်၏ စိတ်ကူးများမှာ ယနေ့ခေတ်တွင် ဖြစ်နိုင်ဖွယ်မရှိသော ကိစ္စများဖြစ်ပြီး ကြောင်စီစီနိုင်လှသည်ဟု ဝေဖန်သူများလည်း ရှိခဲ့ကြသည်။ သို့ရာတွင် ထရမ့်၏ ပြောဆိုချက်များ နောက်ကွယ်တွင် ထူးခြားလေးနက်သော နောက်ခံအကြောင်းတရားများလည်း ရှိနေကြောင်း သေချာစွာ လေ့လာထားသူအချို့က ထောက်ပြခဲ့ကြသည်။

ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များသည် သူ၏ကြွေးကြော်သံဖြစ်သော အမေရိကန်ကို ကြီးကျယ်ခမ်းနားသော နိုင်ငံကြီးအဖြစ် ပြန်လည်ထူထောင်ရေး “Make America Great Again” အတိုကောက်အားဖြင့် MAGA လမ်းစဉ်နှင့် ထင်ဟပ်လျက်ရှိသည်။ သို့ရာတွင် ကမ္ဘာ့မြောက်ဖျားစွန်းဒေသ အာတိတ်စက်ဝိုင်း၌ရှိနေပြီး မြေမျက်နှာပြင်၏ ၈၀ ရာခိုင်နှုန်းက ဆယ့်နှစ်ရာသီပတ်လုံး ရေခဲထုကြီးဖုံးလွှမ်းနေသော ဂရင်းလန်ကျွန်းက ထရမ့်၏ MAGA လမ်းစဉ်နှင့် မည်သို့မည်ပုံ ဆက်စပ်နေသည် ဆိုခြင်းမှာမူ သာမန်အားဖြင့် အတော်အတန် နားလည်ရခက်မည့် အနေအထား ရှိနိုင်ပါသည်။ ဤကိစ္စအလို့ငှာ ဂရင်းလန်ကျွန်း၏ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေး အနေအထားကို သေချာစွာသိရှိနားလည်ရန် လိုအပ်ပေလိမ့်မည်။

ဂရင်းလန်ကျွန်း၏ ပထဝီဝင် နောက်ခံအခြေအနေ

ဂရင်းလန်ကျွန်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကျွန်းကြီးဖြစ်ပြီး ဧရိယာစတုရန်း မိုင်ပေါင်း ၈၃၆၃၂၆ မိုင်ရှိသည်။ မြန်မာနိုင်ငံ၏ အကျယ်အဝန်းထက် သုံးဆကျော် ကြီးမားသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် ကျွန်း၏သုံးပုံနှစ်ပုံမှာ ကမ္ဘာ့မြောက်ဘက်စွန်း အာတိတ်စက်ဝိုင်းအတွင်း၌ ရှိနေပြီး မြေဧရိယာ၏ ၈၀ ရာခိုင်နှုန်းမှာ ရေခဲပြင်ထုကြီး ဖုံးလွှမ်းနေသည်။ ရေခဲပြင်၏ ပျမ်းမျှထုမှာ မီတာ ၁၅၀၀ ခန့်ရှိပြီး အထူဆုံးနေရာတွင် မီတာ ၃၀၀၀ (နှစ်မိုင်ခန့်) ထူထဲသည်။ အပူချိန်မှာ နွေရာသီတွင် ကျွန်းတောင်ပိုင်း၌ ပျမ်းမျှ ၇ ဒီဂရီစင်တီဂရိတ်ရှိပြီး မြောက်ဘက်ခြမ်းတွင် ၄ ဒီဂရီစင်တီဂရိတ်ရှိသည်။ ဆောင်းရာသီ၌မူ ကျွန်းတောင်ပိုင်းတွင် -၇ ဒီဂရီ စင်တီဂရိတ်နှင့် မြောက်ပိုင်းတွင် -၃၄ ဒီဂရီစင်တီဂရိတ်ရှိသည်။

ကျွန်းပေါ်ရှိလူဦးရေမှာ ၂၀၂၄ ခုနှစ် ခန့်မှန်းခြေအရ ၅၆၈၀၀ ရှိပြီး လူဦးရေတိုးနှုန်းမှာ သုညရာခိုင်နှုန်းဖြင့် ရပ်တန့်နေသည်။ လူအများစု ၉၀ ရာခိုင်နှုန်းကျော်မှာ အီညု(အက်စကီမိုး) လူမျိုးများဖြစ်သည်။ မြို့နေလူတန်းစားအများစု ၈၀ ရာခိုင်နှုန်းကျော်ဖြစ်ပြီး အသက် ၁၅ နှစ်အထက် စာတတ်မြောက်မှုရာနှုန်း ပြည့်ဖြစ်သည်။ လူဦးရေ၏ ထက်ဝက်ကျော်မှာ အစိုးရဝန်ထမ်းများ ဖြစ်ကြသည်။ ကိုယ်ပိုင်လုပ်ငန်းအဖြစ် ငါးဖမ်းခြင်းနှင့် ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ကြသည်။ တစ်ဦးကျဝင်ငွေ အမေရိကန်ဒေါ်လာ ၅၀၀၀၀ ကျော်ရှိသည့်အတွက် ကြွယ်ဝသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် ထိုသို့ကြွယ်ဝခြင်းမှာ ကျွန်းသားတစ်ဦးချင်း၏ ကုန်ထုတ်လုပ်မှုနှင့် စီးပွားရှာဖွေမှုကြောင့်ထက် ကျွန်း၏ သဘာဝသယံဇာတများကို အစိုးရအစီအစဉ်ဖြင့် ရောင်းချမှုများမှ အစိုးရ၏ ထောက်ပံ့ငွေရရှိမှုကြောင့် ဖြစ်သည်။ စင်စစ်၌ ဂရင်းလန်ကျွန်းသည် အပြင်ဘက်အခွံ၌ ရေခဲများဖုံးလွှမ်းနေသော သဘာဝသယံဇာတ ရတနာသိုက်ကြီး ဖြစ်လေသည်။

ပထဝီစီးပွားရေးအနေအထား

ကမ္ဘာ့ခေါင်မိုးပေါ်ရှိ ဂရင်းလန်ကျွန်းသည် အဖိုးတန်သဘာဝသယံဇာတ မြောက်မြားစွာ တည်ရှိနေပြီး ယနေ့ထက်တိုင် များများစားစား တူးဖော်ထုတ်ယူရခြင်း မရှိသေးသည့် အရိုင်းမြေ (Virgin Soil) ဖြစ်သည်။ စူးစမ်းလေ့လာမှုများအရ ဂရင်းလန်ကျွန်းတွင် ယနေ့ခေတ်စားနေသည့် မြေရှားဒြပ်စင်များ၊ ရွှေ၊ ကြေးနီ၊ ဂရက်ဖိုက်၊ သံ၊ ကျောက်မီးသွေး၊ ကျောက်မျက်၊ ယူရေနီယံ၊ လစ်သီယံ၊ ပလက်တီနမ်၊ တိုက်တေနီယမ်၊ မိုလစ်ဘ်ဒီနမ် စသည့် တွင်းထွက်များနှင့် ကုန်းတွင်း၊ ကမ်းလွန် ရေနံနှင့်သဘာဝ ဓာတ်ငွေ့သိုက်များလည်း ပမာဏကြီးမားစွာ တည်ရှိသည်ဟုဆို၏။

မြေရှားဒြပ်စင်နှင့်ပတ်သက်၍ စူးစမ်းလေ့လာမှုများအရ ဂရင်းလန်တွင် မြေရှားသယံဇာတတန်ချိန် တစ်သန်းခွဲခန့်ရှိနိုင်သည်ဟု ဆိုသည်။ ဥရောပကော်မရှင်၏ ပူးတွဲသုတေသနစာတမ်းတစ်ခု၏ အဆိုအရ ဂရင်းလန်ရှိ မြေရှားသယံဇာတ အရင်းအမြစ်များသည် တူးဖော်ထုတ်လုပ်နိုင်သော မြေရှားသယံဇာတ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းနီးပါးရှိပြီး ကမ္ဘာပေါ်တွင်ရှိသမျှ မြေရှားအရင်းအမြစ် ပမာဏအားလုံး၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသည်ဟုဆို၏။

Myanmar Digital News

23 Jan, 04:04


ဂရင်းလန်၏ ကမ္ဘာ့အဆင့်မီ မြေရှားဒြပ်စင် ထုတ်လုပ်နိုင်မှု အလားအလာမှာ လက်ရှိ ကမ္ဘာ့ဝယ်လိုအား၏ ၂၅ ရာခိုင်နှုန်းခန့်အထိ ဖြည့်ဆည်းပေးနိုင်ဖွယ်ရာ ရှိသည်ဟု ဆိုသည်။

ဂရင်းလန်၏ မြေရှားအရင်းအမြစ်သည် တရုတ်မြေရှားဒြပ်စင်များအပေါ် မှီခိုနေရသော အမေရိကန်အတွက် အလွန်အရေးပါသော ထွက်ပေါက်ဖြစ်နေသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့မြေရှားထုတ်လုပ်မှုကို လွှမ်းမိုးထားနိုင်သည့် နိုင်ငံဖြစ်၏။ ကမ္ဘာ့မြေရှားဒြပ်စင်ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းကို တရုတ်က ထုတ်လုပ်ခြင်းဖြစ်ပြီး မြေရှားဒြပ်စင်များ သန့်စင်မှု၏ ၉၅ ရာခိုင်နှုန်းမှာလည်း တရုတ်နိုင်ငံက ဆောင်ရွက်နေခြင်းဖြစ်သည်။

ကမ္ဘာ့မြေရှားဒြပ်စင်တင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းကိုလည်း တရုတ်နိုင်ငံက တင်ပို့ခြင်းဖြစ်ပြီး တရုတ်တင်ပို့မှုအားလုံး၏ ၇၀ ရာခိုင်နှုန်းမှာလည်း အမေရိကန်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်လေသည်။ မြေရှားဒြပ်စင်များမှာလည်း ယခုခေတ်စားလျက်ရှိသည့် လျှပ်စစ်မော်တော်ယာဉ်များ၊ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ၊ လက်ကိုင်ဖုန်း စသည့် အီလက်ထရွန်နစ် ပစ္စည်းများတွင် မရှိမဖြစ်လိုအပ်သည့် သတ္တုများဖြစ်သည်။

အမေရိကန်နှင့် တရုတ်အကြား အနာဂတ် ကမ္ဘာကြီးကို စိုးမိုးနိုင်ရေးအားပြိုင်မှုတွင် လက်ရှိ အနေအထားအရ ဉာဏ်ရည်တု AI နည်းပညာအတွက် မရှိမဖြစ်လိုအပ်သော ခေတ်မီအဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း (Super Chip) ထုတ်လုပ်မှု၌ အမေရိကန်နှင့် ယင်း၏ အနောက်အုပ်စုဝင်များက သာလွန်လျက်ရှိသည်။ ထိုအကဲသာမှုကို ထိန်းသိမ်းနိုင်ရန်အတွက် Super Chip ထုတ်လုပ်သည့် နည်းပညာပိုင်ဆိုင်သော နိုင်ငံလေးခု (Chip 4) စုပေါင်း၍ တရုတ်ထံသို့ ထိုနည်းပညာ မရောက်ရှိစေရေး ပိတ်ဆို့ထားရန်အမေရိကန်က ဖိအားပေးကြိုးပမ်းလျက်ရှိသည်။

အပြန်အလှန်အားဖြင့် တရုတ်ကလည်း ထိုအဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ရာတွင် မဖြစ်မနေအသုံးပြုရသည့် မြေရှားဒြပ်စင်နှင့် အခြားအရေးပါသော ရှားပါးသတ္တုများကို အမေရိကန်သို့ တင်ပို့ခြင်းမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ပိတ်ပင်တားမြစ်ခဲ့သည်။ တရုတ်က ပိတ်ပင်တားမြစ်ခဲ့သည့် သတ္တုများတွင် အဆင့်မြင့်တစ်ပိုင်း လျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးတွင် မရှိမဖြစ်အရေးပါသော ဂါလီယမ် (Gallium)၊ ဂျာမေနီယံ (Germanium)နှင့် စစ်လက်နက်ပစ္စည်းများအတွက် အရေးပါသော အင်တီမိုနီ (Antimony)နှင့် ဂရက်ဖိုက် (Graphite) တို့လည်း ပါဝင်ခဲ့သည်။

ထိုသို့သောပစ္စည်းများမှာ နိုင်ငံတိုင်း၏ အမျိုးသားလုံခြုံရေးအတွက် အသက်တမျှအရေးကြီးသော ကုန်ပစ္စည်းများ (Critical Goods) ဖြစ်ကြသည်။ ထိုပစ္စည်းများကို နိုင်ငံလုံခြုံရေးအတွက် အစဉ်အမြဲ လုံလောက်စွာ ဝယ်ယူထုတ်လုပ် သိုလှောင်ထားကြရလေ့ရှိသည်။ ယခုကဲ့သို့ တရုတ်နှင့် အမေရိကန်တို့အကြား သေရေးရှင်ရေးသဖွယ်ဖြစ်သော မဟာဗျူဟာအားပြိုင်မှုတွင် ဤသို့သော အရေးကြီးသတ္တုများ မဖြစ်မနေရရှိရေးမှာ အမေရိကန်အတွက် အထူးလိုအပ်လျက်ရှိရာ အဆိုပါသတ္တုများ ရရှိနိုင်ရေးအတွက် ယင်းသယံဇာတ အရင်းအမြစ်ကြွယ်ဝလှသော ဂရင်းလန်အား လက်ဝယ်ပိုင်ပိုင် ရယူနိုင်ရေးမှာ အမေရိကန်အတွက် မရှောင်လွှဲနိုင်သည့် လိုအပ်ချက် ဖြစ်လာနေတော့သည်။

ပထဝီနိုင်ငံရေးအနေအထား

ကမ္ဘာ့ခေါင်မိုး မဟာဗျူဟာ အချက်အချာနေရာတွင် တည်ရှိသော ဂရင်းလန်ကျွန်း၏ တည်နေရာမှာလည်း ပထဝီနိုင်ငံရေးအရ အထူးအရေးပါလျက်ရှိသည်။ အထူးသဖြင့် အာတိတ်စက်ဝိုင်း၏ တစ်ဖက်တစ်ချက် ကမ္ဘာ့မြောက်ခြမ်းတွင် ရပ်တည်နေကြသော အာရှနှင့် ဥရောပတိုက် မြောက်ဘက်စွန်းမှရုရှားနှင့် အမေရိကတိုက် မြောက်ပိုင်းကို လွှမ်းမိုးထားသော အမေရိကန်တို့၏ သမိုင်းကြောင်းနှင့် မျက်မှောက်ကာလ အားပြိုင်မှုတို့တွင် ဂရင်းလန်မှာ အရေးပါသော မဟာဗျူဟာ ခြေကုပ်ဖြစ်နေလေသည်။

စင်စစ်၌ ဂရင်းလန်ကို အမေရိကန်တို့က ဝယ်ယူလိုသည်မှာ ယခုမှမဟုတ်ပေ။ အမေရိကန်က အလာစကာနယ်မြေကို ရုရှားတို့ထံမှ ၁၈၆၀ ပြည့် လွန်နှစ်များတွင် ဝယ်ယူခဲ့သည့် ကာလတစ်ဝိုက်ကပင် အမေရိကန်သမ္မတ အင်ဒရူးဂျွန်ဆင်က ၁၈၆၇ ခုနှစ်တွင် ဂရင်းလန်ကျွန်းကို ဝယ်ယူရန်ကြိုးပမ်း ခဲ့ဖူးသည်။ အလားတူပင် ၁၉၁၀ ပြည့်နှစ်ကလည်း အမေရိကန်သမ္မတ ဝီလျံတက်ဖ်က ဝယ်ယူရန် ကြိုးစားခဲ့ဖူးသကဲ့သို့ ၁၉၄၆ ခုနှစ် (ဒုတိယကမ္ဘာစစ် ပြီးစကာလ)တွင် အမေရိကန်သမ္မတ ဟယ်ရီထရူးမင်းက ဒိန်းမတ်ထံမှ ဂရင်းလန်ကိုဝယ်ယူရန် ကမ်းလှမ်းခဲ့ဖူးသည်။

Myanmar Digital News

23 Jan, 04:04


ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကျယ် (ဒေါ်နယ်ထရမ့်၏ ဂရင်းလန် အိပ်မက်)

ကိုကိုလှိုင်

Myanmar Digital News

23 Jan, 03:09


ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ
၁၀-၂-၂၀၂၅ မှ ၁၄-၂-၂၀၂၅ အထိ
တပေါင်းကွင်း၊ နေပြည်တော်

Myanmar Digital News

22 Jan, 16:57


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၁၄)ခုတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသည့် ပြည်တွင်းပြည်ပကုမ္ပဏီ (၁၇၄)ခုကို ချေးငွေကျပ် (၂၀၁၄ ဒသမ ၄၅၅)ဘီလီယံ ထုတ်ချေးပေးထားပြီး ၂၀၂၅ ခုနှစ် အတွင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် MSME ကဏ္ဍတို့ကို ဦးစားပေးထုတ်ချေးပေးသွားမည်

Myanmar Digital News

22 Jan, 16:40


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ညိုတပ်နယ်ရှိ နယ်မြေခံလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်(တောင်ညို) သို့ သွားရောက်ကြည့်ရှုစစ်ဆေး

Myanmar Digital News

22 Jan, 14:07


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ပုံနှိပ်စက်ရုံများ၌ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်နေမှုအား ကြည့်ရှုစစ်ဆေး၊ ၂၀၂၄ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

Myanmar Digital News

22 Jan, 14:05


ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဆီစက်ဂိုထောင် မီးလောင်ပျက်ဆီးဟု မဟုတ်မမှန်၊ သတင်းတု၊ သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော် ဇန်နဝါရီ ၂၂

Myanmar Digital News

22 Jan, 03:26


နေ့စဉ်ထုတ် သတင်းစာ (၃)စောင်ဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် GNLM သတင်းစာတိုကို အောက်ပါ Link များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည် ...
http://www.mdn.gov.mm/newspaper/public/
www.moi.gov.mm/mal
www.moi.gov.mm/km
www.moi.gov.mm/nlm

နေ့စဉ်ထုတ် သတင်းစာ (၃)စောင်ဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် GNLM သတင်းစာတို့ကို အောက်ပါ Link များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည် ...
www.moi.gov.mm/mal
www.moi.gov.mm/km
www.moi.gov.mm/nlm

Myanmar Digital News

22 Jan, 03:24


သတင်းမီဒီယာများတွင် အကြမ်းဖက်အဖွဲ့အစည်းများကို အားပေးအားမြှောက်ပြုသည့်သတင်းများ၊ ပြည်သူများ အထိတ်တလန့်ဖြစ်စေသည့် သတင်းများ၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေမည့် သတင်းများကို ရေးသားဖော်ပြခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနှင့် အရေးယူဆောင်ရွက်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

Myanmar Digital News

22 Jan, 03:09


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်ကန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Myanmar Digital News

21 Jan, 03:07


ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဖော်ပြပါ ရာထူး ၃၀၇ နေရာအတွက် အလုပ်လျှောက်လွှာခေါ်ယူ

Myanmar Digital News

21 Jan, 03:01


နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေး

Myanmar Digital News

20 Jan, 14:45


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဖွင့်ပွဲသို့ Video Message ပေးပို့၍ ဂုဏ်ပြုမိန့်ခွန်းပြောကြား

Myanmar Digital News

20 Jan, 14:45


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် (၆/၂၀၂၅) ကို ဇန်နဝါရီလ(၂၀)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် (ဦးခင်မောင်လတ် အား နေပြည်တော်ကောင်စီဝင်အဖြစ် ခန့်အပ်)

Myanmar Digital News

20 Jan, 14:35


နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော တရားမဝင် အွန်လိုင်းလောင်းကစားမှု များအား နှိမ်နှင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
နေပြည်တော်၊ ဇန်နဝါရီ - ၂၀

Myanmar Digital News

20 Jan, 13:30


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း Exploring Myanmar Culture & Tourism Organization ၏ အမှုဆောင်ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

Myanmar Digital News

20 Jan, 12:51


ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများ စီစဉ်ဆောင်ရွက်ပေးမည်
နေပြည်တော် ဇန်နဝါရီ ၂၀

Myanmar Digital News

19 Jan, 03:39


မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်

Myanmar Digital News

19 Jan, 03:36


ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်း‌ဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ရသူများ၊ လျှော့ပေါ့ခွင့်ရသူများနှင့် ရွှေ့ဆိုင်းခွင့်ရသူများ

Myanmar Digital News

19 Jan, 03:35


ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်

Myanmar Digital News

19 Jan, 03:31


ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဖော်ပြပါ အမှုထမ်းရာထူး (၃၂၀)နေရာအတွက် အလုပ်လျှောက်လွှာခေါ်ယူ

Myanmar Digital News

17 Jan, 14:40


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

Myanmar Digital News

09 Jan, 14:52


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံ၊ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

Myanmar Digital News

09 Jan, 14:51


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဧရာဝတီ ရှုခင်းသာအပန်းဖြေစခန်းနှင့် မနောပွဲအား ရိုးရာအစဉ်အလာနှင့်အညီ စုပေါင်းဆင်နွှဲ၊ ယဉ်ကျေးမှုပြတိုက်(မြစ်ကြီးနား) အဆောက်အအုံသစ်အား ဖွင့်လှစ်

Myanmar Digital News

09 Jan, 14:51


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ

Myanmar Digital News

09 Jan, 14:51


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

Myanmar Digital News

09 Jan, 07:25


HMPV ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာတွင် Nucleic Acid Amplification Test (NAAT) ဖြင့် ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇ (Virus genome) ကို စစ်ဆေးခြင်းနှင့် Immunofluorescence or Enzyme Immunoassay ဖြင့် ဗိုင်းရပ်စ် (Virus Antigen) ကို စစ်ဆေးခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ပါသည်။

လတ်တလောတွင် HMPV ဗိုင်းရပ်စ်ပိုးအတွက် ထိရောက်သည့် ဗိုင်းရပ်စ်ပိုးကို ရှင်းလင်းနိုင်သည့် ဗိုင်းရပ်စ် ဆန့်ကျင်ဆေးဝါးများနှင့် ကာကွယ်ဆေးများ မရှိသေးဘဲ ရောဂါလက္ခဏာများကို သက်သာစေသည့် ဆေးကုသမှုများသာ ဆောင်ရွက်နိုင်ကြောင်း သိရပါသည်။

ရောဂါကာကွယ်ရေး နည်းလမ်းများအနေဖြင့် ရာသီတုပ်ကွေးရောဂါပိုး၊ ကိုဗစ်-၁၉ ရောဂါပိုးတို့ကို ကာကွယ်သည်နှင့် အလားတူရောဂါကာကွယ်ရေး နည်းလမ်းများဖြစ်သည့် အများပြည်သူ အသုံးပြုသည့်နေရာများရှိ မျက်နှာပြင်များကို ထိတွေ့ပြီးသည့်အခါတိုင်း၊ အခြားသူများနှင့် မဖြစ်မနေ လက်ဆွဲနှုတ်ဆက်ပြီးသည့် အခါတိုင်းတွင် လက်ကိုဆပ်ပြာနှင့် ရေအသုံးပြု၍ အနည်းဆုံးစက္ကန့် ၂၀ ကြာ စနစ်တကျဆေးကြောခြင်း သို့မဟုတ် ရေမလို လက်သန့်စင်ဆေးရည် အသုံးပြုခြင်း၊ ရောဂါလက္ခဏာများဖြစ်သည့် ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ နှာပိတ်ခြင်း စသူများနှင့် ခပ်ခွာခွာနေခြင်း၊ ရောဂါလက္ခဏာ တစ်ခုခု ရှိသူတို့အနေဖြင့် လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် မဖြစ်မနေ သွားရောက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။

အမြန်ဆုံးကုသမှုခံယူ

ရောဂါလက္ခဏာရှိသူများ အထူးသဖြင့် အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကိုယ်ခံအား ကျဆင်းနေသူများသည် အထက်ဖော်ပြ ပါရောဂါလက္ခဏာများ ခံစားရသည့်အပြင် အသက်ရှူကျပ်ခြင်း၊ မောပန်းခြင်း စသည့် ပြင်းထန် ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်၍ ဆေးကုသမှုခံယူရမည် ဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအတွင်း HMPV ရောဂါပိုးနှင့် ရာသီတုပ်ကွေးရောဂါပိုး အပါအဝင် အဏုဇီဝပိုးများကြောင့် ဖြစ်ပွားသည့် လတ်တလော အသက်ရှူလမ်းကြောင်း ရောဂါများကို အချိန်ပြည့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း စနစ်ဖြင့် စောင့်ကြပ်ကြည့်ရှုလျက် ရှိပါသည်။ ထို့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားသော ကူးစက်ရောဂါများ နိုင်ငံအတွင်းသို့ ကူးစက်မှုမရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက် ပေါက်များတွင် ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ချက်များကို စဉ်ဆက်မပြတ် စောင့်ကြပ် ကြည့်ရှုလျက်ရှိပြီး ရောဂါကာကွယ်ထိန်းချုပ် ကုသရေးတုံ့ပြန် ဆောင်ရွက်မှုများကို အချိန်နှင့်တစ်ပြေးညီ အထူးအလေးထား၍ ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။

မိဘပြည်သူများအနေဖြင့် ယခုကဲ့သို့ ဆောင်းရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် HMPV ဗိုင်းရပ်စ်၊ ရာသီတုပ်ကွေးရောဂါ ဗိုင်းရပ်စ်တို့ကဲ့သို့သော ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားသည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများနှင့် အခြား အဏုဇီဝ ရောဂါပိုးများကြောင့် ဖြစ်ပွားသည့် လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများမှ ကာကွယ်နိုင်ရေး ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိစွာဖြင့် ရောဂါကာကွယ်ရေး နည်းလမ်းများကို သိရှိပြီး အားလုံးက လိုက်ပါဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

Myanmar Digital News

09 Jan, 07:25


လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားစေသည့် Human metapneumovirus (HMPV) ဗိုင်းရပ်စ်ပိုးအကြောင်း သိကောင်းစရာ

ဒေါက်တာ သန်းနိုင်စိုး

၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်သို့ အကူးအပြောင်း နှစ်သစ်ကူးကာလတွင် လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါကို ဖြစ်ပွားစေတတ်သော Human metapneumovirus (HMPV) ဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားမှုများနှင့် ပတ်သက်၍ ကမ္ဘာ့သတင်း မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလျက်ရှိသည်ကို တွေ့ရပါသည်။

အဆိုပါ ဗိုင်းရပ်စ်ပိုးအပါအဝင် ရာသီတုပ်ကွေးရောဂါကဲ့သို့ အဏုဇီဝရောဂါပိုးများကြောင့် ဖြစ်ပွားသည့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကာကွယ်ရေးနှင့် ပတ်သက်သည့် အချက်အလက်များကို မိဘပြည်သူများအနေဖြင့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ကြစေရေးအတွက် ဤဆောင်းပါးကို ရေးသားတင်ပြလိုက်ရပါသည်။

Human metapneumovirus (HMPV) ဗိုင်းရပ်စ်ကို ၂၀၀၁ ခုနှစ်၌ နယ်သာလန်နိုင်ငံရှိ ကလေးငယ် ၂၈ ဦးတွင် သုတေသနပညာရှင် Bernadette G. van den Hoogen နှင့်အဖွဲ့က စတင်တွေ့ရှိခဲ့ပြီး အဆိုပါဗိုင်းရပ်စ်ပိုးသည် ရာသီတုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးများနှင့် အသက်ရှူ လမ်းကြောင်းရောဂါ ဖြစ်ပွားတတ်စေသည့် (Respiratory Syncytial Virus – RSV) ဗိုင်းရပ်စ်ပိုး တို့ကဲ့သို့ ကမ္ဘာ့နိုင်ငံအနှံ့အပြား၌ ဆောင်းရာသီကာလတွင် ဖြစ်ပွားမှုများပြားလေ့ ရှိပါသည်။

HMPV ဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်၍ မိမိတို့မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်၌ ဆောင်ရွက်သည့် လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးများအား စစ်ဆေးခဲ့သည့် သုတေသနတွေ့ရှိချက်အရ HMPV ရောဂါပိုး ဖြစ်ပွားမှုရှိခဲ့ကြောင်း တွေ့ရှိခဲ့ရသဖြင့် အဆိုပါ ဗိုင်းရပ်စ်ပိုးသည် ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုးကဲ့သို့ အသစ်ဖြစ်ပေါ်လာသည့် ဗိုင်းရပ်စ်ပိုး အမျိုးအစားသစ် (novel virus) တစ်ခုမဟုတ်ကြောင်း တွေ့ရပါသည်။

လက်ရှိအချိန်၌ နိုင်ငံတကာမီဒီယာများတွင် HMPV ရောဂါပိုးကူးစက်ဖြစ်ပွားမှုသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအတွင်း ဖြစ်ပွားမှု များပြားလျက်ရှိသည်ဟု ဖော်ပြလျက်ရှိသော်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (Chinese Center for Disease Control and Prevention – China CDC) မှ ရရှိသော သတင်းအချက်အလက်များအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားမှုသည် ဆောင်းရာသီဖြစ်၍ နှစ်စဉ် ရောဂါဖြစ်ပွားမှု ပုံစံအတိုင်း မြင့်တက်ခြင်းသာဖြစ်ပြီး HMPV ဗိုင်းရပ်စ်ကြောင့် အသက်ရှူ လမ်းကြောင်းရောဂါ ဖြစ်ပွားမှုအခြေအနေကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာ ထားရှိခြင်းမရှိကြောင်း သိရပါသည်။ ထို့ပြင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ယခုနှစ် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားမှုသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ရောဂါဖြစ်ပွားမှု အရေအတွက်အရသော် လည်းကောင်း၊ ရောဂါပြင်းထန်မှုအရသော် လည်းကောင်း လျော့နည်းကြောင်း သိရသည်။

HMPV ဗိုင်းရပ်စ်ပိုးသည် အသက်အရွယ်မရွေး ကူးစက်ဖြစ်ပွားနိုင်ပြီး ကလေးငယ်များ၊ အသက်အရွယ် ကြီးရင့်သူများနှင့် ကိုယ်ခံအားစနစ် ကျဆင်းနေသူများတွင် ပိုမိုကူးစက်ဖြစ်ပွား၍ ၎င်းတို့တွင် ရောဂါပိုမို ပြင်းထန်နိုင်ခြေရှိပါသည်။ သို့ရာတွင် ရောဂါပိုးကြောင့် သေဆုံးမှုနှုန်းမှာ အသက်ရှူ လမ်းကြောင်း ရောဂါများကြောင့် သေဆုံးမှုများ အားလုံး၏ တစ်ရာခိုင်နှုန်း အောက်တွင်သာရှိကြောင်း သိရသည်။

HMPV ရောဂါပိုးသည် အခြား အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါပိုးများဖြစ်သည့် ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးတို့ကဲ့သို့ ချောင်းဆိုးခြင်း၊ နှာချေခြင်းမှထွက်ရှိသည့် အစက်အမှုန်များမှတစ်ဆင့် ကူးစက်ခြင်း (Droplet transmission)၊ ရောဂါကူးစက် ခံစားနေရသူနှင့် ထိတွေ့ခြင်း သို့မဟုတ် လက်ဆွဲနှုတ်ဆက်ခြင်း အစရှိသော အနီးကပ်ထိတွေ့ခြင်း၊ ရောဂါပိုးကပ်ငြိနေသည့် အရာဝတ္တု အသုံးအဆောင်ပစ္စည်းများနှင့် မျက်နှာပြင်များမှတစ်ဆင့် ပါးစပ်၊ နှာခေါင်း၊ မျက်စိ တို့အား ထိတွေ့ခြင်းတို့မှ ကူးစက်နိုင်ပါသည်။

ရောဂါပျိုးရက်မှာ ၃ ရက်မှ ၆ ရက်အထိဖြစ်ပြီး ရောဂါလက္ခဏာများအနေဖြင့် ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ နှာပိတ်ခြင်း၊ အသက်ရှူကျပ်ခြင်းများ ခံစားရလေ့ရှိပြီး ရောဂါကူးစက်ခံရသူ အများစုသည် ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်သည့်အချိန်မှ စတင်၍ ၃ ရက်မှ ၁၀ ရက်အတွင်း ပြန်လည်သက်သာ ကောင်းမွန်လေ့ရှိပါသည်။ ရောဂါလက္ခဏာ ပိုမိုပြင်းထန်ပါက အခြား အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများကဲ့သို့ လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းများ ခံစားရနိုင်ပါသည်။ ထို့အပြင် ရောဂါကြောင့် အချို့ကလေးငယ်များတွင် ဝမ်းလျှောခြင်း၊ အန်ခြင်း၊ အနီစက်ထွက်ခြင်း၊ အဖျားကြီး၍ တက်ခြင်း အစရှိသည်တို့ ခံစားရနိုင်ပါသည်။

ကာကွယ်ဆေးများမရှိသေး

Myanmar Digital News

09 Jan, 07:25


လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားစေသည့် Human metapneumovirus (HMPV) ဗိုင်းရပ်စ်ပိုးအကြောင်း သိကောင်းစရာ

ဒေါက်တာ သန်းနိုင်စိုး

Myanmar Digital News

09 Jan, 04:57


အများပြည်သူသို့ အသိပေးကြေညာချက်

Myanmar Digital News

09 Jan, 04:54


ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ရသူများ၊ လျှော့ပေါ့ခွင့်ရသူများနှင့် ရွှေ့ဆိုင်းခွင့်ရသူများ

Myanmar Digital News

09 Jan, 04:52


ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်

Myanmar Digital News

09 Jan, 04:48


ညစ်ညမ်းစာများကို ပုံနှိပ်၊ ထုတ်ဝေခဲ့သည့်အတွက် လုပ်ငန်းပိတ်သိမ်းထားသော ပုံနှိပ်သူနှင့် ထုတ်ဝေသူများစာရင်းအား အသိပေးကြေညာခြင်း

Myanmar Digital News

08 Jan, 14:38


ဆီဆိုင်မြို့နယ် ထီစုံကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ပျက်စီးပြီး ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်လျက်ရှိ
နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီ ၈

Myanmar Digital News

08 Jan, 14:38


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်(၅/၂၀၂၅)
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက််
တာဝန်မှ အနားယူခွင့်ပြုခြင်း

Myanmar Digital News

06 Jan, 14:48


တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူငယ်များကို ဖမ်းဆီးနေကြောင်း သတင်းတု၊ သတင်းမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီလ ၆

Myanmar Digital News

06 Jan, 14:47


မြန်မာနိုင်ငံကူးလက်မှတ်(အတု)များဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ တရားမဝင် အလုပ်သမားပို့ဆောင်သူများအား ဖမ်းဆီးရမိ
နေပြည်တော်၊ ဇန်နဝါရီလ ၆ ရက်

Myanmar Digital News

05 Jan, 14:26


ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်လျက်ရှိသော Together Urban Force အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇန်နဝါရီလ ၅ ရက်

Myanmar Digital News

04 Jan, 22:53


(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ စိုးဝင်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားတက်ရောက်

Myanmar Digital News

04 Jan, 22:53


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြု

Myanmar Digital News

04 Jan, 22:53


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြု ဖျော်ဖြေပွဲအခမ်းအနားတက်ရောက်

Myanmar Digital News

04 Jan, 22:53


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

Myanmar Digital News

04 Jan, 22:51


ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း မိုင်းထောင်ဖောက်ခွဲမှုများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား လုပ်ကြံပစ်ခတ်သူ အကြမ်းဖက်သမား တရားခံ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇန်နဝါရီ ၄

Myanmar Digital News

27 Dec, 03:21


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်မည်

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ" အပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် Website နှင့် Mobile Application တို့တွင် နိုဝင်ဘာ ၂၂ ရက်မှစတင်၍ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။

အဆိုပါ Website နှင့် Mobile Application တို့တွင် ရွေးကောက်ပွဲ အကြိုကာလ၌ ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲ အလွန်ကာလ ဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ခြင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို တစ်နေရာတည်းတွင် ကဏ္ဍစုံလင်စွာ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။

ထို့ပြင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား (၅)မျိုးဖြင့် လွှင့်တင်မည်ဖြစ်ရာ လေ့လာဖတ်ရှုလိုသူများသည် https://2020election.uec.gov.mm တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍ လည်းကောင်း လေ့လာဖတ်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Myanmar Digital News

27 Dec, 03:21


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်မည်

Myanmar Digital News

27 Dec, 03:13


ချစ်စေချင်သည် ဖြစ်စေချင်ပြီ

Myanmar Digital News

27 Dec, 03:11


၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅)ရပ်

Myanmar Digital News

27 Dec, 03:10


၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်း ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်သွားမည်

Myanmar Digital News

26 Dec, 14:18


ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း မိုင်းထောင်ဖောက်ခွဲမှုများနှင့် စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးအား လုပ်ကြံပစ်ခတ်သူ Free Land Attack Force (FLA) အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဒီဇင်ဘာ ၂၆

Myanmar Digital News

26 Dec, 14:13


မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်မီးရှို့ခဲ့သဖြင့် နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာ ၂၆

Myanmar Digital News

26 Dec, 03:40


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်မည်

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ" အပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် Website နှင့် Mobile Application တို့တွင် နိုဝင်ဘာ ၂၂ ရက်မှစတင်၍ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။

အဆိုပါ Website နှင့် Mobile Application တို့တွင် ရွေးကောက်ပွဲ အကြိုကာလ၌ ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲ အလွန်ကာလ ဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ခြင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို တစ်နေရာတည်းတွင် ကဏ္ဍစုံလင်စွာ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။

ထို့ပြင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား (၅)မျိုးဖြင့် လွှင့်တင်မည်ဖြစ်ရာ လေ့လာဖတ်ရှုလိုသူများသည် https://2020election.uec.gov.mm တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍ လည်းကောင်း လေ့လာဖတ်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Myanmar Digital News

26 Dec, 03:39


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်မည်

Myanmar Digital News

25 Dec, 14:54


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာရှိ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းမှ တူးဖော်ရရှိသည့် ရှေးဟောင်းရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ
နေပြည်တော်၊ ဒီဇင်ဘာ ၂၅

Myanmar Digital News

25 Dec, 14:40


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်

Myanmar Digital News

30 Nov, 14:23


KNDF နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ၂ ပါး ထိခိုက်ဒဏ်ရာရရှိ
နေပြည်တော်၊ နိုဝင်ဘာ ၃၀

Myanmar Digital News

30 Nov, 14:19


မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ “ချိုချို”စိန်ရွှေရတနာဆိုင်မှ ငွေကျပ် ၇၅၄ သိန်းခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းအလေးချိန် ၁၃ ကျပ်သားခန့်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ လုယက်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသားနှစ်ဦးအား သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ နိုဝင်ဘာ ၃၀

Myanmar Digital News

30 Nov, 00:11


နေ့စဉ်ထုတ် သတင်းစာ (၃)စောင်ဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် GNLM သတင်းစာတိုကို အောက်ပါ Link များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည် ...
http://www.mdn.gov.mm/newspaper/public/
www.moi.gov.mm/mal
www.moi.gov.mm/km
www.moi.gov.mm/nlm

နေ့စဉ်ထုတ် သတင်းစာ (၃)စောင်ဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် GNLM သတင်းစာတို့ကို အောက်ပါ Link များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည် ...
www.moi.gov.mm/mal
www.moi.gov.mm/km
www.moi.gov.mm/nlm

Myanmar Digital News

29 Nov, 14:52


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ တာယာစက်ရုံ (ရွာမ)သို့ သွားရောက် ကြည့်ရှုစစ်ဆေး

Myanmar Digital News

29 Nov, 14:51


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လှိုင်သာယာမြို့နယ် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ သွားရောက် ကြည့်ရှုစစ်ဆေး

Myanmar Digital News

29 Nov, 14:51


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်း အသစ်များဖြင့် စတင် ပြေးဆွဲခြင်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

Myanmar Digital News

29 Nov, 14:49


စေတုတ္တရာမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်ရှိ ကျောက်ပုံ၊ ခဲပစ်ရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့၍
ဒေသခံ ၂ ထောင်ကျော် ယာယီနေရပ်စွန့်ခွာနေရသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းအမှားများ ရေးသားဖြန့်ဝေ
နေပြည်တော်၊ နိုဝင်ဘာ ၂၉

Myanmar Digital News

29 Nov, 14:48


ဘင်္ဂလားဒေ့ရှ်နိုင်ငံ မီဒီယာများမှ ရေးသားဖော်ပြထားသည့် မြန်မာ့တပ်မတော်(ရေ)မှ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသအနီး ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက် နေပြည်တော်၊ နိုဝင်ဘာ ၂၉

Myanmar Digital News

29 Nov, 03:34


ဆန်ပို့ကုန်လုပ်ငန်းရှင်များ၏ ပူးပေါင်းမှုဖြင့် ဆောင်ရွက်ထားရှိသည့် ပို့ကုန်အခြေပြု အရန်ဆန်စနစ်တွင် ဆန်အိတ်ရေ ရှစ်သိန်းခန့်ထားရှိ

Myanmar Digital News

29 Nov, 03:23


(၇၅)ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲအခမ်းအနား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

Myanmar Digital News

29 Nov, 03:20


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါရာထူး လစ်လပ်(၇၃)နေရာအတွက် အလုပ်လျှောက်လွှာခေါ်ယူ

Myanmar Digital News

28 Nov, 08:41


ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Noriko Takagi ကို လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၂၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Noriko Takagi ဦးဆောင်သော အဖွဲ့ကို ယနေ့နံနက်ပိုင်း ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNHCR တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေးနှင့် စပ်လျဉ်း၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ ပြည်တွင်းနေထိုင်ခွင့်၊ ပြည်ဝင်ခွင့်ဗီဇာနှင့် ပြည်တွင်းခရီးသွားလာခွင့်များအတွက် ဝန်ကြီးဌာနမှ ညှိနှိုင်းဆောင်ရွက်ပေးနေမှုများ၊ UNHCR မှ ရေဘေးသင့်ဒေသများတွင် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ခဲ့သည့်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Myanmar Digital News

28 Nov, 01:35


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား ကျင်းပရေး အကြိုလေ့ကျင့်နေမှုများနှင့် ပြင်ဆင်နေမှုများ ကြည့်ရှုစစ်ဆေး

Myanmar Digital News

27 Nov, 08:52


ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Dusit Manapan နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၂၇

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Dusit Manapan နှင့် အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုချဲ့ထွင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Myanmar Digital News

27 Nov, 08:46


တာချီလိတ်မြို့၌ မယ်ဆိုင်-မယ်ဟောက် ချောင်းတစ်လျှောက် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အအုံများ စတင်ဖယ်ရှား

တာချီလိတ် နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မယ်ဆိုင်-မယ်ဟောက် ချောင်းတစ်လျှောက် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အအုံနှင့် အုတ်တံတိုင်းများ စတင်ဖယ်ရှားခြင်းကို နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက တာလော့၊ မယ်ခေါင်နှင့် ရန်အောင်မြေရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။

ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ ခေတ္တ စစ်ဗျုဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မယ်ဆိုင်-မယ်ဟောက် ချောင်းတစ်လျှောက် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အအုံနှင့် အုတ်တံတိုင်း ပိုင်ရှင်များအား တွေ့ဆုံအသိပေး အကြောင်းကြားကာ စက်ယန္တရားများနှင့် သက်ဆိုင်ရာ အဆောက်အအုံ ပိုင်ရှင်များဖြင့် စတင်ဖယ်ရှားခဲ့သည်။

ယခုနှစ် စံချိန်တင် ရေကြီးမှုကြောင့် မယ်ဆိုင်ချောင်း အောက်ခြေမျက်နှာပြင်မှာ မြင့်တက်ကာ ချောင်းဘေးရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်းနှင့် အဆိုပါ နေအိမ်များ ပြန်လည်ဆောက်လုပ်ခြင်း မပြုလုပ်ပါရန် နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ် မယ်ဆိုင်-မယ်ဟောက် ချောင်းတစ်လျှောက် ထိုင်းနိုင်ငံဘက်သို့ ကျူးကျော် အဆောက်အအုံ ဆောက်လုပ်ထားရှိမှုနှင့် တာချီလိတ်-မိုင်းဆတ်သွား လမ်းတစ်လျှောက် မယ်ဆိုင်ချောင်းဘေး ကျူးကျော်ဆောက်လုပ်ထားရှိမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှ အောက်တိုဘာ ၂၂ ရက်တွင် အောင်မြတ်ခန်းမ၌ နေအိမ်ပိုင်ရှင်များအား တွေ့ဆုံ၍ အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မယ်ဆိုင်-မယ်ဟောက် ချောင်းမှတစ်ဆင့် ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း မြန်မာဘက်မှ ကျူးကျော်ဆောက်လုပ်ထားသည့် RC တစ်ထပ်၊ နှစ်ထပ် အဆောက်အအုံ၊ သစ်သားအိမ်၊ ဂိုဒေါင်ပေါင်း ၈ ခု၊ အဆောက်အအုံ နောက်ဘက်ပိုင်း ၅ ခု၊ အုတ်တံတိုင်းနှင့် အုတ်နံရံ ၁၆ ခု၊ အိမ်သာ၊ ရေတင်စင်၊ ဆီသိုလှောင်ကန်ပေါင်း ၄ ခု စုစုပေါင်း ၃၃ ခုရှိကြောင်းနှင့် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံ ၄၅ ခုရှိကြောင်း သိရသည်။

ကျော်ဇေယျာလင်း(ပြန်/ဆက်)

Myanmar Digital News

27 Nov, 08:46


တာချီလိတ်မြို့၌ မယ်ဆိုင်-မယ်ဟောက် ချောင်းတစ်လျှောက် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အအုံများ စတင်ဖယ်ရှား

Myanmar Digital News

26 Nov, 14:54


ရန်ကုန်တိုင်းဒေသကြီးတွင် ဖုန်းဖြင့်ဆက်သွယ်ကာ အယောင်ဆောင်ပြောဆို၍ ငွေကြေးများအကြိမ်ကြိမ်လိမ်လည်ရယူခဲ့သူ တရားခံအမျိုးသား(၅)ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ နိုဝင်ဘာ ၂၆

Myanmar Digital News

26 Nov, 14:10


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၄ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၃၂ ကီလိုကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၁ သိန်းကျော် ဖမ်းဆီးရမိ
နေပြည်တော်၊ နိုဝင်ဘာ ၂၆

Myanmar Digital News

26 Nov, 14:09


အင်းတော်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများ၏ နေအိမ်များကိုမီးရှို့ ဖျက်ဆီးနေသည်ဟု သတင်းအမှားများမဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာ ၂၆

Myanmar Digital News

26 Nov, 09:43


ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ မွန်းလွဲပိုင်းက လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်းကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၃၅) စက်မှုလယ်ယာစခန်း (ထောက်ကြံ့မြို့)၌ ကျင်းပသည့် ကောက်ရိုးထုံးစက် (Round Baler)၊ ကောက်ရိုးဖြတ်စက် (Rotary Mulcher)၊ မြေဩဇာပက်ဖျန်းစက် (Fertilizer Spreader) သရုပ်ပြပွဲသို့ တက်ရောက်အားပေးသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ကောက်ရိုးထုံးစက် (Round Baler) သုံးစွဲခြင်းဖြင့် ရိတ်သိမ်းပြီးကျန်ရှိနေသော လယ်ကွင်းအတွင်းရှိ ကောက်ရိုးပြတ်များကို အရည်အသွေးမဆုံးရှုံးစေဘဲ ဆလင်ဒါပုံစံ ကောက်ရိုးထုံးများ ထွက်ရှိလာသဖြင့် မွေးမြူရေးအစားအစာအဖြစ် အသုံးချနိုင်ကြောင်း၊ ကောက်ရိုးဖြတ်စက် (Rotary Mulcher) သည်လည်း ရိုးပြတ်များကို သေးငယ်သော အပိုင်းအစများဖြစ်အောင် အပိုင်းပိုင်းဖြတ်ပေးခြင်းဖြင့် မြေသြဇာများဖြစ်ထွန်းမှု ပိုမိုမြန်ဆန်ပြီး မြေဆီလွှာကိုပိုမို ကောင်းမွန်စေကြောင်း၊ နောက်ထပ်စိုက်ပျိုးမည့် သီးနှံအား အချိန်မီစိုက်ပျိုးရန် ထယ်ရေး၊ ထွန်ရေးထွန်ရေး ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ကြောင်း။

မြေဩဇာပက်ဖျန်းစက် (Fertilizer Spreader) ကိရိယာကို အသုံးပြုခြင်းဖြင့် လက်ဖြင့်ကိုင်၍ ကြဲပက်ရန် မလိုခြင်းကြောင့် ကျန်းမာရေးထိခိုက်မှု သက်သာစေခြင်း၊ မြေသြဇာအား လိုအပ်သလောက် ထိရောက်နှံ့စပ်စွာ၊ ပမာဏညီမျှစွာ ကြဲပက်သုံးစွဲနိုင်သဖြင့် အလေအလွင့်နည်း၍ ကုန်ကျစရိတ် သက်သာနိုင်ကြောင်း၊ မြေသြဇာ သုံးစွဲမှုပမာဏ လျော့ချနိုင်သဖြင့် မြေဆီလွှာပျက်စီးခြင်းမှ ကာကွယ်နိုင်ခြင်းနှင့် သီးနှံအပင်များအား အာဟာရဓာတ်များ အညီအမျှရရှိစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဒေသခံတောင်သူများ၏ ထွန်ယက်သည်မှ ရိတ်သိမ်းချိန်အထိ လယ်ယာသုံး စက်ကိရိယာများသုံးစွဲမှု ကွင်းဆက်တစ်လျှောက် လိုအပ်သည့် အခက်အခဲများ၊ စိုက်ပျိုးရေရရှိမှု အခြေအနေ၊ မျိုးစေ့နှင့် ဓာတ်မြေဩဇာလိုအပ်ချက် စသည့် လယ်ယာကဏ္ဍဆိုင်ရာများ မေးမြန်းဆွေးနွေးရာ ဒုတိယဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဦးစီးမှူးများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရေးအတွက် ဒေသခံတောင်သူများနှင့်အတူ သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Myanmar Digital News

26 Nov, 09:43


ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

Myanmar Digital News

26 Nov, 09:10


2024 Colourful World အမည်ဖြင့် ကျင်းပသည့် “International Youth Painting Invitational Exhibition; Awarding and Opening Ceremonies” တွင် မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူများ ဆုများရရှိ

နေပြည်တော် နိုဝင်ဘာ ၂၆

တရုတ်နိုင်ငံ ပေကျင်းမြို့၌ 2024 Colourful World အမည်ဖြင့် ကျင်းပသည့် “International Youth Painting Invitational Exhibition; Awarding and Opening Ceremonies” တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ ဆုများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ၏ အသက် (၇ နှစ်မှ ၁၂ နှစ်အထိ) အုပ်စုတွင် G4 ကျောင်းသား မောင်သစ်ထူးဉာဏ် က (ပထမ)ဆု၊ အသက် (၁၃ နှစ်မှ ၁၈ နှစ်အထိ) အုပ်စုတွင် G9 ကျောင်းသား မောင်ဖုန်းမြတ်စံ က (ဒုတိယ)ဆုနှင့် G9 ကျောင်းသား မောင်မင်းစစ်ပိုင်၊ G8 ကျောင်းသား မောင်ပြည့်ဖြိုးဟိန်းနှင့် ပန်းချီပညာသင်ကျောင်းမှ မဇူးဇူးလှိုင် တို့က (တတိယ)ဆုတို့ကို ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ “International Youth Painting Invitational Exhibition; Awarding and Opening Ceremonies” ကို နိုဝင်ဘာ ၂၃ ရက်က ပေကျင်းပြည်သူ့ နိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်း (BPAFFC)နှင့် Beijing Association for Science and Technology, Overseas Chinese Affairs Office of Beijing Municipal Government, Beijing Women's Federation တို့ ပူးပေါင်းစီစဉ် ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲသို့ နိုင်ငံပေါင်း (၆၄)နိုင်ငံမှ ကျောင်းသားကျောင်းသူ (၅၂၀၀၀) ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို အသက် (၄ နှစ်မှ ၆ နှစ်အထိ) အုပ်စု၊ အသက် (၇ နှစ် မှ ၁၂ နှစ် အထိ) အုပ်စုနှင့် အသက် (၁၃ နှစ်မှ ၁၈ နှစ် အထိ) အုပ်စုဟူ၍ အုပ်စု(၃)စု ခွဲခြားယှဉ်ပြိုင်စေခဲ့ကြကာ မြန်မာနိုင်ငံမှ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)၏ ကြီးကြပ်မှုဖြင့် အထက်ပါ အုပ်စု(၂)စုတွင် ယှဉ်ပြိုင်ရေးဆွဲပေးပို့၍ ပြိုင်ပွဲဝင်ခဲ့ကြရာ ထူးချွန်ဆုများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Myanmar Digital News

26 Nov, 09:10


2024 Colourful World အမည်ဖြင့် ကျင်းပသည့် “International Youth Painting Invitational Exhibition; Awarding and Opening Ceremonies” တွင် မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူများ ဆုများရရှိ

Myanmar Digital News

26 Nov, 09:06


တောင်ကြီးနှင့် အင်းလေးဒေသ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂၆

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမြို့၏ အထင်ကရ ခရီးသွားဆွဲဆောင်ရာနေရာဖြစ်သည့် ရွှေဘုန်းပွင့်ဘုရားနှင့် မွေတော်ကက္ကူဘုရားသို့ သွားရောက်ဖူးမြော်၍ ဘုရားဖူးခရီးသွားလုပ်ငန်း ဆောင်ရွက်နိုင်မှုကို ကြည့်ရှုပြီး အလှူငွေများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် Villa Inle Boutique Resort သို့ သွားရောက်၍ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့သည် ညောင်ရွှေခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များအား ညောင်ရွှေမြို့ရှိ Aureum Palace Hotel ၌ တွေ့ဆုံ၍ ညောင်ရွှေဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်ရာတွင် လုပ်ငန်းများအဆင်ပြေစေရေးနှင့် လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ ပေါင်းစပ်ဆောင်ရွက်ရေး၊ ဒေသထွက်အစားအစာနှင့် ရိုးရာလက်မှု ပစ္စည်းများ၊ အမှတ်တရ လက်ဆောင်များ ထုတ်လုပ်ရောင်းချခြင်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စီးပွားရေးရာဝန်ကြီးက ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများကို အကြံပြုဆွေးနွေးပြီး တက်ရောက်လာသည့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဟိုတယ်လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

သတင်းစဉ်

Myanmar Digital News

26 Nov, 09:06


တောင်ကြီးနှင့် အင်းလေးဒေသ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

Myanmar Digital News

26 Nov, 03:14


ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ ပေးပို့

နေပြည်တော် နိုဝင်ဘာ ၂၆

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေး ပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မှာယူသည့် ဆန် (၂၄)ပြည်အိတ် (၂၀၀၀)၊ စားသုံးဆီ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် စုစုပေါင်း (၁၇၂ ဒသမ ၃၄၈) တန်ကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ၂၀၂၃ ခုနှစ်မေ ၁၆ ရက်မှစ၍ ယနေ့အထိ တပ်မတော် စစ်ရေယာဉ်များအပါအဝင် ရေယာဉ် (၄၉)စီးဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များ ပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၇၁၂၇၁ ဒသမ ၇၈ တန်နှင့် ဒီဇယ် ၂၄၉၇၆၂ ဂါလန်၊ Octane 92 ၁၉၉၈၈၆ ဂါလန် ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Myanmar Digital News

21 Nov, 09:21


စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့အား ငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၅ ရက် နံနက် ၅ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ကျီကုန်းကျေးရွာလမ်းဆုံတွင် ကလေးဝမှ ကလေးဘက်သို့ စိန်လွင်မောင်းနှင်ပြီး ချစ်စန်းကို လိုက်ပါလာသည့် FUSO ၁၂ ဘီးယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဘိန်းဖြူ ၅၀ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့တွင် မန္တလေးမှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချခဲ့ကြသည့် မြင့်နိုင်ဦး (ခ) မောင်စိုးနှင့် ဇော်ဝင်းထွန်း (ခ) နိုင်ဝင်းထွန်း (ခ) နားကားတို့အား မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်ရှိ နေအိမ်တွင်လည်းကောင်း၊ ဘရန်မွန်း (ခ) ဇော်တန်အား မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်တွင် လည်းကောင်း၊ ရန်နိုင်အား မဟာအောင်မြေမြို့နယ် စင်္ကြာနွယ်စဉ်ရပ်ကွက်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း။

ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီတွင် အဆိုပါ မူးယစ်ဆေးဝါးများအား ကလေးမြို့တွင် လက်ခံသိုလှောင်၍ မြန်မာ-အိန္ဒိယ နယ်စပ်သို့ တင်ပို့ရောင်းချသူများ ဖြစ်ကြသည့် လားထန်ပွီးယာအား ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ(၁၀)တွင် တစ်ဖက်နိုင်ငံမှ တရားမဝင် တင်သွင်းခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်နှင့်လည်းကောင်း၊ သောက်နယ်လွယ် (ခ) ပုသောက်အား ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ(၁၃)ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၅၁ သန်း၊ အိုက်စ် (မက်အဖက်တမင်း) ၄၁၂ ကီလို၊ ဘိန်းဖြူ သုည ဒသမ ၄၃ ကီလိုနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ နိုဝင်ဘာ ၆ ရက်တွင် မန္တလေးမှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများ တင်ပို့ခဲ့သည့် ဝင်းဌေးအောင်အား ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့၍ ၎င်းတင်ပို့ခဲ့သည့် မူးယစ်ဆေးဝါးများအား လက်ခံသိုလှောင်ထားသည့် လှမိုး(ခ)ဆန်းလွင်အား ကလေးမြို့ လှိုင်သာယာရပ်ကွက်ရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်တွင် ဘိန်းဖြူ ၁၃ ဒသမ ၂ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။

ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများအား မန္တလေးမြို့တွင် တစ်ဆင့်ပြန်လည်ရောင်းချသူမှာ ရော်ကျိန်ရန် (ခ) အားဟွိုက်ဖြစ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာတွင် ငွေကြေးလွှဲပြောင်း လက်ခံဆောင်ရွက်ပေးသူမှာ ၎င်း၏ဇနီး မအားမိန်ဖြစ်ကြောင်း သိရှိရသဖြင့် ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်ရှိ နေအိမ်တွင် ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်နေ စိုးဝင်း၏ အစီအမံဖြင့် မူးယစ်ဆေးဝါးများ မန္တလေးတွင် လက်ခံသိုလှောင် ဖြန့်ဖြူးပို့ဆောင်ပေးသူ ရဲဇော်အောင် (ခ) အားဖအား ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်ရှိ နေအိမ်၌ ဘိန်းဖြူ ၈၉ ဒသမ ၈ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ဒသမ ၀၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၅၁ သန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၃ တန်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးမြို့သို့ သယ်ဆောင်ပြီး ထိုမှတစ်ဆင့် ကလေးမြို့ တွင်သိုလှောင်၍ မြန်မာ-အိန္ဒိယနယ်စပ်တွင် တစ်ဘက်နိုင်ငံမှ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူများနှင့် ချိတ်ဆက်သယ်ဆောင် ရောင်းဝယ်ခဲ့ကြောင်းနှင့် အလားတူ ထိန်းချုပ်ဓာတုပစ္စည်းများ တစ်ဘက်နိုင်ငံမှ တရားမဝင်တင်သွင်းခဲ့ကြသည့် မူးယစ်မှောင်ခိုဂိုဏ်း အဖွဲ့ဝင်(၂၁)ဦးအား ဖော်ထုတ်နိုင်ခဲ့၍ ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Myanmar Digital News

21 Nov, 09:21


စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

Myanmar Digital News

21 Nov, 00:12


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

Myanmar Digital News

20 Nov, 14:34


မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာဟောင်းအနီးရှိ ခရီးသွားဆိုင်ကယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်
နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာလ ၂၀ ရက်

Myanmar Digital News

20 Nov, 04:30


ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် လစ်လပ်လျက်ရှိသော အငယ်တန်းအင်ဂျင်နီယာ(၂) ရာထူး (၇၀)နေရာအတွက် အလုပ်လျှောက်လွှာခေါ်ယူ

Myanmar Digital News

20 Nov, 04:16


လူမှုဝန်ထမ်းဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဖော်ပြပါရာထူး (၃၂၆)နေရာများအတွက် အလုပ်လျှောက်လွှာခေါ်ယူ

Myanmar Digital News

20 Nov, 04:13


ပြည်သူ့အင်အားဦးစီးဌာနတွင် ယာယီနေ့စား (၁၀၀)ဦး ခန့်ထားရန် အလုပ်လျှောက်လွှာခေါ်ယူ

Myanmar Digital News

20 Nov, 04:02


သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခုတို့မှ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာခေါ်ယူကြောင်း ကြေညာချက်

Myanmar Digital News

20 Nov, 03:58


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် "မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ"ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်မည်ဖြစ်

Myanmar Digital News

19 Nov, 16:25


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ပိတ်ပွဲ အခမ်းအနားကျင်းပမည့် နေရာများအား ကြည့်ရှုစစ်ဆေး

Myanmar Digital News

19 Nov, 16:25


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Myanmar Digital News

19 Nov, 16:24


ကန့်ဘလူမြို့နယ်တွင် ခရီးသွားယာဉ်ပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီး ၁ ပါးနှင့် ပြည်သူ ၄ ဦး သေဆုံးသည်ဟု သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ
နေပြည်တော်၊၂၀၂၄ နိုဝင်ဘာ ၁၉

Myanmar Digital News

19 Nov, 16:21


လက်နက်ကိုင်အကြမ်းဖက်သမားများက ခရီးသည်တင် မော်တော်ယာဉ်အား Drone အသုံးပြု၍ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ ခရီးသွားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ
နေပြည်တော်၊ နိုဝင်ဘာ ၁၉

Myanmar Digital News

19 Nov, 03:09


သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ကျောင်းအပ်လက်ခံမည့်ရက် (သတင်းပို့ရမည့်ရက်)နှင့် ကျောင်းစတင်ဖွင့်လှစ်မည့်ရက်များ ထုတ်ပြန်ကြေညာ

Myanmar Digital News

19 Nov, 03:07


အဆင့်မြင့်ပညာဦးစီးဌာန
ကြေညာချက်

Myanmar Digital News

18 Nov, 14:16


မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင် ပြည်သူ့စစ်မှုထမ်းဆောင်ရန် ပေါ်တာဆွဲဖမ်းဆီးနေကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ နိုဝင်ဘာ ၁၈

Myanmar Digital News

18 Nov, 13:10


နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ၂၀၂၄ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

Myanmar Digital News

18 Nov, 09:47


ဒုတိယဝန်ကြီးဒေါ်နုမြဇံ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ ၁၈

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် မိုးကြိုးလွှဲတပ်ဆင်ဆောင်ရွက်ခြင်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှေးဟောင်းအဆောက်အအုံအမှတ်(၂၀၇) တိဿဘုရားနှင့် ရှေးဟောင်းအဆောက်အအုံအမှတ်(၂၁၁)တို့ကို ဘုရားဖူးဧည့်သည်များ လွယ်ကူစွာ ဖူးမြော်နိုင်ရေး ဘုရားဖူးဝင်လမ်း၊ ထွက်လမ်း လမ်းဖောက်မည့်အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ယာဂီမုန်တိုင်းကာလတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်မှုရှိခဲ့သော ဝတ္ထနတောဘုရားစုရှိ ရှေးဟောင်းအဆောက်အအုံအမှတ်(၃၄၅) ပြန်လည်ပြုပြင် ထိန်းသိမ်းထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဘုရားပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းကို ရှေးဟောင်းအမွေအနှစ် လက်ရာများ ထိခိုက်မှုမရှိစေရေးနှင့် ရေရှည်ကြံ့ခိုင်စေရေးတို့ကို အလေးထား ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ရှေးဟောင်းအဆောက်အအုံအမှတ်(၃၇၄) အလိုတော်ပြည့်ဘုရားကို ဖူးမြော်ကြည်ညို၍ မိုးကြိုးလွှဲတပ်ဆင်ပြီးစီးမှုကို လည်းကောင်း၊ ဧရိယာ D ရှိ ဘုရားအပေါ်ပိုင်းနှင့် ဘေးပတ်လည် ဘုရားလိုဏ်အတွင်း သန့်ရှင်းရေး ဆောင်ရွက်မှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လမ်းဘေးဝဲယာရှိ ဘုရားများတွင် ဦးစားပေးဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ရှေးဟောင်းအဆောက်အအုံအမှတ်(၂၃၅) သိကြားပုန်းဘုရားသို့ ရောက်ရှိပြီး ဘုရားလိုဏ်အတွင်းရှိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ကားရပ်နားရန်နေရာအား မြေသားနေရာ ထပ်မံတိုးချဲ့ခြင်းလုပ်ငန်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်မည့် သိကြားပုန်းဘုရား ချဉ်းကပ်လမ်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Myanmar Digital News

18 Nov, 09:47


ဒုတိယဝန်ကြီးဒေါ်နုမြဇံ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှု ကြည့်ရှုစစ်ဆေး

Myanmar Digital News

18 Nov, 09:43


မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးနှစ် (၁၀၀)ပြည့် အထိမ်းအမှတ် (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်

နေပြည်တော် နိုဝင်ဘာ ၁၈

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးနှစ် (၁၀၀)ပြည့် အထိမ်းအမှတ် အတည်ပြုရွေးချယ်ထားသည့် အမှတ်တံဆိပ် Logoအား အထူးထုတ် စာပို့တံဆိပ်ခေါင်းအဖြစ် (၂၀၀ ကျပ်တန်) စာပို့ တံဆိပ်ခေါင်းသစ်(၁)မျိုးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ(၂၁)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၆)ရက် (ကြာသပတေးနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ (၂၁)ရက် (ကြာသပတေးနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည် ဖြစ်သည်။

သတင်းစဉ်

Myanmar Digital News

18 Nov, 09:40


အာဆီယံခရီးသွားလုပ်ငန်း ညှိနှိုင်းအစည်းအဝေး၊ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်း ကွန်ဖရင့်နှင့် အာဆီယံအပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၈

စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ ခိုင်မြဲသော ခရီးသွားလုပ်ငန်းကော်မရှင်မှ ဦးဆောင်ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းကွန်ဖရင့်နှင့် ဆက်စပ်၍ စင်ကာပူနိုင်ငံ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် အာဆီယံ အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

နိုဝင်ဘာ ၁၃ ရက်တွင် စင်ကာပူနိုင်ငံ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ရုံး၌ ကျင်းပသည့် အာဆီယံ ခရီးသွားလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံ၏ အဓိက ခရီးသွားစျေးကွက် နိုင်ငံများနှင့် အနာဂတ် မျှော်မှန်းချက်၊ အာဆီယံခရီးသွားလုပ်ငန်းကဏ္ဍ မဟာဗျူဟာ ၂၀၃၀ ရေးဆွဲရာတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်း အလားအလာများအရ အနာဂတ် အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းလျာထား ဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးကြသည်။

နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်း ကွန်ဖရင့်ကို ဆက်လက်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု၊ လူမှုအဖွဲ့အစည်းနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး Mr. Alvin Tan နှင့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းကော်မရှင် ဥက္ကဋ္ဌ Mr. Luigi Cabrini တို့ တက်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံနှင့် နိုင်ငံတကာမှ စိတ်ပါဝင်စားသူ ကိုယ်စားလှယ် (၅၀၀)ကျော် တက်ရောက်ကြသည်။ အဆိုပါ ကွန်ဖရင့်တွင် နိုင်ငံတကာမှ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ခရီးသွားလုပ်ငန်းများနှင့် ခရီးစဉ်ဒေသများ ရေရှည်ဖွံဖြိုးတိုးတက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေးစံနှုန်းများ ရေးဆွဲသတ်မှတ်ထားမှု၊ ကဏ္ဍအလိုက် ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံ ပြည်သူများနှင့် ပါဝင်သက်ဆိုင်သူများ စုပေါင်းဆောင်ရွက်ရန် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ၁၅ ရက် မွန်းလွဲပိုင်းတွင် အာဆီယံ အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် လေ့လာရေးအစီအစဉ်သို့ ဆက်လက်ပါဝင်တက်ရောက်ခဲ့ပြီး ကမ္ဘာ့ခရီးသွား လုပ်ငန်းများအနက် အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းကို အလေးထား ဆောင်ရွက်သင့်သည့် အခြေအနေ၊ အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင်အသုံးပြုမှုလျော့ချရေး အစီအစဉ်များ ထည့်သွင်းဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် Marina Bay Cruise Centre Singapore နှင့် Singapore Cruise Centre အပျော်စီး သင်္ဘောဆိပ်များသို့ သွားရောက်ခဲ့ပြီး စင်္ကာပူနိုင်ငံသို့ ဝင်/ထွက်သွားလာရာတွင် လွယ်ကူအဆင်ပြေအောင် ဝန်ဆောင်မှုပေးနေမှု လုပ်ငန်းစဉ်များကို လေ့လာခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Myanmar Digital News

18 Nov, 09:40


အာဆီယံခရီးသွားလုပ်ငန်း ညှိနှိုင်းအစည်းအဝေး၊ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်း ကွန်ဖရင့်နှင့် အာဆီယံအပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကျင်းပ

Myanmar Digital News

18 Nov, 09:21


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာကားဝင်းတွင် လှမင်းထွန်း မောင်းနှင်ပြီး အကူယာဉ်မောင်း မြင့်သူစိုးနှင့် ယာဉ်နောက်လိုက် ဖြိုးကျော်ဇော(ခ)မိုးထက်မြင့် တို့ လိုက်ပါလာသည့် ခရီးသည်တင်မှန်လုံယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ လိပ်ကုန်းကျေးရွာနေ ဖမ်းဆီးရမိယာဉ်ပိုင်ရှင်ဖြစ်သူ အောင်ခိုင်ထူးနှင့် ဇနီး မမိုးစံပယ် တို့၏ အစီအမံဖြင့် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် အကျိုးအမြတ်များဖြင့် ဝယ်ယူပိုင်ဆိုင်ထားသည့် KING LONG အမျိုးအစား ခရီးသည်တင် မှန်လုံယာဉ်တစ်စီးနှင့် HIGER အမျိုးအစား ခရီးသည်တင်မှန်လုံယာဉ် တစ်စီးတို့ကို ဆက်လက်ဖော် ထုတ်သိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း၊ အမှုတွင် ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Myanmar Digital News

18 Nov, 09:21


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိ

Myanmar Digital News

18 Nov, 08:56


ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်

ရန်ကုန် နိုဝင်ဘာ ၁၈

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ စတင်ကပ်လှူပူဇော်ခြင်းနှင့် ရွှေပြားသင်္ကန်းတော်များ လှည့်လည်ပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းတွင် စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

ဦးစွာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဂေါပကအဖွဲ့တို့က ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတာ်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စမ်းချောင်းမြို့နယ် နေနတ်သား ပရိယတ္တိ စာသင်တိုက်၊ ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသုစိတ္တထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်း ပရိတ်တော်များ နာယူကြည်ညိုကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက အနုမောဒနာစာတမ်းလွှာကို ဖတ်ကြားလျှောက်ထားရာ ၂ဝ၂၄-၂ဝ၂၅ ခုနှစ် ရွှေသင်္ကန်းတော်ကပ်လှူခြင်းလုပ်ငန်းကို ဆရာတော်ကြီးများထံ ဩဝါဒခံယူခဲ့ပြီး စက်တင်ဘာ ၁၉ ရက်မှစတင်၍ ဝါးငြမ်းထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကာ ယခု ရွှေပြားသင်္ကန်းတော်များ စတင်ကပ်လှူပူဇော်သွားမည် ဖြစ်ပါကြောင်း၊ အောက်တိုဘာ ၃၁ ရက်အထိ ရွှေစင် ၆ ကျပ်သား ၄၆၇ ချပ်၊ ရွှေစင် ၁ ကျပ်သား ၄၂၇၂ ချပ် စုစုပေါင်း ၄၇၃၉ ချပ် အလှူရရှိထားပြီး ရထားပျံပေါ်သို့ အလှူရှင်များကိုယ်တိုင် တင်လှူပူဇော်နိုင်စီစဉ်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လျှောက်ထားသည်။

ထို့နောက် ဩဝါဒါစရိယ ဆရာတော်ကြီးများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးတို့က လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋက ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ သ.စ.အ ဓမ္မာစရိယ ဝဋံသကာပါဠိပါရဂူ စေတိ ယင်္ဂဏပဝရသိရီ မဟာဓမ္မဂုရု ဘဒ္ဒန္တနာရ ဒါဘိဝံသ(လှရတနာဆရာတော်) ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များသည် ရွှေစင်ရွှေပြားသင်္ကန်းတော်များ ပင့်ဆောင်၍ ရွှေတိဂုံစေတီတော် ရင်ပြင်တော်အား လက်ျာရစ်တစ်ပတ် လှည့်လည်ပူဇော်ပြီး ပန်းရထားပျံဖြင့် တင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

ဇော်မင်းလတ်(သတင်းစဉ်)

Myanmar Digital News

18 Nov, 08:56


ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်

Myanmar Digital News

18 Nov, 04:17


တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ် မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်

Myanmar Digital News

18 Nov, 04:08


PDF Game ဆော့ကစားခြင်းကြောင့် ဥပဒေအရ အရေးယူခံရနိုင်သည်

Myanmar Digital News

18 Nov, 04:07


ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ရသူများ၊ လျှော့ပေါ့ခွင့်ရသူများနှင့် ရွှေ့ဆိုင်းခွင့်ရသူများ

Myanmar Digital News

18 Nov, 04:03


ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်းပြုလုပ်နိုင်

Myanmar Digital News

18 Nov, 03:58


အများပြည်သူသို့ အသိပေးကြေညာချက်

Myanmar Digital News

18 Nov, 03:55


အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်

Myanmar Digital News

14 Nov, 14:59


ကန့်ဘလူမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ်(၁၀၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာလ ၁၄

Myanmar Digital News

14 Nov, 14:39


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ၊ ချူရှု့ပြည်နယ်ခွဲသို့ လေ့လာရေးခရီးစဉ်သွားရောက်

Myanmar Digital News

14 Nov, 14:38


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ် အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားတွေ့ဆုံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ် အကြီးအကဲ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ချောင်းသာကမ်းခြေ၌ လည့်လည်ကြည့်ရှု၊ ချေင်းသာမြို့အဝင်၌ ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ခရေပင်စိုက်ပျိုး၊ နေပြည်တော်သို့ရောက်ရှိ

Myanmar Digital News

14 Nov, 14:38


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပူဇော်

Myanmar Digital News

14 Nov, 08:34


အကျဉ်းသူများကို အကြောင်းမဲ့ တိုက်ပိတ်ထားသည်ဟု မဟုတ်မမှန်လုပ်ကြံ သတင်းရေးသား ဖြန့်ဝေ

နေပြည်တော် နိုဝင်ဘာ ၁၄

သာယာဝတီ အကျဉ်းထောင်တွင် အင်းစိန်ထောင်နှင့် အိုးဘိုထောင်မှ ပြောင်းလာသည့် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးခန့်ကို ၂ နှစ်နီးပါးကြာ အကြောင်းမဲ့ တိုက်ပိတ်ထားသည်ဟု Khit Thit Media အမည်ခံ Facebook Page က နိုဝင်ဘာ ၁၁ ရက်တွင် မဟုတ်မမှန်လုပ်ကြံ သတင်းရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ဖြစ်စစ်အား စိစစ်ရာ သာယာဝတီဗဟိုအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူဟူ၍ မရှိဘဲ တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်ကျူးလွန်၍ ပြစ်ဒဏ်ကျ ခံနေရသူများသာရှိပြီး အကျဉ်းထောင်တွင် သာယာဝတီခရိုင်အတွင်းမှ ပြစ်ဒဏ်ကျခံသူ အကျဉ်းသား/သူ နည်းပါးပြီး လူဦးရေကြပ်တည်းသည့် အကျဉ်းထောင်များမှ အကျဉ်းသား/သူများ၊ အခြားထောင်များမှ စည်းကမ်းပျက် အကျဉ်းသား/သူများကို လက်ခံ ထိန်းသိမ်းထားရှိမှုများကြောင်း။

သာယာဝတီဗဟိုအကျဉ်းထောင်၏ တိုက်အမှတ်(၅)၌ စည်းကမ်းပျက် ထောင်ပြောင်းလာသည့် အကျဉ်းသူ (၇)ဦးရှိပြီး ကျိုက်မရောဗဟိုထောင်မှ (၂)ဦး၊ အင်းစိန်ဗဟိုထောင်မှ (၂)ဦး၊ ဘားအံထောင်မှ (၁)ဦး၊ မန္တလေး ဗဟိုအကျဉ်းထောင်မှ (၁)ဦး၊ သာယာဝတီ ဗဟိုအကျဉ်းထောင်မှ (၁) ဦး ဖြစ်ကြောင်း။

ထို့အတူ တိုက်အမှတ်(၈)၌ စည်းကမ်းပျက် ထောင်ပြောင်းများဖြစ်သည့် မန္တလေး ဗဟိုအကျဉ်းထောင်မှ (၁၃)ဦး၊ အင်းစိန်ဗဟို ထောင်မှ (၂)ဦး၊ ပြည်အကျဉ်းထောင်မှ (၂)ဦး၊ သာယာဝတီ ဗဟိုအကျဉ်းထောင်မှ (၁)ဦး စုစုပေါင်းအကျဉ်းသူ (၁၈)ဦး ရှိကြောင်း၊ ယင်းအကျဉ်းသူများသည် တိုက်ပိတ်ပြစ်ဒဏ် ကျခံနေရခြင်းမရှိဘဲ လုံခြုံရေးအရ သီးခြားခွဲထားသည့် အကျဉ်းသူများသာဖြစ်ပြီး အိပ်ဆောင်ရှိ အကျဉ်းသူများကဲ့သို့ ရပိုင်ခွင့်များ အပြည့်အဝရှိကြောင်း။

တိုက်နှစ်ခုလုံး၏ တာဝန်ခံ ဒုကြီးကြပ်ရေးမှူးသည် ယင်းအကျဉ်းသူများ၏ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျန်းမာရေးကိစ္စရပ်များကို အနီးကပ်ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိပြီး ယင်းအကျဉ်းသူများသည် အခြား အကျဉ်းသူများနှင့် ရောနှောထားရှိပါက အကျဉ်းထောင်စည်းကမ်းများကို ဖောက်ဖျက်နိုင်သည်ကို စိစစ်တွေ့ရှိရသဖြင့် သီးခြားခွဲ၍ ထိန်းသိမ်းထားရှိခြင်းသာ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သာယာဝတီဗဟိုအကျဉ်းထောင်သည် လယ်ယာမြေများ၏ အလယ်တွင် တည်ဆောက်ထားသဖြင့် မိုးရာသီတွင် အကျဉ်းထောင်အတွင်းသို့ မြွေများ၊ ကင်းခြေများကောင်များ၊ ကင်းမြီးကောက်များ ဝင်ရောက်လေ့ရှိသဖြင့် အမျိုးသားဝန်ထမ်းများက ဝင်ရောက်ရှင်းလင်းရာတွင် အကျဉ်းသူများကို အိပ်ဆောင် (သို့) တိုက်ခန်းများအတွင်းသို့ ဝင်ရောက်စေပြီးမှသာ အမျိုးသားဝန်ထမ်းများအား ဝင်ရောက်ရှင်းလင်းစေသည့်အတွက် အခန်းတွင်း ဝင်ရောက်ရိုက်နှက် အပြစ်ပေးခြင်းများ၊ ကြိမ်းမောင်းဆဲဆိုခြင်းများ မရှိသည့်အတွက် Khit Thit Media အမည်ခံ Facebook Page ၏ ဖော်ပြမှုသည် အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ထင်ယောင်ထင်မှား ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်လုပ်ကြံသတင်းဖော်ပြခြင်းသာ ဖြစ်သည်။ မိုးမိုး

Myanmar Digital News

14 Nov, 08:34


အကျဉ်းသူများကို အကြောင်းမဲ့ တိုက်ပိတ်ထားသည်ဟု မဟုတ်မမှန်လုပ်ကြံ သတင်းရေးသား ဖြန့်ဝေ

Myanmar Digital News

14 Nov, 08:19


ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ဖွင့်ပွဲအခမ်းအနား ပြည်သူ့ရင်ပြင်၌ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ UMFCCI နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုလိုဈေးရောင်းပွဲတော်များနှင့် ပြပွဲများ ကျင်းပခြင်းကြောင့် နိုင်ငံ၏စီးပွားရေးတွင် အသေးစား၊ အငယ်စား၊ အလတ်စား (MSME) လုပ်ငန်းများသည် အဓိကမောင်းနှင်အား ဖြစ်သည့်အလျောက် MSME လုပ်ငန်းများ ထူထောင်လုပ်ကိုင်မှုကို အားပေးရန်လိုအပ်ပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းသည် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး စီပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် စက်မှုဇုန်ဥက္ကဋ္ဌများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသော ဧည့်သည်တော်များသည် ဈေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှု၍ ဝယ်ယူအားပေးကြသည်။

ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကြီးအား ယနေ့မှ နိုဝင်ဘာ ၁၆ ရက်အထိ (၃)ရက်တိုင်တိုင် နေ့စဉ်နံနက် ၈ နာရီမှ ည ၁ဝ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်ခန်းများ၊ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်ခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း (၅၅၄)ခန်း ပါဝင်ပြသ ရောင်းချလျက်ရှိသည်။

ထို့ပြင် လုံခြုံရေးကိုလည်း စနစ်တကျစီစဉ်ထားပြီး မီးပုံးပျံလွှတ်တင် အစီအစဉ်များ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ ကျော်ကြားသော အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် ပွဲတော်လာပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် YBS ယာဉ်များဖြင့် အကြို/အပို့ စီစဉ်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

‌အောင်မြင့်(ပြန်/ဆက်)

Myanmar Digital News

14 Nov, 08:18


ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ဖွင့်ပွဲအခမ်းအနား ပြည်သူ့ရင်ပြင်၌ကျင်းပ

Myanmar Digital News

14 Nov, 03:56


တတိယလက်ငင်းအကျိုးအနေဖြင့် “ကိလေသာ မြူဆိုင်း၍ တရားထူးမရနိုင်သော လူ့ဘောင်ကိုစွန့်၍ ရဟန်းဘောင်သို့ဝင်ကာ ပါတိမောက္ခသံဝရမည်သည့် ဖြူစင်သန့်ရှင်းသော ရဟန်းတို့၏ အကျင့် သီလကိုစောင့်ထိန်းကာ ကောင်းသောအကျင့်၊ ကောင်းသောနေရာတို့ကိုလည်း ပိုင်ဆိုင်ပြည့်စုံတော်မူသည်။ အနည်းငယ်မျှသော အပြစ်တို့ကိုလည်း ဘေးအန္တရာယ်အဖြစ်ရှုမြင်ပြီး ရှောင်ကြဉ်ကာ သိက္ခာပုဒ်သီလတို့အား ဆောက်တည်ကျင့်ကြံကြသည်။ ကောင်းသောအလုပ်၊ ကောင်းသောအပြောနှင့် ပြည့်စုံကြသဖြင့် ကောင်းမွန်စင်ကြယ်သော အသက်မွေးမှုကိုလည်း ကျင့်ကြံပြီးသားဖြစ်သည်။ ကောင်းမွန်သောသီလနှင့် ပြည့်စုံသည်။ စေ့ထားသောတံခါးကဲ့သို့ ကိုယ်နှုတ်စိတ်တို့ကို အမြဲဆင်ခြင်၍ ထိန်းသိမ်းသည်။ အစားအသောက် စားသောက်ရာ၌လည်း အတိုင်းအတာနှင့် စားသောက်သည်။ ရသမျှအစား၊ အဝတ်နှင့်သာ ရောင့်ရဲတင်းတိမ်သည်။ တရားကို အမြဲအောက်မေ့ကာ သတိတရားထား၍ အမြဲဆင်ခြင်လေ၏”ဟု မိန့်ခဲ့သည်။

သီလကဏ္ဍ

ထို့နောက်မြတ်စွာဘုရားရှင်သည် အဇာတသတ် မင်းအား ၁၀၄ ခွန်းသော ဂါထာတော်များဖြင့် တန်ဆာဆင်အပ်သော တရားတော်များအား ဆက်လက်ဟောကြားခဲ့ရာ သီလကဏ္ဍတွင် အခြေခံအဆင့်(စူဠသီလ)၊ အလယ်တန်းအဆင့်(မဇ္ဈိမသီလ)၊ အထက်တန်းအဆင့်(မဟာသီလ)တို့ ရှိကြောင်း၊ ဤလောက၌ ရဟန်းတို့သည် အသက်သတ်ခြင်းကို ပယ်ခွာရှောင်ကြဉ်၍ တုတ်၊ ဓား၊ လက်နက်တို့ကို ကိုင်ဆောင်ရန် ရှက်ကြောက်ရွံ့ပြီး သနားသောကြောင့် မကိုင်ဆောင်ဘဲ ခပ်သိမ်းသောသတ္တဝါတို့၏ အစီးအပွားအား အလိုရှိခြင်းသည်လည်း ရဟန်းတို့၏ အခြေခံသီလဖြစ်သည်။ ပေးလှူသောပစ္စည်းကိုသာအလိုရှိခြင်း၊ မေထုန်အကျင့်ရှောင်ခြင်း၊ မှားသော/ ကုန်းတိုက်သော/ ကြမ်းတမ်းသော/ အကျိုးမရှိသော စကားများရှောင်ခြင်း၊ မျိုးစေ့အပင် ချိုးယူဖျက်ဆီးခြင်းကို ရှောင်ခြင်း၊ ကခြင်း/ သီဆို တီးမှုတ်ခြင်း/ ပွဲကြည့်ခြင်း/ ပန်းပန်ခြင်း/ နံ့သာခြယ်လိမ်းခြင်း၊ လယ်ယာတိရစ္ဆာန်အလှူခံခြင်းနှင့် ဖမ်းဆီးလုယက်ဓားပြတိုက်ခြင်းတို့မှ ရှောင်ကြဉ်ရန် တို့ပါဝင်ပေသည်ဟု ဟောသည်။

အလယ်တန်းအဆင့်သီလတွင် မျိုးစေ့အပေါင်း၊ အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ခြင်း၊ သိုမှီးသုံးဆောင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပွဲကြည့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လောင်းကစားခြင်းမှ ရှောင်ကြဉ် ခြင်း၊ မြင့်သောနေရာ မြတ်သောနေရာမှရှောင်ကြဉ်ခြင်း၊ လိမ်းခြယ်ခြင်း ဆင်ယင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဖီလာစကားပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ အငြင်းစကားကိုပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ တမန်အမှု အစေအပါးအမှု ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လာဘ်အလို့ငှာ အံ့ဖွယ်ဖြစ်စေခြင်း မြှောက်ပင့်ခြင်းမှ ရှောင်ကြဉ်ခြင်းတို့ ပါဝင်ကြသည်ဟု ဟောသည်။

အထက်တန်းအဆင့်သီလတွင် အင်္ဂကျမ်း၊ နိမိတ် ကျမ်း၊ အင်္ဂဝိဇ္ဇာကျမ်း စသည့်အတတ်ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကျောက်မျက်လက္ခဏာ စသောအတတ်ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်ခြင်း၊ စစ်ထွက်လတ္တံ့ စသောအတတ်ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်ခြင်း၊ လကြတ်နေကြတ်လတ္တံ့ စသောအတတ်ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်ခြင်း၊ သတို့သမီးဆောင်ယူ ထိမ်းမြားပေးခြင်း စသောအတတ်ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်ခြင်း၊ နတ်ကိုးနတ်ပူဇော်ခြင်းစသော ဖီလာအတတ်ဖြင့် အသက်မွေးခြင်းမှရှောင်ကြဉ်ခြင်းတို့ ပါဝင်ကြသည်ဟု ဟောသည်။

သမာဓိကဏ္ဍ

မင်းကြီးရဟန်းသည် အဘယ်သို့လျှင် ဣန္ဒြေတို့၌ ပိတ်ထားသော တံခါးရှိသနည်း၊ စောင့်စည်းသနည်း ဆိုသော် ရူပါရုံကိုမြင်လျှင် မိန်းမ၊ ယောကျ်ားစသော သန္တန်နိမိတ်ကို စွဲယူလေ့မရှိချေ။ စက္ခုန္ဒြေကို မစောင့်စည်းလျှင် မက်မောခြင်း “အဘိဇ္ဈာ”၊ နှလုံး မသာယာခြင်း “ဒေါမနဿ” ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် မစောင့်စည်းသူတို့ကို နှိပ်စက်ကုန်သည်။ စက္ခုန္ဒြေကို စောင့်စည်းသကဲ့သို့ နားဖြင့် အသံ “သဒ္ဒါရုံ”ကို လည်းကောင်း၊ နှာခေါင်းဖြင့် အနံ့ “ဂန္ဓာရုံ”ကို လည်းကောင်း၊ လျှာဖြင့် အရသာ “ရသာရုံ”ကို လည်းကောင်း၊ ကိုယ်ဖြင့် အတွေ့ “ဖောဋ္ဌဗ္ဗာရုံ”ကို လည်းကောင်း၊ စိတ်ဖြင့် သဘော “ဓမ္မာရုံ”ကိုလည်းကောင်း ဣန္ဒြေတို့ကို စောင့်စည်းအပ်ရာသည်ဟု ဟောသည်။

ပညာကဏ္ဍ

ရဟန်းသည်ကာမဂုဏ်၊ အကုသိုလ်တရား၊ ကြံစည်ခြင်း “ဝိတက်”တို့နှင့်တကွ သုံးသပ်ဆင်ခြင်ခြင်း ဝိစာရနှင့် နီဝရဏတရားငါးပါးတို့ မရှိသောကြောင့် နှစ်သိမ့်ခြင်း “ပီတိ”၊ ချမ်းသာခြင်း “သုခ”ရှိသော ပထမဈာန်သို့ ရောက်သည်။ ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိ သန္တန်၌ စိတ်တည်ကြည်ခြင်း “သမာဓိ”ကြောင့် ဖြစ်သောပီတိသုခရှိသော ဒုတိယဈာန်သို့ ရောက်သည်။ ရဟန်းသည် နှစ်သိမ့်ခြင်း “ပီတိ”ကို မတပ်မက်ခြင်းကြောင့် သတိသမ္ဗဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက်နေသည်။ တတိယဈာန်ကြောင့် လျစ်လျူရှုသူ၊ သတိရှိသူသည် ချမ်းသာစွာရှိသည်။ လျစ်လျူရှုမှု “ဥပေက္ခာ”ကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်နေသည်ဟု ဟောသည်။

စိတ်ကဏ္ဍ

Myanmar Digital News

14 Nov, 03:56


မင်းကြီးတည်ကြည်သောစိတ်သည် စင်ကြယ် ဖြူစင်ပြီး ညစ်ကြေးညစ်ညူးခြင်းကင်းကာ နူးညံ့သင့်လျော် တည်တံ့မတုန်မလှုပ်ခြင်းသို့ရောက်သော် ထိုရဟန်းသည် ဝိပဿနာဉာဏ်အမြင်သို့ ရောက်ပြီဖြစ်သည်။ ထိုရဟန်းသည် စိတ်ဖြင့်ပြီးသောကိုယ်ကို ဖန်ဆင်းပြီး မနောမယိဒ္ဓိဉာဏ်သို့ ရောက်သည်။ ထို့နောက်များပြားသော တန်ခိုးဖန်ဆင်းခြင်း ဣဒ္ဓိဝိဓ ဉာဏ်သို့ ရောက်သည်။ ထိုရဟန်းသည် အထူးသဖြင့် စင်ကြယ်သောလူတို့နားထက် သာလွန်သော နတ်တို့ နားနှင့်တူသည့် ဒိဗ္ဗသောတဉာဏ်သို့ ရောက်သည်။ တစ်ပါးသောပုဂ္ဂိုလ်တို့၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြားသိသော စေတောပရိယဉာဏ်လည်း ရောက်သည်။ ရှေးဘဝကကိုမြင်နိုင်သော ပုဗ္ဗေနိဝါသာ နုဉာဏ်သို့လည်း ရောက်သည်။ စုတိ “သေခြင်း” နှင့် ဥပပါတ “ပဋိသန္ဓေ”ဖြစ်ခြင်းကို သိသော စုတူပပါတ ဉာဏ်သို့လည်း ရောက်သည်။ အာသဝတို့ကိုကုန်စေသော အာသဝက္ခဉာဏ်သို့ ရောက်သည်။ ဆင်းရဲတို့ ချုပ်ရာ နိဗ္ဗာန်ကို ရောက်ကြောင်း အကျင့်မှန်ဖြစ်ပြီး ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝ တို့မှလည်း လွတ်မြောက်ကာ ပဋိသန္ဓေနေမှုကုန်၍ မဂ်ကိစ္စပြု ပြီးဖြစ်ကြောင်း အဇာတသတ်မင်းအား ဟောကြားခဲ့သည်တို့ကို နိဗ္ဗာန်အကျိုးမျှော်၍ တန်ဆောင်မုန်း လပြည့်အခါသမယတွင် ပူဇော်ရေးသား လိုက်ရပါသည်။

ကိုးကား-
၁။ မင်းကွန်း တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီး၏ မဟာဗုဒ္ဓဝင် တတိယတွဲ
၂။ ဒေါ်အုန်းမဟာဝိဇ္ဇာ၏ပါဠိစာပေသမိုင်း

Myanmar Digital News

14 Nov, 03:56


တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့ဝယ်

ပြေအေးသက်

တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့ဟူ၍လည်း ခေါ်ဆိုကြသည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရားရှင်က အဇာတသတ်မင်းကို သာမညဖလ သုတ်တော်ဟူသော ရဟန်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများကို ဟောကြားခဲ့ရာမှ သာမညဖလ အခါတော်နေ့ဟူ၍ ဖြစ်ပေါ်ခဲ့ပါသည်။ အဖသတ်သော အဇာတသတ်မင်းအနေဖြင့် ဤခါဤနေ့တွင် စိတ်ကြည်လင်ခြင်းအလို့ငှာ တရားတော်နာကြားလိုစိတ် ဖြစ်ပေါ်ခဲ့သည်။ ဤတွင် မင်းအပါးခစားမှူးမတ်များက သာသနာမှတစ်ပါးသော အယူဝါဒရှိသူ ထိုစဉ်က ကျော်ကြားသော တိတ္ထိဆရာကြီး ခြောက်ပါးထံတွင် ချဉ်းကပ်ရန် တိုက်တွန်းသော်လည်း အဇာတသတ်မင်းမှာ ခပ်ဆိတ်ဆိတ်သာနေသည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့ဆီကို အဇာတသတ်မင်း သွားရောက်ချဉ်းကပ်၍ မေးမြန်းပြီးသားဖြစ်ချေသည်။ လိုချင်သော၊ လိုအပ်သော အဖြေကိုမရရှိခဲ့သောအဖြစ်ကို မှူးမတ်တို့က သိရှိထားခြင်းမရှိပေ။

ဇီဝကသို့ အမေး

ဤတွင် လက်ခံမှုမရှိသော အဇာတသတ်မင်းက ဇီဝကကို အမေးရှိလာသောအခါ ဇီဝကအနေဖြင့် “မြတ်စွာဘုရားကို ဆည်းကပ်တော်မူပါ။ မြတ်စွာဘုရားကိုဆည်းကပ်လျှင် မင်းမြတ်၏စိတ် ကြည်လင်တန်ရာပါ၏” ဟု လျှောက်ထားတော်မူသည်။ ထိုအခါ ဇီဝကအား ဆင်တို့ကို ပြင်ဆင်စေပြီး မြတ်စွာဘုရား သီတင်းသုံးသည့် ဇီဝက၏ သရက်ဥယျာဉ်သို့ သွားလေသည်။ ဥယျာဉ်အနီးသို့အရောက် တွင် အဇာတသတ်မင်းမှာ ကြောက်ရွံ့ထိတ်လန့် ကြက်သီးမွေးညင်းထကာ ဇီဝကကို “ငါ့ကို မဖြားယောင်းနှင့်။ ငါ့ကို ရန်သူတို့ထံ အပ်နှင်းမလို့ မဟုတ်လား”ဟု မေးသည်။ မေးရသည့်အကြောင်းမှာ အပါး ၁၂၅၀ မျှသော မြောက်မြားသည့် ရဟန်းသံဃာတို့ စုဝေးနေသည့်နေရာတွင် ချေဆတ်သံ၊ ချောင်းဟန့်သံ၊ စကားပြောသံများ မကြားရသောကြောင့် ဖြစ်သည်။ ဇီဝကက ပြန်လည်လျှောက်ထားသည်မှာ “မင်းကြီးရှေ့သို့ ကြွတော်မူပါ။ တန်ဆောင်းဝင်း၌ ဆီမီးတို့တောက်ပလျက်ရှိနေသည်”ဟု လျှောက်ထားသည်။ အဇာတသတ်မင်းလည်း မြတ်စွာဘုရားအား ရှိခိုး၍ လျှောက်ထားခွင့်တောင်းလေသည်။

ဂေါတမမြတ်စွာဘုရားအား လျှောက်ထားခြင်း

ထိုအချိန်တွင် ဇီဝက၏ သရက်ဥယျာဉ်၌ စံပယ်နေတော်မူသော မြတ်စွာဘုရားကို သွားရောက်ဖူးမြော်ရန် ဇီဝက၏ အကြံပြုချက်အရ အဇာတသတ်မင်း လာရောက်ဖူးမြော်ခြင်းကို ခံယူတော်မူပြီး အဇာတသတ်မင်းက တောထွက်ရဟန်းပြုခြင်း၏ အကျိုးထူးများ (သာမညဖလ= ရဟန်းပြုခြင်း အကျိုးကျေးဇူး)ကို မေးမြန်းလျှောက်ထားခဲ့သည်။ မြတ်စွာဘုရားရှင်ကလည်း ဤပြဿနာနှင့် ပတ်သက်၍ မိမိမှအပ အခြားတစ်ပါးသော အဘိဓမ္မာ ဆရာကြီးတို့အား မေးမြန်းစုံစမ်း၍ ပြီး၊ မပြီးကို အဇာတသတ်အား မေးမြန်းတော်မူခဲ့သည်။ ထိုအခါ အဇာတသတ်မင်းက ဤပြဿနာအား သမဏ ဗြာဟ္မဏဆရာကြီးများဖြစ်ကြသော ပူရဏကဿပ၊ မက္ခလိဂေါသာလ၊ အဇိတကေသမ္ဗလ၊ ပကုဓက စ္စာယန၊ နိဂဏ္ဍနာဋပုတ္တနှင့် သဉ္စယဗေလဋ္ဌပုတ္တ တို့အား မေးမြန်းပြီးဖြစ်ကြောင်း လျှောက်ထားသည်။

မျက်မှောက်ဘဝ၌ ရအပ်သော ရဟန်းဖြစ်ရသည့် အကျိုးများ

မြတ်စွာဘုရားက ရဟန်းဖြစ်ရခြင်း၏ မျက်မှောက် အကျိုးများဟောကြားရာ ရဟန်းဖြစ်ခြင်း ပထမ လက်ငင်းအကျိုးအနေဖြင့် ယခင်က မိမိကျွန်ဖြစ်စေ ဦးတော့ ယခုအချိန်တွင် သင်၏ကျွန်ယောကျ်ားသည် ဆံပင်၊ မုတ်ဆိတ်တို့ကို ပယ်ရှားပြီး ဖန်ရည်ဆိုးသော ဝတ်သင်္ကန်းကို ဝတ်ဆင်ကာ လူ့ဘောင်ကို ဖယ်ခွာ၍ ရဟန်းအဖြစ်ပြောင်းလျက် ရဟန်း၏ အခြေခံ စည်းမျဉ်းဖြစ်သော ကိုယ်နှုတ်စိတ်တို့အား စောင့်ထိန်းသည်။ ရသလောက်သော အစာရေစာ၊ အဝတ်တို့ဖြင့် ခြိုးခြံချွေတာကာ ရောင့်ရဲလျက် တိတ်ဆိတ်ငြိမ်သက် သောနေရာ၌ တရားဓမ္မဖြင့် ပျော်ရွှင်စွာနေလျှင် သူ့ကိုပြန်ပြီး တာဝန်ထမ်းဆောင်စေမလားဟူသော မြတ်စွာဘုရား၏ အမေးကို အဇာတသတ်အနေဖြင့် “ထိုသူကို မခေါ်တော့ပါ။ ထိုသူကိုရှိခိုးမည်။ နန်းတော် ကိုကြွလာပါက ခရီးဦးကြိုပြု၍ ထိုင်ရန်နေရာပြင်ပေးမည်။ သင်္ကန်း၊ ဆွမ်း၊ ကျောင်းနှင့် မနာမကျန်း ဖြစ်ပါက ဆေးအသုံးအဆောင်များ အလိုရှိကလည်း ကျွန်ုပ်တို့အား အလှူခံပါရန်ဖိတ်ရမည့်အပြင် တရားဥပဒေနှင့် ကာကွယ်စောင့်ရှောက်ပြီး လုံခြုံရေးကိုလည်း စီမံပေးမည်”ဟု လျှောက်ထားခဲ့သည်။ ထိုအခါ မြတ်စွာဘုရားက ဤသည်မှာ ရဟန်းဖြစ်ခြင်း၏ ကိုယ်တိုင်မျက်မှောက်ဘဝ၌ သိမြင်နိုင်သော ရဟန်းအကျိုးဟု ဟောသည်။

ဒုတိယလက်ငင်းအကျိုးအနေဖြင့် “ဤတိုင်းပြည် ၏အခွန်ကို အမြဲပေးဆောင်နေရသော တိုင်းပြည်ဘဏ္ဍာနှင့် မိမိ၏စီးပွားဥစ္စာတို့ကို တိုးတက်များပြား စေတတ်သော အိမ်ပိုင်ရာပိုင်ရှိသည့် လယ်သမား ယောကျ်ားသည် ရဟန်းအဖြစ်ကို ရောက်ရှိပြီးပါက ထိုသူအား ပြန်ခေါ်၍ အခွန်အခကောက်ခံမည်လော” ဟု မြတ်စွာဘုရားက မေးမြန်းတော်မူရာ အဇာတသတ်မင်းက ပထမမေးခွန်းပါအတိုင်း “စောင့်ရှောက် ကြည်ညိုသွားမည်ဖြစ်ကြောင်း” လျှောက်ထားရာ မြတ်စွာဘုရားက သင့်အား နှစ်ကြိမ်မြောက်ဟောပြ သည့် မျက်မှောက်ဘဝ၌ သိနိုင်မြင်နိုင်သော ရဟန်း ဖြစ်ခြင်းအကျိုးဟု မိန့်ခဲ့သည်။

Myanmar Digital News

14 Nov, 03:56


တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့ဝယ်

Myanmar Digital News

14 Nov, 03:11


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့နှင့် ချူရှုံပြည်နယ်ခွဲများသို့ လေ့လာရေးခရီးသွားရောက်

Myanmar Digital News

14 Nov, 03:03


ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းကြောင်း အသိပေးကြေညာခြင်း

Myanmar Digital News

14 Nov, 03:03


ညစ်ညမ်းစာများဖော်ပြပါရှိသည့် ထုတ်ဝေစာများအား အရေးယူဆောင်ရွက်မှု အသိပေးကြေညာခြင်း

Myanmar Digital News

13 Nov, 14:41


ဥသျှစ်ပင်မြို့တွင် လမ်းသွားလမ်းလာ လူငယ်အမျိုးသား ၂၀ ခန့်ကို ပြည်သူ့စစ်မှုထမ်းဆောင်ရန် ဖမ်းဆီး စုဆောင်းခံရကြောင်း သတင်းတု၊ သတင်းအမှားများကို လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ နိုဝင်ဘာ ၁၃

Myanmar Digital News

13 Nov, 14:37


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

Myanmar Digital News

13 Nov, 14:27


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ၂ဝ၂၄ ခုနှစ် မာရဝိဇယကျောင်းတော် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်

Myanmar Digital News

08 Nov, 15:45


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ဒုတိယအကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၃ မှ ၁၅ ရက်နေ့အထိ ကျင်းပသွားမည်

Myanmar Digital News

08 Nov, 15:45


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ ကြိုတင်ပြင်ဆင်နေမှုများအား ကြည့်ရှုအားပေး

Myanmar Digital News

08 Nov, 15:45


အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲသို့တက်ရောက်

Myanmar Digital News

08 Nov, 15:45


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

Myanmar Digital News

08 Nov, 15:26


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာ

Myanmar Digital News

08 Nov, 15:14


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့သို့ရောက်ရှိ၊ ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများအား တွေ့ဆုံ

Myanmar Digital News

08 Nov, 15:14


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီ ကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့် တွေ့ဆုံဆွေးနွေး

Myanmar Digital News

08 Nov, 15:14


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် Ms. Paetongtarn Shinawatra အား ကူမင်းမြို့ရှိ Wyndham Grand ဟိုတယ်၌ တွေ့ဆုံဆွေးနွေး

Myanmar Digital News

08 Nov, 09:29


ပထမနှစ်ဝင်ခွင့်ရသူများစာရင်း နိုဝင်ဘာ ၁၀ ရက်တွင် ကြေညာမည်

Myanmar Digital News

08 Nov, 06:03


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများကြိုတင်ပြင်ဆင်နေမှု ကြည့်ရှုအားပေး

Myanmar Digital News

08 Nov, 03:23


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra တွေ့ဆုံဆွေးနွေး
နေပြည်တော် နိုဝင်ဘာ ၈

Myanmar Digital News

08 Nov, 03:12


မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံများ ယှဉ်ပြိုင်လွှတ်တင်ပူဇော်မှုများဖြင့် စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပမည်

Myanmar Digital News

07 Nov, 15:17


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို- မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

Myanmar Digital News

07 Nov, 15:17


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

Myanmar Digital News

07 Nov, 15:17


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ(ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

Myanmar Digital News

07 Nov, 15:13


မန္တလေးမြို့တွင် ပြည်သူ့စစ်မှုထမ်းအတွက်ဖမ်းဆီးခြင်းများ ရှိနေပြီး အမည်စာရင်းပါသူများက ငွေကျပ်သိန်းဆယ်နှင့်ချီ ပေးနေရကြောင်း သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ နိုဝင်ဘာ ၇

Myanmar Digital News

25 Oct, 15:25


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

Myanmar Digital News

25 Oct, 15:25


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအားလက်ခံတွေ့ဆုံ

Myanmar Digital News

25 Oct, 15:25


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၆)မှ ကျောင်းသား၊ကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြား

Myanmar Digital News

25 Oct, 02:58


ထိန်းချုပ်ဓာတုပစ္စည်းကို ပြည်ပမှ တင်သွင်းခြင်း၊ ပြည်တွင်းတွင် သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ ထုတ်ပြန်

Myanmar Digital News

24 Oct, 15:19


မန္တလေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့များက ကုန်သိုလှောင်ရုံနှင့်ဂိုဒေါင်များ ဝင်ဖောက်ခြင်း၊ တရားဝင် တင်သွင်းထားသော ကုန်ပစ္စည်းများကိုပါ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည်ဟု သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ အောက်တိုဘာလ ၂၄ ရက်

Myanmar Digital News

24 Oct, 14:26


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ငွေကျပ်သိန်း ၂၅,၄၀၂ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းအလေးချိန် ၅ ပိဿာ ၂၉ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၅၀ အား သေနတ်ပြ ခြိမ်းခြောက်ရိုက်နှက်၍ လုယက်သူ တရားခံ အမျိုးသားသုံးဦးအား သက်သေခံရွှေထည်ပစ္စည်း၊ ငွေများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ အောက်တိုဘာ ၂၄

Myanmar Digital News

24 Oct, 14:25


PDF အမည်ခံအကြမ်းဖက်သမားများက မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာရှိ စာသင်ကျောင်းအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူအချို့ ထိခိုက်ဒဏ်ရာများရရှိ
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ - ၂၄

Myanmar Digital News

24 Oct, 14:19


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကမ္ဘာ့မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ ရက်သတ္တပတ် အခမ်းအနားသို့ တက်ရောက်

Myanmar Digital News

24 Oct, 14:19


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၄ ခုနှစ် အိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ နှစ်(၆၀)ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား၊ နှစ်(၆၀)ပြည့် အထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်

Myanmar Digital News

24 Oct, 14:19


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ (၄၂)ကြိမ်မြောက် အာဆီယံ ရဲအဖွဲ့ ညီလာခံသို့ တက်ရောက်ခဲ့သည့် အာဆီယံရဲအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့ အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက် ဂါရဝပြု တွေ့ဆုံ

Myanmar Digital News

24 Oct, 03:24


ဘုတလင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူ ၅၀ ခန့်အား ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး ပြည်သူ ၂၂ ဦးခန့်အား သတ်ဖြတ်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေ

Myanmar Digital News

23 Oct, 08:38


နိုဝင်ဘာ ၁ ရက်သည် “ဒီပါဝလီ”နေ့ ဖြစ်သည့်အတွက် အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း ကြေညာ

Myanmar Digital News

23 Oct, 06:01


အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့်ရက် ထပ်မံတိုးမြှင့်ခြင်း

Myanmar Digital News

23 Oct, 05:27


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးဘုရားများ၏ သမိုင်းအချက်အလက်များနှင့် ဘုရားဖူးလမ်းညွှန်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း လေ့လာကြည့်ရှုနိုင်

မန္တလေး အောက်တိုဘာ ၂၃

မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အထင်ကရ ဘုရား၊ စေတီ၊ ပုထိုး (၁၀)ဆူကို www.pagodadirectory.gov.mm မှတစ်ဆင့် ကြည်ညိုလေ့လာဖူးမြော်နိုင်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးဘုရားများကိုလည်း mandalaypagodadirectory.org Website ၌ ဝင်ရောက်၍ ကြည့်ရှုလေ့လာ ဖူးမြော်ကြည်ညိုနိုင်ကြောင်း သိရသည်။

အဆိုပါ mandalaypagodadirectory.org Website ၌ လက်ရှိတွင် မဟာမုနိဘုရားကြီး၊ ကျောက်တော်ကြီးဘုရား၊ ကုသိုလ်တော်ဘုရား၊ အောင်တော်မူဘုရား၊ ရွှေကျီးမြင်ဘုရား၊ မန္တလေးတောင်တော်ရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၊ ကျောက်ဆည်မြို့နယ်ရှိ မဟာရွှေသိမ်တော်မြတ်စွာဘုရား၊ ပြင်ဦးလွင်မြို့နယ်ရှိ မဟာအံ့ထူးကံသာဘုရား၊ ပုဂံဒေသရှိ တုရင်တောင်စေတီတော်မြတ်ကြီး၊ မနူဟာဘုရားကြီး၊ လောကနန္ဒာစေတီတော်ကြီး၊ ထီးလိုမင်းလိုဘုရား၊ ဓမ္မရာဇကစေတီတော်ကြီး၊ ဗူးဘုရားစေတီတော်ကြီး၊ အလိုတော်ပြည့်ဘုရား၊ ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရားတို့ကို လွယ်ကူစွာ ဖူးမြော်ကြည်ညိုလေ့လာနိုင်ပြီး အဆိုပါ Website အား မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (Myanmar Institute of Information Technology - MIIT)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကူညီရေးသား ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း၊ ထပ်မံဖြည့်သွင်းဆောင်ရွက်လိုသည့် ဘုရားများ၏ သမိုင်းအချက်အလက်များနှင့် အကြောင်းအရာများကို လေ့လာကြည့်ရှုနိုင်ရန် ဆက်လက်ရေးသား ဆောင်ရွက်သွားမည့် အစီအစဉ်များလည်းရှိကြောင်း website ၌ ပါဝင်ရေးသားသူ MIIT မှ ဒေါက်တာခိုင်ဇာသွယ်က ပြောသည်။

Touch Screen များအားအသုံးပြု၍ Pagoda Digital Directory သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန်များ လေ့လာကြည့်ရှုနိုင်ရန် Station များကို မဟာမုနိဘုရားကြီး ၄ ခု၊ မန္တလေးတောင်တော်ရှိ ဆုတောင်းပြည့် စေတီတော်မြတ်ကြီးတွင် ၂ ခု၊ ကျောက်တော်ကြီးဘုရားတွင် ၂ ခု၊ မဟာရွှေ သိမ်တော်မြတ်စွာဘုရားတွင် ၂ ခု၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား တွင် ၂ ခု၊ စန္ဒာမုနိဘုရားတွင် ၁ ခု ထားရှိပြီး အများပြည်သူ စိတ်အေးချမ်းသာစွာ လေ့လာကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားဂေါပအဖွဲ့၊ တွဲဖက်အထွေထွေအတွင်းရေးမှူးထံက သိရသည်။

“mandalaypagodadirectory.org Website ပြသနိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (Myanmar Institute of Information Technology - MIIT) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်၊ စေတီတော်ဆိုင်ရာ၊ ဘုရားဖူးလမ်းညွှန်၊ ဖူးမြော်ရန်နေရာများ၊ သာသနာတော်ထွန်းကားမှု၊ ဗုဒ္ဓအဆုံးအမများ၊ ပန်းဆယ်မျိုး၊ အမျိုးဂုဏ်/ဇာတိဂုဏ် သမိုင်းအထောက်အထားတွေ အချက်အလက်တွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း ကြည့်ရှုလေ့လာနိုင်ပါတယ်၊ ဘုရားဖူးလာပြည်သူတွေကိုယ်တိုင် ဝင်ရောက်ကြည့်ရှုနိုင်အောင် လုပ်ဆောင်ထားသလို ကြည့်ရှုသူတွေကို ရှင်းပြနိုင်အောင်လည်း ဝန်ထမ်းတွေအားလုံးကို သင်ကြားပေးသွားမှာဖြစ်ပါတယ်” ဟု မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား ဂေါပကအဖွဲ့၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးဝင်းနိုင်က ပြောသည်။

အဆိုပါ Touch Screen များအား အသုံးပြု၍ Pagoda Digital Directory သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန်များ လေ့လာကြည့်ရှုနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ဘုရား၊ စေတီ၊ ပုထိုးများတွင် လက်ရှိဆောင်ရွက်ထားရှိမှုအနေဖြင့် မန္တလေးမြို့တွင် ၁၇ လုံးနှင့် ပုဂံဒေသတွင် ၉ လုံး ဆောင်ရွက်ထားရှိကြောင်း၊ သက်ဆိုင်ရာဘုရားများ၏ သတင်းအချက်အလက် အကြောင်းအရာများ၊ ဘုရားသမိုင်းများနှင့်ပတ်သက်၍ Digitalize ပြုလုပ်ရေး၊ Touch Screen များအသုံးပြု၍ အများပြည်သူ အလွယ်တကူသိရှိအောင် ခေတ်မီနည်းပညာများ ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)

Myanmar Digital News

21 Oct, 03:59


လှည်းယဉ်ကြော့ (ခေါ်) နွားလှည်းယဉ်နှင့် လိုက်ဖက်ညီသည့် မြန်မာတို့၏ ရိုးရာဓလေ့ ရှင်ပြုအလှူတော်ပွဲ

မင်းဘူး အောက်တိုဘာ ၂၁

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာအရ ပြုလုပ်ကြသော အလှူပွဲများ၏ ရှင်လောင်းလှည့်ပွဲများတွင် နွားလှည်းယဉ်သည် အလိုက်ဖက်ဆုံး ယာဉ်တစ်မျိုးဖြစ်ပြီး နွားလှည်းယဉ်ကို ရှေးအခါက လှည်းယဉ်ကြော့နှင့် ယခုခေတ်တွင် ရွှေလှည်းယဉ်ဟု ခေါ်ဆိုကြသည်။ မြန်မာနိုင်ငံတွင် လူဦးရေသန်း ၅၀ ကျော်ရှိသည့်အနက် ၇၀ ရာခိုင်နှုန်းကျော်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြသူများ ဖြစ်ကြသည်။

ပွင့်လင်းရာသီဖြစ်သော သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်လများတွင် ကျေးလက်တောရွာ ဒေသများတွင် ကောက်ပဲသီးနှံများ လှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ တောင်သူများ၏လက်ထဲတွင် ငွေစငွေနများ ရွှင်နေပြီဖြစ်ပြီး ကထိန်သင်္ကန်းလှူဒါန်းခြင်းနှင့် မိမိတို့၏ဘရင်နှစ်သီးချာ သားလှရတနာလေးများအား သာသနာ့ဘောင် သွတ်သွင်းခြင်းနှင့် သမီးလှရတနာလေးများအား နားသခြင်းမင်္ဂလာပွဲဟု ခေါ်ဆိုအပ်သော ရှင်ပြုနားသ အလှူတော်ပွဲများ ဆင်ယင်ကျင်းပလေ့ရှိကြသည်။

ထိုသို့ မိမိတို့ဒေသ၏ ရိုးရာဓလေ့အလှူတော်ပွဲများ ဆင်ယင်ကျင်းပသည့်အခါ ဆင်၊ မြင်း၊ နွားလှည်းယဉ်၊ မော်တော်ယာဉ်များဖြင့် အလှပေါ် အယဉ်ဆင့်ကာ မြို့ပေါ်ရပ်ကွက်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ လှည့်လည်၍ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ဆင်နွဲကျင်းပလေ့ရှိကြောင်း သိရသည်။

အလှူပွဲများ လှည့်လည်နိုင်ရေးအတွက် ဆင်၊ မြင်းနှင့် မော်တော်ယာဉ် ငှါးရမ်းရသည်မှာ လွယ်ကူသော်လည်း လှည်းယဉ်ကြော့ (ခေါ်) ရွှေလှည်းယဉ် ငှါးရသည်မှာ ခက်ခဲလှပေသည်။ နွားလှည်းယဉ်ရှားပါးမှုကြောင့် ရွာတိုင်း၊ ရွာတိုင်းတွင် သူ့အဆက်အသွယ်နဲ့သူ ရှာဖွေငှါးကြရပြီး လှည်းယဉ် ဆယ့်လေးငါးစီးရဖို့ အတော်ပင်ရှာရခက်ပေသည်။

“ကျွန်တော်တို့ အညာဒေသက လှည်းယဉ်ရှာရတာ အင်မတန် ခက်တယ်ဗျ။ အလှူပွဲများမှာ ငှါးရမ်းဖို့ ရွှေလှည်းယဉ် အသင်း၊ အဖွဲ့တွေ တည်ထောင်ထားရင်တော့ ငှါးရတာလွယ်ကူတာပေါ့ဗျာ။ ငှါးရမ်းခတော့ လှည်းတစ်စီးကို ကျပ် ၂၀၀၀၀၊ ၂၅၀၀၀ ဘဲ ပေးရတာပါ။ ဒါမေမဲ့ တစ်ရွာ၊ တစ်ရွာကိုလှည်း တစ်စီး၊ နှစ်စီးလောက်သာရတော့ လှည်းယဉ် ဆယ်စီး၊ ဆယ့်ငါးစီးရဖို့က အတော်လေးခက်ခဲတာပါ ဒါပေမဲ့ ရိုးရာဓလေ့ကို ဖော်ညွှန်းပြသတဲ့ ပွဲဆိုတော့ ဖြစ်အောင်တော့ လုပ်ရတာပေါ့ဗျာ” ဟု မင်းဘူးမြို့ ချမ်းသာကြီး လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသက်ထွန်းက ပြောသည်။

အလှူပွဲအဝင်နေ့တွင် ဆင်၊ မြင်း၊ လှည်းယဉ်၊ မော်တော်ယဉ်များဖြင့် လှည့်လည်ကာ မြတ်စွာဘုရားရှင်ရုပ်ပွားတော်အား ပင့်ဆောင်လာသည့် မော်တော်ယာဉ်သည် ရှေးဆုံးမှ ထွက်ခွါလာကာ နောက်မှ မောင်ရင်လောင်းများ တင်ဆောင်လာသည့် ဆင်၊ မြင်း၊ နွားလှည်းယဉ်များနှင့် မောင်ရင်လောင်းမိဘ အလှူ့ဒါယကာ၊ အလှူ့ဒါယိကာမများက သင်္ကန်းပရိက္ခရာများပိုက်ကာ ရပ်ထဲ၊ ရွာထဲမှ လှပျိုပျူလေးများက ကွမ်းတောင်၊ ပန်းတောင်များကိုင်ဆောင်ပြီး အိုးစည်၊ ဒိုးပတ်၊ အတီးအမှုတ်၊ အကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည့် ရိုးရာဓလေ့ပွဲတော်ဖြစ်ပြီး ယနေ့ထက်တိုင် လှည်းယဉ်ကြော့ (ခေါ်) ရွှေလှည်းယဉ်များဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ကို ထိန်းသိမ်းပြီး မြတ်နိုးစွာ ကျင်းပလေ့ရှိကြပါတော့သည်။

ဇေယျာထက်(မင်းဘူး)

Myanmar Digital News

21 Oct, 03:59


လှည်းယဉ်ကြော့ (ခေါ်) နွားလှည်းယဉ်နှင့် လိုက်ဖက်ညီသည့် မြန်မာတို့၏ ရိုးရာဓလေ့ ရှင်ပြုအလှူတော်ပွဲ

Myanmar Digital News

21 Oct, 03:47


ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်

နေပြည်တော် အောက်တိုဘာ ၂၁

ယနေ့နံနက် ၉ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် ပိုမိုအားကောင်းလာပြီး၊ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့သည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ အောက်တိုဘာ ၂၂ ရက်တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း၊ အောက်တိုဘာ ၂၃ ရက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ အောက်တိုဘာ ၂၄ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်သည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ

Myanmar Digital News

21 Oct, 03:47


ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်

Myanmar Digital News

21 Oct, 03:16


အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်

Myanmar Digital News

21 Oct, 03:09


သန်းခေါင်စာရင်း အကောက်မခံရသေးသော ပြည်သူများအား ပြန်လည်ကောက်ခံပေးသွားမည်

Myanmar Digital News

21 Oct, 03:09


အခြေခံရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ကြေညာချက်

Myanmar Digital News

20 Oct, 22:40


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ သတ္တမနေ့ ပြိုင်ပွဲများသို့ တက်ရောက်ကြည့်ရှုအားပေး

Myanmar Digital News

20 Oct, 22:40


မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အထူးမိုးလေဝသသတင်းထုတ်ပြန်

Myanmar Digital News

20 Oct, 22:39


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနေမှုများကို တက်ရောက်ကြည့်ရှုအားပေး

Myanmar Digital News

20 Oct, 22:32


စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရက်ရက်စက်စက် သတ်ဖြတ်သည်ဟု မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ချိလျက်ရှိ
နေပြည်တော်၊ အောက်တိုဘာ ၂၀

Myanmar Digital News

20 Oct, 22:30


ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ် ၄ စီး ဒုတိယအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရန်ကုန်မြို့သို့ရောက်ရှိ
နေပြည်တော်၊ အောက်တိုဘာ(၂၀)ရက်

Myanmar Digital News

20 Oct, 09:03


အထူးမိုးလေဝသသတင်း
---------------------------

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန် ထုတ်ပြန်ချက်
============================================

၁။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအား နည်းဆဲလ်သည် ပိုမိုအားကောင်းလာနိုင်ကာ နောက် (၂၄) နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် လေဖိအား နည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ၂၂-၁၀-၂၀၂၄ ရက်နေ့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ လည်းကောင်း၊ ၂၃-၁၀-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm)အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

၂။ အဆိုပါ လေဖိအားနည်းဆဲလ်နှင့် ဖြစ်ပေါ်လာနိုင်သော လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ ၂၄-၁၀-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

၃။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။

အကြုံပြုချက်

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

Myanmar Digital News

20 Oct, 09:03


အထူးမိုးလေဝသသတင်း

Myanmar Digital News

20 Oct, 03:59


ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်း (Maritime Security Exercise) ဆောင်ရွက်စဉ် ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာခြင်း

၁။ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်မှ ၂၄ ရက်ထိကာလအတွင်း ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း ရေပြင်၌ ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်ခြင်းများ (Live Firing) ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လေ့ကျင့်ခန်းဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ် စသည့် Coordinates အမှတ်များ ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့အား ထုတ်ပြန်ကြေညာထားရှိပြီး ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ လေ့ကျင့်ခန်း ဆောင်ရွက်စဉ်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဆိုပါဧရိယာမှ ၅ မိုင်ပတ်လည်အား သင်္ဘောကြီး/ငယ်များ၊ ကုန်တင်/စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်း မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀ (တစ်သောင်းငါးထောင်) အောက် ဖြတ်ကျော်ပျံသန်းခြင်း မပြုကြရန် အသိပေးကြေညာအပ်ပါသည်။