KNDF - Pekhon Zone

@kndfpekhonzone


- ပြည်သူတွေကိုကာကွယ်မည်။
- အာဏာရှင်မှန်သမျှတိုက်ထုတ်မည်။
- ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်။

KNDF - Pekhon Zone

26 Nov, 17:47


🎶 Are you, are you comin' to the tree
Where the dead man called out for his love to flee?
Strange things did happen here, no stranger would it be
If we met at midnight in the hanging tree 🎶

Welcome 1127 Operation!!

KNDF - Pekhon Zone

23 Nov, 08:04


အဆုံးသတ်တိုက်ပွဲအတွက် ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုကို တောင်းခံခြင်း

ယခုအချိန်သည်နွေဦးတော်လှန်ရေးအတွက် အဆုံးဖြတ်ကာလဖြစ်ကြောင်း ပြည်သူလူထုများအား အသိပေးလိုပါသည်။ ကရင်နီပြည်နယ်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ပြီး (11.11 Operation) ကို ဆင်နွှဲလာခဲ့ရာ ဖယ်ခုံ၊ ပင်လောင်း၊ မိုးဗြဲနှင့် အရှေ့ဘက်ကမ်းဒေသတွင်လည်း တော်လှန်စစ်များ ကြီးထွားလာခဲ့ရပါသည်။
ဤအဆုံးဖြတ်တိုက်ပွဲကာလ၌ မိမိတို့၏ တော်လှန်ရေးခံယူချက်များကို ပြတ်သားစွာ ပြသနိုင်ကြရန်အတွက် ပြည်သူလူထု တရပ်လုံးကို ဖိတ်ခေါ်ရင်း​ နွေဦးတော်လှန်ရေးသမိုင်းအား အတူတကွရေးထိုးကြရန် ကျွန်ပ်တို့အနေဖြင့် လှိုက်လှဲစွာကြိုဆိုပါသည်။

အထက်ပါ ပူးပေါင်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ကျွန်ပ်တို့၏ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-စစ်ဗျူဟာအမှတ်(၁)၏ Facebook Page သို့ လာရောက်ဆက်သွယ်နိုင်ပါသည်။

KNDF - Pekhon Zone

24 Jul, 06:46


ဖယ်ခုံ - မိုးဗြဲလမ်း ❗️
မိုးဗြဲ - ဆီဆိုင်လမ်း ❗️
အသွားလာမလုပ်ကြပါနဲ့။

24 July 2023
12:45 PM
KNDF-PEKHON ZONE

KNDF - Pekhon Zone

08 Jul, 05:29


တစ်သောင်း + တစ်သိန်း = တစ်ရာ
ကရင်နီအိပ်မက်ဖော်မျူလာ။

KNDF ၂နှစ်ပြည့်မွေးနေ့မှာ စတင်မိတ်ဆက်ခဲ့တဲ့ "ကရင်နီအိပ်မက်" ဆိုတာဘာလဲ။

KNDF - စစ်ဗျူဟာအမှတ်(၁)က ဦးဆောင်ပြုလုပ်တဲ့ "မောင်း၁၀၀" ရန်ပုံငွေရှာဖွေရေးအစီစဥ်ကိုဇူလိုင်လ ၈ ရက်နေ့ကစပြီး သြဂုတ်လ ၇ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီအစီစဥ်မှာ ငယ်ရွယ်သူတို့ရဲ့အိပ်မက်၊ အဖိနှိပ်ခံတွေရဲ့အိပ်မက်၊ တိုင်းရင်းသားတို့ရဲအိပ်မက်၊ ကြီးမြတ်တဲ့ တော်လှန်ရေးအိပ်မက်တွေကို အားလုံးထံ ချပြပေးမှာပဲ ဖြစ်ပါတယ်။

"ကရင်နီအိပ်မက် - မောင်း၁၀၀" ရန်ပုံငွေရှာဖွေရေး
အစီအစဥ်မှာ တစ်ယောက်ကို မြန်မာငွေကျပ် "တစ်သောင်း" နဲ့ လူအယောက် "တစ်သိန်း" ပါဝင်ထောက်ပို့ခြင်းဖြင့် မောင်း-ပြန် အလက် "တစ်ရာ" ဝယ်ယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။

မတရားဖိနှိပ်ခံရမှုက​နေတစ်ဆင့် အိပ်မက်​တွေကို ပြန်လည်ဖမ်းဆုပ်ဖို့ ကရင်နီအိပ်မက် ကိုအ​ကောင်ထည်​ဖော်ကြပါစို့။

Karenni Tiger Team

https://www.facebook.com/profile.php?id=100092330822313&mibextid=ZbWKwL

KNDF - Pekhon Zone

04 Jul, 12:32


၂၀၂၁ July 4 ရက်နေ့ လွယ်ပသာတိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူရဲကောင်း၉ဦးရဲ့ တစ်နှစ်ပြည့်။

နောက်ထပ်ပြန်ဆုံကြမယ်ဆိုရင်လေ
"ငါတို့တိုင်းပြည်လွတ်လပ်ပြီ ”ဆိုတဲ့
စကားကို ထည့်ပြောနိုင်ဖို့ ကြိုးစားပါ့မယ်။ငါတို့ချစ်တဲ့ဒီမြေကို သက်သေထားပြီး ကတိပေးပါတယ်။
အဲ့ဒီအခါကျရင်တော့ ယမ်းငွေ့တွေ မဝေလောက်တော့ပါဘူးလေ။
ငါတို့ ပန်းတွေနဲ့ လာခဲ့ပါမယ်။

KNDF-PEKHON ZONE

KNDF - Pekhon Zone

26 Jun, 16:22


ကျွန်တော်တို့ကိုယုံကြည်ပြီး အစဥ်ထောက်ပို့ကြတဲ့ပြည်သူတွေအနေနဲ့ ပုံတွေကြောင့် စိတ်မသက်မသာဖြစ်ရရင် တောင်းပန်ပါတယ်ခင်ဗျာ။

တကယ်တော့ telegram channel ကို ဒလန်ရပ်ကွက်က စောင့်ကြည့်နေတာမို့ တမင်တင်တာပါ။ ပထဆုံးနဲ့နောက်ဆုံးတင်တာပဲဖြစ်ပါတယ်။ ဘာလို့ဆိုရင် မသတီလို့ပါ 🤮

အပေါ် က စက္ကန့်ပိုင်းလေးပဲရှိတဲ့ video ကို ရမ်းပစ်တယ်ဆိုပြီး ပြောကြလို့ သက်သေနဲ့တကွ ဟပ်ချလောင်းထင်ပြလိုက်ပါတယ်။

KNDF - Pekhon Zone

25 Jun, 16:08


တော်၊ လှန် ... ပုန်၊ ကန် ... ငါတို့ဟန်

တို၊က်၊ပွဲ မပြီးဆုံးသေးတဲ့ အခြေနေဖြစ်တာမို့ KNDF - ဗျူဟာအမှတ်(၁)ရဲ့ လှုပ်ရှားနယ်မြေဖြစ်တဲ့ ဖယ်ခုံ၊ မိုးဗြဲနဲ့ အရှေ့ဘက်ကမ်းဒေသတွေကို ဖြတ်သန်းသွားလာတာတွေ သတိပြုပေးပါ။

စကစဘက်က အင်အားသုံးပြီး စ၊စ် ကြောင်း ထိုးခြင်း၊ အပြစ်မဲ့အရပ်သားပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူထုတ်သွားတာတွေ၊ အိမ်ပြန်လာတဲ့ ဒေသခံတွေကို အကြောင်းမဲ့ ရက်ရက်စက်စက် သ၊တ်၊ ဖြ၊တ် တာတွေရှိနေတာကြောင့် မိဘပြည်သူတွေအနေနဲ့ ဘေးအန္တာရာယ်ကင်းရေးကိုသာ ဦးစားပေးကြပါ။

အရေးပေါ် အခြေနေများ ကြုံတွေ့ရပါက ယခု page သော်လည်းကောင်း၊
Karenni Nationalities Defense Force - KNDF BO3
Karenni Nationalities Defense Force-KNDF B-11
Karenni Nationalities Defence Force KNDF B-22 ရဲ့ chat box မှာ ဆက်သွယ်နိုင်ပါတယ်။

Video - မိုးဗြဲ တို၊ က်၊ ပွဲ

KNDF - Pekhon Zone

13 Jun, 10:03


ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council-IEC) တရားဝင်ဖွဲ့စည်းခြင်းသို့ ပေးပို့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၏ သဝဏ်လွှာ

KNDF - Pekhon Zone

25 May, 06:21


နေဝင်ချိန်ရောက်ခဲ့မယ် မထင်ဘူးပေါ့။
မနက်ဖြန်ဆိုတာ တွေ့ရဦးမယ် ထင်မိခဲ့တာပေါ့ ... အချိန်တွေ နောက်ပြန်လှည့်လို့ရရင် ဘယ်လောက်ကောင်းမလဲ 🥀

KNDF - Pekhon Zone

26 Apr, 04:14


အရေးပေါ်ထုတ်ပြန်ချက် ‼️

မိုးဗြဲရှိမိဘပြည်သူများ စစ်ရေးသတိရှိကြပါရန်။
မိုးဗြဲ-ဖယ်ခုံ လမ်းမတစ်လျှောက် ဖြတ်သန်းသွားလာခြင်း မပြုကြပါရန်။

အရေးပေါ်အကူညီလိုအပ်ပါက ကယ်ဆယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ရန်။

10:30 AM
26 April 2023
KNDF-PEKHON ZONE

KNDF - Pekhon Zone

25 Apr, 17:07


ဒီနေ့ ဖယ်ခုံမြို့နယ်က စစ်ရှောင်ဆေးရုံကို ဗုံးလာကြဲသွားတဲ့သတင်း ကြားပြီးကြပြီလို့ ထင်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မယှဥ်နိုင်တော့လို့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ကောင်စီတွေ ခေတ်အဆက်ဆက်ကကျင့်သုံးတဲ့ ယုတ်မာမှုဖြစ်တယ်။

ကျွန်တော်တို့လည်း စစ်ကောင်စီနဲ့ ယှဥ်ဖို့ လိုအပ်နေတာ တစ်ခုပဲ ရှိပါတော့တယ်။ အဲ့တာက ပွိုင့်ဖိုက် လို့ခေါ်တဲ့ လေယာဥ်ပစ်ပါ။

ပွိုင့်ဖိုက်ကို KNDF ရဲ့ဗျုဟာတိုင်းဆီပေးနိုင်အောင် ကမ်ပိန်းလုပ်နေတာမို့ အခုပြထားတဲ့ NUG pay ကနေ တိုက်ရိုက်ကူနိုင်သလို အောက်ပါ link ကနေလည်း အသေးစိတ်လေ့လာနိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=pfbid02DZnjSPjaPyKuxz8HCyYk4AjTNSH6hsjjUPT4DDdqB3kfkaDoopRP87w9paLTfhh5l&id=100092330822313&mibextid=Nif5oz

ကူပေးကြပါဦးနော်။

KNDF - Pekhon Zone

24 Apr, 17:16


ထောက်ပို့ပြည်သူများအတွက် KNDF ရဲ့ လက်ဆောင်။

ကရင်နီ (ဖယ်ခုံမြို့နယ်)မှာ တိုက်ပွဲဖြစ်တာ ၂လထဲ ရှိခဲ့ပါပြီ။ စစ်ကောင်စီတပ်အနေနဲ့ မြေပြင်မှာ တပ်ပျက်တဲ့အနေထားမို့ လေကြောင်းသုံးပြီး တိုက်ခိုက်တာတွေကို နေ့စဥ်နဲ့အမျှ ပြုလုပ်နေပါတယ်။

ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတွက် ပိုထိရောက်တဲ့ တိုက်ပွဲကို ဖော်ဆောင်နိုင်ဖို့ လိုအပ်နေတဲ့ ပွိုင့်ဖိုက်(.5) ကို ထောက်ပို့ပြည်သူများဆီ ထပ်ပြီး ပူဆာပါရစေဗျာ 😀

KNDF-PEKHON ZONE

KNDF - Pekhon Zone

23 Apr, 13:43


လိုချင်တာက တော်လှန်မှတ်တိုင် …

ရန်သူတွေသေတယ်
လက်နက်တွေရတယ်နဲ့မပြီးဘူး…

မနေ့က ဘောလခဲးနယ်ကို
ထောက်ပို့လေယဥ်နဲ့ ရိက္ခာ၊
ထောက်ပို့ရဟတ်ယဥ်နဲ့
စကစတပ်မ ၅၅ အင်အား ၂၀၀
လွတ်မြောက်နယ်မြေဆိုတာ

လေ ပေါ်က လာပို့တာတွေ တားလိုက်မှ
အဲဒီ မြေပေါ် မှတ်တိုင်စိုက်ထူနိုင်မယ်….

KNDF ဥက္ကဌ Khun Bedu

#ကရင်နီပွိုင့်5
#ဖက်ဒရယ်လှမ်းချီကရင်နီမှသည်
#KarenniPoint5

KNDF - Pekhon Zone

21 Apr, 16:37


အဆင်မပြေမှုတွေရှိလည်း သိသာသိစေ မမြင်စေနဲ့လို့ ဆိုပါတယ်။

ဖယ်ခုံမြို့အဝင်တွေဘက်မှာ တိုက်ပွဲဖြစ်နေတာ ရက်တွေ၊လတွေကြာနေပြီမို့ စိတ်ရောကိုယ်ပါ ပင်ပန်းပြီး အရှုံးပေးလိုက်ချင်ပြီ ...... လို့ ထင်နေတာလား 😸

ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်မှုအသီးပွင့်တွေပဲ ချပြချင်တာမို့ social media မှာ KNDF-PEKHON ZONE ရဲ့ လှုပ်ရှားမှုတွေ မတွေ့ရရင် စိတ်မပူပါနဲ့နော်။

"ကြိုးစားနေကြတယ်" ဆိုတာလေးပဲ တွေးပေးကြရင် စိတ်ကြည်နူးမိမှာ အမှန်ပါပဲ။

KNDF - Pekhon Zone

16 Apr, 04:23


၁ မိနစ်တောင်မပြည့်ပေမယ့် စကစ ၅ယောက်ကျတဲ့ မစ်ရှင်လေး။

"တော်လှန်သင်္ကြန်"

KNDF-B03
KNDF-PEKHON ZONE

KNDF - Pekhon Zone

31 Mar, 17:42


Facebook မသုံးတဲ့ မိတ်ဆွေများအတွက် ကျွန်တော်တို့ထုတ်ပြန်ထားတဲ့ statement ကို ဖတ်လို့ရအောင်ပါ။

2,757

subscribers

159

photos

50

videos