Arakan Bay News - ABN Channel @arakanbaynews Channel on Telegram

Arakan Bay News - ABN Channel

@arakanbaynews


ရက္ခိုင်၊ ရခိုင် ၊ အာရာကန် ၊ အာရက္ခ သတင်းနှင့်မီဒီယာ ရက္ခိုင်ပြည်အတွက် ပြည်တွင်းပြည်ပ သတင်းအချက်အလက်များနှင့် ရသ ကဏ္ဍများကို တင်ဆက်သွားမည်။

Arakan Bay News - ABN Channel (Burmese)

ရက္ခိုင်ပြည်အတွက် သတင်းနှင့်မီဒီယာ ရက္ခိုင်၊ ရခိုင် ၊ အာရာကန် ၊ အာရက္ခ သတင်းနှင့် မီဒီယာ ရက္ခိုင်ပြည်အတွက် ပြည်တွင်းပြည်ပ သတင်းအချက်အလက်များနှင့် ရသ ကဏ္ဍများကို တင်ဆက်သွားမည်။ ဤသတင်းခွင့်ကို အစိတ်အပိုင်း ချီးမြှင့်၍ အခမဲ့ ဖော်ပြပြီး လျှောက်လှန် ရသ သတင်းနှင့် မီဒီယာကို ပြည်တွင်း သတင်းသုံးစွဲသော သောကြာနေ့ သတင်းများ ဖော်ထုတ် လျှောက်မည်။

Arakan Bay News - ABN Channel

19 Nov, 12:50


Breaking News

မောင်တောနယ်တွင် စစ်ဘေးရှောင်များခိုလှုံနေသည့် အဆောက်အဦးအချို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး ၇ လုံးကြဲချတိုက်ခိုက်၊ စစ်ဘေးရှောင်အချို့ဒဏ်ရာရ


AB News - နိုဝင်ဘာ ၁၉၊ ၂၀၂၄


ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာရှိ စစ်ဘေးရှောင်များခိုလှုံနေသည့် အဆောက်အဦးအချို့ကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး ၇ လုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင်အချို့ ဒဏ်ရာရသွားကြောင်း ကနဦးစုံစမ်းသိရှိရသည်။


အကြမ်းဖက် စစ်ကောင်စီသည် ယနေ့ နိုဝင်ဘာလ ၁၉ ရက် နေ့လည် ၃ နာရီ ၂၀ မိနစတွင် ကြိမ်ချောင်းကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။


"နေ့လည် ၃ နာရီကျော်မှာ ဂျက်နဲ့လာပစ်တယ်လို့ကြားပါတယ်။ ဗုံး ၇ လုံးကျတယ်။ စစ်ဘေးရှောင်အချို့ ဒဏ်ရာရတယ်လို့ ကြားပါတယ်။ အဆောင်တွေလည်း ပျက်စီးသွားတယ်။ ကျနော်တို့လည်း ပြေးနေရတယ်" ဟုဆ်ိုသည်။


အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကြိမ်ချောင်းရွာတွင် စစ်ဘေးခိုလှုံနေသည့် ပြည်သူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိသွားကြောင်းသိရှိရသော်လည်း အသေးစိတ်အချက်အလက်များကိုမူ AB News ကအတည်မပြုနိုင်သေးပေ။


စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်မှုကြောင့် ၎င်းရွာမှစစ်ဘေးရှောင်များလည်း ဘေးလွတ်ရာ အခြားတစ်နေရာသို့ ထပ်မံထွက်ပြေးနေကြရကြောင်း သိရသည်။


ယနေ့ ၊ နိုဝင်ဘာလ ၁၉ ရက်နေ့၊ နေ့လည် ၁၁ နာရီ ၃ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီက တောင်ကုတ်မြို့နယ်၊ ကမ်းဒေးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စာသင်ကျောင်း ၁ ဆောင်ပျက်စီးသွားခဲ့သည်။


လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီသည် မောင်တောမြို့နယ်ရှိကျေးရွာအများအပြားသို့ နေ့စဥ်ရက်ဆက် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်ကို AB News ကကွင်းဆင်းလေ့လာတွေ့ရှိရသည်။

ဓာတ်ပုံ-နိရဥ္ဇရာ

Arakan Bay News - ABN Channel

19 Nov, 09:49


တောင်ကုတ်မြို့နယ် ၊  ကမ်းဒေးကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ စာသင်ကျောင်း ၁ ဆောင်ပျက်စီး


AB News - နိုဝင်ဘာ ၁၉ ၊ ၂၀၂၄


ရက္ခိုင်ပြည် ၊ တောင်ကုတ်မြို့နယ် ၊ ခူးတိုက်နယ် ၊ ကမ်းဒေးကျေးရွာကို စစ်ကောင်စီက Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စာသင်ကျောင်း ၁ ဆောင်ပျက်စီးသွားကြောင်းသိရှိရသည်။

ယနေ့ ၊ နိုဝင်ဘာလ ၁၉ ရက်နေ့၊ နေ့လည် ၁၁ နာရီ ၃ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီက ကမ်းဒေးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စာသင်ကျောင်း ၁ ဆောင်ပျက်စီးသွားကြောင်း ဒေသခံသတင်းအရင်းအမြစ်က AB News သို့ပြောသည်။

" ဒီနေ့ ၊ နေ့လည် ၁၁ နာရီလောက်မှာ ဂျက်နဲ့ ကမ်ဒေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ် ။ လူထိခိုက်တာတော့မရှိဘူး။ စာသင်ကျောင်းတစ်ဆောင်တေ့ာပျက်စီးသွားတယ်" ဟုဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ ၊ နံနက်ပိုင်း ၃ နာရီ ၁၅မိနစ်အချိန်တွင်လည်း တောင်ကုတ်မြို့နယ် ခူးတိုက်နယ်၊ ချောင်းသုံးခွကျေးရွာအား ဂျက်တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးချ တိုက်ခိုက်ခိုက်ခဲ့ရာ နေအိမ် အချို့နှင့် စာသင်ကျောင်း ပျက်စီးသွားခဲ့ရသည်။

အကြမ်းဖက်စစ်ကောင်စီသည် စစ်ဘေးရှောင်ပြည်သူများနေထိုင်သော ဘုန်းကြီးကျောင်း​၊ စာသင်ကျောင်း ၊ သာသနာ့အဆောက်အဦးများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်း ​ပစ်ခတ်တိုက်လျှက်ရှိသည်။


တောင်ကုတ် ၊ ဂွ ၊ အမ်း ၊ မောင်တောတို့တွင် အာရက္ခတပ်တော်AA နှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲပြင်းထန်လျှက်ရှိသည်။

Arakan Bay News - ABN Channel

19 Nov, 07:15


ပုဏ္ဏားကျွန်းမြို့နယ်မှ စိတ်ဝေဒနာသည် အမျိုးသား ၁ ဦး စစ်ကောင်စီပစ် လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာရ


AB News - နိုင်ဝင်ဘာ ၁၉ ၊ ၂၀၂၄


ရက္ခိုင်ပြည် ၊ ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်အလယ်ရွာမှ စိတ်ဝေဒနာသည် အမျိုးသားတစ်ဦးသည် စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ငယ်ကျည် ထိမှန်၍ ပြင်းထန်ဒဏ်ရာရသွားကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ ၊ နေ့လည် ၂ နာရီကျော်အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ် အိုင်းဒင်အလယ်ရွာမှ စိတ်ဝေဒနာသည် အမျိုးသား တစ်ဦးသည် အမြင့်ကျွန်းတံတားအနားတွင်ရှိနေစဥ် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည် ၂ ချက် လည်ပင်းမှာထိမှန်၍ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်က AB News သို့ပြောသည်။


"စိတ်ဝေဒနာသည်ကတေ့ာ ပုဏ္ဏားကျွန်းမြို့နယ် ၊ အိုင်ဒင်အလယ်ရွာကပါ။ သူက အမြင့်ကျွန်းတံတားအနီးမှာ ရှိနေတဲ့အချိန် စစ်ကောင်စီက ပစ်ခတ်တဲ့လက်နက်ငယ်ကျည်ထိမှန်ပြီးတေ့ာ ဒဏ်ရာရရှိသွားတာပါ။ ဒဏ်ရာကတေ့ာပြင်းတယ်။ လည်ပင်းမှာ ကျည်နှစ်ချက်ထိမှန်သွားတယ်" ဟု ဆိုသည်။

ပြင်းထန်ဒဏ်ရာရရှိသွားသည့် စိတ်ဝေဒနာသည်အမျိုးသားကို နီးစပ်ရာဆေးခန်းတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရှိရသည်။

ပြင်းထန်ဒဏ်ရာရရှိသွားသည့် စိတ်ဝေဒနာသည်အမျိုးသားမှာ အိုင်ဒင်အလယ်ရွာမှ အသက် ၆၂ နှစ်အရွယ် ဦးအောင်သိန်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ဂျိုင်ကောက်ကျေးရွာအား အကြမ်းဖက် စစ်ကောင်စီက Jet Fighter ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၇ ဦးသေဆုံးသွားပြီး ၅ ဦး ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့ရသည်။

Arakan Bay News - ABN Channel

18 Nov, 07:16


https://arakanbaynews.com/?p=19131
ရက္ခိုင်ပြည် အငတ်ဘေးစတင်ဆိုက်ကပ်လာ

Arakan Bay News - ABN Channel

15 Nov, 07:31


ဂွမြို့နယ်၊ ဂျိုင်ကောက်ရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်၍ ရွာသား ၇ ဦး သေဆုံးပြီး၊ ၅ ဦးဒဏ်ရာပြင်းထန်ရ

AB News-

ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ဂျိုင်ကောက်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်ဖြင့် လေကြောင်း ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၇ ဦးသေဆုံးသွားပြီး ၅ ဦး ဒဏ်ရာပြင်းထန်စွာ ရသွားကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ဂျိုင်ကောက်ကျေးရွာအား အကြမ်းဖက် စစ်ကောင်စီက Jet Fighter ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်က AB News သို့ပြောသည်။


"ဂျိုင်ကောက်ရွာကို စကစ က ဂျက်နဲ့ ပစ်သွားတယ်။ ဗုံးချတာ ပေါင် ၅၀၀ ဗုံးဖြစ်မယ်။ တော်တေယ်ပြင်းပါတယ်။ ၁၃ ရက်နေ့ ၁၀ နာရီလောက်မှာပါ။ ကလေး တစ်ယောက်အပါအဝင် ၇ ယောက် သေသွားတယ်။ ၅ ယောက်က ဒဏ်ရာ ပြင်းတယ်" ဟုပြောသည်။

သေဆုံးသူများမှာ ဦးဆန်းလှိုင်အသက် (၆၅)နှစ်၊ မယွန်းရတီလှိုင် (၁၅)နှစ်၊ ဒေါ်ခင်သက်မူ (၆၀)နှစ်၊ ကိုရေချမ်း ဂျိတ္တော (၂၈)နှစ် ၊ ဘမ်ဒို(၅၄)နှစ်၊ မသေးသေး(၉)နှစ်နှင့် ဦးမိုးညို ၇ ဦးတို့ ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ မလေးလေးဝါး၊ ဦးတင်၀င်း၊ မောင်မောင်နိုင်၊ ဦးထွန်းထွန်းနိုင်နှင့် ဦးနု ၅ ဦးဖြစ်ကြသည်။

ထို့အပြင် ဂျိုင်ကောက်တံတားကိုလည်း အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီခွဲခန့်တွင် မိုင်းခွဲ ဖျက်ဆီးလိုက်သောကြောင့် တံတားအလယ်လောက်တွင် ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

Arakan Bay News - ABN Channel

14 Nov, 10:32


မောင်တောမြို့၊ ကညင်တန်းရပ်ကွက်ရှိ CFSI ရုံးအား အကြမ်းဖက် စစ်ကောင်စီက အကြိမ်ကြိမ်လေကြောင်းပစ်ခတ်တိုက်ခိုက်၊ CFSI ရုံးနှင့် အနီးဝန်းကျင်ရှိ နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီး

AB News-နိုဝင်ဘာ ၁၄၊ ၂၀၂၄

မောင်တောမြို့၊ ကညင်တန်းရပ်ကွက်ရှိ CFSI ရုံးအား အကြမ်းဖက် စစ်ကောင်စီက နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း ၃ နာရီခွဲမှ ၇ နာရီအထိ အကြိမ်ကြိမ်လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် CFSI ရုံးနှင့် အနီးဝန်းကျင်ရှိ နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

စစ်ကောင်စီက မောင်တောမြို့ ကညင်တန်းရပ်ကွက်ရှိ CFSI ရုံးအား ဂျက်တိုက်လေယာဥ် ၆ ကြိမ်နှင့် Y12 ဖြင့် ၁ ကြိမ်ထက်မက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

"ညဖက် မိုးလင်းအရုဏ်လောက်မှ ဂျက်နဲ့ တကြိမ်ပြီး တကြိမ်လာပစ်တယ်။ ၆ ကြိမ်ထက်မနည်းဘူး။ Y12 နဲ့လည်း လာပစ်တယ် မိုးလင်း ၇ နာရီထိကို လာပစ်တာပါ။ CFSI ရုံးနဲ့ မူဆလင်အိမ် ၃၀ ကျော် မီးလောင်သွားပါတယ်။" ဟုပြောသည်။

ထိုသို့ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် CFSI ရုံး မီးလောင်သွားပြီး ရုံးအတွင်း သိုလှောင်ထားသည့် ပစ္စည်းများလည်း မီးလောင်ကျွမ်းသွားကြောင်း သိရသည်။


မောင်တောမြို့တွင် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် ဖြစ်သည့် နခခ ၅ တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း သိရသည်။