ဖေဖေါ်ဝါရီ၊ ၁၃၊ ၂၀၂၅။
လူထုခေတ်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ အဝင်တစ်နေရာတွင် ဖေဖေါ်ဝါရီလ ၁၃ ရက် ယနေ့နံနက် ၄ နာရီခန့်တွင် ကင်းတာဝန်ယူနေသည့် ရဲဘော်တစ်ဦး အအေးမိကာ ကျဆုံးခဲ့ကြောင်း ကျားသစ်နက်တပ်မတော်တပ်ဖွဲ့ဝာာဝန်ခံကိုဥက္ကာမှ ပြောသည်။
မကွေးတိုင်း၊ ပခုက္ကူခရိုင် တပ်ရင်း-၁၅ တပ်ရင်း ကျားသစ်နက်တပ်မတော်Black Leopard Army မှ အသက် ၃၃ နှစ်အရွယ်ရဲဘော်အားမာန် (ခေါ်) ဝင်းလင်းအောင်ဖြစ်ပြီး နံနက် ၂ နာရီမှ ၄ နာရီအထိ ကင်းတာဝန်ထမ်းဆောင်ချိန် ပက်လက်အနေအထားဖြင့် သေဆုံးနေခြင်းဖြစ်သည်ဟု ဆိုသည်။
ကျဆုံးရဲဘော်ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ကျားသစ်နက်တပ်မတော်ဌာနချုပ်ရုံးစိုက်ရာ ပုလဲမြို့နယ်အစပ်တွင် အမိန့်ပြန်ကာ သင်္ဂြိုလ်ခဲ့သည်ဟု သိရသည်။
#စစ်ကိုင်း #ပုလဲ #ကျားသစ်နက် #ရဲဘော် #အအေးမိ #ကျဆုံး
အောက်ပါလင့်ခ်တွင် ရုပ်/သံကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://youtu.be/PbjPReDvXQY