သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅

@tharrawaddypdf3802division5


အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်း စစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ၅၏ စစ်ဆင်ရေးနှင့် ပတ်သတ်သည့်သတင်းများကို ယခုစာမျက်နှာမှ ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅

03 Oct, 10:38


#အမိမြေကိုကူကြစို့_စင်ကာပူ မှ ၈သိန်းကျပ် လှူဒါန်းပေးတဲ့အတွတ် "ကိုယ်စိတ်နှစ်ပါး ကျန်းမာဘေးကင်းကြပါစေ"လို့ မိမိတို့ တပ်ဖွဲ့ဝင်များမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။🙏🙏🙏

#အမျိုးသားညီညွတ်ရေးအစိုးရ
#ကာကွယ်ရေးဝန်ကြီးဌာန
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#တောင်ပိုင်းတိုင်းစစ်ဒေသ
#အမှတ်၂စစ်ဒေသခွဲ
#သာယာဝတီခရိုင်တပ်ရင်း၃၈၀၂
#တပ်ခွဲ၅

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅

12 Sep, 09:52


#ဒူဘိုင်းရောက်မနန်းသော်ဇင် မှ ၁သိန်းကျပ် လှူဒါန်းပေးတဲ့အတွတ် "ကိုယ်စိတ်နှစ်ပါး ကျန်းမာဘေးကင်းကြပါစေ"လို့ မိမိတို့ တပ်ဖွဲ့ဝင်များမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။🙏🙏🙏

================================
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ၏ ထုတ်ပြန်ချက်များကို https://t.me/tharrawaddypdf3802division5 တယ်လီဂရမ်ချန်နယ်မှာ ဝင်ရောက်ကြည့်ရူနိုင်ပါသည်။

#အမျိုးသားညီညွတ်ရေးအစိုးရ
#ကာကွယ်ရေးဝန်ကြီးဌာန
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#တောင်ပိုင်းတိုင်းစစ်ဒေသ
#အမှတ်၂စစ်ဒေသခွဲ
#သာယာဝတီခရိုင်တပ်ရင်း၃၈၀၂
#တပ်ခွဲ၅

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅

25 Aug, 02:56


သတင်းထုတ်ပြန်ချက် ၁၂/၂၀၂၄

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့ တက်လာသည့်  အင်အား(၁၀၀)ကျော်ပါ စကစ စစ်ကြောင်းအား (၂၄.၈.၂၀၂၄)ရက် နံနက်(၁၀)နာရီ (၄၅)မိနစ်တွင် ဆင်တလင်းကျေးရွာအုပ်စု၊ အုပ်ဖိုစုရွာထိပ်၌ မိမိတို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂မှ တပ်ခွဲ၂၊ တပ်ခွဲ၃၊ တပ်ခွဲ၅၊ တပ်ခွဲ၆ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သာယာဝတီဂဠုန်တပ်ဖွဲ့ တို့နှင့်အတူ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ မှ ရဲဘော်များ ပူးပေါင်း၍ စောင့်ကြိုတိုက်ခိုက်ခဲ့ပါသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု ၃နာရီခန့် ကြာမြင့်ကာ မိမိတို့ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ၁လုံး စကစ စစ်ကြောင်းမှူး စစ်ဗိုလ်ရှိနေသည့်အပေါ် ကျရောက်ပေါက်ကွဲ၍ ၄င်းစစ်ဗိုလ်အပါ အများအပြား သေဆုံးပြီးနောက် စကစများ တပ်လန်ကာ ဝရုန်းသုန်းကား ထွက်ပြေးကြပြီး မိမိတို့ပူးပေါင်းတပ်ဖွဲ့ ရဲဘော်များ လိုက်လံတိုက်ခိုက်စဥ် စကစ(၁၀)ဦးမှာ လက်နက်ချ အညံ့ခံခဲ့ကြပါသည်။

(၂၄.၈.၂၀၂၄)ရက် တိုက်ပွဲတွင် စကစဘက်မှ (၂၀) ကျော် သေဆုံး၍ (၁၀)ဦး အရှင်ဖမ်းမိကာ G-3 (၁၉)လက်၊ G-4 စက်လက် (၁)လက်၊ 40 mm (၂)လက်၊ MA-1 (၃)လက်၊ MA-3 (၂)လက်၊ MA-12 (၁)လက်၊ MA-2 (MK-11) (၁)လက်၊ ပစ္စတို MA-5 (၁)လက်၊ G-3 ကျည် (၁၉၆၃)တောင့်၊ MA ကျည် (၁၇၈)တောင့်၊ 9mm ကျည် (၂၀၀)တောင့်၊ ကျည်ဘောက်မျိုးစုံ (၆၅)ခု၊ ငွေသား (၂၅)သိန်းကျော်၊ ဖုန်း (၈)လုံးတို့အားသိမ်းဆည်းရရှိခဲ့ပြီး မိမိတို့ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်သူမရှိ အောင်ပွဲဆင်နိုင်ခဲ့ပါသည်။

ဆက်လက်၍လည်း စကစများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေနဲ့ စကစများအနီး  သွားလာနေထိုင်မှုများ လုံးဝ(လုံးဝ) မပြုလုပ်ကြရန် အထူး အသိပေးအပ်ပါသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅