ညီမလေးဖတ်ဖို့

@dhammapage


ညီမလေးဖတ်ဖို့

14 Dec, 17:31


စာဖတ်ခြင်းရဲ့အကျိုး

ညီမလေးဖတ်ဖို့

08 Dec, 18:09


အချို့အရာတွေက
ဆုံဆည်းခွင့်ပဲ ရှိတာပါ။

ညီမလေးဖတ်ဖို့

07 Dec, 17:21


အရမ်းမှန်တယ်နော်။
မင်းအနာဂတ်အတွက်
မင်းပဲ လိုတယ်။

ညီမလေးဖတ်ဖို့

07 Dec, 17:06


မိဘရဲ့မေတ္တာကို နားလည်အောင် ကြိုးစားကြပါ။
မိဘဆိုတာ သားသမီးတို့ရဲ့
အဖြည့်ခံသူတော်ကောင်းကြီးတွေပါ။

ညီမလေးဖတ်ဖို့

19 Nov, 07:02


ပုံပြင်တစ်ခု
.................
အိုမင်းရင့်ယော်နေတဲ့
အတိတ်တွေမှာ
အရိပ်ပမာ
မြင်နေရတဲ့
ဒီစိတ်ကြောင့်
ငါသည် အဆိပ်သင့်နေတယ်။

အရိပ်ထင်
အမျှင်တန်းနေလေတော့
အလွမ်းဇာတ်လမ်း,
တစ်ခန်း,ရပ်လေတိုင်း
ရင်လှိုင်းစီးရသလို
စိတ်စေတသိက်တွေ
အခါခါ ပြိုကွဲရတယ်။

ကြိုတင်လွဲနေတဲ့ တွေ့ဆုံမှု
‌မမေ့သွားအောင်
ပုံတူ ထုချင်သတဲ့။
ဪ ! အခုတော့ ပုံပြင်တစ်ခုပါပဲ။ ။

## ဘုဏ်းသက်သျှင်

ညီမလေးဖတ်ဖို့

03 Nov, 05:59


မင်းကို
နာကျင်စေတဲ့
သူအတွက်နဲ့
ဘယ်တော့မှ
မျက်ရည်မကျပါနဲ့။
ပြုံးပါ ပြောပါ
ပြုံး၍ ပြောပါ
ပြုံးပြောပါ။

မင်းထက်သာတဲ့
သူ ငါ့ကို
ရှာခွင့်ပေးလို့
အများချည်း
ကျေးဇူးတင်ပါတယ်။ ။

ညီမလေးဖတ်ဖို့

19 Nov, 14:53


စကားမှာ ကိုယ်၊နှုတ်၊စိတ်၊ အ၀တ်အစားက
အစ အကုန်ပါတယ်နော်ညီမလေး။ သူတို့ရဲ့
ရှေးကံ၊ လက်ရှိကြိုးစားအားထုတ်စုဆောင်း
မှုကြောင့် ရှေးတန်းရောက်နေတာကို အောက်
တန်းကျတဲ့ စိတ်နဲ့ ညီမလေးက ပြုမူပြောဆို
ဆက်ဆံရင် ညီမလေးပဲ လူ့အောက်တန်းစား
ဘ၀နဲ့ တစ်ဘ၀လုံးရပ်တည်သွားရမယ်နော်။
မြတ်စွာဘုရားက ဆုံးမတယ်ညီမလေး။ ဘ၀
ဆိုတာ စိတ်နဲ့ တန်တဲ့အတိုင်းပဲ ဖြစ်ကြရကြ
ပိုင်ဆိုင်ကြတယ်တဲ့။ အဲဒါအမှန်ပဲညီမလေး။
ဣဿာစိတ်၊ မစ္ဆရိယစိတ်ထားရင် လူကို အ
ရုပ်ဆိုးစေတယ်။ အသိဉာဏ်မဲ့စေတယ်။ အ
ရာရာဆုံးရှုံးစေတယ်။ နောက်ဆုံးရလဒ်ကတော့ အကုသိုလ်သက်သက်ချည်း ရလိုက်
တာနဲ့ စိတ်ဆင်းရဲပင်ပန်းပြီး နေရမယ်မယ်။
အဲဒါ အသက်ရှင်လျှက် ငရဲကျနေတာနော်။ အဲဒီစိတ်တွေနဲ့ သေရင် အပါယ်ကျဦးမယ်။
ဒါကြောင့် တစ်ယောက်တည်း နေတဲ့အခါ မိမိ
ရဲ့အတွေးတွေကို မကောင်းတာ မတွေးမိအောင် နေပါ။ လူတွေနဲ့ နေတဲ့အခါ ကိုယ်မလု
ပ်နိုင်ဘဲ ကတိတွေ အလွယ်ပေးတာမျိုး၊ မျှော်
လင့်ချက်တွေ ပေးတာမျိုး၊ ကိုယ့်ဘ၀ကို အန္တ
ရာယ်ဖြစ်မယ့် စကားလုံးတွေ ပြောဆိုတာမျိုး
တွေ မလုပ်မိဖို့ သူတို့အပေါ် အချောင်အကုသိုလ်ချည်းသက်သက်ဖြစ်စေတဲ့ မနာလိုသ၀န်တိုစိတ်တွေ မထားမိဖို့ လူသားတွေက
သူတို့ပြောချင်တာပြောပြီး သူတို့ကြားချင်တဲ့
အခါ ကြားတတ်လေ့ရှိကြောင့် လူတွေနဲ့ နေတဲ့
အခါ ညီမလေးရဲ့ နှုတ်ခမ်းနီဖူးဖူးလေးမှ ထွ
က်လာမယ့် စကားလုံးတွေကို ဂရုစိုက်ပါနော်။

ညီမလေးရဲ့အစ်ကိုကြီး

တက္ကသိုလ် ရဟန်းပျို

ညီမလေးဖတ်ဖို့

19 Nov, 14:53


" ညီမလေးနဲ့ စိတ္တဝိဃာတ "

ညီမလေးရေ! ကိုကြီးရေးပြထားတဲ့ အင်္ဂလိပ်
စာသားတွေကို တွေ့လား။

Two things to remember in life:
Take care of your thoughts when you're
alone, and take care of your words when
you're with people.

အဓိပ္ပါယ်ကတော့ ဘ၀မှာ သတိထားရမည့် အချက် နှစ်ချက်ရှိတယ်တဲ့။

၁။ တစ်ယောက်တည်း နေတဲ့အခါ မင်းရဲ့
အတွေးကို ဂရုစိုက်ပါ။

၂။ လူတွေနဲ့ နေတဲ့အခါ မင်းရဲ့စကားတွေကို
ဂရုစိုက်ပါ။

ဟုတ်တယ်ညီမလေး။ ဘ၀မှာ မိမိရဲ့အတွေး
တွေက လူကို စိတ်ဆင်းရဲစေတယ်နော်။ ပင်ပ
န်းစေတယ်။ စိတ်ရဲ့ဆင်းရဲခြင်း၊ ပင်ပန်းခြင်း
ကို ပါဠိလို " စိတ္တဝိဃာတ "လို့ ခေါ်တယ်။ ကို
ကြီးက ဘုန်းကြီးဆိုတော့ ပါဠိလိုထည့်ပြောတာကို သည်းခံဖတ်ကွာ။ Psychology = စိတ်
ပညာမှာတော့ စိတ်ရဲ့ဆင်းရဲခြင်း၊ပင်ပန်းခြင်း
ကို ဖြစ်စေတဲ့ စိတ်ကို The unconscious = မ
သိစိတ် သို့မဟုတ် အငုံစိတ်ကြောင့်လို့ ပြော
ထားတယ်ညီမလေး။ကိုကြီးတို့တတွေက တ
စ်ခါတစ်ရံ အဲဒီမသိစိတ်, အဲဒီအငုံစိတ်ကြောင့်
ပဲ မလိုအပ်ဘဲ စိတ်ဆင်းရဲရတယ်။ စိတ်ပင်ပ
န်းရတယ်မဟုတ်လား။ စိတ်ဆင်းရဲတာ စိတ်
ပင်ပန်းတာကို စာသံပေသံနဲ့ ပြောရင် ဒေါမန
ဿဝေဒနာလို့လည်း ခေါ်ပြန်တယ်။ ‌မကော
င်းတဲ့ ခံစားမှုနဲ့ ပတ်သက်ပြီး ဝေဒနာဖြစ်ရင် ဒေါမနဿဝေဒနာ‌၊ ကောင်းတာလုပ်လို့
မအောင်မြင်တဲ့အခါမှာ ဒေါမနဿဝေဒနာပါ
ပဲ။ ဆွေမျိုးဉာတကာတွေ ပျက်စီးသွားလို့ ခံ
စားရတဲ့အခါ ဒေါမနဿဝေဒနာက သောကအဆင့်ရောက်သွားတယ်။ ကဲ စိတ္တဝိဃာတ၊
မသိစိတ်၊ အငုံစိတ်‌အကြောင်း ပြန်ဆက်ရရင်
မသိစိတ်၊ အငုံစိတ်ကြောင့် စိတ်ဆင်းရဲရတယ်။ စိတ်ပင်ပန်းရတယ်နော်။ ဒါဆို အဲဒီ စိ
တ်ဆင်းရဲတာ စိတ်ပင်ပန်းတာက ဘာကြောင့်
ဖြစ်သလဲ? လို့ ညီမလေးက ကိုကြီးကို မေးမ
ယ်။ ညီမလေးရဲ့ အမေးကို ကိုကြီး ဖြေမယ်။
ဒီလိုပါတဲ့ ညီမလေး။ ချစ်စရာသက်ရှိသက်မဲ့
တွေနဲ့ ကွေးကွင်းရခြင်း၊ ချစ်စရာသက်ရှိသ
က်မဲ့တွေကို မရခြင်းကြောင့် စိတ်ဆင်းရဲခြင်း
ဖြစ်ရတယ်တဲ့။ ညီမလေးပဲ စဉ်းစားကြည့်ပါ။
ကိုယ်ချစ်ရသူကို မမြင်ရ မကြားရရင် စိတ်ထဲ
အရမ်းခံစားရတယ်မဟုတ်လား။ အဲဒီချစ်ရ
သူတွေ သံယောဇဉ်ရှိရသူတွေကြောင့်ပဲ မျက်
ရည်ခဏတိုင်း ကျရတယ်မဟုတ်လား။ ချစ်ရ
သူနဲ့ အတူမနေရရင် မိဘဆွေမျိုးအသိုင်းအ
ဝိုင်းတွေက သဘောမတူကြတဲ့အခါ စိတ်ဆ
င်းရဲစိတ်ပင်ပန်းတယ်မဟုတ်လား။ ကိုယ်ချစ်
ရသူတွေရဲ့ အလိုဆန္ဒကို မဖြည့်ဆည်းပေးနိုင်
တဲ့အခါ စိတ်ဆင်းရဲတယ်။ စိတ်ပင်ပန်းတယ်
နော်။ အောက်ထစ်ဆုံး ကိုယ်ချစ်ရတဲ့တိရစ္ဆာ
န်လေး နေမကောင်းရင်တောင် စိတ်ဆင်းရဲရ
တယ်နော်။ ဒီလိုပါပဲ။ သက်မဲ့ပစ္စည်းဥစ္စာစိန်
ရွှေရတနာစတဲ့ တန်ဖိုးဖြတ်လို့မရတဲ့ ဥစ္စာတွေ
ကို လိုချင်ပါလျက်နဲ့ မရတဲ့အခါ စိတ်ဆင်းရ
တယ်။ အောက်ထစ်ဆုံး ဖုန်းထဲက ဓာတ်ပုံ
တွေ၊ စာတွေ၊ သီချင်းတွေ၊ ဗီဒီယိုတွေ၊ ဖုန်း
ကျကွဲတဲ့အခါ Touch မကောင်း၊ ပါဝါမကော
င်း၊ ခလုတ်က မကောင်း၊ ပန်းပင်ပန်းအိုး၊အရု
ပ်ကလေးတွေအစ လိုချင်တာ တန်ဖိုးထားတဲ့
ရတွေ ပျက်စီးသွားရင် စိတ်ဆင်းရဲစိတ်ပင်ပန်းတော့တာပါပဲ။ အဲဒီအခါ ချစ်ရတဲ့သ
က်ရှိသက်မဲ့တွေကြောင့် အဲဒါတွေကို မရတဲ့
အတွက်ကြောင့် စားမရ၊ အိပ်မရ၊ ဘာလုပ်
လုပ် သည်စိတ်ပဲဖြစ်တယ်နော်။ နောက်ဆုံး ကျန်းမာရေးထိ ခိုက်မယ်။ တချို့လည်း အသက်အဆုံးအောင်ထိ လုပ်တာ၊ လုပ်သွားကြတယ်နော်။ တစ်ယောက်
တည်းအိပ်ရတဲ့အခါ တွေးတွေးပြီး မျက်ရည်
ကျရတဲ့ပုံစံအမျိုးဖြစ်တတ်တယ်။ ရင်ဘတ်
တွေ ပူလာမယ်။အဲဒါတွေ ဖြစ်ရတာက သဘာ
၀တရားပဲနော်။တရားသဘောကို မသိတဲ့အခါ
ငါပဲ ဆုံးရှုံးရတယ်။ ခံလိုက်ရတယ်။ ပေးဆပ်
လိုက်ရတယ်။ သံယောဇဉ်ထားလိုက်ရတာ။
တွယ်ဖက်လိုက်ရတာ အရာအားလုံးက ငါ့နား
ငါ့ရင်ခွင်ထဲက ထွက်သွားတယ်လို့ စိတ်ဆင်း
ရဲနေတော့တာပါ။ စိတ်ပင်ပန်းနေရတာပါ။ သ
က်ရှိသက်မဲ့တွေ ကိုယ်နားရှိခြင်းမရှိခြင်းတွေ၊
အဲဒါတွေကို ရခြင်းမရခြင်းတွေက လောကဓံ
တရားပဲနော်။ လောကဓံတရားသဘောကို နား
မလည်လိုက်တာနဲ့ မျက်ရည်ကျရမယ်။ ပူ
လောင်မယ်။ စိတ်ဆင်းရဲပင်ပန်းမယ်နော်ညီမ
လေး။

နောက်ထပ် မသိစိတ်၊ အငုံစိတ်ကြောင့် စိတ်
ဆင်းရဲရစိတ်ပင်ပန်းရတဲ့အကြောင်းတရား
နှစ်ပါးက ဣဿာစိတ် - မနာလိုစိတ်၊ မစ္ဆရိယ
စိတ်- သ၀န်တိုစိတ်တွေကြောင့်ပါပဲညီမလေး။
ဒီစိတ်နှစ်မျိုးအကြောင်းကို ကိုကြီးက ညီမ
လေးတွေအတွက် ပို့စ်နှစ်ခုရေးသားပြီးပြော
ပြထားတယ်နော်။ ညီမလေးတွေ ဖတ်ပြီးပြီ
လား။ မဖတ်ရသေးရင် ရှာဖတ်ထားနော်။ ညီ
မလေးတွေအတွက် စိတ်နေထားတတ်အောင်
ကိုကြီး ရေးပြထားတယ်။ ဒီစိတ်တွေနဲ့ပတ်သ
က်ပြီး ကိုကြီးအထူးမပြောတော့ပါဘူးနော်။
နည်းနည်းပဲ ပြောမယ်။ ညီမလေးတို့ မိန်းမ
သားတွေက ဣဿာထူပြော မစ္ဆရိယတောမြို
င်မှာ အတော်ပျော်တတ်တဲ့အလေ့အထရှိတ
ယ်နော်။ မနာလိုသ၀န်တိုစိတ်ဆိုတာ အငုံစိတ်
တစ်မျိုးပဲနော်။ အဲဒီမသိစိတ်က ပြုမူသင့်၊မ
သင့်၊ ပြောဆိုသင့်၊ မသင့်ကို စဉ်းစားဆင်ခြင်
တတ်တဲ့ ဉာဏ်ပညာနဲ့ မယှဉ်ပါဘူး။ ဒါကြော
င့်လည်း စောင်းမြောင်း၊ ဆဲဆို၊ ရေးသား၊ တို
က်ခိုက်ကြတာပါ။ယဉ်ကျေးတယ်ဆိုတဲ့

1,806

subscribers

20

photos

3

videos