Nabu @vfnabu Channel on Telegram

Nabu

@vfnabu


R-rated of @Vfstore_plus

Nabu (English)

Are you looking for a channel that provides R-rated content from @Vfstore_plus? Look no further because Nabu has got you covered! With a unique blend of adult content and exclusive offers, this channel is perfect for those who want to spice up their Telegram experience. @vfnabu is the username to remember when you're craving something a little more daring. Get access to uncensored photos, videos, and more that are sure to excite and entertain. Whether you're looking for a new source of entertainment or simply want to explore your wild side, Nabu is the channel for you. Join now and start experiencing a whole new world of adult content like never before!

Nabu

29 Jan, 17:30


TNLA တားဘုန်းကျော် ပြောတဲ့ လက်ရှိအခြေအနေ
နောက်ဆုံးစာပိုဒ်က အသက်
အောင်ပွဲက တကယ်အလုပ်လုပ်တဲ့ဂျန်ဇီးတွေမျိုးဆက်ဆီမှာပဲရှိပါတယ်

Nabu

29 Jan, 17:05


UN က fundတွေ တကယ်ဒုက္ခရောက်သူဆီသိပ်မရောက်ဘဲ ကြားက ပွဲစား လုပ်စား NGOဝန်ထမ်းတွေဂွင်ဖန်ထားတဲ့ စခန်းဆီပဲရောက်ကုန်တာ NGOလုပ်ဖူးသူတွေသိတယ် အဲထက်ဆိုးတာက နယ်စပ်ကအကြမ်းဖက်တွေဆီ စိမ့်ဝင်ကုန်တာပဲ ဒါမျိုး အလယ်ပိုင်းစစ်ပွဲ ISSတွေမှာလည်းဖြစ်ဖူးတဲ့သမိုင်းတွေရှိတယ်

ဂွင်ဖန်နေတာကို ထရမ့်သိလို့ မထောက်ပံ့တော့ဘူး

မြန်မာပြည်က စစ်ရှောင်စခန်းတွေကြောင့် ထောသွားတဲ့သူတွေ အမြတ်ထွက်သွားသူတွေ မနည်းမနောပဲ

Nabu

29 Jan, 16:26


သီတဂူက သူ့မှာ သံဃာ အင်အား ၄သိန်းရှိတယ်ပြောတယ် လိုအပ်ရင်ပြောတဲ့

Nabu

29 Jan, 14:08


Facebook သတင်းpage တော်တော်များများerrorတက်နေတယ် 2023 postတွေပဲ ပေါ်တော့တယ်

Nabu

29 Jan, 11:56


သာပေါင်းမြို့နယ်၊ သစ်ဖြူ စစ်တပ်စခန်းသို့ ရိက္ခာသွားပို့သည့် စခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး စနိုက်ပါဖြင့် ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံး၊ AA က သာပေါင်းမြို့ နယ်အတွင်းအထိ ရောက်ရှိလာ

Nabu

29 Jan, 09:11


အမေရိကန်သမ္မတသစ်
စီးပွားရေးသမား နိုင်ငံအရေးအမျိုးသားရေးဦးစားပေးသူ
သဘောထားတင်းမာသူ
နှုတ်စောင့်စည်းမှုမရှိ ပွင့်ပွင့်လင်းလင်းပြောတတ်သူ
ပြောသမျှတကယ်လုပ်တတ်သူ
မြောက်ကိုးရီးယားကိုခြေဆန့်ဖူးသူ
တခြားသမ္မတတွေထက် ပူတင် ရှီကျင့်ဖျင်တို့နဲ့ ပိုနီးစပ်ရှိသူ
သူ့လက်ထက် လက်ရှိကမ္ဘာ့စစ်ပွဲ‌တွေကို ငြိမ်းချမ်းအောင်လုပ်မယ်တဲ့
တကယ်ပဲ ငြိမ်းချမ်းသွားမလား
စစ်မီးပိုတောက်မလား ခန့်မှန်းရခက်ပါတယ်
တာဝန်ထမ်းဆောင်တဲ့ တပတ်အတွင်းမှာပဲ ထူးထူးခြားခြားတွေ မြင်တွေ့နေရပါပြီ
အစ္စရေးစစ်ပွဲ ခဏရပ်သွားပါပြီ

Nabu

29 Jan, 08:37


လားရှိုးကနေ ပြန်ဆုတ်‌ပေးရမယ်လို့
လားရှိုးနှစ်သစ်ကူးပွဲလာတက်တဲ့ယူနန်တရုတ်ကိုယ်စားလှယ်က ကိုးကန့်ကိုပြော

Nabu

29 Jan, 08:31


မြ၀တီရှိ BGF ထိန်းချုပ်ထားသော ရွှေက္ကိုလ် ကျားဖြန့် လောင်းကစား မြို့ကို တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက် ထောက် ဝန်ကြီးက ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ကြည့်ရှုစစ်ဆေး

Nabu

29 Jan, 08:29


ရခိုင်တွင် က AA မြို့ပြအုပ်ချုပ်ရေး စနစ် အကောင်အထည်ဖော်ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေး တပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်

Nabu

29 Jan, 07:47


သမ္မတထရမ့်၏ အစိုးရထောက်ပံ့ကြေးနှင့် ချေးငွေရပ်ဆိုင်းမှူအမိန့်ကို တရားရုံးက ဆိုင်းငံ့

Nabu

29 Jan, 07:40


စစ်မှုထမ်းလူငယ်များကို ရှေ့တန်း မထွက်ခိုင်းဟု လိမ်လည် သတင်းထုတ်ပြန်ခဲ့ဖူးသော စစ်ကောင်စီက အမျိုးသမီးများကို စစ်မှုထမ်းခိုင်းရန် စာရင်းကောက်နေသည့်သတင်းများ မဟုတ်မှန်ဟု ငြင်းဆိုပြန်

Nabu

28 Jan, 03:44


အမေရိကန်က ပြည်ပအကူအညီများ ရပ်ဆိုင်းလိုက်သဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ ဆေးရုံဆေးခန်းများ အားလုံး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ချက်ချင်းရပ်ဆိုင်း

Nabu

28 Jan, 03:18


Deepseek R1က မြန်မာလိုလည်းရတယ် ပါဠိလိုလည်းမေးဖြေနိုင်တယ်
Math physicsတွေ chat gptထက်တောင်မြန်နေပြီးတော့ open source 100% freeဖြစ်နေလို့ နာမည်ကြီးနေတာပါ

Nabu

28 Jan, 03:12


Apple App store နံပါတ် ၁နေရာ ရောက်ရှိခဲ့တဲ့ တရုတ်ထုတ် AI Deepseek R1 Modelကြောင့် USထုတ် Chat gptအပါဝင် AIများ လှုတ်ခတ်အထိနာ
Nvidia ရှယ်ယာတန်ဖိုး ‌တရက်တည်းတင် ဒေါ်လာ၅၈၉ ဘီလီယံဆုံးရှုံးခဲ့ရ

Nabu

28 Jan, 02:19


မြင်းခြံ ဗုံးကြဲ သတ်ဖြတ်ခံရမှု သေဆုံးသူ ဒါဇင်ချီပြီး အရေအတွက် စာရင်းမကောက်နိုင်သေး၊
ဖုန်း၊ အင်တာနက် သုံးတဲ့နေရာကို လေယာဉ်နဲ့ ဗုံးကြဲပြီး ရဟတ်ယာဉ်နဲ့ နာရီဝက်ကြာ ပစ်သတ်ဟုဆို၊

Nabu

28 Jan, 02:18


ဖြူဖြူထွေးကို အရင်ခေါ်

Nabu

27 Jan, 17:33


ပဲခူးတိုင်းထိရောက်ရှိလာပြီဖြစ်တဲ့ AA

မိုးထိတောင်စခန်းAAသိမ်းပိုက်

Nabu

27 Jan, 11:01


ကျောက်မဲမြို့ ထပ်မံဗုံးကြဲခံရ တဦးသေဆုံး

Nabu

27 Jan, 11:00


မလေးရှားတွင် မြန်မာများရာနဲ့ချီဖမ်းခံနေရပြီး မြန်မာဖွင့်သည့်ဆိုင်များအပိတ်ခံရ

Nabu

27 Jan, 04:54


မုံရွာတွင် စကစ ပေါ်တာဆွဲကြမ်းနေလို့ တမြို့လုံးတိတ်ဆိတ်ခြောက်ကပ်နေ

Nabu

27 Jan, 03:28


ဧရာဝတီသား စနိုက်ဘာတပ်ဖွဲ့ တပ်သားသစ်များခေါ်ယူ

https://www.facebook.com/share/r/1A7o8nhu3g/?mibextid=qi2Omg

Nabu

26 Jan, 13:59


လိုင်ဇာအနီး လိုင်ဆင်ကို ဒီည ၇နာရီတွင်စကစက လေကြောင်းဗုံးကြဲ

Nabu

26 Jan, 07:42


== မအလအကြမ်းဖက်စစ်တပ်က တနိုင်ငံလုံးကိုသတ်ဖြတ်မယ် သူ့ကိုထောက်ခံသူပဲထားပြီးလုပ်ချင်တာလုပ်မယ့်ပုံပါ မြောက်ကိုးရီးယားထက်ဆိုးမှာပါ

Nabu

26 Jan, 07:40


သာပေါင်းမြို့နယ်ရှိပြည်သူများကို စစ်ရှောင်ခွင့်မပြုဘဲ ကြိုတင်စစ်ရှောင်ပါက အရေးယူမည်ဟုစကစခြိမ်းခြောက်

Nabu

26 Jan, 07:29


လွိုင်ကော်တွင် အတင်းအဓမ္မ စစ်ထဲထည့်သွင်းခံရသည့် စစ်မှုထမ်း တပ်သား ၇ ဦး လက်နက် ခဲယမ်းများ နှင့်အတူ KNDF ထံ ဝင်ရောက်ခိုလှုံ

Nabu

26 Jan, 06:40


ဗန်းမော်လေဆိပ်အတွင်းသို့ KIA ဦးဆောင်သော တော်လှန်ရေးတပ်များ ထိုးဖောက် ဝင်ရောက်၊ ဗန်းမော် အမတ ၃၆၆ နှင့် ၇၀၀၆ သံချပ်ကာတပ်ရင်း သိမ်းပိုက်ရရှိသည့်အပြင် သံချပ်ကာတင့်ကား ၉ စီးပါ ရရှိ (ရုပ်/သံ)

Nabu

26 Jan, 06:13


ဂရင်းလန်းကျွန်းကို ရောင်းရန် ဒိန်းမတ်ဝန်ကြီးချုပ်အား ထရမ့်ပ် ဖုန်းဆက်ခြိမ်းခြောက်

Nabu

26 Jan, 05:25


သာကေတတွင် အမျိုးသမီးစစ်မှုထမ်းဖို့ စာရင်းလိုက်ကောက်နေ
မဲနှိုက်ရွေးမည်ဟုသိရ

Nabu

26 Jan, 04:57


ပြည်ပထွက်ရဖို့ စစ်ကောင်စီကို ရေလောင်းတဲ့သူတွေက ပြည်တွင်းမှာကျန်ခဲ့တဲ့သူတွေကို ပိုက်ဆံပေးသတ်ခိုင်းတာနဲ့တူတူပါပဲ

ကိုယ့်မိသားစုအဆင်ပြေစေဖို့ ဘယ်သူသေသေငါမသေရင်ပြီးရောစိတ်ဓါတ်နဲ့ တိုးတက်ဦးမယ်

Nabu

26 Jan, 04:53


Non CDM ဝန်ထမ်းများ စစ်မှုထမ်းရမည်

Nabu

26 Jan, 04:49


စစ်မှုထမ်းကိစ္စ ရပ်ကွက်ကမညီရင်တော့ အကုန်ပါမှာပဲ လူမပါရင် ဥစ္စာပါမှာပဲ
ညီရင်တော့ လုပ်သင့်တာလုပ်ဖို့ပြင်ဆင်တော့ ကြောက်ခေတ်ကို မှောက်ပစ်

Nabu

26 Jan, 04:35


စစ်ကောင်စီကို ၆လသက်တမ်းထပ်တိုး
၂၀၂၅တွင်ရွေးကောက်ပွဲမလုပ်တော့ဘဲ ၂၆တွင် ပြုလုပ်ဖို့လျာထား

Nabu

26 Jan, 04:30


ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်အုပ်ချုပ်ရေး၏ စေခိုင်းချက်အရ အမှတ် ၉၄ရပ်ကွက်အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်က
အမျိုးသမီးစစ်မှုထမ်းစာရင်းလိုက်လံကောက်ယူနေပြီး စာရင်းသွင်းခံရသူသည် စစ်မှုထမ်းရန်ခေါ်ဆောင်သည့်အချိန်ထိအိမ်တွင်ရှိနေရမည် မရှိပါက အရေးယူမည်ဟုပြောဆို

Nabu

25 Jan, 16:43


သစ်ရွက်ခြောက် ရေလောင်းပေး မြေဩဇာအလကားရတယ် ပညာတတ်ဖြစ်ပြီး ပညာမဲ့လုပ်ရပ်လုပ်ရင် ပညာတတ်အစစ်မဟုတ်လို့ပဲ

Nabu

25 Jan, 16:05


လေထုညစ်ညမ်းမှုအများစုသည်
ပတ်ဝန်းကျင်တွင် အမှိုက်မီးရှို့မှုတို့ကြောင့်ဖြစ်ပြီး ဒုတိယသည် စက်ရုံ နဲ့ မီးတောင်ပေါက်ခြင်း တောမီးလောင်ခြင်း စသည့်သဘာဝဘေး တို့ကြောင့်အဖြစ်များတယ်
အမှိုက်မီးရှို့မှုမှ ထွက်လာသောမီးခိုး‌များသည် အသံတိတ်လူသတ်သမားများဖြစ်သည်

Nabu

23 Jan, 06:22


မြန်မာနိုင်ငံ၏ လူဦးရေ ၅၂ သန်းဝန်းကျင်တွင် လူဦးရေ အနည်းငယ်သာ စစ်သား ဖြစ်ခွင့်ရပြီး မွန်မြတ်၊ မြင့်မြတ်၍ ဂုဏ်ယူတတ်ကြရန် မင်းအောင် လှိုင် ပြော၊ လက်တွေ့တွင် စစ်သားမရှိ၍ တစ်နိုင်ငံလုံး လူငယ်များကို ပေါ်တာဆွဲ ဖမ်းနေ

Nabu

21 Jan, 13:09


စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော်လည်း လားရှိုးမြို့မှ ဆုတ်ခွာရန် မရှိဟု MNDAA ၏ လားရှိုးပြန်လည် ထူထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင် ပြောဆို

Nabu

21 Jan, 13:09


ချောင်းသာကမ်းခြေ ဟိုတယ်အချို့ ပိတ်သိမ်းထားပြီး လူဝင်လူထွက် မရှိတော့ဘဲ ပုသိမ် -ချောင်းသာ လမ်းပိုင်းတွင် စစ်ဘေးရှောင်ကားများသာ သွားလာနေ

Nabu

21 Jan, 04:03


မကွေး၊ ပဲခူးနှင့် ဧရာဝတီနယ်စပ်များရှိ စစ်ကောင်စီစခန်းများကိုထိုးစစ်ဆင်နေပြီဟု AA ကြေညာ

Nabu

20 Jan, 10:45


ကိုးကန့် MNDAA က စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီစာချုပ် တရားဝင်လက်မှတ်ထိုးဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာ

Nabu

20 Jan, 10:44


မြန်မာနိုင်ငံ ပြည်တွင်းရေးကိစ္စကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာရသတဲ့

Nabu

20 Jan, 10:26


ဇွန်လကုန်တွင် MNDAAတပ်များ လားရှိုးမှ ဆုတ်ခွာရမည်

Nabu

20 Jan, 06:53


တော်လှန်စစ် ၄နှစ်တာကာလအတွင်း တော်လှန်ရေးအင်အားစုများဘက်က ၅၀၀၅ဦးကျဆုံးခဲ့

Nabu

20 Jan, 06:05


AA ရဲ့စစ်ရေးဗျူဟာ တကွက်

https://www.facebook.com/share/p/19Lpn7ZKtH/?mibextid=xfxF2i

Nabu

20 Jan, 06:03


MSRO အဖွဲ့အားဖျက်သိမ်းကာ MLAနှင့်ပူးပေါင်းလှူပ်ရှားမည်ဟု မွန်ပြည်အခြေပြုတော်လှန်ရေးအဖွဲ့ MRSOထုတ်ပြန်

Nabu

19 Jan, 11:05


ရွှေသောင်ယံ ဘောမိတိုက်ပွဲအတွင်း စစ်ကားနဲ့ တင့်ကားတွေအပါဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ
(စစ်ကောင်စီအင်အား ၄၀၀ လောက်မှာ ဆယ်ကျော်လောက်ဘဲ ပြန်ဆုတ်သွားနိုင်ဟုဆို)

Nabu

19 Jan, 11:03


MLA MSDF MSRF MNLA-AD မဟာမိတ် ၄ဖွဲ့က ရာမညပူးတွဲစစ်ကြောင်း အဖြစ်ဖွဲ့စည်း၍ စစ်ဆင်ရေးပြုလုပ်သွားမည်

Nabu

19 Jan, 08:36


မြောက်ဦးမြို့ကို စကစဗုံးကြဲ စစ်သုံ့ပန်းတန်းလျားထိမှန်၍ စကစသုံ့ပန်းအများအပြားသေဆုံး

Nabu

18 Jan, 17:32


ရွှေသောင်ယံမြို့နယ် ဘောမိရွာကို AAသိမ်းပိုက်

Nabu

18 Jan, 10:11


ဂါဇာအပစ်ရပ်ရေး နှစ်ဖက်သဘောတူညီမှုရရှိ

Nabu

18 Jan, 09:57


ဧရာဝတီတိုင်းအတွင်းရှိ ဘောမိကျေးရွာကို AA ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်များ ရွှေသောင်ယံ အထိ တပ်ဆုတ်ပြေး

Nabu

18 Jan, 06:04


မြဝတီရွှေကုက္ကိုလ် ကျားဖြန့်ဂွင် မရိုးသားနေ ရှုပ်ထွေးမှု လှည့်ကွက်များရှိနေနိုင်
တရုတ်+ထိုင်း+၂၁နိုင်ငံ
စောချစ်‌သူ+ကေနု+စစ်ကောင်စီ++

Nabu

18 Jan, 05:59


၂ရက်တာ ဆွေးနွေးပွဲ ရလဒ်မပေါ်၍
ထပ်မံဆွေးနွေးရန် ချိန်း‌ဆိုထား

Nabu

18 Jan, 05:54


ခလရ ၁၅ စစ်ကြောင်းမှူး ဗိုလ်မှူးကျော်စိုးနိုင် ငဖဲတိုက်ပွဲတွင် စနိုက်ဘာထိသေ

Nabu

18 Jan, 05:53


မုံရွာ နမခဌာနချုပ် ရှော့တိုက်ဒုံးပစ်ခံရပြီး အရာရှိအပါဝင် ၁၅ဦးသေ

Nabu

18 Jan, 05:50


NUG ရုံးစိုက်မည်ဟုသတင်းထွက်ပြီးနောက် Nugထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့နယ်ကို စစ်ကောင်စီ‌လေကြာင်းဗုံးကြဲ

Nabu

18 Jan, 05:49


လူကုန်ကူးမှုသက်သေ တရားခံ ၁၂ဦး ထိုင်းမှာဖမ်းခံရ မြန်မာလူမျိုးနှင့်တရုတ်လူမျိုးတို့ပါဝင်နေ

Nabu

10 Jan, 02:00


ဧရာဝတီတိုင်း မကျီးဇင်ကို AA သိမ်းပိုက်
ရွှေ‌သောင်ယံကို ထိုးစစ်ဆင်နေ

Nabu

09 Jan, 09:20


ထီးလင်းမြို့ကို NUGတပ်များ ထိုးစစ်ဆင်နေ

Nabu

09 Jan, 08:54


အမြန်လမ်းအနီး ဆောက်လုပ်ရေး လက်ထောက်ညွန်မှူး သန်းထွန်းဖမ်းခံရ

Nabu

09 Jan, 08:52


မန္တလေး pdf အပတ်စဉ် ၁၅ ဆင်းပြီ
အင်အားဘယ်လောက်များမလဲ အပတ်စဉ်အရေအတွက်ကိုသာကြည့်တော့

Nabu

09 Jan, 08:50


ဗန်းမော်လေဆိပ်ကို KIA သိမ်းပိုက်

Nabu

09 Jan, 04:00


ရခိုင် ရမ်းဗြဲ ကျောက်နီမော်ရွာ လေကြောင်းဗုံးကြဲခံရ ၄၀ကျော်သေဆုံး ၅၀ကျော်ဒဏ်ရာရ တရွာလုံးမီးဘေးသင့်နေ

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာ တိုက်ပွဲကြောင့် အိမ်ခြ ၂၀၀ကျော်မီးလောင်

Nabu

09 Jan, 03:27


လျှပ်စစ်မီးရဖို့ ဘောမတွေဝိုင်းအကြံပေးကြတယ်
အလုပ်ဖြစ်နိုင်ပေမယ့် မအလစစ်တပ်ကပြည်သူအပေါ် ဘယ်တုန်းကမှ စေတနာမရှိခဲ့တာ ဒီကောင်တွေမသိသေးဘူး
ဧရာဝတီမြစ်ဆည်ဖောက်မယ်တဲ့ စောက်ပိန်းတွေ

Nabu

08 Jan, 10:14


မံစီ

Nabu

08 Jan, 03:49


စောချစ်သူနဲ့ထိုင်းအာဏာပိုင်တို့ရဲ့ ကျားဖြန့်ဂိုဏ်းကြားထဲ ကြားညှပ်ခံလိုက်ရတဲ့ တရုတ်မင်းသားကြောင့် ခွပ်ပျောက်ကြတော့မယ် ရွှေကုက္ကိုလ်ပြိုချိန်ရောက်ပြီ

လူကုန်ကူးခံရသည့် တရုတ်မင်းသား ငွေလိမ်ရန် လေ့ကျင့်ပေးခံရဟု ထွက်ဆို

Nabu

07 Jan, 05:39


ဘင်အကြမ်းဖက်အဖွဲ့တွေ ရခိုင်နယ်စပ်ကို စိမ့်ဝင်လာမှု ကုလနဲ့ ဘကုန်း တာဝန်ခံရမယ်
စကစသွင်းလာတာတွေကတော့ ကုန်သလောက်ဖြစ်သွားပြီ
အခုထပ်ဝင်လာတာတွေက ဘကုန်းအစိုးရလက်ချက်
AAကလည်းသိတယ်
ဘကုန်းနောက်မှာ နိုင်ငံရေးရာ အဖွဲ့အစည်းတခုရှိတယ်

Nabu

07 Jan, 04:59


KTV ဖွင့်သဖြင့် တာဝန်ရပ်စဲမှုကို လက်ခံကြောင်း ဗကသဥက္ကဋ္ဌဟောင်းပြော

Nabu

07 Jan, 04:58


မောင်တော-ရသေ့တောင်ကြား မေယုတောင်အား AA နယ်မြေရှင်းလင်းစဉ် အာဆာ စခန်းငယ် ၅ ခုအထိတွေ့ရှိ၊ ဘက်ထရီနှင့်ဆိုလာပြားများသိမ်းဆည်းရမိ

Nabu

06 Jan, 14:49


ကြည့်မြင်တိုင် စာတိုက်မှတ်တိုင်အနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပိတ်ဆို့စစ် ဆေး

Nabu

06 Jan, 14:14


ရန်ပုံငွေအတွက် KTV ဖွင့်ဖို့ကြိုးစားခဲ့တဲ့ ဗကသဥက္ကဌနဲ့ ဘဏ္ဍာရေးမှူးတို့ကို တာဝန်ကနေ ထုတ်ပယ်

Nabu

06 Jan, 14:08


မုဒုံ သံဖြူဇရပ်လမ်း
ရောင်းဒေါင်းကျေးရွာအနီးတွင် လက်နက်ကိုင်အဖွဲ့တခုက မန္တလာမင်းExpressကား နဲ့ ယာဉ်မောင်းယာဉ်နောက်လိုက်တို့ကို ခေါ်ဆောင်သွား

ခရီးသည်တွေက ကိုယ့်အစီစဉ်နဲ့ကိုယ်ဆက်သွားခဲ့ရ

Nabu

06 Jan, 10:20


ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနသာ်ရီတိုင်းဒေသကြီးနှင့် မြန်မာပြည်ဒေသအသီးသီးမှ လေကြောင်းသတင်းများပေးပို့ပြီး ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို ကူညီနိုင်ပါပြီ

ခၠံၩ့၀ံးဒီၪ့ ဒဲခးပယၩ့ဖၧၩ့ ၦကိၭဂၩဒ့ၭ၁ံၪဧ့
ကဘၩ့ယူၩ ယူၩ၀ံၩ့၀ၩ့ ဆၧပရၧၫ့နီၪ ၁ိၫ့စိၩမၩဆၧၩ့
ထံၫခးဖိၪ၁ံၪဒဲဆၧပၧၩ့ထၪ့ဖိၪ၁ံၪ

📫အီၪန့ယူၬနီၪလီၫ. @WaiHinScout_Bot

Nabu

06 Jan, 10:09


လောင်းကစားဂိမ်းဆော့သူများ သတိထားပါ ငွေညစ်နိုင်ပါတယ်

Nabu

06 Jan, 10:07


ဆိုက်ဘာဥပဒေကိစ္စ

အရမ်းစိုးရိမ်ဖို့မလိုပါ
ကျနော်တို့ပြည်သူ‌တွေကျွမ်းနေပါပြီ
လုပ်ရမှာက အရင်တိုင်းပါပဲ အပြင်ထွက်ခရီးထွက်ရင်ဖျက်သွားပါ
Fb telegram တလရ App Vpn Gallery ကပုံ တွေ ဖျက်သွားပါ
အပြင်ထွက်တာအရေးမကြီးရင် ဖုန်းကိုမယူသွားပါနဲ့ခင်ဗျာ

Nabu

06 Jan, 09:59


အမ်း တရုတ်ဓာတ်ငွေ့ပိုက်လိုင်းဓာတ်အားခွဲစက်ရုံကို လုံခြုံရေးယူထားတဲ့ တောင်စောက်စခန်းကို AA သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ သတင်းထွက်ပေါ်လာ

Nabu

06 Jan, 07:11


Virus အထုတ်နိုင်ဆုံးဆု တရုတ်နိုင်ငံရရှိ

Nabu

04 Jan, 14:51


စစ်ရှိန်မြင့်မှာလာဖြစ်လို့ ပြည်ပရောက်ထောက်ပို့ပြည်သူများ ထောက်ပို့လည်း အရှိန်မြင့်ဖို့ တွန်းအားပေးပါရစေခင်ဗျာ
ပြည်တွင်းမှာအခြေအနေဆိုးဝါးလွန်းလို့ ထောက်ပံ့ရေး လျော့နည်းလာသဖြင့် ပြည်ပအင်းအားကပဲ အဓိက ကျလာပါတယ်ခင်ဗျာ

ပြည်ပရောက်ပြည်သူတွေအနေနဲ့ မိမိ မိသားစုရေးပဲ ရှေးမရှူဘဲ တနိုင်ငံလုံးအရေးကို ရှေးရှူပြီး တတ်နိုင်သလောက်ပါဝင်လှူဒါန်းကြဖို့ အသိပေးနှိုးဆော်ပါရစေခင်ဗျာ

Nabu

04 Jan, 11:27


ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ် ဂွ-ငါးသိုင်းချောင်းလမ်းပေါ်က မိတ်သလင် စစ်ကောင်စီစခန်းကို ဇန်နဝါရီ ၃ ရက် ညနေပိုင်းကစတင်ပြီး အာရက္ခတပ်တော် AA ဦးဆောင်တဲ့ ပူးပေါင်မဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ DVB

Nabu

04 Jan, 11:25


၂၀၂၄ခုနှစ်အတွက် နိုင်ငံရေးကြောင့် လူ‌ပေါင်း ၈၀၀နီးပါး ဖမ်းဆီးခံရ
ရန်ကုန်တိုင်းကအများဆုံးဖြစ်

Nabu

03 Jan, 09:45


တရက် မီး ၆နာရီရရှိသောမြို့များတွင် ၄နာရီသာရရှိတော့သည်
ရန်ကုန်တွင် တနေကုန်မရရှိသောရပ်ကွက်များရှိနေပြီး အလုံတွင် ပျက်ချိန် မပျက်ဘဲ ဆက်တိုက်ရရှိနေဟုသိရ

Nabu

03 Jan, 06:37


ကောလင်းမှာ ရွှေထွက်တယ်
ဒေသခံတပ်ရင်းက မောင်ပိုင်စီးချင်တာလား
မအလကိုတိုက်ရင်း မအလလိုဖြစ်ပြီလား တရားခံကိုထိထိရောက်ရောက်အရေးယူပေးပါ ဒေသခံအဖွဲ့များ

တနိုင်ငံလုံးက ပြည်သူတွေ ထောက်ပို့ထားကြတဲ့မျက်နှာကို ပြန်ကြည့်ပေးကြပါ

Nabu

03 Jan, 06:31


ဘယ်သူ့လက်ချက်လဲ
နာမည်ဆိုးထွက်ပြီ

Nabu

02 Jan, 10:54


ဗန်းမော် စကခ ၂၁အရာရှိများ စခန်းစွန့်ခွာထွက်ပြေး တိုက်ပွဲပြင်းထန်နေ

တောင်ကုတ်-ပြည်လမ်း
ရခိုင် ပဲခူးနယ်စပ်မျဉ်းရှိ တောင်ပုံစခန်းကို AAဝင်တိုက်

Nabu

02 Jan, 09:26


ခွင့်ပြုချက်မရှိဘဲ VPN ဝန်ဆောင်မှုပေးလျှင် ထောင်ချမည့်ဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း
အမြင့်ဆုံးထောင်ဒဏ် ၆ လအထိ ချမှတ်မည့် “ဆိုက်ဘာလုံခြုံရေးဥပဒေ”အား ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။

ထိုဥပဒေ ပုဒ်မ ၇၀ တွင် မည်သူမဆို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကိုရယူခြင်းမရှိဘဲ VPN ကိုထူထောင်ခြင်း(သို့မဟုတ်) VPN ဝန်ဆောင်မှု ပေးခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံးထောင်ဒဏ် ၁ လမှ ၆ လအထိဖြစ်စေ၊ အနည်းဆုံးကျပ် ၁၀ သိန်းမှ အများဆုံးကျပ်သိန်း ၁၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများအား နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းဆည်းရမည်ဟု ဖော်ပြထားသည်။

ကျူးလွန်သူသည် ကုမ္ပဏီ(သို့မဟုတ်) အဖွဲ့အစည်းဖြစ်ပါက ကျပ်သိန်း ၁၀၀ အောက်မနည်းသော ငွေဒဏ်ရမှတ်ရမည့်အပြင် သက်သေခံ ပစ္စည်းများအား နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းဆည်းရမည်ဟုလည်း ဆိုထားသည်။

Nabu

02 Jan, 09:17


ARSA အဖွဲ့ဝင်များနှင့် အတူ INGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် Melteser International တံဆိပ်ပါ ကျောပိုးအိတ်ကို တွေ့ရှိရ

Nabu

02 Jan, 04:04


အခုထိ နလန် မထူနိုင်သေးတဲ့ သိန္နီ မနေ့ ဇန်နဝါရီ ၁ ရက် ည ၁၁ ကျော် ဗုံး ထပ်ကြဲခံရ

စစ်တပ်နဲ့ MNDAAသဘောတူညီထားပြီး ထပ်ကြဲတာ ကျားမြီးသွားဆွဲတာပဲ

Nabu

31 Dec, 13:36


ဗိုလ်မှုးချုပ်သူရိန်ထွန်းအား Vcall နဲ့ သတင်းပေးပို့မှုဖြင့် မောင်တောမြို့ ၆ မိုင်ဘုန်းကြီး ဖမ်းဆီး ထိန်းသိမ်းခံထားရ

Nabu

31 Dec, 09:33


နှစ်ကူး မူးယစ်ဆေးဝါးနှင့်ပျော်ပါးကြမည့် ရန်ကုန်ပါတီပွဲများ

Nabu

31 Dec, 06:10


Kpay မှာ ကျားဖြန့်လူတွေရှိနေပြီဆိုတာ အမှန်ပဲနော်

Nabu

31 Dec, 06:09


ဘကုန်းတွေမီးမွှေးနေပြီ

Nabu

31 Dec, 03:47


နယ်မြေအငြင်းပွားကိစ္စဆိုရင် UNက တရားသူကြီး ဝင်ဝင်လုပ်တတ်တယ်
လူသားချင်းစာနာရေးလို့ပြောပြီဆိုရင် ငိုတဲ့သူကို ဦးစားပေးတာပဲ ငိုချင်းတူ လူနည်းစုဘက်လိုက်တယ် လူနည်းစုမျိုးတူကိုကြတော့ ဝင်မပါခိုင်းဘူး UN ဆိုတာ ဘင်အတွက်ပဲ ရှေ့နေလုပ်ပေးတယ်

ရိုဆန်းလွင်တို့က အချက်အလက်မှန်တဝက်ကို အတုတဝက်လောက်ထည့်ပေးတဲ့overtineအဖွဲ့
စကားပြောပါဆိုတော့ မပြောရဲဘူး
တဖက်က ပွင့်လင်းမြင်သာမှုမရှိပဲ တဖက်ကို ပွင့်လင်းမြင်သာဖို့တောင်းလို့မရဘူး ရိုးသားဖို့လိုတယ် လက်တွေ့အခြေအနေက သက်သေပဲ

Nabu

31 Dec, 03:38


ဘကုန်းက မူဆလင်အကြမ်းဖက်တွေကို နောက်ကွယ်ကနေ မွေးထားတာ
ပါကစ္စတန်လည်းပါတယ် နယ်မြေတခုရရေးအတွက် တော်လှန်တာဆိုပဲ
ARSA RSO ကို မြန်မာစစ်တပ်က ဒုက္ခသည်စခန်းကနေ လူဝယ်သုံးတယ် ခုတော့အနိစ္စရောက်ကုန်ပြီ အဖွဲ့သစ်တွေလည်းပေါ်နေတယ် မြစ်ဖျားက ဒုက္ခသည်စခန်းနဲ့ ဘကုန်းအခြေစိုက်အကြမ်းဖက်အဖွဲ့တွေပါပဲ UN ကသိတယ် မပြောရဲဘူး
NGO တွေ လုပ်စားကွက်ပျောက်မှာစိုးလို့
အိန္ဒိယနဲ့လည်းမတည့်ဘူး သတိထားစောင့်ကြည့်ရမယ့်နိုင်ငံပါပဲ

Nabu

31 Dec, 03:27


ဘကုန်း အစိုးရအဖွဲ့အချင်းချင်း အရင်ညှိလိုက်ကြဦး ဖာမကျနဲ့

Nabu

31 Dec, 03:27


ဘင်္ဂလားဒေ့ရှ်အနေဖြင့် မြန်မာစစ်အစိုးရ၊ AA နှစ်ဖက်စလုံးနှင့် ထိတွေ့ ဆက်ဆံလျက်ရှိကြောင်း ပြည်ထဲရေးပြော

Nabu

30 Dec, 10:28


မန္တလေးက မုဆိုးမတို့ရွာ မုန်ဟင်းခါးဆိုင်ကို ဆိုင်ဖွင့်ပွဲလုပ်ပြီး ၂၄ နာရီအကြာမှာပဲ စစ်ကောင်စီတပ်က လာရောက်ဖျက်ဆီး

"နာမည်က သူတို့အတွက် တော်တော်လေးစပ်သွားပုံရတယ်။ စစ်ကားတွေ အများကြီးနဲ့ကို ရောက်ချလာပြီး အကုန်ရိုက်ချိုးပစ်တာ။ ဆိုင်ဝန်ထမ်းတွေကတော့ အပြင်ထွက်ပြီး ရှောင်ပေးလိုက်ကြတာတွေ့တယ်" လို့ ဖြစ်စဥ်ကို မြင်တွေ့ခဲ့သူတစ်ဦးက ပြောပါတယ်

Nabu

30 Dec, 09:27


ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ စခန်းကြီးကို တော်လှန် ရေးတပ်များက စတင်တိုက်ခိုက်နေပြီး BGF တပ်ရင်း ၁၀၁၃ တပ်ကပါ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်

Nabu

30 Dec, 06:46


၁၂ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ထားသည့် လူငယ်များကို ရန်ကုန်အဝင်တွင် ပိုစစ်ဆေး
DVB

၁၂ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ထားတဲ့ လူငယ်တွေကို ရန်ကုန်အဝင် ဇီးရိုးမိုင်ဂိတ်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ကိုယ်တိုင်တွေ့မြင်ခဲ့သူတွေဆီက သိရပါတယ်။

“ကားပေါ်က ၁၂ မျဉ်းစောင်းမှတ်ပုံတင်ကိုင်ထားတဲ့ လူငယ် ၄ ယောက်ကို ခေါ်သွားပြီး အကြာကြီးပဲ စစ်ဆေးမေးမြန်းတာတွေ လုပ်တာတွေ့တယ်။ လူငယ်တွေဆိုတော့ PDF သင်တန်းဆင်းပြီး ရန်ကုန် ပြန်ဝင်တဲ့သူတွေလို့ ထင်ပုံရတယ်” DVB

Nabu

30 Dec, 06:02


ရခိုင်ပြည်တောင်ဘက်အဆုံး ကျောက်ချွန်မှာ AA က အလံစိုက်ထူ

Nabu

30 Dec, 05:38


စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီဘက်တော်သား အဆိုတော်ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

Nabu

30 Dec, 02:26


ဂွတိုက်ပွဲတွင် တပ်မ၁၁ တပ်မမှူးအပါဝင် တပ်ရင်းမှူးအချို့သေဆုံး
စကစတပ်သား ၇၀၀ထက်မနည်းသေဆုံး

Nabu

30 Dec, 02:22


၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်တွင် ဂွမြို့အား အပြီးသတ်သိမ်းပိုက်ပြီးနောက် အာရက္ခစစ်သည်တော်များ၏ မှတ်တမ်းဓာတ်ပုံအချို့

Nabu

29 Dec, 10:38


မရမ်းကုန်း သမိုင်း ၂ရပ်ကွက် စကစက စစ်ဆင်ရေးပုံစံဖြင့် ဧည့်စာရင်းစစ်သည်ဟုဆိုကာ ရခိုင်လူငယ်၁၀ဦးအပါဝင် လူငယ်များကို ဖမ်းဆီးသွားသည်

Nabu

29 Dec, 06:20


ကျောက်ထုမြို့တွင် စစ်တပ်က စစ်အင်အားများဖြည့်တင်းပြီး တပ်မိသားစုဝင်အားလုံးကို ရဟတ်ယာဉ်ဖြင့် ပြောင်းရွှေ့နေ

Nabu

29 Dec, 02:58


တောဆယ်လီထဲ အရွံဆုံးက ဖြူဖြူထွေးနဲ့ နေဆန်းပဲ

Nabu

29 Dec, 01:58


ကျောက်ဖြူ မဒေးကျွန်းမှာ ၊ တရုတ် လုံခြုံရေးတပ်သားတွေရောက်နေတယ်။
ကုန်းတွင်းပိုင်းတစ်လျှောက် မြေမြုပ်မှိုင်းတွေထောင်ထားတယ်။

Nabu

29 Dec, 01:57


ဘန်ကောက်မှ တောင်ကိုရီးယားသို့ ပျံသန်းလာသော Jeju လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် ဘီးချမရဘဲ ဆင်းသက်စဉ် ပြေးလမ်းခြံစည်းရိုးနှင့်တိုက်ကာ ပေါက်ကွဲမှုဖြစ်

Nabu

28 Dec, 16:12


ရန်သူကို အသေခံတိုက်ကြရန် ပုသိမ်မြို့စစ်မှုထမ်းများကို စစ်ကောင်စီဒုချုပ်က ဆော်ဩနေ
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက AA နှင့် လက်ရှိတိုက်ပွဲပြင်းထန်နေသည့် ဂွမြို့တိုက်ပွဲနေရာမှ မိုင် ၁၀၀ ကျော်အကွာသို့ ရောက်လာသည်။ Kispanadi Times

Nabu

28 Dec, 16:10


မအလလမ်းကြောင်းက jumperကြောင့် ရန်ကုန်တွင် GPS များ ကမောက်ကမဖြစ်

Nabu

09 Dec, 09:14


မပြည့်တဲ့အိုးဘောင်ဘင်ခတ်တဲ့ G Z အစွန်းရောက်တွေအကြောင်းနောက်ကျဖောက်သည်ချဦးမယ်

Nabu

09 Dec, 09:07


မြန်မာစာသတ်ပုံပြင်ပေးတဲ့ (ဒေါက်တာ) ဦးတင့်ဆွေကို ဘာလို့ဆဲနေကြလဲနားမလည်ဘူး

မြန်မာစာအရေးအသားတဖြည်းဖြည်းပျက်စီးလာတာကို ကာကွယ်ထိန်းသိမ်းပေးနေတာ နောင်မျိုးဆက်သစ်တွေလက်ဆင့်ကမ်းနိုင်အောင်
စာလုံးပေါင်းသတ်ပုံမှန်ဖို့ မလိုဘူးလား
တကယ်မလိုအပ်တော့ဘူးလား စာပေဆိုတာမလိုတော့ဘူးလား

ဆဲနေတဲ့ဆရာကြီးတွေက မြန်မာစာမသုံးကြတော့ဘူးလား အင်္ဂလိပ်စာပဲသုံးကြမလို့လား အင်္ဂလိပ်စကားကျွမ်းနေကြပြီလား
ဘာသာစကားနဲ့စာပေဆိုတာခွဲမရဘူး
စကားရဲ့ဂုဏ်က စာပေဖြစ်တယ်

လူမျိုးကြီးဝါဒနဲ့ဘာမှမဆိုင်ဘူး
လူမျိုးတိုင်းမှာ ဘာသာစကားရှိတယ်
စာပေရှိတယ် စာပေမရှိတဲ့ ဘာသာစကားလည်းရှိတယ်

ဦးတင့်ဆွေက နိုင်ငံရေးမလုပ်တော့ဘူး
၉၀တုန်းက NLD အနိုင်ရအမတ် NCGUB အဖွဲ့ဝင်ဟောင်း
ဘုမသိဘမသိ ပေါက်စိကလေးတွေ မင်းတို့ကိုးကွယ်တဲ့ဆရာကြီးတွေထက်ဂျွတ်တယ်

Nabu

09 Dec, 08:56


https://youtu.be/Cvt4goiUoEc?si=Swv24JszPYmgod59

Doppler effect physics & အာကာသသိပ္ပံ channel

Nabu

09 Dec, 08:53


https://youtu.be/omZ59ySC1Gs?si=fDYbb5NIkX8amBUG

Chipsetအကြောင်းအစုံအလင်

Nabu

09 Dec, 08:51


ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို AA ထိန်းချုပ်ထားပြီလို့ မောင်တောမြို့ခံတွေ ပြော

Nabu

09 Dec, 08:50


U Win Naing

Nabu

09 Dec, 08:48


တောင်ကုတ် စကခ (၅) တပ်ဝန်း အတွင်းမှာ အာရက္ခတပ်တော် စစ်ကောင်စီတို့ မျက်နှာချင်းဆိုင်တိုက်ပွဲပြင်းထန်နေ

Nabu

09 Dec, 06:59


ဇက်ချိုးအနှိပ်ခံခဲ့သည့် ထိုင်းအဆိုတော် လေဖြတ်သေဆုံး

ထိုင်းနိုင်ငံ အူထုံဌာနီပြည်နယ်ရှိ အနှိပ်ခန်းတခုတွင် အနှိပ်ခံခဲ့သည့် အမျိုးသမီးအဆိုတော်တဦး သေဆုံးသွားသည့်ဖြစ်စဉ်သည် ဒီဇင်ဘာ ၈ ရက်တွင် အင်တာနက်အသုံးပြုသူများအကြား ပျံ့နှံ့လာသည်။ Mizzima

Nabu

09 Dec, 06:55


ဆီးရီးယားက ထွက်ပြေးခဲ့ရတဲ့ သမ္မတအာဆတ် ရုရှားရောက်နေ၊ နိုင်ငံရေးခိုလှုံမယ်

ကမ္ဘာ့သူယုတ်မာစစ်ရာဇဝတ်‌ကောင်များခိုလှုံရာနိုင်ငံ

Nabu

09 Dec, 06:53


ဗန်းမော်တိုက်ပွဲပြင်းထန်နေစဉ် တရုတ်အစိုးရက KIO အား ဆွေးနွေးရန် ဖိတ်ကြား Mizzima

Nabu

09 Dec, 06:42


အမ်း ဗန်းမော် ဂွ နှစ်မကုန်ခင်ထပ်တိုးဦးမယ်
နောက်နှစ် ထီးလင်း ကသာ အင်းတော် စစ်တွေ ကျောက်ဖြူ ဖားကန့် ဟုမ္မလင်း

Nabu

09 Dec, 06:37


တော်လှန်ရေး တပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၉၀ ရှိပါပြီ။
People's Spring

Nabu

09 Dec, 05:45


မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်တပ်က ပြန်သိမ်းယူခဲ့ပြီး တော်လှန်ရေးတပ်တွေ နောက်ဆုတ်လိုက်ရပါတယ်။ စစ်တပ်က မတ္တရာမြို့နယ် အနောက်ခြမ်းက ဥဒိန်၊စိန်ပန်းကုန်း၊ဇလ၊အောက်တောင်ကိုင်း၊သဖန်းထောင့်၊ငယ်တိုး၊သုံးဆယ်ပေးစတဲ့ရွာတွေကိုက အထိုင်ချတပ်စွဲထားပါတယ်။

“အနောက်ခြမ်းက ရွာတိုင်းနီးနီးထိုင်ထားတာ။အင်အားကတော့ ဆယ်ဂဏန်းတွေပဲရှိတယ်။ဒါပေမယ့် ရွာကပ်လျက်တွေအထိုင်ချထားတာ”လို့ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံကလူထုနွေဦးကိုပြောပါတယ်။

Nabu

09 Dec, 05:44


ဆီးရီးယားအာဏာရှင်ထွက်ပြေးပြီးသည့်သတင်း စစ်ကောင်စီ သတင်းစာများ၌ မဖော်ပြ

Nabu

09 Dec, 05:43


မတ္တရာမြို့နယ်၊ အနောက်ခြမ်းရှိ ကျေးရွာ ၃ ရွာကို MDY PDFကပြန်လည်သိမ်းပိုက်မှုမှာ စစ်သားအချို့ ထိခိုက်သေ ဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

Nabu

09 Dec, 05:42


ညောင်ဦး -မြင်းခြံလမ်းမတွင် လူငယ် ၁၀၀ ခန့်ကို စစ်ကောင်စီနှင့်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ဖမ်းဆီးသွားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားမှန်း မသိရ၊ တပ်သားသစ်စုဆောင်းသည့်အနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံရဟုဆို

Nabu

09 Dec, 05:27


လားရှိုးမှ ထွက်ပြေးလာသော အမှတ် ၇ အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်းမှ တပ်သား နောင်နောင်ဖြိုးကို စစ်ပြေးမှုဖြင့် တောင်ကြီးမြို့ အဆရ ၁၀ တပ်မှ စစ်သားများက ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်ပြီး ကျန်ရစ်သူ မိသားစုကို အသိမပေးဘဲ အလောင်းကို ခိုးသဂြိုလ်

Nabu

09 Dec, 05:26


နခခ (၅) မှ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သား ရာနဲ့ချီပြီ ဖမ်းဆီးခံရ

ဒေသခံ တစ်ဦးက “ကျွန်တော်တို့ သိရသလောက် ဒီဇင်ဘာ ၇ ရက်နေ့က ထွက်ပြေးနေတဲ့ စစ်ကောင်စီ ၅၀ လောက်ဖမ်းမိတယ်။ ဒီနေ့ ၈ ရက်နေ့မှာ ၁၀၀ ကျော် ဖမ်းမိတယ်။ အခုထိ အေအေဖမ်းမိတာ စုစုပေါင်း ၂၀၀ နီးပါးဖမ်းမိတယ်လို့ သိရပါတယ်”လို့ပြောပါတယ်။

Nabu

09 Dec, 05:24


သူရသတ္တိ အပြေးချန်ပီယံ သူရိန်ထွန်း မိပြီ

အာရက္ခတပ်တော်( AA) တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့ မောင်တောမြို့နခခ(၅)တပ်ရင်းမှ ထွက်ပြေး သွားတဲ့ စစ်ကောင်စီ စကခ(၁၅) တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းကို အရာရှိစစ်သည်တွေ အပါအဝင် မွတ်ဆလင် လက်နက်ကိုင် စစ်သား ၈၀ ကျော်နဲ့ အတူ ဒီဇင်ဘာလ ၈ ရက် ညနေ ၅ နာရီခန့်မှာ မောင်တောမြို့ သီဟိုဠ်ခြံ အနီးမှာ အာရက္ခတပ်တော် (AA) က လက်ရဖမ်းဆီးမိခဲ့တယ်လို့ ဒေသအတွင်း စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

"သူရိန်ထွန်းတို့ အရာရှိအဖွဲ့က သီဟိုဠ်ခြံဖက်ကို မွတ်ဆလင်စစ်သား ၈၀ ကျော်နဲ့ ထွက်ပြေး တိမ်းရှောင် ပုန်းခိုနေကြတာ။ AA ဖက်က ပိုက်စစ်တိုက်ရှာဖွေ ဝိုင်းဝန်း တိုက်ခိုက်ပြီး လက်ရဖမ်းဆီးနိုင်ခဲ့ကြတယ်" လို့ ဆိုပါတယ်။

Nabu

07 Dec, 11:50


မွန်ပြည်နယ်တွင် Atom ဖုန်းလိုင်းပြတ်တောက်နေ

Nabu

12 Nov, 13:00


လူ့သဘာဝက ကြောက်တတ်တယ်
အကြောက်တရားဟာ တိုးတက်စေတယ် ဆုတ်ယုတ်မှုလည်းဖြစ်စေနိုင်တယ်
ဘာသာတရားဆိုတာကို အကြောက်တရားအခြေခံတဲ့ အထီးကျန်မှု ဝမ်းနည်းမှုတွေကနေ ပေါ်ပေါက်လာတာပါ
သံဝေဂဉာဏ်ဆိုတာလည်း ဒါပါပဲ
ဘုရားကို အကြောက်တရားက ဖန်ဆင်းပါတယ်
လူတွေရဲ့အကြောက်တရားကို ချုပ်ကိုင်နိုင်ရင် အာဏာအရှိဆုံးဖြစ်ပါလိမ့်မယ်
ဘာသာရေးဆရာတွေဟာဒီနည်းလမ်းကို မမှန်ကန်တဲ့နေရာမှာအသုံးချတဲ့အတွက် ဆုတ်ယုတ်ပျက်စီးမှုဖြစ်စေလာရပါတယ်
မှန်ကန်တဲ့နည်းလမ်းမှာသုံးရင် တိုးတက်စေပါတယ်

Nabu

12 Nov, 12:35


လောကမှာ လူနှစ်မျိုးပဲရှိတယ်
လူကောင်းနဲ့လူဆိုး
ဒီဟာလည်း သတ်မှတ်ထားပြီးသားမဟုတ်ဘူး
သူ့လုပ်ရပ်နဲ့ရွေးချယ်မှုတွေရဲ့ ရလာဒ်ကိုကြည့်ပြီးသိရတာ
လူဆိုးထက်ဆိုးတာ သူယုတ်မာ
သူယုတ်မာထက်ဆိုးတာ သူယုတ်မာအားပေး သူယုတ်မာအားပေးတွေထဲ
သင်္ကန်းအရည်ခြုံထားတဲ့ ကတုံးတွေက အယုတ်တကအယုတ်မာဆုံး လူမဆန်တဲ့ မအေလိုးများသာဖြစ်တယ်

ပြည်သူကျွေးတာစားပြီး ပြည်သူကို ပြန်ခြိမ်းခြောက် အေးဓါးပြဆန်ဆန်ဟောပြောမှုတွေ အကြမ်းဖက်စစ်တပ်ကို သူတော်ကောင်းကယ်တင်ရှင်ဇာတ်သွင်း စစ်တပ်နဲ့တူတူ တတိုင်းပြည်လုံး နလပိန်းတုံးဖြစ်အောင်ပုံသွင်း
ကလေးတွေကို ဘုရားတကယ် မဟောတဲ့ ဂျင်းပုံပြင်တွေနဲ့မှိုင်းတိုက်
ချုပ်ရရင် ရာဇဝတ်မှုတွေ အများဆုံးလုပ်တဲ့ ရာဇဝတ်ကောင်တွေပဲ
ရာဇဝတ်ကောင်တွေကို တိုက်ဖျက်ရမယ့် တာဝန် လူတိုင်းမှာရှိတယ်

Nabu

12 Nov, 06:40


လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ သတင်းပေးလို့ သံသယရှိသူ စီးပွားရေးလုပ်ငန်းရှင် အပါအဝင် ၂၆ ဦးကို ခေါ်ယူစစ်ဆေးထားတယ်လို့ MNDAA ပြော၊ ပြစ်မှုမရှိကြောင်း ထင်ရှားရင် ပြန်လွှတ်ပေးမယ်လို့ဆို
https://t.me/spmnewsagency2019

Nabu

12 Nov, 06:37


မကြာသေးခင်နှစ်ပိုင်းတွေ အတွင်းက စပြီး ကမ္ဘာကြီးမှာ ရေကြီးတာ၊ မိုးခေါင်ရေရှားတာနဲ့ အပူလှိုင်းတွေ တော်တော်ဆိုးဆိုးရွားရွား ဖြစ်လာပါတယ်။ ပါကစ္စတန်ဆိုရင် ရာသီဥတုပြောင်းလဲမှုရဲ့ ဒဏ်ကို အဆိုးဆုံး ရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံတွေထဲက တခုလည်း ဖြစ်ပါတယ်။ ပါကစ္စတန်က ထောင်နဲ့ ချီပြီး ရှိတဲ့ ရေခဲတောင်ကြီးတွေ ကမ္ဘာ့အပူချိန်တက်လာမှုကြောင့် အရည်ပျော်နှုန်း ထိတ်လန့်စရာ ကောင်းလောက်အောင် မြန်ဆန်လာခဲ့ပြီး ရေခဲတောင်ခြေက ရေကန်တွေနဲ့ မြစ်တွေမှာ ရေကြီး ရေလျှံတာတွေ ဖြစ်ခဲ့ပါတယ်။

https://www.facebook.com/share/v/1Ea3DpjDAw/?mibextid=oFDknk

Nabu

12 Nov, 06:28


ဘေးဘုထိုင်ပြောဘောနည်းနည်းမ
ကိုယ့်စိတ်နဲ့လိုက်နှိုင်းတော့ ဒီလိုပဲမြင်နိုင်မှာပေါ့
အဲလို တတ်သိယောင်ယောင် စောက်ပေါတွေ အများကြီးတွေ့ရတယ်

Nabu

12 Nov, 01:54


မိုးကုတ်မြို့သို့ ညသန်းခေါင်ယံအချိန် စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးများစွာ ကျဲချမှု အနည်းဆုံး ပြည်သူ ၃ ဦးခန့်သေဆုံးနိုင်ပြီး နေအိမ်အများအပြား ပျက်စီး (ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၁၂

မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့ကို ယမန်နေ့ ည သန်းခေါင်ယံအချိန် စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးများစွာ ကျဲချခဲ့ရာ အနည်းဆုံး ပြည်သူ ၃ ဦးခန့်သေဆုံးပြီး နေအမ်အများအပြား ပျက်စီးသွားကြောင်း မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် စစ်ကောင်စီ၏ လေယာဉ်များက မိုးကုတ်မြို့နယ်၊ လယ်ဦးဘက်သို့လည်းကောင်း၊ ပန်းခြံဘက်သို့လည်းကောင်း၊ မိုးကုတ်မြို့ အနောက်ဘက်ပိုင်းသို့လည်းကောင်း ဗုံးများစွာ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် အနည်းဆုံး ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ်အများအပြား ပျက်စီးကြောင်း သိရှိရသည်။

"မိုးကုတ်အရှေ့ပိုင်း၊ လယ်ဦးမင်္ဂလာ မဂ္ဂင်ကျောင်း ဘက်ကို လေယာဉ်နဲ့ပစ်တာ ဗုံး ၄ လုံးပေါက်ကွဲတယ်။ နတ်စဉ်တကြောလုံးပါသွားတယ်လို့ကြားတယ်။ ပြည်သူ ၂ ဦးသေတယ်လို့ ကြားပေမယ့် နာမည်တွေတော့ မသိရသေးဘူး။ ပန်းခြံဘက်လည်း ၁လုံးကျတယ်။ အိမ်တွေ ပျက်စီးတာများတယ်။ မနေ့ည ၁၁ နာရီ ၄၅ ခန့်မှာ မိုးကုတ် အနောက်ပိုင်းဘောလုံးကွင်းခန်းမ အနီး လေကြောင်း ထပ်တိုက်ခိုက်တယ်။ ညက ၃ နေရာလောက် အနည်းဆုံးဗုံးကျဲခံရပြီးတော့ သေဆုံးတာက ပြည်သူ ၃ ဦးတော့ အနည်းဆုံးပဲလို့သိရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

Nabu

11 Nov, 13:20


နှစ် ၇၀ ကြာ တပ်စွဲထားတဲ့ ဖာပွန်က ကူးဆိပ် စခန်း ကို KNU သိမ်းယူ
ကရင်ပြည်နယ် ၊ဖာပွန်မြို့အနီးက စစ်ကောင်စီတပ်ရဲ့ ကူးဆိပ်စခန်းကို KNU တပ်မဟာ(၅) နဲ့ ပူးပေါင်းတပ်တွေ နိုဝင်ဘာလ ၉ ရက်က တိုက်ခိုက်သိမ်းယူလိုက်တယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက အတည်ပြုပါတယ်။

Nabu

11 Nov, 12:59


ဖလမ်းပြီးရင် ကလေး

Nabu

11 Nov, 12:42


မကြာခင်soldout တော့မယ့် ဖလမ်းမြို့ဟာ ချင်းပြည်နယ် မြို့တော်ဟားခါးပြီးရင် ဒုတိယအကြီးဆုံးဖြစ်ပြီး
မြို့နဲ့‌ ၄မိုင်အကွာမှာရှိတဲ့ လေယာဉ်ကွင်းကိုလည်းပိုင်ဆိုင်ထားပါတယ်

Nabu

11 Nov, 12:28


'၁၁.၁၁စစ်ဆင်ရေး'နှစ်ပတ်လည်နေ့တွင် လွိုင်ကော် မြို့ပတ်လည်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်နေ

ပင်လောင်း - ဖယ်ခုံလမ်းအတိုင်း စစ်ကောင်စီက စစ်ကားအစီးရေ ၅၀ နဲ့ စစ်ကြောင်းထိုးလာ

Nabu

11 Nov, 12:28


မင်းတပ်မြို့တိုက်ပွဲ ၃ရက်မြောက်နေ့ ဆက်ပြင်းထန် နေဟု မြို့နယ်ပအဖ ပြော

Nabu

11 Nov, 12:14


ပေးသွားရင်တောင် ပိုက်‌ဆံတောင်းပါသေးတယ်
အဲလေဆိပ်ကိုဖြိုသင့်ပြီ

Nabu

11 Nov, 11:20


စစ်ကိုင်းတိုင်း ပုလဲမြို့သိမ်းတိုက်ပွဲ BNRA တိုက်ခိုက်နေဟုသိရ

Nabu

11 Nov, 08:46


မောင်တော နခခ ၅ မရသေးပါ
ဘယ်သတင်းဌာနကမှ မတင်‌တဲ့သတင်းကို အမှန်မထင်ပါနဲ့

Nabu

11 Nov, 08:41


ရှမ်းတောင်နှင့်ကယားအစပ်သို့ စကစနဲ့ PNO အင်အားအများပြားပို့ဆောင်ထား
လွိုင်ကော်မြို့ကိုလည်း စကစအင်အားများစွာဖြည့်တင်းထား
၁၁၁၁ နှစ်ပတ်လည်ရှိလို့ စကစဘက်က စစ်ရေးပြင်ဆင်တာဟုသိရ

Nabu

11 Nov, 08:17


မိထ္တီလာမြို့ရှိ ရှမ်းတဲလေတပ်အပါဝင် တပ်စခန်းများ ရှော့တိုက်ဒုံးဖြင့်ပစ်ခံရ

Nabu

11 Nov, 08:15


အမ်း နပခကို ယနေ့မနက် ရိက္ခာလာပို့သည့် Mi17 ထောက်ပို့ရဟတ်ယာဥ်တစီး ရိက္ခာချအပြီး ပြန်အတက်တွင် ပစ်ချခံရပြီး ရိုးမထဲ ပျက်ကျ

Nabu

11 Nov, 02:25


လူလိမ် သတိပြုရန်

ဒီgpမှာ စုံစမ်းမေးမြန်းနိုင်ပါတယ်
t.me/SpringDevBankCommunity

Nabu

10 Nov, 11:48


ကူမင်းမှပြန်လာသည့် မအလကို ဘောမအနုပညာရှင်တချို့ကြို

Nabu

09 Nov, 12:28


တောင်ကိုရီးယားတွင် NUG ကိုယ်စားလှယ်ရုံးက နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးပေးနေချိန် စစ်ကောင်စီသံရုံးက ပတ်စ်ပို့ ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းမည်ဟု ခြိမ်းခြောက်
စစ်ကောင်စီသံရုံး၏ ခြိမ်းခြောက်မှု အလုပ်မဖြစ်ဘဲ NUG ထံတွင် သက် တမ်းတိုးသူများ အလွန်များပြား

Nabu

08 Nov, 15:01


တောင်ကုတ် စကခ(၅)ဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်းနှစ်ခုကို AA စတင်ထိုးစစ်ဆင်တိုက်ခိုက်

တောင်ကုတ်မြို့ဝန်းကျင်က အထိုင်စခန်းအားလုံးကိုသိမ်းပိုက်ပြီးနောက် မြို့တွင်း တိုက်ပွဲ ပြင်းထန်နေသလို အရေးအပါဆုံး စကခ(၅)တပ်မနဲ့ လက်အောက်ခံတပ်ရင်းနှစ်ခုကိုလည်း အာရက္ခတပ်တော်က ထိုးစစ်ဆင်နေပြီဖြစ်တယ်လို့ မြို့ခံတွေက တစ်ဆင့် သိရှိရပါတယ်။

အာရက္ခတပ်တော်(AA)က စကခ(၅)ဌာနချုပ်နဲ့ လက်အောက်ခံ ခမရ(၃၄၆)၊ ခမရ(၅၄၄) တပ်ရင်းတွေကိုလည်း မနေ့ကစတင်ကာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေ အဆက်မပြတ် ပြန်လှန် ပစ်ခတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

" လက်နက်ကြီးတွေ တပ်ရင်းတပ်မတွေဘက်ကတရက်လုံးဆက်တိုက်ပစ်နေတယ်။ မနားသလောက်ပဲ။ ရှော့တိုက်ဒုံးလိုမျိုးအသံတွေလည်းကြားရတယ်။ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်နေကြတာ။ ခါတိုင်းဆိုရင် ဒီလောက်ထိဆက်တိုက်မပစ်ဘူး"လို့တောင်ကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

စကခ(၅) တပ်မနဲ့ ကပ်လျက် မဲဇလီကျေးရွာကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား လေးဦးထက်မနည်းထိခိုက်ရာရရှိခဲ့တယ်လို့ သိရှိရပြီး အသေးစိတ်အခြေအနေတွေကိုတော့ နိရဉ္စရာက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

Nabu

08 Nov, 14:59


နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အမ်းပဲပဒုံဂိတ်ကို AA သိမ်းပိုက်

မင်းသျှင်စော၊ နိရဉ္စရာ ၊နိုဝင်ဘာ၈/ ၂၀၂၄

ခရီးသွားပြည်သူတွေကို ပုံစံမျိုးစုံနဲ့ အနိုင်ကျင့် ငွေညစ်တောင်းခံမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အမ်းမြို့အဝင် ပဲပဒုံဂိတ်နဲ့ စခန်းကို အာရက္ခတပ်တော် ( AA) က သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။

ပဲပဒုံစစ်ဆေးရေးဂိတ်ဟာ အမ်းမြို့မှ မင်းဘူးဘက်သို့ အထွက် ပဲပဒုံတံတားထိပ်မှာ တည်ရှိပြီး ရခိုင်ပြည်သို့ အဝင်အထွက်ကားတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးခဲ့တဲ့ ဂိတ်တစ်ခုလည်း ဖြစ်ပါတယ်။

Nabu

08 Nov, 13:18


ပြည်သူကို ရက်စက်ယုတ်မာ သတ်ဖြတ်ခဲ့သည့် မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့သော ထိုင်းဝန်ကြီးချုပ်မှာ မြန်မာပြည်သူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို နားမလည်သူဟု ထိုင်းလွှတ်တော်အမတ် ဝေဖန်

ရန်ကုန်၊ နိုဝင်ဘာ ၈

မြန်မာပြည်သူများကို သတ်ဖြတ်ပြီး ရက်စက်ယုတ်မာမှုများအတွက် တာဝန်ရှိသော အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့သော ထိုင်းဝန်ကြီးချုပ်သည် သန်းချီသော မြန်မာပြည်သူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှု အကျပ်အတည်းကို နားမလည်သူဖြစ်ကြောင်း ထိုင်းလွှတ်တော်အမတ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

Nabu

08 Nov, 12:22


သျှမ်းပြည် နောင်ချိုမြို့နယ် တောင်ခမ်းဒေသတွင် ယမန်နေ့ (နိုဝင်ဘာလ ၇ ရက်) နံနက်ပိုင်းမှစ၍ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြု ပြောသည်။

တောင်ခမ်းရွာ မြောက်ဘက်ရှိ အမြောက်စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ် (မစခ-၉၀၂) အပါအဝင် တပ်စခန်းများကို TNLA ပူးပေါင်းတပ်က ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

Nabu

08 Nov, 12:17


ပြည်ပရောက် နိုင်ငံသားများကို စစ်မှုထမ်းရန် ပြန်ခေါ်ပေးရမည်ဟု အေဂျင်စီများအား စစ်ကောင်စီ တာဝန်ပေး

(မဇ္စျိ)။ ။ ပြည်ပရောက် မြန်မာနိုင်ငံသားများ စစ်မှုထမ်းဆောင်နိုင်ရေးအတွက် အချိန်မီ ပြန်လည်ခေါ်ဆောင်ပေးရန် စစ်ကောင်စီမှ ပြည်ပအလုပ်အကိုင်အေဂျင်စီများကို တာဝန်ပေးထားကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု ကုမ္ပဏီလုပ်ငန်းရှင်များက ပြောသည်။

‘သူတို့ အခုလို ပြန်ခေါ်မယ်ဆိုတာကတော့ ကြားနေရတာ ကြာပါပြီ။ အခုကတော့ အဲ့ဒါကို သူတို့ဟာသူတို့ မခေါ်ဘဲနဲ့ အစ်ကိုတို့ကို လည်ပင်း ပြန်ညှစ်တာပေါ့”ဟု ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်တဦးက ပြောသည်။

Nabu

08 Nov, 08:59


ညောင်ဦးမြို့ Cheriland river houseဟော်တယ်တွင် တည်းခိုနေသည့် လူငယ် ၇ ဦး ဟော်တယ်အတွင်း ဝိုင်းဝန်းရိုက်နှက်ခံရပြီး တဦးသေဆုံး

Nabu

08 Nov, 06:00


https://www.facebook.com/share/v/1VTsMCGgzu/?mibextid=D5vuiz

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ အသိပညာပေးလုပ်ငန်းတွေဆောင်ရွက်နေပြီး လူငယ်တွေချည်းဖွဲ့စည်းထားတဲ့ Mindful Burma

Nabu

08 Nov, 05:54


တောသားအများဆုံးဒေသ
တနိုင်ငံလုံး ဒုက္ခမျိုးစုံနဲ့ စိတ်ဆင်းရဲနေရချိန် အပျော်မပြတ် ဆူညံမပျက်
ဆောင်းဘောက်ရာသီ ထိုင်းDjဖွင့် အရွက်ပြုတ်ရည်သောက်ပြီး အဝတ်ဖြူဝတ် ကထိန်ပွဲအကြောင်းပြ ထင်တိုင်းကြဲသောင်းကြမ်း ကြာလာတော့ ဓလေ့တခုလို ဘုန်းကြီးတွေကပါဝစီပိတ် တောသားအချင်းချင်း စည်းလုံးတာ နိုင်ငံရေးဆို ထက်ခြမ်းကွဲတဲ့ မွန်ပြည်နယ်

Nabu

08 Nov, 02:07


အင်းတော်မြို့နေရာအများစု သိမ်းပိုက်ထိန်းချုပ်ပြီး စစ်ကောင်စီတပ်အား ပိတ်ဆို့ထားဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ပြော
◾️စစ်ကောင်စီက အင်းတော်မြို့ပြည်သူများ၏ အိုးအိမ်စည်းစိမ်အား လေကြောင်းမှ အကြီးအကျယ်ဖျက်ဆီးနေ

Nabu

08 Nov, 01:57


တောင်ကိုရီးယားတွင် နိုင်ငံကူးလက်မှတ် သက်တမ်းကုန်နေသော မြန်မာနိုင်ငံသားများအားလုံးကို NUG ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးပေးနေပြီး တောင်ကိုရီးယားအစိုးရက လက်ခံဆောင်ရွက်နေကာ သက်တမ်းအသစ် ၂ နှစ်ရရှိ၊ စစ်ကောင်စီသံရုံးတွင် သက်တမ်းတိုးရန် မလိုအပ်တော့

Nabu

07 Nov, 13:19


အမ်း နပခရှိအမြောက်တပ်နဲ့အရိုးတောင်လက်နက်ကြီးစခန်းကို AA သိမ်းပိုက်
(တိုင်းစစ်ဦးစီးအရာရှိ ဗိုလ်မှူးချုပ်ကျော်ကျော်သန်းအလောင်းတွေ့ရှိဟု သတင်းထွက်နေ)

အခု AAသိမ်းပိုက်လိုက်တဲ့ အမြောက်ကြီးတပ်နဲ့ အရိုးတောင်လက်နက်ကြီးစခန်းကုန်းမှာ အတွဲလိုက်ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ တပ်ဆင်ထားပြီး နပခဌာနချုပ်ရဲ့ အသက်သွေးကြော တပ်စခန်းတွေ ဖြစ်တယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။

Nabu

07 Nov, 12:50


ရက္ခိုင်ပြည်၊အမ်းမြို့နယ်
အကြမ်းဖက်မြန်မာစစ်တပ်၏
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေအနေ”

Nabu

07 Nov, 12:36


ဆော်ဒီအာရေဗျ သဲကန္တာရမှာ ပထမဆုံးအကြိမ် နှင်းကျ

ရာသီဥတု ပြောင်းလဲမှုဒဏ်ကြောင့် ဂျပန်က ဖူဂျီတောင်မှာ နှင်းတွေ ကင်းစင်သွားသလို ဆော်ဒီက သဲကန္တာရမှာလည်း ပထမဆုံး အကြိမ်နှင်းတွေကျဆင်းခဲ့ပါတယ်။
#NetGuide

Nabu

07 Nov, 08:05


တရုတ်က အတော်လူပါးဝလာပြီ
မကြာခင် နယ်မြေကျူးကျော်ဝင်လာဖို့ရှိတယ်
ပြည်ပအားကိုးပုဆိန်ရိုးက မအလတရုတ်ပထွေးတော်ထားတာ
ဘောမတွေဒါကျအသံတိတ်နေတယ်

တရုတ်က မအလ မပြုတ်ရေးကူညီမယ်
NUG လည်း မတတ်နိုင်တော့ပါ

Nabu

07 Nov, 06:21


အညာတွင်တိုက်ပွဲများဖော်ဆောင်ရန် BPLA တပ်သားသစ်ခေါ်ယူ

“BPLA က အညာကို နေရာပြောင်းလိုက်တာမဟုတ်ပါဘူး။ BPLA က အညာသားတွေ အညာကိုပြန်လာကြတာဖြစ်ပါတယ်။”
-ကိုဆောင်းခ(BPLA ကွပ်ကဲရေးမှူး )

ကရင် နှင့် ရှမ်းမြောက်၌ တိုင်းရင်းသားတော်
လှန်ရေးတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA )က အညာဒေသတွင် တိုက်ပွဲများဖော်ဆောင်နိုင်ရန် အညာစစ်ဒေသအတွက် တပ်သား
သစ်များ ခေါ်ယူနေခြင်းဖြစ်ကြောင်းBPLA ကွပ်ကဲရေးမှူး ကိုဆောင်းခကပြောကြားသည်။

Nabu

07 Nov, 06:18


နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား၂၀ ခန့်ကို ရေပြင်ကျူးကျော်ပြီး ငါးဖမ်းခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ရခြင်းဟု AAပြောခွင့်ရသူဆို

Nabu

07 Nov, 06:09


ဂွမြို့နယ် တိုင်ကျိုးနဲ့ ပုဂံတောင်ယာယီအထိုင်စခန်းကို AA ဆက်လက်သိမ်းပိုက်

မင်းသျှင်စော၊ နိရဉ္စရာ၊နိုဝင်ဘာ၇/၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ တိုင်ကျိုးစံပြကျေးရွာနဲ့ အဲဒီ ကျေးရွာတောင်ဘက် ပုဂံတောင်ဘုရားမှာ ယာယီအထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကို အာရက္ခတပ်တော်(AA)က ၂ရက်ကြာ အပြင်းအထန် တိုက်ပွဲဖြစ်ပွားပြီးနောက် မနေ့က နိုဝင်ဘာ ၆ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ သတင်းရရှိပါတယ်။
အဲဒီ တိုင်ကျိုးတိုက်ပွဲကို စစ်ကူလာတဲ့ အင်အား ၆၀ ခန့်ပါတဲ့ စစ်ကြောင်းတစ်ခုကိုလည်း မနေ့က မော်ရွှေဂျိုင်အရောက်မှာ AA က ကြားဖြတ်တိုက်ခိုက်တဲ့အတွက် တပ်ပျက်သွားခဲ့တယ်လို့ ဒေသအတွင်းက စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။
ဒါ့အပြင် ဒီကနေ့မှာ ဆပ်သွားကိုကျော်ပြီး ဇီးကုန်းတောင်ဘက် သံခဲချိုင်ကျေးရွာ နောက်ကြောကနေ သေနတ်ပစ်ခတ်သံတွေကို ကြားနေရတယ်လို့ ဒေသခံတွေရဲ့ အပြောအရ သိရပါတယ်။

Nabu

28 Oct, 10:08


၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်ပေးလှူသွားခဲ့ကြတဲ့ PSLF/TNLA တပ်မတော်သားတွေအတွက် အလှူဒါနပြုလုပ်

Nabu

28 Oct, 10:05


ရန်ကုန်၊ ဧရာဝတီ၊ မကွေးမြို့တွေက စစ်မှုထမ်းတွေ ရခိုင်စစ်မြေပြင်သို့ အများဆုံးအပို့ခံရပြီး သေဆုံးမှုတွေများနေ

ရန်ကုန်၊ ဧရာဝတီနဲ့ မကွေးမြို့တွေမှာရှိတဲ့ သင်တန်းကျောင်းတွေမှာ စစ်ကောင်စီက စုဆောင်းထားတဲ့ စစ်မှုထမ်းတွေဟာ ရခိုင်စစ်မြေပြင်သို့ အများဆုံးအပို့ခံထားရပြီး သေဆုံးမှုများနေတယ်လို့ Burma Affairs & Conflict Study(BACS)အဖွဲ့ဆီက သိရပါတယ်။

Nabu

28 Oct, 10:02


ရှမ်းမြောက်၌ တိုက်ခိုက်ရေးခွင်နည်းသွားသဖြင့် BPLA တပ်များ အညာသို့ ရွှေ့မည်

အင်အားထောင်ဂဏန်းရှိသော BPLA တပ်သည် နိုင်ငံအလယ်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ရန် လက်ရှိတပ်များကို အပြောင်းအရွှေ.ပြုလုပ်မည့်အပြင် တပ်သားသစ် ၆၀၀ ခေါ်ယူမည်ဖြစ်သည်။

Nabu

28 Oct, 10:01


ကသည်း သုံ့ပန်းနဲ့ ရုပ်အလောင်းတွေကို အိန္ဒိယထံ NUG လွှဲပြောင်း

■ အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့နယ်ထဲဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အရှင်ဖမ်းမိတဲ့ ကလည်းလက်နက်ကိုင်တစ်ဦးနဲ့ ရုပ်အလောင်းသုံးခုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အစီအစဉ်နဲ့ အိန္ဒိယအစိုးရထံ လွှဲပြောင်းပေးခဲ့တယ်လို့ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက အောက်တိုဘာလ ၂၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်က တမူးမြို့နယ် တမူး-ကလေးကားလမ်း နန်းမွန်းတား ရွာအနီးမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းကို ဝင်ရောက်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံသား ကသည်းလက်နက်ကိုင်သုံးဦး သေဆုံးပြီး တစ်ဦးကိုလည်း PDF က အရှင်ဖမ်းမိခဲ့တာပါ။

Nabu

27 Oct, 13:19


အင်အား၂၀၀ဖြင့် စစ်ကြောင်းထိုးလာသဖြင့် ထန်တလန်မြို့မှ ချင်းကာကွယ်ရေးတပ်များပြန်လည်ဆုတ်ခွာ

Nabu

27 Oct, 12:09


စစ်ကောင်စီ စပွန်ဆာ နဲ့ ငြိမ်းချမ်းရေးနှင့်ပြည်သူ့လုံခြုံရေးတပ် ဖွဲ့စည်းကြောင်းကြေညာ

အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဦးဆောင်မှု နဲ့ စစ်ကောင်စီလက်အောက်ခံ တွေက ငြိမ်းချမ်းရေးနှင့်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ဖွဲ့စည်းကြောင်းကြေညာထားပါတယ်။

အဲ့ဒီအဖွဲ့ ဟာ မြဝတီမှာ ဗဟိုဌာနချုပ်ဖြစ် အခြေစိုက်ပြီး ကရင်နဲ့ မွန်ပြည်မှာ အဓိကလှုပ်ရှားပြီးအခြား တိုင်းနဲ့ပြည်နယ်တွေ မှာ ဖွဲ့စည်းသွားမယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေ ကတဆင့် ပြန့်နှံ့လာတဲ့ ထုတ်ပြန်ချက်တွေ အရသိရပါတယ်။

Nabu

27 Oct, 04:01


၁၀၂၇ တနှစ်ပြည့် ရှမ်းမြောက်တွင် အကြီးအကျယ်ဗုံးကြဲ‌နေ

နမ့်ခမ်းမြို့ဗုံးကြဲခံရ

Nabu

27 Oct, 03:18


တိုင်းပြည်ပြဿနာကို ပြည်သူလူထု ထိခိုက်မှုအနည်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းမည်ဟု အသံကောင်းဟစ်ကာ စစ်အာ ဏာရှင်စနစ် သက်ဆိုးရှည်ကြာစေ ရေး ကြိုးပမ်းလျက်ရှိနေမှုများကို မျက်နှာဖုံးခွာချရမည် ဖြစ်ကြောင်း SNLD က ထုတ်ပြန်ပြောဆိုသည်။

Nabu

26 Oct, 14:37


၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်တွင် စစ်ကောင်စီက လေကြောင်းမှ အလုံးအရင်းဖြင့် စစ်ဆင်မည်ဟု သတင်းရဟု ရှမ်းမြောက် သတင်းရင်းမြစ်ပြော

︎တရုတ်အစိုးရနှင့် စစ်ကောင်စီ၏ ဖိအားကို MNDAA၊ TNLAနှင့် KIA တို့ အတူလက်တွဲရင်ဆိုင်ပြီး စစ်အာဏာရှင်စနစ် တိုက်ထုတ်ရေး အရှိန်မလျှော့ရန်လိုဟု တိုက်တွန်း

Nabu

26 Oct, 12:27


မြို့ပြင်တပ်စခန်းတွေ အားလုံးနီးပါးကို AA သိမ်းပိုက်လိုက်ပြီးနောက်
တိုက်ပွဲတွေ မြို့ပေါ်အနားထိ နီးကပ်လာတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ အမ်းမြို့မှာ စစ်သားတွေဟာ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ရပ်ကွက်အတွင်း အရေးပါတဲ့ နေရာအချို့မှာ ဝင်ရောက်နေရာယူမှုတွေ ပြုလုပ်လာတယ်လို့ သတင်းရရှိပါတယ်။

Nabu

26 Oct, 12:23


စစ်အုပ်စုထံသို့ လေယာဉ််နှင့် လေကြောင်းသုံး စစ်လက်နက်ပစ္စည်းများ စီးဆင်းနေမှု ရပ်တန့်ရေး Airbus to Airstrikes လှုပ်ရှားမှု စတင်

Nabu

26 Oct, 12:23


ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ၄ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း BTZM GBK PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်
ပြည်သူ ၁ ဦးကိုလည်း စကစစစ်ကြောင်းမှ ပစ်သတ်ခဲ့ကြောင်းသိရှိရသည်။

Nabu

26 Oct, 12:20


ထီးလင်းမြို့နယ်၊ ကျားခဲရွာမှ ပြည်သူ ၅ ဦးကို စစ်တပ်က အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ထားသည့် အလောင်းများ ပြန်လည်ရရှိ၊ မီးရှို့အသတ်ခံရချိန်တွင် ရုန်းကန်ခဲ့ကြရင်း သေဆုံးခဲ့ဟုဆို

Nabu

26 Oct, 12:18


မန္တလေးမြို့ပေါ်တွင် ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး ပြည်သူများ "ဘူး" သပိတ် လှုပ်ရှားမှု အရှိန်မြှင့် လုပ်ဆောင်ရန် ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၂၆

တော်လှန်ရေး စတင်တည်းက လူထုတရပ်လုံး စွဲကိုင်ခဲ့သော လူထု CDM နှင့် "ဘူး" သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို ယခု ချိန်မှာ အစွမ်းကုန် အရှိန်တင်ကြရန် လိုအပ်ကြောင်း၊ "ဘူး" သပိတ်မှာ ပြည်သူများ နားလည်သဘောပေါက်ကြပြီး ဖြစ်သော အကြမ်းဖက်စစ်အုပ်စုကို ပြည်သူတွေအားလုံးက လက်မခံ “ဘူး”၊ မပူးပေါင်း “ဘူး”၊ မနာခံ “ဘူး” ၊ အခွန်အခ မပေး “ဘူး” ၊ စစ်တပ်ပိုင် ကုန်စည်နှင့် ဝန်ဆောင်မှုများ ကို မသုံး “ဘူး”၊ မဝယ် “ဘူး”၊ မသယ် “ဘူး”၊ မရောင်း “ဘူး” ၊ ဖက်ဆစ်တပ်ထောက်တိုင်တွေကို လက်မခံ “ဘူး” အစရှိသည်တို့ ဖြစ်ကြောင်း သိရှိရသည်။

Nabu

26 Oct, 12:15


ပြင်ဦးလွင်တွင် ဖုန်းလိုင်းများဖြတ်တောက်ထား

Nabu

26 Oct, 10:54


လက်ဘနွန်တွင် တပ်ဆုတ်ပေးဖို့ငြင်းဆိုသည့်UN တပ်ကင်းမျှော်စင်ကို အစ္စရေးတပ်ဖွဲ့က ဘူဒိုဇာဖြင့်ဖြိုချ

Nabu

26 Oct, 04:59


Express VPN ကို

@Mono_msgbot

ဒီမှာဝယ်လို့ရပါတယ်

တဆင့်ကြော်‌ငြာပေးတာပါ VF+ ကတော့မဟုတ်ပါဘူး။

Nabu

26 Oct, 04:40


စလုံးရောက်မြန်မာနှစ်ဦးလုပ်ရပ်

တယောက်က အမှိုက်စည်းကမ်းမဲ့အမှိုက်ပစ်ပြီး လာဘ်ထိုး

တယောက်က ကလေးကို သတ္တိရှိရှိကယ်ဆယ်လို့ ဆုချီးမြင့်ခံရ

လာဘ်ထိုးတဲ့သူ မြန်မာပီသပါတယ်

Nabu

25 Oct, 12:10


EPS TOPIKစာမေးပွဲအမှတ် ၉၇မှတ်ကျော် သတ်မှတ်

ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ရန် ဖြေဆိုရသည့် EPS TOPIK ကုန်ထုတ်ပထမအသုတ်စာ‌မေးပွဲ၏ အောင်မှတ်ကို စံချိန်တင် အမှတ် ၉၇.၅ ဖြင့် ဖြတ်လိုက်ကြောင်း Human Resources Development Service of Korea -HRDK က အောက်တိုဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ယင်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၄၈,၀၀၀ဦး ရှိပြီး ၅,၅၄၀ဦးအောင်မြင်ခဲ့ကာ စာမေးပွဲအောင်သူများသည် Skilltestကိုလည်း ဆက်လက်ဖြေဆိုရမည် ဖြစ်သည်။

"ကုန်ထုတ် ပထမအသုတ် ဖြတ်မှတ်က 97.5 တဲ့။ ဒီစနစ်ကိုက လူဦးရေအပေါ်မူတည်ပြီး ဖြတ်မှတ်သတ်မှတ်တာမို့ အပြစ်ပြောမရပြန်ဘူး။ POEA က Final တင်တာကိုသာစောင့်ကြည့်ပြီး ဝမ်းနည်းရမယ်ဆိုလည်း တစ်ရက်ပဲငိုကြွေးပြီး ရှေ့ဆက်သွားမယ့် အစီစဉ်ကိုသာချမှတ်ပါ။"ဟု ထိပ်တန်း ကိုရီးယားဘာသာစကားသင်တန်းက ရေးသားထားသည်။

EPS TOPIK ကုန်ထုတ်စာမေးပွဲတွင် တစ်ပုဒ်လျှင် ၂.၅မှတ် သတ်မှတ်ထားသည့်မေးခွန်း ၄၀ဖြေဆိုရပြီး ယခုနှစ်အောင်မှတ်သည် တစ်ပုဒ်မှားသည့် သူများသာအောင်မြင်ခြင်းဖြစ်သည်။

အောင်စာရင်းနှင့်ပတ်သက်၍ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)မှ အောက်တိုဘာ ၂၂ ရက် ညအထိကြေညာထားခြင်းမရှိ‌သောကြောင့် ဖြတ်မှတ်မြင့်မားသည့် အပေါ် POEAဘက်မှ ညှိုနှိုင်းမှုပြုလုပ်ပေးသင့်ကြောင်း ယင်းစာမေးပွဲဖြေဆိုသူများက တောင်းဆိုထားသည်။

EPS TOPIK ကုန်ထုတ်စာမေးပွဲသည် ဘာသာစကားအတွက်ရွေးချယ်ခြင်းမဟုတ်ပဲ အလုပ်လုပ်ကိုင်သူများအတွက်ရွေးချယ်သည့်စာမေးပွဲဖြစ်သောကြောင့် ရမှတ်သတ်မှတ်ချက်ကို မြှင့်ထားခြင်းသည် မဖြစ်သင့်ကြောင်း ယခုနှစ်စာမေးပွဲဖြေဆိုသူတစ်ဦးက ပြောသည်။

"ဒီအမှတ်ဖြတ်စနစ်နဲ့က တကယ်အလုပ်လုပ်နိုင်တဲ့သူရော မွေးထုတ်ပေးနိုင်ပါ့မလား။ အမှတ်ကောင်းတဲ့သူတွေကို တိုက်ခိုက်လိုချင်းမဟုတ်ပါဘူးဗျ ။စာတော်တဲ့သူအတွက်ပဲမဟုတ်ပဲနဲ့ အလုပ်လုပ်နိုင်ဒဏ်ခံနိုင်တဲ့ လူငယ်တွေအတွက်လဲ အခွင့်ရေးရှိစေချင်တာပါ ဟိုမှာအလုပ်လုပ်ရတာလဲပန်းခင်းလမ်းမဟုတ်ဘူးကြားသိရပါတယ်"ဟု ‌စာမေးပွဲဖြေဆိုခဲ့သူတစ်ဦးက မေးခွန်းထုတ်ထားသည်။

ယင်းစာမေးပွဲဖြေဆိုရန်အတွက် ‌ဖြေဆိုမည့်သူများသည် ဘာသာစကားအတွက် တစ်နှစ်ခန့်အချိန်ယူပြင်ဆင်ရပြီး စာမေးပွဲဖြေရန်အတွက်လည်း ဝင်ကြေးသွင်းရသောကြောင့် မအောင်မြင်သည့် ကျောင်းသားများအတွက် ဆုံးရှုံးနစ်နာမှုကြီးမားသည်ဟု ဆိုသည်။

"အချိန်တွေ အများကြီး ပေးခဲ့ပြီး ကြားကာလထဲ အခက်အခဲ ပေါင်းစုံကို ကျော်ဖြတ်ခဲ့ရတယ်။ကိုယ်တိုင်ကလည်း အများကြီး ကြိုးစားခဲ့တယ် ဒီလမ်းကို့ လျှောက်လမ်းဖို့အတွက် ဆုံးရှုံးမှုတွေ ပျော်ရွင်မှုတွေက ပေးဆပ်ခဲ့ရသေးတယ်။95 မှတ်မှတောင် ဖြတ်မှတ်မှ မပါလာမှတော့ ကိုယ့်အမှတ်ကို ကိုယ့် အရမ်းနှမျောမိတယ် ရင်ထဲမှာ ဟာတာတာနဲ့ ခံစားရခက်တယ် "ဟု ယင်းစာမေးပွဲတွင် ၉၅ မှတ်ရရှိသူတစ်ဦးကရင်ဖွင့်သည်။

EPS TOPIKကုန်ထုတ် ဒုတိယအသုတ်စာမေးပွဲကို ၂၀၂၅ နှစ်ဆန်းပိုင်း၌ ဖြေဆိုရမည်ဟု ကြေညာထားသည်။

Nabu

23 Oct, 18:08


Private channel က save မရတဲ့ vd file တွေကို saveယူနည်းသိချင်ကြလား

Nabu

23 Oct, 13:26


Referရှာတဲ့ကိစ္စတွေ မန့်ရင် နောက်ခါ
ဘမ်းပါမယ်
နွေဦးတော်လှန်ရေးဘက်ကပဲဖြစ်ဖြစ်ပါ

Nabu

23 Oct, 10:55


အမ်းမြို့ တဆရ ၂/၃၀၀ နှင့် စရဖ တပ်တို့ကို AA သိမ်းပိုက်လိုက်ပြီဟုသိရ

Nabu

22 Oct, 06:53


KNU ဌာနချုပ်စစ်ရုံးချုပ်ကို ယနေ့ မြန်မာအချိန် ၁၁ နာရီခွဲ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့

ကရင်အမျိုးသားအစည်းအရုံး KNU ထိပ်ပိုင်းခေါင်းဆောင်များ အစည်းအဝေးပြုလုပ်နေချိန် အစည်းအဝေးခန်းမနှင့် မလှမ်းမကမ်းတွင် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး၊ တိုက်ခိုက်မှုအပြီးတွင် အစည်းအဝေးကို ဖျက်သိမ်းကာ လူစုခွဲခဲ့ရကြောင်း KNU တပ်မဟာ ၇မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

KNU ဌာနချုပ်ကို စစ်တပ်က ယခင်က ဗုံးကြဲတိုက်ခိုက်ခြင်းမျိုးမရှိဘဲ ယခုတိုက်ခိုက်ခံရမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း KNU အဆင့်မြင့်အရာရှိတစ်ဦးက Myanmar Now သို့ ပြောသည်။

"ဒီနေ့ ၁၁ နာရီခွဲမှာဖြစ်တာပါ။ ဒီနေ့ ၄ လုံးလာပစ်တယ်။ ထိခိုက်ဒဏ်ရာရမှု ဘာမှမရှိဘူး။ ထမင်းရုံနည်းနည်း ပျက်သွားတယ်။ ထမင်းစားတဲ့နေရာပေါ့။ ဒါကတော့ ကျွန်တော်တို့နဲ့ စစ်တပ်နဲ့ပဲ ရန်သူရှိတယ်လေ။ သူတို့ပဲဖြစ်မှာပေါ့ " ဟု သူက ပြောသည်။

Nabu

22 Oct, 06:41


မြို့ကြီးပြကြီးမှာ ဘာလို့ရေလျှံရလဲ

ဖြစ်မှ ဘာလို့ အုပ်စုလိုက်ကူညီဖို့ထွက်လာကြတာလဲ

Nabu

22 Oct, 02:16


လိုင်‌ဇာအနီးကို ယမန်နေ့ညတွင် ထပ်မံဗုံးကြဲ
တရုတ်က သတိပေးပစ်ခတ်ပြန်
ပြည်သူ ၂ဦးသေဆုံး

Nabu

22 Oct, 02:14


ပန်ဝါ BGFထံမှ သိမ်းဆည်းရရှိသည့်လက်နက်ခဲယမ်းများ

Nabu

22 Oct, 02:13


ကန်ပိုက်တီမြို့ရှိ ကချင်နယ်ခြားစောင့် BGF ၁၀၀၃ ဌာနချုပ်ကို KIA သိမ်းပိုက်

Nabu

21 Oct, 10:23


အကြမ်းဖက်ခေါင်းဆောင်က ဘာသာရေးလုပ်ပြီး ယတြာချေ
စားဖားဘုန်းကြီးတွေက သာဓုခေါ်
အကြမ်းဖက်ခွေးတပ်သားတွေက သတ်ဖြတ်မှုတွေနဲ့ ယတြာချေ
သတ်ရုံတင်မဟုတ်ဘူး အောက်လမ်းနဲ့ တိုက်တာလိုလို လုပ်တာပါ
စောက်ရူးစစ်ခွေးတွေကတော့ အာဏာတည်မြဲဖို့ဆို ရှိတဲ့နည်းအကုန်သုံးတော့တာပဲ
အဆုံးသတ်ဖို့နီးလေ ပိုရက်စက်ပြလေပဲ

နိုင်ငံတကာလည်း အာပလာပဲ သူ့ဟာသူတောင်ရှုပ်နေတာ အော်ပြလည်း အကျိုးသိပ်မရှိခဲ့ဘူး ဪ ဟုတ်လား အဆင့်က မတက်တော့ဘူး

Nabu

21 Oct, 08:47


ရန်ကုန်တိုင်းတွင် ခိုးဆိုးလုနှိုက် အပါအဝင် ရာဇဝတ်မှုများဖြင့် အမှုရင်ဆိုင်နေရသော အချုပ်သားတချို့ကို စစ်ကောင်စီက အမှုပယ်ဖျက်ပေးပြီး စစ်မှုထမ်းအပတ်စဉ် ၆ အတွက် စစ်သားများအဖြစ် စုဆောင်း

Nabu

20 Oct, 13:16


ထိုင်းနဲ့တရုတ်ထုတ်ပစ္စည်းတွေ တရားဝင် တင်သွင်းလာတာမဟုတ်တဲ့အတွက် ဆိုင်ပေါ်တင်မရောင်းကြဖို့ စကစက သတိပေးခြိမ်းခြောက်မှုရှိနေပါတယ်

Nabu

20 Oct, 13:15


မြဝတီ ကုန်သွယ်ရေးဇုန်ဝန်းထဲသို့ စကစလေယာဉ်ဖြင့် အင်အား၁၀၀ကျော်ပို့ဆောင်
လေထီးခုန်ချသည့် စခတချို့ လေထီးမပွင့်၍ သေဆုံးမှုရှိ

Nabu

20 Oct, 13:12


မြဝတီ ကော့ကရိတ်ဂွင် တကျော့ပြန်ဖြစ်တော့မှာမို့ ခရီးသွားလာခြင်းသတိထားကြပါ

Nabu

20 Oct, 12:35


လိုင်ဇာကို ဗုံးကြဲရန်လာသည့်အကြမ်းဖက်စကစလေယာဉ် MiG 29 ကို တရုတ်စစ်တပ်PLAက ပစ်ခတ်သည့်ရုပ်သံ

Nabu

20 Oct, 12:12


အမ်း မြို့အဝင်ရှိ စရဖတပ် ဆုတ်ခွာရ
ဆုတ်ခွာလမ်းကြောင်းကို ဂေါက်ကွင်းနားတွင် AAကကြားဖြတ်တိုက်

Nabu

20 Oct, 11:15


ဒုတိယပ္ပိ မြဝတီ coming soon

ဒီတခါတော့ အတွဲလိုက် အဖော်ပါလာလိမ့်မယ်

Nabu

20 Oct, 11:04


ကျောက်ဖြူဓညဝတီရေတပ်ဌာနချုပ်အနီးရှိ အုန်းကြည်ရေတပ်စခန်း တိုက်ခိုက်ခံရ

Nabu

20 Oct, 10:42


အောင်ပွဲခံယာဉ်တန်းကြောင့် စစ်ကောင်စီတပ် စခန်း ၂ ခုစွန့်ပြေး

ဧရာဝတီ၊ အောက်တိုဘာ ၂၀၊ ၂၀၂၄

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့တွေ ဟာ လေ့ကေ့ကော် အနီးက အမြောက်ကုန်း (စွယ်တော်ကုန်း) သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် အောင်ပွဲခံပြီး ပြန်လာချိန်မှာ ဒီစခန်း ၂ ခုက စစ်ကောင်စီတပ်တွေ ရုတ်တရက်ထွက်ပြေးသွားကြတာလို့ မြေပြင်တပ်ဖွဲ့ဝင်တွေကပြောပါတယ်။

မြေပြင်ရဲဘော်တဦးက "ကျနော်တို့က စွယ်တော်ကုန်းရလို့ ယဉ်တန်းနဲ့ အောင်ပွဲခံပြီး ပြန်လာတာကို သူတို့နားရောက်တော့ ဘယ်လိုထင်ပြီး ပြေးကြတာလဲမသိဘူး။ သေနတ် တချက်မှမဖောက်လိုက်ရဘဲ ကျနော်တို့ သိမ်းနိုင်ခဲ့တာ။ ခုတော့ အဲစခန်းတွေ ကျနော်တို့လက်အောက်မှာပါ" လို့ ဧရာဝတီကိုပြောပါတယ်။

အဲဒီကာကင်း ၂ ခုဟာ သေဘောဘိုးစခန်းရဲ့ ကာကင်းတွေဖြစ်ပြီး အင်အား ၇၀ ဝန်းကျင် ချထားတဲ့နေရာတွေဖြစ်တယ်လို့ ဒီစခန်းကနေ တော်လှန်ရေးတပ်တွေဘက် CDM လုပ်လာတဲ့ ရဲဘော် တချို့က ပြောပါတယ်။