Kevin Network @kevinnetwork1 Channel on Telegram

Kevin Network

@kevinnetwork1


Kevin Network သည်လူငယ်တွေအတွက်!

Kevin Network (Burmese)

Kevin Network သည် အိမ်ရှာဖွေချိန်လိုအပ်သည် အိမ်ရာသဋွဳင့်ဂဲနဝါရူးနီွ (kevinnetwork1) စာပေပို့ယူဝှေဲွခံင့်ဲးယုန့့ကြတုမျိင်ငွောတုဲ။ တတ္ဍဲ၊ ဍလေဲအဲးညညွေိ့င့္လင်ယှအ့ဦိငေင့်လုမေး။ တညဲေ့်င့ေင့်နဲးဍိေင့ေင့္ဝံြဍိေင့ေင်းသေလတေ့ေလန္ဋ ဆိင်တိုရိဴ။ အိမ်င္ွေသြေဦိးဂွဳေ့ေးညဍွေဂိွရေဣဲင့ေဓိူ၊ ဍဦိဒွဍခေ့င၊ ဍဦိဒွဍခေ့င၊ င့ေဟဍြလင်ဦဦဦဍူပ့ငွ၊ ဍေ့ငဍ၍၍ ၌၌ ငဍ်အွးတဗွဧ့။ ငဍြေငအဲဝေွဍိင့ဍဲေံဋဵဍခေ့ငင္ေး၊ ဍဲဍဲ္ေ့ေ့ငဲဒဍ၍၍ ဍဲဍဲ္ေ့ေ့ငဲဒဍ၍၍ ရဍူလဍ်ငေ့ဝှ၌၌ ဍွေဍိံသဍွဍ့လဍ၍၍ ဍဲဍဲ်ေ့ငေဲ့ဒဍ၍၍ ဍဲဍဲ်ေ့ငေဲ့ဒဍ၍၍ ရဍူလဍ်ငေ့ဝှ၌၌ ဍွငေဍွဍ၍၍ ငေဍ်ါ်ဍ်ါ် ဍိငေ့ဍဲအဍွဪျိမဍွေ၌၌ဍါ်ါ် ဍွငေဍွ၍၍ ဍွေဍိဍွဍေဍဍွဍဍဍဍဍွဍ၌၌

Kevin Network

01 Jan, 00:19


Hello New Year
2025 မှာ အများကြီးတိုးတက်ပြောင်းလဲနိုင်ကြပါစေ

Kevin Network

28 Dec, 14:48


ကျွန်တော်ပန်းချီဆရာဖြစ်သောအခါ

Kevin Network

24 Dec, 13:48


အားလုံးဂရုစိုက်ကြပါ🥺

Kevin Network

21 Dec, 12:09


နိုင်ငံပေါင်း ၁၀၀ ကျော်ကပေးထားတဲ့ Scholarship တွေကို တစ်နေရာထဲမှာ အလွယ်တကူရှာလို့ ရနိုင်တဲ့ ဝက်ဆိုဒ်နဲ့ ညွန်းပေးချင်ပါတယ်။

ဉပမာ Thailand, Malaysia, Canada, Australia, UK, USA, China, Germany, Japan, France, Netherlands, Austria, Sweden, Belgium စသောနိုင်ငံတွေကပေးတဲ့ 2025 အတွက် Scholarship တွေကို အလွယ်တကူ ရှာဖွေလို့ရနိုင်ပါတယ်။ အောက်ပါဖော်ပြပါ နိုင်ငံအလိုက်လေးတွေကို နှိပ်ရုံဖြင့် သက်ဆိုင်ရာနိုင်ငံတွေက ပေးတဲ့ Scholarship များ တန်းစီပြီးကျလာမှာဘဲဖြစ်ပါတယ်။

Link: https://www.scholarshipsads.com/awarding-countries/

မေးချင်တာမျိုးရှိရင် Instagram ကနေ ဖြေကြားပေးတာမို့ Instagram မှာ follow လုပ်ထားလို့ရပါတယ်ခဗျာ။
Instagram: https://www.instagram.com/svens711/

#crd

Kevin Network

18 Dec, 04:51


၂၀၂၅ က စပြီး လူတွေမမှတ်မိလောက်အောင် ပြောင်းလဲ….
နင်တော်လိုက်တော့

Kevin Network

04 Dec, 08:28


မြန်မာပြည်တွင် ဖြစ်သည်။

#Crd

Kevin Network

03 Dec, 16:05


လက်ရှိ ဒီကိုရီးယားမှာတော့ သမ္မတနဲ့ စစ်တပ်က အာဏာပြန်သိမ်းလိုက်တဲ့အခြေနေဖြစ်လာပါပြီ။

အရေးပေါ် စစ်အုပ်ချုပ်ရေးကြေငြာတာပါ ။


အခြေနေတွေ တော်တော် တင်းမာနေတယ် ။
လူထု ဆန္ဒပြပွဲတွေ ဖြစ်လာနိုင်တယ်။
ခု စာတင်ချိန်မှာ ည ၁ နာရီကျော် လွတ်တော်ရှေ့မှာ လူစု လူဝေးနဲ့ ဆူပူမှုတွေ စဖြစ်လာနေပါတယ် ။

Kevin Network

27 Nov, 16:07


စာအုပ် Channelမဟုတ်ပေမဲ့ Contentတွေမလုပ်နိုင်လို့ ရှိတာလေး Shareနေရတယ်ဗျာ!

Kevin Network

27 Nov, 11:50


https://t.me/VitalCareMyanmarNurseAideClass

ဒီ Channel လေးကိုလည်း Join ပေးနော်

Kevin Network

27 Nov, 11:38


ဖတ်မလား?

Kevin Network

25 Nov, 14:16


Nursing နဲ့ နိုင်ငံခြားထွက်မယ်ဆိုရင် ဒီသင်တန်းလေးကို Recommend ပေးပါတယ်ဗျ။

https://t.me/VitalCareMyanmarNurseAideClass

Kevin Network

25 Nov, 14:14


🤗 အကူသူနာပြုနှင့် ဆေးဝါးကျွမ်းကျင်သင်တန်း အတွက်...

📢 နိုဝင်ဘာ 29, December 2ရက်နေ့ တန်းခွဲသစ်တွေ စတင်လက်ခံနေပြီနော်!

အသေးစိတ်ကို -
☎️Help Line - 09405555436

📲Viber - 09776067727 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

#VCM
#Yangon

Kevin Network

24 Nov, 15:02


မင်္ဂလာပါ

Kevin Network

20 Nov, 01:39


https://t.me/kevinnetwork1

https://t.me/kevinnetwork1

Kevin Network မှာစာအုပ်ကောင်းများစွာကိုအခမဲ့ဖတ်ပါ။

Kevin Network

20 Nov, 01:35


https://t.me/kevinnetwork1

Kevin Network မှာစာအုပ်ပေါင်းများစွာကိုအခမဲ့ဖတ်ပါ။

Kevin Network

19 Nov, 15:30


Live stream started

Kevin Network

19 Nov, 15:26


Customer သာ ကျွန်တော်ကောင်မလေးဖြစ်ခဲ့ရင် ကျွန်တော့် Service Skill က 100% ရှိမယ်ဆိုတာ ကျွန်တော်မပြောလည်းခင်ဗျားတို့တွေးမိမှာပါ။

ဒါပေမဲ့ Customer တိုင်းက ကျွန်တော့်ကောင်မလေးလိုမဟုတ်ဘူးဗျ။

Flirt တဲ့ Customer တွေ၊ ဂရုမစိုက်တဲ့ Customerတွေ၊ Customer ဆိုးတွေလည်းအများကြီးရှိတယ်ဗျ။

ဟိုရှေးရှေးတုန်းက Customer Serviceနဲ့ပတ်သက်ပြီး..

" Customer is always Right "
Customer က အမြဲတမ်းအမှန်ဆိုတဲ့ ဆိုရိုးလေးရှိခဲ့တယ်ပေါ့နော်!

Bad Customer လို့ခေါ်တဲ့ Customer အမျိုးအစား
လည်းရှိပါတယ်။

အဲ့လို အမြဲဘူကောင်Customerတွေက အမြဲတမ်းဘူနေမှာပါပဲ။

ကျွန်တော်တို့ Bad Customer တွေကိုပေးမယ့်အချိန်၊ဂရုစိုက်မှုတွေကို Good Target Customer တွေဆီပေးလိုက်တာက လုပ်ငန်းကိုပိုပြီးတိုးတက်စေနိုင်ပါတယ်။

Target Customer ရွေးတဲ့အခါ ကျွန်တော့်တို့လုပ်ငန်းက Customer အကြည်ဓာတ်လေးတွေကို ပိုပြီးရွေးသင့်ပါတယ်။

Customer တွေက သူတို့အကြိုက်လုပ်ငန်းတွေကိုရွေးသလို၊ ကျွန်တော်တို့လုပ်ငန်းတွေကလည်း Customerကို ပြန်ရွေးချယ်လို့ရပါတယ်။

အကြည်ဓာတ် Customerတွေကို များများရွေးချယ်နိုင်ရင် လုပ်ငန်းပိုတိုးတက်နိုင်လေပါပဲ။

#KevinNetwork
#Marketing
#CustomerService

Kevin Network

19 Nov, 13:51


Page Admin အလုပ်စိတ်ဝင်စားသူတွေလာလျှောက်ပေးပါ!

Online မှာ Active ဖြစ်သူဖြစ်ရပါမယ်။

သင်ယူလိုစိတ်ရှိသူဖြစ်ရပါမယ်။

လစာအနေနဲ့ သင့်လျော်တဲ့ဖုန်းဘေလ်ဖိုးပြန်ရပါမယ်ဗျ။

ပစ္စည်းရောင်းထွက်သွားရင်လည်း
သတ်မှတ်ထားတဲ့ percentage ပြန်ရမှာဖြစ်ပါတယ်။

လုပ်ရမယ့်တာဝန်က Pageမှာစာပြန်ပေးဖို့ပါဗျ!

အသက် 15/16ကနေပြီးလာလျှောက်လို့ရပါတယ်။

တကယ်လုပ်ချင်တဲ့သူပဲလာခဲ့ပေးပါဗျ။

အလုပ်လျှောက်ရန်

@UniversityOfAcademic

Kevin Network

19 Nov, 12:18


https://t.me/kevinstore11

Kevin Network

19 Nov, 11:00


https://t.me/addstickers/line19985748f6a8_by_moe_sticker_bot

Kevin Network

18 Nov, 11:58


Content Marketing လေ့လာချင်သူများအတွက်

Kevin Network

17 Nov, 15:35


ထရမ်မာအပြည့်ပါတဲ့ Post ပါ!

သင်က တယောက်ယောက်ကို Blameဖူးလား?

တယောက်ယောက်က သင့်ကို Blameတာကို ခံရဖူးလား?

ကျွန်တော်တို့က ပတ်ဝန်းကျင်မှာနေထိုင်တာဖြစ်တဲ့အတွက် ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတွေရှိကြမှာပါ။

ဒါပေမဲ့ လူ့ပတ်ဝန်းကျင်မှာ ငါ့ထက်မသာအောင် အညွှန့်ကိုချိုးနှိမ်ထားလိုက်မယ်ဆိုတဲ့ လူတွေရှိတတ်ကြပါတယ်။

ဒါကတော့ Brainwash ပြုလုပ်ခြင်းတမျိုးလို့သုံးသပ်လို့ရပါတယ်။

ဒီနိုင်ငံမှာ ဒီလိုဖြစ်ရပ်မျိုးတွေပိုများပါတယ်။

ဘာလို့လဲဆိုရင် ဒီနိုင်ငံက Brainwash ပြုလုပ်ခံထားရတဲ့ လူကြီးတွေများလို့ပါပဲ။

လူတယောက်က သူ့ခံစားသလိုတခြားသူတွေကို ပြန်ခံစားစေချင်တတ်ကြပါတယ်။

လူကြီးတွေကနေ သူတို့တုန်းက ဖြစ်ခဲ့သလို  လူငယ်တွေကို Brainwash ပြန်လုပ်ကြလေ့ရှိပါတယ်။

လူတိုင်းကိုမကောင်းဘူးလို့မဆိုလိုပေမဲ့ လူတိုင်းကတော့ကောင်းနေတာမဟုတ်ပါဘူး။

ကျွန်တော်ကိုယ်တိုင်လည်း Brainwash လုပ်ခံခဲ့ရဖူးပါတယ်။

ကျွန်တော့်ရဲ့ English Speaking အသံထွက်က မှားတာတို့ဆိုရင်
အဲ့အသံထွက်ကိုပဲလိုက်ပြောင်တာ၊ ငပိသံကိုလိုက်ပြောင်တာမျိုးတွေပါ။ အစကတော့ စနောက်တဲ့ပုံစံဖြစ်ပေမဲ့ နောက်ပိုင်းမှာ English အသံထွက်ဖို့တောင် ဆွံအသွားတဲ့အထိဖြစ်ခဲ့ဖူးပါတယ်။

သင်ရော ဘယ်လောက်ထိ Blame ခံရဖူးလဲ?

ဒီပိုစ့်လေးက ကျွန်တော်တို့ Generation ကစပြီး "အားနည်းသူ့ကို တစ်ခုခုဆို Blame တာထက် လမ်းမှန်ကိုပြောပြပေးတာမျိုးတွေ"
များများလုပ်ပေးကြဖို့ ရည်ရွယ်ပါတယ်။

#KevinNetwork

Kevin Network

17 Nov, 15:35


https://t.me/kevinnetwork1/1203

Kevin Network

15 Nov, 16:26


Kevin Network က Admin ကိုမိုက်စ်ကို ပင့်သကူပစ်ထားပါတယ်ဗျ

တွေ့ရင်ယူလိုက်ကြနော်🤗

Kevin Network

13 Nov, 15:29


Kevin Network မှာ အခမဲ့ဖတ်လို့ရမယ့်စာအုပ်များ.. 📕

📖လူတွေမမှတ်မိတော့လောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ!

https://t.me/kevinnetwork1/1084

📖အကျင့်တွေလည်းပြောင်းမယ် ဘဝလည်းပြောင်း

https://t.me/kevinnetwork1/1088

📖Passive income

https://t.me/kevinnetwork1/1089

📖 Hope

https://t.me/kevinnetwork1/1091

📖 လူရာဝင်ခြင်းမှတ်စုများ

https://t.me/kevinnetwork1/1151

📖 A 21st Century Burmese Guy

https://t.me/kevinnetwork1/1197

📖 မာန်

https://t.me/kevinnetwork1/1199

Please Channel Join and Share

#KevinNetwork

Kevin Network

10 Nov, 05:29


📍မြန်မာပြည်မှာ လက်ရှိ Grade 10/11တက်နေတဲ့ လူငယ်တွေနဲ့ ကျောင်းဆက်မတက်ခဲ့လည်း GED ဖြေထားပြီးသားမည်သူမဆို အသက် 16-19အတွင်းဆိုရင်လျှောက်လို့ရတဲ့ UWC Scholarship ပါ

📍Scholarship ရပြီး Collegeကို ၂နှစ်တက်ပြီးသွားရင် U.S. မှာရှိတဲ့ University တွေကို Bachelor Degreeအတွက်ဆက်ပြီးတက်ခွင့်ရမယ့်အခွင့်အရေးပါ

📍IELTS/TOEFL တွေမလိုပါ

📍တိုက်ရိုက်လျှောက်ရန်လင့်- https://apply.uwc.org/prog/mm2025/?fbclid=IwZXh0bgNhZW0CMTEAAR0RBd87FqnXw1TWtKlKqf7xASFgAmqdkqaTSjoY2StYbjqxIqh6_-Rd4ic_aem_a06qgNIlN0kjrRk03L99Og

Kevin Network

09 Nov, 04:46


Content တွေအတွက်

ကျွန်တော့်စီမှာ

အလုပ်အပ်လို့ရတယ်နော်

@waiyanphyo111

Kevin Network

07 Nov, 11:33


မားကတ်တင်းတို့၊ အရောင်းပညာတို့
တတ်ထားရင်
relationship မှာလဲ အဆင်ပြေနိုင်တယ်။
ဥပမာ
သမီးရည်းစားချင်း စိတ်ဆိုးလို့
ကိုယ့်ကိုကိုယ် ဘာကောင်ထင်နေလဲ
မေးတယ်ဆိုပါတော့
ကိုယ်က ဒေါသထွက်လို့ရတယ်
ဒါကို အပြုံးလေးနဲ့
မင်းမရှိရင် မနေနိုင်တဲ့ကောင် ဆိုပြီး
ချစ်စနိုးလေး ပြန်ပြောလို့ရတယ်။

အဲ့လိုပဲ
မားကတ်တင်းတို့ ဘာတို့က
လေ့လာထားရင် အကျိုးမယုတ်ဘူး။
တစ်ကွက်တစ်ကွက်ထသုံးချင်
သုံးလို့ရနိုင်တယ်။

#crd

Kevin Network

06 Nov, 13:00


2025မှာ ကျွန်တော်တို့Geminiတွေ အထွဋ်အထိပ်ရောက်ပြီလေ။

#crd

Kevin Network

05 Nov, 13:07


စာလုပ်ရင်း နားထောင်ဖို့👌

Kevin Network

28 Oct, 15:46


📣အခုတလောအမေးများနေတဲ့ PJ passport နဲ့မြန်မာနိုင်ငံကို အလည်ပြန်ရင် 🔁 ပြန်၀င်လိုရပါ့မလား...?

✅️PJ Passport ဆိုရင် OWIC card သက်တန်းရှိရမယ်
Passport သက်တန်း ၆လကျော် ကျန်သေးတယ်
ကိုရီးယားမှာ တရား၀င်နေထိုင်တဲ့ ID cardသက်တန်းရှိတယ်ဆိုရင်
မြန်မာကနေ 🔄 ကိုရီယားကိုပြန်လာလိုရပါတယ် အမျိုးတို့ရေ 🤗

🇰🇷ကိုရီးယား ကနေ 🔁 🇲🇲 မြန်မာ အလည်ပြန်မယ်ဆိုရင် ✈️

✅️1. Passport

✅️2. Air ticket

✅️3. ID card

✅️4. Owic card တွေသက်တမ်းရှိရင် ပြန်လို့ရပါတယ်၊
ကိုရီးယား ပြန်၀င်လာရင် Q code လဲ မလိုတော့ပါဘူး၊
Owic card သက်တမ်းရှိဖို့တော့ လိုပါတယ်...။

______
မြန်မာနိုင
်ငံမှာ passport စုစုပေါင်း ၉ မျိုးရှိပါတယ်။

အလည်passport မှ အလည် Visa နှင့်သွားလို့ရပါမယ် ။

ကျန်passport ဆို သက်ဆိုင်ရာ ခွင့်ပြုချက် စာရွက်စာတမ်းတွေ လိုအပ်ပါလိမ့်မယ်။

1. PB = Business Passport.
ပြည်ပသို့စီးပွားရေး အရ သွားရောက်လုပ်ကိုင်မည့်နိုင်ငံသားများအားထုတ်ပေး

2. PT = Dependent Passport ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ဇနီး နှင့် လိုက်ပါနေထိုင်သော မှီခို နိုင်ငံသားအားထုတ်ပေး

3. PJ = Job Passport ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်သော နိုင်ငံသားများ ကို ထုတ်ပေး

4. PR = Religirous Passport.
ပြည်ပသို့ သာသနာရေး ဘာသာရေးနှင့် ပတ်သတ်သော နိုင်ငံသားများအားထုတ်ပေး

5. PS = Seaman Passport.
ပြည်ပသို့ သဘောင်္သား ပင်လယ်ခရီးနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

6. PE = Student Passport.
ပြည်ပသို့ ကျောင်းသား ပညာတော်သင် နိုင်ငံသားများအား ထုတ်ပေး

7. PV = Visit Passport.
ပြည်ပသို့ အလည်အပတ် short visit ခရီးတို အလည်အပတ်နိုင်ငံသားများအားထုတ်ပေး

8. PD = Diplomatic Passport.
ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

9. PO = Official Passport.
ပြည်ပသို့ အရာရှိ နိုင်ငံတော်အရေးအရာနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

👉အထက်ပါ ပတ်စပို့တ် များကို အရောင်သုံးမျိုးခွဲခြားထားပါတယ်

1- အနီရောင်
နိုင်ငံသူ/သား သာမန် ပြည်သူလူထုအတွက်.

2- အပြာရောင်
နိုင်ငံရေး သံတမန်ကိစ္စနှင့် အပ်နှင်းခံရသူနိုင်ငံသားများအတွက်.

3- အစိမ်းရောင်
အစိုးရရုံး နိုင်ငံတော်အကြီးအကဲ အုပ်ချုပ်မှုပိုင်းဆိုင်ရာနိုင်ငံသားများအတွက် ဖြစ်ပါတယ်။

4-ပန်းရောင်
ယာယီနိုင်ငံကူးလက် မှတ်...

"နိုင်ငံကူးလက် မှတ် Passport အတိုသင်္ကေတ

PB -Passport for Business (စီးပွားရေးပတ်စ်ပို့)
PT -Passport for Dependent (မှီခိုပတ်စ်ပို့)
PJ -Passport for Job(အလုပ်အကိုင်ပတ်စ်ပို့)
PR -Passport for Religious (ဘာသာရေးပတ်စ်ပို့)
PS -Passport for Seaman (သင်္ဘောသားပတ်စ်ပို့)
PE -Passport for Student (ကျောင်းသားပတ်စ်ပို့)
PV -Passport for Visit (အလည်အပတ်ပတ်စ်ပို့)
PD -Passport for Diplomatic (သံတမန် ပတ်စ်ပို့)
PO -Passport for Official (အစိုးရဝန်ထမ်း ပတ်စ်ပို့)

👉 PD ပတ်စပို့သည် အပြာရောင်၊
👉PO ပတ်စပို့မှာ အစိမ်းရောင်ပါ။

#kevinnetwork

Kevin Network

28 Oct, 15:46


📍pv မှ pj လဲ ဖြစ်သွားပြီး Owic card လဲရှိ အလုပ်လဲရှိ အခွန်လဲ ဆောင်ထားပါက
ရှင်းရှင်းလင်းလင်း ပြည်ပ ပြန်လည်ထွက်ခွါပီး အလုပ်ပြန်ဝင်လို့ရပါတယ်။

----------------

🤔 Owic Card ဆိုတာ ဘာလဲ?

အဖြေ: 👇
Oversea Worker Identification Card 🪪 ကိုခေါ်တာ ဖြစ်ပါတယ်၊
ပြည်ပအလုပ်လုပ်ကိုင်သူဖြစ်ပါက လက်ဝယ်ရှိနေရမည့် အလုပ်သမားကတ် ဖြစ်ပါတယ်။

----------

🤔 Owic card က အသက်အရွယ်မရွေး လျှောက်လို့ရတာလား ?

အဖြေ:👇
မရပါဘူး၊
အမျိုးသား အသက် ၂၃ နှစ် မှ ၃၂ နှစ် အတွင်းဖြစ်ပါက အလုပ်ခေါ်စာရှိနေပါသော်လည်း
Owic card မထုတ်ပေးပါဘူး၊
ထို့နောက် PJ ကိုင်ထားပြီး Owic မရှိတဲ့အတွက် ပြည်ပထွက်လို့လဲ မရပါဘူး။

--------------

🤔 PV နဲ့ကျောင်းတက်နေပါတယ်၊ မြန်မာနိုင်ငံ အလည်ပြန်လာလို့ ရပါသလား ?

အဖြေ👇 :
ကျောင်းသားက PV passport ဖြင့်အလည်အပတ်ပြန်လာလို့လဲ ရပါတယ်၊
Uni Ed visa သမားဖြစ်ပါက ကျောင်းသားကတ်ရှိရပါမယ်၊
ထိုင်းမှာ language school ဖြင့် Ed visa နှင့်နေပါက ကျောင်းရဲ့ acceptance letter ယူလာသင့်ပါတယ်၊
ပြန်အထွက် မြန်မာလေဆိပ်မှာ ပြရပါမယ် that’s all ပါ၊
ထိုင်း Ed visa ယူထားပြီး ပြန်လာမှာဆိုရင်တော့ ထိုင်းလေဆိပ်မှာ re entry တုံးထုလာဖို့ မမေ့နဲ့နော်
visa cancel မဖြစ်အောင်ပါ၊
📍အသွားအပြန်လေယာဥ် လက်မှတ်၊ show money, hotel booking ပြရန်မလိုပါ။

----------

🤔PV နဲ့ Ed visa / guardian visa စသဖြင့် မြန်မာနိုင်ငံမှာပဲ လျှောက်ထားပြီးထွက်မယ် အဆင်ပြေပါ့မလား?

အဖြေ:👇
အဆင်ပြေပါတယ်၊
PV passport မှာ visa sticker ရရှိပြီး ကျောင်းမှ ပို့လိုက်တဲ့ စာရွက်စာတမ်း အပြည့်အစုံကိုပါ
လေဆိပ်မှာ တင်ပြမယ်၊ အသွားလက်မှတ်လဲ ပါမယ်၊ သွားသွားချင်းနေဖို့ ဟိုတယ် Booking လဲရှိမယ်၊
show money တစ်ယောက် usd 500 သို့ ဘတ် နှစ်သောင်းပါ ပါသေးတယ်ဆို ဘာလိုသေးလဲပေါ့နော်၊
အဆင်ပြေပြေနဲ့ သွားလို့ရပါတယ်လို့နော်။

---------

>> PV နဲ့ Retirement visa နဲ့နေပါတယ်၊ သို့ Dependent Visa နဲ့နေ့ပါတယ်။ အလည်ပြန်လာလို့ရလား။ return ticket ရော ပြရဦးမှာလား?
အဖြေ: 👉 မြန်မာနိုင်ငံကို အလည်ပြန်လာလို့ ရပါတယ်၊
long term visa သမား ဖြစ်တဲ့အတွက် ပြန်အထွက်မှာ အသွားအပြန်လေယာဥ် လက်မှတ်၊
show money, hotel booking ပြရန်မလိုပါ။

…. PV….

-------------

🤔ပြည်ပနိုင်ငံများသို့သွားရောက်မည့် pj (job passport)ကိုင်ဆောင်ထားသူများအလည်အပတ်သွားလို့ရလား ?

အဖြေ :👇
PJ passport ရှိသူများ လက်ရှိအချိန်တွင်
အလည်အပတ်ဖြင့် ထွက်၍မရပါ။

📍ယခုမှအသစ်သွားရောက်မည့်သူများဖြစ်ပါကလည်း Owic+pj+offer letter လက်ဝယ်ရှိရမည်၊
📍အပြည့်အစုံရှိပါကလဲ အမျိုးသားအသက် 23 နှစ် မှ 32 နှစ် အတွင်းအသက်အပိုင်းအခြားများ
ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

--------------

🤔 PV ခွင့်ပြန်များ မြန်မာပြည် အလည်ပြန်လို့ အဆင်ပြေပါသလား ?

အဖြေ :👇
အဆင်ပြေပါတယ်၊
သက်တမ်းရှိ Owic Card ရှိပါက အဆင်ပြေပါတယ်၊
work permit ရှိပြီး valid passport နှင့် smart card (UID/EID) ရှိနေပါက ပြန်ထွက်လို့ရပါတယ်။

📍owicမရှိသေးသူများကတော့ ကဒ်လျှောက်ထားရန်လိုပါတယ်၊
အောက်ဖော်ပြပါအထောက်အထားများသည်ကဒ်လျှောက်ထားရန်မဖြစ်မနေလိုအပ်သည်👇
1. ခွင့်စာ
2. ပါမစ်
3. 25%ငွေလွှဲအထောက်အထား
4. 2%ဝင်ငွေခွန်ပေးဆောင်ပြီးကြောင်းပြေစာ

*အခွန်သည်မိမိတို့နေထိုင်ရာနိုင်ငံသံရုံးများတွင်
ဆောင်ခဲ့လို့ရသလို မြန်မာပြည်ရောက်မှ အခွန်ဆောင်လျှင်လည်းရသည်။

-------------

🤔 UID / EID ဆိုတာ ဘာလဲ?

အဖြေ :👇
Smart card ကိုခေါ်တာပါ
Smart card စမတ်ကဒ်ဆိုတာ လဝက လူဝင်မှုကြီးကြပ်ရေးက လက်ရှိကိုင်ဆောင်ထားသော
မိမိမှတ်ပုံတင်အစစ်အမှန်ဖြစ်ကြောင်းကို တစ်ဖန်ပြန်လည်စစ်ဆေးမှတ်ကျောက်တင်ထားသော
သက်သေခံကဒ်ပြားတစ်ခုပါ။

📍PV / PJ မည်သည် passport အမျိုးအစားဖြစ်စေ smart card နှင့် UID လိုပါတယ်၊
ပြည်ပမှ ပြန်လာပါက smart card ကို မြန်မာပြည်ကို ရောက်ရောက်ခြင်း ပြုလုပ်ပါ၊
မှတ်ပုံတင် သန်းခေါင်စာရင်းရှိပါက မိမိအဆင်ပြေရာ ခေတ္တနေထိုင်ရာ ရပ်ကွက် မြို့နယ်မှာ ပြုလုပ်လို့ရပါတယ်၊ မွေးရပ်မြေက နယ်ဖြစ်နေလို့ နယ်ပြန်မလုပ်လဲရပါတယ်၊
ပြည်တွင်း ပြည်ပ ခရီးသွားရန်
Owic card ပြုလုပ်ရန်
passport သက်တမ်းတိုးရန် အသစ်လျောက်ထားရန်
အကုန်လုံးမှာ smart card ကလိုအပ်ပါတယ်။

------------------

🛑မှတ်ချက် ။ ။
PV passport ကိုင်ဆောင်ထားသူများသည် အထက်ပါအထောက်အထားများတင်ပြနိုင်သည့်တိုင်
တာဝန်ကျ/တာဝန်ခံအရာရှိမှ ထိုသူအားအမှန်တကယ် အလည်အပတ်သွားရောက်ခြင်းဖြစ်ကြောင်း
မယုံကြည်လျှင် သို့တည်းမဟုတ် သံသယရှိလျှင် pass မပေးသည့် အခြေအနေရှိနိုင်ပါတယ်။

#အမျိုးသားများ အသက်အရွယ်ကန့်သတ်မှုသည် ဝန်ကြီးဌာနတည်မြဲအမိန့်ဖြစ်သဖြင့်
ယင်းအမိန့် မပယ်ဖျက်မချင်း ဘာမှလုပ်မရပါ
သည်းခံစောင့်ကြရုံသာ ရှိပါတယ်။

Kevin Network

28 Oct, 15:46


🛑 Up to date: PJ / PV passport ကိုင်ဆောင်ထားသူများ မြန်မာနိုင်ငံလေဆိပ်မှ ထွက်ခွါခွင့်အကြောင်း
___________________

{ ♨️Hot ဖြစ်နေတဲ့ သတင်း }

🔘 Passport ကို PV အမျိုးအစား ကိုင်ဆောင်ထားသူတွေ လေဆိပ်မှာ ထွက်ခွင့်ပိတ်လိုက်တာလား...?
🔘 PJ တွေ ထွက်မရဘူး (သို့) ထွက်ဖို့မလွယ်ဘူးလား...?

------------------------------------

[❗️Information အမှန် ]

📕If you are PV type passport holder :

PV = passport for Visit
အလည်အပတ်သီးသန့် သတ်မှတ် ထုတ်ပေးထားတဲ့ passport ဖြစ်ပါတယ်၊
အရင်ကတော့ ဒီအမျိုးအစားနဲ့ အလုပ်ဗီဇာနဲ့ နေလို့ ရကောင်းရခဲ့ပါမယ်၊
အခုက rules တိုင်း အတိအကျသတ်မှတ်တဲ့အခါ မရတော့တာပါ၊
visit အမျိုးအစား passport ကိုင်ထားသူသည် မည်သည့်နိုင်ငံမဆို
only for visit သွားရောက်လည်ပတ်ရုံသာ ခွင့်ပြုပါတော့တယ်။

-------------------

🟩 PV passport ဖြင့် Visitor အဖြစ်အလည်သွားတဲ့သူများ
မြန်မာလေဆိပ်မှ ထွက်ခွါခွင့်ရရန် လိုအပ်သည့်စာရင်း👇

Flight ticket ✈️ two way (အသွားအပြန်)
မြန်မာနိူင်ငံသား မှတ်ပုံတင်
Hotel Booking
Show Money ($500 or ထိုင်း B20000 ကို
cash in hand ငွေသား လက်ဝယ်ပြရပါမယ် ဘဏ်အကောင့်မရပါ)

အဆိုပါ documentation (၄) မျိုး မပြည့်စုံရင် မြန်မာနိုင်ငံက ထွက်ခွါခွင့် မရပါဘူး…

------------------------

📕If you are PJ type passport holder :

PJ = Passport for Job
ပြည်ပနိုင်ငံများမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့ ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစားဖြစ်ပါတယ်၊
ဒါကြောင့် Visitor passport များ
Job Visa ဖြင့်သွား၍မရပါ

PV passport ကိုင်ဆောင်ထားပြီး job visa (non-B / non-LA) စသဖြင့် တစ်ခုခု ဖြစ်နေတယ်၊
မြန်မာနိုင်ငံက ထွက်ခွါခွင့် မရပါဘူး…

👉 Job Visa သမားများ PJ type ကို ပြောင်း၍ အခွန် ဆောင်ထားကြောင်း ပြနိုင်မှသာ
မြန်မာနိုင်ငံက ထွက်ခွါခွင့် ရပါလိမ့်မယ် .. 💯✔️

PV with work visa မြန်မာနိုင်ငံ အလည်ပြန်လာလိုပါက ဆောင်ရွက်ရမည့် အချက်များ
မိမိရောက်ရှိရာ နိုင်ငံ သံရုံးမှာ PV to PJ ပြောင်းပါ
အခွန်ဆောင်ခဲ့ပါ
Owic card မရှိသေးပါက မြန်မာနိူင်ငံ ရောက်ရောက်ခြင်းလျှောက်ပါ။

PJ passport နှင့် work visa ရှိသူများကို OWIC card + မိမိအလုပ်အတွက်
အခွန်ဆောင်ထားရင် လေဆိပ်မှ ထွက်ခွါခွင့်ပြုပါတယ်

PJ (Job passport) အသစ်များ သို့ PJ ကိုင်ထားပြီး နိုင်ငံခြားအလုပ် မရှိဖူးသေးသူများကတော့
နိုင်ငံခြားမှ အလုပ်ခေါ်စာဖြင့် တရားဝင်
OWIC ကဒ်ကိုင်ဆောင်ထားပြီး လေဆိပ်မှာ ပြနိုင်ရင်ရပါတယ်…

PJ ဖြင့် ကျောင်းသွားတက်မည့်သူများ 👇
__________

👉 ရန်ကုန်ထိုင်းသံရုံးမှာ Student Visa ရရှိပြီး၍ passports ထဲ non-immigrant visa ဖြင့် ကျောင်းသွားတက်သူများ ကျောင်းနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေလိုပါတယ်

👉 PJ နှင့် Ed visa သမားဖြင့် ထိုင်းနိုင်ငံမှာ လက်ရှိနေထိုင်သူများကတော့ ခုထိတော့ ဘာမှ မကြားသေးပါ၊
ဖြစ်နိုင်ရင်တော့ Education visa ရှိနေပါက PE type ပြောင်းသင့်ပါတယ်၊

Nothing is 100% certain ပါ။

📕If you are seaman with PS type passport:

PS = Passport for Seaman
သင်္ဘောသားတွေကတွေကတော့ အရင်လိုပဲ ထွက်စာ DO ပါရင်ရပါတယ်

______________________
..................................................................................................................................................................

🇲🇲 ကျောင်းသား Visa ပတ်စပို့က PV or PE ဖြစ်နေဖို့လိုပါတယ် 🇰🇷

______________________
..................................................................................................................................................................

🛑 PV/ PJ passport ကိုင်ဆောင်ထားသူများ ပြည်ပထွက်ခွါခွင့်ဆိုင်ရာ အမေးများသော မေးခွန်းများ 🛑
___________________

🤔 Passport အသစ်လုပ်မလို့ ဘာအမျိုးအစားလုပ်ရမလဲ ?

အဖြေ:👇
ရကိုရမယ့် အလုပ်နှင့် တရားဝင်အလုပ်ခေါ်စာ ရဖို့မရှိသေးဘူးဆိုပါက
လူတိုင်းလုပ်ဖို့ အသင့်တော်ဆုံး passport အမျိုးအစားက PV ပဲဖြစ်ပါတယ်၊
နိုင်ငံကူးလက်မှတ် အသုံးပြုတဲ့ အများဆုံး အကြောင်းပြချက်က ပြည်ပကို အလည်အပတ်သွားဖို့ (သို့) ပြည်ပသို့ ကျောင်းသွားတက်ဖို့ အတွက်ပဲ ဖြစ်တာမို့ PV passport အမျိုးအစားက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

PE PJ PS PT စသည့် အခြား အမျိုးအစားများက visa ရပြီးမှသာ
မိမိကိုယ်တိုင် passport type အပြောင်းလျှောက်ခြင်း၊ သို့ passport သက်တမ်းတိုးသည့်အချိန်တွင်
passport type ပြောင်းသွားခြင်း ဖြင့် ရရှိနိုင်ပါတယ်။

----------------

Kevin Network

28 Oct, 15:46


🤔 PV နဲ့ ပြည်ပထွက်လို့ ရသေးရဲ့လား ?

အဖြေ:👇
အလည်အပတ်အတွက်က ရပါတယ်။ အလုပ်အတွက်တော့ မရပါ၊
အလုပ်ဗီဇာရှိနေပါကလည်း မရပါ၊

PV က Passport for Visit အလည် passport အမျိုးအစားဖြစ်ပါတယ်၊
ဒါကြောင့် အလည်အတွက်ဆို Visa on arrival ခေါ် free visa နဲ့ဆို ၁၄ ရက်၊
ထိုင်းသံရုံးမှာ visa ဝင်သွားမယ်ဆို နှစ်လ အလည်အပတ် သွားလို့ ရပါတယ်။

*** လိုအပ်တဲ့ Basic requirements တွေတော့ ပြည့်စုံရပါမယ်။ အသွားအပြန်လက်မှတ်၊ ဟိုတယ် booking အပြည့်အစုံ၊ show money usd 500 သို့ ဘတ် ၂၀၀၀၀ အနဲဆုံး ဆောင်သွားရပါမယ်။

--------------

🤔 Show Money က ဘဏ်ပြလို့မရဘူးလား ?

အဖြေ:👇
မရပါဘူး။
show money သည် ငွေသားဖြစ်ရပါတယ်၊
ထိုင်းပြည်တွင်းမှာ လည်ပတ်တဲ့အခါ သုံးဖို့ပိုက်ဆံပါကြောင်း ပြခိုင်းတာ ဖြစ်တဲ့အတွက် ငွေသားသာ ပြသရပါတယ်၊ မြန်မာငွေက လွဲလို့ any currency (ဘယ်နိုင်ငံပိုက်ဆံဖြစ်ြဖစ်) ကို ဘတ် ၂၀၀၀၀ နဲ့ ညီသော Amount ကို အနဲဆုံးထားပြီး ပြရပါတယ်။ များများပြလဲရပါတယ်။ 😁

--------------

🤔 show money က ပေါင်းပြလို့ရလား ?

အဖြေ:👇
မိသားစု တူတူသွားတာဆို အထူးသဖြင့် ကလေးတွေနဲ့ဆိူ ပေါင်းပြလို့ရပါတယ်၊
ကလေး တစ်ယောက်ဆို ဘတ် ၃၀၀၀၀၊ ၃၅၀၀၀ တူတူပါသွားရင် ကလေးနှစ်ယောက်နဲ့ဆို ဘတ် ၅၀၀၀၀ လောက်ပါသွားရင် အဆင်ပြေပါတယ်။ တစိမ်းတွေ ဆိုရင်တော့ ပေါင်းပြလို့မရပါဘူး။

------------

🤔 Tourist Visa နဲ့သွားမှာ ပြန်မဲ့ရက်က confirm မဖြစ်သေးဘူး။ Booking only ပဲ ပြလိူ့မရဘူးလား ?

အဖြေ:👇
အရင်က Tourist Visa ကို one way ticket လက်ခံပါတယ်၊
အခုက လက်ခံ လက်မခံက ၅၀-၅၀ ပါ၊
လက်မခံခဲ့ရင် ကောင်တာရှေ့ လက်မှတ် တန်းဝယ် ပြရပါမယ်၊
(အမြန် လက်မှတ်ဝယ်ဖို့ကတော့ မေ ကူညီ ဝန်ဆောင်ပေးလို့ရပါတယ် ***
but risk တော့ ယူထားလိုက်ရတာပေါ့နော်)

👉အကောင်းဆုံးက ရက်ပြောင်းလို့ရတဲ့ အပြန်လက်မှတ်ကို ဝယ်ထားတာပါပဲ၊
လိုအပ်ချက် မရှိတော့ဘူးပေါ့၊ ဟိုတယ် booking ကလဲ လိုပါတယ်၊
နောက်ပိုင်း trip အတွက် မသေချာသေးဘူး ဆိုရင် booking only ရပေမယ့် ရောက်ရောက်ခြင်းရက်တွေကတော့ paid booking ပြဖို့လိုပါလိမ့်မယ်။

---------------

🤔 Tourist visa ကို show money ပြရမှာလား ?

အဖြေ :👇
ဒါလဲ 50-50 ပါပဲ။
မေးချင်မေးမယ် မမေးချင် မမေးပါဘူး၊
14 days လိုတော့ မဖြစ်မနေ ၁၀၀% တော့ ပြရမယ်မရှိပါဘူး၊
အဖြေက safe ဖြစ်ချင်ရင် ယူသွားပါ၊
ရင်ခုန်ချင်ရင် ယူမသွားပါနဲ့ 😁

-----------------

🤔 သူငယ်ချင်းအိမ် အမျိုးအိမ်မှာ နေမှာ ဟိုတယ် booking ပဲလက်ခံတာလား ? အိမ်လိပ်စာ ပြောလို့မရဘူးလား ?

အဖြေ: 👇
အမျိုး/မိတ်ဆွေအိမ်တွင်တည်းမည်ဆိုပါက လိပ်စာ ပြောလို့ ပြလို့ရပါတယ်၊
သို့သော်စာရွက်စာတမ်းအပြည့်အစုံကိုတော့ တင်ပြဖို့လိုပါတယ်၊
မြန်မာ နှင့် ထိုင်း immigration counter နှစ်ခုလုံးမှာ ပြသဖို့ လိုတာလေးတွေက အလည်လာဖို့ ဖိတ်ခေါ်သူ၏အမည်၊ လိပ်စာ၊ ph no., English လို invitation letter တည်းခွင့်ပြုကြောင်းစာ၊ အိမ်/အခန်းပိုင်ဆိုင်/ငှာရန်းစာချုပ်မိတ္တူ အိမ်ရှင်ရဲ့ ထိုင်း ID တို့ ဖြစ်ပါသည်။

-----------------

🤔 PV အဟောင်း အရင်တုန်းက အလုပ်ခဲ့ဖူးတယ် မလုပ်တာလဲ ကြာလှပြီး အခွန်တွေလဲ မဆောင်ခဲ့ဖူးဘူး
ခုလဲ အလုပ်မရှိတာကြာပြီး အလည်ထွက်လို့ရလား ?

အဖြေ: 👇
ယခင်ကပြည်ပကိုကာလကြာမြင့်စွာထွက်ဖူးသော PV passport ဖြင့် ထွက်မည်ပါက လဝကအဝင်/အထွက်တုံးများကိုကြည့်၍ အလုပ်ထွက်လုပ်ဖူးကြောင်း သင်္ကာမကင်းအဖြစ်ခံရနိုင်ပြီးအထက်ပါစာရွက်စာတမ်းမျာ ပြည့်စုံသော်လည်း ထွက်ခွာခွင့်အပိတ်ခံရနိုင်ခြေရှိပါသည်။

----------------

🤔 PV နဲ့ အလုပ်လုပ်နေတာ ကြာပြီး မြန်မာပြည် ခဏ ပြန်လာလည်မလို့စီစဉ်ထားတယ် လာလို့ရမလား ?

အဖြေ : 👇
မိမိတိုင်းပြည်ဖြစ်တဲ့အတွက် ဘာ passport နဲ့နေနေ ဘာ ဗီဇာနဲ့နေနေ တရားဝင် ပြည်ပထွက်ခွါထားပါက အချိန်မရွေး ပြန်ဝင်လာလိူ့ ရပါတယ်။ တရားမဝင်
ထွက်ထားပါကတော့ အရေးယူခံရမှာပေါ့။

သို့သော် ခဏတဖြုတ် ပြန်လာမည်ဆိုပါက အောက်ပါလိုအပ်သည့်
အရာလေးများကို ဆောင်ရွက်လာကြစေလိုပါတယ်👇

📍Owic card ရှိရပါမယ် မရှိရင် ပြည်တွင်းရောက်တာနဲ့ လျောက်ရပါမယ်။ Owic card အတွက် လျောက်ထားချိန် ဘယ်လောက်ကြာမလဲ မိမိခွင့်သက်တမ်းနဲ့ ချိန်ဆဖို့လိုပါမယ်။

📍အခွန်ဆောင်ထားရပါမယ် ပြည်ပမှာ မြန်မာသံရုံးတွေမှာ ဆောင်လို့ရပါတယ်။ ဘယ်လောက်အတိအကျ ဆောင်ရမလဲကို သက်ဆိုင်ရာ ဝန်ထမ်းများထံ စုံစမ်းလို့ရပါတယ်။ Owic card ပြုလုပ်ဖို့ဆိုပါက အိမ်ပြန်ပို့သည် လစာ ၂၅% slip လဲ လိုအပ်သည်ဟု သိရှိရပါတယ်။ တာဝန်ရှိသည့် ရုံးဌာန (ပြည်ပတွင်ဖြစ်ပါက မြန်မာသံရုံး ပြည်တွင်းဖြစ်ပါက labor ရုံး သို့ မြောက်ဒဂုံ ပင်လုံခန်းမ စသဖြင့်) တွင် သေချာထပ်မံ စုံစမ်းစေလိုပါတယ်။

📍PV + အလုပ်ဆိုပါက ပြည်ပသို့ ပြန်လည်ထွက်ခွါလို့ မရပါဘူး။ ထို့ကြောင့် PJ ပြောင်းရပါမယ်။ အလုပ်ဗီဇာဖြင့် တရားဝင် အခွန်လဲ ဆောင်ထားပါက မိမိနေထိုင်ရာ ပြည်ပရှိ မြန်မာသံရုံးမှာ တရားဝင် passport type ကို PJ ပြောင်းခဲ့သင့်ပါတယ်။ ပြည်တွင်းမှာ long processing period (အနဲဆုံး ၃ လ ၄ လ ကြာမှာဖြစ်ပါတယ်)

Kevin Network

19 Oct, 13:38


မေ့နေကြပြီလား?

Kevin Network

17 Oct, 03:15


ဖုန်းနံပါတ်မဟုတ်ပဲ (ကိုယ်သုံးတဲ့ ကဒ်တမျိုးမျိုး ပြောပေးလဲအဆင်ပြေတယ်နော်)

Phone no..တွေကျ Privacy ချိုးဖောက်ခံရမှာဆိုးလို့ပါဗျ။

Kevin Network

17 Oct, 02:59


"သီတင်းကျွတ်မုန့်ဖိုး ဖုန်းဘေလ်ယူ"

ဘယ်လိုမုန့်ဖိုးယူလို့ရမလဲဆိုရင်🤗

ဒီပိုစ့်လေးရဲ့အောက်မှာ " Kevin Network မှာ မုန့်ဖိုးယူမယ် (ကိုယ်သုံးတဲ့ဖုန်းဘေလ်)" Mentပေးပါ။

ကိုယ့်သူငယ်ချင်းတွေကို ကိုယ့်ရဲ့ Comment ကို React လာပေးခိုင်းပါ။

React အများဆုံးရတဲ့ Comment ကို ဖုန်းဘေလ် 1000 ထည့်ပေးသွားမှာဖြစ်ပါတယ်။

ဖုန်းဘေလ်ကို 3 ယောက်ထည့်ပေးသွားပါမယ်ဗျ။

မုန့်ဖိုးယူရင်း ကိုယ့်သူငယ်ချင်းတွေ ဘယ်လောက်အားကိုးရလဲ စမ်းသပ်လိုက်ပါ။

Kevin Network

16 Oct, 16:16


ပျင်းတဲ့သူက skill တတ်ဖို့မလွယ်ဘူး
Skill မရှိရင် ဝင်ငွေရှိဖို့မလွယ်ဘူး

ဝင်ငွေမရှိရင် မိတ်ဆွေကောင်းရှိဖို့မလွယ်ဘူး
မိတ်ဆွေကောင်းမရှိရင် ချမ်းသာဖို့မလွယ်ဘူး

ချမ်းသာမှုမရှိ ကုသိုလ်ကောင်းမှုပြုဖို့မလွယ်ဘူး
ကုသိုလ်ကောင်းမှုပြုလုပ်တာမရှိရင်

နိဗာန်ရောက်ဖို့ မလွယ်ဘူး
ဒါကြောင့်အပျင်းမကြီးဖို့ အရေးကြီးတယ်

လောကနီတိ

Kevin Network

14 Oct, 17:00


နိုင်လို့ရတဲ့ သူကိုအနိုင်ကျင့်တာက
ကိုယ်ခံရသူမဟုတ်ရင်သာပျော်ကြတာ

ခံရတာက ကိုယ်သာဖြစ်ကြည့်
လောကကြီးကမတရားဘူးဖြစ်သွားရော 😅

@thelapyae

Kevin Network

14 Oct, 02:48


အလုပ်မှာ ပြဿနာရှိတယ်ဆိုတာက ပုံမှန်ပဲဲဲဲ...

ပြဿနာရှိလို့ ... ပြဿနာဖြေရှင်းဖို့အတွက် ...
ဒီရာထူး ဒီလူ ဒီနေရာဆိုတာခန့်အပ်ထားတာဖြစ်တယ်။

ပြဿနာမရှိရင် ဒါမှမဟုတ် ပြဿနာကိုမလိုချင်ရင်
ဒီအလုပ်မှာကိုယ့် နေရာဆိုတာလဲ ရှိဖို့ လိုမှာမဟုတ်ဖူး။

Customer Service ကိုတာဝန်ယူတဲ့ လူသည်
Customer ပြဿနာကို ဖြေရှင်းနိုင်ရမယ်။

မဝယ်ပဲရစ်တဲ့ Cus လာမလား ၊ ဘူတဲ့ Cus လာမလား ၊ ယဉ်ကျေးမှုသိပ်နားမလည်တဲ့ Cus လာမလား .. Welcome ဖြစ်တဲ့စိတ်နဲ့ကို ကိုယ့်အလုပ်လို့သဘောထားပြီး Service ကိုအကောင်းဆုံးပေးနိုင်ရမယ်။

ဒီပြဿာနာတွေ ကိုရှင်းဖို့ပဲ ကိုယ်ဒီနေရာမှာရှိနေတာ။ ဒီရာထူးကိုလက်ခံထားတာ ။ ဒါကိုက ကိုယ့်လုပ်ရမယ့်အလုပ်ပဲ ။

တချိန်လုံး Customer တွေကပြဿနာပဲ စိတ်ညစ်စရာပဲလို့ ထိုင်အော်နေတဲ့ Customer Service ပေးသူမဖြစ်ဖို့လိုတယ်။

ဝန်ထမ်းတွေကစိတ်ညစ်စရာပဲလို့ ထိုင်အော်နေတဲ့ HR မဖြစ်ဖို့လိုတယ်။

အရောင်းမဖြစ်ဖူးလို့ထိုင်ငြီးနေတဲ့ Marker မဖြစ်ဖို့လိုတယ်။

တနေ့တနေ့ အလုပ်တွေ လူတွေ စီမံရတာ စိတ်ပျက်စရာပဲလို့ထိုင်အော်နေတဲ့ မန်နေဂျာ မဖြစ်ဖို့လိုတယ်။

ကိုယ့်အလုပ်ကို ကိုယ်မကောင်းပြန်ပြောတဲ့ လုပ်ငန်းရှင်မဖြစ်ဖို့လိုတယ်။

ဒါတွေဟာလူတစ်ယောက်ရဲ့ Personal Life / Professional Life မှာ သိပ်ကိုအရေးကြီးတဲ့ Pointတွေပဲ။

ကိုယ်လုပ်တဲ့အလုပ် ကိုယ်ရှိနေတဲ့နေရာ ကိုယ်ယူထားတဲ့ တာဝန် ကိုယ်တိုင်ရွေးချယ်ထားတဲ့ဘ၀နဲ့ပတ်သက်ပြီး သိပ်မငြီးဖို့လိုတယ်။ မဟုတ်ရင် အလုပ်မှာရော ဘ၀မှာပါ အဲ့ဒီလူတစ်ယောက်ဟာ မအောင်မြင်နိုင်ဘူး။

Tr.Wyutyee
#crd

Kevin Network

11 Oct, 02:02


Bathroom Essentials English Vocabulary

📌Use the toilet brush for cleaning.

▬▬▬▬▬▬▬▬▬▬▬▬
@PhrasalCards
@SlangWords
@IdiomsLand
@Vocabulix
@GrammarCards
@EnglishGate
@StoryPage

🎯 Follow us on Instagram 🎯
⬇️⬇️⬇️
https://www.instagram.com/englishdrift?igsh=MTc3d3V6anBmMGZ3aA==

Kevin Network

09 Oct, 17:40


Night!

Kevin Network

09 Oct, 14:51


🤔Telegram မှာ သင်အကြိုက်ဆုံး Channel တစ်ခုကိုပြောပြပါဆိုရင် ဘယ် Channel ဖြစ်မလဲ?

Kevin Network

06 Oct, 12:54


ဆေးပညာနဲ့ပတ်သက်တဲ့ပညာရပ်တွေကို Fully Funded အနေနဲ့ ထိုင်ဝမ်မှာသွားရောက်သင်ကြားနိုင်မယ့်အခွင့်အရေး❗️

Scholarship Opportunities တွေကို လက်မလွှတ်တမ်း စောင့်ကြည့်တတ်တဲ့ TFSers လေးတွေအတွက် နောက်ထပ် Program လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။🙋🫶

ဒီ Scholarship Program လေးရဲ့နာမည်ကတော့ Kaohsiung Medical University ( KMU ) International Undergraduate Scholarship Program ပဲဖြစ်ပါတယ်။

Kaohsiung Medical University ဟာဆိုရင် ထိုင်ဝမ် ရဲ့ထိပ်တန်းဆေးတက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ ဒီ Program လေးရဲ့ရည်ရွယ်ချက်ကတော့ ကမ္ဘာ့တဝှမ်းမှာဆေးဘက်ဆိုင်ရာ ပညာရပ်တွေတိုးတက်စေဖို့ရည်ရွယ်တာမလို့ နိုင်ငံတဝှမ်းကထူးချွန်တဲ့ကျောင်းသူ/ကျောင်းသားတွေကို
Fully Undergraduate Tuitions Fees အပြင် လစဉ် နေထိုင်သုံးစွဲစရိတ်ကိုလဲ အပြည့်အဝ ထောက်ပံ့ပေးဦးမှာလဲဖြစ်ပါတယ်။ 🎊

ဒီ Fully Funded Undergraduate Program လေးကိုလျှောက်ဖို့ ဘာတွေလိုအပ်မလဲဆိုရင်တော့
🔰International Student ဖြစ်ရပါမယ်။ (ထိုင်ဝမ်နိုင်ငံသားမဟုတ်သူ / ထိုင်ဝမ်နိုင်ငံသားအဖြစ် မခံယူထားသူဖြစ်ရပါမယ်။)
🔰တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူဖြစ်ရပါမယ်။
🔰 English Proficiency Test အနေနဲ့ IELTS ဒါမှမဟုတ် TOEFL IBT လိုအပ်ပါတယ်။
English Program အတွက် English Proficiency ဖြစ်ဖို့လိုအပ်ပြီး Chinese Program အတွက်လဲ Chinese Proficiency ဖြစ်ဖို့လိုအပ်ပါတယ်။

🔰 Recommendation Letter (၂) စောင်ဒါမှမဟုတ် (၃) စောင်လိုအပ်ပါတယ်။

🔰 Personal Statement တစ်စောင်ရေးပေးဖို့လဲ လိုအပ်ပါတယ်။

ရွေးချယ်ခံရရင်တော့ ထိုင်ဝမ်မှာ လေးနှစ်တာ Fully Funded အနေနဲ့ တက်ရောက်သင်ကြားရမှာဖြစ်ပါတယ်။

ရွေးချယ်နိုင်တဲ့ Major တွေကတော့

○ Bachelor of Medicine, Bachelor of Surgery (MBBS)
○ Bachelor of Science in Nursing
○ Bachelor of Science in Medical Laboratory Science
○ Bachelor of Science in Pharmacy
○ Bachelor of Science in Biomedical Science
○ Bachelor of Science in Public Health
○ Bachelor of Science in Dentistry
○ Bachelor of Science in Occupational Therapy
○ Bachelor of Science in Respiratory Therapy
○ Bachelor of Science in Biotechnology

တို့ပဲဖြစ်ပါတယ်။

Fully Scholarship တွေအပြင် လစဉ် အသုံးစားရိတ်အတွက်
(A) NTD 200,000 to 260,000 per year
(B) NTD 80,000 to 140,000 per year
(C ) NTD 70,000 to 80,000 per year
စပြီး ပေးအပ်သွားဦးမှာပါ။

အသေးစိတ်ကို သူတို့ရဲ့ Official Website မှာလဲ တင်ပေးထားတာမို့ ဒီ Link ကနေတစ်ဆင့်ဝင်ကြည့်လို့ရပါတယ်နော်။
https://enroll.kmu.edu.tw/admission-application/

Application Deadline ကတော့ ❗️
▪️ October 11th 2024 ဖြစ်ပါတယ်ရှင့်။

ဆေးပညာရပ်ကို စိတ်ဝင်စားတဲ့ TFSers လေးတွေအနေနဲ့ Fully Funded အနေနဲ့ သင်ကြားရမယ့်အခွင့်အရေးကြီးဖြစ်လို့လက်လွှတ်မခံဘဲ အမိအရဖမ်းဆုပ်လိုက်တော့နော်။

Facebook
https://www.facebook.com/groups/5633301343413398/?ref=share&mibextid=NSMWBT

Telegram
https://t.me/theforwardsociety

Instagram
https://www.instagram.com/theforwardsoc?igsh=a3g3YjhpaHoxeWFv

LinkedIn
https://www.linkedin.com/company/theforwardsociety

#theforwardsociety
#youthsforyouths
#fullypaidscholarship
#KaohsiungMedicalUniversity
#TFSers
#content_tfs_ShweYiWin
#graphic_tfs_YeMyatThurein

Kevin Network

03 Oct, 17:04


လစာ ၃ သောင်းနဲ့အလုပ်လုပ်တုန်းက
၁ သိန်းတန် အင်္ကျီ ဝတ်ဖို့ဆိုတာ

စိတ်ကူးတောင်ယဉ်မကြည့်သင့်ဘူး
ဒါသက်သက်ဖြုန်းတီးတာပဲလို့တွေးခဲ့ဖူးတယ်

နောင် ၁၀ နှစ်ကြာပြီး
တစ်လ သိန်း ၅၀ ရတဲ့အချိန်ကျတော့

အဲ့လောက်ဈေးက
စဉ်းစားနေဖို့တောင်မလိုဘူး

တန်းဝယ်လိုက်လို့ရတာမို့
ဈေးမကြီးနေတော့ဘူး

Skill မြင့်လာရင်
ရှာနိုင်တဲ့ power မြင့်တယ်

ရှာနိုင်တဲ့ power မြင့်လာရင်
ဘဝကိုမြင်တဲ့ အမြင်ကွာတယ်

အမြင်တွေကွာလာရင်
အနာဂတ်တွေကွာသွားတယ်

အခုအချိန်ကိုယ်က
skill နဲ ဝင်ငွေနဲ အမြင်ကျဉ်းနေသေးရင်

လေ့လာမှုလုပ်ပြီး skill ဖြည့်ပါ
စိတ်ရှည်ရှည်ထားပါ

Your time will come 🫶🏻

@thelapyae

Kevin Network

29 Sep, 04:09


ပါပီယွန်

"ပယ်ရီပယ်ရီ ချစ်ကန်း"

Kevin Network

28 Sep, 14:30


နေတာကို သူတို့က စောင့်ကြည့်ဂျာနယ်တို့ CCTVဒေါ်ထွေးကြည်တို့လုပ်ပြီး နင်ကဟိုလိုဖြစ်တယ် ဒီလိုဖြစ်တယ်တွေလာပြော
ကိုယ်ကပြန်ပြောတော့ ဒါလေးပြောတာကို ဘာတွေနာနေတာလဲဆိုပြီး
သူခိုးက လူပြန်ဟစ် အဲ့မှာဆက်ဆံရေးပြတ်တာပဲ
လူ့ဘဝမှာ ကိုယ့်အကြောင်းကိုယ်စိတ်မဝင်စားပဲ
သူမျအကြောင်း လိုက်စိတ်ဝင်စားနေတာကလည်း
အတော်လေးဆိုးပါတယ် ကိုယ့်ရဲ့social circleကို
တဖြည်းဖြည်းကျဥ်းစေတဲ့ အချက်တွေထဲကတချက်ပါပဲ

Social Circleကို ကျဥ်းစေတဲ့အချက်တွေအများကြီးတော့ရှိတယ်
ဒီ၅ချက်က Basicအကျဆုံးနဲ့ လူတွေမှာ
ဖြစ်လေ့ဖြစ်ထအရှိဆုံး ၅ချက်မလို့ ဒါကိုဦးစားပေး
ရေးပြထားတာပါ လူ့အသိုင်းအဝိုင်းထဲမှာနေရင်
လူတွေနဲ့လိုက်လျောညီထွေဖြစ်အောင်နေတတ်ရပါမယ်
ဆိုလိုတာက လူတိုင်းနဲ့သင့်မြတ်နေစရာ pleaserလုပ်နေစာမလိုဘူး
ဒါပေမယ့် လူတွေနဲ့ သင့်သင့်မြတ်မြတ်ဖြစ်နေဖို့ အဓိကကျတယ်

အဲ့လိုမှမဟုတ်ရင် မဲဇာတောင်ခြေမှာ ကိုယ့်ဟာကိုယ်
တစ်ယောက်ထဲသွားနေဖို့ပဲရှိတယ်လေ ကိုယ့်ရဲ့မကောင်းတဲ့
behaviourတွေကိုဆိုရင် ပြင်ဖို့ဝန်မလေးပါနဲ့
မကောင်းတဲ့patternတွေကို ဘဝတစ်သက်တာလုံး
တရွတ်တိုက်ဆွဲခေါ်လာပြီး Patternတွေကနေ
Habitဖြစ်လာတယ် နောက်ဆုံးအဲ့Habitတွေက
ကိုယ့်ရဲ့Personalityဖြစ်လာတယ်ဆိုရင်တော့
လူတွေက ကိုယ့်ကိုရှောင်လာကြတော့မှာပဲ

အဲ့အခါကျမှ ခပ်တည်တည်နဲ့
တချို့ဆက်ဆံရေးတွေက မနာလိုစိတ်ကြောင့်
မခေါ်နိုင် မပြောနိုင်ဖြစ်သွားရတယ်လို့
Fbပေါ်statusကောက်မတင်ပါနဲ့
တဖက်မှာလည်း မင်းကို သူတို့တွေက
ချဥ်သွားတာလည်း ဖြစ်နေနိုင်ပါတယ်

အဲ့တော့ ကိုယ့်ရဲ့Social circleကိုကျယ်သထက်
ကျယ်လာအောင်ပဲလုပ်ပါ ကျဥ်းသထက်ကျဥ်းသွားရင်
ဘယ်နယ်ပယ်ကမှ ကိုယ့်ကိုလက်မခံချင်ပဲဖြစ်လာပါလိမ့်မယ်

#Min_Thant
#Counseling_Service
#Coaching_Service
#Physical_support
#Mental_Support
#Emotional_Support
#Social_Circle

Kevin Network

28 Sep, 14:30


ကိုယ့်ရဲ့social circleကိုကျဥ်းသွားစေသည့်အမူအကျင့်များ

ကျွန်တော်တို့ရဲ့ ပေါင်းသင်းဆက်ဆံရေးcircleကို
ကျဥ်းသွားစေတဲ့အမူအကျင့် behaviourတွေရှိပါတယ်
တချို့လူတွေက သူတို့ကို လူတွေအပေါင်းအသင်းမလုပ်တော့တာ
သူတို့ကို လူတွေက မနာလိုဖြစ်လို့ထင်ကြတယ်
အမှန်တော့သူတို့အကျင့်မကောင်းလို့ လူတွေက
ခပ်စိတ်စိတ်နေပြီး ကိုယ့်ဘက်ကပဲ စခွာလိုက်ကြတာပေါ့
အဆင့်အတန်းရှိeducatedဖြစ်တဲ့ အသိုင်းအဝိုင်းတွေမှာက
မကောင်းဘူးထင်ရင်ဆက်မပေါင်းကြတော့ဘူး
ပျစ်ပျစ်နှစ်နှစ် အတင်းတွေလိုက်ပြောမနေကြဘူးပေါ့
အဲ့တာကို သူတို့က သူတိုကို လူတွေက မနာလိုစိတ်နဲ့
မပေါင်းကြဘူးလို့ ထင်ကြတော့တာပဲ

Social circleကို ကျဥ်သွားစေတဲ့ အမူအကျင့်တွေအများကြီးရှိတယ်

နံပါတ်၁

စကားအပြောအဆိုမတတ်တာ
စကားပြောရင် အထေ့လေး အငေါ့လေးပါလိုက်ရမှ
သူများကိုရိရလိုက် ပဲ့လိုက်ရမှ ကျေနပ်တဲ့သူမျိုးတွေပေါ့
သူတို့ဆီမှာက self-satisfactionမရှိဘူး
သူများတွေကိုမြင်ရင် ရိသလိုပဲ့သလို ထေ့သလိုငေါ့သလိုလေးနဲ့
နင့်အင်္ကျီကဘလိုဘာညာ နင့်ဆံပင်ကဘာဖြစ်နေတာ
အဲ့လိုလေးပြောလိုက်ဆိုလိုက်ရမှ စိတ်ကျေနပ်တဲ့သူတွေရှိတယ်
ဒါမကောင်းတဲ့အမူအကျင့်တစ်ခုထဲမှာပါတယ်
စကားကိုဖြောင့်ဖြောင့်တန်းတန်းမပြောတတ်တည်းက
အဲ့လူက လူမှုဆက်ဆံရေးမှာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး
လူတွေက သူ့ကို ချဥ်ကြမှာပဲ
သူသာလျှင်အကောင်း သူများဆို အထေ့အငေါ့လေးနဲ့ဆိုတော့
သူ့ကို ဘယ်သူမှအပေါင်းအသင်မလုပ်ချင်ကြဘူး
တခြားကောင်းကွက်တွေရှိရင်တောင် သူ့ကို
ဖြည့်တွေးပေးလို့မရတော့ဘူးပေါ့ သူကိုယ်တိုင်လည်း
သူများကိုအဲ့လိုထေ့ငေါ့ပြီး စိတ်ကင်ဆာပေးရတာကို
ကျေနပ်နေတာ အဲ့အကျင့်ကို ကောင်းတယ်ထင်ပြီး
မပြောင်းလဲချင်ဘူးပေါ့

နံပါတ်၂

နှုတ်ဖွာလွန်းတာ သူ့ကိုဆို ဘာအကြောင်းအရာမှမပြောပြရဲဘူး
Aက သူ့ကို ပြောတဲ့စကား Cဆီကို ပို့တယ်
Cက ပြန်ပြောတဲ့ စကား Dဆီရောက်အောင်လုပ်တယ်
ပြီးရင် Aနဲ့Cစကားတွေများရင် သူမသိသလိုလုပ်တယ်
သူပဲမပြောသလိုလို သူဘာမှမသိသလိုလိုနဲ့
စကားအသယ်အပို့တွေ စကားအရှုပ်တွေလုပ်တော့
လူတွေက သူ့ကိုဆို ရှောင်တယ် မပေါင်းချင်ကြဘူးပေါ့
ဒါကိုလည်း သူတို့က သူတို့အကျင့်ကိုပြင်မယ်မထင်နဲ့
သူတို့အကျင့်က မှားမနေဘူး လူတွေက မှားနေတာလို့
ထင်တတ်ကြတဲ့လူစားတွေထဲပါတယ်

နံပါတ် ၃

ကပ်စေးနှဲလွန်းခြင်း
သူတို့အတွက်ဆို သူတို့မနှမြောဘူး ဝတ်စုံတစ်စုံ
သုံးလေးသောင်းလည်း ဝယ်ဝတ်တယ် အယ်သူများတွေနဲ့သွားပြီဆို
ကော်ဖီတစ်ခွက်ကအစ ဂုန်းဆင်းတယ် မေးကြည့်ရတယ်
ရင်ဘတ်တွေဘာတွေ ပွန်းနေဦးမယ်လို့ဆိုပြီး
အများသူငှါနဲ့ဆို သူတို့အတွက်က ဟိုဟာဆိုလည်းစျေးကြီး
ဒီဟာဆိုလည်း စျေးကြီး ပြီးရင် စကားနာကထိုးသေး
နင်တို့လိုဘောစိတွေမှမဟုတ်တာ ငါတို့ကမစားနိုင်
မသွားနိုင်ပါဘူးဟယ်ဆိုပြီးပေါ့
ဘောစိတာ မစိတာထက် တခါတလေမှာလိုက်လျောညီထွေ
ဖြစ်စွာနေပေးနေရတယ်ဆိုတာကို သူတို့မသိကြဘူး
လမ်းဘေးလက်ဖက်ရည်ဆိုင်မှာပဲ ထိုင်ချင်နေလို့ရမရသလို
အမြဲတမ်းလည်း Hotelတက်ပြီး ကော်ဖီသောက်မနေကြပါဘူး
အချိန်နဲ့အခါနဲ့ပေါ့ လူတိုင်းက ပိုက်ဆံပေါလို့တော့ သုံးစွဲနေကြတာ
မဟုတ်ဘူး ဒီလိုပဲ ရှိတာလေးနဲ့ တခါတလေ ကောင်းတာလေးတွေ
ရွေးစားရွေးသုံးတတ်ရတာပေါ့ အဲ့တာကို Dramaကခင်းသေး
အဲ့လိုလူတွေကို အပေါင်းအသင်းတွေက gatheringဘာညာဆို
မခေါ်ချင်တော့ဘူး ရှောင်လာကြတယ်
အဲ့တော့ကျလည်း အငုံ့စိတ်ကထလာသေးပေါ့

နံပါတ် ၄

Negative energyများလွန်းခြင်း
လူပဲ ဘယ်သူမှတော့ပြီးပြည့်စုံတဲ့သူရယ်လို့မရှိကြပါဘူး
စိတ်ပုတ်တာတို့ အတင်းပြောချင်တာတို့ ရှိမှာပဲ
ကျွန်တော်ဆိုလည်း စိတ်နည်းနည်းပုတ်တယ်
ကျွန်တော်အရမ်းကြိုက်တဲ့အစားအသောက်ဆို
ဘယ်သူမှမကျွေးချင်တာမျိုးရှိတယ်ဖွက်စားတယ်ပေါ့
သူတို့ကျတော့ စိတ်ပုတ်တာအဲ့လိုမဟုတ်ဘူးဟေ့
အတွင်းပုတ်နေတာ အပြင်မှာတို့ ချစ်ရေ သဲရေနဲ့
အတွင်းထဲကနေ ကြိတ်ပြိုင်နေတာ သူဘာဝတ်တယ်
သူက ဘာသုံးတယ် သူfbမှာနာမည်ကြီးလာတယ်
သူ့ဘဲက သူ့ကို ဘာတွေပေးတယ် တိတ်တိတ်လေးကြိတ်ပြိုင်
မနာလိုစိတ်တွေ ကြီးထွားနေတော့ လူက မူမမှန်တော့ဘူး
ဘယ်လောက်ပဲဖုံးဖိထားတယ်ပြောပြောရုပ်မှာကလာပေါ်နေတယ်
ချစ်တို့ရေ စိတ်ပျိုရင် ကိုယ်နုတယ်
စိတ်ပုတ်ရင်တော့ ကိုယ်နူတယ်လို့ ကျွန်တော်အမြဲပြောလေ့ရှိတယ်
အဲ့တာလည်း သူတို့ကို ဒဲ့ထိတော့ သူတို့မကျေနပ်ဘူးပေါ့
မနာလိုဖြစ်တာက သူတို့ သတင်းလွှင့်ခံရတော့
ကိုယ်က သူတို့ကိုမနာလိုဖြစ်တာဖြစ်ရော
အဲ့လိုnegative energyများလွန်းအားကြီးတဲ့သူတွေ
ကိုယ့်ဘေးနားမှာခေါ်မထားသင့်ဘူး

နံပါတ်၅

Stalkerတွေ
ကိုယ်ဘာလုပ်လုပ် သူတို့သိတယ် ကိုယ်လည်း သူတို့ကို
လိုက်ကြွားနေတာမဟုတ်ဘူး ကိုယ့်ဟာကိုယ်လေးပဲ
တိတ်တိတ်ဆိတ်ဆိတ်နေတယ် ဒါပေမယ့်လည်း
နင်ဟိုသွားထားတယ်နော် ဘယ်လိုဘာညာ
နင်ဟိုလူနဲ့ တွဲနေတယ်နော် ဘယ်လိုဘယ်ညာ
နင်ဟိုဟာလုပ်ထားတယ်နော် ဘယ်လိုဘယ်ညာ
ကိုယ်က သူတို့မသိသိအောင်လို့ လိုက်ကြွားနေလည်း
တစ်မျိုးပေါ့ အခုက ကိုယ့်ဟာကိုယ်တိတ်တိတ်ဆိတ်ဆိတ်လေး

Kevin Network

28 Sep, 09:57


မကြိုးစားပဲ အောင်မြင်ချင်သူ :3

Kevin Network

28 Sep, 08:21


Strategy First University Extension ရဲ့ Review လေးပါ...👨‍💻

Sfux Learn ကို ဘယ်လိုစသိခဲ့ရလဲဆိုရင် အလုပ်ထဲက မိတ်ဆွေတစ်ယောက်ဆီကစသိခဲ့ပါတယ်။

အဲ့အချိန်တုန်းက သင်တန်းတက်ဖို့ ပိုက်ဆံအများကြီးလည်းမသုံးနိုင်ဖူး၊ အချိန်လည်းအများကြီးမပေးနိုင်ဖူး၊ Quality ရှိတဲ့သင်တန်းလည်းတက် ချင်တော့ သင်တန်းတွေလိုက်ရှာနေတဲ့အချိန် Sfux ကို လေ့လာကြည့်လို့ အကြံပေးတော့ Sfuxရဲ့ Website ကို ဝင်ပြီး ကြည့်ခဲ့ပါတယ်။

💻 Website မှာ -

Paid Courses ၊ Free Courses ဆိုပြီး (၂) မျိုးတွေ့ရပါတယ်။

Free Courses တွေကတော့ Seminars (ဆွေးနွေးပွဲတွေ) အများကြီးပါပါတယ်။

Paid Courses တွေက
တကယ့်အတွေ့အကြုံရှိဆရာ၊ဆရာမတွေက သင်ပေးတာကို တွေ့ရတယ်။

သင်တန်းတက်တဲ့အခါ ကျောင်းသားတွေအတွက်
Discount တွေလည်းရှိတယ်။

🙋‍♂️ ကျောင်းသားဟောင်းဆိုရင် - ၂၀၀၀၀ကျပ် လျော့ပေးပါတယ်။

🤗 ကျောင်းသားသစ်တွေအနေနဲ့ ကျောင်းသားဟောင်းရဲ့ SFUx Student ID (ကျောင်းသားကဒ်နံပါတ်) နဲ့ သင်တန်းအပ်မယ်ဆိုရင် Referral Discount - ၁၀,၀၀၀ ကျပ် လျော့ပေးပါတယ်။

အခုတက်ခဲ့တဲ့ သင်တန်းက ပေးရတဲ့ စျေးနဲ့ အဆင်ပြေတယ်လို့ ခံစားရတယ်။ Digital Marketing နဲ့ ပတ်သက်ပြီး အခြေခံသင်ခန်းစာတွေကို စုံစုံလင်လင်သင်ပေးပါတယ်။

📖 Coursesတွေကို  ကြိုက်တဲ့နေရာ၊ ကြိုက်တဲ့အချိန်မှာ အင်တာနက်၊ ဖုန်း၊ Laptop ရှိရုံနဲ့ သင်လို့ရပါတယ်။

🖥Courses တွေကို App, Website နှစ်ခုလုံးမှာလေ့လာလို့ရပါတယ်။

📱ကျွန်တော် ကတော့ ဖုန်းနဲ့လေ့လာရတာပိုပြီးကြိုက်ပါတယ်။ Website မှာတော့ မြန်မာနိုင်ငံက Internet အခြေအနေနဲ့ဆိုရင် Line သိပ်မကောင်းတော့ လေ့လာရတာ အဆင်မပြေဖြစ်တာတော့ရှိတယ်။

📲 App မှာ တော့  video Lesson တွေကို Download လုပ်ထားပြီး အင်တာနက်လိုင်းမကောင်းရင်လည်း လေ့လာလို့ရပါတယ်။

👦 Lesson တစ်ခုပြီးတိုင်း Test ဖြေရတော့ ကိုယ်ဒီသင်ခန်းစာ သေချာလေ့လာခဲ့လားဆိုတာကို ပိုသိနိုင်တယ်။

Test  တစ်ခုဖြေပြီးတိုင်း  Point တွေရပါတယ်။ အဲ့ Point တွေကို Sfux ကထုတ်တဲ့ အမှတ်တရပစ္စည်းတွေနဲ့ပြန်လဲလို့ရပါတယ်။

🤗တကယ်လို့ Sfux Learn မှာ သင်တန်းတက်မယ်ဆိုရင်  ကျွန်တော်ရဲ့

Student ID: SFU24A3485X

ကိုသုံးပြီး Discount ရယူနိုင်တယ်နော်!

#kevinnetwork
#sfuxlearnreview

Kevin Network

27 Sep, 07:05


Hello Everyone!

ကျွန်တော့်ရဲ့ (၂၁)ရက် Challenge လေးကိုမှတ်မိကြသေးလားဗျ။

Challenge မှာ ကိုယ့်ဖြစ်ချင်တဲ့အရာတစ်ခုကို ၂၁ရက်အတွင်း ပြီးအောင် စွဲစွဲမြဲမြဲလုပ်ရမှာဖြစ်ပါတယ်။

(၂၁) ရက်အတွင်း Digital Marketing သင်တန်းတစ်ခုတက်မယ်လို့ Challenge လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ဖျားတာတွေ၊ အလုပ်များတာတွေကြောင့် ၂၆ရက်နေ့မှပဲ သင်တန်းပြီးသွားတာကြောင့် Challenge လေးကတော့ Fail သွားခဲ့ပါတယ်ဗျာ!

ဒီက Challenge မှာပါဝင်ခဲ့တဲ့သူတွေရော ၂၁ ရက်အတွင်းဖြစ်ချင်တဲ့အရာတွေကို ဖြစ်မြောက်အောင်လုပ်နိုင်ခဲ့ကြလားဗျ!

Comment မှာ ဖြေပေးသွားဦးနော်!

#kevinnetwork
#Sfux
#Challenge

Kevin Network

26 Sep, 13:19


Hello
好久不见

ဒီနေ့မှာတော့ ကိုကိုယ့်ကို မေးခွန်းလေးတွေ မေးကြည့်ရအောင်နော်။

1. Who are you ?
2. Where you want to go ?
3. What you want to be ?
4. How do you end your life ?

#kevinnetwork
#adminrubby

Kevin Network

24 Sep, 16:41


11:11

6,954

subscribers

188

photos

11

videos