ကျားဖြူတပ်ခွဲ-၅ (Justice Soldier-PDF) @justicesoldierpdfofficalchannel Channel on Telegram

ကျားဖြူတပ်ခွဲ-၅ (Justice Soldier-PDF)

@justicesoldierpdfofficalchannel


Spring Revolution

ကျားဖြူတပ်ခွဲ-၅ (Justice Soldier-PDF) (Burmese)

ကျားဖြူတပ်ခွဲ-၅ (Justice Soldier-PDF) ဆိုတာသည် Spring Revolution အုပ်စုမြေမှသက်သက်ပါတယ်။ ဒီနေရာတွင် စက္ကန့်များ၊ လူမျိုးစုများတို့၏အသံထွက်မှုများ၊ အသီးအသိပေါင်းများ၊ စီးပွားအဖြစ်များနှင့် အလုပ်များတွေကို ထည့်သွင်းဝင်နိုင်ရန်လိုအပ်သည်။ ဤသုံးကုတ်တွင်လည်းချစ်တဲ့ အသံအဖြစ်များ၊ ပညာရပ်များ၊ အသက်သွင်များနှင့် စဟာကမ်းများလည်း ရှိနိုင်ပါသည်။ အနည်းဆုံးအောက်ခံအခြေအနေများနှင့် နားဒေါင်တွင်လည်း လေရာများရှိရနိုင်ပါသည်။ ဤသုံးကုတ်ကို လည်း တိုက်ရိုက်တစ်မျိုးတည်း ဆုံးကြပါစေ။

ကျားဖြူတပ်ခွဲ-၅ (Justice Soldier-PDF)

10 Nov, 01:23


ကျွန်တော်တို့ Justice Soldier PDF မှ အပတ်စဉ် (၁၀) အတွက်
သင်တန်းသားသစ်များအား စိစစ်ခေါ်ယူလျက်ရှိပါသည်။
သို့ဖြစ်ပါ၍ သင်တန်းသားလျှောက်ထားလိုပါက
အောက်ပါအချက်များနှင့် ကိုက်ညီသူဖြစ်ရမည်။

(1) အသက်18နှစ်မှ 35 အတွင်း ဖြစ်ရမည်။

(2) စစ်မှုထမ်းရန် လုံလောက်သော ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည်။

(3) စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့အတွက် သန္ဓိဌာန်ချထားသူဖြစ်ရမယ်။

(4) တော်လှန်ရေး ပြီးဆုံးသည်အထိ တာဝန် ထမ်းဆောင်ရမည်။

(5) အထက်ကပေးအပ်သော တာဝန်နှင့် အမိန့်ကို တိကျ သေချာစွာ လိုက်နာနိုင်သူရမည်။

(6)ရာဇဝတ်မှု ကင်းရှင်းသူဖြစ်ရမယ်။

မှတ်ချက်=အထက်ပါ စည်းကမ်းချက်များကို လိုက်နာနိုင်ပါက Page Messengerတွင် လာရောက်လျှောက်ထားနိုင်ပါပြီ။

#justicesoldierpdf
#jspdf
#သတင်းနှင့်ပြန်ကြားရေး

ကျားဖြူတပ်ခွဲ-၅ (Justice Soldier-PDF)

31 Oct, 05:38


ချစ်တယ်
—————

နည်းနည်း နှင့် ကျဲကျဲ ဝိုင်းရတဲ့
ရဲဘော် အရက်ဝိုင်းကို လွမ်းတယ်

လက်နက်ကြီး ကြားက
ကင်မွန်းချည်ရွက်သုတ်ကလေးလည်း
လွမ်းတယ်

တပ်ခွဲမှုးတွေ စာပို့ရင်
“”ဆရာရေ””ဆိုပြီး
စာထပ်မပို့ရင် ရင်တုန်နေပြီ

ကျဆုံးသွားတဲ့ ကောင်တွေ
တခါတခါ လာနှုတ်ဆက်တယ်

လူတွေက ငါ့ရဲ့ တော်လှန််လိုစိတ်ကို
ငွေကြေးနဲ့တိုင်းတယ်

ခေါင်းတခြမ်းကိုက်ကိုက်နေတော့
တချို့ အရာတွေ မမှတ်မိတော့ဘူး

ရဲဖော်ရဲဖက်ထက် ငါဟာ
ဘယ်အရာ မှ ပို မချစ်ဘူး ဆိုတာတော့
သတိရသေးတယ်

မန်းဇွဲ(ပုပ္ပါး)

#justicesoldierpdf
#jspdf
#သတင်းနှင့်ပြန်ကြားရေး

ကျားဖြူတပ်ခွဲ-၅ (Justice Soldier-PDF)

31 Oct, 03:02


Oct 19 2024
ပြည်သူနှင့်အတူ ပြည်သူ့အောင်ပွဲ ....

#justicesoldierpdf
#jspdf
#သတင်းနှင့်ပြန်ကြားရေး

ကျားဖြူတပ်ခွဲ-၅ (Justice Soldier-PDF)

31 Oct, 02:43


OTC 18 2014
မတွေ့ဆုံတာကြာပီဖြစ်တဲ့ Justice Soldier နောက်တန်းရဲဘော်များ၏
ခဏတာတွေ့ဆုံ ပျော်ရွှင်ချိန်လေး။

ရှေ့တန်းမှာ တာဝန် ကိုယ်စီ ထမ်းဆောင်နေကြတဲ့
ရဲဘော်တွေနဲ့လည်း မကြာခင် ဆုံစည်းကြမယ် ညိုကီတို့ ။

သီတင်းကျွတ် အခါသာမယမှာ ပြည်တွင်း၊ပြည်ပနေ မိဘပြည်သူ
ညီကိုမောင်နှများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပီး
ရန်သူမျိုး ငါးပါး ဘေးမှ ကင်ဝေးကြပါစေကြောင်း
ကျွန်တော်တို့ ရဲဘော်များမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ခင်ဗျာ ။

#justicesoldierpdf
#jspdf
#သတင်းနှင့်ပြန်ကြားရေး

ကျားဖြူတပ်ခွဲ-၅ (Justice Soldier-PDF)

17 Oct, 07:49


၁၇.အောက်တိုဘာ . ၂၀၂၄

တိုက်ပွဲသတင်း ထုတ်ပြန်ချက်

ကရင်ပြည်နယ်၊ မြဝတီခရိုင် ၊ လေးကေကော်မြို့နယ် စွယ်တော်ကုန်း စခန်းကို သိမ်းပိုက်ရရှိ …

KNU/ KNLA ပူးပေါင်းအဖွဲ့များ ၊ Cobra စစ်ကြောင်း ၊ Venom စစ်ကြောင်းနှင့် မိမိတို့ Justice Soldier PDF နှင့် Federal wings ၊ ရောင်နီ ၊ Golden Eagle၊ Justice Soldier ဒရုန်း တပ်ဖွဲ့များမှ နေ့ည မပြတ် ဝန်းရံပိတ်ဆို့ တိုက်ခိုက်လျက်ရှိရာ ယနေ့ အောက်တိုဘာ ၁၇ နေ့တွင် အပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသည်။

Justice Soldier ဒရုန်းတပ်ဖွဲ့အနေဖြင့် ဗုံးသီးပေါင်း ၃၆၉ လုံး ဖြင့် အကြိမ်၂၈၀ ကြဲချ တိုက်ခိုက်ခဲ့ပါသည်။

ဆက်လက်၍ ရန်သူ၏ အောင်ဇေယျစစ်ကြောင်းကို ချေမှုန်းနှိမ်နှင်းနေကြောင်း အသိပေးကြေငြာအပ်ပါသည်။

ကျားဖြူတပ်ခွဲ-၅ (Justice Soldier-PDF)

12 Oct, 01:10


accountအတုပါ သတိထားကြပါဦးခင်ဗျာ ။

ကျားဖြူတပ်ခွဲ-၅ (Justice Soldier-PDF)

12 Oct, 01:09


အာဏာရှင် မှန်သမျှ အမြစ်ဖြ-တ်ဖို့
Justice Soldier နဲ့ပူးပေါင်းကြပါစိူ့။

#justicesoldierpdf
#jspdf
#သတင်းနှင့်ပြန်ကြားရေး

ကျားဖြူတပ်ခွဲ-၅ (Justice Soldier-PDF)

10 Oct, 05:33


ရဲဘော်ချောချောလေး ဆေးတပ်သား Not Notရဲ့
အင်တာဗျူးလေးကို ရှုစားကြပါဦးခင်ဗျာ။

#justicesoldierpdf
#jspdf
#သတင်းနှင့်ပြန်ကြားရေး

ကျားဖြူတပ်ခွဲ-၅ (Justice Soldier-PDF)

01 Oct, 06:40


လူငယ်တွေ လ*က်န*က်ကိုင်တယ်ဆိုတာ
အဖွဲ့အစည်းတစ်ခုအတွက်မဟုတ်ပါဘူး
စစ်အာဏာရှင်စနစ်ဆိုးလက်အောက်က
ပြည်သူတွေကိုလွတ်မြောက်စေချင်လို့ပါ
တိုင်းပြည်က လူငယ်တွေကို လိုအပ်နေချိန်မှာ
ကျွန်တော်တို့နဲ့လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ် ။

#justicesoldierpdf
#jspdf
#သတင်းနှင့်ပြန်ကြားရေး
#ရဲဘော်ဟာရာ

ကျားဖြူတပ်ခွဲ-၅ (Justice Soldier-PDF)

29 Sep, 02:03


မြဝတီမြို့သို့ ခြောက်လကြာထိုးစစ်ဆင်နေသော အောင်ဇေယျစစ်ကြောင်းအား ကြားဖျက်တိုက်ခိုက်

၂၉ရက်၊စက်တင်ဘာ၊၂၉ရက်၊စက်တင်ဘာ၊၂၀၂၄ခုနှစ် ကရင်ပြည်နယ်
ဧပရယ်အစမှပိုင်းမှစတင်ကာ ကရင်ပြည်နယ် မြဝတီမြို့ သို့ထိုးစစ်ဆင်နေသော အောင်ဇေယျစစ်​ဆင်ရေး၊ စစ်ကောင်စီစစ်ကြောင်းအား ကျွန်တော်တို့ Justice Soldier PDFနှင့် မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်း၍ ကြားဖျက်တိုက်ခိုက်ခြင်း၊drone ဖြင့် ကျဲချခြင်းများ ၊ရော့ကတ်ဖြင့် ပစ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ နေ့ညမပျက် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေပီး မုန့်ဟင်းခါး ၊အိုးဘဲဥ အကြော်စုံပွဲများ နေ့စဉ် ဖန်တီးလျက်ရှိနေပါသည်။

ကျားဖြူတပ်ခွဲ-၅ (Justice Soldier-PDF)

28 Sep, 13:24


မိဘပြည်သူများခင်ဗျာ
ကျွန်တော်တို့ Justice Soldier PDF Official YouTube channel လေးဟာ
Subscriber လိုအပ်ချက်များစွာ ရှိနေပါသော‌ကြောင့်
မိဘပြည်သူများအနေဖြင့် YouTube channel လေးအား
Subscribe လုပ်ပေးခြင်းဖြင့် ပါဝင်ကူညီပေးကြပါဦးခင်ဗျာ ။

https://www.youtube.com/@justicesoldier-pdf6937

အထက်ဖော်ပြပါ linkအားနှိပ်၍ ကျွန်တော်တို့ YouTube channeလေးအား ဝင်ရောက်နိုင်ပါသည် ခင်ဗျာ ။

#justicesoldierpdf
#jspdf
#သတင်းနှင့်ပြန်ကြားရေး
#ရဲဘော်ဟာရာ

ကျားဖြူတပ်ခွဲ-၅ (Justice Soldier-PDF)

28 Sep, 13:06


အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက်
တိုင်းပြည်က လူငယ်တွေကိုလိုအပ်နေချိန်မှာ
အတူတူပခုံးထမ်းပီး တာဝန်ယူကြရအောင် လာခဲ့ဖို့ဖိတ်ခေါ်ပါတယ် ။

#justicesoldierpdf
#jspdf
#သတင်းနှင့်ပြန်ကြားရေး