Ye Thar ☕ @yethar63 Channel on Telegram

Ye Thar

@yethar63


Ye Thar ☕ (English)

Welcome to Ye Thar ☕! Are you a coffee lover looking for a place to connect with like-minded individuals and discover new coffee trends? Look no further! Ye Thar is a Telegram channel dedicated to all things coffee, where you can indulge in discussions, share your favorite brewing methods, and explore different coffee beans from around the world. Our community of coffee enthusiasts, led by the username @yethar63, is passionate about the art of coffee-making and is always eager to exchange tips, recipes, and recommendations. Whether you prefer a classic espresso, a flavorful latte, or a refreshing cold brew, Ye Thar has something for everyone. Join us today and elevate your coffee experience to new heights with Ye Thar ☕!

Ye Thar

26 Jan, 12:11


ချောင်းသာက မအလသားပိုင် ဟိုတယ်ကပစ္စည်းတွေ ရွှေ့နေပီ..
သိပ်မကြောက်တတ်ရှာဘူး

Ye Thar

25 Jan, 06:24


ကိုကိုကြီးကို စစ်မှုထမ်းခိုင်းလိုက်ကြပါ..
နေရာလိုချင်ရင် စစ်တိုက်ရမှာပေါ့
Ye Thar

Ye Thar

23 Jan, 09:17


စစ်တပ်က စီးပွားရေးအကြောင်း ထိုင်ပြောနေတဲ့နိုင်ငံမှ မဆင်းရဲရင် ဘယ်နိုင်ငံဆင်းရဲမလဲ..
အဲ့ဒါ သူတို့ S လုပ်မှ မဟုတ်တာ
Ye Thar

Ye Thar

23 Jan, 09:11


ကျားဖြန့်ဂယက်ကြောင့်
မဲဆောက်မှာ အစစ်အဆေး အဖမ်းအဆီးတွေရှိမယ်
မြန်မာပြည်သားများ သတိထားကြပါ..

Ye Thar

21 Jan, 10:44


တရုတ်တွေ သူတို့တရုတ်အချင်းချင်း ပြန်ပေးဆွဲ လူကုန်ကူးခံရတဲ့ကိစ္စက ပုံစံတူတွေများတယ်

အရင်ဆုံး မက်လုံးတစ်ခုခုပေးပြီး ထိုင်းကိုလှမ်းခေါ်မယ် ၊ လူကုန်ကူးခံရမယ့်လူက ဘန်ကောက်လေဆိပ်ကိုရောက်လာတယ် လူကုန်ကူးဂိုဏ်းတွေက လာကြိုတယ် ၊ ပြီးရင် ကားပေါ်မှာ အချိုရည်တိုက်တယ်

အဲ့ဒီအချိုရည်သောက်ပီးရင်တော့ သတိလစ်သွားပီ ၊ သတိရတဲ့အချိန်မှာ ထိုင်းမှာမဟုတ်တော့ဘူး ၊ မြဝတီက ကျားဖြန့်ဂိုဏ်းတွေဆီရောက်သွားပြီ

ဒါဟာ ပေါ့သေးသေး ပြသနာတော့မဟုတ်ဘူး
နိုင်ငံပေါင်းစုံ ဖြေရှင်းရမယ့်ကိစ္စဖြစ်တယ်
မြန်မာနိုင်ငံမှာလည်း ဘယ်ကျားဖြန့်မှမရှိသင့်ဘူး
Ye Thar

Ye Thar

20 Jan, 08:41


ဝတ်မှုန်ရွှေရည်ရဲ့ လင်က
စခတွေနဲ့ အတူတူပဲ ။
ကစ်ကစ်လေး ချစ်စရာကောင်းတယ် ပြောကြဦးမလား

Ye Thar

20 Jan, 08:29


စည်းလုံးတဲ့လူမျိုးက
တိုးတက်တယ် ။
မစည်းလုံးတဲ့လူမျိုးက
တိုင်ပတ်တယ် ။

တိုင်ပတ်ရင် တပ်ပိုင်လိမ့်မယ်
Ye Thar

Ye Thar

19 Jan, 06:25


ခေတ်ပျက်နေတဲ့အချိန်မှာ
အကြမ်းဖက်စစ်တပ်နဲ့ပေါင်းပြီး
ပြည်သူပိုင်မြေနေရာပေါ်ဆောက်တဲ့ အဆောက်အဦးမှန်သမျှ

အချိန်တန်ရင် ပြန်ဖြိုဖျက်ပေးရမယ်
Ye Thar

Ye Thar

18 Jan, 14:05


ကျန်းမာ ကြံ့ခိုင် တိုက်နံရံ

Ye Thar

18 Jan, 06:54


မြန်မာနိုင်ငံမှာ
ဘယ်ကျားဖြန့်မှ မရှိသင့်ဘူး
နိုင်ငံသိက္ခာကျတယ်

Ye Thar

17 Jan, 19:00


ချောင်းသာကို စစ်ကောင်စီအင်အားဖြည့်တင်းတယ် ဆိုတဲ့ သတင်းဖတ်ရတော့.. 📄

မအလအတွေးထဲမှာ

ဟင်း.. ငပလီကတော့ မရှိတော့ဘူး 🙅‍♂️
ချောင်းသာမှာတော့ ငါ့သားဟိုတယ်ရှိသေးတယ် 🏨
အဲ့ဒါလေးတော့ မလုပ်ပါနဲ့ကွာနဲ့ဆိုပီး 🤸‍♂️
တွေးတော နေလေမလား..

😜
Ye Thar

Ye Thar

17 Jan, 08:26


မအလရဲ့ အမှုတွဲ ၊ ခုံရုံးတင်ခံရမယ့်ကောင်

Ye Thar

15 Jan, 09:28


Why always Me.. ?? Why
Ye Thar

Ye Thar

15 Jan, 09:00


မအလပြောတာ မရှင်းဘူး
လက်နက်အားကိုးနဲ့ အာဏာလုခဲ့တာ အကြမ်းဖက်စစ်တပ်လား.? တော်လှန်ရေး တပ်တွေလား.?
Ye Thar

Ye Thar

14 Jan, 11:52


ဘယ်အစိုးရတက်တက်
ကိုယ်လုပ်မှ ကိုယ်စားရတာဆိုတဲ့ အိမ်တွေ
၂၄ နာရီ မီးလာလား သိပါရစေ

Ye Thar

14 Jan, 11:03


China vs Myanmar.. 💡🕯
Ye Thar

Ye Thar

14 Jan, 10:07


သူ့ကိုယ်သူတော့ သီရိပြည့်စုံမေတဲ့ ၊ နာမည်အရင်းကတော့ ​ကြူကြူလှ ၊ အများကခေါ်တာကတော့ သွားခေါမ ..
Ye Thar

Ye Thar

14 Jan, 07:14


၂၀၂၅ က စခနိဂုံးရဲ့ နောက်ဆုံးနှစ်ဖြစ်သင့်ပြီ..
Ye Thar

Ye Thar

11 Jan, 09:38


တပ်ရင်းမှူးမရှိဘူး ငရဲပြည်သွားတယ်..
Ye Thar

Ye Thar

09 Jan, 12:37


မန္တလေးက စခတွေကို ငရဲပြည်ပို့ပေးမယ့် MDY PDF.. 🚩
Ye Thar

Ye Thar

09 Jan, 03:18


အဖေက မီးဖြတ်တယ်
သမီးက လျှပ်စစ်ကားရောင်းတယ်
သားက ဆိုလာရောင်းတယ်

Ye Thar

08 Jan, 18:45


ဆင်းရဲတာ ၊ ချမ်းသာတာက အရေးမကြီးဘူး
လူပီသတဲ့ စိတ်တစ်ခုရှိရင် ရပြီ
Ye Thar

Ye Thar

06 Jan, 09:12


မြန်မာနိုင်ငံရဲ့ လူဦးရေ သန်း ၅၀/၆၀ ဆိုတာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် တရုတ် အိန္ဒိယ တို့ယှဥ်ရင် အစွန်းထွက်လောက်ပဲရှိတဲ့ ပမာဏဖြစ်တယ်

ကလေးမွေးဖွားနူန်းအရကြည့်ရင်လည်း စီးပွားရေးကြပ်တည်းလို့ တစ်အိမ်ထောင်ကို ကလေး တစ်ယောက် ၊ နှစ်ယောက်ထက် ပိုမမွေးနိုင်တော့ဘူး ။
တိုးတက်တဲ့နိုင်ငံတွေမှာတော့ သူတို့နိုင်ငံရဲ့လူဦးရေကို အမြဲချိန်ညှိနေတာတွေရှိတယ် ။ ဥပမာ ကိုရီးယားမှာဆိုရင် သူတို့နိုင်ငံမှာကလေးမွေးရင် မွေးဖွားစရိတ်ကို အစိုးရက ထောက်ပံ့ပေးတဲ့ အစီအစဥ်တွေရှိတယ် ။

မြန်မာနိုင်ငံမှာ အစိုးရကောင်းတစ်ရပ်ရှိလာတဲ့အခါကျရင် ကိုယ့်နိုင်ငံရဲ့ လူဦးရေကို အမြဲချိန်ညှိဖို့အစီအစဥ်တွေ ကိုယ့်နိုင်ငံရဲ့လုပ်အားတွေ ပြည်ပကိုထွက်ပီး မဆုံးရှုံးဖို့အစီအစဥ်တွေ ရှိလာဖို့ မျှော်လင့်ပါတယ် ။

လုပ်နိုင်ရင် လုပ်ပါ ။ မလုပ်နိုင်ရင် ထွက်ပါ ။ လုပ်နိုင်တဲ့သူ လုပ်ပါလိမ့်မယ် ။
Ye Thar

Ye Thar

03 Jan, 09:20


တော်လှန်သူတွေရဲ့ Kpay အကောင့်တွေကိုပိတ်ပစ်ပြီး ငွေတွေဘယ်ရောက်သွားမှန်းမသိတဲ့ကိစ္စတွေ KBZ Pay တစ်နေ့ရှင်းရလိမ့်မယ်..
Ye Thar

Ye Thar

03 Jan, 07:40


စစ်ခွေးတပ်သာမရှိတော့ရင် မြန်မာနိုင်ငံရဲ့အခြေအနေက ဒုံးပျံလိုထောင်တက်သွားမှာ
အိမ်နီးချင်းနိုင်ငံတွေ တိုးတက်တယ်ဆိုတာ ဘာမှမဟုတ်တော့ဘူး

ဆင်းရဲတဲ့နိုင်ငံကလူတွေက မြန်မာနိုင်ငံမှာအလုပ်လာလုပ်ဖို့ တန်းစီကြရလိမ့်မယ်
Ye Thar

Ye Thar

02 Jan, 11:42


ပြည်မြို့ ဥသျှစ်ပင်အနီး တောင်ကုတ်-ပန်းတောင်း ရိုးလမ်းပေါ်ရှိ တောင်ပုံကြီးစခန်းကို AA ဝင်ရောက်တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်နေ၊

ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်

ပဲခူးတိုင်း၊ ပြည်မြို့၊ ဥသျှစ်ပင်အနီး တောင်ကုတ်-ပန်းတောင်း ရိုးလမ်းပေါ်ရှိ တောင်ပုံကြီး စခန်းကို အာရက္ခတပ်တော် (AA) က ထိုးစစ် ဆင်တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီ၏ ပြည်မြို့၊ ဥသျှစ်ပင်အနီးရှိ တောင်ပုံကြီးစခန်းကို ယမန်နေ့ ဇန်နဝါရီ ၁ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး AAက ဝင်ရောက်တိုက်ခိုက်သည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။

"လေကြောင်းနဲ့ဗုံးကြဲလို့ ရွာသားတွေသေတာ၊ ထိတာ များတယ်။ ဟိုတလောကမှ ဥသျှစ်ပင်နားက ကျေးရွာတွေ ဗုံးခိုကျင်းတူးတာကို မြေပြန်ဖို့ခိုင်းတာတွေလည်းရှိတယ်။ ခုတိုက်ပွဲကပြင်းထန်နေတာ"ဟု တပ်သတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် တောင်ပုံကြီးနှင့် အနီးနားကျေးရွာများဖြစ်သော သပြေ၊ စွပ်ပျက်၊ မိုက်ခရို စသည့် ကျေးရွာများနှင့် ရခိုင်ရိုးမအစပ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေကြောင်း သိရသည်။

ပြည်မြို့သို့ စစ်ရေးရောက်ရှိလာနိုင်သည် ဆိုခြင်းကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာ နောက်ဆုံးပတ်က ဥသျှစ်ပင်ရှိ စစ်ကောင်စီမိသားစုဝင်များ ပုသိမ်နှင့် ပြည်မြို့ပေါ်သို့ ဖောကားများဖြင့် ထွက်ပြေး ကြကြောင်း ဒေသခံများထံက သိရသည်။

ယခုဖြစ်ပွားသည့်တိုက်ပွဲမှာ တောင်ကုတ်နှင့် ပြည်ဆက်စပ်နေသည့် တောင်ကုတ်-ပန်းတောင်း ရိုးလမ်းပေါ်ရှိ စစ်ကာင်စီ၏နောက်ဆုံးကျန်နေသည့် တောင်ပုံ ကြီးစစ်စခန်းကို AA က သိမ်းယူလို၍ တိုက်ပွဲပြင်း ထန်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် AA သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့က ပြည်တွင်းရေးကို နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲအသင့်ရှိကြောင်း ထုတ်ပြန်ပြီးနောက် တောင်ကုတ်- ပြည်-ပန်းတောင်းလမ်းတွင် တိုက်ပွဲဖော်ဆောင်လာခြင်းဖြစ်သည်။

#ပဲခူး #ပြည် #ဥသျှစ်ပင် #စစ်ကောင်စီ #တောင်ပုံကြီးစစ်စခန်း #AAတိုက်ခိုက် #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times

Ye Thar

31 Dec, 17:36


1.1.2025
🎇🎆🌠
အားလုံးအဆင်ပြေ
လိုအင်ဆန္ဒပြည့်ဝကြပါစေ

Ye Thar

31 Dec, 16:18


New year အထိမ်းအမှတ် တစ်ယောက်ကို ပါးအချက် ၁၀၀ ရိုက်လို့ရပါတယ် 🤚 🤛

Ye Thar

31 Dec, 09:45


၂၀၂၅ မှာတော့
တော်လှန်ရေးပြီးပါစေလို့
ဆု​တောင်းပါတယ်

Ye Thar

31 Dec, 07:42


တစ်ကမ္ဘာလုံးကလူတွေက ထိုင်းနိုင်ငံကို ပိုက်ဆံလာပေးနေကြတာ ၊ ကိုယ့်နိုင်ငံကိုလည်း အဲ့လိုဖြစ်စေချင်ပါတယ်

သို့သော် စောင်သုံးမကျတဲ့သူတွေက များနေသောအခါ
အသုံးမကျဘူး သုံးစားလို့မရဘူး နေရာတော့ လိုချင်ကြတယ်
Ye Thar

Ye Thar

30 Dec, 08:39


မုဆိုးမတို့ရွာဆိုတဲ့
စကားလုံးကို
အရမ်းအထိနာကြတာ
😁

Ye Thar

29 Dec, 04:43


လူတွေက သေဖို့ကံပါလာရင် ရှောင်လွှဲလို့မရဘူး
ဘယ်နေရာမှာ ဘယ်လို သေရမယ်ဆိုတာ ပါလာပီးသား

အသက် ၂၅ နှစ်ပဲရှိသေးတဲ့ အင်္ဂလန်နိုင်ငံသား ကောင်လေးက သေကံပါတော့ သူ့နိုင်ငံကနေ အဝေးကြီး ချင်းမိုင်ကို လေယာဥ်စီးလာရတယ်

ချင်းမိုင်ရောက်တော့ မူးယစ်မှိုဆိုတာကို ရှာဝယ်တော့ တွေ့တယ် ၊ ဘတ် ၅၀၀ ပေးရတယ်

အဲ့မှိုထုပ်လေးကိုကိုင်ပြီး ချက်ချင်းမစားသေးဘူး သူတည်းတဲ့ဟိုတယ်ကိုပြန်သွားတယ်

ဟိုတယ်ရောက်တော့ အဲ့မှိုထုပ်လေးကိုဖွင့်ပီး စားတယ် ၊ စားပီးမကြာဘူး ပစ်လဲသွားတယ် သေတယ်

မှိုတစ်ထုပ်နဲ့ ဘဝနဲ့ လဲလိုက်ရတာ 🍄
Ye Thar

Ye Thar

28 Dec, 11:43


အဖမ်းခံရတာလည်း အဖမ်းခံရတာပေါ့ ဒါပေမယ့် စိတ်ထိန်းကြပါ..
Video crd. Ye Thar

Ye Thar

28 Dec, 05:21


နေပြည်တော်ကျသွားလည်း အေးဆေးပဲ
ရုရှားလေယာဥ်ပေါ် တက်သွားလိုက်ရုံပဲ 🛫
ငပေါတွေကတော့ ခံပေါ့
Ye Thar

Ye Thar

27 Dec, 10:58


ဝဋ်ဆိုတာ ဘဝမကူးပါဘူး..
Photo crd. Ye Thar

Ye Thar

26 Dec, 11:24


တစ်နည်းနည်းနဲ့ နာမည်ကြီးအောင်လုပ်

အသံမကောင်း

အလှူတွေမှာ သီချင်းလိုက်ဆို 🎤

ဘောစိဖြစ်

လန်ခလူဇာ ဝယ်စီး

Ye Thar

Ye Thar

26 Dec, 07:36


ချင်းမိုင်

Ye Thar

25 Dec, 14:42


ပေါက်ကရလုပ်
အဆဲခံရ
ငို
အသနားခံ
အလှူလုပ်
သာဓုခေါ်
Ye Thar

Ye Thar

25 Dec, 11:58


ဟိုမသာမလေးကို သူများတွေက အခုမှ​ ကြည့်လို့မရတာ

ကိုယ်တွေက စပေါ်လာထဲက ကြည့်လို့မရတာ

မတူဘူး မတူဘူး လုံးဝမတူဘူး 😅
Ye Thar

Ye Thar

22 Dec, 09:50


တောင်ကုတ်.. 🚩🚩🚩🚩🚩🚩
Ye Thar

Ye Thar

22 Dec, 07:56


#Breaking_News

ကန်ပက်လက်မြို့ကို သေနတ်မဖောက်ဘဲ ချင်းညီနောင် သိမ်းပိုက်နိုင်

ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဒီဇင်ဘာ ၂၂ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ လက်အောက်ခံရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၊ ည ၁၂ နာရီခန့်တွင် မြို့ထဲမှ အကုန်စွန့်ခွာခဲ့ပြီး ကန်ပက်လက်မြို့ကို သေနတ်မဖောက်ဘဲ ချင်းညီနောင်က သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို ယနေ့၊ ဒီဇင်ဘာ ၂၂ ရက်နေ့မှ စတင်၍ မြို့သိမ်းတိုက်ပွဲစတင်လိုက်ပြီဖြစ်ကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။

"ဟုတ်တယ်။ ကန်ပက်လက်မှာ စစ်ကောင်စီတပ်ရင်းတွေ တစ်ခုမှ မရှိတော့ဘူး။ ရဲစခန်းတွေ အားလုံးပဲ။ မနေ့ည ၁၂ နာရီ မှာ အကုန်လုံးစခန့်စွန့်သွားကြပြီ။ အခုစစ်ကောင်စီတပ်တွေ လုံးဝမရှိတော့ဘူး။ ဒီနေ့မနက်ပိုင်းမှာတော့ ချင်းညီနောင်အဖွဲ့တွေက နယ်မြေရှင်းလင်းမှုတွေ လုပ်နေကြတယ်။ ကန်ပက်လက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မကွေးတိုင်း၊ ဆောနယ်၊ ယောနယ်ကို ဆင်းသွားကြတယ်လို့ သိရတယ်" ဟု ကန်ပက်လက်မြို့၊ ဒေသခံအမျိုးသားက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကန်ပက်လက်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရန်အောင်ရတနာစေတီကုန်း၊ ဘုန်းကြီးကျောင်းကုန်း၊ သစ်တောရုံးကုန်း၊ အထက ၁ ကျောင်းကုန်း၊ ပညာရေးရုံးကုန်း၊ ရဲစခန်း၊ ထွေအုပ်နှင့် စခန်းကုန်းတို့တွင် တပ်စွဲနေရာယူထားကြောင်းသိရသည်။

ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့မှ မင်းတပ်မြို့သိမ်းတိုက်ပွဲကို စတင်ဖော်ဆောင်ခဲ့ပြီး ယမန်နေ့တွင် မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

ချင်းညီနောင်သည် မတူပီမြို့၊ မင်းတပ်မြို့၊ ကျင်ဒွေးမြို့နှင့် ကန်ပက်လက်မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိဖလမ်းမြို့သိမ်းတိုက်ပွဲကို ပြင်းပြင်းထန်ထန်ဖော်ဆောင်လျက်ရှိကြောင်းသိရသည်။

ဓာတ်ပုံ-CDF-ကန်ပက်လက်။

#ကန်ပက်လက်မြို့ #သေနတ်မဖောက် #ချင်းညီနောင် #သိမ်းပိုက်နိုင်ခဲ့ #Breaking_News

Ye Thar

21 Dec, 08:26


မပခ မှာ KIA တံဆိပ် တပ်ချင်နေပီ..
Ye Thar

Ye Thar

01 Dec, 07:17


ဘယ်နိုင်ငံမှာပဲ အလုပ်သမားလိုလို မြန်မာတွေကိုခေါ်ခိုင်းလိုက် စျေးပေါတယ်ဆိုတဲ့ အခြေအနေဖြစ်နေပီ

Ye Thar

01 Dec, 07:00


လာအိုတင်မကတော့ဘူး
ကမ္ဘောဒီးယားပါ မြန်မာတွေ အလုပ်သွားလုပ်ပေးရတော့မယ်တဲ့

Ye Thar

30 Nov, 13:34


ကိုယ့်ကိုကိုယ် ကျန်းမာအောင်နေကြပါ အားရှိအောင် အားမွေးထားကြပါ သက်သက်ခိုင်ကြီး ဘာဖြစ်မလဲဆိုတာကို ကြည့်ရဦးမယ် သိပ်မလိုတော့ဘူး
အဲ့ဒါစောင့်နေတာ
Ye Thar

Ye Thar

30 Nov, 12:23


တစ်လမ်းထဲသွားရမှာ မပူနဲ့ ..
သေးသောက် ညီအကိုအဖွဲ့ 💦
Ye Thar

Ye Thar

30 Nov, 09:59


အယ့်လယ်..
Ye Thar

Ye Thar

30 Nov, 09:17


ငွေသောင်းဂဏန်းရတာကို ပျော်နေကြတယ်
လင်သေလို့ တစ်သက်လုံးမုဆိုးမဖြစ်မှာကို မမြင်ကြဘူး
ပြီးရင် တပ်ရင်းလိုက်ပြုတ်တယ်ဆိုတဲ့ အသံတွေကြားရတော့မယ်
Ye Thar

Ye Thar

30 Nov, 08:16


ယုန်လေးထက် အဆ ၁၀၀၀ လောက်ပိုမိုက်တဲ့ ဂိုဏ်းစတားအစစ်တွေကိုထည့်ထားတဲ့ လူ ၄၀၀၀၀ လောက်ဆံ့တဲ့ အယ်ဆာဗေးဒိုးနိုင်ငံက ထောင်အသစ်ကြီး ..
မြန်မာပြည်မှာလည်း အဲ့လိုကြောင်တောင်တောင်ကောင်တွေနဲ့ ဘောမတွေကိုထည့်ဖို့ ထောင်အသစ်ဆောက်ရမယ်
ပြည်သူ့လုံခြုံရေးက နံပါတ် ( ၁ ) ပဲ
Ye Thar

Ye Thar

30 Nov, 07:48


ရန်ကုန်လေဆိပ်မှာ ဂွင်ဖန်နေတဲ့ ဂွင်သမားတွေ
အချိန်တန်ရင် ထောင်နန်းစံဖို့ အကုန်ပြင်ထားပါ

Ye Thar

30 Nov, 07:35


လောင်

Ye Thar

30 Nov, 06:20


ICC ကိစ္စက ICC ကိစ္စ
စစ်နိုင်အောင်တိုက်ရမှာက တော်လှန်ရေးရဲ့ကိစ္စ

အဲ့ ၂ ခုကို မရောထွေးဖို့လိုပါတယ်

ICC ကိစ္စပေါ်လာတာက ဝရမ်းထွက်လာရင် မအလလုပ်မယ့် ရွေးကောက်ပွဲလမ်းအတွက် ကြီးမားတဲ့အနှောက်အယှက်ဖြစ်စေသလို နိုင်ငံပြင်ပ ခရီးသွားတာအစ မအလအတွက် စိုးရိမ်ထိတ်လန့်မှုဖြစ်စေတယ်။
သူ့ကိုထောက်ခံတဲ့နိုင်ငံတွေကလည်း အကြမ်းဖက်အားပေးဖြစ်ဦးမယ်

ICC ဖမ်းဝရမ်းထွက်ရင်တောင် အမေရိကန်က ဘင်လာဒင်ကိုဖမ်းသလို သိပ်မဖြစ်နိုင်ပါ
ICC ကိစ္စက အချိန်တွေအများကြီး ကြာပါလိမ့်ဦးမယ်

အဲ့တော့ စစ်နိုင်အောင်တိုက်ရမယ်ဆိုတဲ့ မူလရည်ရွယ်ချက်အတိုင်း အားစိုက်ပြီး ရှေ့ဆက်ရမှာဖြစ်ပါတယ်

ပြည်တွင်းကနေပဲ မအလကိုရအောင်ဖမ်းနိုင်ပြီး ခုံရုံးတင်နိုင်ရင် မြန်မာပြည်အတွက် ပိုပြီးဂုဏ်သိက္ခာရှိပါတယ် ။
ဟိုးအရင်တုန်းကလည်း R2P ဆိုပီး မျှော်လင့်ခဲ့ကြသေးတာပဲ ဖြစ်မှမလာတာ ကိုယ်လုပ်စရာရှိတာပဲ ဆက်လုပ်ကြပါ
Ye Thar

Ye Thar

29 Nov, 18:04


မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ မအလ

ICC ကိုသွားပီး ကိုယ်တိုင်ဖြေရှင်းရဲလားဆိုတော့
ဟင့်အင်း အဲ့ဒါတော့မလုပ်ရဲဘူးတဲ့

Ye Thar

Ye Thar

29 Nov, 14:58


မုံရွာမှာ စစ်အုပ်စုက စစ်ကြောင်းထိုးပြီး ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို အကြိမ်ကြိမ် အဓမ္မပြုကျင့်

MN/MFP ၊ နိုဝင်ဘာ - ၂၉

စစ်ကိုင်းတိုင်း မုံရွာနယ်ထဲကို စစ်အုပ်စုက စစ်ကြောင်းထိုးပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမျိုးသမီးတွေကို ဟိုတယ်တွေမှာ ခေါ်ထားပြီး အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ကျူးလွန်ခံရတဲ့ ကာယကံရှင် အမျိုးသမီးတွေရဲ့ ထွက်ဆိုတိုင်ကြားချက်အရ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ( မုံရွာ-ပလဖ) က MFP ကို ပြောပါတယ်။

စစ်အုပ်စုက မုံရွာမြို့နယ်ထဲ စစ်ကြောင်းထိုးရာမှာ ကျေးရွာတွေက ဒေသခံအမျိုးသမီးတွေနဲ့ အခြားဖမ်းဆီးထားတဲ့ အပြစ်မဲ့ အမျိုးသမီးတွေကို မုံရွာမြို့ပေါ်က ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ကျူးလွန်နေတာဖြစ်တယ်လို့ မုံရွာ-ပလဖ တာဝန်ရှိသူက ဆိုပါတယ်။

“ကျွန်တော်တို့ဆီမှာ စစ်ကောင်စီက ဖျက်ဆီးလိုက်တဲ့ မိန်းမပျိုလေးတွေ ရောက်နေပါတယ်။ ဖြစ်စဉ်တစ်ခုဆိုရင် နယ် ဘက်မှာ (စစ်အုပ်စု)စစ်ကြောင်းထိုးနေရင်းနဲ့ မိန်းမပျိုလေးတွေ ဖမ်းဆီးခံလိုက်ရတယ်။ မိန်းကလေးတွေက PDF လည်း မဟုတ်ဘူးဗျ။ သာမန်ပြည်သူတွေပါ။ သူတို့(စစ်အုပ်စု)က ကောင်မလေးတွေကို ငါ့မယားလုပ် မလား ဆိုပြီး အကျပ်ကိုင်ခြိမ်းခြောက်တယ်။ ကောင်မလေးတွေကို ထားတာကလည်း တည်းခိုခန်းတို့ ဟိုတယ်တို့မှာထား တယ်။(စစ်အုပ်စု)ဗိုလ်က မုဒိမ်းကျင့်တယ်။ ပြီးသွားရင် တခြားတစ်ယောက်က လာပြီးတော့ မုဒိမ်းဆက်ကျင့်တယ် ။ အဲဒီလို ဖြစ်စဉ်တွေက အများကြီးကို ဖြစ်နေတာပါ။ ဖြစ်စဉ်တွေမှာဆိုရင် ဟိုတယ်ပိုင်ရှင်တွေ တည်းခိုခန်းပိုင်ရှင် တွေပါ ပါဝင်ပတ်သက်နေတယ်” လို့ မုံရွာ-ပလဖ တာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုဟာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ရုံမက ခြိမ်းခြောက်ငွေပေးပြီး သတင်းပေးဒလန်ပုံစံမျိုး လုပ်ဆောင် ခိုင်း တာတွေလည်း ရှိနေတယ်လို့ မုံရွာ ပလဖ တာဝန်ခံက ဆက်ပြောပါတယ်။

“သူတို့(စစ်အုပ်စု) မုဒိမ်းကျင့်ပြီးသွားရင် အဲဒီ အမျိုးသမီးလေးတွေကို ဆေး(သန္ဓေတားဆေး)တိုက်တယ်။ ပြီးသွား ရင်ငွေထုတ်ပေးပြီးတော့ ဖုန်းတစ်လုံးပေးလိုက်တယ်။ အဲဒီဖုန်းကလည်း ခြေရာခံလို့ရတဲ့ GPS စနစ် ထည့်ပေး ထား တယ်။ နောက်ပြီးတော့ စကစ (စစ်အုပ်စု)တွေက အမျိုးသမီးတွေကို ခြိမ်းခြောက်တယ်။ သူတို့ခိုင်းတဲ့အတိုင်း လုပ် ပေးရမယ် သတ်မှတ်ရက်အတွင်း သူတို့(စစ်အုပ်စု)ဆီ ပြန်မလာဘူးဆိုရင် သူတို့ရွာတွေ နေအိမ်တွေကို မီးရှို့ပစ်မယ် ဆိုပြီးတော့ ခြိမ်းခြောက်ထားသေးတယ်” လို့ မုံရွာမြို့နယ် ပလဖ တာဝန်ခံက ဆိုပါတယ်။

စစ်အုပ်စုက ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်နိုင်အောင် ဟိုတယ်အခန်းတွေကို ပိုင်ရှင်တွေက အခ မဲ့ တည်းခိုခွင့်ပြုထားဖြစ်တဲ့အတွက် စစ်အုပ်စုနဲ့ အလိုတူအလိုပါ ပူးပေါင်းကာ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်နေ တဲ့ ဟိုတယ်၊ တည်းခိုခန်းပိုင်ရှင်တွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ် လို့ မုံရွာမြို့နယ် ပလဖက ဆိုပါတယ်။

“ အလိုတူ အလိုပါတွေပေါ့။ ဒီကောင်တွေ(စစ်အုပ်စု)ကို ဟိုတယ်နဲ့တည်းခိုခန်းပိုင်ရှင်တွေက open (အခကြေး ငွေ မယူဘဲ)ထားပေးထားတာ။ သူတို့ကိုပါ ကျွန်တော်တို့က အရေးယူသွားမှာ”လို့ မုံရွာမြို့နယ်-ပလဖ တာဝန်ခံက MFP ကို ပြောပါတယ်။

စစ်အုပ်စုက အမျိုးသမီးတွေကို ခြိမ်းခြောက်ဖမ်းဆီးပြီး အကြိမ်ကြိမ် အဓမ္မပြုကျင့်နေတာနဲ့ပတ်သက်ပြီး ကာယ ကံရှင် အမျိုးသမီးတွေရဲ့ ပြောဆိုချက်တွေ ဟိုတယ်နဲ့ တည်းခိုခန်းအမည်တွေ အဓမ္မပြုကျင့်ရာမှာ ပါဝင်ခဲ့တဲ့ စစ် အုပ်စုတွေရဲ့ အမည်နဲ့ အဆင့်တွေကိုပါ မကြာခင်ထုတ်ပြန်သွားမယ်လို့လည်း မုံရွာ-ပလဖက ဆိုပါတယ်။

ဒါ့အပြင် မုံရွာမြို့ပေါ်မှာ မြို့ခံပြည်သူတွေဆီကနေ အနိုင်ကျင့်ပြီး ငွေကြေးအဓမ္မ ကောက်ခံနေတဲ့ စစ်အုပ်စု လက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေ၊ အခွန်ကောက် ဝန်ထမ်းတွေ၊ စည်ပင်ဝန်ထမ်းတွေနဲ့ Passport ဝန်ထမ်းတွေ စတဲ့ Non CDM ဝန်ထမ်းတွေကိုပါ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ အရေးယူသွားမှာဖြစ်တယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီကနေ့ နိုဝင်ဘာလ ၂၉ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန် အသိပေးထားပါတယ်။

#Mandalay_Free_Press_MFP

Ye Thar

29 Nov, 12:56


မအလရဲ့ ရန်ကုန်က ကန်သာယာဆေးရုံကို
ICC ဆေးရုံဆိုပြီး နာမည်ပြောင်းလိုက်ကြပါ
🤣

Ye Thar

29 Nov, 09:35


မြန်မာတွေထဲမှာ အနေအထိုင်မတတ်တဲ့သူတွေ အများကြီးရှိတယ်

ထိုင်းနိုင်ငံကိုရောက်နေပြီးတဲ့ မြန်မာအယောက် ၁၀၀ ကျော်က အလုပ်လည်းရနေပီ ကိုယ့်ဘာသာ အေးအေးဆေးဆေးနေကြပါလား ခဏပဲနေရမှာ နိုင်ငံခြားမှာ တစ်သက်လုံးနေမှာမဟုတ်ဘူး

အဲ့ဒါကိုမဟုတ်ဘူး မူးယစ်သောက်စား ကခုန်ပြီး သောင်းကျန်းနေကြတော့ အတိုင်ခံရလို့ ထိုင်းရဲကလာဖမ်းတယ် ၊ အဖမ်းခံရတဲ့အထဲမှာ ၈၅ ယောက်က တရားမဝင် ဝင်လာတာတွေ ၊ သူတို့ပြန်ပို့ခံရမယ် ။
ကံမကောင်းရင် စစ်မှုထမ်းပါပြီး မသာဖြစ်ဦးမယ်

အဲ့တော့ မေးမယ်

မူးယစ်သောက်စား ဆူညံကခုန်သောင်းကျန်းနေတဲ့ နာရီပိုင်းလောက် အချိန်ခဏလေးနဲ့ တစ်ဘဝလုံးလဲလိုက်ရတာ တန်လား.. ?

ဘယ်နိုင်ငံရောက်ရောက် ကိုယ့်နိုင်ငံမဟုတ်ဘူးဆိုတာ အချိန်ပြည့်ခေါင်းထဲမှာ ထည့်ထားကြပါ
ရောက်နေတဲ့နိုင်ငံရဲ့ ဥပဒေနဲ့ ပတ်ဝန်းကျင်ကို လေးစားကြပါ
Ye Thar

Ye Thar

29 Nov, 09:08


ဧရာဝတီတိုင်းကနေ ရခိုင်ကိုသွားသေတဲ့ စကစ မသာလေးများ

Ye Thar

29 Nov, 07:52


မြန်မာနိုင်ငံမှာ တစ်ရက်လုပ်ခ ၈၅၀၀ တောင် မပေးချင်တဲ့ အထည်ချုပ်စက်ရုံတွေအားလုံး ထိုင်းနိုင်ငံမှာ တစ်ရက်လုပ်ခ ဘတ် ၃၀၀ ကျော်ပေးပြီး သွားလုပ်ကြပါ..
Ye Thar

Ye Thar

28 Nov, 10:07


မအလမှာ ထွက်ပေါက်လမ်းမရှိတော့လို့ အကောင်းဆုံးအကြံပေးမယ်
ပြောင်းငုံလိုက်တော့သားကြီး
Ye Thar

Ye Thar

27 Nov, 16:42


အလယ်ကတစ်ယောက် အဖမ်းခံရတာကို စုဖုရားလတ် ဒီဇိုင်းနဲ့ ..
Ye Thar

Ye Thar

27 Nov, 15:06


ဖြစ်ချင်တာက သမ္မတ ဖြစ်မှာက ဝရမ်းပြေး..
Ye Thar

Ye Thar

27 Nov, 12:08


အလိုရှိသည် ဆုငွေ ၁ ကျပ်..
Ye Thar

Ye Thar

14 Nov, 12:42


စိတ်ဆိုးတယ် ဂယ်ပဲ ဂယ်ပဲ..

Ye Thar

13 Nov, 11:59


ရန်ကုန်တိုင်းမှဘောစိများ နောင်တစ်ချိန် လက်မထောင်ပြီး ဂုဏ်ယူချင်ရင် ရန်ကုန်ကိုထိုးဖောက်မယ့် ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အခုထဲက များများထောက်ပံ့ထားပါ ..
Ye Thar

Ye Thar

09 Nov, 16:51


အဖမ်းခံရတဲ့ သူ့ကို ငါးပိကြော်ဝယ်ဖို့ ကေပေး ၅ ထောင် ပို့ပေးလိုက်ကြပါဦး.. 😝
Ye Thar

Ye Thar

09 Nov, 13:29


ဗိုလ်ချုပ်မှူးကြီးငါးမင်းဆွေ အဖမ်းခံရတာက အကြောင်းမဟုတ်ဘူး..

သူ့ရဲ့တပ္ပည့်တွေဖြစ်တဲ့
ရန်အောင်စစ်ကြောင်းတို့
ရဲအောင်စစ်ကြောင်းတို့
ခန့်စည်သူစစ်ကြောင်းတို့
ယုန်လေးစစ်ကြောင်းတို့က

ဘယ်ရောက်သွားတာတုန်း.. ?
Ye Thar

Ye Thar

09 Nov, 09:34


ဖမ်းသွားပီ ပဲဟင်းစားရတော့မယ် .. 🕺

Ye Thar

08 Nov, 18:15


ပြည်

Ye Thar

08 Nov, 15:15


မြန်မာပြည်ရဲ့ ဖော်မြူလာ

တစ်နည်းနည်းနဲ့ နာမည်ကြီးအောင်လုပ်
မီဒီယာတွေမှာပါ
ကြော်ငြာအနည်းငယ်ရိုက်ရ
ရုပ်ရှင်ထဲ တစ်ခန်းစ နှစ်ခန်းစ ဝင်ပါရ
နာမည်ကြီး သရုပ်ဆောင်ဖြစ်မယ်လို့ထင်
နောက်ပိုင်း ဘယ်သူမှခေါ်မသုံး
ဘာမှမဖြစ်
ထမင်းငတ်
Ye Thar

Ye Thar

08 Nov, 10:01


နောင်တစ်ချိန် ကျနော့်ရုံးခန်းမှာထားဖို့ ပြည်မြို့က ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ကို ပုံစံငယ်လုပ်နေတာ မြင်းနဲ့ အောက်ခြေခုံတော့ရပြီ ၊ အပေါ်က ဗိုလ်ချုပ်အောင်ဆန်းကိုတော့ Clay လုပ်တတ်တဲ့သူဆီမှာ သွားအပ်မှရမယ် ၊ အားလုံးပြီးရင် အောက်ကပန်းခြံနဲ့ Led မီးတိုင်တွေထပ်ထည့်မယ်

အဲ့ဒါဆိုရင် ပြည်မြို့မှာ ဗိုလ်ချုပ်ကျောက်ရုပ်က ၂ ခုရှိသွားမယ် ၊ တစ်ခုက မြို့ထဲမှာ နောက်တစ်ခုက ကျနော့်ရုံးခန်းမှာ
Ye Thar

Ye Thar

07 Nov, 12:22


ထရမ့် ရွေးကောက်ပွဲမနိုင်ခင်က သူ့ကိုမနိုင်စေချင်တဲ့နိုင်ငံတွေက

ထရမ့်လည်းနိုင်ပြီဆိုရော ချက်ချင်းပဲ ငါတို့ရဲ့ မိတ်ဆွေဟောင်းကြီးတို့ ၊ ဘော်ဒါကြီးတို့ ၊ ငါ့ကောင်တို့ ၊ သားကြီးတို့ဆိုပြီး ချက်ချင်းဂုဏ်ပြုလွှာပို့ကြတာ

လောကကြီးရဲ့ ပုံမှန်ပြကွက်တွေပါ

ဒါပါပဲ ပျင်းစရာကြီး
Ye Thar

Ye Thar

07 Nov, 06:39


ကိုရီးယားမှာ
ထရမ့်ကို ထရမ့်ဖု လို့ခေါ်တယ်
Pipe ကိုကျတော့ ပိုက်ဖု
Gas ကိုကျတော့ ဂါ့ဆု

ကိုရီးယားနိုင်ငံသုံး အင်္ဂလိပ်စကားပြောက သက်သက်ရှိတယ်
အဲ့ဒီအထာတွေနားမလည်ရင် မိတ်ဆွေက အင်္ဂလိပ်စကေး ဘယ်လောက်ရှိရှိ တော်ရုံလူက နားလည်မှာမဟုတ်ဘူး
Ye Thar

Ye Thar

06 Nov, 09:25


ဒေါ်နယ်ဒတ် and ချိုင်းနား ..
Ye Thar

Ye Thar

05 Nov, 16:19


မအလ တော်ကီဖုတ်တာကို လက်ခုပ်တီးပြီး အားပေးတဲ့သူတွေ ရှိနေသေးတယ်..
ငါတို့ဆီမှာတောင် ဒီစောင်ရူးကို ဘယ်သူမှ အားမပေးဘူး 🙅‍♂️
Ye Thar

Ye Thar

05 Nov, 05:22


KIA က နယ်စပ်ကိုသိမ်းလိုက်တာနဲ့ ချက်ချင်းကြီးကို လုပ်စရာတွေက ပေါ်လာရော ..
အမေးဇင်း 😱
Ye Thar

Ye Thar

04 Nov, 17:52


ကျနော်ကတော့ ဒေါ်နယ်ဒတ်ကိုလည်း မဲမပေးဘူး ကင်းမလားကိုလည်း မဲမပေးဘူး 🙅‍♂️

ဘာဖြစ်လို့တုန်းဆိုတော့ 💁‍♂️

ပေးလို့မှမရတာ အမေရိကန်နိုင်ငံသားမှမဟုတ်တာ

အဲ့ဂလို

Ye Thar

Ye Thar

04 Nov, 07:31


ပြည်မြို့မှာ ပြည်သူပိုင်ပန်းခြံကို စစ်တပ်နဲ့နီးစပ်တဲ့သူက စီးပွားရေးဝင်လုပ်နေတာကို ဒို့ပြည် Page က တင်ပြီး ကျနော်ကပါ ဝိုင်းဖွပေးလိုက်တာ အခုပိတ်လိုက်ရပြီတဲ့ ကောင်းလိုက်တာ.. 👏👏
ပြည်သူပိုင်ပစ္စည်း ဘယ်သူမှ အလကားမရစေရ
Ye Thar

Ye Thar

04 Nov, 07:02


ဦးတေဇခေတ်ကုန်သွားပီ ၊ ဦးရဲသားခေတ်ရောက်ပီ
ခရိုနီတွေကို ​ဖနောင့်နဲ့ ပေါက်မယ့်ကောင် 😅
Ye Thar

Ye Thar

04 Nov, 06:35


ကမ္ဘာပေါ်မှာအရေးကြီးပြီး ရှားပါးတဲ့ မြေရှားသတ္တုတွေကို ပိုင်ဆိုင်ထားသော်လည်း မချမ်းသာတဲ့ မြန်မာပြည်..
Ye Thar

Ye Thar

04 Nov, 06:18


တရုတ်ဘက်က နယ်စပ်ဂိတ်ပိတ်ရင် မြန်မာဘက်က ရာသက်ပန်ပြန်ပိတ်လိုက် ၊ ကျောက်စိမ်းတွေ မြေရှားသတ္တုတွေ ကြေးနီတွေ သဘာဝဓာတ်ငွေ့တွေအပြင် မြေမူန်တစ်မူန်တောင် မရစေနဲ့ ..
Ye Thar

Ye Thar

03 Nov, 16:23


အတော်ကို တရားနည်းလမ်းကျတယ်နော်..
ဒီဘက်ကိုတော့ ပစ္စည်းအဝင်ပိတ်ထားတယ် သူတို့ဘက်ကိုတော့ သယ်တယ်တဲ့
Ye Thar

Ye Thar

02 Nov, 14:04


ဖြစ်ချင်တာက တပ်ရင်းမှူး ရောက်သွားတာက ထိပ်တုံး.. 🔗
Ye Thar

Ye Thar

02 Nov, 13:32


စစ်ကောင်စီ ဝန်ကြီးသားနဲ့ရည်းစားဖြစ်တာလောက်ကို စကားထဲထည့်ပြောနေကြတယ် ဝန်ကြီးသားမပြောနဲ့ သူတို့အဖေ ဝန်ကြီးတောင် ကျုပ်တို့ တော်လှန်သူတွေရဲ့ ခြေဖဝါးအောက်က အဆင့်ပဲရှိတယ်

နိုင်ငံတော်ပုန်ကန်မှုနဲ့ တစ်သက်လုံး ထောင်ထဲမှာနေရမယ့်ကောင်တွေ
ဘာ S ဆင့်မှ မရှိဘူး
Ye Thar

Ye Thar

27 Oct, 11:40


တကယ်တော့ မြန်မာနိုင်ငံဟာ တရုတ်ထက်လည်း ချမ်းသာသလို ပြင်သစ်ထက်လည်း ချမ်းသာပါတယ်

တရုတ်ထက် ဘာလို့ချမ်းသာလည်းဆိုရင် ဘာမှမထုတ်လုပ်ဘူးလေ ၊ ဆိုင်ကယ်မထုတ်နိုင်ဘူး ကားမထုတ်နိုင်ဘူး ဖုန်းမထုတ်နိုင်ဘူး အခြားဟာတွေလည်းမထုတ်နိုင်ဘူး ၊ မြန်မာတွေက အရမ်းချမ်းသာတဲ့အခါကျတော့ အဲ့လောက်ခေါင်းစားစရာမလိုဘူး ဝယ်သုံးလိုက်ရုံပဲ
( ပြည်တွင်းထုတ်လုပ်မှု မယ်မယ်ရရ ဘာမှမရှိဘူး )

ပြင်သစ်ထက် ဘာလို့ချမ်းသာလဲဆိုရင် ပြင်သစ်ဆိုရင် အီဖယ်မျှော်စင်ကြီးပြပြီး တစ်နှစ်ကို ခရီးသွားဦးရေ သန်း ၁၀၀ လောက်ဝင်တယ် ၊ အဲ့ကနေ ဝင်ငွေတွေ အများကြီးရတယ် ဒေသခံတွေစျေးရောင်းရတယ် ဟိုတယ်တွေ အလုပ်ဖြစ်တယ်

အဲ့ဒါကို မြန်မာပြည်က ဆရာကြီးအချို့က ခရီးသွားလုပ်ငန်းက အရေးကြီးလို့လားလို့ အခုထိပြောနေတဲ့သူတွေ ရှိနေလို့ပါ
Ye Thar

Ye Thar

27 Oct, 05:36


မြန်မာနိုင်ငံကို ကမ္ဘာကမသိလို့ အခြားနိုင်ငံတွေလို ရုပ်ရှင်နဲ့ကြော်ငြာမယ် ဆိုပြန်ရင်လည်း

ထွက်သမျှမြန်မာကားတိုင်းက တစ်ရွာနဲ့ တစ်ရွာ မတည့်တာ ၊ ရွာတောင်ပိုင်းနဲ့ ရွာမြောက်ပိုင်းမတည့်တာ ၊ ရွာသူကြီးချင်း မတည့်တာ ၊ ရွာခံအချင်းချင်း မတည့်တာ ၊ အိမ်ဆိုရင်လည်း တစ်အိမ်နဲ့တစ်အိမ် မတည့်တာ ၊ ဟိုဘက်အမျိုး ဒီဘက်အမျိုးမတည့်တာ ၊ တစ်အိမ်ထဲမှာနေတဲ့သူအချင်းချင်း မတည့်တာ ၊ သူငယ်ချင်း အချင်းချင်းမတည့်တာ ၊ ကျောင်းသူ ကျောင်းသားအချင်းချင်း မတည့်တာ

ဘယ်ဇာတ်ကားကမှ စည်းရုံးညီညာအောင်ကြောင်းဖြာလိုမျိုး ရိုက်မပြဘူး
အဲ့ဒါကြောင့် မြန်မာကားဆိုရင် ဘယ်နိုင်ငံမှ မပေါက်ဘူး
Ye Thar

Ye Thar

26 Oct, 05:49


အိမ်နီးချင်းနိုင်ငံတွေက မြန်မာနိုင်ငံကို နောက်ထပ် နှစ်ပေါင်း ၅၀၀ လောက် ဆင်းရဲမွဲတေ စုတ်ပြတ်နေစေချင်တာ..

အဲ့ဒါကြောင့် စစ်ကောင်စီကို အားပေးနေကြတာ
တော်လှန်ရေးအောင်သွားပြီး မြန်မာနိုင်ငံတိုးတက်သွားမှာကို ဘယ်နိုင်ငံမှ မလိုလားကြဘူး

မြန်မာနိုင်ငံတိုးတက်သွားတာနဲ့ နိုင်ငံတကာရောက် မြန်မာပြည်သား စက်ရုံအလုပ်ရုံအလုပ်သမားတွေ ဆောက်လုပ်ရေးလုပ်သားတွေ နေရပ်ပြန်ရင် သူတို့စီးပွားရေးထိပြီဆိုတာ သူတို့သိကြတယ်လေ
( မြန်မာတွေကို အဓိကထားလည်ပတ်နေတဲ့ စက်ရုံတွေပါ ပိတ်ပစ်ရမှာ )

​​မြန်မာပြည် ဆင်းရဲမွဲတေ စုတ်ပြတ်နေမှ သူတို့လိုချင်တဲ့ သယံဇာတတွေသယ်ပီး အလုပ်သမားတွေကို စျေးပေါပေါနဲ့ ခိုင်းလို့ရနေမယ်
Ye Thar

Ye Thar

25 Oct, 13:07


မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ အစိုးရအဆက်ဆက်မှာ ဘယ်အစိုးရကမှ စက်မှုလုပ်ငန်းကို ဦးစားမပေးခဲ့ဘူး
အောင်မြင်အောင်လည်း မလုပ်နိုင်ခဲ့ဘူး

အခုမြန်မာတွေ ကိုရီးယားအလုပ်သွားလုပ်လည်း စက်ရုံပဲ ၊ ဂျပန်သွားလည်း စက်ရုံပဲ ၊ ထိုင်းသွားလည်း စက်ရုံပဲ ၊ ဘယ်နိုင်ငံသွားသွား စက်ရုံတွေပဲ ပတ်လုပ်နေရတာ ။
အဲ့စက်ရုံတွေသာ မြန်မာပြည်မှာရှိနေရင် မြန်မာပြည်သူတွေ ဘယ်နိုင်ငံမှသွားပြီး အလုပ်လုပ်စရာမလိုတော့ဘူးလေ ၊ ဒီကြားထဲ သမဝါယမလုပ်မယ်ဆိုတဲ့ ဦးနှောက်မရှိတဲ့ စစ်တပ်ကပါ အာဏာထလုလိုက်တော့ လာအိုလိုနိုင်ငံမျိုးကပါ မြန်မာတွေကို ပြန်ခိုင်းတဲ့ အဆင့်ရောက်သွားတာပေါ့ ။
လာအိုသွားပြီးလုပ်ရမှာလဲ စက်ရုံပဲတဲ့
Ye Thar

Ye Thar

25 Oct, 05:13


မြန်မာကို အလုပ်သမားစာချုပ်ချုပ်ပြီး ခိုင်းလို့ရတဲ့နိုင်ငံများ

ကိုရီးယား ၊ ဂျပန် ၊ စင်္ကာပူ ၊ မလေးရှား ၊ ထိုင်း ၊ အိုမန် ၊ တရုတ် ၊ လာအို ၊ အရှေ့အလယ်ပိုင်းနိုင်ငံများနဲ့ အနောက်နိုင်ငံများ

မြန်မာက စာချုပ်ချုပ်ပြီး ပြန်ခိုင်းလို့ရတဲ့ နိုင်ငံများ မရှိပါ
Ye Thar

Ye Thar

25 Oct, 04:21


လာအိုမှာ အလုပ်သွားလုပ်ရမယ့် မြန်မာနိုင်ငံသားတွေရဲ့ လစာက တစ်လလုံးကိုမှ ဒေါ်လာ ၂၀၀ တဲ့..
တစ်ရက်ကို ၆ ဒေါ်လာခွဲပဲတန်တာပေါ့ ၊ ၆ ဒေါ်လာလောက်ပဲပေးပြီး လာအိုက မြန်မာကို ခိုင်းလို့ရပီပေါ့
Ye Thar

Ye Thar

24 Oct, 17:12


ရမခပြီးရင် ဒုတိယမြောက် ကျဆုံးမယ့် နပခ စစ်ဌာနချုပ်.. 📌

Ye Thar

Ye Thar

24 Oct, 06:53


တော်လှန်ရေးသာ နောက်ထပ် ၂ နှစ်လောက်ကြာဦးမယ်ဆိုရင် စစ်အုပ်စုက Tat တာနဲ့တင် မြန်မာနိုင်ငံမှာ ဘယ်သူမှရှိမှာမဟုတ်တော့ဘူး ..
အချိန်ဆွဲနေရင် မနက်ဖြန် သန်ဘက်ခါ ရွာတွေထပ်ပြီး မီးရိူ့ခံနေရဦးမှာပဲ လူတွေအများကြီး ထပ်သေနေရဦးမှာပဲ
Ye Thar

Ye Thar

24 Oct, 04:24


မြန်မာနိုင်ငံသားဖြစ်ရတာနဲ့တင် ကိုယ့်နိုင်ငံသားတွေ နိုင်ငံအစုံကိုသွား အိမ်သာဆေး မီးပူတိုက် အဝတ်လျော် ကြမ်းတိုက် အဆူခံ အဆဲခံရ ..
အဲ့ဒါ ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေ စောင်သုံးမကျခဲ့လို့ပဲ
Ye Thar

Ye Thar

17 Oct, 13:44


ဂန်းစတီးတွေ သူများဆိုင်ကယ်ဌားစီးတာက အကြောင်းမဟုတ်ဘူး..
ဆိုင်ကယ်တစ်ခုခုဖြစ်လို့ ဆိုင်ကယ်ပိုင်ရှင်တွေက စိတ်ဆိုးသွားရင် နောက်ဌားမှာမဟုတ်တော့ဘူး

အဲ့ဒါဆိုရင် ဂန်းစတီးတွေ ဆိုင်ကယ်စီးရမှာမဟုတ်တော့ဘူး ဟိုဟာပဲ စီးရတော့မှာ
Ye Thar

Ye Thar

17 Oct, 11:57


လောကကြီးမှာ ဆိုးပြရတာ မိုက်ပြရတာ အရမ်းလွယ်ပါတယ်

လူတစ်ယောက်ကို တုတ်နဲ့ပြေးရိုက် ဓားနဲ့ပြေးထိုးလိုက်ရင် လူမိုက်ဖြစ်သွားရော ၅ မိနစ်တောင်မကြာဘူး
အဲ့လိုလူတွေအတွက်လည်း သွားရမယ့်နေရာက ၃ နေရာပဲရှိတယ်

ထောင်ရယ် ၊ ဆေးရုံရယ် ၊ သချိုင်းကုန်းရယ်

အဲ့ဒီ့အစား လူကောင်းလုပ်ကြည့်စမ်းပါ ကြိုးစားကြည့်စမ်းပါ

မိဘပိုက်ဆံရှိလို့ ပြိုင်ကားဝယ်စီးတာမျိုးမဟုတ်ပဲ ကိုယ်ပိုင်အရည်အချင်းနဲ့ ချမ်းသာအောင်လုပ်ကြည့်စမ်းပါ ၊ ကိုယ့်ရဲ့နာမည်တစ်လုံးကို လူတိုင်းက အသိအမှတ်ပြုအောင် ကြိုးစားကြည့်စမ်းပါ

ရူးတောင်သွားဦးမယ်
Ye Thar

Ye Thar

17 Oct, 08:28


ဂန်းစတားလည်း
အောင်လအန်ဆန်းနဲ့ထိုးရင်
သွားကျိုးတာပဲ 🐰
သွားနုတ်ပေးမယ် လာခဲ့တဲ့

Ye Thar

17 Oct, 07:21


စားစရာတောင်မရှိတဲ့ကောင်တွေက အော်ရီဂျင်နယ် ဂန်းစတားတဲ့

ဂန်းစတားတော့မဖြစ်ဘူး ပျူစောထီးစတားပဲ ဖြစ်လိမ့်မယ်
Ye Thar

Ye Thar

16 Oct, 17:02


အားလုံးအေးချမ်းသွားတဲ့တစ်နေ့ကျရင် classic ကားလေးတွေဝယ်ပြီး လျှောက်သွားမယ်စိတ်ကူးတယ်..
နိုင်ငံရေးမှာလည်း ဝင်မပါတော့ဘူး ကိုယ့်ဘာသာ စီးပွားရေးလုပ်ပီး အေးအေးဆေးဆေးပဲနေတော့မယ် အဲ့ဒါ ကျနော်လိုချင်တဲ့ ဘဝမျိုးပဲ
Ye Thar

Ye Thar

16 Oct, 09:04


စစ်သားတွေစုပြီး ဘိန်းရှူကြတဲ့နေရာကို တပ်မတော်ဟု ခေါ်ပါတယ်..
Ye Thar

Ye Thar

16 Oct, 08:07


ဖေ့ဘုတ်သုံးရတာလဲ အတော်စိတ်ပျက်လာပီ တစ်ရက် တစ်ရက် ခေါင်းစဥ်မျိုးစုံနဲ့ အလှဓာတ်ပုံ ၅ ပုံလောက်တင်ပြီး လေးစားပါတယ်ဆိုတဲ့ တော်လှန်ရေးဆယ်လီဆိုသူများရဲ့ ပုံတွေကိုလည်း မကြည့်ချင်တော့ဘူး ၊ လေးစားမယ့်သူတွေကလည်း တော်လှန်ရေးပီးမှ လေးစားကြစမ်းပါ ၊ လေးစားတာကို ဂုဏ်ယူမယ့်သူများကလည်း တော်လှန်ရေးပီးမှ ဂုဏ်ယူကြစမ်းပါ

အဲ့လိုလုပ်လို့ မရဘူးလား.. ?
တော်လှန်ရေးပြီးဖို့က နံပါတ် ၁ မဟုတ်ဘူးလား
Ye Thar

Ye Thar

16 Oct, 07:25


ဒုက္ခတွေ အဆင်မပြေလို့တဲ့

ပွဲအမြန်ပြီးမှဖြစ်မယ်ဆိုတာ အဲ့ဒါတွေကြောင့်ပဲ အချိန်မရှိဘူး တစ်ရက်နောက်ကျလေ ပြည်သူတွေ တစ်ရက်ပိုဒုက္ခရောက်လေပဲ
Ye Thar

Ye Thar

15 Oct, 12:20


ပြည် သံလမ်းဂိတ်က အများပြည်သူ အပန်းဖြေပန်းခြံ ကို စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပုဂ္ဂလိကပိုင်ပျိုးခြံ အဖြစ် ငှားရမ်းလုပ်ကိုင်ခွင့်ရ

အောက်တိုဘာ-၁၅

ပြည်မြို့၊ လူစည်ကားရာ အချက်အချာကျတဲ့နေရာ ဖြစ်တဲ့ သံလမ်းဂိတ်၊ ကြက်လျှာစွန်း မှာ ရှိတဲ့ အများပြည်သူ အပန်းဖြေရာ ပန်းခြံ ကို စစ်ကောင်စီတွေနဲ့ နီးစပ်သူတွေက ငှားရမ်းပြီးလုပ်ကိုင်ခွင့်ကို ရထားတယ်လို့ မြို့ခံတွေက ဒို့ပြည်ကို သတင်းပေးပါတယ်။

အဲဒီနေရာဟာ ပြည်ကုတင် ၅၀၀ ပြည့်သူ့ဆေးရုံ အနီး၊ ပြည်-အောင်လံကားလမ်းမကြီးနဲ့ ခေတ္တရာမြို့သစ်အဝင် ကားကြီးဝန်း အနီးမှာ တည်ရှိတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရလက်ထက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ စည်ပင်ကော်မတီနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေပူးပေါင်းပြီး စည်ပင်ဧရိယာတွေထဲမှာ ရှိတဲ့ အများပြည်သူပိုင်နေရာတွေကို ငှားရမ်း လုပ်ကိုင်ကြတဲ့သူတွေဆီကနေ ပြန်လည်သိမ်းယူတဲ့ နေရာတွေထဲမှာ အခု ပန်းခြံလည်းပါဝင်ခဲ့ပါတယ်။

"အများပြည်သူအပန်းဖြေပန်းခြံကို ပျိုးခြံအရောင်းဆိုင်အဖြစ် ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေပါတယ်" လို့ ဒို့ပြည်ရဲ့ မြေပြင်ရင်းမြစ်က ပြောပါတယ်။

ဒို့ပြည်ရဲ့ ထပ်မံစုံစမ်းဖော်ထုတ်ချက်အရ ပန်းခြံနေရာကို လုပ်ကိုင်ခွင့်ရထားသူတွေဟာ စစ်တပ်အဆက်ဆက် စစ်ထောက်ခံလိုလားသူတွေဖြစ်ပြီး လက်ရှိမှာလည်း စစ်ကောင်စီအလိုကျ ပွဲလမ်းလုပ်နေသူသက်ကြီးအမျိုးသား (နာမည်နဲ့နေထိုင်ရာကို အတိအကျရရှိထား) ရဲ့ သမီး(စစ်တပ်နဲ့ပတ်သက်သူ နာမည်ကိုအတိအကျရရှိထား) တို့ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပျိုးပင်အရောင်းဆိုင်ပြီး ခြံစည်းရိုးခတ် ဆိုင်းဘုတ်ထောင်ပြီး လုပ်ကိုင်နေတာပါ။

"သူတို့က အရင်ကလည်း ပျိုးပင်တွေအလှပင်တွေနဲ့ သရက်ပင်တွေရောင်းတာပါ။ စစ်ကောင်စီပွဲတွေမှာ အပင်တွေငှားတာ အလှဆင်တာတွေကနေ အခုပျိုးခြံဆိုပြီး ဖွင့်လာတာ။ စည်ပင်ကော်မတီဒေါ်သန်းသန်းဝေ လက်ထက်က အဲနေရာမှာ ပန်းခြံဆိုပြီး အားကစားပစ္စည်းတွေ ထိုင်ခုံတွေ ချခဲ့တာ" လို့ မြို့ခံတဦးက ပြောပါတယ်။

NLD လက်ထက်မှာ အများပြည်သူအပန်းဖြေနေရာတွေအဖြစ် ပြန်လည်သိမ်းယူခဲ့တဲ့နေရာတွေကတော့ မြို့လယ်ကောင် ဗိုလ်ချုပ်ကျောက်ရုပ်အရှေ့က ဗိုလ်ရှုခံ (ယခင်ပြည်စတားဘီယာဆိုင်နေရာ)၊
ပြည်ကမ်နားပန်းခြံ တောင်ဘက်ခြမ်း (ယခင်က လှိုင်းဧရာ စင်တင်စားသောက်ဆိုင်) နဲ့ ယခု နေရာတို့ဖြစ်ပါတယ်။

တခြားနေရာတွေကိုလည်း ပြန်လည်တောင်းယူပေမယ့် စစ်တပ်သိမ်းထားတဲ့နေရာတွေနဲ့ စစ်တပ်နဲ့ ပတ်သက်သူ စီးပွားရေးလုပ်ငန်းရှင်တွေက ပြန်လည်ပေးခဲ့တာမရှိပါဘူး။

အခုတကြိမ် စစ်အာဏာသိမ်းမှုမှာတော့ အများပြည်ုသူပိုင်နေရာတွေကို စစ်ကောင်စီနဲ့ နီးစပ်သူတချို့ဟာ ပြန်လည်လုပ်ကိုင်ခွင့်၊ ငှားရမ်းခွင့်၊ အသုံးချခွင့်တွေပြန်လည် ရလာကြပါတယ်။

#ဒို့ပြည်
#လူထုအတွက်သတင်းအချက်အလက် #မျှဝေပါ #သတိပြုပါ #ပြည် #စည်ပင်

39,635

subscribers

760

photos

303

videos