Info Committee Yesagyo @infocommitteeyesagyo Channel on Telegram

Info Committee Yesagyo

@infocommitteeyesagyo


Freedom, Justice & Peace

Info Committee Yesagyo (English)

Welcome to the Info Committee Yesagyo Telegram channel! If you are passionate about freedom, justice, and peace, then you have come to the right place. Our channel is dedicated to spreading awareness and information about important issues related to these values. Who are we? We are a group of individuals who believe in the power of knowledge and communication to make a positive impact on society. What is Info Committee Yesagyo? It is a platform where like-minded individuals can come together to discuss, learn, and take action on pressing social issues. Our goal is to promote a world where freedom, justice, and peace are not just ideals, but realities for all. Join us in our mission to create a better future for everyone. Stay informed, stay engaged, and together, we can make a difference.

Info Committee Yesagyo

21 Nov, 06:04


ရေစကြိုမြို့နယ် သဲတောရွာနှင့်ကျောက်လှေခါးရွာအနီး မနက် 5:20 am မှစပြီ လေကြောင်းဖြင့် ဗုံးကြဲပြီး မြေပြင်စစ်​ကြောင်းထိုးနေကြောင်းသတင်းရရှိပါသည်။
(ပြည်သူများ ဘေးကင်းကြပါစေ)

ရေစကြို၊ နိုဝင်ဘာ ၂၁

#InfoCommitteeYesagyo

Info Committee Yesagyo

13 Nov, 13:34


ဟန်ပြ ရွေးကောက်ပွဲအတွက် ဟန်ပြလုပ်‌ဆောင်၊ သန်း‌ခေါင်စာရင်းကောက်သည်နှင့် မတူဘဲ အရူးတွေ ရပ်အတွင်းရောက်လာပြီး မေးချင်တာမေးပြီး၊ ရေးချင်တာရေးယူသွား

ရေစကြို၊ နိုဝင်ဘာ ၁၃

ရေစကြိုမြို့ပေါ် ရပ်ကွက်အချို့၌ သန်းခေါင်စာရင်းကောက်ယူနေရာ ဟန်ပြလုပ်ဆောင်မှုသာဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူသည်နှင့် မတူဘဲ အရူးတွေ ရပ်ကွက်အတွင်းလာရောက်ပြီး တောင်မေး မြောက်မေးနှင့် ရေးချင်ရာ ရေးယူသွားကြကြောင်း ရပ်ကွက်သူ/သားများအတွက် ဟာသတစ်ခုလိုဖြစ်နေကြောင်း သတင်းပေးပို့ချက်အရ သိရှိရပါသည်။
"လိုက်ပါကောက်ယူတဲ့ ဆရာမတွေကိုဘယ်ရပ်ကွက် သွားမယ်လို့ မပြောဘူးတဲ့ဗျ၊ ချောဆွဲထားတဲ့ လိုင်ကားတွေပေါ် တက်ဆိုပြီး ခေါ်တင်သွားကြတာ၊ မအလ ခွေးတွေက အကောင် ၁၀၀ လောက်ပါလာတယ်၊ ရပ်ကွက်ထဲရောက်တော့ ရပ်ကွက်ကို ပတ်ဝိုင်းပြီး သေနတ်‌တွေ ဖောက်လိုက်ကြတယ်၊ ခွေးတွေရောက်လာပြီပေါ့ဗျာ သဘောကတော့၊ ရုံးပေါင်းစုံထဲက ခွေးတွေကလည်း အဲဒီအနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ လှမ်းထုလိုက်သေးတယ်၊ အဲဒီနောက် ပါလာတဲ့သူတွေ ကားပေါ်က ဆင်းကြပြီး တစ်အိမ်နှစ်အိမ်ဝင် ဟန်ပြစာရင်းကောက်လိုက်တယ်၊ ပြီးတော့ အနီးမှာရှိတဲ့ ဓမ္မာရုံတို့ ဘုန်းကြီးကျောင်းတို့ထဲဝင်ပြီး တစ်အိမ်တစ်ယောက်လာကြလို့ ခေါ်လိုက်တယ်၊ အဲဒီနားမှာ သေနတ်တကားကားနဲ့ ခွေးတွေက ဝိုင်းထားတာပေါ့၊ လာတဲ့သူလဲလာ ပြေးတဲ့သူလဲပြေးပေါ့၊ လာတဲ့သူတွေကို ဘာတွေမေးလဲဆိုရင် ခင်များ အဘနဲ့ အမေကြီးဘယ်အချိန်အိမ်ထောင်ကျလဲ၊ အိမ်ထောင်ကျတာ ဘယ်နှစ်ကလဲ၊ အဲဒီတော့ မသိဘူးပေါ့ဗျာ၊ မှန်းပြီးပြောပါတဲ့၊ အဲတော့ လျှောက်ပြောလိုက်တာ ရေးယူသွားကြတယ်၊ နောက်ပြီး အဖေ အမေလည်းအဲလို‌မေးတော့ လျှောက်ပြောတာဘဲ၊ အိမ်က တိုက်လား ဘာလားပေါ့၊ အခန်းဘယ်နှစ်ခန်းရှိလဲ၊ ရေဘယ်လိုသုံးလဲ၊ အီးဘယ်လိုပါလဲ၊ ရေလောင်းအိမ်သာလား ဘာလားပေါ့၊ လျှောက်ပြောတာဘဲဗျာ၊ အကုန်ရေးယူသွားကြတယ်၊ ဆိုင်ကယ် ဘယ်နှစ်စီးရှိသလဲ၊ ဘာအမျိုးအစားလဲ၊ ဘယ်တုန်းက၀ယ်လဲ၊ အမှိုက်ဘယ်လိုပစ်လဲတဲ့ ရီစရာကြီး လာတဲ့သူတွေကလည်း မဖြစ်လို့လာကြတာလေ၊ သူတို့တဖွဲ့လုံးကို အာဏာရူး မအလ ခွေးတွေလို့ သဘောထားတာကို၊ ဒါအမှန်ပြောတာ လာတဲ့လူတိုင်းလိုလို အဲလိုဘဲ၊ အဲတော့ သူတို့က ဘာပြောလဲဆိုရင် တာဝန်အရ မဖြစ်လို့ လာရတာပါတဲ့၊ မှားမှားမှန်မှန် မေးတာသာ မြန်မြန်ဖြေပေးကြပါတဲ့၊ ရီးစရာကြီး မျက်လုံးက တောင်ကြည့် မြောက်ကြည့်နဲ့ သူတို့ခမျာလည်း သနားစရာတော့ အကောင်းသား၊ ပြီးတော့ နာမည်မှားရေးမီလို့မှားရေးနေတယ်ပြောလဲ ကိစ္စမရှိဘူးလို့ပြောပြီး မေးချင်ရာမေး လာတဲ့သူကလည်း ဖြေချင်ရာဖြေ၊ ရေးချင်ရာရေး ပီးတော့ ပြာယီးပြာယာ ကားတွေပေါ်တက် ပြန်သွားကြလေရဲ့၊ သူတို့လုပ်ပုံက ကျုပ်တို့ရပ်ကွက်ထဲမှာ ဟာသကြီးကို ဖြစ်လို့ပါဗျာ" ဟု ဒေသခံ ပြည်တစ်ဦးက ပြောပြပါသည်။

#InfoCommitteeYesagyo

Info Committee Yesagyo

13 Nov, 12:43


ရေစကြိုမြို့နယ်နှင့် မြောင်မြို့နယ်အစပ် ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ရေစကြို၊ နိုဝင်ဘာ ၁၃

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသနှင့် ထိစပ်လျှက်ရှိသော မြောင်မြို့နယ်၊မြစ်သာကျေးရွာကို ယနေ့ 2:08 pm ခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်လေယာဉ် ၂ စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ပြီး (၁၅) မိနစ်ခန့်အကြာတွင် ဒုတိယအကြိမ် (၁) စီး စုစုပေါင်း (၃) စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်သွားကြောင်း သိရှိရပါသည်။
တချိန်ထဲတွင် ရေစကြိုဘက်မှ မအလ စခများက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေပြီး၊ ရေစကြိုမြို့နယ် ရွှေလှံကျေးရွာနှင့် မြောင်မြို့နယ် ငါးဖယ်ကျေးရွာများတွင် လက်နက်ကြီး ကျရောက်မှုရှိကြောင်း ကနဦး သိရပြီး ပျက်စီးမှုနှင့် အသေးစိတ်အခြေအနေများမသိရသေးကြောင်း ဒေသခံများမှ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

#InfoCommitteeYesagyo

Info Committee Yesagyo

11 Nov, 10:42


ရေစကြိုမြို့ပေါ်မှ အကြမ်းဖက် မအလ စခများ ရမ်းကား ပစ်ခတ်သော လက်နက်ကြီးကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံး

ရေစကြို၊ နိုဝင်ဘာ ၁၁

ယနေ့ 12:10 pm အချိန် ရုံးပေါင်းစုံအတွင်းမှ အကြမ်းဖက် မအလ စခများ ရမ်းကားပစ်ခတ်သော လက်နက်ကြီး ညောင်ဇောက်ရွာအနီး ကျရောက် ပေါက်ကွဲပြီး ညောင်ဇောက်ကျေးရွာ အသက် ၂၅ နှစ်အရွယ် ကိုမြတ်နိုးသူ (အဖ - ဦးကျော်စိုး ) နေရာတွင် သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။
(ပြည်သူများ ဘေးရန် ခွေးရန် အမြန်ဆုံး ကင်းဝေးကြပါစေ)

#InfoCommitteeYesagyo

Info Committee Yesagyo

07 Nov, 11:21


ယနေ့ နံနက်ပိုင်း မအလ ကျွန်ရူးများ အမှတ် ၁ ရပ်ကွက်တွင် သန်းခေါင်စာရင်းများ ကောက်ယူသွားကြောင်း ထိတ်ထိတ်ပြာပြာနှင့် ကောက်ယူနေခြင်းဖြစ်ပြီး အချက်အလက်များကိုလည်း ပါပြီးရော မှားလည်းဘာမှမဖြစ်ဘူး ဟုဆိုကာ ပြီးစလွယ် ကောက်ယူသွားကြကြောင်း သိရှိရပါသည်။

ရေစကြို၊ နိုဝင်ဘာ ၇

#InfoCommitteeYesagyo

Info Committee Yesagyo

07 Nov, 11:13


ရေစကြို ရေလယ်ကျွန်းဒေသ မင်းရွာမှ မအလ စခနှင့် ပျူခွေးများ ရိက္ခာပြတ်လပ်နေသောကြောင့် အနီးရှိ နေရင်းကျေးရွာကို နိုဝင်ဘာ ၆ ရက်နေ့ကဝင်ရောက်လာပြီး ပြည်သူများ၏ ပစ္စည်းဥစ္စာများနှင့် စားသောက်ကုန်များကို ခိုးယူလုယက် သယ်ဆောင်ကာ ညနေပိုင်း ၄ နာရီကျော်အချိန်တွင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါသည်။
ယနေ့ နိုဝင်ဘာ ၇ ရက်နေ့တွင်လည်း ထပ်မံဝင်ရောက်လာကာ ညနေ ၃ နာရီခွဲအချိန်တွင် နောက်ထက်တစ်ကြိမ်မီးရို့ဖျက်ဆီးနေကြောင်း သိရှိရပါသည်။
မင်းရွာကျေးရွာတွင် ဆင်ချောင်းသား စိုးမောင်၏ လက်ပါးစေ ပျူခွေး မျိုးဝင်းခိုင် ဦးဆောင်နေပြီး စခများနှင့်ပေါင်းကာ ရွာထဲရှိလူငယ်များကို အတင်းအဓမ္မ ပျူထဲဝင်ခိုင်းပြီး ရေလယ်ကျွန်းဒေသတွင် ရမ်းကားယုတ်မာနေကြောင်း သိရှိရပါသည်။
(ပြည်သူများ ဘေးရန် ခွေးရန် အမြန်ကင်းဝေးကြပါစေ)

ရေစကြို၊ နိုဝင်ဘာ ၇

#InfoCommitteeYesagyo

Info Committee Yesagyo

06 Nov, 12:42


နံနက် ၁၀ နာရီတွင် မအလ စခများ ကား ၂ စီး လူအပြည့်ဖြင့် ရုံးပေါင်းစုံအတွင်း ဝင်လာကာ မနက်ကတည်းစစ်ကြောင်း၂ ကြောင်းဖြင့် မြို့ပတ် မွှေနေပြီး မွန်းလွဲပိုင်း ရွာသစ်၊ ညောင်စောက် လမ်းတစ်လျောက် တောရိုးများ‌မွှေ‌နေပြီး ညပိုင်း ကင်းပုန်းများချထားကြောင်း၊ အယ်ဖာဘက်စ်ကား ၂ စီးဖြင့်မြို့ထဲမွှေနေကာ အာဏာရူး မိစ္ဆာကောင် မင်းအောင်လှိုင်၏ ကျွန်ရူး ခွေးရူးများ သင်္ချိုင်းရှာနေကြပြီး ပြည်သူကို ဆင်းရဲဒုက္ခမျိုးစုံ ပေးနေကြောင်း သိရှိရပါသည်။

(ပြည်သူများ ဘေးရန် ခွေးရန် အမြန်ဆုံးကင်းဝေးကြပါစေ)

ရေစကြို၊ နိုဝင်ဘာ ၆

#infocoommitteeyesagyo

Info Committee Yesagyo

06 Nov, 07:31


မနက် ၁၀ ခွဲမှစ၍ အမှတ် ၄ ဖောင်တော်ဦးဘုရား ကွင်းပြင်မှ အရှေဘက် မြောင်နယ်အတွင်းသို့ မအလ ခွေးများ လက်နက်ကြီးများဖြင့် မနားတမ်း ပစ်ခတ်‌နေပြီး ပေကုန်းကျေးရွာမှ ဘက်စုံအထိ ခွေးကင်းပုန်းများချ စစ် ဆေးနေကြောင်း၊ ရုံးပေါင်းစုံနှင့်ရဲစခန်းများတွင် သေနတ်သံများကြားနေရကြောင်း သိရှိရပါသည်။
(ပြည်သူများ ဘေးရန် ခွေးရန် အမြန်ကင်းဝေးကြပါစေ)

ရေစကြို၊ နိုဝင်ဘာ ၆
11:30 am

#InfoCoommitteeYesagyo

Info Committee Yesagyo

06 Nov, 04:40


ယနေ့ နံနက်ပိုင်း ရေလယ်ကျွန်း၊ မင်းရွာမှ ပျူခွေးများ ပေါက်တောကျေးရွာဘက် သင်္ချိုင်း ထွက်လာပြီး ယာလုပ်နေသော အမျိုးသမီးတဦး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။
(ပြည်သူများ ဘေးရန် ခွေးရန် အမြန်ကင်းဝေးကြပါစေ)

ရေစကြို၊ နိုဝင်ဘာ ၆
8:45 am

#InfoCommitteeYesagyo

Info Committee Yesagyo

06 Nov, 04:40


ရေစကြို
6.11.24 - 8:15 am

ခွေးများ ကား ၂ စီးအပြည့် ရေစကြိုမြို့ထဲ ဝင်ရောက်လာ။
(ပြည်သူများ ဘေးရန် ခွေးရန် အမြန်ကင်းဝေကြပါစေ)

#InfoCommitteeYesagyo

Info Committee Yesagyo

06 Nov, 04:39


ရေစကြိုမြို့ဝင် ဆက်သွယ်ရေးရုံးအတွင်း ခွေး ၁၅ ကောင် 7:00 am တွင်ကင်းပုံးဝပ် ရှိနေကြောင်း သိရ။
(ဘေးရန် ခွေးရန် ကင်းကြစေရန်)

နိုဝင်ဘာ ၆၊ ၂၀၂၄
7:45 am

#InfoCommitteeYesagyo

Info Committee Yesagyo

04 Nov, 06:20


ရေစကြိုမြို့ပေါ် လုပ်ငန်းရှင်များထံမှ မအလ စခခန့် မြို့နယ်အုပ်မှူး ဆေးကုသစရိတ် တောင်းယူ၊ အခွန်ကောက်သည်ဟု အကြောင်းပြ

ရေစကြို၊ နိုဝင်ဘာ ၄

ရေစကြိုမြို့တွင် ရပ်ကွက်အချို့သာ အုပ်ချုပ်နိုင်သော မအလ စခခန့် အုပ်မှူး သိန်းဝင်း ဆေးခွင့် ၃ လကျော်ယူထားရာက ပြန်ရောက်လာပြီး မြို့ပေါ်လုပ်ငန်းရှင်များထံမှ အခွန်ကောက်သည်ဟုဆိုကာ ဆေးကုသစရိတ် တောင်းယူနေကြောင်း၊ လုပ်ငန်းအကြီးသေးအပေါ်မူတည်၍ ၃ သိန်း၊ ၅ သိန်း၊ ၁၀ သိန်းအထိ ပေးကြရကြောင်း သိရှိရပါသည်။

အခွန်ဟုဆိုသည့်အတွက် အချို့လုပ်ငန်းရှင်များက ယာယီအုပ်မှူးလုပ်သွားသော ပျူခွေး နိုင်မင်းထွန်း ထံ ပေးပြီးဖြစ်ကြောင်းပြောသော်လည်း ဒီကောင်က ယာယီမို့ လုပ်ခွင့်မရှိဘူး သူ့ဟာသူ သူတောင်းစားလို တောင်းသွားတာ မရဘူး၊ ထပ်ပြီးပေးကို ပေးရမယ်ဟု ပြောဆိုသောကြောင့် လုပ်ငန်းရှင်များ မိ"အေးနှစ်ခါနာ သူတောင်းစား နှစ်ခါပေး" ဖြစ်ကြရကြောင်း သိရှိရပါသည်။

သိန်းဝင်းက နိုင်မင်းထွန်းအနေဖြင့်ယာယီ ၃ လကျော်သာ တာဝန်ထမ်းဆောင်ရသဖြင့် " နိုင်မင်းထွန်း ဆိုတဲ့ အကောင်က ထင်ရာလုပ်သွားတာ၊ ဒီကောင်နဲ့ ဘာမှမဆိုင်ဘူး အလုပ်ကလေး မဖြစ်စလောက်လုပ်ပြပြီး အကြံအဖန်နဲ့ ဆိုတီး လုပ်သွားတာ၊ ဒီကောင်သာ မြို့နယ်အုပ်မှူးဖြစ်ရင် မလွယ်ဘူး" ဟု ငပြူးက ငပြဲလုပ်ကာ ပြောဆိုနေကြောင်း သိရှိရပါသည်။

မြို့ပေါ်တွင် လုပ်ငန်းအခွန်များကို အခွန်ရုံးက ကောက်ယူရမည်ဖြစ်သော်လည်း အခွန်ရုံးက အခွန်မကောက်ရဲသဖြင့် မအခ စခနှင့် ပျူခွေးများက လုပ်ငန်းရှင်များကို ဆင့်ခေါ်ကောက်ခံခြင်းဖြစ်ကြောင်း၊ ဆန်သည်များအနေဖြင့်အခွန်ပေးဆောင်ရသည့်အပြင် ဆန်ဝယ်ယူမည့်ဆိုလျှင် တစ်ခေါက်သယ်ယူဖို့ ဆန်သယ်ယူခွင့်လက်မှတ်ကို ဆန်အိတ်အရေအတွက်ပေါ်၍ ၅ သောင်းနဲ့ ၁ သိန်းကြားပေးကြရ‌ကြောင်း၊ ဆေးဆိုင်များလည်း ထိုနည်းတူ ဆေးတခါဝယ်ယူမည်ဆိုလျှင် သယ်ယူခွင့် ၃ သောင်းနှင့် ၃ သောင်းအထက်ပေးရကြောင်း၊ ဖုန်းဆိုင်တစ်ဆိုင် ဖုန်းနဲ့ဆက်စပ်ပစ္စည်းသယ်ယူခွင့် တစ်ခေါက်လျှင်၂ သောင်းပေးရကြောင်း၊ လမ်းတွင်ရှိသည့်ဂိတ်များကိုလည်း သီးသန့်‌ပေးကြရကြောင်း၊ မြို့ပေါ်တွင် အလုပ်အကိုင် ခက်ခဲခြင်း၊ ကုန်ဈေးနှုံးကြီးမြင့်လာခြင်းနှင့် အထွေထွေအခက်အခဲ အကြပ်အတည်းများကြောင့် ပြည်သူများ ဆင်းရဲဒုက္ခ ပိုမိုကြီးမားလာကြောင်း သိရှိရပါသည်။

(ပြည်သူများ ဘေးရန် ခွေးရန် အမြန် ကင်းဝေးကြပါစေ)

#InfoCoommitteeYesagyo

Info Committee Yesagyo

01 Nov, 13:27


မြိုင်နယ်၊ လင်းကတောစခန်းမှ မအလ ခွေးများ အနီးပါတ်ဝန်းကျင်ရွာများ လှည့်လည် သင်္ချိုင်းရှာ စစ်ကြောင်းထိုးနေပြီး ယနေ့ နံနက်ပိုင်း မိုင်းဆွဲတိုက်ခိုက်ခြင်း ခံခဲ့ရပြီး အနီးနားရှိ နိပဆေးတောရွာ (ရေစကြိုမြို့နယ်)ကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခြင်းကြောင့် အပြစ်မဲ့ပြည်သူများ၏ နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ သင်္ချိုင်းရှာ မအလ ခွေးများ ညနေပိုင်းအချိန် လင်းကတောရွာ စခန်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရှိရပါသည်။
(ပြည်သူများ ဘေးရန် ခွေးရန် အမြန်ဆုံး ကင်းဝေးကြပါစေ)

ရေစကြို၊ နိုဝင်ဘာ ၁

#InfoCommitteeYesagyo

Info Committee Yesagyo

31 Oct, 14:22


ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်အချိန် တော်ဝင်ဆီဆိုင်အနီး၌ လူငယ်တစ်ဦးကို မအလ စခနှင့် ပျူခွေးများ အိမ်စီးကားဖြင့် စောင့်ဖမ်းသွားပြီး ညနေ ၃ နာရီလောက်တွင်အမှတ် ၅ ရွာဘိုးရပ်ရှိ အမျိုးသမီးတစ်ဦးကို ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။

ရေစကြို၊ အောက်တိုဘာ ၃၁

#InfoCommitteeYesagyo

Info Committee Yesagyo

26 Oct, 12:39


မအလ စခနှင့် ပျူခွေးများ ရမ်းကားပစ်ခတ်သောကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦးသေဆုံး

ရေစကြို၊ အောက်တိုဘာ ၂၆

ရေစကြိုမြို့၊ အမှတ် ၈၊ အောင်မင်္ဂလာရပ်သို့ အောက်တိုဘာလ ၂၅ ရက် နေ့ ခင်းပိုင်း ရုံးပေါင်းစုံအတွင်းမှ မအလ စခများနှင့် ပျူခွေးများ ကား၂ စီးဖြင့်ရောက်လာပြီး ရေစကြို-ညောက်ဇောက်လမ်းမကြီးပေါ်၌ သေနတ်ပစ်ဖောက် ခရီးသွားပြည်သူများကို စစ်ဆေးနေစဉ် ဆိုင်ကယ်နှစ်ယောက်ပူးစီးသူကို တွေ့သဖြင့်လိုက်လံပစ်ခတ်ရာ ဆိုင်ကယ်သမားနှစ်ဦးကို မထိမှန်ဘဲ အလုပ်မှပြန်လာသော လက်သမားဆရာ အသက် (၃၇) နှစ်အရွယ် ကိုဌေးဝင်း သေနတ်ကျည်ထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပါသည်။
သေဆုံး ကိုဌေးဝင်းသည် အမှတ် ၈၊ အောင်မင်္ဂလာရပ် အောင်တော်မူကျောင်းအနီး နေထိုင်သူဖြစ်ကြောင်း မိသားစုကို လုပ်ကိုင်ကျွေးမွေး‌နေသော လက်သမားဆရာတစ်ဦး ဖြစ်ပြီး ကလေးငယ် ၃ ယောက်၏ ဖခင်ဖြစ်ကြောင်း သိရှိရပါသည်။

#InfoCommitteeYesagyo

Info Committee Yesagyo

19 Oct, 14:47


ယနေ့ ညပိုင်း 6:15 pm မှစ၍ ရုံးပေါင်းစုံထဲလက်နက်ကြီးနဲ့ သုံးကြိမ်တိုင်ပစ်ခတ်ခဲ့ပြီး ည 8:00 pm အချိန်တွင် မအလ စခများ သေနတ်များ ရမ်းကားပစ်ဖောင်နေကြောင်း သိရှိရပါသည်။

ရေစကြို၊ အောက်တိုဘာ ၁၉

#InfoCommitteeYesagyo

Info Committee Yesagyo

14 Oct, 06:06


ရေစကြို တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၇/၅၈ မှ တောင်အို ခွေးခြံမှထွက်လာသော ခွေးများသည် ရေစကြိုမြို့နယ် ကံသစ်ရွာ တောင်ဖျား ထန်းတောရှိ နေအိမ်များကို ဒီနေ့မနက် အစောပိုင်းမှစ၍ မီးရှို့ဖျက်ဆီးနေကြောင်းသိရှိရပါသည်။

ကံသစ်ရွာတွင် ယခုလက်ရှိအချိန်ထိ စခများရှိနေသေးကြောင်းသတင်းရ။

#ဒေါင်းစစ်သည်
Oct 14, 10:56AM

Info Committee Yesagyo

13 Oct, 07:40


အင်အား ၇၀ခန့် စစ်ကြောင်းကို ပကဖ ဖြတ်တောက်တိုက်ခိုက်၊ ၈ဦး သေဆုံးကာ လက်နက်တွေသိမ်းမိ၊ အကြမ်းဖက် စခများက ရဟန်းတစ်ပါးနှင့် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်ထားခဲ့

အောက်တိုဘာ ၁၃၊ ၂၀၂၄

ရေစကြိုမြို့နယ်၊ ခလရ (၂၅၆) မှ ထွက်လာတဲ့ အင်အား ၇၀ခန့်ရှိတဲ့ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ရေစကြိုပကဖ က ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့က တိုက်ခိုက်ခဲ့ပါတယ်။

အင်အား ၇၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ဇီးကုန်းနဲ့ ဇီးကုန်းကျွန်းကျေးရွာကြားအရောက် တွင်အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တဲ့ ၁ နာရီကျော် တိုက်ပွဲအပြီးမှာ စစ်တပ်ဘက်က ၈ဦးသေဆုံးကာ MA3 တစ်လက်၊ ၎င်းကျည်ဘောက် (၄ဘောက်)၊ MA11တစ်လက်နဲ့ ၎င်းကျည်ဘောက်၃ဘောက်၊ 5.56mm ကျည် (၂၇၅)တောင့်၊ အီနာဂါဗုံးသီိးတစ်လုံး သိမ်းဆည်းရမိခဲ့ပါတယ်။
အောက်တိုဘာလ ၁၂ ရက်နေ့ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွါးခဲ့ရာ နေရာကို နယ်မြေရှင်းလင်းရေးလုပ်စဉ် ရဟန်းတစ်ပါးနှင့် ဒေသခံပြည်သူ ၂ ဦးကို အကြမ်းဖက် စခများက သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

တိုက်ပွဲဖြစ်ပွါးခဲ့စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ်(ပ.က.ဖ)မှ ရဲဘော်တဦး တိုင်းပြည်အတွက် မြင့်မြတ်စွာအသက်ပေးလှူသွားခဲ့ပြီး ကျန်ရဲဘော် ၂ ဦးမှာလဲ အသက်အန္တရာယ် မစိုးရိမ်ရဒဏ်ရာရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Telegram Link
https://t.me/ysopdf/387
#InfoCommitteeYesagyo

Info Committee Yesagyo

08 Oct, 12:47


ရေစကြိုမြို့ပေါ် ရပ်ကွက်များတွင် သီတင်းကျွတ်ကျောင်းပိတ်ရက်၌ မအလ စခများက အထက်အမိန့်အရ သန်းခေါင်စာရင်း ကောက်ရန် စီစဉ်နေပြီး စာရင်းကောက်ယူရန်ပါဝင်နေသော Non CDM ဆရာ/မများနှင့် မအလ ဌာနဆိုင်ရာ ဝန်ထန်းများ သွေးပျက် ခြောက်ခြားနေကြကြောင်း သိရှိရပါသည်။
ရေစကြို မြို့ပေါ်တွင် အပြန်အလှန် ပစ်ခတ်မှုများ မကြာခဏဖြစ်ပွါးနေပြီး မအလ စခများက အပြစ်မဲ့ပြည်သူများကို ငွေညှစ်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များ ဖျက်ဆီးဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်း ဥစ္စာများ ခိုးယူလုယက် ယူဆောင်ခြင်၊ အနုကြမ်းစီးခြင်း၊ ဓါးပြတိုက်ခြင်း စသည့် ရာဇဝတ်မှုများစွာ ကျူးလွန်လုပ်ဆောင်နေပြီး မြို့ခံပြည်သူများ နေ့စဉ် စိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရှိရပါသည်။
(ပြည်သူများ ဘေးရန် ခွေးရန် အမြန် ကင်းဝေးကြပါစေ)

ရေစကြို၊ အောက်တိုဘာ ၈

#InfoCommitteeYesagyo

Info Committee Yesagyo

06 Oct, 10:30


ရေစကြိုမြို့ပေါ်မှာ ဓါးပြတိုက်ခံရပြီး ကျပ်သိန်း ၃၀၀ ဖိုးဆုံးရှုံး

ရေစကြို၊ အောက်တိုဘာ ၆၊ ၂၀၂၄။

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၈ စိတ္တသုခတောင်ပိုင်းရပ်ကွက်က နေအိမ်တအိမ်ကို မျက်နှာဖုံးစွပ်လူတစုက နေအိမ်ထဲဝင်ကာ သေနက်ထောက်ပြီး ရွှေထည်ပစ္စည်းတွေကိုယူသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဲ့ဒီမျက်နှာဖုံးစွပ်အဖွဲ့က အောက်တိုဘာ ၅ ရက် မနက်အစောပိုင်း ၃ နာရီခန့်မှာ အမှတ် ၈ စိတ္တသုခတောင်ပိုင်းရပ်ကွက်ရှိ ဒေါ်သန်းအေးရဲ့နေအိမ်ကိုဝင်ပြီး ကျပ်သိန်း ၃၀၀ တန်းဖိုးရှိ ရွှေတွေကို ယူသွားခဲ့တာလို့ ဆိုပါတယ်။

“စိတ္တသုခရပ်ကွက်၊ ဒေါ်သန်းအေးနေအိမ်က အကျယ်ကြီးပါ၊ မောင်နှမဝမ်းကွဲတွေ နေကြတယ်။ အိမ်က ၃ အိမ်ရှိတယ်။ မျက်နှာဖုံးစွပ်ထားတဲ့လူတစုက သေနက်တွေနဲ့ထောက်ပြီး အမျိုးသမီးတွေ အကုန်စုခိုင်းပြီး ဆွဲကြိုး၊ လက်ကောက်၊ နားကပ်ကအစချွတ်ယူသွားတာ။ ရွှေတန်ဖိုး သိန်း ၃၀၀ ကျော်ဖိုးပါသွားတယ်။” လို့ မြို့ခံတဦးက ပြောပါတယ်။

ဒေါ်သန်းအေးရဲ့ခြံထဲမှာ မိသားစု ၃ စု၊ မိသားစုဝင် ၁၅ ဦးနေထိုင်ကြကာ ခုလိုပစ္စည်းတောင်းနေချိန်မှာလည်း မိသားစုဝင်တွေကိုသေနတ်တွေနဲ့ထောက်ထားပြီး အော်ရင်သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာကြောင့် ဘယ်သူမှ မအော်ဘဲ ငြိမ်နေခဲ့ရတယ်လို့ ဆိုပါတယ်။

“မိသားစုဝင်တွေက မအော်ရဲကြဘူး၊ သူတို့ကသေနက်တွေနဲ့ထောက်ထားကြတာ။ အော်ရင်တခါတည်း ပစ်သတ်မှာလို့ပြောတယ်။ ဖမ်းဆီးသွားတာတော့ လုံးဝမရှိဘူး၊ တိုင်ရင်သတ်ပစ်မှာလို့လည်း ပြောသွားတယ်။”လို့ မြို့ခံတဦးက ပြောပါတယ်။

အဆိုပါမျက်နှာဖုံးစွပ်ထားသူတွေမှာ စုစုပေါင်း ၁၈ ဦးဝန်းကျင်လောက်ပါလာပြီး ဘယ်သူဘယ်ဝါဆိုတာတော့ပြောရခက်တယ်လို့ ဆိုပါတယ်။

အခုဓါးပြတိုက်ခံရတဲ့အိမ်ဟာ ရေစကြိုမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာဖြစ်ပြီး အဲ့ဒီနေရာအနီးက ဘောလုံးကွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး ၆ ဦးလောက်က ကင်းပုန်းဝပ်လေ့၊ ပတ်ကင်းလှည့်လေ့ရှိတယ်လို့ အထက်ပါမြို့ခံက ပြောပါတယ်။

မိသားစုဝင်တွေကတော့ နေအိမ်မှာမနေရဲတော့တာကြောင့် တခြားနေရာကို တိမ်းရှောင်ကြဖို့ ပြင်နေကြတယ်လို့လည်းသိရကြောင်း သူက ဆက်ပြောပါတယ်။

စိတ္တသုခရပ်ကွက်မှာ အိမ်ခြေ ၅၀၀ ကျော်နဲ့ လူဦးရေ ၁ ထောင်ကျော်ရှိပြီး ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံမှာ တပ်စွဲနေတဲ့စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ပစ်တဲ့အတွက် ရပ်ကွက်ထဲကိုလည်း ကျရောက်ပေါက်ကွဲမှုတွေရှိတာကြောင့် အဲ့ဒီရပ်ကွက်ရှိ အိမ်ထောင်စု ၃၀ လောက်လည်း တခြားဒေသတွေကို တိမ်းရှောင်နေကြတယ်လို့ အထက်ပါမြို့ခံက ပြောပါတယ်။

သတင်း - ဒိန်းဂျား၊ စာတည်း - လင်း

#မြေလတ်အသံ

2,011

subscribers

1,233

photos

11

videos