နတ်မောက်သား @bokaungmyanmar Channel on Telegram

နတ်မောက်သား

@bokaungmyanmar


နေ့စဉ်ဖြစ်ရပ်များ

နတ်မောက်သား (Burmese)

နတ်မောက်သား ဆိုတာက ရှိတဲ့ နေ့စဉ်ဖြစ်ရပ်များကို တစ်နေရာတစ်ခုမှာ ဒီထင်မြတ်ထားတဲ့ ခရီးသွားနေတဲ့ နေ့ရဲ့ အခြေအနေများဖြင့် လုပ်ကြည့်ချင်တယ်။ နေ့စဉ်ဖြစ်ရပ်များကို ဆက်ဖတ်၍ သင့်အနောက်မှာ နေပါတယ်။ နတ်မောက်သားတွင် ထင်မြတ်နိုင်သူများ ကို အွန်လိုင်း တင်ထားချက်များ ရရှိနိုင်ပါသည်။ စီးပွားရွှေစဉ်ပြောင်းစီမံမြင်နိုင်သူများအတွက် နတ်မောက်သားက ဆွေးနွေးစကားပြဆွဲချက်များ ပရိုဂရမ်တွင် ရရှိပါသည်။ ဝင်ရောက်ပါ။

နတ်မောက်သား

29 Oct, 05:25


အိမ်နီးချင်းထိုင်းတောင် ကျည်ဆံထုတ်ပေးရင် stripper Clips နဲ့ ထုတ်ပေးနေပြီ တို့ စတန်းဒက်အာမီကြီးကရော မထုတ်သေးဘူးလား မေးချင်တာ
ကျည်ဆံကို ဂျပ်ဗူးအဆင့်ကနေ တစ်ခုချင်းလက်နဲ့ ဖြည့်နေရတာ အချိန်ကြာသလို loading ကျည်ဖြည့်ချိန်ကြာမြင့်တာကြောင့် တိုက်ပွဲတစ်ခုရဲ့ အဆုံးအဖြတ် ဖြစ်သွားတာတွေ အများကြီးရှိပါတယ်
နောက်ဆုံးပုံမှာပါတဲ့ stripper Clips နဲ့ Loading spoon လေးကို သုံးပြီးဖြည့်မယ်ဆိုရင် စက္ကန့်ဝက်လောက်နဲ့ ကျည်တစ်ကတ်ကို အချိန်ခဏလေးနဲ့ ဖြည့်နိုင်ပါတယ်။

ဒီလိုအခြေခံလေးတွေကအစ ပြုပြင်ပြောင်းလဲ ထုတ်ပေး အဆင့်မြှင့်တင်ပေးမှ ခြေလျင်စတန်းဒက်လဲ မြင့်လာမှာပါ စစ်သည်တွေလည်း တိုက်ပွဲဝင် ယုံကြည်မှုတွေ မြင့်လာမှာပါ
ကပစ စက်ရုံကြီးတွေရှိပြီး ကပစ ကကနက် ကကထုတ်တွေက stripper Clips နဲံ Loading spoon ကို အမြန်ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်သင့်နေပြီလို့ တင်ပြရင်း

နတ်မောက်သား
#bullet #stripperclip #loadingspoon #ကပစ #ကကနက် #ကကထုတ်

နတ်မောက်သား

28 Oct, 10:32


Kachin News Agency က တင်ထားတဲ့ မြွေက ကြွက်ကိုမျိုတဲ့အခါ အ စား မတော် တလုပ်ဆိုတဲ့အတိုင်း ဝမ်းဗိုက်ပေါက်သေမဲ့အဖြစ်
ကချင်တွေတင်ထားတာလေး ကြည့်မိတော့ သူတို့အဖြစ်ကို ပြောနေသလိုပဲ
ဝမ်ပေါင်နိုင်ငံတော်ကြီး ထူထောင်မယ်ဆိုပြီး နယ်မြေတွေ သိမ်းပြနေတာ
အဲလိုပဲ ရှမ်းမြောက်မှာလည်း မြို့တွေ သိမ်းပြနဲ့
ဒါတောင် ဒီဘက်က အကြောင်းကြောင်းကြောင့် သေချာ ပြန်မတိုက်သေးဘူးနော်
တိုက်စစ်ဆိုတာ သေချာမစ‌ေသေးဘူး
သူပုန်သိမ်းပြီး မြို့တွေကို လေယာဉ်လေးနဲ့
ခြောက်လိုက် ကျဲလိုက် လုပ်နေတုန်း ရှိသေးတာ။ ဒါတောင် အသံတွေက ထွက်နေပြီ
မြို့တစ်မြို့ကို သိမ်းလိုက်ရင် အားလုံးပြီးသွားမယ် ငြိမ်းချမ်းသွားမယ် အုပ်ချုပ်ရေးတွေ စလိုရသွားမယ်လို့ သူပုန်တွေ ထင်နေရင်
ခုမြွေရဲ့ အဖြစ်ကိုပဲကြည့်
စက်သုံးဆီရှားပါး စားနပ်ရိက္ခာရှားပါးဖြစ်လာပြီ
ပြည်သူက ဟိုပြေးရမလို ဒီပြေးရမလိုနဲ့
သိမ်းထားတဲ့ KIA ကိုးကန့် ပလောင်တွေလဲ
ဘာမှ လုပ်မပေးနိုင်တဲ့ အခြေနေဖြစ်လာပြီ
ဒါတောင်
တကယ် တိုက်စစ်ကျရင်
လေယာဉ်ဖွဲ့စည်းပုံအုပ်လိုက် မြေပြင် ဖွဲ့စည်းပုံအပြည့်နဲ့ ပြန်တိုက်တဲ့အခါ
ဘယ်လိုနေမလဲ စဉ်းစားထားဖို့လိုတယ်။
သိမ်းကောင်းတိုင်း
အစားမတော်တလုပ်ဆိုတာ သိဖို့လိုတယ်

နတ်မောက်သား

နတ်မောက်သား

23 Oct, 11:31


Breaking News
ပြင်ဦးလွင်နဲ့ ၁၆ မိုင်အကွာ ဂန့်ကော်ကျေးရွာကို ရန်သူပလောင်အဖွဲ့တွေ ဝိုင်းထား
ရန်သူ အင်အားများပါတယ်
ပြင်ဦးလွင်နဲ့လည်း အရမ်းကပ်နေတာကြောင့်
ပစ်ကူထိရောက်စွာ လိုအပ်ပြီး ဒီအကြမ်းဖက် ပလောင်ပဒက်တွေကို
ပြင်းပြင်းထန်ထန် ချေမှုန်းသင့်နေပါပြီ

နတ်မောက်သား

23 Oct, 11:28


မြန်မာဘက်သို့ နယ်စပ်ဂိတ်များမှ ပစ္စည်းများ တင်သွင်းမှု တရုတ်တင်းကြပ်စွာ ပိတ်သိမ်း

"မနေ့မနက်ပိုင်းကစပြီး ပစ္စည်းတွေ မြန်မာဘက်အခြမ်းကို တင်သွင်းခွင့်ပိတ်တာ။ လျှပ်စစ်ပစ္စည်းတွေ လုံး၀ သယ်လို့ မရဘူး။ ဆေးဝါး၊ ဆေးပစ္စည်းတွေတင်လို့မရဘူး။  အစားအသောက်ဆိုရင်တောင် တစ်ကိုယ်ရည်စာပဲရတယ်။ ဆိုင်ကယ်တွေလည်း တင်လို့မရဘူး။ တားမြစ်ထားတာတွေ သယ်ရင် စာအုပ်သိမ်း၊ ပြည်ဝင်ခွင့် ၄ နှစ်ပိတ်မယ်ပြောတယ်။ စက်ပစ္စည်းဆိုရင် ဘာတစ်ခုမှ သယ်ခွင့်မပေးဘူး ။  ဘယ်လောက်ကြာမှန်းမသိဘူး။ ဘာလို့ ပိတ်တာလဲမေးတော့ ဘာအကြောင်းပြချက်မှ မပေးဘူး" ဟု  မူဆယ်မြို့မှ တစ်ပိုင်တစ်နိုင် ကုန်သည်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နယ်စပ်ဂိတ်များတွင် တရုတ်ဘက်က အဖွဲ့ပေါင်းစုံဖြင့် ကုန်ပစ္စည်းများကို အလွန်တင်းကျပ်စွာ စစ်ဆေးခြင်းဖြစ်ပြီး တားမြစ်ပစ္စည်းများကို  သယ် ဆောင်လာသည့် ကား၊ ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များပေါ်မှ ဆွဲချကြောင်း၊ တရားဝင် သွင်းကုန်နှင့်ပို့ကုန် စာရွက်စာတမ်း အထောက် အထား မရှိသည့် ကုန်ပစ္စည်းမှန်သမျှ နယ်စပ်ဂိတ်မှ အဝင်အထွက် သယ်ယူခွင့် မပြုကြောင်း ကုန်သည်များက ရှင်းပြသည်။

"အရင်ဆိုရင် Online ကုန်ပစ္စည်းတွေ အထုပ်ပြပြီး သယ်လို့ရတယ်။ အခု ဘာမှ သယ်လို့မရတော့ဘူး။ Bluetooth ဖုန်းနားကြပ်တောင် သယ်ခွင့်မပေးဘူး။ အတော်ကြီးတင်းကျပ်တာ။ အွန်လိုင်းအရောင်းအဝယ်တွေပါ အကုန်ထိကုန်ပြီ" ဟု မူဆယ်အခြေစိုက် Online Shopping ဖြင့် ဖုန်းနှင့်ဖုန်းအပိုပစ္စည်းများ ရောင်းချနေသူတစ်ဦးက ရှင်းပြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်တပ်များက မြို့သိမ်း၊ နယ်မြေသိမ်းတိုက်ပွဲများနှင့် စစ်ကောင်စီတပ်စခန်းများကို သိမ်း ပိုက်ပြီးနောက် တရုတ်နိုင်ငံက တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများနှင့်ထိစပ်နေသော နယ်စပ်ဂိတ်များကို  ပိတ်ပင်ခြင်းများ လုပ် ဆောင်လာခဲ့ရာမှ ယခုနောက်ဆုံး တရုတ်ဘက်မှ  ကုန်ပစ္စည်းများ သယ်ယူခွင့်ကိုပါ လုံး၀ ပိတ်ပင်လာခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်များ သက်ဆိုးရှည်စေသော တရားမဝင်ကုန်သွယ်ရေးများကို ဖြိုခွင်းမည်ဟုဆိုကာ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သွင်းကုန်လိုင်စင်နှင့် အထောက်အထားမရှိသော တရုတ်နှင့်ထိုင်းထုတ်ကုန်များအားလုံးကို ဖမ်းဆီး သိမ်းဆည်းလျက်ရှိကြောင်း သိရှိရသည်။

နတ်မောက်သား

23 Oct, 03:52


အကြမ်းဖက် PDF တွေ ပြည်သူတွေကို မသတ်ဘူးဆိုလို့ သူတို့သတ်ခဲ့တာလေးတွေကို ပြန်တင်ပေးမယ်

ပြည်သူတွေကို ဘယ်လိုတွေရက်ရက်စက်စက်ခြေလက်တွေဖြတ်ပြီးသတ်ခဲ့သလိုဆိုတာကိုပေါ့။

ဘုတလင်မှာ အသတ်ခံရတဲ့ ၆ ဦးကလည်း ဒီကောင်တွေပဲသတ်ကြတာ။

သူတို့သတ်ခဲ့တာတွေကို ကြည့်ချင်ရင် အောက်လင့်တွေမှာ ၀င်ကြည့်နိုင်တယ်။



https://t.me/hminewai/58618?single


https://t.me/hminewai/58628?single


https://t.me/hminewai/52625?single


https://t.me/hminewai/25089



https://t.me/hminewai/230?single

https://t.me/hminewai/450?single


https://t.me/hminewai/506?single


https://t.me/hminewai/3961?single


https://t.me/hminewai/5050?single


https://t.me/hminewai/5110?single


https://t.me/hminewai/5824?single

https://t.me/hminewai/6037?single


https://t.me/hminewai/6330?single

https://t.me/hminewai/6650?single

https://t.me/hminewai/6777?single


နောက်ရက်တွေမှာလည်း ထပ်မံဖော်ပြပေးမည်။


မှိုင်းဝေ



သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ

နတ်မောက်သား

23 Oct, 03:52


လူကိုလူလိုမသတ်ပဲ ရက်ရက်စက်စက်သတ်တာ NUG PDF တွေပဲ
ဒီမှတ်တမ်းတွေက သူတို့ကိုယ်တိုင် ရိုက်ထားတဲ့ သက်သေတွေဖြစ်တယ် (လမ်းလယ်ခေါင်မှာ ကျောင်းဆရာမတစ်ယောက်ကို ရက်ရက်စက်စက်သတ်ခဲ့ကြတာလဲ သတိရကြပါ) ခုဘုတလင်ဖြစ်ရပ်ဟာ ဘယ်ဘက်က သတ်ဖြတ်တာလဲဆိုတာ စဉ်းစားချင့်ချိန်နိုင်ကြပါရန်

နတ်မောက်သား

21 Oct, 04:50


မသေဘူးမပြောနဲ့ AA တွေလည်း သေတာပဲ

နတ်မောက်သား

21 Oct, 04:47


ဗိုလ်နဂါးနဲ့ NUG PDF အဖွဲ့တော့ ဆော်ကုန်ကြပြီ
ကဲ ... ဘယ်အဖွဲ့ဘက်က အားပေးမလဲ ???

နတ်မောက်သား

21 Oct, 04:10


တပ်မတော်တပ်ရင်း တပ်ဖွဲ့များ လှုပ်ရှားတပ်ဖွဲ့များ အတွက်
လေးလံပြီး သယ်ဆောင်ရခဲယင်းတဲ့
ငကြင်းမီးနေရာ အစားထိုးရန် ကပစထုတ် SAW Squared Automatic Weapon Light Weight machine gun ပုံစံအသစ် ထွက်ပြီဖြစ်ကြောင်း
တပ်အသိုင်းအဝိုင်းမှ သိရပါတယ်
ဘယ်လိုပဲပြောပြော ခြေလျင်ခြေမြန်တပ်များအတွက် ၀မ်းသာစရာ အားတက်စရာပါ
တပ်မတော် သေနတ်တွေကို ကျည်ရပ်တန့်မှုမဖြစ်ဖို့ ရာသီဥတုမရွေး
ရွံ့ဒဏ် ရေဒဏ် ခံနိုင်ဖို့ Rail နဲ့ စကုတ်တွေ တပ်နိုင်ဖို့ ပစ်အားကောင်းစေဖို့တော့
ဒီထက်မက အဆင့်မြင့်တင်စေလိုတယ်လို့ တပ်မတော်သား အများစုက ဆိုပါတယ်

Photos crd

နတ်မောက်သား

နတ်မောက်သား

14 Oct, 08:49


မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၆၂ လမ်း၊ ၁၂၄ လမ်းနှင့် ၁၂၅ လမ်းတွင် ယမန်နေ့ ညနေ ၄ နာရီ ဝန်းကျင်အချိန်က ရဲအုပ်အမျိုးသမီးတစ်ဦး ဦးဆောင်သည့် ယာဉ်ထိန်းရဲအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် CZI အနက်ရောင်ဆိုင်ကယ်ပေါ်မှ အမျိုးသား ၂ ဦးအနက် တစ်ဦးမှ သေနတ်ဖြင့် ၁ ချက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။


ပစ်ခတ်ခံရမှုကြောင့် ရဲအုပ်အမျိုးသမီးတွင် ယာ-နောက်ပြင်မှ ဖောက်ဝင်ပြီး ယာရင်အုံအပေါ် ဖောက်ထွက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

နတ်မောက်သား

နတ်မောက်သား

10 Oct, 15:08


MNDAA ကြေညာချက်အသစ်

နတ်မောက်သား

10 Oct, 15:08


#တရုတ်က_ပါး_ချုပ်_တပ်တာကို_ခံရတော့မယ့်_ကိုးကန့်
=====================================

တရုတ်ကွန်မြုနစ်နိုင်ငံက..
အာရှရေးရာအထူးကိုယ်စားလှယ်...တိန့်ရှီကျွင်းနဲ့...ဝ အဖွဲ့တွေ့ဆုံမှု...
အစည်းအဝေးမှတ်တမ်းပေါက်ကြားပြီးနောက်မှာ...MNDAA ကိုးကန့်...
ခေါင်းဆောင်ပိုင်းကနေ..ကိုးကန့်တွေကိုကန့်သတ်ထားတဲ့...
သဘောထား (၄)ခုပါဝင်တဲ့...ကြေညာချက်ထုတ်ပြန်လာပါတယ်...။

ကိုးကန့်အဖွဲ့ကတော့...မလိုလားအပ်တဲ့...အငြင်းပွားမှုနဲ့...
ပဋိပက္ခကိုတားဆီးနိုင်ဖို့...အကြောင်းပြချက်နဲ့...မနေ့က..
အောက်တိုဘာ (၉)ရက်နေ့ရက်စွဲနဲ့..ရေးသားထားတဲ့ကြေညာချက်ကို...
ဒီကနေ့ အောက်တိုဘာ (၁၀)ရက်နေ့မှာ...ထုတ်ပြန်ခဲ့ပါတယ်...။

အဲဒိ့ကြေညာချက်မှာ...
ကိုးကန့်စစ်သားတွေသာမက..ကိုးကန့်ဒေသအတွင်းအလုပ်လုပ်နေတဲ့...
ဝန်ထမ်းတွေပါအကျုံးဝင်တယ်လို့...ရည်ရွယ်ထားတာကိုတွေ့ရပါတယ်...။

#ပထမအချက်အနေနဲ့ ...
ကိုးကန့်အဖွဲ့နဲ့..ဆက်စပ်သူတွေအပါအဝင်... ကိုးကန့်တပ်ဖွဲ့...
ကိုးကန်ဝန်ထမ်းတွေကို...အာဆီယံနိုင်ငံ...အမေရိကန်...နဲ့...
အနောက်နိုင်ငံတွေကို..ခရီးသွားလာတာတွေ မပြုလုပ်ဖို့..တားမြစ်ထားပါတယ်...။

#ဒုတိယချက်အနေနဲ့...
ခွင့်ပြုချက်မရပဲ ...မြန်မာနိုင်ငံဆိုင်ရာကိစ္စတွေနဲ့...ပတ်သက်တဲ့ ...
နိုင်ငံတကာအစည်းအဝေးတွေမှာ.မှာ ပါဝင်တာတွေ မပြုလုပ်ဖို့ ဖြစ်ပါတယ်။

#တတိယအချက်အနေနဲ့...
ခွင့်ပြုချက်မရပဲ...အမေရိကန်ပြည်ထောင်စု အပါအဝင်....
အနောက်နိုင်ငံက..သတင်းထောက်တွေနဲ့ ...တွေ့ဆုံမေးမြန်းမှုကို တားမြစ်ပြီး..
အခုနှစ်အတွင်း. နိုင်ငံခြားမီဒီယာတွေရဲ့ အင်တာဗျူးကို ..
လက်ခံဖြေကြားမှာ. မဟုတ်ဘူးလို့.... ဆိုထားပါတယ်။

#နောက်ဆုံးအချက်ကတော့...
ခွင့်ပြုချက်မရပဲ... မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ အခြေအနေတွေကို...
တယောက်ချင်း...တသီးပုဂ္ဂလအနေနဲ့ရော.. အဖွဲ့အစည်းတခုအနေနဲ့ပါ...
မှတ်ချက်နဲ့...သဘောထားတွေ..
ရေးသားဖော်ပြတာတွေကို.. တားမြစ်တယ်လို့ပါရှိပါတယ်...။

📌
ခွင့်ပြုချက်မရပဲဆိုတဲ့နေရာမှာ...
တရုတ်ကွန်မြူနစ်နိုင်ငံကိုရည်ညွန်းတယ်လို့...ယူဆရပါတယ်...။
စည်းကမ်းဖောက်ဖျက်သူတွေကို...
အပြစ်ပေး...အရေးယူမှုဆောင်ရွက်မယ်လို့...ဆိုထားပါတယ်။

ဒါဟာ...
ဝ နဲ့ တိန့်ရှီးကျွင်းတွေ့ဆုံမှု...ပေါက်ကြားခဲ့ပြီးနောက်...
ကိုးကန့်အဖွဲ့တွေရဲ့နေထိုင်မှုပုံစံထိန်းချုပ်တဲ့....ပထမဆုံးကြေညာချက်ဖြစ်ပါတယ်...။

တရုတ်သဘောထားကတော့...MNDAA ကိုးကန့်အဖွဲ့
လားရှိုးမြို့ကိုသိမ်းပိုက်ခြင်းကို...လက်မခံကြောင်းသိစေဖို့အတွက်...
ဖြတ် (၄)ဖြတ်နဲ့...ဖိအားပေးတဲ့လမ်းစဥ်ကို...ရွေးချယ်ထားပါတယ်...။

အစည်းအဝေးမှတ်တမ်းမှာ...MNDAA အဖွဲ့ကို...
အဓိကပစ်မှတ်ထားပြီး...အရေးယူဆောင်ရွက်မှုပြုလုပ်လိုတာကြောင့်...
အခုကြေညာချက်ဟာ...
ကိုးကန့်အနေနဲ့...တရုတ်ဖက်ကပေးတဲ့...ဖိအားတခုကို...
မလွဲသာမရှောင်သာနဲ့...လက်ခံလိုက်ရတယ်လို့...နားလည်မိပါတယ်...။

အထူးသဖြင့်...
KIA ကနေတဆင့်...အမေရိကန်နဲ့ဆက်ဆံလာနိုင်တဲ့အရေး..နဲ့..
တရုတ်နယ်စပ်မှာ...အမေရိကန်ပါဝင်ပတ်သတ်လာမှုကို.တရုတ်ဖက်က...
တင်းတင်းကျပ်ကျပ်..သတိပေးထားတယ်လို့...ယူဆရပါတယ်...။

ဒီကြေညာချက်ကြောင့်...
ကိုးကန့်ဒေသအတွင်းမှာရှိတဲ့...ကိုးကန့်စစ်သားနဲ့ဝန်ထမ်းသာမက...
အရပ်သာလူထုအနေနဲ့ပါ...နေ့စဥ်နေထိုင်လှုပ်ရှားမှုနဲ့...လွတ်လပ်စွာ...
ပြောဆိုရေးသားခွင့်ကို...ဆုံးရှူံးရမှာဖြစ်တယ်လို့...ကနဦးသိရပါတယ်..။

ဒါကြောင့်...ကိုးကန့်ဒေသက...စစ်သား ဝန်ထမ်း နဲ့...
အရပ်သားအားလုံးရဲ့ပါးစပ်တွေကို...ပါး...ချုပ်...တပ်...လိုက်သလို..
ဖြစ်သွားတော့မှာဖြစ်တာကြောင့်...တရုတ်က.နား.ဖား.ကြိုး.ထိုးတာကို...
MNDAA ခံ...လိုက်ရတယ်လို့...ပြောရမယ်ထင်ပါတယ်...။

တရုတ် နဲ့ အမေရိကန်ကြားက....Proxies တွေကတော့...
ခပ်ပါးပါးလေး...ပွတ်တိုက်မှုတွေဖြစ်လာကြမယ်လို့ထင်ရပြီး...
FPNCC အဖွဲ့အချင်းချင်း...အောက်ဖဲလှန်တာတွေကိုပါ...
အမှတ်မထင်မြင်တွေ့လာရနိုင်ပါတယ်လို့ပဲ...ထင်မြင်မိပါတော့တယ်....။

#Htoo_Maung
10.Oct.2024