Myingyan Black Tiger (MBT) @myingyanblacktiger Channel on Telegram

Myingyan Black Tiger (MBT)

@myingyanblacktiger


MBT ၏ လုပ်ဆောင်ချက်များ

Myingyan Black Tiger (MBT) (Burmese)

MBT ဆိုတာဘာလဲ? MBT ဆိုတာ မြင်ကုန်ထဲမှ ရှားကွျးအလုပ်လုပ်နေစဉ် အသုံးပြုသူတစ်ဦး စီမံပြပေးစဉ်ရေ၊ စည်နံပါယ်တစ်ဦး စည်နံပါယ်မှာ ရှိတယ်။ ဒီဘာလဲတော့ Myingyan Black Tiger (MBT) ကို ထောင်ရေးနိုင်မယ့် အကျိုးအကျယ်ရှင်တိုင်းဟာ ရှိသည်။ ယခုလို MBT သည် ရှားကွျးအလုပ်လုပ်စဉ်ဖြင့် စီမံပြပေးစဉ်နိုင်သည်။ ထုတ်လွှတ်ရေး သင့်မြင်ချခွင့် အလဲဖြစ်ပါသဖြင့် အလုပ်များဖြင့် သင့်မြင်ချသော ဝေဒနာများကို ခ၂၇၇၂ ၄၉၇ ၀၃၆၉ ဖုန်းနံပါယ်မှ သင့်အသုံးများအတွက် စည်သည့် ပရိုဂရမ်းများကို တစ်ချက်ပြု သွားပေးသည်။ ထို့နောက်ထပ် MBT သည် လေးစီမံချက်များ ဖြင့် သွားပြီး သင်တစ်ယောက် ခရီးထိုင်ခြင်းလို့ ဆင့်ဆင့် ခဲ့ပါ။ ပိုမိုကောင် ကြော်ငြာကို ဖတ်ပြီး နည်းပညာရပ်ဝန်ကျန် ထမင်းလေးပေးလှပါပြီ။ ဂစ်နိုင်တာနိုင်ဘူး TV ပက်ကျန် ဖုန်းအရောင်ဘက် Youtuber များကလည်း သင်သူရဲ တည်နေ့လည်မြင်ခင်နိုင်စောင့် ဖိတ်ခဲ့ပြီး အချိန် ဗျည အသင် အနဝ စာရင်းအီး ခုလားဆိုတာ စဉ်သည်။ ဒါ့အသစ်ပါပြောရင်း ရပိုင်ခြင်း သောက်နှင့် လိုထားတဲ့သီချင်း ဗရီ ရသယ်လို့တွေ့တယ်။ ပေးသည့် ဒီတစ်ပရိုဂရမ်းပါပဲ။

Myingyan Black Tiger (MBT)

12 Jan, 10:51


သတင်းထုတ်ပြန်ချက်။   ။၂၀၂၅ ခုနှစ်၊ဇန်နဝါရီလ ၁၂ ရက်

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့တွင် ကင်းပတ်လှည့်လည်၍  ရန်ကုန်-မန္တလေးလမ်းဟောင်း လိန်ပင်ရွာထိပ် အနီး၌ ဆက်ကြေးကောက်နေသော စကစလက်အောက်ခံ ရဲတပ်သား (၅) ဦးအား ၂၀၂၅ ခုနှစ်၊ဇန်နဝါရီလ ၁၂ ရက် နံနက် (၆)နာရီခန့်တွင်  မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။စကစလက်အောက်ခံ ရဲတပ်သားများ၏ ထိခိုက်သေဆုံးမှု အသေးစိတ်အား မိမိတို့ MBTတပ်ဖွဲ့မှ စုံစမ်းနေဆဲဖြစ်ပြီး မိဘပြည်သူများအနေဖြင့်လည်း စကစတပ်သားများနှင့် နီးစပ်သော နေရာများသို့ သွားလာခြင်းမပြုကြပါရန် အထူးပင် မေတ္တာရပ်ခံအပ်ပါသည်။

Myingyan Black Tiger (MBT)

08 Jan, 04:57


မြို့သိမ်းတိုက်ပွဲများ ဆင်နွဲပြီး အောင်လံလွှင့်ထူနိုင်ရန် သင်အား မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့မှ အထက်ပါ စည်းကမ်းချက်များနှင့်အညီ အလိုရှိသည်။

Myingyan Black Tiger (MBT)

08 Jan, 04:57


သင့်အား MBTတပ်ဖွဲ့မှ အလိုရှိသည်

မြို့ပြများသို့ ဝင်ရောက်ထိုးဖောက်ပြီး အောင်လံလွှင့်ထူနိုင်ရန်အတွက် သင့်အား မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့မှ အလိုရှိသည်။မိမိတို့ MBTတပ်ဖွဲ့ထံ ဝင်ရောက်တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသည့် ရဲဘော်သစ်များအနေဖြင့်

- အသက် (၁၈)နှစ်မှ (၃၅)နှစ်အထိ ကျန်းမာသန်စွမ်းသူ အမျိုးသားတပ်ဖွဲ့ဝင် ဖြစ်ရမည်။

- မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပျက်ကျဆုံးသည်အထိ တိုက်ပွဲဝင်နိုင်သူ ဖြစ်ရမည်။

- မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ချမှတ်ထားသော တပ်စည်းကမ်းများကို လိုက်နာ၍ တပ်ဖွဲ့မှပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

မိမိတို့ MBTတပ်ဖွဲ့သို့ အထက်ဖော်ပြပါ အချက်များနှင့် ကိုက်ညီ၍ ဝန်ရောက်တာဝန်ထမ်းဆောင်လိုသည့် တပ်ဖွဲ့ဝင်များအနေဖြင့် အခြေခံစစ်ပညာ သင်တန်းပြီးဆုံးသည့်အချိန်တွင် အောက်ပါတာဝန်များကို ရွှေးချယ်၍ မိမိတို့နှစ်သက်ရာ တာဝန်ကို ထမ်းဆောင်နိုင်သည်

- မြေပြင်ခြေမှုန်းရေး
( ရန်သူ စကစတပ်အား အနီးကပ် ချေမှုန်းတိုက်ခိုက်ရသော တာဝန်ကို ထမ်းဆောင်ရမည်)

- ဒရုန်းစစ်ဆင်ရေး
( စစ်မြေပြင်ရှိ ခြေမှုန်းရေးတပ်သားများဖြင့် ချိပ်ဆက်၍ ရန်သူစကစများအား
ဒရုန်းနည်းပညာဖြင့် တိုက်ခိုက်ရသော တာဝန်ကို ထမ်းဆောင်ရမည်)

- မြေပြင်ထောကွပို့
(ရှေ့တန်းစစ်မြေပြင်တွင် လိုအပ်သော ခဲယမ်း၊ရိက္ခာများ မပြတ်တောက်စေရန် အချိန်နှင့်တပြေးညီ ထောက်ပို့ရသော တာဝန်ကို ထမ်းဆောင်ရမည်)

- ထုတ်လုပ်ရေး
(တိုက်ပွဲများတွင် အသုံးပြုသော လက်နက်/ခဲယမ်းများအား ထုတ်လုပ်/ပြုပြင်/ထိန်းသိမ်းရသောဘလုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်)

Myingyan Black Tiger (MBT)

01 Jan, 11:31


သတင်းထုတ်ပြန်ချက်။ ။၂၀၂၅၊ဇန်နဝါရီလ ၁ရက်

မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း မန္တလေးတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ စကစတပ်များအား တော်လှန်ရေးမဟာမိတ်များနှင့် ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်မှု (၉)ကြိမ်၊ခုခံစစ် (၁၁)ကြိမ်၊မြို့ပြပြောက်ကျား စစ်ဆင်ရေး (၁၁)ကြိမ်၊မိုင်းဆွဲတိုက်ခိုက်မှု (၆)ကြိမ်၊ဒရုန်းစစ်ဆင်ရေး (၅)ကြိမ် စုစုပေါင်း စစ်ဆင်ရေး (၄၂)ကြိမ် ပြုလုပ်နိုင်ခဲ့သည့် အနှစ်ချုပ်ဖြစ်သည်။

Myingyan Black Tiger (MBT)

01 Jan, 11:30


သတင်းထုတ်ပြန်ချက်။ ။၂၀၂၅၊ဇန်နဝါရီလ ၁ရက်

မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း မန္တလေးတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ စကစတပ်များအား တော်လှန်ရေးမဟာမိတ်များနှင့် ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်မှု (၉)ကြိမ်၊ခုခံစစ် (၁၁)ကြိမ်၊မြို့ပြပြောက်ကျား စစ်ဆင်ရေး (၁၁)ကြိမ်၊မိုင်းဆွဲတိုက်ခိုက်မှု (၆)ကြိမ်၊ဒရုန်းစစ်ဆင်ရေး (၅)ကြိမ် စုစုပေါင်း စစ်ဆင်ရေး (၄၂)ကြိမ် ပြုလုပ်နိုင်ခဲ့သည်။
၎င်း စစ်ဆင်ရေးများအတွင်း ရန်သူစကစတပ်သား (၂၀၀)ကျော် သေဆုံးပြီး အပြားအပြား ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်နိုင်ခဲ့သည်အပြင် ရန်သူထံမှ လက်နက်ကြီး/ငယ် (၂၄)လက် သိမ်းဆည်းရရှိခဲ့သည်။မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့မှလည်း ရဲဘော်ကုလားလေးနှင့် ရဲဘော်ဝဏ္ဏထွန်းတို့ နှစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့သည်။
ထို့ပြင် မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ခေါ်ယူသော End Point ကမ်ပိန်းသည်လည်း ပြည်သူများ၏ ယုံကြည်ထောက်ပံ့မှုကြောင့် ကမ်ပိန်းရည်မှန်းချက်ထက် ကျော်လွန်၍ ၁၀၃% ထိ ရရှိခဲ့သည်။
ထိုကြောင့် မိမိတို့ MBTတပ်ဖွဲ့အနေဖြင့် မကြာမီကာလအတွင်း မြို့ပြစစ်ဆင်ရေးများ လုပ်ဆောင်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့်လည်း စကစတပ်များနှင့် အတက်နိုင်ဆုံး နီးကပ်သွားလာခြင်းများ မပြုလုပ်ကြပါရန် အထူးပင် မေတ္တာရပ်ခံအပ်ပါသည်။

Myingyan Black Tiger (MBT)

01 Jan, 08:46


မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့၏ မြို့သိမ်းတိုက်ပွဲဆင်နွှဲရန်အတွက် အဓိကထား ခေါ်ယူသည့် End Point ကမ်ပိန်းသည် ကမ်ပိန်းသတ်မှတ်ကာလ ပြီးဆုံးသည့်ရက်တွင် ၁၀၀%ကျော်လွန်၍ ၁၀၃% အထိ ရရှိခဲ့ပါတယ်ခဗျာ။မိမိတို့ MBTတပ်ဖွဲ့အား ယုံကြည်စွာဖြင့် ကူညီထောက်ပံ့ပေးကြပါသော တော်လှန်မိဘပြည်သူ တစ်ဦးချင်းဆီအား အထူးပင်ကျေးဇူးတင်ရှိပါသည်။မိမိတို့ MBTတပ်ဖွဲ့အနေဖြင့်လည်း မကြာခင်အချိန်အတွင်း မြို့သိမ်းတိုက်ပွဲများ စဥ်နွှဲနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း မိဘပြည်သူများထံ ကတိပြုသည်။

Myingyan Black Tiger (MBT)

28 Dec, 11:06


သတင်းထုတ်ပြန်ချက်။ ။၂၀၂၄၊ဒီဇင်ဘာလ ၂၈ရက်


မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်မကြီးပေါ်ရှိ ဆက်သွယ်ရေး$ခန်းတွင် တာဝန်ကျနေသော စကစtပ်သားများအား ၂၀၂၄၊ဒီဇင်ဘာဘ ၂၇ရက်တွင် ဗျင်းထားခြင်းဖြစ်သည်။

Myingyan Black Tiger (MBT)

28 Dec, 11:06


သတင်းထုတ်ပြန်ချက်။    ။၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၂၈ ရက်

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်မကြီးပေါ်ရှိ ဆက်သွယ်ရေးစခန်းတွင် တာဝန်ကျနေသော စကစတပ်သား (၃)ဦးအား ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၂၇ ရက်နေ့ ည (၆ )နာရီဝန်းကျင်တွင် မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်ဖြစ်သော Popa Guerilla Force (PGF)တို့မှ လျှပ်တပြက်ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်စဥ်အတွင်း ရန်သူ့ စကစဘက်မှ အရာခံဗိုလ်အဆင့်ရှိသူအပါအဝင် စကစတပ်သား (၂)ဦးအား အရှင်ဖမ်းဆီးနိုင်ခဲဲ့သော်လည်း စကစတပ်သားတစ်ဦးမှာ ပြည်သူများအကြားတွင် ထွက်ပြေး လွှတ်မြောက်သွားခဲ့သည်။

မိမိတို့ပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးချင်သော်လည်း ပြည်သူများ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ၎င်းတပ်သားအား ရင်နာနာဖြင့် ငဲ့ညာပေးခဲ့ရသည်။

၎င်းစစ်ဆင်ရေးအတွင်း စကစတပ်သား နှစ်ဦးနှင့်အတူ MA 11 သေနတ်တစ်လက်နှင့် UZI သေနတ်တစ်လက်အပြင် ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရရှိခဲ့သည်။

ရန်သူတပ်သားနှစ်ဦးအား စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ မိမိတို့ နယ်မြေသို့ ခေါ်ဆောင်လာစဥ် ခုခံထွက်ပြေးသောကြောင့် မဖြစ်မနေ ပစ်ခတ်ရှင်းခဲ့ရသည်။

ပြည်သူများအနေဖြင့်လည်း အပျော်အပါး ပွဲလမ်းသဘင်များ ပြုလုပ်လျှင် စကစတပ်သားများဖြင့် နီးစပ်ရာများတွင် မပြုလုပ်ရန် အထူးပင် မေတ္တာရပ်ခံအပ်ပါသည်။

၎င်းစစ်ဆင်ရေးအား မိမိတို့ Myingyan Black Tiger (MBT)တပ်နှင့် ညီနောင်မဟာမိတ်ဖြစ်သော Popa Guerilla Force (PGF)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

Myingyan Black Tiger (MBT)

15 Dec, 11:46


အသိပေးထုတ်ပြန်ချက်။  ။၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၁၅ ရက်

မိမိတို့ Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်းအနေဖြင့် ရန်သူနယ်မြေအတွင်းရှိ အာဏာသိမ်းစစ်တပ်ပိုင် ၂၃ တန်ရှိ ဘက်ဖိုးအား ၂၀၂၄ ခုနှစ်၊စက်တင်ဘာလ (၁၅)ရက်နေ့တွင် မိမိတို့ MBTတပ်ဖွဲ့မှ လုံခြုံရေးအပြည့်ယူကာ ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

ထို့နောက် မိမိတို့ MBTတပ်ဖွဲ့မှ မဟာမိတ် Royal Brother Defence Force (RBDF)နှင့်အတူ ကျေးရွာတာဝန်ခံများဖြင့် ပူးပေါင်းကာ စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်အတွင်းရှိ မိမိတို့တော်လှန်ရေးတပ်များ စိုးမိုးထားသည့် နယ်မြေများတွင် အများပြည်သူ သွားလာရေး အဆင်ပြေကောင်းမွန်စေရန် လမ်းနှင့် အထွေထွေပြုပြင်ရေးများအား ပြုလုပ်နိုင်ခဲ့သည်ကို အသိပေးတင်ပြအပ်သည်။

မိမိတို့ MBT တပ်ဖွဲ့အဖြင့် ကိုယ်ကျိုးအတွက် အသုံးပြုခြင်းမျိုး မဟုတ်ဘဲ စိုးမိုးနယ်မြေအတွင်း လူထုအကျိုးပြုလုပ်ငန်းတွေကို တာဝန်ရှိသူများနဲ့အတူပူးပေါင်းကာ အသုံးပြုလျှက်ရှိပြီး စစ်အာဏာရှင် အမြစ်ပျက်တိုက်ထုတ်ရေးအတွက် မည်သည့် ပုံစံမျိုးနှင့်မဆို ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း ထပ်မံ၍ တစ်ပါတည်း အသိပေးတင်ပြအပ်ပါသည်။

Myingyan Black Tiger (MBT)

07 Dec, 03:02


မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့၏ မြို့သိမ်းတိုက်ပွဲဆင်နွှဲရန်အတွက် အဓိကထား ခေါ်ယူသည့် End Point ကမ်ပိန်းသည် ၈၅%သာ ရရှိပါသေးတယ်ခဗျာ။ထိုကြောင့် End Point ကမ်ပိန်း အောင်မြင်စွာ ပြီးဆုံးနိုင်ရေးအတွက် ဒီဇင်ဘာလ ၂၀ရက်နေ့အထိ သက်တမ်းတိုးမြင့်သွားမှာ ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် အထူးပင်မေတ္တာရပ်ခံအပ်ပါသည်။

Myingyan Black Tiger (MBT)

05 Dec, 11:37


သတင်းထုတ်ပြန်ချက်။     ။၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၅ ရက်

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့ မြောက်ဘက်အထွက်ရှိ အနိမ့်လမ်းပိုင်းတစ်နေရာ၌ စကစတပ်သား (၅)ဦး လိုက်ပါစီးနင်းလာသော ခွေးဘီလူးကားအား မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ (၅)ရက် နေ့လယ် ၂နာရီခွဲ အချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

၎င်းကားသည် မြောက်ကျွန်းကျေးရွာမှ မြင်းခြံမြို့သို့ ပြန်လာစဥ် မိမိတို့ MBTတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စကစတပ်သား (၂)ဦး သေဆုံးကြောင်းစုံစမ်းသိရှိရပြီး MBTတပ်ဖွဲ့အနေဖြင့် အသေးစိတ်အား ဆုံစမ်းနေဆဲ ဖြစ်သည်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီး စကစဘက်မှ ရမ်းသမ်းပစ်ခတ်မှု အချို့ရှိပြီး အနီးနားရှိ ပြည်သူအား စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရှိရသည်။

၎င်းတိုက်ခိုက်မှုသည် ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ (၄)ရက်နေ့တွင် စကစ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော အပစ်မဲ့ပြည်သူများအတွက် ချက်ချင်းလက်တုန့်ပြန်၍ သွေးကြွေးတောင်းခဲ့သည့် missionတစ်ခု ဖြစ်သည်။

Myingyan Black Tiger (MBT)

05 Dec, 04:09


မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့၏ မြို့သိမ်းတိုက်ပွဲဆင်နွှဲရန်အတွက် အဓိကထား ခေါ်ယူသည့် End Point ကမ်ပိန်းသည် ၈၀%သာ ရရှိပါသေးတယ်ခဗျာ။ယခု လကုန်ပြီး ဒီဇင်ဘာလ (၆)ရက်နေ့သည် End Point ကမ်ပိန်း၏ နောက်ဆုံးရက် ဖြစ်သောကြောင့် သတ်မှတ်ရက် မတိုင်မှီ ကျန်ရှိနေသော End Point ကမ်ပိန်း၏ ၂၀%အား ပူးပေါင်းပါဝင် အားဖြည့်ပေးကြပါရန် မိဘပြည်သူတစ်ဦးချင်းဆီအား အထူးပင် မေတ္တာရပ်ခံအပ်သည်ခဗျာ🙏🙏🙏

Myingyan Black Tiger (MBT)

03 Dec, 11:18


Myingyan Black Tiger (MBT)မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၅) သင်တန်းဆင်းပွဲအား
၂၀၂၄၊ဒီဇင်ဘာလ (၃)ရက်နေ့တွင် အောင်မြင်စွာကျင်းပပြီးဆုံးခဲ့ကြောင်း မိဘပြည်သူများအားအသိပေးတင်ပြအပ်ပါသည်💪💪💪

#EndPoint
#MBT
#မနိုင်မချင်းအိမ်မပြန်ဘူး
#အားလုံးစုစည်းနေရင်ဘာမှမဖြစ်

Myingyan Black Tiger (MBT)

26 Nov, 04:53


မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့၏ မြို့သိမ်းတိုက်ပွဲဆင်နွှဲရန်အတွက် အဓိကထား ခေါ်ယူသည့် End Point ကမ်ပိန်းသည် ၆၀%သာ ရရှိပါသေးတယ်ခဗျာ။ယခု လကုန်ပြီး ဒီဇင်ဘာလ (၆)ရက်နေ့သည် End Point ကမ်ပိန်း၏ နောက်ဆုံးရက် ဖြစ်သောကြောင့် သတ်မှတ်ရက် မတိုင်မှီ ကျန်ရှိနေသော End Point ကမ်ပိန်း၏ ၄၀%အား ပူးပေါင်းပါဝင် အားဖြည့်ပေးကြပါရန် မိဘပြည်သူတစ်ဦးချင်းဆီအား အထူးပင် မေတ္တာရပ်ခံအပ်သည်ခဗျာ🙏🙏🙏

Myingyan Black Tiger (MBT)

21 Nov, 04:35


မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊မြင်းခြံမြို့၏ ၄မိုင်အကွာတွင် (၇)ရက်တာ တိုက်ပွဲအကျဥ်းအား မိဘပြည်သူများအား တင်ပြအပ်ပါသည်။

Myingyan Black Tiger (MBT)

21 Nov, 04:34


သတင်းထုတ်ပြန်ချက်။   ။၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၂၁ ရက်

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊မြင်းခြံမြို့တောင်ဘက် ၅ မိုင်ခန့်အကွာတွင်ရှိသော မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့၏ စစ်ကြောင်း (၃) စစ်ရေးလှုပ်နယ်မြေအတွင်း ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အကြမ်းဖက်စကစတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

၎င်းခုခံစစ်သည် ၃ ရက်တာကြာမြင့်ခဲ့ပြီး ခဲယမ်းပျက်တောက်မှုကြောင့် ပထမ ခံစစ်စည်းဖြစ်သည့် ကွမ်းစိုက်ကျေးရွာမှ ဆုတ်ခွာပေးခဲ့ရသည်။

၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၁၅ ရက်နေ့ ည (၈) ခွဲအချိန်မှ စ၍ ရန်သူစကစနှင့် နောက်တစ်ကြိမ် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ဒုတိယအကြိမ် ခုခံစစ်သည် နိုဝင်ဘာလ ၁၈ ရက်နေ့ထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စကစဘက်မှ Mi-35 ရဟတ်ယာဉ်ဖြင့် (၃) ကြိမ်နှင့် Jet Fighter ဖြင့် (၂) ကြိမ် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၅) ကြိမ်ပြုလုပ်ခဲ့ပြီး မြင်းခြံမြို့ရှိ ခမရ ၁၅ မှလည်း ဟောင်ဝှစ်ဇာ ၅ လုံးဖြင့် ပစ်ကူ‌ပေးခဲ့သည်။

မိမိတို့ MBT တပ်ဖွဲ့မှ ရဲဘော်များအနေဖြင့် ရန်သူ၏ ကြည်းကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုကို ခုခံတိုက်ခိုက်နိုင်ခဲ့သော်လည်း ခဲယမ်းပျက်တောက်သွားမှုကြောင့် ဒုတိယခံစစ်စည်းဖြစ်သည့် ခြေဆေးကျေးရွာမှ ဆုတ်ခွာပေးခဲ့ရသည်။

၎င်း (၇)ရက်တာ တိုက်ပွဲအတွင်း စကစဘက်မှ နှစ်ပွင့်ဗိုလ်အပါအဝင် စကစတပ်သား (၃၆)ဦးသေဆုံး၊ (၄၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိမိတို့ MBT တပ်ဖွဲ့မှ ရဲဘော် (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စကစတပ်များသည် ယခုအချိန်ထိ စစ်ကြောင်းထိုးနေပြီး မိမိတို့ MBT တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များမှလည်း ပြန်လည်ခုခံကာ စစ်ရေးအခြေအ‌နေ
တင်းမာနေဆဲဖြစ်သည်။


မိမိတို့ Myingyan Black Tiger (MBT)မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း၏ (၇) ရက်တာ ခုခံစစ် တိုက်ပွဲ၌ လာရောက်အားဖြည့် ပူးပေါင်းတိုက်ပွဲ၀င်ပေးကြပါသော Popa Guerilla Force (PGF)၊Bright Star Group (BSG)
၊မြင်းခြံခရိုင် တပ်ရင်း (၁ ၊၂ ၊ ၃ ၊၄၊၇ ၊၈)
မြင်းခြံခရိုင် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ၊ အမှတ် (၈၁၅) ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ (
စွန်ရဲပြောက်ကျားတပ်၊ SPY ပြောက်ကျားတပ်၊
နှလုံးလှ လူမိုက်တပ်ဖွဲ့တို့အား မိမိMBTတပ်ဖွဲ့မှ  အထူးပင်ကျေးဇူးတင်အပ်ပါသည်။

Myingyan Black Tiger (MBT)

20 Nov, 13:37


သတင်းထုတ်ပြန်ချက်။ ။၂၀၂၄၊နိုဝင်ဘာလ ၂၀ရက်

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့ပေါ်ရှိ စကစတပ်သားများ အဓိက အခြေချတပ်စွဲရာ ကျောက်ရုံးကြီး (ထွေအုပ်ရုံး)နှင့် စကစတပ်သားများ နားနေရာ Myingyan Hotel တို့အား မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ယနေ့ ၂၀၂၄၊နိုဝင်ဘာလ ၂၀ရက် ည (၇)နာရီဝန်းကျင်တွင် အနီးကပ် မိုင်းထောင်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။မြင်းခြံမြို့နယ်ရှိ အများပြည်သူတို့၏ အိုး၊အိမ်၊စည်းစိမ်တို့အား အကြမ်းဖက်​ ခိုးယူမီးရှို့နေသော စကစတပ်သားများအား လက်တုန်ပြန် တိုက်ခိုက်သည့် စစ်ရေးမစ်ရှင်တစ်ခုဖြစ်သည်။စကစတပ်သား၏ ထိခိုက်မှုအသေးစိတ်အား မိမိတို့ MBTတပ်ဖွဲ့မှ စုံစမ်းနေဆဲ ဖြစ်သည်။ယခုကဲ့သို့ မြို့တွင်းစစ်ရေးမစ်ရှင်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စကစတပ်စခန်းများနှင့် နီးကပ်စွာ သွားလာခြင်းမပြုရန် အထူးပင် မေတ္တာရပ်ခံအပ်ပါသည်။

Myingyan Black Tiger (MBT)

17 Nov, 03:10


မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့၏ မြို့သိမ်းတိုက်ပွဲဆင်နွှဲရန်အတွက် အဓိကထား ခေါ်ယူသည့် End Point ကမ်ပိန်းသည် ၅၀%သာ ရရှိပါသေးတယ်ခဗျာ။ယခု လကုန်ပြီး ဒီဇင်ဘာလ (၆)ရက်နေ့သည် End Point ကမ်ပိန်း၏ နောက်ဆုံးရက် ဖြစ်သောကြောင့် သတ်မှတ်ရက် မတိုင်မှီ ကျန်ရှိနေသော End Point ကမ်ပိန်း၏ ၅၀%အား ပူးပေါင်းပါဝင် အားဖြည့်ပေးကြပါရန် မိဘပြည်သူတစ်ဦးချင်းဆီအား အထူးပင် မေတ္တာရပ်ခံအပ်သည်ခဗျာ🙏🙏🙏

Myingyan Black Tiger (MBT)

15 Nov, 03:55


သတင်းထုတ်ပြန်ချက်။   ။၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၁၅ ရက်

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊မြင်းခြံမြို့နယ်အတွင်းရှိ မိမိတို့ Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်း၏ စစ်ကြောင်း (၃) နယ်မြေအတွင်း  အကြမ်းဖက်စကစတပ်များမှ ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

၎င်း စကစတပ်များသည် ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ (၁၁)ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်မှစ၍ လေကြောင်းဖြင့် စတင်ခိုက်ခဲ့ပြီး မြေပြင်မှလည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။နှစ်ဘက်ထိတွေ့မှု (၃) ရက်တာ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ရန်သူ့ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ရန်သူ့ Drone (၂) စီးကိုလည်း ပစ်ချနိုင်ခဲ့ပြီး Drone တစ်စီး သိမ်းပိုက်ရရှိခဲ့သည်။

၎င်း (၃) ရက်တာခုခံစစ်အတွင်း ရန်သူ့ဘက်မှ လေကြောင်း (၁၅) ကြိမ်ထက်မနည်း အသုံးပြုခဲ့ပြီး ဗုံးအလုံး (၁၀၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး မိမိတို့ MBT တပ်ဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။စကစ တပ်များ၏ သေဆုံးအလောင်းများနှင့် ဒဏ်ရာရများအား ကားများဖြင့် မြင်းခြံဆေးရုံသို့ သယ်ဆာင်သွားပြီး ဒဏ်ရာရ ပျူနှစ်ဦးအား မိထ္တီလာဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။

မိမိတို့ MBT တပ်ဖွဲ့ဘက်မှ ခဲယမ်းပျက်တောက်မှု ဖြစ်ပေါ်လာသောကြောင့် ပထမ ခုခံစစ်ဖြစ်သည့် ကွမ်းစိုက်ကျေးရွာမှ ဆုတ်ခွာပေးခဲ့ရပြီး ယခုလက်ရှိ အချိန်အထိနှစ်ဘက်စစ်ရေး တင်းမာနေဆဲ ဖြစ်သည်။

လက်ရှိအချိန်တွင် စကစတပ်သားများသည် ကူရွာကျေးရွာမှ ပြည်သူ (၃)ဦးနှင့် ကွမ်းစိုက်ကျေးရွာမှ ပြည်သူ (၁)တစ်ဦး တို့အား သတ်ဖြတ်ခဲ့ပြီး ကွမ်းစိုက်ကျေးရွာမှ နေအိမ်များအား မီးရှို့ဖျက်စီးနေလျှက်ရှိသည်။အသေးစိတ်အချက်အလက်များအား စစ်ရေးအခြေအနေပေါ်မူတည်၍ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်သည်။

Myingyan Black Tiger (MBT)

08 Nov, 10:23


သတင်းထုတ်ပြန်ချက်။   ။၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၈ ရက်

ကျွန်တော်တို့ Myingyan Black Tiger (MBT)တပ်ဖွဲ့မှ 5.56mm ကျည်သုံး ကာဘိုင်အမျိုးအစား သေနတ်အား ၂၀၂၄၊နိုဝင်ဘာလ (၇)ရက်နေ့တွင် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း မိဘပြည်သူများအား အသိပေးတင်ပြအပ်ပါသည်။

၎င်း ကာဘိုင် အမျိုးအစား သေနတ်သည် ရှေ့တန်းစစ်မျက်နှာပြင်၌ ကျည်ရှားပါးမှု ဖြစ်ပေါ်နေသော ကျားမဲလေးများအတွက် အဓိက ရည်ရွယ်၍ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။၎င်းသည် ပေါ့ပါး၍ ပစ်မှတ်ကို မိတာ (၁၀၀)အတွင်း တိကျစွာ ပစ်ခတ်နိုင်သည့်အပြင် ကျည်ရှားပါးမှုပြသနာအား ဖြေရှင်းနိုင်သောကြောင့် မကြာမှီအချိန်အတွင်း ရှေ့တန်းစစ်မျက်နှာပြင်မှ ကျားမဲလေးများ ကိုင်ဆောင်ထားသော ကိုးလုံး (ရှော့ဂမ်း)အစား ၅.၅၆ သုံး ကာဘိုင်များအား အစားထိုးအသုံးပြုသွားမည်ဖြစ်သည်။

မြို့သိမ်းတိုက်ပွဲ ဆင်နွဲရန် အသင့်ဖြစ်နေသော MBT တပ်ဖွဲ့မှ ရဲဘော်များအတွက် "End Point" ကမ်ပိန်း၏ ကျန်ရှိနေသော ၆၀% အား ဆက်လက်ကူညီ‌ထောက်ပံ့ပေးပါရန် မိဘပြည်သူများအား အထူးပင်မေတ္တာရပ်ခံအပ်ပါသည်။

Myingyan Black Tiger (MBT)

07 Nov, 09:02


ကျွန်တော်တို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ရဲ့ မြို့သိမ်းတိုက်ပွဲအတွက် အဓိက ခေါ်ယူခဲ့သော End Point ကမ်ပိန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၆)ရက်နေ့မှာ သတ်မှတ်ရက်ပြည့်ခဲ့ပြီးဖြစ်ပါသည်။သို့သော် End Point ကမ်ပိန်း၏ ၄၀%ကိုသာ ရရှိခဲ့သောကြောင့် ကျန်ရှိနေသော ၆၀%ကို ဖြည့်တင်းနိုင်ရဲ့အတွက် ဒီဇင်ဘာလ (၆)ရက်နေ့အထိ ကမ်ပိန်းရက်အား တိုးမြှင့်သတ်မှတ်သွားမှာ ဖြစ်ပါတယ်ခဗျာ။ထိုကြောင့် မိဘပြည်သူမျာအနေဖြင့် မိမိတို့ MBTတပ်ဖွဲ့၏ မြို့သိမ်းတိုက်ပွဲ င်နွှဲနိုင်ရေးအတွက် End Point ကမ်ပိန်း၏ ကျန်ရှိနေသော ၆၀%အား ဆက်လက်ကူညီထောက်ပံ့ပေးပါရန် အထူးပင် မေတ္တာရပ်ခံအပ်ပါသည်ခဗျာ။

Myingyan Black Tiger (MBT)

29 Oct, 02:30


Myingyan Black Tiger (MBT)မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၄) သင်တန်းဆင်းပွဲအား
၂၀၂၄၊အောက်တိုဘာလ (၂၈)ရက်နေ့တွင် အောင်မြင်စွာကျင်းပပြီးဆုံးခဲ့ကြောင်း မိဘပြည်သူများအားအသိပေးတင်ပြအပ်ပါသည်💪💪💪

#EndPoint
#MBT
#မနိုင်မချင်းအိမ်မပြန်ဘူး
#အားလုံးစုစည်းနေရင်ဘာမှမဖြစ်

Myingyan Black Tiger (MBT)

26 Oct, 07:19


သတင်းထုတ်ပြန်ချက်။   ။၂၀၂၄၊အောက်တိုဘာလ၂၆ရက်


မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ မင်းရွာ (ပျူစောထီရွာ) အား ၂၀၂၄၊အောက်တိုဘာလ ၂၄ရက်နေ့တွင် မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များမှ Dromeဖြင့် ဗုံးသီး (မီးလောင်ဗုံး) သွားရောက်ကြဲချ တိုက်ခိုက်ခဲ့သည်။အောက်တိုဘာလ ၂၄ရက် နံနက်ခင်း ၈နာရီဝန်းကျင်တွင် ဗုံးသီး (၁၀)လုံးနှင့် ညနေခင်း ၄နာရီဝန်းကျင်တွင် ဗုံးသီး (၅)လုံး စုစုပေါင်း ဗုံးသီး (၁၅)လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ရာ အဆောက်ဦး ထိခိုက်ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနိုင်သည်။ရန်သူ့ထိခိုက်ပျက်စီးမှု အသေးစိတ်အား ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။၎င်းစစ်ဆင်ရေးအား မိမိတို့ Myingyan Black Tiger (MBT)မြင်းခြံခရိုင်အမှတ် ၉တပ်ရင်းနှင့်အတူ ရဲဘော်ညီနောင်ပြောက်ကျားတပ်၊ဧရာဝတီမင်းသားပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊နောင်ရိုးပြောက်ကြားတပ်ဖွဲ့
တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။

Myingyan Black Tiger (MBT)

25 Oct, 14:13


မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့၏ မြို့သိမ်းတိုက်ပွဲဆင်နွှဲရန်အတွက် အဓိကထား ခေါ်ယူသည့် End Point ကမ်ပိန်းသည် ၄၀%သာ ရရှိပါသေးတယ်ခဗျာ။ယခု လကုန်ပြီး နိုဝင်ဘာလ (၆)ရက်နေ့သည် End Point ကမ်ပိန်း၏ နောက်ဆုံးရက် ဖြစ်သောကြောင့် သတ်မှတ်ရက် မတိုင်မှီ ကျန်ရှိနေသော End Point ကမ်ပိန်း၏ ၆၀%အား ပူးပေါင်းပါဝင် အားဖြည့်ပေးကြပါရန် မိဘပြည်သူတစ်ဦးချင်းဆီအား အထူးပင် မေတ္တာရပ်ခံအပ်သည်ခဗျာ🙏🙏🙏

Myingyan Black Tiger (MBT)

10 Oct, 03:52


သတိပေး ထုတ်ပြန်ချက်။    ။၂၀၂၄၊အောက်တိုဘာလ ၁၀ရက်

စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲအား ကူညီပေးနေပြီး သန်ခေါင်စာရင်း ကောက်ခံသည့် မည်သူကို မဆို ချက်ချင်း အပစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း သတ်ိပေးလိုက်သည်။

ပုံ/
Myingyan Black Tiger(MBT)

Myingyan Black Tiger (MBT)

10 Oct, 03:49


သတိပေး ထုတ်ပြန်ချက်။ ။၂၀၂၄၊အောက်တိုဘာလ ၁၀ရက်

ပြည်သူ့ဆန္ဒကို ဆန့်ကျင်ခဲ့သည့် အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ စတင်ခဲ့သည့် ပြည်တွင်းစစ် တိုက်ပွဲတိုင်း၌ အရှုံးကြီးရှုံးကာ PDF နှင့် EROs တပ်များသည် စစ်ကောင်စီ ထိမ်းချုပ်ထားသည့် မြို့၊ရွာများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်လာနိုင်ခဲ့သည်။

ထို့နောက် စစ်ကောင်စီသည် သိမ်းပိုက်ခံထားရသည့် မြို့ရွာများကို ပြာပုံအတိဖြစ်အောင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီသည် ၎င်းတို့၏ စစ်ရာဇဝတ်မှုများကို "ရွေးကောက်ပွဲ ကျင်းပပေးမည်"ဟူသော ကတိဖြင့် ဖုံးအုပ်ပြီး နိုင်ငံတကာကို လိမ်လည်လှည့်ဖြားရန် ကြိုးစားလာပြန်ပြီး
ရွေးကောက်ပွဲအတွက် ပထမခြေလှမ်းအဖြစ် ပြည်တွင်းရှိ ၎င်းတို့စိုးမိုးအနိုင်ကျင့်နိုင်သေးသော လက်ကျန် မြို့ရွာများတွင် သန်ကောင်စာရင်းကောက်ခြင်းကို ဇွတ်တိုးလုပ်ဆောင်လာခဲ့သည်။

မိမိတို့ Myingyan Black Tiger (MBT) တပ်ဖွဲ့အနေဖြင့် စစ်ရှုံးစစ်ကောင်စီ ပြုလုပ်နေသည့် သန်ကောင်စာရင်း ကောက်ယူခြင်းကို လုံးဝ(လုံးဝ) သဘောမတူကြောင်း၊ခွင့်မပြုကြောင်းကို လက်တွေ့ပြသမည် ဖြစ်သည်။

မြင်းခြံခရိုင်အတွင်းရှိ မြို့၊ရွာများတွင် စစ်ကောင်စီ၏ သန်းကောင်စာရင်း ကောက်ယူခြင်းကို ကူညီလုပ်ဆောင်ပေးနေသော မည်သူ့ကိုမဆို ပြင်းထန်စွာ အရေးယူသွားမည်ဟု သတိပေး ထုတ်ပြန်လိုက်သည်။

ပုံ/
Myingyan Black Tiger(MBT)

Myingyan Black Tiger (MBT)

09 Oct, 01:09


သတင်းထုတ်ပြန်ချက်။ ။၂၀၂၄၊အောက်တိုဘာလ ၉ရက်

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊မြင်းခြံမြို့အတွင်းရှိ ရဲသင်တန်းကျောင်းတောင်ဘက် အထွေထွေအုပ်ချုပ်ရေးမူးရုံး (ထွေအုပ်ရုံး
)ရှိ စကစတပ်သားများအား ၂၀၂၄၊အောက်တိုဘာလ ၆ရက်နေ့ ည (၉)နာရီခွဲအချိန်ခန့်တွင် မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ပြောက်ကျားနည်းစနစ်ဖြင့် အနီးကပ်၍ လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
၎င်းအနီးကပ် တိုက်ခိုက်မှုကြောင့် ကင်းစောင့်နေသည့် စကစတပ်သားနှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။မိမိတို့ MBTတပ်ဖွဲ့မှ ယခုကဲ့သို့ မြို့ပြစစ်ဆင်ရေးများအား ပိုမိုအရှိန်မြင့် လုပ်ဆောင်သွားရန် ရှိနေပါသောကြောင့် မိဘပြည်သူများအနေဖြင့် စကစတပ်ဆွဲရာ နေရာများတွင် ​အနီးကပ်သွားလာခြင်းများ မပြုလုပ်ကြရန် အထူးပင် မတ္တောရပ်ခံအပ်ပါသည်။

Myingyan Black Tiger (MBT)

08 Oct, 16:03


သတင်းထုတ်ပြန်ချက်။ ။၂၀၂၄၊အောက်တိုဘာလ ၈ရက်

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊မြင်းခြံမြို့နယ် ကျောက်ကန် (ပျူစောထီး)ရွာအား ၂၀၂၄၊အောက်တိုဘာလ (၇)ရက် နံနက် (၅)နာရီခွဲ အချိန်ခန့်တွင် ညီနောင်မဟာမိတ်တပ်များမှ ဝင်ရောက် စီးနင်းတိုက်ခိုက်နေစဥ် မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များမှ ၎င်းပျူစောထီးကျေးရွာအား စစ်ကူလာပေးသည့် စကစ စစ်ကြောင်းအား ခုခံတိုက်ခိုက်ပေးခဲ့သည်။

Myingyan Black Tiger (MBT)

08 Oct, 16:02


သတင်းထုတ်ပြန်ချက်။ ။၂၀၂၄၊အောက်တိုဘာလ ၈ရက်

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊မြင်းခြံမြို့နယ် ကျောက်ကန် (ပျူစောထီး)ရွာအား ၂၀၂၄၊အောက်တိုဘာလ (၇)ရက် နံနက် (၅)နာရီခွဲ အချိန်ခန့်တွင် ညီနောင်မဟာမိတ်တပ်များမှ ဝင်ရောက် စီးနင်းတိုက်ခိုက်နေစဥ် မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များမှ ၎င်းပျူစောထီးကျေးရွာအား စစ်ကူလာပေးသည့် စကစ စစ်ကြောင်းအား ခုခံတိုက်ခိုက်ပေးခဲ့သည်။
ထိုအပြင် ကျောက်ပြုတ်ကျေးရွာမြောက်ဘက်အထွက် ဘုရားကုန်းမှ လက်နက်ကြီး ပစ်ကူပေးနေသည့် စကစတပ်များအားလည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။နံနက် (၁၁)နာရီအချိန်တွင် ကျောက်ကန် (ပျူစောထီး)ရွာအား ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်သိမ်းယူနိူင်ခဲ့ပြီး ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသောကြောင့် မိမိတို့စခန်းရှိရာသို့ပြန်လည်ဆုတ်ခွာလာခဲ့သည်။
၎င်း ကြားဖြတ်တိုက်ခိုက်သည့် စစ်ဆင်ရေးတွင် ရန်သူတပ်သား (၁၀)ဦးထပ်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိကာ ကား (၂)စီးဖြင့် မြင်းခြံမြို့ဘက်သို့ သယ်ဆောင်ခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ရသည်။
အဆိုပါ ကြားဖြတ်စစ်ဆင်ရေးအား မိမိတို့ Myingyan Black Tiger (MBT) မြင်းခြံခရိုင်တပ်ရင်း -၉နှင့်အတူ နောင်ရိုးတပ်ဖွဲ့၊PLA ၊ရဲခေါင်ပြောက်ကျား၊​​ရွှေခြံသားတပ်ဖွဲ့၊မြင်းခြံခရိုင်အမှတ်(၁၊၂၊၃၊၄၊၇)တို့မှ ပူပေါင်းတိုက်ပွဲဝင်ခဲ့သည်။

Myingyan Black Tiger (MBT)

06 Oct, 05:56


သတင်းထုတ်ပြန်ချက်။  ။၂၀၂၄ခုနှစ်၊အောက်တိုဘာလ ၆ ရက်

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ မင်းနေကုန်း ရဲစခန်းအား ၂၀၂၄ ခုနှစ်၊အောက်တိုဘာလ ( ၅ )ရက် ညနေ ( ၃ )နာရီအချိန်ခန့်တွင် မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များမှ လက်နက်ကြီးများ၊Droneများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ရန်သူ့စခန်းအား လက်နက်ကြီး ( ၅ )လုံးနှင့် Drone ဗုံးသီး ( ၁၅ )လုံး ပစ်ခတ်နိုင်ခဲ့ပြီးနောက် စကစတပ်သား ( ၃ )ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း စကစနှင့် နီးစပ်သူတစ်ဦးထံမှ ပြန်လည်သိရှိရ၍ အတည်ပြုနိုင်ခဲ့သည်။

မိမိတို့ MBTတပ်ဖွဲ့နှင့် မဟာမိတ်များ ပြန်လည်ဆုတ်ခွာရာတွင်လည်း စကစတပ်သားများမှ လက်နက်ကြီး/ငယ် များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းရှိသော်လည်း အထိအခိုက်မရှိ မိမိတပ်စခန်းများထံသို့ ပြန်လည် ရောက်ရှိခဲ့သည်။

၎င်း စစ်ဆင်ရေးအား မိမိတို့ Myingyan Black Tigerနှင့်အတူ နောင်ရိုးတပ်ဖွဲ့၊MGN-35၊MGN-Tiger၊ဗိုလ်စားတပ်ဖွဲ့၊ပြည်ချစ်သား၊ဧရာဝတီမြင်းသားတပ်ဖွဲ့၊Myingyan Denger Dynamite၊ ABCDF၊ထိုးနွားကြီး ပကဖ၊မြင်းခြံခရိုင်တပ်ရင်း ၈၊ဂျိုးဖြူ စသည့်တပ်ဖွဲ့များမှ ပူးပေါင်းလုပ်ဆောင်းခဲ့ပါသည်။

Myingyan Black Tiger (MBT)

03 Oct, 14:09


ကျွန်တော်တို့ Myingyan Black Tiger (MBT)တပ်ဖွဲ့၏ *End Point *ကမ်ပိန်းသည် ကမ်ပိန်းစတင်ခဲ့ရာ စက်တင်ဘာလ (၆)ရက်နေ့မှ  ယနေ့အချိန်ထိ ကမ်ပိန်း၏ ၂၀% (သိန်း ၁၀၀၀) သာ ရရှိပါသေးသည်။မိမိတို့ MBTတပ်ဖွဲ့၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် ရန်သူတို့၏ စခန်းသိမ်း စခန်းထိန်း၊ မြို့သိမ်း မြို့ထိန်း များ ပြုလုပ်နိုင်ရန်အတွက် ယခု ခေါ်ယူနေသော *End Point *ကမ်ပိန်းသည် များစွာ အရေးကြီးနေပါသည်။ဟန်ချက်ညီသည့် စစ်ရေးအရှိန်နှင့်အတူ မဟာမိတ်များနှင့် ပေါင်းစည်းကာ ပြည်သူလိုလားတောင်းတသည့် လွတ်လပ်၍တရားမျှတသည့် ပန်တိုင်တစ်ခုဆီသို့ ရောက်ရှိရန် မိမိတို့ MBTတပ်ဖွဲ့မှ ကျားမဲလေးများက အစွမ်းကုန်ကြိုးစားသွားမည်ဟု ကတိသစ္စာပြုသည်။ထို့ကြောင့် နိုဝင်ဘာလ (၆)ရက်နေ့တွင် ကမ်ပိန်းပြီးဆုံးမှာ ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် ကျန်ရှိနေသော * End Point *ကမ်ပိန်း၏ ၈၀% ( သိန်း ၄၀၀၀) ဆက်လက်ကူညီထောက်ပံ့ရန် မေတ္တာရပ်ခံအပ်ပါသည်။

#EndPoint #MBT #ဗိုလ်မိုက်ခဲ

Myingyan Black Tiger (MBT)

27 Sep, 13:11


မြင်းခြံမြို့နယ် ခြေဆေးကျေးရွာအနီး တိုက်ပွဲအကျဥ်းဖြစ်သည်။

Myingyan Black Tiger (MBT)

27 Sep, 11:40


သတင်းထုတ်ပြန်ချက်။ ။၂၀၂၄၊စက်တင်ဘာလ ၂၇ရက်

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင် မြင်းခြံမြို့နယ်အတွင်း ခြေဆေးကျေးရွာအနီးရှိ မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့၏ စစ်ကြောင်း -၃ အခြေချရာ တပ်စခန်းများအား ယနေ့နံနက် ၅နာရီခန့်မှ စ၍ ရန်သူအင်အား ၁၂၀ ဝန်းကျင်ခန့်ပါ စကစတပ်များမှ စစ်ကြောင်းထိုး၍ ဝင်ရောက်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ရသည်။ခံစစ်အခိုင်အမာ တည်ဆောက်ထားပြီး ရဲ့ရင်ပြတ်သား၍ အမိန့်နာခံမှုအပြည့်ရှိသော MBTတပ်ဖွဲ့မှ ရဲဘော်များ၏ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ရန်သူတပ်များမှာ နောက်သို့ ဆုတ်ခွာထွတ်ပြေးခဲ့သည်။ထိုအပြင် နံနက် (၇)နာရီအချိန်၌ မဟာမိတ်တပ်များဖြစ်သော မြင်းခြံခရိုင် အမှတ် (၁၊၂၊၃၊၇၊၈)တပ်ရင်းများ၊မြင်းခြံခရိုင်ပကဖ၊မလှိုင်မြို့နယ်ပကဖ၊စွန်ရဲပြောက်ကျားတပ်ဖွဲ့၊ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊အမှတ်၈၁၅တပ်ရင်း (PLA) တပ်ဖွဲ့များမှ တပ်ကူများလာရောက်ပူးပေါင်း အင်အားဖြည့်တင်းပေးခဲ့ရာ အရှိန်မြင့် တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး စကစတပ်သားများအား ခြေဆေးချောင်းအတွင်း ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ခဲ့သည်။၎င်းနောက် စကစဘက်မှ Drone (၅)နှင့်အတူ လေယဥ် (၂)ဖြင့် အကြိမ်ပေါင်းများစွာ လာရောက်ပစ်ခတ်မှုတို့ကြောင့် မိမိတို့ဘက်မှ အနည်းငယ် ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။စစ်ပွဲသည် နံနက် (၅)မှ နေလည် (၁၁)နာရီကျော်အထိ ဖြစ်ပွားခဲ့ပြီး ရန်သူ့ဘက်မှ ၁၈ ဦး သေဆုံးခဲ့ပြီး ဖိုးဝွီး(4 Wheel)ကားပေါ်တွင် သယ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိခဲ့သည်။ယခုချိန်တွင် ရန်သူဘက်မှ ထိခိုက်အသေဆုံး များစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့မှနယ်မြေအား ပြန်လည်ရှင်းလင်းရေး လုပ်ဆောင်နိုင်ခဲ့သည်။ယခုကဲ့သို့ မိမိတို့ MBTတပ်ဖွဲ့အား အင်အားဖြည့်ပူးပေါင်း ကူညီပေးပါသော မဟာမိတ်တပ်ဖွဲ့များအား MBTတပ်ဖွဲ့မှ အထူးပင်ကျေးဇူးတင် အသိမှတ်ပြုပါသည်။

Myingyan Black Tiger (MBT)

26 Sep, 14:39


ကျွန်တော်တို့ Myingyan Black Tiger (MBT) တပ်ဖွဲ့၏ 60 K followers ရှိသော Official F_B page သည် F_B မှ ဖယ်ရှားခံလိုက်ရပါသောကြောင့် MBT တပ်ဖွဲ့၏ လှုပ်ရှားမှုအခြေအနေများနှင့် တော်လှန်မိဘပြည်သူများ အဆက်အသွယ်မပြတ်စေရန် ယခု Myingyan Black Tiger - MBT page အသစ် အား ထပ်မံဖွင့်လှစ်လိုက်ရပါကြောင်း အသိပေးပန်ကြားအပ်ပါသည်🙏🙏🙏

ကျွန်တော်တို့ MBT တပ်ဖွဲ့က ခေါ်ယူထားသော
"End Point" ကမ်းပိန်းလေးကလည်း ရက်ပေါင်းနှစ်ဆယ်အတွင်း ကျပ်သိန်းပေါင်း ၈၄,၈၀၀,၀၀၀ ကျပ်(ရှစ်ရာလေးဆယ့်ရှစ်သိန်းကျပ်)၊ထိုင်းဘတ် ၃၀,၀၀၀ ဘတ်နှင့် US Dollar 530 တိတိအား ကျွန်တော်တို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က လက်ခံရရှိပြီး ဖြစ်တာကြောင့် ကျန်ရှိနေသော ကမ်ပိန်း၏မျှော်မှန်းပမာဏ ကျပ်သိန်းငါး‌ထောင် ပြည့်မှီအောင်လည်း မိဘပြည်သူများအနေဖြင့်ဝိုင်း၀န်း ကူညီ ထောက်ပံ့ပေးကြဖို့ ကျွန်တော်တို့ MBT တပ်ဖွဲ့ တစ်ဖွဲ့လုံးမှ အထူးမေတ္တာရပ်ခံအပ်ပါသည်🙏🙏🙏

"ခက်ခဲပင်ပန်းမှုတွေဟာ ရှည်ကြာလွန်းတယ်
ထင်ရပေမယ့် ပေ့ါပေါ့ပါးပါး ရီမောနိုင်မယ့်
နေ့ရက်တွေကကျိန်းေ-သကို ရောက်လာမှာပါ"💪🌄
@credit

#EndPoint
#MBT
#ဗိုလ်မိုက်ခဲ
#မနိုင်မချင်းအိမ်မပြန်ဘူး
#အားလုံးစုစည်းနေရင်ဘာမှမဖြစ် 💪💪💪

Myingyan Black Tiger (MBT)

26 Sep, 10:17


သတင်းထုတ်ပြန်ချက်။   ။၂၀၂၄၊စက်တင်ဘာလ
၂၆ ရက်

မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့ပေါ်တွင် မိမိတို့ Myingayn Black Tiger (MBT)တပ်ဖွဲ့၏ အမှတ် - ၁ စစ်ဆင်ရေး ရဲဘော်များမှ ကင်းပတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၂၀၂၄ ခုနှစ်၊စက်တင်ဘာလ ၂၅ ရက် ည (ဘ၉ ) နာရီခွဲအချိန်ခန့်တွင် စကစများတပ်စွဲထားသော ရေစကြိုမြို့၊အမှတ် (၈) သုခဝတီရပ်ကွက် ကပ်ကျော်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စကစများအနက် ကင်းစောင့်ရင်း ဖုန်းသုံးနေသော စကစတပ်သား တစ်ဦးအား ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့သည်။

၎င်း စကစတပ်သားအား လက်နက်နှင့်တကွ ပူးတွဲဖမ်းနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် စစ်ဆေးမှုများ ပြုလုပ်ကာ ၎င်းကျူးလွန်ခဲ့သော ပစ်မှုအလျှောက် အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်သည်။

မိမိတို့ Myingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်းအနေဖြင့်လည်း စစ်အာဏာရှင်စနစ်အား ယခုထက် ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်ရန်အတွက် MBT တပ်ဖွဲ့မှ ခေါ်ယူထားသော * End Point *ကမ်ပိန်းအား မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ကူညီပေးရန်လည်း အထူးပင်မေတ္တာရပ်ခံအပ်ပါသည်။

#ဗိုလ်မိုက်ခဲ #EndPoint #MBT

Myingyan Black Tiger (MBT)

25 Sep, 03:05


အသိပေးခြင်း

မိမိတို့ Myingyan Black Tiger (MBT)၏ Facebook Page သည် ယခုလောလောဆယ် Report ထိ၍ အကောက်ပြန်ယူ၍ မရသေးသောကြောင့် Myingyan Black Tiger (MBT)တပ်ဖွဲ့၏ Telegram Channel နှင့် #ဗိုလ်မိုက်ခဲ pageတို့မှ လာရောက်ဆက်သွယ်နိုင်ပါကြောင်း မိဘသူပြည်သူများအား အသိပေးတင်ပြအပ်ပါသည်။MBT ၏ Facebook Page ပြန်လည်ရရှိသည့် အချိန်တွင်လည်း ပြန်လည်တင်ပြသွားမည် ဖြစ်ပါကြောင်း တပါတည်းတင်ပြအပ်ပါသည်။

6,356

subscribers

219

photos

110

videos