ကိုနှင်းမောင် @kohninmg777 Channel on Telegram

ကိုနှင်းမောင်

@kohninmg777


ကိုနှင်းမောင် (Burmese)

ကိုနှင်းမောင် သည် မြန်မာနိုင်ငံရဲ့ စုစည်းမျဉ်းအသင် နှင့် အစီအစဉ်များကို ပြောပြပေးရန်ဖြစ်ပါသည်။ ကိုနှင်းမောင်ကိုနှစ်သစ် အစီအစဉ်နှင့် အမြင့်ပိုင်း အပြန်အလှန် မောင် ထားနိုင်ပါသဖြင့် ကိုနှင်းမောင် သည် သင်တို့၏ အကြှနျုပ်အပြန်အသုံး အပြပြနိုင်မှုကို ဖြစ်ပြီး သင်တို့၏ စိတ်ချစွာ ပြန်လာရန် အကြှနျုပ်ပါနှင့် အိမ်လိုပါနေပါသည်။

ကိုနှင်းမောင်

27 Dec, 15:42


အထူးသတိပေးခြင်း

🔜 ရန်ကုန်-မန္တလေး လမ်းဟောင်းနဲ့ အမြန်လမ်းကို ပိတ်ဆို့ဖို့ တစ်ခုခု လုပ်ရင်တော့ လုပ်တဲ့အဖွဲ့ အမြန်ဆုံး ဇာတ်သိမ်းရမှာပါ။ မသာ ဘယ်ဈေးလဲ မေးရမှာပါ။ ကျုပ်ပြောတာ မယုံရင် စောင့်ကြည့်ပါ။

မောင်ချိန်ခွင်

ကိုနှင်းမောင်

27 Dec, 13:53


Ok တယ်နော် ညိုကီတို့

အကွက်တွေအရမ်းလှလို့ပါ

နှင်းမောင်

ကိုနှင်းမောင်

27 Dec, 13:04


ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၁၄၄ ထုတ်ပြန်.....

ကိုနှင်းမောင်

27 Dec, 10:44


2️⃣7️⃣🔣1️⃣2️⃣🔣2️⃣0️⃣2️⃣4️⃣

🥉🥉🥉🥉🥉🥉🥉🥉🥉🥉

☀️☀️☀️☀️☀️☀️☀️☀️☀️☀️

ယနေ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲကျင်းပ။

⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️

#PMS

ကိုနှင်းမောင်

27 Dec, 10:11


2️⃣7️⃣🔣1️⃣2️⃣🔣2️⃣0️⃣2️⃣4️⃣

🥉🥉🥉🥉🥉🥉🥉🥉🥉🥉

☀️☀️☀️☀️☀️☀️☀️☀️☀️☀️

ယနေ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲကျင်းပ။

⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️

#PMS

ကိုနှင်းမောင်

25 Oct, 10:40


တရုတ်ကို ဖားနေရတဲ့ MNDAA

ကိုနှင်းမောင်

25 Oct, 06:07


KIA ထဲမှ PDF ၂ ဦး အလင်းဝင်

အောက်တိုဘာ ၂၄ ရက် ညနေပိုင်းအချိန်က မြစ်ကြီးနားမြို့နယ်ရှိ တပ်မတော်စစ်ကြောင်းတစ်ခုထံသို့ PDF ၂ ဦး လက်နက်ဖြင့် လာရောက်ခိုလှုံအလင်းဝင်ခဲ့ကြောင်း သိရှိရပါတယ် -
(၁) အလင်းဝင် PDF ၂ ဦး
(၂) KA သေနတ် ၂ လက်
(၃) ကျည်အိမ် ၄ ခု၊ ကျည် ၁၀၀ တောင့်

-
၎င်းတို့ပြောကြားချက်အရ KIA အဖွဲ့အတွင်းတွင် ဗမာ PDF များအား လူမျိုးရေးအရ ဖိနှိပ်ဆက်ဆံပြီး စားနပ် ရိက္ခာ အနည်းငယ်သာပေးခြင်း၊ ရွာများတွင် ဆက်ကြေးကောက်၍ ထမင်းထုပ်များ အမြဲတမ်းတောင်းစား နေရမှုကြောင့် ဒေသခံများမှ မုန်းတီးလာခြင်းတို့ကြောင့် အလင်းဝင်ရောက်လာခြင်း ဖြစ်ပါတယ်။
-
အလင်းဝင်ဖို့ ကြိုးစားနေတာ ၁ လခန့်ရှိပြီဟု သိရပြီး အခွင့်အရေးရချိန်မှာ စစ်ကြောင်းနဲ့ ချိတ်ဆက်ပူးပေါင်း ခဲ့တာဖြစ်ပါတယ်။ ၎င်းတို့ ၂ ဦး အခြေအနေကို စောင့်ကြည့်နေပြီး ထပ်မံ အလင်းဝင်ရောက်မယ့်သူများလည်း ရှိသေးကြောင်း သိရှိရပါတယ်။
-
အလင်းဝင်သူ ၂ ဦးနဲ့ ချိတ်ဆက်၍ ထပ်မံဝင်ရောက်လာမည့်သူများ၏ လုံခြုံရေးကြောင့် ပုံမဖော်ပြလိုပါ။ အညာဒေသဘက်က PDF တွေလည်း အကြမ်းဖက်လုပ်ရပ်များ လုပ်နေမယ့်အစား ယခုလို အလင်းဝင်သင့်ပါ ကြောင်း ဖော်ပြလိုက်ပါတယ်။

တိုက်ပွဲသတင်းစုံ

ကိုနှင်းမောင်

25 Oct, 06:07


ဒီမနက် ၄ နာရီလောက်က ကျိန္တလီဘက်ကို စစ်ကူပို့ဖို့ AA အဖွဲ့စုစည်းရောက်ရှိနေတဲ့ သံတွဲမြို့က ကြံ့ခိုင်ရေးရုံးနဲ့ ယခင် တပ်သားသစ်စုဆောင်းရေးရုံးကို လေကြောင်းကနေ ဗုံးမိုးရွာပေးထားတယ်လို့သိရ
သားကြီးတို့ မင်းတို့ဘယ်လောက်နေရာရွှေ့နေနေ သိတယ်သားကြီးတို့
သူတောင်းစားလေးတွေ အရပ်သားထိပါတယ်အော်ကြည့် နားအုံတွေကြီးဖြတ်ရိုက်မှာ
လက်တလောကြားသိရတဲ့သတင်းကတော့ ခွေးသေတွေကို ရှင်းနေလို့ အဲ့ဒီနေရာတွေကို အရပ်သားသွားလာမှုပိတ်ထားတယ်လို့ သိရတယ်
#MinChitOo
ရခိုင်သတင်းများဖတ်ရန်
https://t.me/minchitoo989989ကို join ပေးထားကြပါ
ရခိုင်အတွက် သတင်းပေးပိုလိုပါက 👉🏿👉🏿👉🏿 @mcoinfo2023 ကို နှိပ်ပြီး ပေးပိုလိုရပါပြီ

ကိုနှင်းမောင်

25 Oct, 06:06


ကြိုတင် ပြင်ဆင်သင့်တာလေးတွေ ပြင်ဆင်လို့ရအောင်ပါ
==========================

လက်ရှိတိုက်ပွဲတွေကြားမှာ ရန်သူတိုက်နေတဲ့ဗျူဟာနဲ့ ကိုယ်ဘက်က ခံစစ်အနေအထားတွေကိုကြည့်ရင် သောင်းကျန်းသူက စခန်းတစ်ခုကိုတိုက်ရင် အဓိက ခံစစ်နေရာတွေကို ယောင်ပြတိုက်ပြီး စိုးမိုးကုန်းတွေကို အရင်မရရအောင်တိုက်တယ်။ ပြီးမှအပေါ်ကနေ စနိုက်ဘာ လက်နက်ကြီးထောက်ပြီး လှိမ့်ချသလိုတိုက်တာပါ။ ကိုယ်တွေဘက်ကတော့ စိုးမိုးကုန်းတွေမှာ လူအနည်းငယ်နဲ့ ကာကင်းထုတ်တယ်။ တက်ရဆင်းရလွယ်တဲ့နေရာတွေမှကျတော့ သက်သာအောင် အဓိကခံစစ်ထားတယ်။ ဆွယ်တွေမှာ အဓိကနေရာတွေကို အများဆုံးထားတယ်။

ရခိုင်တိုက်ပွဲတွေကြည့်ရင် ထရွန်အိုင်၊ နှုံးဘူး၊ ပလက်ဝ(၂၈၉)၊ ပေါက်တော ဘုရားကုန်း၊ ဘူးသီးတောင်အခြေချဗျူဟာ၊ မင်းပြား(ကျိမ်းတောင်)နဲ့ နေရာအချို့မှာ AA ဘက်က စိုးမိုးကုန်းတွေကို အရင်မရရအောင်ယူပြီးမှ တိုက်သွားတာတွေ့ရတယ်၊ အင်အားမနိုင်လို့ ဆိုပြီး ကာကင်းတွေကနေ ဆုတ်တဲ့အချိန်မှာ ကျန်အဓိကနေရာတွေပါ ပေးလိုက်ရတာတွေလည်း တွေ့ရတယ်။

မြေပြန့်လိုနေရာ ဥပမာ၊ စစ်တွေ၊ မောင်တော နခခ ၅ နေရာတွေကျတော့ သူတို့ တိုက်ချင်တိုင်းတိုက်မရဘူး။ သူတို့သုံးနေကြဗျူဟာသုံးမရတော့ဘူး၊ သူတို့ဘက်က တိုက်စစ်နှောင့်နှေးကြန့်ကြာသလို ကိုယ်ဘက်ကလည်း တိုက်နေတဲ့အချိန်မှာ ပြင်ဆင်မှု အချိန်တွေပါကောင်းကောင်းရတယ်။

နောက်ပြီး ခံစစ်သေအနေအထားနဲ့နေပြီး ခံစစ်နည်းဗျူဟာထဲမှာပါတဲ့ ဘယ်လောက်စခန်းမှာကျန်ပြီး ဘယ်လောက်လှုပ်ရမယ်ဆိုတာတွေကို သိပ်မသုံးတာ တွေ့ရတယ်။ တစ်ချို့စခန်းတွေဆို မိမိစခန်းအခြေမှာ သောင်းကျန်းသူက ကပ်နေပြီး ကတုတ်ကျင်းတူးနေရာယူတဲ့အထိတောင် အကပ်ခံအထဲမှာနေတာတွေလည်း တွေ့ရတယ်။ လှုပ်ရှားတပ်တွေလာမှာပါဆိုပြီး မျှော်လင့်နေလို့ရတဲ့ ကာလမဟုတ်ဘူး။ ကိုယ့်ရှိတဲ့သူနဲ့ ကျစ်လစ်အောင် စုဖွဲ့ပြီး စစ်ကစားရတဲ့ကာလ၊ ရန်သူကို နည်းလမ်းမျိုးစုံသုံးပြီး လှည့်စားရမယ့်ကာလပါ။

မှက်ချက်။ ကိုယ့်ထက် အတွေ့အကြုံ/စစ်ပညာတတ်မြောက်ထားတဲ့သူတွေကို ဆရာကြီး လုပ်ခြင်းမဟုတ်ပါ။ တိုက်ပွဲကာလတစ်လျှောက် မြင်ရတွေ့ရတာကို လက်ရှိ တိုက်ပွဲဝင်နေကြတဲ့သူတွေ ထည့်သွင်းစဉ်းစားသုံးသပ်နိုင်ဖို့ ရေးသားတင်ပြခြင်းသာဖြစ်ပါသည်။
https://t.me/minchitoo989989/40983

ကိုနှင်းမောင်

25 Oct, 06:06


တိုက်ပွဲသတင်း (မတ္တရာ)

အောက်တိုဘာ ၂၃ ရက် နေ့လည်ပိုင်းအချိန်က မတ္တရာမြို့နယ်တွင် နယ်မြေရှင်းလင်းနေတဲ့ တပ်/ရဲ/ပသစ ပူးပေါင်း လုံခြုံရေးအဖွဲ့သည် မတ္တရာမြို့အနောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာတွင် အကြမ်းဖက် PDF ၂၀ ဦးခန့်နှင့် ထိတွေ့မှု ၂ ကြိမ်ဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ၂ ဦးဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် PDF ၂ လောင်း
(၂) MA-1 သေနတ် ၂ လက်
(၃) လက်ပစ်ဗုံး ၂ လုံး
(၄) အိုင်ကွန် ၁ လုံး၊ ကျည်အိမ် ၅ ခု

သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။

တိုက်ပွဲသတင်းစုံ

ကိုနှင်းမောင်

25 Oct, 06:06


❗️❗️❗️❗️❗️❗️❗️

အောက်တိုဘာ ၂၄ ရက် (မနေ့) နေ့လည်အချိန်က မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာရှိ စာသင်ကျောင်းအား အကြမ်းဖက် PDF များက ယုတ်မာရက်စက်စွာ Drop Bomb ၄ လုံးချ တိုက်ခိုက်ခဲ့ပါတယ်။ ဆရာ/ဆရာမ ၁၄ ဦး၊ ကျောင်းသား/သူ ၈၀ ဦးတို့ စာသင်နေစဉ် ဗုံးချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိုတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ -
(၁) ဒေါ်ရွှေရည်ဝင်း (ဆရာမ) (မစိုးရိမ်ရ)
(၂) မောင်ပိုင်ပိုင်ဟိန်းထွန်း (ကျောင်းသား) (မစိုးရိမ်ရ)
(၃) မလှအင်ကြင်း (ကျောင်းသူ) (မစိုးရိမ်ရ)
(၄) မနှင်းဝေရီ (ကျောင်းသူ) (မစိုးရိမ်ရ)
(၅) မရွှန်းလဲ့ဝေ (ကျောင်းသူ) (မစိုးရိမ်ရ)
(၆) ဒေါ်မာဌေး (ဒေသခံ) (မစိုးရိမ်ရ)

ဒဏ်ရာအသီးသီး ရရှိခဲ့ပါတယ်။
-
တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့ ပညာရေးကဏ္ဍကို တိုက်ခိုက်မှုသည် အလွန်အောက်တန်းကျ၊ ယုတ်မာရက်စက်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ထိုလုပ်ရပ်များကို မှတ်တမ်းတင် ထားရှိကာ ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ် ကြောင်း သိရှိရပါတယ်။
-
မိရင် တခါတည်း ကြိုးစင်တင်ရမယ်။

KT