National News @nationalnewschannel Channel on Telegram

National News

@nationalnewschannel


နေ့စဉ်နှင့်အမျှ နိုင်ငံတကာနှင့် ပြည်တွင်းသတင်းများကို ဒီချန်နယ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

National News (Burmese)

နေ့စဉ်နှင့်အမျှ နိုင်ငံတကာနှင့် ပြည်တွင်းသတင်းများကို ဒီချန်နယ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။nn"National News" အခန်းအားဖွင့်ထားသော "nationalnewschannel" အခန်းဖြစ်ပါသည်။ ဤအခန်းသည် အပြန်အပြာ နိုင်ငံတကာနှင့် နေ့စဉ်တစ်ပြောဆိုင် သတင်းများကို တင်ပြီး ဖတ်ရှင်းရန် ရည်ရွက်ပါသည်။ ဒီအခန်းမှ သတင်းများ အသုံးပြုနိုင်သည့် ပြည်ထောင်စုသမဂ္ဂရေး နှင့် နိုင်ငံတကာဝင်ရောက်ရန် လူ့အခွင့် အားဖြင့် သတင်းများကို စီစစ်ပြီး သတင်းများ ရရှိရန် လူ့အခွင့် အားဖြင့် နိုင်ငံတကာ မြို့နယ်များနှင့် နိုင်ငံတကာစည်သည့် အခွင့်အား ဖြင့် သတင်းများအကြား ထဲ မှာ ကျွန်ုပ်ခေါင်းစဉ် မျှော်လင့်လင့် ပြောဆိုပါသည်။nnဤအခန်းသည့် ပြည်တွင်း သတင်းများသည် နောက်ဆုံး မှာ အခန်းမှ အတင်းအတာ လူနိုင်ငံ နေ့တိုင်ကာမွာ မှာယူရန် လူ့အခွင့် အားဖြင့် သတင်းများ ရက်စွဲဖတ်ရှုပါသည်။ ဤအသတင်းများနှင့် နိုင်ငံတကာစည်သည့် သတင်းများ ထည့်သွင်း ရရှိရန် ထိန်းသုံးကောင်သည့် လူ့အခွင့် အားဖြင့် သတင်းများ မတင်မျှမသိသင်သည်။nn"National News" အခန်းသည် ကျွန်ုပ်ခေါင်းစဉ်အဖြစ် ဖတ်ရှုခြင်းနှင့် ပတ်သက် လက်နက်နိုင်ငံတကာဒီနယ်မကု နိုင်ငံ သတင်ချိန်ညှိန် နိုင်ငံတကာ ထပ်မကွဲ သတင်းများကို နှင့် အဘိဓာန် အသင်းဝင်ရောက်ဖြတ်ပြီး နိုင်ငံတကာနိုင်ငံနိုင်ငံ သတင်ချိန်ညှိန် လူ့အခွင့်ကို အခွင့်ထဲ ရှားလိုက်ပါသည်။

National News

20 Nov, 15:32


အကြမ်းဖက် PNLO/PDF တို့၏ ပွန်ချောင်းစခန်းအား တပ်မတော်ဒရုန်းအဖွဲ့မှ ကင်းထောက်ပြီး လေကြောင်းမှ တိကျစွာချေမှုန်း

မြေပြင်တပ်တွေကလည်းအချိန်ကိုက် အကြမ်းဖက်စခန်းအားသိမ်းပိုက်နိုင်ခဲ့။


တိုက်ပွဲသတင်းစုံ

National News

20 Nov, 06:35


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၉/၁၁/၂၀၂၄ ရက် ညပိုင်း ၉ နာရီ အချိန်အထိ)
=============================

(အမ်း)

  နံနက်ပိုင်း ၃ နာရီခန့်က ၃၇၁ တပ်အား  AA သောင်းကျန်းသူများ တပ်၏ မြောက်ဘက်နှင့် အရှေ့ဘက်မှ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် ၄ နာရီခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ် ဟန့်တားနိုင်ခဲ့ကြောင်း၊ အမ်းမြို့တောင်ဘက် မီတာ ၃၉၀၀ ခန့်အကွာ ဆီဆိုင်လမ်းဆုံအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား AA သောင်းကျန်းသူများမှ ယနေ့နံနက်ပိုင်း ၁ နာရီခန့်က လာရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ (၂) နာရီခန့် ဖြစ်ပွားခဲ့ပြီး အဆိုပါနေရာသို့ နံနက်ပိုင်းတွင် စစ်ကူစစ်ကြောင်းများလည်း ရောက်ရှိခဲ့ကာ သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ် ဟန့်တားနိုင်ခဲ့ကြောင်း၊ နံနက်ပိုင်း ၉ နာရီအချိန်ခန့်က ဆောက်လုပ်ရေးတပ်ခွဲအနီး ရောက်ရှိနေသည့်  သောင်းကျန်းသူများအား တပ်မတော်သားများမှ လေကြောင်းပစ်ကူ/လက်နက်ကြီးပစ်ကူများ ရယူ၍ တိုက်ခိုက်ရှင်းလင်းခဲ့ရာ ကြိုကြားကြိုကြား နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ည ၇နာရီခွဲအချိန်ခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။

(တောင်ကုတ်)
  တောင်ကုတ်မြို့ အရှေ့တောင်ဘက်ရှိ ဖုန်ညိုကျေးရွာအနီး တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် နံနက် ၁၀ နာရီခွဲအချိန်ခန့်က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိနစ်(၂၀)ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကာ သောင်းကျန်းသူများ ထွက်ပြေးသွားကြောင်း၊ ညနေ ၄ နာရီအချိန်ခန့်က ကိုင်းရှည်တံတားအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအား လာရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ၂ နာရီခန့် ဖြစ်ပွားခဲ့ကြောင်းနှင့် နံနက်ပိုင်း ၂ နာရီခန့်က စကခ(၅) မြောက်ဘက် ကာကင်းနေရာအား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်သားများမှ လေကြောင်းပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် နှစ်ဖက်တိုက်ပွဲရပ်တန့်သွားပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ် ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။

(မောင်တော)
  နေ့လည်ပိုင်း ၁ နာရီအချိန်ခန့်က နခခ(၅)ရှိ ဘန်ကာ(၄)ခုအား AA အကြမ်းဖက် သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ အပြင်းအထန် ပြန်လည်တိုက်ခိုက်ချေမှုန်းမှု၊ လက်နက်ကြီးများဖြင့် သောင်းကျန်းသူရှိရာ နေရာများအား တိုက်ခိုက်ချေမှုန်းမှုတို့ကြောင့် နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး ညနေ ၆ နာရီခွဲအချိန်ခန့်တွင် နှစ်ဖက်အပစ်ရပ်ကာ အကြမ်းဖက်သောင်းကျန်းသူများ ထပ်မံဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

#crd

National News

20 Nov, 03:20


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးသို တက်ရောက် အမှာစကားပြောကြား ပြောကြားခဲ့သည့် ကောက်နုတ်ချက်
#Speech

National News

20 Nov, 02:29


(၃-၉-၂၀၂၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)
#Speech

National News

20 Nov, 01:58


ယနေ့စက်သုံးဆီဈေးနှုန်းများ
#news
#nationalnews

National News

19 Nov, 16:11


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာ - ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Read More>>https://www.cincds.gov.mm/node/27437

National News

19 Nov, 14:59


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။
နေပြည်တော်၊ နိုဝင်ဘာလ ၁၉ ရက်

National News

19 Nov, 09:37


တချို့ကလည်း အကြောင်းမသိလို့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းဘက်က နာနေကြတာပါ။ မသိရင် သာမန်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်က TNLA က အကြောင်းမဲ့ ဖမ်းထားတယ်လို့ မြင်ချင်စရာပါပဲ။
----
တကယ်တော့ ဒီလွှတ်တော် ကိုယ်စားလှယ် လောင်းဆိုတာက TNLA နဲ့ တပ်မတော် စစ်ကြောင်းကြားမှာ အဆင်ပြေရင် ပြေသလို မလည်ရှုပ် လုပ်နေခဲ့တာလည်း ကြာခဲ့ပါပြီ။ အထူးသဖြင့် မန်တုံနဲ့ နမ္မတူကို TNLA တွေ စပြီး တိုက်တဲ့အချိန်မှာ TNLA အတွက် အထောက်အကူပြု၊ နမ္မတူ၊ ဘော်တွင်းဒေသရဲ့ PDF ခေါင်းဆောင်အဖြစ်နဲ့ လက်နက်ကိုင် ခဲ့တာက ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုသူကြီးပါပဲ။ ဘော်တွင်းဒေသရဲ့ စာသင် ကျောင်းတွေမှာ PDF စခန်းတွေဖွင့်ပြီး တစင်ထောင်ခဲ့သူဆိုရင်လည်း မမှားဘူးပေါ့။ ပုလင်းတူ ဗူးဆို့ခဲ့ခြင်း အတူတူ… ခုမှ ဆေးကုသခွင့်မရဘူးဆိုတာကတော့....TNLA ရှေ့မှာ ဘာတွေ မျက်စိနောက်အောင် လုပ်ခဲ့သလဲဆိုတာကတော့ ဒီလွှတ်တော်ကိုယ်စား လှယ်လောင်းကိုယ်တိုင်သာ အသိဆုံးဖြစ်မှာပဲ။

(နရီမိုး)

National News

19 Nov, 08:15


အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသားများမှ ပါဝင်ယှဉ်ပြိုင်လျက်ရှိ

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ သေနတ်ပစ် အသင်းများဖြင့် ယှဉ်ပြိုင်ကျင်းပနေပြီဖြစ်သည်။

မြန်မာ့တပ်မတော်မှ ရိုင်ဖယ်အသင်း၊ ကာဘိုင်အသင်း၊ စက်သေနက်အသင်း၊ ပစ္စတိုအမျိုးသားအသင်းနှင့် ပစ္စတိုအမျိုးသမီးအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
#myanmarfocus

National News

19 Nov, 07:08


သတိ.....
နှလုံးရောဂါရှိသူများမကြည့်ရ


စစ်ကိုင်းတိုင်း၊တမူးမြိုနယ် PDF အဖွဲများမှ ဒေသခံ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်နေသော ရုပ်သံဖိုင် တိုက်ပွဲအတွင်း သေဆုံးသွားသည့် အကြမ်းဖက်တစ်ဦး၏ ဖုန်းအတွင်းမှ ရရှိ။

vdo crd

ကပ္ပတိန်နှင်းမောင်

https://t.me/kohninmg777

National News

19 Nov, 06:39


ယနေ့ ညနေ ၅နာရီမှာတော့ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော မြန်မာ့လက်ရွေးစင်အသင်းကြီးဟာ ဆူဇူကီးဖလားအကြို နောက်ဆုံးခြေစမ်းပွဲလေးအဖြစ် လက်ဘနွန်အသင်းနဲ့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ဆူဇူကီးဖလားမှာတော့ မြန်မာအသင်းဟာ လာအို၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး၊ အဖွင့်ပွဲအဖြစ် လာအိုအသင်းကို ဒီဇင်ဘာ၉ရက်နေ့မှာ စတင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#Myanball

National News

19 Nov, 05:37


အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှအပ်ခြင်းခံရသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးဇော်ဦးသည် ၄င်း၏ခန့်အပ်လွှာကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြိုရှိ သမ္မတ အိမ်တော်၌ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီမတီ ဒရောပါဒီ မာမူ ထံသို ပေးအပ်ခဲ့သည်ဟု သိရသည်။
#news
#nationalnews

National News

19 Nov, 04:21


ကြောက်လိုနိုင်ငံခြားထွက်ပြေးသွားတဲ့ ဇော်ဝေစိုးက "ဘယ်နိုင်ငံကြီးကိုမှ မှီခိုနေမှာ မဟုတ်သလို.....ဘယ်သူ့ကိုမှ ​ကြောက်​နေမှာ မဟုတ်ဘူး"တဲ့ 😂😂
ဇဝေဇဝါစိုးကတော့ တကွက်ပြလိုက်ပြန်ပြီး 😂

National News

19 Nov, 03:10


နိုဝင်ဘာ၁၈ရက်နေ့လေကြောင်းတိုက်ခိုက်ဗုံးကြဲသုတ်သင်မှု

ကွတ်ခိုင် ၁ကြိမ်
ကြာအင်းဆိပ်ကြီး၁ကြိမ်
ဖလမ်း၁ ကြိမ်
မလှိုင်မြို့နယ် ၁ကြိမ်
မြင်းခြံ-တောင်သာ ၁ကြိမ်
မိုးမောက် ၂ ကြိမ်
နွားထိုးကြီး၁ ကြိမ်
သပိတ်ကျင်း၁ ကြိမ်
နောင်ချို ၂ ကြိမ်
ဖယ်ခုံ၂ ကြိမ်
ဖားကန့်၁ ကြိမ်
ကန့်ဘလူဒရုန်းဗုံး၁ကြိမ်

ရခိုင်၊ချင်းနှင့်ကားယားဒေသများတွင်လေကြောင်းအမြောက်အများတိုက်ခိုက်နေပြီးနဆတအတိအကျဖော်ပြနိုင်ခြင်းမရှိ။

​ထရုချန်နယ်Join👉
https://t.me/Snowqueen1111233

GpJoinကြပါရန်👉
https://t.me/+5k3A3laHdx8zZGFl

​သတင်းပေးလိုလျှင်👉
@KKM2864097

National News

19 Nov, 02:28


(၃-၉-၂၀၂၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)
#Speech

National News

19 Nov, 02:11


လူမှုစီးပွားမြှင့်တင်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

National News

15 Nov, 03:57


▫️တန်ဆောင်မုန်းလပြည့် သာမညဖလနေ့......

▫️သာမညဖလဆိုသည်မှာ သမဏအကျင့်၏ ရလဒ် ဟု အဓိပ္ပါယ်ရှိသည်။

▫️သမဏအကျင့်ဆိုသည်မှာ ရင်တွင်းအပူများကို ငြိမ်းစေနိုင်သည့် ကျင့်စဥ်ဖြစ်ပါသည်။

▫️သီလစည်းကမ်းကို လေးစားခြင်း၊ စိတ်တည်ငြိမ်မှု သမာဓိရအောင် ကြိုးစားခြင်း၊ အသိပညာ တိုးပွါးအောင် အားထုတ်ခြင်းဖြင့် ရင်တွင်းအပူများကို လျော့ချနိုင်သည့် သမဏကျင့်စဥ်ကို ကျင့်သုံးနိုင်ကြပါစေ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

Crd- Wai Lin
#sayardawsdhammatalkcollections

National News

15 Nov, 02:45


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပူဇော်


နေပြည်တော်၊ နိုဝင်ဘာ - ၁၄

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုး ရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ပူဇော်ဖွင့်လှစ်ပေးသည်။
Read More>>https://www.cincds.gov.mm/node/27403

National News

15 Nov, 02:24


သောကြာ ဂြိုလ်မင်းနှင့် တကွ သောကြာ သားသမီးအပေါင်း သူတော်ကောင်းတို့--
-ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
-ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
-ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
-နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
သောကြာ ဂြိုလ်မင်းနှင့် တကွ သောကြာ သားသမီးအပေါင်း သူတော်ကောင်းတို့သည်--
-ကမ္ဘာသူ ကမ္ဘာသား တို့၏ ကောင်းကျိုး ချမ်းသာခြင်းကိုသာ အစဉ် လိုလား ကြသည်ဖြစ်၍ ကမ္ဘာသူ ကမ္ဘာသား တို့အား အစဉ်ထာဝရ ချစ်ခင်ခြင်း ကြင်နာခြင်း ရှိကြပါ စေကုန်သတည်း။

National News

15 Nov, 02:22


ယနေ့စက်သုံးဆီဈေးနှုန်းများ

National News

14 Nov, 17:29


တောင်ကြီး တန်ဆောင်တိုင်ကတော့ အလွန်စည်းကားနေတာပဲ။တောထဲက ပဒက်တွေ တစ်ခုလောက်မေးကြည့်ချင်ပါတယ်။ ပျော်ရဲ့လားဟေ့မောင်တို့ရေ။

National News

14 Nov, 14:01


ဒီမိုကရေစီလို့သာ နှုတ်ကဆိုကြပေမယ့်၊ စစ်အာဏာရှင် ချုပ်ငြိမ်းချင်လို့သာ လက်နက်ကိုင် တော်လှန်ရပါတယ် လို့ ဆိုကြပေမယ့် လက်တွေ့အရှိတရားကတော့ PDF တွေဆိုတာ အကျင့်စရိုက်မွဲ၊ ဓားပြသာသာ စိတ် ရှိကြသူတွေဆိုတာ ခုလို အကျင့်ဆိုးတွေက သက်သေပဲ။

မှတ်မှတ်ရရ၊ ရွေးကောက်ပွဲ ကမ်းပိန်းအတွက် အပိုစာသားပါတဲ့ စကားလုံးတွေနဲ့ NLD အတွက် မဲဆွယ်စည်းရုံးပေးတဲ့ ဇာတ်လမ်းတိုတွေ၊ Bus ကားပေါ်က ရုပ်ရှင်သရုပ်ဆောင်တွေကို  ဘယ်ပြည်သူကမှ အကြမ်းဖက် ခြိမ်းခြောက်တာ မရှိခဲ့ဘူး။ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း ၊ ဘယ်သူကမှလည်း ပုဂ္ဂိုလ်ရေး ထိပါးစေတဲ့အထိ မပြုမှုခဲ့ကြဘူး။

ခု မျိုးဆက်တွေရောက်မှ တပ်ချုပ်ကြီးကို သွားကြိုလို့ ဗုံးခွဲ သတိပေးရပါတယ်ဆိုတာက ဒီမိုကရေစီ ကျင့်စဉ်တွေ နဲ့ လူ့အခွင့်အရေးဆိုတာတွေရော နားမှ လည်ပါ့မလား လို့ပဲ တွေးမိတာပါပဲ။ တကယ့် သောက်တလွဲ ဒီမိုကရေစီ ရချင်တဲ့ မျိုးဆက်သစ် လဒ PDF တွေကို အံ့လည်း ဩယူရပါတယ်။


(နရီမိုး)

National News

14 Nov, 12:45


-
❝ရုပ်ရှင်သရုပ်ဆောင် ရန်အောင်ရဲ့နေအိမ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း PDF တွေ ထုတ်ပြန်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟏𝟒》

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ဘောက်ထော်၊ မြရတနာလမ်းမှာရှိတဲ့ အကယ်ဒမီရန်အောင်ရဲ့နေအိမ်ကို ဒီကနေ့ (နိုဝင်ဘာ ၁၄ ရက်)၊ မွန်းလွဲ ၁၂နာရီ ၄၅မိနစ်အချိန်ခန့်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ PDF အမည်ခံ အကြမ်းဖက်အုပ်စုက ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို Dark Shadow လို့ အမည်ပေးထားတဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒါဟာ ပထမဆုံး သတိပေးတဲ့အနေနဲ့ ပြင်းအားပျော့မိုင်းကို အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ သရုပ်ဆောင်ရန်အောင်အပါအဝင် အနုပညာရှင်အများအပြားဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်ခရီးစဥ်မှ ပြန်လည်ရောက်ရှိလာတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကြိုဆိုခဲ့ကြတဲ့အပေါ် အကြမ်းဖက်သမားတွေက အလိုမကျဖြစ်နေခဲ့ကြတာလို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

National News

14 Nov, 09:44


နယ်မြေရှင်းလင်းခြင်း(မိုးမောက်)

နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက မိုးမောက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းသည် KIA/ PDF များ တပ်စွဲထားသည့် နေရာသုံးခုအား ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ ။ ဖြစ်စဉ်တွင် မိမိစစ်သည်တစ်ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) လက်ပစ်ဗုံး ၃ လုံး
(၂) ဘီဇူကာ ဒုံးသီး ၇ လုံး
(၃) လက်နက်ငယ် ကျည် ၁၆၂ တောင့်
(၄) နင်းမိုင်း ၁ လုံး ၊ တိုက်မိုင်း ၃ လုံး
(၅) ကျည်ကာဦးထုပ် ၂ လုံး
(၆) တစ်ယောက်ပစ်ကျင်း ၂၄ ကျင်း
(၇) ဆက်သွယ်ရေးမြောင်း ၃၀၀ ပေခန့်

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။ (ပုံများအားထပ်မံဖော်ပြပါမည်)

တိုက်ပွဲသတင်းစုံ

National News

14 Nov, 09:26


အကျဉ်းသူများကို အကြောင်းမဲ့ တိုက်ပိတ်ထားသည်ဟု မဟုတ်မမှန်လုပ်ကြံ သတင်းရေးသား ဖြန့်ဝေ

နေပြည်တော် နိုဝင်ဘာ ၁၄

သာယာဝတီ အကျဉ်းထောင်တွင် အင်းစိန်ထောင်နှင့် အိုးဘိုထောင်မှ ပြောင်းလာသည့် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးခန့်ကို ၂ နှစ်နီးပါးကြာ အကြောင်းမဲ့ တိုက်ပိတ်ထားသည်ဟု Khit Thit Media အမည်ခံ Facebook Page က နိုဝင်ဘာ ၁၁ ရက်တွင် မဟုတ်မမှန်လုပ်ကြံ သတင်းရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ဖြစ်စစ်အား စိစစ်ရာ သာယာဝတီဗဟိုအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူဟူ၍ မရှိဘဲ တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်ကျူးလွန်၍ ပြစ်ဒဏ်ကျ ခံနေရသူများသာရှိပြီး အကျဉ်းထောင်တွင် သာယာဝတီခရိုင်အတွင်းမှ ပြစ်ဒဏ်ကျခံသူ အကျဉ်းသား/သူ နည်းပါးပြီး လူဦးရေကြပ်တည်းသည့် အကျဉ်းထောင်များမှ အကျဉ်းသား/သူများ၊ အခြားထောင်များမှ စည်းကမ်းပျက် အကျဉ်းသား/သူများကို လက်ခံ ထိန်းသိမ်းထားရှိမှုများကြောင်း။

သာယာဝတီဗဟိုအကျဉ်းထောင်၏ တိုက်အမှတ်(၅)၌ စည်းကမ်းပျက် ထောင်ပြောင်းလာသည့် အကျဉ်းသူ (၇)ဦးရှိပြီး ကျိုက်မရောဗဟိုထောင်မှ (၂)ဦး၊ အင်းစိန်ဗဟိုထောင်မှ (၂)ဦး၊ ဘားအံထောင်မှ (၁)ဦး၊ မန္တလေး ဗဟိုအကျဉ်းထောင်မှ (၁)ဦး၊ သာယာဝတီ ဗဟိုအကျဉ်းထောင်မှ (၁) ဦး ဖြစ်ကြောင်း။

ထို့အတူ တိုက်အမှတ်(၈)၌ စည်းကမ်းပျက် ထောင်ပြောင်းများဖြစ်သည့် မန္တလေး ဗဟိုအကျဉ်းထောင်မှ (၁၃)ဦး၊ အင်းစိန်ဗဟို ထောင်မှ (၂)ဦး၊ ပြည်အကျဉ်းထောင်မှ (၂)ဦး၊ သာယာဝတီ ဗဟိုအကျဉ်းထောင်မှ (၁)ဦး စုစုပေါင်းအကျဉ်းသူ (၁၈)ဦး ရှိကြောင်း၊ ယင်းအကျဉ်းသူများသည် တိုက်ပိတ်ပြစ်ဒဏ် ကျခံနေရခြင်းမရှိဘဲ လုံခြုံရေးအရ သီးခြားခွဲထားသည့် အကျဉ်းသူများသာဖြစ်ပြီး အိပ်ဆောင်ရှိ အကျဉ်းသူများကဲ့သို့ ရပိုင်ခွင့်များ အပြည့်အဝရှိကြောင်း။

တိုက်နှစ်ခုလုံး၏ တာဝန်ခံ ဒုကြီးကြပ်ရေးမှူးသည် ယင်းအကျဉ်းသူများ၏ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျန်းမာရေးကိစ္စရပ်များကို အနီးကပ်ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိပြီး ယင်းအကျဉ်းသူများသည် အခြား အကျဉ်းသူများနှင့် ရောနှောထားရှိပါက အကျဉ်းထောင်စည်းကမ်းများကို ဖောက်ဖျက်နိုင်သည်ကို စိစစ်တွေ့ရှိရသဖြင့် သီးခြားခွဲ၍ ထိန်းသိမ်းထားရှိခြင်းသာ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သာယာဝတီဗဟိုအကျဉ်းထောင်သည် လယ်ယာမြေများ၏ အလယ်တွင် တည်ဆောက်ထားသဖြင့် မိုးရာသီတွင် အကျဉ်းထောင်အတွင်းသို့ မြွေများ၊ ကင်းခြေများကောင်များ၊ ကင်းမြီးကောက်များ ဝင်ရောက်လေ့ရှိသဖြင့် အမျိုးသားဝန်ထမ်းများက ဝင်ရောက်ရှင်းလင်းရာတွင် အကျဉ်းသူများကို အိပ်ဆောင် (သို့) တိုက်ခန်းများအတွင်းသို့ ဝင်ရောက်စေပြီးမှသာ အမျိုးသားဝန်ထမ်းများအား ဝင်ရောက်ရှင်းလင်းစေသည့်အတွက် အခန်းတွင်း ဝင်ရောက်ရိုက်နှက် အပြစ်ပေးခြင်းများ၊ ကြိမ်းမောင်းဆဲဆိုခြင်းများ မရှိသည့်အတွက် Khit Thit Media အမည်ခံ Facebook Page ၏ ဖော်ပြမှုသည် အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ထင်ယောင်ထင်မှား ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်လုပ်ကြံသတင်းဖော်ပြခြင်းသာ ဖြစ်သည်။ မိုးမိုး

National News

14 Nov, 07:04


ကိုယ်သာဆိုရင်ဆိုတဲ့ အတွေးနဲ့ပါ။ ပလောင်လူမျိုးတွေကို စီရင်စု ပေးထားတာက ၂ မြို့နယ်တည်းပါ။ ဒါက ဖွဲ့စည်းပုံအရလည်း တရားဝင်ပါတယ်။ လက်ရှိ သိမ်းပိုက်ထားသမျှဟာ ကျူးကျော်ပါပဲ။ ဒီနေရာမှာ လူမျိုးစု ပြဿနာ မဖြစ်ချင်ဘူးဆိုရင် နိုင်ငံတော်အဆင့်ကနေ တရားဝင်ပဲ နောက်ဆုတ်ဖို့ပဲ ကြေငြာချက်ထုတ်ပြန် ပါ့မယ်။ မလိုက်နာဘူးဆိုရင်....နမ့်ဆန်မြို့အပါအဝင် နမ့်ဆန် တဝိုက်မှာရှိတဲ့ တောင်ကျော်၊ ခေးခင်၊ နန်လင်း၊ အာရမ်း၊ မန်လွယ်၊ ဟိုက်တောင် ဒီရွာတွေ အကုန် ဗုံးကြဲလိုက်ရင် နားအေးပါတယ်။ အဓိက နောက်ပိုင်း ဌာနချုပ် နေရာတွေ စစ်ဘေး ကင်းလွှတ်နေလို့ကို TNLA က တဆင့် ရောင့်တက်တာကို ခံနေရတယ်လို့ပဲ ရိုးရိုးသားသား မြင်ပါတယ်။ ခဲကျရာနေရာပဲ လိုက်နေလို့ကတော့ နောင်ချို၊ မိုးကုတ်လိုမျိုးသာ ဖြစ်သွားမယ်။ ပလောင် တွေက ရောင့်တက်နေဦးမှာပါပဲ။ တည်ငြိမ်အေးချမ်းခဲ့တဲ့ ရှမ်းမြောက်ဒေသဟာ TNLA ဝင်လာမှ စစ်ဘေးသင့်ကုန်တာပါ။ ဒါကို နိုင်ငံရေးလိုလားချက်ဆိုပြီး ခေါင်းစဉ်တပ် ဆွေးနွေးခွင့် မပြုသင့်ပါဘူး။ ပြည်နယ် အဆင့်လိုချင်ရင် လုပ်ရမယ့် process က ဖွဲ့စည်းပုံမှာ ပြဌာန်းပြီးသား ဖြစ်ပါတယ်။


(နရီမိုး)

National News

14 Nov, 03:02


နောင်ချိုမြိုအတွင်း အကြမ်းဖက် TNLA အဖွဲ များ ခိုအောင်းနေထိုင်သောရဲစခန်းနဲ့ တရားရုံးကို ဗုံးကြဲချေမှုန်း
#nationalnews

National News

14 Nov, 02:19


(၃-၉-၂၀၂၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)
#Speech

National News

14 Nov, 01:38


ယနေ့စက်သုံးဆီဈေးနှုန်းများ
#news
#nationalnews

National News

13 Nov, 16:07


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနား  တက်ရောက်

National News

13 Nov, 13:55


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ၂၀၂၄ ခုနှစ် မာရဝိဇယ ကျောင်းတော် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
#nationalnews

National News

08 Nov, 14:31


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့သို့ရောက်ရှိ

National News

08 Nov, 14:12


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် ထိပ်သီးအစည်းအဝေး များသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra တွေ့ဆုံဆွေးနွေးသည်။
နေပြည်တော် ၊ နိုဝင်ဘာ - ၈

National News

08 Nov, 10:25


ဒူဘိုင်းမြိုတွင် သွားရောက်အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မမေသင်္ကြန်အောင်အား အမိနိုင်ငံသို အမြန်ဆုံး ပြန်လည်ပိုဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် အလုပ်ရှင်၊ အေးဂျင့်များ၊ အလုပ်အကိုင်ရှာဖွေရေးစင်တာများနှင့် ညှိနှိင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံသို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။

National News

08 Nov, 08:49


GMS အစည်းအဝေးအပေါ် ဘယ်လိုမြင်လဲဆိုတော့ ကြားထဲက Third Party အဖွဲ့တွေ ကြိုလွှတ်ထားတာက လုပ်ငန်းအတွက်ပိုပြီးမြန်ဆန်မှုရှိတာတွေ့ရတယ်။ သွားရတဲ့ ကာလကလည်း (၂)ရက်ဆိုတော့ အတော်လေးရပ်ကပ်လွန်းတယ်။ ဒီလိုအနေအထားမျိုး မှာ ရောက်ရောက်ချင်း တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့နိုင်တာ၊ တရုတ်နဲ့ စီမံကိန်း (၆)ခု၊ (၇)ခုလောက် လက်မှတ်ထိုးနိုင်ခဲ့တာ၊ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနဲ့ လာအိုတို့နဲ့ အနီးကပ်တွေ့ဆုံ စကားပြောခွင့်ရတာတွေက အကောင်းဘက်က ကြည့်ရင် အတော်လေး တာသွားတဲ့ကိစ္စတွေဖြစ်နေတာ တွေ့ရတယ်။
----
NUG ဘက်ကတော့ တပ်ချုပ်ကြီးရဲ့ခရီးစဉ်ဟာ နိုင်ငံတော်အဆင့်မဟုတ်ဘူးလို့ ဘယ်လိုပဲ ပြောပြော တရုတ်ဝန်ကြီးချုပ်ကိုယ်တိုင်ဆင်းတွေ့ရတဲ့ အနေအထားက နှစ်ဖက်စလုံး အတွက်တော့ WIN-WIN အနေအထားပဲ။ ဖြစ်လာနိုင်တဲ့အခင်းအကျင်းကတော့ တရုတ်လိုလားတဲ့ BRI လမ်းကြောင်းကို နစကဘက်က သဘောတူရမယ့်ပုံစံနဲ့ BRI လမ်းကြောင်းပေါ်က EAO တွေကို တရုတ်က ထိန်းပေးရမယ် ။ ဒီလိုမျိုးရှိလိမ့်မယ်လို့ ခန့်မှန်းမိတာပါပဲ။ ဒါ့ကြောင့်လည်း ကူမင်းကနေ ပြေးဆွဲမယ့် ရထားလမ်းကြောင်း ကိစ္စ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်လာတာလို့ ထင်မိတယ်။
----
ဒီနေရာမှာ တပ်က အဆင့်မကျော်ပဲ ငြိမ်းချမ်းရေးကိစ္စတွေကို နည်းမှန်လမ်းမှန် လုပ်ခဲ့တာက အထက်စီးက ဖြစ်သွားစေခဲ့တယ်။ ဒါ့ကြောင့်လည်း တရုတ်ဝန်ကြီးချုပ် ကိုယ်တိုင်က ငြိမ်းချမ်းရေးကိစ္စလုပ်ခဲ့တဲ့(ဖိတ်ခေါ်ခဲ့တဲ့) တပ့်ရဲ့လုပ်ရက်ကို ချီးကျူးခဲ့တာ။ အထူးသဖြင့် ကူမင်း သဘော တူညီချက်အရ ကိုးကန့်ဒေသဖြစ်စဉ်မှာ တပ်က ရပ်ထားခဲ့ ပေမယ့် လားရှိုးအထိ ဆင်းလာခဲ့တဲ့ MNDAA ရဲ့လုပ်ရပ်က ထောက်ပြစရာဖြစ်သွားစေခဲ့ တယ်လို့ ယူဆတယ်။
----
ဘာပဲဖြစ်ဖြစ် မဲခေါင်ဒေသတွင်းနိုင်ငံတွေရဲ့ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ပြီး နစကရဲ့ ရှေ့လုပ်ငန်းစဉ်ထဲက အဓိကနဲ့နောက်ဆုံးဖြစ်တဲ့ရွေးကောက်ပွဲ အကြောင်းကို ရှင်းပြခွင့် ရခဲ့တာက ဒီခရီးစဉ်ရဲ့ အမြတ်ပဲ။ ပိုဆိုးတာက ဒီမိုကရေစီဘန်းပြပြီး အင်ဒို-ပစိဖိတ်ဒေသ တွေ၊ အရှေ့တောင်အာရှနဲ့အရှေ့အလယ်ပိုင်းကိစ္စတွေမှာ ပါဝင်နေတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒက ဘာဆက်ဖြစ်မလဲဆိုတာ မသေချာသေးဘူး။ ထရန့်တက်လာဖို့က လည်း အစိုးရအချိန်းအပြောင်းက ရက်ပေါင်း ၆၀ကျော်ဆိုတဲ့ကာလကိုလည်း ထပ်ပြီး စောင့်ဆိုင်းရဖို့ရှိသေးတယ်။ သေချာတာကတော့မဲဆွယ်စည်းရုံးစဉ်မှာ ပြောခဲ့တဲ့ ကတိစကားတွေကို သေချာပေါက် ဦးစားပေးအကောင်အထည်ဖော်ဖို့တာဝန်ရှိတဲ့ ထရန့် အနေနဲ့ မြန်မာ့အရေးကို ထင်သလောက် ပါဝင်စွက်ဖက်မယ် မထင်မိသေးဘူး။ ၂၀၂၅ မှာသာ မျှော်မှန်းသလို ရွေးကောက်ပွဲ တစ်ရပ်ဖြစ်လာရင်တော့ မြန်မာ့နိုင်ငံရေး အပြောင်း အလဲဟာ သိပ်မကြာတော့ဘူးလို့ပဲ ဆိုရလိမ့်မယ်။ စစ်ရေးစစ်ရာကိစ္စတွေကတော့ EAO တွေအပေါ် တရုတ် ဘယ်လိုဆက်ပြီးဖိအားပေးမလဲ၊ နစကနဲ့ တပ်မတော်က ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့အပေါ် မှာ မူတည်လိမ့်မယ်လို့ထင်မိတယ်။ သေချာတာ ကတော့ ရေသောက်မြစ် ဖြတ်ခံရတဲ့ အပင်က ကြာရှည်အသက် ဆက်ဖို့တော့ခက် ပါလိမ့် မယ်။ ဒီပလိုမက်တစ်သဘောဆိုတာ ဒါပါပဲ။

(နရီမိုး)

National News

08 Nov, 06:38


ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး(အမျိုးသမီး) သင်တန်းဆင်းပွဲ

ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး(အမျိုးသမီး) သင်တန်း အမှတ်စဉ်(၁၀)၏ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၈ ရက် (ယနေ့) နံနက်ပိုင်းတွင် မှော်ဘီတပ်နယ်ရှိ အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်းတွင် ပြုလုပ် ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်မှ အရာရှိကြီးများ၊ သင်တန်းသူ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပါသည်။
-
ဒီနေ့ဟာ တပ်မတော်အတွက် အရည်အချင်းပြည့်ဝပြီး စည်းကမ်းရှိသည့်၊ အမိန့်နာခံမှုကောင်းသည့် တပ်ကြပ်ကြီး/ စာရေး (အမျိုးသမီး)များကို (၁၀)ကြိမ်မြောက် မွေးထုတ်ပေးနိုင်သည့် နေ့ဖြစ်ပါသည်။
-
ယခု သင်တန်းဆင်း ညီမငယ်များအနေဖြင့် တပ်မတော်က ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ပေးခဲ့ပြီးဖြစ်လို့ တာဝန်ကျရာဌာနတွေမှာ ရုံးလုပ်ငန်းများအပြင် တိုက်ပွဲဝင်နိုင်စွမ်းရှိပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် ဂုဏ်ယူဝံ့ကြွားရသည့် အမျိုးသမီးစစ်မှုထမ်းကောင်းများ ဖြစ်လာကြမယ်လို့ ယုံကြည်ပါကြောင်း ဂုဏ်ယူစွာဖြင့် ဖော်ပြလိုက်ပါသည်။

ရဲဝံ့စွန့်စားပြည်ချစ်သား

National News

08 Nov, 04:34


နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်(၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေးသို တက်ရောက်စဉ် ပြောကြားခဲ့သည့် ကောက်နုတ်ချက်
#Speech
#nationalnews

National News

08 Nov, 04:12


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် ထိပ်သီးအစည်းအဝေး များသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra တွေ့ဆုံဆွေးနွေး

နေပြည်တော် ၊ နိုဝင်ဘာ - ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုဝင်ဘာ ၇ ရက်မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေး အပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့် ကူမင်းမြို့ရှိ Wyndham Grand ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။
Read More>> https://www.cincds.gov.mm/node/27339

National News

08 Nov, 01:50


(၃-၉-၂၀၂၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)
#Speech

National News

02 Nov, 15:19


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို တက်ရောက်ချီးမြှင့်
#Leader

National News

02 Nov, 14:00


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။
နေပြည်တော်၊ နိုဝင်ဘာ - ၂

National News

02 Nov, 13:20


နိုဝင်ဘာတွင် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပမည်

၂၀၂၄ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက သတင်းထုတ်ပြန်သည်။

ယခုနှစ် ပြပွဲတွင် မြန်မာနိုင်ငံထွက် ပုလဲ၊ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများကို အဓိက ရောင်းချမည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား လွတ်လပ်စွာ ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

National News

02 Nov, 12:22


၁-၁၁-၂၀၂၄
နောင်ချို-ဂန့်ဂေါ စစ်သတင်း
၀၁:၃၀  နာရီချိန်တွင်  TNLA+MANDALAY -PDFပူးပေါင်းအကြမ်းဖက်အဖွဲ နှင့် နိုင်ငံတပ်မတော်တို ထိတွေ့မှု ဖြစ်ပွားခဲ့ရာ TNLA အကြမ်းဖက် အဖွဲ၀င် တစ်ဦးအား လက်နက်အပြည့်အစုံဖြင့် ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

National News

02 Nov, 09:53


ရေဦး-အုန်းနပေါင်းရွာမှ ငယ်ဖြူကျောင်းထိုင်ဆရာတော်ကို PDF အဖွဲက ကြိုးတုပ်၊ နှိပ်စက်ပြီး စွပ်စွဲသတ်ဖြတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ရေဦးမြိုနယ်တွင် သာသနာတော်နှင့် ဒေသအကျိုးဆောင်ရွက်တော်မူနေသည့် ကျောင်းထိုင်ဆရာတော်ကို PDFအဖွဲက ကြိုးတုပ်၊နှိပ်စက်ပြီး စွပ်စွဲသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

ရေဦးမြိုနယ်၊ အင်တောကျေးရွာအုပ်စု အုန်းနပေါင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးတော်မူသော သက်တော် (၄၇)နှစ်၊ဝါတော်(၂၇)ဝါရှိသည့် ကျောင်းထိုင်ဆရာတော် ဦးပိန္ဒကသီရိကို PDF အဖွဲက အောက်တိုဘာ (၃၁)ရက်၊ည (၉)နာရီ(၅၀)မိနစ်အချိန်၌သတ်ဖြတ်ခဲ့တာပါ။

အဆိုပါဖြစ်စဉ်မတိုင်မီ အောက်တိုဘာ (၃၀) ရက် ညပိုင်းက အုန်းနပေါင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုနေသော PDF အချိုနှင့် ကျောင်းတွင် ရှိနေသည့် ကိုရင်းကြီးတစ်ပါးတို အရက်ဝိုင်းဖွဲကာ သောက်သုံးနေစဉ် ဆရာတော်ဦးပိန္ဒက သီရိကတားမြစ်ခဲ့ကြောင်း သိရပါတယ်။

ထိုနောက် အောက်တိုဘာ (၃၁)ရက်၊ ညပိုင်းတွင် PDF အဖွဲက အရက်မူးကာ ကျောင်းသိုထပ်မံရောက်ရှိလာပြီး ၎င်းတိုကိုတားမြစ်ခဲ့သည့် ဆရာတော် ‘‘ဒလန်” ဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်၍ သတ်ဖြတ်ခဲ့သောကြောင့် ဆရာတော်ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ပါတယ်။
#News

National News

02 Nov, 06:37


စက်တင်ဘာလအတွင်းက ယော စစ်သွေးကြွ PDF အဖွဲဝင်တစ်ဦးသည် စတားလင့် ၆ လုံး ယူဆောင်လာပြီး မကွေးတိုင်း၊ ဂန့်ဂေါတပ်နယ်သို အလင်းဝင်ခဲ့ကြောင်းသိရသည်။

National News

26 Oct, 14:21


သုံးနှစ်အရွယ်ကလေးငယ်ကို အသက်ဘေးကနေကယ်တင်ခဲ့တဲ့ စင်ကာပူရောက် မြန်မာနိုင်ငံသားတစ်ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးတို Community Lifesaver Award ဆု ချီးမြှင့်ခံရ

National News

26 Oct, 13:24


မွန်ပြည်နယ်၊ မုဒုံမြို့နယ် သမဝါယမ ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးစီးအရာရှိ ဦးညီထွန်းသည် ၂၀၂၁ ခုနှစ်တွင် CDM ပြုလုပ်၍ အလုပ်ပြန်လည် ဝင်ရောက်လာသူတစ်ဦး ဖြစ်ပါသည်။ အလုပ်ပြန်လည် ဝင်ရောက်လာသော်လည်း လက်ရှိ အစိုးရအပေါ် သစ္စာစောင့်သိမှုမရှိဘဲ အနီအားပေး ဖရဲသီး တစ်ဦး ဖြစ်တယ်
တည်ဆဲအစိုးရအပေါ် ဝေဖန်ပုတ်ခတ်လျက်ရှိသကဲ့သို့ Online ၌လည်း အာချောင်လျက်ရှိသည်အပြင် Non CDM ဝန်ထမ်းများအား အမျိုးမျိုး နှိပ်ကွပ်ခြင်း ပြုလုပ်လျှက်ရှိပါသဖြင့် သက်ဆိုင်ရာသိစေရန်တင်ပေးလိုက်ရပါတယ်

တာဝန်သိပြည်သူ

https://www.facebook.com/profile.php?id=100008467082087&mibextid=ZbWKwL

National News

26 Oct, 12:43


သိန္နီမြို့ MNDAA ကင်းစခန်း အားလေကြောင်းမှရှင်းလင်း

National News

26 Oct, 08:32


ရွှေဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် ရွှေရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီဖွဲစည်း

အောက်တိုဘာ ၂၆

နိုင်ငံအတွင်း ရွှေဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် နေ့စဉ်ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ သတ်မှတ် ထုတ်ပြန်နိုင်ရန် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ် ကော်မတီအား ဖွဲစည်းလိုက်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အဆိုပါ ကော်မတီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည်ဖြစ်ပြီး ကော်မတီဝင် ၁၅ ဦးဖြင့် ဖွဲစည်းခဲ့ခြင်းဖြစ်သည်။

National News

26 Oct, 05:54


ရန်ကုန် - ပုသိမ် - ညောင်ဦး - မန္တလေးခရီးစဉ်ကို အောက်တိုဘာ ၂၇ ရက်မှစ၍ အချိန်ပြောင်းလဲ၍ ပျံသန်းပြေးဆွဲမည်

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြည်တွင်းခရီးစဉ်အသစ်ဖြစ်သော ရန်ကုန် - ပုသိမ် - ညောင်ဦး - မန္တလေးခရီးစဉ်များကို အောက်တိုဘာ ၂၇ ရက်မှစတင်၍ လေယာဉ်အချိန်များကို မွန်းလွဲပိုင်းအချိန်သို့ ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန် - ပုသိမ် - ညောင်ဦး - မန္တလေး ခရီးစဉ်ကို တနင်္ဂနွေ နေ့တွင် ရန်ကုန်မှ နံနက် ၁၁ နာရီခွဲတွင် ထွက်ခွာပြီး ပုသိမ်သို့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင်ထွက်ခွာပြီး ညောင်ဦးသို့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် ထွက်ခွာပြီး မန္တလေးသို့ မွန်းလွဲ ၃ နာရီတွင်လည်းကောင်း၊ တနင်္လာနေ့တွင် မန္တလေး- ညောင်ဦး - ပုသိမ် - ရန်ကုန်ခရီးစဉ်များကို မန္တလေးမှ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် ထွက်ခွာပြီး ညောင်ဦးသို့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ထွက်ခွာ ပြီး ပုသိမ်သို့ ညနေ ၄ နာရီ ၅၅ မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ ညနေ ၅ နာရီ ၁၀ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၅ နာရီ မိနစ် ၅၀ တွင် ရောက်ရှိမည်ဖြစ်သည်။

ယင်းခရီးစဉ်အတွက် သတ်မှတ်ထားသောဈေးနှုန်းမှာ ရန်ကုန်မှ ပုသိမ်သို့ ငွေကျပ် ၁၆ဝဝဝဝ၊ ပုသိမ်မှ ညောင်ဦးသို့ ငွေကျပ် ၁၉ဝဝဝဝ၊ မန္တလေးမှ ညောင်ဦးသို့ ငွေကျပ် ၁၁ဝဝဝဝ၊ ရန်ကုန်မှ ညောင်ဦးသို့ ငွေကျပ် ၂၉၀၀၀၀၊ မန္တလေးမှ ပုသိမ်သို့ ငွေကျပ် ၃၆၀၀၀၀ သတ်မှတ်ထားပြီး ATR 72-600 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
#myanmarfocus

National News

26 Oct, 04:05


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ ၅ နှစ်သင်တန်း အမှတ်စဉ်( ၆ )မှကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံစဉ်ပြောကြားခဲ့သည့်အမှာစကားကောက်နုတ်ချက်
#Speech

National News

26 Oct, 02:21


သမိုင်းဝင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေကြာသင်္ကန်းကပ်လှူပွဲကျင်းပမည်

National News

26 Oct, 01:43


(၃-၉-၂၀၂၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)
#Speech

National News

26 Oct, 01:40


ယနေ့စက်သုံးဆီဈေးနှုန်းများ
#news
#nationalnews

National News

25 Oct, 14:51


Miss Grand International 2024 မှာTop 5 ထဲထိ ဝင်ရောက်သွားပြီဖြစ်တဲ့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သဲစုညိမ်း

National News

21 Oct, 14:35


အကြမ်းဖက်သမားအယောင်ဆောင်၍ စီးပွားရေးလုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေကြေးတောင်းခံနေသည့် တရားခံများအား ဖမ်းဆီးရမိ။

National News

21 Oct, 14:20


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြားသည်။
နေပြည်တော်၊ အောက်တိုဘာ - ၂၁

National News

21 Oct, 10:40


မျိုးကောင်းမျိုးသန့် (Foundation Seed) စပါးမျိုးစေ့များ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အသိပေးကြေညာ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

National News

21 Oct, 10:32


ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ (ACC) ၏ အားကစားပြိုင်ပွဲများနှင့် မိသားစုနေ့ (ACC Games and Family Day) ၌ မြန်မာသံရုံးမှပါဝင်

ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ (ACC) ၏ အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဖိလစ်ပိုင်သံရုံးက ဦးဆောင်၍ အာဆီယံသံရုံးများ၏ ပူးပေါင်းပါဝင်မှုဖြင့် အာဆီယံ-ကင်ဘာရာကော်မတီ၏ အားကစားပြိုင်ပွဲများနှင့်မိသားစုနေ့ (ACC Games and Family Day) ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်တွင် ကင်ဘာရာမြို့ရှိ Lennox Gardens District Park ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနား၌ မြန်မာသံရုံးအပါအဝင် အာဆီယံသံရုံးများသည် သံရုံးအလိုက် ယာယီပြခန်းငယ်များဖြင့် ရိုးရာအနုပညာလက်ရာပစ္စည်းများ၊ အသုံးအဆောင်များကို ခင်းကျင်း ပြသခဲ့ကြပြီး လာရောက်ကြည့်ရှုသူများအား အစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြပါ သည်။

ကင်ဘာရာမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဦးသက်ထွန်း ဦးဆောင်သည့် သံရုံးဝန်ထမ်းများနှင့်မိသားစုဝင်များသည် အဆိုပါအခမ်းအနား၌ အခြားအာဆီယံသံရုံးများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရပါသည်။

National News

21 Oct, 10:28


၂၀၂၁ မေလက KNDO တပ်ဖွဲဝင် နယ်ဒါးမြအဖွဲသည် မြဝတီခရိုင်၊ ဝေါ်လေမြို၊ ကနဲလေးရွာနှင့်မော်ခီးကျေးရွာကို ဆက်သွယ်မည့် အူးဟူချောင်းတံတားတည်ဆောက်ရေး လုပ်ငန်းခွင်မှ အရပ်သား ၂၅ ဦးကို စစ်တပ်အဖွဲဝင်များ၊ သတင်းပေးများဖြစ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် Thet ဖြတ်ခဲ့ပါတယ်။ အဆိုပါ Thet ဖြတ်မှုကြောင့် KNU က နယ်ဒါးမြကို ၎င်းတိုအဖွဲမှ ၂၀၂၂ ဇန်နဝါရီလတွင် ထုတ်ပယ်ခဲ့ပါတယ်။ ထုတ်ပယ်မှုကို မကျေနပ်တဲ့ နယ်ဒါးမြက ၎င်းကို ထောက်ခံသူများအား စုစည်းကာ KNU မှ ခွဲထွက်ပြီး ကော်သူးလေတပ်ဖွဲ (KTLA)ကို ယင်းနှစ်တွင် တည်ထောင်ခဲ့ပါတယ်။ ယင်းကဲ့သို လက်စလက်နရှိခဲ့သည့် နယ်ဒါးမြအဖွဲသား(KTLA)တွေကပဲ မြန်မာပြည်တောင်ပိုင်း ကမ်းရိုးတန်းဒေသ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်က အရပ်သား ၆ ဦးကို ထပ်မံ Thet ဖြတ်ခဲ့ကြပါတယ်။ ခေါင်းဆောင်ကစပြီး လူThet ဖို လက်မရွံတဲ့အတွက် ၎င်းလက်အောက်ခံငယ်သားတွေကလည်း လက်မရွံကြတာ ဒီဖြစ်စဉ်က သက်သေပါပဲ။

National News

21 Oct, 09:48


သီတဂူ ကေတုမတီအာယုဒါနဆေးရုံတော် (တောင်ငူ)တွင် နီပေါနိုင်ငံမှ ဆရာဝန်များအဖွဲက မျက်စိဝေဒနာရှင်များအတွက် ကုသိုလ်ဖြစ် (အခမဲ့) စစ်ဆေးကုသပေးသွားမည်
====================
(၁၂)ကြိမ်မြောက် မျက်စိအလင်းအလှူတော်အဖြစ် သီတဂူကေတုမတီအာယုဒါနဆေးရုံတော် (တောင်ငူ)တွင် နီပေါနိုင်ငံ Dr Bidya Pant ဦးဆောင်သော ဆရာဝန်များအဖွဲက မျက်စိဝေဒနာရှင်များအတွက် ကုသိုလ်ဖြစ် (အခမဲ့) စစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သီတဂူကေတုမတီ အာယုဒါနဆေးရုံတော် (တောင်ငူ)တွင် ရွှေရတုတိပိဋကဆရာတော်နှင့် တပည့်ဒါယကာ ဒါယိကာမများ၊ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်(တောင်ငူ) ကျောင်းအုပ်ဆရာတော်နှင့် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတိုက မျက်စိဝေဒနာရှင်များအတွက် အောက်တိုဘာ(၂၀)ရက်မှ အောက်တိုဘာ (၂၉)ရက် အထိ ကုသိုလ်ဖြစ် (အခမဲ့) စစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

National News

21 Oct, 08:35


သီရိလင်္ကာတွင် ရထားတစ်စင်းကဆင်အုပ်ကို တိုက်မိပြီး တောဆင်ရိုင်းနှစ်ကောင် သေဆုံး

သီရိလင်္ကာနိုင်ငံ အရှေ့မြောက်ပိုင်းတွင် လောင်စာဆီ ဂါလံပေါင်းသိန်းချီသယ်ဆောင် လာသည့် ရထားတစ်စင်းက ဆင်အုပ်ကို ဝင်တိုက်မိပြီး တောဆင်ရိုင်းနှစ်ကောင် သေဆုံးကာ တစ်ကောင်ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ရထားတွဲနှစ်တွဲလမ်းချော်သွားကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

ကိုလံဘို မြို့တော်မှ၁၂၄ မိုင် အကွာရှိ မင်နီရီရာမြို့တွင် ယင်းမတော်တ ဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၁၈ ရက်က ဆင်အကောင်ရေ ၂၀ နီးပါးရှိ သည့် ဆင်အုပ်တစ်အုပ်သည့် မီးရထားလမ်း ကြောင်းပေါ်ကို ရုတ်တရက် ဖြတ်သန်းရန်ကြိုး ပမ်းခဲ့ကြောင်း ရထားယာဉ် မောင်းက အေပီ သတင်းကို ပြောပြခဲ့သည်။

“ကျွန်တော်တို့နဲ့ ဆင်အုပ်ကြားမှာ ၁၀ မီတာ လောက်ပဲကွာ တော့တယ်။အဲဒါကြောင့် ကျွန် တော်တို့လည်း ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ကျွန် တော်တို့ဘရိတ်ကို ပြင်းအားအများဆုံးနဲ့ ဆွဲ ခဲ့ပေမယ့်အချိန် မမီနိုင်ခဲ့ပါဘူး။ ဆင်လေး ကောင်ထက်မနည်း တိုက်မိသွားခဲ့ပါတယ်”ဟုပြောပြခဲ့သည်။

■Website Link >>> https://news-eleven.com/article/296676

National News

21 Oct, 06:52


Oct 20 .. နခခ(၅)မှာ ရန်သူ့လက်နက် ၄ လက်ထပ်ရ

20-10-24 ရက်နေ့ ရခိုင်ပြည်နယ်၊ မောင်တောရှိ နခခ(၅)ဘက်မှာ ရန်သူ့လက်နက် ၄ လက် ထပ်မံရရှိတယ်လို သိရပါတယ်။
-
အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းအချိန်က နခခ(၅)၏ ပတ်လည် မီတာ ၅၀၀ အတွင်းအား ဝန်းကျင်ရှင်းလင်းရာ အကြမ်းဖက် AA သူပုန်များ ကျန်ရစ်ခဲ့တဲ့ -
(၁) MA-2 သေနတ် ၁ လက်
(၂) MA-3 သေနတ် ၂ လက်
(၃) RPG ဗုံးသီး ၁ လုံး
(၄) အီနာဂါ ၂ လုံး
(၅) ငန်းပြား ၃ ချောင်း
(၆) ဆေးပစ္စည်းမျိုးစုံပါ ဆေးထုပ် ၁ ထုပ်

သိမ်းဆည်းရရှိခဲ့ပါတယ်။
-
အလားတူ လုံခြုံရေးအဖွဲ့များသည် အောက် ၂၀ နေ့လည်အချိန်တွင် လူကယ်/ပြန်ရုံးနှင့် စာသင်ကျောင်း(ပျက်)အား ဝင်ရောက်ရှင်းလင်းစဉ် အကြမ်းဖက် AA ၁၀ ဦးခန့်ဖြင့် ထိတွေ့မှုအနည်းငယ်ဖြစ်ပြီး ရန်သူ အနောက်မြောက်ဘက် (ရွာထဲ)သို့ ထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ -
(၁) MA-1 သေနတ် ၁ လက်
(၂) RPG ပို့ကျည် ၂၀ တောင့်

သိမ်းဆည်းရရှိခဲ့ပါတယ်။
-
သတင်းထူးပါက ထပ်မံဖော်ပြပေးပါမယ်။

တိုက်ပွဲသတင်းစုံ

National News

21 Oct, 04:19


မဟာမဲခေါင် ထိပ်သီးအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး တက်မယ်၊ တရုတ်ကောင်စစ်ဝန်ရုံး ဗုံးပစ်ခံရမှု NUG ငြင်းချက်ထုတ်၊ တောင်သူလယ်သမားနဲ့ စားသုံးသူကြားက ကွာဟနေတဲ့ စဉ်စားစရာအချက်များ (၂ဝ၊ ၁ဝ၊ ၂၀၂၄)

https://npnewsmm.com/videos/671515791764ea620d3d5623

National News

21 Oct, 03:29


၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်
============================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် အနောက်-အနောက်မြောက်ဘက်သို ရွေ့လျား ခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတိုတွင် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်း တိုတွင် တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တိုတွင် နေရာကွက်ကျား၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ် တိုတွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တိုတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တိုတွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တိုတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တိုတွင်တိုတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ် နိုင်ပါသည်။ လှိင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုတွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်း ရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးထစ်ချုန်း၍ မိုးအသင့်အတင့်ရွာပြီး၊ တစ်ခါတစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြိုနှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးထစ်ချုန်း၍ မိုးအသင့်အတင့်ရွာပြီး၊ တစ်ခါတစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြိုနှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးထစ်ချုန်း၍ မိုးအသင့်အတင့်ရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

National News

21 Oct, 03:10


သန်းခေါင်စာရင်း အကောက်မခံရသေးသော ပြည်သူများအား ပြန်လည်ကောက်ခံပေးသွားမည်

National News

21 Oct, 02:09


ရန်ကုန်မြို့ ထူးကဲဒီရေမြင့်တက်လာပြီး ကားလမ်းမများပါ ရေမြုပ်၍ နေအိမ်များအတွင်းပါ ဝင်ရောက်မှုရှိ

၂၁. ၁၀. ၂၀၂၄
Photo - Tha Doe

အောက်တိုဘာ ၁၆ ရက်ကနေ ၂၁ ရက်အတွင်း ရန်ကုန်မြစ်ဟာ ထူးကဲဒီရေမြင့်တက်ဖို့ရှိနေတယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ကြိုတင်သတိပေးခဲ့သလို ဒီနေ့မနက်မှာတော့ ရန်ကုန်မြို့နယ်အချို့ ထူးကဲဒီရေမြင့်တက်လာခဲ့ပြီး ရပ်ကွက်လမ်းတွေဆိုလည်း ဒူးလောက်အထိမြုပ်ခဲ့တာတွေ့ရသလို ငမိုးရိပ်ချောင်းနဲ့ ဆက်စပ်နေရာတွေဆိုလည်း ချောင်းရေနဲ့ လမ်းပေါ်ရေ တစ်ဆက်တည်းဖြစ်တဲ့အထိ ရေနစ်မြုပ်ခဲ့တာ တွေ့ရပါတယ်။

ထူးကဲဒီရေဟာ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တုန်းက အခြေခံရေစစ်မျဥ်းထက် ၂၂ ပေအထိ မြင့်တက်ခဲ့ဖူးပေမဲ့ ဒီနေ့မြင့်တက်မှုကတော့ အမြင့်ဆုံး ၂၁ ပေလောက်ပဲမြင့်တက်မယ်လို့ ကြေညာခဲ့ပေမဲ့ လူနေရပ်ကွက်တွေက အနိမ့်ပိုင်းတိုက်ခန်းတွေ ရေမြုပ်ခဲ့တာကြောင့် ပြည်သူတွေ အခက်ကြုံခဲ့ရတာလည်း တွေ့ရပါသေးတယ်။

"ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက် ထူးကဲဒီရေတက်တုန်းကလည်း တိုက်ခန်းထဲရေမြုပ်သွားလို့ တော်တော်ဆေးလိုက်ရတယ်။ အခု တစ်ခေါက်ကတော့ မြုပ်နိုင်တာ အကုန်လုံးကြိုပြီး သိမ်းထားလို့ သိပ်တော့ဒုက္ခမများပေမဲ့ မြစ်ရေနဲ့ဆက်စပ်ပြီး ချောင်းရေ၊ မြောင်းရေဝင်တာဆိုတော့ အခန်းကတော့ တော်တော်ပြန်ဆေးရမှာပေါ့"လို့ တာမွေမြို့နယ်အတွင်းနေထိုင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ထူးကဲဒီရေတက်တုန်းကလည်း တာမွေ၊ ကျောက်မြောင်း၊ လမ်းမတော် စတဲ့ ပုစွန်တောင်ချောင်း၊ ငမိုးရိပ်ချောင်းနဲ့ ရန်ကုန်မြစ်၊ ပင်လယ်ဝနဲ့နီးတဲ့နေရာတွေ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ပါသေးတယ်။

Website တွင် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=79000

ပုံစာ။ တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်လမ်းတချို့ ထူးကဲဒီရေကြောင့် နစ်မြုပ်နေမှု တွေ့ရစဥ်။

#ရန်ကုန်မြစ် #ထူးကဲဒီရေ #ပုစွန်တောင်ချောင်း #ငမိုးရိပ်ချောင်း #တာမွေ #နတ်ချောင်း #MT

National News

19 Oct, 13:52


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနေမှုများကို တက်ရောက်ကြည့်ရှုအားပေး

National News

19 Oct, 10:15


တောင်ကြီးမြို့၏ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ယခုနှစ်တွင်လည်း (၇)ရက်တိုင်ကျင်းပသွားမည်ဟု သိရသည်။

National News

19 Oct, 04:11


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနေမှုများကိုတက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ အောက်တိုဘာ - ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့နံနက်ပိုင်းတွင် မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်း ရှင်းဗဟိုဌာန(၂)၌ကျင်းပလျက်ရှိသည့် (၂၅)ကြိမ်မြောက်ငွေရတုအထိမ်း အမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ (ဗဟိုအဆင့်)ပြိုင်ပွဲ ယှဉ် ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးကြသည်။
Read More>. https://myawady.net.mm/node/57994

National News

19 Oct, 02:14


ယနေ့စက်သုံးဆီဈေးနှုန်းများ

National News

18 Oct, 16:50


တောင်ကြီးမြို့နယ် ၊ အေးသာယာမြို့တွင် (၂၇)ကြိမ်မြောက် ဆီမီး ၉၀၀၀ ပူဇော်ပွဲကို ပြန်လည် ကျင်းပ
================
တောင်ကြီးမြို့နယ် ၊ အေးသာယာမြို့တွင် (၂၇)ကြိမ်မြောက် ဆီမီး ၉၀၀၀ ပူဇော်ပွဲကို ၂၀၂၄ ခုနှစ် သီတင်းကျွတ်ပွဲတော်တွင် ပြန်လည်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အေးသာယာမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတည်ရှိရာ နာရီစင်ကုန်းမြင့်တွင် ပွဲတော်ပွဲဈေးတန်းကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ ၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းရှိ မြို့ဦးစေတီတော်တွင် ဆီမီး ၉၀၀၀ ပူဇော်ပွဲကို အစဉ်အလာမပျက်ပြန်လည် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။

9,769

subscribers

24,110

photos

1,628

videos