Family Books📚 @familybooks53 Channel on Telegram

Family Books📚

@familybooks53


သုတရသစာအုပ်အရောင်းဆိုင်

Family Books📚 (Burmese)

သင်တို့လူမျိုးတွင် စာအုပ်အရောင်းဆိုင်ပြောပြတယ်ဆိုတဲ့ အ်က္ခရာကြောင့် ဘာလိုလုပ်ဆောင်မျှောက်ကြပါသလဲ။ အုပ်စုပြောပြခဲ့သလို Family Books📚 ဆိုမှာမဟုတ်ပါ၊ အားလုံးသင်တို့အော်ကြီးတစ်ယောက်ရှိလို့ရပါတယ်။ အုပ်အရောင်းစာအုပ်စာရင်းတွေကိုစာသားကြည့်စောင့်တဲ့ အုပ်အရောင်းပုံစံကိုရရှိမယ့်လူ့အတွက် လူတွေကိုတည်ထောင်ပြောင်းနိုင်ရပါတယ်။ နောက်ဆုံးလေးနှစ်ရှစ်စာအုပ်အရောင်းဆိုင်ကြည့်ကြဆုံးနေရာလဲ အောင်မြင်မှာပဲ။ အဨင်းအကျယအမျိုးမျိုး ပိန်လိုင်းနှင့်သာယာလိုင်းတို့လုပ်ငန်းစဉ်တွေကြည့်ရောက်နေခဲ့ပါတယ်။ Family Books📚 ကိုလိုချင်တဲ့ အကျယအမျိုးမျိုး အတွက် @familybooks53 ညွှန်ကြားကြည့်လိုက်ပါ။

Family Books📚

16 Feb, 05:56


ဗုဒ္ဓအလိုကျ စားသောက်နည်း
-------------------------------
ယနေ့ခေတ် မော်ဒန်လူသားတွေရဲ့ စားမှုသောက်မှုကိစ္စတွေဟာ အိမ်ထဲက အိမ်ပြင်တောင် ထွက်စရာမလိုဘဲ ကိုယ်စားချင်တာ မှာစားလို့ ရနိုင်နေသလို၊ အော်ဂဲနစ်အစားအစာတွေ၊ လူလုပ်အစားအစာမျိုးစုံတွေနဲ့ စားစရာတွေဆိုတာ အလွန်ပဲ ပေါများလွန်းလှပါတယ်။ စားချင်စရာကောင်းလောက်အောင် မီဒီယာတွေ၊ တီဗွီ၊ ဖေ့စ်ဘွတ်ခ်တွေမှာ ​မြှူဆွယ်နေတာတွေကလည်း ကံကောင်းလွန်းတာလား၊ ကျိန်စာတိုက်ခံနေရတာလား မကွဲပြားတော့အောင် သွားရည်ယိုချင်စရာတွေချည်းပါ။ ပျင်းလို့စားတာ၊ ဆာလို့စားတာ၊ လူမှုရေးအရ စားတာ၊ စိတ်ခံစားမှုအရ စားတာနဲ့ "သေအောင် စားစမ်း" ဆိုသလို အစားအသောက်တွေကြောင့် လူဝတုတ်ကြီးတွေ၊ အစားနောက်ဆက်တွဲရောဂါသည်ကြီးတွေနဲ့ တပုံကြီးပါ။

ဒီစာအုပ်ထဲက နည်းလမ်းတွေကတော့ "အစားတွေကို ပုံစံဇယားတွေနဲ့ လျှော့စားခိုင်းတာ၊ အားကစားလုပ်ခိုင်းတာ၊ Gym ဆော့ခိုင်းတာ" မျိုးတွေ မဟုတ်ပါဘူး။ ၂၂၇ သွယ်သော သိက္ခာပုဒ်တွေထဲ၊ ရှစ်ပါးသီလထဲမှာ ဗုဒ္ဓက ပညတ်ပေးခဲ့တာက "နေလွဲညစာ မစားရ" တဲ့။ အရသာခံစားမှုကို လေ့လာတဲ့ သုတေသီတွေ၊ နိုင်ငံတကာတက္ကသိုလ်တွေက ပြုလုပ်တဲ့ အစားအသောက်နဲ့ ပတ်သက်တဲ့ နောက်ဆုံး လေ့လာတွေ့ရှိချက်တွေအရ "မသင့်သောအခါများတွင် စားသောက်ခြင်းကို ရှောင်ကြည်ခြင်း" ဆိုတဲ့ နည်းလမ်းဟာ "အချိန်ကန့်သတ် စားသောက်ခြင်း" ဆိုတဲ့ ဗုဒ္ဓ ဟောကြားချက်နဲ့ ကိုက်ညီမှုရှိနေတာကို အံ့သြစရာ သိလာရပါတယ်။ အစားအသောက်စားခြင်းဟာ ပျော်စရာကိစ္စပဲ ဖြစ်သင့်ပါတယ်။ အစားအစာ (အာဟာရဖြစ်မှု၊ ကောင်းကျိုး၊ ဆိုးကျိုး)၊ စိတ်အနေအထား (လိုအပ်လို့ စားတာ၊ စိတ်အဆာပြေချင်လို့ စားတာ၊ စားသောက်ရာမှာလည်း အကျင့်ဆိုတာ ပျိုးထောင်ဖို့ လိုအပ်ပုံ - ဥပမာ ရေချိုးခါနီးတိုင်း၊ မနက်အိပ်ရာထတိုင်း သွားတိုက်ခြင်းအကျင့်မျိုး)၊ ခန္ဓာကိုယ်ကို အကျိုးသက်ရောက်မှု (အိပ်နေစဥ် နှလုံးခုန်နေတာ အဆီဓာတ်ကြောင့်၊ သင့်တော်တဲ့ အဆီဓာတ်ဟာ မရှိမဖြစ် လိုအပ်ပုံ) တို့ကို ခန္ဓာကိုယ်ဇီဝဖြစ်စဥ်တွေ၊ သဘာဝလိုအပ်ချက်တွေနဲ့လိုက်ပြီး ချိန်ညှိတဲ့ ဗုဒ္ဓရဲ့ နည်းလမ်းနဲ့ အစားအသောက်နဲ့ အဝလွန်မှုအကြား ဆက်စပ်နေတဲ့ သိပ္ပံပညာက တွေ့ရှိလာခဲ့တဲ့ အချက်အလက်တွေကို မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။

အိမ်ထောင်ရှင်မတွေ၊ ကလေးမေမေတွေအဖို့လည်း ကိုယ့်သားသမီးတွေကို၊ ကိုယ်တမိသားစုလုံးကို တဘဝလုံးစာ စားသောက်မှုပုံစံအမှားမျိုးတွေ မပေးမိစေဖို့ ရှင်းပြထားတဲ့ သုတေသနအချက်အလက်တွေလည်း ပါဝင်ပါတယ်။ "ဗုဒ္ဓအလိုကျစားသောက်နည်း" အတိုင်း ရေရှည်လိုက်နာကျင့်သုံးသွားမယ်ဆိုရင် အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲရောဂါတွေ ကင်းဝေးပြီး ကျပြီးသားကိုယ်အလေးချိန်ကို ထိန်းညှိကာ အစာအာဟာရ မျှတကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံကို ဘဝတစ်သက်တာ ရရှိသွားမှာ ဖြစ်ပါတယ်။

ပါရီမြို့၊ လပ်ဇင်ဘတ်ပန်းခြံထဲက ရှေးဟောင်းပေါင်ချိန်စက်တစ်ခုမှာ ရေးထားတဲ့ စာသားလေးက ဒီလိုပါတဲ့။ "ပုံမှန်ပေါင်ချိန်သောသူသည် မိမိကိုယ်မိမိ ကောင်းစွာ သိ၏။ မိမိကိုယ်မိမိ ကောင်းစွာ သိခြင်းဖြင့် အသက်ရှည်စွာ နေရ၏။"

💥စာအုပ်တန်ဖိုး - ၆၀၀၀ကျပ်

#ဗုဒ္ဓအလိုကျစားသောက်နည်း
#လင်းတင့်သီဟ

Family Books📚

16 Feb, 05:52


❝ ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ ❞

ကျန်းမာရေး မကောင်းလို
ဝင်ငွေ မကောင်းလို
မိုးလေဝသ မကောင်းလို

ခုလို အခက်အခဲတွေထဲမှာ
ဖိနပ်သဲကြိုးကို သတိထားနေရ
ခုံကလည်း လှုပ်လှုပ်
မြင်းကလည်း လှုပ်လှုပ်
ပြုတ်ကျသွားချင်လည်းသွား
ဒုက္ခဆိုတာ သစ္စာတရား

ကျွန်တော့်ရဲ့ မိုက်မဲမှုများ
လောကကြီးက အလိုက်သိပါ့မလား

ရေပြင်ရဲ့ မာယာကို မုန်းတယ်
ပိုက်ကွန်ထဲက ငါးတွေကို သနားတယ်
ထောက်ချောက်ကို လိုက်ရှာနေတဲ့ သားကောင်ဆိုတာ
ရှိပါ့မလား
ပျော်ရွှင်မှုဆိုတာ လှောင်အိမ်ထဲမှာ မမွေးဖွားဘူး

ပြိုင်ကားတစ်စီးလို ဓာတ်ဆီဖြုန်းခဲ့ပြီးပြီ
လူနာတင်ယာဉ်တစ်စီးလို အသုံးဝင်ချင်တယ်

ရော့ခ်အင်ရိုးလ် တစ်ခေတ်လုံးကို နားထောင်ခဲ့တယ်
ပွင့်လင်းတဲ့ လူ့ဘောင်ကို မျှော်လင့်မိတယ်
ကဗျာနဲ့ ဘဝကို ချည်နှောင်ထားခဲ့တယ်

သူငယ်ချင်းရယ် ဒီဇာတ်လမ်းမှာ
လူဆိုးတွေ တစ်ယောက်မှ မသေသေးဘူးလား
သူကောင်းတွေမှာ ဒုက္ခများလှပါပြီကွယ်
အသက်တစ်ချောင်း ဆုံးရှုးမယ်ဆိုရင်
နာမည်တစ်လုံးတော့ အဖတ်တင်ချင်တယ်

ချောက်ကမ်းပါးစွန်းက လူကို
တွန်းအားတွေ မပေးကြပါနဲ့
ပြေးစရာမြေ မရှိတော့တဲ့အခါ
ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ ။ ။

💥လှသန်း

Family Books📚

15 Feb, 10:03


ကြီးပွားစေကြောင်း အကြံကောင်း
----------------------------------

ကမ္ဘာတစ်ဝှမ်း၌ ဘာသာမျိုးစုံဖြင့် စောင်ရေ ၁၅ သန်းကျော် ရောင်းချခဲ့ရပြီးဟု မှတ်တမ်းရှိခဲ့ပြီး ယနေ့ထိတိုင်လည်း ဆက်လက် ရောင်းချနေကြဆဲဖြစ်သည့် နပိုလီယမ်ဟေးလ်၏ Think and Grow Rich စာအုပ်မှာ ကြီးပွားတိုးတက်လိုသူများ၊ တွေးတောကြံဆလိုသူများ၊ ဘဝအဓိပ္ပာယ်ပြည့်စုံလိုမှုများ အားလုံး သိရှိနေကြပြီးဖြစ်မည့် စာအုပ် ဖြစ်ပါသည်။ မြန်မာစာပေနယ်တွင်လည်း နှစ်ပေါင်းများစွာမှ ယနေ့အထိ ဘာသာပြန်ဆိုသူတစ်ဦးမက မြန်မာဘာသာသို့ ပြန်ဆိုပေးခဲ့ကြပြီး ထိုအထဲတွင် အထင်ရှားဆုံးဖြစ်သည့် ဆရာကြီးရွှေဥဒေါင်း၏ အကြံဉာဏ်ဖြင့်ကြီးပွားရေး စာအုပ်ဆိုလျှင် ယနေ့တိုင် လူကြိုက်များ နေဆဲ၊ ရောင်းအားကောင်းနေဆဲ အကျဉ်းဘာသာပြန်စာအုပ်ကလေး အဖြစ် ရပ်တည်လျက်ရှိပါသည်။

ယခုစာအုပ်မှာ နပိုလီယမ်ဟေးလ်ဖောင်ဒေးရှင်းမှ ၂၁ ရာစု အတွက် ခေတ်နှင့်အညီ ပြန်လည်ပြင်ဆင် မွမ်းမံထားသော မူသစ်ကို အပြည့်အစုံနီးပါး ပြန်ဆိုတင်ဆက်လာသည့် ထူးခြားသောစာအုပ် တစ်အုပ်ဖြစ်ပါသည်။ အကျဉ်းဘာသာပြန်ကို ဖြည့်စွက်ဖတ်ရှုလိုသူများ၊ လေ့လာလိုသူများအတွက် ပေါ်ထွက်လာသည်ဟု ဆိုရပါမည်။

💥စာအုပ်တန်ဖိုး - ၁၅၀၀၀ကျပ်

#အောင်လှိုင်
#ကြီးပွားစေကြောင်းအကြံကောင်း

Family Books📚

15 Feb, 06:33


ဆရာကြီးရွှေဥဒေါင်း၏ ပေါင်းချုပ်စာအုပ်များ 💥

ဆရာကြီးရွှေဥဒေါင်း ၏ စာအုပ်ကောင်းများစွာထဲက တသက်တာမှတ်တမ်းပေါင်းချုပ်၊ ဝတ္ထုတိုပေါင်းချုပ်၊ အတွေးအခေါ်ဆောင်းပါးများပေါင်းချုပ်၊ မောင်စံရှားဝတ္ထုများပေါင်းချုပ် စသည့် ပေါင်းချုပ်စာအုပ်ကြီးများ။

Family Books📚

12 Feb, 06:46


နာမည်ကျော် ဇိနတ္ထပကာသနီကျမ်း
------------------------------------------
ဇိနတ္ထပကာသနီ ကား မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ၏ အိမ်တိုင်းလိုလိုတွင်ရှိသော စာအုပ်စင်မျာ၌ ထိပ်တန်းနေရာကို ရယူလျက်ရှိသည်​့ ကျမ်းစာအုပ်ဖြစ်သည်။ မည်သည့်ဗုဒ္ဓဝင်စာအုပ်မျှ ဇိနတ္ထပကာသနီကို မကျော်လွှားနိုင်သေးပေ။ ထိုသို့ဖြစ်ရခြင်းမှာ ဇိနတ္ထပကာသနီ သည် ဗုဒ္ဓဝင်ကြောင်းနှင့်ပတ်သက်၍ အကြောင်းအရာစုံသည့်အပြင် လူထဲသို့ ထွင်းဖောက်တိုးဝင်နိုင်သည့် ဝေါဟာရစကားလုံးတို့ဖြင့် ရေးသားပြုစုထားသောကြောင့်ဖြစ်သည်။

ဇိနတ္ထပကာသနီရေးသားဟန်မှာ ခံ့ညားမှု၊ ညက်ညောမှု၊ လွယ်ကူမှု၊ မြန်မာဆန်မှုတို့ဖြင့် ထုံမွှမ်းနေပေသည်။ ဇိနတ္ထပကာသနီ သည် မြန်မာစာအုပ်လောကထဲတွင် အတွင်ကျယ်ဆုံး၊ လူသိအများဆုံး၊ အပျံ့နှံ့ဆုံး စာအုပ်တစ်အုပ်ဖြစ်သည်။ ပိဋကတ်စာပုံနှိပ်တိုက်ကြီးများမှ သရုပ်ဖော်ပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေခဲ့သည်မှာ အကြိမ်ပေါင်းအနည်းတော့ပေ။ အုပ်ရေပေါင်းလည်း များလှပြီ။ ယနေ့အထိ အကြိမ်ကြိမ် ရိုက်နှိပ်နေဆဲ။ စောင်ရေပေါင်းသန်းချီနေပြီ။ ရောင်းမလောက်သော စာအုပ်ဖြစ်သည်။ ဇိနတ္ထပကာသနီ ကို တက္ကသိုလ် ကျောင်းသုံးစာအုပ်အဖြစ်လည်း ပြဋ္ဌာန်းခဲ့ဖူးပေသည်။

💥ကျီးသဲညွန့်နိုင်

💥ခင်ချိုထွန်း စာပေထုတ် ဇိနတ္ထပကာသနီစာအုပ်တွင် ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ပြုစုသည့် ပကိဏ္ဏက နမက္ကာရ အစိန္တေယျဘုရားရှိခိုးကြီးနှင့် ခက်ဆစ်အဖြေ၊ ကျီးသဲလေးထပ်ဆရာတော်ကြီး၏ ကျေးလက်သာသနာပြုခရီး ေဆာင်းပါးရှည်ကြီးပါဝင်သည်။ သူ့အခန်းနဲ့သူ သရုပ်ဖော်ပန်းချီပုံ ပါဝင်သည်။ စာရွက်သား (အနည်းငယ်) ညံ့သည်။ စာလုံးအနည်းငယ်ကြီးသည်။

💥စိတ်ကူးချိုချို စာပေထုတ် ဇိနတ္ထပကာသနီစာအုပ်တွင် ဗုဒ္ဓဝင်စာအုပ်များအကြောင်း နိဒါန်းနှင့် စာအုပ်အစပိုင်းဝယ် သရုပ်ဖော်ပန်းချီပုံများ ပါဝင်သည်။ စာရွက်သား ကောင်းသည်။ စာလုံးအနည်းငယ်သေးသည်။

#ဇိနတ္ထပကာသနီ
#ကျီးသဲလေးထပ်ဆရာတော်

Family Books📚

04 Feb, 02:30


မြန်မာစာ လေ့လာသူများအတွက်
မြန်မာစာညွန့်ပေါင်းကျမ်း 💥

တစ်စုံ - ၄၃၅၀၀ကျပ်

Family Books📚

04 Feb, 02:15


အကြောက်တရား စာအုပ်အကြောင်း
-----------------------------------

ဒီစာအုပ်က ကျွန်တော့်ကို စိုးရိမ်ပူပန်စိတ်တွေ၊ ကြောက်စိတ်တွေကနေ ဆွဲထုတ်ပေးနိုင်ခဲ့တဲ့ စာအုပ်ပါ။ ကျွန်တော့်အတွက် အကျိုးကျေးဇူး ကြီးမားတာကြောင့် Facebook မိတ်ဆွေတွေ ဖတ်နိုင်အောင်လို့ ဘာသာပြန်ပြီး post တွေ တင်ခဲ့ပါတယ်။ နောက်တော့ လူအများ ဖတ်နိုင်အောင် Love, Kindness and Tranquility ဆိုတဲ့ page ကို ထောင်ပြီး စာအုပ်တအုပ်လုံးကို ဘာသာပြန်ပြီး တင်ပေးခဲ့ပါတယ်။

ဒီစာအုပ်ရဲ့ မူရင်းစာရေးဆရာက ဗီယက်နမ်ဘုန်းတော်ကြီး ‘သစ်နတ်ဟန်’ (Thich Nhat Hanh) ဖြစ်ပါတယ်။ ဆရာတော်ဟာ ဗီယက်နမ်စစ်ပွဲကာလအတွင်း ငြိမ်းချမ်းရေးလုပ်ဆောင်မှုတွေကြောင့် ထင်ရှားခဲ့ပြီး၊ ဒီလုပ်ရပ်တွေကြောင့် နှစ်ပေါင်းများစွာကြာအောင် ပြည်နှင်ဒဏ် ပေးခံခဲ့ရပါတယ်။ ဆရာတော်ဟာ နိုဗယ်ဆုအတွက် အမည်စာရင်း တင်သွင်းခံခဲ့ရဖူးပါတယ်။ သူ့ကို နိုဗယ်ဆုအတွက် ထောက်ခံအားပေးသူက ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါက်တာမာတင်လူသာကင်းဂျူနီယာပဲ ဖြစ်ပါတယ်။ ဆရာတော်က ဗုဒ္ဓဘာသာရဲ့ သတိပဋ္ဌာန်အလေ့အကျင့်တွေကို လူတွေရဲ့ နေ့စဉ်ဘဝအတွင်း ကျင့်သုံးနိုင်အောင် သင်ကြားပြသပေးခဲ့ပါတယ်။ ဒီစာအုပ်မှာ လူတွေရဲ့ဘဝမှာ မလွဲမသွေ ကြုံကြရတဲ့ စိတ်ဒဏ်ရာတွေ၊ နာကျင်ခံစားမှုတွေအကြောင်းကို ဆွေးနွေးထားပြီး အဲဒီ နာကျင်ခံစားမှုတွေကို သတိတရားကို အသုံးချပြီး ဖြတ်ကျော်နိုင်မယ့် နည်းလမ်းတွေကို ပြောပြထားပါတယ်။

ငယ်စဉ်ဘဝမှာ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ အနာဂါတ်ကို လှမ်းပြီး ပူပန်နေတတ်တဲ့ စိုးရိမ်စိတ်တွေ၊ ဒီနာကျင်မှုတွေကို ဖုံးဖိဖို့ ကြိုးစားခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ၊ ဒဏ်ရာတွေကို ကုသပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းတွေကို ဆရာတော်သစ်နတ်ဟန်က လက်တွေ့ကျကျ ဥပမာတွေ လမ်းညွှန်ချက်တွေသုံးပြီး ရှင်းရှင်းလင်းလင်း ရေးသားထားပါတယ်။ ဆရာတော်ပြောတဲ့ စိတ်ဒဏ်ရာတွေဆိုတာ တကယ်တော့ ကိလေသာတွေအကြောင်းဖြစ်ပြီးတော့ ဆရာတော်ပေးတဲ့ဆေးက သတိပဋ္ဌာန်ဆေးပဲ ဖြစ်ပါတယ်။ ကိလေသာဟာ ဒီဘက်ခေတ်လောကကြီးမှာ ဘယ်လိုအသွင်နဲ့ ရုပ်လုံးပြတယ်ဆိုတာကို ဖတ်ရမှာဖြစ်သလို သတိပဋ္ဌာန်တရားကို နှစ်ဆယ့်တရာစုလူသားတွေရဲ့ နေ့စဉ်ဘဝမှာ ဘယ်လိုကျင့်သုံးနိုင်တယ်ဆိုတာကို လေ့လာနိုင်မှာဖြစ်ပါတယ်။

▪ ကျော်စွာ
▪စာအုပ်တန်ဖိုး - ၁၅၀၀၀ကျပ်

#ကျော်စွာ
#အကြောက်တရား

Family Books📚

03 Feb, 10:18


ဓမ္မပဒပါဠိတော်လာ ​မြတ်ဗုဒ္ဓ၏
အဆုံးအမတော်များကို ဝတ္ထုဖြစ်ရပ်နှင့်တကွ ပြည့်ပြည့်စုံစုံ ပူဇော်ဖတ်ရှုလိုသူများအတွက် ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး 💥

ပထမတွဲ - ၂၅၀၀၀ကျပ်
ဒုတိယတွဲ - ၁၆၀၀၀ကျပ်

Family Books📚

03 Feb, 10:00


ဒါကြောင့် ဘဝမှာ ဘာကိုပဲဖြစ်ဖြစ် အကောင်းမြင်စိတ်နဲ့ ချဉ်းကပ်ကြည့်ပါ။ အဆိုးထဲက အကောင်းကို ရှာတတ်ပါ။ ဒါဟာ Gratitude ရဲ့အနှစ်သာရပါပဲ။

💟 ဒါဆိုရင် Gratitude (ကျေးဇူးတင်တတ်ခြင်း) ကို ဘယ်လိုလေ့ကျင့်ရမလဲ.. ။

▪️အရိုးရှင်းဆုံးနည်းလမ်းကတော့ နေ့စဉ်မှတ်တမ်းတင်ပါ။ ညအိပ်ရာမဝင်ခင် ဒီနေ့အတွက် ကျေးဇူးတင်စရာ သုံးခုလောက် ရေးမှတ်ထားပါ။ ဥပမာ ဒီနေ့ ငါကြိုက်တဲ့ အစားအစာ စားရတယ်၊ လုပ်ချင်တဲ့အလုပ်လေးတွေ ပြီးတယ်၊ ဘုရားပန်းကပ်ဖြစ်တယ် စသဖြင့်ပေါ့။

▪️နောက်တစ်ခုက ပတ်ဝန်းကျင်ကို သတိထားကြည့်ပါ။ လမ်းလျှောက်ရင်း ပန်းပင်လှလှလေးတွေ၊ ငှက်တွေရဲ့အသံသာသာလေးတွေ၊ ကလေးငယ်တွေရဲ့ ရယ်မောသံတွေကို သတိထားမိအောင် ကြိုးစားပါ။ တစ်ခါတလေ မိဘ၊ ဆရာသမားတွေကိုဖြစ်ဖြစ်၊ ကိုယ့်ကို ကူညီဖူးတဲ့သူတွေကို ကျေးဇူးတင်တဲ့အကြောင်း စာလေးတွေ ရေးပို့ပါ။

▪️အရေးကြီးဆုံးက နေ့စဉ်ဘဝမှာ "ကျေးဇူးပါ" ဆိုတဲ့စကားကို ခဏခဏ ပြောပေးဖို့ပါပဲ။ ဆိုင်က ဝန်ထမ်းတစ်ယောက်က ကိုယ့်ကို ကူညီပေးရင် "ကျေးဇူးပါ" လို့ ပြောပါ။ ဒီလိုလုပ်လာရင် တဖြည်းဖြည်းနဲ့ ဘယ်အရာကိုမဆို ကျေးဇူးတင်တတ်တဲ့ စိတ်လေးက ကိုယ့်ဆီမှာ အမြစ်တွယ်လာပါလိမ့်မယ်။

📌 တစ်ခုရှိတာက Gratitude ဆိုတာ ပုံသေကားချပ် မဖြစ်သင့်ပါဘူး။ တစ်နေ့ ဘယ်နှစ်ခေါက် ဆိုပြီး "ကျေးဇူးတင်ပါတယ်" ဆိုတာကို ဝတ်ကျေတန်းကျေ ပြောနေရုံနဲ့ မထိရောက်ဘူး။ တကယ်တန်ဖိုးထားတဲ့စိတ်နဲ့ အလေးအနက်လုပ်မှ အဓိပ္ပါယ်အပြည့်အဝ ရရှိမှာပါ။ ဥပမာ မနက်စာစားပြီးတိုင်း "ကျေးဇူးတင်ပါတယ်" ဆိုရုံနဲ့ မလုံလောက်ပါဘူး။ ဒီထမင်းတစ်နပ်အတွက် ဘယ်သူတွေ ပါဝင်ပတ်သက်နေလဲ စဉ်းစားကြည့်ပါ။ လယ်သမား၊ ကုန်သည်၊ ဈေးသည်၊ ချက်ပြုတ်ပေးတဲ့သူ စသဖြင့်ပေါ့။ ဒီလို စဉ်းစားမိတဲ့အခါ ပိုပြီး အဓိပ္ပါယ်ရှိတဲ့ ကျေးဇူးတရား ဖြစ်လာပါလိမ့်မယ်။

💟 "Gratitude ကို လေ့ကျင့်လေ၊ ပျော်ရွှင်မှုကို ခံစားရလေ"

ကျေးဇူးတင်တတ်တဲ့ အလေ့အကျင့် Gratitude ကြောင့် ကိုယ့်မှာ မရှိတာတွေ၊ မဖြစ်နိုင်တာတွေကိုပဲ အာရုံစိုက်နေမယ့်အစား ရှိပြီးသား ကောင်းမွန်တဲ့အရာတွေကို သတိထားမိလာပါတယ်။ မနက်ခင်း နိုးထလာတာကစလို့ ညအိပ်ယာဝင်တဲ့အထိ ကျွန်မတို့ဘဝမှာ ကျေးဇူးတင်စရာတွေ အများကြီးရှိနေတာကို တွေ့ရပါတယ်။ ဒီလို သတိထားမိလာတဲ့အခါ စိတ်ထဲမှာ ကျေနပ်မှု၊ ပျော်ရွှင်မှုတွေ ပိုမိုခံစားလာရပါတယ်။ Gratitude ကို လေ့ကျင့်လေ.. ပျော်ရွှင်မှုကို ပိုခံစားရလေပါပဲ။

တချို့က မေးကောင်းမေးပါလိမ့်မယ်။ "ဒါတွေ ငါလည်း လုပ်နေတာပဲ၊ ဘာလို့ ငါ မပျော်တာလဲ" လို့..။ စိတ်ရှည်ပါ။ Gratitude ဆိုတာ တစ်ခါတည်းနဲ့ တတ်မြောက်သွားတဲ့အရာ မဟုတ်ပါဘူး။ နေ့စဉ်လေ့ကျင့်ရတဲ့ အရာပါ။ ဒီနေ့ စလုပ်၊ မနက်ဖြန် ထပ်လုပ်၊ သဘက်ခါ ဆက်လုပ်။ တဖြည်းဖြည်းနဲ့ ကိုယ့်ဘဝထဲမှာ ပြောင်းလဲမှုတွေ တွေ့လာရပါလိမ့်မယ်။

📌 နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ကျွန်မတို့ဟာ ပျော်ရွှင်မှုကို ဝေးဝေးလိုက်လံရှာဖွေနေစရာ မလိုပါဘူး။ ပတ်ဝန်းကျင်မှာ အမြဲရှိနေတဲ့အရာလေးတွေကို Gratitude ဆိုတဲ့ မှန်ဘီလူးနဲ့ ကြည့်တတ်ဖို့သာ လိုအပ်ပါတယ်။ ဒီလိုကြည့်တတ်လာတဲ့အခါ နေ့စဉ်ဘဝရဲ့သာမန်အရာလေးတွေမှာတောင် ပျော်ရွှင်မှုကို တွေ့မြင်ခံစားလာနိုင်မှာ ဖြစ်ပါတယ်။

▪သန်မာတဲ့အမျိုးသမီး စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။

ဆရာမဉာဏ၏ စာအုပ်များနှင့် Team Nyana မှ မြန်မာပြန်ဆိုသည့်စာအုပ်များကို စုဆည်းဖော်ပြလိုက်ပါတယ်ခင်ဗျာ။

Family Books📚

03 Feb, 10:00


💖 တစ်ခါတလေမှာ ကျွန်မတို့ဟာ ကိုယ့်မှာ ရှိနေတာတွေထက် မရှိသေးတာတွေကိုပဲ အာရုံစိုက်မိတတ်ကြပါတယ်။ အိမ်ကြီးကြီးမရှိသေးဘူး၊ ကားကောင်းကောင်း မဝယ်နိုင်သေးဘူး၊ မချမ်းသာသေးဘူး။ ဒါတွေကိုပဲ တွေးနေရင် ဘယ်တော့မှ ပျော်ရွှင်ရမှာ မဟုတ်ဘူး။

အဲဒါတွေအစား ကိုယ့်မှာရှိပြီးသား ကောင်းတာလေးတွေကို ပြန်တွေးကြည့်ပါ။ နေစရာအိမ်ရှိတယ်၊ စားစရာရှိတယ်၊ မိသားစုရှိတယ်၊ အလုပ်လုပ်နိုင်တဲ့ ကျန်းမာရေးရှိတယ်။

📌 တကယ်တော့ ကြည့်တတ်မယ်ဆိုရင် ပျော်ရွှင်မှုဆိုတာ ကျွန်မတို့ ပတ်ဝန်းကျင်မှာ အမြဲရှိနေတာပါ။ ကြက်သွန်ဖြူလေးတစ်မွှာလောက် သေးငယ်တဲ့ အရာလေးတွေမှာတောင် ပျော်ရွှင်မှုကို တွေ့ရနိုင်ပါတယ်။

မနက်ခင်းရဲ့‌နေရောင်ခြည်နုနုလေးကို ခံစားရတဲ့အခါ..၊ လေညင်းကလေးက ဖွဖွလေး တိုက်ခတ်လာတဲ့အခါ..၊ ရေနွေးကြမ်းလေးတစ်ခွက် သောက်လိုက်ရတဲ့အခါ..၊ မျက်နှာချင်းဆိုင် လမ်းလျှောက်လာတဲ့သူက ပြုံးပြလိုက်တဲ့အခါ... ဒီလိုအရာသေးသေးလေးတွေမှာတောင် ပျော်ရွှင်မှုကို တွေ့ရနိုင်တာပါ။

ဒါကို ဘာလို့ မမြင်တတ်ကြတာလဲ.?။ ကျွန်မတို့မှာ Gratitude (ကျေးဇူးတင်တတ်ခြင်း) ဆိုတဲ့ မှန်ဘီလူးလေး မရှိလို့ပါ။

💟" ကျေးဇူးတင်တတ်ခြင်းဆိုတဲ့ မှန်ဘီလူးလေး "

▪️Gratitude ဆိုတာ ဘာလဲလို့ မေးရင် ရိုးရိုးလေးပြောရမယ်ဆိုရင် ကိုယ့်မှာရှိပြီးသား ကောင်းတဲ့အရာတွေကို သတိထားမိပြီး တန်ဖိုးထားတတ်တာပါ။ ဒီ Gratitude ဆိုတဲ့ မှန်ဘီလူးလေးကို အသုံးပြုတတ်ရင် ကျွန်မတို့ဘဝမှာ ပျော်ရွှင်စရာတွေ အများကြီး ရှိနေတာကို တွေ့ရပါလိမ့်မယ်။

မနက်အိပ်ယာထတဲ့အခါ ဘာတွေများ တွေးမိတတ်ကြလဲ။ အိပ်ရေးမဝသေးဘူး၊ ဒီနေ့ အလုပ်တွေ အများကြီးလုပ်ရဦးမယ်၊ ရာသီဥတုကလည်း ဘာမှန်းမသိ..။ ဒီလို ရှုပ်ပွတဲ့အတွေးတွေ တွေးနေမယ့်အစား၊ ဒီနေ့.. ကျန်းကျန်းမာမာနဲ့ နိုးထလာရတယ်၊ ကောင်းကောင်း အိပ်စက်ခဲ့ရတယ်၊ မိသားစုနဲ့အတူနေရတယ်၊ ဝင်ငွေရတဲ့ အလုပ်တစ်ခုရှိနေတယ်။ ဒီလိုမျိုးလေး တွေးကြည့်ပါ။ ဒါတွေအားလုံးဟာ ကျေးဇူးတင်စရာတွေပါ။ တွေးကြည့်လေ ကျေးဇူးတင်စရာလေးတွေဟာ များပြားလာလေပါပဲ..။

ကျွန်မတို့မှာ အခြေခံကျတဲ့ ကျန်းမာခြင်း၊ စားဝတ်နေရေး ဖူလုံခြင်း၊ ချစ်ခင်ရတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေ စတာတွေ ရှိနေပေမယ့် တန်ဖိုးမထားတတ်ကြပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါတွေက နေ့တိုင်းရှိနေတော့ ကျေးဇူးတင်စရာမလိုတဲ့ ပုံမှန်၊ သာမန်အရာတွေလို့ ထင်နေကြလို့ပါ။ အမှန်တကယ်တော့ ဒါတွေဟာ ကျေးဇူးတင်စရာတွေချည်းပါပဲ။

💟" နေ့စဉ်ဘဝထဲက ကျေးဇူးတရားလေးတွေ "

▪️ကျွန်မတို့ နေ့စဉ်ဘဝထဲက သာမန်အရာလေးတွေကို ကြည့်ရအောင်။ မိုးရွာနေတာကို ကြိုက်သူရှိသလို မကြိုက်တဲ့သူလည်း ရှိမယ်။ ဒါပေမယ့် မိုးရွာလို့ အပင်တွေ စိမ်းလန်းနေတာ၊ လေထုသန့်စင်သွားတာတွေကိုရော သတိထားမိကြပါသလား..။ နံနက်စာ စားတဲ့အခါ အရသာကိုပဲ ခံစားမိသလား..။ ဒါမှမဟုတ် ဒီအစားအစာကြောင့် ကိုယ့်ခန္ဓာကိုယ်မှာ စွမ်းအင်တွေ ရနေတယ်ဆိုတာကိုပါ သတိပြုမိပါသလား..။

▪️ကျွန်မတို့ နေ့စဉ်သုံးနေတဲ့ ပစ္စည်းလေးတွေကို ကြည့်ရအောင်။ ကိုယ့်ရဲ့ဖုန်းလေးကို ကိုင်ကြည့်ပါ။ ဒီဖုန်းလေးကြောင့် ကမ္ဘာတစ်ဝှမ်းက လူတွေနဲ့ ဆက်သွယ်နိုင်တယ်။ အချက်အလက်တွေ ရှာဖွေနိုင်တယ်။ ဓာတ်ပုံတွေ ရိုက်နိုင်တယ်။ လုပ်ငန်းတွေ လျင်မြန်လွယ်ကူလာတယ်။ ဒီဖုန်းလေးက ဝင်‌ငွေတွေ ရှာပေးနေတယ်။ ဒါတွေအားလုံးကို ဒီဖုန်းလေးတစ်လုံး လက်ထဲမှာ ကိုင်ထားရုံနဲ့ လုပ်နိုင်တာပါ။ တကယ့်ကို ကျေးဇူးတင်စရာပါပဲ..။

▪️ပြီးတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ကြည့်ပါဦး..။ နှလုံးက တစ်မိနစ်ကို ၆၀ ခါလောက် ခုန်နေတယ်။ အဆုတ်က လေကို ရှူသွင်း ရှူထုတ်လုပ်နေတယ်။ ဦးနှောက်က အချက်အလက်တွေကို စီမံခန့်ခွဲနေတယ်။ ဒါတွေအားလုံးက ကိုယ်ကြိုးစားနေစရာမလိုဘဲ အလိုအလျောက် ဖြစ်နေတာပါ။ ဒါဟာ ကျေးဇူးတင်စရာပဲ မဟုတ်ပါလား..။

💟 " Gratitude ရဲ့အနှစ်သာရ "

▪️တစ်ချို့က ပြောချင်မှာပေါ့။ "ဟာ ငါ့မှာ ပြဿနာတွေ အများကြီးပဲ၊ ငါက ဘာကို ကျေးဇူးတင်နေရမှာလဲ" လို့..။ မှန်ပါတယ်။ ဘဝမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိတာ သဘာဝပါ။ ဒါပေမယ့် အဲဒီအခက်အခဲတွေကြားထဲကပဲ ကောင်းတဲ့အရာလေးတွေကို ရှာဖွေကြည့်ပေးပါ..။

ကျေးဇူးတင်တတ်ခြင်းဆိုတာ ဘဝကြီးတစ်ခုလုံးအပေါ် ထားရှိတဲ့ သဘောထားတစ်ခုပါ။ ကောင်းတဲ့အရာတွေကိုပဲ ကျေးဇူးတင်ရမယ်လို့ မဟုတ်ပါဘူး။ ဆိုးတဲ့အတွေ့အကြုံတွေကိုလည်း ကျေးဇူးတင်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအတွေ့အကြုံတွေကနေ သင်ခန်းစာတွေ ရခဲ့လို့ပါ..။

ကျွန်မအသိတစ်ယောက်က ကင်ဆာရောဂါသည်ပါ။ တစ်နေ့ သူနဲ့စကားပြောဖြစ်တော့ သူက ပြောတယ်၊ "ငါ့မှာ ဒီလိုရောဂါရှိနေတာ မကောင်းဘူးပေါ့။ ဒါပေမယ့် ဒီလိုဖြစ်မှ ငါ့ရဲ့မိသားစုနဲ့ သူငယ်ချင်းတွေက ငါ့ကို ဘယ်လောက်ချစ်ကြလဲဆိုတာ သိလာရတယ်။ သူတို့ရဲ့ ဂရုစိုက်မှုတွေ၊ နှစ်သိမ့်အားပေးမှုတွေကို တွေ့ရတော့ ငါ ပျော်တယ်" တဲ့။ ဒါဟာ စစ်မှန်တဲ့ Gratitude ပါပဲ။

မိတ်ဆွေတစ်ယောက်ကလည်း ပြောတယ်။ သူ စီးပွားရေးကျဆင်းသွားတုန်းက အရမ်းစိတ်ဓာတ်ကျသွားခဲ့တာ၊ ဒါပေမယ့် နောက်ပိုင်းကျတော့ "အဲဒီအဖြစ်အပျက်ကို ကျေးဇူးတင်မိတယ် တဲ့။ ဘာလို့လဲဆိုတော့ ကိုယ်စီးပွားပျက်ချိန်မှာ ဘယ်သူက ကိုယ့်အပေါ် စစ်မှန်သလဲ၊ ကိုယ်ဒုက္ခရောက်နေခိုက် ဘယ်သူက ကိုယ့်အနားမှာ အနီးဆုံး ရှိလဲဆိုတာ သိခွင့်ရခဲ့လို့ပါ" တဲ့ ။

Family Books📚

26 Jan, 11:18


"သင့်ဘေးမှာ ရှိနေကြသူတွေအတိုင်းပဲ သင်လည်း ဖြစ်လာလိမ့်မယ်..."

◾သင်အပါအဝင် သင့်နံဘေးပတ်ဝန်းကျင်မှာ လူ ၆ ဦး ရှိတယ်လို့ ထားပါ။ နီးစပ်မှုကြောင့် သင်တို့မှာ ဆက်ဆံရေးအခြေအနေတစ်ခုရှိကြမယ်။ သင်တို့မှာ တူညီတဲ့စိတ်ဝင်စားမှုလည်း ရှိကြမယ်။ တစ်ယောက်အကြောင်းကိုလည်း တစ်ယောက်က ကောင်းကောင်းသိကြတယ်။ သင်တို့မှာ စိတ်ဝင်စားမှုချင်းတူပေမယ့် ဒီလူတွေက လူတော်လူကောင်းတွေလို့တော့ ပြောလို့မရပါဘူး။ ဒီလူတွေရဲ့ တွေးခေါ်ပုံနဲ့ လောကကြီးကို ရှုမြင်ပုံတွေကို ကြည့်ပါ။ သူတို့အားလုံးဆီက အမူအကျင့် အတွေးအခေါ် နည်းနည်းစီက သင့်ထံကို ကူးစက်နေတာ တွေ့ရပါလိမ့်မယ်။

◾သင်က ဒီလူ ၅ ဦးမှာရှိတဲ့စရိုက်တွေရဲ့ ပျမ်းမျှလူသားလို့တောင် ခေါ်လို့ရပါတယ်။ ဒီလူတွေကို စိစစ်ရွေးချယ်ပြီး ပေါင်းတာမဟုတ်ပဲ နီးစပ်နေလို့ ပေါင်းမိတာဆိုရင် ဒီလူ ၅ ဦးက သင့်အတွက်အကောင်းဆုံး မိတ်ဆွေတွေ မဖြစ်နိုင်ပါဘူး။ သင်နဲ့ထိုက်တန်သ‌လောက် ဆက်ဆံရေးတွေကိုပဲ သူတို့က ပေးပါလိမ့်မယ်။

ဒါဟာ တွေးကိုတွေးရမယ့် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ သင့်ဘေးနားက လူတွေက သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ သင့်ဘဝရဲ့ ကိစ္စတော်တော်များများကို အဆုံးအဖြတ်ပေးသွားနိုင်ပါတယ်။

📌၂၀၁၃ ခုနှစ် စိတ်ပညာသိပ္ပံရဲ့ လေ့လာမှုတစ်ခုမှာ သင်က စည်းကမ်းပိုင်းမှာ အားနည်းပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု လျော့ကျနေတဲ့သူဆိုရင် စိတ်ဓာတ်ခိုင်မာပြီး စည်းစနစ်ကြီးသူတွေနဲ့ ပေါင်းသင်းခြင်းက တိုးတက်ဖို့ လိုအပ်နေတဲ့ သင့်ကိုယ်ရည်ကိုယ်သွေးတွေကို မြှင့်တင်နိုင်တဲ့အခွင့်အရေးပဲလို့ ဖော်ပြထားပါတယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နေတာလို့ ထင်ပေမယ့်လည်း သင့်ရွေးချယ်မှုတွေမှာ သင်ပေါင်းနေတဲ့ သူငယ်ချင်းတွေရဲ့ လွှမ်းမိုးမှုက အင်အားကြီးပါတယ်။

◾နောက်ထပ် (၅)နှစ်မှာ ကိုယ်ဘယ်နေရာ ဘယ်အဆင့်မျိုးကို ရောက်ချင်သလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ ပိုပြီးကျန်းမာကြံ့ခိုင်ချင်တာလား?။ ခရီးတွေထွက်နေချင်တာလား?။ အိမ်လေးတစ်လုံးပိုင်ချင်တာလား?။ ကိုယ်ပိုင်စီးပွားရေးတစ်ခု စချင်တာလား?။ သင်ဘာပဲအောင်မြင်ချင်ပါစေ သင့်ဘေးနားမှာ ရှိနေသူတွေက သင့်ရည်မှန်းချက်ကို ရောက်အောင်သွားနိုင်ဖို့ ကူညီပို့ဆောင်ပေးမယ့်သူတွေ ဖြစ်ပါတယ်။ သင့်ပန်းတိုင်ကိုသွားတဲ့လမ်းမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ကူညီပေးမယ့်သူတွေလည်း ဖြစ်ပါတယ်။

📌 လူမှုဆက်ဆံရေးအသစ်တစ်ခုကို စတင်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ပါ။ ဒီလူက ငါ့ကို အကောင်းဆုံးအနေအထားရောက်တဲ့အထိ ကူညီဖေးမမယ့်သူလား၊ ဒါမှမဟုတ်ရင် င့ါကို ဆွဲချမယ့်သူလား?။

◾ကိုယ့်ဘေးမှာရှိစေချင်တဲ့သူကို သေသေချာချာစိစစ်ပါ။ ကိုယ့်ပန်းတိုင်ကိုသွားဖို့ ကူညီပေးချင်စိတ်ရှိတဲ့ ကမ်းလက်ကို ရွေးချယ်ပါ။ ကိုယ်တိုင်ကလည်း သူတို့အတွက် ကမ်းလက်တစ်စုံဖြစ်နေပါစေ။ ကိုယ့်အပေါင်းအသင်းမိတ်ဆွေမဟုတ်ရင် စကားမပြောရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အတူစကားပြောဖော်၊ မကြာခဏ သောက်ဖော်သောက်ဖက်အနေနဲ့ သိကျွမ်းခင်မင်ရတဲ့သူတွေရှိတာ ကောင်းပါတယ်။ ဒီလိုနေတာလည်း မမှားပါဘူး။

📌 ကိုယ်နဲ့ရင်ဘတ်ချင်းနီးတဲ့မိတ်ဆွေက ဘယ်သူလဲဆိုတာကို သေသေချာချာစဥ်းစားသင့်ပါတယ်။ ကိုယ့်ဘဝရဲ့အတွင်းစည်းထဲကို ခြေချခွင့်ရသွားတဲ့ ဘယ်သူတွေအတွက် ကိုယ့်ရဲ့ကာယ၊ ဉာဏခွန်အားတွေကို ပေးဆပ်မလဲဆိုတာ ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။

#ရွှေဉာဏ်
#လူချစ်လူခင်များသောဘဝကိုတည်ဆောက်နည်း

Family Books📚

26 Jan, 10:57


ကိုယ့်ဘဝကိုယ် ခက်ခဲလှပြီလို့ထင်နေရင် ဒီစာအုပ်ကို ဖတ်ကြည့်သင့်ပါတယ်....

လူမနေတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ အသက်ရှင်ဖို့ ရုန်းကန်ရတာလောက် ကျွန်တော်တို့ဘဝတွေ ခက်ခဲပါ့မလား?

"ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်" တဲ့.....။

ဆရာမြသန်းတင့် ရဲ့ ဒီဝတ္ထုဟာ နာမည်ကြားလိုက်ရုံနဲ့တင်
ညွတ်ပျောင်းနေတဲ့ ကိုယ်ကိုမတ်လို့၊ လောကဓံကို ရင်ဆိုင်ဖို့ အသင့်အနေအထား ဖြစ်သွားတဲ့အထိ ခွန်အားပေးစွမ်းနိုင်ပါတယ်။

မပေးစွမ်းနိုင်စရာ အကြောင်းမရှိ။ "ဓားတောင်ကိုကျော်၍ မီးပင်လယ် ကို ဖြတ်မည်" ဆိုတဲ့ စကား ဟာ မီးလောင်ပြင် ကနေ ရေနံမြေ တစ်ခုလုံးကို ကယ်တင်ပေးခဲ့တဲ့ တရုတ်အလုပ်သမား လူငယ်တစ်ဦးရဲ့ စကားဖြစ်ပါတယ်။ ခြေတွေ လက်တွေ ဖြတ်ပစ်လိုက်ရပြီး၊ မျက်စိပါ ကွယ်သွားသည်အထိ ကိုယ်ကျိုးစွန့်ခဲ့တဲ့ အဲဒီလူငယ်လေးရဲ့ မှတ်တမ်းမှာတော့ - "သေရွာ သွားတာကိုတောင် အိမ်ပြန်သလို သဘောထားရမယ်၊ ဓားတွေ တောင်လောက်မြင့်ပြီး မီးတွေ ပင်လယ်လောက် ကျယ်သည့်တိုင် ငါကျော်ဖြတ်မယ်..." ဟူ၏။

နာမည်ကျော်ပြီးသား ဝတ္ထုတစ်ပုဒ်မို့ ဇာတ်လမ်းအကျဉ်းလေးပဲ ပြောပြချင်ပါတယ်။ ဆေးစွဲပြီး အိမ်ကထွက်ပြေးလာတဲ့ တူတော်မောင်ကို ခရီးထွက် လာရတဲ့ ခေတ်ပညာတတ် ကိုနန္ဒာ တစ်ယောက် သူ့တူဖြစ်တဲ့ တင်ထွန်းအောင်နဲ့ ရဲမြင့်တို့ကို ပြန်ခေါ် လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ သူတို့ စီးလာတဲ့ စက်လှေက ကျောက်ဆောင်နဲ့ တိုက်မိပြီး မိုးသက်လေကြမ်းနဲ့အတူ တနင်္သာရီ ပင်လယ်ပြင် တစ်နေရာမှာ နစ်မြှပ်ပါတော့တယ်။ ဒီလို စက်လှေနစ်တဲ့အခါ တင်ထွန်းအောင်ကို လက်လွှတ်လိုက်ရပြီး ကိုနန္ဒ၊ ရဲမြင့်နဲ့ စက်လှေ ကုန်ထမ်းသမား သံချောင်းသာ ကျွန်းတစ်ကျွန်းပေါ်မှာ သောင်တင် နေခဲ့ကြပါတယ်။ ဒီအခြေအနေမှာတော့ သံချောင်းရဲ့ ဘဝပညာတွေကသာ ကိုနန္ဒ နဲ့ ရဲမြင့်ကို အသက်ရှင်သန် စေခဲ့ပါတယ်။ အလုပ်သမား လူတန်းစားတစ်ရပ်ရဲ့ လူသားပီသတဲ့ စာနာတတ်မှု နဲ့ အရေးပါပုံတွေကို တွေ့မြင်ရမှာပါ။ သံချောင်း ဟာ သူတို့သုံးယောက် စားသောက်ဖို့ အုန်းသီးတက်ခူး၊ ငါးထိုး၊ ဂဏန်းရှာ၊ လိပ်ဥ တူး စသဖြင့် ကြံစည် စွမ်းဆောင်နိုင်ပြီး ရဲမြင့်ဆီကနေ ဓားတစ်ချောင်း ရလာတဲ့ အခါမှာတော့ သီးပင် စားပင် တွေ စိုက်တာ အပြင်၊ သစ်ဖောင် လုပ်ပြီး ပင်လယ်ကိုကူးဖို့ပါ ရဲရဲဝံ့ဝံ့ ကြံစည်ခဲ့ပါတော့တယ်။ ဒီအချိန်မှာ စက်လှေပိုင်ရှင် ဦးဘရန်ရဲ့ အလုပ်သမား လူတန်းစား အပေါ် အနိုင်ကျင့်လိုတဲ့ အရင်းရှင် စိတ်ဓာတ်ကိုပါ ပေါ်ပေါ်လွင်လွင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ဆိုးသူတို့ရဲ့ အဆုံးသတ်ကလည်း မလှပခဲ့ပါဘူး....။ ဒီလိုနဲ့ ကျွန်းပေါ်မှာ နေရင်း သံချောင်းရဲ့ဦးဆောင်မှု နဲ့ သုံးယောက်သား ငါးမန်းဖမ်းကြတဲ့ အခါမှာတော့......

ဝတ္ထုကပေးတဲ့ ခံစားမှု အနိမ့် အမြင့် အတက်အကျ တွေဟာ စာဖတ်သူကို ဇာတ်တစ်လျှောက်ခေါ်ယူသွားပြီး ဇာတ်သိမ်းခန်း အရောက်မှာ ကျွန်တော် အသိတစ်ခုရလိုက်တယ်...။ အရာရာသာ အဆင်ပြေလွယ်ကူနေမယ်ဆိုရင် ဘဝဟာ ဘဝ ပီသတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရင်ဆိုင်ရမယ်၊ ကျွန်တော်တို့ တိုက်ခိုက်ကြရမယ်၊ ကျွန်တော်တို့ အောင်နိုင်ရမယ် ၊ ဒီဒုက္ခတွေကို ဖြတ်ကျော်ပြီးတဲ့အခါ ပြန်လည် ဟားတိုက် ရယ်မောကြရမယ်။ "လွမ်းစရာ ရှိလည်း နာစရာနဲ့ပဲ ဖြေကြရပါမယ်"......။

✏✏✏PhoneKhitTshin
စာအုပ်တန်ဖိုး - ၁၅၀၀၀ကျပ်။

#ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်
#မြသန်းတင့်

Family Books📚

25 Jan, 10:02


ဗုဒ္ဓအကြောင်းရေးထားတဲ့စာအုပ်တွေထဲမှာကိုယ်အကြိုက်ဆုံးစာအုပ်ဗျ။

ဗီယက်နန်ဘုန်းတော်ကြီးသက်နက်ဟန် ရေးတဲ့စာအုပ်ကို ဆရာတိုးလှ ဘာသာပြန်ထားတဲ့စာအုပ်ပါ။ တိမ်ဖြူပန်းနှင့်မဂ်လမ်းနှင့် သုံးအုပ်တွဲပါ။ ကြိုက်လွန်းကြည်ညိုလွန်းလို့နှစ်ကြိမ်ရှိပြီဖတ်ဖြစ်တာ နောက်လဲဖတ်နေအုံးမှာ။

ထူးခြားတာက မြန်မာဗုဒ္ဓရာဇဝင်တေနဲ့အချို့ဟာတေမတူဘူးကွဲထွက်နေတယ်၊
ခုစာအုပ်က နတ်ပြည်အကြောင်းတေငရဲအကြောင်းတေနဂါးတေ တန်ခိုးပြတာတေမပါဘူးဗျ။

ပညာဥဏ်နဲ့ပဲ ပြောဆိုဆုံးမတဲ့လေးနက်တဲ့စကားတေပဲသုံးပြီး တရားပြဆုံးမခဲ့တာတေကြီးပဲ၊ ကိုယ်ကိုးကွယ်တဲ့ဗုဒ္ဓဟာဒီလိုပါလားဆိုပြီး သိပ်ကိုကြည်ညိုမိတာပါပဲ🙏🙏🙏

▪Kyaw Htay Aung
▪စာအုပ်တန်ဖိုး - ၂၀၀၀၀ကျပ်

#တိုးလှ
#တိမ်ဖြူပန်းနှင့်မဂ်လမ်းနှင့်

Family Books📚

25 Jan, 06:09


ဆရာ မြသန်းတင့် မြန်မာပြန်ဆိုသော
ရာဘင်ဒြာနတ်တဂိုး၏ ကဗျာစာအုပ်များ💥

Family Books📚

25 Jan, 03:01


လူတွင် ထူးခြားသော အင်္ဂါ၂ရပ်
ကျင့်ဝတ် နှင့်ပညာ ဟူ၍ရှိကြ၏။

အကြင်သူသည်
မွေးဗီဇကပါလာသော အသိဉာဏ်ပညာကို
မည်မျှအထိ ရင့်ကျက်တိုးပွားလာအောင်
စွမ်းဆောင်နိုင်သနည်း။

စွမ်းဆောင်နိုင်သည်နှင့်အမျှ
ထိုသူ့ကို ပညာရှိဟု ဘွဲ့တတ်ကြရ၏။

သို့ရာတွင်
ထိုပညာရှိသည် ပညာရှိရုံနှင့်မပြီး။
ကျင့်ဝတ်နှင့်လည်းပြည့်စုံရပေဦးမည်။
ကျင့်ဝတ်နှင့်မပြည့်စုံပါက
ပညာရှိသူတော်ကောင်းမဖြစ်နိုင်တော့ပေ။

▪​​ရွှေဟင်္သာတောရစံကျောင်းဆရာတော်

▪စာအုပ်တန်ဖိုး - ၂၉၀၀၀ကျပ်(၅အုပ်တစ်စုံ)

#စံကျောင်းဆရာတော်

Family Books📚

24 Jan, 11:46


❝ သံမဏိစိတ်ဓာတ် (သို့မဟုတ်)
စနစ်တကျ ခေါင်းမာခြင်း ❞

ကမ္ဘာကျော် စာရေးဆရာ ချားလ်ဘူကိုစကီ
မသေခင်တုန်းက ပြောဖူးတာလေး ရှိတယ်။

“ မာတဲ့သူလဲ ပြိုလဲတတ်ကြတာပဲ၊
မတူတာတစ်ခုက ငါတို့က အသံသိပ်မထွက်ဘူး ” တဲ့။

◾
လူထဲကလူတွေပဲ မလို့
တချို့အချိန်တွေမှာ ငိုချင်ငိုရမယ်၊
တချို့အချိန်တွေမှာ အထီးကျန်ချင်ကျန်မယ်၊
စိတ်အဆင်မပြေလို့ အဆုံးအစွန်ထိ လွှတ်ချပြီး
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ထိ တွေးချင်တွေးမယ်၊
အားကိုးရာ ရှာမရလို့ တစ်​ယောက်တည်း
အခန်းထောင့်ထဲကိုဝင် တိတ်တိတ်လေးကြေကွဲဖူးမယ်။

ဒါပေမဲ့ လူလူချင်း ခံစားချက်၊ ခံစားမှုတွေ တူနေပါရဲ့နဲ့
တချို့က သူတို့ဘဝကို အဆုံးအစွန်ထိ လွှတ်ပေးလိုက်ပြီး
တချို့ကျ ကိုယ့်ဘဝကိုယ် ပြန်အဖတ်ဆယ်ကြတယ်။

ယိုင်နဲမသွားအောင်၊ တုန်လှုပ်မနေအောင်၊ မဖြုံအောင်
အဆိုးနဲ့တွေ့လဲ ခေါင်းအေးအေးထားပြီး ဖြေရှင်းကြတယ်။

ဒါ ဘာဖြစ်လို့လဲလို့ ယှဉ်ကြည့်လိုက်ရင်
သူတို့ နှစ်ယောက်ကြားမှာ ခြားထားတာ တစ်ခုပဲရှိတယ်။
အဲဒါ “ သံမဏိစိတ်ဓာတ် ” ဆိုတဲ့ မကျိုးမပဲ့ခြင်းပဲ။

◾
ပြိုလဲချင်လား ပြိုလဲလိုက်မယ်၊
ငိုချင်လား ငိုချလိုက်မယ်၊
ဝမ်းနည်းချင်လား ဝမ်းနည်းလိုက်မယ်၊
အသည်းကွဲနေလား ကွဲပစ်လိုက်မယ်
ဒါပေမဲ့ ဘယ်တော့မှ ရိုက်ချလို့မရဘူး။

သံမဏိစိတ်ဓာတ် မရှိတဲ့အခါ
▪ တစ်ခုခုဆို ပြိုလဲနေတာ၊ ယိုင်နဲနေတာ
▪ အားနာတာ၊ ခေါင်းငုံ့ခံနေတာ၊ ဖိနှိပ်ခံနေတာ
▪ သိမ်ငယ်တာ၊ အထီးကျန်တာ၊ ကြေကွဲနေတာ
▪ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားတာ
ဒီလို အဆိုးမြင်အတွေးနဲ့ ဘဝတစ်လျှောက်လုံးကို
ခါးခါးသီးသီး ဖြတ်သန်းကြတော့တာပဲ။

◾
ဆိုတော့ ဒီ “ သံမဏိစိတ်ဓာတ် ” က
အဲဒီအဆိုးအမြင် အတွေးအခေါ်တွေကို
အကောင်းဘက် စီးမျောသွားအောင်၊
ရင့်ကျက်လာအောင် အဖော်ပြုပေးမဲ့စာအုပ်မျိုးပါ။

အထူးသဖြင့် -
▪ Suicide လုပ်ဖို့ ခဏခဏ တွေးနေသူတွေ
▪ ထစ်ခနဲရှိ အားနာတတ်သူတွေ
▪ အားကိုးရာမဲ့ အထီးကျန်နေသူတွေ
▪ စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်သေးတဲ့သူတွေ
▪ ထိလွယ်ရှလွယ် ခံစားလွယ်သူတွေ
▪ တစ်ခုခုဆို ဖြေမဆည်နိုင်တဲ့သူတွေ
▪ မျက်ရည်လွယ်တဲ့သူတွေအတွက်
အထူးသင့်လျော်မယ်လို့ ယုံကြည်ပါတယ်။

▪စာအုပ်တန်ဖိုး - ၈၀၀၀ကျပ်
▪စာရိပ်မြိုင်စာပေ

#ဘုန်းမောင်ဦး
#သံမဏိစိတ်ဓာတ်

Family Books📚

24 Jan, 09:36


#ရဟန်းတော်တိုင်းဟောရေးပြောရေးနဲ့
မကင်းနိုင်ပါ

ပိဋကတ်တော်လာ တရားတော်များကို ပြန်လည်ဟောကြားရခြင်းပင်ဖြစ်သော်လည်း ဆရာမပြ နည်းမကျဆိုသလို ဟောတတ်ပြောတတ်ဖို့လိုပါတယ်။

ဒီတော့ တရားဟောတဲ့အခါ ဆောင်ဖို့၊ ရှောင်ဖို့၊ မှတ်ဖို့၊ သိဖို့ ထိုထိုကျမ်းစာ ထိုထိုဆရာတော်ဘုရားကြီးများ၏ အဆုံးအမများကို စု တု ပြုထားသည့် #ဓမ္မကထိကအတတ်ပညာ
Family Books မှာ ပြန်ရပါပြီဘုရား။

စာအုပ်တန်ဖိုးက (၆၀၀၀)ကျပ်တည်းပါဘုရား။

Family Books📚

23 Jan, 10:09


ကမ္ဘာတဝန်းတွင် ထင်ရှားသော
ဇင်ဗုဒ္ဓဘာသာအကြောင်း🔥

ဇင်ဗုဒ္ဓဘာသာ၏ အယူအဆ၊ အနှစ်သာရနှင့် ကျင့်စဥ်များ၊ သမိုင်းကြောင်းများ၊ ဇင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၏စာအုပ်များ ဘာသာပြန်ဆိုထားသည့်စာအုပ်များကို လေ့လာဖတ်ရှုနိုင်ရန် စုဆည်းဖော်ပြပေးလိုက်ပါတယ်။

#ဇင်ဗုဒ္ဓဘာသာ

Family Books📚

19 Jan, 09:38


ပိုင်ရှင်ရှိရင် ရှောင်ပါ✨✨✨✨

“ပေါင်းဖက်လို့ မဖြစ်နိုင်တဲ့ ဘဝနှစ်ခုကို ပေါင်းဖက်ဖို့ အတင်းကြိုးစားတာကလည်း အပြစ်ပါပဲ”

- ပါချုပ်ဆရာတော် ဘုရားကြီး -

ငယ်ငယ်တုန်းက အဘွားပြောဖူးတာလေး တစ်ခုရှိတယ်။ “သူများ ပိုင်ဆိုင်တဲ့အရာတွေကို မမက်မောရဘူး။ ခိုးမယူရ ဘူး။ တစ်ချိန်ကျရင် ကိုယ့်အပိုင်ကို သူများက လုယူသွားတတ်တယ်။ ဝဋ်လည်တတ်တယ်” တဲ့။

ကျွန်တော်တို့ဘဝမှာ ကျွန်တော်တို့ မြတ်နိုးတဲ့အရာတွေ ပျောက် ဆုံးသွားတာ၊ လုယူခံရတာတွေ ရှိခဲ့ဖူးကြမှာပါ။ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာလေးတစ်ခု ကိုယ့်ရဲ့အနီးဆုံးကနေ အလိုလို ပျောက်ဆုံးသွားတဲ့ အခါ ဘယ်လောက်အထိ ထိခိုက်နာကျင်ရသလဲဆိုတာ ခံစားဖူးတဲ့သူ တိုင်း သိကြပါတယ်။

အဲဒီလို ပျောက်ဆုံးသွားရတယ်ဆိုတာ ဗုဒ္ဓဘာသာရဲ့ အ အယူ အဆအရ အတိတ်ဘဝက သူများ ပိုင်ဆိုင်တဲ့အရာကို ကျွန်တော်တို့ တွေ လုယူခဲ့လို့ ကျွန်တော်တို့ ပိုင်ဆိုင်တဲ့အရာတွေကို အခုဘဝမှာ
ပြန်ပြီး လုယူခံရတာပါ။ တကယ်လို့ ကျွန်တော်တို့အနေနဲ့ နောင်ဘဝ တွေမှာ ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့အရာတွေ လုယူမခံရဖို့၊ မဆုံးရှုံး ရဖို့ဆိုရင် ဒီဘဝမှာ သူများအပိုင်ကို မလုယူမိဖို့ လိုအပ်ပါတယ်။

တကယ်တော့ အချစ်ဆိုတာ ပိုင်ဆိုင်ခွင့်ရမှ မဟုတ်ပါဘူး။ ငေးကြည့်ရုံနဲ့တင်၊ ချစ်ခွင့်ရနေရုံနဲ့တင် ကျေနပ်နေခြင်းဟာလည်း အချစ် ပါပဲ။ ကျွန်တော်တို့က ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ချင်စိတ်နဲ့ ပိုင်ရှင်ရှိ မှန်း သိသိလျက်နဲ့ လုယူမိမယ်ဆိုရင် ကျွန်တော်တို့ရဲ့အချစ်ဟာ မတရား တဲ့အချစ်၊ မမျှတတဲ့အချစ်၊ တန်ဖိုးမဲ့တဲ့အချစ်၊ သိက္ခာမရှိတဲ့အချစ်ပဲ ဖြစ်သွားပါလိမ့်မယ်။ နောက်ပြီး ကျွန်တော်တို့တွေက မိဘ၊ ဘိုးဘွား တွေရဲ့ ဆိုဆုံးမမှုအောက်မှာနေတဲ့ လူငယ်လေးတွေမို့ သူများအပိုင်ကို လုမယူရဘူးဆိုတဲ့ စည်းဘောင်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။

ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ၊ အဖိုးတန်တဲ့သူလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတယ်ဆိုရင် သူများအပိုင်ကို လုမယူမိပါစေနဲ့။ ကိုယ်ဟာ မိဘ၊ ဘိုးဘွားတွေရဲ့ ဆိုဆုံးမမှုအောက်မှာ နေတဲ့သူဆိုရင် သူများအပိုင် ကို ကိုယ့်အပိုင်ဖြစ်ဖို့ လုပ်မယူပါနဲ့။ မေတ္တာတွေသာ စစ်မှန်ခဲ့မယ်ဆို ရင် ကိုယ်ချစ်တဲ့သူနဲ့ ဒီဘဝမှာ မပေါင်းဖက်ရပေမဲ့ နောင်ဘဝတော့ ပေါင်းဖက်ရမှာပါ။

မပိုင်ဆိုင်ရတဲ့အရာတွေအပေါ် မေတ္တာမပျက်ပါနဲ့။မေတ္တာ ဆိုတာ ပေးတဲ့သူရော ယူတဲ့သူပါ အေးချမ်းစေတာမို့ ကိုယ်မြတ်နိုးရ တဲ့သူကို အေးချမ်းစေချင်ပါတယ်ဆိုရင် မေတ္တာမပျက်ဘဲ အဝေးကနေ ဆက်ချစ်ပါ။ လိုအပ်တာရှိရင် ကူညီပေးလိုက်ပါ။ အခက်အခဲတွေ့တဲ့ အခါ ကာကွယ်ပေးလိုက်ပါ။ ဒီဘဝမှာ ကိုယ့်မေတ္တာတွေ မှန်ခဲ့တယ် ဆိုရင် နောင်ဘဝမှာတော့ အဲဒီအကျိုးဆက်တွေ ပြန်လည် ခံစားရမှာပေါ့။

#လူငယ်တစ်ယောက်စိတ်ဓာတ်ကျနေသည်
#မျက်ရည်လွယ်သောသူများဖတ်ဖို့
#သော်တာမင်း

Family Books📚

19 Jan, 09:36


အရင်က ကိုယ့်ဖဲချပ်က ဘာပဲဖြစ်ခဲ့ပါစေ။
လက်ရှိအချိန်မှာ ကိုယ့်ဘဝကိုယ်
အကောင်းမွန်ဆုံးဖြစ်အောင် တည်ဆောက်ပါ။

ဒါဆို နောင်တစ်ချိန်မှာ ဘယ်သူကပဲဖြစ်ဖြစ်၊
ဘယ်နေရာမှာပဲဖြစ်ဖြစ်
အောက်ဖဲလှန်တိုင်း
ကိုယ်ဖဲချပ်က ဂျိုကာပဲ ဖြစ်နေလိမ့်မယ်။

ကိုယ်က အမြဲတမ်း
ဂျိုကာအဖြစ်နဲ့ လက်မထောင်ပြီး
နေထိုင်နိုင်ဖို့ပဲ လိုအပ်တာပါ ။

▪စာအုပ်တန်ဖိုး - ၇၀၀၀ကျပ်

#အက်ရှာ
#လောကဓံကိုဂရုမစိုက်တဲ့မိန်းမ

Family Books📚

19 Jan, 06:41


မရှိခြင်းဖြင့်ချမ်းသာခြင်း
------------------------------

"ငါ"၊ "င့ါပစ္စည်း"၊ "င့ါဟာ" ဆိုသည်များမှာ စွဲလမ်းမှု၏ အရင်းခံများသာဖြစ်သည်။ ထို"ငါ"များကြောင့်ပင် မလုပ်သင့်တာတွေကို လုပ်မိသည်။ မမှားသင့်တာတွေကို မှားကြသည်။

လူတိုင်း "ငါ" ဆိုသည့် အတ္တ၏ ကျေးကျွန်များဘ၀ကို တစ်နည်းမဟုတ်တစ်နည်းဖြင့် ရောက်ကုန်ကြသည်။

င့ါဥစ္စာ၊ ငါ့ရွှေ၊ ငါ့ငွေ၊ ငါ့အာဏာ၊ င့ါအမည်၊ ငါ့မယား၊ ငါ့သားဆိုသည့် အစွဲတွေ မပြုတ်သေးသမျှ ငြိမ်းချမ်းသောဘ၀တွေနှင့် ဝေးကွာနေကြဦးမည်သာဖြစ်သည်။
"ငါ" ဆိုသည့် အရာနောက်ကွယ်တွင် ပိုင်ဆိုင်လိုခြင်း၊ ရယူလိုခြင်း၊ သိမ်းပိုက်လိုခြင်းတွေက ပါဝင်လာသည်။

လူ့ဘ၀ဆိုသည်မှာ ရယူလိုခြင်းလား၊ ပေးဆပ်လိုခြင်းလားဆိုသည့် စဉ်းစားတွေးခေါ်နိုင်စွမ်းတွေမှာ ငါစွဲကြီးလာလျှင် ပျောက်ကွယ်လာသည်။

▪တန်ဖိုး - ၁၅၀၀၀ကျပ်

#တင်ညွန့်
#မရှိခြင်းဖြင့်ချမ်းသာခြင်း

Family Books📚

18 Jan, 11:05


ပျော်ရွှင်တဲ့ဦးနှောက် အောင်မြင်တဲ့ဘဝ
-----------------------------------------
💥အသံတွေ၊အာရုံခံစားမှုတွေ၊ အတွေးတွေ ၊ဒါမှမဟုတ်
သင့်ရဲ့လိုချင်တောင့်တမှုတွေဆိုတဲ့ သင်သိထားတဲ့အရာမှန်သမျှဟာ ငုပ်လျှိုးနေတဲ့ အာရုံကြောဆိုင်ရာ လုပ်ဆောင်မှုတွေအပေါ်မှာ အချိန်နဲ့အမျှ အခြေခံနေပါတယ်။ စိတ်ဖိစီးမှုကိုကာကွယ်ဖို့၊ သင့်ရဲ့စိတ်ဓာတ်ကိုမြှင့်တင်ဖို့နဲ့ပိုမိုကြီးမားတဲ့စိတ်ခံစားမှုတွေကို ခံနိုင်ရည်ရှိမှုကို
ရှာဖွေတွေ့ရှိဖို့အတွက် သင်နေ့တိုင်းလုပ်လို့ရတဲ့
လွယ်ကူတဲ့ဦးနှောက်လေ့ကျင့်မှု ကျင့်စဥ်တွေကို
ဒီစာအုပ်ကပေးထားပါတယ်။

💥အဲဒီလေ့ကျင့်မှုတွေဟာ ဦးနှောက်နဲ့အာရုံကြောရဲ့အတွေ့အကြုံပေါ် မူတည်ပြီး အလိုက်သင့်ပြောင်းလဲနိုင်စွမ်း(Neuroplasticity)လို့ခေါ်တဲ့အရာနဲ့ သင့်ဦးနှောက်ကို တဖြည်းဖြည်း ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်။
အချိန်မရွေး နေရာမရွေး သင်အသုံးပြုလို့ရတဲ့ နေ့စဥ်လေ့ကျင့်မှုပေါင်း ငါးဆယ်ကျော်ပါတဲ့ ဒီစာအုပ်ဟာ
သတိပဋ္ဌာန်တရားကျင့်မှုနဲ့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာသိပ္ပံပညာ(Neuroscience)ကို ဆန်းသစ်တဲ့နည်းလမ်းတွေနဲ့ ပေါင်းစပ်ပေးထားပြီး သာယာချမ်းမြေ့မှုနဲ့ အကြွင်းမဲ့ပျော်ရွှင်မှုဆိုတဲ့ သင့်ရဲ့ခံစားမှုကို ပိုပြီးနက်ရှိုင်းသွားအောင် သင့်ကိုကူညီပေးနိုင်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

▪စာအုပ်တန်ဖိုး - ၁၃၅၀၀ကျပ်

#ဇော်ဝင်းကြူ(ပျဥ်းမနား)
#ပျော်ရွှင်တဲ့ဦးနှောက်အောင်မြင်တဲ့ဘဝ

Family Books📚

18 Jan, 10:57


#သင်အသက်ရှင်ဖို့_အချိန်နည်းနည်းလေးပဲ_ကျန်တော့ရင်

လူ့ဘဝဆိုတာ ရခဲမှန်း လူတိုင်းနီးပါး သိကြပါတယ်။ ဒါပေမဲ့ လူအတော်များများကတော့ ဘဝကို ပေါ့ပေါ့တန်တန် သဘောထားကြတယ်။ ပေါ့ပေါ့တန်တန် သဘောထားတယ်ဆိုတာ ဒါမျိုးတွေပါ။

၁။ တချို့က ဘဝဆိုတာ အမြဲတမ်း တည်မြဲနေတယ်။ မိမိမသေနိုင်ဘူးလို့ ထင်ကြတယ်။

၂။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပျော်ပါးသောက်စားနေတတ်ကြတယ်။

၃။ မိမိရဲ့ နေ့စဉ်ဘဝက သာမန်ဖြစ်စဉ်လေးများကို ကျေးဇူးတင်ဖို့ မေ့နေတတ်တယ်။

၄။ ရရှိထားသည့် အခွင့်အလမ်းများကို အကောင်းဆုံး အသုံးချဖို့ သတိမမူကြဘူး။

၅။ လက်ရှိ ဖြစ်ပျက်နေသည့် အခြေအနေများကို တန်ဖိုးထားပြီး ပိုမိုကောင်းမွန်အောင် ကြိုးစားဖို့ ပျက်ကွက်နေကြတယ်။

သင်ဟာ အဲဒီလို လူမျိုးထဲက တစ်ယောက်ဆိုရင် "ခွန်းခြွေစကား" စာအုပ်ကို ဖတ်သင့်ပါတယ်။

စာအုပ်မှာ စာရေးသူ 'ရင်ဒီပေါက်ရရှ်' အကြောင်း ရေးပြထားတယ်။ အသက် ၄၀ ကျော်အရွယ်မှာ သူဟာ အမေရိကန်နိုင်ငံက နာမည်ကြီးတက္ကသိုလ်တစ်ခုက ကွန်ပျူတာသိပ္ပံဘာသာသင်ပြတဲ့ ပါမောက္ခတစ်ယောက် ဖြစ်နေတယ်။ လစာဝင်ငွေကောင်းကောင်းရပြီး အိမ်ကောင်းကောင်းမှာ နေတယ်။ ဇနီးနဲ့ လူမမယ် ကလေးသုံးယောက်ရှိတယ်။ ဘဝမှာ အပူအပင်ကင်းပြီး ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်လျက်ရှိတယ်။

တစ်ရက်မှာ သူဟာ တုန်လှုပ်ချောက်ချားစရာသတင်းကြားလိုက်ရတယ်။ သူ့မှာ ပန်ကရိယကင်ဆာရောဂါဖြစ်နေတယ်။ လအနည်းငယ်ပဲ အသက်ရှင်နေရတော့မယ်တဲ့။

လူအတော်များများဟာ ခုလိုအဖြစ်မျိုးနဲ့ ကြုံတွေ့ရင် ဘာဖြစ်သွားကြသလဲ။ စိတ်ဓာတ်ကျပြီး မအိပ်နိုင်မစားနိုင် ဖြစ်သွားကြတယ်။ သေမယ့်နေ့ကို တစ်ရက်ပြီးတစ်ရက် ရေတွက်ရင်း စောင့်နေလိမ့်မယ်။ ကင်ဆာရောဂါပျောက်က်လို ပျောက်ငြား ရတဲ့နည်းနဲ့ ဆေးကုကြမယ်။

ရင်ဒီပေါက်ရှ်ဟာ အဲဒီလိုလူမျိုးမဟုတ်ပါဘူး။ လူအများလုပ်သလို မလုပ်ဘူး။ အသက်ရှင်ဖို့ ကျန်ရှိတဲ့ အချိန်လေးအတွင်းမှာ လူအများအတွက် သင်ခန်းစာယူစရာတွေနဲ့ သူ့ကလေးတွေ ကြီးပြင်းလာရင် မှတ်သားစရာတွေကို နောက်ဆုံးပို့ချချက် (the last lecture) ဟောပြောဖို့ စီစဉ်တယ်။ အဲဒါတွေဟာ ဘဝအတွက် သင်ခန်းစာတွေ ဖြစ်ကြပါတယ်။

▪စာအုပ်တန်ဖိုး - ၉၀၀၀ကျပ်

#ဗန်းမော်သိန်းဖေ
#ခွန်းခြွေစကား

Family Books📚

18 Jan, 06:46


ပါမောက္ခချုပ်ဆရာတော်ရေးသော
သာသနာပြု သူတော်စင်ကြီးများအကြောင်း
-------------------------------------------------

ဒီစာအုပ်တွေကတော့ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ကိုယ်တိုင်ရေးပြီး သာသနာသမိုင်းမှာ ထင်ရှားတဲ့ စံကင်းဆရာတော်၊ ရွှေဟင်္သာဆရာတော်၊ သမိဒ္ဓေါဒယ သီလရှင်ဆရာကြီး ဒေါ်မာလာရီတို့ရဲ့ အတ္ထုပ္ပတ္တိဖြစ်ပါတယ်။

ပါမောက္ခချုပ်ဆရာတော်ကြီး၏ စာပေလက်ရာကို တွေ့မြင်ခံစားရမှာဖြစ်သလို သာသနာပြု သူတော်စင်တို့ရဲ့ ဘဝဇာတ်လမ်းနဲ့ ကျင့်စဥ်မှတ်တမ်းကိုလည်း လေ့လာကြည်ညိုရမှာဖြစ်ပါတယ်။

ဒါ့အပြင် စာအုပ်တန်ဖိုးက ယခုအချိန်အခါနှင့် မလိုက်ဖက်လောက်အောင် အလွန်တန်တဲ့စာအုပ်တွေလည်းဖြစ်ပါတယ်။

Family Books📚

17 Jan, 11:24


"အေး..မင်းလိမ္မာသလောက် မင်းအမေ မိုက်လုံးကြီးနေတော့တာပဲ၊အဲဒါ ဘာဖြစ်လို့လဲ သိသလား?
မင်းအမေဟာ စာမတတ်ဘူးကွ၊
ဒါကြောင့် ဒီလောက်ဆိုးနေတာ "

"မေမေဟာ စာမတတ်လို့ဆိုးတာ မိုက်တာဆိုတော့ ဒေါသကြီးတာလည်း စာမတတ်လို့ပေါ့နော် "

"အေးပေါ့ကွ "

"ဒါဖြင့် မေမေက ကျွန်တော့ကို မချစ်တာကော စာမတတ်လို့ပဲလားဟင် "
-------
သာဓု ၊ အတာ

ရင်ထဲ နင့်နေအောင် ခံစားရပါတယ် ။
ကလေးလေး တစ်ယောက်ဟာ ဒီလောက်တောင် သဘောထားကောင်းပြီး သည်းခံနိုင်အောင် ဘယ်လိုများတွေးနေသလဲပေါ့ ။
" အတာ " ဆိုတဲ့ ကလေးလေးအပေါ် သူ့အမေအရင်းဟာ နှိ္ပ်စက်ခဲ့တယ်။

ပထမ အိမ်ထောင်မှာ သူတို့မိသားစု စားဝတ်နေရေးကြပ်တည်းတဲ့အပြင် မောင်နှမနှစ်ယောက်မှာ အကြီး ဖြစ်တဲ့ အတာ ဟာ ချူခြာလို့ သူ့ကြောင့်ပဲ
ပိုက်ဆံအများကြီး ကုန်နေရပါတယ်။

အဲဒီတော အတာပထမဆုံး အသိထဲ ဝင်လာတဲ့ သူ့အမေရဲ့စကားသံဟာ

"​ေ-သနာလေး ​ေ-သကိုမ​ေ-သနိုင်ဘူး "တဲ့ ...

နောက်အိမ်ထောင်ကျတော့ အတာကပဲ အဖွားနဲ့ မနေဘဲ သူ့အမေနဲ့ ရန်ကုန် လိုက်သွားတယ်။
ဘယ်လိုနှိ္ပ်စက်သလဲဆိုရင် သူ့ယောင်္ကျား နဲ့ ညနေစာ အပြင်ထွက်စားတိုင်း
သူ့ကို တစ်မူး ဒါမှမဟုတ် နှစ်ပြားကို ပစ်ချပေးခဲ့ပြီး ည ဆယ်နာရီလောက်မှ ပြန်လာတယ် ။
အဲဒီကာလမှာ နှစ်ပြားနဲ့ ဆန်ပြုတ်ရေကြဲ သွားသောက်ပြီး အိပ်ရတဲ့ ကလေးလေးဟာ အတာပေါ့ ။
ဒါကိုတောင် သူ စိတ်မဆိုးရှာဘူး ။
ကျောင်းတက်ချင်လွန်းလို့ အဲဒီ နှစ်ပြားကို စုထားပြီး ရေသောက်အိပ်တဲ့ ကလေးလေး ။

သူတို့ အိမ်ငှားပြီး ထပ်ခိုးမှာနေရတာ ... တစ်ခြား မိသားစုက အစ်မ တွေကလည်း သူ့ကိုဆို သနားပြီး ဝိုင်းချစ်ကြတယ် ။ သူ့အမေအရင်းကို မိထွေးလို့ ခေါ်ကြတယ်။
သူ့ ဖထွေးက ရုံးစာရေး ... ရသမျှ ဝင်ငွေ မိန်းမဆီအပ်တယ်။ အတာကို ကျောင်းထားပေးဖို့ ပြင်ဆင်ပေးနေတာ သူ့အမေ မဟုတ်ခဲ့ဘူး သူ့ ဖထွေးတဲ့လေ။

အတာလေးဟာ ကျောင်းတက်ဖို့ ပုဆိုးနဲ့ အင်္ကျီဝယ်ပေးမယ်လို့ ဖထွေးက ပြောထားတာမို့ ရုံးကအပြန်ကို စောင့်နေပေမဲ့ ‌ဈေးသွားရောင်းနေတဲ့ အမေက နေ့လည်ကို ပြန်လာပြီး ဖထွေးရုံးက ပြန်လာရင် ကျောင်းကိစ္စနဲ့ ပတ်သက်ပြီး တစ်လုံးမှ မဟရဘူး ဟ လို့ကတော့ ငါ့အကြောင်းသိမယ် ဆိုတာနဲ့တင် မျက်နှာငယ်ကလေးနဲ့ သူ့အမေ မြင်းပွဲလော-င်းလိုက်ပြီမှန်း နားလည်တတ်နေခဲ့တယ်။

အတာ ကျောင်းအပ်ဖို့ ပိုက်ဆံကို ဖထွေးက စုထားပေးပေမဲ့ အမေရင်းက မြင်း​​ေလာင်းလိုက်သတဲ့ ။

အဲဒါပဲလား ဆိုတော့ မဟုတ်သေးပါဘူး။

ပိုက်ဆံချေးပြီး ကျောင်းထားပေးပြန်တယ် ။ အဲတော့ အမေရင်းက စိတ်ဆိုးပြီး ဆူပူသတဲ့ ။

စာကို အရမ်းတတ်ချင်တော့ အတန်းထဲမှာ စာတော်တဲ့ ကလေးမို့ ဆရာမက ချစ်တယ် ။ သူဟာ ကျောင်းမှာ အတန်းခေါင်းဆောင် ဖြစ်တဲ့အထိ တက်ကြွတယ်။

သူ့အဖေ အလုပ်ပြုတ်တော့ ကျောက်သမားလုပ်ဖို့ ပညာသင် တစ်ခြားမြို့ကိုသွားတဲ့အချိန် အမေဆီမှာ ထားခဲ့ဖို့
ဖထွေးက စိတ်မချနိုင်ဘူး တဲ့။

သူ့ ကျောင်းလခကို အမေကမပေးတော့ ဆရာမက " ဒီတစ်လ မမစိုက်ပေးပါ့မယ် နောက်တစ်လတော့ ရအောင်တောင်းခဲ့ပေါ့ " ဆိုတော့ မျက်ရည်ကျပြီး ဦးသုံးကြိမ်ချခဲ့တဲ့ အတာ ...

မြင်းပွဲနဲ့ ၃၆ကောင်ကို ကျတော့ တစ်နေ့ ဆယ့်လေးငါးကျပ်​ေလာင်းတဲ့ အမေဆီက ကျောင်း‌လခနှစ်ကျပ်ကို မပြောနဲ့ ကျောင်းမုန့်ဖိုးကိုတောင် အသံကျယ်ကျယ်မတောင်းရဲရှာတဲ့အတာ...

ကျောင်းက ဆရာမပြောင်းတော့ မျက်နှာထားမာမာနဲ့ စိတ်မထားတတ်တဲ့ဆရာမနဲ့တွေ့တယ်။ သူကျောင်းသွားရတာမပျော်တော့ဘူး ။ ကျောင်းလခ တောင်းတဲ့နေ့ဆို သူငေးငိုင်နေရှာတာ ။

မတော်တဆ တစ်ခုကြောင့် ဆရာမရဲ့မောင်လေး နဖူး‌ေပါက်စေခဲ့မှုနဲ့ ဆရာမ အငြို းထားတာခံရတော့ အတာဟာ အိမ်မှာလည်း နာကျင်မှု ကျောင်းမှာလည်း နာကျင်မှု ။ ဒါကြောင့် သူကျောင်းထွက်ဖို့ ဆုံးဖြတ်လိုက်တယ် ။

သူ့အမေ ပြန်ပြောတာက

"ဒါဖြင့်ပြီးရော မသွားနဲ့တော့ " တဲ့ ။

ဒီစာအုပ်မှာ ကလေးတစ်ယောက်ရဲ့ ပေါက်ပေါက်ရှာရှာအတွေးကလေးတွေ ရယ် စာရေးဆရာရဲ့ တိကျပြီး လိုရင်းတိုရှင်းအရေးအသား‌ရယ်ကြောင့် ရင်ထဲထိစေမှာပါ ။

တစ်ချို့ကပြောကြတာက ဒီအဖြစ်အပျက်ဟာ ပုံပြင်ဆန်လွန်းတယ်လို့ ပြောကြပါတယ် ။ကိုယ်လည်း ဖတ်ကြည့်တော့ မဖြစ်နိုင်ဘူး လို့ တွေးမိသေးတယ်။

စာရေးဆရာက ဒါဟာ သူ့ဘဝအကြောင်း ၉၀% ရေးထားတဲ့ ဝတ္ထုပါ တဲ့ ...

▪ May Be Kristen

စာအုပ်တန်ဖိုး - ၁၇၅၀၀ကျပ်။

#အတာ
#သာဓု

Family Books📚

17 Jan, 09:36


ပိုက်ဆံအကုန်အကျခံပြီး စာအုပ်ဝယ်တာ ဘာဖြစ်လို့လဲ?

လက်ရှိအချိန်မှာ ပိုက်ဆံရှာရတာ ခက်ပါတယ်။ ကုန်စျေးနှုန်းတွေ ကြီးပါတယ်။ စီးပွားရှာရ လုပ်ရကိုင်ရတာ မလွယ်ကူကြပါဘူး။ 📌

အခြေအနေတွေက အဲ့လိုတွေဖြစ်နေပေမယ့်လည်း စာဖတ်သူတွေကတော့ သူတို့ချစ်တဲ့ စာအုပ်တွေကို ပိုက်ဆံ အကုန်ကျခံပြီးတော့ ဝယ်ယူအားပေး ဖတ်ရှုနေကြပါတယ်။ 📚

ဘာဖြစ်လို့လဲ
ပိုက်ဆံထက် စာအုပ်က ပို​ပြီးတော့ အဖိုးတန်လို့ပါ။ အတိအကျပြောရရင်တော့ စာအုပ်ကနေ ရတဲ့ တန်ဖိုးက ပိုက်ဆံထက် ပိုပြီး အဖိုးတန်လို့ပါ။ ဒါကြောင့် ဘာဖြစ်ဖြစ် စာဖတ်သူများက ပိုက်ဆံ အကုန်အကျခံပြီးတော့ စာအုပ်တွေ ဝယ်နေကြတာ​ဖြစ်ပါတယ်။♥

✍wpa

⭐⭐⭐
ပုံထဲက စာအုပ်တွေကတော့ ပြည်ပရောက်နေတဲ့ ကိုဇော်ဇော်တို့ မိသားစုက သူတို့ရဲ့ ရပ်ရွာ စာကြည့်တိုက်အတွက် လစဥ် လှူဒါန်းနေကြ သုတရသစာအုပ် အလှူတော်မင်္ဂလာပါ။

ယခုအကြိမ်က (၅)ကြိမ်မြောက်ဖြစ်ပြီးတော့ စာအုပ်အားလုံးတန်ဖိုးက (313000)ကျပ်ဖြစ်ပါတယ်။

#စာအုပ်တွေဟာမိသားစုပမာ

Family Books📚

04 Jan, 10:56


၂၀၂၅ခုနှစ်မှာ
အကျင့်တွေပြင်လိုက်ကြရအောင်
-----------------------------
အကျင့်ပြင်နည်းအထာ

Atomic Habits by James Clear ရဲ့စာအုပ်ကို
ကျော်ဇောသာ ဘာသာပြန်တာပါ

ကိုယ်တိုင် က အလေ့အကျင့် တွေနဲ့ပတ်သတ်ပီး စိတ်ဝင်တစားရှိလှတာရယ်

နယ်ပယ်အသီးသီးက အောင်မြင်ပြီး
ထိပ်တန်းရောက်ကျတဲ့ သူတွေ မှာ အလေ့အကျင့် ကောင်းလေးတွေ ရှိကြတာကို နားလည်သဘောပေါက်တဲ့နောက်ပိုင်း

အလေ့အကျင့် ကောင်းတွေကို ဘယ်လိုတည်ဆောက်ယူရမလဲ
အဲ့လိုပဲ
အလေ့အကျင့် ဆိုးတွေကိုလည်း ဘယ်လို ချေဖျက်ရမလဲ ကို သိချင်လို့
ဟိုတစဒီတစ ဖတ်ခဲ့ ရှာခဲ့ ဖူးပါတယ်

အခုဒီစာအုပ်ကို တွေ့မိတဲ့အခါ
ရေငတ်တုန်းရေတွင်းထဲကျလိုက်ရသလိုပါပဲ
ကောင်းတယ်ဆိုတာထက်ပိုကောင်းပါတယ်

ကိုယ်တိုင် sticky note တွေနဲ့မှတ်
Highlighter တွေနဲ့ထား
Note စာအုပ်ထဲကူးမှတ် ပြီး
ဖတ်ရင်း စဉ်းစားရင်းလုပ်ခဲ့ရတဲ့စာအုပ်လေးပါ

စာအုပ်ထဲက
ကြိုက်တာတွေက တော့အများကြီးပဲ

အလေ့အကျင့် စက်ဝန်းသဘောတရားဖြစ်တဲ့
✔အချက်ပေးခြင်း
✔လိုချင်တပ်မက်ခြင်း
✔တုံပြန်မှု
✔ဆုလဒ်

ကို သိခြင်းက

ကိုယ့်ဆီမှာရှိတဲ့ အလေ့အကျင့် တွေရဲ့ မူလအစ ကို ပြန်ခြေရာခံမိ သွားတယ်

အလေ့အကျင့် ကောင်းတခုကိုဖန်တီးနည်းဖြစ်တဲ့

♥သိသာအောင်လုပ်တာ
♥ဆွဲဆောင်မှုရှိအောင်လုပ်တာ
♥လွယ်ကူအောင်လုပ်တာ
♥စိတ်ကျေနပ်စရာဖြစ်အောင်လုပ်တာ

အကျင့်ဆိုးတစ်ခုချိုးဖျက်ချင်ရင်
အပေါ်က ဟာတွေရဲ့ ဆန်ကျင်ဘက်

မမြင်ရအောင်/ဆွဲဆောင်မှုမရှိအောင်/ခက်ခဲအောင်/စိတ်ပျက်စရာဖြစ်အောင် လုပ်တာ

အဲ့တချက်ချင်းစီအတွက်
နည်းစနစ် တွေကို

တကယ်လက်တွေ့ဘဝက
ဇာတ်လမ်းအကြောင်းအရာတွေရယ်
စာရေးသူတွေးပြထားတဲ့
ဥပမာ စုံစုံစေ့စေ့ နဲ့ ဖော်ပြပေးတာမို့

ဗိုက်ဆာနေချိန် ထမင်းကို ကိုယ်ကြိုက်တဲ့
ဟင်းနဲ့စားလိုက်ရသလို ပဲ
သိပ်အရသာရှိလှပါတယ်

အဲ့ထဲက ကြိုက်တဲ့နည်းစနစ်လေးတွေကို ပြောရရင်
Habit stacking
Habit tracking
Paper Clip strategy
Point & Calling
ဆက်စပ်ခြင်းကို ဖန်တီးခြင်း
Activity Zones
Temptation handling

စတဲ့စတဲ့ နည်းစနစ်တွေပါပဲ

သင့်အနေနဲ့
အကျင့်ဆိုးတွေ ချိုးဖျက်ချင်တယ်
အကျင့်ကောင်းတွေ ဖန်တီးချင်တယ်
အဲ့အတွက် scientific ကျကျ နည်းစနစ် တွေသိချင်ရင်တော့ ဒီစာအုပ် က ဖတ်ကိုဖတ်သင့်
ဖတ်ကိုဖတ်ရမဲ့စာအုပ်လို့ ညွှန်းလိုက်ချင်ပါတယ်

▪ဝေယံသိန်း
▪တန်ဖိုး - ၁၅၀၀၀ကျပ်

Family Books📚

04 Jan, 10:44


ဆေပီယန်စ် ဆိုတာ ဘာလဲ?

ဒီနေ့ကမ္ဘာမှာ ရှင်သန်နေထိုင်ကြတဲ့ လူသားမျိုးစိတ်အားလုံးကို ဆေပီယန်စ် လို့ ခေါ်တယ်။ အဖြူ၊ အဝါ၊ အနက်၊ အညို စတဲ့ အရောင်ဘယ်လို ကွဲပြားပါစေ၊ ဒီနေ့အချိန်မှာ ရှိနေတဲ့ လူသားအားလုံးဟာ ဆေပီယန်စ် မျိုးစိတ်လို့ ဆိုပါတယ်။

ဒါဆို လူသားတွေဟာ အရင်ကတည်းက ဆေပီယန်စ် မျိုးစိတ်အပြင် တခြားမျိုးစိတ်ပုံသဏ္ဍာန်နဲ့လည်း ရှိနေသေးတာလား။

လူသားတွေရဲ့ သမိုင်းအနှစ်ချုပ်လို့ ဆိုတဲ့အတွက် ဒီစာအုပ်ဟာ လူသားတွေရဲ့ ဖြတ်သန်းမှုသမိုင်းကြောင်းကို ဘယ်လောက်အထိ ပြောပြပေးနိုင်သလဲ။ ခြေရာကောက်ကြည့်ရအောင်။

ဟိုးအရင် သမိုင်းမတင်မီခေတ်ကတည်းက လူသားတွေဟာ ဟိုမိုဆေပီယန်စ်၊ နိအန်တာဒယ်စတဲ့ မတူညီနဲ့ မျိုးစိတ်တွေနဲ့ ကိုယ့်အစုနဲ့ကိုယ် နေထိုင်ခဲ့ကြတယ်။ လူသားချင်းတူပေမယ့် ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ အသိဉာဏ်ပိုင်းဆိုင်ရာကတော့ အနည်းငယ်ကွဲပြားတယ် ဆိုရမှာပါ။

ဒီလိုနဲ့ ဟိုမိုဆေပီယန်စ်တွေဟာ ကိုယ်အသက်ရှင်ရပ်တည်ဖို့၊ နယ်မြေချဲ့ထွင်ရင်း ကိုယ်နဲ့ မျိုးနွယ်တူ တခြားလူသားမျိုးစိတ်တွေကို မျိုးသုဉ်းသွားအောင် အနိုင်ကျင့်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြတယ်။ အခုဆိုရင် ဒီကမ္ဘာမှာ ဟိုမိုဆေပီယန်စ်လူသားတွေပဲ ရှင်သန်ကျန်ရစ်ခဲ့ကြပါတယ်။

လူသားတွေရဲ့ သမိုင်းကြောင်းကို လေ့လာတဲ့အခါ ဘယ်အချိန်မှာ ဘယ်လိုဖြစ်ပျက်သွားတယ်ဆိုတာမျိုး လေ့လာတာအပြင် ဘယ်အချိန်မှာ သမိုင်းဖြစ်စဉ် ပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်သွားစေတယ်ဆိုတာကို လေ့လာဖို့လည်း အရေးကြီးတယ်လို့ စာရေးဆရာက ဆိုပါတယ်။

ဆေပီယန်စ်တွေအတွက်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းခုနစ်သောင်းလောက်ကစပြီး ယနေ့အထိ ကြီးမားတဲ့ သမိုင်းအချိုးအကွေ့ သုံးခု ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ပထမတစ်ခုက "အသိအမြင် ပြောင်းလဲမှု"

ဒီပြောင်းလဲမှုမှာ အချင်းချင်း အတင်းပြောကြတာက အခရာကျပါတယ်။ အတင်းပြောတာကတဆင့် သတင်းအချက်အလက်တွေ ဖြန့်ဝေတာ၊ ဇာတ်ကြောင်းတွေ အပြန်အလှန်ပြောကြတဲ့ အနေအထားကို ရောက်လာပါတယ်။

ဒုတိယတစ်ခုက "စိုက်ပျိုးရေး ပြောင်းလဲမှု"

လူတွေဟာ ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာပြီး အသက်ရှင်ဖို့ ရှာဖွေစားသောက်နေရတာကနေ မျိုးစေ့တွေကို စိုက်ပျိုးကြည့်တာ၊ တိရိစ္ဆာန်တွေကို ယဉ်ပါးအောင် မွေးမြူကြည့်ရာကနေပြီး စိုက်ပျိုးမွေးမြူတဲ့ အလုပ်ဟာ ဆေပီယန်စ်တွေအတွက် အဓိကကျတဲ့ အလုပ်တစ်ခု ဖြစ်လာခဲ့တယ်။ စိုက်ပျိုးမွေးမြူတဲ့အလုပ်ကို တွင်တွင်ကျယ်ကျယ် လုပ်လာကြတာနဲအမျှ နယ်မြေသတ်မှတ်ပြီး အခြေတကျနေထိုင်တာတွေလည်း ပိုများလာခဲ့ပါတယ်။

ကိုယ့်ကိုယ်ကို ယဉ်ကျေးလှပါတယ်ဆိုတဲ့ ယနေ့လူသားတွေဟာ တိရိစ္ဆာန်လို့ခေါ်တဲ့ တခြားသတ္တဝါမျိုးစိတ်တွေအပေါ် ဘယ်လောက်အထိ ရက်စက်သလဲဆိုတာ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းတွေမှာ ထင်ထင်ရှားရှား တွေ့ရမှာပါ။ ဒီလို ရက်စက်မှုမျိုးကို လူသားတွေကလွဲပြီး တခြားဘယ်သတ္တဝါမှာမှ ရှာလို့ရနိုင်မယ် မထင်ပါဘူး။

နောက်ဆုံးတစ်ခုက "သိပ္ပံပညာ ပြောင်းလဲမှု"

သိပ္ပံပညာဟာ တနေ့တခြား တိုးတက်ထွန်းကားလာတာနဲ့အမျှ လူသားတွေ ဖန်တီးထားတဲ့ အရာတွေက လူသားတွေကို အဆမတန် အကျိုးဖြစ်ထွန်းစေခဲ့သလို လူသားတွေကို ပြန်လည်ခြိမ်းခြောက်လာတဲ့ အနေအထားမျိုးကိုတောင် ရောက်လာခဲ့ပါတယ်။

စာရေးသူဟာ ဂျူးလူမျိုး သမိုင်းပါမောက္ခတစ်ယောက် ဆိုပေမယ့် ဒဿနပညာ၊ ဇီဝဗေဒ၊ ရူပဗေဒ၊ ဓါတုဗေဒ၊ စီးပွားရေး၊ ဘာသာရေး၊ နိုင်ငံရေး စတဲ့ ရှုထောင့်ပေါင်းစုံ လေ့လာထားတဲ့ သူတစ်ယောက်မို့ ဒီစာအုပ်ဟာ လူသားတွေ ကြုံတွေ့ဖြတ်သန်းရတဲ့ အကြောင်းအရာမျိုးစုံကို လေ့လာနိုင်မယ့် ကျမ်းကြီးတစ်စောင်ဖြစ်ပါတယ်။

တင်ပြပုံ၊ အတွေးအခေါ်တွေဟာ ထူးခြားသလို နားလည်ဖို့ အတော်အားစိုက်ရတာတွေလည်း ရှိပါတယ်။

ဘာသာတရား၊ နိုင်ငံတော်၊ စီးပွားရေးလုပ်ငန်းစု ကော်ပိုးရေးရှင်း၊ ငွေကြေး၊ ဘဏ် စတာတွေဟာ တကယ်ရှိနေတဲ့အရာတွေ မဟုတ်ပါဘူးတဲ့။ အချင်းချင်း သွေးစည်းညီညွတ်မှုရှိအောင်၊ တစ်စုတစ်ရုံးတည်း အလုပ်လုပ်နိုင်အောင် လူသားတွေ စိတ်ကူးယဉ်ဖန်တီးထားတဲ့ အရာတွေတဲ့။

ဒါ့အပြင် အရင်းရှင်ဝါဒနဲ့ စားသုံးသူပဓါနဝါဒကို ဘုရားတစ်ဆူ၊ ဂူတစ်လုံး ကိုးကွယ်လာနေကြတဲ့ လူသားတွေအကြောင်း။ အဲဒီဝါဒနှစ်ခုရဲ့ လည်ပင်းညှစ်ဝါးမြိုတာကို ခံနေရတဲ့ ယနေ့လူသားတွေအကြောင်းကို တအံံ့တသြ တွေ့ရမှာပါ။

ဒီစာအုပ်ဟာ ၂၀၁၄ ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး အောင်မြင်လွန်းတာမို့ အုပ်ရေ ၂၇ သန်းကျော် ရောင်းချခဲ့ရတဲ့အပြင် ဘာသာပေါင်း ၆၀ ကျော် ပြန်ဆိုခြင်း ခံခဲ့ရပါတယ်။

တုန်လှုပ်စရာကောင်းတဲ့ အမှန်တရားတွေနဲ့အတူ လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ်သောင်းကစပြီး ယနေ့ကာလအထိ လူသားတွေရဲ့ ဖြတ်သန်းမှုသမိုင်းကြောင်းကို ကွဲပြားတဲ့ ရှုထောင့်ကနေ လေ့လာသုံးသပ်နိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။

▪တန်ဖိုး - ၃၀၀၀၀ ကျပ်

#ဆေပီယန်စ်
#ညီနောင်(Humber)

Family Books📚

04 Jan, 06:56


ဘယ်ကိုရောက်ရောက် စာဖတ်ရမှကျေနပ်တယ်

လူတိုင်း လူတိုင်းမှာ ကိုယ့်ဝါသနာနဲ့ကိုယ်ရှိပါတယ်။ ဘယ်ရောက်ရောက် ကိုယ်ဝါသနာပါတာကို မစွန့်လွှတ်နိုင်ပါဘူး။

စားတာသောက်တာ ဝါသနာပါသူက ဘယ်ရောက်ရောက် စားရသောက်ရမှ ကျေနပ်ပါတယ်။

ကတာခုန်တာ ဝါသနာပါသူက ဘယ်ရောက်ရောက် ကနေခုန်နေရမှ စိတ်ပျော်ပါတယ်။

အလှအပကြိုက်သူက ဘယ်ရောက်ရောက် လှလှပပ နေချင်ထိုင်ချင်ပါတယ်။

အဲ့လိုပါပဲ

စာဖတ်ဝါသနာပါသူတွေကလည်း ဘယ်နေရာရောက်ရောက် စာအုပ်ဖတ်လိုက်ရမှ ကျေနပ်ပျော်ရွှင်ပါတယ်။

မဟုတ်ရင် တစ်ခုခုလိုနေသလိုပါပဲ။
------------------------------
ပုံထဲကစာအုပ်တွေကတော့
အိုမန်နိုင်ငံရောက် Ni Ni အတွက် ပို့ပေးရတဲ့စာအုပ်ကလေးတွေပါ။ စာအုပ်အားလုံး တန်ဖိုးက (၁၇၆၀၀၀)ကျပ်ပါ။

#စာအုပ်တွေဟာမိသားစုပမာ

Family Books📚

04 Jan, 05:42


လူတို့ ကိုးကွယ်ရာ ဘာသာကြီးများ
[ နောက်ခံ သမိုင်းနှင့် အဆင့်မြင့် ဒဿနများ ]
Man's Religions
John B. Noss

လူကြီးသူမတွေကိုပဲ ဖြစ်ဖြစ်
မိတ်ဆွေ သူငယ်ချင်းကိုပဲ ဖြစ်ဖြစ်
စာသမား အချင်းချင်းပဲ ဖြစ်ဖြစ်
လက်ဆောင် ပေးချင်သူများ၊
ကိုယ်တိုင် ဝယ်ယူ ဖတ်ရှုလိုသူများ၊
ဘာသာ အယူဝါဒနှင့် ကိုးကွယ်မှု အကြောင်း
အသေးစိတ် သိလိုသူများ အတွက်

သမိုင်းဦးခေတ်က ဘာသာ အယူဝါဒများမှသည်
ခေတ်အဆက်ဆက် ပေါ်ထွန်းလာခဲ့သော
လူတို့ ကိုးကွယ်ရာ ဘာသာကြီးများ အကြောင်း။

ဤစာအုပ်သည်
အပျင်းပြေ ဖတ်ရမည့်
စာအုပ်မျိုး မဟုတ်သလို
တခါ ဖတ်ပြီး ပြီးသွားမည့်
စာအုပ်မျိုးလည်း မဟုတ်။
အကြောင်း တိုက်ဆိုင်လာတိုင်း
‌အခေါက်ခေါက်အခါခါ ပြန်ဖတ်နေရမည့်
ရည်ညွှန်းကျမ်း ( reference) စာအုပ်မျိုး။

ဤစာအုပ်တွင်
ကမ္ဘာ့ လူသားများ ကိုးကွယ်နေသော
ဘာသာကြီး ၁၁ ခု၏ အကြောင်း အပြည့်အစုံကို
သမိုင်း နောက်ခံများ၊ အဆင့်မြင့် ဒဿန အမြင်များနှင့်
တိုးတက် ပြောင်းလဲလာပုံ၊ စတင် ဖြစ်ပေါ်လာပုံ အလုံးစုံကို
အသေးစိတ် တင်ပြထားသည်။

၁။ ဟိန္ဒူဘာသာ ( ရှေးခေတ်၊ နှောင်းခေတ်)
၂။ ဂျိန်းဘာသာ
၃။ ဗုဒ်ဓဘာသာ
၄။ ဆိစ်ခ်ဘာသာ
၅။တောက်ဘာသာ
၆။ ကွန်ဖြူးရှပ်ဘာသာ
၇။ ရှင်တိုဘာသာ
၈။ ဇိုရိုအက်စတာဘာသာ
၉။ ယုဒဘာသာ ( ဂျူးဘာသာ )
၁၀။ ခရစ်ယာန် ဘာသာ
၁၁။ အစ္စလာမ်ဘာသာတို့ အပြင်
ဤဘာသာကြီးများ မပေါ်မီက
ရှေးခေတ် လူသားများ ကိုးကွယ်ခဲ့ကြသည့်
ပျောက်ကွယ်သွားသော ဘာသာများ အကြောင်းကိုပါ
ပြည့်ပြည့်စုံစုံ တင်ပြထားသည်။

▪ဘဝတက္ကသိုလ်
▪တန်ဖိုး - ၅၀၀၀၀ကျပ်
(စက္ကူဖြူ ခန့်ချုပ်)

Family Books📚

03 Jan, 13:23


နာမည်က "ဇာစ်မြစ်" တဲ့

မူရင်းစာရေးသူ ကိုယ်တိုင် အချိန်အကြာကြီး(ဆယ်နှစ်ကျော်လောက် ) မှတ်တမ်း မှတ်စုတွေ စာအုပ်တွေ အမြောက်အများလေ့လာ မှတ်သားခဲ့ရတယ်

သင်္ဘောဆိပ်တွေ မော်ကွန်းတိုက်တွေ တတ်သိနားလည်တဲ့ ပညာရှင်တွေဆီပါမကျန် သူ ရောက်အောင်သွားပြီး မေးမြန်းစူးစမ်းရတယ်

ဇာစ်မြစ်ဆိုတာက စာရေးသူရဲ့ ဘိုး ဘေး ဘီ ဘင် တွေရဲ့ အကြောင်း ကို သမိုင်းဖြစ်ရပ်တွေနဲ့ ယှဉ်တွဲပြီး ဇာတ်အိမ်ဖွဲ့ရေးသားထားတာပါ

စာရေးသူရဲ့ ဘ၀ ဇာစ်မြစ်တင်မပါဘူး အမေရိကန် လူမည်းပေါင်းများစွာရဲ့ ဘ၀တွေကိုပါ မျက်စိထဲ မြင်ယောင်လာနိုင်ပါတယ်

အာဖရိကတိုက် ဂမ်ဘီယာနိုင်ငံရဲ့ ဂျပ်ဖူရီရွာလေးမှာနေတဲ့
အိုမိုရို နဲ့ ဘင်တာ ဇနီးမောင်နှံကနေ ကွမ်တာကင်တီ ဆိုတဲ့သားဟာ ၁၇ နှစ် အရွယ်မှာ တိုးဘော့(အမေရိကန်လူဖြူ)
‌တွေက ဖမ်ဆီးသွားတာကြောင့် ကျွန်ဘ၀ ရောက်ခဲ့ရတာကနေ စပါတယ်

အာဖရိကန်လူမည်းတွေရဲ့ ဓလေ့စရိုက်တွေ ထုံးစံတွေကို သေသေချာချာ ရေးသားထားတာမို့ စိတ်၀င်စားဖို့ အင်မတန်ကောင်းပါတယ်
-ကလေးမွေးလာတဲ့အခါ နာမည်ပေးပုံ
-စား၀တ်‌နေရေးအတွက် အလုပ်လုပ်ကြပုံတွေ
-ရွာတစ်ရွာနဲ့တရွာ ဗုံတီးပြီး သတင်းစကားပါးကြပုံ
-အရွယ်‌ရောက်တဲ့ယောက်ျားလေးတွေ ယောက်ျားဖြစ်သင်တန်းတက်ရပုံ
-
-
-
စသည်ဖြင့် ထုံးတမ်းဓလေ့ များစွာ သိရပါတယ်

ကွမ်တာ ဟာ ဖမ်းခေါ်ခံရပြီးနောက် အမေရိကမှာ ကျွန်အဖြစ်နဲ့ အရောင်းခံရပါတယ်

ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားပေမဲ့ များစွာသော အခက်ခဲတွေကြုံခဲ့ရပါတယ်

ကျွန် ဆိုတဲ့ အဓိပ္ပာယ် ကျွန်တွေရဲ့ ဘ၀ လူတန်းစား(လူဖြူလူမည်း)ခွဲခြားဆက်ဆံခံရတာတွေ သေမထူးနေမထူးဘ၀တွေရဲ့ အကြောင်း၊ ပြန်လမ်းမရှိတော့တာတွေ စသည်ဖြင့် ..

ကွမ်တာဟာ ဘ၀တူ ဘဲလ် နဲ့ လက်ထပ်ပြီးနောက် မွေးလာတဲ့ သမီးလေး ကစ်ဇီ(အခြားလူဖြူအိမ်ကို အရောင်းခံခဲ့ရပါတယ်)

ကစ်ဇီနဲ့ လူဖြူသခင်တို့က မွေးလာခဲ့တဲ့ ဂျော့ (ကြက်ကလေးဂျော့)

ဒီနေရာမှာ ကြက်ပွဲတွေအကြောင်းကို စိတ်လှုပ်ရှားမှု အပြည့်နဲ့ဖတ်ရမှာပါ (ကျွန်ဘ၀က လွတ်မြောက်နိုင်မလားလို့ပေါ့)

ဂျော့ နဲ့ မာတိဒေါလ် တို့က မွေးတဲ့ သား တွမ်လီယာ (အရောင်းခံရပြီးနောက် တွမ်မာရေး)
ကိုယ်တိုင်က ကြက်သမား ဖြစ်နေပေမဲ့ သားကိုတော့ လက်မှုပညာသင်စေခဲ့တဲ့ ဂျော့

ကျွန်စနစ်ကို သဘောမကျတဲ့ လူဖြူတွေ ကျွန်တွေနဲ့မှ အလုပ်ဖြစ်တဲ့ လူဖြူတွေရဲ့ကြား ပဋိပခ စစ်ပွဲတွေ
ကျွန်တော်လှန်ရေးတွေ ပုန်ကုန်မှုတွေ နိုင်ငံရေး အပြောင်းလဲတွေ ၊ကိုယ်ဘ၀ကိုယ် ပြန်၀ယ်ဖို့ အလုပ်လုပ်ကြ ပိုက်ဆံစုရတဲ့ ကျွန်တွေရဲ့ ဘ၀.....

တွမ်နဲ့ အိုင်ရင်းတို့ လက်ထပ်မှာတော့ ကျွန်တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာကြောင့် ကျွန်ဘ၀က လွတ်ပြီး ကိုယ့်ဘ၀နဲ့ကိုယ်နေနိုင်လာခဲ့ကြပါတယ်၊

သူတို့က‌မွေးတဲ့ သားသမီးတွေအလှည့်မှာတော့ ပညာသင်ယူခွင့်တွေလည်းရှိလာကြပါပြီ

တွမ်နဲ့ အိုင်ရင်း တို့ကမွေးတဲ့ အငယ်ဆုံးသမီး စင်သီယာ က ၀စ်လ် နဲ့ လက်ထပ်ပြီးနောက် "ဘာသာဂျော့"ဆိုတဲ့ သမီးတယောက် ထွန်းကားခဲ့ပါတယ်

ဘာသာ နဲ့ ဆိုင်မွန် လက်ထပ်ပြီးနောက် မူရင်း
စာရေးဆရာ"အလက်စ်ဟေလီ" ကို မွေးဖွားခဲ့ပါတယ်

ဒီစာအုပ်ကနေ သဘောကျစရာ အချက်တချက်ကတော့ ကွမ်တာရဲ့ မျိုးရိုးဟာ ကျွန်ဘ၀နဲ့ ဖိနှိပ်ခံခဲ့ရပေမဲ့ မိသားစုရဲ့ အစဉ်အဆက် ကို မမေ့အောင် ကိုယ်ကမွေးတဲ့သားသမီးကို ပြောပြကြတာပါ

စာရေးသူဟာလည်း သူ့ရဲ့ ၀မ်းကွဲအဖွားရဲ့ ပြောစကားကနေ ဒီစာအုပ်ကိုရေးဖို့စိတ်ကူးရပြီး အာဖရိကတိုက်ရဲ့ ဂျပ်ဖူရီရွာလေးထိ သူ့ဇာစ်မြစ်ကို သွားရှာခဲ့တာပါ

ဖြစ်ရပ်မှန်လို့ ကွက်တိပြောမရပေမဲ့ သမိုင်းကြောင်း အမှန်တွေနဲ့ ယှဉ်ထားတဲ့ ဇာတ်လမ်းမို့ ဖတ်ရတာ အရသာ ရှိလှပါတယ်

မဖတ်ရသေးရင် ဖတ်ကြည့်ကြပါလို့ ညွှန်းချင်ပါတယ်☺️☺️☺️

▪TripleHnin
▪တန်ဖိုး - ၂၀၀၀၀ကျပ်

Family Books📚

03 Jan, 05:08


တိမ်ပန်းချီမှသည် တံလျှပ်များဆီသို့
-------------------------------
လေတွေ လာရင် တိမ်ပန်းချီတွေက ပျောက်ကွယ်သွားတော့မှာ။ တိမ်တွေက ကောင်းကင်မှာ အကြာကြီး လှပပြီး မနေနိုင်ပါဘူး။ ပန်းချီ ကြည့်နေတုန်း လှပတဲ့ အတိတ်တိမ်တွေက လေနှင်ရာ မျောပါသွားကြတယ်။

တိမ်ပန်းချီ ဝတ္ထုသည် ဖြစ်ရပ်မှန် ၃ ခုကို အခြေခံ ရေးသားထားပြီး စာရေးသူရဲ့ စိတ်ကူးနဲ့ ပေါင်းစပ်ရေးသားသော အိမ်ထောင်ရေးဇာတ်လမ်း ဖြစ်ပါသည်။

တိမ်ပန်းချီ (လုံးချင်းဝတ္ထုရှည်)
▪တန်ဖိုး - ၁၀၀၀၀ကျပ်
* * * * * * * * * * *

မွေးရာပါ စိတ်စွမ်းအား တစ်မျိုးကို ပိုင်ဆိုင်ထားသူ ဆရာဝန်တစ်ဦး ကြုံတွေ့ရသည့် ဆေးပညာလောက အတွေ့အကြုံများ၊ လူနာတို့ ၏ဘဝအလွှာမျိုးစုံ၊ လောကလူသားတို့နှင့် အနည်းနည်း အဖုံဖုံ ဆက်နွှယ်နေသော ပရလောကသားတို့၏ ဘဝဖြစ်ထွေများကို ရင်တထိတ်ထိတ် ဖတ်ရှုရမည့် .....

တံလျှပ်များ (လုံးချင်းဝတ္ထုရှည်)
▪တန်ဖိုး - ၁၅၀၀၀ ကျပ်

မကြာမီ ဒီဇာတ်လမ်းကို တီဗွီချန်နယ်တစ်ခုက ရုပ်သံဇာတ်လမ်းတွဲ အဖြစ် ထုတ်လွှင့်ပြသသွားဖို့ ရှိပါတယ်။

* * * * * * * * * * *

မှာယူရရှိနိုင်သော ဆရာဟမ်စိုင်း (ဆေး-မန်း) ၏ စာအုပ်များ။

၁။ Living Together နောက်ကွယ် (သို့မဟုတ်) ခေတ်သစ်ရောဂါ - ကျန်းမာရေးဆောင်းပါးများ - ၃၀၀၀ ကျပ်၊
၂။ ဆရာဝန်တစ်ဦး၏ ရယ်စရာလွဲလွဲလေးများ - ၃၀၀၀ ကျပ်၊
၃။ သဘာဝက ပေးတဲ့ လက်ဆောင် - ကျန်းမာရေးဆောင်းပါးများ - ၂၅၀၀ ကျပ်၊
၄။ တတိယလူနှင့် မဂ္ဂဇင်းဝတ္ထုတိုများ - ၄၀၀၀ ကျပ်၊
၅။ မနွမ်းတဲ့လရောင်နှင့် မဂ္ဂဇင်းဝတ္ထုတိုများ- ၄၀၀၀ ကျပ်၊
၆။ ယုံကြည်ခြင်းတွေ ပေးပါ နှလုံးသားအာဟာရစာစုများ - ၂၀၀၀ ကျပ်၊
၇။ သို့အမေနှင့် ရသစာစုများ - ၃၀၀၀ ကျပ်၊
၈။ သားလေးဖတ်ဖို့ မေမေ့ရင်တွင်းစကားများ (သန့်ရှင်း-ကိုးမြေ) - ၃၀၀၀ ကျပ်။
၉။ တံလျှပ်များ - ၁၅၀၀၀ကျပ်။
၁၀။ တိမ်ပန်းချီ - ၁၀၀၀၀ကျပ်။

Total - ၄၉၅၀၀ကျပ်။

Family Books📚

02 Jan, 13:14


အခုရောက်နေတဲ့အချိန်ကနေ
ဘဝရဲ့ကုန်ခဲ့တဲ့အချိန်တွေကို
နောက်ပြန်လှည့်ကြည့်တဲ့အခါ
ကိုယ့်ကိုယ်ကိုယ် ကြွေနေဖို့လိုတယ်။
ကိုယ့်ကိုယ်ကိုယ်ကြွေအောင် ကြိုးစားပါ။
ကိုယ့် Crushက ကိုယ်ပဲဖြစ်ပါစေ။

▪တန်ဖိုး
▪မိုင်မိုင်း (နမ့်စန်)

Family Books📚

28 Dec, 12:59


သင့်စိတ်ကိုအေးချမ်းစေမယ့်စာအုပ်များ

Family Books📚

28 Dec, 11:18


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသရဲ့ အမှာစာ၊ ဆရာချစ်ဦီးညိုရဲ့ အမှာစာများနှင့် "လူမှုအကျိုးပြုဗုဒ္ဓဘာသာ "
----------------------------------
“ပြည်သူအပေါ် ဗုံးတွေ ကျလာတဲ့အခါ
ဘုန်းကြီးတို့အနေနဲ့ တရားထိုင်တဲ့ခန်းမထဲမှာပဲ
တစ်ချိန်လုံး နေနေလို့ မဖြစ်တော့ဘူးလေ။
တရားထိုင်တယ်၊ တရားရှုမှတ်တယ်ဆိုတာ
ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ၊ ကိုယ့်ရဲ့စိတ်ထဲ၊
ခံစားချက်ထဲမှာ ဖြစ်ပျက်နေတဲ့
ရုပ်သဘာဝ၊ နာမ်သဘာဝတွေကို
သိရှိအောင် လုပ်တာပဲ မဟုတ်ဘူး၊
ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့
အရာတွေ အားလုံးကိုလည်း
သိရှိအောင် လုပ်ရတာပဲ”
(ဆရာတော် သစ်ညက်ဟန်)

“အကြမ်းမဖက်ခြင်း၊ မတရားမှု မလုပ်ခြင်း
ဆိုတာ ဘာမှမလုပ်ခြင်း၊ မကျူးလွန်ခြင်း
(non-action)ကို ဆိုလိုတာ မဟုတ်ဘူး။
မတရားမှုတစ်ခုခုကို ကိုယ့်ရဲ့ရှေ့မှာ
တွေ့မြင်နေပါရဲ့နဲ့
တားဆီးဖို့ မကြိုးစားဘူးဆိုရင်၊
ငါနဲ့ မဆိုင်ဘူးဆိုပြီး ရပ်ကြည့်နေမယ်ဆိုရင်
ဒါဟာ အကြမ်းဖက်ခြင်းပဲ၊
မတရားမှုကို ကျူးလွန်ခြင်းပဲ ဖြစ်တယ်။
ဘာ့ကြောင့်လည်းဆိုတော့
မေတ္တာနဲ့ ကရုဏာ ခေါင်းပါးလို့ပဲ”
(ဆရာကြီး ဆူလက်)

▪တန်ဖိုး - ၁၇၀၀၀ကျပ်

Family Books📚

28 Dec, 10:24


နှစ်အသစ်ကို စာအုပ်အသစ်တွေကြိုနိုင်ဖို့ စာအုပ်တွေ အထူးလျှော့စျေးနဲ့ ဝယ်ယူနိုင်ပါပြီ 😊

မြန်မာပြည်က သက်တမ်းရင့် နာမည်ကျော် စိတ်ကူးချိုချိုစာအုပ်တိုက်ထုတ်စာအုပ်များကို 29/12/24နေ့မှ 8/1/2025နေ့အထိ 20%အထူးလျော့စျေးနဲ့ ဝယ်ယူနိုင်ပါပြီ။

လျှော့ဈေးဖြင့် ရရှိနိုင်မည့် စာအုပ်စာရင်း အပြည့်အစုံကို အောက်ပါ Link ကနေ ၀င်ရောက်ကြည့်ရှူနိုင်ပါတယ်။

https://drive.google.com/file/d/10fEVpz-ji6lhDpYYwVY3WemKhkjenr2t/view?usp=drive_link&fbclid=IwZXh0bgNhZW0CMTEAAR2bjurdG9gkeIcffLcWbgsJMIXCIPT4Y7y_9qWH6wTZgpjWuEuWNmkk0TM_aem_cF1liKDH09YvC3YVzQ_mqg

Page ကနေ ဝယ်လို့ရသလို ဆိုင်ကို ကိုယ်တိုင်လာဝယ်သူများကလည်း 20% လျှော့စျေးနဲ့ ဝယ်လို့ရမှာဖြစ်ပါတယ်။ မန္တလေးမြို့မှာ စိတ်ကူးချိုချိုစာအုပ်ဆိုင်ခွဲရှိလို့ အဲ့ဒီမှာ သွားဝယ်လို့လည်းရသလို Family မှာလည်း လာဝယ်လို့ရပါတယ်။

🏦ဆိုင်လိပ်စာ...
Family Books
၈၈လမ်း ၃၆လမ်းထောင့်
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့
09 - 454740450

#စာအုပ်တွေဟာမိသားစုပမာ

Family Books📚

27 Dec, 07:05


❝ ဘုရားရှင်အကြောင်းသိချင်ရင် ဒီစာအုပ်တွေ ဖတ်သင့်တယ်❞

"ဇိနတ်ထပကာသနီ"ဆိုတာက
ဘုရားရှင်ရဲ့အထ္ထုပ္ပတ္တိပါ။
ဘုရားဖြစ်မယ့်ဘဝရဲ့ မွေးဖွားချိန်ကနေ
သေဆုံးတဲ့အထိ (ပရိနိဗ္ဗာန်စံသည့်အထိ)
ဘဝဖြစ်စဉ်တွေ ပါဝင်‌ပါတယ် ။
ဘုရားရှင်ရဲ့ အတ္ထုပ္ပတ္တိကို
စာရေးသူ အမျိုးမျိုးက
ပုံစံအမျိုးမျိုး ရေးကြပါတယ် ။
တချို့စာအုပ်က ကျဉ်းလွန်း၊
တချို့စာအုပ်က ကျယ်လွန်း ဖြစ်ပေမယ့်
ကျီးသဲလေးထပ် ဆရာတော်ကြီးရဲ့
ဒီ "ဇိနတ္ထပကာသနီ" စာအုပ်ကတော့
မကျဉ်းလွန်း ၊မကျယ်လွန်းတာမို့
စာဖတ်သူ အများစုက
ကြိုက်နှစ်သက်ကြပါတယ် ။
ဒါ့အပြင် စာအရေးအသားလဲ
ကောင်းလွန်းတာမို့ နာမည်ကျော်
ထင်ရှားတဲ့ ဘုရားရှင်ရဲ့အတ္ထုပ္ပတ္တိစာအုပ်ပါ ။

▪တန်ဖိုး - ၂၅၀၀၀ကျပ်
----------------------------------
"ဇာတ်တော်ကြီးဆယ်ဘွဲ့" ဆိုတာက
ဘုရားရှင်ရဲ့ဘုရားမဖြစ်ခင်
ဘဝ ဆယ်ခု အကြောင်းပါ ။
တေ ၊ဇ ၊သု ၊နေ ၊မ ၊ဘူ ၊စန် ၊နာ ၊
ဝိ ၊ဝေ ဆိုတဲ့ဘဝ ဆယ်ခု အကြောင်းပေါ့ ။
ဘုရားမဖြစ်ခင် နောက်ဆုံး ဘဝ
ဆယ်ခု အကြောင်းမို့
တခြားဘဝ‌တွေထက်
ဉာဏ်ပညာ ၊ဝိီရီယ ၊စေတနာ
ကဲလွန်သာမောက်နေတာမို့
စိတ်ဝင်စားစရာ ကောင်းလှပါတယ် ။

▪တန်ဖိုး - ၂၂၀၀၀ ကျပ်

Family Books📚

27 Dec, 06:04


"သန်မာတဲ့အမျိုးသမီး"(Strong Woman) ဉာဏ

💥 ဒီစာအုပ်ဟာ အမျိုးသမီးတွေအတွက် စိတ်လွတ်မြောက်မှု၊ စိတ်အားထက်သန်မှု၊ ကြိုးစားအားထုတ်လိုမှု၊ မိမိကိုယ်မိမိ ချစ်ခင်တန်ဖိုးထား ကျေနပ်မှုတွေကို သိရှိနားလည်ပြီး ဘ၀ရဲ့အရသာ ပျော်ရွှင်မှုတွေကို ခံစားနိုင်ဖို့ လမ်းညွှန်ပေးတဲ့ စာအုပ်တစ်အုပ်ဖြစ်တာကြောင့် မိမိရဲ့ဘ၀ကို ပြောင်းလဲဖို့ ရှာဖွေနေသူတိုင်းအတွက် ဖတ်ရှူသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

"မိန်းမသားတွေ အားနည်းတယ်၊ ပျော့ညံ့တယ်" ဆိုတဲ့ အမြင်တွေကြားထဲမှာ မိမိရဲ့ခွန်အားကို ပြန်လည်ရှာဖွေတွေ့ရှိစေမယ့် စာအုပ်တစ်အုပ်ဆိုလည်း မမှားပါဘူး"💥📖

◾ဉာဏရဲ့လေးအုပ်မြောက်စာအုပ်ဖြစ်တဲ့ "သန်မာတဲ့အမျိုးသမီး" စာအုပ်ဟာ ပေါ်ပင်အကြောင်းအရာတွေကို စုစည်းထားတာမျိုး မဟုတ်ဘဲ၊ တကယ့်ကို ကျမ်းငယ်တစ်စောင်လို တည်တည်တံ့တံ့ ခန့်ခန့်ညားညား ထွက်လာတာ ဖြစ်ပါတယ်။ သန်မာတဲ့အမျိုးသမီးတစ်ဦးဖြစ်ဖို့အတွက် လိုအပ်တဲ့စွမ်းရည်တွေ၊ စိတ်ဓာတ်တွေကို တစိတ်တပိုင်းချင်းစီ ခိုင်မာစွာ ဖော်ထုတ်ထားတဲ့ စာအုပ်တစ်အုပ်ပါပဲ။

🔥"ဆရာမမွန်ဟော်စီ၏ အမှာစာမှ"

ဒီစာအုပ်မှာ အမျိုးသမီးတွေအတွက် ဘ၀ရဲ့အကောင်းဆုံးပုံစံကို ရောက်နိုင်ဖို့ ပရော်ဖက်ရှင်နယ်ဘ၀ကနေ ကိုယ်ပိုင်ဘ၀အထိ အားလုံးကို ပေါင်းစပ်ဖော်ပြပေးထားပါတယ်။

အဓိကအခန်းကဏ္ဍတွေက -
💛𝟏. 𝐖𝐨𝐦𝐞𝐧 𝐢𝐧 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐋𝐢𝐟𝐞

လုပ်ငန်းခွင်မှာ ပရော်ဖက်ရှယ်နယ် အမျိုးသမီးတစ်ယောက်ရဲ့အခန်းကဏ္ဍ၊ အလုပ်အကိုင်ကဏ္ဍအတွက် အောင်မြင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ၊ ပေါင်းသင်းဆက်ဆံရေး အစွမ်းတွေ၊ အသိပညာနဲ့ လုပ်ဆောင်မှုတွေကို ပေါင်းစည်းပြီး ကိုယ်ပိုင်ငွေကြေးလွတ်လပ်မှု Financial Freedom
ရရှိစေဖို့ အထောက်အကူပြုထားတဲ့ စာစုတွေ ပါဝင်ပါတယ်။

💛𝟐. 𝐖𝐨𝐦𝐞𝐧'𝐬 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐋𝐢𝐯𝐞𝐬

မိမိရဲ့ကိုယ်ပိုင်ဘ၀မှာ စိတ်ချမ်းသာမှု တည်ဆောက်နိုင်ဖို့၊ အချစ်ရေး၊ မိသားစုဆက်ဆံရေးတွေကို တည်ငြိမ်ပြီး ပျော်ရွှင်စေဖို့ ရည်ရွယ် ရေးသားထားတဲ့စာစုတွေ ပါဝင်ပါတယ်။

💛𝟑. 𝐖𝐡𝐨𝐥𝐞𝐡𝐞𝐚𝐫𝐭𝐞𝐝 𝐖𝐨𝐦𝐞𝐧

မိမိဖြစ်တည်မှုအတိုင်း စစ်စစ်မှန်မှန်နေထိုင်မှု (Authenticity)၊ အားနည်းချက်တွေကို လက်ခံပြီး ရင်ဆိုင်နိုင်မှု (Vulnerability)၊ လောကဓံကို ကြံ့ကြံ့ခံနိုင်မှု (Resilience) နဲ့ ရဲစွမ်းသတ္တိရှိမှု (Courage) တို့ကို အခြေခံကာ လက်တွေ့ဘဝမှာ အောင်မြင်ဖို့ လမ်းပြထားတဲ့စာစုတွေ ပါဝင်ပါတယ်။ 💥

▪တန်ဖိုး - ၁၂၀၀၀ကျပ်
▪photo - ကိုလတ်စာပေ

Family Books📚

23 Dec, 12:17


“အများနည်းတူ ဖြစ်ရတာပဲ။ အများနဲ့အတူတူ ဖြစ်ရတာပဲ။ ကျွန်တော်တို့လူမျိုး တွေဟာ တစ်ခုခုကို ခေါင်းငုံ့လည်စင်းခံရတော့မယ်ဆိုရင် အဲဒီစကားကို (အနာအကျင် သက်သာစေဖို့ ထုံဆေးသုံးသလို) ရေရွတ်တတ်ကြတယ်”

ဒီတစ်ခါ စာရေးဆရာ မင်းခိုက်စိုးစန်ရဲ့ ရသမြောက်စွာ ရေးသားထားတဲ့ လုံးချင်းဝတ္ထုတစ်ပုဒ်ကို ဖတ်ကြည့်ကြဖို့ ညွှန်းပါမယ်....#သေမင်းနိုင်ငံမှာသုံးတဲ့ပိုက်ဆံ လို့ အမည်ရပါတယ်။

၁၉၇၆-၇၈ ခုနှစ်ဝန်းကျင်လောက်မှာ စာရေးသူ နေထိုင်ကျင်လည်ခဲ့ဖူးတဲ့ ရပ်ကွက်နေ လူ့အဖွဲအစည်းလေးတစ်ခုရဲ့ ချစ်စရာအလွဲလေးတွေနဲ့ ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်ဆိုးတွေကို မီးမောင်းထိုး ရေးပြထားတဲ့ ဇာတ်လမ်းပါ။

စာရေးသူက စာရေးဆရာ Arthur Bloch ရဲ့ ထပ်တူကျ အမှားများအကြောင်းကို ဇာတ်လမ်းအစမှာ ရှင်းပြထားပြီး ဒီစာအုပ်ထဲက ဇာတ်ကောင်တွေရဲ့ ထပ်တူကျ ဖြစ်ဖြစ်သွားတတ်တဲ့ အလွဲလေးတွေကို ရယ်စရာ အသောကလေးနဲ့ ဖွဲ့နွဲ့‌ရေး
သားထားတော့ စိတ်ထဲ ဟာသဝတ္ထုလို့တောင် ထင်လိုက်မိသေးတယ်။

၁၉၇၈၊ စက်တင်ဘာလ ၅ ရက်နေ့မှာ ‘ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်’ ဆိုပြီး ၂၅ ကျပ်၊ ၃၅ ကျပ်နဲ့ ၇၅ ကျပ်တန်တို့ကို တရားမဝင် ငွေစက္ကူတွေလို့ ရေဒီယိုက ကြေညာလိုက်တဲ့အချိန် သူတို့ရပ်ကွက်လေးထဲက အခြေခံလူတန်းစားတွေ ဘယ်လို ဒုက္ခရောက်ကြပုံ၊ သတင်းစာတွေထဲမှာတော့ ဆိုရှယ်လစ်စီးပွားရေးစနစ် အောင်မြင်နေတယ်လို့ ရေးနေပြီး လက်တွေ့မှာ ပြည်သူတွေ ဘယ်လောက်ထိ ဆင်းရဲမွဲတေနေကြရပုံ၊ အနှစ်နှစ်အလလ စုဆောင်းထားခဲ့ရတဲ့ ပိုက်ဆံလေးတွေ အမှိုက်ခြောက်သဖွယ် ဖြစ်သွားတော့ နှလုံးထိခိုက်ပြီး ဘယ်လို သေဆုံးရပုံ စတဲ့ ကြေကွဲဝမ်းနည်းစရာ၊ရင်နာစရာတွေကို နောက်ပိုင်းမှာ ဆက်ဖတ်ရလိမ့်မယ်။

စာဖတ်သူ ကျမအတွက်ကတော့ ရယ်ပြီး ငိုခဲ့ရတဲ့စာအုပ်ပါ။

လက်ရှိကာလနဲ့ မတူညီတဲ့ အဲဒီဘက် (မဆလ)ခေတ်က အခြေအနေတွေ၊ အခြေခံလူတန်းစားတို့ရဲ့ စရိုက်နဲ့ ရှင်သန်မှုဘဝတွေကို ကရုဏာသက်စွာ၊ စာနာနားလည်စွာနဲ့ ခံစားဖတ်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ...

▪Shwe_Hpoo_Khin

▪တန်ဖိုး - ၆၅၀၀ကျပ်

#သေမင်းနိုင်ငံမှာသုံးတဲ့ပိုက်ဆံ
#မင်းခိုက်စိုးစန်

Family Books📚

23 Dec, 11:16


စိတ်အားငယ်တတ်သူလေးတွေဖတ်ဖို့
ဆရာမ နိုင်းနိုင်းစနေရဲ့ စာအုပ်များ

Family Books📚

21 Nov, 10:44


ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏ မှတ်သားဖွယ်ရာ စာအုပ်ကောင်းများကိုစုံစုံလင်လင် မှာယူလို့ရပါပြီ ⭐⭐⭐

🌼ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ
အမှတ်(၁)မှ အမှတ် (၆)အထိ - ၃၀၀၀၀ကျပ်။

🌼 ဓမ္မပန်းချီ
အမှတ် (၁)မှ အမှတ်(၆)အထိ - ၃၀၀၀၀ကျပ်။

🌼 သတ္တဝါအစဖြစ်ပုံ - ၅၅၀၀ကျပ်။
လူဆိုသည်မှာ - ၅၅၀၀ကျပ်။
ဘဝချမ်းသာဟူသည် - ၅၅၀၀ကျပ်။
မိဘဟူသည် - ၅၅၀၀ကျပ်။
သက္ကာယဒိဋ္ဌိဟူသည် - ၅၅၀၀ကျပ်။

🌼ထွက်မြောက်ခြင်းဟူသည် - ၄၀၀၀ကျပ်။
ကာမဟူသည် - ၄၀၀၀ကျပ်။
ဒါနဟူသည် - ၄၀၀၀ကျပ်။

🌼နိဗ္ဗာန်လမ်းအစ - ၂၀၀၀ကျပ်။
လင်မယားဟူသည် - ၂၀၀၀ကျပ်။

🌼ရဟန်းဟူသည် - ၁၂၀၀ကျပ်။
မိဘဟူသည် - ၁၂၀၀ကျပ်။
သားသမီးဟူသည် - ၁၂၀၀ကျပ်။
ဆရာတပည့်ဟူသည် - ၁၂၀၀ကျပ်။

၂၆အုပ်တစ်စုံလျှင်
(၁၀၈၀၀၀)ကျပ်ဖြင့် ပူဇော်နိုင်ပါပြီ ⭐

Family Books📚

20 Nov, 13:21


သိမ်ငယ်စေတာဟာ အချစ်မဟုတ်ဘူး ။
မရေရာတဲ့ ခံစားချက်တွေ ရနေရင်လည်း
အချစ်မဟုတ်ဘူး။

အချိန်မရွေး လက်ကို လွှတ်ချသွားနိုင်တယ်လို့
ထင်ရင်လည်း အချစ်မဟုတ်ဘူး။
အချစ်ဆိုတာ လောကဓံတွေ ကြမ်းလည်း
ဒီလက်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး
ကိုယ့်ရဲ့ အကောင်းဆုံးတွေကို ပေးချင်ပြီး
အိမ်လို ဖြစ်တည်မှုမျိုးလေး။

ဘယ်လောက်ပဲ လောကဓံက မုန်တိုင်းတွေ ထန် ထန်
ဒီအိမ်ကလေးထဲမှာ ရှိနေရရင် လုံခြုံတယ်ဆိုတဲ့
စိတ်ကလေး ရနေမှ အချစ်။

#Nayvel

#အချစ်ဟာအိမ်

⭐စာအုပ်တန်ဖိုး - ၈၅၀၀ကျပ်။

Family Books📚

20 Nov, 07:27


#ဩဇာအာဏာလက်စွဲကိုင်ထားနိုင်မျိုးကိုမှဘဝပန်းတိုင်အဖြစ်ရည်ရွယ်ထားရင်
ဒီလက်စွဲစာအုပ်မျိုးက ကိုယ်နဲ့အတူရှိနေသင့်တယ်။

(နယူးယောက်တိုင်းမ် မဂ္ဂဇင်း)

တွေ့ဖူးနေကျ မြင်ဖူးနေကျ သိဖူးပြီးသားတွေနဲ့ လုံး၀ မတူဘဲ ပညာသားပါသလို ထိထိမိမိရှိလှပြီး မှတ်သားလောက်ဖွယ် အချက်အလက်ကျကျ လမ်းညွှန်ချက်တွေနဲ့ ပေါင်းစပ်ပြုစုထားတဲ့ စာအုပ်ဖြစ်ပါတယ်။ နှစ်သုံးထောင်စာ အတိတ်သမိုင်းထဲက လက်တွေ့ ဘ၀သင်ခန်းစာတွေကို အခြေခံထားပြီး ၄၈ ရပ်သော အာဏာစက်နည်းဥပဒေသတွေနဲ့ စနစ်တကျ ထုတ်နုတ်တင်ပြ ဆွေးနွေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။

စာအုပ်ပါ အကြောင်းအရာတိုင်းက တစ်ကြိမ်တစ်ခါ ဖတ်ဖူးရင်ပဲ စိတ်ထဲစွဲမြဲစေနိုင်မယ့်အပြင်၊ တွေးခေါ်စဉ်းစားပုံ လက်ခံကျင့်သုံးပုံ ယူဆတွေးမြင်ပုံတွေကို ပြုပြင်ပြောင်းလဲသွားစေနိုင်မယ့် စာအုပ်ဖြစ်ပါတယ်။ မာခီယာဗဲ့လီ၊ ဆွန်ဇူးနဲ့ ကားလ်ဗွန်ခလော့ဇွစ် စတဲ့ ခေတ်ဟောင်း ဂန္ထဝင် အတွေးအခေါ်ပညာရှင်ကြီးတွေရဲ့ အတွေးအခေါ်တွေကို ခေတ်ပြိုင်တွေးခေါ် ဆန်းသစ်မှုတွေနဲ့ ယှဉ်ပြီး အကျယ်တဝင့် ဆွေးနွေးပေးထားတဲ့ အာဏာစက်ဆိုင်ရာ လမ်းညွှန် သုတေသနကျမ်းဝင် လက်ရာမွန် စာအုပ်မျိုး ဖြစ်ပါတယ်။

လက်တွေ့ဘ၀မှာ ထိတွေ့ရင်ဆိုင်သွားကြရမယ့် အခက်အခဲ စိန်ခေါ်မှုတွေအတွက် အသင့်တော်ဆုံးသော ဖြတ်လမ်းကောင်းတွေ အပြင်၊ မလွဲမသွေ တိုက်ခိုက်သွားရမယ့် ဘ၀တိုက်ပွဲအတွက် အထိရောက်ဆုံးသော ဘ၀လမ်းညွှန် မဟာဗျူဟာတွေကို အားပါးတရကြီး လေ့လာကျင့်သုံးခွင့်ရစေမယ့် စာအုပ်ဖြစ်ပါတယ်။

စိုးမိုးခြယ်လှယ်ချင်လို့ပဲဖြစ်ဖြစ်၊ ခုခံကာကွယ်သွားဖို့ပဲ ဖြစ်ဖြစ် ရုန်းကန်ရှင်သန်နေသမျှ ကာလပတ်လုံး 'အာဏာစက်နည်းဥပဒေ ၄၈ ရပ်' စာအုပ်က ဘ၀အပေါ် လက်တွေ့ကျတဲ့ အကျိုးပြုမှုတွေနဲ့ အဘက်ဘက်ကနေ အထောက်အကူပြုစေမှာ အသေအချာပါ။

အုပ်ရေသန်းချီရောင်းချနိုင်ခဲ့ပြီးဖြစ်တဲ့ နိုင်ငံတကာအရောင်းရဆုံးစာရင်းဝင်စာအုပ် 𝑻𝒉𝒆 48 𝑳𝒂𝒘𝒔 𝒐𝒇 𝑷𝒐𝒘𝒆𝒓 𝒃𝒚 𝑹𝒐𝒃𝒆𝒓𝒕 𝑮𝒓𝒆𝒆𝒏𝒆 (Concise) ကို ဆရာမောရိသျှမှ ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

⭐စာအုပ်တန်ဖိုး - ၁၄၀၀၀ကျပ်။

Family Books📚

20 Nov, 05:50


ဓမ္မဗျူဟာဒေါ်ခင်လှတင့်၏ အဘိဓမ္မာ၊ ဋီကာကျော်၊
ဝိသုဒ္ဓိမဂ်ဆိုင်ရာ မှတ်စုနှင့် အမေးအဖြေစာအုပ်များ မှာယူလို့ရပါပြီ⭐

#အဘိဓမ္မာမှတ်စု
ပထမဆင့် - 3500
ဒုတိယဆင့် - 5000
တတိယဆင့် - 3500
ဇယား - 5000
ဆိုရိုး - 5000

#အဘိဓမ္မာအမေးအဖြေ
ပထမဆင့် သုံးအုပ် - 9000
ဒုတိယဆင့် သုံးအုပ် - 9000
တတိယဆင့် သုံးအုပ် - 9000

#ဋီကာကျော်မှတ်စု
ပထမဆင့် - 6000
ဒုတိယဆင့် - 5000
တတိယဆင့် - 5000

#ဋီကာကျော်မေးဖြေ သုံးအုပ် 18000

#ဝိသုဒ္ဓိမဂ်မှတ်စု
ပထမဆင့် - 10000
ဒုတိယဆင့် - 10000
တတိယဆင့် - 10000

#ဝိသုဒ္ဓိမဂ်မေးဖြေ သုံးအုပ် 18000

Family Books📚

19 Nov, 10:34


ဘယ်ကိုရောက်ရောက် စာဖတ်ရမှကျေနပ်တယ်

လူတိုင်း လူတိုင်းမှာ ကိုယ့်ဝါသနာနဲ့ကိုယ်ရှိပါတယ်။ ဘယ်ရောက်ရောက် ကိုယ်ဝါသနာပါတာကို မစွန့်လွှတ်နိုင်ပါဘူး။

စားတာသောက်တာ ဝါသနာပါသူက ဘယ်ရောက်ရောက် စားရသောက်ရမှ ကျေနပ်ပါတယ်။

ကတာခုန်တာ ဝါသနာပါသူက ဘယ်ရောက်ရောက် ကနေခုန်နေရမှ စိတ်ပျော်ပါတယ်။

အလှအပကြိုက်သူက ဘယ်ရောက်ရောက် လှလှပပ နေချင်ထိုင်ချင်ပါတယ်။

အဲ့လိုပါပဲ

စာဖတ်ဝါသနာပါသူတွေကလည်း ဘယ်နေရာရောက်ရောက် စာအုပ်ဖတ်လိုက်ရမှ ကျေနပ်ပျော်ရွှင်ပါတယ်။

မဟုတ်ရင် တစ်ခုခုလိုနေသလိုပါပဲ။
⭐⭐⭐⭐⭐⭐⭐⭐⭐⭐
ပုံထဲကစာအုပ်တွေကတော့ ပြည်ပရောက် ကိုရန်နိုင်ဝင်း အတွက် (တတိယအကြိမ်) ပို့ပေးရတဲ့စာအုပ်ကလေးတွေပါ။ စာအုပ်အားလုံး တန်ဖိုးက (၆၀၄၆၀၀)ကျပ်ပါ။

#စာအုပ်တွေဟာမိသားစုပမာ

Family Books📚

19 Nov, 06:41


Branding ဆိုတာ ?

ပုံရိပ်ကို တည်ဆောက်ရတာက အရမ်းအနုစိတ်သလို... လက်လည်း ဝင်ပါတယ်။ ကျွန်တော်တို့တွေက ပြည့်စုံမှုမရှိတဲ့လူသား တွေပဲ မဟုတ်လား? အရာအားလုံးမှာ အမြဲတစေ မှန်ကန်ကောင်းမွန် မနေနိုင်ဘူး။ အမှားတွေ၊ ပြစ်ချက်တွေ လုပ်မိနေတာကိုက လူပီသနေတာ လို့ ပြောရင်ရတယ်။ လူတိုင်းက ကိုယ့်နာမည် ကြားလိုက်တာနဲ့ ဒီလူက အရမ်းတော်တဲ့သူ၊ အရမ်းလေးစားဖို့ကောင်းတဲ့သူ ဆိုတာမျိုး ပဲ... ကိုယ့်ကို မြင်စေချင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့သိတဲ့ ကမ္ဘာကျော်လူပုဂ္ဂိုလ်တွေ မဟုတ်လည်း local ထဲက ကိုယ်ကြိုက်တဲ့ တစ်ယောက်ယောက်ရဲ့ နာမည်ကို အခု စိတ်ထဲက တွေးကြည့်လိုက်။ သူ့ကိုတော့ အရမ်း လေးစားတယ်။ သူက အရမ်းမိုက်တယ်။ အဲ့ဒါက အရင်ပေါ်လာလိမ့်မယ်။ တစ်ဆက်တည်း နောက်မှ “ဒါပေမဲ့ သူကနည်းနည်းတော့ အရပ်ပုတယ်”၊ “နည်းနည်းတော့ ကဲတယ်”၊ “အကြွား သန်တယ်”၊ “ပညာအရည်အချင်း အရမ်းမကောင်းဘူး”၊ “အဲ့ဒီ အချက်ကြီးကိုတော့ မကြိုက်ဘူး” စတဲ့ အပြစ်ပြောစရာ လေးတွေတော့ လည်း တွဲတွဲပြီး ရှိနေတတ်တယ်။ လူသားတွေရဲ့ သဘာဝအရကိုက တခြားသူကိုမပြောနဲ့ …. ကိုယ့်ကိုယ်ကိုယ်တောင် အကုန်ကောင်းပြီး အရမ်းကြိုက်တယ်ဆိုတာမျိုး မရှိဘူး။ တခြားတစ်ယောက်ကို ၁ဝဝ% ဘယ်လိုမှကို ကြိုက်လို့မရဘူး. . . နည်းနည်းလေးတော့ ဒါလေးတွေ တော့ မကောင်းပေမယ့် အဆင်ပြေပါတယ် ဆိုတဲ့အနေအထားနဲ့ပဲ တခြားသူတွေရဲ့ ကောင်းကွက် လေးတွေကို ရွေးပြီး admire ဖြစ်ကြရတာ။

အဲ့ဒီတော့ ကိုယ့်ရဲ့ပုံရိပ်ကို လူတွေကြား တည်ဆောက်ရတော့ မယ်ဆို အကုန်ကောင်းတယ်ဆိုတာမျိုးဖြစ်အောင် လုပ်လို့ရမှာ မဟုတ်ဘူး။ လိုအပ်ချက်တွေထဲကပဲ ကောင်းမွန်တဲ့လူတစ်ယောက် ဆိုတာလောက် လက်ခံကြရင်ကို အဆင်ပြေတယ်။

⭐စာအုပ်တန်ဖိုး - ၂၄၅၀၀ကျပ်။

#jimmy
#တစ်ကောင်တည်းပဲ

Family Books📚

19 Nov, 06:33


လှရက်လိုက်တာ လှလွန်းပိုလေးတွေရယ်😍

အဓိပတိလမ်းမထက်က မောင့်ခြေရာစာအုပ်ကလေးတွေ ရပါပြီ 🌸

gift+box+စာအုပ် = ၂၉၀၀၀ကျပ်ပါ။

(စာအုပ်ဝယ်တာနဲ့ giftကော
box ကော ရမှာနော်😊)

Family Books📚

18 Nov, 09:17


ဒေါက်တာဖြိုးသီဟရဲ့ "ပျော်ရွှင်ပါစေ" စာအုပ်ကလေးက
🌼🌼🌼🌼🌼🌼🌼🌼
ခဏခဏဖတ်နေဖို့ကောင်းတဲ့ စာအုပ်။
လောကသဘာဝအရပဲဖြစ်ဖြစ်၊ လူတွေရဲ့စိတ်ခံစားချက်ကြောင့်ပဲဖြစ်ဖြစ်၊ ဆင်းရဲချမ်းသာမရွေး လူတိုင်းလိုချင်တာ၊ လိုအပ်တာ ပျော်ရွှင်ဖို့ပါပဲ။
ပျော်ရွှင်ဖို့ လူတိုင်းမျှော်လင့်ကြပေမယ့် လူတိုင်းတော့ ပျော်မနေကြဘူး။
ဘာလို့ဆို ကိုယ့်ရဲ့ပျော်ရွှင်မှုကို တခြားအရာတွေဆီမှာ ရှာဖွေနေမိကြလို့ပါပဲ။
ဒီအချက်က လူတိုင်းနီးပါး သိပေမယ့် သတိမထားမိဘဲ ပြုမူနေကြတယ်။

ကိုယ့်ကိုတိုင် တည်ဆောက်ယူရမယ့် ပျော်ရွှင်မှုတွေကို တခြားမှာရှာဖွေမိနေရင် တကယ့်ပျော်ရွှင်မှုအစစ်အမှန်ကို ရနိုင်မှာ မဟုတ်ပါဘူးတဲ့။

ဒီစာအုပ်က ဘဝအတွက် ပျော်ရွှင်မှု၊ အေးချမ်းမှုတွေ ရစေဖို့ ရိုးရိုးလေးပဲပြောပြထားတာ​၊ ရသစာပေတွေဖတ်ဖို့ အစွမ်းကုန်တိုက်တွန်းထားတာကလွဲရင် ဘာတစ်ခုမှ အတင်းအကျပ်လုပ်ဖို့ ပြောထားတာတွေမပါဘူး။
ဘယ်လိုအရာတွေက ပျော်ရွှင်မှုအစစ်ဖြစ်တယ်ဆိုတာ ရိုးရိုးလေးပဲရေးထားတာမို့ သတိယတိုင်း ဖတ်နေလို့ရတဲ့ စာအုပ်လေး။

#မှတ်ချက်
ပုံမှန်စာအုပ်တွေလို ရသပိုင်းတွေအများကြီး ပါတဲ့ စာအုပ်မျိုး မဟုတ်ပေမယ့် ဒီနေ့ခေတ်လူနေမှုပုံစံတွေရယ်၊ လူငယ်တွေအတွက်ရယ်တော့ တကယ်ကို ဖတ်ကြည့်သင့်တဲ့ စာအုပ်တစ်အုပ်လို့ပဲ ပြောချင်ပါတယ်။

✍ K Thwe Moe

ဒေါက်တာဖြိုးသီဟရဲ့ "ပျော်ရွှင်ပါစေ " စာအုပ်ကလေးနဲ့အတူ အခြားစာအုပ်များကို တစုတည်း မှာလို့ရပါပြီ။

၅အုပ် တစ်စုံကို (၅၄၀၀၀)ကျပ်သာ
ကျသင့်ပါမယ်နော်။

Family Books📚

18 Nov, 06:14


အကြီးအကျယ် ‘အသိအမှတ်ပြုခံလိုမှု' ဖြစ်သည်။ သူများထက် ခေါင်းတစ်လုံး ပိုမြင့်ချင်သည်။ အကြမ်းဖက်မှုနှင့် အာဏာရှင်စနစ်သို့ ဦးတည်နိုင်သည်။ ဒီမိုကရေစီကို စိန်ခေါ်နိုင်သည်။

🔹‘အမှတ်အသား အခြေခံစဉ်းစားနည်း' မှ အဆုံးမသတ်သေးမီမှာပင် ‘အမှတ်အသားလွန်’ (Post -identity) ဆိုသော ဝေါဟာရပေါ်လာပြန်သည်။ ‘အမှတ်အသား’ ထက် အရေးကြီးတာတွေ ရှိလာပြီဟုဆိုကြသည်။ ပထမဆုံး ‘အမျိုးသားရေးလွန်ခေတ်” (Post-nationaism era) ပေါ်လာသည်။ ပို့(စ)မော်ဒန် (မော်ဒန်လွန်)ကလည်း အမှတ်အသားကို တိုက်သည်။ တော်တော်များများကမူ ‘အမှတ် အသားလွန်’ ဆိုသည်ကို လက်မခံကြပါ။ ရုရှားနှင့် တရုတ်ပြည် အင်အားကြီးမားလာရာတွင် ‘ကွန်မြူ နစ်ဝါဒ' ကို မပြော။ သက်ဆိုင်ရာ ‘အမျိုးသားရေးဝါဒ’ ကိုသာ တွင်တွင်အော်ကြသည်။ ဒါလည်း “အ မှတ်အသားသရုပ်” တစ်မျိုးဟုဆိုကြသည်။

🔴တော်လှန်ခေတ်

🔴ဒီရက်ပိုင်းအတွင်း မိတ်ဆွေတစ်ယောက်၏ ကျေးဇူးဖြင့် စာအုပ်တစ်အုပ် ဖတ်ခွင့်ရလိုက်သည်။ ရေးသူမှာ အိန္ဒိယဇာတိ နာမည်ကြီး အမေရိကန်ဂျာနယ်လစ် ‘ဖာရိဇာခါရီရာ’ ဖြစ်သည်။ စာအုပ်အ မည်က မရိုးမဆန်း။ 'Age of Revolutions' ‘တော်လှန်ခေတ်’ ပေါ့။ ကျွန်တော်ငယ်ငယ်က ‘တော် လှန်ရေး’ တွေကို အားကျသည်။ “ငယ်ဘဝ အလွမ်းပြေ ဖတ်ရတာ ပေါ့။ 'Progress and Backlash from 1600 to the Present' ဆိုသော ဒုတိယခေါင်းစဉ်လည်း ပါသည်။ ‘၁၆ဝဝ ပြည့်မှ မျက်မှောက်ခေတ်ထိ တော်လှန်ရေးများမှပေးသော တိုးတက်မှုနှင့် တုံ့ပြန်မှုများ’ ဆိုပါတော့။ ယခု အသက် (၇၀) ကျော်လာတော့ တော်လှန်ရေးများ၏ “ကောင်းကျိုးဆိုးပြစ်” တွေကို ပိုစိတ်ဝင်စားလာသည်။ သို့ဖြင့် စိတ်ပင်တစား ဖတ်လိုက်မိသည်။

🔴တော်လှန်ရေးဆိုသည်နှင့် ကျွန်တော့်အတွက် အထိုက်အသင့် ယဉ်ပါးပြီးဖြစ်သော ‘ရုရှားအောက်တို ဘာတော်လှန်ရေး’ နှင့် ‘တရုတ်တော်လှန်ရေး’ တို့က ပေါ်လာသည်။ သို့တိုင် ဇာခါရီရာ၏စာအုပ်တွင် နှစ်ခုလုံးကို မတွေ့။ စာအုပ်က အပိုင်းနှစ်ပိုင်းခွဲထားသည်။ ပထမပိုင်းမှာ ‘အတိတ်မှ တော်လှန်ရေးများ’။ နယ်သာလန်၊ အင်္ဂလန်၊ ပြင်သစ်၊ စက်မှုဘရစ်တိန်နှင့် စက်မှုအမေရိကန်ပြည်ထောင်စုတို့သာ ပါသည်။ ဒုတိယပိုင်းမှာ နိုင်ငံအလိုက် မဟုတ်။ ဘောဂဗေဒ၊ တက္ခနိုလိုဂျီ၊ အမှတ်အသားသရုပ်နှင့် ပထဝီနိုင်ငံရေး။ ကျွန်တော့်စိတ်ထဲ ငယ်ချစ်ဟောင်းနှင့် ပြန်ဆုံကြမည်ထင်ထားသော်လည်း မတွေ့ရတော့ ဟာတာတာ။

🔴ကျမ်းရှင် ဇာခါရီရာကတော့ ယခုလိုရှင်းထားပါသည်။ ‘အချို့သော တော်လှန်ရေးများမှာ ကျွန်တော်ဆွေးနွေးခဲ့သော တော်လှန်ရေးများ၏ တိုက်ရိုက်စေ့ဆော်မှုဖြင့် ပေါ်ထွက်လာခြင်း’ ဖြစ်သည်။ ‘လီနင်’ ၏ ရုရှားတော်လှန်ရေးဆိုလျှင် ပြင်သစ်တော်လှန်ရေးကို အသိရှိရှိနှင့် ငှားယူလိုက်ခြင်းပင် ဖြစ်သည်။ ‘မော်’၏ တရုတ်တော်လှန်ရေးမှာလည်း အလားတူပင်ဖြစ်သည်။ ဤသို့ငှားယူဆောင်ရွက်ကြရာတွင် ပြင်သစ်တော်လှန်ရေး၏ မွှေနှောက်ဖျက်ဆီးနိုင်သော အကျိုးဆက်တွေပါ ပါလာသည်။ ကျွန်တော့်အနေနှင့် ကမ္ဘာတစ်ဝန်းမှ တော်လှန်ရေးအသီးသီးတွင် အချိန်မဖြုန်းတော့ဘဲ ပင်မဖြစ်သည့် အနောက်တိုင်းဇာတ်ကွက်ကိုသာ ရွေးချယ်လိုက်ပါသည်။ အဆိုပါအနောက်တိုင်း ဇာတ်ကွက်သည်သာ နေရာအနှံ့မှ နိုင်ငံရေးအပေါ် ရှည်ကြာစွာ အရိပ်ထိုးနေမည့် အဓိက ကျောရိုးဇာတ်လမ်းကြီး ဖြစ်နေသောကြောင့် ဖြစ်သည်။

🔴ကျွန်တော်ငယ်ငယ်က သိထားသည်နှင့် မတူသည့် နောက်တစ်ချက်မှာ ‘လက်နက်ကိုင်တိုက်ပွဲ” (Arm Struggle) ပင် ဖြစ်သည်။ ဇာခါရီရာက ညွှန်းဆိုထားသည်မှာ တော်လှန်ရေးအားလုံး၏ မိခင်မှာ ဘရစ်တိန် စက်မှုတော်လှန်ရေး”ဟု ဆိုပါသည်။ ထို့ထက် အမေရိကကို လက်ရှိအခြေအနေ ရောက်စေသည်မှာ အမေရိကန်တော်လှန်ရေးထက် အမေရိကန်စက်မှု တော်လှန်ရေးက အဓိကဟုဆိုပြန်သည်။ အားလုံးသိသည့်အတိုင်း စက်မှုတော်လှန်ရေးမှာ လက်နက်မပါ။ တက္ခနိုလိုဂျီသာ ပါသည်။ ပညာနှင့်တော်လှန်ရေးလုပ်ခြင်း ဖြစ်သည်။

🟣အမြင်သစ်

အမှန်စင်စစ် ဇာခါရီရာမှာ တော်လှန်ရေးများကို “အမြင်သစ်ဖြင့် ပြန်ဆန်းစစ်လေသလား စဉ်းစားမိသည်။ ဤစဉ်းစားချက်အတွက် တစ်ပိုင်းတစ်စ အထောက်အထားအချို့ကို သူ၏ “နိဒါန်း”မှာပင် တွေ့ ရသည်။ ယခုဘာသာပြန်သူ၏ အမှာစာတွင် ဤအထဲမှ အရေးကြီးလိမ့်မည်ဟု ယူဆရသော အချက်နှစ်ချက်လောက်ကို ထောက်ပြချင်ပါသည်။

⚫️တော်လှန်ရေး၏ အဓိပ္ပာယ်နှစ်မျိုး

‘တော်လှန်ရေး' (Revolution) ဆိုသော ဝေါဟာရကို ပထမဆုံး အသုံးပြုသည်မှာ ‘သိပ္ပံပညာ’ ဖြစ်သည်။ ပထမဆုံး အသုံးပြုခဲ့သူမှာနက္ခတ္တဗေဒပညာရှင် ‘နီကိုလပ် ကိုပါးနီးကပ်(စ)' ဖြစ်သည်။ ၁၅၄၃ ခုနှစ်တွင် ထုတ်ဝေသောသူ၏ ‘ကောင်းကင်ဘုံမှလာသော နယ်ပယ်များ၏တော်လှန်ရေး” (On the Revolutions of Heavenly Spheres) ဆိုသောကျမ်းတွင် သုံးခဲ့ခြင်းဖြစ်သည်။ သူသုံးသည့်အဓိပ္ပာယ်မှာ ‘အရာဝတ္ထုတစ်ခု၏ ပုံသေ တပ်ဆင်ထားသော ဝန်ရိုးတစ်ခု’ ကို ဗဟိုပြုပြီး တည်တည်ငြိမ်ငြိမ် လည် ပတ်နေသည့် ဖြစ်စဉ်ကို ရည်ညွှန်းသည်။ စကားလုံးက ဖော်ပြသည့်အညွှန်းမှာ ‘အစီစဉ်ကျမှု၊ တည်ငြိမ်မှု၊ ပုံစံကျမှုနှင့် အရာဝတ္ထုတို့၏ မူလအနေအထားသို့ အမြဲပြန်သွားသည့် လှုပ်ရှားမှု’ ဖြစ်သည်။ ဤသည်မှာ ‘တော်လှန်ရေး”၏ မူလပထမ အဓိပ္ပာယ်ပင် ဖြစ်ပါသည်။

Family Books📚

18 Nov, 06:14


ဆရာကျော်ဝင်း၏ စာအုပ်အသစ်
"တော်လှန်ခေတ်" ပထမတွဲ
---------------------------------
♦️ဘာသာပြန်သူ၏အမှာ♦️

🔴(ပြန်ကြည့်၊ မျှော်ကြည့်၊ ဆင်ခြင်ကြည့်)

🔶အိုင်ဒီအိုလိုဂျီ – ပို့(စ)အိုင်ဒီအိုလိုဂျီ

🔸ကမ္ဘာ့ရေးရာတို့ကို စဉ်းစားရာတွင် အဓိကရည် မှန်း ချက်ကိုကြည့်ပြီး သုံးမျိုးသုံးစား ခွဲခြားနိုင်သည်ဟု ဆိုကြသည်။ ‘အကျိုးစီးပွားအခြေခံစဉ်းစားနည်း ’(Interest-based Thinking)၊ ‘ပါဝါအခြေခံစဉ်းစားနည်း’(Power- based Thinking) နှင့် ‘အမှတ်အသား အခြေခံစဉ်းစားနည်း' (Identity- based Thinking) တို့ဖြစ်သည်။ ‘အကျိုးစီးပွား’’ဆိုရာတွင် နယ်မြေ၊ စီးပွားရေး၊ နိုင်ငံရေးသာမက သြဇာအာဏာအကျိုးစီးပွားပါ အကျုံးဝင်သည်။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်တို့ကို ‘အကျိုးစီးပွား အခြေခံစဉ်းစားနည်း’ ထဲ ထည့်တွက်လေ့ရှိကြသည်။

🔸ဒုတိယကမ္ဘာစစ်အပြီး စစ်အေးခေတ်ကြီးကိုမူ ဒုတိယအမျိုးအစား ‘ပါဝါ အခြေခံစဉ်းစားနည်း’ ထဲ ထည့်တွက်ကြသည်။ အာဏာရရေး ရည်ရွယ်ချက်ကို အခြေခံသော်လည်း မိမိလိုလားသူ၊ မိမိနှင့်နီးစပ်သူ (ပြောရလျှင်) မိမိနှင့် အိုင်ဒီအိုလိုဂျီတူညီသူကိုသာ အာဏာရစေချင်သည်။ သို့အတွက် ‘အိုင်ဒီအိုလိုဂျီအခြေခံစဉ်းစားနည်း' (Ideology-based Thinking) ဟုလည်း ခေါ်ကြသည်။ ကမ္ဘာ့နိုင်ငံရေးသာမက ပြည်တွင်းနိုင်ငံရေးတွင်လည်း အလားတူပင်ဖြစ်သည်။ ရွေးကောက်ပွဲများမှာဆိုလျှင် အိုင်ဒီအိုလိုဂျီဖြင့် မဲဆွယ်ကြသည်။ အဓိကယှဉ်ပြိုင်ကြသော အိုင်ဒီအိုလိုဂျီနှစ်ရပ်စီ မှာ ဒီမိုကရေစီနှင့် ဆိုရှယ်လစ်၊ ကွန်မြူနစ်တို့ဖြစ်သည်။ ဆိုခဲ့ပါ အိုင်ဒီအိုလိုဂျီခေတ်ကြီး၏ နောက်ထပ်ထူးခြားချက်မှာ မိမိမျှော်မှန်းရာ ရည်ရွယ်ချက်ကို “မုချအောင်ရမည်”ဟု မာန်သွင်းကြခြင်းဖြစ်သည်။‘အသေအချာခေတ်’ (Age of certainty) ဟု ခေါ်ကြသည်။

🔶သို့နှင့်တိုင် စစ်အေးတိုက်ပွဲအဆုံး ဆိုဗီယက်ယူနီယံ ပြိုကွဲသွားသည်နှင့် ဆိုခဲ့ပြီးသော အိုင်ဒီအိုလိုဂျီခေတ်ကြီး နိတ္ထိတံသွားသည်။ ‘အိုင်ဒီအိုလိုဂျီလွန်ခေတ်’ (Post- ideology era) ဟု ခေါ်ကြသည်။ ရွေးကောက်ပွဲများတွင် အိုင်ဒီအိုလိုဂျီအကြောင်း မပြောကြတော့။ မိမိဆောင်ရွက်မည့်အစီအစဉ်တွေကိုသာ လူထုကို တိုင်တည်ကြသည်။
Programmatic Party ဟု ခေါ် ကြသည်။ အချို့ကလည်း ‘ပို့ (စ) အိုင်ဒီအိုလိုဂျီခေတ်’ ဆိုသည်ကို လက် မခံ။ ‘အကြမ်းဖက်ဆန့်ကျင်ရေးတိုက်ပွဲ’ မှာ အိုင်ဒီအိုလိုဂျီတိုက်ပွဲဟု ဆိုကြသည်။

🔸မည်သည့်အိုင်ဒီအိုလိုဂျီမှ ထောက်ထောက်ခံခံ အားကိုးမရတော့သောအခါ သီအိုရီထက် လက်တွေ့ကို မျက်နှာမူလာကြသည်။ ‘လက်တွေ့ပဓာနဝါဒ ’ (Pragmatismဟုခေါ်သည်။ ဖြစ်ပျက်နေသော ဖြစ်စဉ်ဖြစ်ရပ်တွေမှာလည်း အလွန်တရာ ရှုပ်ထွေးခက်ခဲလာသည်။ ရှေ့ဘာဖြစ်မည်ကို ခန့်မှန်းဖို့မ လွယ်။ ယခင်ကလို “အသေအချာခေတ်”မဟုတ်တော့။ အိုင်ဒီအိုလိုဂျီဖြင့် ပုံသေကြည့်လို့မရတော့။ ‘ဧကန်မဲ့မှုခေတ်’ (Ageofuncertainty) ဟု ခေါ် ကြသည်။ သီအိုရီတွေ ပိုင်နိုင်ကျွမ်းကျင်ရုံနှင့် မရတော့။ လက်တွေ့ကို ရဲရဲ ကြည့်ဖို့ လိုလာသည်။ အစွဲတွေချွတ်ဖို့ လိုလာသည်။ ဆင်ခြင်နိုင်ဖို့က အဓိက ဖြစ်သည်။

🔵အိုင်ဒတတီ – ပို့(စ)အိုင်ဒတတီ

🔹တတိယစဉ်းစားနည်း ‘အမှတ်အသားအခြေခံစဉ်းစားနည်း' ကို ဆက်ပါမည်။ အိုင်ဒီအိုလိုဂျီတိုက်ပွဲပြီးသည်နှင့် ယဉ်ကျေးမှုချင်းတိုက်ပွဲ ပေါ်လာသည်။ “အကြမ်းဖက်မှု ဆန့်ကျင်ရေးတိုက်ပွဲ' အဖြစ် ထင်ရှားသည်။ (အချို့က ဤသည်ကို အိုင်ဒီအိုလိုဂျီနယ်ပယ်ထဲတွင် ရှိသည်ဟုဆိုသည်။) အကြမ်းဖက်မှု ဆန့်ကျင်ရေးတိုက်ပွဲ အရှိန်ကျသွားသည်နှင့် ‘အမှတ်အသား နိုင်ငံရေး'(Identity Politics) က ရှေ့ရောက်လာသည်။ အထူးသဖြင့် ပြည်တွင်းစစ်ဖြစ်နေသော နိုင်ငံများတွင် ကြည့်လိုက်လျှင် အိုင်ဒီအိုလိုဂျီ အချင်းများမှု ပြီးသလောက်ဖြစ်သွားသော်လည်း အမှတ်အသား နိုင်ငံရေးမှာ ပို၍ပင် အားကောင်းလာသည်။

🔹နိုဘယ်ဆုရ ဘောဂဗေဒပညာရှင် ‘အမတြာဆင်း’ က ‘အမှတ်အသား အသိစိတ်' နှင့်ပတ်သက်ပြီး ယခုလို ကောက်ချက်ချသည်။ အမှတ်အသား အသိစိတ်သည် တစ်ဖက်တွင် ‘ဂုဏ်ယူစရာ’ ဖြစ်နိုင်သလို အခြားတစ်ဖက်တွင်မူ ‘အခဲမကြေစိတ်’ လည်း ဖြစ်နိုင်သည်ဟုဆိုသည်။ အကောင်းဘက်က ကြည့်လျှင် အမှတ်အသားကိုအခြေခံပြီး ‘လူမှုအရင်း အနှီး’ (Social Capital) ဖြစ်နိုင်သည်။ အဆိုးဘက်က ကြည့်လျှင်ကား အမှတ်အသားကို ဗဟိုပြု၍ စစ်ပွဲတွေ ပေါ်နိုင်သည်ဟု ထောက်ပြသည်။ သို့ အတွက် အမှတ်အသားနိုင်ငံရေးကို ဆင် ခြင်တုံတရားနှင့် ကြည့်မြင်သင့်သည်ဟု အကြံပေးသည်။

🔹 ‘အမတြာဆင်း’ ပြောသော ‘အကောင်း’ နှင့် ‘အဆိုး’ ကို နာမည်ကျော် ‘ဖရန်စစ်ဖူကူယားမား’ ကမူ ‘အိုက်ဆိုသိုင်မီယာ’(Isothymia) နှင့် ‘မက်ဂလို သိုင်မီယာ’ (Megalothymia) ဟူ၍ နှစ်မျိုးခွဲပြသည်။ ဤစကားလုံးများမှာ ဂရိဝေါဟာရ (Thymos) မှ လာပါ သည်။ အဓိပ္ပာယ်မှာ ‘အသိအမှတ်ပြုခံလိုမှု ’(Recognition) ဖြစ်သည်။ အိုကိုသိုင်မီယာမှာ 'Equal Recognition' ဖြစ်သည်။ ‘တန်းတူညီမျှစွာ အသိအမှတ်ပြုခံလိုမှု” ဖြစ်သည်။ ‘ဆင်း’ ပြောသလို ‘လူမှုအရင်း’ ကို အကျိုးပြုသည်။ ဒီမိုကရေစီနှင့် သဟဇာတ မျှသည်။ ‘မက်ဂလိုသိုင်မီယာ’ မှာ 'Great Recognition' ဖြစ်သည်။

Family Books📚

18 Nov, 06:14


◼️ပထမအဓိပ္ပာယ်နှင့်သုံးပြီး ချက်ချင်းဆိုသလိုပင် နိုင်ငံရေးဘက်မှ အဆိုပါ ‘တော်လှန်ရေး’ ဆိုသည်ကို ယူသုံးသည်။ သို့တစေ ပထမအဓိပ္ပာယ်နှင့်မတူ။ ‘ရုတ်ချည်းသဘောဆောင်သော၊ အရင်းအမြစ်ကစ ပြောင်းလဲလိုသော၊ အခြေခံကျသည့် အပြောင်း အလဲတစ်ရပ်’ ဖြစ်သည်။ အဟောင်းကို ဖြိုချပြီး အသစ်တည်ဆောက်ရမည့် ဖြစ်စဉ်ဖြစ်သည်။ အဆိုပါလှုပ်ရှားမှုကြီးတွင် လူတွေမှာ မိမိတို့ မူလနေရာမှ ဝေးရာသို့ ရောက်သွားတော့သည်။ ဤအ တွက် ထင်သာမြင်သာသော ဥပမာမှာ ‘ပြင်သစ် တော်လှန်ရေး’ ပင် ဖြစ်သည်။ ဤသည်ပင် ယနေ့အသုံးများနေကြသော ‘တော်လှန်ရေး’ ဆိုသည်၏ ဒုတိယအဓိပ္ပာယ်ဖြစ်ပါသည်။

♦️‘လက်ဝဲ-လက်ယာ’ နှင့် ‘အဖွင့်’အပိတ်”

♦️၂ဝဝ၆ ခုနှစ်က ဗြိတိသျှဝန်ကြီးချုပ် ‘တိုနီဘလဲ’ အတတ်ဟောခဲ့သော သုံးသပ်ချက်တစ်ရပ်ရှိသည်။ ‘၂၁ ရာစုတွင် အစဉ်အလာ လက်ဝဲ- လက်ယာ အကွဲအပြဲမှာ တဖြည်းဖြည်း မှိန်ပျောက်သွားလိမ့်မည်’ ဟူ၍ ဖြစ် သည်။ အမှန်တကယ်လည်း သူပြောသလို မှိန်ပျောက်သလောက် ဖြစ်နေပါပြီ။ ‘လက်ဝဲ-လက်ယာ’ နေရာတွင် အစားဝင်လာသည်မှာ ‘အဖွင့်’ ‘အပိတ်’ ကွာဟချက်ဖြစ်သည်။ သို့တိုင် အဆိုပါ ‘အဖွင့်’ ‘အပိတ်’ မှာ ယခင်က ‘လက်ဝဲ ‘လက်ယာ’ နှင့်တစ်သားတည်း ဆက်စပ်နေလိမ့်မည်တော့မဟုတ်။ နိုင်ငံရေး တွင် ဆိုခဲ့ပါ ‘အဖွင့်’အပိတ် ကွာဟမှုတွေ ရောမွှေနေလိမ့်မည်ဟုဆိုပါသည်။

♦️‘ဈေးကွက်၊ ကုန်သွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ပဒေသာစုံဖြစ်မှု၊ အတားအဆီးမဲ့ လည်ပတ်နိုင်သော တက္ခနိုလိုဂျီ စသည်တို့ကို ဂုဏ်ပြုကြသူများကို ‘အဖွင့်သမား’ ဟု သတ်မှတ်သည်။”ဆိုခဲ့ပါအရာအားလုံးကို သံသယရှိပြီး ပိတ်ပစ်လိုသော၊ မပိတ်တောင် လျှော့ချလိုသော သို့မဟုတ် တားဆီး ပိတ်ပင်လိုသူတွေကို ‘အပိတ်သမား'ဟု သတ်မှတ်သည်။ ယခင်က လက်ဝဲဖြစ်စေ၊ လက်ယာဖြစ်စေ ‘အဖွင့်’နှင့် ‘အပိတ် ရောနေလိမ့်မည်ဟု ဆိုပါသည်။ ကျမ်းရှင် ဇာခါရီရာသည် ‘တော်လှန်ရေး’ ဆိုသည်ကို ပထမအဓိပ္ပာယ်နှင့် သုံးသလော/ ဒုတိယအဓိပ္ပာယ်နှင့် သုံးသလော။ အဖွင့်သမားလော၊ အပိတ်သမားလော။ စာဖတ်သူကိုယ်တိုင် ဆုံးဖြတ်ကြဖို့ဖြစ်ပါသည်။

သုံးခွန်းသောစကား
🔹🔹🔹🔹🔹🔹

♦️ယခုအမှာစာ၏ နိဂုံးအနေနှင့် စကားသုံးခွန်းကို ပြောချင်သည်။ ပထမစကားမှာ စာအုပ်ဈေးနှင့်ဆိုင်သည်။ ဒုတိယမှာ အင်္ဂလိပ်စာနှင့်ဆိုင် သည်။ တတိယမှာ ကျွန်တော်၏ အမြင်ဖြစ်သည်။

♦️၁။ စာအုပ်ဈေး

အစစအရာရာ ကုန်ဈေးနှုန်းတွေကြီးနေသည့် ကာလတွင် စာဖတ်သူတွေကို အားနာသည်။ ထုတ်ဝေသူတွေကို ကိုယ်ချင်းစာသည်။ ခက်သည် က စာမရေးဘဲလည်း မနေနိုင်၊ ရေးစရာတွေကလည်း အပြည့်ရှိနေသည်။ သို့ဖြင့် နှစ်အုပ်ခွဲထုတ်ဖို့ ဆုံးဖြတ်လိုက်ရသည်။ တစ်အုပ်တည်းဆိုလျှင် ဈေးနှုန်းက ခေါင်ခိုက်နေမည်ဖြစ်ရာ ‘ပထမတွဲ၊ ဒုတိယတွဲ’ ခွဲထွက်လျှင် အထိုက်အသင့် သက်သာလေမည်လား တွေးမိသည်။

ယခုပထမတွဲ (အတိတ်မှ တော်လှန်ရေးများ) ပြီးပြီဖြစ်ရာ ယခုအမှာစာကို ရေးနေသည်။ မကြာမီ ထွက်နိုင်မည်ထင်ပါသည်။ ဒုတိယတွဲ (ပစ္စုပ္ပန် တော်လှန်ရေးများ) ကို ဆက်ရေးနေပြီဖြစ်ရာ ရှေ့နှစ်၊ နှစ်ဆန်းလောက်တွင် ထွက်နိုင်လိမ့်မည် မျှော်လင့်ရသည်။ (ဤကား စီးပွားရေး ပြဿနာ)

♦️၂။ အင်္ဂလိပ်စာ

ဖတ်ရင်းဖတ်ရင်းကပင် အင်္ဂလိပ်စာမှာ ပိုပိုခက်လာသည်ဟု ထင်သည်။ အဓိပ္ပာယ်မသိသည့် စကားလုံးတွေ များသထက်များလာသည်။ အဘိဓာန်စာအုပ်တွေမှာ ‘နောက်ဆုံးထုတ်ပင်ဖြစ်စေ’ သုံးမရချင်တော့။ Google ကိုသာ အားကိုးနေရသည်မှာ ကြာတောင့်ကြာရှည်ရှိနေပြီ။ ယခု Google နှင့်ပင် အဆင်မပြေချင်တော့။ AI (ChatGPT) ရှိနေ၍သာ တော်တော့သည်။ (ဤကား တက္ခနိုလိုဂျီပြဿနာ။ အသက် (၇ဝ) ကျော်ပြီဆိုတော့ နည်းပညာကို အမှီလိုက်ဖို့ ခက်လာသည်။)

♦️၃။ အမြင်

နောက်ဆုံးအနေနှင့် ဤစာအုပ်ဖတ်ရင်း ပြောင်းလဲလာသော ကျွန်တော့်အမြင်ကို ပြောလိုသည်။ ကျွန်တော် လူငယ်ဘဝတွင် လက်ဝဲဝါဒ ခေတ်စားခဲ့သည်။ လူလတ်ပိုင်းရောက်တော့ လက်ဝဲဝါဒ ပြိုကျသွားသည်။ လက်ယာဝါဒ (ဒီမိုကရေစီ) ရှေ့ရောက်လာသည်။ ယခု လူအိုလူမင်းဘဝ ရောက်တော့ လက်ယာဝါဒ အက်သံပါလာသည်။ လက်ဝဲဝါဒ ပြန်အားသစ်လာသည်။ အိုင်ဒီယာတစ်ခု၊ အိုင်ဒီအိုလိုဂျီတစ်ရပ်၊ အယူအဆတစ်မျိုးကို ‘လုံးဝမှန်ပြီ’ ဟု မယုံကြည်အပ်သလို ‘လုံးဝမှားပြီ’ဟု ယတိပြတ် ကောက်ချက် မစောဖို့ လိုလိမ့်မည်ဟု အတွေ့ အကြုံအရ သိလာရသည်။

အနာဂတ်ကို မျှော်ကြည့်ဖို့၊ အတိတ်ကို ပြန်ကြည့်ဖို့ လိုပါလိမ့်မည်။ ပုံတူကူးဖို့တော့ မဟုတ်။ ဆင်ခြင်ကြည့်ဖို့ဖြစ်သည်။ ‘ဆင်ခြင်မှု’က အဓိက ဖြစ်လိမ့်မည် ထင်သည်။ ဤကား ယခုစာအုပ်မှ ရရှိလာသော အမြင်ဖြစ်သည်။ ဆိုခဲ့ပါ ‘ဆင်ခြင်မှု အခြေခံစဉ်းစားနည်း' (Reason-based thinking) သည်ပင် ပြောင်းလဲလာသော ကမ္ဘာ့အမြင်ဖြစ်လေမည်လား တွေးနေမိသည်။

✍️ကျော်ဝင်း

⭐စာအုပ်တန်ဖိုး - ၂၀၀၀၀ကျပ်။

Family Books📚

18 Nov, 02:31


"ဝေဘူဆရာတော်ဆိုတာ" ရဟန္တာတစ်ပါးအဖြစ် ကျော်ကြားခဲ့ပြီး ယနေ့ခေတ် ဝိပဿနာနယ်ပယ်မှာ ထင်ရှားတဲ့ ဆရာတော်ကြီးများရဲ့ ရှေ့ဆောင်လမ်းပြလည်းဖြစ်ပါတယ်။

မဟာစည်ဆရာတော်၊ မဟာဗောဓိမြိုင်ဆရာတော်၊ ပဏ္ဍိတာရာမ ရွှေတောင်ကုန်းဆရာတော် စတဲ့ ဆရာတော်ကြီးများရဲ့ ရှေ့ဆောင်လမ်းပြဖြစ်ပါတယ်။

ဒါကြောင့် ဝိပဿနာတရားကို လေ့လာလိုက်စားကြသူများဆိုရင် ဆရာတော်ဘုရားကြီးရဲ့ အကြောင်းနဲ့ ဟောတဲ့တရားတွေကို မှတ်သားနာယူသင့်ပါတယ်။

ရဟန္တာတစ်ဆူအဖြစ် ကျော်ကြားသည့် ဝေဘူဆရာတော်ဘုရားကြီးနှင့်သက်ဆိုင်ရာ စာအုပ်များကို စုဆည်းဖော်ပြပေးလိုက်ပါတယ်။

စာအုပ်လေးအုပ်တစ်စုံကို
(၅၁၀၀၀)ကျပ် ကျသင့်မှာဖြစ်ပါတယ်။

Family Books📚

17 Nov, 10:28


Self-Esteem ဆိုတာ အတွင်းလောက Inner Life အဆင့်အတန်းမြင့်တာကို ပြောတာပါ။ စိတ်ထားနဲ့ အသိဉာဏ်မြင့်လေလေ အတွင်းလောက Inner Life ကို တန်ဖိုးထားလေလည်း ဖြစ်ပါတယ်။ Self-Esteem ဟာ အတွင်းလောက စိတ်ချမ်းသာမှုလို့လည်း ဆိုနိုင်ပါတယ်။

Self-Esteem ဟာ စိတ်ထားမြင့်မြတ်မှုနဲ့သာ ရယူနိုင်မယ့်အရာဖြစ်တယ်။ တစ်နည်းအားဖြင့် ဘ၀ကိုနေပုံ၊ ကိုယ့်ဘ၀နဲ့ ဆက်စပ်သမျှ အရာအားလုံးအပေါ်ထားတဲ့ ကိုယ့်ရဲ့သဘောထားနဲ့ ဆက်ဆံရေးအပေါ်မှာ ကိုယ့်စိတ်ထားမြင့်မြတ်မှု ရှိမှသာ Self-Esteem ရှိမယ်။

Self-Esteem ဆိုတာ ဘ၀နဲ့ရင်းရတဲ့အရာပါ။ ကိုယ့်အတွင်းသားထဲမှာ ရှိနေတာ၊ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရတာ။ ဒါကိုလုပ်ရင်း ကိုယ့်ပီတိကို ကိုယ်ခံစားရတာ။ ကိုယ့်ကိုယ်ကိုယ် အရသာခံရတာပါ။

တကယ်တော့ Self-Esteem ဟာ တစ်ကိုယ်တော် လျှောက်လှမ်းရတဲ့ ခရီး (Individual Journey) ပါ။ တစ်ပြိုင်တည်းမှာပဲ ဒါဟာ တစ်ယောက်တည်းလုပ်လို့ ပြီးတဲ့အလုပ်တော့ မဟုတ်ပါဘူး။ မိမိရဲ့ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံး ကို ကောင်းစွာထိန်းကျောင်းထားရှိခြင်းဖြင့်သာ ရရှိမယ့် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတဲ့စိတ်ဟာ သူတစ်ပါးမပါရှိဘဲရနိုင်တဲ့အရာ မဟုတ်ပါဘူး။

သက်ရှိလောကသာမက သက်မဲ့ဖြစ်တဲ့ ရေမြေတောတောင် သဘာဝတရားကြီးကို ချစ်မြတ်နိုးတတ်တဲ့စိတ် မရှိပါဘဲလည်းရဖို့ မဖြစ်နိုင်ပါဘူး။ တစ်လောကလုံးနဲ့ ကိုယ်နဲ့ ဆက်စပ်နေတယ် ဆိုတဲ့ မြင့်မြတ်တဲ့အသိတရားကြောင့်သာ လူဟာ လူအဆင့်ရောက်လာရတာ ဖြစ်ပါတယ်။ လို့ စာရေးသူက ဆိုထားပါတယ်။

⭐စာအုပ်တန်ဖိုး - ၁၅၀၀၀ကျပ်။

Family Books📚

06 Nov, 10:49


🌿 လူတစ်ယောက်အပေါ် ကိုယ့်ဘက်က ကောင်းပေးတိုင်း သူ ပြန်ကောင်းပေးလိမ့်မယ်ဆိုတဲ့ အာမခံချက်မျိုးမရှိဘူးနော်။ ကိုယ် ဘယ်လောက်ကောင်းပေး ကောင်းပေး၊ သူ ပြန်ကောင်းချင်မှ ကောင်းတာ။ ဒါကိုလက်ခံတတ်ဖို့ပဲလိုတယ်။

🌿 ဘယ်လိုဆက်ဆံရေးတွေမှာပဲဖြစ်ဖြစ် ကိုယ့်ဘက်က တတ်နိုင်တာထက် ပိုပြီးကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့တယ် လုပ်ပေးနိုင်တာ၊ ကူညီနိုင်တာ မှန်သမျှ စိတ်အားလူအား နှစ်မျိုးစလုံးနဲ့ ကူညီပေးခဲ့တယ်။

🌿 ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဘဝမှာ ကိုယ့်အပေါ် မကောင်းတဲ့သူတွေ၊ ကိုယ့်ကို အသုံးချမဲ့သူတွေနဲ့ ကြုံတွေ့ရမဲ့အခါမျိုးတွေရှိတယ်။ ကိုယ့်ရဲ့စေတနာတွေ၊ မေတ္တာတွေကို စော်,ကားမယ်။ ကိုယ်ရဲ့သဘောကောင်းမှုတွေကို အသုံးချမယ်၊ နောက်ဆုံး ကိုယ့်နောက်ကျောကို ဓာ၊းနဲ့ထို၊းမယ်၊ သစ္စာဖော,က်မယ် ဆိုတဲ့ အခိုက်အတန့်မျိုးတွေ ​ေသချာပေါက်ကြုံတွေ့ရမှာပဲ။

🌿 အဲဒီအခါ ကျွန်မတို့ပြောမပြတတ်အောင် နာကျင်ရပါတယ်။ သာမာန်ဆက်ဆံရေးတွေ အတွက်တော့ သိပ်မခံစားရပေမယ့် ကိုယ်တန်ဖိုးအထားရဆုံးလူတွေက ဒီလိုလုပ်သွားတဲ့အခါ ပိုပြီးနာကျ,င်ခံပြင်းရပါတယ်။

🌿 တကယ်တော့ကိုယ့်အမှာ၊းကြောင့် မဟုတ်တဲ့အနေအထားတွေ အများကြီးရှိနိုင်တယ်။ ငါ့ကိုမှလုပ်ရက်လေခြင်း မဟုတ်ဘူး။ လုပ်ရက်လို့ လုပ်သွားတာ။ ကိုယ်ဘယ်လောက်ကောင်းကောင်း လုပ်ရက်တဲ့သူကတော့ လုပ်ရက်မှာပဲ။ တစ်ချိန်ကျရင် ကိုယ့်ကို ခြေစုံပ,စ်ပြီး ထွက်သွားမှာပဲ။ အဲဒီလိုလူတွေက သီးသန့်ကိုရှိနေကြတယ်ဆိုတာ ယုံပါ။

🌿 ကျွန်မအဲဒီလိုတွေကြုံရရင် ပြန်တွေးကြည့်တယ်။ ဒီဆက်ဆံရေးမှာ ကိုယ့်ဘက်က တာဝန်ကျေခဲ့သလား လိပ်ပြာလုံခဲ့သလားပေါ့။ ဟုတ်ပြီ။ ကျွန်မဘက်ကတာဝန်ကျေခဲ့တယ် လိပ်ပြာလုံခဲ့တယ်ဆိုရင် ကျွန်မသိပ်ပြီးမခံစားနေတော့ဘူး။ နာကျင်မနေတော့ဘူး။

🌿​ေသချာသိလိုက်ရတဲ့အရာတစ်ခုက ကိုယ်ဘယ်လောက်ကောင်းပေးကောင်းပေး သူပြန်ကောင်းချင်မှကောင်းတာ။ ကိုယ်ဘက်က ဘယ်လောက် သစ္စာရှိရှိ ဖော-က်ပြန်မဲ့သူက ဖော-က်ပြန်မှာပဲ။ သူတို့ကို သွားပြောင်းလဲပေးလို့မရဘူး။ ဗီဇဆိုတာ ပြင်ပေးလို့ရကောင်းတဲ့အရာ မဟုတ်ပါ။

🌿 အရေးကြီးတာ ကိုယ်ပါပဲ။ ဘယ်လိုဆက်ဆံရေးမှာမဆို ကိုယ့်ဘက်က တာဝန်ကျေခဲ့တယ်။ လိပ်ပြာလုံခဲ့တယ်ဆိုရင် ကိုယ့်ဘက်က နောက်တရစရာမရှိတော့ဘူးလေ။

✍စူးရှမေ

⭐စာအုပ်တန်ဖိုး - ၈၀၀၀ကျပ်။

#စိတ်လုံခြုံမှုရပ်ဝန်းငယ်
#စူးရှမေ

Family Books📚

06 Nov, 06:28


ဆရာ မြသန်းတင့် ရဲ့
မမ .. ဖတ်ပြီး တွေးမိသမျှတွေ....

ချစ်တဲ့ စိတ် ငယ်ထိပ် ရောက်လို့ပဲဖြစ်ဖြစ် . ချစ်တဲ့စိတ်က နှာထိပ်ရောက်လို့ပဲ ဖြစ်ဖြစ် မ စိတ် မွှန်သွားတဲ့အခါ မလုပ်သင့် အလုပ်တွေ
မလွန်ကြူးသင့်တဲ့ အရာတွေ ...
ရှက် ကြောက်တရား ရှိရမဲ့ အရာတွေ ဆိုတာ ဘာကိုမှ သတိမထားတော့သလိုပဲ ။

အသိတရား တွေ ရှိနေပေမယ့် သတိထား၍ ထိန်းချုပ်မှု မရှိလေတော့ စိတ်၏ငြိမ်းချမ်းမှုတွေ ပျောက်ဆုံးပြီး
လူ့ဘောင် လူ့လောက ပတ်ဝန်းကျင်မှာ အရှက်မဲ့စွာဖြင့်
နေထိုင်သွားလာနေတဲ့ အဖြစ်မျိုး ရောက်ခဲ့ရတယ် ။

အဲဒီ့စာအုပ်ထဲ မှတ်သားစရာ စကားလေး...
"လင်ကောင်းရဖို့ တွေးပူတယ် ဆိုတာက သမီးမကောင်းတဲ့ မိဘတွေ တွေး​ပူတဲ့ အတက် ။
ငါ့ သမီးဟာ အရည်အချင်း ရှိတဲ့ သမီးတစ်ယောက်ဆိုရင် လင်ကောင်း လိုက်ရှာ နေစရာမလိုဘူး ။
မယားကောင်း ကို လိုက်ရှာ တဲ့လူက လာလိမ့်မယ် " တဲ့ ။

အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ်
အမျိုးသမီးကောင်းရဖို့ အမျိုးသားကောင်းရဖို့ ဆိုတာထက်
မိမိကိုယ်ကိုယ် ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်တက်ဖို့...
ရှိသင့် ရှိထိုက်တဲ့ အရည် အချင်း တွေတော့ ရှိထားသင့်တယ် ။
ကြိုး စားသင့်တယ် မလား ။

ဦးသက်ထွန်း. မမ. ကိုသက်ဆွေ တို့ရဲ့ သုံးပွင့်ဆိုင် အိမ်ထောင်ရေး ဇာတ်လမ်းကြီး... မမ သည် ဦးသက်ထွန်း၏ တရားဝင် ဇနီးမယား
သား တစ်ယောက် မိခင် ။

မမဟာ အချစ် ဆိုတာ ဘာမှနားမလည်ဘဲ ဦးသက်ထွန်းကို ယူခဲ့တယ် ထင်ပါတယ် ။ ဦးသက်ထွန်းမှာ ဂုဏ်တွေ ရာထူး ပကာသန တွေရှိတယ် ။ ဂုဏ်တွေ ပကာသနတွေရှိတိုင်း ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခု ဖြစ်မယ်လို့ ထင်ခဲ့တယ် ထင်ပါတယ်...
သူ ထင်တဲ့အတိုင်း ဖြစ်မလာတော့တဲ့အခါ သူ့စိတ်ကို မထိန်းတော့ပဲ
လုပ်ချင်ရာတွေ လျှောက်လုပ်မိကုန်တာပဲ ။

တကယ်တော့ ကိုသက်ဆွေ ဆိုတာကလည်း ပညာတက် အသိုင်းအဝိုင်းအကြီး ထဲက လူပါပဲ ။
ဒါပေမဲ့ စိတ်ဓာတ် ပိုင်းဆိုင်ရာ... ပေါင်းသင်းဆက်ဆံရေး ဆိုရင်လဲ
ကောင်းမွန်တဲ့ လူတစ်ယောက် ။
မမ နဲ့တွေ့ပြီး မမ ရဲ့ အလှ တရားတွေကို ချစ်ခင် စုံမက်ပြီး
စိတ်အလို လိုက် ပြီး အမိုက်တရားတွေ များစွာ လွန်ကြူးမိတော့တာပဲ ။
မမ ကို ရူးရူး မူးမူး စွဲလမ်းပြီး မမ ရဲ့ အချစ်ကို မရ ရအောင် ကြိုးစားတယ် ။ မမ နဲ့ ချစ်ခွန်း မြိုင်မြိုင် စကားတွေ လှိုင်လှိုင် ပြောဆိုကြရင်း
ဖြစ်သင့် မဖြစ်သင့်ဆိုတာတွေ မတွေး... ပတ်ဝန်းကျင်ရဲ့ ဝေဖန် ပြောဆိုကြမှာတွေကိုလဲ အရေး မထားတော့ပဲ
သက်ဆုံး အတူတိုင် ချစ်ပွဲတွေ နွဲဖို့ စိတ်ဆန္ဒတွေ က အင်းအားတွေ အပြည့် ။

ကိုသက်ဆွေ ရဲ့ မဟာ အမှားတွေက လင်ရှိ သားရှိ မိန်းမ တစ်ယောက် က သူ့နောက် ကောက်ကောက်ပါအောင် လိုက်လာနိုင်အောင် စွမ်းဆောင် နိုင်သူဟု ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့စိတ်တွေကလဲ ဒီလမ်းကို ဆက်လျှောက်ဖို့ ဖြစ်နေသလိုပဲ ။

ရှက်စရာ အလုပ်ဖြစ်ပါလျက် အရှက်မဲ့စွာ လုပ်ဆောင်နေကြတာ ။

ကို သက်ဆွေ က ဦးသက်ထွန်းအပေါ် မြင်တဲ့အမြင် က
သေးသိမ်လွန်းတယ် ။ ဦးသက်ထွန်းသည် သနားစရာကောင်းတဲ့လူ
သတ္တိကြောင်တဲ့သူ. ရယ်စရာကောင်းတဲ့လင် လို့ပဲ သဘောထားပြီး
သူ့ကိုယ်သူ ကျေနပ်ပီတိတွေ ဖြစ်နေခဲ့တာ ။

တကယ်တော့ ဦးသက်ထွန်း သည် မမ ၏
ခွင့်လွှတ်စရာ နားလည်ပေးလို့ရတဲ့ လုပ်ရပ်တွေမဟုတ်ဘူးဆိုတာ
သိနေတာတောင် မိမိနှင့် မမ တို့၏ နှစ်ဖက်အသိုင်းဝိုင်း၏ ဂုဏ်သိက္ခါတွေ.. သား အတွက် စိတ်ဒဏ်ရာ ဖြစ်စရာတွေမို့ စိတ်ဒဏ်ရာတွေ ကို သိုသိပ်စွာနဲ့ပဲ ဖြေရှင်းခဲ့ ။

သူနဲ့ မမ တို့၏ ယုတ်ညံ့စွာ သစ္စာတွေပျက်ယွင်းမှုတွေကို
ဦးသက်ထွန်း က သ​ဘောထား ကြီးစွာ ခွင့်လွတ်ပေးနေတာတွေ သိမြင်လာရတဲ့အချိန်မှာ ကိုယ့်လိပ်ပြာကို ရှက်​၍ လာခဲ့ ။

မမ တစ်ယောက် သေမလို ဖြစ်သွားတဲ့ အချိန်မှာ သူ့အမှားတွေ ပဲ တကယ် သိပြီး နောင်တ ရ၍ သူ့အမှားတွေ အတွက် ခွင့်လွှတ်ပေးဖို့တောင်းပန်စကားပြောနေလိုက်တာ တကယ့်သနားစဖွယ် အဖြစ် ။
နေပြန်ကောင်းလာတော့ ကိုသက်ဆွေနဲ့ အရင်လိုပဲ ဖောက်ပြန်မြဲ ပဲ။

ခွေးမီးကောက် ကြည်တောက်စွပ် သလိုပဲ
မူရင်း ပုံစံအတိုင်းပဲ ပြန်နေထိုင်ခဲ့တာ...
ဦးသက်ထွန်း အနေနဲ့ ဘယ်လောက်တောင်
စိတ်သောကတွေ များနေလိမ့်မလဲ ။

"မင်း နေမကောင်းတဲ့ အချိန်ကဆိုရင် ကျုပ်ဟာ မင်းအိပ်ရာဘေးကို
အရောက်ပြန်လာခဲ့ပြီး မင်းကို ခွင့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ တယ် ။
ဖြစ်ခဲ့ တာတွေ အားလုံးကို သင်ပုန်းချေလိုက်ပြီး ဘဝအသစ်ကို ထူထောင်မယ်လို့ ပိုင်းဖြတ်ခဲ့တယ် " တဲ့ ဒီစကားလေး ကြည့်ရင်တောင် ဦးသက်ထွန်း ရဲ့ သဘောထားကြီးမှု တွေ အထင်းသားပေါ်နေခဲ့တယ် ။
သေမလို ဖြစ်နေတဲ့လူနာအတွက် စိတ်ချမ်းသာပါစေ ဆိုတဲ့မျှော်လင့်ချက် တစ်ခုနဲ့ ဆုံးဖြတ်ခဲ့တာ တဲ့ ။

တကယ်တော့ မမ ဟာ ခွင့်လွှတ် နားလည်ပေးခြင်းတွေ လုံးဝ မထိုက်တန်တဲ့ အမျိုးသမီး တစ်ယောက်ပါပဲ ။

ခင်သီသီ စကားလေးကလဲ မှတ်သားစရာ
လူတေ​ွဟာ အိမ်ထောင်ရေးမှာ မေတ္တာရဲ့ တန်ဖိုးကို ထည့်မစဥ်းစားကြတော့ပဲ ပကာသနရဲ့တန်ဖိုးကို အလေးပေးလာကြတယ် ။
အိမ်ထောင်ရေးကို စဥ်းစားတိုင်း ကြေးညှိလာကြတယ် ။
နောက် အိမ်ထောင်ကြပြီး သူတို့ မျှော်လင့်တဲ့အတိုင်း မဖြစ်လာတော့ကြတော့ သူတို့အိမ်ထောင်ရေးဟာ ပြိုကွဲကြတာပဲ..

Family Books📚

06 Nov, 06:28


အိမ်ထောင်တစ်ခုတွင် ချစ်ခင်ကြင်နာမှုနှင့် စောင့်စည်းမှုတို့ဟာ
အိမ်ထောင်​တစ်ခုရဲ့ အဓိက ဒေါက်တိုင်ကြီး တွေပဲ မလား ။
တကယ့်ကို စောင့်ထိန်းသင့်တဲ့ အရာတွေကို
လွယ်လွယ်ကူကူနဲ့ ဖောက်ဖျတ်လိုက်ကြတော့
မဖြစ်သင့်တာတွေ ဖြစ်လာရတာပဲ ။

သူတစ်ပါး အိမ်ထောင်ကို ဖျတ်ဆီးပြီး မိမိအိမ်ထောင်ကို
သာယာအောင် လုပ်ဖို့ကြိုးစားပေမယ့်လဲ
ကိုသက်ဆွေနဲ့ မမ တို့ရဲ့ အိမ်ထောင်ရေးဟာ သမီးလေးတစ်ယောက်
ရရှိလာတဲ့အထိတောင် စိတ်သောက များစွာနဲ့ နေထိုင်းရင်
နောက်ဆုံးမှာတော့ ပြိုကွဲသွားတာပါပဲ ။

တန်ပြန်ဝဠ့်ဆင်းရဲ ခံစားတာလို့ပဲ ဆိုရမှာပေါ့ ။
နောင်တ ဆိုတာ နောင်မှ ရတာဆိုသလို
လူတို့သည် အချစ်နှင့် အမုန်းတွင် သံသရာ လည်နေကြသူများသာ ဖြစ်သည်ဟု ထင်မြင်လာသည် ။ အမုန်းသစ်လျှင် အချစ်သို့ရောက်လာကြ၍ အချစ်ဆုံးလျှင်တော့ အမုန်းသို့ ရောက်လာကြသည်ကို မမ တစ်​ေယာက်ခံစားမိလာရင်း......

မမ ဇာတ်သိမ်းဟာ ဘယ်လို ဖြစ်သွားမလဲဆိုတာ သိချင်ရင်တော့
စာဖတ်သူများ အနေဖြင့် ကိုယ်တိုင်သာ ဆက်လတ်ဖတ်ရူ့ကြပါလို့.
နိုးဆော်ရင်း....

လူတွေ သည် ရှက်စရာ အလုပ် လုပ်တုန်းကတော့ မရှက်ကြပဲ လုပ်ပြီးမှ ရှက်တက်ကြသည် ။
သည်အရှက်ကို ပြန်၍ မတွန်းလှန်နိုင်သော အခါတွင် ကြံမိရာ ကြံတက်ကြသည်... တဲ့

တကယ့်ကို စာအုပ်ကောင်းတစ်အုပ် ။
အိမ်ထောင်ရေး အတွက် တကယ့်ကို သင်ခန်းစာကောင်း
တစ်ခုပါပဲ ။
လူကြီး လူငယ် ဖတ်သင့်သော စာအုပ်လေးပါလို့
ညွှန်းဆိုပါရစေ ။

✍ Zin Wai Naing
⭐စာအုပ်တန်ဖိုး - ၁၈၀၀၀ကျပ်။
#မမ
#မြသန်းတင့်

Family Books📚

05 Nov, 11:26


ပိုကောင်းတဲ့ ကမ္ဘာဖြစ်လာဖို့အတွက် ကိုယ့်ကိုယ်ကိုယ်
ကောင်းအောင် အရင်ပြုပြင်မှရမယ်.....

ပိုရင့်ကျက်ရမယ်
အကျင့်သိက္ခာ ပိုပြီး ခိုင်မြဲအောင် ကြိုးစားရမယ်။
ဒါပေမဲ့ ဒါတွေကို ဘယ်လိုလုပ်မလဲ?

ရှင်းရှင်းလေးရယ်...
ဆုံးဖြတ်ချက် တစ်ခုစီတိုင်းမှာအချိန်တစ်ခုစီတိုင်းမှာ
လူသားအားလုံးကို ပန်းတိုင်တွေအဖြစ်မြင်ပြီး
ဆက်ဆံပေးဖို့ ပြေးလမ်းတွေလို အသုံးမချဖို့
ကြိုးစားရုံပဲ။

ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် တမင်မလုပ်နဲ့။
အာရုံမထွေပြားစေနေနဲ့။တာဝန်တွေကို မလျှော့ပစ်နဲ့။
အကြောက်တရားကို အရှုံးမပေးလိုက်နဲ့။
ရဲရဲဝံ့ဝံ့ ပွင့်ပွင့်လင်းလင်း ချစ်တက်ပါစေ။
အရေးမပါတဲ့ တဒင်္ဂပဲခံတဲ့ ဆန္ဒတွေကို ဦးစားမပေးနဲ့။
ဘာဖြစ်လို့လဲဆိုတော့ အနာဂတ်မှာ သေချာပေါက်
ရှိနေမှာဆို့လို့ စက္ကန့်တိုင်း တဒင်္ဂတိုင်းမှာ
ချမှတ်နေတဲ့ ဆုံးဖြတ်ချက်တွေပဲရှိတယ်။

ဂရုမစိုက်ခြင်းအနုပညာ စာအုပ်၏နောက်ဆက်တွဲ......

⭐စာအုပ်တန်ဖိုး - ၇၀၀၀ကျပ်။

#မျှော်လင့်ခြင်းဖတ်စာ
#ချမ်းမြေ့ဝင်း

Family Books📚

05 Nov, 11:22


လူတွေက
အရမ်းချစ်ပြလိုက်လို့မရဘူး။
အရမ်းတွေ ချစ်ပြလိုက်ရင်
အရမ်းတွေ တန်ဖိုးမဲ့သွားရော။
ကိုယ်က သူ့ကို ချစ်နေပါတယ်ဆိုပြီး
အထင်တွေကြီး အနိုင်လိုချင်သွားကြတာလေ။

နောက်ဆို
ချစ်တိုင်းလည်း သိပ်ထုတ်မပြနဲ့။
အတိုင်းအတာ Limit တွေလည်း ထား။
တန်ဖိုးမဲ့လူသားဖြစ်သွားမှာစိုးလို့ ပြောပြတာ။

✍မျိုးလေး (ml notes)

စာအုပ်တန်ဖိုး - ၆၅၀၀ကျပ်။

Family Books📚

05 Nov, 10:34


ငယ်တုန်းမှာ ရည်းစားမထားနဲ့လို့ လူကြီးမိဘ​တော်​တော်များများက ဆုံးမကြတယ်။ ကျွန်​တော့်ရဲ့ အ​တွေ့အကြုံအရလည်း အသက်ကြီးလာ​လေ ပိုမို​ကောင်းမွန်ပြီး Quality ပိုမြင့်တဲ့ မိန်းက​လေး​တွေနဲ့ ​တွေ့လာ​လေပဲ။ အဲ့​တော့ အသက်ငယ်တုန်း ရည်းစားမထားနဲ့ဆိုတာကို လက်ခံလို့ရတယ်။

ဒါ​ပေမယ့် တစ်ချိန်တည်းမှာ မ​ကောင်းတာတစ်ခုက အဲ့လို Quality ပိုမြင့်တဲ့ မိန်းက​လေး​တွေကလည်း ပိုပြီးစဥ်းစားတတ်ကြတယ်။ အချစ်တစ်ခုတည်းနဲ့ စဥ်းစားတာမျိုး မဟုတ်ဘူး။ ငယ်တုန်းရွယ်တုန်းမှာက ကျွန်​တော်တို့ရဲ့ စိတ်ထား​တွေက ဖြူစင်သန့်ရှင်းတယ်။

ကိုယ့်ချစ်သူက ဘယ်​လောက်ချမ်းသာလို့...ဘာ​ကောင်ကြီးမို့လို့ ဆိုတာမျိုးထက်.. သ​ဘောကျလို့ ချစ်လို့ဆိုတာနဲ့ပဲ ဖြူစင်သန့်ရှင်းစွာ ချစ်တတ်ကြတယ်။ သူ့အိမ်အ​နေအထားတို့..သူ့အဆင့်အတန်းတို့... သူ့ပညာအရည်အချင်းတို့... ဒါ​တွေက အဓိကမဟုတ်ဘူး။ အချစ်က အဓိက။ အသက်ရလာတဲ့အချိန်မှာ​တော့...

✍Jimmy

⭐စာအုပ်တန်ဖိုး - ၂၄၅၀၀ကျပ်။

Family Books📚

05 Nov, 09:33


ငွေရတုသဘင်ပွဲမှာ ပြန်ဆုံကြတဲ့အခါ
သူတို့ဖြတ်သန်းလာရတဲ့ ဘဝအတွေ့အကြုံတွေ
တစ်ဦးချင်းစီရဲ့ အဆင်မပြေတော့တဲ့ အိမ်ထောင်ရေးတွေ
၂၅ နှစ် ငွေရတုသဘင်ပွဲမှာ ပြန်လည်ဆုံဆည်းကြသူများနှင့်
ဘယ်တော့မှ မဆုံဆည်းနိုင်ကြတော့မယ့်သူများ အကြောင်း
အကြိုက်ဆုံး ဒိုင်ယာလော့ခ်တစ်ခုဆို
" ဟားဗတ်မှာ ကိုယ် ဘာတော်တယ်ဆိုတာကို လာမရှာနဲ့
ကိုယ် ဘာညံ့သလဲဆိုတာကိုသာရှာ " တဲ့
လက်ကမချချင်​လောက်အောင် ဆွဲဆောင်နိုင်လွန်းပြီး
ရသမျိုးစုံပေးစွမ်းခဲ့တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါပဲ

စာရေးဆရာ Erich Segal ရဲ့ The Class ဝတ္ထုကို
ဆရာမြသန်းတင့်မှ "လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ"
အမည်နှင့် ဘာသာပြန်ဆို ရေးသားထားခြင်း ဖြစ်ပါတယ် ။
ဘဝတက္ကသိုလ်စာပေမှ တတိယအကြိမ်အဖြစ်
၂၀၁၇ ဒီဇင်ဘာမှာ ထပ်မံထုတ်ဝေထားပြီး
စာမျက်နှာ ၆၂၆ မျက်နှာ ပါဝင်ထားပါတယ် ။
တန်ဖိုးကတော့ ၁၂၅,၀၀ ကျပ် ပါ ။
ဆရာမြသန်းတင့် ကျေးဇူးကြောင့်
ဟားဗတ်တက္ကသိုလ်ထဲ အလည်ရောက်သွားခဲ့ရတယ်
ကိုယ်တိုင် ဟားဗတ်တက္ကသိုလ် ကျောင်းသားလို ခံစားမိခဲ့ရတယ်
အမှာစာက ဆရာ့ရဲ့ ရည်ရွယ်ချက် စေတနာစကားလေးကိုလည်း
ဖတ်ဖြစ်အောင်ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေရှင် ။

✍✍✍May

စာအုပ်တန်ဖိုး - ၃၀၀၀၀ကျပ်။

#မြသန်းတင့်
#လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများ

Family Books📚

05 Nov, 09:33


❝ လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ ❞ ပြန်ရပါပြီ ⭐⭐⭐

မူရင်းဖန်တီးသူ အမေရိကန်စာရေးဆရာ Erich Segal ကို
လေးစားမိတာက ဇာတ်ကောင် ၅ ယောက်ရဲ့
စရိုက်လက္ခဏာ ဘဝဖြတ်သန်းပုံအမျိုးမျိုးတွေကို
မတူညီအောင် ထောင့်စေ့နေအောင် ချပြတင်ဆက်သွားနိုင်တာပဲ
ဝတ္ထုနောက်ခံကာလက ၁၉၅၄-၁၉၅၈ ခုနှစ်
ဟားဗတ်တက္ကသိုလ်မှာ ဆုံတွေ့ကြရတဲ့ သူငယ်ချင်း ၅ ယောက်
ထို ၅ ယောက်ရဲ့ ငယ်ဘဝကစလို့ အသီးသီး ဘွဲ့တွေရရှိပြီး ,
နောင်၂၅ နှစ်အကြာ ကျင်းပမယ့် ငွေရတုသဘင်ပွဲ မတိုင်မှီထိ
တစ်ဦးချင်းစီရဲ့ မိသားစုအခြေအနေ ၊ စိတ်ခံယူချက်တွေ ၊
ကျောင်းတက်ဖို့ ပြင်ဆင်ကြပုံတွေ
ကျောင်းတက်နေစဉ် လှုပ်ရှားကြတဲ့ အခန်းကဏ္ဍကိုယ်စီ
ကျောင်းပြီးတဲ့နောက် ဘဝဖြတ်သန်းလျှောက်လှမ်းပုံတွေကို
ဇာတ်ကောင် အင်ဒရူးအဲလီယော့မှ နေ့စဉ်မှတ်တမ်းရေးဟန်ဖြင့်
အသေးစိတ် ရေးသားထားသော ဝတ္ထုပုံစံမျိုး ။

🔹 အင်ဒရူး အဲလီယော့
မပူမပင် မကြောင့်မကြ ကြီးပြင်းလာရသူ
ကြွယ်ဝချမ်းသာတဲ့ အသိုင်းအဝိုင်းက လာပေမယ့်
ကိုယ့်ထက် နိမ့်ကျနေသူဆိုလည်း အထင်မသေးတတ်ဘူး
ဖေးမတတ်တယ် ကူညီတတ်တယ် ကိုယ်ချင်းစာတတ်တယ်
တချိန်က နိမ့်ကျခဲ့သူတွေ ကြီးပွားအောင်မြင်လာတော့လည်း
မနာလိုစိတ် မရှိသလို မုဒိတာပွားပေးနိုင်တယ်
သူ့ကိုယ်သူတော့ ဘာကိုမှ စိတ်မဝင်စားတတ်သူ
မျှော်မှန်းချက် မကြီးတတ်သူလို့ ထင်နေပေမယ့်
သူ့သူငယ်ချင်းတွေ သူ့အပေါ် ဘယ်လောက် ယုံကြည်အားကိုးလဲ
သူနေ့စဉ်ရေးတဲ့ မှတ်တမ်းလေးတွေထဲကနေတဆင့် သိနိုင်တယ်

🔹 ဂျေဆန် ဂီးလ်ဗတ်
ဘဝအစက လိုလေးသေးမရှိ ပြည့်စုံတယ်
တင်းနစ်အားကစားမှာ ထူးချွန်တယ်
ကိုယ်တိုင်က ရေဝတီ (ဂျူး) လူမျိုး ဖြစ်ပေမယ့်
အမေရိကန်တစ်ယောက်လိုပဲ နေထိုင်ရှင်သန်ခဲ့တယ်
သူ့ချစ်သူဖြစ်လာမယ့် ဆရာဝန်မလေး ဖဲင်နီကြောင့်
ရေဝတီလူမျိုးအကြောင်း ပိုစိတ်ဝင်စားလာခဲ့တယ်
ဖဲင်နီ ဆုံးသွားတော့ အိမ်ထောင်ဖက်ဖြစ်လာမယ့် အီဗာနဲ့တွေ့ပြီး
သူ့ကိုယ်သူ ​ရေဝတီလူမျိုးအဖြစ် လုံးဝခံယူလိုက်ကာ
အစ္စရေးတစ်ယောက်အနေနဲ့ ကိုယ့်တိုင်းပြည်အတွက်
ကာကွယ်စောင့်ရှောက်သွားပုံတွေဟာ ကြေကွဲရတယ်
"စစ်သားကောင်းလဲ ဖြစ်ချင်တယ် လူသားလဲ ဆန်ချင်တယ်" တဲ့
ဪ .. သူ့ရွေးချယ်မှု သူ့စိတ်ဓာတ် တကယ်လေးစားစရာ !
၅ ယောက်ထဲမှာတော့ ဂျေဆန်သည် လုံးဝ သူရဲကောင်း
( ကိုယ် အကြွေဆုံး ဇာတ်ကောင်ပဲ ☺️ )

🔹 ဒင်နီယယ် ရော့ဆီ
ငယ်ဘဝမှာ မိမိရဲ့ စန္ဒရားတီးဝါသနာအပေါ်
ဖခင်ဖြစ်သူဆီက အားပေးထောက်ခံမှု ဘယ်တော့မှမရခဲ့
ဖခင်ရဲ့ ချီးမွမ်းခြင်းကို အလွန်တောင့်တသူ
ဖခင် တက်စေချင်တဲ့ တက္ကသိုလ်ထက်
ဟားဗတ်တက္ကသိုလ်ကိုသာ ရွေးချယ်တက်ရောက်ခဲ့သူ
ဝါသနာအခြေခံပြီး သူယုံကြည်ရာလမ်းကို လျှောက်လှမ်းရင်း
ကမ္ဘာကျော် စန္ဒရားပညာရှင်တစ်ဦး ဖြစ်လာခဲ့သူ
အတုယူရလောက်တဲ့ ကြိုးစားအားထုတ်ခြင်းတွေနဲ့
အားကျစရာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ခဲ့ပေမယ့်
နာကျင်စရာကောင်းတဲ့ ကျဆုံးချိန်ကိုလည်း လက်သင့်ခံနိုင်ခဲ့သူ

🔹 သီယိုဒို လင်းဗရိုစ်
တက္ကသိုလ်ပရိဝုဏ်တွင်းမှာ မွေးဖွားကြီးပြင်းလာတဲ့ ဂရိလူမျိုး ,
ဖခင်ဖြစ်သူရဲ့ ပျော်ပွဲစားရုံမှာ စားပွဲထိုးရင်း
ဟားဗတ်တက္ကသိုလ်ကို ပြင်ပကျောင်းသားအဖြစ် တက်ရသူ
မလျှော့တဲ့ဇွဲတွေနဲ့ ကြိုးစားလာခဲ့တာဟာ
​တချိန်မှာ ဟားဗတ်တက္ကသိုလ်ရဲ့ပါမောက္ခ ဖြစ်လာဖို့
အောင်မြင်လာတဲ့အခါ အောင်မြင်မှုဒဏ်ကိုမခံနိုင် လမ်းမှားခဲ့ပြီး
သူ့အမျိုးသမီး ဆာရာ ကို လက်လွှတ်ဆုံးရှုံးခဲ့ရတယ်
ဆာရာ ရှိခဲ့လို့ လင်းဗရိုစ်ဆိုတာ ရှိလာခဲ့သလို
ဆာရာ မရှိတော့လည်း သူ့ဘဝသူ ပြန်ရပ်တည်သွားနိုင်ခဲ့တယ်

🔹 ဂျော့ကဲလား
ဩစထရီးယားနယ်စပ်ကနေ ဟားဗတ်တက္ကသိုလ်ကို
ပြည်ပြေးကျောင်းသားအဖြစ် ဝင်ရောက်လာခဲ့သူ
ရောက်စက အင်္ဂလိပ်စာမတတ်လို့ တိုင်တွေပတ်
အင်ဒရူးနဲ့ တစ်ခန်းထဲနေပြီး နေ့နေ့ညည အင်္ဂလိပ်စာကျက်တာ
ရေချိုးခန်းထဲ စာအော်ကျက်တဲ့အခန်းဆို ရယ်နေရတယ် 🤣
ကြိုးစားမှုကြောင့် အချိန်တိုအတွင်း အင်္ဂလိပ်စာ ကျွမ်းကျင်ခဲ့ပြီး
နောက်ဆုံး အမေရိကန် အိမ်ဖြူတော်ထဲထိ ရောက်ရှိကာ
လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဘဝသို့ တက်လှမ်းနိုင်ခဲ့သူ
ဒီလိုမျိုးဖြစ်လာဖို့ သူပေးဆပ်ရတာတွေက ကြီးမားလိုက်တာ
ချစ်ရသူတွေလည်း အနားမှာမရှိတော့ချိန်
သူ့အပေါ် ဘယ်သူမှ အကောင်းမမြင်ကြတော့ချိန်
ကွန်မြူနစ်တိုရဲ့ ဖိနှိပ်မှုဒဏ်ကို မခံနိုင်တော့လို့
အမေရိကန်ပြည်ထောင်စုအထိ ထွက်ပြေးလာခဲ့ရတဲ့ ဟန်ဂေရီယန် လူငယ်ကျောင်းသားလေးရဲ့ အဆုံးသတ် !
သူငယ်ချင်း ၅ ယောက် ။ ။
ကမ္ဘာကျော် စန္ဒရားပညာရှင် ၊ စစ်ဗိုလ်
ဘဏ်လုပ်ငန်းရှင် ၊ တက္ကသိုလ် ပါမောက္ခ ၊
လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး
နယ်ပယ်အသီးသီးမှာ အောင်မြင်နေကြသူတွေ
အောင်မြင်မှုနောက်ကွယ်မှာ ပေးဆပ်ခဲ့ရတာတွေနဲ့
ဘယ်သူမှ မသိလိုက်ပဲ ကျရှုံးနေခဲ့ကြတာတွေ
ဟားဗတ်တက္ကသိုလ် ရောက်ခါစ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ
သူတို့ရဲ့ လန်းဆန်းတက်ကြွနေကြတဲ့ စိတ်အခြေအနေ

Family Books📚

18 Oct, 10:11


ကိုယ့်အိမ်မက်အပေါ် ကိုယ်သစ္စာရှိပါ 💌

ကျွန်မဘဝတစ်လျှောက်လုံးမှာ ကိုယ်ဖြစ်ချင်တာတွေချည်း ခေါင်းမာမာနဲ့ ရွေးချယ်တတ်ခဲ့တဲ့ အကျိုးရလဒ်ကတော့ ကိုယ်လုပ်ချင်တာတွေသာ လုပ်ခွင့်ရခဲ့တဲ့ရှင်သန်မှုကို ရလိုက်တာပါပဲ။ စိတ်တော့ ရှည်ရတာပေါ့ကွယ်။ ဥပမာ ပတ်ဝန်းကျင်မဆိုထားနဲ့ ကျွန်မမိဘတွေရဲ့ အမြင် ကျွန်မမိတ်ဆွေအသိုင်းအဝိုင်းတွေအမြင် ကုန်ကုန်ပြောရရင် ကျွန်မကိုယ်ကျွန်မအပေါ် အမြင် ကိုယ်ကမှ ကျိကျိတတ်ချမ်းသာတဲ့မိသားစုမယ် မွေးဖွားလာရသူမဟုတ်ပဲ…ကျွန်မဆီမယ် ရွေးချယ်စရာတွေဟာ ဘယ်လောက်များများ ပိုရှိနေမယ်ထင်လဲ…ဝါသနာနဲ့ ငွေဟာ ပြိုင်တူတွဲလျက် ရောက်လာဖို့ရာမှာ ကျွန်မတို့ဟာ အချိန်ကိုတော့ ရင်းရမပေါ့လေ။

ဒါသည်ကပဲ လူတွေ သိပ်ကိုစိတ်မရှည်နိုင်ကြဆုံး အပိုင်းမို့လား နောက်ဆုံးမှာတော့ သည်လိုကနေပဲ တော်တော်များများလည်း လက်လျှော့ကုန်ကြပြီး သင့်တော်တာလေး အဆင်ပြေတာလေး ရှာလုပ်ရတော့တဲ့အခြေအနေနဲ့သာ အဆုံးသတ်ရတော့တာပဲ။ ဂုဏ်လေး ငွေလေးကတော့ ဘာနေနေ ရှိထားမှ ဖြစ်ဦးမှာကိုး။

ဝါသနာတစ်ခုအရင်းပြုပြီး ငွေရှာဖို့မှာ ကိုယ်ဟာ ကျွမ်းကျင်အဆင့်ဖြစ်ဖို့တော့လိုတယ်မို့လားနော်။ သင်ပေး ပြပေးမယ့်သူလိုမယ်။ တတ်ဖို့မှတ်ဖို့ ဇွဲ ဝီရိယ လိုမယ်။ ငွေအား လူအား ကူပေးမယ့်သူ အဆက်အသွယ်ကောင်းတွေကို ရှာပေးဖွေပေးပြီး ဖေးမမယ့်သူ စတာတွေရောပေါ့လေ။

လောကမယ် ဘယ်လိုပညာရပ်ကများ ဟပ်ချလောင်းဆိုပြီး ၃/၄ လအပြတ်နဲ့ Professional အဆင့်ထိရောက်လာရလောက်အောင် လွယ်နေလို့တုန်းကွယ်။

သို့ပေသိ ဒါတွေထိုင်တွေးတော့ရော ဘာထူးမတုန်း။ ခက်ခဲနေတိုင်း အိမ်မက်တွေကိုသာ လက်မှိုင်ချ စွန့်လွှတ်တတ်ဖို့ လူတိုင်း ရွေးချယ်ပစ်ခဲ့ရင် လောကမယ် ပါရမီရှင်တွေ အတော်ဆုံး အနုပညာရှင်တွေ ဘယ်ရောက်လာတော့မလဲ။

ကျွန်မကတော့ အချိိန်တွေဘယ်လိုပဲ နောက်ကျမှ ကိုယ်လိုချင်တာ ဖြစ်ချင်တာ လုပ်ခွင့်ရပါစေဦးတော့ ကိုယ့်အိမ်မက် ကိုယ်သစ္စာရှိဖို့ အပြီး စွန့်လွှတ်မပစ်လိုက်ဖို့ကိုတော့ တော်တော်လေး အလေးထားပါတယ်။ အခွင့်အရေးရမှသာ ကိုယ်ဟာ စလုံးရေစ ပြရရင် ဘယ်ချိိန်ကြခါမှ ဒီအခွင့်အရေးဟာ ပေါ်လာမတုန်းနော်။

ဆိုတော့ လုပ်သင့်လုပ်ထိုက်တာချည်း လုပ်ရတော့မယ့် အခြေနေရောက်ခဲ့ရင်တောင် ကိုယ့်ရည်ရွယ်တဲ့လမ်းနဲ့ သိပ်ကို အလှမ်းမဝေးသွားဖို့တော့ အားစိုက်ရတာပေါ့။

ငွေရှာတာလည်းရှာ လုပ်စရာရှိတာလည်းလုပ် အိမ်မက်နဲ့ နီးစပ်ရာ သင်ယူကျင့်ကြံထားရမယ့် ကိစ္စလေးတွေအတွက်လည်း အချိန်ပေးရတာပေါ့နော်။

✍ယုနွယ်လင်း

စာအုပ်တန်ဖိုး - ၈၀၀၀ကျပ်။

#ကိုယ်ကမှကိုယ့်လူပါ

Family Books📚

18 Oct, 09:50


မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို ရဟန္တာအရှင်မြတ်တစ်ပါးအဖြစ် အချို့က သတ်မှတ်ကြပါတယ်။ အဲ့ဒီလို သတ်မှတ်ရလောက်အောင်လည်း ဆရာတော်ဘုရားကြီး ဟောသောတရား၊ ဖြစ်သောအကြောင်းအရာများက ထူးခြားအံသြဖွယ်ရာတွေ ပြည့်နှက်နေပါတယ်။😱

ဒါပေမယ့် ဆရာတော်ဘုရားကြီးကတော့ ကိုယ့်ကိုယ်ကိုယ် ရဟန္တာအဖြစ် မဝန်ခံ မမိန့်ကြားပါဘူး။ အများကတော့ ဆရာတော်ဘုရားကြီး ရဟန္တာတစ်ဆူနီးပါး ယုံကြည်ကိုးကွယ်ကြပါတယ်။🙏

ထို အရှင်သူမြတ်၏ ဘဝဖြစ်စဉ် နှင့်တရားတော်များကို ဆရာတော်ဘုရားကြီး ကိုယ်တိုင်ပြုစုရေးသားသည့် ကျမ်းစာများမှတဆင့် လေ့လာ ဖတ်ရှုပူဇော်နိုင်ပါပြီ။📚

ခုပုံထဲက စာအုပ်တွေကတော့ ဆရာတော်ဘုရားကြီးကိုယ်တိုင်ပြုစုရေးသားသည့် စာအုပ်အစုံ မနေ့က ရန်ကုန်မြို့ကို ပို့ပေးရတာပါ။ ဒီနေ့တော့ စာအုပ်အစုံ စစ်ကိုင်းမြို့ကို ပို့ပေးရပြန်ပါတယ်။ 🎁

ဘယ်မှာမှ မရနိုင်တဲ့ ဆရာတော်ဘုရားကြီးစာအုပ်တွေ အစုံအလင်ကို Family Books မှာ ဝယ်ယူပူဇော်နိုင်ပါပြီ 😊

စာအုပ်အစုံရဲ့ တန်ဖိုးကတော့ (351500)ကျပ်ဖြစ်ပါတယ်ခင်ဗျာ။💕

#စာအုပ်တွေဟာမိသားစုပမာ

Family Books📚

18 Oct, 05:41


"အမေးကျွဲကျောင်း - အဖြေဘုရားလောင်း"ဟူသော စကားတစ်ရပ်ရှိပေသည်၊ အမေးဟူသည်မှာ လွယ်ကူ၍ ကျွဲကျောင်းသား နွားကျောင်းသားများပင် မေးနိုင်သည်။ ယင်း ကျွဲကျောင်းသား နွားကျောင်းသား မေးသော အမေးကို ဘုရားလောင်းများမှသာ တိတိကျကျဖြေဆိုနိုင်သည်ဟု ဆိုလို၏။ အဖြေမှာ အကြောင်းယုတ္တိကို ရှာကြံ၍ သင့်လျော်အောင် မေးသူ နားလည်အောင် ဖြေရမည်ဖြစ်ရာ ခက်ခဲလှသည်မှာ မှန်ပါသည်။ တစ်ခါတစ်ရံ ကြံကြံဖန်ဖန် စိတ်ကူး၍ မေးသူက မေးသဖြင့် အာဘော်မမိ အလိုကို မသိသဖြင့် ပညာရှိကြီးများပင် အဖြေခက်သွားနိုင်သည်လည်း ရှိပေသည်။

"ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ" မှာ ဓမ္မဗျူဟာ စာစောင်တွင် အနယ်နယ်အရပ်ရပ်က အမျိုးမျိုးသော ဗုဒ္ဓဘာသာ စာဖတ်သူများ မေးမြန်းလာကြသည့် အထွေထွေသော အမေးပုစ္ဆာများကို တည်တောဆရာတော်ဘုရားကြီးက အဖြေလည်းမှန် မေးသူလည်း သဘောကျလောက်အောင် ပြန်လည်ဖြေဆိုပေးထားခြင်းဖြစ်သည်။

ထို့ကြောင့်လည်း ယနေ့ထိတိုင်အောင် လက်မလွှတ်စတမ်း လေ့လာဖတ်ရှုကြရသည့် အမေးအဖြေစာအုပ်ဖြစ်ပါသည်။

တစ်စုံ - သုံးသောင်းကျပ်။

Family Books📚

18 Oct, 02:11


❝တန်ခိုးထက်မြက်သည့်ဗုဒ္ဓဂုဏ်တော်များနှင့်ကိုယ်တွေ့ဖြစ်ရပ်များ ❞

ယခင်က ၆တွဲထုတ်ဝေခဲ့ပြီး ယခုအခါ တစ်အုပ်တည်း ထုတ်ဝေလိုက်ခြင်းဖြစ်ပါသည်။ ဗုဒ္ဓဂုဏ်တော်နှင့်ဂါထာတော်များ၊ ပရိတ်တော်များသည် တန်ခိုးအနန္တနှင့် ပြည့်စုံပါသည်။ ရွတ်ဖတ်ပူဇော်သူ မည်သူ့ကိုမဆို အကျိုးအနန္တကို ပေးနိုင်ပါသည်။ အမျိုးသားစာပေဆုရ ဆရာကြီးမင်းသူရိန် က ထိုကဲ့သို့ ဗုဒ္ဓဂုဏ်တော်များ၊ ဂါထာတော်၊ ပရိတ်တော်များနှင့် ကိုယ်တွေ့အကျိုးခံစားရသူများရဲ့ ပြန်လည်မျှဝေ ပြောပြချက်များကို မှတ်တမ်းတင် စုဆည်းပူဇော်ထားခြင်းဖြစ်ပါသည်။

ကိုယ့်တွေ့ပြောပြကြသူများမှာ စာရေးဆရာ၊ အနုပညာရှင်၊ စီးပွားရေးသမား၊ သံဃာတော်များ၊ စစ်ဗိုလ်များစသည်ဖြင့် အတန်းအစားမျိုးစုံ၊ အရွယ်အစားမျိုးစုံ ပါဝင်ကြပါသည်။ စာအုပ်ထူထူကြိးကို အားရပါးရဖတ်ရင်း ဗုဒ္ဓအပေါ် နက်နက်နဲနဲ ယုံကြည်သက်ဝင် ကြည်ညိုကြရမည်ဖြစ်ပါသည်။

သမ္ဗုဒ္ဓေဂါထာ၊ ဂုဏ်တော်ကိုးပါး၊ ဖုဌဿ လောကဓမ္မေဟိဂါထာ၊ ဂုဏ်တော်ကွန်းချာ၊ ပဌာန်း၊ ပရိတ် စသည့် ဗုဒ္ဓနှုတ်မြက်သည့် တရားဂါထာများနှင့်ပတ်သက်၍ အခြားသူများ၏ ကိုယ်တွေ့ဖြစ်ရပ်များကို ဖတ်ရှုလေ့လာ အားကျပြီး ပို၍ ကုသိုလ်တရားပွားများအောင် ရွတ်ဖတ်ပူဇော်လိုစိတ်များဖြစ်ပွားနိုင်ပါသည်။

✍wpa

တန်ဖိုး - ၁၈၀၀၀ကျပ်။

#တန်ခိုးထက်မြက်သည့်ဗုဒ္ဓဂုဏ်တော်များနှင့်ကိုယ်တွေ့ဖြစ်ရပ်များ
#မင်းသူရိန်

Family Books📚

16 Oct, 11:22


သိုးဆောင်း (အသစ်စက်စက်ဝတ္ထု)
🔥 REVENGE STORY 🔥
ထွက်ပြီ

တချို့သောတေးသွားတွေဟာ
ဒဏ်ရာဒဏ်ချက်တွေသိပ်များတယ်....
ဘဝကအံစာခေါက်သမျှ ကိုယ်ကငြိမ်ဝပ်ပြခဲ့ရတာမျိုးပေါ့ ...

အဲ့ဒီတေးသွားတွေ ထွန်းတောက်မဲ့အချိန်ဟာ
သိပ်ကြောက်ဖိုကောင်းပါရဲ့ ...
လောကတောင် နားကိုပိတ်ပြီး စုန်းစုန်းမြုပ်သွားခဲ့ရတာမျိုး....

စာအုပ်တန်ဖိုး - ၇၅၀၀ကျပ်။

#သိုးဆောင်း
#REVENGE STORY

Family Books📚

16 Oct, 11:13


ကတော့ မခံချင်မှအဆုံး။ အဆိုးဆုံးကတော့ မင်းသမီးနဲ့
ဇာတ်ထဲက လူပြက် ဒါမှမဟုတ် အငြိမ့်ဆရာနဲ့ တစ်စုံတစ်ခုသော ပြဿနာကြောင့် အငြိုးအတေး
ရှိနေလို့ကတော့ အခွင့်သာတာနဲ့ တမင်ခွင်ဆင်ပြီး
အဲ့ဒီမင်းသမီးကို သူနဲ့ဇာတ်လမ်းဖြစ်နေတဲ့သူရှိရင်
အဲ့ဒီလူနဲ့ အမိဖမ်းပြီး ဇာတ်လမိုင်းပျက်တယ်
ဘာညာနဲ့ ကန်တော့ပွဲထိုး ဖမ်းပေးစားပစ်တာပဲ။
အဲ့ဒီလို ပေးစားခံရတဲ့မင်းသမီးကတော့ သူ့ဘဝ
တက်လမ်းအတွက် လမ်းဆုံးရောပဲ။ ပြီးရော။

ဒီတော့ ဒါတွေကို မင်းသမီးတစ်ယောက်အနေနဲ့
ပညာသားပါပါ ရှောင်တတ်တိမ်းတတ်ဖို့ ခက်သားလား။ ကျွန်တော်က မချင့်မရဲမေးခွန်းထုတ်ချင်တယ်။ ဒါတွေကို မကြုံဖူးရင် မင်းသမီးမဟုတ်တော့ဘူးလားကွယ်။ ရိုးရိုးသားသားနဲ့ ကြိုးစားထိုက်တဲ့ မင်းသမီးဆိုတာကရော သဘင်လောကမှာ မရှိထိုက်တော့ဘူးလား။

ခင်သက်ပိုင်တစ်ယောက်ရော ဒီလောကထဲကနေ
ဘယ်လိုရုန်းထွက်နိုင်မှာပါလဲ။ ဒါမှမဟုတ်
လာကြည့်တဲ့ပရိသတ်တွေထဲက ပိုးကြပန်းကြတဲ့
လူပျိုကာလသားများရဲ့ အသုံးတော်ခံအဖြစ်နဲ့
ကပြရင်း ဆရာဝန် စစ်ဗိုလ် ကုန်သည် သူဌေး
စတဲ့သူတွေရဲ့ ငွေထုပ်ပစ်ပြီး သိမ်းပိုက်တာကို
ငံ့လင့်နေတဲ့ မင်းသမီးတွေလိုမျိုး
သူ့ဘဝဟာ တခန်းရပ်သွားမှာလား။

ဗိုလ်ကေတစ်ထောင်မှာတစ်ယောက်လောက်တော့
စွဲကောင်းပါရဲ့ ဆိုတဲ့ အငြိမ့်မင်းသမီးလေး
ခင်သက်ပိုင်ရဲ့ အကအလှ အနုပညာနဲ့ ဖြစ်ချင်တာကို
မရရအောင်ကြိုးစားချင်တဲ့ သူ့ရဲ့ဘဝအိပ်မက်၊
သူကြုံတွေ့ရတဲ့ နောက်ကွယ်က လောကဓံရဲ့
နှက်ချက်တွေနဲ့ သရုပ်ပျက် မင်းသမီးတွေရဲ့ဘဝ၊
အငြိမ့်သဘင်လောကရဲ့​အကြောင်းကို
ကွက်ကွက်ကွင်းကွင်း ဖော်ထုတ်
ရေးသားထားတဲ့ ဘဝသရုပ်ဖော်ဝတ္ထုဖြစ်ပါတယ်။

စာရေးသူက အညာသူ အင်းဝသူဖြစ်တော့
ရိုးသားပွင့်လင်းစွာနဲ့ ပိုင်ပိုင်နိုင်နိုင်ရှိလှတဲ့
စကားအသုံးအနှုန်းတွေကို ချစ်စဖွယ် ဖတ်ရပါတယ်။ တချို့အခန်းတွေမှာ အသံထွက်အောင် ရယ်ပြုံးရ၊ နာကျင်ခံစားရတဲ့ အခန်းတွေမှာကျ ပင့်သက်ကို
ရှိုက်ထုတ်ရ။ သည်လိုနဲ့ပဲ ကျွန်တော်တို့ဟာ
လူ့လောကရဲ့အကြောင်းကို သည်စာအုပ်လေးထဲမှာ
တစိတ်တဒေသ သိမြင်ခဲ့ရပြီး ခင်သက်ပိုင်ဆိုတဲ့ မင်းသမီးလေးကို နားလည်ချစ်မြတ်နိုးခဲ့ရပေါ့။

မူရင်ခရာရင် ယောကျ်ားတိုင်းကချစ်တယ်ဆို...
ညည်းနဲ့မတန်ပေါင် ဆိုချင်ဆို...
အသားလတ်လတ်နဲ့သူကိုသာ ယူချင်တယ်အကို
ဗိုလ်ကေတစ်ထောင်မှာတစ်ယောက်လောက်တော့
စွဲကောင်းပါရဲ့ ကျွဲမ ကျွဲမ ကျွဲမ ​အသားညို...

✍Lwan Naung
စာအုပ်တန်ဖိုး(၇၅၀၀)ကျပ်

#ဗိုလ်ကေတစ်ထောင်မှာ
တစ်ယောက်လောက်တော့ စွဲကောင်းပါရဲ့
#နုနုရည်အင်းဝ

Family Books📚

16 Oct, 11:13


ဗိုလ်ကေတစ်ထောင်မှာ
တစ်ယောက်တော့ စွဲကောင်းပါရဲ့

အငြိမ့်မင်းသမီးများ ရည်းစားထားတော့
လူဆိုတာမျိုးနော် သဘောနဲနဲကြီးအုံးမှပေါ့ ရှင်ရယ်
မီးရောင်အောက်ကိုဝင်ရင် လူပြက်တွေနဲ့တွဲတော့
မောင့်သဘောက အလွန်တရာမကြည်လင်...

ချစ်ကြပေရှင် ပြည်တခွင် မောင့်အချစ်မျိုးဟာ
ဘယ်အချိုးအစားလဲ တကယ်အားမရနိုင်ရှာအောင်ပင် ပေါ်ပေါ်လွင်လွင် ရှုမြင်ကြသရှင် အလှူ့ရှင်မှန်း
အားလုံးသိကြပါတယ်ရှင် အပိုင်သာကြံလိုက်ရင်
တိုင်ပေါ်အလံစိုက်ချင်...

အလှူ့ရှင်ဆိုတဲ့ သည်သီချင်းကို သည်စာအုပ်နဲ့
တွဲဖက်နားထောင်လိုက်မှပဲ သဘောကောင်းကောင်းပေါက်တော့တယ်။ ဘာလို့လဲဆိုတာ လာပါလိမ့်မယ်။

အငြိမ့်မင်းသမီးကောင်း တစ်ယောက်ဖြစ်ဖို့ဆိုတာ
လွယ်တာမှတ်လို့။ ရုပ်ကလေးလဲရှိအုံးမှ
အသံလည်းရှိအုံးမှ ကတာလည်း တော်အုံးမှ။
ဒါမှ စင်ပေါ်မှာ ထင်ပေါ်နိုင်မှာလေ။ မင်းသမီး
ဆိုရာမှာလည်း သုံးမျိုးသုံးစား ရှိလေရဲ့။
ရှေ့ပိုင်းမင်းသမီး အလယ်ပိုင်းမင်းသမီး
ခေါင်းဆောင်မင်းသမီး တဲ့။

ရှေ့ပိုင်းမင်းသမီး ဖြစ်ဖို့ကတော့ လွယ်ပါတယ်။
စောစောက ပညာရပ်တွေ တတ်ထားရင် အလွယ်တကူ
ဖြစ်နိုင်တယ်။ အဲ ခေါင်းဆောင်မင်းသမီး
ဖြစ်ဖို့ကတော့ အတော့်ကိုမလွယ်တာ။
ခေါင်းဆောင်မင်းသမီး ဖြစ်ဖို့အတွက်
ခမျာတွေမှာ အငြိမ့်ဆရာကို ကပ်ရတယ်
ဆရာကတော်ကို ကပ်ရတယ်။ အငြိမ့်ဆရာရဲ့
သားကိုပါ ကပ်ရတယ်။ နောက်ဆုံးမှာ ခန္ဓာကိုယ်
ကိုပါ ပေးဆပ်ပြီး ခေါင်းဆောင်မင်းသမီး ဆိုတဲ့
ဂုဏ်ကို ဘဝနဲ့ လဲယူကြရတယ်။

မင်းသမီးတစ်ယောက်ဖြစ်လာရင်
မီးရောင်အောက်မှာ လူပြက်တွေရဲ့ သားပြော
မယားပြော ပလူးပလဲလုပ်တာကို ခံရမယ်။
ဒါသဘာဝပဲ။ သည်သဘာဝမှာ သာယာ
နေတဲ့မင်းသမီးရှိသလို အောင့်အည်းသည်းခံပြီး
ကိုယ့်တက်လမ်းအတွက် နာမည်တလုံးရဖို့အတွက် ကြိုးစားနေရတဲ့ မင်းသမီးတွေလည်း
ရှိတယ်။ လူပြက်တွေဆိုတာက ကိုယ့်ရဲ့
ဘဝတက်လမ်းမှာ လှေကားတစ်ထစ်ပဲလေ။
အဲ့တော့ သူတို့ကြည်သာအောင် အလိုက်အထိုက်
နေရတယ်။ တတ်တဲ့ပညာရပ်နဲ့ မိန်းမမာယာနဲ့
ခပ်ညုညုလုပ်တန်လုပ်ရတယ်။ တေ့လုံး
ထေ့လုံးကလေးတွေနဲ့ ပရိသတ်စွဲအောင်
မျက်စလည်း ပစ်ပြတတ်ရသေးတာ။

အို ဒါတွေဟာ အများရဲ့အမြင်မှာသာ ဆန်းကျယ်တယ်ထင်ရပေမဲ့ မင်းသမီးတွေရဲ့ဘဝမှာတော့
ဒီလိုကိစ္စတွေဟာ ထမင်းစားရသောက်သဘော
လောက်သာ ရှိကြတာပါ။ လူတွေမှာက မင်းသမီး
တစ်ယောက်ရဲ့အလှအပ အညွန့်ကိုသာ ခူးချင်တဲ့
လူတွေပေါတာမဟုတ်ဘူး။ အထူးသဖြင့် အငြိမ့်
လောကမှာ မင်းသမီးတစ်ယောက်ရဲ့ မာန အညွန့်ကိုလည်း ခူးချ ဆိတ်ချလိုက်ဖို့ လက်တပြင်ပြင်
လုပ်နေတဲ့သူတွေလည်း အများကြီး ရှိမှာပေါ့။
အလှူ့ရှင်ဟေ့လိုသာ ဟစ်ကြေညာကြည့်ပါလား
တိုင်ပေါ်မှာ အလံစိုက်ချင်ကြတဲ့ လူတွေချည်းပဲ။

မဆွတ်ခင်က ညွတ်ပြီးသားပါရှင့် ဆိုတဲ့
မင်းသမီးတွေလည်း ရှိတယ်။ သူတို့လို
မင်းသမီးမျိုးတွေကျ အနုပညာကို
ချစ်မြတ်နိုးလို့ကနေတာတော့မဟုတ်ဘူး။
ဝမ်းရေးနဲ့ ထင်ပေါ်လိုမှု အတွက်သက်သပ်ပဲ။
အောင်မြင်အောင်လုပ်မယ်။ တတ်သမျှ
ပညာကုန်ပြမယ်။ စင်ဘေးကနေ လာကြည့်တဲ့အထဲက
ဆေးကျောင်းသားဖြစ်ဖြစ် သူဌေးဖြစ်ဖြစ် ပါလာရင်
အပိုင်ကပ်ပြီး နောက်ဆုံးအန္တိမပန်းတိုင်ဖြစ်တဲ့
ဆရာဝန်ကတော် သူဌေးကတော်ဖြစ်အောင်
ဝင်လုံးမယ်။ ဒီလိုအေးအေးဆေးဆေးဘဝမျိုး
ကိုသာရမယ်ဆိုရင် ဘယ်လောက်ပဲအောင်မြင်
ကျော်ကြားတဲ့မင်းသမီးဖြစ်နေပါစေ ကျော်ကြားမှုကို
စွန့်လွှတ်ဖို့ ဝန်မလေးဘူး။ နယ်တကာ
မြို့တကာလှည့်ပြီး အပင်ပန်းခံကပြရတဲ့
သည်ဘဝကို ဘယ်မှာလာ နှစ်သက်နိုင်ပါ့မလဲ။

သည်အထဲမှာ ခင်သက်ပိုင်လေးလဲ အပါအဝင်လေ။ မင်းသမီးဖြစ်ချင်လို့ ပန်တျာကျောင်းမှာ
ပညာသင်တယ်။ ကျောင်းဆင်းတော့ မန္တလေးရဲ့
ထိပ်ခေါင် မြမန္တလာအငြိမ့်မှာ ဝင်ကတယ်။
ကဲ ခင်သက်ပိုင်တစ်ယောက် မင်းသမီးဖြစ်ပြီ။
တသက်တကိုယ်မရဖူးတဲ့ ပိုက်ဆံလည်း ရပြီ။
အငြိမ့်ဆရာရဲ့သားနဲ့လည်း ရင်းနီးကျွမ်းဝင်ပြီး
အရေးပေးခံနေရပြီ။ ရုပ်ကလေးကလည်း
သနားကမားရှိ အသက်ကလေးကလည်း ငယ်ငယ် တက်သစ်စဆိုတော့ ခင်သက်ပိုင်အတွက် ရှေ့ကို
တိုးလို့သာ အောင်မြင်ဖို့ရှိတော့တယ်။ သူလိုချင်တဲ့ ခေါင်းဆောင်မင်းသမီး ဘဝနဲ့ ကျော်ကြားမှု
အိပ်မက်က တဖြည်းဖြည်း နီးကပ်လာပြီလေ။

ရယ်စရာရဲ့နောက်မှာ မောစရာတခုခု
အမြဲရှိတတ်တယ်။ လုံးစိမ်းဘဝနဲ့
အပျော်ကြီးပျော်နေတဲ့ ခင်သက်ပိုင်တစ်ယောက်
သည်မှာပဲ အငြိမ့်လောကရဲ့ အကြောင်းကို
နဖူးတွေ့ဒူးတွေ့ကြုံရတော့တာပဲ။ လူတွေက
စင်ပေါ်မှာ ​အပြုံးပန်းလှလှနဲ့ ကပြနေတဲ့
မင်းသမီးတစ်ယောက်ရဲ့အလှအပကိုသာ
မြင်ကြတာ။ စင်နောက်မှာ ကြုံရတွေ့ရတဲ့
နောက်ကွယ်က အရုပ်ဆိုးအကျည်းတန်မှုတွေ
မင်းသမီးကောင်းအဖြစ် ဆွဲတင်တာခံရဖို့အတွက် ပေးဆပ်ရတဲ့ အရင်းအနီးတွေ ဒါတွေကို လူတွေ
မမြင်ဘူး။ ကိုယ်ညံ့ရင်ညံ့သလို ကိုယ့်ထက်ဝါရင့်
သူတွေရဲ့ ဖြတ်စားရိုက်စားလုပ်တာကို ခံရမယ်။
လူပြက်တွေရဲ့ လူပါးဝမှုကို ကြုံရမယ်။
အခန့်မသင့်ရင် ဇာတ်ဆရာရဲ့ပညာပြတာ ခံရမယ်။
အငြိမ့်စင်နောက်က ကိုကိုကာလသားများရဲ့ ထိကပါးရိကပါး လုပ်တာ ခဲနဲ့ပေါက်တာ စတာတွေ

Family Books📚

16 Oct, 11:03


ရန်သူရဲ့စိတ်ထဲအထိ ထိုးဖောက်ဝင်ရောက်ပြီး တိုက်ခိုက်မှုမပြုလုပ်ဘဲ အနိုင်ရတယ်ဆိုတာ တကယ် ဖြစ်နိုင်ပါသလား ???

နိုင်ငံရေးသမားတွေ ၊ ဟောပြောသူတွေ ၊ အနုပညာရှင်တွေဟာ ၊ သူတို့ လိုချင်သမျှရနေတာ ဘာကြောင့်လဲလို့ သင် တွေးဖူးပါသလား ???

အခြားသူတွေ အလုပ်ခွင်မှာဖြစ်ဖြစ် ၊ သင့်ရဲ့ဘဝမှာဖြစ်ဖြစ် ၊ သင့်ထက်သာလွန်တဲ့ အခြေအနေကို ရရှိနေတာကို သင် စိတ်ညစ်နေပြီလား ???

ဘဝတိုးတက်ရာ တိုးတက်ကြောင်း အဆိုအမိန့်တွေက သင့်အတွက် ထပ်တလဲလဲ ဖြစ်နေပြီလား ???

ဒီမေးခွန်းတွေကို သင် ကိုယ်တိုင် မေးမိနေရင်တော့ အဖြေက “ ဆိုက်ဝါးထည့်ခြင်း အတတ်ပညာ ” ပဲ ဖြစ်ပါတယ် ။

#ဆိုက်ဝါးထည့်ခြင်းအတတ်ပညာ #ရဲမင်းဝင်း

2,801

subscribers

4,714

photos

1

videos