Guide4U @guid4u Channel on Telegram

Guide4U

@guid4u


Guides4U

Guide4U (English)

Are you tired of searching for reliable guides on various topics? Look no further, because Guide4U is here to provide you with all the information you need! Our Telegram channel, @guid4u, offers a wide range of useful guides that will help you navigate through different aspects of life. Whether you need tips on travel destinations, DIY projects, healthy recipes, or career advice, we've got you covered!nnWho is Guide4U? We are a team of expert writers and researchers who are dedicated to making your life easier. With our carefully curated guides, you can save time and effort by accessing all the information you need in one convenient place.nnWhat is Guide4U? Guide4U is your ultimate destination for informative and practical guides on a variety of topics. Whether you're a seasoned traveler looking for hidden gems or a newbie in the kitchen trying to cook up a storm, our channel has something for everyone. From step-by-step instructions to handy tips and tricks, we make learning new things a breeze.nnJoin Guide4U today and embark on a journey of discovery and knowledge. Let us be your trusted companion in every area of your life, providing you with the guidance you need to succeed. Don't waste time searching for answers when Guide4U can provide them all at your fingertips. Stay informed, stay ahead, and let Guide4U be your go-to source for all your guide needs!

Guide4U

07 Dec, 13:36


ဘီလျံနာ မတ်ဇပ်ကာဘတ်သည် ခန့်မှန်းတန်ဖိုး ကန်ဒေါ်လာ သန်း ၈၀ တန် Gulfstream G700 ကိုယ်ပိုင်ဂျက်လေယာဉ် အသစ်စက်စက်ကို ဝယ်ယူလိုက်သည်။
လေယာဉ်ကိုယ်ထည်အရောင်ကို အဖြူရောင်နှင့် Facebook အပြာရောင် သုံးထားသည်။

ဇပ်ကာဘတ်သည် လက်ရှိတွင် Gulfstream G650 ကိုယ်ပိုင်ဂျက်လေယာဉ်တစီး ပိုင်ဆိုင်ထားသည်။ ယခုအခါ အဆင့်ပိုမြင့်သည့် အသစ်တစီး ရရှိပြီ ဖြစ်သဖြင့် စီးလက်စ လေယာဉ်ကို ပြန်ရောင်းမည်ဟု မျှော်လင့်ရသည်။

ဇပ်ကာဘတ်သည် ပြီးခဲ့သည့်လအနည်းငယ်အတွင်း G650 မှ G700 သို့ အဆင့်မြှင့်တင်ခဲ့သည့် ဒုတိယမြောက်ဘီလျံနာဖြစ်သည်။

Amazon တည်ထောင်သူ Jeff Bezos သည်လည်း G700 အသစ်စက်စက် တစင်း ဝယ်ယူခဲ့သည်။ လက်ထဲရှိသည့် G650 ကို ရောင်းရန် ကန်ဒေါ်လာ ၃၈ သန်းဖြင့် ဈေးခေါ်ထားသည်။


Gulfstream G700 ၏ အားသာချက်မှာ မိုင် ၈၆၀၀ အထိ မရပ်မနား ပျံသန်းနိုင်ခြင်း ဖြစ်သည်။ ပျံသန်းနိုင်သည့် အများဆုံး အမြန်နှုန်းမှာ တနာရီ မိုင် ၇၁၀ ဖြစ်သည်။


Source lucurylaunches
#TravelerGuide@Guid4U

Guide4U

07 Dec, 13:06


တောင်ကိုရီးယားသမ္မတ ယွန်းဆက်‌ယောကို ပြစ်မှုကျူးလွန်မှုအပေါ် အရေးယူရန် အဆိုကို ပါလီမန်တွင် စနေနေ့ (ဒီဇင်ဘာ ၇) တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ မအောင်မြင်ခဲ့ချေ။
ယွန်း၏ အာဏာရပါတီ People Power Party (PPP) မှ အမတ် ၁၀၈ ဦးအနက် ၃ ဦးသာ မဲပေးခဲ့ပြီး ကျန်အမတ်များအားလုံး လွှတ်တော်ခန်းမ အပြင်ဘက်သို့ ထွက်သွားကြကာ မဲမပေးဘဲ နေခဲ့ကြသည်။

အမတ်နေရာ ၃၀၀ ရှိသည့်အနက် အတိုက်အခံပါတီသည် အမတ် ၁၉၂ နေရာ ရရှိထားသည်။
ပြစ်မှုကျူးလွန်မှုအပေါ် အရေးယူရန် အဆိုကို အတည်ပြုရန် ထောက်ခံမဲ ၂၀၀ လိုအပ်သည်။

Source Yonhap
#Guide4U

Guide4U

07 Dec, 12:43


အမေရိကန် ပြည်ထောင်စု အယူခံတရားရုံးက တရုတ်အခြေစိုက် ByteDance ကို လာမည့်နှစ်အစောပိုင်းတွင် အမေရိကန်တွင် လူကြိုက်များသော ဗီဒီယိုအတိုအက်ပ် TikTok ကို ဖျက်သိမ်းရန်၊ မဖျက်သိမ်းလျှင် တားမြစ်ပိတ်ပင်မှုနှင့် ရင်ဆိုင်ရမည်ဟု ပြဋ္ဌာန်းခားသည့် ဥပဒေကို သောကြာနေ့ (ဒီဇင်ဘာ ၆)တွင် အတည်ပြုခဲ့သည်။

၎င်းစီရင်ချက်သည် တရားရေးဌာနနှင့် တရုတ်ပိုင်အက်ပ် TikTok ကို ဆန့်ကျင်သူများအတွက် အောင်ပွဲဖြစ်ပြီး TikTok ၏ မိခင်လုပ်ငန်း ByteDance အတွက် ဆိုးရွားသော ထိုးနှက်ချက်ဖြစ်သည်။

အမေရိကန်နိုင်ငံသား သန်း ၁၇၀ အသုံးပြုသော ဆိုရှယ်မီဒီယာအက်ပ် TikTok သည် လာမည့် သီတင်းပတ် အနည်းငယ်အကြာ ဇန်နဝါရီ ၁၉ ရက်တွင် အမေရိကန်မှာ ပိတ်ပင်ခံရတော့မည့် အလားအလာ တိုးသွားသည်။

TikTok သည် အဆိုပါ စီရင်ချက်ကို တရားရုံးချုပ်သို့ အယူခံဝင်ရန် စီစဉ်နေသည်။

Source Reuters
#ICTIndustryGuide

Guide4U

07 Dec, 12:31


ဇန်န၀ါရီလတွင် အီရန်သည် Simorgh ဒုံးပျံကို အသုံးပြု၍ ဂြိုဟ်တု ၃ လုံးကို တစ်ပြိုင်နက်တည်း လွှတ်တင်ခဲ့သည်။ အလေးချိန် ၃၂ ကီလိုဂရမ် (ပေါင် ၇၀) ရှိသော ဂြိုလ်တုတစ်လုံးနှင့် ၁၀ ကီလိုဂရမ်အောက်ရှိသော နာနိုဂြိုလ်တု ၂ ခုတို့ကို အနိမ့်ဆုံးပတ်လမ်း ၄၅၀ ကီလိုမီတာ (မိုင် ၂၈၀) သို့ ပို့ဆောင်ခဲ့သည်။

စက်တင်ဘာလတွင် အီရန်သည် Qaem-100 ဂြိုလ်တုလွတ်တင်ရေး ဒုံးပျံဖြင့် Chamran-1 သုတေသနဂြိုလ်တုအား ၅၅၀ ကီလိုမီတာ (မိုင် ၃၄၀) ပတ်လမ်းအတွင်းသို့ လွှတ်တင်ခဲ့သည်။

Source Reuters
#Guide4U

Guide4U

07 Dec, 12:30


အီရန်နိုင်ငံသည် Simorgh အမည်ရှိ သယ်ယူပို့ဆောင်ရေး ဒုံးပျံကို အသုံးပြု၍ မကြုံစဖူး အလေးဆုံးသော ဝန်ကို အာကာသထဲသို့ သောကြာနေ့က လွှတ်တင်ပေးပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားမှ သတင်းဖော်ပြခဲ့သည်။

Samān-1 transfer module ကို CubeSat နှင့် သုတေသနဝန်စည်များနှင့်အတူ အမြင့်အမှတ် ၄၁၀ ကီလိုမီတာ (၂၅၅ မိုင်) နှင့် အနိမ့်အမှတ် ၃၀၀ ကီလိုမီတာရှိသော ဘဲဥပုံပတ်လမ်းတွင် အောင်မြင်စွာ ထားရှိနိုင်ခဲ့သည်။

အဆင့်နှစ်ဆင့်ရှိသော အရည်လောင်စာသုံး ဂြိုလ်တုလွှတ်တင်ရေး ဒုဲးပျဲ Simorgh ကို အီရန်ကာကွယ်ရေးဝန်ကြီးဌာနနှင့် လက်နက်ကိုင်တပ်ဖွဲ့များ ထောက်ပံ့ပို့ဆောင်ရေးတို့မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ပို့ဆောင်ပေးခဲ့သည့် စုစုပေါင်းအလေးချိန်မှာ ကီလိုဂရမ် ၃၀၀ (ပေါင် ၆၀၀) ဖြစ်ပြီး အီရန်နိုင်ငံအတွက် အလေးဆုံး စံချိန်သစ် ဖြစ်သည်။

Guide4U

07 Dec, 11:41


ပဲပုပ်ဆီစျေးနှုန်းများသည် ကမ္ဘာ့သွင်းကုန်ဝယ်လိုအား ပိုမိုအားကောင်းလာခြင်းကြောင့် မြင့်တက်လာခဲ့သည်။ မုန်ညှင်းဆီနှင့် နေကြာဆီတို့လည်း ဈေးတက်သည်။

အခြား စားသောက်ကုန် ဈေးနှုန်း အညွှန်းကိန်းများ ကျဆင်းခဲ့သည်။

ကောက်နှံဈေးနှုန်းများသည် ဂျုံနှင့်ဆန် ဈေးနှုန်းများ လျော့ကျသဖြင့် အောက်တိုဘာလထက် ၂.၇% ကျဆင်းခဲ့သည်။

ဘရာဇီး သကြားအထွက်နည်းမည်ဟု စိုးရိမ်မှုများ လျော့ကျခဲ့ပြီး ထိုင်းနှင့် အိန္ဒိယတို့တွင် သကြားစက်များ ကြံစကြိတ်ကြပြီဖြစ်သဖြင့် သကြားဈေးနှုန်းများ အောက်တိုဘာလထက် ၂.၄% ကျဆင်းခဲ့သည်။


နောက်ထပ် သီးခြားအစီရင်ခံစာတစ်ခုတွင် FAO သည် ၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာသီးနှံထုတ်လုပ်မှုအတွက် ၎င်း၏ခန့်မှန်းချက်ကို မက်ထရစ်တန်ချိန် ၂.၈၄၈ ဘီလီယံမှ ၂.၈၄ ဘီလီယံသို့ လျှော့ချခဲ့သည်။ ယမန်နှစ်ထက် ၀.၆% လျော့နည်းသော်လည်း မှတ်တမ်းသမိုင်းတလျှောက် ထုတ်လုပ်မှု ဒုတိယအများဆုံး ဖြစ်သည်။


Source fao
#FoodIndustryGuide

Guide4U

07 Dec, 11:40


ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်းညွှန်းကိန်းသည် ၂၀၂၃ ခုနှစ် ဧပြီလနောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ နိုဝင်ဘာလတွင် မြင့်တက်ခဲ့သည်။
ဟင်းသီးဟင်းရွက်ဆီဈေးများ မြင့်တက်ပြီးနောက် ၁၉ လအတွင်း ၎င်း၏ အမြင့်မားဆုံး အမှတ်ကို မှတ်တမ်းတင်ခဲ့ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ Food and Agriculture Organization (FAO)မှ ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ ပြုစုထားသော စျေးနှုန်းအညွှန်းကိန်းသည် အောက်တိုဘာလတွင် ပြန်လည်ပြင်ဆင်ထားသည့် 126.9 မှတ်မှ ပြီးခဲ့သောလတွင် 127.5 မှတ်အထိ တိုးလာခဲ့သည်။
၁၉ လတာအတွင်းအမြင့်ဆုံးဖြစ်သည်။
လွန်ခဲ့သည့်နှစ်ကထက် ၅.၇% မြင့်တက်ခဲ့သည်။

ဟင်းသီးဟင်းရွက်ဆီအညွှန်းကိန်းသည် လွန်ခဲ့သောလက အဆင့်များထက် ၇.၅% ခုန်တက်သွားပြီး ယမန်နှစ်ကထက် ၃၂% မြင့်တက်သည်။
အရှေ့တောင် အာရှတွင် မိုး အလွန်အကျွံ ရွာသွန်းမှုကြောင့် စားအုန်းဆီထွက်ရှိမှု မျှော်မှန်းထားသည်ထက် လျော့နည်းမည်ကို စိုးရိမ်မှုများကြောင့် ဈေးတက်ခြင်းဖြစ်သည်။

Guide4U

07 Dec, 10:29


နိုင်ငံတကာ စားအုန်းဆီဈေးသည် နှစ်နှစ်ခွဲအတွင်း အမြင့်ဆုံးသို့ မြင့်တက်ခဲ့သည်။
အင်ဒိုနီးရှားတွင် မိုးရွာသွန်းမှု များပြားခဲ့ပြီး မလေးရှားတွင် အကြီးအကျယ် ရေကြီးသဖြင့် ထုတ်လုပ်မှုကျဆင်းမည်ဟု ခန့်မှန်းထားခြင်း၊ အင်ဒိုနီးရှားတွင် စာအုန်းဆီကြမ်း ပို့ကုန်အခွန်တိုးမြှင့်မှုနှင့် ဈေးကစားပြီး အမြတ်ထုတ်မည့် လက်ကြီးသမားများ စားအုန်းဆီဈေးကွက်ထဲ ဝင်လာခြင်းတို့ကြောင့် စားအုန်းဆီ ကြိုပွိုင့်ဈေး မြင့်တက်သည်။

မလေးရှားစားအုန်းဆီ ကြိုပွိုင့်ဈေးနှုန်းသည် တစ်တန်လျှင် ၅,၁၇၉ ရင်းဂစ် ($1,170) သို့ သောကြာနေ့ (ဒီဇင်ဘာ ၆)တွင် ခေတ္တရောက်ရှိခဲ့သည်။ ၂၀၂၂ ဇွန်လ နောက်ပိုင်း အမြင့်ဆုံးစျေးနှုန်း ဖြစ်သည်။

Source Nikkei Asia
#FoodIndustryGuide

Guide4U

07 Dec, 10:04


မန္တလေးမြို့ ပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း စျေးနှုန်းများ
#FoodIndustryGuide

7 • 12• 2024 ( Saturday )
12:00 PM ကောက်ပဲသီးနှံဈေးနှုန်းများ
#ဂျုံစေ့အမျိုးမျိုး -
ဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) - ၆၀ ပိဿာ - 210000/ 220000
ဂျုံ (မုံရွာ/ဘုတလင်) - ၆၀ ပိဿာ - 210000/ 220000
ဂျုံ (စစ်ိကိုင်း/ဆားတောင်/ရွှေဘို) - ၆၀ ပိဿာ - 210000/ 220000
ဂျုံ (မြင်းမူ/မြောင်) - ၆၀ ပိဿာ - 210000 / 220000
ဂျုံ (ကလေး) - ၆၀ ပိဿာ
ဂျုံ (ရှမ်း) - ၆၀ ပိဿာ - 190000/ 195000/
ဂျုံ (အထွက်တိုး) - ၆၀ ပိဿာ - 190000/ 195000
ဂျုံ (ပန်ဆိုင်း/ကြူကုတ်) - ၆၀ ပိဿာ - 180000
ဂျုံ (AUS) - ၁ ပိဿာ - 3700 (ygn)
ဂျုံဖွဲ - ၁ ပိဿာ - 1200/
---------------------------------------------
#ကုလားပဲလုံး
V2 - ၅၇.၂၅ ပိဿာ - 303000/ 305000
V7 - ၅၇.၂၅ ပိဿာ - 305000/ 310000
V9 - ၅၇.၂၅ ပိဿာ -
TW - ၅၆.၂၅ ပိဿာ - 285000 / 287000
929 - ၅၆.၂၅ ပိဿာ - 294000/
မြကြေး(တာပွန်) - ၅၆.၂၅ ပိဿာ -
ဗမာကုလားပဲ - ၅၆.၂၅ ပိဿာ -
#ကုလားပဲခြမ်း - (၁ပိဿာ) ဈေးနှုန်းများ
V2ခြမ်း - 6650/
V7ခြမ်း -6700
V9ခြမ်း -
TWခြမ်း - 7000
929 ခြမ်း - 6850/ 6900
မြကြေး(တာပွန်)ခြမ်း -
ဗမာကုလားပဲခြမ်း -
---------------------------------------------
#ပဲစင်းငုံအမျိုးမျိုး -
ပဲစင်းငုံ (နီ) - ၆၀ ပိဿာ -
ပဲစင်းငုံ (ဖြူ) - ၆၀ ပိဿာ -
ပဲစင်းငုံ (ကြား) - ၆၀ ပိဿာ
ပဲစင်းငုံ ခြမ်း - ၁ ပိဿာ -
ပဲစင်းငုံလုံး ခွံချွတ် - ၁ ပိဿာ -
---------------------------------------------
#ပဲယင်းအမျိုးမျိုး
ပဲယင်းကြီး - ၆၀ ပိဿာ - 250000
ပဲယင်းသေး - ၆၀ ပိဿာ - 250000
ပဲယင်းနီ - ၆၀ ပိဿာ - 260000/ 265000
---------------------------------------------
#ပဲတီစိမ်းအမျိုးမျိုး -
ပဲတီစိမ်းရွှေဝါ (ခရမ်း) - ၅၆.၂၅ ပိဿာ -
ပဲတီစိမ်းရွှေဝါ (လမ်း) - ၅၆.၂၅ ပိဿာ -
ပဲတီစိမ်း (ညာ) - ၅၆.၂၅ ပိဿာ -(သစ်) 270000/ 280000/ 295000/300000//
(စိုက်ကွင်း) 310000/ 315000
ပဲတီစိမ်းသေး (စိမ်းနောက်) - ၅၆.၂၅ ပိဿာ
ပဲတီစိမ်း (ခွဲပဲ) - ၅၆.၂၅ ပိဿာ - 210000/ 230000/ 250000/
ပဲတီစိမ်းခြမ်း - ၁ ပိဿာ -
---------------------------------------------
#ပဲလွန်း -
ပဲလွန်းဖြူ - ၆၀ ပိဿာ -
ပဲလွန်းပြာ - ၅၄.၂၅ ပိဿာ -
ပဲလွန်းဝါ -
---------------------------------------------
#ပဲကြီးအမျိုးမျိုး -
ပဲကြီး (က) - ၅၅.၂၅ ပိဿာ - 280000/ 290000/ 300000
ပဲကြီး (လ) - ၅၅.၂၅ ပိဿာ - 250000/ 255000/ 260000
ပဲကြီး (သ) - ၅၅.၂၅ ပိဿာ - 245000/ 250000
ပဲကြီး (ရှမ်း) - ၅၅.၂၅ ပိဿာ
တရုတ်ပဲကြီး (က) - ၅၀ ပိဿာ -
တရုတ်ပဲကြီး (သ) - ၅၀ ပိဿာ -
---------------------------------------------
#ပဲရာဇာ
ပဲရာဇာ (လုံး) - ၃တင်း=၆၁.၂၅ ပိဿာ -
ပဲရာဇာ (ခြမ်း) - ၁ ပိဿာ -
---------------------------------------------
#ပဲထောပတ်
ပဲထောပတ် (ဂေါက်) - ၅၆.၂၅ ပိဿာ - 400000
ပဲထောပတ် (က) - ၅၆.၂၅ ပိဿာ - 380000/ 385000/ 390000
ပဲထောပတ် (လ) - ၅၆.၂၅ ပိဿာ - 350000/ 370000/
ပဲထောပတ် (သ) - ၅၆.၂၅- ပိဿာ - 300000
---------------------------------------------

#ပဲကြား - ၅၆.၂၅ ပိဿာ -
#ပဲနီပြား - ၅၅.၂၅ ပိဿာ -(တံတားဦး) 460000/265000// (ကျွန်း) 520000/ 530000

#ပဲဇီးကွက်2
ပဲဇီးကွက် (ဗမာ) - ၅၈.၂၅ ပိဿာ - 290000
ပဲဇီးကွက် (ရှမ်း) - ၅၈.၂၅ ပိဿာ - /
#စွန်တာပြာ
စွန်တာပြာ (ကသဲ) - ၅၈.၂၅ ပိဿာ - 260000/ 265000
စွန်တာပြာ (ရိုးရိုး) - ၅၈.၂၅ ပိဿာ - 235000/ 240000
---------------------------------------------
#ပဲပုတ်
ပဲပုတ် (ကာဘိုး) - ၅၃.၂၅ ပိဿာ
ပဲပုတ် (စက်ပဲ) - ၅၃.၂၅ ပိဿာ - 320000/ 330000/ 340000
ပဲပုတ် (ဗမာ) - ၅၃.၂၅ ပိဿာ - 470000/ 475000
ပဲပုတ် (ရှမ်း) - ၅၃.၂၅ ပိဿာ - (သစ်)350000/ 370000/ 380000// (ဟောင်း) 390000/
---------------------------------------------
#နိုင်လွန်ပဲ/ပုဂံပဲ - ၅၉.၂၅ ပိဿာ -
#မြေထောက်ပဲ
မြေထောက်ပဲ - ၅၄ ပိဿာ - 290000/ 300000/320000/340000/ 350000/
မြေထောက်ပဲ (ကြား) - ၅၄ ပိဿာ -
မြေထောက်ပဲ (ဖြူ) - ၅၄ ပိဿာ -
#ခေတ်သစ်ပဲ -
------------------------------------------
#မတ်ပဲ
မတ်ပဲ - ၆၀ ပိဿာ - (ဟောင်း) - 320000/ 325000/ 330000
မတ်ပဲ - ၆၀ ပိဿာ - ( သစ် ) - 260000/ 270000/ 275000
မတ်ပဲခြမ်း (ခွံချွတ်ခြမ်း) - ၁ ပိဿာ -
မတ်ပဲခြမ်း (ခွံပါခြမ်း) - ၁ ပိဿာ -
မတ်ပဲ (လုံးချွတ်) - ၁ ပိဿာ -
---------------------------------------------
#စားတော်
စားတော် (ကနေဒါ) - ၅၉.၂၅ ပိဿာ - 390000/ 400000/ 410000
စားတော် (ယူကရိန်း) - ၅၉.၂၅ ပိဿာ -

Guide4U

07 Dec, 10:04


စားတော် (ကျွန်း) - ၅၉.၂၅ ပိဿာ - 470000/ 480000/
စားတော်ခြမ်း - ၁ ပိဿာ -
---------------------------------------------
#ဘိုကိတ်
ဘိုကိတ်ကြား (က) - ၅၂ ပိဿာ -
ဘိုကိတ်ကြား (သ) - ၅၂ ပိဿာ -
ဘိုကိတ် (ထိပ်စွပ်) - ၅၂ ပိဿာ -
---------------------------------------------
#ပဲချဉ်ပေါင် - ၆၀ ပိဿာ - 205000 / 210000
#ချဉ်ပေါင်စေ့/ ဘိလပ်စေ့ - ၄၅ ပိဿာ -
---------------------------------------------
#ပြောင်း
ပြောင်းဖူး (ဗမာ) - ၅၄ ပိဿာ - 83000/ 85000
ပြောင်းဖူး (ရှမ်း) - ၅၄ ပိဿာ - 85000/ 88000
ပြောင်းဖူး (CP) - ၅၄ ပိဿာ - 85000/ 88000
အထွက်တိုးပြောင်း (နီ) - ၅၃ ပိဿာ - ( ဟောင်း) 75000/ (သစ် ) 80000
အထွက်တိုးပြောင်း (ဖြူ) - ၅၃ ပိဿာ -
ဆန်ပြောင်း - ၅၉.၂၅ ပိဿာ -
ခွံပြောင်း - ၅၃ ပိဿာ -
---------------------------------------------
#နံနံစေ့ - ၁တင်း 34000
မုန်ညှင်းစေ့ - ၁ ပိဿာ 5700/ 5800
စမုံနက် - ၁ ပိဿာ - 10000
စမုံစပါး - ၁ ပိဿာ - 4500/ 5000
---------------------------------------------
#ကြက်ဆူ
ကြက်ဆူ (ဗမာ) - ၃၆ ပိဿာ - 125000
ကြက်ဆူ (ရှမ်း) - ၃၆ ပိဿာ -
---------------------------------------------
#နှမ်းအမျိုးမျိုး
နှမ်းနက် (စမုန်) - ၄၅ ပိဿာ-(AV • မလွတ်) 640000/ 650000/ (AV• 3 )660000/665000
(AV•2) 670000/675000 (AV •1) 680000/ 685000
နှမ်းနက် (ဂွ) - ၄၅ ပိဿာ -
နှမ်းဖြူ (JP) - ၄၅ ပိဿာ - 420000/ 425000/ 430000
နှမ်းဖြူ (ဗမာ) - ၄၅ ပိဿာ -375000/ 380000/ 385000/ 390000
နှမ်းဖြူ ( ခြုံကျော်) - ၄၅ ပိဿာ - 410000/ 415000
နှမ်းညို - ၄၅ ပိဿာ -(သစ်) - 320000/ 325000
နှမ်းဝါ (ယော)- ၄၅ ပိဿာ -340000/ 345000
နှမ်းနီ- ၄၅ ပိဿာ -- 355000/ 360000
နှမ်းကြား - ၄၅ ပိဿာ -
ရှမ်းနှမ်း - ၄၅ ပိဿာ -
ဆောင်းနှမ်း - ၄၅ ပိဿာ -
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

ပန်းနှမ်း - ၄၅ ပိဿာ -

---------------------------------------------
#နေကြာ
ဆီနေကြာ - ၂၇ ပိဿာ
လှော်နေကြာ -
---------------------------------------------

#မြေပဲဆံအမျိုးမျိုး - ၁ ပိဿာဈေးနှုန်း
S1လုံးဆံ -(သစ်) 8500/ 8600/ (မျိုး)8800/ 8900/ 9000
S1ဆီဆံ -8300/ 8500/ 8550
S1 ရွေးဆံ -(တစ်ပေါက်ကျ) 8500
Mတွဲလုံးဆံ - 8600/ 8900/ 9100
Mတွဲဆီဆံ -- 8250/ 8600
အနီလုံးဆံ - - 8550/ 8700/8800
အနီဆီဆံ - - 8200/ 8500
အနီလုံးဆံ ( ရှမ်း )// အနီဆီဆံ (ရှမ်း) -
ပြန့်လုံးဆံ - 8700
ပြန့်ဆီဆံ - 8300/ 8500/ 8650/
-----------------------------------------
#ဆီအမျိုးမျိုး - ၁ ပိဿာ
ပဲဆီ - ၁ ပိဿာ - 14500/ 15000/ 15500
ပဲဖတ် - ၁ ပိဿာ- 6250/ 6275/ 6300
နှမ်းဆီ - ၁ ပိဿာ- 14000/ 14500
နှမ်းဖတ် - ၁ ပိဿာ- 4200/ 4300
နေကြာဖက် - ၁ပိဿာ - 3300/ 3400
မုန့်ညှင်းဆီ - ၁ ပိဿာ -
မုန့်ညှင်းဖတ် - ၁ ပိဿာ - 4000
ပန်းနှမ်းဆီ - ၁ ပိဿာ -
ပန်းနှမ်းဖက် - ပိဿာ - 3500/ 3600
မှတ်ချက်👉အချိန်နှင့်အမျှဈေးနှုန်းပြောင်းလဲမှုရှိပါသည်။

Guide4U

07 Dec, 10:02


လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်သဖြင့် ထိုင်းငါးဖအ်းသင်္ဘောမှ ထိုင်းသင်္ဘောသားလေးဦးကို မြန်မာအာဏာပိုင်များက ပြန်လွှတ်ပေးခြင်းမရှိသေးပေ။

အဆိုပါ သင်္ဘောသားလေးဦးအား ထိုင်းနိုင်ငံ ရနောင်း တဖက်ကမ်းရှိ မြန်မာနိုင်ငံ ကော့သောင်းမြို့တွင် ထိန်းသိမ်းထားသည်။

မြန်မာကင်းလှည့်သင်္ဘောများက နိုဝင်ဘာ ၃၀ ရက်က ထိုင်းငါးဖမ်းလှေ ၁၅ စင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Thanathip Sawangsaeng က စနေနေ့ (ဒီဇင်ဘာ ၇)တွင် ပြောကြားသည်။
အဆိုပါ ပစ်ခတ်မှုတွင် တဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ငါးဖမ်းသင်္ဘော Sor Charoenchai 8 ကို သင်္ဘောသား ၃၁ ဦးနှင့်အတူ မြန်မာ အာဏာပိုင်များက ဖမ်းဆီးရမိခဲ့ပြီး သင်္ဘောသားများတွင် ထိုင်း ၄ ဦးနှင့် မြန်မာမှ ၂၇ ဦးတို့ ပါဝင်သည်။

အဆိုပါ ထိုင်းလေးဦးကို သောကြာနေ့တွင် ပြန်လွှတ်ပေးရန် ကနဦးစီစဉ်ထားသော်လည်း ပြန်မလွှတ်သေးကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထိုင်း-မြန်မာ နယ်ခြားကော်မတီ Thai-Myanmar Township Border Committee(TBC) သည် မြန်မာဘက်နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
.
ထိုင်းနိုင်ငံသားလေးဦးကို ပြန်မလွှတ်ပေး‌မီ ၎င်းတို့၏ အထက်အရာရှိများထံမှ အမိန့်စကို စောင့်ဆိုင်းနေကြောင်း ဒေသခံ မြန်မာအာဏာပိုင်များက ပြောကြောင်း၊ လွှတ်မည့်ရက် မသေချာသေးကြောင်း Thanathip က ပြောသည်။

Source Bangkokpost
#Guide4U

Guide4U

07 Dec, 09:11


မုံရွာကုန်စည်ဒိုင် သီးနှံပေါက်ဈေးနှုန်းများ
#FoodIndustryGuide

Guide4U

07 Dec, 09:11


ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) ၏ လက်ငင်းအရောင်းအဝယ်ဈေးနှုန်းများ
#FoodIndustryGuide
● ကုန်စည်များ၏ လက်ကားတစ်ပိဿာဈေးနှုန်း ဖြစ်ပါသည်။
● ပြည်ပပို့ကုန် (Ready Cargo) များမှာ ၁ မက်ထရစ်တန်ဈေးနှုန်း ဖြစ်ပါသည်။

Guide4U

07 Dec, 09:04


Neta Auto ၏ စီအီးအို ရာထူးမှ နုတ်ထွက်ရတော့မည်ဟု ထွက်ပေါ်နေသည်ကို မဟုတ်မမှန်ကြောင်း Neta Auto စီအီးအို Zhang Yong က ငြင်းဆိုခဲ့ပြီး နာရီပိုင်းအကြာမှာ Neta Auto တွင် ခေါင်းဆောင်အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။

လက်ရှိ စီအီးအို Zhang Yong သည် အကြံပေး ဖြစ်သွားသည်။
Neta Auto ၏တည်ထောင်သူနှင့်ဥက္ကဋ္ဌ Fang Yunzhou သည် CEO ရာထူးကို တာဝန်ယူလိုက်သည်။


Fang သည် ကုမ္ပဏီ၏ အခက်အခဲများအတွက် သူတာဝန်ယူမည်ဟု ဒီဇင်ဘာ ၆ ရက်နှောင်းပိုင်းတွင် ဝန်ထမ်းများကို တိုက်ရိုက်ပြောဆိုကာ အတည်ပြုခဲ့သည်။


Zhang သည် ၂၀၂၂ ခုနှစ်တွင် ကုမ္ပဏီကို အစီးရေ တသိန်းခွဲကျော်ရောင်းချနိုင်သည့် အထွတ်အထိပ်သို့ ဦးဆောင်ခဲ့သူဖြစ်ပြီး Neta Auto ကြီးထွားလာခြင်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူလည်း ဖြစ်သည်။
သို့သော်ငြားလည်း ၂၀၂၃ တွင် ရောင်းအား ၁၅% ကျဆင်းခဲ့သည်။
ယခုအခါ ကုမ္ပဏီတွင် ငွေမလည်တော့သဖြင့် ဘဏ္ဍာရေး အကျပ်အတည်း ကြုံနေရသည်။ ဒေသဆိုင်ရာအစိုးရ၏ ပံ့ပိုးကူညီမှု ရရှိထားသည်။

https://t.me/Guid4U/26306

Zhang သည် Neta တွင် ထိပ်တန်းဝင်ငွေရရှိသူဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် တနှစ်တာ ခံစားခွင့် ယွမ် သန်း ၃၀ (အမေရိကန်ဒေါ်လာ ၄.၂၃ သန်း) ကျော် ရရှိခဲ့သည်။

Source: Lanjinger Financial

Guide4U

30 Nov, 06:06


ဆော်ဒီအာရေဗျသည် အစိုးရကျောင်းများတွင် တရုတ်ဘာသာစကား သင်ကြားမှုကို တိုးချဲ့ရန် စီစဉ်နေပြီး လာမည့်နှစ်ကုန်တွင် ကျောင်းသား ၁၀၂,၀၀၀ ကို တရုတ်ဘာသာစကား သင်ကြားရန် ရည်မှန်းချက် ချမှတ်ထားသည်။

တရုတ်နိုင်ငံ Tianjin Normal University မှ စေလွှတ်ပေးသည့် ပထမအသုတ်မှ တရုတ်ဘာသာစကား ဆရာ ၁၇၅ ဦး သည် ယခုအခါ ဆော်ဒီကျောင်းများတွင် သင်ပြလျက်ရှိသည်။
တရုတ်ဘာသာစကား သင်ကြားရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ယမန်နှစ်က သဘောတူညီမှုရရှိခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် ဆော်ဒီပညာရေးဝန်ကြီးဌာနသည် ပဏာမအဆင့်အနေဖြင့် ရွေးချယ်ထားသောဒေသများရှိ အလယ်တန်းကျောင်းများတွင် တရုတ်ဘာသာစကား သင်ကြားမှု စတင်ကြောင်း ကြေညာခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ဆော်ဒီပညာရေးအာဏာပိုင်များသည် အထက်တန်းကျောင်း ရှစ်ကျောင်းတွင် တရုတ်ဘာသာကို စတင်သင်ကြားခဲ့သည်။


Source arabnews
#EducationIndustryGuide

Guide4U

30 Nov, 05:43


တရုတ်နိုင်ငံမှ ဈေးသက်သော EV များ ရောက်ရှိလာခြင်းသည် ထိုင်းမော်တော်ယာဥ်လုပ်ငန်း၏ ဂေဟစနစ်ကို လှုပ်ခါသွားစေပြီး လက်ရှိစျေးနှုန်းများ အနေအထားကို ထိခိုက်စေသည်ဟု Suthee က ပြောကြားသည်။

"ဒီဖြစ်စဉ်က နောက်နှစ်အထိ ဆက်ဖြစ်မယ်လို့ ခန့်မှန်းတယ်" ဟု Suthee က ပြောသည်။

ဘဏ်သိမ်းကားများ ပိုများလာခြင်းကြောင့် တပတ်ရစ်ကားဈေးကွက်ထဲ ရောင်းချရန် ကားများ ပိုများလာနေသော်လည်း နောက်နှစ်တွင် ဈေးနှုန်းများသည် ၁၀-၁၅% မြင့်တက်မည်ဟု Suthee က ခန့်မှန်းသည်။
ယခင်နှစ် ဒုတိယနှစ်ဝက်တွင် တပတ်ရစ်ကားဈေးနှုန်းများ ၃၀% ကျဆင်းခဲ့ရာ အနိမ့်ဆုံးသို့ ရောက်ရှိခဲ့သည်။

Union Auction သည် ယမန်နှစ်က တပတ်ရစ် EV အစီးရေ ၄၀ သာ လေလံတင်ရောင်းချခဲ့သော်လည်း ယခုနှစ်တွင် EV အစီးရေ ၁၀၀ ဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားသည်။


Source nationthailand
#AutomobileIndustryGuide

Guide4U

30 Nov, 05:42


ထိုင်းနိုင်ငံတွင် ဘဏ်ချေးငွေဖြင့် ဝယ်ထားသည့်ကားများ တိုးရင်းပေါင်း အရစ်ကျ အကြွေးပြန်မဆပ်နိုင်၍ ဘဏ်မှ ကားကို သိမ်းယူပြီး လေလံတင်သည့် အစီးရေ ပိုများလာသည်ဟု လေလံလုပ်ငန်း Union Auction က ပြောကြားသည်။
လေလံတင်သည့် ဘဏ်သိမ်းကား အများစုမှာ ပစ်ကပ်များ ဖြစ်သည်။
တရုတ်နိုင်ငံမှ စျေးသက်သာသော လျှပ်စစ်ကားများ ဈေးကွက်ထဲ ရောင်းချနေခြင်း၊ တိုင်းပြည် စီးပွားရေးကျဆင်းနေခြင်းတို့ကြောင့် ယခုနှစ်တွင် လေလံတင်ရန် မော်တော်ယာဉ်များ ပိုမိုသိမ်းယူခံရသည်ဟု Union Auction က ပြောကြားသည်။

Union Auction တွင် ယခုနှစ်အတွင်း မော်တော်ယာဉ် အစီးရေ ၂၅၀,၀၀၀ ဝန်းကျင် လေလံတင်ခဲ့သည်။ ယမန်နှစ်က အစီးရေ ၂၃၀,၀၀၀ ဝန်းကျင်လေလံတင်ခဲ့သည်ထက် ၈.၇% ပိုများသည်ဟု ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ Suthee Samathi က ပြောသည်။
အဆိုပါယာဉ်များထဲမှ ၆၀% ခန့်သည် လုပ်ငန်းသုံး ပစ်ကပ်ကားများဟု ၎င်းက ပြောသည်။
ဘဏ်သိမ်းကား ပိုများစေသည့် စီးပွားရေး အခြေအနေအရပ်ရပ်တွင် တိုင်းပြည်စီးပွားရေး ကြီးထွားနှုန်း နှေးနေခြင်း၊ အိမ်ထောင်စုကြွေးမြီ မြင့်မားနေခြင်း၊ ကြွေးဆုံးချေးငွေများ non-performing loans (NPLs) ပိုများလာခြင်းတို့ ပါဝင်သည်။

Guide4U

30 Nov, 05:12


DEMU ပါသည့်
သမိုင်းဘူတာ
ရထားအချိန်စာရင်း

#TravelerGuide

Guide4U

30 Nov, 04:49


Property Perfect သည် လာမည့်နှစ် ၂၀၂၅ တွင် စုစုပေါင်းတန်ဖိုး ဘတ် ၉.၂ ဘီလီယံရှိသည့် စီမံကိန်း ၆ ခု အကောင်အထည်ဖော်မည်။ ဈေးအမြင့်တန်း လုံးချင်းအိမ်ရာ စီမံကိန်း ၅ ခု၊ ဈေးအဘယ်အလတ်နှင့် အနိမ့်တန်း တောင်းဟောက်စ် စီမံကိန်း ၁ ခုတို့ဖြစ်သည်။

Property Perfect သည် ‌ပြီးခဲ့သည့်လက Royal Orchid Sheraton Hotel ကို ဘတ် ၅.၅ ဘီလီယံဖြင့် ရောင်းချခဲ့သည်။
လာမည့်နှစ်တွင် Royal Orchid Sheraton ဟိုတယ်ကို ဘတ် ၆ ဘီလီယံဖြင့် ရောင်းချမည်။
ရရှိသည့်ငွေဖြင့် အကြွေးဆပ်ခြင်း၊ လုပ်ငန်းလည်ပတ်ငွေ ထားရှိခြင်းတို့ ဆောင်ရွက်မည် ဖြစ်သည်။

Source Bangkokpost
#ConstructionIndustryGuide

Guide4U

30 Nov, 04:48


ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Property Perfect သည် ၂၀၂၄ အိမ်ရာကြိုပွိုင့်အရောင်း ရည်မှန်းချက်ကို ထက်ဝက် လျှော့ချပြီး ဘတ် ၈.၂ ဘီလီယံဟု ပြင်ဆင်လျာထားသည်။ ဝင်ငွေရည်မှန်းချက်ကိုလည်း ၂၀% လျှော့ချပြီး ဘတ် ၈.၈ ဘီလီယံဟု ပြင်ဆင်လျာထားသည်။
ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် လျှော့ချခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် တိုင်းပြည်စီးပွားရေး ကြီးထွားနှုန်း နှေးနေခြင်း၊ အိမ်ထောင်စုကြွေးမြီ မြင့်မားနေခြင်း၊ အတိုးနှုန်းမြင့်မားခြင်းတို့ကြောင့် အိမ်ရာဈေးကွက်သည် ယခုနှစ် ပထမ၉လတွင် ထိုင်းမှိုင်းနေခဲ့သည်။

တတိယ၃လပတ်တွင် Property Perfect သည် ဝင်ငွေ ဘတ် ၁,၉၂ ဘီလီယံ ရရှိခဲ့သည်။
အိမ်ရာစီမံကိန်းများမှ ဝင်ငွေ လျော့ကျခဲ့သည်။ ဟိုတယ်နှင့် အခန်းအငှား ဝန်ဆောင်မှုများမှ ဝင်ငွေ တိုးခဲ့သည်။


Property Perfect သည် ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကြိုပွိုင့်အရောင်း ဘတ် ၁၆.၈ ဘီလီယံ၊ အခန်းအပ်သည့်အရောင်း ဘတ် ၁၁ ဘီလီယံ ရည်မှန်းထားခဲ့သည်။

ဒုတိယ၃လပတ်အပြီးတွင် ရည်မှန်းချက်ကို ကြိုပွိုင့်အရောင်း ဘတ် ၁၂ ဘီလီယံ၊ အခန်းအပ်သည့်အရောင်း ဘတ် ၁၀.၅ ဘီလီယံ ဟု ပြင်ဆင်လျာထားခဲ့သည်။

ယခု တတိယ၃လပတ်အပြီးတွင် ဒုတိယအကြိမ်မြောက် လျှော့ချပြီး ပြင်ဆင်လျာထားသည်။

Guide4U

30 Nov, 03:55


ကုမ္ပဏီတစ်ခုသည် အမေရိကန်တွင် ကုန်ပစ္စည်းတစ်ခုခုအား ၎င်း၏ ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် သက်သာနေသော ဈေးနှုန်း သို့မဟုတ် ၎င်း၏မိခင်နိုင်ငံ၌ ရောင်းချနေသည့်နှုန်းထက် နိမ့်သည့်စျေးနှုန်းဖြင့် ရောင်းချခြင်းသည် စုပုံတင်ပို့ခြင်း (Dumping) ဖြစ်ပါသည်။ များသောအားဖြင့် ကုမ္ပဏီသည် အစိုးရထံမှ အထောက်အပံ့ ရရှိနေသောကြောင့် ထိုသို့ ဈေးချပြီး ရောင်းချသော်လည်း အရှုံးမပေါ်ဘဲ အမြတ်ရနေဆဲ ဖြစ်သည်။ ဈေးချပြီးရောင်းချသဖြင့် ရောင်းအား ကောင်းပြီး ဈေးကွက်ထဲမှ ပြိုင်ဘက်များ တွန်းဖယ်ခံကြရသည်။ ဈေးကွက်ဝေစု ပိုမို ရရှိသည်။

သောကြာနေ့ (နိုဝင်ဘာ ၂၉)က အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာန၏ ၀က်ဘ်ဆိုဒ်တွင် တင်ထားသော ပဏာမဆုံးဖြတ်ချက်အရ ကမ္ဘောဒီးယား၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆိုလာဆဲလ်များကို ကုမ္ပဏီပေါ်မူတည်၍ စုပုံတင်ပို့ခြင်းအခွန် ၂၁.၃၁% နှင့် ၂၇၁.၂% ကြား စည်းကြပ်မည်။

Jinko Solar သည် မလေးရှားနိုင်ငံထုတ် ဆိုလာပြားများအတွက် ၂၁.၃၁%နှင့် ဗီယက်နမ်ထုတ် ဆိုလာပြားများအတွက် ၅၆.၅၁% စုပုံတင်ပို့ခြင်းအခွန် စည်းကြပ်ခံရမည်။

တရုတ်ကုမ္ပဏီ Trina Solar သည် ထိုင်းမှာ ထုတ်လုပ်သည့် ဆိုလာပြားများအတွက် စုပုံတင်ပို့ခြင်းအခွန် ၇၇.၈၅% နှင့် ဗီယက်နမ်မှာ ထုတ်လုပ်သည့် ဆိုလာပြားများအတွက် စုပုံတင်ပို့ခြင်းအခွန် ၅၄.၄၆% စည်းကြပ်ခံရမည်။

Hanwha Qcells ၏ မလေးရှားနိုင်ငံထုတ် ဆိုလာပြားများအတွက် အစိုးရ အထောက်အပံ့ ၁၄.၇၂% ဟု အောက်တိုဘာလတွင် ကူးသန်းရောင်းဝယ်ရေးဌာနက တွက်ချက်ထားသော်လည်း စုပုံတင်ပို့ခြင်းအခွန် စည်းကြပ်ခြင်း မပြုပါ။

ကူးသန်းရောင်းဝယ်ရေးဌာနသည် အပြီးသတ်ဆုံးဖြတ်ချက်ကို ၂၀၂၅ ဧပြီ ၁၈ ရက်တွင် ချမှတ်မည်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု စီမံခန့်ခွဲရေးဌာနက International Trade Administration သုဲးသပ်ပြီး အပြီးသတ်ဆုံးဖြတ်ချက်ကို ဇွန်လ ၂ ရက်တွင် ချမှတ်မည်။ အမိန့်စာကို ဇွန်လ ၉ ရက်တွင် ထုတ်ပြန်မည်။

အမေရိကန်ပြည်ထောင်စုတွင် တပ်ဆင်သည့် ဆိုလာပြားအများစုကို ပြည်ပမှတင်သွင်းပြီး ၈၀% ဝန်းကျင်သည် မလေးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ရှိ စက်ရုံများမှ ထုတ်လုပ်တင်ပို့သည်။

Source thestar
#IndustriesGuide

Guide4U

30 Nov, 03:54


အမေရိကန် ဆိုလာပြားထုတ်လုပ်သူများက စျေးကွက်တွင် တရုတ်ကုမ္ပဏီများ၏ ဆိုလာပြားများသည့် မတရားသဖြင့် စျေးနှုန်းများဖြင့် ကြီးစိုးနေသည်ဟု တိုင်တန်းထားသဖြင့် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက အရှေ့တောင်အာရှနိုင်ငံ လေးနိုင်ငံမှ ဆိုလာပြား တင်သွင်းမှုအပေါ် အခွန်စည်းကြပ်မှု နှုန်းထားများ အသစ်တစ်ရပ်ကို ပြဋ္ဌာန်းမည်။

မလေးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ရှိ စက်ရုံများတွင် တရုတ်ဆိုလာပြားထုတ်လုပ်သည့် ကုမ္ပဏီကြီးများသည် ထုတ်ကုန်များကို ဈေးကွက်ထဲသို့ စုပုံတင်ပို့ခြင်း (Dumping)ဖြင့် ကမ္ဘာ့စျေးနှုန်းများ ကျဆင်းစေသည်ဟု အမေရိကန်ဆိုလာထုတ်လုပ်ရေး ကုန်သွယ်ရေးကော်မတီအတွက် အမေရိကန်မဟာမိတ်အဖွဲ့ American Alliance for Solar Manufacturing Trade Committee မှ စွပ်စွဲခဲ့သည်။

Guide4U

30 Nov, 03:33


ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်သူ VinFast သည် တတိယသုံးလပတ်တွင် ကန်ဒေါ်လာ သန်း ၅၅၀ အသားတင်အရှုံးပေါ်ခဲ့သော်လည်း ယမန်နှစ်ထက် လျော့နည်းကြောင်း သတင်းထုတ်ပြန်သည်။ ပစ္စည်းများအတွက် ကုန်ကျစရိတ် သက်သာခဲ့ခြင်း၊ အစီးရေ တိုးမြှင့် ထုတ်လုပ်နိုင်ခဲ့ခြင်းတို့ကြောင့် အသားတင်အရှုံး ပမာဏ လျော့ကျသည်။

၂၀၂၄ ခုနှစ် ပထမ၉လတွင် ဝယ်ယူသူများထံ အီးဗီ ၄၄,၇၇၃ စီး ပေးအပ်ခဲ့သည်။ ယခုနှစ် တနှစ်တာ ရည်မှန်းချက် ၈၀,၀၀၀ ၏ ၅၅% ကျော် ပေးအပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် VinFast ၏ အလယ်အလတ် အရွယ်အစား အီးဗီများ အဝယ်လိုက်နေသည်။
တတိယ၃လပတ်တွင် ဝင်ငွေ ကန်ဒေါ်လာ ၅၁၁.၆ သန်း ရရှိခဲ့သည်။

VinFast သည် အိန္ဒိယတွင် တပ်ဆင်ထုတ်လုပ်ရေး စက်ရုဲစီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်နေသည်။ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ကို တိုးချဲ့လုပ်ကိုင်သည်။ ထိုင်းကို နောက်ဆုတ်ထားသည်။

Source Reuters
#AutomobileIndustryGuide

Guide4U

30 Nov, 02:43


ကမ္ဘောဒီးယားမှာ လက်ရှိတွင် ဓာတ်ဆီသုံး ကားအစီးရေ ၇.၆ သန်းကျော်ရှိပြီး ၈၅%သည် မော်တော်ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များဖြစ်သည်။ ၁၀% သည် ကားများဖြစ်ပြီး ၅% သည် ဘတ်စ်၊ ကုန်တင်ကားနှင့် အကြီးစားစက်ယန္တရားများဖြစ်သည်။

Source xinhua
#AutomobileIndustryGuide

Guide4U

30 Nov, 02:42


ကမ္ဘောဒီးယားနိုင်ငံ ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန (MPWT) မှ ထုတ်ပြန်သော အစီရင်ခံစာအရ ကမ္ဘောဒီးယားသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ လျှပ်စစ်ကား ၂၅၁၃ စီး ကနဦးမှတ်ပုံတင်ထားသည်။

ကမ္ဘောဒီးယားတွင် လူကြိုက်အများဆုံး EV အမှတ်တံဆိပ်သုံးမျိုးမှာ တရုတ် BYD၊ ဂျပန် တိုယိုတာနှင့် အမေရိကန် Tesla တို့ဖြစ်သည်။

EV များအသုံးပြုခြင်းသည် ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါးခြင်း သို့မဟုတ် သုညဖြစ်ခြင်းး လောင်စာဆီ ကုန်ကျစရိတ် သက်သာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိကြောင်း ပြည်သူ့အလုပ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး Peng Ponea က ပြောကြားသည်။

"EV တွေ ကမ္ဘောဒီးယားမှာ ရေပန်းစားနေပြီး အစိုးရအနေဖြင့် EV အရေအတွက်ကို ၂၀၃၀ ခုနှစ်မှာ ၃ သောင်းဖြစ်လာဖို့ ရည်မှန်းထားပါတယ်" ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် နိုင်ငံ၌ EV အားသွင်းစခန်း ၂၁ ခုရှိကြောင်း Ponea မှပြောကြားသည်။

MPWT ၏ အစီရင်ခံစာအရ ယခုနှစ် အောက်တိုဘာလတွင် လျှပ်စစ်မော်တော်ဆိုင်ကယ် ၁၃၂၉ စီး၊ လျှပ်စစ်သုံးဘီးယာဉ် ၄၇၈ စီး ကနဦး မှတ်ပုံတင်ခဲ့သည်။

Guide4U

30 Nov, 02:21


အီးယူက တရုတ်အီးဗီများအပေါ် စည်းကြပ်သည့် အခွန်နှုန်းထားများ စတင်ပြဋ္ဌာန်းလိုက်ခြင်းကြောင့် အောက်တိုဘာလတွင် ဥရောပဈေးကွက်မှာ တရုတ်အီးဗီများ ရောင်းအား လျော့ကျသည်။

စက်တင်ဘာလတွင် SAIC Motor Corp.၏ MG နှင့် BYD Co တို့ အပါအဝင် တရုတ်အီးဗီများသည် ကနဦးမှတ်ပုံတင်သည့် အီးဗီအစီးရေ စုစုပေါင်း၏ ၈.၅% ရှိခဲ့ပြီး အောက်တိုဘာလတွင် ၈.၂% သို့ လျော့ကျသည်။

တရုတ်အီးဗီများသည် ပြည်ပဈေးကွက်များတွင် နှစ်အတန်ကြာ ဈေးကွက်ဝေစု မြင့်တက်လာခဲ့ပြီးနောက် ဇူလိုင်လမှစ၍ တန့်သွားခဲ့သည်။

ဥရောပဈေးကွက်တွင် MG သည် အရောင်းရဆုံး ကာလရှည်ကြာ ဖြစ်ခဲ့ပြီး လွန်ခဲ့သည့် ၂ လမှစ၍ BYD သည် အရောင်းရဆုံး ဖြစ်လာသည်။ အောက်တိုဘာလတွင် BYD ၄၆၃၀ စီး ရောင်းချခဲ့သည်။ MG က ၃၈၄၆ စီး ရောင်းချခဲ့သည်။

Source Bloomberg
#AutomobileIndustryGuide

Guide4U

30 Nov, 02:04


ထိုင်းနိုင်ငံတွင် စားသုံးသည့် အလေ့အထ ပြောင်းလဲသဖြင့် ဆန် စားသုံးသည့်ပမာဏ လျော့ကျသည်။
လွန်ခဲ့သည့်ငါးနှစ်အတွင်း ဆန်စားသုံးမှုသည် ၄၀ မှ ၅၀%အထိ ကျဆင်းသွားခဲ့သည်။

ပျမ်းမျှအားဖြင့် လူတစ်ဦးလျှင် တစ်နှစ်လျှင် ၁၀၅ ကီလိုဂရမ် စားသုံးခဲ့ရာမှ ၇၅ ကီလိုဂရမ်သို့ လျော့ကျသွားသည်။

ရွေးချယ်စရာ အစားအသောက် အမျိုးမျိုး ကိယ်ကျာ်ပြန့်ပြန့် ရရှိခြင်း၊ ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုများ ကြီးထွားလာခြင်းနှင့် ကိုယ်အလေးချိန်တိုးလာစေသည့် ကာဗိုဟိုက်ဒရိတ်ကို ကြောက်ရွံ့ခြင်းတို့ကြောင့် ဆန်စားသုံးမှု လျော့ကျသည်။

စံပယ်ဆန်ကဲ့သို့သော ဆန်များ ရေပန်းစားနေဆဲဖြစ်သော်လည်း ကျန်းမာရေး လိုက်စားသော စားသုံးသူများသည် ဆန်ဘယ်ရီနှင့် RD43 ကဲ့သို့သော သကြားဓာတ် ပါဝင်မှုနည်းသော မျိုးကွဲများကို ရွေးချယ်စားသုံးကြသည်။
သို့သော် ကျွမ်းကျင်သူများက ထမင်းသည် ကျန်းမာရေးကို ထိခိုက်စေမည်မဟုတ်ကြောင်း အခိုင်အမာဆိုသည်။

Source Bangkokpost
#FoodIndustryGuide

Guide4U

29 Nov, 14:08


ကမ္ဘာ့အကြီးဆုံး သင်္ဘောကုမ္ပဏီဖြစ်သည့် Mediterranean Shipping Company (MSC) သည် ပြီးခဲ့သော ၄နှစ်အတွင်း တပတ်ရစ် ကွန်တိန်နာသင်္ဘော အစီး ၄၀၀ ကျော် ဝယ်ယူခဲ့သည်။

လွန်ခဲ့သည့် ၁၀ ရက်အတွင်း Northern Jaguar, Hongkong Bridge, BF Tiger, Najade, Hannah, Lucie, Margarete Schulte, Ludwig Schilte, အပါအဝင် တပတ်ရစ် ကွန်တိန်နာသင်္ဘောများ တသီတတန်း ဝယ်ယူခဲ့ရာ ၂၀၂၀ ဩဂုတ်လနောက်ပိုင်း တပတ်ရစ် ကွန်တိန်နာသင်္ဘော ဝယ်ယူခဲ့သည့် အစီးရေ ၄၀၂ စီး ရှိသွားပြီ ဖြစ်သည်။

ပြီးခဲ့သည့် ၁၀ ရက်အတွင်း ဝယ်ယူခဲ့သည့် တပတ်ရစ် ကွန်တိန်နာသင်္ဘောများတွင် သက်တမ်းရင့် သင်္ဘောများ ပါဝင်သည်။ သင်္ဘောများ၏ ပျမ်းမျှသက်တမ်းမှာ ၂၀ နှစ် ဖြစ်ပြီး စုစုပေါင်း တင်ဆောင်နိုင်သည့် ပမာဏသည် TEU ၁.၆၆ သန်း ဖြစ်ပါသည်။


MSC သည် ၂၀၂၂ ခုနှစ်အစတွင် ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာ သင်္ဘောလိုင်း A.P. Møller – Mærsk ကို သာလွန်ကာ ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာ သင်္ဘောလိုင်းအဖြစ်သို့ ရောက်ရှိလာခဲ့သည်။

ယခုအခါ MSC ၏ ကွန်တိန်နာသင်္ဘော ရေယာဉ်စု စုစုပေါင်း တင်ဆောင်နိုင်သည့် ပမာဏသည် TEU ၆.၂ သန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

Source Alphaliner
#LogisticsIndustryGuide

Guide4U

29 Nov, 13:41


မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေရောင်းချပေးခြင်း

Post Date : 29-11-2024
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအား တရုတ်ယွမ် ၁၀ သန်း ရောင်းချပေးမည်ဖြစ်ပါသည်။

#BankingIndustryGuide

Guide4U

29 Nov, 13:37


ထိုင်းနိုင်ငံရှိ စားသုံးသူအကာအကွယ်ပေးရေးဘုတ်အဖွဲ့သည် တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ BYD မှ အကြီးအကျယ် ဈေးချရောင်းသဖြင့် ဈေးမချင်က ဆောလျင်စွာ ဝယ်ယူခဲ့သည့် ကားပိုင်ရှင်တို့ ဈေးကြီးမိသွားဖြင့် တိုင်တန်းထားသည့် BYD ၏ လျှော့စျေးအလေ့အထများနှင့် ပတ်သက်၍ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အမှားအယွင်း ကျူးလွန်ခြင်း မရှိဟု ဆုံးဖြတ်သည်။

လျှော့စျေး ကမ်ပိန်း ပြီးဆုံးပြီးနောက် ဈေးပြန်တက်မည်ဟု ဝယ်သူများကို Rever Automotive က ပြောကြားခဲ့ပြီး ကားဝယ်ရန် တိုက်တွန်းခဲ့သည်။
လက်တွေ့တွင် ဈေးပြန်မတက်ဘဲ ဈေးထပ်ချပေးခဲ့ရာ ဘတ် ၃၄၀,၀၀၀ အထိ ဈေးလျှော့ပေးခဲ့သဖြင့် ကားပိုင်ရှင်များက တိုင်ကြားခဲ့ကြသည်။

ဇူလိုင်လတွင် ထိုင်းအစိုးရသည် BYD ၏ပြည်တွင်းဖြန့်ချိသူ Rever Automotive ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်။ BYD သည် Rever Automotive တွင် ရှယ်ယာ ၂၀% ပိုင်ဆိုင်သည်။

စားသုံးသူကာကွယ်ရေးဘုတ်အဖွဲ့၏ စုံစမ်းစစ်ဆေးမှုတွင် BYD ၏ လျှော့စျေး ကျင့်သုံးခြင်းသည် ကြော်ငြာဥပဒေအား ချိုးဖောက်ခြင်း မရှိကြောင်း ကောက်ချက်ချခဲ့သည်။

ထိုင်းနိုင်ငံသည် BYD ၏ အကြီးမားဆုံး ပင်လယ်ရပ်ခြား ဈေးကွက်များတွင် ပါဝင်သည်။

ကြာသပတေးနေ့ (နိုဝင်ဘာ ၂၈) တွင် Atto 3 နှင့် Seal မော်ဒယ်များကို ဘတ် ၄ သိန်းအထိ ဈေးလျှော့မည်ဟု ကြေညာခဲ့သည်။

Nuntipak Tarnvimonkarn သည် ၂၀၂၂ ခုနှစ်တွင် BYD ကားတစ်စီးကို ဝယ်ယူခဲ့သည်။ ရောင်းဈေးသည် ယခုအခါ သူဝယ်ယူခဲ့သည့်ဈေးထက် ဘတ် ၄ သိန်း ကျဆင်းသွားသည်ကို ကြုံရသည်။

Source Bangkokpost
#AutomobileIndustryGuide

Guide4U

29 Nov, 12:13


"အများပြည်သူအား Starlink terminal စက်ပစ္စည်းများကို ဝယ်ယူခြင်း၊ လစဉ်ကြေး ပေးပြီး ၎င်း၏ဝန်ဆောင်မှုများသို့ စာရင်းသွင်းခြင်းမပြုရန် အကြံပြုအပ်ပါသည်။ ထိုသို့သောလုပ်ဆောင်မှုများသည် နမီးဘီးယားဥပဒေ ချိုးထောက်ခြင်း ဖြစ်သည်။ ရဲမှ အမှုဖွင့် အရေးယူခြင်း ခံရမည်" ဟု ဆိုထားသည်။

CRAN သည် နမီးဘီးယားရှိ ဆက်သွယ်ရေးဝန်ဆောင်မှုများအားလုံး ဥပဒေဘောင်အတွင်း လိုက်နာကြောင်း သေချာစေရန် လုပ်ဆောင်သွားမည် ဖြစ်သည်။

Starlink သည် လိုင်စင်လျှောက်လွှာတင်ထားပြီး CRAN က သုံးသပ်နေဆဲ ဖြစ်သည်။

Starlink သည် အာဖရိကတွင် နမီးဘီးယားအပြင် ဘူရွန်ဒီ၊ ဘော့ဆွာနာ၊ ဂါနာ၊ ဘီနင်၊ ရဝမ်ဒါ၊ မာလာဝီ၊ မိုဇမ်ဘစ်၊ ဇမ်ဘီယာ၊ မာဒါဂတ်စကာ၊ ဆီယာရာလီယွန်၊ ကင်ညာ၊ တောင်ဆူဒန် နှင့် အက်စဝပ်တီနီ နိုင်ငံများတွင်လည်း လုပ်ငန်း လည်ပတ်လျက်ရှိသည်။


ကင်မရွန်းအာဏာပိုင်များသည် ၂၀၂၄ ခုနှစ် ဧပြီလတွင် Starlink ဂြိုလ်တုအင်တာနက်ကိရိယာများ တင်သွင်းမှုကို တားမြစ်ခဲ့ပြီး နယ်စပ်တွင် စက်ပစ္စည်းကိရိယာများကို သိမ်းဆည်းခဲ့သည်။


ကင်ညာတွင် ကုမ္ပဏီသည် ကင်ညာနိုင်ငံသားများအား ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ၎င်း၏ ကိရိယာအစုံအလင်များကို ဝယ်ယူရန် မလိုဘဲ တစ်လလျှင် US$15 ဖြင့် ငှားရမ်းသုံးစွဲနိုင်သည့် အစီအစဉ် ကို စတင်ခဲ့သည်။
ငှားရမ်းသူ များပြားသဖြင့် အချို့ ဧရိယာများတွင် စာရင်းသွင်းသူ အသစ်များကို လက်မခံသေးဘဲ ဆိုင်းငံ့ထားရသည်။

Source vonnectingafrica
#ICTIndustryGuide

Guide4U

22 Nov, 07:46


ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) ၏ လက်ငင်းအရောင်းအဝယ်ဈေးနှုန်းများ
#FoodIndustryGuide
● ကုန်စည်များ၏ လက်ကားတစ်ပိဿာဈေးနှုန်း ဖြစ်ပါသည်။
● ပြည်ပပို့ကုန် (Ready Cargo) များမှာ ၁ မက်ထရစ်တန်ဈေးနှုန်း ဖြစ်ပါသည်။

Guide4U

22 Nov, 07:35


Nürburgring တွင် စမ်းသပ်မောင်းနှင်ခဲ့သည့် SU7 Ultra ရှေ့ပြေးနမူနာကားကို ဂျာမနီမှ တရုတ်သို့ ပြန်ယူလာပြီး 2024 Guangzhou Auto Show တွင် ပြသသည်။

SU7 Ultra ကို အမှာစာ ကြိုတင်လက်ခံခဲ့ရာ ၁၀ မိနစ်အကြာတွင် စရန်ငွေ ပြန်အမ်းသည့် အမှာစာ ၃,၆၈၀ စီး ရရှိသည်။

SU7 Ultra မိတ်ဆက်ပွဲတွင် Lei Jun က Hyper-Autonomous Driving (HAD) စနစ် အသစ်ကိုလည်း မိတ်ဆက်ပေးခဲ့သည်။ အဆိုပါစနစ်အသစ် HAD ကိ နိုဝင်ဘာ ၁၆ ရက်မှစတင်၍ ကုမ္ပဏီတွင်း စမ်းသပ်မှုများ ပြုလုပ်သည်။ ဒီဇင်ဘာတွင် SU7 ဗားရှင်းအချို့တို့ထံ အင်တာနက်မှတဆင့် ဖြန့်ဖြူးရန် ရည်မှန်းထားသည်။

HAD စနစ်သည် ရုတ်တရက် အရှိန်တင်ရခြင်းနှင့် ရုတ်တရက် ဘရိတ်ဆောင့်အုပ်ရခြင်း မရှိအောင် ပိုမိုချောမွေ့ပြေပြစ်သော မောင်းနှင်မှုကို ပံ့ပိုးပေးသည်။ မောင်းနှင်မှု စွမ်းဆောင်ရည်နှင့် ဘေးကင်းမှုကို မြှင့်တင်ပေးသည်။

HAD စနစ်သည် လက်ငင်း မောင်းနှင်နေသည့် လက်တွေ့ဒေတာများကို အသုံးပြုသည်။
အချိန်နှင့်တပြေးညီ ဖြစ်ပေါ် ကြုံတွေ့နေသည့် အခြေအနေများအပေါ် အခြေခံ၍ ယာဉ်ကြော ကြိုတင်ခန့်မှန်းချက်များ ထုတ်ပေးပြီး မောင်းနှင်မှုဆိုင်ရာ ဆုံးဖြတ်ချက်များကို ချိန်ညှိပေးသွားသည်။

Source carnewschina
#AutomobileIndustryGuide

Guide4U

22 Nov, 07:33


Xiaomi ၏တည်ထောင်သူ Lei Jun က မကြာသေးမီက CATARC Yan Cheng Automotive Proving Ground တွင် မြန်နှုန်းမြင့်စမ်းသပ်မှုတွင် Xiaomi SU7 Ultra သည် အမြင့်ဆုံးအမြန်နှုန်း 359.71 km/h ကို ရရှိခဲ့ကြောင်း 2024 Guangzhou Auto Show တွင် ကြေညာသည်။

"SU7 Ultra ရဲ့ အမြင့်ဆုံးအမြန်နှုန်းကို ကန့်သတ်ထားတာက ကား မဟုတ်ဘဲ ကားစမ်းသပ်ကွင်း လမ်းကြောင်းပါ"ဟု ၎င်းက ဆိုသည်။

လာမည့်နှစ်တွင် Xiaomi SU7 Ultra သည် တရုတ်နိုင်ငံတစ်ဝှမ်းရှိ အဓိက ကားစမ်းသပ်ကွင်း လမ်းကြောင်းများတွင် အမြင့်ဆုံးအမြန်နှုန်းကို စမ်းသပ်မောင်းနှင်မည် ဖြစ်သည်။ ထို့ပြင် ဂျာမနီမှ နာမည်ကြီး ကားစမ်းသပ်ကွင်း Nürburgring တွင်လည်း ထပ်မံ မောင်းနှင်မည်ဖြစ်သည်။

Nürburgring တွင် မကြာသေးခင်က SU7 Ultra ရှေ့ပြေးနမူနာကို မောင်းနှင်ခဲ့ရာတွင် ကွင်းတပတ်ကို ၆ မိနစ် ၄၆.၈၇၄ စက္ကန့် ကြာခဲ့သည်။ တံခါး၄ ပေါက် ကားအတွက် စံချိန်သစ် တင်နိုင်ခဲ့သည်။

ယခင်တင်ပြချက်
https://t.me/Guid4U/25622

Nürburgring တွင် မောင်းနှင်ပေးသူမှာ 2023 Nürburgring 24-Hour Endurance Race ချန်ပီယံ David Pittard ဖြစ်သည်။

Guide4U

22 Nov, 05:55


"ကညနမှ ထုတ်ပြန်သော နောက်ဆုံးရောက်ရှိ မော်တော်ယာဉ် နံပါတ်များ
Source: RTAD
#AutomobileGuide"

Guide4U

22 Nov, 05:50


ဟင်းသီးဟင်းရွက်ဈေးကွက် အခြေအနေ
မန္တလေးကိုင်းတန်းဈေးတွင် ခရမ်းချဉ်(ရှမ်းတောင်)အဝင်နည်းခြင်း၊ ထိုင်ဝမ်မဝင်သေး ခြင်းကြောင့် ၂၀ ပိဿာတစ်သေတ္တာလျှင် အရည်အသွေးပေါ်မူတည်၍ ၁၀၀၀၀၀ကျပ်မှ ၁၄၀၀၀၀ ကျပ်ဖြင့် မြို့တွင်းသုံးဝယ်ယူမှုများသည်။ ပန်းမုံလာ၊ ဂေါ်ဖီထုပ်တို့မှာလည်း ရာသီဥတုကြောင့် အထွက်နည်းအဝင်နည်းခြင်း၊ မြေပြန့်မပေါ်သေးခြင်းကြောင့် ဂေါ်ဖီတစ်ထုပ်၂၀၀၀ကျပ်နှင့် ပန်းမုံလာ တစ်ပွင့် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ဘိုစားပဲတစ်ပိဿာ ၁၀၀၀၀ကျပ်၊ ဘိုကိတ်ပဲတစ်ပိဿာ ၃၀၀၀ကျပ်၊ ဂေါ်ရခါးသီးတစ်လုံး ၃၀၀မှ ၄၀၀ကျပ်ထိဈေး မြင့်နေ သည်။


သစ်သီးဝလံဈေးကွက် အခြေအနေ
သစ်သီးဝလံဈေးနှုန်းမှာ ဖရဲသီးများ အရည်အသွေးပေါ်မူတည်၍ အနိမ့်ဆုံး ၁၈၀၀ကျပ် မှ ၃၀၀၀ကျပ်၊ သခွားမွှေး အရည်အသွေးပေါ်မူတည်၍ ၁၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ ထောပတ်သီး ၁၀၀မှ ၁၂၀လုံးပါတစ်အိတ် ၄၀၀၀၀မှ ၅၀၀၀၀ကျပ်၊ သင်္ဘောသီး ၂လုံးတွဲ တစ် ထုပ် ၄၀၀၀ကျပ်၊ တရုတ်စပျစ်သီး ၄ ပိဿာတစ်ခြင်း ၇၅၀၀၀ကျပ်၊ ၂၄လုံးပါ ပန်းသစ်တော့ တစ်ခြင်း ၁၁၀၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။ သစ်သီးမျိုးစုံကို ရွှေဘို၊ မိတ္ထိလာ၊ ပြင်ဦးလွင်၊ ဖားအံ၊ ညောင်ဦး စသောအမှာရှိသော မြို့များသို့ တင်ပို့မှုရှိသည်။

#FoodIndustryGuide

Guide4U

22 Nov, 05:49


စားဖိုဆောင်သီးနှံဈေးကွက် အခြေအနေ
မန္တလေးကိုင်းတန်းဈေးတွင် စားဖိုဆောင်သီးနှံများအနက် ငရုတ်ခြောက် (ရှည်)မှာ မိုးနှင့် ဆောင်းစိုက် ကြားကာလဖြစ်၍ တစ်ပိဿာ ၁၄၀၀၀မှ ၁၅၀၀၀ကျပ်၊ ငရုတ်ခြောက်(လတ်)မှာ အရည်အသွေးပေါ်မူတည်၍ ၈၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်၊ ငရုတ်ခြောက်(ပွ)မှာ တစ်ပိဿာ ၂၄၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်ထိ ဈေးအသီးသီးမြင့်သွားသည်။
ကြက်သွန်နီဈေးနှုန်းအနေဖြင့် နယ်စုံကြက်သွန်ဟောင်းများ ပစ္စည်းကောင်းရှားခြင်း၊ အသစ် မဝင်သေးခြင်း၊ ပင်လယ်ဘူး၊ ထီးချိုင့်နှင့် အနီးဝန်းကျင်အမှာများတင်ပို့ရမှုရှိခြင်းကြောင့် ကြီးတစ် ပိဿာ ၄၈၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ကြက်သွန်နီ(လတ်)တစ်ပိဿာ ၄၁၀၀ကျပ်မှ ၄၅၀၀ကျပ်၊ သေးတစ်ပိဿာ ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်ပုံမှန်ရှိသော်လည်း အဝေးတင်ပို့ရမှုနည်းပြီး မြို့တွင်းသုံးသာ ရှိခြင်းကြောင့် တစ်ပိဿာ ၂၀၀၀၀ကျပ်မှ ၁၉၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ကြက်သွန်ဖြူ(ရှမ်း)မှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် အရည်အသွေးအညံ့ဆုံး တစ်ပိဿာ ၁၀၀၀၀ကျပ်မှ အကောင်းဆုံး ၁၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
အာလူးဈေးနှုန်းအနေဖြင့် တရုတ်အာလူးအဝင်နည်း၊ အရောင်းအဝယ်အေးခြင်းကြောင့် တစ်ပိဿာ ၉၅၀၀ကျပ်ထိ ဈေးမြင့်နေပြီး အောင်ပန်းအာလူးမှာ အဝင်နည်းပြီး အရည်အသွေးကောင်းခြင်းကြောင့် အိုကေတစ်ပိဿာ ၆၅၀၀ကျပ်မှ ၇၈၀၀ကျပ်သို့ဈေးမြင့်သွားပြီး အေဝမ်းတစ်ပိဿာ ၇၀၀၀ကျပ် ဈေးရှိသည်။
ချင်းဈေးနှုန်းမှာ အဝင်ပုံမှန်စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၃၅၀၀ကျပ်ဖြင့် ဈေး တည်ငြိမ်နေသည်။


ပဲမျိုးစုံဈေးကွက် အခြေအနေ
မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် မတ်ပဲ ဈေးနှုန်းမှာ လက်ကျန် နည်းပြီး အသစ်မဝင်သေးခြင်း၊ ပဲခွဲစက်နှင့်ရန်ကုန်ဝယ်လက် ရံဖန်ရံခါရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၃၄၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲတီစိမ်း(အညာ) မှာ မိုးလက်ကျန်နည်းခြင်း၊ ဆောင်ပဲ စိုက်ပျိုးစ အချိန်ဖြစ်ခြင်း၊ ငွေဈေးအတက်အကျအနည်းငယ်ရှိခြင်းကြောင့် အရည်အသွေးအနိမ့်ဆုံး ၂၃၀၀၀၀ကျပ်မှ ၂၅၀၀၀၀ကျပ်၊ အရည်အသွေးအကောင်းဆုံး ၂၆၅၀၀၀ကျပ်မှ ၂၇၅၀၀၀ကျပ်သို့ ဈေး မသိမသာမြင့်သွားသည်။
ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ မိုးပဲအဝင်နည်းခြင်း၊ ဆောင်းပဲစိုက်စအချိန်ဖြစ်ခြင်း၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့်၊ ၃တင်းတစ်အိတ် ၄၅၀၀၀၀ကျပ်မှ ၄၈၀၀၀၀ကျပ်၊ ပဲပုတ် (ရှမ်း)မှာလည်း ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်း၊ မိုးနှင့်ဆောင်း ကြားကာလဖြစ်ခြင်းကြောင့် အရည်အသွေး အကောင်းဆုံး ၃တင်းတစ်အိတ် ၄၀၀၀၀၀ကျပ်မှ ၄၂၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
ကုလားပဲဈေးနှုန်းများအနေဖြင့် လက်ကျန်နည်းခြင်းကြောင့် လုပ်ငန်းသမားအဝယ်နည်းခြင်း ကြောင့် ၃တင်းတစ်အိတ် ၃၁၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ကုလားပဲ(ထိုင်ဝမ်လုံးဝါကြီး) မှာလည်း ခွဲစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၂၈၃၀၀၀ကျပ်မှ ၂၈၅၀၀၀ကျပ် ဖြင့် ဈေးမသိမသာမြင့်သွားသည်။
ပဲယင်း၊ မြေတောက်ပဲ၊ စားတော်ပဲ(ကျွန်း)တို့မှာ အသစ်မဝင်သေးခြင်း၊ လက်ကျန်နည်းခြင်း လုပ်ငန်းသမား၊ လက်လီသမား၊ ခွဲစက်နှင့် ကြာဇံသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ပဲယင်း၃တင်း တစ်အိတ် ၂၂၅၀၀၀ကျပ်မှ ၂၃၅၀၀၀ကျပ်၊ မြေတောက်ပဲ ၃တင်းတစ်အိတ်အရည်အသွေး အကောင်း ဆုံး၃၃၀၀၀၀ကျပ်မှ ၃၅၅၀၀၀ကျပ်၊ စားတော်ပဲ(ကျွန်း) ၃၉၀၀၀၀ကျပ်မှ ၄၁၀၀၀၀ကျပ်သို့ ဈေးမြင့် သွားသည်။
ပဲကြီး (ကြီး/သေး) တို့မှာ မိုးပဲအဝင်ပုံမှန်ရှိခြင်း၊ မြို့တွင်းလုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်း ကြောင့် ပဲအရည်အသွေးပေါ်မူတည်၍ အရည်အသွေးအနိမ့်ဆုံး ၂၈၀၀၀၀ကျပ်မှ အကောင်း ဆုံး ၃၀၀၀၀၀ကျပ်၊ ပဲကြီး(သေး) ၃တင်းတစ်အိတ် ၂၄၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ထောပတ်ပဲ (ကြီး/သေး)တို့မှာ ထောပတ်ပဲ၊ မိုးပဲများအဝင်ရှိခြင်း အရည်အသွေး ကောင်းခြင်း၊ မြို့တွင်းလုပ်ငန်းသမား၊ လက်လီသမားအဝယ်ရှိခြင်းကြောင့် ထောပတ်ပဲ (ကြီး) တစ်အိတ် ၃၈၀၀၀၀ကျပ်၊ ထောပတ်ပဲ (သေး) ၃၃၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

Guide4U

22 Nov, 05:48


မန္တလေးဈေးကွက် စိုက်ပျိုးထုတ်ကုန်များ ရောင်းဝယ်ဖောက်ကားမှု အခြေအနေ

Source Market Information Service MOALI
#FoodIndustrtyGuide

ဒေတာကို၂၀.၁၁.၂၀၂၄တွင် ကောက်ယူပါသည်။

ဆန်ဈေးကွက် အခြေအနေ
မန္တလေးဆန်ပွဲရုံများတွင် အသစ်မဝင်သေးခြင်း၊ အဟောင်းလက်ကျန်နည်းခြင်း၊ မြို့တွင်းသုံး ဝယ်ယူမှုနည်းခြင်းကြောင့် ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၁၄၀၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းတစ်အိတ် ၁၆၀၀၀၀ကျပ်၊ မနောသုခတစ်အိတ် ၉၀၀၀၀ကျပ်၊ ဇီယာတစ်အိတ် ၉၀၀၀၀ကျပ်၊ ဧရာမင်းဆန်တစ် အိတ် ၁၄၀၀၀၀ကျပ်တို့ဖြင့် ဈေးတည်ငြိမ်နေပြီး ငစိန်ဆန်မှာ လုပ်ငန်းသမားအဝယ်နည်းခြင်းကြောင့် တစ်အိတ် ၇၈၀၀၀ကျပ်မှ ၇၇၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။


ဆီထွက်သီးနှံဈေးကွက် အခြေအနေ
မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆံ)ဈေးနှုန်းမှာ မိုးမြေပဲအဝင်နည်းခြင်း၊ ဆောင်းပဲစိုက်ချိန်ဖြစ်ခြင်းကြောင့် လုပ်ငန်းသမားအဝယ် ပုံမှန်ရှိသော်လည်း အရည်အသွေး အကောင်းဆုံး ၁၀၀ပိဿာ ၈၁၀၀၀၀ကျပ်မှ ၈၃၀၀၀၀ကျပ်ထိ ဈေးမြင့်သွားပြီး မြေပဲ(ဆီဆံ)မှာလည်း ဆီစက်သမားများ အဝယ်ပုံမှန်ရှိခြင်းကြောင့် အရည်အသွေး အကောင်းဆုံး ၁၀၀ပိဿာ ၇၇၀၀၀၀ကျပ်မှ ၈၀၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် နှမ်းဖြူမှာ အဝင်ပုံမှန်၊ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ပိဿာ ၃၈၅၀၀၀ကျပ်၊ နှမ်းညိုမှာလည်း ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ပိဿာ ၃၁၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး နှမ်းနက်(စမုံ)မှာ အဝင်ပုံမှန်၊ အဝယ်ပုံမှန်ရှိသော်လည်း ငွေဈေးအတက်အကျကြောင့် အရည်အသွေးအညံ့ဆုံး ၄၅ပိဿာ ၅၉၀၀၀၀ကျပ်မှ ၅၈၅၀၀၀ကျပ်၊ အကောင်းဆုံး ၆၅၀၀၀၀ကျပ်မှ ၆၃၅၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။
ပန်းနှမ်းနှင့်နေကြာမှာ ပစ္စည်းရှားခြင်း၊ အသစ်မဝင်သေးခြင်း၊ ဈေးမြင့်သဖြင့် အရောင်းအဝယ် ဖြစ်မှုနည်းခြင်းကြောင့် ယခင်လဈေးနှုန်းအတိုင်း ပန်းနှမ်း ၄၅ပိဿာ ၂၅၀၀၀၀ကျပ်၊ နေကြာ ၂၇ပိဿာ ၂၀၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


ဆီဈေးကွက် အခြေအနေ
ဆီဈေးနှုန်းများအနေဖြင့် ပဲဆီ ၁၅၀၀၀ကျပ်၊ နှမ်းဆီ ၁၄၀၀၀ကျပ်၊ ပဲပုတ်ဆီ ၁၂၀၀၀ကျပ်၊ ပန်းနှမ်းဆီ ၁၄၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။

Guide4U

22 Nov, 05:38


၎င်းစွပ်စွဲချက်များအပြင် ဂေါတမ် အဒါနီနှင့် ၎င်း၏တူ စာဂါ အဒါနီတို့သည် ကုမ္ပဏီမှ ထုတ်လုပ်ရောင်းချသည့် စွမ်းအင်ကို ဈေးကွက်ပေါက်ဈေးထက် ပိုဈေးကြီးသည့် ဈေးနှုန်းများဖြင့် အိန္ဒိယ အစိုးရမှ ဝယ်ယူရန် ကတိကဝတ် ရရှိရန် အိန္ဒိယ အစိုးရ အရာရှိများအား ကန်ဒေါ်လာ သန်း ရာချီ လာဘ်ပေးခဲ့သည့် အစီအစဉ်တွင် ပါဝင်ပတ်သက်ခဲ့ကြသည်ဟု စွပ်စွဲထားသည်။

ဂေါတမ် အဒါနီသည် အာရှတွင် ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး အသားတင်ပိုင်ဆိုင်မှုဒေါ်လာ ၈၅ ဘီလီယံရှိသည်။

Source cnbc
#Guide4U

Guide4U

22 Nov, 05:38


ရန်ကုန်တွင် ကွန်တိန်နာသင်္ဘောဆိပ်ခံ လုပ်ကိုင်သော Adani Group ၏ ဥက္ကဋ္ဌနှင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် စာရင်းဝင် အိန္ဒိယမှ ဘီလျံနာ အသက် ၆၂ နှစ်ရှိသူ Gautam Adani သည် အခြားအမျိုးသားခုနစ်ဦးနှင့်အတူ နယူးယောက် ပြည်ထောင်စုတရားရုံးတွင် အကြီးအကျယ် လာဘ်ပေးလာဘ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှုတို့တွင် ပါဝင်ပတ်သက်ခဲ့ကြသည်ဟု စွဲချက်တင်ခံထားရသည်။

ဂေါတမ် အဒါနီနှင့် အခြားတရားခံများသည် အိန္ဒိယအစိုးရအရာရှိများအား အမြတ်ငွေ ကန်ဒေါ်လာ ၂ ဘီလီယံကျော် ရရှိသည့် နေရောင်ခြည်စွမ်းအင် ထုတ်လုပ်ရေး ကန်ထရိုက်များ ရရှိရန်အတွက် ကန်ဒေါ်လာသန်း ၂၅၀ ကျော် လာဘ်ငွေ ပေးဆောင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ထို့ပြင် ၎င်းနှင့် Adani Green Energy Limited မှ အမှုဆောင်နှစ်ဦးတို့ကို ကုမ္ပဏီသည် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးနှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဆိုင်ရာ ကျင့်ထုံးများနှင့်အညီ လုပ်ဆောင်သည်ဟု အမေရိကန်နှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို လွဲမှားစွာ ထင်မြင်စေကာ အဆိုပါ နေရောင်ခြည်စွမ်းအင် ထုတ်လုပ်ရေး ကန်ထရိုက်များအတွက် ၎င်းရင်းနှီးမြှုပ်နှံသူတို့ထံမှ အရင်းအနှီး ကန်ဒေါ်လာ ၃ ဘီလီယံကျော် ရယူစုဆောင်းခဲ့ကြောင်း စွပ်စွဲချက်ဖြင့်လည်း တရားစွဲဆိုထားသည်။

Guide4U

22 Nov, 05:17


Nissan Motor သည် မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ လုပ်သားအင်အား လျှော့ချရေး အစီအစဉ်အရနှင့် အရှေ့တောင်အာရှတွင် ထုတ်လုပ်မှု ကျဆင်းသွားခြင်းတို့ကြောင့် ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ၁,၀၀၀ ခန့်ကို အလုပ်ဖြုတ်ခြင်းဖြစ်စေ၊ အခြားအလုပ် ပြောင်းရွှေ့ခြင်းဖြစ်စေ လုပ်ဆောင်မည်။


နီဆန်းသည် ထိုင်းနိုင်ငံတွင် ကားတပ်ဆင်ထုတ်လုပ်ရေး စက်ရုံ ၂ ရုံ ရှိသည့်အနက် အမှတ်(၁) စက်ရုံတွင် ထုတ်လုပ်မှု အချို့အဝက်ကို ရပ်ထားလိုက်တော့မည့် အစီအစဉ် ရှိသည်။ လာမည့်နှစ် စက်တင်ဘာလတွင် အမှတ်(၂) စက်ရုံ တရုံတည်းမှာ တစုတစည်းတည်း လုပ်ကိုင်မည်။ သို့ဖြစ်ရာ အမှတ်(၁) စက်ရုံမှ လုပ်သားအချို့ အလုပ်ပြုတ်ကြမည် ဖြစ်ပြီး လုပ်သားအချို့သည် အမှတ်(၂) စက်ရုံသို့ ပြောင်းရွှေ့လုပ်ကိုင်ကြရမည်ဟု သတင်းထွက်ပေါ်သည်။

နီဆန်းမှ ပြောရေးဆိုရေး တာဝန်ခံက အမှတ်(၁) စက်ရုံ ဆက်လက်လည်ပတ်မည်၊ စက်ရုံ ၂ ရုံတွင် စက်ပစ္စည်းများ အဆင့်မြှင့်တင်ရန် စက်ရုံ ၂ ရုံကို တစိတ်တပိုင်းအားဖြင့် စုစည်းမှုပြုမည်ဟု ပြောကြားသည်။


နီဆန်းသည် ကမ္ဘာတလွှားတွင် အလုပ်အကိုင် ၉,၀၀၀ လျှော့ချမည့်အစီအစဉ်ကို နိုဝင်ဘာလ လဆန်းပိုင်းတွင် ကြေညာခဲ့သည်။


ထိုင်းနိုင်ငံမှ အမှတ်(၁)စက်ရုံသည် တနှစ်လျှင် အစီးရေ ၂၂၀,၀၀၀ ခန့် ထုတ်လုပ်နိုင်သည်။ အမှတ်(၂)စက်ရုံသည် တနှစ်လျှင် အစီးရေ ၁၅၀,၀၀၀ ခန့် ထုတ်လုပ်နိုင်သည်။
စက်ရုံ ၂ ရုံတွင် ထိုင်းပြည်တွင်း ဈေးကွက်အတွက် ထုတ်လုပ်ခြင်းအပြင် Kicks SUV မော်ဒယ်ကို အခြားအရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့ရန်နှင့် Terra SUV မော်ဒယ်ကို အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကသို့ တင်ပို့ရန် ထုတ်လုပ်သည်။

နီဆန်းသည် မတ်လတွင် ပြီးဆုံးသည့် ယခင်ဘဏ္ဍာနှစ်တွင် ထိုင်းပြည်တွင်းဈေးကွက်မှာ အစီးရေ ၂၄,၀၀၀ ခန့်သာ ရောင်းချနိုင်ခဲ့သည်။


Source Bangkokpost
#AutomobileIndustryGuide

Guide4U

20 Nov, 14:24


ဘန်ကောက်နှင့် ထိုင်းနိုင်ငံ၏ အခြားနေရာများတွင် ကွန်ဒိုတိုက်ခန်းများကို မြန်မာနိုင်ငံသားများ အဝယ်များနေခြင်းသည် ထိုင်းနိုင်ငံ၏ အရောင်းထိုင်းမှိုင်းနေသော ကွန်ဒိုဈေးကွက်အတွက် ရောင်းအား ဖြစ်ပေါ်နေစေသည်။

Real Estate Information Centre (REIC) အဆိုအရ ၂၀၂၄ ခုနှစ် ပထမ ကိုးလတွင် မြန်မာနိုင်ငံသားများထံ ထိုင်းကွန်ဒိုမီနီယံ အခန်းများ ရောင်းအားသည် ယခင်နှစ် ပထမကိုးလ ကာလထက် သုံးဆ ဖြစ်လာသည်။ တရုတ်ပြီးလျှင် မြန်မာသည် ကွန်ဒိုတိုက်ခန်း ဒုတိယအများဆုံး ဝယ်ယူသည့် နိုင်ငံသား ဖြစ်သည်။

REIC ဒေတာအရ ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ ဘတ် ၅.၄၆ ဘီလီယံ (ကန်ဒေါ်လာ ၁၅၈ သန်းဖိုးရှိ ကွန်ဒိုအခန်း ၁,၀၀၀ ကျော်ကို မြန်မာနိုင်ငံသားများထံ ရောင်းချခဲ့သည်။

၂၀၂၂ ခုနှစ်မှစ၍ ထိုင်းအိမ်ခြံမြေများကို မြန်မာနိုင်ငံသားများ ဝယ်ယူမှု မြင့်တက်လာခဲ့သည်။

ချမ်းသာသည့် မြန်မာနိုင်ငံသားတချို့သည် ကန်ဒေါ်လာ ၁၄၅,၀၀၀ မှ ကန်ဒေါ်လာ ၃၅၀,၀၀ အထိ ပေးရသည့် အိမ်ရာပိုင်ဆိုင်မှုများကို ဝယ်ယူကြပြီး ချင်းမိုင်သည် အဝယ်များသည့် နေရာတခု ဖြစ်သည်။

ထိုင်းနိုင်ငံသည် အခြားနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၏ ကွန်ဒိုအခန်းများ ဝယ်ယူမှု ကျဆင်းနေသည်ကို ရင်ဆိုင်နေရချိန်တွင် မြန်မာဝယ်လက်များ၏ ဝယ်ယူမှု မြင့်တက်လာသည်။
REIC အဆိုအရ ထိုင်းကွန်ဒိုအခန်း ဝယ်ယူမှု များပြားသည့် တရုတ်နိုင်ငံသားများ၏ ဝယ်ယူမှုသည် ၁ဝ%၊ ရုရှားနိုင်ငံသားများ၏ ဝယ်ယူမှုသည် ၁၆.၈% ကျဆင်းခဲ့သည်။

Source Bangkokpost
#ConstructionIndustryGuide

Guide4U

20 Nov, 13:25


အမေရိကန်ပြည်ထောင်စု တရားရေးဌာန Department of Justice (DOJ) သည် Google ကို Chrome ဘရောက်ဆာ မဖြစ်မနေ ရောင်းချရန် ပြည်ထောင်စု တရားသူကြီး Amit Mehta အား တောင်းဆိုမည်ဖြစ်ပြီး နည်းပညာကုမ္ပဏီကြီးအပေါ် အကြီးမားဆုံး ဖြိုခွင်းမှုများထဲမှ တစ်ခု ဖြစ်လာနိုင်သည်။

၂၀၂၄ ခုနှစ် သြဂုတ်လတွင် တရားသူကြီး Amit Mehta က Google သည် အထူးသီးသန့်တဦးတည်း လုပ်ပိုင်ခွင့် သဘောတူညီချက်များမှတစ်ဆင့် ရှာဖွေရေးစျေးကွက်ကို တရားမဝင်လက်ဝါးကြီးအုပ်ထားသည်ဟု စီရင်ဆုံးဖြတ်ခဲ့သည်။

Google မှ ၎င်း၏ ရှာဖွေရေးအင်ဂျင်ကို စမတ်ဖုန်းများနှင့် ဝဘ်ဘရောက်ဆာများတွင် မူရင်းမူလအဖြစ် ထည့်သွင်းပေးထားရန် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံ ပေးချေခဲ့ခြင်းသည် အခြားပြိုင်ဘက်များကို ဈေးကွက်တွင် နေရာမရအောင် ဖန်တီးထားခြင်းဟု Amit Mehta က အဆုံးအဖြတ်ပြုသည်။

အကယ်၍ DOJ က တောင်းဆိုသည့်အတိုင်း Chrome ကို ရောင်းချခဲ့ရလျှင် တန်ကြေး ကန်ဒေါ်လာ ၁၅ မှ ၂၀ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်းသည်။
လက်ရှိတွင် Chrome ကို လစဉ်ပုံမှန်သုံးစွဲသူ ၃ ဘီလီယံ ရှိသည်။

Source Bloomberg
#ICTIndustryGuide

Guide4U

20 Nov, 13:03


Avatr သည် ထိုင်းနိုင်ငံတွင် ပထမဆုံး အရောင်းပြခန်းကို ဖွင့်လှစ်လိုက်ပြီး Avatr 11 SUV များကို ၎င်း၏ ပထမဆုံးဝယ်ယူသူ ၁၀၀ ကျော်ထံ ပေးပို့အပ်နှံသည်။

Changan Automobile, CATL နှင့် Huawei တို့ ကျောထောက် နောက်ခံ ပြုထားသော လျှပ်စစ်ကားအမှတ်တံဆိပ် Avatr Technology သည် ထိုင်းနိုင်ငံ မော်တော်ယာဥ်ဈေးကွက်သို့ စတင်ဝင်ရောက်ကြောင်းလွန်ခဲ့သည့် နှစ်လခန့် စက်တင်ဘာ ၁၇ ရက်က ကြေညာခဲ့သည်။

Avatr 11 SUV ဗားရှင်း ၂ မျိုး စတင်ရောင်းချသည်။ Standard Range ဘတ် ၂,၀၉၉,၀၀ နှင့် Long Range ဘတ် ၂,၂၉၉,၀၀၀ တို့ ဖြစ်သည်။

Avatr ကို Changan နှင့် Nio တို့မှ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၀ရက်တွင် Changan Nio ဖက်စပ်လုပ်ငန်းအဖြစ် စတင်တည်ထောင်ခဲ့ပါသည်။ လက်ရှိတွင် Nio သည် ဖက်စပ်လုပ်ငန်းမှ နှုတ်ထွက်ထားပါသည်။

Avatr 11 သည် Avatr ၏ ပထမဆုံးမော်ဒယ်ဖြစ်ပြီး တရုတ်နိုင်ငံတွင် ၂၀၂၂ ခုနှစ် သြဂုတ်လတွင် တရားဝင် စတင်ရောင်းချခဲ့သည်။


Source cnevpost
#AutomobileIndustryGuide

Guide4U

20 Nov, 12:23


သွားလာရေးခက်ခဲသောဒေသတို့အတွက် ဆေးတက္ကသိုလ်ဝင်ခွင့် ခေါ်ယူ

အပြည့်အစုံဖတ်ရန်
>> https://www.edge.com.mm/article/remote-areas-medical-university.html

Guide4U

20 Nov, 11:31


20 November 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သင်္ဘောများ၊ ဆိုက်ရောက်မည့် သင်္ဘောများ စာရင်းကို ဖော်ပြပေးထားပါသည်။
#LogisticsIndustryGuide

MYANMAR PORT AUTHORITY BERTHING INFORMATION AS AT 12:00 HOURS 20 November 2024, VESSELS AT WHARVES

L= Loading
D= Discharging

BERTHING VESSELS
Vessel Name - Berth - Cargo

Palm Oil (In Bulk)
MT.RM-2 -H.O.B- D.5000

Urea
AL AMAL -T.M.T.1- D.9595

Container
VIMC DIAMOND -MITT.1- D.290,L.14 TEU
Shifted to
VIMC DIAMOND -AWPT.1- D.380,L.530 TEU
SITC CHUNMING -AWPT.3- D.65,L.341 TEU
ISEACO WISDOM -AWPT.3- D.776,L.1038 TEU
MSC ANDREA F -AWPT.3- D.432,L.333 TEU
BLPL FAITH -AWPT.3-D.631,L.330 TEU
BEYPORE SULTAN -M.I.P.1- D.77,L.17 TEU
XO LUCKY -M.I.P.3- D.205,L.455 TEU
SINAR BUKI TTINGGI -M.I.P.4- D.723,L.830 TEU
MV.MCL-9 -T.M.T.2- L.57 TEU
SITC ZHI -MITT.2- D.457,L.233 TEU
NEGAR -MITT.2- D.108,L.126 TEU

Steel & Equipment
VAST OCEAN-5 -MITT.3- D.7658

Steel Product
SS-2 -MITT.5- D.6300

Rice
HUAYOU-1 -A.I.P.T.1- L.12500
HOANG TUAN-89 -A.I.P.T.2- L.5000
VTC PHOENIX -A.I.P.T.3- L.12500
TROUNG MINH OCEAN -Y.I.G.T- L.12350
THAI BINH 05 -M.I.P.2- L.20000
AKDENIZ-M -S.P.W.3- L.29000
JADE CASTLE -S.P.W.4- L.6700
ESPERIA -S.P.W.6- L.30000
BC VANESSA -S.P.W.7- L.25000
BMC CATHERINE -T.M.T.3- L.13100


G/C VESSELS EXPECTED
Vessel Name - Cargo - To/From Country

19/12
KENZEN - D. 18627 Wheat, USA
21/11
ANIMA - L. 22000 Rice, IVORY COAST
22/11
OCEAN GLORY - L. 20000 Yellow Maize, INDIA
23/11
SEA FOREST - L. 9200 Pulses, INDIA
25/11
ZHIDA-6 - L. 15000 Rice, INDONESIA
27/11
PHU AN-288 - L. 4350 Rice, INDONESIA
3/12
VTC OCEAN - L. 20000 Yellow Maize, INDIA
HS GLORY - L. 10000 Rice, INDONESIA


CONTAINER VESSELS EXPECTED
All vessel sail from Singapore
Vessel Name - Berth

22/11
SITC WENDE - AWPT
HANSA HARBURG - MITT/MIP
23/11
UNI-ACTIBE - AWPT
24/11
CAPE FELTON - AWPT
METHI BHUM - AWPT
25/11
ISEACO GENESIS - AWPT
.
.
.

Guide4U

20 Nov, 11:19


‘Moodeng Moodeng’ (ဂျပန်ဗားရှင်း)

https://youtu.be/7qn1yhkJ02c?si=JN8x1U5v_MU_RIDE

Guide4U

20 Nov, 11:19


‘Moodeng Moodeng’ (တရုတ်ဗားရှင်း)

https://youtu.be/UqyeB5whmc4?si=V8Kf9uC6XVHz3ZUh

Guide4U

20 Nov, 11:19


‘Moodeng Moodeng’ (ထိုင်းဗားရှင်း)

https://youtu.be/htTWYzP9Omw?si=WNTNOWEpfqnJ_hmL

Guide4U

20 Nov, 11:19


‘Moodeng Moodeng’ (အင်္ဂလိပ်ဗားရှင်း)
https://youtu.be/6aMJ8U96bVg?si=a_4lm2bQBUREHEp6

Guide4U

20 Nov, 11:18


ထိုင်းနိုင်ငံမှ ကမ္ဘာကျော် ရေမြင်းပု အမ Moo Deng အတွက် စက္ကန့် ၅၀ ကြာ သီချင်း “Moodeng Moodeng” ကို ထိုင်း၊ အင်္ဂလိပ်၊ တရုတ်နှင့် ဂျပန် ဘာသာစကား ၄ မျိုးဖြင့် သီကုံးထားသည်။ ထိုင်းမှ လူသိများသည့် တေးရေးဆရာ Mueanphet Ammara က ရေးဖွဲ့ပေးပြီး ထိုင်းမှ အကြီးမားဆုံး တေးဂီတကုမ္ပဏီတခုဖြစ်သည့် GMM Music မှ ထုတ်လုပ်သည်။

#Guide4U

Guide4U

20 Nov, 08:57


မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း စျေးနှုန်းများ
#FoodIndustryGuide

20 • 11 • 2024 ( Wednesday )
12:00 PM ကောက်ပဲသီးနှံဈေးနှုန်းများ
#ဂျုံစေ့အမျိုးမျိုး -
ဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) - ၆၀ ပိဿာ - 200000/ 210000
ဂျုံ (မုံရွာ/ဘုတလင်) - ၆၀ ပိဿာ - 200000/ 210000
ဂျုံ (စစ်ိကိုင်း/ဆားတောင်/ရွှေဘို) - ၆၀ ပိဿာ - 200000/ 210000
ဂျုံ (မြင်းမူ/မြောင်) - ၆၀ ပိဿာ - 200000 / 210000
ဂျုံ (ကလေး) - ၆၀ ပိဿာ
ဂျုံ (ရှမ်း) - ၆၀ ပိဿာ - 170000/ 180000/
ဂျုံ (အထွက်တိုး) - ၆၀ ပိဿာ - 180000/ 182000
ဂျုံ (ပန်ဆိုင်း/ကြူကုတ်) - ၆၀ ပိဿာ - 180000
ဂျုံ (AUS) - ၁ ပိဿာ - 3700 (ygn)
ဂျုံဖွဲ - ၁ ပိဿာ - 1200/
---------------------------------------------
#ကုလားပဲလုံး
V2 - ၅၇.၂၅ ပိဿာ -
V7 - ၅၇.၂၅ ပိဿာ -
V9 - ၅၇.၂၅ ပိဿာ -
TW - ၅၆.၂၅ ပိဿာ -
929 - ၅၆.၂၅ ပိဿာ -
မြကြေး(တာပွန်) - ၅၆.၂၅ ပိဿာ -
ဗမာကုလားပဲ - ၅၆.၂၅ ပိဿာ -
#ကုလားပဲခြမ်း - (၁ပိဿာ) ဈေးနှုန်းများ
V2ခြမ်း - 6800/ 6850
V7ခြမ်း -
V9ခြမ်း -
TWခြမ်း - 7000
929 ခြမ်း - 6950/ 7000
မြကြေး(တာပွန်)ခြမ်း -
ဗမာကုလားပဲခြမ်း -
---------------------------------------------
#ပဲစင်းငုံအမျိုးမျိုး -
ပဲစင်းငုံ (နီ) - ၆၀ ပိဿာ -
ပဲစင်းငုံ (ဖြူ) - ၆၀ ပိဿာ -
ပဲစင်းငုံ (ကြား) - ၆၀ ပိဿာ
ပဲစင်းငုံ ခြမ်း - ၁ ပိဿာ -
ပဲစင်းငုံလုံး ခွံချွတ် - ၁ ပိဿာ -
---------------------------------------------
#ပဲယင်းအမျိုးမျိုး
ပဲယင်းကြီး - ၆၀ ပိဿာ - 235000
ပဲယင်းသေး - ၆၀ ပိဿာ - 235000
ပဲယင်းနီ - ၆၀ ပိဿာ - 235000/ 238000
---------------------------------------------
#ပဲတီစိမ်းအမျိုးမျိုး -
ပဲတီစိမ်းရွှေဝါ (ခရမ်း) - ၅၆.၂၅ ပိဿာ -
ပဲတီစိမ်းရွှေဝါ (လမ်း) - ၅၆.၂၅ ပိဿာ -
ပဲတီစိမ်း (ညာ) - ၅၆.၂၅ ပိဿာ -(သစ်) 250000/ 260000/ 265000/ 270000/ 275000
ပဲတီစိမ်းသေး (စိမ်းနောက်) - ၅၆.၂၅ ပိဿာ
ပဲတီစိမ်း (ခွဲပဲ) - ၅၆.၂၅ ပိဿာ - 200000/ 240000
ပဲတီစိမ်းခြမ်း - ၁ ပိဿာ -
---------------------------------------------
#ပဲလွန်း -
ပဲလွန်းဖြူ - ၆၀ ပိဿာ -
ပဲလွန်းပြာ - ၅၄.၂၅ ပိဿာ -
ပဲလွန်းဝါ -
---------------------------------------------
#ပဲကြီးအမျိုးမျိုး -
ပဲကြီး (က) - ၅၅.၂၅ ပိဿာ - 280000/ 290000/ 300000
ပဲကြီး (လ) - ၅၅.၂၅ ပိဿာ - 250000/ 255000/ 260000
ပဲကြီး (သ) - ၅၅.၂၅ ပိဿာ - 230000/ 235000/ 240000
ပဲကြီး (ရှမ်း) - ၅၅.၂၅ ပိဿာ
တရုတ်ပဲကြီး (က) - ၅၀ ပိဿာ -
တရုတ်ပဲကြီး (သ) - ၅၀ ပိဿာ -
---------------------------------------------
#ပဲရာဇာ
ပဲရာဇာ (လုံး) - ၃တင်း=၆၁.၂၅ ပိဿာ -
ပဲရာဇာ (ခြမ်း) - ၁ ပိဿာ -
---------------------------------------------
#ပဲထောပတ်
ပဲထောပတ် (ဂေါက်) - ၅၆.၂၅ ပိဿာ -
ပဲထောပတ် (က) - ၅၆.၂၅ ပိဿာ -
ပဲထောပတ် (လ) - ၅၆.၂၅ ပိဿာ -
ပဲထောပတ် (သ) - ၅၆.၂၅- ပိဿာ -
---------------------------------------------

#ပဲကြား - ၅၆.၂၅ ပိဿာ -
#ပဲနီပြား - ၅၅.၂၅ ပိဿာ -(တံတားဦး)460000// (ကျွန်း) 540000

#ပဲဇီးကွက်2
ပဲဇီးကွက် (ဗမာ) - ၅၈.၂၅ ပိဿာ - 280000 / 290000 / 295000
ပဲဇီးကွက် (ရှမ်း) - ၅၈.၂၅ ပိဿာ -
#စွန်တာပြာ
စွန်တာပြာ (ကသဲ) - ၅၈.၂၅ ပိဿာ - 255000/ 260000/
စွန်တာပြာ (ရိုးရိုး) - ၅၈.၂၅ ပိဿာ - 235000
---------------------------------------------
#ပဲပုတ်
ပဲပုတ် (ကာဘိုး) - ၅၃.၂၅ ပိဿာ
ပဲပုတ် (စက်ပဲ) - ၅၃.၂၅ ပိဿာ - 300000/ 320000/
ပဲပုတ် (ဗမာ) - ၅၃.၂၅ ပိဿာ - 480000
ပဲပုတ် (ရှမ်း) - ၅၃.၂၅ ပိဿာ - 370000/ 380000/400000/ 420000/
---------------------------------------------
#နိုင်လွန်ပဲ/ပုဂံပဲ - ၅၉.၂၅ ပိဿာ -
#မြေထောက်ပဲ
မြေထောက်ပဲ - ၅၄ ပိဿာ - 290000/ 300000/330000/ 350000/ 355000
မြေထောက်ပဲ (ကြား) - ၅၄ ပိဿာ -
မြေထောက်ပဲ (ဖြူ) - ၅၄ ပိဿာ -
#ခေတ်သစ်ပဲ -
------------------------------------------
#မတ်ပဲ
မတ်ပဲ - ၆၀ ပိဿာ - (ဟောင်း) 320000/ 330000/ ( သစ် ) 270000
မတ်ပဲ (ရေသွင်း) - ၆၀ ပိဿာ -
မတ်ပဲခြမ်း (ခွံချွတ်ခြမ်း) - ၁ ပိဿာ -
မတ်ပဲခြမ်း (ခွံပါခြမ်း) - ၁ ပိဿာ -
မတ်ပဲ (လုံးချွတ်) - ၁ ပိဿာ -
---------------------------------------------
#စားတော်
စားတော် (ကနေဒါ) - ၅၉.၂၅ ပိဿာ - 450000/ 490000/
စားတော် (ယူကရိန်း) - ၅၉.၂၅ ပိဿာ -
စားတော် (ကျွန်း) - ၅၉.၂၅ ပိဿာ - 400000/ 410000/
စားတော်ခြမ်း - ၁ ပိဿာ -
---------------------------------------------
#ဘိုကိတ်
ဘိုကိတ်ကြား (က) - ၅၂ ပိဿာ -

Guide4U

20 Nov, 08:57


ဘိုကိတ်ကြား (သ) - ၅၂ ပိဿာ -
ဘိုကိတ် (ထိပ်စွပ်) - ၅၂ ပိဿာ -
---------------------------------------------
#ပဲချဉ်ပေါင် - ၆၀ ပိဿာ - 205000 / 210000
#ချဉ်ပေါင်စေ့/ ဘိလပ်စေ့ - ၄၅ ပိဿာ -
---------------------------------------------
#ပြောင်း
ပြောင်းဖူး (ဗမာ) - ၅၄ ပိဿာ - 76000
ပြောင်းဖူး (ရှမ်း) - ၅၄ ပိဿာ - 78000/
ပြောင်းဖူး (CP) - ၅၄ ပိဿာ - 77000/ 78000/
အထွက်တိုးပြောင်း (နီ) - ၅၃ ပိဿာ - ( ဟောင်း) 75000
အထွက်တိုးပြောင်း (ဖြူ) - ၅၃ ပိဿာ -
ဆန်ပြောင်း - ၅၉.၂၅ ပိဿာ -
ခွံပြောင်း - ၅၃ ပိဿာ -
---------------------------------------------
#နံနံစေ့ - ၁တင်း=33000/34000/ 34500
မုန်ညှင်းစေ့ - ၁ ပိဿာ 5500/ 5800
စမုံနက် - ၁ ပိဿာ - 9500
စမုံစပါး - ၁ ပိဿာ - 5000
---------------------------------------------
#ကြက်ဆူ
ကြက်ဆူ (ဗမာ) - ၃၆ ပိဿာ - 135000
ကြက်ဆူ (ရှမ်း) - ၃၆ ပိဿာ -
---------------------------------------------
#နှမ်းအမျိုးမျိုး
နှမ်းနက် (စမုန်) - ၄၅ ပိဿာ-(AV •မလွတ်) 585000/ 590000//(AV• 3 )610000/ 615000//(AV•2) 625000/630000// (AV •1) 635000/
နှမ်းနက် (ဂွ) - ၄၅ ပိဿာ -
နှမ်းဖြူ (JP) - ၄၅ ပိဿာ - 400000/ 410000/ 415000
နှမ်းဖြူ (ဗမာ) - ၄၅ ပိဿာ -(သစ်)365000/ 370000/ 380000//(ဟောင်း)355000/ 360000
နှမ်းဖြူ ( ခြုံကျော်) - ၄၅ ပိဿာ - 385000/ 390000
နှမ်းညို - ၄၅ ပိဿာ -(သစ်) - 305000/ 310000
နှမ်းဝါ (ယော)- ၄၅ ပိဿာ -
နှမ်းနီ- ၄၅ ပိဿာ -- 335000/ 340000
နှမ်းကြား - ၄၅ ပိဿာ -
ရှမ်းနှမ်း - ၄၅ ပိဿာ -
ဆောင်းနှမ်း - ၄၅ ပိဿာ -
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

ပန်းနှမ်း - ၄၅ ပိဿာ -

---------------------------------------------
#နေကြာ
ဆီနေကြာ - ၂၇ ပိဿာ
လှော်နေကြာ -
---------------------------------------------

#မြေပဲဆံအမျိုးမျိုး - ၁ ပိဿာဈေးနှုန်း
S1လုံးဆံ -(သစ်)8250/ 8300/ 8500 // ( မြင်းမူ ) 8300/ 8500/
S1ဆီဆံ - (နွားထိုး) 7900/ 8000/ 8050
S1 ရွေးဆံ -(တစ်ပေါက်ကျ) 8100/ 8200/
Mတွဲလုံးဆံ - 8250/ 8500
Mတွဲဆီဆံ --
အနီလုံးဆံ - - 8250/ 8300/8500
အနီလုံးဆံ(ရွေး) - -
အနီဆီဆံ - (သစ်)- 7700/ 7800
အနီလုံးဆံ ( ရှမ်း )// အနီဆီဆံ (ရှမ်း) -
ပြန့်လုံးဆံ -
ပြန့်ဆီဆံ -
-----------------------------------------
#ဆီအမျိုးမျိုး - ၁ ပိဿာ ဈေးနှုန်း
ပဲဆီ - ၁ ပိဿာ - 14500 / 15000/ 15500
ပဲဖတ် - ၁ ပိဿာ- 5950 / 6000
နှမ်းဆီ - ၁ ပိဿာ- 14000/ 14500
နှမ်းဖတ် - ၁ ပိဿာ- 4000/ 4050/ 4100
နေကြာဖက် - ၁ပိဿာ - 3000/ 3100
မုန့်ညှင်းဆီ - ၁ ပိဿာ -
မုန့်ညှင်းဖတ် - ၁ ပိဿာ - 3500/ 3600
ပန်းနှမ်းဆီ - ၁ ပိဿာ -
ပန်းနှမ်းဖက် - ပိဿာ - 2900/ 3000
မှတ်ချက်👉အချိန်နှင့်အမျှဈေးနှုန်းပြောင်းလဲမှုရှိပါသည်။

Guide4U

20 Nov, 08:54


ကာလကတ္တားမြို့သို့ မြန်မာနိုင်ငံမှ လေကြောင်းဖြင့် တင်ပို့သည့် ငါးသလောက်များတွင် အရွယ်အစား ၁ ကီလိုဂရမ်မှ ၁.၂ ကီလိုဂရမ်အထိသည် လက်ကားဈေးနှုန်း တစ်ကီလိုလျှင် ရူပီး ၁၃၀၀ မှ ၁၄၀၀ အထိ ရှိသည်။ ၁.၃ ကီလိုဂရမ်မှ ၁.၅ ကီလိုဂရမ်ကြား အရွယ်အစားသည် တစ်ကီလိုလျှင် ၁၅၀၀ ရူပီး ရှိသည်။


မြန်မာနိုင်ငံတွင် ငါးသလောက် ဖမ်းဆီးရမိသည့် ပမာဏသည် ကမ္ဘာ့ငါးသလောက် ဖမ်းဆီးရမိသည့် ပမာဏစုစုပေါင်း၏ ၁၅ မှ ၂၀ ရာခိုင်နှုန်းခန့်အထိ ရှိပြီး ဒုတိယ အများဆုံး ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ၆၀% ရှိပြီး ကမ္ဘာ့အများဆုံး ဖြစ်သည်။


Source timeofindia
#FoodIndustryGuide

Guide4U

20 Nov, 08:53


အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှ ငါးကြိုက်သူများအတွက် မြန်မာနိုင်ငံမှ ငါးသလောက် လတ်လတ်ဆတ်ဆတ်ကို နိုဝင်ဘာလတွင် ဝယ်ယူရရှိသဖြင့် အံ့ဩမိစေသည်။ ပုံမှန်အားဖြင့် လတ်ဆတ်ငါးသလောက်ရာသီသည် ဇူလိုင်လမှ အောက်တိုဘာလအထိသာ ဖြစ်သည်။
အေးခဲငါးသလောက်ကိုမူ တနှစ်ပတ်လုံး ရရှိနိုင်သည်။

ယခုအခါ တစ်ပတ်လျှင် ၄ တန်မှ ၆ တန်အထိ လေကြောင်းခရီးဖြင့် ကာလကတ္တားသို့ မြန်မာငါးသလောက်များ ပုံမှန်အားဖြင့် ရောက်ရှိနေသည်။ မြန်မာငါးသလောက်သည် အေးခဲငါးသလောက် မဟုတ်သဖြင့် ပိုလတ်ဆတ်သည်။ အရသာလည်း ပိုကောင်းသည်ဟု ဆိုကြသည်။ ဘင်္ဂလား‌ဒေ့ရှ်မှ ဝင်သည့် ငါးသလောက်များသည် အေးခဲငါးသလောက်များ ဖြစ်သည်။


"မြန်မာနိုင်ငံကနေ တစ်ပတ်ကို ငါးသလောက် လေးတန်ကနေ ခြောက်တန်အထိ ရနေတယ်" ဟု ငါးတင်သွင်းသူများအသင်း အတွင်းရေးမှူး Syed Anwar Maqsood က ပြောသည်။

“ဒီငါးသ‌လောက်ပို့ကုန်တွေက လေယာဉ်နဲ့ ရောက်လာတာ။ ဒီတော့ ပင်လယ်ရေကြောင်းကလာတဲ့ ငါးသလောက်တွေလို အေးခဲငါးသလောက်တွေ မဟုတ်ဘူး။ ငါးသလောက် လတ်လတ်ဆတ်ဆတ်တွေပါ" ဟု ၎င်းက ပြောကြားသည်။

Guide4U

20 Nov, 08:09


ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) ၏ လက်ငင်းအရောင်းအဝယ်ဈေးနှုန်းများ
#FoodIndustryGuide
● ကုန်စည်များ၏ လက်ကားတစ်ပိဿာဈေးနှုန်း ဖြစ်ပါသည်။
● ပြည်ပပို့ကုန် (Ready Cargo) များမှာ ၁ မက်ထရစ်တန်ဈေးနှုန်း ဖြစ်ပါသည်။

Guide4U

20 Nov, 08:05


ကိုရီးယားတွင် ကျောင်းနေအရွယ် လူဦးရေ ဆိုးဆိုးဝါးဝါး လျော့နည်းနေသဖြင့် တက္ကသိုလ်များ အထူးသဖြင့် နယ်ဘက်မှ တက္ကသိုလ်များသည် ကျောင်းအပ်နှံသည့် ကျောင်းသူကျောင်းသား ရဖို့ ခဲယဉ်းနေသည့် ဘာသာရပ်ဌာနများကို ပိတ်ပစ်ကြရသည်။ လူကြိုက်နည်းသည့် မေဂျာဘာသာရပ်များ ဆက်လက်သင်ကြားပေးနိုင်ခြင်း မရှိတော့ချေ။

တက္ကသိုလ်များသည် ဆက်လက်ရပ်တည်နိုင်ရေးကို အဓိကထားကြရသဖြင့် မေဂျာဘာသာရပ်များ ပေါင်းစည်းခြင်း၊ လူကြိုက်များသည့် ဘာသာရပ်များအတွက် ဘာသာရပ်ဌာနများ အသစ်ဖွင့်လှစ်ခြင်းတို့ကိုလည်း ဆောင်ရွက်ကြရသည်။

၂၀၂၃ ခုနှစ်တွင် Wonkwang University သည် အရေးပေါ်ကယ်ဆယ်ရေးပညာဌာန၊ မီးရထားစနစ်အင်ဂျင်နီယာဌာနနှင့် ဂိမ်းအကြောင်းအရာဌာနတို့အပါအဝင် ဌာနအသစ်များကို စတင်ဖွင့်လှစ်ခဲ့သည်။
Kyung-in Women's University သည် သွားနှင့်ခံတွင်းသန့်ရှင်းရေးပညာဌာန၊ အိမ်မွေးတိရစ္ဆာန်လုပ်ငန်းပညာဌာနတို့ကို ဖွင့်လှစ်မည်။

ကိုးရီးယား စာရင်းအင်းဌာနမှ အနာဂတ်လူဦးရေ ခန့်မှန်းချက်အရ အသက် ၆ နှစ်မှ ၂၁ နှစ်အထိ အကျုံးဝင်သော ကျောင်းနေအရွယ် လူဦးရေသည် ယခုနှစ်တွင် ၇.၁၅ သန်းမျှသာ ရှိပြီး နိုင်ငံလူဦးရေစုစု‌ပေါင်း၏ ၁၃.၈% မျှသာ ရှိသည်။
ကလေးမွေးဖွားသည့် ဦးရေ ကျဆင်းနေသည့်အလျောက် ကျောင်းနေအရွယ် လူဦးရေသည် ဆက်လက် လျော့နည်းသွားမည်ဖြစ်ရာ ၂၀၆၀ ပြည့်နှစ်တွင် ၃.၇၇ သန်းသာ ရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။
၁၉၈၄ ခုနှစ်တွင် ကျောင်းနေအရွယ် လူဦးရေ ၁၃.၈၄ သန်းရှိခဲ့ရာမှ လျော့ကျလာခဲ့ခြင်း ဖြစ်သည်။

အဆင့်မြင့်ပညာရေးကဏ္ဍတွင် ကျောင်းသူကျောင်းသားဦးရေ သိသိသာသာ လျော့ကျလာခဲ့ရာ ပြီးခဲ့သည့် ဧပြီလတွင် တက္ကသိုလ်ပညာရေး သင်ယူသူ ၃ သန်းသာ ရှိတော့သည်။

Source Yonhap
#EducationIndustryGuide

Guide4U

20 Nov, 08:05


ကိုရီးယားမှ Daegu University သည် နောက်နှစ် ၂၀၂၅ မှစ၍ လူမှုဗေဒဌာနကို ပိတ်ပစ်တော့မည် ဖြစ်ကြောင်းကြေညာသည်။
၁၉၇၉ ခုနှစ်တွင် Daegu University စတင်ထူထောင်စဉ်ကတည်းက တည်ရှိခဲ့သော သက်တမ်း ၄၅ နှစ်ကြာ လူမှုဗေဒဌာန ချုပ်ငြိမ်းတော့မည့် အထိမ်းအမှတ်အဖြစ် ပါမောက္ခများ၊ ကျောင်းသူကျောင်းသားများသည် နိုဝင်ဘာ ၇ ရက်မှစ၍ ၂ ရက်တိုင်တိုင် လူမှုဗေဒဌာန ဈာပန အခမ်းအနားကို ကျင်းပခဲ့ကြသည်။

ပါမောက္ခများ၊ ကျောင်းသူကျောင်းသားများသည် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အမည်းရောင် အဝတ်အစားများ ဝတ်ဆင်ထားကြသည်။ စျာပနအခမ်းအနားတွင် လက်မှတ်ရေးထိုးရန် မော်ကွန်းမှတ်တမ်းစာအုပ် ထားရှိသည်။ လွမ်းသူပန်းခြင်းများ ထားကြသည်။ Sogang University နှင့် Pusan National University အပါအဝင် အခြားတက္ကသိုလ်များမှ လူမှုဗေဒဌာနများက ပန်းခွေ ပေးပို့ကြသည်။

ယခုနှစ်တွင် နောက်ဆုံးအနေဖြင့် ကျောင်းသူကျောင်းသားများကို လက်ခံခဲ့ရာ တက်ရောက်မည့်သူ ၁၄ ဦးသာ ရှိသည်။

Guide4U

18 Nov, 03:16


ပိတ်ဆို့အရေးယူမှုများကြောင့် အနောက်နိုင်ငံများမှ ကားအမှတ်တံဆိပ်များ ရုရှားကားဈေးကွက်မှ ထွက်ခွာသွားကြသည့်အခါ လစ်ဟာသွားသည့်နေရာ အခွင့်အလမ်းကို တရုတ်နိုင်ငံမှ ကားအမှတ်တံဆိပ်များက နေရာဝင်ယူလိုက်ကြသည်။ ရုရှားသည် တရုတ်ကားများ အများဆုံး တင်ပို့သည့်နိုင်ငံ ဖြစ်လာသည်။ ရုရှားတွင် တရုတ်ကားများ ရောင်းအား စံချိန်သစ်တင်သည်။
ယခင်က ရုရှားနိုင်ငံ၏ ကားစျေးကွက်ကို လွှမ်းမိုးထားခဲ့သော ဥရောပ၊ ကိုရီးယားနှင့် ဂျပန်ကားထုတ်လုပ်သူများတို့၏ မော်တော်ကားရောင်းအား သိသိသာသာ ကျဆင်းသည်။ ၎င်းတို့သည် စုစုပေါင်း ဈေးကွက်ဝေစု ၆၉% ရှိခဲ့ရာမှ ယခုအခါ ၈.၅% သာ ရှိတော့သည်။
တရုတ်ကားများသည် စုစုပေါင်း ဈေးကွက်ဝေစု ယခင်က ၉% သာ ရှိခဲ့ရာမှ ယခုအခါ ၅၇% သို့ ရောက်ရှိလာသည်။

တပတ်ရစ်ကားဈေးကွက်အနေဖြင့် ဂျပန်တပတ်ရစ်ကားများအတွက် ရုရှားသည် အကြီးမားဆုံး ဈေးကွက်အဖြစ် ဆက်လက်ရပ်တည်နေပြီး ရုရှားသည် ဂျပန်တပတ်ရစ်ကားများ ဒုတိယ အများဆုံး တင်ပို့သည့် နိုင်ငံဖြစ်သည်။ ယူအေအီးသည် ဂျပန်တပတ်ရစ်ကားများ အများဆုံး တင်ပို့သည့် နိုင်ငံ ဖြစ်သည်။

Guide4U

18 Nov, 03:16


အမေရိကန်နှင့် အီးယူတို့တွင် တရုတ်လျှပ်စစ်ကားတင်သွင်းမှု အပေါ် မြင့်မားသော အခွန်အခများ စည်းကြပ်နေစဉ် ရုရှားတွင် တရုတ်ကားအမှတ်တံဆိပ်များ ရောင်းအားတက်နေခြင်းသည် တရုတ်ကားထုတ်လုပ်သူများကို အသက်ရှူချောင်စေသည်။

ရုရှား ကားဈေးကွက်တွင်လည်း ရွေးချယ်စရာ ၃ မျိုး ပေါ်ပေါက်လာသည်။
"တကယ်လို့ ကားဝယ်မယ်ဆိုရင် ငွေကြေးတတ်နိုင်မှုအရ ရွေးချယ်စရာတွေ ရှိနေပါတယ်။ ရုရှားကား အမှတ်တံဆိပ် Lada ရှိတယ်။ ဥရောပကားတွေလည်း ရှိတယ်။
တရားမဝင် ဝယ်ယူပြီး တင်သွင်းထားတဲ့ကားတွေ ဖြစ်ပြီး အရမ်းဈေးကြီးတယ်။ တရုတ်ကားတွေကတော့ ဈေးချိုတယ်။ နောက်ဆုံးပေါ် နည်းပညာသုံး ပစ္စည်းစုံ ပါတယ်" ဟု မော်စကိုမှ ကားဘလော့ဂါ Ilya Frolov က ပြောကြားသည်။
တရုတ်နိုင်ငံထုတ် Chery Exeed VX သည် ရုရှားတွင် $56,000 ခန့်ဖြင့် ရောင်းချသည်။
BMW X5 သည် ဂျာမနီတွင် $95,000 ခန့်ဖြင့် ရောင်းချသည်။ ရုရှားတွင် $152,000 မှ $203,000 အထိ ဈေးခေါ်သည်။


တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association CPCA မှ ထုတ်ပြန်သော ဒေတာအရ ၂၀၂၄ ခုနှစ် ပထမ ကိုးလတွင် ရုရှားသည် တရုတ်ထုတ် ကားများ အရေအတွက် အများဆုံး တင်ပို့သည့် နိုင်ငံဖြစ်ပြီး ၈၄၉,၉၅၁ စီး တင်ပို့ခဲ့သည်။
ဒုတိယအများဆုံး တင်ပို့ခဲ့သည့် နိုင်ငံမှာ မက္ကဆီကို နိုင်ငံဖြစ်သည်။

ရုရှားသည် အီးဗီများအတွက် အဆင်ပြေသော အားသွင်းကွန်ရက် မရှိသဖြင့် တရုတ်ကားကုမ္ပဏီများသည် အင်ဂျင်ကားများကို အများဆုံး တင်ပို့ကြသည်။ ၉၀%ခန့်သည် အင်ဂျင်ကားများ ဖြစ်သည်။ အင်ဂျင်ပါ လျှပ်စစ်ကား ထုတ်လုပ်သည့် Li Auto သည် အစီးရေ ၁၅,၀၀၀ ကျော် တင်ပို့ခဲ့သည်။


တရုတ်ကားများ ရုရှားတွင် ထွန်းကားလာသည့်အတွက် ရုရှား ကားလုပ်ငန်းကဏ္ဍမှာ အသက်ဝမ်းကျောင်းပြုသူများသည် တရုတ်ကားကုမ္ပဏီများတွင် အလုပ်ရကြသည်။

မော်စကိုအခြေစိုက် PR အေဂျင်စီ Krasnoe Slovo ၏ ဒါရိုက်တာ Vadim Gorzhankin က “အနောက်တိုင်း ကားကုမ္ပဏီတွေမှာ အလုပ်လုပ်ဖူးသူတိုင်းနီးပါးကို အခု တရုတ်တွေက အလုပ်ခန့်ထားတယ်။ အစပိုင်းမှာတော့ ဒီထုတ်လုပ်သူတွေဟာ ဘယ်သူတွေလဲ၊ သူတို့နဲ့ ဘယ်လိုအလုပ်လုပ်ရသလဲ စတာတွေကို ကျွန်တော်တို့ မသိခဲ့ကြဘူး။ ယုတ်စွအဆုံး သူတို့ရဲ့ ကားအမှတ်တံဆိပ်တွေကို ဘယ်လိုအသံထွက်ရမလဲဆိုတာကိုတောင် သေသေချာချာ မသိခဲ့ကြဘူး" ဟု ပြောကြားသည်။


တရုတ်အကောက်ခွန် အချက်အလက်များအရ တရုတ်ကားထုတ်လုပ်သူများသည် စက်တင်ဘာလတွင် ရုရှားသို့ ကန်ဒေါ်လာ ၁.၈ ဘီလျံဖိုးရှိ ကားများကို တင်ပို့ခဲ့ကြသည်။ ၂၀၂၁ စက်တင်ဘာလတွင် ကန်ဒေါ်လာ ၉၆ သန်းဖိုးသာ တင်ပို့ခဲ့သည်။

ရုရှားကားအသစ်ဈေးကွက်တွင် Chery, Great Wall Motor နှင့် Geely တို့ ဦးဆောင်နေသည်။

Source ft
#AutomobileIndustryGuide

Guide4U

18 Nov, 01:31


ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် Cambodian Rice Federation (CRF) ၏ သတင်းထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ပထမ ၁၀ လတွင် ကမ္ဘောဒီးယားနိုင်ငံသည် ကန်ဒေါ်လာ ၃၇၆.၆၃ သန်းတန်ဖိုးရှိ ဆန် မက်ထရစ်တန် ၅၀၇,၀၂၉ တန်ကို ကုမ္ပဏီ ၅၅ ခုက ၆၆ နိုင်ငံသို့ တင်ပို့ခဲ့သည်။
ဥရောပ ၂၆ နိုင်ငံသို့ ကန်ဒေါ်လာ ၁၉၆.၉၃ သန်း တန်ဖိုးရှိ ဆန် မက်ထရစ်တန် ၂၅၄,၉၄၅ တင်ပို့ခဲ့သည်။
ဟောင်ကောင်နှင့်မကာအို အပါအဝင် တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ ၆၁.၄၈ သန်း တန်ဖိုးရှိ ဆန် မက်ထရစ်တန် ၉၃,၁၉၇ တင်ပို့ခဲ့သည်။

အရှေ့တီမောအပါအဝင် အာဆီယံခုနစ်နိုင်ငံသို့ ကန်ဒေါ်လာ ၆၆.၆၁ သန်း တန်ဖိုးရှိ ဆန် မက်ထရစ်တန် ၁၀၀,၉၉၆ တင်ပို့ခဲ့သည်။

အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်အပါအဝင် အခြားနိုင်ငံ ၃၀ သို့ ကန်ဒေါ်လာ ၅၁.၆၁ သန်း တန်ဖိုးရှိ ဆန် မက်ထရစ်တန် ၅၇,၈၉၁ တင်ပို့ခဲ့သည်။


တင်ပို့သည့် ဆန်အမျိုးအစားများတွင် ဆန်မွှေး ၇၃.၂၁%၊ ဆန်ဖြူ ၂၁.၇၁%၊ ပေါင်းဆန် ၃.၀၄%၊ အော်ဂဲနစ်ဆန် ၁.၇၄%နှင့် အခြားဆန် ၀.၃၀%တို့ ပါဝင်သည်။

ကမ္ဘောဒီးယားသည် ကန်ဒေါ်လာ ၁,၁၈၄.၁၆ သန်း ခန့်မှန်းတန်ဖိုးရှိ စပါးအစို ၄,၀၃၆,၃၃၆ မက်ထရစ်တန်ကိုလည်း တင်ပို့ခဲ့သည်။

Source khmertimeskh
#FoodIndustryGuide

Guide4U

17 Nov, 14:04


မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေရောင်းချပေးခြင်း

Post Date : 16-11-2024
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီတင်သွင်းသောလုပ်ငန်းရှင်များသို့ အမေရိကန်ဒေါ်လာ ၃၅ သန်း ရောင်းချပေးမည်ဖြစ်ပါသည်။

#BankingIndustryGuide

Guide4U

17 Nov, 12:43


Morgan Stanley ၏အဆိုအရ eVTOL စျေးကွက်သည် ၂၀၄၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၁ ထရီလီယံအထိ ကြီးထွားမည်။ သို့သော် လက်ရှိအခြေအနေများအရ ဥရောပတွင် eVTOL ကုမ္ပဏီများ ဆက်လက်ရှင်သန်နိုင်စွမ်းအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ပြီးခဲ့သောလတွင် ဂျာမန် eVTOL ကုမ္ပဏီ Lilium သည် ဂျာမန်အစိုးရက ယူရိုသန်း ၅၀ ချေးငွေ အာမခံချက်ပေးရန် ငြင်းဆိုပြီးနောက် ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်တော့သဖြင့် ဒေဝါလီ ခံလိုက်ရသည်။

ဂျာမန်လေကြောင်း တက္ကစီကုမ္ပဏီတစ်ခုဖြစ်သည့် Volocopter သည်လည်း ဆက်လက်ရှင်သန်ရန် ဘဏ္ဍာရေး အခက်အခဲများ ကြုံတွေ့နေရသည်။
Bloomberg ၏အဆိုအရ တရုတ်လုပ်ငန်းစု Geely သည် Volocopter တွင် အကြမ်းဖျင်းအားဖြင့် ၈၅% ပိုင်ဆိုင်မှုကို အမေရိကန်ဒေါ်လာ ၉၅ သန်းဖြင့်ဝယ်ယူရန် ဆွေးနွေးညှိနှိုင်းနေသည်။

#LogisticsIndustryGuide

Guide4U

17 Nov, 12:43


တရုတ် မြို့ပြလေကြောင်းရွေ့လျားသွားလာမှု urban air mobility (UAM) ကုမ္ပဏီ EHang သည် လေယာဉ်မှူးမဲ့ လျှပ်စစ် ဒေါင်လိုက် တက်ဆင်း ယာဉ်ပျံ electric vertical takeoff and landing (eVTOL)ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းခဲ့ကြောင်း နိုဝင်ဘာ ၁၅ ရက်တွင် ကြေညာသည်။

ဘန်ကောက်မြို့လယ်ရှိ Queen Sirikit အမျိုးသားကွန်ဗင်းရှင်းဗဟိုဌာနတွင် ပြုလုပ်ခဲ့သည့် အဆိုပါစမ်းသပ်မှုသည် ထိုင်းနိုင်ငံ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ Civil Aviation Authority of Thailand (CAAT) ထံမှ အတည်ပြု ခွင့်ပြုချက် ရရှိပြီးနောက် ကုမ္ပဏီ၏ ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုဖြစ်သည်။

ကုမ္ပဏီသည် ၂၀၂၅ ခုနှစ်တွင် ဖူးကက်နှင့် ကိုဆာမွိုင်ကျွန်းများတွင် ၎င်း၏ EH216-S မော်ဒယ်ကို စမ်းသပ်ပျံသန်းရန် စီစဉ်နေသည်ဟု CAAT ဒါရိုက်တာ Suttipong Kongpool က ပြောသည်။

"EHang ရဲ့ EH216-S မော်ဒယ်ယာဉ်ပျံဟာ လက်ရှိမှာ ကမ္ဘာ့တစ်ခုတည်းသော လေကြောင်းပျံသန်းမှုဆိုင်ရာ ကြံ့ခိုင်မှု လက်မှတ်ရ eVTOL ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ထိုင်းနိုင်ငံ အချို့ဒေသတွေမှာ စီးပွားဖြစ် ပျံသန်းမှု လုပ်ငန်းများ လုပ်ဆောင်ရန် ကျွန်တော်တို့ ရည်မှန်းထားပါတယ်" ဟု ၎င်းက ပြောသည်။

Guide4U

17 Nov, 11:46


တာတာသည် အိန္ဒိယ၏ အကြီးဆုံး ကုမ္ပဏီစုများထဲမှ တစ်ခုဖြစ်ပြီး iPhone ထုတ်လုပ်ရေးနယ်ပယ်သို့ လျင်မြန်စွာ ချဲ့ထွင်လျက်ရှိသည်။

ထိုင်ဝမ်ကန်ထရိုက်ထုတ်လုပ်သူ Pegatron ၏ အိန္ဒိယရှိ တစ်ခုတည်းသော iPhone စက်ရုံတွင် အိန္ဒိယမှ Tata Electronics သည် အစုရှယ်ယာအများစုကို ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့သည်။
Tata နှင့် Pegatron တို့၏ ဖက်စပ်လုပ်ငန်းသစ်တွင် တာတာက ၆၀% ပိုင်ဆိုင်ပြီး နေ့စဉ်လုပ်ငန်းလည်ပတ်မှုကို ကြီးကြပ်စီမံမည်။
Tata-Pegatron စက်ရုံသည် တာတာ၏ တတိယမြောက် iPhone စက်ရုံ ဖြစ်သည်။

တာတာသည် ပြီးခဲ့သောနှစ်တွင် ထိုင်ဝမ်မှ Wistron  ထံမှ လွှဲပြောင်းရယူထားသည့် iPhone တပ်ဆင်သည့်စက်ရုံကို လုပ်ကိုင်လျက်ရှိသည်။ ၎င်းစက်ရုံသည် အိန္ဒိယတောင်ပိုင်း ကာနာတာကာပြည်နယ်တွင် တည်ရှိသည်။
တမီးနာဒူတွင်လည်း iPhone အစိတ်အပိုင်း ထုတ်လုပ်သည့်စက်ရုံ တရုံ တည်ဆောက်ဆဲ ဖြစ်သည်။

Tata-Pegatron စက်ရုံသည် ဝန်ထမ်း တသောင်းဝန်းကျင် ရှိပြီး တနှစ်လျှင် iPhone ၅ သန်းအထိ တပ်ဆင်ထုတ်လုပ်နိုင်သည်။

Source Reuters
#ICTIndustryGuide

Guide4U

17 Nov, 10:56


အမေရိကန် တက္ကဆက်ပြည်နယ် ဒဲလပ်စ်မြို့ Dallas Love Field လေဆိပ်တွင် အင်ဒီယာနာပိုလီမြို့သို့ ပျံသန်းထွက်ခွာရန် ပြင်ဆင်နေသည့် Southwest Airlines မှ ခရီးစဉ် ၂၄၉၄ ပျံသန်းမည့် Boeing 737-800 လေယာဉ်သည် နိုဝင်ဘာ ၁၅ ရက်နှောင်းပိုင်းတွင် ကျည်ဆန် တချက် ထိမှန်ခဲ့ပြီး လေယာဉ်သည် ဂိတ်ပေါက်သို့ ပြန်လှည့်ရောက်ခဲ့ရသည်။

လေယာဉ်ပျံတက်ရန် ပြင်ဆင်နေစဉ် လေယာဉ် ယာဘက်ခြမ်း လေယာဉ်ဦးခေါင်းပိုင်း အောက်ဘက်တွင် ကျည်ဆန်တစ်တောင့် ထိမှန်ခဲ့သည်ဟု Southwest မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
"ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားထားပါတယ်။ လေယာဉ်ကို မသုံးတော့ဘဲ ရပ်နားထားပါတယ်" ဟု ၎င်းက ပြောသည်။

အဖြစ်အပျက်သည် ဒေသစံတော်ချိန် ည ၉း၅၀ နာရီခန့်တွင် ဖြစ်ပွားခဲ့သည်။ ခရီးသည်များ ဘေးကင်းစွာဖြင့် လေဆိပ်ထဲသို့ ရောက်ရှိကြသည်ဟု Dallas Love Field လေဆိပ်မှ ကြေညာချက် ထုတ်ပြန်သည်။

အသေးစိတ် အချက်အလက်များ ဖော်ထုတ်နိုင်ရန် စုံစမ်းလေ့လာနေဆဲ ဖြစ်သည်။

Source afp
#TravelerGuide

Guide4U

17 Nov, 09:13


မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း စျေးနှုန်းများ
#FoodIndustryGuide

17 • 11 • 2024 ( Sunday )
12:00 PM ကောက်ပဲသီးနှံဈေးနှုန်းများ
#ဂျုံစေ့အမျိုးမျိုး -
ဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) - ၆၀ ပိဿာ - 200000/ 210000
ဂျုံ (မုံရွာ/ဘုတလင်) - ၆၀ ပိဿာ - 200000/ 210000
ဂျုံ (စစ်ိကိုင်း/ဆားတောင်/ရွှေဘို) - ၆၀ ပိဿာ - 200000/ 210000
ဂျုံ (မြင်းမူ/မြောင်) - ၆၀ ပိဿာ - 200000 / 210000
ဂျုံ (ကလေး) - ၆၀ ပိဿာ
ဂျုံ (ရှမ်း) - ၆၀ ပိဿာ - 170000/ 180000/
ဂျုံ (အထွက်တိုး) - ၆၀ ပိဿာ - 180000/ 182000
ဂျုံ (ပန်ဆိုင်း/ကြူကုတ်) - ၆၀ ပိဿာ - 180000
ဂျုံ (AUS) - ၁ ပိဿာ - 3700 (ygn)
ဂျုံဖွဲ - ၁ ပိဿာ - 1200/
---------------------------------------------
#ကုလားပဲလုံး
V2 - ၅၇.၂၅ ပိဿာ - 310000/
V7 - ၅၇.၂၅ ပိဿာ - 328000
V9 - ၅၇.၂၅ ပိဿာ -
TW - ၅၆.၂၅ ပိဿာ - 285000/ 287000
929 - ၅၆.၂၅ ပိဿာ - 295000
မြကြေး(တာပွန်) - ၅၆.၂၅ ပိဿာ -
ဗမာကုလားပဲ - ၅၆.၂၅ ပိဿာ -
#ကုလားပဲခြမ်း - (၁ပိဿာ) ဈေးနှုန်းများ
V2ခြမ်း - 6800/ 6850
V7ခြမ်း -
V9ခြမ်း -
TWခြမ်း - 7000
929 ခြမ်း - 6950/ 7000
မြကြေး(တာပွန်)ခြမ်း -
ဗမာကုလားပဲခြမ်း -
---------------------------------------------
#ပဲစင်းငုံအမျိုးမျိုး -
ပဲစင်းငုံ (နီ) - ၆၀ ပိဿာ -
ပဲစင်းငုံ (ဖြူ) - ၆၀ ပိဿာ -
ပဲစင်းငုံ (ကြား) - ၆၀ ပိဿာ
ပဲစင်းငုံ ခြမ်း - ၁ ပိဿာ -
ပဲစင်းငုံလုံး ခွံချွတ် - ၁ ပိဿာ -
---------------------------------------------
#ပဲယင်းအမျိုးမျိုး
ပဲယင်းကြီး - ၆၀ ပိဿာ - 225000/ 230000
ပဲယင်း (လတ်+သေး/ လတ်) ၆၀ ပိဿာ - 225000/ 230000
ပဲယင်းသေး - ၆၀ ပိဿာ - 225000/ 230000
ပဲယင်းနီ - ၆၀ ပိဿာ - 230000/ 235000
---------------------------------------------
#ပဲတီစိမ်းအမျိုးမျိုး -
ပဲတီစိမ်းရွှေဝါ (ခရမ်း) - ၅၆.၂၅ ပိဿာ -
ပဲတီစိမ်းရွှေဝါ (လမ်း) - ၅၆.၂၅ ပိဿာ -
ပဲတီစိမ်း (ညာ) - ၅၆.၂၅ ပိဿာ -(သစ်) 255000/ 260000/ 265000/ 270000
ပဲတီစိမ်းသေး (စိမ်းနောက်) - ၅၆.၂၅ ပိဿာ
ပဲတီစိမ်း (ခွဲပဲ) - ၅၆.၂၅ ပိဿာ - 185000/ 190000/ 200000/
ပဲတီစိမ်းခြမ်း - ၁ ပိဿာ -
---------------------------------------------
#ပဲလွန်း -
ပဲလွန်းဖြူ - ၆၀ ပိဿာ -
ပဲလွန်းပြာ - ၅၄.၂၅ ပိဿာ -
ပဲလွန်းဝါ -
---------------------------------------------
#ပဲကြီးအမျိုးမျိုး -
ပဲကြီး (က) - ၅၅.၂၅ ပိဿာ - 280000/ 290000/ 300000
ပဲကြီး (လ) - ၅၅.၂၅ ပိဿာ - 250000/ 255000/ 260000
ပဲကြီး (သ) - ၅၅.၂၅ ပိဿာ - 230000/ 235000/ 240000
ပဲကြီး (ရှမ်း) - ၅၅.၂၅ ပိဿာ
တရုတ်ပဲကြီး (က) - ၅၀ ပိဿာ -
တရုတ်ပဲကြီး (သ) - ၅၀ ပိဿာ -
---------------------------------------------
#ပဲရာဇာ
ပဲရာဇာ (လုံး) - ၃တင်း=၆၁.၂၅ ပိဿာ -
ပဲရာဇာ (ခြမ်း) - ၁ ပိဿာ -
---------------------------------------------
#ပဲထောပတ်
ပဲထောပတ် (ဂေါက်) - ၅၆.၂၅ ပိဿာ -
ပဲထောပတ် (က) - ၅၆.၂၅ ပိဿာ -
ပဲထောပတ် (လ) - ၅၆.၂၅ ပိဿာ -
ပဲထောပတ် (သ) - ၅၆.၂၅- ပိဿာ -
---------------------------------------------

#ပဲကြား - ၅၆.၂၅ ပိဿာ -
#ပဲနီပြား - ၅၅.၂၅ ပိဿာ -(တံတားဦး)460000// (ကျွန်း) 540000

#ပဲဇီးကွက်2
ပဲဇီးကွက် (ဗမာ) - ၅၈.၂၅ ပိဿာ - 280000/ 290000/ 295000
ပဲဇီးကွက် (ရှမ်း) - ၅၈.၂၅ ပိဿာ -
#စွန်တာပြာ
စွန်တာပြာ (ကသဲ) - ၅၈.၂၅ ပိဿာ - 255000/ 260000/
စွန်တာပြာ (ရိုးရိုး) - ၅၈.၂၅ ပိဿာ - 225000/ 230000
---------------------------------------------
#ပဲပုတ်
ပဲပုတ် (ကာဘိုး) - ၅၃.၂၅ ပိဿာ
ပဲပုတ် (စက်ပဲ) - ၅၃.၂၅ ပိဿာ - 300000/ 320000/
ပဲပုတ် (ဗမာ) - ၅၃.၂၅ ပိဿာ - 460000
ပဲပုတ် (ရှမ်း) - ၅၃.၂၅ ပိဿာ - 350000/360000/ 370000/ 380000/ 390000/ 420000/
---------------------------------------------
#နိုင်လွန်ပဲ/ပုဂံပဲ - ၅၉.၂၅ ပိဿာ -
#မြေထောက်ပဲ
မြေထောက်ပဲ - ၅၄ ပိဿာ - 300000/ 320000/ 340000/ 350000
မြေထောက်ပဲ (ကြား) - ၅၄ ပိဿာ -/
မြေထောက်ပဲ (ဖြူ) - ၅၄ ပိဿာ -
#ခေတ်သစ်ပဲ -
------------------------------------------
#မတ်ပဲ
မတ်ပဲ - ၆၀ ပိဿာ - (ကောင်း) 340000/ 350000/ ( ညံ့) 290000/ 300000
မတ်ပဲ (ရေသွင်း) - ၆၀ ပိဿာ -
မတ်ပဲခြမ်း (ခွံချွတ်ခြမ်း) - ၁ ပိဿာ -
မတ်ပဲခြမ်း (ခွံပါခြမ်း) - ၁ ပိဿာ -
မတ်ပဲ (လုံးချွတ်) - ၁ ပိဿာ -
---------------------------------------------
#စားတော်
စားတော် (ကနေဒါ) - ၅၉.၂၅ ပိဿာ - 515000/
စားတော် (ယူကရိန်း) - ၅၉.၂၅ ပိဿာ -
စားတော် (ကျွန်း) - ၅၉.၂၅ ပိဿာ - 360000/ 370000/ 380000/ 390000/ 410000

Guide4U

17 Nov, 09:13


စားတော်ခြမ်း - ၁ ပိဿာ -
---------------------------------------------
#ဘိုကိတ်
ဘိုကိတ်ကြား (က) - ၅၂ ပိဿာ -
ဘိုကိတ်ကြား (သ) - ၅၂ ပိဿာ -
ဘိုကိတ် (ထိပ်စွပ်) - ၅၂ ပိဿာ -
---------------------------------------------
#ပဲချဉ်ပေါင် - ၆၀ ပိဿာ - 205000 / 210000
#ချဉ်ပေါင်စေ့/ ဘိလပ်စေ့ - ၄၅ ပိဿာ -
---------------------------------------------
#ပြောင်း
ပြောင်းဖူး (ဗမာ) - ၅၄ ပိဿာ - 76000/76500
ပြောင်းဖူး (ရှမ်း) - ၅၄ ပိဿာ - 78000/ 78500
ပြောင်းဖူး (CP) - ၅၄ ပိဿာ - 77500/ 78000/
အထွက်တိုးပြောင်း (နီ) - ၅၃ ပိဿာ -
အထွက်တိုးပြောင်း (ဖြူ) - ၅၃ ပိဿာ -
ဆန်ပြောင်း - ၅၉.၂၅ ပိဿာ -
ခွံပြောင်း - ၅၃ ပိဿာ -
---------------------------------------------
#နံနံစေ့ - ၁တင်း=33000/34000/ 34500
မုန်ညှင်းစေ့ - ၁ ပိဿာ 4500/ 5500
စမုံနက် - ၁ ပိဿာ - 9500
စမုံစပါး - ၁ ပိဿာ - 5000
---------------------------------------------
#ကြက်ဆူ
ကြက်ဆူ (ဗမာ) - ၃၆ ပိဿာ - 135000
ကြက်ဆူ (ရှမ်း) - ၃၆ ပိဿာ -
---------------------------------------------
#နှမ်းအမျိုးမျိုး
နှမ်းနက် (စမုန်) - ၄၅ ပိဿာ-( AV မလွတ်) - 590000/ 600000/ 610000/ (AV• 3 -630000// (AV•2) 640000/ 650000// (1) 660000/ 655000
နှမ်းနက် (ဂွ) - ၄၅ ပိဿာ -
နှမ်းဖြူ (JP) - ၄၅ ပိဿာ - (လတ်စ)420000/
နှမ်းဖြူ (ဗမာ) - ၄၅ ပိဿာ - 365000/ 370000/ (1• ခြုင်္) 380000/
နှမ်းဖြူ ( ခြုံ) - ၄၅ ပိဿာ - 390000/ 395000
နှမ်းညို - ၄၅ ပိဿာ -(သစ်) - 305000/ 310000
နှမ်းဝါ (ယော)- ၄၅ ပိဿာ -
နှမ်းနီ- ၄၅ ပိဿာ -- 340000/ 345000
နှမ်းကြား - ၄၅ ပိဿာ -
ရှမ်းနှမ်း - ၄၅ ပိဿာ -
ဆောင်းနှမ်း - ၄၅ ပိဿာ -
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

ပန်းနှမ်း - ၄၅ ပိဿာ -

---------------------------------------------
#နေကြာ
ဆီနေကြာ - ၂၇ ပိဿာ
လှော်နေကြာ -
---------------------------------------------

#မြေပဲဆံအမျိုးမျိုး - ၁ ပိဿာဈေးနှုန်း
S1လုံးဆံ -(သစ်)8200/ 8300/ 8500 // ( မြင်းမူ ) 8500/ 8600/
S1ဆီဆံ - (နွားထိုး) 7900/ 8000/ 8100/
S1 ရွေးဆံ -(တစ်ပေါက်ကျ) 8000/ 8200/
Mတွဲလုံးဆံ -
Mတွဲဆီဆံ --
အနီလုံးဆံ - - 8000/ 8200/
အနီလုံးဆံ(ရွေး) - -
အနီဆီဆံ - (သစ်)-
အနီလုံးဆံ ( ရှမ်း )// အနီဆီဆံ (ရှမ်း) -
ပြန့်လုံးဆံ -
ပြန့်ဆီဆံ -
-----------------------------------------
#ဆီအမျိုးမျိုး - ၁ ပိဿာ ဈေးနှုန်း
ပဲဆီ - ၁ ပိဿာ - 14500/ 15000/ 16000
ပဲဖတ် - ၁ ပိဿာ- 5900/ 5950
နှမ်းဆီ - ၁ ပိဿာ- 14500/ 15000
နှမ်းဖတ် - ၁ ပိဿာ- 3900/ 4000
နေကြာဖက် - ၁ပိဿာ - 3050/ 3100
မုန့်ညှင်းဆီ - ၁ ပိဿာ -
မုန့်ညှင်းဖတ် - ၁ ပိဿာ - 3200/ 3300
ပန်းနှမ်းဆီ - ၁ ပိဿာ -
ပန်းနှမ်းဖက် - ပိဿာ - 2900/ 3000
မှတ်ချက်👉အချိန်နှင့်အမျှဈေးနှုန်းပြောင်းလဲမှုရှိပါသည်။

Guide4U

17 Nov, 09:10


Nvidia သည် AI လှိုင်းစီးပြီး Apple ကို ကျော်တက်ကာ ဈေးကွက်တန်ဖိုး ကမ္ဘာ့အကြီးဆုံးကုမ္ပဏီအဖြစ်သို့ နိုဝင်ဘာလ ၅ ရက်တွင် ရောက်ရှိခဲ့သည်။

Nvidia Corp. ၏ ရှယ်ယာဈေးနှုန်း ၂.၉% မြင့်တက်ပြီး US$139.93 ဖြစ်လာသည်။ ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၃.၄၃ ထရီလီယံသို့ ရောက်ရှိသွားသည်။
Apple သည် ကန်ဒေါ်လာ ၃.၃၈ ထရီလီယံ၊ Microsoft Corp. သည် ကန်ဒေါ်လာ ၃.၀၆ ထရီလီယံဖြင့် နောက်ဘက်မှာ နေရာယူရသည်။

Nvidia ရှယ်ယာဈေးနှုန်းသည် ၂၀၂၂ နှစ်ကုန်ပိုင်းမှစ၍ ဈေးတက်လာခဲ့ရာ ၈၅၀% ကျော် မြင့်တက်လာခဲ့သည်။

ဉာဏ်ရည်တု artificial intelligence AI အတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေကြသည့် နည်းပညာကုမ္ပဏီကြီးများ ဖြစ်သည့် Microsoft, Amazon.com Inc., Alphabet Inc., Meta Platforms Inc. တို့သည် Nvidia ၏ အဓိကဖောက်သည်များ ဖုစ်နေကြခြင်းကြောင့်လည်း အင်ဗီဒီယာ၏ အနေအထားကို ခိုင်မာနေစေသည်။

Source theedgesingapore
#ICTIndustryGuide

Guide4U

17 Nov, 07:45


မုံရွာကုန်စည်ဒိုင် သီးနှံပေါက်ဈေးနှုန်းများ
#FoodIndustryGuide

Guide4U

17 Nov, 07:42


အာဏာပိုင်များသည် ခရိုင်အတွင်းမှ ရွာသားများ၏ တရားမဝင် ရွှေတူးဖော်ရေး လုပ်ငန်းများကို နှိမ်နင်းရန် အရေးယူ ဆောင်ရွက်လျက် ရှိသည်။


ကမ္ဘောဒီးယားတွင် လက်ရှိမှာ ရွှေသန့်စင်သည့် ပုဂ္ဂလိကကုမ္ပဏီ ၁၀ ခုရှိသည်။

Renaissance Minerals သည် ၂၀၂၁ ဇွန်လတွင် ကမ္ဘောဒီးယား၏ ပထမဆုံးရွှေထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်လာခဲ့သည်။ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၁၂၀ ခန့် ရှိသည်။ Renaissance သည် လုပ်ငန်းစတင်ဆောင်ရွက်မှု ပထမ ရှစ်နှစ်အတွင်း တစ်နှစ်လျှင် ရွှေသတ္တုရိုင်း သုံးတန် သန့်စင်ရန် စီစဉ်ထားသည်။ ရွှေသတ္တုရိုင်း တလ ပျမ်းမျှ ၂၅၀ ကီလိုဂရမ် ထုတ်လုပ်ရန် ရည်မှန်းထားသည်။

Source khmertimeskh
#GoldIndustryGuide

Guide4U

17 Nov, 07:42


ကမ္ဘောဒီးယားနိုင်ငံ၏ ရွှေသတ္တုတူးဖော်ရေးကဏ္ဍသည် ယခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ အရှေ့မြောက်ပိုင်း မွန်ဒူကီရီပြည်နယ်ရှိ ပုဂ္ဂလိကကုမ္ပဏီများက လည်ပတ်နေသော ရွှေတွင်းများမှ ရွှေသတ္တုရိုင်း ရွှေချောင်း doré bar များ ၁၂၅၅၈ ကီလိုဂရမ်အထိ ထုတ်လုပ်ခဲ့ပြီး ဖြစ်ကြောင်း သတ္တုတွင်းများနှင့် စွမ်းအင်ဝန်ကြီးဌာန Ministry of Mines and Energy (MME) မှ ညွှန်ကြားရေးမှူးချုပ် Ung Dipola က ပြောသည်။
ရွှေသတ္တုရိုင်း ရွှေချောင်းများ doré bar သည် ပုံမှန်အားဖြင့် ရွှေအစစ် ၅၀-၇၅% အထိ ပါသည်။ MME ၏ ကြေညာချက်တွင် ရွှေအစစ် ၉၀% ပါသည့် ရွှေသတ္တုရိုင်း ရွှေချောင်းများ doré bar ဟု ဆိုထားသည်။

ကမ္ဘောဒီးယား ပုဂွလိက ရွှေသတ္တုတူးဖော်ရေးကဏ္ဍကို Renaissance Minerals Company က ဦးဆောင်လျက်ရှိသည်။

“မွန်ဒူကီရီမှာရှိတဲ့ Renaissance Minerals ကုမ္ပဏီက စုစုပေါင်းအလေးချိန် ၁၂,၅၃၆ ကီလိုဂရမ်ရှိတဲ့ ရွှေချောင်း ၈၀၇ ချောင်းကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီပြည်နယ်မှာပဲ တည်ရှိတဲ့ Rong Cheng ကုမ္ပဏီက စုစုပေါင်းအလေးချိန် ၂၂ ကီလိုဂရမ်ရှိတဲ့ ရွှေချောင်း ၁၂ ချောင်းကို ထုတ်လုပ်ခဲ့ပါတယ်"ဟု Dipola က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

Guide4U

17 Nov, 03:28


ဖူကူရှီးမား သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် ဂျပန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး နျူကလီးယားဓာတ်အားပေးစက်ရုံ ၅၄ ရုံကို ဘေးကင်းလုံခြုံရေး စစ်ဆေးမှုများနှင့် အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်အတွက် ရပ်နားထားခဲ့သည်။

အိုနာဂါဝါ အမှတ်(၂)သည် ပြန်လည်စတင် အသုံးပြုနိုင်သော ဓာတ်ပေါင်းဖို ၃၃ ခုအနက် ၁၃ ခုမြောက်ပြန်လည်စတင် အသုံးပြုခဲ့သည့် ဓာတ်ပေါင်းဖို ဖြစ်သည်။

ရေနံနှင့် LNG သွင်းကုန်ကုန်ကျစရိတ် မြင့်တက်လာမှုကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းရာတွင် နျူကလီးယား ဓာတ်အားပေး လုပ်ငန်းကို ပြန်လည်အသက်သွင်းရန် လိုအပ်ကါသည်။

Source Reuters
#EnergyIndustryGuide

Guide4U

13 Nov, 07:48


မုံရွာကုန်စည်ဒိုင် သီးနှံပေါက်ဈေးနှုန်းများ
#FoodIndustryGuide

Guide4U

13 Nov, 07:38


Samsung Myanmar မှ မြန်မာပြည် ချစ်ခြင်းမေတ္တာ လူငယ်ဖွံ့ဖြိုးရေး‌ ပရဟိတဂေဟာ (Myanmar Agape Orphanage) အတွက် ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများအား လှုူဒါန်း
https://shorturl.at/DMjWy
👆👆👆 အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ
#ICTIndustryGuide

Guide4U

13 Nov, 06:12


အမေရိကန်မှ ပိတ်ဆို့အရေးယူခံထားရသည့် ရုရှား Arctic LNG 2 စီမံကိန်းကြီးအတွက် 650 MW ဓာတ်အားပေးစက်ရုံကြီးကို တရုတ်ပြည်တွင် အပိုင်းကြီး ၃ ပိုင်းဖြင့် တည်ဆောက်ပြီး ရုရှားသို့ အရွယ်အစားကြီးမားပြီး လေးလံသည့်ဝန် ပို့ဆောင်သည့် တရုတ်သင်္ဘော ၃ စီး Ocean 28, Nan Feng Zhi Xing, Hunter Star တို့ဖြင့် ‌ပို့ဆောင်ခဲ့သည်။ Ocean 28 နှင့် Nan Feng Zhi Xing တို့သည် ရှေ့ဆင့်နောက်ဆင့် ထွက်ခွာခဲ့ပြီး Hunter Star သည် တပတ်ခန့် နောက်ကျပြီး ခရီးစတင်နိုင်ခဲ့သည်။


Ocean 28 နှင့် Nan Feng Zhi Xing တို့သည် Arctic LNG 2 စီမံကိန်းသို့ ရောက်ရှိကြကြောင်း Guide4U တွင် ဖော်ပြခဲ့ပါသည်။

https://t.me/Guid4U/25582


ယခုအခါ နောက်ဆုံးသင်္ဘော Hunter Star သည်လည်း Arctic LNG 2 စီမံကိန်းသို့ ဆိုက်ရောက်ခဲ့ပြီဖြစ်သည်။

ဓာတ်အားစက်ရုံကို တရုတ်နိုင်ငံမှ  Wison New Energies က တည်ဆောက်ပေးသည်။


Source gcaptain
#LogisticsIndustryGuide

Guide4U

13 Nov, 05:32


ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) ၏ ဆွေးနွေးညှိနှိုင်းချက်များအရ ပြည်ပနှင့် အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့သည့် ပဲမျိုးစုံ / ပြောင်း / နှမ်း တို့၏ FOB (USD) ဈေးနှုန်းများ
#FoodIndustryGuide

Guide4U

13 Nov, 04:44


သင်္ဘောပျက်ကို အမည်သစ် Floor ပြောင်းလဲပြီးနောက် ရောတာဒမ်တွင် အပေါ်ခြမ်း ဖြတ်ထုတ်ဖယ်ရှားသည်မှာ ၁၀ လကြာသည်။
တရုတ်ပြည်သို့ ပို့ဆောင်ရန်အတွက် ပို့ကုန်လိုင်စင် လျှောက်ထားရာတွင် စွန့်ပစ်အမှိုက်ဟု Waste ဟု သတ်မှတ်ခံရပြီး European Waste Shipment Regulation (EVOA) စည်းမျဉ်းအရ စွန့်ပစ်ပစ္စည်းများ ဥရောပမှ တင်ပို့ခြင်းကို တားမြစ်ထားသည်။
တရားရုံးတွင် ဥပဒေကြောင်းအရ တရားရင်ဆိုင်ခဲ့ရာ တရားနိုင်ခဲ့ပြီးနောက် ပို့ကုန်လိုင်စင် ရရှိခဲ့သည်။
ပင်လယ်ရေကြောင်း အက်ဥပဒေအရ Floor အခြေအနေသည် တွန်း/ဆွဲရေယာဉ်များဖြင့် နယ်သာလန်မှ တရုတ်ပြည်သို့ ဆွဲခေါ်ရန် ခွင့်မပြုချေ။
သို့ဖြစ်ရာ သင်္ဘောတင် သင်္ဘောဖြင့် ပို့ဆောင်ရန် စီစဉ်ရသည်။

Boskalis ဖြင့် တင်ပို့ရန် စီစဉ်သည်။ ရောတာဒမ်တွင် Boskalis ၏ Boka Vanguard ပေါ်သို့ Floor ကို အောက်တိုဘာ လဆန်းတွင် သင်္ဘောတင်ခဲ့ကြသည်။
Boka Vanguard ကို ရေအနက် ၂၄ မီတာ (၇၉ ပေနီးပါး)အထိ မြုပ်နေအောင် မြှုပ်ပေးရသည်။ တွန်း/ဆွဲရေယာဉ်များက Floor ကို Boka Vanguard ပေါ် နေရာမှန် ရအောင် လုပ်ဆောင်ပေးကြရသည်။
တရုတ်ပြည်သို့ ၅၅ ရက်ကြာ ခရီးကို အောက်တိုဘာ ၂၀ ရက်တွင် ထွက်ခွာသည်။
အာဖရိက အနောက်ဘက် ကမ်းရိုးတန်း တလျှောက်ခုတ်မောင်းမည်။
စင်ကာပူတွင် ခရီးတထောက်နားမည်။ ထို့နောက် တရုတ်သို့ ခရီးဆက်မည်။


https://youtu.be/2a85iDtL-Cw?si=fd0yLBmP6NDJpxzc

Guide4U

13 Nov, 04:43


ရေယာဉ်၏ အပေါ်ဘက် ကားများတင်သည့် ကုန်းပတ်များသာမီးလောင်မှုကြောင့် သိသိသာသာ ပျက်စီးခဲ့သော်လည်း ပင်မကုန်းပတ်အောက်ရှိ အဆောက်အအုံဆိုင်ရာ အစိတ်အပိုင်းအားလုံးသည် မထိခိုက်ခဲ့သဖြင့် အပေါ်ခြမ်းကိုသာ ပြန်လည်တည်ဆောက်ရမည်။ သို့ဖြစ်ရာ ကုန်ကျစရိတ် သက်သာသည့်အပြင် အချိန်ကုန်လည်း လနှင့်ချီ သက်သာသည်။
ရော့တာဒမ်မှ တရုတ်နိုင်ငံသို့ ခရီးစဉ် ခရီးနှင်နေပြီဖြစ်ပြီး ၅၅ ရက်ခန့်ကြာမြင့်မည်ဟု ခန့်မှန်းရသည်။

Guide4U

13 Nov, 04:42


ရက်အတန်ကြာ မီးငြိမ်းသတ်ခဲ့ပြီးနောက် မီးလုံးဝငြိမ်းသွားပြီးသည့်နောက် သင်္ဘောပျက်ကို နယ်သာလန်နိုင်ငံ ရောတာဒမ်ဆိပ်ကမ်းသို့ ခေါ်ဆောင်ပြီး ထားရှိခဲ့သည်။

အာမခံလုပ်ငန်းများက စစ်ဆေးပြီးနောက် လုံးဝဆုံးရှုံးခြင်း Constructive Total Loss (CTL) ဟု သတ်မှတ်သည်။

တရုတ်သင်္ဘောကျင်းကုမ္ပဏီ Qingshan Shipyard Group က ဈေးအပေါဆုံး ဈေးနှုန်းဖြင့် ဝယ်ယူသည်။ တရုတ်ပြည်သို့ ယူသွားပြီး Xiamen ရှိ ၎င်း၏သင်္ဘောကျင်းတွင် သင်္ဘောတစီးအဖြစ်သို့ ပြန်ရောက်အောင် တည်ဆောက်မည် ဖြစ်သဖြင့် ရောတာဒမ်တွင် သင်္ဘောကို အကြီးအကျယ် ပုံပြောင်းပစ်သည်။ မီးဘောင်ရာတွင် သင်္ဘော အပေါ်ပိုင်းကုန်းပတ်များ အကြီးအကျယ် ပျက်စီးထားသည်ကို ဖြတ်ထုတ်ပစ်သည်။ သင်္ဘော အောက်ပိုင်းကုန်းပတ်နှင့် စက်ခန်းတို့သာကျန်သည်။

သင်္ဘော၏ မှတ်ပုံတင်အလံ ပနားမားကို မပြောင်းလဲသော်လည်း အမည်ကို Floor ဟု ပြောင်းလဲလိုက်သည်။

တရုတ်ပြည်တွင် ပြန်လည်တည်ဆောက်ပြီး ၂၀၂၅ နှစ်လယ်ပိုင်းတွင် စတင် ပြေးဆွဲရန် ရည်မှန်းထားသည်။

Guide4U

26 Oct, 08:30


မုံရွာကုန်စည်ဒိုင် သီးနှံပေါက်ဈေးနှုန်းများ
#FoodIndustryGuide

Guide4U

26 Oct, 08:29


ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) ၏ လက်ငင်းအရောင်းအဝယ်ဈေးနှုန်းများ
#FoodIndustryGuide
● ကုန်စည်များ၏ လက်ကားတစ်ပိဿာဈေးနှုန်း ဖြစ်ပါသည်။
● ပြည်ပပို့ကုန် (Ready Cargo) များမှာ ၁ မက်ထရစ်တန်ဈေးနှုန်း ဖြစ်ပါသည်။

Guide4U

26 Oct, 07:51


ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ၉လတွင် ပီလောပီနံစိမ်း တန်ချိန် ၂ သန်းကျော် တင်ပို့ခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန စိုက်ပျိုးရေး အထွေထွေ ဦးစီးဌာနမှ အချက်အလက် ထုတ်ပြန်သည်။ ယမန်နှစ်ထက် ၁၆၀% ပိုများသည်။
ပီလောပီနံခြောက် တင်ပို့မှု စုစုပေါင်း တန်ချိန် ၈၆၀၀၀၀ ကျော်ရှိပြီး ယမန်နှစ်ထက် ၁၂.၅၄% လျော့နည်းသည်။

ကမ္ဘောဒီးယားတွင် ပီလောပီနံ စိုက်ပျိုးသည့် ဧရိယာသည် ခန့်မှန်းခြေ ဟက်တာ ၇၀၀,၀၀၀ ရှိသည်။

ကမ္ဘောဒီးယား၏ ပီလောပီနံဈေးကွက်သည် ပြည်တွင်းစားသုံးမှုကို အာရုံစိုက်ခြင်းထက် အဓိကအားဖြင့် ပို့ကုန်ကို ဦးတည်သည်။

ပြည်တွင်းစားသုံးမှုသည် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်သာ ရှိပြီး ကျန်သည်တို့ကို ပြည်ပသို့ တင်ပို့သည်။ အဓိကအားဖြင့် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ထံ တင်ပို့သည်။

“ကျွန်တော်တို့က တစ်နှစ်ကို ပီလောပီနံ တန်ချိန် ၁၀ သန်းကျော် ထုတ်လုပ်နေပြီး ပြည်တွင်းမှာ တန်ချိန် ၂ သန်းကနေ ၃ သန်းလောက်သာ သုံးပါတယ်။ ပီလောပီနံခြောက်က ဈေးမြင့်ပြီး တည်ငြိမ်တယ်။ ပီလောပီနံစိမ်းက ဈေးသက်သာတယ်"ဟု ပီလောပီနံ တောင်သူများအသင်းဥက္ကဋ္ဌ El Chhinh က ပြောသည်။

Source khmertimeskh
#FoodIndustryGuide

Guide4U

26 Oct, 06:10


ဂျပန်သုတေသနကုမ္ပဏီ Nikkei Research မှ နှစ်စဉ် ထုတ်ပြန်သည့် Global Brand Survey ၏ ထိပ်တန်း အမှတ်တံဆိပ် (၁၀၀) စာရင်းအရ Samsung Electronics သည် အာရှတွင် အမှတ်တံဆိပ်တန်ဖိုး အမြင့်ဆုံးဖြစ်သည်။

စစ်တမ်းကို တရုတ်၊ ထိုင်ဝမ်၊ ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့တွင် ပြုလုပ်ခဲ့သည်။
Samsung Electronics သည် ဗီယက်နမ်တွင် နံပါတ် ၁ နှင့် အိန္ဒိယတွင် နံပါတ် ၂ နေရာရရှိသည်။

အာရှတွင် အမှတ်တံဆိပ်တန်ဖိုး ထိပ်တန်း (၅)ခုမှာ ကိုရီးယားမှ Samsung Electronics သည် ပထမ၊ ဂျာမနီမှ Adidas က ဒုတိယ၊ အမေရိကန်မှ Apple က တတိယ၊ ဂျပန်မှ Sony က စတုတ္ထနှင့် အမေရိကန်မှ Nike က ပဉ္စမ ဖြစ်သည်။

Source Nikkei Research
#AdvertisingIndustryGuide

Guide4U

26 Oct, 05:03


မဟာဘန်ကောက်တွင် လူနေအခန်းသစ်များ ရောင်းအားသည် ယခုနှစ်တွင် ၁၀% ကျဆင်းမည်၊ နောက်နှစ်တွင် ၁၁-၁၃% ကျဆင်းမည်ဟု Siam Commercial Bank မှ သုတေသနဌာန SCB EIC က ခန့်မှန်းထားသည်။
တန်ဖိုးအရကြည့်လျှင် ၂၀၂၄ တွင် ၉% လျော့ကျမည်။

နေထိုင်မှု စရိတ်စက မြင့်တက်လာခြင်း၊ ဝယ်ယူနိုင်စွမ်းအား အားနည်းခြင်း၊ အိမ်ထောင်စုကြွေးမြီ မြင့်မားခြင်း၊ ချေးငွေအတိုးနှုန်း မြင့်ခြင်းနှင့် ချေးငွေရရန် ခဲယဉ်းနေခြင်းတို့ကြောင့် အိမ်ရာစျေးကွက်တွင် ဝယ်ယူနိုင်စွမ်း ယုတ်လျော့နေသဖြင့် ရောင်းအား ကျဆင်းသည်။
ထိုအချက်များသည် အိမ်ဝယ်ရန် အလားအလာရှိသောသူများအား အထူးသဖြင့် ဝင်ငွေနိမ့်မှ အလယ်အလတ် ရရှိသူများအား အိမ်ရာဝယ်ယူရန် အချိန်ရွှေ့ဆိုင်းထားစေသည်။

ထိုအခြေအနေများကို တုံ့ပြန်ရန်အတွက် အိမ်ခြံမြေ developer များသည် ၀ယ်လိုအား ပိုမိုအားကောင်းနေဆဲဖြစ်သည့် အလယ်အလတ်မှ အထက်တန်းစား အိမ်ရာစျေးကွက်အတွက် အိမ်ရာစီမံကိန်းများကို ပိုမိုအာရုံစိုက်ထားကြသည်။

အိမ်ရာချေးငွေ လျှောက်လွှာများကို တင်းတင်းကျပ်ကျပ် စိစစ်ပြီး ပယ်ချသည်က များနေသဖြင့် ပြည်တွင်းဘဏ်ကြီးများ၏ ယခုနှစ်ပထမကိုးလအတွင်း ဝယ်ယူမည့်အိမ်ကို အပေါင်ခံ ချေးငွေများ လျော့နည်းသွားသည်။

စုစုပေါင်းပိုင်ဆိုင်မှုဖြင့် စတုတ္ထအကြီးဆုံးဘဏ်ဖြစ်ပြီး အိမ်ရာချေးငွေလုပ်ငန်းတွင် ဦးဆောင်သူ SCB သည် အိမ်အပေါင်ခံ ချေးငွေ ၂၀၂၄ စက်တင်ဘာလအထိ ဘတ် ၇၇၉ ဘီလီယံရှိပြီး ၃၈.၅% လျော့နည်းသည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံးဘဏ် Bangkok Bank (BBL) သည် ဘတ် ၃၃၂ ဘီလီယံ ရှိပြီး ၁.၇% လျော့နည်းသည်။

Bank of Ayudhya (Krungsri) သည် ဘတ် ၂၄၈ ဘီလီယံ ရှိပြီး ၇.၆% လျော့နည်းသည်။

Krungthai Bank (KTB) သည် ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး ငွေချေးသူ Krungthai Bank (KTB) သည် တခုတည်းသော အိမ်အပေါင်ခံ ချေးငွေ ပိုများလာသည့် ဘဏ် ဖြစ်သည်။ ဘတ် ၄၉၈ ဘီလီယံ ထုတ်ချေးထားပြီး ၂.၉% တိုးသည်။

ဈေးကွက်အခြေအနေအရ ဘဏ်ကြီးများသည် အတိုးနှုန်းကို နိုဝင်ဘာ ၁ ရက်မှစ၍ လျှော့ချပေးမည့် အစီအစဉ် ရှိသည်။

Source Bangkokpost
#ConstructionIndustryGuide

Guide4U

26 Oct, 04:15


မတ်လတွင် အမေရိကန် ဘောလ်တီမိုးဆိပ်ကမ်းအနီးရှိ Francis Scott Key Bridge တံတားပြိုကျ‌စေခဲ့သော ကွန်တိန်နာသင်္ဘော ဒါလီ၏ ပိုင်ရှင် Grace Ocean Private Ltd နှင့် မန်နေဂျာ Synergy Marine Group တို့သည် အမေရိကန် တရားရေးဌာနမှ တရားစွဲဆိုမှုကို ကြေအေးရန်အတွက် ကန်ဒေါ်လာ ၁၀၂ သန်း ပေးဆောင်ရန် သဘောတူခဲ့သည်။

ရေအောက်ရှိ အပျက်အစီး အကြွင်းအကျန်များကို ရှင်းလင်းရန်နှင့် ဆိပ်ကမ်းပြန်ဖွင့်နိုင်ရန် အစိုးရက သုံးစွဲခဲ့သည့် ကုန်ကျစရိတ်အတွက် ကန်ဒေါ်လာ ၁၀၃ သန်း တောင်းဆိုထားသည်ကို ကန်ဒေါ်လာ ၁၀၂ သန်း ပေးလျော်ခြင်း ဖြစ်သည်။

ယခင်တင်ပြချက်
https://t.me/Guid4U/16999

တံတား ပြန်လည်တည်ဆောက်ရန် ကုန်ကျမည့် ကန်ဒေါ်လာ ၂ ဘီလီယံအတွက် ဘောလ်တီမိုးဆိပ်ကမ်း တည်ရှိသည့် မာရီလင်းပြည်နယ်မှ သီးခြား တရားစွဲဆိုထားသည်ကို ရင်ဆိုင်ဖြေရှင်းရဦးမည် ဖြစ်သည်။
ထိုပြင် တံတားပေါ်တွင် အလုပ်လုပ်နေသူ ၆ ဦး သေဆုံးခဲ့သည့်အတွက် ကျန်ရစ်သူမိသားစုတို့က တရားစွဲဆိုထားသည့်အမှု အပါအဝင် အခြားအမှုများကိုလည်း ရင်ဆိုင်ရဦးမည် ဖြစ်သည်။


#LogisticsIndustryGuide

Guide4U

26 Oct, 04:03


LSEV တို့သည် အရွယ်အစား ငယ်သည်။ ဈေးချိုသာသည်။ အမြန်နှုန်းနှင့် ခရီးတာ အကန့်အသတ်ရှိသည်။ မြို့တွင်း ယာဉ်ကြောကျပ်သဖြင့် မြန်မြန်မောင်းမရသည့် လမ်းများပေါ်မှာ ခရီးတို သွားလာရန် ရည်ရွယ်သည်။ ဈေးသက်သာသဖြင့် ရေပန်းစားသည်။ သက်ကြီးပိုင်းတို့ ဝယ်စီးကြသည်။ များသောအားဖြင့် ဈေးကြီးသည့် ကားမော်ဒယ်ကို တုပပေးထားသည်။ Hummer H2, Buggati Chiron, or Volkswagen UP! စသည်တို့၏ ဆင်တူရိုးမှား LSEV များ ထုတ်လုပ်ထားသည်။
Yunlei သည် Xiaomi SU7 ကို တုပထားသည်။
P8 သည် Bugatti Chiron ကို တုပထားသည်။
Weikerui V7 သည် VW UP! ကို တုပထားသည်။
Bodo BD10 သည် Hummer H2 ကို တုပထားသည်။

ဈေးနှုန်းများမှာ ယွမ်၃ သောင်း (4,200 USD) မကျော်ချေ။


Source carnewschina
#AutomobileIndustryGuide

Guide4U

26 Oct, 04:02


Xiaomi SU7 သည် Porsche Taycan နှင့် ဆင်ဆင်တူနေသည်။
Shandong Yanlu New Energy Yunlei သည် Xiaomi SU7 နှင့် ဆင်ဆင်တူနေသည်။

တရုတ်ကားကုမ္ပဏီမှ ထုတ်လုပ်လိုက်သည့် မော်ဒယ်အသစ် Yunlei ကိုယ်ထည်ကို ဒီဇိုင်းထုတ်ထားရာ၌ ဦးပိုင်း ပုံပန်းသဏ္ဍာန်၊ ရှေ့မီးကြီးမီးခွက်၊ စက်ဖုံးတို့သည် Xiaomi SU7 နှင့် ထပ်တူထပ်မျှ တူနေသည်။ ကိုယ်ထည်‌အရောင်ကို ရှောင်မီ၏ ပင်ကိုအရောင် Blue Bay အရောင် သုံးထားသည်။
ကွာခြားသည်မှာ SU7 သည် ဆီဒင်ဖြစ်ပြီး Yunlei သည် SUV ဖြစ်သည်။
ရှောင်မီသည် SUV ကို နောက်နှစ်မှ စတင်ထုတ်လုပ်မည်။ Yunlei SUV က အရင်ထွက်ထားနှင့်သည်။

Yunlei SUV သည် မြန်နှုန်းနိမ့် လျှပ်စစ်ကား low-speed electric vehicle (LSEV) အမျိုးအစားဖြစ်သည်။

Shandong Yanlu New Energy သည် ပေကျင်း တောင်ဘက် ၄ နာရီခရီး ဝေးကွာသော‌ ရှန်တုန်းပြည်နယ် ဂေါင်တန်ခရိုင်တွင် အခြေစိုက်ထားသည်။ လျှပ်စစ်သုံးဘီးယာဉ်များ အဓိကထား ထုတ်လုပ်သည်။

တရုတ်ဆိုရှယ်မီဒီယာတွင် Yunlai ကို Redmi SU7 ဟု ခေါ်ကြသည်။
Xiaomi ၏ ဈေးသက်သာသော စမတ်ဖုန်းအမှတ်တံဆိပ် Redmi ကို ဆိုလိုသည်။

Guide4U

26 Oct, 03:51


စင်ကာပူ၏ လက်ရှိ တာမင်နယ်သည် စင်ကာပူမှ ဂျူရောင်းကျွန်းပေါ်တွင် တည်ရှိပြီး ပျမ်းမျှ 9 mtpa လုပ်ဆောင်ပေးနိုင်ပြီး အမြင့်ဆုံး လုပ်ဆောင်ပေးနိုင်သည့် ပမာဏမှာ 11 mtpa ဝန်းကျင် ရှိသည်။

ဒုတိယမြောက် တာမင်နယ်ကို ဂျူရောင်းဆိပ်ကမ်းတွင် ဆိုက်ကပ်ထားမည်။

Source Reuters
#EnergyIndustryGuide

Guide4U

26 Oct, 03:50


စင်ကာပူမှ Singapore LNG Corporation SLNG သည် သဘာဝဓာတ်ငွေ့ရည် liquefied natural gas LNG တင်သွင်းရန် အတွက် ဒုတိယ‌မြောက် တာမင်နယ်ကို ရေပေါ် သိုလှောင်ကန်နှင့် ဓာတ်ငွေ့ရည်ကို ဓာတ်ငွေ့သို့ ပြန်ပြောင်းလဲပေးသည့် ယူနစ်ပါသည့် Floating Storage and Regasification Unit FSRU တခုကို အသုံးပြုရန် ဂျပန်မှ Mitsui O.S.K. Lines MOL ၏ အသစ်တည်ဆောက်ပေးသည့် FSRU တစ်ခု ချာတာ စင်းလုံးငှားရန် သဘောတူထားသည်။

လက်ရှိတွင် SLNG သည် LNG တင်သွင်းရန် အတွက် တာမင်နယ် တခုသာ ရှိသည်။ တာမင်နယ်အသစ် FSRU သည် ၂၀၂၇ ခုနှစ်တွင် စတင်အသုံးပြုမည်။

FSRU ကို တောင်ကိုရီးယား သင်္ဘောကျင်း Hanwha Ocean က တည်ဆောက်မည်။
သိုလှောင်မှုပမာဏ ကုဗမီတာ ၂ သိန်းရှိပြီး ဓာတ်ငွေ့ရည်မှ ဓာတ်ငွေ့သို့ တနှစ် တန်ချိန် ၅ သန်း million tons per annum - mtpa ပြောင်းလဲပေးနိုင်သည်။

FSRU ကို ငှားရမ်းရာ၌ စင်ကာပူတွင် FSRU ကို ထားရှိပြီးနောက် MOL က ပိုင်ဆိုင်၊ စီမံ၊ လုပ်ငန်းလည်ပတ်မည်။

Guide4U

26 Oct, 03:01


တရုတ်နိုင်ငံ၏ ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းဈေးကွက်တွင် ပြိုင်ဆိုင်မှုပြင်းထန်နေစဉ် ၂၀၂၄ ခုနှစ် တတိယသုံးလပတ်တွင် Apple iPhone ရောင်းအား ၀.၃%% ကျဆင်းသွားခဲ့ပြီး ဟွာဝေးသည် ၄၂% မြင့်တက်လာခဲ့သည်။

သုတေသနလုပ်ငန်း IDC မှ သောကြာနေ့ (အောက်တိုဘာ ၂၅)တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ Apple က စျေးကွက်ဝေစု ၁၅.၆% ဖြင့် ဒုတိယနေရာ၊ Huawei က ၁၅.၃% ဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။

ဘက်ဂျက်ဖုန်းများကို အဓိကရောင်းချသည့် Vivo သည် စျေးကွက်ဝေစု ၁၈.၆% ဖြင့် ထိပ်ဆုံး ပထမနေရာကို ရရှိခဲ့သည်။

တရုတ်ဈေးကွက် စမတ်ဖုန်းရောင်းအားသည် ယခင်နှစ်ထက် ၃.၂% မြင့်တက်ခဲ့ပြီး အလုံးရေ ၆၈ ဒသမ ၇၈ သန်း ရောင်းချခဲ့သည်။

အက်ပဲလ်၏ iPhone 16 စီးရီး ပထမ၃ပတ် ရောင်းအားသည် ယခင် iPhone 15 ထက် ၂၀% ပိုများခဲ့သည်ဟု သုတေသနလုပ်ငန်း Counterpoint က ပြောကြားသည်။
အက်ပဲလ်သည် တရုတ်ဈေးကွက် ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် ၅ ခု စာရင်း အပြင်ဘက် ဆဋ္ဌမနေရာ ရောက်နေခဲ့ရာမှ iPhone 16 ရောင်းအားကြောင့် စာရင်းထဲ ပြန်ပါလာပြီး ဒုတိယနေရာ ရရှိခဲ့သည်။

ယခင်တင်ပြချက်
https://t.me/Guid4U/21828


Source IDC, Counterpoint
#ICTIndustryGuide

Guide4U

19 Oct, 11:03


သောကြာနေ့(အောက်တိုဘာ ၁၈)တွင် ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် အာရှငွေကြေးများသည် မြင့်တက်နေချိန်တွင် အိန္ဒိယရူပီးသည် အနိမ့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။
ဗဟိုဘဏ် Reserve Bank of India ကိုယ်စား နိုင်ငံပိုင်ဘဏ်များက ဈေးကွက်ထဲသို့ ဒေါ်လာရောင်းချပေးပြီး ထိန်းပေးခဲ့သည်။

ရူပီးသည် အမေရိကန် ဒေါ်လာနှင့် ငွေလဲနှုန်းတွင် 84.0775 အထိ ကျဆင်းသွားပြီးနောက် အနည်းငယ် ပြန်တက်လာကာ 84.0650 ဖြင့် ဈေးပိတ်ခဲ့သည်။

Source Reuters
#BankingIndustryGuide

Guide4U

19 Oct, 10:00


Li Auto သည် လက်ရှိတွင် L-series EREV များဖြစ်သည့် Li L6၊ Li L7၊ Li L8 နှင့် Li L9 အပါအဝင် L-series EREV များကို အဓိကရောင်းချနေပြီး ၎င်းတို့အားလုံးသည် SUV (sport utility vehicle) များဖြစ်သည်။

Li Auto အီးဗီထုတ်လုပ်စီးရေသည် ၂၀၂၀ ဇွန်လတွင် အစီးရေ ၁ သောင်းသို့ ရောက်ရှိသည်။ ၂၀၂၁ နိုဝင်ဘာလတွင် အစီးရေ ၁ သိန်းသို့ ရောက်ရှိသည်။
၂၀၂၄ မတ်လတွင် အစီးရေ ၇ သိန်းသို့ ရောက်ရှိသည်။ ဇွန်လတွင် ၈ သိန်း၊ ဩဂုတ်လတွင် ၉ သိန်းသို့ ရောက်ရှိသည်။ အောက်တိုဘာလတွင် အစီးရေ ၁ သန်းသို့ ရောက်ရှိပါသည်။


Source cnevpost
#AutomobileIndustryGuide

Guide4U

19 Oct, 09:59


အောက်တိုဘာ ၁၅ ရက်တွင် Li Auto သည် ထုတ်လုပ်စီးရေ ၁ သန်းမြောက်ကားဖြစ်သော Li Auto L9 EREV SUV ကို ထုတ်လုပ်မှု ပြီးမြောက်ကြောင်း ကြေညာခဲ့သည်။

ယခင်တင်ပြချက်
https://t.me/Guid4U/24604

၃ ရက်အကြာ အောက်တိုဘာ ၁၈ တွင် Li Auto သည် ဝယ်ယူသူထံ ၎င်းကားကို ပေးအပ်ခဲ့ကြောင်း ကြေညာခဲ့သည်။

ပထမဆုံး ထုတ်လုပ်သည့်ကားမှ ၁ သန်းမြောက်ကား ထုတ်လုပ်သည်အထိ ၅၈ လ (၄နှစ် ၁၀ လ) ကြာခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လတွင် တည်ထောင်ခဲ့သော Li Auto သည် ခရီးတာတိုးမြှင့် အီးဗီ extended-range electric vehicle (EREV) အဓိကထား ထုတ်လုပ်သည်။

Li Auto ၏ ပထမဆုံး မော်ဒယ် Li One EREV ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ထုတ်လုပ်မှု ပြီးစီးခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဝယ်ယူသူထံ ကားအပ်နှံသည်။
ဝယ်ယူသူများထံ အစီးရေ ၂၁၀,၀၀၀ ပေးအပ်ပြီးသောအခါ Li One ထုတ်လုပ်မှု အပြီးအပိုင် ရပ်လိုက်သည်။

Guide4U

19 Oct, 09:47


Free တက်လို့ရမယ့်အပြင် Certificate ပါရမယ့် IT Course များ
======================
IT ပိုင်းကို စိတ်ဝင်စားပြီး အခြေခံကနေ စတင်လေ့လာချင်သူတွေအတွက် IT နဲ့ ပတ်သက်တဲ့ Course တွေကို Free လေ့လာလို့ရမယ့် Learning Platform တစ်ခုဖြစ်တဲ့ Sololearn ကို မျှဝေပေးချင်ပါတယ်။ စာတွေ့နည်းနည်းနဲ့ လေ့ကျင့်ခန်းများများ လုပ်ရတာကို သဘောကျတယ်ဆိုရင် Sololearn ကို အကြိုက်တွေ့မှာပါ။

အပြည့်အစုံဖတ်ရန်
>>https://www.edge.com.mm/article/free-certificate-it-course.html

Guide4U

19 Oct, 09:46


မုံရွာကုန်စည်ဒိုင် သီးနှံပေါက်ဈေးနှုန်းများ
#FoodIndustryGuide

Guide4U

19 Oct, 09:45


---------------------------------------------
#ဘိုကိတ်
ဘိုကိတ်ကြား (က) - ၅၂ ပိဿာ -
ဘိုကိတ်ကြား (သ) - ၅၂ ပိဿာ -
ဘိုကိတ် (ထိပ်စွပ်) - ၅၂ ပိဿာ -
---------------------------------------------
#ပဲချဉ်ပေါင် - ၆၀ ပိဿာ - 205000 / 210000
#ချဉ်ပေါင်စေ့/ ဘိလပ်စေ့ - ၄၅ ပိဿာ -
---------------------------------------------
#ပြောင်း
ပြောင်းဖူး (ဗမာ) - ၅၄ ပိဿာ -71000/ 72000
ပြောင်းဖူး (ရှမ်း) - ၅၄ ပိဿာ - 73000/
ပြောင်းဖူး (CP) - ၅၄ ပိဿာ - 72000/ 73000
အထွက်တိုးပြောင်း (နီ) - ၅၃ ပိဿာ -
အထွက်တိုးပြောင်း (ဖြူ) - ၅၃ ပိဿာ -
ဆန်ပြောင်း - ၅၉.၂၅ ပိဿာ -
ခွံပြောင်း - ၅၃ ပိဿာ -
---------------------------------------------
#နံနံစေ့ - ၁တင်း=34500/
မုန်ညှင်းစေ့ - ၁ ပိဿာ
စမုံနက် - ၁ ပိဿာ -
စမုံစပါး - ၁ ပိဿာ -4500/ 5000
---------------------------------------------
#ကြက်ဆူ
ကြက်ဆူ (ဗမာ) - ၃၆ ပိဿာ -
ကြက်ဆူ (ရှမ်း) - ၃၆ ပိဿာ -
---------------------------------------------
#နှမ်းအမျိုးမျိုး
နှမ်းနက် (စမုန်) - ၄၅ ပိဿ-( AV 2 )625000/ (ထိပ်စ) 640000
နှမ်းနက် (ဂွ) - ၄၅ ပိဿာ -
နှမ်းဖြူ (JP) - ၄၅ ပိဿာ - 385000
နှမ်းဖြူ (ရိုးရိုး) - ၄၅ ပိဿာ -
နှမ်းဖြူ ( ခြုံ) - ၄၅ ပိဿာ -
နှမ်းညို - ၄၅ ပိဿာ -(သစ်) -
နှမ်းဝါ (ယော)- ၄၅ ပိဿာ -
နှမ်းနီ- ၄၅ ပိဿာ --
နှမ်းကြား - ၄၅ ပိဿာ -
ရှမ်းနှမ်း - ၄၅ ပိဿာ -
ဆောင်းနှမ်း - ၄၅ ပိဿာ -
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

ပန်းနှမ်း - ၄၅ ပိဿာ -

---------------------------------------------
#နေကြာ
ဆီနေကြာ - ၂၇ ပိဿာ
လှော်နေကြာ -
---------------------------------------------

#မြေပဲဆံအမျိုးမျိုး - ၁ ပိဿာဈေးနှုန်း
S1လုံးဆံ -(သစ်) 7500/ 7600/ 7800/
S1ဆီဆံ - 6700/ 6800/ 7000/ 7100/
S1 ရွေးဆံ - 7500/ 7600
Mတွဲလုံးဆံ -
Mတွဲဆီဆံ --
အနီလုံးဆံ - - 7200/ 7300/
အနီလုံးဆံ(ရွေး) - -
အနီဆီဆံ - (သစ်)- 6600/ 6800/
အနီလုံးဆံ ( ရှမ်း )// အနီဆီဆံ (ရှမ်း) -
ပြန့်လုံးဆံ -
ပြန့်ဆီဆံ -
-----------------------------------------
#ဆီအမျိုးမျိုး - ၁ ပိဿာ ဈေးနှုန်း
ပဲဆီ - ၁ ပိဿာ - 15000/
ပဲဖတ် - ၁ ပိဿာ- 5600/ 5650/ 5700/ 5750/
နှမ်းဆီ - ၁ ပိဿာ- 13500
နှမ်းဖတ် - ၁ ပိဿာ- 3900/ 4000
နေကြာဖက် - ၁ပိဿာ - 3000/ 3020
မုန့်ညှင်းဆီ - ၁ ပိဿာ -
မုန့်ညှင်းဖတ် - ၁ ပိဿာ - 2900/ 3000
ပန်းနှမ်းဆီ - ၁ ပိဿာ -
ပန်းနှမ်းဖက် - ပိဿာ - 2900/ 3000
မှတ်ချက်👉အချိန်နှင့်အမျှဈေးနှုန်းပြောင်းလဲမှုရှိပါသည်။

Guide4U

19 Oct, 09:45


မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း စျေးနှုန်းများ
#FoodIndustryGuide

19 • 10 • 2024 ( Saturday )
12:00 PM ကောက်ပဲသီးနှံဈေးနှုန်းများ
#ဂျုံစေ့အမျိုးမျိုး -
ဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) - ၆၀ ပိဿာ - 200000/ 210000
ဂျုံ (မုံရွာ/ဘုတလင်) - ၆၀ ပိဿာ - 200000/ 210000
ဂျုံ (စစ်ိကိုင်း/ဆားတောင်/ရွှေဘို) - ၆၀ ပိဿာ - 200000/ 210000
ဂျုံ (မြင်းမူ/မြောင်) - ၆၀ ပိဿာ - 200000 / 210000
ဂျုံ (ကလေး) - ၆၀ ပိဿာ
ဂျုံ (ရှမ်း) - ၆၀ ပိဿာ - 185000/ 195000/
ဂျုံ (အထွက်တိုး) - ၆၀ ပိဿာ - 180000/ 182000
ဂျုံ (ပန်ဆိုင်း/ကြူကုတ်) - ၆၀ ပိဿာ - 180000
ဂျုံ (AUS) - ၁ ပိဿာ - 3700 (ygn)
ဂျုံဖွဲ - ၁ ပိဿာ - 1200/
---------------------------------------------
#ကုလားပဲလုံး
V2 - ၅၇.၂၅ ပိဿာ - 312000/ 313000
V7 - ၅၇.၂၅ ပိဿာ -
V9 - ၅၇.၂၅ ပိဿာ -
TW - ၅၆.၂၅ ပိဿာ - 285000
929 - ၅၆.၂၅ ပိဿာ - 293000/
မြကြေး(တာပွန်) - ၅၆.၂၅ ပိဿာ -
ဗမာကုလားပဲ - ၅၆.၂၅ ပိဿာ -
#ကုလားပဲခြမ်း - (၁ပိဿာ) ဈေးနှုန်းများ
V2ခြမ်း - 7100/ 7150
V7ခြမ်း -
V9ခြမ်း -
TWခြမ်း - 6950/ 7000
929 ခြမ်း - 6850/ 6900
မြကြေး(တာပွန်)ခြမ်း -
ဗမာကုလားပဲခြမ်း -
---------------------------------------------
#ပဲစင်းငုံအမျိုးမျိုး -
ပဲစင်းငုံ (နီ) - ၆၀ ပိဿာ -
ပဲစင်းငုံ (ဖြူ) - ၆၀ ပိဿာ -
ပဲစင်းငုံ (ကြား) - ၆၀ ပိဿာ
ပဲစင်းငုံ ခြမ်း - ၁ ပိဿာ -
ပဲစင်းငုံလုံး ခွံချွတ် - ၁ ပိဿာ -
---------------------------------------------
#ပဲယင်းအမျိုးမျိုး
ပဲယင်းကြီး - ၆၀ ပိဿာ - 195000/
ပဲယင်း (လတ်+သေး/ လတ်) ၆၀ ပိဿာ - 195000/
ပဲယင်းသေး - ၆၀ ပိဿာ -
ပဲယင်းနီ - ၆၀ ပိဿာ -
---------------------------------------------
#ပဲတီစိမ်းအမျိုးမျိုး -
ပဲတီစိမ်းရွှေဝါ (ခရမ်း) - ၅၆.၂၅ ပိဿာ -
ပဲတီစိမ်းရွှေဝါ (လမ်း) - ၅၆.၂၅ ပိဿာ -
ပဲတီစိမ်း (ညာ) - ၅၆.၂၅ ပိဿာ -(သစ်) 200000/ 220000/ 235000/ 240000/ 245000
ပဲတီစိမ်းသေး (စိမ်းနောက်) - ၅၆.၂၅ ပိဿာ
ပဲတီစိမ်း (ခွဲပဲ) - ၅၆.၂၅ ပိဿာ - 140000 / 150000/ 170000/
ပဲတီစိမ်းခြမ်း - ၁ ပိဿာ -
---------------------------------------------
#ပဲလွန်း -
ပဲလွန်းဖြူ - ၆၀ ပိဿာ -
ပဲလွန်းပြာ - ၅၄.၂၅ ပိဿာ -
ပဲလွန်းဝါ -
---------------------------------------------
#ပဲကြီးအမျိုးမျိုး -
ပဲကြီး (က) - ၅၅.၂၅ ပိဿာ - 280000/ 290000 /(ကျောက်တွင်း)300000/ 320000
ပဲကြီး (လ) - ၅၅.၂၅ ပိဿာ - 250000/ 260000/ 270000
ပဲကြီး (သ) - ၅၅.၂၅ ပိဿာ - 220000/ 230000/ 235000
ပဲကြီး (ရှမ်း) - ၅၅.၂၅ ပိဿာ
တရုတ်ပဲကြီး (က) - ၅၀ ပိဿာ -
တရုတ်ပဲကြီး (သ) - ၅၀ ပိဿာ -
---------------------------------------------
#ပဲရာဇာ
ပဲရာဇာ (လုံး) - ၃တင်း=၆၁.၂၅ ပိဿာ -
ပဲရာဇာ (ခြမ်း) - ၁ ပိဿာ -
---------------------------------------------
#ပဲထောပတ်
ပဲထောပတ် (ဂေါက်) - ၅၆.၂၅ ပိဿာ -
ပဲထောပတ် (က) - ၅၆.၂၅ ပိဿာ -
ပဲထောပတ် (လ) - ၅၆.၂၅ ပိဿာ -
ပဲထောပတ် (သ) - ၅၆.၂၅- ပိဿာ -
---------------------------------------------

#ပဲကြား - ၅၆.၂၅ ပိဿာ -
#ပဲနီပြား - ၅၅.၂၅ ပိဿာ -(တံတားဦး)430000// (ကျွန်း) 510000/

#ပဲဇီးကွက်2
ပဲဇီးကွက် (ဗမာ) - ၅၈.၂၅ ပိဿာ - 295000/ 300000
ပဲဇီးကွက် (ရှမ်း) - ၅၈.၂၅ ပိဿာ -
#စွန်တာပြာ
စွန်တာပြာ (ကသဲ) - ၅၈.၂၅ ပိဿာ - 255000/ 260000/
စွန်တာပြာ (ရိုးရိုး) - ၅၈.၂၅ ပိဿာ - 220000/230000
---------------------------------------------
#ပဲပုတ်
ပဲပုတ် (ကာဘိုး) - ၅၃.၂၅ ပိဿာ
ပဲပုတ် (စက်ပဲ) - ၅၃.၂၅ ပိဿာ - 280000/ 300000/ 310000/ 320000
ပဲပုတ် (ဗမာ) - ၅၃.၂၅ ပိဿာ - 405000/ 410000
ပဲပုတ် (ရှမ်း) - ၅၃.၂၅ ပိဿာ - 330000/340000/ 360000/ 380000/ 390000/ 400000
---------------------------------------------
#နိုင်လွန်ပဲ/ပုဂံပဲ - ၅၉.၂၅ ပိဿာ -
#မြေထောက်ပဲ
မြေထောက်ပဲ - ၅၄ ပိဿာ - 290000/ 300000/ 320000/ 340000/
မြေထောက်ပဲ (ကြား) - ၅၄ ပိဿာ -/
မြေထောက်ပဲ (ဖြူ) - ၅၄ ပိဿာ -
#ခေတ်သစ်ပဲ -
------------------------------------------
#မတ်ပဲ
မတ်ပဲ - ၆၀ ပိဿာ - (ဟောင်း) - ( သစ်)
မတ်ပဲ (ရေသွင်း) - ၆၀ ပိဿာ -
မတ်ပဲခြမ်း (ခွံချွတ်ခြမ်း) - ၁ ပိဿာ -
မတ်ပဲခြမ်း (ခွံပါခြမ်း) - ၁ ပိဿာ -
မတ်ပဲ (လုံးချွတ်) - ၁ ပိဿာ -
---------------------------------------------
#စားတော်
စားတော် (ကနေဒါ) - ၅၉.၂၅ ပိဿာ - 570000/
စားတော် (ယူကရိန်း) - ၅၉.၂၅ ပိဿာ -
စားတော် (ကျွန်း) - ၅၉.၂၅ ပိဿာ - 370000/ 380000
စားတော်ခြမ်း - ၁ ပိဿာ -

Guide4U

19 Oct, 09:44


ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) ၏ လက်ငင်းအရောင်းအဝယ်ဈေးနှုန်းများ
#FoodIndustryGuide
● ကုန်စည်များ၏ လက်ကားတစ်ပိဿာဈေးနှုန်း ဖြစ်ပါသည်။
● ပြည်ပပို့ကုန် (Ready Cargo) များမှာ ၁ မက်ထရစ်တန်ဈေးနှုန်း ဖြစ်ပါသည်။

Guide4U

19 Oct, 06:02


အင်ဒိုနီးရှားမှ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား Whoosh ပြေးဆွဲသည်မှာကြာသပတေးနေ့ (အောက်တိုဘာ ၁၇) တွင် တနှစ်ပြည့်သွားပြီဖြစ်သည်။
Whoosh သည် လက်ရှိတွင် နေ့စဉ် ခရီးစဉ် ၄၈ ခု ပြေးဆွဲသည်။ လာမည့်နှစ်တွင် ၆၂ ခုအထိ တိုးမြှင့်သွားရန် စီစဉ်ထားသည်။
Whoosh သည် ပထမနှစ်တွင် ကီလိုမီတာ ၂.၅၇ သန်း ခုတ်မောင်းခဲ့ပြီး ခရီးသည် ၅ ဒသမ ၇၉ သန်းကို ပို့ဆောင်ပေးခဲ့သည်။

၁၄၂.၃ ကီလိုမီတာ အရှည်ရှိ မြန်နှုန်းမြင့်ရထားလမ်းသည် အရှေ့တောင် အာရှတွင် ပထမဆုံးသော မြန်နှုန်းမြင့်ရထားလမ်းဖြစ်ပြီး ဝန်ဆောင်မှုကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သည်။
အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၃၅၀ ကီလိုမီတာ ဖြစ်ပြီး ဂျကာတာနှင့် ဘန်ဒေါင်းကြား ခရီးသွားချိန်ကို ကြာချိန်သုံးနာရီမှ မိနစ် ၄၀ သို့ လျှော့ချပေးသည်။

Source Xinhua
#LogisticsIndustryGuide

Guide4U

19 Oct, 05:51


ဘန်ကောက်မြို့ရှိ Queen Sirikit National Convention Center (QSNCC) တွင် အောက်တိုဘာ ၁၈ ရက်မှ ၂၀ ရက်အထိ ၃ ရက်တာ ကျင်းပသည့် Thailand Game Show (TGS) 2024 တွင် Nintendo၊ Sega၊ မိုဘိုင်းလ်ဂိမ်းအသစ်များ၊ mascots၊ အမှတ်တရပစ္စည်းများ ခင်းကျင်းပြသထားသည့် ပြခန်း ၅၀ ရှိသည်။
ပြိုင်ပွဲအမျိုးမျိုးလည်း ကျင်းပသည့် ဂိမ်းကစားသူ ဗဟိုပြု ပြပွဲတွင် cosplay ပြိုင်ပွဲများလည်း ပါဝင်သည်။

ဒါဇင်ပေါင်းများစွာသော ပရိသတ်တွေ့ဆုံနှုတ်ဆက်ပွဲများကို ကျင်းပပြီး ပရိသတ်များအနေဖြင့် zbing z၊ Softpomz နှင့် Kit Ngai ကဲ့သို့သော ထင်ရှားသော ROV ကစားသမားများအပါအဝင် ပရိသတ်များကို ၎င်းတို့၏အနှစ်သက်ဆုံး streamer၊ အဆိုတော်များနှင့် influencers များနှင့် ထိတွေ့နိုင်စေသည်။

#ICTIndustryGuide