ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်☕ @gfadjdlvuheknd Channel on Telegram

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

@gfadjdlvuheknd


ပန်းပွင့် ၊ အချိန် ၊ နွေ ၊ တိမ်တိုက် ၊ ခက်ဆစ်

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်☕ (Burmese)

ကဗျာကော်ဖီတစ်ခွက်ဟာ gfadjdlvuheknd မှာ သင်တို့အား ပန်းပွင့်၊ အချိန်၊ နွေ၊ တိမ်တိုက်၊ ခက်ဆစ် နှင့် တွဲလတ်တတ် အတွေ့အကြုံ ရရှိပါသလား။ ကဗျာကော်ဖီတစ်ခွက်ဟာ နောက်ဆုံး လုံလောက်ရရှိဖို့အတွက် သင်တို့အား အလိုလျောက် နှစ်သက်ခံရဖို့အဆင့်ရှင်ရှိသည်။ ထို့ကြောင့်၊ လုပ်ဆောင်နိုင်ရန်အတွက် gfadjdlvuheknd တစ်ခွက်ဟာ သင်ကြေငြံမှု နှင့် လျှပ်စစ်နေသော လုပ်အားထားမှုများစီစဉ် ရရှိပါသည်။ ကဗျာကော်ဖီတစ်ခွက်သည် အစိတ်အပိုင် ဇော်တင်မှု နှင့် ချိန်ညှိခြင်း ဆိုင်းခြင်း လုပ်ငန်းမှာ အန္တရေတ အလုပ်ကို ပြောင်းမပေးသည်။ နောက်ဆုံး လွန်ခဲ့၍ ကဗျာကော်ဖီတစ်ခွက် သည် သင်တို့၏ အစိတ်အပိုင် ဇော်တင်မှု စွမ်းအင် ပဲပါဝင်သော တိုင်းရေ နေမြတ်ရများအား စွမ်းအင် ချုပ်လိုက်မှု အဖြေများကို ရယူပေး၍ သင်များအား အကူအညီပေးနိုင်သည့် နေ့စဉ်အပိုင်ခံခြင်း ပြုလုပ်နိုင်ပါသည်။

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

28 Aug, 16:53


တန်ဖိုးထားပေးပါ

တန်ဖိုးထားပေးပါ

တန်ဖိုးထားပေးပါ

သုံးခါတည်းတောင်းဆိုတာပါအချစ်ရယ်

# noname

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

17 Aug, 10:16


လူတစ်ယောက်က မလိုချင်တော့ဘူးလို့ ပြောမှ

ကိုယ့်ကို မလိုချင်တော့တာမဟုတ်ဘူး

လုပ်ရက်ကနေလဲ မလိုချင်တဲ့ပုံစံ ပြရင်

မလိုချင်တော့တာတူတူပါဘဲ

ကြည့်တက်ဖို့လိုသလို ဆုံးဖြတ်ချက်ချတက်ဖို့လဲလိုတာတစ်ခုဘဲ

#thuzarwin

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

07 Jun, 23:24


ဒီဥတုရဲ့ မနက်ခင်းကို

မိုးတွေနဲ့အစပြုတယ်


ကိုယ့်ရဲ့ မနက်ခင်းကို

မင်းနဲ့အစပြုတယ်

#thuzarwin

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

06 Jun, 03:19


ဒီနေ့ကားသမား
အသည်းကွဲလာပုံရတယ်
လမ်းတွေချော်တယ်
မှတ်တိုင်တွေမှားရပ်တယ်
ကြေကွဲသံကြီးနဲ့ "တောင်းပန်ပါတယ်"
ခနခနပြောနေရတယ်
ဘယ်သူ့မှလည်းအပြစ်မပြောကြဘူး
ကြည့်ရတာတစ်ကားလုံးအသည်းကွဲလာပုံရတယ်

#thuzarwin
#Credit_to_original_Writer

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

06 Jun, 03:16


သတိရရင် ငေးဖို့ ရူးခွင့်လေးတော့ပေး။
ရှိတော့ရှိတယ် မရေရာတဲ့ ခရီး။
ထိတော့ထိတယ် နာကျင်နေတဲ့နှလုံးသား။

#credit

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

05 Jun, 07:43


ပျော်ရွှင်ခြင်းနဲ့ မင်းစခဲ့ပြီး

ပျော်ရွှင်ခြင်းနဲ့ ပြန်ဆုံးတဲ့မင်းကို

အရမ်းအားကျသလို

ဘယ်လိုစိတ်နဲ့များ မေ့သွားနိုင်တဲ့

မင်းရဲ့စိတ်ကိုလဲ အံ့သြလို့မဆုံးဘူး

အချစ်★

#Thuzarwin

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

03 Jun, 14:10


အေးချမ်းလွန်းတဲ့ ဒီရာသီကို

မင်းမရှိဘဲ ရှင်သန်နိုင်အောင်ကြိုးစားနေဆဲမို့

မပြတ်သားနိုင်တဲ့အတွက် ခွင့်လွတ်မှုတောင်းခံပါရစေ

အချစ်ရယ်..

#Thuzarwin

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

16 Jan, 14:36


လူတစ်ယောက်ရဲ့ သည်းခံနိုင်စွမ်းကို သူတစ်ကယ်ချစ်တဲ့ သူကိုမှပြတယ်တဲ့

မောင်က ကျွန်မအပေါ် သည်းခံနိုင်မှုဆိုတာမရှိသလောက်ပါဘဲ

ဒါဆို ကျွန်မ အပေါ်မှာ မောင့်အချစ်တွေ မရှိဘူးဆိုတဲ့ သဘောတရားလား

ယုံစရာမကောင်းလိုက်တာမောင်ရယ်

#thuzarwin

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

27 Dec, 14:01


အေးစက်တဲ့ကော်ဖီထဲကို
အလွမ်း‌တွေရောထည့်လိုက်‌ညီ.....၊

ခါးသက်လှတဲ့ အချစ်ကို
နာမရတဲ့ အခါ
အဝေးက ရင်ခွင်တစ်စုံ
အကြောင်းကို‌‌တွေး

ရေခဲလောက်အောင်အေးတဲ့
မန်းလေးရဲ့ ဆောင်းညမှ အစ်ကို
အနွေးဓာတ်တော့ရ‌ချင်သေး ပါရဲ့ ညီ

-မင်းဇံဝေ

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

25 Dec, 14:24


#Rekk

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

25 Dec, 14:24


ခက်တော့ ခက်နေပြီ ငါ့ကောင်ရေ
နောက်ဘဝထိ ချစ်မယ်ပြောခဲ့တဲ့ သူကလည်း
အိမ်ထောင်တွေ ဘာတွေကျနေပြီး လိမ်တယ်...

ငါလည်း ဘယ်အားကျခံမလဲ
ဘယ်တော့မှ စောင့်မနေတော့ဘူးဆိုပြီး
ပြန်ညာခဲ့တာပေါ့ ။

-နေညိုရောင်ခြည်

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

22 Dec, 14:17


ချစ်ခြင်းတရား
ဆိုတယ့်ခေါင်းစဉ်အောက်မှာ
မမ ချမှတ်ထားတဲ့ ဉပဒေနဲ့
လိုက်ရောညီထွေ ဖြစ်အောင်နေမယ်...၊

မောင့်ဘဝရဲ့ ပဲ့ကိုင်ရှင်က မမ....၊

‌မောင် ငရဲထက်ပိုပြီး
ပူလောင်နေရရင်
အဲ့တာမမကြောင့်ပဲဖြစ်မယ်

မောင် နိဗ္ဗာန်ထက်ပိုပြီး
ပြီးပြည့်စုံ ပျော်ရွင်နေရရင်လဲ
အဲ့တာ မမကြောင့်ပဲဖြစ်မယ်

မောင့်ဘဝ အရာလုံးက
မမ နဲ့ပဲသက်ဆိုင်နေမယ်...၊

ဟင့်အင်း မဟုတ်ဘူ မဟုတ်ဘူး

မမက မောင့်ဘဝရဲ့ အရာရာဖြစ်နေမယ်.....၊

-မင်းဇံဝေ

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

17 Dec, 11:53


ကိုယ့်ကို ဘာနဲ့မှ ဆွဲမထားတဲ့
လူတစ်ယောက်ကို ချစ်ဖို့ ဆိုတာ
အရမ်း အန္တရာယ်ကြီးပါတယ် ။

အချိန်မရွေး ပြတ်တောက်သွားနိုင်တယ် ။
အချိန်မရွေး ဘာမဆို ဖြစ်သွားနိုင်တယ် ။

- မြကျေး

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

15 Dec, 12:29


ချစ်ရတာခက်လား
ဟင့်အင်း  ချစ်ရတာမခက်ပါဘူး
ဒါဆိုဘာက ခက်တာလဲ ချစ်မြဲချစ်နေဖို့ကခက်တာ ။
    
-တာရာမင်းဝေ
-နော်ယာ

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

14 Dec, 14:16


မနက်က ငါးပါးသီလ တည်ခဲ့တဲ့ကောင်
အခု မချစ်တော့ပါဘူးလို့လိမ်ခဲ့မိလို့
မုသာဝါရကံ ထိုက်ပြီထင်တယ် အမေရေ
တမလွန်ဘဝ ‌မရောက်ပဲ ရှင်လျှက်နဲ့
ငရဲကျနေပြီဗျ့၊

ပူလောင်နေလိုက်ပုံများဗျာ
တီကောင်ကိုစားနဲ့ပတ်ထားသလို
အိပ်ယာထဲမှာ တွ့န်လိမ်ခွေခေါက်လို့ဗျ့

-မင်းဇံဝေ

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

13 Dec, 01:32


ပန်းတွေကို သတ်တဲ့ သတင်းကြားတဲ့ အခါ...
ကဗျာဆရာတွေ Gun တွေ ကိုင်လာကြလိမ့်မယ်။အဲ့အချိန် ဘယ်ကဗျာဆရာမှ ကဗျာဆန်နေမှာ မဟုတ်ဘူး........။

-ရွေစွန်ညို
#vdcrd

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

12 Dec, 15:42


တစ်ယောက်ယောက်ကို ရှာဖို့
ကမ္ဘာဟာ လုံလုံလောက်လောက်
ကျဥ်းပါတယ်
ငါတို့ပဲ တစ်ယောက်နဲ့တစ်ယောက်
မခေါ်နိုင်မပြောနိုင်တဲ့အထိ
ချစ်ခဲ့ကြတာ...။ ။

ခွန်ဇော်လွင်

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

11 Dec, 05:36


ချစ်ခြင်းမေတ္တာကို
ဈေးနှုန်းဖြတ်တိတ်ကပ်
တန်ဖိုးဖြတ်နိုင်မှ ပိုင်ဆိုင်ရတော့

သစ္စာတရားဟာ တစ်ဖြည်းဖြည်းခေါင်းပါး လာကြပြန်တယ်။

စာချုပ်မရှိ လက်မှတ်မထိုးတဲ့
ကတိစကားတွေ ကိုရှောင်ကြဉ်ပါ။

ဘဝတစ်ခုလုံး
စုတ်ပြတ်သွားနိုင်ပါတယ်မိတ်‌ဆွေ။
ကျတော့်ထံတွင်
ဗလာသာရှိနေတော့မည်

-မင်းဇံဝေ

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

10 Dec, 12:15


ကိုယ်ကပေးပြီးသူကမရ
သူကပေးပြီးကိုယ်ကမရ
ထပ်တူမကျတဲ့မေတ္တာတွေနဲ့သာ
ကမ္ဘာကိုကျွန်တော်ထမ်းပိုးထားခဲ့ပါတယ်။
သက်တမ်းရှိသလောက်ဆပ်ကြကြေးဆို
ဝဋ်ဒုက္ခတွေဟာ
ကုန်နိုင်ပါ့မလားအချစ်ရယ်။

-ချောသွင်

ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်

10 Dec, 01:10


လေ၌ သူရဲ၊မြေ၌ စစ်ထန်
ဇာတိမာန် အတွက်
တော်လှန်ပေးဆပ်
ဇိမာန်ကြွေခဲ့ရတဲ့ ည၊
ကျွန်စိတ်ကိုဖျောက်
ကြောက်သွေးဖောက်တဲ့ ည၊
သူ့ဇိမာန်ကြွေ
သူ့သွေးမြေခ
အဏာမပြခဲ့ရတဲ့ ည၊
ငါတို့မေ့မရတဲ့ည။
တော်လှန်ကဗျာ ကိုပြေပြစ်စွာ ဟစ်နေလဲ
ငါ့ရင်ထဲတွင် ကမ္ဘာကြေရစ်မနေတဲ့ည
‌ကြယ်တွေကြွေတဲ့ တာမွေ ရဲ့ ညတစ်ည။

-မင်းဇံဝေ

2,656

subscribers

95

photos

3

videos