𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀 @grievancemood Channel on Telegram

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

@grievancemood


စာရှည်/လင်္ကာ/ကဗျာနှင့်စာတို ကြိုက်နှစ်သက်သူများအတွက် စာရေးဆရာ‌နှင့်ကဗျာဆရာများ၏ရေးသားထားသောက‌ဗျာ/စာများကိုပြန်လည်တင်ဆက်ပေးထားခြင်းဖြစ်သည်။

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀 (Burmese)

ယခုစာကိုသင်နှင့်အတွက်ဝင်လာရန်သို့မဟုတ်အဖွဲ့ဝင်မည်သို့မဟုတ်အဖွဲ့ဝင်လိုက်နိုင်ရန်သက်သေ့သည်။ ဤစာမျက်နှာကို grievancemood ဟာဖြစ်စေနိုင်ရန်အတွက်သက်သူများအသေးစိတ်အတွက်စာထိန်းသိမ်းဖော်ပြသည်။ အနည်းဆုံးအကြီးအကဲဖြစ်သည်။ ဤစာမျက်နှာမှျမှန်မြာကိုကဗျာ၊ ကဗျာ၊ နှင့် စာတို ကြိုက်နှစ်သက်သူများအတွက် စာရေးဆရာ နှင့် ကဗျာဆရာများ၏ ရေးသားထားသောကဗျာ၊ စာများကိုပြန်လည်တင်ဆက်ပေးထားခြင်းဖြစ်သည်။ ဥပမာ။ ဤစာမျက်နှာလက်ရှိနှင့်အညွှန်း ရယူချက်များကိုမျှဝေနိုင်မှပြန်လည်ရယူပါ။

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

23 Nov, 16:41


11:11

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

23 Nov, 15:33


မင်းထင်သလို လွယ်ကူနေခဲ့ရင်

အပင်ပန်းခံပြီး ဘယ်သတိရနေပါ့မလဲ

ကိုယ်မေ့ပစ်မှာပေါ့

-ဖီနို

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

23 Nov, 14:03


နေရာတစ်ကာ စိတ်ပူပေးနေရတဲ့

ကျနော့်မှာလဲ ဘယ်သူမှမသိနိုင်တဲ့

စိတ်ဒဏ်ရာတစ်ချို့ရှိခဲ့ပါတယ်။

-ရိုးတံ

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

23 Nov, 11:20


မတရားလိုက်ပုံများ ခင်ဗျားရယ်

အထိအရှများစွာနဲ့ လွှတ်ချခဲ့တဲ့လူဟာ

ကျွန်တော်ဖြစ်ပါရက်နဲ့

ရင်ကွဲမတတ်ပြန်လွမ်းနေသူဟာလည်း

ကျွန်တော်ဘဲဖြစ်နေတယ် ။






- မေဘယ်လ်ညို -

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

22 Nov, 16:41


11:11

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

22 Nov, 16:20


လမ်းလွဲသွားခဲ့တာလို့

ပြောရအောင်လည်း

သူကမှကျနော့်ကိုမချစ်ခဲ့တာ။

-ရိုးတံ

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

22 Nov, 16:13


ပြိုလဲခဲ့ရတာချင်း အတူတူတောင်

သူ့မှာကခေါင်းတိုးဝင်စရာ

ရင်ခွင်ကြီးနဲ့..။

-ရိုးတံ

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

22 Nov, 16:12


ဆယ်ပြန်ချစ်လို့မှ

တစ်ခါပြန်မတောက်သော မီးခြစ်လေး

လွှင့်ပစ်လိုက်တာပဲ....

-ကြည်ဇော်အေး

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

22 Nov, 13:55


နိဗ္ဗာန်ဆိုတာ ကိုယ်နဲ့အဝေးကြီးပဲ

မင်းကိုချစ်မိလို့ ကျမယ့်ငရဲဟာ

ဘယ်နှစ်ထပ်ရှိမလဲ

ကိုယ်ခုန်ဆင်းခဲ့ပါ့မယ်

-ကြည်ဇော်အေး

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

22 Nov, 12:52


မျက်နှာ ၉ခုနဲ့ဒဿရဲ့

တစ်ဖက်သက်အချစ်က

ဖြူစင်ခဲ့ပါတယ်။

-ရိုးတံ

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

22 Nov, 12:36


မာနတွေပြိုင်လိုက်ရင်
မင်းနဲ့ဝေးရမှာကို ကိုယ်သိပါတယ်
တစ်ခါလောက်လေး မာနထားကြည့်ချင်ခဲ့တာ
မင်းဘက်နေ တစ်ခါလောက်လေး
အလျော့ပေးမယ်လို့ မျှော်လင့်ခဲ့မိတာပါ
အဆုံးမှာတော့ ကိုယ့်မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတယ်
မင်းဟာ မင်းဆိုတဲ့အတိုင်း
မင်းရဲ့မာနကိုသာ ကိုးကွယ်ခဲ့တယ်

ဒီတော့ မင်းနဲ့ကိုယ် တကယ်ဝေးရတော့တာဘဲ ။




- မေဘယ်လ်ညို -

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

22 Nov, 12:04


ပင်ပန်းတယ် မဟုတ်လား
ထုတ်မပြောချင်တာတွေလည်း ရှိတယ်မဟုတ်လား
ငိုလို့မရလို့ ရယ်လိုက်ရတဲ့ ဟာသတွေလည်း
များပြီမဟုတ်လား ။
အဆင်ပြေရဲ့လားမေးတိုင်း ဒီလိုပါပဲလို့ ဖြေတတ်ခဲ့တာ
ဘယ်အချိန်လောက်ကတည်းကဆိုတာ
မမှတ်မိတော့ဘူး မဟုတ်လား ။

- မြကျေး

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

22 Nov, 05:42


လူတယောက်ကို
အချိန်အကြာကြီးချစ်ချင်တယ်။
ဒီလောက်လေးတော့ မျှော်လင့်ချင်တယ်။
ဒီလောက်လေးပါပဲ
ကိုယ့်ဘေးမှာပဲ သူ့ကိုရှိစေချင်တယ်။
သူ့ဘေးမှာလဲ ကိုယ်ပဲရှိနေချင်တယ်

-ခက်နှောင်

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

21 Nov, 16:41


11:11

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

21 Nov, 15:19


ချစ်ခြင်းမေတ္တာတွေ ဝေနေလို့
တန်းစီလိုက်တဲ့အခါတိုင်း ...

ကျနော့်အလှည့်ရောက်ရင်
အတိအကျကို ကုန်သွားပြီလို့ပဲ
အပြောခံရပါတယ် ... ။

-ကောက်ရိုး

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

21 Nov, 15:06


ပေးသလောက်ပြန်ရမှဖြစ်မယ်လို့
ဘယ်တုန်းကမှ မတွေးဖူးခဲ့လည်း
အများကြီးပေးပြီး ဘာမှပြန်မရတဲ့အခါ
အားငယ်ရတာပဲ...
ကိုယ့်တန်ဖိုးကိုယ် သံသယဝင်ရတာပဲ...

ကိုယ့်ဖက်ကပဲ အမြဲတမ်းပိုချစ်ရတဲ့သူတွေရဲ့ဒုက္ခဟာ
ဒီလောက်ပဲရှိပါတယ်...

- မိုးနေ့

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

21 Nov, 11:57


လူတွေဟာ စိတ်ကူးယဉ်တတ်တဲ့ သတ္တဝါတွေပါ။

စိတ်ကူးယဉ်သတ္တဝါ ဖြစ်တာနဲ့ အညီ မဖြစ်နိုင်တာတွေကို ပြောဆိုတတ်ကြတယ်။

-ခွန်းနောင်

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

20 Nov, 16:41


11:11

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

20 Nov, 14:16


မေ့နိုင်ပြီဆိုတဲ့ စကားကို ထပ်ခါထပ်ခါပြောရင်း

မင်းကို သတိမရတော့ဖို့ အကြိမ်ကြိမ်သတိပေးရင်း

ကိုယ်ဟာ ဘုရားကို ဆန့်ကျင်သူဖြစ်ခဲ့ရတယ်

လိမ်ညာပြောဆိုတာ မကောင်းမှန်းသိသိရက်နဲ့

မင်းကို လွမ်းမိနေတာကိုတော့ ဝန်မခံချင်ခဲ့ဘူး




#မေဘယ်လ်ညို

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

20 Nov, 07:49


ချစ်ခြင်းမေတ္တာတွေ ဝေနေလို့
တန်းစီလိုက်တဲ့အခါတိုင်း ...

ကျနော့်အလှည့်ရောက်ရင်
အတိအကျကို ကုန်သွားပြီလို့ပဲ
အပြောခံရပါတယ် ... ။

-ကောက်ရိုး

2,054

subscribers

229

photos

9

videos