စာတိုများ💗🌷 @blackboy1152007 Channel on Telegram

စာတိုများ💗🌷

@blackboy1152007


ကိုချစ်တဲ့သူက ကိုကိုယ်ပြန်ချစ်နေခဲ့ရင်ဘယ်လောက်‌ေတာင်ပျော်စရာကောင်းလိုက်မလည်းဗျာ💗🥺

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔 (Burmese)

ကဗျာနဲ့ စာတိုလေးများသည် စာသားနဲ့ မည်သူတွေကို လက်ယပ်ချိန် ပါသေးပါသည်။ ဤ channel သည် blackboy1152007 အမည်ဖြင့် အခမဲ့ဖြင့်သွားခဲ့ပါသည်။ အကြမ်းဖြင့် channel တစ်ခုဖွင့်ပြီး မည်သူကို feel စာသားဆုံးနိုင်ပါသည်။ ဤအစာလေးများအတွက် သင့်အတွက် လူ့အကြောင်း မှန်အိမ်တွင် ဝင်ရောက်ပါ။ သင်သည် ပျားရည်မှန်သော စာသားများကို ကို ပေးပြီး အသုံးပြုလိမ့်မယ်။ နောက်ထပ် သင့်အကြောင်းအားတင်ထားလိမ့်မယ်။ အသည်းများအား ကုန်သည်များဖြင့် အသုံးဝင်ကြရမည်။ ဤစာများကို သတ်မှတ်ကာ သင့်အားအသုံးပြုနိုင်သော ဘဝလို သတ်မှတ်ပါ။

စာတိုများ💗🌷

28 Jan, 12:52


လော်ပန်မြေသို့ကျုးကျော်စစ်-၁

အနေအေးတာလား
အရေးမပေးတာလား ကိုကိုမသိဘူး။
ဒီဘ၀တော့....
ဟန်နီက ကိုကိုခလုတ်ထိရင်
တမိမယ့် နမောဗုဒ္ဓဿ ပါပဲ။

-ဘိုးတော်နီ

စာတိုများ💗🌷

27 Jan, 12:35


နောင်တစ်ချိန်တစ်ခါ
သို့မဟုတ်အကြိမ်ကြိမ်အခါခါ
ကျွန်တော့်ကိုငြင်းပယ်နိုင်သည်

သို့သော် မင်းကိုငါ ချစ်တယ်

-အောင်ချိမ့်

စာတိုများ💗🌷

26 Jan, 10:26


ထီးမေ့ ဦးထုပ်မေ့
နမော်နမဲ့နိုင်လွန်းသူဟာ

လွန်ခဲ့တဲ့ ဆယ်စုနှစ်က
ဖုန်းနံပတ်လေးကိုတော့ မေ့မရခဲ့ပါဘူး ။

- ဂန္ဓမာ

စာတိုများ💗🌷

25 Jan, 11:51


မမြဲခြင်းတရားကို
လက်ကိုင်ထားတဲ့ကောင်
မျက်မှန်လေးနဲ့ကျမှ
လက်လျှော့ရပေါ့။
ကျွန်တော်ကလည်း ကျွန်တော်ပါပဲ
အချိန်တိုင်းသာ 'ကိုကို' ခေါ်သံလေး
ကြားချင်ခဲ့တာ။

- ကင်မ်

စာတိုများ💗🌷

24 Jan, 13:47


ကိုယ်တို့နှစ်ယောက်ကြားမှာ
ထောက်ထားစရာဆိုလို့ ဓားပဲရှိတော့တယ်
မင်းလည်း ပြန်မလာနဲ့
ငါလည်း မငိုနိုင်တော့ဘူး။

-ဘုန်းပြည့်စုံမင်း
-ဒဏ္ဌာရီမိုး

စာတိုများ💗🌷

23 Jan, 13:17


လူတွေဟာ
သူတို့လိုချင်တာကို
ရတာမဟုတ်ပါဘူး
သူတို့နဲ့ ထိုက်တန်တဲ့အရာကိုသာ
ရကြပါတယ် တဲ့

ကိုယ်က မင်းနဲ့မထိုက်တန်တာလား
မင်းက ကိုယ်နဲ့မထိုက်တန်တာလား
ဝေခွဲမရခဲ့ပါဘူးကွယ် ။

- ဂန္ဓမာ

စာတိုများ💗🌷

22 Jan, 13:48


ပြည့်နေတဲ့ခွက်မို့လား မသိဘူး
ထပ်ဖြည့်ချင်နေတဲ့သူတွေအများသား
ကိုယ်ဖြည့်ထားတဲ့ အချစ်တွေ
မင်းရင်ခွင်မှာအပြည့်အ၀နေရာယူနိုင်ပါစေ...။

-သန်းလှ

စာတိုများ💗🌷

22 Jan, 11:43


သူငယ်ချင်း ၅၇

သူငယ်ချင်းရေ
ငါတို့မှာ လက်ကျန်နည်းလာပြီ
ဒီတော့
တစ်ချက်ပစ် တစ်ချက်ထိမှဖြစ်မယ်
ငါတို့
ပစ်မှတ်ကိုအသေအချာရွေးချယ်ရမယ်။

-ကိုရွေး

စာတိုများ💗🌷

21 Jan, 13:30


ကိုယ်က မင်းကို ကာကွယ်ဖို့
စစ်သားကြီးလုပ်ပါ့မယ်။

ချစ်ခြင်းမေတ္တာဖော်ပြဖို့
ပန်း‌လဲပေးပါ့မယ် အနမ်းလဲပေးပါ့မယ်။

ခေတ်ကြီးပဲပျက်ပျက် စစ်ကြီးပဲဖြစ်ဖြစ်
မင်းကိုပျော်ရွှင်စေချင်တယ်
ကျန်းမာစေချင်တယ်
မင်းကျက်တဲ့စာတွေ အလွတ်ရစေချင်တယ်။

ကိုယ့်ရဲ့ မေတ္တာတွေကြောင့်
ပိုအေးတဲ့ ဆောင်းရာသီလည်း
မင်းအတွက် နွေးပါစေ။

-ဘယ်လာခင်

စာတိုများ💗🌷

20 Jan, 20:26


good night par naw 💗🌹

စာတိုများ💗🌷

20 Jan, 17:24


ကိုယ်က မင်းကို ကာကွယ်ဖို့
စစ်သားကြီးလုပ်ပါ့မယ်။

ချစ်ခြင်းမေတ္တာဖော်ပြဖို့
ပန်း‌လဲပေးပါ့မယ် အနမ်းလဲပေးပါ့မယ်။

ခေတ်ကြီးပဲပျက်ပျက် စစ်ကြီးပဲဖြစ်ဖြစ်
မင်းကိုပျော်ရွှင်စေချင်တယ်
ကျန်းမာစေချင်တယ်
မင်းကျက်တဲ့စာတွေ အလွတ်ရစေချင်တယ်။

ကိုယ့်ရဲ့ မေတ္တာတွေကြောင့်
ပိုအေးတဲ့ ဆောင်းရာသီလည်း
မင်းအတွက် နွေးပါစေ။

-ဘယ်လာခင်

စာတိုများ💗🌷

20 Jan, 00:31


Morning 🫰🏻💗

စာတိုများ💗🌷

19 Jan, 11:30


နှလုံးသားမှာ
အိမ်တစ်လုံးတွယ်ငြိနေတယ်
ဘယ်လိုဆိုးဆိုး ဘယ်လိုပြေးပြေး
အိမ်နဲ့ဝေးသွားတဲ့ကလေး ဘယ်မှာရှိပါ့မလဲ။
-ဝဏ္ဏ

စာတိုများ💗🌷

18 Jan, 11:35


ကျနော်တို့တစ်ခုခုဖြစ်သွားမှာကို
အရမ်းကြောက်တဲ့လူတစ်ယောက်ရှိရင်
ကျနော်တို့ဘာဖြစ်ဖြစ်ကြောက်စရာမလိုတော့ဘူး။

- ရိပ်ငြိမ်

စာတိုများ💗🌷

17 Jan, 22:59


Morning 🫰🏻💗

စာတိုများ💗🌷

17 Jan, 12:38


စိတ်ထဲက အသံတွေကိုကြားရဖို့
နားရွက်တွေမလိုဘူး
နှလုံးသားတစ်စုံရှိရင် လုံလောက်ပြီ ။

- ဂန္ဓမာ

စာတိုများ💗🌷

15 Jan, 11:09


ဖြစ်ပျက်တရားကိုဘေးခဏဖယ်
ငါဖြစ်ခြင်းကိုပဲ ဂရုပြုမယ်။

လူနှစ်ယောက်ခရီးထွက်ဖို့
လမ်းနှစ်လမ်းမလိုပါဘူးလေ။

-သူဇာ
-နောက်ဆုံးရေးသားခြင်း

စာတိုများ💗🌷

14 Jan, 13:20


အလေ့ကျ ပန်းကလေးတွေ
ကြွေပန်းအိုးနဲ့ ဂရုတစိုက်အပျိုးခံရသည့်အခါ
အချစ်ခံရတာကိုပင်
စိတ်ရှုပ်စရာဟု ထင်တတ်ကြပါသေးတယ်။

-ဘယ်လာခင်

စာတိုများ💗🌷

13 Jan, 15:45


တိတ်တခိုး

မိုးလင်းတော့အရှေ့အရပ်ကလှတယ်
မိုးချုပ်တော့အနောက်အရပ်ကလှတယ်
မင်းလှတာကျတော့
တစ်နေ့လုံးဘယ်အချိန်ငေးငေး ။

- ဝင်းမြင့်

စာတိုများ💗🌷

13 Jan, 13:29


ငါးခုံးမတစ်ကောင်ကြောင့်
တစ်လှေလုံးပုပ်လို့ ပြောကြပါစေဦး...
စုရဲ့အပိုင်ကိုလာလုနေတာထိုင်ကြည့်နေရအောင်
စုရဲ့သဘောထား...အဲ့သလောက်မကြီးဘူး
မောင်တော်....။

-စုဖုရားလတ်

စာတိုများ💗🌷

12 Jan, 11:16


မင်းမုန်းလည်း ခပ်ပြုံးပြုံးပါပဲ
ကိုယ့်မှာဆုံးရှုံးစရာဆိုလို့
မင်းပဲရှိတာလေ။
-သူဇာ

စာတိုများ💗🌷

11 Jan, 12:03


ဦးနှောက်ရှိသ၍
မှတ်မိနေဦးမှာဖြစ်ပြီး
နှလုံးသား ရှိသ၍
ခံစားနေဦးမှာဖြစ်တယ် ။

- ဂန္ဓမာ

စာတိုများ💗🌷

10 Jan, 12:41


စွန့်လွှတ်နိုင်ခြင်းဟာ
အေးချမ်းခြင်းဆိုပေမယ့်

နာကျင်မှုတော်တော်များများဟာ
လက်မလွှတ်နိုင်ခြင်းတွေက စပါတယ်။

- ခက်နှောင်

စာတိုများ💗🌷

09 Jan, 12:34


ကိုယ့်ရဲ့ မေတ္တာတွေကြောင့်
ပိုအေးတဲ့ ဆောင်းရာသီလည်း
မင်းအတွက် နွေးပါစေ။

-ဘယ်လာခင်

စာတိုများ💗🌷

08 Jan, 13:34


ချစ်တယ်ဆိုပြီး
ကိုယ့်ကိုအလဲမထိုးပါနဲ့ကွာ
မင်းရင်ထဲ ဘယ်သူရှိလဲ
မင်းပဲ သိမှာပေါ့ ။

- ငြိမ်း

စာတိုများ💗🌷

07 Jan, 14:07


သေအောင်မသတ်ခဲ့ရလို့ သူလည်း နောင်တရပုံပါပဲ
ခဏခဏ ပြန်လာသတ်တယ်
စိတ်အသေနဲ့ ကဗျာရေးနေတဲ့သူကိုမှ
ဒဏ်ရာအဟောင်းကို လာလာဆွတယ်။

-ဘယ်လာခင်

စာတိုများ💗🌷

06 Jan, 13:36


ချစ်ကြောင်း၊ကြိုက်ကြောင်းတွေ
ရပ်နားပြီး
စံပယ်တွေပွင့်ဖို့ အာရုံစိုက်ရအောင်
ဥယျာဉ်မှူးကြီး ချမ်းသာချင်ပြီ။

-ဘယ်လာခင်

စာတိုများ💗🌷

05 Jan, 12:16


နွေတို့ မိုးတို့ ဆောင်းတို့တောင်
သုံးခုပေါင်းပြီးမှ တစ်နှစ်ပြည့်ရဲတာ
ငါ့မှာတော့ မင်းတစ်ယောက်တည်း
တစ်နှစ်ပြီးတစ်နှစ် ။

_ အောင်ခိုင်မြတ်

စာတိုများ💗🌷

03 Jan, 11:19


ငါ့အပေါ် ကပ်တွယ်တာမျိုးတွေ
ဆွဲထားတာမျိုးတွေ မရှိတဲ့ ရင်ခွင်ဟာ
တကယ်သဘောကျစရာကောင်းပါတယ်။

ဘယ်လိုပြဿနာပဲ ကြုံကြုံ
လမ်းခွဲဖို့ပဲ ရွေးချယ်တတ်တဲ့ ချစ်သူမျိုးရတာ
ငါ့အတွက် တကယ်ကံကောင်းပါတယ်။

စိတ်ရှုပ်ရတာမျိုး၊
စိတ်ပင်ပန်းရတာမျိုး မကြိုက်တဲ့သူမို့
ငါမချစ်တော့ဘူးလို့ပြောရင်
ဝေးသည်ထက် အဝေးဆုံး ထွက်သွားပေးတာမျိုးကို
ပိုလိုချင်ပါတယ်။
ငါလိုချင်တာတွေ တကယ်ရခဲ့ရင်တော့
ချစ်ခြင်းမေတ္တာမဟုတ်ဘူးဆိုတာ
ငါအသိဆုံးပဲဖြစ်မှာပါ။

-ဘယ်လာခင်

စာတိုများ💗🌷

02 Jan, 13:30


ကျွန်တော်မတတ်နိုင်ဘူးမမ။
အချစ်လည်းမရပ်နိုင်ဘူး။
စွဲလမ်းမှုလည်းမဖြတ်နိုင်ဘူး။

ကံပါသလောက်ပေါ့ မမရယ်။
မွှေးသောပန်းကိုသာပန်ဆင်ပါလေ။

-သူဇာ
-ခွန်းစာမပြန်တာသုံးရက်မြောက်တဲ့နေ့( ၂ )

စာတိုများ💗🌷

01 Jan, 10:21


ရထားနောက်ပဲ ပြေးလိုက်ရမလိုလို
လေယာဥ်လက်မှတ်ဖိုးပဲ စုရမလိုလိုနဲ့
လှည်းကြုံမစီးချင်တဲ့ ဗျာများနေမှုကြီး...

အချိန်တန်ရင်တော့ ကိုယ်နဲ့သင့်တော်တဲ့ တီရှပ်တစ်ထည်ပဲ ကောက်ဝတ်မိမယ်ထင်ပါတယ်ဗျာ။

-ဘယ်လာခင်

စာတိုများ💗🌷

31 Dec, 11:32


တချို့က အထီးကျန်တယ်ဆိုပြီး
လူတစ်ယောက်ကိုမှားချစ်မိကြတယ်
တချို့ကလူတစ်ယောက်ကို ချစ်ပြီး
တစ်သက်လုံးအထီးကျန်သွားကြတယ်။

- တက္ကသိုလ်ဘုန်းနိုင် ‎

စာတိုများ💗🌷

30 Dec, 14:32


တစ်ယောက်ယောက်က စောင့်နေမှာသေချာရင်
တစ်ယောက်ယောက်ကလဲ အရောက်လာသင့်တယ်။
နှစ်တွေဘယ်လောက်ကြာကြာပေါ့ …

- မယ်ညို

စာတိုများ💗🌷

30 Dec, 11:32


စစ်ရှောင်ဆိုတဲ့ အသိက ကိုကိုယ်‌တိုင်မှာမဟုတ်ရင်မစာနာတက်ကြဘူးဗျာ🥺

စာတိုများ💗🌷

30 Dec, 11:29


မင်းငါ့ကိုလှည့်မကြည့်တော့တာလဲကောင်းပါတယ်
မဟုတ်ရင် နှစ်ယောက်လုံးချစ်လျက်နဲ့
ဝေးကြတယ်လို့ ငါထင်နေဦးမယ် ။

- လင်းလက်ကဘို

စာတိုများ💗🌷

27 Dec, 12:04


နောက်ကပြေးမလိုက်တော့တာပါ
ရောက်ခဲ့တဲ့နေရာကနေ
ကျွန်တော် ရပ်စောင့်နေပါတယ်။

ပျက်နေတဲ့နာရီတောင်
တစ်နေ့ ၂ကြိမ်မှန်တက်သေးတာပဲအချစ်ရယ်၊
ကမ္ဘာလည်နေတာသေချာရင်
ကျွန်တော်တို့တစ်နေရာရာမှာ
သေသေချာချာ ပြန်တွေ့ကြမယ်မဟုတ်လား။
-ဝဏ္ဏ

စာတိုများ💗🌷

26 Dec, 12:04


သေနတ်တစ်လက်ကြောင့်
လူသေတာ အပြစ်မပြောလိုပါဘူး
ကဗျာတစ်ပုဒ်ကြောင့်တော့
လူမသေစေနဲ့ပေါ့ ။

- ဂန္ဓမာ

စာတိုများ💗🌷

25 Dec, 14:08


ချစ်မိပြီဆိုထဲက ငါတို့လက်တစ်ဖက်ဟာ
ကမ်းပါးစွန်းက သစ်ကိုင်းပေါ်မှာ…
ဆုပ်လည်းဆူး စားလည်းရူး
လက်လွှတ်ရင်လည်း သေမှာ ။

•ခန့်သွယ်
လတ်တေး-၄

စာတိုများ💗🌷

24 Dec, 15:24


သေအောင်ကြိုးစားလည်း
သေသာသွားမယ်
မရတဲ့ အရာတွေရှိတယ်။

-တာရာမင်းဝေ

စာတိုများ💗🌷

24 Dec, 11:23


မင်းနဲ့တစ်ခါလွဲဖို့
ငါ့မှာတွဲခဲ့ရတဲ့လက်တွေ
ဆွဲလည်းမဆွဲတော့ဘူး
မြဲလည်းမမြဲတော့ဘူး။

-သူဇာ

စာတိုများ💗🌷

23 Dec, 11:10


တစ်နေ့နေ့ပေါ့
နိုင်ငံတော်ကြီး နေပြန်ကောင်းလာမယ်
ပန်းတွေ လွတ်လွတ်လပ်လပ်ပွင့်လာမယ်
မြို့တော်ကြီး ပွဲတော်တွေနဲ့စည်ကားလာမယ်
အဲ့ဒီနေ့‌ပေါ့...။
အဲ့ဒီနေ့မှာ ကိုယ်တို့ဆုံမယ်
လွမ်းခဲ့သမျှ နှစ်ဆတိုးပြီး ဖက်ထားကြမယ်
လူတွေ အချစ်အကြောင်း ပြောကြတဲ့အခါ
ကိုယ်တို့ကို မေးငေါ့ကြပါစေလေ။

- ဘယ်လာခင်

စာတိုများ💗🌷

22 Dec, 11:40


တစ်ယောက်ယောက်က
မင်းကို ကူညီတဲ့အချိန်မှာ
သူတို့လည်း ရုန်းကန်နေရပါတယ် ။
အဲဒါ အကူအညီမဟုတ်ဘူး
အဲဒါ ချစ်ခြင်းမေတ္တာ ။

-မိုဃ်းဇော်

စာတိုများ💗🌷

21 Dec, 11:19


ပြည်တွင်းစစ်ကြီးကြောင့်
လူ့အခွင့်အရေး ဆုံးရှုံးမခံနိုင်ပါဘူးလေ
ချစ်စရာရှိတာ ချစ်မှ
လူဖြစ်ကျိုးနပ်မှာ...။

-ဘယ်လာခင်

စာတိုများ💗🌷

20 Dec, 14:57


ချစ်တာကို ချစ်တယ်လို့ ပြောခဲ့ပါတယ်
ဘာကိုမှမတွေး
သိက္ခာတရားတွေလည်း မတွေး
အခြားသော တိုင်းတာချက်များလည်း မတွေးပါ။

- မြကျေး

စာတိုများ💗🌷

19 Dec, 11:26


ကိုယ်တွေရဲ့ နေထိုင်မှုက ငါးတွေလိုပဲ
အသံမထွက်တတ်တော့
ဘယ်တော့မှ အသနားမခံရဘူး
ရပါတယ်။

-ဘုန်းပြည့်စုံမင်း

စာတိုများ💗🌷

18 Dec, 14:00


ဘုရားမရှိခိုးတာက အစ
ဘာကိုမှ မယုံကြည်တော့တာ အဆုံး
လူမုန်းများတာ အကုန်လုပ်တယ်။

-ကြည်ဇော်အေး

စာတိုများ💗🌷

18 Dec, 14:00


ငါတို့ဟာ ကွဲကြေနေတဲ့
ဖန်သား ဖြစ်ခဲ့ရင်တောင်

ငါတို့ရဲ့အစအနတွေ ဘယ်အရာကိုမှ
မဖိတ်စင်အောင် နေတတ်ရမယ်။

- အောင်ခိုင်မြတ်

စာတိုများ💗🌷

17 Dec, 12:42


ငါတို့ဝေးသွားခဲ့ပြီလို့တွေးမိတဲ့အခါတိုင်း
နီးစပ်ခဲ့လို့လားဆိုတဲ့မေးခွန်းတွေက
ငါ့ကိုကျိုးကြေစေတယ်
ငါပေးခွင့်မရတော့တဲ့ချစ်ခြင်းမေတ္တာမျိုး
မင်းအလိုရှိတဲ့သူဆီကရပါစေ။ ။

-တာရာမင်းဝေ

စာတိုများ💗🌷

16 Dec, 11:29


ထွက်ပြေးသွားတဲ့သူနောက် မလိုက်တော့ပါဘူး
သူထားသွားတဲ့နေရာမှာပဲ ရပ်နေလိုက်တယ်
ကမ္ဘာ ကြီးလည်နေတာပဲ
တစ်နေ့ကျရင်သူဒီနေရာကို ရောက်လာမယ်ဆိုတဲ့ အတွေးနဲ့ပေါ့...

-တာရာမင်းဝေ

စာတိုများ💗🌷

15 Dec, 13:08


ဆံပင်လေးတွေတိုသွားတယ်နော်..
လက်သည်းလေးတွေလည်းရှည်လာတယ်။
မောင့်ကိုအရွဲ့တိုက်တာလား
ဟိုကောင်လေးကဂရုမစိုက်တာလား…။

-သက်တန့်

စာတိုများ💗🌷

14 Dec, 12:50


ဘာလို့ချစ်တယ်လို့ခဏခဏပြောတာလဲဆိုရင်
ဘာမဆိုဖြစ်သွားနိုင်တဲ့ အခြေနေချည်းပဲမို့ပေါ့အချစ်ရယ်
ကမ္ဘာကြီးကိုရောမင်းကိုရော
ဘယ်အရာကိုမှမပိုင်စိုးနိုင်တာပဲ ။

-ရိပ်ငြိမ်

စာတိုများ💗🌷

13 Dec, 11:31


မပျော်တဲ့အခါ
ပိုရယ်ဖြစ်နေတာက လွဲရင်
အဆင်ပြေပါတယ် ...

အလုပ်တွေအားနေရင်
မင်းကို သတိရနေမိတာကလွဲရင်
ကျန်တာ ပုံမှန်ပါပဲ...

ဘယ်သူမှ မတွေ့အောင်
ရှောင်ပုန်းရင်း ကိုယ့်ကို
ဘယ်သူမှ သတိမရတော့တဲ့
ဘ၀မှာလဲ ပျော်ပါတယ် ။

-သွယ်မြိတ်

စာတိုများ💗🌷

12 Dec, 12:31


ချစ်လှစွာသော လောကဓံရေ...
ကျွန်တော့်ကို ရင့်ကျက်စေချင်တဲ့အခါ
သင်ခန်းစာတွေပဲ ပေးပါ
လူတွေမပေးပါနဲ့။
ချစ်ရသူတွေကြောင့်
ဘယ်အရာကိုမျှ မနာကျင်စေချင်။

-ဘယ်လာခင်

စာတိုများ💗🌷

12 Dec, 00:26


ပျော်ချင်ရင် ပေးရတယ်
ရယူချင်စိတ် မမွေးရဘူး

ပစ္စည်းဥစ္စာမှာပဲ ဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာမှာပဲ ဖြစ်ဖြစ်

မျှော်လင့်ချက် ဖျောက်နိုင်မှ
တကယ် ပျော်ရတာ ။ ။

- ခွန်ဟိဏ်း
Movie-up (2009)

စာတိုများ💗🌷

11 Dec, 11:12


ချစ်ခြင်းမေတ္တာ ဆိုတာလေ
ထိတွေ့ကိုင်တွယ်လို့မရပေမယ့်
ခံစားလို့ရတယ်။

နီးသည်ဖြစ်စေ ၊ ဝေးသည်ဖြစ်စေ
သူ့ကြောင့် ကိုယ့်စိတ်လေးအေးချမ်းနေရင်
ဒါဟာ ချစ်ခြင်းမေတ္တာပဲပေါ့ကွယ် ။

# black boy

စာတိုများ💗🌷

10 Dec, 13:05


ကိုယ့်မျက်နှာကို မကြည့်ချင်လောက်အောင်
သူ့မျက်နှာကို ကိုယ်ကြည့်နေရပါတယ်
ထွေထွေထူးထူးတော့ မတွေးမိပါဘူး
ငေးမိငေးရာ ငေးကြည့်ရုံပါပဲ ။

•ခန့်သွယ်
နောက်ဆုံးလို့တော့ထင်တာပဲ

စာတိုများ💗🌷

09 Dec, 10:27


သိတာသာ ရာမကိုမရွေးချယ်ပဲ
ဒသကိုသာရွေးချယ်ခဲ့ရင်
မိးပုံထဲမပြောနဲ့ သိတာအပျိုစစ်"မစစ်"
ဒသတ‌ွင့်ဆုတ်မှာ မဟုတ်ဘူး...

# black boy

စာတိုများ💗🌷

08 Dec, 14:07


အသံနဲ့လည်းကြားပါစေ
အလင်းနဲ့လည်းမြင်ပါစေ
ဘုံအဆင့်ဆင့်မှာ မြင့်သည်ထက်မြင့်ပါစေ
ပို့သသောမေတ္တာ၌ မင်းပျော်ရွှင်ပါစေ
ပြုခဲ့သောကုသိုလ်၌ မင်းရပါစေ
မေ့လျော့ခြင်းမှာ ငါ နာကျင်ပါစေ။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

04 Dec, 16:09


တိုက်တိုက်ဆိုရင် နံရံနဲ့ခေါင်းနဲ့သာ
တိုက်ချင်မိတယ်
ကိုယ့်လူမျိုးအချင်းချင်းသတ်နေရတဲ့
တိုင်းပြည်မှာ ဘယ်သူပဲနိုင်နိုင်
ငါတို့ရှုံးတယ် ။ ။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

04 Dec, 12:08


ဒီနိုင်ငံမှာတော့
လူငယ်တွေရဲ့ နုပျိုမှုကို
အလုပ်ခွင်ဟာ စုပ်ယူသွားတယ်

တချို့က မပျော်တဲ့မျက်လုံးတွေနဲ့
ပြုံးပြုံးပြနေတာကို ငါမြင်ရတယ် ။

ဂန္ဓမာ -
ဘုရားသခင်ကျကျန်ခဲ့တယ်.

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

03 Dec, 10:48


ပိုးဖလံလေးတစ်ကောင်
သူ့အတောင်ပံတွေကိုချွတ်ချလိုက်သလိုပေါ့
ဘေးလူတွေအမြင်မှာပေါ့ပါးနေပေမယ့်
သူ့လေးလံဖိစီးမှုနဲ့သူပါ
ရွန်းရယ်။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

02 Dec, 11:24


မင်းအတွက်
တည်ခင်းစရာ
ငါ့မှာ ဒဏ်ရာတွေအတိနဲ့
နှလုံးသားတစ်ဖဲ့ပဲရှိတယ်။
မင်းလိုအပ်မယ်ဆို
ကြိုက်သလို သုံးပေါ့။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

01 Dec, 10:49


အမက ငါ့နဖူးကို ဖွဖွနမ်းတယ်
လက်ကို မရဲတရဲ ဆုပ်ကိုင်တယ်
ငါလက်ဆောင်ပေးထားတဲ့ ဆွဲကြိုးလေးကို တယုတယသိမ်းထားတယ်
ပြီးတော့ ငါ့ကိုပြောတယ်
လိမ်လိမ်မာမာနေစမ်းပါတဲ့

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

30 Nov, 23:08


Morning 🫰🏻💗

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

30 Nov, 11:30


ဒီနှစ်အတွက်
ကိုယ်ချစ်တဲ့ပန်းတွေကို
ကာကွယ်ပေးနိုင်ဖို့ အထူးကြိုးစားခဲ့ပြီး
အချစ်ခံရဖို့ အတင်းမကြိုးစားသင့်ကြောင်း
တိတိကျကျ သိခဲ့ရပါတယ်။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

29 Nov, 11:52


လောကမှာ ငွေရှာနိုင်တဲ့‌ေယာက်ကျားနဲ့
အချစ်ခံရတဲ့‌ေယာက်ကျားက အကြီးမြတ်ဆုံးပဲတဲ့

ဒီအသက်အရွယ်တစ်လျှောက်
ငွေမရှာနိုင်ပေမယ့်
ပြဿနာပေါင်းစုံရှာတတ်ပါ့လားဆိုတဲ့ စိတ်နဲ့
အားမွေးထားရတယ်။

အချစ်ခံရသည်ဖြစ်စေ၊မခံရသည်ဖြစ်စေ
အဓိက,က ရုပ်ချောနေသေးပါလားဆိုတဲ့စိတ်နဲ့
နေ့ရက်တွေကို ဖြတ်သန်းလာခဲ့တာ
သန်သန်မာမာပါပဲ။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

28 Nov, 11:08


ဆိုးချင်တိုင်းဆိုးလို့ရတဲ့ ရင်ခွင်တစ်စုံကို
ပြန်လိုချင်တိုင်း
မနက်ဖြန်ကစ လိမ်မာတော့မယ်လို့
ကျွန်တော်ဆုံးဖြတ်တတ်ပါတယ်။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

27 Nov, 11:27


ဟောင်းသွားပြီထင်ရတဲ့
ဒဏ်ရာတွေက
ဆောင်းညတွေဆို
ပိုပိုနာလာတယ်။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

26 Nov, 15:54


ယောင်ယောင်မှားမှားနဲ့
ခင်ဗျားရှိတဲ့နေရာတွေကို
ရောက်ရောက်သွားတယ်။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

26 Nov, 11:51


သူတော်စင်က အခုလိုမိန့်တယ်
မင်းပြန်လိုချင်တဲ့ခုနှစ်တစ်ခုကို ပြော
သူတော်စင်ရဲ့ နဖူးကို
ငါသေနတ်နဲ့ ထိုးချိန်လိုက်မိတယ်
ပြီးတော့ ငါငိုတယ်။ ။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

25 Nov, 11:21


မင်းယုံကြည်လို့ မင်းဆိုးနေတာ
မင်း စိတ်ချလို့ မင်း ပြေးနေတာ။

ထားမသွားတဲ့ လူတွေဟာ
ဘဝထဲကို သီးသန့်ရထားနဲ့ လာတာ
မင်း သိပါတယ် ။     ။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

24 Nov, 13:53


ရင်ဘတ်တည့်တည့်ကိုဦးတည်နေတဲ့
မြားသုံးစင်း
ကိုယ်တစ်ချက်မှမကာနိုင်ခဲ့ပါဘူး။
ကိုယ်ငိုရမှာတွေမင်းမစဉ်းစားမိဘူးမလားငယ်။
ကိုယ်ငိုရတာတွေမင်းမစဉ်းဘူးမလားငယ်။
ကိုယ်တွေ့ဖူးသမျှ မြထဲမှာ
မင်းလေးဟာအစိမ်းဆုံးပဲ
ဒါကိုတော့ယုံပေးကွယ်။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

24 Nov, 11:43


ခင်ဦးရယ်...
မမြင်ချင်ဘူးဆိုလို့ ကျောခိုင်းပေးလိုက်ပါတယ်
မင်းကိုဆုံးရှုံးပြီးနောက်
အရှေ့ကထိုးထိုး အနောက်ကထိုးထိုး
ဓားဟာ ရင်ဝကိုဖောက်ထွက်မှာပဲ။

-ဆန်းကျော်စွာဝင်း

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

23 Nov, 11:31


တကယ်တော့ ဖြစ်ပျက်ခြင်းတရားဆိုတာ

တစ်ဖက်မှာ နှစ်ယောက်ပေါင်း
ကမ္ဘာလေးတစ်ခု ဖြစ်တည်နေချိန်

တစ်ဖက်မှာတော့ တစ်ယောက်ထဲ
ကမ္ဘာပျက်နေရတာမျိုးပေါ့ကွာ..။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

22 Nov, 20:59


အိပ်ချိန်တေက ညစ်နက်လိုက်တာဗျာ🥺💔

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

22 Nov, 12:38


စစ်သားကြီးလဲ မလုပ်ရဲ
ကဗျာဆရာလဲ မဖြစ်ခဲ့
ကျားဆိုးပေါတဲ့ တောင်ရိုးတွေပေါ်
မျှစ်ချိုးလိုက်ခွင့်လဲ မရခဲ့။
ချစ်ခြင်းမေတ္တာရဲ့ ငြင်းပယ်ခံရတဲ့
အမျိုးသားငယ်ပါ အမရယ်
နေရစ်ဖို့ကလွဲ
ဘာများတတ်နိုင်မှာမို့လို့လဲ...။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

21 Nov, 12:51


တစ်ခါတစ်လေ ငြိမ်ငြိမ်ကလေးထိုင်ပြီး
မိမိရဲ့ အဆင်မပြေခဲ့ပုံတွေကို
ပြန်လည်တွေးတောရတာ
ပျော်စရာကောင်းလှပါတယ် ။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

20 Nov, 21:30


အိပ်ကြပိလား😐

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

20 Nov, 12:32


ဝေးကွာခြင်းတွေဟာ
ငြင်းဆန်ခွင့်မရှိတော့လည်း
တင်းခံကြည့်ယုံပေါ့။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

20 Nov, 12:31


အချစ်နဲ့စစ်ကို မကစားကောင်းဘူး
လူကြီးမင်းတို့ရဲ့
တစ်ခုက အသက်တွေဆုံးရှုံးနိုင်တယ်
တစ်ခုက ဘဝပါ ဆုံးရှုံးနိုင်တယ်။

-ဘယ်လာခင်

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

19 Nov, 11:30


ချစ်တာကို ချစ်တယ်လို့ပြောခဲ့ပေမယ့်
မေတ္တာတရားကိုတော့ အတင်းမတောင်းဆိုခဲ့ပါ။
မမုန်းဘူးဆိုရင်ဘဲ
နေသာထိုင်သာရှိလှပါတယ်။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

17 Nov, 11:55


အခြားတစ်ယောက်ယောက်ကို
ထည့်ထားတဲ့
စိတ်အခွံကြီးကို
ရမှာ အကြောက်ဆုံးပဲ ။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

16 Nov, 12:47


ဖုံးကွယ်ထားရတဲ့ သိမ်ငယ်ခြင်းတွေ အတော်များများ ရှိတယ်
ပြန်တည်ဆောက်ပေးမှာ ကျိန်းသေရင်
ခဏလောက်  မင်းဘေးမှာ
စိတ်အေးလက်အေး  ပြိုကျချင်တယ်

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

15 Nov, 12:22


သူကလည်း ကျွန်တော့်ကိုစိတ်မချဘူး
ကျွန်တော်ကလည်း သူ့ကိုစိတ်မချဘူး

လမ်းအတူတူဖြတ်ကူးရင်တောင်
တစ်ယောက်ယောက် ရူးသွားနိုင်တဲ့ခေတ်လေ

မီးလောင်နေတာကတော့
လမ်းမတွေအားလုံးပါဘဲ။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

14 Nov, 14:06


သတိရတယ် ဆိုတာမျိုးက
ငှက်ကလေးတွေအော်မှ
လကလေးက သာမှ
သစ်ရွက်ကလေးတွေ ကြွေမှ
ရှုခင်းကလေးက လွမ်းစရာကောင်းမှ
သတိရတာ မဟုတ်ပါဘူးကွာ။

သတိရချင်တဲ့အခါ
ဘယ်လိုနေရာမှာဖြစ်ဖြစ်
သတိရတာပါပဲ ။     ။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

13 Nov, 11:43


လုပ်သင့်တယ်ထင်တဲ့အရာကိုလုပ်
မလုပ်သင့်ဘူးထင်ရင်လှည့်မကြည့်နဲ့

ကိုယ်လုပ်တဲ့ အရာရာတိုင်းက အဓိပ္ပါယ်ရှိနေရင်
ဘယ်ပျော်ဖို့ကောင်းမှာလဲ
တစ်ချို့အရာတွေက ချိုနေရင်မမိုက်ဘူး
ချဥ်ချဥ်လေးမှာမိုက်တာ။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

12 Nov, 11:20


🥺💗

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

12 Nov, 11:09


မင်း အတော်တည်ငြိမ်သွားပြီတဲ့
ဟုတ်ကဲ့

ပါးစပ်သေနတ် ဆိုတာ
ဘယ်တော့မှ ယမ်းနံ့ မထွက်ခဲ့ဘူး
လူတော့ ခဏခဏ သေတယ်
လူဆိုတဲ့အရာက အားလုံးထက်ကြောက်
ဖိုကောင်းတယ်.....

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

12 Nov, 11:07


ကျွန်မကိုရင်ပူစေတဲ့ မောင်ဟာ
အဲ့ဒီမိန်းမနဲ့ ဆင်တူလက်စွပ်ကလေးတောင်ဝတ်လို့တဲ့၊

မျက်ရည်လည်းမပေါဘူး
အသည်းလည်းမမာဘူး မောင် ၊
"မောင့်ဆီတော့လာချင်တုန်းရယ်"။

-လင်းညို
-အချစ်ရိပ်ညနေ

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

11 Nov, 12:24


ကိုယ်ဘာမှမလုပ်ပါပဲ
အလိုလိုနေရင်းရတဲ့အရာဆိုလို့
သတိရတာပဲရှိတယ် ။
အချစ်ရေ
တိမ်တွေကြွေနေ တယ် ။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

11 Nov, 05:48


ဘယ်လောက်ပဲ ခက်ခဲပင်ပန်းရသည်ဖြစ်စေ
တိတ်တိတ်ကလေး ထွက်သွားဖို့ကိုတော့
ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး...

အဲ့ဒါ သတ္တိကောင်းတာမဟုတ်ဘူး၊
အားငယ်တာ...

ဘယ်သူမှ တကူးတကလိုက်ရှာမှာမဟုတ်မှန်း
ကြိုသိနေခဲ့တာကိုး...

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

09 Nov, 11:26


အရောင်ပဲကွဲတဲ့အနွေထည်ဆင်တူ..
အမှတ်မထင် ဆင်တူသွားတဲ့ဘောပင်..
အဲ့လို့မထင်မှတ်ထားတဲ့တိုက်ဆိုင်မှု‌တွေနဲ့
ငါတို့နှစ်ယောက်က သူငယ်ချင်းတွေတောင်မဟုတ်ကြတော့ဘဲ
သူစိမ်းတွေဖြစ်သွားကြတယ်တဲ့လား..

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

08 Nov, 11:44


ကိုယ့်ကိုဗဟိုပြုပြီး
ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေခံစားနေရတဲ့
အခြားလူတစ်ယောက်ရှိနေနိုင်တယ်ဆိုတာ
မမေ့ကြေးပေါ့အချစ်ရယ်.။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

07 Nov, 13:00


ချစ်စရာ ကောင်းကောင်း
မကောင်းကောင်း ၊
ချစ်စရာ ရှိရှိ မရှိရှိ ၊

ချစ်ချင်လို့
ချစ်နေတာကမှ "အချစ်"

- မောင်လှမျိုး (ချင်းချောင်းခြံ)

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

06 Nov, 11:18


ကျင်းထဲမှာပုန်းရင်လည်း အငတ်နေရ
အပြင်ထွက်ရင်လည်း အသက်သေရမယ့်
ကြွက်တွေလိုမျိုး ငါတို့ဘဝတွေ။


# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

05 Nov, 13:04


တစ်ယောက်ဟာ အခြားတစ်ယောက်နဲ့
သက်ဝင်နေရင်
ကိုယ်က မငြိတွယ်မိအောင်နေရမယ်
အတင်းတိုးမဝင်ရဘူးတဲ့
ချစ်ခြင်းမေတ္တာမှာလည်း ယဉ်ကျေးမှုရှိရတယ် ။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

04 Nov, 12:38


ဘယ်လောက်ထိ
နာကျင် ပင်ပန်းနေခဲ့ကြောင်း
ပြောပြဖို့ တစ်ယောက်ယောက်ကို
လိုက်ရှာနေမိခဲ့တယ်

ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့ပါဘူး
ဒါကြောင့်ပဲ ပိုနာကျင်ခဲ့ရတယ်။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

04 Nov, 12:37


အိမ်ဆိုတာ
ပြန်လို့ရတဲ့အရာမှန်း သိလေ
ပိုနာကျင်လေ
ဒါကြောင့်မို့
မြစ်တွေဟာ
သွယ်ဝိုက်စီးဆင်းတာ ဖြစ်မယ် ။

ဝင်းမြင့်

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

03 Nov, 10:57


မင်းဘက်က အသံတိတ်နေရင်
ကိုယ် အလွမ်းနဲ့ဖြေပါ့မယ်

ကိုယ့်ဘက်က အသံတိတ်နေရင်
မင်းကို ငဲ့ညှာတာလို့ မှတ်ယူပေးပါ...။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

02 Nov, 12:08


ပင်လယ်လိုနက်ရှိုင်းမှန်းလည်းသိတယ်
ကြယ်တာယာတွေ၊နက္ခက်တွေ
ကျွမ်းကျင်လို့ရယ်တော့
ဘယ်ဟုတ်ပါ့မလည်း ငယ်ရယ်...

ချစ်လို့လာခဲ့တာလေ
မုန်တိုင်းထန်ထန် လေပြေအေးအေး
မင်းပေးသမျှ ကျေနပ်ရမှာပေါ့..။


# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

02 Nov, 10:23


အခြားသူတွေကျ ကံကောင်းပြီး
ခင်ဗျားတစ်ယောက်တည်း
ကံဆိုးတယ်လို့ တွေးနေမိသလား
သေချာတယ် ခင်ဗျားတစ်ယောက်တည်း မဟုတ်ဘူး
ကျွန်တော်ရောပဲ။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

02 Nov, 03:03


https://www.facebook.com/profile.php?id=61551599657619&mibextid=ZbWKwL


Page လေးကိုlike. followers လေးလုပ်ပေးကြပါအုံး တင်ရတာ အားမရှိလို🥺

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

01 Nov, 14:09


Owner ကိုမေးမေးနေကြလို။ @rudy55555 ဆက်သွယ်လိုရပါတယ်ဗျာ💗🌷

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

01 Nov, 10:45


အချိန်မတန်ခင် ကြွေခဲ့ရတဲ့ကြယ်နီလေး
မင်းလွတ်လပ်ရာသွားပါ နောက်ဆန်မတင်းပါနဲ့
မင်းလုပ်ခဲ့သမျှဟာ အကောင်းဆုံးဖြစ်ခဲ့ပါတယ်
မင်းလျောကိခဲ့လမ်းကြိး အရင်လိုသွေးတေနဲ့
မဟုတ်ပဲ ပန်းတွေဝေဆာနေအောင် ငါတို့ကြိုး
စားနေတယိ... လွတ်လပ်ရေးအမြန်ဆုံးရပါစေ။


# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

01 Nov, 00:08


စစ်ကြိးပိးသွားရင်
အဖေနဲ့အမေအိမ်ကို တည့်တည့်မက်မက်
ပြန်မယ် ပိးရင်အဖေကိုမပြောရဲခဲ့တဲ့ချစ်တယ်
ဆိုတာအဖေကို ငိုပိးပြောမယ် အိမ်ကို
ဘယ်လောက်လွမ်းခဲ့ကြောင်းလည်းပြောမယ်
ပိးရင် ကိုအတွက်ပန်းနဲ့ကြိုတဲ့ခဲ့တဲ့ သူနဲ့တူတူ
လက်တွဲသွားမယ်..

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

31 Oct, 12:17


နေ့နဲ့ညလို
တစ်ခု နောက်ကိုတစ်ခု
တစ်ယောက် နောက်ကိုတစ်ယောက်
လိုက်နေရင်း

ဒီလို အမြဲ
လွဲချော်နေရတာပဲ
မငိုပါနဲ့ ။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

30 Oct, 20:45


ကျွန်တော်ကိုသာ
ခင်ဗျာရွေးချယ်ခဲ့မယ်ဆိုရင်
ခင်ဗျာရင်ခွင်ထဲ တိုးပိးဘယ်လောက်
ချစ်ကြောင်းငိုပိးပြောမိမှာပဲဗျာ။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

30 Oct, 20:32


လောကကြီးထဲမှာ
ခေါင်းစဥ်နဲ့စာကိုယ်မကိုက်ညီတဲ့
သမိုင်းကြောင်းတွေအများကြီးရှိတယ်
အထူးသဖြင့် ကျုပ်ရေးတဲ့သမိုင်းကြောင်းတွေ....။

-ဘယ်လာခင်

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

30 Oct, 11:14


သတိရတယ်မှာ အချိန်အတိုင်းအတာ၊တည်နေရာ
ဘယ်တော့မှ မသတ်မှတ်ထားဘူး...
နာရီကိုပဲရပ်ရပ်၊အဆက်အသွယ်ပဲဖြတ်ဖြတ်
ရောက်လေရာအရပ်က သတိရတယ်။

# black boy

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

29 Oct, 12:43


ယုန်တွေအတွက်တော့
ထွက်ပြေးတယ်ဆိုတာ
မိမိကိုယ်ကို ကာကွယ်ခြင်းပါပဲ။

-လင်းမာအို

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

28 Oct, 12:03


ငါ ဘယ်လောက်ချစ်ခဲ့ပြီးပြီဆိုတာ မရှိဘူး
ငါ ဘယ်လောက်မှလည်း
မချစ်ရသေးပါလား ဆိုတာပဲရှိတယ်
အချစ်မှာ ငါတစ်ခါမှ မရပ်ခဲ့ဘူး။   ။

# black boy

11,103

subscribers

38

photos

11

videos