𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲 @saunghaymarnri Channel on Telegram

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

@saunghaymarnri


ယုန်ကလေးရဲ့ရပ်ဝန်းငယ်‌မှ ကြိုဆိုပါတယ်။

⧼ ဆက်သွယ်ရန် - @ariix_xBOT 𓃹 ⧽

ယုန်ကလေးရဲ့ရပ်ဝန်းငယ်‌မှ ကြိုဆိုပါတယ်။ (Burmese)

ယုန်ကလေးရဲ့ရပ်ဝန်းငယ်‌လှူဒါန်းေဒါက္ကာသာနှင့် ကွိုဆိုပါတယ်။ ယုန်ကလေးအပြီးအစီလူမှတိုင်ဥပဒေပြောင်းသွားပါရန်။ မြန်မာနိုင်ငံနှင့် တစ်နိုင်ငံတကာသင်ကြည့်လိုပါသည်။ ယူနီအကာအဝနှင့် တစ်ဦးအက္ခရာများပုံလုပ်နှင့် ခရီးဝေချင်းများအား လုပ်ပြီး ထုတ်လွှရန်ကြည့်လိုပါသည်။ ယုန်ကလေးရဲ့ရပ်ဝန်းငယ်‌လှူဒါန်းေဒါက္ကာသာနှင့် ဖေဖော်ဝါရေးဖို့ သတင်းထိုးတိုင်နက္ခတဝန်း မျှဝေပါ။ အနည်းဆုံးရှင်မြှင့်လိုပါက သတင်းဖတ်ရှါပြီးဘာလိုအချိန်မရှိပါသလဲ။ ဆက်သွယ်ပေးရန် - @ariix_xBOT 𓃹

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

25 Oct, 05:34


ဒီနေ့လည်း အလှပဆုံးပွင့်လန်းပြီး ရှင်သန်ပေးပါ။

ခက်ခဲကြမ်းတမ်းတဲ့ကျောက်ဆောင်တွေကို ရင်ဆိုင်ကျော်ဖြတ်လာပေးပါ။

ပျော်ရွှင်ခြင်းအိမ်အိုကလေးက မင်းလေးများ ဘယ်အချိန်ရောက်လာလေမလဲဆိုပြီး ရှေ့ကလမ်းသွယ်လေးကိုပဲ မျှော်ငေးနေရှာတာ..

ဒါကြောင့် အားမလျှော့ပဲ သန်မာရမယ်နော်။


-ဆောင်းဟေမာန်ရီ-

ပုံ - 𝒇𝒓𝒐𝒎 𝒑𝒊𝒏𝒕𝒆𝒓𝒆𝒔𝒕

🐇 ⊹ ꒰ #𝐒ᴀᴜɴɢ𝐇ᴀʏᴍᴀʀɴ𝐑ɪ ꒱

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

24 Oct, 14:19


❛ သူငယ်ချင်းတွေထားခဲ့ခံရလို့ အထီးကျန်နေတဲ့ကလေးဖတ်ဖို့ ❜



ခုလို အနားမှာဘယ်သူမှမရှိပေးနိုင်တဲ့အချိန်၊ တစ်ယောက်ထဲ ပင်ပန်းတယ်မလား။
အထီးကျန်တယ်မလား။

အမြဲတမ်းအနားမှာရှိနေပေးမယ်ဆိုပြီး ယုံတမ်းပုံပြင်တွေပြောသွားတဲ့ သူငယ်ချင်းတွေကို စိတ်နာမိတယ်မလား။

မိဘတွေကိုတောင် မစိုးရိမ်စေချင်လို့ မပြောပြဘဲ တစ်ယောက်တည်း အခန်းထဲမှာကြိတ်ငိုခဲ့ရတာပဲမလား။

ဒါဆို ခနလောက် ဒီစာလေးကိုအချိန်ပေးပြီးဖတ်ပေးပါ ကလေး .. ။

ဘယ်လောက်ထိ နာကျင်နေရမလဲဆိုတာနားလည်ပါတယ်။ ကိုယ်ချစ်ရတဲ့ အနီးကအရင်းနှီးဆုံးလူတွေက လိုအပ်နေချိန်ကြမှ ပျောက်ကွယ်ကုန်တာမို့ ဘယ်လောက်ထိ ခံစားနေရမလဲဆိုတာ သိပါတယ်။

ဒါပေမယ့် သူတို့ကြောင့် မအိပ်နိုင်မစားနိုင်ဖြစ်ပြီး ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့။ ကိုယ့်ကိုကိုယ်နာကျင်အောင်မလုပ်ပါနဲ့။ မတန်ဘူးလေ။ ကိုယ့်ဘဝထဲကထွက်သွားတဲ့သူတွေကတော့ သူ့တို့ဘာသာသူတို့ပျော်နေကြပြီ။ ကိုယ်ကပဲ ဘဝမှာသူတို့မရှိ‌တော့လို့ဆိုပြီး ခံစားနေရတာ တန်ပါ့မလား။ ခင်မင်ရင်းနှီးလွန်းလို့ ကိုယ့်ဘက်ကပေးဆပ်ပြီးပေါင်းသင်းခဲ့တာကို သစ္စာဖောက်သွားတဲ့လူတွေကို ဘာလို့တွယ်တာနေသေးတာလဲ။ ကိုယ့်စေတနာနဲ့မတန်တဲ့သူတွေမို့၊ ကိုယ်နဲ့မထိုက်တန်လို့ ကံမ္မာကြီးကသူတို့ကို ထွက်သွားစေခဲ့တယ်လို့ပဲတွေးလိုက်ပါ။ သိုးရည်ခြုံထားတဲ့ ဝံပုလွေတွေဆိုတာ ခုသိလိုက်ရပြီမလား။ ဒါကြောင့်ဝမ်းမနည်းနေပါနဲ့နော်။

ဒီရက်ပိုင်းတွေမှာခံစားနေရအုံးမှာမို့ အဝငိုချပစ်လိုက်ပါ။ ဆဲပစ်ချင်ရင်လည်းရတယ်။ မုန်းပစ်ချင်လည်းမုန်းပစ်လိုက်လို့ရတယ်။ မင်းရင်ထဲမှာ ဘာအငြိုးအတေးမှ မရှိတော့ထိ ဖွင့်ထုတ်ပစ်လိုက်ပါ။

ခံစားလို့ဝသွားရင်တော့ စိတ်သစ်လူသစ်ကိုယ်သစ်နဲ့ ဆက်ပြီးရှင်သန်ဖြတ်သန်းရမယ်‌နော်။ ခုချိန်မှာတော့ တစ်ယောက်တည်းဖြစ်နေအုံးမှာဆိုပေမယ့် အချိန်တန်ရင် မင်းနဲ့ထိုက်တန်တဲ့ သူငယ်ချင်းအစစ်အမှန်တွေက မင်းဘဝထဲကို ရောက်လာအုံးမှာပါ။ ရောက်ကိုရောက်လာမှာ။ ပိုပြီးပျော်ရွှင်ရတော့မှာ။ ဒါကိုယုံကြည်ထားစမ်းပါ။

ရင်ထဲမှာခံစား‌နေရတာတွေ အကုန်ဖွင့်ထုတ်ပြီး၊ စိတ်တွေပြန်တည်ငြိမ်လာတဲ့အချိန်ကျ ကိုယ့်ကိုထားခဲ့တဲ့၊ နောက်ကျောကိုဓားနဲ့ထိုးခဲ့တဲ့ တစ်ချိန်ကအရင်းနှီးဆုံးသော သူငယ်ချင်းဆိုတဲ့ ဝံပုလွေ၊ မြွေဟောက်လိုလူတွေကိုတော့ သေပြီလို့ပဲမှတ်ထားကြည့်လိုက်ပါ။ သူတို့တွေကိုယ့်ဘဝထဲကနေထွက်သွားကြပါပြီ၊ သေသွားကြပါပြီ၊ သူ့ရဲ့နောက်ဘဝတစ်ခုမှာ ပျော်နေတာလို့ပဲ မှတ်ထားကြည့်ပါ။ "သေသောသူ၊ ကြာရင်မေ့" ဆိုသလိုပဲ သေသွားပြီဆိုတော့ သူတို့အပေါ်မှာ ဘာအငြိုးအတေးမှထားစရာမလိုတော့ဘူးမဟုတ်လား။ ဒါကြောင့် တစ်ချိန်က ကိုယ့်အပေါ်လုပ်ခဲ့တာတွေကိုလည်း ကျေးအေးပေးလိုက်ပါ‌။ နှလုံးအေးရတာပေါ့။

‌ကိုယ်ကမခံချင်စိတ်နဲ့ ကြိုးစားရင်း အခြေအနေပြောင်းလဲသွားခဲ့လို့ အောင်မြင်နေချိန်မှာ ပြန်‌လာရောကြရင်တောင် ကင်းနိုင်တဲ့သူဆိုရင် အတတ်နိုင်ဆုံးကင်းအောင်နေပါ။ မာယာတွေနဲ့စကား‌တွေသုံးပြီး အရင်လိုသူငယ်ချင်းပြန်လုပ်ချင်တယ်လို့ ကိုယ့်ကိုပြောလာခဲ့ရင် နောက်ကျောကိုနောက်တစ်ခါထပ်ပြီး ဓားနဲ့အထိုးခံမလားဆိုတာ ပြန်စဉ်းစားပါ။ ကင်းလည်းမကင်းနိုင်ဘူး။ အခေါ်အ‌ပြောမရှိတော့ပေမယ့် အကြောင်းတစ်ခုခုကြောင့် ပတ်ဝန်းကျင်မှာ မြင်တွေ့နေရသေးတယ်၊ ကိုယ်ပျော်နေတာလည်းသူမြင်၊ သူပျော်နေတာလည်းကိုယ်မြင်နေရသေးတယ်ဆိုရင်တော့ သူတို့ကိုမရှိဘူးပြီလို့ပဲတွေးပြီး ကိုယ့်ဟာကိုယ်လွတ်လွတ်လပ်လပ် ပျော်ရွှင်ပြလိုက်ပါ။ မြင်နေရလည်းမမြင်ချင်ယောင်ဆောင်၊ တွေ့နေရလည်း မတွေ့ချင်ယောင်‌ပြီးနေပါ။ အနားမှာရှိမနေဘူးလို့ပဲ တွေးပြီးနေကြည့်ပါ။

အထီးကျန်တာက အစပိုင်းကတော့ ဘာမှမဟုတ်ဘူး။ သာမန်ဝမ်းနည်းမှုလေးလိုပဲလို့ ထင်မိကြလိမ့်မယ်။ ဒါပေမယ့် နောက်ပိုင်းအချိန်ကြလာတဲ့အမျှ ပိုပိုပြီးအထီးကျန်လာတဲ့အခါ စိတ်ဓာတ်တွေပါကျလာတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေကျဆင်းလာတယ်။ အတွေးတွေလွန်တယ်။ နောက်ဆုံးမှာ suicide လုပ်ဖို့ထိပါ တွေးမိတာမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အထီးကျန်တယ်လို့ခံစားရတာနဲ့ မိဘ၊ မောင်နှမတွေကိုရင်ဖွင့်ပြောပြပါ။ တစ်ယောက်ထဲ ကြိတ်မှိတ်ပြီး မခံစားပါနဲ့နော်။

ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ယောက်ယောက်က အထီးကျန်နေတယ်ဆိုတာသိတာနဲ့ အဖော်ပြုပြီး ကူညီဖေးမကြပါစို့လားရှင်။


-ဆောင်းဟေမာန်ရီ-

🐇 ⊹ ꒰ #𝐒ᴀᴜɴɢ𝐇ᴀʏᴍᴀʀɴ𝐑ɪ ꒱

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

23 Oct, 12:54


လူတစ်ယောက်ကို ဘယ်လိုမေ့ရမလဲ။

ရီကိုဆက်သွယ်တဲ့ bot လေးကနေတဆင့် တော်တော်များများ လာမေးကြတဲ့မေးခွန်း။ NGL link ချပေးတာနဲ့ လာမေးကြတဲ့မေးခွန်း။

လူတစ်ယောက်ကိုဘယ်လိုမေ့ရမလဲ။
ဘယ်လိုမေ့နိုင်အောင်လုပ်ရမလဲ။
စသဖြင့်အမျိုးမျိုးပေါ့။
အစပိုင်းမှာတော့ မေးလာသမျှ ‌အဲ့လိုမေးခွန်းတိုင်းကို ignore လုပ်ခဲ့ပါတယ်။

သူတို့လူကိုသူတို့ကိုယ်တိုင်တောင် မမေ့နိုင်တာကို ငါ့လာမေးနေတယ် ဆိုပြီးစိတ်ကသိကအောက်ဖြစ်မိတာပေါ့။

နောက်ပြီး အချစ်နဲ့ပက်သက်တာတွေလာ
မမေးကြပါနဲ့။ ကိုယ့်အပူတွေကိုသူများကို လာမမျှဝေပါနဲ့လို့ပြောထားပါလျက် လာပြောပြကြ၊ လာမေးကြ။ စိတ်အခြေအနေမကောင်းဘဲ အထီးကျန်တဲ့ကလေးတွေအတွက်ရင်ဖွင့်ဖော်အဖြစ် bot မှာလာပြောပြနိုင်ပါတယ်လို့ link ချလိုက်တာနဲ့ အချစ်နဲ့ပက်သက်တာတွေပဲ လာပြီးအကြံဉာဏ်တောင်းနေကြတာများတယ်။

ခုခေတ်လူငယ်တွေကြားမှာက ခေတ်စားနေတာက Relationship ပဲရှိတာကိုး။ ခုတစ်ယောက်ကိုမမေ့နိုင်သေးဘဲ နောက်တစ်ယောက်နဲ့ ထပ်တွဲကြတာပဲမဟုတ်လား။

ဒါကြောင့် ကိုယ့်ရင်ထဲမှာစွဲမြဲနေတဲ့ လူတစ်ယောက်ကို မေ့ချင်ပါလျက် မမေ့နိုင်သူလေးတွေအတွက် ရီ စာလေးရေးပြီးတင်ပေးပါ့မယ်။ အမြင်ချင်းတူချင်မှတူပါမယ်။ အထောက်အကူဖြစ်ခဲ့ရင်တော့ ဝမ်းသာရတာပေါ့။

စောင့်မျှော်ပေးကြပါအုံးရှင်။

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

23 Oct, 11:24


Why do I pull you close and then ask you for space ? .. 🌌

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

23 Oct, 10:43


❛ 𝒀𝒐𝒖 𝑺𝒉𝒐𝒖𝒍𝒅𝒏'𝒕 𝑩𝒆 𝑴𝒊𝒏𝒆 ❜


တစ်ချိန်တုန်းက မင်းကို အရူးအမူးစွဲလန်းခဲ့ဖူးတဲ့ကိုယ်က ခုတော့ "ချစ်တယ်" ဆိုတဲ့စကားလေးတစ်ခွန်းပြောဖို့တောင် တွန့်ဆုတ်နေမိပြီ။

ကိုယ့်မှတကယ်မချစ်ခဲ့တာ..
တကယ်ဆို မင်းကိုမပိုင်ဆိုင်သင့်ခဲ့တာပါ။


-ဆောင်းဟေမာန်ရီ-

ပုံ - 𝒇𝒓𝒐𝒎 𝒑𝒊𝒏𝒕𝒆𝒓𝒆𝒔𝒕

🐇 ⊹ ꒰ #𝐒ᴀᴜɴɢ𝐇ᴀʏᴍᴀʀɴ𝐑ɪ ꒱

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

22 Oct, 14:13


ဆုတောင်းတွေတော့ပြည့်ခဲ့တယ်။ အရင်လိုရင်ခုန်သံတွေကိုတော့ ပြန်မကြားနိုင်တော့ဘူးထင်တယ်။

မပိုင်ဆိုင်ခဲ့ရချိန်ကအချစ်က ဒီလောက်တောင်ရင်ခုန်ဖို့ကောင်းခဲ့တာလေသလား။

တိတ်တခိုးငေးခဲ့ရတဲ့အပြုံးတွေကကော
ဒီလောက်ထိချိုမြိန်ခဲ့လေသလား။

အတိတ်ကဆောင်းရာသီတစ်ခုရဲ့ အဲ့လိုအမှတ်တရတွေကို မေ့ပျောက်ဖြစ်လို့ရနိုင်မယ် မထင်ဘူးရယ်။

ကိုယ့်ဘဝရဲ့ငယ်ရွယ်မှုအဆုံးသတ်ရင်ခုန်သံလေးက မင်းမို့လို့ပဲထင်ပါတယ်ကွယ် .. ။


-ဆောင်းဟေမာန်ရီ-

𝑽𝒅 - 𝒇𝒓𝒐𝒎 𝒕𝒊𝒌𝒕𝒐𝒌

🐇 ⊹ ꒰ #𝐒ᴀᴜɴɢ𝐇ᴀʏᴍᴀʀɴ𝐑ɪ ꒱

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

22 Oct, 14:09


❛ 𝑰𝒇 𝑰 𝒉𝒂𝒅 𝒂 𝒄𝒉𝒂𝒏𝒄𝒆 𝒕𝒐 𝒈𝒐 𝒃𝒂𝒄𝒌 𝒕𝒐 𝒎𝒚 𝒚𝒐𝒖𝒕𝒉 𝒔𝒕𝒐𝒓𝒚.. ❜


ဆောင်းရာသီတစ်ခုရဲ့ 𝑪𝒓𝒖𝒔𝒉 𝑬𝒓𝒂 ကိုသတိရမိတယ်။

အပြုံးတွေကို တိတ်တခိုးလေးငေးကြည့်ရင်း..
အတန်းနားချိန်တွေဆို သူရှိတဲ့စာသင်ခန်းရှေ့က ဘေစင်လေးမှာ လက်ဆေးဟန်ဆောင်ရင်း ချောင်းကြည့်ခဲ့ရတဲ့အချိန်တွေ..

ကိုယ့်ဘေးနားကဖြတ်သွားရင်ပဲဖြစ်ဖြစ်၊ လမ်းမှာ မတော်တဆ မျက်နှာချင်းဆိုင်ဆုံမိရင်ပဲဖြစ်ဖြစ် ကြိတ်ကြည်နူးခဲ့ရတာတွေ..

ပွဲတော်နေ့မှာ မုန့်သွားယူဖို့တန်းစီရင်း
မထင်မှတ်ပဲ သူက‌ကိုယ့်ရှေ့မှာဖြစ်နေခဲ့တဲ့ အခိုက်အတန့် ..

သူ့အပြုံးကို ပထမဆုံးမြင်ခဲ့ရတဲ့နေ့ ..

ဒီလိုနေ့ရက်လေးတွေကို လွမ်းမိတယ်။

ကိုယ့်အောင်သွယ်တော်သူငယ်ချင်းရဲ့ကူညီမှုကြောင့် သုံးယောက်သားအတူ လမ်းသလားခဲ့ဖူးတဲ့ အတိတ်ရဲ့ဇန်နဝါရီရက်စွဲတွေ..

𝑷𝒂𝒔𝒊𝒍𝒚𝒐 သီချင်းလေးနားထောင်ရင်း ကြိတ်ကြည်နူးပြီး စိတ်ကူးယဉ်ခဲ့ရတာတွေ..

အနွေးထည်အရောင်ချင်း 𝑴𝒂𝒕𝒄𝒉𝒊𝒏𝒈 ဖြစ်အောင် တမင်ဝတ်လာခဲ့ဖူးတဲ့ ဆောင်းရာသီရဲ့နေ့ရက်တွေကိုလည်း လွမ်းမိပါတယ်။

သူ့ရှေ့ရောက်ရင် ကိုယ့်ကို သတိထားမိအောင်ဆိုပြီး ကိုယ့်နာမည်လှမ်းခေါ်ကြတဲ့သူငယ်ချင်းတွေ ..

နေ့လည်စာစားချိန် ကိုယ့်ဘေးအတန်းကခုံမှာ ခနလာထိုင်တဲ့သူ့ကို ခိုးကြည့်ခဲ့ရတဲ့အချိန်တွေ..

သူတို့အတန်းရဲ့ကျောင်းတက်မှတ်တမ်းမှာ အင်္ဂါနေ့နဲ့၊ သောကြာနေ့တိုင်း ကျောင်းအမြဲပျက်တတ်လို့ တိတ်တခိုးသတင်းမေးခဲ့ရတာတွေ..

သူငယ်ချင်းတစ်ယောက်က သူ့အိမ်ရှိတဲ့ လမ်းကိုသိလို့လိုက်ပြမယ်ဆိုလို့ အတူသွားကြရင်း လမ်းမှာပတ်ချာလည်ခဲ့ရ‌တာတွေ..

ဒီလိုအမှတ်တရသေးသေးလေးတွေကိုလည်း လွမ်းမိပါသေးတယ်။

အောင်သွယ်တော်သူငယ်ချင်းရဲ့ ကူညီမှုကြောင့် သုံးယောက်သားအတူ လမ်းသွားနေရင်း ပျာယာခတ်ပြီး ခလုတ်တိုက်မိလို့ သူလေးပထမဆုံးကြိတ်ပြုံးသွားတဲ့နေ့ကလည်း ဒီနေ့အထိအမှတ်ရစရာပါပဲ။

ဆုတောင်းတွေတော့ပြည့်ခဲ့တယ်။ အရင်လိုရင်ခုန်သံတွေကိုတော့ ပြန်မကြားနိုင်တော့ဘူးထင်တယ်။

မပိုင်ဆိုင်ခဲ့ရချိန်ကအချစ်က ဒီလောက်တောင်ရင်ခုန်ဖို့ကောင်းခဲ့တာလေသလား။

တိတ်တခိုးငေးခဲ့ရတဲ့အပြုံးတွေကကော
ဒီလောက်ထိချိုမြိန်ခဲ့လေသလား။

အတိတ်ကဆောင်းရာသီတစ်ခုရဲ့ အဲ့လိုအမှတ်တရတွေကို မေ့ပျောက်ဖြစ်လို့ရနိုင်မယ် မထင်ဘူးရယ်။

ကိုယ့်ဘဝရဲ့ငယ်ရွယ်မှု အဆုံးသတ်ရင်ခုန်သံလေးက မင်းမို့လို့ပဲထင်ပါတယ်ကွယ် .. ။


-ဆောင်းဟေမာန်ရီ-

🐇 ⊹ ꒰ #𝐒ᴀᴜɴɢ𝐇ᴀʏᴍᴀʀɴ𝐑ɪ ꒱

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

22 Oct, 08:51


အခက်ခဲတွေကြားကနေ သန်မာလာခဲ့ပါ။
ရေခဲစိုင်တွေကိုဖြတ်ပြီး ပွင့်လန်းလာတဲ့
ပန်းတွေလို ..
ကျောက်ဆောင်တွေကိုရင်ဆိုင်နိုင်တဲ့
ပန်းကလေးတွေလိုမျိုးပေါ့။

''𝑬𝒗𝒆𝒓𝒚 𝒇𝒍𝒐𝒘𝒆𝒓𝒔 𝒃𝒍𝒐𝒐𝒎𝒔 𝒊𝒏 𝒊𝒕𝒔 𝒐𝒘𝒏 𝒕𝒊𝒎𝒆''

ပန်းတိုင်းမှာ သူတောက်ပလာမယ့်
ကိုယ်ပိုင်အချိန်ဆိုတာရှိမြဲမလို့
လက်မလျော့ပဲ ရှင်သန်ပါ။
မင်းရဲ့အချိန်ကိုရောက်လာတဲ့အခါ
အတောက်ပဆုံးပွင့်လန်းမှာပါ..။


-လာဗန်ဒါပန်-

ပုံ - 𝒇𝒓𝒐𝒎 𝒑𝒊𝒏𝒕𝒆𝒓𝒆𝒔𝒕

🪻⊹ ꒰ #𝙇𝙖𝙫𝙚𝙣𝙙𝙚𝙧𝙋𝙖𝙣 ꒱

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

21 Oct, 12:14


ရီရဲ့စာဖတ်သူလေးတွေအဆင်ပြေရင် ဒီ link လေးကို နှိပ်ပြီး ပြောပြကြည့်ပါလားရှင် ~ 🤍

https://t.me/saunghaymarnri/900

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

21 Oct, 09:40


❛ 𝑴𝒚 𝑫𝒓𝒆𝒂𝒎 𝑳𝒊𝒇𝒆 ❜


မနက်ဖြန်တိုင်းကို အပူအပင်မရှိ နိုးထခွင့်ရနိုင်မယ့် ဘဝမျိုးလိုချင်တယ်။

အစိမ်းရောင်တောအုပ်ငယ်လေးထဲက ခြံဝန်းလေးတစ်ခုမှာ သစ်သားအိမ်ငယ်လေး‌တစ်လုံးရှိနေမယ်။

လူချမ်းသာအိမ်တွေလို ကြီးကျယ်မခမ်းနားပေမယ့် ရိုးရှင်းပြီး ‌ခိုနားချင်စရာအိမ်ငယ်လေး။

အိမ်ကလေးရဲ့ ဘေးပတ်လည်မှာ သစ်ပင်အချို့နဲ့ တောရိုင်းပန်းကလေးတွေပေါက်နေမယ်။ အိမ်လေးထဲမှာလည်း အစီအရီအလှစိုက်ထားတဲ့ ပန်းပင်အိုးငယ်လေးတွေရှိမယ်။
အညိုရောင် သစ်သားစာအုပ်စင်လေးတွေရှိမယ်။ မွှေးပွကြောင်ကလေးတွေရှိမယ်။

စိတ်တွေပင်ပန်းလာတယ်လို့ ခံစားရတိုင်း အနားယူအိပ်စက်နိုင်တဲ့ အိပ်ရာလေးတစ်ခုလည်းရှိနေမယ်။

အိပ်ရာလေးရဲ့ဘေးမှာ အဖြူရောင်ခန်းစီးလိုက်ကာတွေနဲ့ သစ်သားပြတင်းပေါက်လေးတစ်ခုရှိမယ်။

မိုး‌ဖွဲ့ဖွဲ့လေးရွာတဲ့ နေ့လည်ခင်းတွေဆို
ဒီသစ်သားပြတင်းပေါက်လေးကနေ လေပြေညှင်းလေးတွေတိုက်ခတ်မယ်။

မိုးညှင်းပေါက်လေးတွေရဲ့တဖြောက်ဖြောက်ကျသံတွေကြားရမယ်။

မြင်ရတဲ့မြင်ကွင်းကကော ဘယ်လောက်တောင်လှနေလိုက်မလဲ။

ဘယ်လောက်တောင် အေးချမ်းဖွယ်ကောင်းလိုက်မလဲ .. ။


-ဆောင်းဟေမာန်ရီ-

𝑽𝒅 - 𝒇𝒓𝒐𝒎 𝒕𝒊𝒌𝒕𝒐𝒌

🐇 ⊹ ꒰ #𝐒ᴀᴜɴɢ𝐇ᴀʏᴍᴀʀɴ𝐑ɪ ꒱

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

20 Oct, 14:59


မိုးအေးအေးနဲ့ ဒါလေးနားထောင်ရင်း.. 🥕🤍 ကောင်းသောညပါ မုန်လာဉလေးတို့!

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

20 Oct, 12:26


ရှင်သန်ရတာ ပင်ပန်းနေပြီလား။
နေ့ရက်တိုင်းက အတူတူပဲလို့ခံစားနေပြီလား။
လောကကြီးထဲက ထွက်သွားဖို့ အတွေးတွေ
ခနခနတွေးမိနေပြီလား။

ဒါဆို ခနလောက် ကိုယ်ပြောတာကို
နားထောင်ပေးပါ။

ဒီရက်ပိုင်း အဆင်မပြေတာတွေများနေတာ
သိပါတယ်။ သူများတွေအမြင်မှာတော့ ဘာမှမဟုတ်တဲ့ကိစ္စလေးဆိုပေမယ့် မင်းအတွက်တော့ ဘယ်လောက်ထိတောင် ခံစားစေခဲ့ရလဲဆိုတာ နားလည်ပါတယ်။

ဒါပေမယ့် မင်းရဲ့နေ့ရက်တွေတိုင်းက ဒီလိုကြီးပဲ အမြဲဖြစ်နေမှာမှမဟုတ်ဘဲ။ အချိန်တစ်ခုရောက်ရင်တော့ အရင်လိုအဆင်ပြေသွားမှာပါပဲ။

မင်းလည်း ပျော်ရွှင်မှုနဲ့ထိုက်တန်တဲ့ လူတစ်ယောက်ပဲ‌လေ။ အခြားသူတွေပျော်နေနိုင်ကြသလို မင်းမှာလည်းပျော်ရွှင်ခွင့်ရှိတာပဲ။

အခုချိန်မှာ မပျော်ရွှင်နေနိုင်ပေမယ့် ဒီလိုဆိုးရွားတဲ့အခြေအနေတွေကို ကျော်ဖြတ်ပြီးအချိန်တစ်ခုကျ ပျော်စရာတွေ မင်းအတွက်ရောက်လာမှာပါ။

မိုးကောင်းကင်ကြီးကိုပဲကြည့်။
တိမ်တွေညို့မှိုင်းပြီး မိုးတွေသည်းကြီးမည်းကြီးရွာသွန်းတဲ့နေ့တွေ ပြီးဆုံးသွားတိုင်း ..

‌ကောင်းကင်မှာ တိမ်စိုင်တွေအလှပဆုံးဝေ့ဝဲနေတာကိုတွေ့ရမြဲပဲမဟုတ်လား။

ဒီခပ်သိုးသိုးနေ့ရက်တွေရဲ့နောက်မှာ ပျော်ရွှင်မှုရက်စွဲလေးတွေက မင်းကိုစောင့်ကြိုနေပြီးသားဆိုတာယုံကြည်လိုက် .. ။


-ဆောင်းဟေမာန်ရီ-

𝑽𝒅 - 𝒃𝒚 𝑪𝒀𝑳

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

18 Oct, 06:51


ဒီမနက် ..
စာဖတ်သူကလေးတစ်ယောက်လာပို့ပေးသွားတဲ့ 𝑨𝑰 𝒂𝒓𝒕 လေးတွေပါ။

တကယ်ချစ်စရာလေးတွေပါရှင်။

ထပ်ပြီးကျေးဇူးတင်ပါတယ်နော် 𝑾𝒐𝒏𝒏𝒊𝒆 လေး .. 💖

🐥 ⊹ ꒰ #ғᴀɴᴀʀᴛ ꒱

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

18 Oct, 02:14


❛ 𝑴𝒚 𝑪𝒐𝒎𝒇𝒐𝒓𝒕 𝑾𝒐𝒓𝒍𝒅 ❜


တစ်ယောက်ထဲဖြစ်ရမှာ အရမ်းကြောက်ခဲ့ဖူးတယ်။ အထီးကျန်ရတဲ့ အချိန်တွေကို အရမ်းကြောက်ခဲ့ဖူးပါတယ်။

ခုတော့စာအုပ်လေးတစ်အုပ်ရှိရုံနဲ့တင်
ငါ့အတွက်လုံလောက်နေခဲ့ပြီ။

လူတွေကို သိပ်ပြီးသံယောဇဉ်မထားဖြစ်တော့သလို မတွယ်ကပ်တတ်တော့ဘူး။
ဒီတိုင်း စာအုပ်လေးတစ်အုပ်ရှိနေရင်ရပြီမို့..။

စာအုပ်ထဲက 𝑪𝒉𝒂𝒓𝒂𝒄𝒕𝒆𝒓 တွေ..
စိတ်ဝင်စားဖွယ် ဇာတ်လမ်းတွေကြောင့်ငါ့ရဲ့အထီးကျန်စရာအချိန်တွေဟာ ပန်းကလေးတွေဖူးပွင့်လာတဲ့ ကမ္ဘာငယ်လေးအဖြစ် ပြောင်းလဲခဲ့တော့တယ်။

အဲ့ဒီကမ္ဘာငယ်လေးထဲမှာ
ငါရယ်..
စာအုပ်တွေရယ်..
စာအုပ်ထဲက ဇာတ်ကောင်တွေရှိနေမယ်။
ပန်းကလေးတွေ အရောင်စုံဖူးပွင့်နေမယ်။
ခေတ်ဟောင်းတေးသွားအချို့ ပျံ့လွင့်နေမယ်။

အထီးကျန်လာတယ်လို့ ခံစားရချိန်တိုင်း စာအုပ်တစ်အုပ်ကို ဖွင့်လို့ ကမ္ဘာငယ်လေးထဲ ဝင်ပုန်းမယ်။

စိတ်က‌လေးရဲ့နားခိုရာ ကမ္ဘာငယ်လေးတစ်ခုပေါ့ကွယ် .. ။


-ဆောင်းဟေမာန်ရီ-

ပုံ - 𝑴𝒊𝒏𝒆

🐇 ⊹ ꒰ #𝐒ᴀᴜɴɢ𝐇ᴀʏᴍᴀʀɴ𝐑ɪ ꒱

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

17 Oct, 15:54


သာမန်ညလေးပါပဲ။

သီတင်းကျွတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
လရောင်ဖြာနေတာကလွဲလို့
ဘာမှမထူးခြားတဲ့ သာမန်ညတစ်ည။

ပျော်နေတဲ့လူတွေမြင်တယ်။
နိုင်ငံအကြောင်းကိုမေ့၊ ကိုယ့်ဘဝကိုယ်မေ့
ပျော်နိုင်‌ရှာတော့ ပျော်နေကြတာပါပဲ။
ကိုယ်တိုင်တော့ မပျော်နိုင်ဘူး။

ကိုယ့်လိပ်ပြာကိုယ် မလုံမှာကြောက်လို့ .. ။


-ဆောင်းဟေမာန်ရီ-

🐇 ⊹ ꒰ #𝐒ᴀᴜɴɢ𝐇ᴀʏᴍᴀʀɴ𝐑ɪ ꒱

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

17 Oct, 14:00


အဓိပ္ပာယ်ရှိတဲ့စာစုလေးပါ။ 🪔

https://t.me/cyrusjohn233/129

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

17 Oct, 11:24


ငါတို့အတွက် ကြွေဆင်းပေးခဲ့တဲ့
ကြယ်ကလေးတွေရှိခဲ့တာ မမေ့သင့်ဘူးမလား .. ။ 🌠

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

17 Oct, 10:29


❛ မမေ့နိုင်‌သော လပြည့်ည ❜

လွန်ခဲ့တဲ့၇နှစ်က သီတင်းကျွတ်လပြည့်ညကိုပြန်ရောက်ချင်မိတယ်။

ငယ်ကျွမ်း‌ဆွေအစ်မတစ်ယောက်ရဲ့အိမ်မှာ မိသားစုသုံးစု စုပေါင်းပြီးအတူပျော်ခဲ့ကြတဲ့ သီတင်းကျွတ်ညလေးတစ်ညပေါ့ကွယ်။

အိမ်ရှေ့က ချောင်းလေးမှာထိုးထားတဲ့ သစ်သားတံတားငယ်လေး ..

ချောင်းငယ်ရဲ့ ရေမျက်နှာပြင်ပေါ်မှာ အထင်းသားမြင်ရတဲ့ လ‌ဝန်းရဲ့ပုံရိပ် ..

ခြံဝန်းထဲကော အိမ်ဘေးပတ်လည်မှာပါ ထွန်းလင်းထားတဲ့ ရောင်စုံ‌ဖယောင်းတိုင်တွေ ..

𝑮𝒆𝒏𝒅𝒆𝒓 ချင်းမတူပေမယ့်လည်း ဖြူစင်ရိုးသားတဲ့စိတ်တွေနဲ့ ခင်မင်ခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေ ..

စုံလင်တဲ့စားစရာတွေကို အတူစုပေါင်းချက်ပြုတ်နေရင်း ရယ်မောနေကြတဲ့ မိဘတွေ ..

အိမ်နားကမှောင်မိုက်မိုက် ဓမာရုံဟောင်းကြီးထဲမှာ ပိုးစုန်းကြူးလေးတွေကို ကိုယ်စီဖမ်းလို့ အတူလွှတ်ထည့်ခဲ့ကြတဲ့ ပုံရိပ်လေးကတော့
ခုထိမေ့မရနိုင်ဆုံးပါပဲ။

ဒီလိုနဲ့ပဲ ခုနှစ်နှစ်တောင်ကြာခဲ့ပါပြီ .. ။


-ဆောင်းဟေမာန်ရီ-

ပုံ - 𝒇𝒓𝒐𝒎 𝒑𝒊𝒏𝒕𝒆𝒓𝒆𝒔𝒕

🐇 ⊹ ꒰ #𝐒ᴀᴜɴɢ𝐇ᴀʏᴍᴀʀɴ𝐑ɪ ꒱

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

17 Oct, 01:41


ယနေ့သီတင်းကျွတ်လပြည့်အခါသမယနေ့လေးမှာ .. 🎆💗

ရီရဲ့ စာဖတ်သူမုန်လာဉလေးတို့အတွက် တောင်းဆုမွန်လွှာလေးပါရှင်။

စာဖတ်သူအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ သာယာအေးချမ်းတဲ့ မနက်ခင်း‌လေးကိုပိုင်ဆိုင်ရပါစေ။

နေ့ရက်တိုင်းမှာအပြုံးဆင်နိုင်ပါစေ။
စိတ်ကလေးလည်း ပိုပြီးကြည်လင်လာပြီး
စိတ်ရဲ့အေးချမ်းရာအိမ်က‌လေး ကိုရှာတွေ့လာရပါစေ။

ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ကြပါစေ။

အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ကြပါစေ။

ချစ်ရသူနဲ့အဆင်‌ပြေစွာပေါင်းဖက်နိုင်ကြပါစေ။

မိသားစု၊ သူငယ်ချင်းတွေနဲ့အတူနဲ့ ဒီလပြည့်ညလေးကို ဖြတ်သန်းနိုင်ကြပါစေ။


-ဆောင်းဟေမာန်ရီ-

🐇 ⊹ ꒰ #𝐒ᴀᴜɴɢ𝐇ᴀʏᴍᴀʀɴ𝐑ɪ ꒱

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

16 Oct, 14:59


ကောင်းသောညပါ မုန်လာဉလေးတို့ရေ .. ☘️

D4vdရဲ့ အကောင်းဆုံးဖြစ်တဲ့ ဒီသီချင်းလေးနားထောင်ပြီး စိတ်အေးချမ်းစွာအိပ်စက်နိုင်ကြပါစေရှင်။

3,554

subscribers

467

photos

34

videos