MFSD @fsdgovmm Channel on Telegram

MFSD

@fsdgovmm


- မီးဘေးလုံခြုံရေး။
- သဘာဝဘေးအန္တရာယ် ကာကွယ်ရေး။
- ရှာဖွေကယ်ဆယ်ရေး။
- ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး။

MFSD (Burmese)

မီးဘေးလုံခြုံရေး ဆိုတာကို သိရှိလိုပါတယ်။ MFSD ဆက်သွယ်လိုပါက @fsdgovmm အမည်နှင့်စာကြောင်းအကြောင်းပေါင်းကြည့်နိုင်ပါတယ်။ ဤခန့်အတည်ပြုရန်သူများအလုပ်အကိုင် အန္တရာယ် ကာကွယ်လိုပါက MFSD ကို အသုံးပြုနိုင်ပါသည်။ လူမှုများ၊ ကယ်ဆယ်များ၊ ရေးကယ်ဆယ် နှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်နိုင်ပါသည်။ အသုံးဝင်တဲ့နေရာတွေလည်း MFSD ကို သုံးစွဲလိုပါက @fsdgovmm ဆက်သွယ်ပါ။

MFSD

15 Feb, 17:48


၁၆.၂.၂၀၂၅ ရက်နေ့၊ ၀၀ ၁၁ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ ဘာဒါဈေး တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
Update
၀၀ ၁၄ အချိန်တွင် Level 1 ယာဉ်အုပ်စုထွက်ခွာလျက်ရှိပါသည်။
Update
၀၀ ၁၆ အချိန်တွင် Level 2 ယာဉ်အုပ်စုထွက်ခွာလျက်ရှိပါသည်။ Update
၀၀ ၄၈ အချိန်တွင် မီးထိန်းပါသည်။ Update
၀၁ ၀၁ အချိန်တွင် မီးငြိမ်းပါသည်။

MFSD

15 Feb, 17:33


၁၅.၂.၂၀၂၅ ရက်နေ့၊ ၁၉ ၅၀ အချိန်ခန့်၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ဂုံညှင်းတန်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မုဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကမာဝက်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကမာဝက်မြို့အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ တံခွန်တိုင်ကျေးရွာအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ညောင်ကုန်းကျေးရွာအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၀ ၁၀ အချိန်တွင်မီငြိမ်းပါသည်။

MFSD

15 Feb, 14:59


၁၅.၂.၂၀၂၅ ရက်နေ့၊ ၁၅ ၅၃ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ နောင်ခေးခမ်းရေကန်တွင် ငါးကန်ရေလွှဲမြောင်းတူးရာမှ မြေဇာပုံများပြိုကျ၍ လူ(၁)ဦး ပိမိနေကြောင်းသတင်းရရှိသဖြင့် တန့်ယန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ပေးခဲ့ရာ ၁၆ ၂၀ အချိန်ခန့်တွင် ကျား(၁)ဦး(သေဆုံး)အား ရှာဖွေတွေ့ရှိခဲ့ပြီး မွတ်ဆလင်လူမှုကူညီရေးအသင်းကားဖြင့် တန့်ယန်းမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပါသည်။

MFSD

15 Feb, 14:32


၁၅.၂.၂၀၂၅ ရက်နေ့၊ ၁၉ ၀၆ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အနောက်ရိုးကြီးရပ်ကွက်၊ အနောက်လမ်းသစ်တန်းလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာယာဝတီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သုံးဆယ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၉ ၂၀ အချိန်တွင် မီးငြိမ်းပါသည်။

MFSD

15 Feb, 11:55


၁၅.၂.၂၀၂၅ ရက်နေ့၊ ၁၅ ၀၀ အချိန်ခန့်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၉၇/၄)နှင့်(၉၇/၅)ကြားတွင် တောမီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၆ ၀၀ အချိန် မီးငြိမ်းပါသည်။

MFSD

15 Feb, 11:44


၁၅.၂.၂၀၂၅ ရက်နေ့၊ ၁၆ ၁၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲကျေးရွာတွင် လူနေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၇ ၀၉ အချိန် မီးငြိမ်းပါသည်။

MFSD

15 Feb, 06:28


၁၅.၂.၂၀၂၅ ရက်နေ့၊ ၁၂ ၅၂ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးတွင် မြက်ခြောက် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၂ ၅၆ အချိန် မီးငြိမ်းပါသည်။

MFSD

15 Feb, 06:00


၁၅.၂.၂၀၂၅ ရက်နေ့၊ ၁၂ ၂၁ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်တွင် မြက်ခြောက် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။ Update
၁၂ ၄၀ အချိန် မီးငြိမ်းပါသည်။

MFSD

15 Feb, 04:39


၁၅.၂.၂၀၂၅ ရက်နေ့၊ ၁၁ ၀၂ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
Update
၁၁ ၀၈ အချိန် မီးထိန်းပါသည်။ Update
၁၁ ၁၃ အချိန် မီးငြိမ်းပါသည်။

MFSD

14 Feb, 10:57


ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်ဝန်ထမ်းဟောင်းများအသင်း၏ (၃၇)နှစ်မြောက် သက်ကြီးပူဇော်ပွဲနှင့် နှစ်ပတ်လည်အစည်းအဝေးအခမ်းအနားကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် သီတာခန်းမ၌ကျင်းပရာ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် အရာရှိကြီးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်ဝန်ထမ်းဟောင်းများအသင်းမှ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)နှင့် အငြိမ်းစားအရာရှိကြီးများ၊ အငြိမ်းစားမီးသတ်ဝန်ထမ်းဟောင်းများ တက်‌ရောက်ကြသည်။
ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့်တပ်ဖွဲ့ဝင်များက (၇၅)နှစ်နှင့်အထက် မီးသတ်ဝန်ထမ်းဟောင်း(၉၂)ဦးအား ဂါရဝပြုကန်တော့ပြီး မီးသတ်ဝန်ထမ်းဟောင်းများ၏ ကျန်းမာရေး ကူညီထောက်ပံ့နိုင်ရန်အတွက် ညွှန်ကြားရေးမှူးချုပ်မှ ငွေကျပ် ၂၁,၁၈၀,၀၀ဝိ/-အား ပေးအပ် လှူဒါန်းသည်။
အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက အဖွင့်အမှာစကားနှင့် အသင်းနာယက ဦးမြင့်ထွန်း၊ အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းတို့က အမှာစကားများပြောကြားခဲ့ပြီး နှစ်ပတ်လည်အစီရင်ခံစာအား အတွင်းရေးမှူး ဦးသော်တာ ညွှန်ကြားရေးမှူး(ငြိမ်း)က တင်သွင်းကာ အသင်းနှစ်ပတ်လည် အစည်းအဝေး ပြီးမြောက်ခဲ့ကြောင်း သိရသည်။

MFSD

14 Feb, 10:16


၁၄.၂.၂၀၂၅ ရက်နေ့၊ ၁၆ ၄၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြိုနယ်၊ ဘွက်ကြီးကျေးရွာ၊ မြို့ရှောင်လမ်းတွင် မြက်ခြောက်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်မှော်ဘီမြို့နယ်မီးသတ်စခန်းနှင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာလျက်ရှိပါသည်။Update
၁၆ ၅၂ အချိန် မီးငြိမ်းပါသည်။

MFSD

14 Feb, 08:33


၁၄.၂.၂၀၂၅ ရက်နေ့၊ ၁၃ ၅၈ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ပန်ခွာကျေးရွာတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်ဆည်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၄ ၂၃ အချိန် မီးငြိမ်းပါသည်။

MFSD

13 Feb, 23:31


၁၄.၂.၂၀၂၅ ရက်နေ့၊ ၀၃ ၂၅ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အောက်ဈေးတန်းရပ်ကွက်၊ ပိတောက်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မိုင်းပျဉ်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၃ ၄၀ အချိန်တွင် မီးငြိမ်းပါသည်။

MFSD

13 Feb, 21:29


၁၄.၂.၂၀၂၅ ရက်နေ့၊ ၀၃ ၅၀ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ သီရိရတနာဈေးတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြောက်ဉက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာလျက်ရှိပါသည်။Update
၀၄ ၁၀ အချိန် မီးထိန်းပါသည်။Update
၀၄ ၁၃ အချိန် မီးငြိမ်းပါသည်။

MFSD

13 Feb, 09:48


၁၃.၂.၂၀၂၅ ရက်နေ့၊ ၁၅ ၁၆ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ(၁)ဦး ညပ်နေကြောင်း သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ၁၅ ၅၇ အချိန်တွင် အမျိုးသမီး(၁)ဦး၏ ရုပ်အလောင်းအား ပြန်လည်ရှင်သန်ရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

MFSD

26 Jan, 13:59


၂၆.၁.၂၀၂၅ ရက်နေ့၊ ၁၈ ၃၀ အချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ သီရိမြိုင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ကုန်စုံဆိုင်တွင် မြွေ(၁)ကောင်ဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် ကော့သောင်းမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ဖမ်းဆီးပေးခဲ့ပါသည်။

MFSD

26 Jan, 13:59


၂၆.၁.၂၀၂၅ ရက်နေ့၊ ၂၀ ၂၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ (၁၄၀)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာလျက်ရှိပါသည်။ Update
၂၀ ၃၈ အချိန် မီးထိန်းပါသည်။ Update
၂၀ ၄၁ အချိန် မီးငြိမ်းပါသည်။

MFSD

25 Jan, 09:41


၂၅.၁.၂၀၂၅ ရက်နေ့၊ ၁၅ ၃၆ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၄)၊ ခဲလယ်လမ်းတွင် ထော်လာဂျီ(၁)စီးမြောင်းထဲကျ၍ လူ(၁)ဦး ပိတ်မိနေကြောင်း သတင်းရသဖြင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် မ(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား သန္တိသုခလူမှုကူညီရေး အသင်းယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

MFSD

24 Jan, 16:39


၂၄.၁.၂၀၂၅ ရက်နေ့၊ ၂၁ ၅၃ အချိန်ခန့်၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘုရင့်နောင်ကွက်သစ်၊ ရာဘာမှိုင်းခံရုံတွင် မီးလောင်မှုဖြစ်ပွားနေကြောင်းသတင်းရရှိသဖြင့် ဘီးလင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၂ ၁၈ အချိန် မီးငြိမ်းပါသည်။

MFSD

24 Jan, 12:21


၂၄.၁.၂၀၂၅ ရက်နေ့၊ ၁၇ ၂၆ အချိန်ခန့်၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ရပ်ကွက်(၅)တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ချောင်းဆုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၇ ၃၅ အချိန် မီးငြိမ်းပါသည်။

MFSD

24 Jan, 05:12


၂၄.၁.၂၀၂၅ ရက်နေ့၊ ၁၁ ၃၉ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်(တောင်)ရပ်ကွက်၊ ငုဝါလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာလျက်ရှိပါသည်။
Update
၁၁ ၄၃ အချိန် မီးထိန်းပါသည်။
Update
၁၁ ၄၉ အချိန် မီးငြိမ်းပါသည်။

MFSD

24 Jan, 05:06


၂၄.၁.၂၀၂၅ ရက်နေ့၊ ၁၁ ၃၀ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ဓမ္မစေတီလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး ထွက်ခွာလျက်ရှိပါသည်။
Update
၁၁ ၃၃ အချိန် မီးငြိမ်းပါသည်။

MFSD

23 Jan, 16:25


၂၃.၁.၂၀၂၅ ရက်နေ့၊ ၁၉ ၂၀ အချိန်ခန့်၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ် ၇ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကော့ကရိတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၉ ၅၀ အချိန်တွင် မီးငြိမ်းပါသည်။

MFSD

23 Jan, 07:21


၂၃.၁.၂၀၂၅ ရက်နေ့၊ ၁၃ ၄၆ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ဝက်မစွပ်ဝန်ထောက်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။ Update
၁၃ ၅၂ အချိန် မီးငြိမ်းပါသည်။

MFSD

23 Jan, 00:40


Update
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦး၊ မ(၂)ဦးအနက် မ(၁)ဦးသေဆုံး၊ ကျား(၃)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၁)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား သွေးဒါနမျိုးဆက်သူနာတင်ယာဉ်ဖြင့် လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။

MFSD

22 Jan, 23:37


၂၃.၁.၂၀၂၅ ရက်နေ့၊ ၀၆ ၀၂ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၆)ရပ်ကွက်၊ စုပြည့်ရတနာလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ (၇၀)နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။Update
၀၆ ၂၃ အချိန် မီးထိန်းပါသည်။
Update
၀၆ ၂၈ အချိန် မီးငြိမ်းပါသည်။

MFSD

22 Jan, 23:10


၂၃.၁.၂၀၂၅ ရက်နေ့၊ ၀၅ ၂၁ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ (၁)ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့်တောင်ငူလမ်းထောင့်တွင် ယာဉ်တိုက်မှုဖြစ်ပွား၍ လူညပ်နေကြောင်းသတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

MFSD

22 Jan, 17:22


၂၂.၁.၂၀၂၅ ရက်နေ့၊ ၂၀ ၄၅ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀၈/၂)နှင့် (၁၀၈/၃)ဖာလုံအကြား တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် (၁၁၅)မိုင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၄)ဦးအနက် ကျား(၁)ဦး(သေဆုံး) နှင့် ကျား(၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ဖြူးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပါသည်။

MFSD

22 Jan, 14:26


၂၂.၁.၂၀၂၅ ရက်နေ့၊ ၂၀ ၄၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ အကွက်အမှတ်(၂၃၃) တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ရွှေလင်ဗန်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး ဖြင့်ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။Update
၂၀ ၅၀ အချိန်တွင် မီးငြိမ်းပါသည်။

MFSD

22 Jan, 09:05


၂၂.၁.၂၀၂၅ ရက်နေ့၊ ၁၅ ၃၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတောင်ရပ်ကွက်၊ ဒဂုံစင်တာ(၂) အပေါ်ထပ် (၁၀)လွှာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး ထွက်ခွာလျက်ရှိပါသည်။ Update
၁၅ ၃၈ အချိန် မီးငြိမ်းပါသည်။

MFSD

22 Jan, 09:00


၂၂.၁.၂၀၂၅ ရက်နေ့၊ ၁၂ ၂၀ အချိန်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ နေအိမ်တွင် မြွေဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် ကော့သောင်းခရိုင်/မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ သွားရောက်ဖမ်းဆီး၍ ဘေးလွတ်ရာသို့ လွှတ်ပေးခဲ့ပါသည်။

MFSD

22 Jan, 07:34


၂၂.၁.၂၀၂၅ ရက်နေ့၊ ၁၃ ၅၉ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်တွင် မြက်ခြောက်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးနှင့် နိဗ္ဗာန်ချမ်းသာပရဟိတအသင်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။ Update
၁၄ ၃၆ အချိန် မီးငြိမ်းပါသည်။

MFSD

21 Jan, 16:50


၂၁.၁.၂၀၂၅ ရက်နေ့၊ ၂၃ ၀၄ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၂၃ ၁၄ အချိန် လူနာကယ်ထုတ်ပြီးစီး၍ ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။

MFSD

21 Jan, 13:23


၂၁.၁.၂၀၂၅ ရက်နေ့၊ ၁၉ ၄၄ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမဘေး၊ (ZTH)ဆီဆိုင်အနီးတွင် တဲအိမ်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ထန်းတပင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး ထွက်ခွာလျက်ရှိပါသည်။Update
၁၉ ၅၄ အချိန် မီးငြိမ်းပါသည်။

MFSD

21 Jan, 03:01


၂၁.၁.၂၀၂၅ ရက်နေ့၊ ၀၇ ၁၅ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ စက်မှုဇုံ၊ ဆေးရိုးစက်လုပ်ငန်းဝန်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြင်းခြံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၄)စီး၊ မြင်းခြံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ မြင်းခြံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ စက်မှုဇုံအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၇ ၃၈ အချိန် မီးငြိမ်းပါသည်။

MFSD

21 Jan, 00:34


၂၁.၁.၂၀၂၅ရက်နေ့၊ ၀၃ ၅၃ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ နောင်ခေ့လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျိုင်းတုံခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၄ ၃၀ အချိန်တွင် မီးငြိမ်းပါသည်။

MFSD

10 Jan, 14:57


၁၀.၁.၂၀၂၅ ရက်နေ့၊ ၂၁ ၂၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ စံပယ်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြောက်ဉက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာလျက်ရှိပါသည်။ Update
၂၁ ၃၅ အချိန် မီးငြိမ်းပါသည်။

MFSD

10 Jan, 14:47


၁၀.၁.၂၀၂၅ ရက်နေ့၊ ၂၁ ၀၁ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်း၊ ဘုရင့်နောင်ပွဲရုံဝန်းအတွင်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။ Update
၂၁ ၁၂ အချိန် မီးငြိမ်းပါသည်။

MFSD

10 Jan, 06:19


၁၀.၁.၂၀၂၅ ရက်နေ့၊ ၁၂ ၄၅ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောင်းကုန်းကျေးရွာ၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင် ကွင်းမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ထန်းတပင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာလျက်ရှိပါသည်။
Update
၁၃ ၀၀ အချိန် မီးငြိမ်းပါသည်။

MFSD

10 Jan, 05:03


၁၀.၁.၂၀၂၅ ရက်နေ့၊ ၁၁ ၃၀ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃)ရပ်ကွက်၊ ကေတုမတီလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရန်ကုန်နာရေးကူညီမှုအသင်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး ထွက်ခွာလျက်ရှိပါသည်။
Update
၁၁ ၄၀ အချိန် မီးငြိမ်းပါသည်။

MFSD

10 Jan, 03:28


၁၀.၁.၂၀၂၅ ရက်နေ့၊ ၀၉ ၅၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၃၀)၊ (၆၈x၆၉)ကြားတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
Update
၀၉ ၅၉ အချိန် မီးထိန်းပါသည်။
Update
၁၀ ၀၃ အချိန် မီးငြိမ်းပါသည်။

MFSD

10 Jan, 01:14


၁၀.၁.၂၀၂၅ ရက်နေ့၊ ၀၇ ၁၆အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာလျက်ရှိပါသည်။
Update
၀၇ ၂၃ အချိန် မီးငြိမ်းပါသည်။

MFSD

09 Jan, 14:07


၉.၁.၂၀၂၅ ရက်နေ့၊ ၂၀ ၂၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့်(၂ )လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၀ ၂၈ အချိန် မီးငြိမ်းပါသည်။

MFSD

09 Jan, 13:37


၉.၁.၂၀၂၅ ရက်နေ့၊ ၁၈ ၃၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ စွမ်စော်ရပ်ကွက်၊ မန်ဝိန်းနယ်မြေ၊ မန်ဝိန်း(၂)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မူဆယ်မြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ မီးသတ်ရေသယ်ယာဉ်(၈)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၈ ၅၂ အချိန် မီးငြိမ်းပါသည်။

MFSD

09 Jan, 10:09


၉.၁.၂၀၂၅ ရက်နေ့၊ ၁၆ ၂၉ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဆတ်ကလေးကျေးရွာအနီး ထန်းတပင်တူးချောင်းလမ်းမဘေးတွင် ကွင်းမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ထန်းတပင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာလျက်ရှိပါသည်။
Update
၁၆ ၅၅ အချိန် မီးငြိမ်းပါသည်။

MFSD

09 Jan, 05:17


၉.၁.၂၀၂၅ ရက်နေ့၊ ၁၁ ၄၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ စံပြရပ်ကွက်၊ စံပြ(၅)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကွမ်းခြံကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာလျက်ရှိပါသည်။
Update
၁၁ ၄၅ အချိန် မီးငြိမ်းပါသည်။

MFSD

09 Jan, 03:12


၉.၁.၂၀၂၅ ရက်နေ့၊ ၀၇ ၁၀ အချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊ ဗိုလ်ဆွန်ပတ်လမ်းရှိ နေအိမ်တွင် မြွေဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် ကော့သောင်းခရိုင်/မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးပေးခဲ့ပြီး ဘေးလွတ်ရာသို့ လွှတ်ပေးခဲ့ပါသည်။

MFSD

09 Jan, 01:08


၉.၁.၂၀၂၅ ရက်နေ့၊ ၀၇ ၀၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာအုပ်စု၊ ရန်ကုန်-ပြည်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း သတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာလျက်ရှိပါသည်။Update
အဆိုပါယာဉ်တိုက်မှုကြောင့် ကားအတွင်းညပ်နေသောကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား ၀၇ ၂၇ အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး မိုးစေတနာလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဉ်ဖြင့် တိုက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပါသည်။

MFSD

08 Jan, 10:46


၈.၁.၂၀၂၅ ရက်နေ့၊ ၁၇ ၁၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (၁၁၂x ၅၉ )လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ Level-1 ယာဉ်အုပ်စု ထွက်ခွာလျက်ရှိပါသည်။Update
၁၇ ၂၁ အချိန် မီးထိန်းပါသည်။Update
၁၇ ၂၆ အချိန် မီးငြိမ်းပါသည်။

MFSD

08 Jan, 09:05


၈.၁.၂၀၂၅ ရက်နေ့၊ ၁၄ ၃၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ မန္တလေးတောင်အဆင်းလမ်း၊ ဒုတိယကွေ့မြောက်ဘက်စောင်းတန်းအနီးတွင် မန္တလေးတောင်မှ ဘုရားဖူး၍ ပြန်ဆင်းလာသော Light truck (အဖြူရောင်) ဘုရားဖူးယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ (၁၇)ဦးအနက် ကျား (၆)ဦး နှင့် မ(၁၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား နန်းတော်ရှေ့လူမှုကူညီရေးအသင်းနှင့် နှလုံးလှလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

MFSD

08 Jan, 05:30


၈.၁.၂၀၂၅ ရက်နေ့၊ ၁၁ ၅၁ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ၊ (၁၅)ရပ်ကွက်၊ စစ်ကိုင်းလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းနှင့် ရွှေပေါက္ကံနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
Update
၁၁ ၅၈ အချိန် မီးငြိမ်းပါသည်။

MFSD

08 Jan, 03:57


၈.၁.၂၀၂၅ ရက်နေ့၊ ၁၀ ၂၃ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ ဇီဇဝါ(၁)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။ Update
၁၀ ၃၄ အချိန် မီးငြိမ်းပါသည်။

MFSD

07 Jan, 15:02


၇.၁.၂၀၂၅ ရက်နေ့၊ ၂၁ ၁၅အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ၂၃လမ်း တွင်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၁ ၂၇ အချိန်တွင်မီးငြိမ်းပါသည်။

MFSD

07 Jan, 03:22


၇.၁.၂၀၂၅ ရက်နေ့၊ ၀၇ ၀၅ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သစ်ကြီးတန်းရပ်ကွက်၊ မြို့ရှောင်လမ်း၊ မိုင်တိုင်အမှတ်(၅/၇)နှင့် (၆)မိုင်ကြားတွင် ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသော Sino Truck HOWO အမျိုးအစား ဆီဘောက်ဆာယာဉ်သည် ရပ်နားထားစဉ် သာစည်မှ မန္တလေးသို့ မောင်းနှင်လာသော SHACLAH အမျိုးအစားယာဉ်မှ ရှေ့ညာဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ဆီဘောက်ဆာယာဉ်အား ဝင်တိုက်ခဲ့ရာ ဆီကန်ပေါက်၍ ဆီများယိုစိမ့်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်ဆည်ခရိုင်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ကျောက်ဆည်မြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါ။

MFSD

06 Jan, 22:36


၇.၁.၂၀၂၅ ရက်နေ့၊ ၀၄ ၅၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
Update
၀၄ ၅၆ အချိန် Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိပါသည်။Update
၀၆ ၀၀ အချိန်တွင် မီးထိန်းပါသည်။Update
၀၆ ၁၉ အချိန်တွင် မီးငြိမ်းပါသည်။

MFSD

06 Jan, 16:34


၆ . ၁ . ၂၀၂၅ ရက်နေ့၊ ၂၀ ၁၃ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊( ၃၆)လမ်း၊ ၅၇x ၅၈လမ်းကြားရှိ နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ မီးငြိှမ်းသတ်ယာဉ်(၅)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြိှမ်းသတ်ခဲ့ရာ ၂၀ ၂၃ အချိန်တွင်မီးငြိမ်းပါသည်။

MFSD

04 Jan, 22:56


၅.၁.၂၀၂၅ ရက်နေ့၊ ၀၅ ၁၈ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ သိမ်ချောင်းလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၅ ၃၁ အချိန် မီးငြိမ်းပါသည်။

MFSD

04 Jan, 22:04


၅.၁.၂၀၂၅ ရက်နေ့၊ ၀၄ ၂၀ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုထွက်ခွာလျက်ရှိပါသည်၊၊Update
၀၄ ၃၀အချိန် မီးငြိမ်းပါသည်။

MFSD

04 Jan, 02:42


၄.၁.၂၀၂၄ ရက်နေ့၊ ၀၇ ၅၀ အချိန်၊ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သရက်ညီနောင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သထုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၈ ၅၃ အချိန် မီးငြိမ်းပါသည်။

MFSD

03 Jan, 22:56


၄.၁.၂၀၂၅ ရက်နေ့၊ ၀၁ ၁၅ အချိန်ခန့်၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြိုနယ်၊ ရွှေမြိုင်သီရိရပ်ကွက်၊ ပဲခူးချောင်ရပ်၊ ပဲခူးချောင်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မွန်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မော်လမြိုင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂ )စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ မော်လမြိုင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ရွှေမြိုင်သီရိနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မြိုင်သာယာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ညောင်ပင်ဆိပ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ လူမှုကူညီကယ်ဆယ်ရေးအသင်းမှ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ မြို့နယ်စည်ပင်မှ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့်ပူးပေါင်း၍ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၁ ၅၁ အချိန် မီးငြိမ်းပါသည်။

MFSD

03 Jan, 03:27


၃.၁.၂၀၂၅ ရက်နေ့၊ ၀၉ ၁၉ အချိန်၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြည့်ညင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်တွင်းကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဆတ်သွားနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
Update
၀၉ ၄၅ အချိန် မီးငြိမ်းပါသည်။

MFSD

02 Jan, 15:04


၂.၁.၂၀၂၅ ရက်နေ့၊ ၂၁ ၁၈ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ သစ္စာလမ်းတွင် အမှိုက်ပုံမီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ ၂၁ ၂၈ အချိန်မီးငြိမ်းပါသည်။

MFSD

02 Jan, 10:07


၂.၁.၂၀၂၅ ရက်နေ့၊ ၁၄ ၄၅ အချိန်ခန့်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၉၀/၇)အနီးတွင် ယာဉ်(၁)စီးသည် လမ်းလယ်ကျွန်းအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၂)ဦး စုစုပေါင်း(၄)ဦးအနက် မ(၁)ဦး(သေဆုံး)နှင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား(၂)ဦးနှင့် မ(၁)ဦးတို့အား ပြည်သာယာလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

MFSD

02 Jan, 08:53


၂.၁.၂၀၂၅ ရက်နေ့၊ ၁၄ ၃၇ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဈေးကုန်းအနောက်ရပ်ကွက်၊ လှိုင်မြစ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ကားခေါင်းခန်းတွင် ညပ်နေသူ ကျား(၁)ဦးအား ၁၄ ၄၁ အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး တွဲလက်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

MFSD

01 Jan, 23:18


၂.၁.၂၀၂၅ရက်နေ့၊ ၀၂ ၄၉ အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ စက်ရုံရပ်ကွက်၊ UKT အရက်ချက်စက်ရုံအနီးတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် အောင်လံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂ )စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၃ ၂၉ အချိန် မီးငြိမ်းပါသည်။

MFSD

01 Jan, 05:07


၁.၁.၂၀၂၅ ရက်နေ့၊ ၀၃ ၃၀ အချိန်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၇/၀)နှင့်(၁၁၇/၁)ကြားတွင် Yutong Express ယာဉ်(၁)စီးသည် တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် (၁၁၅)မိုင်အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁၁)ဦး၊ မ(၃၄)ဦး စုစုပေါင်း (၄၅)ဦးအနက် မ(၁)ဦး(သေဆုံး)၊ ထိခိုက်ဒဏ်ရာရရှိသူ ကျား(၁၁)ဦးနှင့် မ(၂၃)ဦး တို့အား ဖြူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

MFSD

31 Dec, 18:47


၁.၁.၂၀၂၅ ရက်နေ့၊ ၀၀ ၃၄ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်များ ဆောင်ရွက်ခဲ့ရာ ညပ်နေသောလူနာအား ၀၀ ၄၁ အချိန်တွင် ကယ်ထုပ်ပြီးစီးပြီး အင်းစိန်ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။

MFSD

31 Dec, 03:06


၃၁.၁၂.၂၀၂၄ ရက်နေ့၊ ၀၉ ၂၉ အချိန်ခန့်၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ အ.ထ.က (၂)အနီးတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပျဉ်းမနားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး ထွက်ခွာလျက်ရှိပါသည်။
Update
၀၉ ၃၅ အချိန် မီးထိန်းပါသည်။
Update
၀၉ ၄၄ အချိန် မီးငြိမ်းပါသည်။

MFSD

30 Dec, 16:54


၃၀.၁၂.၂၀၂၄ ရက်နေ့၊ ၁၉ ၀၅ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ချယ်ရီလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ တောင်ကြီးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၉ ၂၅ အချိန်မီးငြိမ်းပါသည်။

MFSD

29 Dec, 21:27


၃၀.၁၂.၂၀၂၄ ရက်နေ့၊ ၀၃ ၃၈ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ သာကေတ(၁)၊ အနော်မာရပ်ကွက်၊ မင်းနန္ဒာလမ်း၊ Capital ရှေ့တွင် ကားမီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် သာကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၀၃ ၄၇ အချိန် မီးငြိမ်းပါသည်။

MFSD

28 Dec, 13:13


၂၈.၁၂.၂၀၂၄ ရက်နေ့၊ ၁၅ ၂၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၊ ကန်ပန်ရပ်ကွက်၊ မြို့ဉီးဘုန်းကြီးကျောင်းရှေ့ ဘောလုံးကွင်းအတွင်း၌ Hino(၁၂)ဘီး အမျိုးအစား(အဖြူရောင်)ဆီဘောက်ဆာယာဉ်ပေါ်ရှိ ဓာတ်ဆီများအား Nissan(၁၂)ဘီး (ဖြူ/စိမ်း)ယာဉ်ပေါ်ရှိ သံပီပါများအတွင်းသို့ ဆီဖြည့်စဉ် ဆီနော်ဇယ်ပိုက်ခေါင်းနှင့် ပီပါများပွတ်တိုက်မိပြီး မီးပွားများမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ကျေးသီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၆ ၁၀ အချိန် မီးငြိမ်းပါသည်။

MFSD

28 Dec, 06:16


၂၈.၁၂.၂၀၂၄ ရက်နေ့၊ ၀၉ ၄၅ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဧရာဝတီတိုင်းဒေသကြီး မီးသတ်စခန်းနှင့် ပုသိမ်ခရိုင်/မြို့နယ်မီးသတ်စခန်းများမှ မီးသတ်ယာဉ်(၅)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၀ ၀၅ အချိန် မီးငြိမ်းပါသည်။

MFSD

27 Dec, 17:47


၂၇.၁၂.၂၀၂၄ ရက်နေ့၊ ၂၃ ၀၂ အချိန်ခန့်၊ ရန်ကုန်တိုင်ဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ ရွှေလင်ဗန်းကျေးရွာ၊ တပင်ရွှေထီးလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီးလူညှပ်နေကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ Towing vehicle (၁)စီး၊ မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ တောင်ဥက္ကလာမြို့နယ်မီးသတ်စခန်းမှ Lifiting vehicle (၁)စီးထွက်ခွာလျက်ရှိပါသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး ထိခိုက်ဒဏ်ရာမစိုးရိမ်ရတို့အား သွေးဒါနမျိုးဆက်လူမှုကူညီးရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် လှိုင်သာယာမြို့နယ်ပြည်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

MFSD

25 Dec, 14:48


၂၅.၁၂.၂၀၂၄ ရက်နေ့၊ ၂၁ ၀၂ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မင်္ဂလာတောင်ညွှန့်ကြီးရပ်ကွက်၊ စက်ရုံလမ်းမ၊ (၁၅)ပေဂုံးတံတားပေါ်တွင် ကား(၁)စီးမီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၁ ၀၅ အချိန် မီးငြိမ်းပါသည်။

MFSD

23 Dec, 04:54


၂၃.၁၂.၂၀၂၄ ရက်နေ့၊ ၁၀ ၄၅ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ညောင်ဝိုင်းရပ်ကွက်၊ ကုန်စိမ်းသားငါးစျေးတွင် အသားကြိတ်စက်အတွင်း ကျား(၁)ဦး လက်ညပ်နေကြောင်း သတင်းရရှိသဖြင့် ပဲခူးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား သူနာတင်ယာဉ်ဖြင့် ပဲခူးမြို့ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

MFSD

23 Dec, 03:09


၂၃.၁၂.၂၀၂၄ရက်နေ့၊ ၀၄ ၄၅အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ညောင်ပင်ကျေးရွာ၊ ဇုန်(၄)တွင် အမှိုက်ပုံမီးလောင်မှုဖြစ်ပွါးကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ညောင်ပင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွါလျက်ရှိပါသည်။
Update
၀၅ ၀၈အချိန် level 1 ယာဉ်အုပ်စုများ ထွက်ခွါလျက်ရှိပါသည်။
Update ၀၇ ၀၂ အချိန်မီးထိန်းပါသည်။
Update
၀၉ ၁၇ အချိန် မီးငြိမ်းပါသည်။

MFSD

22 Dec, 07:19


၂၂.၁၂.၂၀၂၄ ရက်နေ့၊ ၁၃ ၀၀ အချိန်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ရွှေပေးကျေးရွာ၊ မြို့ပတ်(၁)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြိတ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ကျွဲကူးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၃ ၂၈ အချိန် မီးငြိမ်းပါသည်။

MFSD

21 Dec, 02:43


၂၁.၁၂.၂၀၂၄ရက်နေ့ ၊ ၀၇ ၄၅ အချိန်ခန့် ၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၃/၂) နှင့် (၇၃/၃) အကြားတွင် ယာဉ်(၁)စီး ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အား တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

MFSD

21 Dec, 00:06


၂၁.၁၂.၂၀၂၄ ရက်နေ့၊ ၀၁ ၁၅ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ (၅)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တန့်ယန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၁ ၃၅ အချိန် မီးငြိမ်းပါသည်။

MFSD

19 Dec, 12:12


၁၉.၁၂.၂၀၂၄ ရက်နေ့၊ ၁၄ ၄၃ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပန်းချီကျေးရွာအနီး စစ်ကိုင်း-မန္တလေးလမ်းဟောင်းရှိ စက်သုံးဆီဆိုင်ရှေ့တွင် ဆီဘောက်ဆာယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)၊ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မြစ်ငယ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ တောင်သမန်ကျေးရွာအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဘုံးအိုးကျေးရွာအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှမ်းကလေးကျွန်းကျေးရွာအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၅ ၀၀ အချိန် မီးငြိမ်းပါသည်။
အဆိုပါမီးလောင်မှုကြောင့် ယာဉ်မောင်းကျား(၁)ဦး မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ)အား လူငယ်အားမာန်လူမှုကူညီရေးအသင်း သူနာတင်ယာဉ်ဖြင့် အမရပူရမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

MFSD

19 Dec, 04:38


၁၉.၁၂.၂၀၂၄ ရက်နေ့၊ ၁၁ ၀၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၉)မိုင်၊ မစိုးရိမ်လမ်းသွယ်(၁)တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာလျက်ရှိပါသည်။
Update
၁၁ ၁၅ အချိန် မီးငြိမ်းပါသည်။

MFSD

18 Dec, 13:38


၁၈.၁၂.၂၀၂၄ ရက်နေ့၊ ၁၉ ၅၁ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပန်းပဲဝန်ဦးရွှေအိုးလမ်း တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် level(1) ယာဉ်အုပ်စုများဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။ Update
၂၀ ၀၄ အချိန်တွင် မီးထိန်းပါသည်။ Update
၂၀ ၁၃ အချိန် မီးငြိမ်းပါသည်။

MFSD

18 Dec, 08:05


၁၈.၁၂.၂၀၂၄ ရက်နေ့၊ ၁၄ ၃၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ထိန်ကုန်းကျေးရွာတွင် အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ထန်းတပင်မြို့နယ်မီးသတ်စခန်း၊ လှိုင်သာယာမြို့နယ်မီးသတ်စခန်းနှင့် ရွှေလင်ဗန်းစက်မှုဇုန်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။ Update
၁၅ ၁၇ အချိန် မီးထိန်းပါသည်။ Update ၁၅ ၂၂ အချိန် မီးငြိမ်းပါသည်။

MFSD

18 Dec, 00:29


၁၈.၁၂.၂၀၂၄ ရက်နေ့၊ ၀၃ ၃၀ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ (၆)လမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဖျာပုံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၃ ၅၇ အချိန် မီးငြိမ်းပါသည်။

MFSD

23 Nov, 07:31


၂၃.၁၁.၂၀၂၄ ရက်နေ့၊ ၁၃ ၅၅ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ်(၄)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး ထွက်ခွာလျက်ရှိပါသည်။
Update
မီးလန့်မှုဖြစ်ပွားခြင်းသာဖြစ်ပါသည်။

MFSD

23 Nov, 04:07


၂၃.၁၁.၂၀၂၄ ရက်နေ့၊ ၁၀ ၁၉ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၃ မာန်ပြေရပ်ကွက်၊ ယမုံနာလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
Update
၁၀ ၂၅ အချိန် Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိပါသည်။
Update
၁၀ ၃၄ အချိန် မီးထိန်းပါသည်။
Update
၁၁ ၂၀ အချိန် မီးငြိမ်းပါသည်။

MFSD

22 Nov, 14:19


၂၂.၁၁.၂၀၂၄ ရက်နေ့၊ ၂၀ ၄၃ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွားပြီး လူညပ်နေကြောင်းသတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။Update
၂၀ ၅၅ အချိန်အတွင်း ယာဉ်အတွင်း ညပ်နေသော ကျား(၁)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းပိုင် သူနာတင်ယာဉ်ဖြင့် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်၊၊

MFSD

22 Nov, 12:45


၂၂.၁၁.၂၀၂၄ ရက်နေ့၊ ၁၈ ၄၅ အချိန်၊ တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့၊ တလိုင်းစုရပ်ကွက် ၊ ဆိပ်ငယ်ဘောတံတားအနီးတွင် ဆီတင်သင်္ဘောမီးလောင်မှုဖြစ်ပွားကြောင်း မြတ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ မီးသတ်ရေသယ်ယာဉ်(၅)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်၊၊Update
၁၉ ၅၅အချိန်မီးငြိမ်းပါသည်၊၊

MFSD

22 Nov, 10:13


၂၂.၁၁.၂၀၂၄ ရက်နေ့၊ ၁၆ ၃၅ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ၁၂ ရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် ကားမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
Update
၁၆ ၄၆ အချိန် မီးထိန်းပါသည်။
Update
၁၆ ၄၈ အချိန် မီးငြိမ်းပါသည်။

MFSD

21 Nov, 17:13


၂၁.၁၁.၂၀၂၄ ရက်နေ့၊ ၂၃ ၃၂ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မလွှကုန်းမီးရထားရပ်ကွက်၊ စက်ဘီးစက်ရုံလမ်းတွင် ကား(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ခဲ့ရာ ၂၃ ၃၅ အချိန် မီးငြိမ်းပါသည်။

MFSD

20 Nov, 13:19


၂၀.၁၁.၂၀၂၄ ရက်နေ့ ၊ ၁၈ ၄၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၁)ရပ်ကွက်၊ သာယာဝတီ(လ)ရပ်ကွက်တွင် သစ်ပင်လဲကျမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ အထောက်အကူပြုယာဉ်(၁)စီး၊ အမှတ်(၅)အရန်မီးသတ်စခန်းမှ လူမှုကူညီရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၁၉ ၂၀အချိန်လုပ်ငန်းပြီးစီးပါသည်။

MFSD

20 Nov, 10:02


၂၀.၁၁.၂၀၂၄ ရက်နေ့၊ ၁၅ ၄၀ အချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊၊ ကော့သောင်းမြို့နယ်၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကော့သောင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး ၊ ရေသယ်ယာဥ် (၂)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၆ ၀၀ အချိန် မီးထိန်းပါသည်။Update
၁၆ ၁၀ အချိန် မီးငြိမ်းပါသည်။

MFSD

18 Nov, 21:34


၁၉.၁၁.၂၀၂၄ရက်နေ့၊ ၀၃ ၄၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ အမှတ်၂လမ်းမကြီး၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ Luf-60ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ Luf-60ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
Update
၀၃ ၅၈အချိန် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။Update
၀၄ ၁၅အချိန် မီးထိန်းပါသည်၊၊Update
၀၄ ၁၈အချိန် မီးငြိမ်းပါသည်၊၊

MFSD

18 Nov, 15:23


၁၈ . ၁၁ . ၂၀၂၄ ရက်နေ့၊ ၂၁ ၄၁ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၂၁)ရပ်ကွက်၊ အမှတ်(၄)လမ်းတွင်၊ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
Update
၂၁ ၅၀ အချိန် လူနာကယ်ထုတ်ပြီး၍ (We Love Care) လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။

MFSD

17 Nov, 13:55


၁၇.၁၁.၂၀၂၄ ရက်နေ့၊ ၂၀ ၁၈ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်း၊ သမကုန်းမီးပွိုင့်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယာဉ်အတွင်းညပ်နေသော ကျား(၁)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား မေတ္တာအလင်းရောင် လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။

MFSD

17 Nov, 09:29


၁၇.၁၁.၂၀၂၄ ရက်နေ့၊ ၁၃ ၅၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၈)၊ သိင်္ဂီလမ်းနှင့် ယုဇနလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ် (၁)စီး တို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၄ ၀၀ အချိန် မီးငြိမ်းပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား(၁)ဦး (စိုးရိမ်ရ) အား သန္တိသုခ လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

MFSD

17 Nov, 03:43


၁၇.၁၁.၂၀၂၄ ရက်နေ့၊ ၀၉ ၄၅ အချိန်ခန့်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ဘိုက္ကာကျေးရွာတွင် ရာဘာမှိုင်းခံရုံ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၉ ၅၀ အချိန် မီးငြိမ်းပါသည်။

MFSD

17 Nov, 02:37


၁၇.၁၁.၂၀၂၄ ရက်နေ့၊ ၀၈ ၃၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၅x၅၄ ကြား၊ ၁၀၈ A တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ချမ်းမြသာစည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ထွန်တုံးရပ်ကွက်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အောင်ပင်လယ်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၈ ၄၀ အချိန် မီးငြိမ်းပါသည်၊၊

MFSD

16 Nov, 13:30


၁၆.၁၁.၂၀၂၄ ရက်နေ့၊ ၁၆ ၃၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်း-တောင်ကုတ်လမ်း၊ ကံမလမ်းခွဲတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၂)ဦး ၊ စုစုပေါင်း (၄)အနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)နှင့် မ(၁)ဦး (သေဆုံး)တို့အား ငြိမ်းချမ်းရှင်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ပြည်ဆေးရုံသို့ပို့‌ဆောင်ပေးခဲ့ပါသည်၊၊

MFSD

16 Nov, 11:05


၁၆.၁၁.၂၀၂၄ ရက်နေ့၊ ၁၇ ၃၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ပြည်လမ်းတွင် ကား(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာလျက်ရှိပါသည်။Update ၁၇ ၃၅အချိန်မီးငြိမ်းပါသည်။

MFSD

16 Nov, 05:31


၁၆.၁၁.၂၀၂၄ ရက်နေ့၊ ၀၄ ၂၂အချိန်ခန့်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်ကြီးမှ ပင်ဖြစ်ရွာသို့ မောင်းနှင်လာသော MITSUBISHI CANTER အမျိုးအစား(၆)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်တွင် ရပ်ထားသော HINO(၂၂) ဘီး ကုန်တင်ယာဉ်အား တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရွှေညောင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၀၆ ၀၀ အချိန်တွင် ပြီးစီးပါသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်‌မောင်းအပါအဝင် ကျား(၄)ဦး (မစိုးရိမ်ရ)၊ မ(၃)ဦး (သေဆုံး)၊ မ(၆)ဦး (မစိုးရိမ်ရ)တို့အား ရွှေညောင်မြို့ မဟာဝီရ ရက္ခိတလူမှုကူညီရေးအသင်း သူနာတင်ယာဉ်ဖြင့် တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

MFSD

15 Nov, 13:56


၁၅.၁၁.၂၀၂၄ ရက်နေ့၊ ၁၉ ၃၅ အချိန်ခန့်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မန်ကျီးစင်ရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ညောင်ရွှေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်၊၊Update
၂၂ ၁၅ အချိန် မီးငြိမ်းပါသည်။

MFSD

15 Nov, 00:44


၁၅.၁၁.၂၀၂၄ ရက်နေ့၊ ၀၅ ၀၃ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်‌မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ (၅၂)လမ်း၊ သိပ္ပံလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၅ ၁၅ အချိန် မီးငြိမ်းပါသည်။

MFSD

15 Nov, 00:27


၁၄.၁၁.၂၀၂၄ ရက်နေ့၊ ၂၃ ၃၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ဇင်ရွေးကုန်းကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ကဝမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၅.၁၁.၂၀၂၄ ရက်နေ့ ၀၀ ၄၀ အချိန် မီးငြိမ်းပါသည်၊၊

MFSD

14 Nov, 16:27


၁၄.၁၁.၂၀၂၄ ရက်နေ့၊ ၁၇ ၄၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဖန်မင်အုပ်စု၊ ဟိုခိုကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် တာချီလိတ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ တာချီလိတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲရာ ၁၈ ၅၈အချိန်မီးငြိမ်းပါသည်၊၊

MFSD

14 Nov, 07:54


၁၄.၁၁.၂၀၂၄ ရက်နေ့၊ ၁၃ ၃၆ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကညင်ပင်ကျေးရွာ၊ တာဝ‌ဈေးထိပ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးနှင့် သန်လျင်မြို့နယ်မီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိပါ။

MFSD

12 Nov, 10:55


၁၂.၁၁.၂၀၂၄ ရက်နေ့၊ ၁၅ ၃၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းကျေးရွာအနီး ရန်ကုန်- မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၉၄/၂)နှင့်(၉၄/၃)ကြားတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်တံခါးမြို့နယ်မီးသတ်စခန်း၊ ညောင်လေးပင်မြို့နယ်မီးသတ်စခန်းနှင့် ပိန်းဇလုပ်နယ်မြေမီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ပါသည်။

MFSD

12 Nov, 00:55


၁၂.၁၁.၂၀၂၄ရက်နေ့၊ ၀၀ ၁၈အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ လပ္ပတ္တာခရိုင်၊ လပ္ပတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဧရာဝတီဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ရေယာဉ်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် လပ္ပတ္တာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၀ ၃၀အချိန်မီးငြိမ်းပါသည်။

MFSD

10 Nov, 21:30


၁၁.၁၁.၂၀၂၄ ရက်နေ့၊ ၀၃ ၄၁ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဦးတရုတ်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် လှိုင်သာယာြမို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။ Update
၀၃ ၅၀ အချိန် မီးငြိမ်းပါသည်။

MFSD

10 Nov, 13:49


၁၀.၁၁.၂၀၂၄ ရက်နေ့၊ ၁၉ ၀၀ အချိန်ခန့်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျွန်းတောကျေးရွာအုပ်စု၊ ပျဉ်းမစခန်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၁၂/၂)ကြားတွင် ယာဉ်မတော်တဆမှုဖြစ်ပွားပြီး လူညပ်နေကြောင်းသတင်းရရှိသဖြင့် ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

MFSD

10 Nov, 13:10


၁၀.၁၁.၂၀၂၄ ရက်နေ့၊ ၁၉ ၀၉ အချိန်ခန့်၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ကမာဘိုကျေးရွာတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ချောင်းဆုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မုဒွန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ရွာလွတ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်၊၊Update
၁၉ ၄၂အချိန် မီးငြိမ်းပါသည်။

MFSD

08 Nov, 14:23


၈. ၁၁. ၂၀၂၄ ရက်နေ့၊ ၁၆ ၂၂ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ (၆)ဖြတ်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေသားပျော့အိမှုကြောင့်လမ်းမပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျိုက်လတ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ခုတ်ထွင်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၇ ၀၀အချိန်တွင်ပြီးစီးပါသည်။

MFSD

08 Nov, 12:36


၈.၁၁.၂၀၂၄ ရက်နေ့၊ ၁၉ ၀၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ ဇေယျဝတီ(၂)လမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် သာကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီးထွက်ခွာလျက်ရှိပါသည်၊၊Update
၁၉ ၀၈အချိန်မီးငြိမ်းပါသည်။

MFSD

08 Nov, 08:01


၈.၁၁.၂၀၂၄ ရက်နေ့၊ ၁၄ ၂၈ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာလျက်ရှိပါသည်။Update
၁၄ ၃၇ အချိန် မီးထိန်းပါသည်။Update
၁၄ ၄၅ အချိန် မီးငြိမ်းပါသည်။

MFSD

07 Nov, 17:54


Update
၂၃ ၅၉အချိန်တွင် ယာဉ်ပေါ်ပါကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား မိုးစေတနာပရဟိတသူနာတင်ယာဉ်၊ နိဗ္ဗာန်ချမ်းသာမဂ်လာအသင်း လူနာတင်ယာဉ်တို့ဖြင့် တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ပါသည်။

MFSD

07 Nov, 17:30


၇.၁၁.၂၀၂၄ ရက်နေ့၊ ၂၃ ၃၄ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာ၊ ရန်ကုန်_ ပြည်လမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

MFSD

07 Nov, 12:19


၇.၁၁.၂၀၂၄ ရက်နေ့၊ ၁၇ ၂၀ အချိန်ခန့်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးကိုးရပ်ကွက်တွင် ဆီဘောက်ဆာယာဉ် (၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မွန်ပြည်နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ မီးသတ်ရေသယ်ယာဉ်(၈)စီး၊ Foam မီးငြှိမ်းသတ်ယာဉ်(၄)စီး တို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။Update
၁၉ ၁၄ အချိန် မီးထိန်းပါသည်။Update
၂၁ ၅၅ အချိန် မီးငြိမ်းပါသည်။

MFSD

07 Nov, 10:07


၇.၁၁.၂၀၂၄ ရက်နေ့၊ ၁၆ ၃၃ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြိုု့နယ်၊ အေးသာယာရပ်ကွက်၊ တော်ဝင်လမ်း(၃၀)တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာလျက်ရှိပါသည်။ Update
၁၆ ၄၆ အချိန် မီးထိန်းပါသည်။Update
၁၆ ၅၂ အချိန် မီးငြိမ်းပါသည်။

MFSD

07 Nov, 09:29


၇.၁၁.၂၀၂၄ ရက်နေ့၊ ၁၀ ၀၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ကျားခေါင်းလမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရှမ်းပြည်နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိပါ။

MFSD

03 Nov, 00:19


၃.၁၁.၂၀၂၄ ရက်နေ့၊ ၀၄ ၅၄ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ၊ ရန်ကုန်-မန္တလေး အမြန်လမ်း တိုးဂိတ်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသတင်းရရှိသဖြင့် လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် မ(၁)ဦး (သေဆုံး)တို့အား ကြက်ခြေနီတပ်ဖွဲ့၊ Medical လူငယ်အသင်းပိုင် သူနာတင်ယာဉ်များဖြင့် လှည်းကူးဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါသည်။

MFSD

02 Nov, 23:09


၃.၁၁.၂၀၂၄ ရက်နေ့၊ ၀၅ ၂၁အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အပြင်ပဒံကျေးရွာ၊ အနော်ရထာလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာလျက်ရှိပါသည်။
Update
၀၅ ၃၂အချိန် မီးထိန်းပါသည်။
Update
၀၅ ၃၅အချိန် မီးငြိမ်းပါသည်။

MFSD

02 Nov, 15:57


၂.၁၁.၂၀၂၄ ရက်နေ့၊ ၂၁ ၃၀အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အကွပ်အမှတ် ၅၀၁ တွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ချမ်းမြသာစည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကျွန်းလုံးဥသျှောင်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သံလျှက်မှော်တောင်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သံလျှက်မှော်ရှေ့အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ထွန်းတုံးအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တမ္ပဝတီအရန်မီးသတ်စခန်းမှ ‌မီးငြှိမ်းသတ်ယာဉ်(၂) စီး၊ MMCသီးသန့်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၁ ၅၄အချိန်မီးငြိမ်းပါသည်၊၊

MFSD

02 Nov, 14:23


၂.၁၁.၂၀၂၄ ရက်နေ့၊ ၁၉ ၄၃အချိန်ခန့်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် မြိုင်သာယာရပ်ကွက်နှင့် ဈေးကြိုရပ်ကွက်တို့တွင် သစ်ပင်များလဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြိုင်သာယာနယ်မြေစခန်းမှမီးသတ်ယာဉ်(၁)စီး၊ မော်လမြိုင်နယ်မြေစခန်းမှမီးသတ်ယာဉ်(၁)စီး၊သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်၊၊

MFSD

31 Oct, 15:59


၃၁.၁၀.၂၀၂၄ ရက်နေ့၊ ၂၀ ၁၇အချိန်ခန့်၊ ရှမ်းပြည်နယ်၊ လဲချားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကန်သာယာလမ်းတွင နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် လဲချားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ငြှိမ်းသတ်ခဲ့ရာ ၂၀ ၄၃အချိန်မီးငြိမ်းပါသည်၊၊

MFSD

31 Oct, 04:28


၃၁.၁၀.၂၀၂၄ ရက်နေ့၊ ၁၀ ၅၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ညောင်ပင်ကျေးရွာ၊ အလောင်းဘုရားလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။ Update
၁၁ ၀၂ အချိန် မီးထိန်းပါသည်။

MFSD

30 Oct, 22:59


၃၁ . ၁၀ .၂၀၂၄ ရက်နေ့၊ ၀၅ ၁၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်ပင်နှစ်ပင်ကျေးရွာတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၅ ၂၀အချိန်မီးငြိမ်းပါသည်။

MFSD

30 Oct, 13:48


၃၀ . ၁၀ .၂၀၂၄ ရက်နေ့၊ ၁၈ ၄၅ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ကျွန်းတပင်ကျေးရွာအနီးတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့်ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၉ ၄၅အချိန်မီးငြိမ်းပါသည်။

MFSD

29 Oct, 14:25


၂၉.၁၀.၂၀၂၄ ရက်နေ့၊ ၂၀ ၄၆ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်၊ ရွှေပြည်သာ တံတားအဆင်းတွင်း ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ထွက်ခွာလျက်ရှိပါသည်။ Update
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါကျား(၁)ဦး သေဆုံးအား ကနောင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။

MFSD

29 Oct, 12:21


၂၉.၁၀.၂၀၂၄ ရက်နေ့၊ ၁၃ ၃၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု၊ ဆွတ်ဆိုင်ရွာအနီးတွင် ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တာချီလိတ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ပါသည်။

MFSD

29 Oct, 12:03


၂၉.၁၀.၂၀၂၄ ရက်နေ့၊ ၁၇ ၂၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ မြောက်မြင်းပြိုင်ကွင်းလမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် စည်ပင်ပန်းဥယျာဉ်အဖွဲ့နှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

MFSD

28 Oct, 23:00


၂၉.၁၀.၂၀၂၄ ရက်နေ့၊ ၀၅ ၁၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ (၁၂၉)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
Update
၀၅ ၂၀ အချိန်တွင် မီးငြိမ်းပါသည်။

MFSD

28 Oct, 23:00


၂၉.၁၀.၂၀၂၄ ရက်နေ့၊ ၀၃ ၅၃ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ အင်းစိန်-ညောင်တုန်းလမ်း၊ ဘီအိုစီမှတ်တိုင်အနီး တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)မီးသတ်စခန်းမှ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပါသည်။

MFSD

28 Oct, 10:12


၂၈.၁၀.၂၀၂၄ ရက်နေ့၊ ၁၅ ၃၀ အချိန်ခန့်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ဖက္ကလိပ်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ကျင်းရပ်ကွက်တွင် သစ်ပင်လဲကျ၍ နေအိမ်ပေါ်သို့ ပိနေကြောင်း သတင်းရရှိသဖြင့် ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

MFSD

27 Oct, 09:49


၂၇.၁၀.၂၀၂၄ ရက်နေ့၊ ၁၆ ၁၅ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။ Update
၁၆ ၂၂ အချိန် မီးငြိမ်းပါသည်။

MFSD

27 Oct, 00:12


၂၇.၁၀.၂၀၂၄ ရက်နေ့၊ ၀၁ ၂၅ အချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ ညောင်ပင်ကြီးလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ထားဝယ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ အထောက်အကူပြုယာည်(၁)စီး၊ လှေကာတင်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၂ ၀၀ အချိန်တွင် မီးငြိမ်းပါသည်။

MFSD

22 Oct, 17:55


၂၂.၁၀.၂၀၂၄ ရက်နေ့၊ ၂၃ ၃၁ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ 53b (၁၀၅x၁၀၆)ကြားတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ချမ်းအေးသာစည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အောင်ပင်လယ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အောင်ပင်လယ်တပ်စု ၁၊၂ စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြစ်ထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ ၂၃ ၅၂ အချိန်မီးငြိမ်းပါသည်။

MFSD

22 Oct, 07:29


၂၂.၁၀.၂၀၂၄ ရက်နေ့၊ ၁၀ ၀၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေပြည်သာမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ အမှတ် ၇ ရပ်ကွက်၊ အမှတ် ၉ ရပ်ကွက်၊ အမှတ် ၁၉ ရပ်ကွက်၊ အမှတ် ၂၀ ရပ်ကွက်နှင့် ဇီးကုန်းကျေးရွာအတွင်း ရေဝင်ရောက်မှုဖြစ်ပွားသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ အိမ်ထောင်စုများအား ရေဘေးလွတ်ရာ ယာယီကယ်ဆယ်ရေးစခန်းသို့ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

MFSD

22 Oct, 04:28


၂၂.၁၀.၂၀၂၄ ရက်နေ့၊ ၀၈ ၅၀ အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ၁၈ လမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားပြီး လမ်းပိတ်နေကြောင်း သတင်းရရှိသဖြင့် ပခုက္ကူမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

MFSD

22 Oct, 02:32


၂၂.၁၀.၂၀၂၄ ရက်နေ့၊ ၀၅ ၃၄ အချိန်ခန့်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၄၃/၅)နှင့် (၂၄၃/၆) ကြားတွင် ဘီးပေါက်၍ ရပ်တန့်ထားသော FUSO ယာဉ်အား လားရာတူနောက်မှ မောင်းနှင်လာသော SOJEN ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် SOJEN ယာဉ်ပေါ်ပါ ကျား (၆)ဦးနှင့် မ(၈)ဦး စုစုပေါင်း (၁၄)ဦးအနက် ကျား(၁)ဦးနှင့် မ(၁)ဦး (သေဆုံး)၊ ထိခိုက်ဒဏ်ရာရရှိသူ ကျား(၁)ဦးနှင့် မ(၁)ဦး (စိုးရိမ်ရ)၊ ကျား(၄)ဦးနှင့် မ(၆)ဦး (မစိုးရိမ်ရ)တို့အား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းမှယာဉ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် FUSO ယာဥ်ပေါ်ပါ ကျား (၄)ဦး ထိခိုက်ဒဏ်ရာရရှိမှု မရှိပါ။

MFSD

22 Oct, 00:13


၂၂.၁၀.၂၀၂၄ ရက်နေ့၊ ၀၆ ၀၃ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သမိုင်းနယ်မြေမီးသတ်းစခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး ထွက်ခွာလျက်ရှိပါသည်။
Update
၀၆ ၁၂ အချိန်တွင် Level 1 ယာဉ်အုပ်စုထွက်ခွာလျက်ရှိပါသည်။
Update
၀၆ ၁၇ အချိန်တွင် Level 2 ယာဉ်အုပ်စုထွက်ခွာလျက်ရှိပါသည်။
Update
၀၆ ၂၇ အချိန်တွင် မီးထိန်းပါသည်။
Update
၀၆ ၃၅ အချိန်တွင် မီးငြိမ်းပါသည်။

MFSD

21 Oct, 16:18


၂၁.၁၀.၂၀၂၄ ရက်နေ့၊ ၁၅ ၁၈ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေကျော်ရပ်ရပ်ကွက်၊ ကုန်သည်လမ်း၊ မြို့မဈေးအနီးတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဝါးခယ်မမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ ဝါးခယ်မမြို့နယ် အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ ကျုံမငေးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အိမ်မဲမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရွာသစ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ရွှေလောင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၇ ၁၀ အချိန်တွင် မီးငြိမ်းပါသည်။

MFSD

21 Oct, 07:21


၂၁.၁၀.၂၀၂၄ ရက်နေ့၊ ၀၃ ၀၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁၉)ရပ်ကွက်၊ နှင်းပန်းလမ်းရှိ နေအိမ်များ အမိုးလန်ခြင်း၊ ရေနစ်မြုပ်ခြင်းများဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

MFSD

21 Oct, 06:22


၂၁.၁၀.၂၀၂၄ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၇)ရပ်ကွက်၊ ဗိုလ်ဇော်ဂျီလမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

MFSD

20 Oct, 09:20


၂၀.၁၀.၂၀၂၄ ရက်နေ့၊ ၁၄ ၀၇ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဖလုံရွာမကျေးရွာ၊ ဖလုံတံတားအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်မောင်း(၂)ဦး ညပ်နေကြောင်းသတင်းရရှိသဖြင့် ဥက္ကံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။Update
အဆိုပါဖြစ်စဉ်ကြောင့် ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား မေတ္တာရေစင်လူမှုကူညီရေးအသင်းယာဉ်ဖြင့် ဥက္ကံတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါသည်။

2,649

subscribers

3,548

photos

2

videos