Click For BPLA @click4bpla Channel on Telegram

Click For BPLA

@click4bpla


Bamar People's Liberation Army - BPLA အတွက် Click ချန်နယ် ဖြစ်ပါတယ် ခင်ဗျား

Click For BPLA (Burmese)

ဒီစာကြတဲ့ထုတ်လုပ်ပုံထဲမှာ ချပ်အသစ်လို၊ ယခင်ဆိုပြီး ကျွန်တော်ဗျားလဲမိတ်၊ အတွက်ခရုဏ်အပိုင်း အတွက် လေဒါအတွက် Click ချန်နယ် ဖြစ်ပါတယ်။ မြန်မာအဟိုပြောနေရသည်ဖြင့် ဤစာပေုကတွေဟာ မျှဝေနိုင်တယ်။ စာရင်းရာဇာကို လွယ်လွယ်ပေးရမှာ သဖြင့် နောက်ထပ် ရေးတိုင်းလို့ အသံသွင်းများနဲ့ သတ်ရောက်တဲ့ အခြေအနေကို ကြွေဖောက်နိုင်ပါတယ်။ သင့်အနေဖြင့် ယခုစာကြောင်းကို ကျေးဇူးတင်ပါတယ်။

Click For BPLA

03 Dec, 11:31


“တော်လှန်ရေးမှာပါနေတဲ့ ခေါင်းဆောင်တွေ၊ လူပုဂ္ဂိုလ်တွေမှာ ဖိုဝါဒလွှမ်းမိုးနေတယ်။ ဒါကို ထောက်ပြတာတောင် လက်မခံတဲ့သူတွေရှိတယ်” ဟု နာင်းမို့မို့က ဆိုသည်။

👉 တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ by မြ
👇
https://ouo.io/uEjFPX

Click For BPLA

03 Dec, 02:30


မြန်မာနိုင်ငံ၏ နှစ်ပေါင်းများစွာရှည်လျားသည့် ပဋိပက္ခများ၊ ပြည်တွင်းစစ်များနှင့် ခွဲခြားဆက်ဆံမှုများ၏ အရင်းအမြစ်များထဲတွင် ဖိုဝါဒကြီးစိုးမှု၊ စစ်အာဏာရှင်စနစ်နှင့် ဗမာလူမျိုးကြီးဝါဒတို့ပါဝင်ပြီး ဖိုဝါဒများသည် တန်းတူညီမျှမှုမရှိခြင်း၊ ခွဲခြားဆက်ဆံဖိနှိပ်မှုနှင့် မတရားမှုများကို အားပေးသည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။

👉 တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ by မြ
👇
https://ouo.io/a8tK9H

Click For BPLA

02 Dec, 11:31


ဖိုဝါဒ ကြီးစိုးမှုကိုပါ တော်လှန်နေရတဲ့ အမျိုးသမီးများ

“ဖိုဝါဒက စစ်အာဏာရှင် သက်ဆိုးရှည်စေဖို့ အားပေးနေတဲ့ဝါဒဖြစ်တယ်” ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ အထွေထွေ အတွင်းရေးမှူး နာင်းမို့မို့ကပြောသည်။

👉 တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ by မြ
👇
https://ouo.io/r7cOcq

Click For BPLA

02 Dec, 02:31


နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ ဖေဖော်ဝါရီလ ၁ရက် ၂၀၂၁ ခုနှစ်မှစ၍ မေလ ၃၁ ရက် ၂၀၂၄ အထိကာလအတွင်း နိုင်ငံတဝန်းရှိ အကျဥ်းထောင်များတွင် အာဏာသိမ်း စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသည့် အမျိုးသမီးဦးရေ စုစုပေါင်း (၃၉၆၈) ဦးရှိပြီး သတ်ဖြတ်ခြင်း ခံရသည့်အမျိုးသမီးဦးရေမှာ စုစုပေါင်း (၉၉၉) ဦးအထိရှိလာပြီဖြစ်သည်။

👉 တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ by မြ
👇
https://ouo.io/mXz0xg

Click For BPLA

01 Dec, 11:31


မတည်ငြိမ်မှုများ၊ ပဋိပက္ခများ နှင့် ဖိနှိပ်ချုပ်ခြယ်မှုများကြားမှာပင် ပြီးခဲ့သည့် နှစ် မတ်လ (၈)ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုများနှင့် လူထုဟောပြောပွဲများကိုလည်း တစ်နိုင်ငံလုံးအနှံ့ ပြုလုပ်နိုင်ခဲ့သည်ဟု ဧပြီလ ၁၉ ရက်နေ့က ထုတ်ဝေခဲ့သည့် မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အမျိုးသမီးများဆိုင်ရာ သတင်းသုံးသပ်ချက်အရ သိရသည်။

👉 တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ by မြ
👇
https://ouo.io/g872tI

Click For BPLA

01 Dec, 02:30


စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး စသဖြင့် ကဏ္ဍအသီးသီးမှာ ပြိုလဲနေပြီး အမျိုးသမီးများမှာ ထိုဒဏ်များကို ပို၍ဆိုးရွားစွာကြုံတွေ့နေရသည်။ အာဏာသိမ်း စစ်ကောင်စီက အမျိုးသမီးများကို မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ဆက်လက်ကျုးလွန်နေဆဲဖြစ်သည်။

👉 တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ by မြ
👇
https://ouo.io/0ufPMj

Click For BPLA

30 Nov, 11:31


ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တွင်လည်း ၂၀၂၁ ခုနှစ် မေလထဲ၌ တပ်ရင်း(၅) အမျိုးသမီးတပ်ဖွဲ့ ကို ဖွဲ့စည်းခဲ့ပြီး စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ပထမဦးဆုံးအမျိုးသမီးတပ်ဖွဲ့ ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တပ် တစ်ခုလည်းဖြစ်သည်။

👉 တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ by မြ
👇
https://ouo.io/gBdmSg

Click For BPLA

30 Nov, 02:31


၂၀၂၁ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းတွင် စတင်တည်ထောင်ခဲ့သည့် M2W မှာ စစ်ကောင်စီကို တိုက်ခိုက်ရာတွင် အသုံးပြုရန်အတွက် လက်လုပ် မိုင်းများကို အဓိက ထုတ်လုပ်သည့်အဖွဲ့တစ်ခုဖြစ်သည်။

👉 တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ by မြ
👇
https://ouo.io/6ZqdjD

Click For BPLA

29 Nov, 11:31


အချို့ဒေသများတွင်မူ အမျိုးသမီးများဖြင့် သီးသန့်ဖွဲ့စည်းထားသည့် တိုက်ခိုက်ရေးတပ်ဖွဲ့များကိုလည်း ဖွဲ့စည်းထားကြသည်။ ၎င်းတို့အထဲတွင် အညာဒေသမှ အမျိုးသမီး စစ်သည်တော်တပ်ရင်း-မြောင် (M2W) မှာ ထင်ရှားသည့်တပ်ဖွဲ့တစ်ခုဖြစ်သည်။

👉 တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ by မြ
👇
https://ouo.io/1FyMn9

Click For BPLA

29 Nov, 02:30


အရင်က တိုက် ငါးလွှာကို တက်ရင် သိပ်မတက်နိုင်ဘူး။ ခုဆို တောင်တွေတက်လာနိုင်တယ်။ ဆန်အိတ် ကိုတောင် ထမ်းနိုင်လာတဲ့အထိကို ခန္ဓာကိုယ်ကကြံ့ခိုင်လာတယ်” ဟုလည်း စစ်မေဂျီဂျီက ပြောပြသည်။

👉 တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ by မြ
👇
https://ouo.io/FlNT7d

Click For BPLA

28 Nov, 11:31


BPLA တွင် အခြေခံစစ်သင်တန်း၊ နိုင်ငံရေးသင်တန်းနှင့် မီဒီယာသင်တန်းများကို လေ့လာသင်ကြား ခဲ့ရပြီး နိုင်ငံရေးအသိ၊ စစ်ရေးအသိများ ပိုမိုတိုးတက်လာခဲ့သည်ဟု ဂျီဂျီကဆိုသည်။ ရုပ်ပိုင်းဆိုင်ရာအားဖြင့်လည်း မယုံနိုင်စရာကောင်းလောက်အောင် သန်စွမ်းကြံ့ခိုင်လာခဲ့သည်ဟု စစ်တပ်ထဲရောက်ပြီး နောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲလာမှုများနှင့် ပတ်သက်၍ ၎င်းက ပြောပြသည်။

👉 တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ by မြ
👇
https://ouo.io/hpeURCz

Click For BPLA

28 Nov, 02:31


ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သည် စစ်အာဏာသိမ်းပြီး နောက်ပိုင်းပေါ်ပေါက် လာခဲ့သည့် လက်နက်ကိုင်တော်လှန်ရေးတပ်များထဲတွင် ဗမာလူမျိုးကိုယ်စားပြုဖွဲ့စည်းထားသည့် စစ်တပ်ဖြစ်သည်။

👉 တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ by မြ
👇
https://ouo.io/nl708G

Click For BPLA

27 Nov, 11:31


"အာဏာသိမ်းခါစက အမှန်တိုင်းပြောရရင် နိုင်ငံရေးနဲ့ပတ်သက်ပြီး သိပ်စိတ်မဝင်စားဘူး။ ကျွန်တော် သိတာက အင်တာနက်နဲ့ ဖုန်းလိုင်းတွေပျက်သွားပြီဆိုတာပဲ။ အခွင့်အရေးတွေ ဆုံးရှုံးသွားသလို ခံစား လိုက်ရတယ်။ အဲ့ဒါနဲ့ပဲ သူများတွေ ဆန္ဒပြရင်လိုက်ပြတယ်။ နောက်တော့ စာတွေဖတ်ပြီး၊ ဟောပြောပွဲတွေနားထောင်ပြီး စစ်တပ်ရဲ့ ယုတ်မာမှုတွေကို သိလာရတယ်။ နောက်ပိုင်း ဘာလို့ လုပ်နေတာလဲဆိုတဲ့ အကြောင်းပြချက်တွေက ပိုပြီးခိုင်မာလာတာ" ဟု စစ်မေဂျီဂျီက ဆိုသည်။

👉 တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ by မြ
👇
https://ouo.io/mngATJ

Click For BPLA

27 Nov, 02:30


စစ်မေဂျီဂျီသည် အာဏာမသိမ်းမီက ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဂျာမန်ဘာသာစကား နောက်ဆုံးနှစ် တက်ရောက်သင်ကြားခဲ့သူဖြစ်ကာ ဟိုတယ်လုပ်ငန်းကို စိတ်ပါဝင်စားခဲ့သူဖြစ်သည်။ အာဏာသိမ်းမှုအစပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ များတွင် ပါဝင်ခဲ့ကာ အများနည်းတူ တော်လှန်ရေးတွင် ပါဝင်ခဲ့သော်လည်း စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်လာသည့်အခါ လက်နက်ကိုင်၍ တော်လှန်ရန် ဆုံးဖြတ်ခဲ့သည်ဟု ၎င်းက ပြောသည်။

👉 တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ by မြ
👇
https://ouo.io/8aykJj

Click For BPLA

26 Nov, 11:31


နွေဦးတော်လှန်ရေးထဲက အမျိုးသမီးများ

“အရပ်သားဘဝကနေ စစ်သားဘဝကို ပြောင်းရတော့ ကြမ်းတမ်းတဲ့စစ်သင်တန်းတွေကို ရုန်းကန် ခဲ့ရတယ်။ အစားအသောက်ကအစ တကယ်ကို ကြံ့ကြံ့ခံခဲ့ရတယ်” ဟု ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော် (BPLA) မှ ပြန်ကြားရေးအဖွဲ့ဝင် စစ်မေ ဂျီဂျီက ဆိုသည်။

👉 တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ by မြ
👇
https://ouo.io/QFXR12

Click For BPLA

26 Nov, 02:30


ယခုလက်ရှိ အချိန်ထိ သုံးနှစ်ကျော်ကာလအတွင်း နွေဦးတော်လှန်ရေးလှုပ်ရှားမှုများတွင် အမျိုးသမီးများမှာ မြေပြင်ဆန္ဒပြပွဲများမှစ၍ လက်နက်ကိုင်တော်လှန်ရေးအထိ ပုံစံမျိုးစုံဖြင့် ပါဝင် နေကြဆဲပင်ဖြစ်သည်။

👉 တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ by မြ
👇
https://ouo.io/Bn7oo6

Click For BPLA

25 Nov, 11:32


၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီး ရက် အနည်းငယ်အကြာ၌ နိုင်ငံအနှံ့တွင်စတင်ခဲ့သည့် ဆန္ဒပြပွဲများတွင်လည်း အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ စက်ရုံအလုပ်ရုံများမှ အမျိုးသမီးအလုပ်သမများ၊ အစိုးရဝန်ထမ်းများ၊ အလုပ်သမားသမဂ္ဂများနှင့် ကျောင်းသား သမဂ္ဂများမှ အမျိုးသမီးငယ် များမှာ ရှေ့ဆုံးမှ ဦးဆောင် ပါဝင်ခဲ့ကြသည်။

👉 တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ by မြ
👇
https://ouo.io/PXYlzfk

Click For BPLA

25 Nov, 02:30


မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အမျိုးသမီးများသည် ရှေ့တန်းက တက်ကြွစွာဦးဆောင်ခဲ့ကြသည်။

👉 တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ by မြ
👇
https://ouo.io/Ry6M3G

Click For BPLA

24 Nov, 11:30


ခုတော့ ဖာပွန်ညရဲ့ စစ်တလင်းတွေထဲက ကဗျာဆရာလည်း ဖက်ကြမ်းကို ဦးထုပ်ထဲဝှက်သောက်တတ်ရုံ လက်ညိုးလေးကွေးတတ်ရုံကလွဲလို့ ဘာမှမတွေးနိုင်တော့တာလည်း ငရဲပါပဲ။ ။

#နောင်မိုးလတ်

👉 ဖာပွန်ညများ ကိုက်ခဲမှု by နောင်မိုးလတ်
👇
https://ouo.io/Edmmj0

Click For BPLA

24 Nov, 02:31


ဂျီးဇက်ခရိုက်ဆိုတာ ယောက်ဖတွေဆီက ညာဖောနဲ့ဘုရားစူး စစ်သားကြီးတွေ စိတ်ကူးယဥ်တာပဲ

ဝိုင်တွဲတွေ ဂျက်ဖိုက်တာတွေပေါ်က
ဗုံးသီးတွေအစား ဝက်ဝံရုပ်တွေကျဲမယ်

တချို့တွေ ချစ်သူတို့အတွက်
တချို့တွေ သားသားမီးမီးတို့အတွက်
အိမ်အပြန်လက်ဆောင်ပေးရအောင်လေ

👉 ဖာပွန်ညများ ကိုက်ခဲမှု by နောင်မိုးလတ်
👇
https://ouo.io/YkVzmH