မဲခေါင်၊ ဇန်နဝါရီ ၂၂
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ နှုတ်ထွက်ပြီး အမေရိကန် အဆောက်အအုံကို အကြမ်းဖက် ဝင်ရောက်စီးနင်းခဲ့လို့ ထောင်ကျနေသူ ၁၅၀၀ ကို လွတ်ပေးလိုက်ကြောင်း သမ္မတသစ် ဒေါ်နယ်ထရမ့်က လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်ဟာ WHO အပေါ် လှူတန်းမှုအများဆုံးလုပ်ဆောင်ပေးတဲ့ နိုင်ငံဖြစ်ပေမယ့် ကိုဗစ် -၁၉ ကပ်ဆိုးနဲ့ တခြားသော ကမ္ဘာ့ရောဂါအကျပ်ရိုက်မှုတွေမှာ ကိုင်တွယ်ပုံမှားယွင်းမှုတွေ လုပ်ခဲ့လို့ ဆက်လက်လက်မတွဲတော့ကြောင်း ဒေါ်နယ်ထရမ့်က အမိန့်ထုတ်ခဲ့လို့ WHO ဘက်က အထူး စိတ်မကောင်းဖြစ်ရကြောင်း ပြန်လည် ထုတ်ပြန်သွားပါတယ်။
၂၀၂၄-၂၅ ခုနှစ်အတွက် WHO ရဲ့ ဘတ်ဂျက်ဟာ ဒေါ်လာ ၆ . ၈ ဘီလီယံ ရှိခဲ့ပြီး အမေရိကန် တစ်နိုင်ငံတည်းက ၁၈ ရာခိုင်နှုန်း ပေးလှူထားရာက ထရမ့် နုတ်ထွက်သွားလို့ ရန်ပုံငွေ အကျပ်အတည်းများစွာနဲ့ ကြုံရဖို့ ရှိနေခဲ့ပါပြီ။
ဒါ့အပြင် ဂျိုးဘိုင်ဒန်လက်ထက်က ပါလက်စတိုင်းတွေအပေါ် ရက်စက်ကြမ်းကြုတ်ခဲ့လို့ ပိတ်ဆို့အရေးယူထား တဲ့ လူပုဂ္ဂိုလ် ၁၇ ယောက်နဲ့ အဖွဲ့အစည်း ၁၆ ခုကို ပိတ်ဆို့အရေးယူမှု မလုပ်ဘဲ ဖျက်သိမ်းလိုက်ပါတယ်။
၂၀၁၅ ခုနှစ်က သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရည်ရွယ်တဲ့ ပဲရစ်သဘာ၀ပတ်ဝန်းကျင်သဘောတူညီချက် ကနေလည်း နုတ်ထွက်ကြောင်း၊ ပြည်ပ နိုင်ငံများဖွဲ့ဖြိုးတိုးတက်ရေး အကူအညီပေးမှုတွေကိုလည်း ရက် ၉၀ ဆိုင်းငံကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်ကစလို့ မက္ကဆီကိုနဲ့ ကနေဒါကို အခွန်စည်းကြပ်မှု ၂၅ ရာခိုင်နှုန်း ကောက်ခံဖို့ နဲ့ မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့အဖြစ် ပြောင်းလဲသတ်မှတ်ဖို့တွေပါ အုပ်ချုပ်ရေးအမိန့်နဲ့ ထုတ်ပြန်သွားခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၁ ဇန်နဝါရီ ၆ ရက်က သူမဲရှုံးတာကို မသမာမှုလို့ ယူဆတဲ့ ထောက်ခံသူတွေ လွတ်တော် အဆောက် အအုံ Capitol ထဲ ဝင်ရောက် သောင်းကျန်းရာက ၅ ယောက်သေဆုံး၊ ရဲအရာရှိ ၁၅၀ ဒဏ်ရာရပြီး အမေရိကန်သမိုင်းမှာ အမဲစက်ကြီးဖြစ်ခဲ့ရတဲ့ အဓိကရုဏ်ကြောင့် ထောင်ဒဏ် ကျခံနေရသ ၁၅၀၀ ဟာ အမှန်တရားအတွက် ဆန္ဒဖော်ထုတ်သူတွေဖြစ်ကာ ထောင်ချခံရ ခြင်းက ပြန်ပေးဆွဲခံရခြင်းသာဖြစ်လို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်းပါ ထရမ့်က ကြေညာသွားခဲ့ပါတယ်။
Ref: elpais