English share channel @english2489 Channel on Telegram

English share channel

@english2489


Welcome English learners 🤗 11.3.2022

English share channel (English)

Are you looking to improve your English skills? Look no further than the 'English share channel' on Telegram! As the username suggests, @english2489 is a welcoming community for English learners from all around the world. Whether you are just starting out or looking to brush up on your language skills, this channel is the perfect place to share resources, tips, and practice your English in a supportive environment. With a diverse group of members, you can engage in conversations, ask questions, and receive feedback to help you on your language learning journey. The channel regularly posts valuable content such as grammar tips, vocabulary exercises, interesting articles, and much more. Join today and connect with like-minded individuals who share a common goal of mastering the English language. Don't miss out on this opportunity to enhance your language skills and become a more confident English speaker. Let's learn and grow together in the 'English share channel'! 🤗

English share channel

21 Nov, 02:19


Black White Library တွင် Free ဖတ်ရှုနိုင်ပြီဖြစ်သော Premium PDF Book များ (Part-3)

၁။ ငြင်းဆိုသူရဲ့မီးခိုးများ

၂။ ကိုယ်တိုင်သိရှိသွားမှု

၃။ ပင်လယ်ပြာနှင့် တံငါအို

၄။ ကျွန်တော်နှင့် ပေါ့ပေါ့ပါးပါးဒုက္ခများ

၅။ လောကဓံကို ဒူးထောက်ဖို့မလိုဘူး

၆။ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူ

၇။ ကျွန်မကိုယ်ထဲက မိန်းမ

၈။ စာကျက်ချင်စိတ်

၉။ ဘဝအိုအေစစ်

၁၀။ အစိမ်းရောင်ရက်စွဲများ

၁၁။ Morning Vitamins - 2

၁၂။ ခင်ဗျားကိုကျွန်တော်ချစ်တယ်

၁၃။ အင်တာနက်ပေါ်က အဖိုးတန်စာစုများ

၁၄။ အမြဲတမ်းဖတ်ဖို့

၁၅။ နေထွက်သောည

၁၆။ သစ္စာနီရဲ့ အက်ဆေးပေါင်းချုပ်

၁၇။ သင်ခွင့်လွှတ်တတ်ပြီလား

၁၈။ ဘဝရဲ့စည်းမျဥ်းများ

၁၉။ မေမေ့ပျိုးခင်း - ၄

၂၀။ ငြိမ်သက်ခြင်း

၂၁။ ဖြေသိမ့်ရာ ကုန်စုံဆိုင်

၂၂။ ဂွတ်ဘိုင်

၂၃။ နှုတ်ပြောစကား

၂၄။ ပယ်ရီပယ်ရီ ချစ်ကန်း

၂၅။ ဇီးကွက်ချောင်းတံတားပေါ်က အဝါရောင်ဝက်ဝံရုပ်အကျိုးအပဲ့လေး

၂၆။ အဓိက,က စိတ်ပါပဲ

၂၇။ ခွင့်လွှတ်ပေးလိုက်ပါ

၂၈။ မပြိုင်ဘဲနိုင်အောင်လုပ်ပါ

၂၉။ Revenge Story

၃၀။ ထူးဆန်းတဲ့ အမေရိကန်လူမျိုး

၃၁။ လက်ဆောင်

၃၂။ မသွားရရင် သေနိုင်တယ်

၃၃။ သိပ်တော်တဲ့ငါ

၃၄။ Never Give Up

၃၅။ ငါကအရှုံးသမားမဟုတ်၊ အပြေးသမားကောင်းတစ်ယောက်

၃၆။ ရှင်းလင်းစွာ စဥ်းစားခြင်းအနုပညာ

၃၇။ ကမ္မ

၃၈။ ကိုယ်ကမှ ကိုယ့်လူပါ

၃၉။ Only one, တစ်ကောင်တည်းပဲ

၄၀။ After 20

၄၁။ နီးနီးဝေးဝေး အတွေးလက်ဆောင်

၄၂။ အမှောင်ကား

၄၃။ တစ်သက်တာအဖော်

၄၄။ ရောင့်ရဲခြင်းအနုပညာ

၄၅။ မိတ်ဆွေ ၄ ဦးနှင့် ဘဝသင်ခန်းစာများ

၄၆။ ပြိုင်ဘက်ကငါ

၄၇။ အပြောင်းအလဲကို စီမံခြင်း

၄၈။ လျှို့ဝှက်ချက်ကို ဖွင့်တဲ့သော့

၄၉။ မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ခြင်း

၅၀။ လုပ်ငန်းခွင်စည်းကမ်း

၅၁။ တည့်တည့်တွေး

၅၂။ ဆိုက်ဝါးထည့်ခြင်း အနုပညာ

၅၃။ ပျော်ရွှင်ဖို့လိုအပ်တဲ့ သတ္တိ

၅၄။ ပန်းမဟုတ်သော တစ်ပွင့်အကြောင်း

၅၅။ သူ့ကိုချစ်မိ အပြစ်ရှိ၏

စာအုပ် (သို့) Audio File လှူချင်သူများအတွက် = @Book_Sharer_bot

Owner = @Haruki_helping_007_bot
Admin = @MyaKnowledgeLibrary27102006_bot

#Haruki
#Mya_MT
📖 - @black_white_Library

English share channel

04 Nov, 07:57


ဒါလေးက အခမဲ့ English speaking practice လုပ်လို့ရမယ့် Chathouse လေးပါ။ Fun ဖြစ်စေမယ့် ဂိမ်းလေးတွေလည်းပါပြီး ကိုယ့်အတွက် အကျိုးများစေတာမို့ sharing လုပ်ပေးလိုက်ပါတယ်။

ဘယ်လို join ရမလဲဆိုရင် Facebook မှာ Youth Know-versity Page ကို Like & Follow လုပ်ထားပါ။ ပြီးရင် https://www.facebook.com/share/p/19QmWQxB3h/ ဒီ post လေးအောက်မှာ "Join Chathouse" လို့ comment မန့်ခဲ့ရုံပါပဲနော်။

Youth Know-versity ဆိုတာက From Youths, For Youths, To Youths ဆိုတဲ့ motto အတိုင်း လူငယ်တွေအတွက် အပတ်စဉ် တနင်္လာနေ့တိုင်း Monday Chathouse နဲ့ သောကြာနေ့တိုင်း Movie Night ဆိုပြီး English Learner လေးတွေအတွက် speaking club လေးတွေ လုပ်ပေးနေတဲ့ လူငယ်အဖွဲ့အစည်းတစ်ခုပါ။

Study abroad, University admission, Scholarship, personal development, book/movie/song recommendations, Knowledge စတာတွေကို sharing လုပ်ပေးနေပြီး နိုင်ငံခြားကို ပညာသင်သွားချင်တဲ့အခါ အရေးပါတဲ့ volunteer experience တွေရအောင် volunteer recruitment တွေလည်း လေးလတစ်ကြိမ် လုပ်ပေးနေပါတယ်။

ကဲ... ဒီ page လေးကို like လုပ်ပြီး ဒီညရဲ့ Chathouse လေးကိုလည်း လာခဲ့နော်။

#Fiona

English share channel

04 Nov, 07:49


လူငယ်တိုင်းအတွက် အရေးပါတဲ့ Topic လေးနဲ့အတူ ပြန်လာပြီဖြစ်တဲ့ YKV ရဲ့ Monday Chathouse 🍀

အလုပ်ကိစ္စ၊ ပညာရေး၊ အချစ်‌ရေး စတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး Stress တွေ၊ ‌Anxiety တွေ ဖြစ်ပေါ်လာတာကို လူတိုင်း ကြုံတွေ့ဖူးကြမှာပါ။ ဒီတစ်ပတ် Chathouse လေးမှာ ဒါတွေဖြစ်ပေါ်လာတာနဲ့ ပတ်သက်ပြီး “Stay in Charge: Controlling Stress and Anxiety before they control you” ဆိုတဲ့ Topic လေးနဲ့ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

💭 Stress နဲ့ Anxiety ဆိုတာ ဘာလဲ…၊
💭 ကိုယ့်ကို Stress နဲ့ Anxiety တွေက ထိန်းချုပ်သွားရင် ဘာတွေဖြစ်လာနိုင်မလဲ…၊
💭 ကိုယ့်အနေနဲ့ ဘယ်လို handle လုပ်မလဲ… စတာတွေကို အတူဆွေးနွေးကြရင်း နေ့စဉ်ဘဝရဲ့ ဖိအားတွေ၊ ပူပန်မှုတွေကို လျှော့ချနိုင်ဖို့ လေ့လာသွားကြရမှာပါ။

နောက်ထပ် Fantastic part လေးတစ်ခုကတော့ “Escape Room” ဆိုတဲ့ ဂိမ်းလေး ပါဝင်မှာဖြစ်ပါတယ်။ နာမည်လေးအတိုင်းပဲ ကိုယ့်ဘဝအတွက် စိတ်ထွက်ပေါက်လေးတစ်ခု ဖြစ်စေမှာမို့ try ကြည့်သင့်တဲ့ဂိမ်းလေးနော်။ 🤭💓

November လရဲ့ first Wednesday ဖြစ်တဲ့ 6 ရက်နေ့မှာ ကျရောက်တဲ့ “National Stress Awareness Day” မှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ ဒီ Chathouse လေးကို အရင်လာခဲ့ကြနော်…။ 💌✨

#Fiona
#Chathouse
#Mental_health

English share channel

03 Nov, 04:50


၁၀၀ % အခမဲ့ IELTs ကို လေ့လာချင်သူများ၊ English စွမ်းရည်ကို မြင့်တင်ချင်သူများအတွက် UK ကနေ IELTS Live session အခမဲ့ သင်ကြားပေးနေပါတယ်။ ပိုက်ဆံပေးစရာမလိုဘူး ဆရာတွေကိုလည်း မေးခွန်းတိုက်ရိုက်မေးလို့ရမှာလည်းဖြစ်ပါတယ်။
နိုင်ငံတကာပညာရေး စိတ်ဝင်စားသောသူများ သိုမဟုတ် နိုင်ငံခြားမှာ သွားရောက် အလုပ်လုပ်လိုသူများ ကိုယ် English စာစွမ်းရည်ကို မြင့်တင်ဖို့အတွက် အခွင့်အရေးကောင်းပါ။
အသက်အရွယ်ကန့်သတ်ထားခြင်းမရှိပါ။

Link: https://ieltsonlinetests.com/live-lessons/listing?fbclid=IwY2xjawGTpsBleHRuA2FlbQIxMAABHQ9ajw6wEg4DS7959ZcQrjd5bfDJbwnKL4Hx2hAKBc89aZIrCGpLRskAqA_aem_PAplYr_heQJrZSUJKw-kZQ

English share channel

20 Oct, 06:40


သစ်ပင်မတက်နိုင်တဲ့ ငါး🌲
----------------------------

SarPhat Link 👇

https://www.sarphat.com/articles/22258


ကျွန်တော် ဒီနေ့ပဲစာစုလေးတစ်ခုဖတ်လိုက်ရတယ်။ စာစုလေးက

"အာလုံးဟာ ဉာဏ်ကြီးရှင်တွေပါ။ ဒါပေမယ့် ငါးတစ်ကောင်ကို သစ်ပင်တက်တဲ့အရည်အချင်းနဲ့ နှိုင်းနေရင်တော့ အဲ့ငါးကအသုံးကျမှာမဟုတ်ဘူး" တဲ့။

ချက်ချင်းပဲ ကျွန်တော့်ခေါင်းထဲ အသိတရားတစ်ခုဝင်သွားတယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လူတွေက "မင်းကအသုံးမကျပါဘူး၊ ဒါလေးတောင်မလုပ်နိုင်ဘူးလား၊ အဖြစ်မရှိလိုက်တာ၊ အသုံးဝင်မယ့်အကောင်လည်းမဟုတ်ပါဘူး" လို့ ပြောတာကြားဖူးနိုင်သလို ကိုယ်ကိုယ်တိုင်လည်း အပြောခံရဖူးနိုင်ပါတယ်။

ဟုတ်ကဲ့။ လူတိုင်းက Perfect မဖြစ်လို့ သူလုပ်သမျှအရာတိုင်းက Perfect ဖြစ်နေမှာမဟုတ်ပါဘူး။ အရာရာတိုင်းမှာတော်တဲ့သူဆိုတာလည်းရှားပါတယ်။

လူတစ်ယောက် ငါးဖမ်းတာတော်ပေမယ့် ဖားကောက်တာတို့၊ ငှက်ပစ်တာတို့ သူတော်ချင်မှတော်မှာ။  ဒါကို ကျွန်တော်တို့သိထားရမယ်။

ဒါပေမယ့် ပတ်ဝန်းကျင်ကတော့ တစ်ခုလေးမလုပ်လိုက်နိုင်တာနဲ့ ဘာမှအသုံးမကျသူလို့ သတ်မှတ်လိုက်ရော...။

ဒါကဘာနဲ့တူသလဲဆိုတော့ ငါးတစ်ကောင်ကို သစ်ပင်မတက်နိုင်လို့ အသုံးမကျလိုက်တာလို့ ပြောနေတာနဲ့တူတယ်။

လူမှာလည် ကန့်သတ်ချက်ဆိုတာရှိတယ်။ သူဒီနေရာမှာမတော်ပေမယ့် အခြားနေရာမှာ သူတော်နေနိုင်တယ်။

လောကမှာ

ဘယ်အရာမှမတော်ဘူးဆိုတဲ့သူ မရှိသလို၊

အရာအားလုံးတော်တဲ့သူဆိုတာလည်း မရှိပါဘူး။


ဒါကြောင့် စာဖတ်သူလေးအနေနဲ့ ကိုယ့်ကို အသုံးမကျတဲ့သူလို့ ဝေဖန်အပြစ်ဆိုလာတဲ့အခါ စိတ်ဓာတ်မကျပါနဲ့။ ဒါက စာဖတ်သူလေး တကယ်တော်တဲ့နေရာမဟုတ်သေးလို့ပါ။

တော်အောင်ကြိုးစားလို့ရသလို စာဖတ်သူလေးတော်တဲ့နေရာဟာ အခြားနေရာလည်းဖြစ်နေနိုင်ပါတယ်။ ကိုယ်ဘာတော်လဲ သိအောင်လုပ်ပါ။

ရှာဖွေပါ။

ရှင်သန်ပါ။

အစွမ်းကုန်ကြိုးစားပါ။

အက္ခရာ ( 20,10,2024 . 12:57 PM )

Follow in SarPhat

https://www.sarphat.com/articles/22258

#Moti
#Life_Knowledge
#Haruki

English share channel

19 Oct, 13:17


ငိုခြင်းသည် အရှုံးပေးခြင်းမဟုတ်

ကျွန်တော်တို့ရှင်သန်နေတဲ့ ပတ်ဝန်းကျင်ရဲ့လူအများစုကတော့ မျက်ရည်ကျတာ၊ ငိုတာကို အရှုံးပေးတယ်လို့ သတ်မှတ်ကြတယ်။ လက်မြှောက်သွားတယ်လို့ခံယူကြတယ်။

ပျော့ညံ့တယ်လို့ ယူဆကြပါ တယ်။ ငိုတဲ့သူ၊ မျက်ရည်ကျတဲ့သူက ခံနိုင်ရည်မရှိဘူးပေါ့။ တကယ်ပဲ မျက်ရည်ကျတဲ့သူ၊ ငိုတဲ့သူက ပျော့ညံတာလား။ အရှုံးပေးတာလား။

အဖြေက လုံးဝလုံးဝမဟုတ်ပါဘူး။

ကျွန်တော်စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ Tears are powers. တဲ့။ မျက်ရည်ဟာ အားသစ်မွေးဖို့ အားနည်းစိတ်ပျက်ခြင်းတွေကို မောင်းထုတ်ပစ်လိုက်တာပါ။ ကျရှုံးခြင်းကိုနှစ်သိမ့်ပေးတဲ့ အကောင်းဆုံးလက်နက်ပါ။

ဒဏ်ရာတွေကို ဆေးကြောပေးနိုင်ပါတယ်။ နာကျင်ခြင်းတွေကို မေ့ဖျောက်ပေး နိုင်ပါတယ်။

..........

အဲ့ဒီလိုပါပဲ ကျွန်တော်တို့လူအများစုဟာ အရွယ်ရောက်လာတဲ့အခါ လောကဓံရဲ့ ရိုက်ပုတ်၊ ထိုးနှက်ချက်တွေကို အမျိုးမျိုးရင်ဆိုင်ရတဲ့အခါ မျက်ရည်မကျနဲ့၊ ငါအရှုံးမပေးဘူး။

မျက်ရည်မကျဘူး၊ ငါအားတင်းထားမယ် ဆိုပြီး ကြိတ်မှိတ်ပြီး နာကျင်မှုဆိုတဲ့အရာတွေကိုမျိုချတတ်ကြပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးရောက်ရင် စာဖတ်သူလေးကိုအကြံတစ်ခုပေးပါရပါစေ။

အဲ့တာကတော့ စိတ်ဒဏ်ရာတွေရတဲ့အခါ လွတ်လွတ်လပ်လပ် တစ်ခါလောက်တော့ ငိုကြွေးကြည့်လိုက်ပါ ဆိုတာပါပဲ။

ကိုယ်ခံစားနေရတဲ့ဒဏ်ရာတွေ၊ နာကျင်ခြင်းတွေ၊ ဝမ်းနည်း သောကတွေဟာ မျက်ရည်နဲ့အတူပါသွားပြီး ပေါ့ပါးလွတ်လပ်သွားပါလိမ့်မယ်။

ငိုတဲ့အခါမှာလည်း ခံစားရတာတွေပေါ့သွားတဲ့အထိငိုချပစ်ပါ။ အဲဒီအချိန် ကျလာတဲ့မျက်ရည်တွေကို လက်နဲ့စမ်းကြည့်ပါ။ ပူနေတယ်မဟုတ် လားစာဖတ်သူလေး။ မျက်ရည်ပူတွေပါ။

ဒါကြောင့် ငိုတယ်ဆိုတာ မျက်ရည် ပူတွေနဲ့တူညီတဲ့ ကျွန်တော်တို့ရဲ့ အပူအပင်တွေ၊ စိုးရိမ်ကြောက်ကျမှုတွေကို သွန်ထုတ်လိုက်တာပါပဲ။

နာကျင်မှုတွေကို မခံစားနိုင်တော့တဲ့အခါ ငိုပစ်လိုက်ပါ။ ပေါ့ပါးမှုကို စာဖတ်သူလေးပြန်ခံစားရပါလိမ့်မယ်။ မျက်ရည်ဆိုတာဟာလည်း ငိုဖို့ပါ။

ဒဏ်ရာတွေ၊ နာကျင်ခြင်းတွေ၊ ဝမ်းနည်းပူဆွေးမှုတွေဟာ အချိန်ရှိတိုင်း ဖြစ်ပေါ်နေမှာမှမဟုတ်တာပဲ။

ဖြစ်ပေါ်လာတဲ့အခါ ကြိတ်မှိတ်ဒဏ်ရာအဖြစ်မခံဘဲ ငိုချလိုက်ပါ။ အချိန်တန်တဲ့အခါ အားလုံးဟာ ပြီးဆုံးသွားမှာပါပဲ။ 🍀

-------------

- အဓိက,က စိတ်ပါပဲစာအုပ်မှ

တန်ဖိုး - ၇၀၀၀ ကျပ်

ပထမဆုံးဝယ်ယူတဲ့ အယောက် ၁၀၀ ဟာ စာရေးသူကိုယ်တိုင်လက်မှတ်ထိုးပေးထားသော စာအုပ်ကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

အယောက် ၁၀၀ သာ 💥

ခုတောင် အုပ်ရေ ၅၀ ကျော်ပဲရှိတော့တယ်လို့ သိရပါတယ်။ လက်မနှေးတော့နဲ့နော် 🥳

စာအုပ်မှာယူရန်

1 - +959977626244

2 - @Khin_Su_Mon_Thant

3 - @Akayar_2007

#Haruki

English share channel

09 Oct, 01:55


🌍 ဘာသာစကားအသစ်တွေကိုလေ့လာချင်သူတွေတက်ရောက်သင့်တဲ့ 100% Free တန်းခွဲလေးတစ်ခု ✨

ဘာသာစကားတစ်ခုကိုအခုမှစပြီးလေ့လာဖို့အတွက် သင်တန်းရွေးချယ်ရခက်နေလား ၊ သင်တန်းအတွက်အချိန်မပေးနိုင်မှာကိုရောစိတ်ပူနေကြသလား 🤷🏻‍♀️

ဒီအခက်အခဲတွေကိုဖြေရှင်းဖို့ Hsue's Education Center ရဲ့လစဉ်ဖွင့်လှစ်ပေးနေကြ Language Basic Class လေးတွေရှိပါတယ် 🤩

ဒီတစ်ခေါက်တန်းခွဲလေးမှာလဲ

🇯🇵 Japanese
🇰🇷 Korean
🇨🇳 Chinese
🇹🇭 Thai စတဲ့ဘာသာရပ်တွေကိုရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ် ။

Video သင်ခန်းစာလေးတွေနဲ့စနစ်တကျသင်ကြားပေးမယ့်အပြင် တစ်ဦးချင်းရဲ့အိမ်စာလေးတွေကိုလဲအသေးစိတ်စစ်ပေးသွားဦးမှာဖြစ်ပါတယ် 📚

သင်တန်းတက်ရောက်လိုသူများအနေနဲ့ @Hsushun28 ကတဆင့်

အမည် ၊ အသက် ၊ မိမိသင်ယူလိုတဲ့ဘာသာစကား ( အများဆုံးနှစ်ခုကိုသာရွေးချယ်ပေးရန် ) စတဲ့အချက်အလက်များကိုအသေးစိတ်ပေးပို့ပြီးသင်တန်းလာရောက်အပ်နှံပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် 💁🏻‍♀️💕

#Copy_Message

English share channel

03 Oct, 08:23


မင်မင် Page ထောင်ထားပါတယ်။

လာရောက် Follow နိုင်ပါတယ်ခင်ဗျာ။ 😍

https://www.facebook.com/profile.php?id=61566345345976&mibextid=JRoKGi

#Haruki

English share channel

24 Sep, 03:42


အကြောင်းအမျိုးမျိုးကြောင့် ဆွေးနွေးဟောပြောပွဲမတက်ဖြစ်လိုက်ရသူလေးတွေအတွက် Note Down လေးအဖြစ် ဆောင်းပါးရေးပေးလိုက်ပါတယ်။

တစ်ခုခု တိုင်ပင်ဆွေးနွေးလိုပါက 📱 @Akayar_2007

https://www.sarphat.com/articles/20552

#Haruki

English share channel

23 Sep, 12:01


ကမ္ဘာအမြင့်ဆုံး အဆောက်အဥိးအဖြစ် တည်ဆောက်ဖို့ ရည်ရွှယ်ခဲ့ပေမယ် ခုချိန်ထိ လူတယောက်မှမနေဖူးတယ့် ကျိန်စာသင့်ဟိုတယ်


https://youtu.be/GCb6Z04ifz0?si=OUKp-HYPiYhxe7CX

ကမ္ဘာအမြင့်ဆုံး အဆောက်အဥိးအဖြစ် တည်ဆောက်ဖို့ ရည်ရွှယ်ခဲ့ပေမယ် ခုချိန်ထိ လူတယောက်မှမနေဖူးတယ့် ကျိန်စာသင့်ဟိုတယ်

#Kimjoungun
#Northkorea
#TheV2Myanmar
#Ryungyang
#burjkhalifa
#tallestbuilding


🖇 ကျွန်တော်တို့ရဲ့ ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ content တွေကို စောင့်ကြည့်ဖို့ channel လေးကို like& Subscribe လုပ်သွားကြပါဦး

<For Facebook Page link>
https://www.facebook.com/profile.php?id=61558820285352&mibextid=ZbWKwL



For Tik Tok link

https://www.tiktok.com...


Thank you for joining us on this captivating journey!

English share channel

19 Sep, 13:44


အဆီကျ၊ ဝိတ်ကျစေမယ့် အမူအကျင့် (၄) ခု 🛡

ကိုယ်အလေးချိန်လျှော့ဖို့နဲ့ အဲ့ဒီအလေးချိန်မှာပဲ အချိန်အတိုင်းအတာတစ်ခုထိ ထိန်းထားနိုင်ဖို့အတွက် နေထိုင်မှုစနစ်တချို့ပြောင်းလဲဖို့ လိုအပ်ပါတယ်။

အစားလုံးဝမစားတော့တာ၊ လေ့ကျင့်ခန်းအပြင်းပထန် လုပ်တာတွေက ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။

ကိုယ်အလေးချိန်လျှော့ဖို့ လုပ်တဲ့နေရာမှာ အားကစားခန်းမမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာမျိုး အစားအသောက်ကို အလွန်အမင်းကန့်သတ်ထိန်းချုပ်တာမျိုးတွေ လုပ်ဖို့ မလိုအပ်ပါဘူး။

ခုပြောမှာကတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဝိတ်(သို့) အဆီချနည်း(၄)ခုအကြောင်း ဖြစ်ပါတယ်။

▶️ - ဖတ်ရန်နှိပ်ပါခင်ဗျာ။

#Exercise
#Health
#Haruki

English share channel

19 Sep, 12:22


အချစ်ရေးတစ်ခုမှာ စိတ်ပင်ပန်းမှုတွေနည်းစေဖို့ လိုက်နာရမယ့်အချက်များ ❤️

ချစ်သူစုံတွဲတိုင်းမှာ အမြဲလိုလို စိန်ခေါ်မှုလေးတွေ ရှိကြစမြဲပါ။ အချိန်တိုင်းအဆင်ပြေပျော်ရွှင်နေဖို့ မလွယ်သလို တစ်ခါတစ်လေမှာ ငြင်းခုန်မှုတွေ၊ စိတ်ပင်ပန်းစရာတွေလည်း ရင်ဆိုင်ရတက်ပါတယ်။

ဒီတော့ ကိုယ်တည်ဆောက်ထားတဲ့ အချစ်ရေးတစ်ခုမှာ တတ်နိုင်သလောက် စိတ်ပင်ပန်းမှုတွေနည်းချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် အချက်လေးတွေကိုသာ သေချာလိုက်နာကြည့်ပါနော်။

💕 - ဖတ်ရန်နှိပ်ပါခင်ဗျာ။

#Advices
#Relationship_Knowledge
#Haruki

English share channel

19 Sep, 09:12


ရွှေငါးလေးတွေရဲ့အကြောင်း 🔍

❓⁉️

ရွှေငါးတွေဟာ လူတွေပြောသလိုစက္ကန့်ပိုင်းပဲ မှတ်ဉာဏ်ရှိတာမဟုတ်ဘဲ လူတွေရဲ့မျက်နှာကိုတောင်မှတ်မိနိုင်ပြီး သုံးလကြာရှည်တဲ့မှတ်ဉာဏ်ရှိကြပါတယ်။

👀 - ဖတ်ရန်နှိပ်ပါခင်ဗျာ။

#Fish
#Knowledge
#Haruki

1,559

subscribers

2,583

photos

29

videos
Best Similar Channel