Dagon Seikkan News @dagon_seikkan_scout_and_news Channel on Telegram

Dagon Seikkan News

@dagon_seikkan_scout_and_news


ဒဂုံဆိပ်ကမ်းသတင်းများ အဓိကတင်ပေးသည်။
(သတင်းပေးရန်-@Dagon_Seikkan_Scout)

Dagon Seikkan News (Burmese)

ဒဂုံဆိပ်ကမ်းသတင်းများ အဓိကတင်ပေးသည်။ ဒဂုံဆိပ်ကမ်းသတင်းများသည် အကယ်၍ မြန်မာဗိုလ်မူလေ့လာမည့် ပြည်ထောင်စု လုံခြုံရေးနှင့် ပြည်ထောင်စုအသင်း ဗဟိန်နမူနာပိုင်ဆိုင် လွှဲ ရွေးထားပါသည်။ ဒဂုံဆိပ်ကမ်းသတင်းများသည် လူများနှင့် ပြည်ထောင်စုလှည့်လှည့် တင်စကားများကို ကြည့်တည်ထားပေးနိုင်ရန် ပြည်ထောင်စု တာဝန်နှင့် သတင်းပေးပြီး အဓိတင်ပေးခဲ့ပါသည်။ သတင်းရန်သတင်းပေးရန်ဖို့ Telegram channel စာရင်းသည် @Dagon_Seikkan_Scout ပြောလိုပါသည်။

Dagon Seikkan News

14 Feb, 12:10


🖥 DAILY HIGHLIGHTS (13 FEB 2025)

🔴 စစ်ရေးထူးခြားသတင်းများ

ရခိုင်🔣စစ်တွေတွင် စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲပြင်းထန် – DVB

💸 စီးပွားရေးထူးခြားသတင်းများ

ဒေါ်လာ🔣စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာ ၂၁ သန်း ထပ်မံထုတ်ရောင် – DVB

❗️ ကျားဖြန့်

လာအို🔣မြန်မာက ကျားဖြန့်လုပ်ငန်းတွေကို လျှပ်စစ်မီး မပေးထားကြောင်း လာအိုပြော – RFA

ထိုင်း🔣BGF ခေါင်းဆောင်များ ဝရမ်းထုတ်ရေး ထိုင်း ရွှေ့ဆိုင်း – TI

🚩 စစ်မှုထမ်းသတင်း

ပညာရေး🔣မြန်မာနိုင်ငံတွင် လူတိုင်း စစ်မှုထမ်းရန် တာဝန်ရှိမှု ၊ စစ်မှုထမ်းရသည့် အကျိုး ကျေးဇူး၊ နိုင်ငံကာကွယ်ရေး အရေးကြီးပုံနှင့် နိုင်ငံတကာ စစ်မှုထမ်းစနစ်များအကြောင်း အခြေခံပညာကျောင်းများတွင် လာမည့်ပညာသင်နှစ်အတွင်း စတင်သင်ကြားမည် – KT

ပြည်ပအလုပ်အကိုင်🔣စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းအမျိုးသားများအားလုံး ပြည်ပ အလုပ်လုပ်ခွင့် တရားဝင် ဆိုင်းငံ့ဟု စစ်ကောင်စီက ပြည်ပအလုပ်အကိုင်အေဂျင်စီများသို့ အသိပေးကြေညာ၊ အေဂျင်စီအများစု လုပ်ငန်းရပ်နား – KT

တရုတ်🔣တရုတ်-မြန်မာနယ်စပ်မှာ စစ်မှုထမ်းအကျုံးဝင်သူတွေ ဝင်ထွက်ခွင့် ကန့်သတ်ခံရ – RFA

အခြားထူးခြားသတင်းများ

သနပ်ခါး🔣မြန်မာ့သနပ်ခါး ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရန် ကြိုးပမ်းနေ – TI

MOU🔣MoU စနစ်ဖြင့် ထိုင်းသို့အလုပ်သွားရောက်လုပ်ကိုင်ခွင့် စစ်ကောင်စီပိတ်ပင် – MN

NUG🔣NUG ကာကွယ်ရေးဌာန လက်အောက်က တပ်ရင်းအချို့ နုတ်ထွက် – DVB

တရားဟောခိုင်း🔣ကမ္ဘောဒီယားသံဃရာဇာဆရာတော်နှင့် အိန္ဒိယ ငြိမ်းချမ်းရေးသံတမန် Gurudev Sri Sri Ravi Shankar တို့ကို မင်းအောင်လှိုင်က နေပြည်တော် ဖိတ်ပြီး ငြိမ်းချမ်းရေးတရား ဟောခိုင်း၊ ဗေဒင်ယတြာအရ လုပ်ဆောင်မှုအဖြစ် သုံးသပ် – KT

#RangoonScoutNetwork

Dagon Seikkan News

13 Feb, 03:29


" တိုင်းပြည်ဟာ စစ်တပ်အတွက်မဟုတ် ဒီတိုင်းပြည်မှာ စည်းကမ်းမရှိတဲ့ စစ်တပ်ရှိနေမဲ့အစား အဲ့စစ်တပ်မရှိတာ တိုင်းပြည်အတွက်ပိုကောင်းတယ် "

ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၄ ခုနှစ် ၊ မတ်လ 13 ရက် ၊ ဗိုလ်သင်တန်းဆင်းပွဲ မိန့်ခွန်းမှ ကောက်နုတ်ထားပါသည်။

#TownnshipsInformationCommunity
#Dagon_Seikkan_Scout

Dagon Seikkan News

11 Feb, 08:08


စစ်ကောင်စီက တက္ကသိုလ်များတွင် အခြေခံနှင့်တန်းမြင့် စစ်ပညာသင်တန်းများ ဖွင့်လှစ်နေပြီး ကျောင်းသားကျောင်းသူနှင့် ဆရာမ ၁၅၀၀ ကျော်ကို စစ်သင်တန်းပေး၊ စစ်တပ်က စစ်သင်တန်းတက်ရန် ကျောင်းသားကျောင်းသူများကို ခြိမ်းခြောက် ဖိအားပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

အကြမ်းဖက် စစ်ကောင်စီက တက္ကသိုလ်များတွင် အခြေခံ စစ်ပညာနှင့်တန်းမြင့်စစ်ပညာသင်တန်းများ ဖွင့်လှစ်နေပြီး ကျောင်း သားကျောင်းသူနှင့် ဆရာမ ၁၅၀၀ ကျော်ကို စစ်သင်တန်းပေးနေကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်နှင့် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ စုံစမ်းမှုများအရ သိရှိရသည်။

နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို စစ်တပ်က စစ်သင်တန်းများ ယမန်နေ့မှစတင်၍ ဖွင့်လှစ်ပို့ချနေပြီး တက္ကသိုလ်လေ့ကျင့်တပ်သင်တန်းကျောင်း ၈ ခုတွင် ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမ ၁၅၀၀ ကျော် ကို စစ်သင်တန်းများပို့ချနေခြင်းဖြစ်ကြောင်း ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ် လေ့ကျင့်ရေးအခြေ ခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာသင်တန်း ဖွင့်ပွဲများကို နေပြည်တော်ကောင်စီနယ်မြေတွင်လည်းကောင်း၊ ရှမ်းပြည် နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင်လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်လည်းကောင်း ဖွင့်လှစ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

"စစ်တိုက်ရမှာတော့မဟုတ်ဘူး။ စစ်ပညာသင်ပြီး ကိုယ့်ကျောင်းကိုယ်ပြန်တက်ရုံပါပဲ။ ဒါပေမယ့် အရန်တပ်တွေအဖြစ်တော့ သတ်မှတ်ထားတယ်။ စစ်မှုထမ်းချင်တဲ့သူက ဆန္ဒပြု ရင်လည်း စစ်မှုထမ်းလို့ရတယ်။ အခုသင်တန်းတက်သူတွေက စစ်မှုထမ်းရမယ်ဆိုတာမျိုး မဖြစ်မနေ သတ်မှတ်ထားတာမရှိဘူး။ စစ်ပညာသင်ပေးတဲ့သဘောပါပဲ" ဟု ဒဂုံတက္ကသိုလ်မှ ကထိက တစ်ဦးက ရှင်းပြသည်။

ယခုဖွင့်လှစ်သော သင်တန်းများအနေဖြင့် ပထမနှစ်အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ်အခြေခံစစ်ပညာသင်တန်း၊ ပထမနှစ်တန်းမြင့်စစ်ပညာသင်တန်းနှင့် ဒုတိယနှစ် တန်းမြင့်စစ်ပညာသင်တန်းတို့ဖြစ်ပြီး သာမန်သင်တန်းချိန်နှင့် စခန်းချလေ့ကျင့်ချိန် အလိုက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ဒဂုံတက္ကသိုလ်မှ ဒုတိယနှစ် သင်္ချာဘာသာရပ်အထူးပြု တက္ကသိုလ်ကျောင်းသားတစ်ဦးက ယခု တက္ကသိုလ်က စီစဉ်သည့် စစ်ပညာသင်တန်းကို တက်ရောက်ပါက စစ်မှုထမ်း အဖြစ် ပေါ်တာဆွဲခံရခြင်းနှင့် ဖမ်းဆီးခံရခြင်း ကင်းလွတ်မည်ဟု စစ်တပ်က လာရောက် ဖိအားပေး စည်းရုံးကြောင်း၊ ဆရာ၊ ဆရာမများကလည်း ကျောင်းသားကျောင်းသူများကို မဖြစ်မနေ စစ်သင်တန်းတက်ရမည်ဟု ဖိအားပေးပြီး အမှတ်ပေးစာရင်းတွင် ယင်းသို့ စစ်သင်တန်းတက်ရောက်မှုကိုပါ ထည့်သွင်းအမှတ်ပေးမည်ဟု ခြိမ်းခြောက်ဖိအားပေး ကြောင်း ပြောဆိုသည်။

Dagon Seikkan News

11 Feb, 05:30


🖥 DAILY HIGHLIGHTS (10 FEB 2025)

🔴 စစ်ရေးထူးခြားသတင်းများ

ရခိုင်🔣စစ်သုံပန်းနှင့် အကျဉ်းသား ၁၄၀ ကျော်ကို အာရက္ခတပ်တော် AA က ပြန်လွှတ်ပေး – KT

ကချင်🔣ဗန်းမော်တင့်ကားတပ်ကို KIA သိမ်းပိုက်၊ နှစ်ဘက်အကျအဆုံးများ – MN

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

အိန္ဒိယ🔣မြန်မာ့ငြိမ်းချမ်းရေး ကူညီရန်လာရောက်ဟု အိန္ဒိယငြိမ်းချမ်းရေးသံတမန် ဆို – TI

ထိုင်း🔣ဒုက္ခသည်လူနာများ ကုသမှု ထိုင်းကျန်းမာရေးဝန်ကြီးဌာန ဆောင်ရွက်မည် – TI

❗️ ကျားဖြန့်

DKBA🔣ဘုရားသုံးဆူတွင် ကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်ခြင်းမရှိဟု DKBA ငြင်းဆို – DVB

စစ်ကောင်စီ ရာထူးအပြောင်းအရွှေ့

စစ်တပ်🔣အောက်မြန်မာပြည် စရခရုံးအတွက် ကွပ်ကဲရေးမှူးသစ်ခန့်အပ် – TI

🚩 စစ်မှုထမ်းသတင်း

လစာ🔣စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အလုပ်သမား လူငယ်များကို စစ်မှုထမ်းချိန် အလုပ်ရှင်များက လစာပေးထားရန် သတ်မှတ်ထားမှု လိုက်နာရန် ခက်ခဲပြီး လူငယ်များကို ဆက်လက်ခန့်ထားရန် မဖြစ်နိုင်တော့ဟုဆို – KT

အခြားထူးခြားသတင်းများ

NUG🔣NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်များအားလုံးမှ အနားယူကြောင်း အတွင်းဝန် ဦးနိုင်ထူးအောင် ထုတ်ပြန် – MPA

အကယ်ဒမီ🔣၂၀၂၄ ရုပ်ရှင်အကယ်ဒမီဆု နေတိုး၊ ဝတ်မှုန်ရွှေရည်၊ ခြူးလေးနှင့် အေးချမ်းမောင် တို့ရရှိ – DVB

မအလ🔣ရုပ်ရှင်အသိုင်းအဝိုင်းက ဝါဒကူဖြန့်ပေးရန် စစ်ကောင်စီ ခေါင်းဆောင် တောင်းဆို – MPA

#RangoonScoutNetwork

Dagon Seikkan News

10 Feb, 11:32


စာစဉ် 482
🕖6:00 PM -February 10, 2025

ကြာကူလီမင်းအောင်လှိုင် (11)
======================

၂၀၂၁ မှာ မအလမင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲလမ်းကြောင်းကနေလည်း သမ္မတမဖြစ်နိုင်တော့ဘူး။ အမေစုဆီကနေ သမ္မတလုပ်ခွင့်တောင်းဆိုတာကလည်း မရဘူး။ ကာချုပ်သက်တမ်းဆယ်နှစ်အတွင်း သူကျူးလွန်ထားတဲ့ အကျင့်ပျက်ခြစားမှုတွေ၊ တိုင်းပြည်ဘဏ္ဍာထဲက ခိုးထားတာတွေ၊ ကာကွယ်ရေးဘတ်ဂျက်ထဲက ခိုးထားတာတွေ၊ စစ်ရာဇဝတ်မှုတွေအတွက် အရမ်းကြောက်နေပြီ။ သူ သမ္မတဖြစ်မှ ဖြစ်မယ်။ သူသမ္မတဖြစ်မှသာ သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်ဒါဏ်ကနေ ကင်းလွတ်ခွင့်ရမယ်။

ဒါကြောင့် သမ္မတကြီးဦးဝင်းမြင့်ကို ကာလုံအစည်းအဝေးခေါ်ယူပြီး သူ့ကို အာဏာလွှဲပေးဖို့ မအလမင်းအောင်လှိုင်က လက်နက်အားကိုးနဲ့ ခြိမ်းခြောက် အကြပ်ကိုင်ခဲ့တယ်။ ဒါပေမယ့် သမ္မတကြီးဦးဝင်းမြင့်က လက်မခံခဲ့တာကြောင့် သမ္မတကြီးကို ဖမ်းဆီးပြီး ဒုသမ္မတမြင့်ဆွေကို ယာယီသမ္မတခန့်ပြီး အာဏာကို လွှဲယူခဲ့တယ်။

သူတို့က ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး တိုင်းပြည်အာဏာကို လုယူခဲ့တာဟာ သူတို့ကိုယ်တိုင် ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်တာ ဖြစ်ပါတယ်။ ဒါကြောင့် မအလမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဆိုတာ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်သူ ရာဇဝတ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ လူဆိုးဂိုဏ်းကြီးသာ ဖြစ်တယ်။

မနက်ဖြန် ဆက်ပါမည်။

တော်လှန်ရေး အမြန်ဆုံး အောင်ရမည်။

_  _  _  _  _  _  _  _  _  _  _  _  _  _  _  _ 

Passion Channel မှာလဲ Audiobook တွေတောက်လျှောက်တင်ပေးနေပါတယ်💗
_  _  _  _  _  _  _ _  _  _  _  _ _  _  _  _  _

ကာကာတို့ရေ ဒါကတော့ Cl,ick ရမယ့်Linkလေးတွေပါဗျ။ 👇👇👇👇

( ကြော်ငြာကိုမနှိပ် ပါနဲ့နော် အပေါ်ဆွဲ အောက်ဆွဲပြီး ကြည့်ပေးရင် ရပါပြီဗျ။)

01. https://lctw.info/4f7iDM0

02. https://lctw.info/3Bugso9

03. https://lctw.info/4fsu1lF

04. https://lctw.info/4iu3Uxv

05. https://lctw.info/41zFKvx

06. https://lctw.info/3Bugso9

🙏🙏🙏🙏🙏🙏🙏🙏🙏

_  _  _  _  _  _  _  _  _  _  _  _  _ _

အဆင်မပြေမှုလေးတွေများရှိခဲ့ရင်
အားမနာတမ်း မေးလို့ရပါတယ်နော်။

အက်မင်အကောင့်ပါ
👉 @LctwClickAdmin 👈

ပိုပြီး မိသားစုဝင်တွေနဲ့ နွေးနွေးထွေးထွေးလေးဖြစ်သွားအောင် Family groupလေးကို Join ထားပေးကြပါဗျ။

😍 ဒါကတော့ Family group လင့်ခ်
လေးပါဗျ😍

https://t.me/lctwfamily 👈

_  _  _  _  _  _  _  _  _  _  _  _  _  _

မိသားစုဝင်များအားလုံး ဘေးကင်းကြပါစေ။ အစစအရာရာ ဂရုစိုက်ကြပါ။

#Myo
#CRTF
#LCTW_Team

Dagon Seikkan News

10 Feb, 11:11


"ထုတ်ပြန်ချက်အတုများနှင့် စပ်လျဥ်း၍ အသိပေးခြင်း"
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော အထက်ပါ စာများသည် အတုများဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

Dagon Seikkan News

10 Feb, 07:05


ရန်ကုန်မှတ်တမ်း (ဖေဖော်ဝါရီ ၃ - ၉ ၊ ၂၀၂၅)
•••••••••••••••®•••••••••••••••
ယခုသီတင်းပတ် ရန်ကုန်မှတ်တမ်းတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၉ ရက်နေ့အတွင်း ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအနက် ထူးခြားဖြစ်စဉ်များကို စုစည်း၍ အောက်ပါအတိုင်း ခေါင်းစဉ်ငယ်များ ခွဲကာ ဖော်ပြထားသည်။

၁။ စစ်ရေးလှုပ်ရှားမှု
၂။ သပိတ်လှုပ်ရှားမှု
၃။ အဖမ်းအဆီး ဧည့်စစ်လူရှာဖြစ်စဉ်များ
၄။ စစ်မှုထမ်း
၅။ အချုပ်ခန်းဖောက်ပြေး
၆။ လျှပ်စစ်မီး
၇။ ခြံအမှတ် ၅၄ လေလံပစ်


⬇️အောက်ပါ Telegram Link မှစ၍ အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။ ⬇️
Link : https://t.me/rsnweb/23766

#RangoonScoutNetwork #YGN_Notes

Dagon Seikkan News

06 Feb, 09:52


🖥 DAILY HIGHLIGHTS (05 FEB 2025)

🔴 စစ်ရေးထူးခြားသတင်းများ

ဧရာဝတီ🔣ဧရာ၀တီတိုင်း သာပေါင်းမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို AA နှင့်ပူးပေါင်းတပ်များ ထပ်မံသိမ်းပိုက် – AT

🔖 မိတ်ဖက်ပြဿနာ

ချင်း🔣ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်ပြီး သေဆုံး၊ ထိခိုက်မှုများရှိ – MN

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

စင်ကာပူ🔣မြန်မာအလုပ်သမားများကို လက်ရှောင်ရန် စင်ကာပူအစိုးရသတိပေး – MN

ဂျပန်🔣လူသားချင်းစာနာမှု အကူညီများ ဆက်ပေးမည်ဟု ဂျပန်နိုင်ငံခြားရေးဒုဝန်ကြီး ပြော – TI

❗️ ကျားဖြန့်

ထိုင်း🔣မြန်မာနယ်စပ် ၃ မြို့ကို ထိုင်းဘက်မှ လျှပ်စစ်မီး ဖြတ်တောက်ပြီ – MN

လာအို🔣ထိုင်း မီးဖြတ်တာကြောင့် တာချီလိတ်မြို့ပေါ်ရပ်ကွက်များ လျှပ်စစ်မီးပြတ်တောက်၊ လာအိုမီးဖြင့် ၉၀ ရာခိုင်နှုန်း ချက်ချင်းအစားထိုးနိုင်၍ မီးလင်းဟုဆို – MKN

🚩 စစ်မှုထမ်းသတင်း

သင်္ဃန်းစည်း🔣စစ်မှုထမ်းရန် အမိန့်ဆင့်ခေါ်စာရရှိထားသောလူငယ်များကို သင်္ကန်းဝတ်ခွင့်မပေးရန် ဘုန်းကြီးကျောင်းများကို စစ်ကောင်စီက ညွှန်ကြား၊ စစ်မှုထမ်းရန် အမိန့်ရရှိထားပြီးသားသူများ ရဟန်းဝတ်ခွင့် တရားဝင် စတင်ပိတ်ပင် – KT

အခြားထူးခြားသတင်းများ

NUG🔣တပ်နေရာအရွှေ့အပြောင်းကြောင့် PDF တပ်တချို့ NUG ထံမှ နုတ်ထွက် – MN

#RangoonScoutNetwork

Dagon Seikkan News

06 Feb, 09:52


စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို ပြည်ပအလုပ်အကိုင်အတွက် ပထမဆုံးအဆင့်ဖြစ်သည့် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့် စစ်ကောင်စီက တရားဝင် ပိတ်ပင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို ပြည်ပသို့ သွားရောက် အလုပ်လုပ်ရန် ပထမဦးဆုံးလုပ်ဆောင်ရသည့် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့် စစ်ကောင်စီက တရားဝင် ပိတ်ပင်လိုက်ကြောင်း ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီများက ပြောဆိုသည်။

ယခုဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ပြည်ပနိုင်ငံများသို့ သွားရောက်ရန် ပထမဦးဆုံး လုပ်ရသည့် အလုပ်သမားဝန်ကြီးဌာနက ဖွင့်လှစ်သည့် ပြည်ပအလုပ် အကိုင်လမ်းညွှန်သင်တန်းတက်ရောက်ရန်အတွက် လူပေါင်း ၂၀၀ နီးပါး တင်ပြခဲ့ရာတွင် ၁၄၂ ဦးကို ငြင်းပယ်ခဲ့ကြောင်း၊ ငြင်းပယ်ခံရသူများတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို စစ်မှုထမ်းရန် အသက် အရွယ်ကန့်သတ်ချက်နှင့် အကျုံးဝင်နေ၍ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင် တန်း တက်ရောက်ခွင့်မရှိဟု တရားဝင် အသိပေးအကြောင်းကြားလာကြောင်း သိရှိရသည်။

"အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အမျိုးသားအားလုံးကို စစ်မှု ထမ်းအသက်အကျုံးဝင်တဲ့အတွက် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ခွင့်မပြုကြောင်း စပြီး အကြောင်းကြားပါတယ်။ ကျနော်တို့ အေဂျင်စီက ဂျပန်ကို ကျွမ်းကျင်အလုပ်သမားပို့ဖို့ တင်ပြထားတာ အားလုံးက အငြင်းခံရပါတယ်" ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သို့ရာတွင် စစ်ကောင်စီက ပြည်ပအလုပ်အကိုင်အေဂျင်စီများသို့ တစ်စုံတစ်ရာ အမိန့်ညွှန်ကြားချက် ထုတ်ပြန်ခြင်းမရှိဘဲ ယခုအခါမှသာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို အလုပ်သမားဝန်ကြီးဌာနကဖွင့်လှစ်သော ပြည်ပအလုပ်အကိုင်လမ်းညွှန် တက်ရောက်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် အမျိုးသမီးများကိုမူ အသက်အရွယ် မရွေး ပြည်ပသွားရောက် အလုပ်လုပ်ခွင့် ခွင့်ပြုထားဆဲဖြစ်ပြီး ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ခွင့်၊ OWIC ကတ်ပြုလုပ်ခွင့်များ ဆက်လက်ပေးနေဆဲဖြစ်ကြောင်း၊ သို့ရာတွင် များမကြာမီ အမျိုးသမီးများလည်း စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်း ပြည်ပအလုပ်လုပ်ခွင့် ပိတ်ပင်ရန် ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရှိရသည်။

"အမျိုးသမီးတွေလည်း ပိတ်မယ်လို့ သတင်းတွေ ထွက်နေတယ်။ အမျိုးသမီးတွေကို မြေပြင်မှာ စာရင်းတွေ ကောက်နေလို့ အဲဒီသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေတာပါ" ဟု ဂျပန်သို့ အလုပ်သမားပို့ဆောင်နေသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်က ဆက်လက်ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် မေလမှစတင်၍ လစဉ် စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်ကာ လူငယ်များကို အတင်းအကျပ် စစ်ထဲသွင်း၍ စစ်မြေပြင်သို့ စေလွှတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

Dagon Seikkan News

05 Feb, 07:31


လေထုညစ်ညမ်းခြင်းသည် လူသားများနှင့် တိရိစ္ဆာန်တို့၏ ကျန်းမာရေးနှင့်အသက်ကိုခြိမ်းခြောက်နိုင်သော၊ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေသော၊ ဘေးအန္တရာယ်တခုဖြစ်တဲ့အတွက် အသေးစိတ်ပိုပြီးသိရှိလာကြစေရန် ဒီ post ထပ်တင်ပေးရတာဖြစ်ပါတယ်။

လေထုညစ်ညမ်းမှု သို့မဟုတ် လေထုအရည်အသွေးကိုတိုင်းတာတဲ့အခါ အောက်ဖေါ်ပြပါအချက်အလက်တွေပါဝင်ပါတယ် -
📌 AQI(Air Quality Index) လေထုအရည်အသွေးအညွှန်းကိန်း
📌 Ozone Concentration လေထုအတွင်းအိုဇုန်းဓါတ်ငွေ့ စုစည်းပါဝင်နှုန်း
📌 Pollen လေထုအတွင်းလွင့်မျောပျံ့နှံ့လျှက်ရှိသည့်ပန်းဝတ်မှုန်များ
📌 Desert Dust Concentration (ကန္တာရသဲမှုန်များ စုစည်းလွင့်မျောပါဝင်မှုအခြေအနေ)
📌 Atmospheric Particulate Matter (PM10 and PM2.5 လေထုအတွင်းအမှုန်အမွှားများပါဝင်မှုနှုန်း)
📌 Sulfur Dioxide (SO2 ဆာလ်ဖါဒိုင်အောက်ဆိုက်ပါဝင်မှုနှုန်း)
📌 Carbon Monoxide (CO ကာဗွန်မိုနောက်ဆိုက်ပါဝင်မှုနှုန်း)
📌 Nitrogen Dioxide (NO2 နိုက်တြိုဂျင်ဒိုင်အောက်ဆိုက်ပါဝင်မှုနှုန်း)
📌 Aerosol Optical Depth (AOD ပါဝင်မှုနှုန်း AOD ပါဝင်မှုအနည်းအများက နေရောင်ခြည်အပူဓါတ်ကိုစုပ်ယူခြင်းနှင့် နေရောင်ခြည်တိုက်ရိုက်ကျဆင်းနိုင်မှုကို တားဆီးခြင်း ၂ မျိုးအပေါ် သက်ရောက်မှုရှိသည်)
📌 Visibility - အဝေးမြင်နိုင်စွမ်း ... တွေဖြစ်ပါတယ်။
https://www.mmweather.org/special-weather-situation/air-pollution

🔸 အဲ့ဒီအချက်တွေထဲကမှ လေထုညစ်ညမ်းမှုမှာ တွေ့မြင်ရအများဆုံးနဲ့ အန္တရာယ်အရှိဆုံးက PM2.5 နဲ့ PM10 အမှုန်အမွှားလေးတွေပါဘဲ။
PM2.5 နဲ့ PM10 အရွယ်အစားရှိတဲ့ လေထုထဲက အမှုန်အမွှားတွေသည် WHO ရဲ့ စံနှုန်းသတ်မှတ်ချက်အရ တနှစ်လုံးပျမ်းမျှ 10 μg/m³ (annual mean) နဲ့ နေ့စဉ်ပါဝင်မှု 25 μg/m³ (daily mean)ဖြစ်တာကြောင့် ၃၀ μg/m³ ကျော်ရင် အသက်ရှုသွင်းလိုက်တိုင်း ကျနော်တို့ရဲ့အဆုတ်ထဲကို အမှုန်အမွှားရောက်ရှိနေတာ နှစ်နဲ့ချီပြီးအချိန်တွေကြာလေ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်ဘို့များလေပါဘဲ။

🔸 နောက်တခုက ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့ပါဝင်မှုပါဘဲ။ Carbon Monoxide - CO ကာဗွန်မိုနောက်ဆိုက်ပါဝင်မှုနှုန်းကတော့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ မီးစက်များ၊ ဆေးလိပ်ငွေ့များ စတဲ့အရင်းအမြစ်များစွာမှ ထွက်လာတဲ့ ဓါတ်ငွေ့ဖြစ်ပြီး လေထုအတွင်းပါဝင်မှု အပုံသန်းပေါင်း ၁၀၀၀ ပုံ မှာ အပုံ ၅၀(50 ppb) ရှိနေရင် အန္တရာယ်ရှိတဲ့ level ဖြစ်ပါတယ်။ လူနေထူထပ်တဲ့ ရန်ကုန်နဲ့ မန္တလေးတိုင်းထဲမှာ အများဆုံးဖြစ်တာတွေ့ရပါမယ်။

ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့ အဆိပ်သင့်ခြင်း(CO poisoning)ကတော့ ကြောက်စရာအကောင်းဆုံးပါဘဲ။ CO Poisoning အဆိပ်သင့်တဲ့အခါ တုပ်ကွေးလက္ခဏာနဲ့ဆင်တူတာကြောင့် ချက်ချင်း သတိမထားမိတာ အစောပိုင်းလက္ခဏာတွေကို လျစ်လျူရှုမိတာဖြစ်တတ်ပြီး သတိလစ်မေ့မျောတဲ့အခါကျမှ ဘေးကင်းရာကိုသယ်ပို့ပေးမဲ့အကူအညီမရှိရင် အသက်ဆုံးရှုံးသည်အထိ ဖြစ်သွားနိုင်ပါတယ်။

🔸 လေထုညစ်ညမ်းမှုအဆိုးဆုံးကာလဖြစ်တဲ့ ဆောင်းရာသီနဲ့ နွေရာသီအတွင်း မြန်မာနိုင်ငံပေါ်က လေထုညစ်ညမ်းမှုအခြေအနေကို ဒေသအလိုက်ကြည့်တဲ့အခါ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတောင်ပိုင်းဒေသတွေမှာ အများဆုံးဖြစ်တာတွေ့ရပါတယ်။

Dagon Seikkan News

05 Feb, 05:57


🖥 DAILY HIGHLIGHTS (04 FEB 2025)

🔴 စစ်ရေးထူးခြားသတင်းများ

ရှမ်းမြောက်🔣MNDAA က သိမ်းပိုက်ခဲ့သော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို နေရာသစ်၊ မြို့သစ်တွင် ပြန်လည်အခြေစိုက် ဖွင့်လှစ်နိုင်ရေး စစ်ကောင်စီက တိုင်းမြို့သစ်စီမံချက် ရေးဆွဲနေပြီး မိုင်းရယ်နှင့်တန့်ယန်းတွင် ​အခြေပြုမည် – KT

🔖 မိတ်ဖက်ပြဿနာ

TNLA🔣KIA နှင့် ပြဿနာထပ်မဖြစ်ရေး ညှိနှိုင်းဆောင်ရွက်ရန် အောက်ခြေတပ်မှူးများကို TNLA ညွှန်ကြား – DVB

🟢 နိုင်ငံရေးထူးခြားသတင်းများ

ရွေးကောက်ပွဲ🔣ရွေးကောက်ပွဲအတွက် ပါတီများ ကြိုပြင်ထားကြ ဟုဆို – TI

❗️ ကျားဖြန့်

ထိုင်း🔣ထိုင်းမှ မြန်မာနယ်စပ်သို့ လျှပ်စစ်မီးပေးမှု ဖြတ်တောက်မည် – TI

ထိုင်း🔣မြဝတီကို ချက်ချင်းမီးဖြတ်ရန် ထိုင်းဝန်ကြီးချုပ် အမိန့်ပေး – TI

စစ်ကောင်စီ🔣ကျားဖြန့်နှင့်ပတ်သက်သော တာဝန်ရှိသူများကို အရေးယူမည်ဟု စစ်ခေါင်းဆောင်ပြော – TI

#RangoonScoutNetwork

Dagon Seikkan News

04 Feb, 11:40


စာစဉ် 476
🕖6:00 PM -February 4, 2025

ကြာကူလီမင်းအောင်လှိုင် (5)
======================

၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်သူမှ မဲလိမ်မဲခိုးလို့ မရအောင် ရွေးကောက်ပွဲကော်မရှင်က စီမံထားပါတယ်။ လက်သန်းမှာ ရက်သတ္တတစ်ပါတ်လောက်ကြာအောင် ဖျက်မရတဲ့ အပြာရောင်မင်တွေပါပဲ။ လူတစ်ယောက်ရဲ့ နာမည်ဟာ မြို့နယ် သို့မဟုတ် ရပ်ကွက် နှစ်ခု သုံးခုမှာ ပါနေရင်တောင် တစ်နေရာမှာ မဲပေးပြီးရင် နောက်တစ်နေရာမှာ မဲထပ်သွားပေးလို့ မရတော့ပါဘူး။

နောက်ပြီး မဲစာရင်း မှားတာတို့၊ မဲလိမ် မဲခိုးတာတို့ဆိုတာက စစ်တပ်ရဲ့အလုပ် မဟုတ်ပါဘူး။ သက်ဆိုင်ရာနိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့အလုပ်ပါ။ တကယ်တမ်း မဲစာရင်းမှားတဲ့ကိစ္စကို အရေးယူဖို့လိုအပ်ရင်တောင် ရွေးကောက်ပွဲကော်မရှင်ကိုသာ အရေးယူရမှာပါ။

ဒါပေမယ့် နေရာတကာ သူတို့ပဲသိ၊ သူတို့ပဲတတ်၊ သူတို့ပဲတော်တယ်လို့ ထင်နေကြတဲ့ ဒေါ်စိန်အေးကျောင်းဆင်း စစ်ခွေးဗိုလ်ချုပ်တွေဟာ သူတို့မှာသာ အာဏာမရှိတော့ရင် တိုင်းပြည်ဆင်းရဲအောင် လုပ်ခဲ့ကြတဲ့ သူတို့ရဲ့ စီမံခန့်ခွဲမှု အမှားတွေ၊ တိုင်းပြည်ဘဏ္ဍာထဲကနေ သူတို့ ခိုးဝှက်ထားတာတွေ၊ ခေတ်အဆက်ဆက် ပြည်သူလူထုကို လိမ်ညာလှည့်ဖျားခဲ့တာတွေ၊ ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာခဲ့တာတွေ၊ သူတို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ယူ၊ တာဝန်ခံရတော့မှာ၊ အရေးယူခံရတော့မှာကို အလွန်အမင်း စိုးရိမ်နေပါပြီ။

သူတို့အတွက် မျှော်လင့်ချက်က ရွေးကောက်ပွဲပါ။ ရွေးကောက်ပွဲမှာ မရှုမလှရှုံးတော့ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အရေးယူခံရတော့မှာကို အလွန်အမင်း စိုးရိမ်နေပြီဖြစ်တဲ့ စစ်ခွေးဗိုလ်ချုပ်တွေက တိုင်းပြည်အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့ ကြိုးစားပါတော့တယ်။ သူတို့လက်ထဲမှာ အာဏာရှိနေရင် သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အာဏာနဲ့ ဖုံးဖိဖျောက်ဖျက်ပစ်လို့ ရမယ် ထင်နေကြပုံပါပဲ။

မနက်ဖြန် ဆက်ပါမည်။

တော်လှန်ရေး အမြန်ဆုံး အောင်ရမည်။

_  _  _  _  _  _  _  _  _  _  _  _  _  _  _  _ 

Passion Channel မှာလဲ Audiobook တွေတောက်လျှောက်တင်ပေးနေပါတယ်💗
_  _  _  _  _  _  _ _  _  _  _  _ _  _  _  _  _

ကာကာတို့ရေ ဒါကတော့ Cl,ick ရမယ့်Linkလေးတွေပါဗျ။ 👇👇👇👇

( ကြော်ငြာကိုမနှိပ် ပါနဲ့နော် အပေါ်ဆွဲ အောက်ဆွဲပြီး ကြည့်ပေးရင် ရပါပြီဗျ။)

01. https://lctw.info/4f7iDM0

02. https://lctw.info/3Bugso9

03. https://lctw.info/4fsu1lF

04. https://lctw.info/4iu3Uxv

05. https://lctw.info/41zFKvx

06. https://lctw.info/3Bugso9

🙏🙏🙏🙏🙏🙏🙏🙏🙏

_  _  _  _  _  _  _  _  _  _  _  _  _ _

အဆင်မပြေမှုလေးတွေများရှိခဲ့ရင်
အားမနာတမ်း မေးလို့ရပါတယ်နော်။

အက်မင်အကောင့်ပါ
👉 @LctwClickAdmin 👈

ပိုပြီး မိသားစုဝင်တွေနဲ့ နွေးနွေးထွေးထွေးလေးဖြစ်သွားအောင် Family groupလေးကို Join ထားပေးကြပါဗျ။

😍 ဒါကတော့ Family group လင့်ခ်
လေးပါဗျ😍

https://t.me/lctwfamily 👈

_  _  _  _  _  _  _  _  _  _  _  _  _  _

မိသားစုဝင်များအားလုံး ဘေးကင်းကြပါစေ။ အစစအရာရာ ဂရုစိုက်ကြပါ။

#Myo
#CRTF
#LCTW_Team

Dagon Seikkan News

04 Feb, 08:36


🖥 DAILY HIGHLIGHTS (03 FEB 2025)

🔴 စစ်ရေးထူးခြားသတင်းများ

ကချင်🔣ဗန်းမော်အမြောက်တပ်ကို သိမ်း၍ စကခ ၂၁အား KIA စစ်ရှိန်မြှင့် – TI

ကချင်🔣ဗန်းမော် စကခ ၂၁ ကွပ်ကဲရေးမှူးနှင့်အဖွဲ့ ထွက်ပြေးသွားပြီး တပ်လိုင်းခန်းအတွင်းအထိ KIA ထိုးဖောက်ဝင်ရောက်ကာ တိုက်ပွဲပြင်းထန်နေ – AT

မကွေး🔣မကွေးတိုင်း ငဖဲမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ဂုတ်စည်းရိုးစခန်း AA သိမ်းပိုက် – AT

မွန်🔣မဲ့ပလီစခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက် – BBC

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

အာဆီယံ🔣အာဆီယံအထူးသံတမန် နေပြည်တော် သွားမည် – TI

ထိုင်း🔣ထိုင်းဝန်ကြီးချုပ်ဟောင်းနှင့် မလေးရှားဝန်ကြီးချုပ်တို့ မြန်မာ့အရေး ဆွေးနွေး – TI

ဂျပန်🔣ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူအားလုံး လွှတ်ပေးရန် ဂျပန်အစိုးရ တိုက်တွန်း – DVB

ဗြိတိန်🔣ဗြိတိန်က မြန်မာသို့ စာနာမှုအကူအညီ ပေါင် ၂၂ သန်းကျော် ပေးအပ် – AT

❗️ ကျားဖြန့်

ဇင်ယော်စစ်ဆင်ရေး🔣ဇင်ယော်စစ်ဆင်ရေး ဒုတိယလှိုင်းမလာခင် ကျားဖြန့်လုပ်ငန်းများ နေရာပြောင်းရွှေ့ – DVB

ရှမ်း🔣မိုင်းရယ်နှင့် တန့်ယန်းမြို့နယ်များတွင် စစ်တပ်နှင့်ချိတ်ဆက်ထားသော တရုတ် လောင်းကစား၀ိုင်းများနှင့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ ပြန်လည်ခေါင်းထောင်လာ – KT

#RangoonScoutNetwork

Dagon Seikkan News

01 Feb, 14:11


⚠️ဒဂုံဆိပ်ကမ်းမြို့နယ်

ဧရာချမ်းသာကွန်ဒိုရှေ့က ဧရာဝဏ် လမ်းမကြီးတွင် မနေ့ည ၉ နာရီ ဝန်းကျင်လောက်က အလုပ်ကပြန်လာတဲ့ မ၂ ကျား၂ ကို စခ DC ၁ စီး ကားလေး တစ်စီးနဲ့ ဆွဲသွား။

လမ်းတစ်လျှောက် ကယ်ရီကောင်လေးတွေကိုလည်း ထပ်လိုက်ဖမ်းတာ ၆ ယောက်ပါသွားတယ်လို့သိရ။

@Dagon_Seikkan_Scout
👉သတင်းပေးရန်။

Dagon Seikkan News

31 Jan, 05:43


🖥 DAILY HIGHLIGHTS (30 JAN 2025)

🔴 စစ်ရေးထူးခြားသတင်းများ

MNDAA🔣ကိုးကန့်တပ်များ လားရှိုးမှ အသုတ်လိုက်ဆုတ်ခွာမည် – MN

စစ်ကောင်စီ🔣ပဲခူးတိုင်းနှင့်ရခိုင်အစပ်တွင် AA က သိမ်းပိုက်ထားသော မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် စစ်ဆင်ရေးပြင်၊ သာယာဝတီတွင် ပျူစောထီးများကို လက်နက်များ တပ်ဆင်ပေးနေ – KT

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

အမေရိကန်🔣မြန်မာကျောင်းသားများကို ပေးသည့် အမေရိကန်ပညာသင်ဆု ရပ်ဆိုင်း – TI

အမေရိကန်🔣အမေရိကန်ရဲ့ အကူအညီ ဖြတ်တောက်မှုကြောင့် ထိုင်းက မြန်မာစစ်ရှောင်တွေကို အကူအညီပေးမှု ရပ်ဆိုင်း – AT

WFP🔣မြန်မာပြည်သူ ၁၅ သန်းခန့် အငတ်ဘေးရင်ဆိုင်ရနိုင်ဟု WFP ထုတ်ပြန် – TI

#RangoonScoutNetwork

Dagon Seikkan News

31 Jan, 05:21


🟥 ဒဂုံဆိပ်ကမ်း
*
ရတနာလမ်းပေါ် ‌ဗေလုဝကွေ့မရောက်ခင် တိုင်းရင်းသားကျေးရွာဘက်အသွား ဘယ်ညာ စခ ၂၊ ခွေးဘဲဥ တသိုက် ကားတွေ ဓါးပြတိုက်
*
11:28 AM
📬 @Inform_RSN

Dagon Seikkan News

31 Jan, 03:57


အကြမ်းဖက် စစ်ကောင်စီ မှ စစ်မှုထမ်း အသက်ကန့်သတ်ချက် အကျုံးဝင်သော လူငယ်များအား ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ခွင့် ကန့်သတ်

MSI
ဇန်နဝါရီလ ၃၁ ရက်

အကြမ်းဖက် စစ်ကောင်စီ မှ ပြည်တွင်းရှိ စစ်မှုထမ်း အသက်ကန့်သတ်ချက် အကျုံးဝင်သော လူငယ်များအား Passport for Job ( PJ ) ထုတ်ပေးခြင်း ၊ OWIC အလုပ်သမားမှတ်ပုံတင်ကဒ်ထုတ်ပေးခြင်း ၊ MOU ဖြင့် ပြည်ပသွားရောက်လုပ်ကိုင်ခွင့် အားလုံးကို ကန့်သတ်လိုက်ပြီး အဆိုပါ အသက်အပိုင်းအခြားတွင် အကျုံးဝင်သည့် လူငယ်များ ပြည်ပသွားရောက် အလုပ်လုပ်ကိုင်ခွင့် ကန့်သတ်လိုက်ပြီ ဖြစ်ကြောင်း သိရှိရပါသည်။

“ဇန်နဝါရီလ ၃၀ ရက်နေ့ စာချုပ် ချုပ်ဆိုပြီးတဲ့ သူတွေတော့ ထွက်ခွင့်ရမယ်ကြားတယ် ၊ (၃၁) ရက်နေ့ကစပြီး အဲ့အသက်ထဲ ပါနေရင် စာချုပ်ပါ ချုပ်ခွင့်မရှိဖူး” ဟု ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ နှင့် နီးစပ်သူ တစ်ဦး ထံမှ သိရှိရပါသည်။

ဓာတ်ပုံ - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွါဂိတ်

Dagon Seikkan News

25 Jan, 16:29


ဒဂုံဆိပ်ကမ်း
*
ဒဂဆိပ်ကမ်း ၉၀၊ ၉၂၊ ၁၄၆ ရပ်ကွက်တို့ထဲ အမျိုးသမီး စစ်မှုထမ်းစာရင်းများ ကောက်ပြီးသွားပြီလို့ သိရ။
စစ်မှုထမ်း မပါချင်ရင် ခေါက်ကြေးပေးဆိုပြီး ရပ်ကွက်အလိုက် အသက်အပိုင်းအခြားအလိုက် နှုန်းထားအမျိုးမျိုးဖြင့် အုပ်ကြီးများက ပိုက်ဆံတောင်းကြောင်းလည်း သိရ။
*
25 Jan 2025
📬 @Inform_RSN

Dagon Seikkan News

25 Jan, 09:33


အမျိုးသမီး စစ်မှုထမ်းစာရင်းများ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လိုက်ကောက်

ဇန်နဝါရီ၊ ၂၅ ရက်နေ့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၄ ရပ်ကွက်၊ (B Block) လမ်းများတွင် အကြမ်းဖက် စစ်တပ်ထောက်တိုင် ရာအိမ်မှူး၊ ပျူစောထီးအချို့မှ စစ်မှုထမ်းစာရင်းအကြုံးဝင်သည့် အမျိုးသမီးစာရင်းများကို လိုက်ကောက်နေပြီး ပုံစံ ၆၆ သည့်ဖြင့်နေထိုင်သည့် သူများပါ စာရင်းကောက်သွားသည်ဟု သတင်းရရှိသည်။

25 Jan 2025
#RangoonScoutNetwork

Dagon Seikkan News

24 Jan, 09:18


🔹ကိုယ့်လူတို့ရေ

🔹Internet of things လို့ဆိုလို့ရတဲ့ အရာရာဟာ နည်းပညာနဲ့ ချိတ်ဆက်ထားတဲ့ ခေတ်ကြီးထဲမှာ သင့်လက်တစ်ကမ်းမှာ ရှိနေတဲ့ နည်းပညာ ပစ္စည်းတွေကို ကြည့်ကြည့်ပါ။

🔹 ထုတ်ကုန်တွေ တော်တော်များများက နောက်ပိုင်းမှာ Smart ဆိုတဲ့ စကားလုံးနဲ့ ချိတ်ဆက်လာပါတယ်။ Smart TV, Smart Watch, Smart Home system စတာတွေအားလုံးက နည်းပညာတွေနဲ့ ချိတ်ဆက်ထားရပါတယ်။

🔹စက်ပစ္စည်းတွေကို Update လုပ်ခြင်းက နည်းပညာနဲ့ သက်ဆိုင်နေတဲ့ ယိုပေါက်တွေကို မဖြစ်အောင် ကာကွယ်တဲ့ နည်းလမ်းတစ်ခုပါ။

🔹 ဖုန်း/ ကွန်ပျူတာ (သို့) နည်းပညာ စက်ပစ္စည်းတွေကို Update ဘာလို့လုပ်သင့်တာလဲ ဆိုတဲ့ မေးခွန်းတွေရှိတဲ့ သူတွေအတွက် အကြမ်းဖျင်းလေး ညွှန်းဆိုရေးသားထားပါတယ်ဗျို့…

🔻နှစ်သစ်မှာ Update လုပ်ကြစို့လို့ ရည်ရွယ်ရင်း ရောင်းရင်းတွေကိုလည်း လက်တို့ကြပါဦးဗျို့…

👉 https://t.me/SpringRevSecurity/2090

Dagon Seikkan News

24 Jan, 07:12


ရန်ကုန်၊ မြို့နယ်အချို့တွင် စစ်မှုထမ်းအကျုံးဝင် အမျိုးသမီးစာရင်း လိုက်လံကောက်နေဟုဆို

24 Jan 2025 By Ko Paing / MPA

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးစာရင်းကို စစ်ကောင်စီက လိုက်လံ ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ကျောက်တန်း၊ သန်လျင်၊ သာကေတနှင့် တာမွေမြို့နယ်တို့တွင် အသက်၁၈နှစ် နှင့် ၂၇နှစ်ကြား စစ်မှုထမ်းအကျုံးဝင် အမျိုးသမီးများစာရင်းကို စစ်ကောင်စီက ကောက်ခံနေကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/HAvIa
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

Dagon Seikkan News

24 Jan, 05:32


🖥 DAILY HIGHLIGHTS (23 JAN 2025)

🔴 စစ်ရေးထူးခြားသတင်းများ

ကချင်🔣ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန် – DVB

ရှမ်း🔣ကိုးကန့် MNDAA နှင့် ယာယီအပစ်ရပ်ထားသော်လည်း စစ်ကောင်စီက ရှမ်းမြောက် နှင့်ရှမ်းတောင်တွင် စစ်အင်အားများ အကြီးအကျယ် ဆက်လက် ချဲ့ထွင်ပြီး ရိက္ခာနှင့် လက်နက်ခဲယမ်းများကို အဆက်မပြတ် ဖြည့်တင်းနေ – KT

ရှမ်း🔣စစ်တပ်က မိုးဗြဲကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်၊ တာဝေးပစ် လက်နက်များဖြင့် ပစ်ခတ် – DVB

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

အာဆီယံ🔣အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကုလအထူးကိုယ်စားလှယ်တို့ မြန်မာ့အရေး ဆွေးနွေး – DVB

မလေးရှား🔣မြန်မာ့အရေး သတိကြီးကြီးထားကိုင်တွယ်နေဟု မလေးရှားဝန်ကြီးချုပ်ပြော – DVB

ဗြိတိန်🔣ဧရာဝတီတိုင်းအတွင်း စစ်ရေးလှုပ်ခတ်မှုရှိနေ၍ ပုသိမ်မြို့ အပါအဝင် မြို့နယ် ၇ မြို့နယ်ကို ခရီး မသွားရန် ဗြိတိန်သတိပေး – AT

❗️ ကျားဖြန့်

BGF🔣ကျားဖြန့်နှိမ်နင်းရေး ဒေသတွင်း၊ နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်းမည်ဟု BGF ပြော – TI

BGF🔣ကျားဖြန့် ငွေလိမ်ဒုစရိုက်လုပ်ငန်းများ လုံးဝလက်မခံ၊ စိစစ်အရေးယူနေဟု ကရင်နယ်ခြားစောင့်တပ် (BGF) ပြော – DVB

ထိုင်း🔣ကျားဖြန့်နဲ့တရားမဝင်တွေကိုဖမ်းမယ့် ကွာလန်းစီမံချက် မဲဆောက်မှာစတင် – TI

ထိုင်း🔣ကျားဖြန့်လုပ်ငန်းတွေ အိမ်နီးချင်းနိုင်ငံက လာလုပ်နေတာဆိုတဲ့ စစ်ကောင်စီစွပ်စွဲချက် ထိုင်းကာကွယ်ရေးကြီးဌာန ငြင်း – MKN

တရုတ်/ထိုင်း🔣ကျားဖြန့်လုပ်ငန်းတွေကို အမြစ်ဖြတ်နှိမ်နင်းဖို့ တရုတ်၊ မြန်မာနဲ့ ထိုင်း သဘောတူ – AT

အခြားထူးခြားသတင်းများ

မီဒီယာ🔣စစ်လော်ဘီများနှင့် လိုင်စင်ရ မီဒီယာများ စစ်တပ်ကို အပုတ်ချရေးသားပါက အရေးယူမည်ဟု စစ်ကောင်စီ သတိပေး – MPA

#RangoonScoutNetwork

Dagon Seikkan News

23 Jan, 16:20


အမျိုးသမီး စစ်မှုထမ်းစာရင်းများ လိုက်ကောက်

ယခုရက်ပိုင်း ရန်ကုန်တွင် စစ်မှုထမ်းအတွက် အကျုံးဝင်သည့် အမျိုးသမီးစာရင်းများ လိုက်လံကောက်ယူနေကြောင်း သိရသည်။ ယနေ့ ကျောက်တန်းမြို့နယ်၊ ရွှေကုန်းရပ်ကွက်ဘက်တွင် အသက် ၁၈ နှစ် နှင့် ၂၇ နှစ်ကြား မိန်းကလေးများစာရင်း လိုက်ကောက်နေခဲ့ပြီး သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ဘက်တွင်လည်း ၁၈ နှစ်အထက် မိန်းကလေးများစာရင်းကောက်ယူသွားခဲ့ကြောင်း သိရသည်။ သာကေတမြို့နယ်၊ ၄ တောင်ရပ်ကွက်ဘက်နှင့် တာမွေမြို့နယ် မဂ္ဂင်လမ်းထဲတွင်လည်း စစ်မှုထမ်းအတွက် အမျိုးသမီးစာရင်းများ ကောက်သွားကြောင်း သတင်းရရှိသည်။

23 Jan 2025
#RangoonScoutNetwork

Dagon Seikkan News

22 Jan, 08:04


🖥 DAILY HIGHLIGHTS (21 JAN 2025)

🔴 စစ်ရေးထူးခြားသတင်းများ

AA🔣 ဧရာဝတီတိုင်းအပါအဝင် ပဲခူး၊ မကွေးတို့၌ စစ်ကောင်စီနှင့် AA တိုက်ပွဲများဖြစ် – TI

AA🔣ရခိုင်ရိုးမကိုကျော်လာတဲ့ AA ရဲ့တိုက်ပွဲတွေ – TI

🟢 နိုင်ငံရေးထူးခြားသတင်းများ

ကိုးကန့်🔣စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော်လည်း လားရှိုးမြို့မှ ဆုတ်ခွာရန် မရှိဟု MNDAA ၏ လားရှိုးပြန်လည် ထူထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင် ပြောဆို – KT

ကိုးကန့်🔣(၇)ကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲမှာ စစ်ကောင်စီက အချက် ၆ချက် တောင်းဆိုပြီး သုံ့ပန်းလဲလှယ်ရေးတစ်ချက်သာ သဘောတူညီမှုရဖို့ နီးစပ် – MKN

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

ဘင်္ဂလားဒေ့ရှ်🔣AA က ထိန်းသိမ်း စစ်ဆေးနေသည့် ဘင်္ဂလားဒေ့ရှ် ကုန်တင်သင်္ဘော ၃ စီးအနက် ၂ စီးကို ပြန်လွှတ်ပေး – KT

အာဆီယံ🔣အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်စဲနိုင်ရေး မြန်မာသို့ အထူးကိုယ်စားလှယ် အာဆီယံအဖွဲ့ စေလွှတ်မယ် – AT

မလေးရှား🔣NUG သာ မြန်မာအစိုးရဖြစ်ဟု ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ်ထံ သဝဏ်လွှာပို့ – DVB

❗️ ကျားဖြန့်

ထိုင်း🔣နယ်စပ်ရှိကျားဖြန့်များ ထိုင်းမှ မီးပေးထားဟု စစ်ကောင်စီပြော – TI

ထိုင်း🔣ကျားဖြန့်နဲ့ လူမှောင်ခိုတိုက်ဖျက်ရေး ခြောက်လစီမံကန်း ဖော်ဆောင်မယ်လို့ ထိုင်းအသိပေး – MKN

KNU🔣ကျားဖြန့်လုပ်ငန်းများ ကြီးထွားလာမှု တရားခံ စစ်ကောင်စီဖြစ်ဟု KNU ပြော – DVB

#RangoonScoutNetwork

Dagon Seikkan News

21 Jan, 08:14


🟥 သာကေတ
*
စခ ၂ ကောင်၊ ဘဲဥ ၂ ကောင်၊ ဘဲဥမ ၂ ကောင်
ရူခင်းသာမြို့ပတ်လမ်းပေါ်၊ ရွှေဗျိုင်းဖြူဆီဆိုင်နား၊ ယာဉ်ကြောနှစ်ဖက်လုံး ကားစစ်နေ။
*
2:35 PM
📬 @Inform_RSN

Dagon Seikkan News

21 Jan, 08:11


🛑 ဒဂုံဆိပ်ကမ်း (ကားအစစ်အဆေး သတိပြုရန်)

စခ ၂ ကောင်၊ ဘဲဥ ၂ ကောင်၊ ဘဲဥမ ၁ ကောင်
ရတနာလမ်းမပေါ်၊ ဗေလုဝကွေ့မရောက်နားတွင် ယာဉ်ကြောနှစ်ဖက်လုံး ကားစစ်နေ။

2:35 PM
@Dagon_Seikkan_Scout
👉သတင်းပေးရန်။

Dagon Seikkan News

21 Jan, 08:10


🖥 DAILY HIGHLIGHTS (20 JAN 2025)

🟢 နိုင်ငံရေးထူးခြားသတင်းများ

ကိုးကန့်🔣ကိုးကန့်နှင့် စစ်တပ် အပစ်ရပ်ပြီဟု တရုတ်ပြော – TI

ကိုးကန့်🔣MNDAAနဲ့ စစ်ကောင်စီ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နဲ့အတူ နယ်စပ်ဂိတ်ပြန်ဖွင့်။ ဇွန်လထဲမှာ လားရှိုးကနေ MNDAA ပြန်ဆုတ်ပေးရမယ်လို့ သတင်းထွက်ပေါ် – MKN

7 EAO Alliance🔣စစ်တပ်ကို နိုင်ငံရေးဆွေးနွေးမှုမှ မဖယ်ထုတ်ရန် အပစ်ရပ် ၇ ဖွဲ့ပြော – DVB

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

အာဆီယံ🔣စစ်ကောင်စီကို ရွေးကောက်ပွဲဦးစားမပေးဘဲ အပစ်ခတ်ရပ်စဲရန် အာဆီယံတိုက်တွန်း – TI

မလေးရှား🔣သံတမန်ဟောင်းကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း မလေးရှား ကြေညာ – AT

တရုတ်🔣ကိုးကန့်ဒေသသို့ ကုန်သွယ်ခွင့် တရုတ် ပြန်ပေး – TI

❗️ ကျားဖြန့်

ရွှေကုက္ကိုလ်🔣အနုပညာရှင်တွေသွားရောက်ဖျော်ဖြေမယ့် ကျားဖြန့်နယ်မြေ – TI

အင်ဒိုနီးရှား🔣အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦး မြဝတီ ကျားဖြန့်ဂိုဏ်းမှ ထွက်ပြေးလွတ်မြောက်လာ – TI

အခြားထူးခြားသတင်းများ

နိုင်ကျဉ်း🔣ထောင်တွင်း နိုင်ကျဉ်းသေဆုံးမှုများကို မဖော်ပြရန် စစ်တပ်က မိသားစုဝင်များကို ခြိမ်းခြောက်နေ – MPA

#RangoonScoutNetwork

Dagon Seikkan News

20 Jan, 07:30


ရန်ကုန်မှတ်တမ်း (ဇန်နဝါရီ ၁၃ - ၁၉၊ ၂၀၂၅)
•••••••••••••••®•••••••••••••••
ယခုသီတင်းပတ် ရန်ကုန်မှတ်တမ်းတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း ရန်ကုန်တွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအနက် ထူးခြားဖြစ်စဉ်များကို စုစည်း၍ အောက်ပါအတိုင်း ခေါင်းစဉ်ငယ်များ ခွဲကာ ဖော်ပြထားသည်။

၁။ မြို့ပြစစ်ဆင်ရေး
၂။ အဖမ်းအဆီး ဧည့်စစ်လူရှာဖြစ်စဉ်များ
၃။ မြေ အိမ် ဆိုင် အတင်းသိမ်းယူသည့်ဖြစ်စဉ်များ
၄။ စစ်မှုထမ်း အမှတ်စဉ် ၉

⬇️အောက်ပါ Telegram Link မှစ၍ အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။ ⬇️
Link : https://t.me/rsnweb/23570

#RangoonScoutNetwork #YGN_Notes

Dagon Seikkan News

17 Jan, 07:30


🖥 DAILY HIGHLIGHTS (16 JAN 2025)

🟢 နိုင်ငံရေးထူးခြားသတင်းများ

ကိုးကန့်🔣MNDAA နှင့် စစ်ကောင်စီ ဆွေးနွေးမှုပြန်စ – TI

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

အိန္ဒိယ🔣CNF ခေါင်းဆောင်တဦးနှင့် လက်နက်များ ဖမ်းမိကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့ ပြော – TI

အီတလီ🔣မြန်မာရေတပ်ကို လက်နက်မရောင်းခဲ့ကြောင်း အီတလီ လက်နက်ကုမ္ပဏီ ငြင်းဆို – RFA

💸 စီးပွားရေးထူးခြားသတင်းများ

ဒေါ်လာ🔣ဗဟိုဘဏ်က ဒေါ်လာ ၂၅ သန်း ထပ်မံ ထုတ်ရောင်း၊ ဒေါ်လာဈေး ကျရိပ်ပြလာ – DVB

ဆန်🔣ဆန်ရည်ညွှန်းဈေး အနည်းငယ် ပြန်ကျ – DVB

#RangoonScoutNetwork

Dagon Seikkan News

16 Jan, 08:35


အဓမ္မစစ်မှုထမ်းခေါ်ယူမှုအပေါ် လူငယ်တွေအနေနဲ့ ဘာတွေလေ့လာပြင်ဆင်တုံ့ပြန်သင့်သလဲ? #စစ်မှုထမ်း
https://youtu.be/_fo95RdFB9I

Dagon Seikkan News

16 Jan, 07:38


🖥 DAILY HIGHLIGHTS (15 JAN 2025)

🔴 စစ်ရေးထူးခြားသတင်းများ

ရခိုင်🔣AA ထိုးစစ် ကာကွယ်ရန် ပြည်နယ်မြို့တော်တွင် အင်အားအလုံးအရင်း ဖြည့်တင်းနေ – MN

🟢 နိုင်ငံရေးထူးခြားသတင်းများ

နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဖို့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ တောင်းဆို – BBC

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

ထိုင်း🔣တာချီလိတ်ရေကြီးရေလျှံမှု ကြိုတင်သတိပေးစနစ် ထိုင်းဖောင်ဒေးရှင်း ကူညီ – TI

အိန္ဒိယ🔣တမူးစစ်ရှောင်များ နေရပ်ပြန်ရန် မဏိပူရ်အာဏာပိုင်တို့ ဖိအားပေး – TI

💸 စီးပွားရေးထူးခြားသတင်းများ

ဒေါ်လာ🔣အမေရိကန် ၁ ဒေါ်လာလျှင် ၄၇၀၀ ကျော်သို့ မြင့်တက်လာသဖြင့် စစ်ကောင်စီက စျေးတက်အောင်လုပ်သည်ဟုဆိုကာ လူပုဂ္ဂိုလ် ၂၆ ဦး ၊ Facebook Page ၊ Facebook Group ၁၇ ခုနှင့် အကောင့် ၁၀ ခုကို အရေးယူမည်ဟု ကြေညာ – KT

❗️ ကျားဖြန့်

BGF🔣ကျားဖြန့်အရေး ကရင်နယ်ခြားစောင့်ခေါင်းဆောင်များနှင့် တရုတ်စီးပွားရေးသမားများ အရေးပေါ်တွေ့ – TI

အခြားထူးခြားသတင်းများ

NUG🔣ပသုံးလုံးကို မြန်မြန်ပြုပြင်ပြောင်းလဲရမည်ဟု NUG ယာယီသမ္မတ ပြော – DVB

#RangoonScoutNetwork

Dagon Seikkan News

16 Jan, 06:59


🟥 သန်လျင်
*
ကုလားဝဲတံတား အတက်အဆင်းမှာ စစ်ခွေး ဖြူပြာပြောက်ကြားခွေးတွေ စစ်နေ
*
1:28 PM
📬 @Inform_RSN

Dagon Seikkan News

15 Jan, 05:32


🖥 DAILY HIGHLIGHTS (14 JAN 2025)

🔴 စစ်ရေးထူးခြားသတင်းများ

ကချင်🔣ဗန်းမော်မှာ စစ်တပ်နဲ့ KIA ပူး‌ပေါင်းတပ်တွေ တိုက်ပွဲဆက်ပြင်းထန်နေ – BBC

ချင်း🔣ချင်းပြည်နယ်တွင် စစ်တပ်ကင်းစင်ရေး စစ်ရေးအရှိန်မြှင့်မည်ဟု CNF ပြော – DVB

🟢 နိုင်ငံရေးထူးခြားသတင်းများ

7 EAO Alliance🔣ပြည်တွင်း၌ နိုင်ငံရေးဘောင်ချဲ့ထွင်ရေး မဟာမိတ် ၇ ဖွဲ့ ဆွေးနွေး – TI

💸 စီးပွားရေးထူးခြားသတင်းများ

စက်သုံးဆီ🔣စက်သုံးဆီလုပ်ငန်းရှင်များကို ဗဟိုဘဏ်က ဒေါ်လာ ၂၅ သန်း ရောင်းချပေးမည် – DVB

#RangoonScoutNetwork

Dagon Seikkan News

14 Jan, 10:16


🖥 DAILY HIGHLIGHTS (13 JAN 2025)

🔴 စစ်ရေးထူးခြားသတင်းများ

TNLA🔣TNLA တပ်မဟာများ တိုးချဲ့ ၊ ခရိုင်များ ပြင်ဆင်ဖွဲ့စည်း – DVB

🔖 မိတ်ဖက်ပြဿနာ

ကရင်🔣တနင်္သာရီတိုင်း ထားဝယ်-ထီးခီးလမ်းတွင် ကရင်တော်လှန်ရေးတပ်နှစ်တပ် တိုက်ပွဲဖြစ်နေ – MN

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

ရုရှား🔣မြန်မာစစ်ကောင်စီက ရုရှားကို ဆင် ၆ ကောင် လက်ဆောင်ပေး – BBC

💸 စီးပွားရေးထူးခြားသတင်းများ

စားသုံးဆီ🔣တနှစ်အတွင်း စားသုံးဆီရည်ညွှန်းဈေး ကျပ် ၂,၀၀၀ ကျော်နှင့် ပြင်ပဈေး ကျပ် ၈,၀၀၀ ကျော် မြင့်တက် – DVB

❗️ ကျားဖြန့်

တရုတ်🔣ကျားဖြန့် လူစုဆောင်းမှုတွေကို သတိထားဖို့ တရုတ်နိုင်ငံသားတွေကို မြန်မာက တရုတ်သံရုံး သတိပေး – BBC

အခြားထူးခြားသတင်းများ

NUG🔣စစ်ကိုင်းတိုင်းထဲမှာ ရုံးဖွင့်ပြီး ဝန်ကြီး၊ ဒုဝန်ကြီးတွေ အလုပ်လုပ်မယ်လို့ NUG ပြည်ထဲရေးဝန်ကြီး ပြောကြား – MN

#RangoonScoutNetwork

Dagon Seikkan News

14 Jan, 08:43


"အဓမ္မစစ်မှုထမ်းခေါ်ယူမှုအပေါ်လူငယ်တွေအနေနဲ့ ဘာတွေလေ့လာပြင်ဆင်တုံ့ပြန်သင့်သလဲ" #စစ်မှုထမ်း
https://youtu.be/purALNNXqU8

Dagon Seikkan News

13 Jan, 07:05


ရန်ကုန်မှတ်တမ်း (ဇန်နဝါရီ ၆ - ၁၂၊ ၂၀၂၅)
•••••••••••••••®•••••••••••••••
ယခုသီတင်းပတ် ရန်ကုန်မှတ်တမ်းတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း ရန်ကုန်တွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအနက် ထူးခြားဖြစ်စဉ်များကို စုစည်း၍ အောက်ပါအတိုင်း ခေါင်းစဉ်ငယ်များ ခွဲကာ ဖော်ပြထားသည်။

၁။ ပစ်ခတ်လုပ်ကြံ
၂။ စစ်သားအချင်းချင်း ပစ်ခတ်သတ်ဖြတ်
၃။ အဖမ်းအဆီးဖြစ်စဉ်များ
၄။ ဧည့်စစ်လူရှာဖြစ်စဉ်များ
၅။ သေနတ်ပြ လုယက်

⬇️အောက်ပါ Telegram Link မှစ၍ အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။ ⬇️
Link : https://t.me/rsnweb/23514

#RangoonScoutNetwork #YGN_Notes

Dagon Seikkan News

10 Jan, 10:58


⚫️ ဇီရိုးမိုင်တွင် ကြမ်းကြမ်းတမ်းတမ်းစစ်ပြီး လူဖမ်း

ယနေ့ နေ့ခင်း ၃ နာရီခွဲခန့်က ရန်ကုန်အဝင် ဇီးရိုးမိုင်ဂိတ်တွင် အကြမ်းဖက်တပ်သား အင်အားအများအပြားဖြင့် အစစ်အဆေး ကြမ်းနေခဲ့ပြီး မိန်းကလေး ၁ ယောက်ကိုလည်း လက်နောက်ပြန် လက်ထိပ်ခတ် ဖမ်းထားကြောင်း သတင်းရရှိသည်။ ဖုန်းများပါ အသည်းအသန်စစ်နေသည်။

10 Jan 2025
#RangoonScoutNetwork

Dagon Seikkan News

10 Jan, 08:00


🔺 ဒဂုံဆိပ်ကမ်း

စခ ၅ ကောင်ခန့်
အိမ်စီးကား Probox ၁ စီး
ရွှေလီလမ်းမပေါ်၊ ယုဇနဥယျာဉ်မြို့တော်၊ အနော်ဘက်သွားသည့် လမ်းနားတွင် ရှိနေ။

2:18 PM
@Dagon_Seikkan_Scout
👉သတင်းပေးရန်။

Dagon Seikkan News

10 Jan, 07:52


🛑 ဒဂုံဆိပ်ကမ်း (ကားအစစ်အဆေး သတိပြုရန်)

စခ ၂ ကောင်၊ ဘဲဥ တစ်ဖွဲ့
တိုင်းရင်းသားကျေးရွာအကျော်၊ ဗေလုဝကွေ့မရောက်ခင်နားတွင် ကားစစ်နေ။

2:17 PM
@Dagon_Seikkan_Scout
👉သတင်းပေးရန်။

Dagon Seikkan News

10 Jan, 05:52


🖥 DAILY HIGHLIGHTS (09 JAN 2025)

1️⃣ စစ်ရေးထူးခြားသတင်းများ

⬜️ ရခိုင်
အမ်း-ပဒါန်းလမ်းပေါ်ရှိ အမ်း ရိုးမဘက်ခြမ်းမှ စစ်ကောင်စီစခန်းအားလုံးကို AA သိမ်းပိုက်ထိန်းချုပ် – AT

⬜️ မကွေး
ချင်း-မကွေးနယ်စပ်မှ ထီးလင်းမြိုကို NUG တပ်များ ထိုးစစ်ဆင်နေ – MN

⬜️ ချင်း
မြိုသိမ်းတိုက်ပွဲပြင်းထန်နေ၍ ဖလမ်းမြိုအဝင်လမ်းများကိုချင်းတပ်ဖွဲယာယီပိတ် – MZM


2️⃣ နိုင်ငံခြားရေးထူးခြားသတင်းများ

⬜️ အမေရိကန်
MyTel ကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့ – TI

⬜️ ဂျပန်ယာကူဇာ
မြန်မာမှ နျူကလီးယားပစ္စည်းများကို လက်နက်ဝယ်ယူပေးရန် မှောင်ခိုကူးခဲ့ဟု ဂျပန် ယာကူဇာ ဝန်ခံထွက်ဆို – DVB

3️⃣စီးပွားရေးထူးခြားသတင်းများ

⬜️ ဒေါ်လာဈေး
ဒေါ်လာနှင့်ရွှေဈေး တက်ရိပ်ပြ – DVB

4️⃣ ကျားဖြန့်

⬜️ တရုတ်မော်ဒယ်
တရုတ်မော်ဒယ် ထပ်မံပျောက်ဆုံးမှု ထိုင်းရဲ အပူတပြင်းစုံစမ်း – TI

5️⃣ စစ်ကောင်စီ ရာထူးအပြောင်းအရွှေ့

⬜️ ဗဟိုအကြံပေး
စစ်ကောင်စီ ဗဟိုအကြံပေး အဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်ကို အနားပေး – BBC

6️⃣ အခြားထူးခြားသတင်းများ

⬜️ စစ်သုံ့ပန်းမိသားစု
ရခိုင်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် ဗိုလ်မှူးချုပ် ၃ ဦး၏ မိသားစုဝင်များ စစ်တပ်ထံမှ လစာထုတ်ယူခွင့်မရရှိတော့သည့်အပြင် စစ်တပ်က ပေးထားသည့် အရာရှိအိမ်ရာများမှလည်း ဖယ်ရှားပေးရတော့မည် – KT

⬜️ တစ်သက်တစ်ကျွန်း
ထောင်တစ်သက်ကနေ ၁၅ နှစ်လျှော့လိုက်တဲ့သူတွေထဲ ဒါရိုက်တာရှင်ဒေဝီ ပါဝင် – RFA

#RangoonScoutNetwork

Dagon Seikkan News

09 Jan, 17:16


‼️Proton ဝန်ဆောင်မှုများ ယာယီရပ်တန့်နေ‼️
------------------------------------------------------

လက်ရှိမှာ Proton ရဲ့ ဝန်ဆောင်မှုတွေကို ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ အသုံးပြုမရဖြစ်နေကြတာဖြစ်ပါတယ်။

Proton ဝန်ဆောင်မှု ချို့ယွင်းမှုဖြစ်တာကြောင့် သိပ်မစိုးရိမ်ကြဖို့ နဲ့ ဝန်ဆောင်မှုတွေ ပြန်လည်လည်ပတ်တဲ့အခါမှာ အကောင့်များကို စစ်ဆေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

Dagon Seikkan News

09 Jan, 07:30


🖥 DAILY HIGHLIGHTS (01 JAN 2025)

1️⃣ စစ်ရေးထူးခြားသတင်းများ

⬜️ ကချင်
▫️မံစီမြို့ကို KIA အပြီးသတ် သိမ်းပိုက် – TI
▫️မံစီကျပြီး ဗန်းမော်တပ်ရင်းများအနီး KIA တို ပိုမိုချဉ်းကပ်လာ – TI

⬜️ တိုက်လေယာဉ်
▫️ရုရှားလုပ် Su-30SME နှစ်စီး ထပ်မံရောက် – TI
▫️ရုရှားမှ ဝယ်ယူထားသော Su-30 တိုက်လေယာဉ် ၆ စင်းလုံး စစ်ကောင်စီထံ ရောက်ရှိနေပြီး ဆက်စပ်ပစ္စည်းများကို ကပစ တွင် ထုတ်လုပ်နေ – AT


2️⃣ နိုင်ငံရေးထူးခြားသတင်းများ

⬜️ ရွေးကောက်ပွဲ
ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ မထုတ်ပြန်သဖြင့် နိုင်ငံရေးပါတီများ အခက်ကြုံ – DVB

3️⃣ နိုင်ငံခြားရေးထူးခြားသတင်းများ

⬜️ အိန္ဒိယ
ရိခေါဒါရ်ဂိတ်တွင် လူအဝင်/အထွက်ကို အိန္ဒိယအစိုးရက ကန့်သတ်ပိတ်ပင် – AT

4️⃣ စီးပွားရေးထူးခြားသတင်းများ

⬜️ ဆန်
၉ လအတွင်း ဆန်တန်ချိန် ၂ သန်း‌ကျော် တင်ပို့ထား၊ ယမန်နှစ်ထက် ၂ ဆကျော်များပြား – DVB

⬜️ ဒေါ်လာ
ဗဟိုဘဏ်က ဇန်နဝါရီ ပထမအပတ်အတွင်း ကန်ဒေါ်လာ သန်း ၅၀ ထုတ်ရောင်း – DVB

5️⃣ ကျားဖြန့်

⬜️ တရုတ်မင်းသား
မြဝတီ ကျားဖြန့်ဂိုဏ်းရောက် တရုတ်မင်းသား ငွေလိမ်ရန်လေ့ကျင့်ပေးခံရ – TI

6️⃣ အခြားထူးခြားသတင်းများ

⬜️ လျှပ်စစ်မီး
▫️LNG သုံး စက်ရုံများမှ လျှပ်စစ်ထုတ်မည်ဟု စစ်ကောင်စီဆို – TI
▫️လျှပ်စစ်ထုတ်လုပ်နိုင်စွမ်း၏ ထက်ဝက်ခန့်သာထုတ်လုပ်နိုင်ဟု စစ်ကောင်စီလျှပ်စစ်ဌာန ထုတ်ပြန် – DVB
▫️အဆောက်အအုံသစ်ဆောက်လျှင် ဆိုလာစနစ်ပါတပ်ဆင်နိုင်ရေးလုပ်မည်ဟု စစ်ကောင်စီပြော – DVB

#RangoonScoutNetwork

Dagon Seikkan News

08 Jan, 10:30


Telegram Link [ 3PM ]


Click Link

လင့်လေးတွေကိုနှိပ်ပြီး ပုံလေးတွေအတိုင်း အဆင့်ဆင့်နှိပ်သွားပေးပါခင်ဗျာ

1️⃣ https://t.co/3JbZsDkr6s

2️⃣ https://t.co/mE8uHi1Eon

4️⃣ https://t.co/MdvU1OfYtU

5️⃣ https://t.co/mE8uHi1Eon

6️⃣ https://t.co/MdvU1OfYtU




Website Link

စာပိုဒ်ရဲ့ အောက်ဆုံးမှာ " Next Post " ဆိုတာလေးရှိပါတယ် ။ ထပ်နှိပ်ပြီးကြည့်ပေးပါခင်ဗျာ ။



1️⃣ https://bit.ly/3RQ08mG

2️⃣ https://bit.ly/3W5vJ6k

3️⃣ https://bit.ly/3WfN5xv

4️⃣ https://t.co/RjtfEKaQEi



#click4tuumee
#padaytha@clickfortuumee

Dagon Seikkan News

08 Jan, 08:37


🖥 DAILY HIGHLIGHTS (07 JAN 2025)

1️⃣နိုင်ငံခြားရေးထူးခြားသတင်းများ

⬜️ အမေရိကန်နှင့် မဟာမိတ်များ
မြန်မာစစ်တပ်၏ ရက်စက်စွာဖိနှိပ်မှုများ လက်မခံဟု အမေရိကန်နှင့်မဟာမိတ်များ ထုတ်ပြန် – TI

⬜️ တရုတ်
ထိုင်း-မြန်မာနယ်စပ်၌ ပျောက်ဆုံးသွားသည့် တရုတ်မင်းသား ပြန်တွေ့ – TI

2️⃣ စီးပွားရေးထူးခြားသတင်းများ

⬜️ ရခိုင်
ကျောက်ဖြူမှလွဲပြီး ရခိုင်ပြည်နယ်ထဲမှ တရုတ်ရေနံနှင်ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုလုံး AA ထိန်းချုပ်မှုအောက်ကျရောက် – MN

3️⃣အခြားထူးခြားသတင်းများ

⬜️ NUG
အမျိုးသားညီညွတ်ရေးအစိုးရအတွင်း ပြုပြင်ပြောင်းလဲရေး စတင်မည်ဟု ယာယီသမ္မတ ဒူဝါလရှီးလ အခိုင်အမာ ထပ်ပြော – KT

#RangoonScoutNetwork

Dagon Seikkan News

08 Jan, 08:36


🛑 ဒဂုံဆိပ်ကမ်း (ကားအစစ်အဆေး သတိပြုရန်)

စခ + ရခ + ဘဲဥ အဖွဲ့စုံ
ပဲခူးမြစ်လမ်းပေါ်၊ ခွေးစခန်းနောက်ဘက် ကားစစ်နေ။

2:54 PM
@Dagon_Seikkan_Scout
👉သတင်းပေးရန်။

Dagon Seikkan News

08 Jan, 03:43


⚠️ဒဂုံဆိပ်ကမ်း

ပဲခူးမြစ်လမ်း ယုဇနဥယျာဉ်ဘက်အသွားဘက်အခြမ်း ပုဏ္ဏမီလမ်းအကျော်တွင် စခနဲ့ ခွေးဘဲဥရှိ။

9:41 AM

@Dagon_Seikkan_Scout
👉သတင်းပေးရန်။

Dagon Seikkan News

07 Jan, 08:28


🖥 DAILY HIGHLIGHTS (06 JAN 2025)

1️⃣ စစ်ရေးထူးခြားသတင်းများ

⬜️ စစ်ကောင်စီ
အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပိုမို တွေ့လာရ – MN

2️⃣ နိုင်ငံခြားရေးထူးခြားသတင်းများ

⬜️ တရုတ်
▫️စစ်ကောင်စီ၏လွတ်လပ်ရေးနေ့ တရုတ် သဝဏ်လွှာပို့သည်ကို မတွေ့ရ – TI
▫️တရုတ်မင်းသား Xingxing မြန်မာ-ထိုင်းနယ်စပ်၌ ပျောက်ဆုံးနေ – TI

⬜️ အိန္ဒိယ
မဏိပူရ်ထောင်မှ မြန်မာနိုင်ငံသား ၂၆ ဦး ပြန်လွတ် – TI

⬜️ ထိုင်း
ငါးဖမ်းလှေလုပ်သား ၄ ဦး ပြန်မလွတ်သေးသည့်အပေါ်ထိုင်းစိတ်ပျက် – DVB

3️⃣ အခြားထူးခြားသတင်းများ

⬜️ နိုင်/ကျဉ်း
လွတ်လပ်ရေးနေ့ နိုင်/ကျဥ်း လွတ်မြောက်မှု စစ်ကောင်စီ ပြောဆိုချက်နှင့် ကွဲလွဲနေ – TI

⬜️ လျှပ်စစ်မီး
ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများအားလုံးတွင် တစ်ရက်လျှင် ၄ နာရီအောက်သာ လျှပ်စစ်မီးပေးနိုင်တော့သဖြင့် ရေနှင့် လျှပ်စစ်မီး ချွေတာကြရန် စစ်ကောင်စီက စတင် နှိုးဆော် – KT

⬜️ ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်အနီး တာဝန်ချထားသည့် အကျဉ်းဦးစီးဝန်ထမ်းများ အပြောင်းအလဲလုပ် – DVB

#RangoonScoutNetwork

Dagon Seikkan News

06 Jan, 11:19


ညနေခင်းလေး တဖြတ် ကလစ်ဖို့ လင့်ခ် အသစ်လေးတွေပါ

https://yebawdoh.com/healthy-recipes-nutrition/adapting-the-food-pyramid-for-gluten-free-diets/

https://eainpyanlann.com/how-to-use-your-backyard-as-a-nature-therapy-retreat/

https://tawhlanlunge.com/top-5-fitness-trackers-for-active-lifestyles/

https://todayfinanceguide.com/how-to-stay-safe-from-phishing-attacks-on-crypto-exchanges/

https://c2dlearn.xyz/essential-instagram-marketing-tips-for-effective-engagement-in-2024/

Dagon Seikkan News

06 Jan, 08:12


ရန်ကုန်မှတ်တမ်း (ဒီဇင်ဘာ ၃၀၊ ၂၀၂၄ - ဇန်နဝါရီ ၅၊ ၂၀၂၅)
•••••••••••••••®•••••••••••••••
ယခုသီတင်းပတ် ရန်ကုန်မှတ်တမ်းတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့ အတွင်း ရန်ကုန်တွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအနက် ထူးခြားဖြစ်စဉ်များကို စုစည်း၍ အောက်ပါအတိုင်း ခေါင်းစဉ်ငယ်များ ခွဲကာ ဖော်ပြထားသည်။

၁။ စစ်ရေးလှုပ်ရှားမှု
၂။ လှုံ့ဆော်လှုပ်ရှားမှု
၃။ အဖမ်းအဆီးဖြစ်စဉ်များ
၄။ ဧည့်စစ်လူရှာဖြစ်စဉ်များ
၅။ အဝေးပြေးယာဉ်လိုင်းများ ကြပ်မတ်
၆။ မအလ ဒလရောက်
၇။ လျှပ်စစ်မီးဖြတ်ချိန် ထပ်တိုး
၈။ KBZ Pay အကောင့်များမှ ငွေခိုးခံရမှု
၉။ လွတ်ငြိမ်းချမ်းသာခွင့် တို့ဖြစ်သည်။

⬇️အောက်ပါ Telegram Link မှစ၍ အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။ ⬇️
Link : https://t.me/rsnweb/23422

#RangoonScoutNetwork #YGN_Notes

Dagon Seikkan News

06 Jan, 07:05


အုတ်ရိုးနဲ့သံတိုင်တွေနောက်က ကြိုးစားတောင့်ခံနေကြတဲ့ ကျနော်တို့ရဲဘော်တွေရဲ့ မျှော်လင့်ချက်...

#UFC

Dagon Seikkan News

06 Jan, 05:43


🖥 DAILY HIGHLIGHTS (05 JAN 2025)

1️⃣နိုင်ငံခြားရေးထူးခြားသတင်းများ

အမေရိကန်
မတရားဖမ်းဆီးခံရသူအားလုံး ပြန်လွှတ်ဖို့ အမေရိကန် တိုက်တွန်း – RFA

2️⃣ ကျားဖြန့်

ထိုင်း
အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင်ပါသည့် ထိုင်းနိုင်ငံသား ၁၅၁ ဦး စစ်ကောင်စီ ပြန်လွှဲ – TI

3️⃣ အခြားထူးခြားသတင်းများ

လွတ်ငြိမ်းချမ်းသာခွင့်
စစ်ပြေးမှုဖြင့် ထောင်ကျနေသူ ၂၀၀ ကျော်ကို စစ်ကောင်စီ ပြန်လွှတ်ပေး – DVB
နိုင်ကျဉ်း ၆၀၀ လွှတ်ပေးတယ်ဆိုတာ စစ်ကောင်စီရဲ့ ပြန်ကြားရေးက ပြည်သူကို လိမ်လည်တာသာဖြစ် – MKN

#RangoonScoutNetwork

Dagon Seikkan News

06 Jan, 05:11


⚠️ဒဂုံဆိပ်ကမ်း

ရတနာလမ်းပေါ် ဗေလုဝကွေ့မရောက်ခင်နား ဘယ်ညာ စခ ၂၊ ခွေးဘဲဥ တသိုက် အစာကောက်။

ပဲခူးမြစ်လမ်းပေါ် ကုလားဝဲတံတားဘက်အသွားရတနာလမ်းကနေ ပဲခူးမြစ်လမ်းအကွေ့ အဖွဲ့စုံရှိ။

ကုလားဝဲတံတတားဘက်အတက် ရေခွေးနဲ့ ခွေးဘဲဥ တောင်းစားနေ၊ ကွန်တိန်နာကား အဓိကထား ဓါးပြတိုက်။

ပဲခူးမြစ်လမ်းပေါ် ရခစခန်းရှေ့ ခွေးတွေ ရှုပ်နေ။

11:04 AM

@Dagon_Seikkan_Scout
👉သတင်းပေးရန်။

Dagon Seikkan News

04 Jan, 11:54


⚠️တောင်ဒဂုံ > ဒဂုံဆိပ်ကမ်း

စခ SC ၁ စီး၊ နောက် ၂ ကောင်ပါ
ကွေ့မအိမ်ရာမှ ဧရာဝဏ်လမ်းအတိုင်း ပဲခူးမြစ်ဘက်ဦးတည်။

6:08 PM

@Dagon_Seikkan_Scout
👉သတင်းပေးရန်။

Dagon Seikkan News

04 Jan, 05:36


ယနေ့ကျရောက်သော ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှစ၍ မြန်မာပြည်သူပြည်သားများအားလုံး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရန်နှင့် အာဏာရှင်တို့၏လက်မှ အလုံးစုံလွတ်မြောက်နိုင်ဖို့အတွက် ကျွန်တော်တို့ TIC မြို့နယ်များနှင့်အတူ လွတ်မြောက်ရေးပန်းတိုင်ဆီသို့ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းအပ်ပါသည်။

#TownshipsInformationCommunity #DagonSeikkanScoutChannel

Dagon Seikkan News

02 Jan, 14:46


‼️ဒဂုံဆိပ်ကမ်း

68 ရုံးအဖွဲ့နှင့် 82 ရုံးအဖွဲ့ 82 အုပ်ကြီးအုပ်စု
မြနန္ဒာလမ်းနဲ့ မေတ္တာလမ်းမတွင် ဆိုင်ကယ်5စီးဖြင့်ကင်းပတ်နေ။
မီးပါဖြတ်ထား။

8:51 PM

@Dagon_Seikkan_Scout
👉သတင်းပေးရန်။

Dagon Seikkan News

02 Jan, 08:59


🖥 DAILY HIGHLIGHTS (01 JAN 2025)

1️⃣ စစ်ရေးထူးခြားသတင်းများ

⬜️ ကရင်နီ
၂၀၂၅ ခုနှစ်တွင် ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း အားလုံးကို သိမ်းပိုက်မည်ဟု KNDF ဥက္ကဋ္ဌ ခွန်းဘီထူး ပြောဆို – KT

⬜️ ကရင်
လာမည့်နှစ်သစ်တွင် စစ်ရေးပိုပြင်းထန်မည်ဟု KNU အသိပေး – PS

2️⃣ ကျားဖြန့်

⬜️ တရုတ်
မြန်မာ ၁၆ ဦးကို ကျားဖြန့်မှု၊ လူသတ်မှုဖြင့် တရုတ်အရေးယူ – DVB

3️⃣ အခြားထူးခြားသတင်းများ

⬜️ NUG
အကျဉ်းသား ၁၇၀ နီးပါးကို လွတ်ငြိမ်းခွင့်ပြုကြောင်း NUG ထုတ်ပြန် – RFA

⬜️ Kpay
Kpay မှ ငွေခိုးယူမှုခံရမှုများပြားလာ၊ စိစစ်ဖော်ထုတ်နေဟု ဗဟိုဘဏ်ထုတ်ပြန် – DVB

#RangoonScoutNetwork

Dagon Seikkan News

02 Jan, 08:58


"ပြည်ပပုဂ္ဂလိကလုံခြုံရေးအဖွဲ့ဝင်ရောက်လာခြင်းကြောင့် ဘာတွေဖြစ်ပေါ်လာနိုင်သလဲ"
https://youtu.be/LnLWQqmLg10

Dagon Seikkan News

01 Jan, 05:48


နှစ်သစ်မှစ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူတွေ အမြန်ဆုံးလွတ်မြောက်ပြီး အာဏာရှင် အကြမ်းဖက်ဝါဒ အမြန်ဆုံး ကျရှုံးပါစေ။

၂၀၂၅ မှစ၍ တိုင်းပြည်အမြန်အေးချမ်းသာယာပြီး တော်လှန်ရေးရဲဘော်များနှင့် ပြည်သူပြည်သားများအားလုံးအတူ ညီညွတ်စွာ လက်တွဲရိုင်းပင်းကူညီရင်း စစ်မှန်သောဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးကို ပြည်သူတွေနဲ့အတူ တည်ထောင်သွားနိုင်ပါစေလို့ နှစ်သစ် ဆုတောင်းစကားခြွေလိုက်ရပါသည်။

ပြည်သူများနှင့်အတူ TIC မြို့နယ် Scout Channel များမှလည်း ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ထောင်ဖို့ ကြိုးစားတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။

#TownshipsInformationCommunity
#နှစ်သစ်မှသည်အောင်ပွဲဆီသို့
#Dagon_Seikkan_Scout

Dagon Seikkan News

31 Dec, 08:21


ရန်ကုန်မှာ လက်ဖက်ရည် ၁ ခွက်ထက် စျေးချိုနေတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ

စစ်အာဏာသိမ်းပြီး ၄ နှစ်အတွင်း ရန်ကုန်လိုမြို့ကြီးမှာ စိတ်ကြွရူးသွပ်ဆေးပြား ၁ ပြားရဲ့ တန်ဖိုးက မြန်မာကျပ်ငွေ ၁ ထောင်ခန့်သာ စျေးရှိလာပါတယ်။ ...

"ရန်ကုန်မှာ ၉ တန်း၊ ၁၀တန်းဆို ဆေးစသုံးတဲ့သူတွေ ရှိနေပြီ။ ပုံမှန်ဆေးရှုတဲ့သူဆိုရင် တစ်နေ့ကို ၁၅ ပြားကနေ အပြား ၂၀ အထိ ကုန်တယ်။ တစ်ပြား ၁ ထောင်နဲ့ ၁ သောင်းဖိုးဝယ်ရင် အပို ၂ ပြား ထပ်ပေးတယ်။ အပိုပေးတဲ့ ၂ ပြားကို ဆေးသွားဝယ်ပေးတဲ့သူက ယူထားလိုက်တယ်။''

ဆေးခြောက်၊ ဆေးပြား၊ ဘိန်းဖြူ၊ ကတ်တမင်းနဲ့ အိုက်စ်တွေကို ရန်ကုန်မူးယစ်ဆေးစျေးကွက်ထဲမှာ လွယ်လွယ်ကူကူရနေတယ်လို့ မူးယစ်ဆေးစျေးကွက်ထဲကျင်လည်နေတဲ့ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်က လူငယ် ၁ ဦးက ပြောပါတယ်။

မူးယစ်ဆေးဝါးဖမ်းဆီးရမှုတွေထဲမှာ အရင်က ဘိန်းဖြူနဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေသာ အဓိက ဖမ်းမိခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမှုတွေတိုင်းမှာ ကက်တမင်း၊ အက်တက်စီ နဲ့ ဟက်ပီးဝါးတား(Happy Water)လို မူးယစ်ဆေးဝါးတွေတွဲပြီး ပါဝင်လာပါတယ်။ ... – BBC

31 Dec 2024
#RangoonScoutNetwork

Dagon Seikkan News

31 Dec, 06:59


DAILY HIGHLIGHTS (30 Dec 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

#️⃣ ရခိုင်
ဂွတိုက်ပွဲ ဦးဆောင်သူ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း တိုက်ပွဲကျဟု AA ပြော – TI

#️⃣ ချင်း
တနှစ်အတွင်း မြို့ ၄ မြို့ကို ချင်းညီနောင်တပ်ဖွဲ့ သိမ်းယူ – DVB

#️⃣ ကရင်
ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ စခန်းကြီးကို တော်လှန် ရေးတပ်များက စတင်တိုက်ခိုက်နေပြီး BGF တပ်ရင်း ၁၀၁၃ တပ်ကပါ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင် – KT

#️⃣ ကရင်နီ
ထိုင်းနယ်စပ်က မယ်လယုစစ်စခန်း ကရင်နီတပ်မတော် သိမ်းပိုက် – TI
•••
💬 နိုင်ငံရေးထူးခြားသတင်းများ

#️⃣ စစ်ကောင်စီ
တွေ့ဆုံဆွေးနွေးရေး လက်ကမ်းကြိုနေဟု စစ်ခေါင်းဆောင် ထပ်မံပြော – DVB

#️⃣ ရခိုင်
ရခိုင် ထိုးစစ် ရပ်/မရပ် စစ်ကောင်စီတုံ့ပြန်ချက်အပေါ် မူတည်ဟု AA ဆို – TI

#️⃣ ချင်း
ချင်းပြည် ပြန်လည်ပေါင်းစည်းရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းသွားမည် ချင်းညီနောင် အဖွဲ့ ကြေညာ – KT

#️⃣ ကရင်
အာဏာရှင်များက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဆန္ဒမရှိဟု ကေအန်ယူ ပြော – DVB
•••
🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

#️⃣ တရုတ်
▫️ရခိုင်ပြည်ရှိ မြို့ များအားလုံးနီးပါးကို AA က ဆက်တိုက်သိမ်းပိုက်ပြီးနောက် ကျောက်ဖြူရှိ တရုတ်အထူးစီးပွားရေးဇုန် စီမံကိန်း ကာကွယ်ရန် တရုတ်ပုဂ္ဂလိက လုံခြုံရေးအဖွဲ့ဝင် ၅၀၀ ဝန်းကျင် အသုတ်လိုက်ခွဲ၍ ရောက်ရှိလာ – KT
▫️ကိုးကန့်သူဌေး မြီမိသားစုက သား၊ သမီးနဲ့ မြေးတွေအပါအဝင် လူ ၄၀ နီးပါးကို တရုတ် စွဲချက်တင် – BBC

#️⃣ တောင်ကိုရီးယား
ဗီဇာအခက်အခဲဖြစ်နေသည့် မြန်မာများကို ကူညီမည်ဟု ကိုရီးယားလွှတ်တော်အမတ်ပြော – DVB
•••
📊 စီးပွားရေးထူးခြားသတင်းများ

#️⃣ ရခိုင်
ရခိုင်ပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံသူများနှင့် စီမံကိန်းလုံခြုံရေးကို AA အကာအကွယ်ပေးမည် – DVB

#RangoonScoutNetwork

Dagon Seikkan News

30 Dec, 06:28


‼️ဒဂုံဆိပ်ကမ်း

ညဘက်လူဆွဲဖို့စာရင်း ပြင်ဆင်နေပြီဟုသိရ

12:55 PM

@Dagon_Seikkan_Scout
👉သတင်းပေးရန်။

Dagon Seikkan News

30 Dec, 02:07


''ကရင်နှစ်သစ်ကူးနေ့''
(ပြာသိုလဆန်း ၁ ရက်)

မင်္ဂလာပါ သူငယ်ချင်းတို့ရေ

ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ပြာသိုလဆန်း ၁ ရက်ဟာ အိမ်အိမ်တို့ရဲ့သူငယ်ချင်း ကရင်လူမျိုးတွေရဲ့ "ကရင်နှစ်သစ်ကူးနေ့" ပဲ ဖြစ်ပါတယ်။

"ကရင်နှစ်သစ်ကူးနေ့" လေးကို ကြိုဆိုဂုဏ်ပြုရင်းနဲ့ပဲ အိမ်အိမ်တို့ရဲ့သူငယ်ချင်းတွေအားလုံး စည်းလုံးညီညွတ် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ အမြန်ဆုံးရောက်ရှိကြစေဖို့ ပြည်သူ့ဘုံရန်သူ အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံး တွန်းလှန်ဖြိုချကြပါစို့နော်

#အရေးတော်ပုံအောင်ရမည်
#အရေးတော်ပုံအောင်ရမည်
#အရေးတော်ပုံအောင်ကိုအောင်ရမည်

#NUG #MOENUG #MBEH
#MyanmarBasicEducationHome
#HomeBasedLearning #Myanmar
#ကရင်နှစ်သစ်ကူးနေ့

Dagon Seikkan News

29 Dec, 17:46


ဒဂုံဆိပ်ကမ်း
*
ယနေ့ ညနေက ဒဂုံဆိပ်ကမ်း ယုဇနမှာ ဧည့်တိုင်ထားတဲ့ထဲက အသက်ပြည့်သူတွေစာရင်းနဲ့ စစ်မှုထမ်းစာရင်းလိုက်ကောက်ထားတဲ့ စာရင်းတွေကိုင်ပြီး လမ်းမှူးတွေ အလုပ်ရှုပ်နေခဲ့ကြ။

အုပ်ကြီးရုံးတွေမှာလည်း စခကားတွေ ရောက်နေတယ်လို့ သိရ။ လမ်းတိုင်းလိုလို စာရင်းနဲ့ တိုက်စစ်ဖို့ ရှိတယ်လို့ ကြား။

ယုဇန A Block ဘက်မှာ လမ်းမှူးက Speaker ကိုင်ပြီး စစ်မှုထမ်းစာရင်းပါတဲ့သူတွေကို အောက်ဆင်းခိုင်းပြီး လက်မှတ်ထိုးခိုင်း။ မနက်ဖြန် အုပ်ကြီးရုံးကို လာဖို့လည်း ပြော။
*
29 Dec 2024
📬 @Inform_RSN

Dagon Seikkan News

27 Dec, 06:27


DAILY HIGHLIGHTS (26 Dec 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

#️⃣ ကချင်
မံစီမြို့ ခမရ ၃၁၉ တပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တပ်ရင်းမှူးနှင့် ဗျူဟာမှူး ပျောက်ဆုံးနေ၊ ဗန်းမော်တွင်လည်း စစ်တပ်ဘက်မှ သေဆုံးမှုများပြားနေပြီး စကခ ၂၁ တပ်မှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့်ဒုတပ်မှူး ဗိုလ်မှူးကြီး ထွဋ်ခေါင်တို့ ပုန်းအောင်း ခုခံနေ – KT

#️⃣ ကိုးကန့်
လားရှိုးက စစ်သုံ့ပန်း မိသားစုဝင် နှစ်ရာကျော်ကို MNDAA ပြန်လွှတ် – RFA
•••
💬 နိုင်ငံရေးထူးခြားသတင်းများ

#️⃣ NCA
လွတ်လပ်ရေးနေ့ပွဲတက်ရန် NCA အပစ်ရပ်အဖွဲ့များကို စစ်ကောင်စီ မဖိတ် – DVB
•••
🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

#️⃣ အိန္ဒိယ
အိန္ဒိယ-မြန်မာနယ်စပ်ဖြတ်ခွင့် ဝင်ခွင့်လက်မှတ်ဖြင့် ခွင့်ပြု – TI

#️⃣ ရုရှား
ရုရှားကုန်တင်လေယာဉ် နေပြည်တော်၊ အေလာလေတပ်သို့ စစ်လက်နက်နှင့်စစ်လေယာဉ်အပိုပစ္စည်းများ လာရောက်ပို့ဆောင် – KT
•••
👀 စစ်ကောင်စီ ရာထူးအပြောင်းအရွှေ့

#️⃣ စစ်မှုထမ်း
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ သစ်အဖြစ် ဗိုလ်ချုပ်ကြီး မောင်မောင်အေး တာဝန်ပြောင်းလဲယူလိုက်ပြီး စစ်မှုထမ်းဆင့်ခေါ်ရေး ယခင်ထက် ပိုမို ကြမ်းတမ်းစွာ ကိုင်တွယ်မည်ဖြစ်၍ ပေါ်တာဆွဲမှုဖမ်းဆီးများ အခြေအနေ ဆိုးလာနိုင်ဟု သတိပေး – KT

#RangoonScoutNetwork

Dagon Seikkan News

26 Dec, 16:18


⚠️ဒဂုံဆိပ်ကမ်း

စစ်ကားကြီး ၅ စီး (ဘေးက အကာများ ချထား)၊ စစ် ကားသေး DC ၇ စီး
ယုဇနဘက်မှ သာကေတဘက်သို့ ရတနာလမ်းအတိုင်း ဦးတည်ထွက်သွား။

10:43 PM

@Dagon_Seikkan_Scout
👉သတင်းပေးရန်။

Dagon Seikkan News

26 Dec, 14:32


‼️ဒဂုံဆိပ်ကမ်း

၆၀ ရပ်ကွက် သိမ်ချောင်းလမ်းဆုံနှင့် ဆောက်လုပ်ရေးမှတ်တိုင်ကြားတွင် စခများမှ အမျိုးသား ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရ။

8:45 PM

@Dagon_Seikkan_Scout
👉သတင်းပေးရန်။

Dagon Seikkan News

26 Dec, 06:43


DAILY HIGHLIGHTS (25 Dec 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

#️⃣ ရခိုင်
▫️အမ်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပြန်ရရန် စစ်ကောင်စီက အမ်းနှင့် ၁၅မိုင်ခန့်အကွာတွင် အမြောက်တပ်နှင့် ဗဟိုပြုတပ်များ တည်လာ – AT
▫️AA နှင့် KIA ၏ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၁၇ စီး ပျက်စီးသွားပြီးနောက် အကြီးဆုံးဖရီးဂိတ်စစ်ရေယာဉ်ကို ရေချလိုက်ပြီး ပြည်တွင်း၊ ပြည်ပရန်ကို နှိမ်နင်းနိုင်စေရန် သာလွန်မင်းဟု စစ်သင်္ဘောကို မင်းအောင်လှိုင်က နာမည်ပေး – KT
•••
💬 နိုင်ငံရေးထူးခြားသတင်းများ

#️⃣ ရွေးကောက်ပွဲ
အတုအယောင်ရွေးကောက်ပွဲ မြန်မာ့ပြဿနာ၏ ထွက်ပေါက်မဟုတ်ဟု NUCC ၊ NUG ကြေညာ – DVB
•••
🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

#️⃣ ဘင်္ဂလာဒေ့ရှ်
မြန်မာနယ်စပ် လုံခြုံရေးအတွက် လိုအပ်တာမှန်သမျှ လုပ်ဆောင်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ပြော – AT

#️⃣ တရုတ်
မြန်မာ - တရုတ်သဘာဝဓာတ်ငွေပိုက်လိုင်း ကူးမင်းမှချုံချင့်အထိတိုးချဲ့မည် – AT

#️⃣ အိုင်ယာလန်
ICJ အမှုတွင် ကြားဝင်ဆောင်ရွက်ရန် အိုင်ယာလန် လျှောက်ထား – DVB

#️⃣ ထိုင်း
ထိုင်းက မြန်မာကို ဝမ်းရောဂါအတွက် အရေးပေါ် ဆေးဝါး အကူအညီပေး – TI
•••
🖥 အခြားထူးခြားသတင်းများ

#️⃣ ဖြူဖြူထွေး
▫️လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ဝတ်စားဆင်ယင်ပြီး ဆေးလိမ်ကုသည့် "ခြံစည်းရိုးကြီး မယ်တော် ဟောင်စုဘ၀" အွန်လိုင်း ဇတ်လမ်းကို သရုပ် ဆောင် ရိုက်ကူးသူ ဖြူဖြူထွေး အပြင်းအထန် ဝေဖန်ခံရ – KT
▫️ဆေးပရုတ်ဆီကြော်ငြာဝေဖန်မှုမြင့်တက်ပြီးနောက် လူထုကို ဖြူဖြူထွေး ပြန်တောင်းပန် – KT

#RangoonScoutNetwork

Dagon Seikkan News

26 Dec, 06:43


ဟောင်စု ဆေးဝါးကြော်ငြာနှင့် ပတ်သက်ပြီး အဖွဲ့တစ်ဖွဲ့မှ အသိပေးစာထုတ်ပြန်ပြီးနောက် Cele ဖြူဖြူထွေး ပြန်လည်တောင်းပန်သော်လည်း ထိုက်တန်တဲ့ ပြစ်ဒဏ်ခံရမယ်လို့ ဆို၊ ခြိမ်း​​ခြောက်သည့် Black Hero UG PDF ​မြေပြင်တွင် မရှိ
==================
ဒီဇင်ဘာ ၂၅ Radio NUG

အပြည့်အစုံ 👇🏻👇🏻👇🏻

Dagon Seikkan News

25 Dec, 10:43


"စစ်မှုထမ်းအန္တရာယ် ဘယ်လိုတွန်းလှန်နိုင်မလဲ"
လေးမျက်နှာစကားဝိုင်း ဖိတ်ကြားလွှာ

ဒီနှစ်ထဲမှာတော့ စစ်တပ်က စစ်မှုမထမ်းမနေရ ဥပဒေကိုထုတ်ပြန်ပြီး လူငယ်အများအပြားကို စစ်မှုထမ်းဖို့ အတင်းအကျပ်ပြုလုပ်လာပါတယ်။ စစ်မှုထမ်းဥပဒေအတွင်း အကျုံးဝင်နေကြတဲ့ လူငယ်အများအပြားဟာလည်း ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်စားသောက်ပြီး ရှောင်တိမ်းနေကြရပါတယ်။ စစ်တပ်အနေနဲ့ ပြည်ပထွက်တဲ့လူငယ်များကို ပိုမိုကြပ်မတ်လာပါတယ်။

ကျေးလက်တောနယ်ကနေ ရန်ကုန်၊ မန္တလေး မြို့ပြတွေအထိ စစ်မှုထမ်း ပေါ်တာဆွဲခံရတဲ့ သတင်းတွေ ခပ်စိပ်စိပ်တက်လာသလို လူပျောက်ကြေငြာများလည်း ပိုများပြားလာပါတယ်။ ဒီလိုမျိုး အတင်းအကြပ် စစ်မှုထမ်းဖို့ လူစုဆောင်းတာကြောင့် ပြည်သူအများမှာ ကျီးလန့်စာစား ရတဲ့အခြေအနေကို ဆိုက်ရောက်လာပါတယ်။ ပညာရေး၊ စီးပွားရေး၊ လုံခြုံမှုကဏ္ဍပေါင်းစုံများကို ထိခိုက်နစ်နာမှုတွေ အဆမတန်တိုးပွားလာနေပါတယ်။

ဒါကြောင့် အခုအပတ်လေးမျက်နှာစကားဝိုင်းမှာတော့

- အတင်းအကြပ် ပေါ်တာဆွဲခြင်းကြောင့် ဘယ်လိုအခြေအနေတွေ ဖြစ်ပေါ်နေလဲ။
- လူငယ်တွေအနေနဲ့ ဘာတွေကို ဆင်ခြင်သုံးသပ်သင့်သလဲ။ ဘယ်လိုမျိုး ရင်ဆိုင်ဖြတ်ကျော်ကြမလဲ။
- ပြည်သူတရပ်လုံးအနေနဲ့ရော ဘယ်လိုနည်းနဲ့ စစ်မှုထမ်းခြင်းအန္တရာယ်ကို တွန်းလှန်ဆန့်ကျင်နိုင်မလဲ။

စတဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။


နေ့ရက် - ၂၅ - ၁၂ - ၂၀၂၄ ဗုဒ္ဓဟူးနေ့၊ ည ၇ နာရီ
Zoom ID – 897 1447 1182 (Password မလိုပါ)
Zoom link — https://us02web.zoom.us/j/89714471182

Dagon Seikkan News

25 Dec, 01:31


Merry Christmas To You all 🎉

🎄 ပြည်သူများအားလုံး နှင့် ရဲဘော်များအားလုံး လုံခြုံကျန်းမာစွာနဲ့ ပျော်ရွှင်စရာ ခရစ်စမတ်ကာလေးကို ဖြတ်ကျော်နိုင်ပြီး ချစ်ခင်ရသူများနှင့်လည်း အမြန်ဆုံး ဆုံစည်းနိုင်ပါစေခင်ဗျာ။ 🎄🎅

https://t.me/Dagon_Seikkan_Scout_and_News

Dagon Seikkan News

24 Dec, 16:00


ရန်ကုန်အထွက် ဇီးရိုးမိုင်ဂိတ်တွင် ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူများကို စစ်ဆေး

... ရန်ကုန်ကနေ ပဲခူးကို ခရီးသွားခဲ့သူတယောက်က “မနေ့ကစပြီး စစ်တာ။ ဇရပ်ကွင်းအထိဆို မှတ်ပုံတင်မပေးရဘူး။ မစစ်ဘူး၊ ပဲခူးအထိဆို လူတွေ ကားပေါ်ကဆင်းပြီး စစ်ဆေးခံရတယ်။ မှတ်ပုံတင် ပြရတယ်။ ပဲခူးမှတ်ပုံတင်ဆို ပြဿနာမရှိဘူး။ ရခိုင်မှတ်ပုံတင်ဆို အတော်လေးစစ်တာ” လို့ ပြောပါတယ်။

ကားပေါ်မှာ ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူတွေ ပါလာပါက စစ်ကောင်စီတပ်က မှတ်ပုံတင်နဲ့ လူကို တိုက်ဆိုင်စစ်ဆေးတာ၊ ဖုန်းနဲ့ လွယ်အိတ်တွေကို စစ်ဆေးပြီး မထီမဲ့မြင် ပြောဆိုတာရှိတယ်လို့ လှည်းကူးမြို့ခံက ပြောပါတယ်။

“ကျနော်တို့ကားပေါ်က အဒေါ်ကြီးသားအမိကို ရစ်တာ မပြီးဘူး။ ရခိုင်မှတ်ပုံတင် ကိုင်ထားတော့ ကောင်လေးရဲ့ ဖုန်းတွေစစ်။ အဘွားကြီးမေး၊ ပဲခူးမှာရှိတဲ့ အမျိုးတွေဆီ သွားလည်မလို့ ပြောလည်း မရဘူး။ နာရီဝက်လောက်ကြာတယ်။ ပြီးမှပြန်လွှတ်တာ။” ... – DVB

24 Dec 2024
#RangoonScoutNetwork

Dagon Seikkan News

09 Dec, 09:16


ကျောင်းသားလူငယ်များပါ စစ်မှုထမ်းရန် စုဆောင်းခံနေရဟုဆို

9 Dec 2024 Bywar Oo/ MPA

ရန်ကုန်မြို့တွင် အခြေခံပညာကျောင်းတက်နေသည့် လူငယ်လေးများကို စစ်မှုထမ်းရန်အတွက် စစ်သားစုဆောင်းခြင်းများ ပြုလုပ်လာကြောင်း ရန်ကုန်မြို့တွင်နေထိုင်ကြသည့် မြို့ခံများက ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းချက်တွင် ပညာသင်ကြားနေသူများအနေဖြင့် စစ်မှုထမ်းဆောင်ရန် တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သည်ဟု ထည့်သွင်းဖော်ပြထားသော်လည်း မြေပြင်တွင် စစ်သားစုဆောင်းရေးထဲထည့်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/HvFvQDfejvY

Dagon Seikkan News

06 Dec, 04:12


♦️ဒဂုံဆိပ်ကမ်း

ပဲခူးမြစ်လမ်းတောက်လျှောက် လမ်းဆုံ လမ်းခွတွေမှာ ရခ ၂ ကောင်စီ အိမ်စီးကားဖြင့် ကင်းချသွား။

10:31 AM

@Dagon_Seikkan_Scout
👉သတင်းပေးရန်။

Dagon Seikkan News

05 Dec, 07:31


'ရန်ကုန်မြို့သစ် ပြန်လည်စတင်ရန် စစ်ကောင်စီ ပြင်ဆင်လာ'

...နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံ ကူမင်းမြို့သို့ စစ်ခေါင်းဆောင် သွားရောက်စဉ် မူဆယ်- မန္တလေး ရထားလမ်းစီမံကိန်းအား မန္တလေးဒေသမှ စတင်လုပ်ဆောင်ရန်နှင့် ရန်ကုန်မြို့သစ်စီမံကိန်းများ ပြန်လည်စတင်ရန် ကမ်းလှမ်းခဲ့သည်ဟု လုပ်ငန်းရှင် တဦးက ဆိုသည်။...

...ဦးသိန်းစိန်အစိုးရလက်ထက်က အဆိုပြုခဲ့သော စင်ကာပူနိုင်ငံအရွယ်အစားထက် ၂ ဆခန့်ပိုကျယ်သည့် ရန်ကုန်မြို့သစ် စီမံကိန်းသည် ရပ်ဝန်းနှင့်ပိုးလမ်းမအစီအစဉ် (BRI) ၏ အစိတ်အပိုင်းတခုဖြစ်ပြီး ရန်ကုန်မြို့တဖက်ကမ်းရှိ ကြည့်မြင်တိုင်၊ ဆိတ်ကြီးခနောင်တိုနှင့် တွံတေးမြို့နယ်ထဲမှ လယ်ယာမြေအများစု၌ အကောင်အထည်ဖော်မည့်စီမံကိန်း ဖြစ်သည်။

အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရွှေသံလွင်ကုမ္ပဏီအကြီးအကဲ ဦးကျော်ဝင်း၊ တရုတ် လုပ်ငန်းရှင် ရှောက်စန်းနှင့် ဦးမောင်ဝိတ်တို့အား လုပ်ပိုင်ခွင့်ပေးထားခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရ လက်ထက်တွင် ရန်ကုန်မြို့သစ်စီမံကိန်းဖွံ့ဖြိုးရေးကုမ္ပဏီလီမီတက် (NYDC) ၏ ဥက္ကဋ္ဌအဖြစ် ဦးသိမ်းဝေခေါ် Serge Pun အား တာဝန်ပေးခဲ့သည်။... – The Irrawaddy

05 Dec 2024
#RangoonScoutNetwork

Dagon Seikkan News

04 Dec, 05:40


DAILY HIGHLIGHTS (03 Dec 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

#️⃣ ရခိုင်
အမ်းမြို့ပေါ်ကို AA ထိန်းချုပ်လိုက်ပြီး နပခကို ထိုးစစ်ဆင်နေ – RFA
•••
⚠️ မိတ်ဖက်ပြဿနာ

Federal Wings နှင့် NUG ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းမှု ရပ်ဆိုင်း – TI
•••
💬 နိုင်ငံရေးထူးခြားသတင်းများ

#️⃣ ကိုးကန့်
လားရှိုးနှင့် သက်ဆိုင်ရာကိစ္စများ စစ်ကောင်စီနှင့်ဆွေးနွေးရန် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ MNDAA စေလွှတ်မည် – MPA
MNDAA အနေဖြင့် စစ်တပ်ကို စတိုက်မည်မဟုတ်သလို စစ်တပ်ကလည်း ထိုးစစ်ရပ်ရန် ထုတ်ပြန် – DVB
•••
🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

#️⃣ ထိုင်း
ထိုင်းငါးဖမ်းစက်လှေသမားများအား အကြမ်းဖက်အဖွဲ့သံသယဖြင့် စစ်ဆေးနေဟု စစ်ကောင်စီပြော – TI
အကြမ်းဖက်စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသော ထိုင်းငါးဖမ်းသမား ၄ ဦး မကြာမီ ပြန်လည် လွတ်မြောက်လာမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော – KT
မဲဆောက်မှ မြဝတီသို့ တရားမဝင်သွယ်ထားသည့် အင်တာနက်ကေဘယ်ကြိုးများ ထိုင်းဖြတ်တောက် – TI
ထိုင်းနိုင်ငံအတွင်း အထောက်ထားမဲ့နေထိုင်သူများ နှစ်ကုန်အထိ လွတ်လပ်စွာနေထိုင်ခွင့်ရမည် – TI

#️⃣ ဆွစ်ဇာလန်
စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံက ကမ္ဘာ့ငွေကြေးခဝါချမှု အန္တရာယ်အများဆုံးသော နံပါတ် ၁ နိုင်ငံအဖြစ် အဆင့်သတ်မှတ်စာရင်းဝင် – KT
•••
📊 စီးပွားရေးထူးခြားသတင်းများ

ဗဟိုဘဏ်က တရက်တည်း ဒေါ်လာ ၃၈ သန်း၊ ယွမ် ၁ သန်းခွဲနှင့် ဘတ် ၁၀၇ သန်း ထုတ်ရောင်း – DVB

၂၀၂၄-၂၅ ဘဏ္ဍာနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့်ပမာဏ ၃ ဆနီးပါး ကျဆင်း – DVB
•••
🗑 ကျားဖြန့်

တန့်ယန်း ကျားဖြန့်လုပ်ငန်းမှ တရုတ်နှင့် မြန်မာ ၄၅ ဦး ဖမ်းဆီးခံရ – DVB

#RangoonScoutNetwork

Dagon Seikkan News

03 Dec, 07:41


ရန်ကုန်တိုင်းအတွင်း နိုဝင်ဘာလ စစ်ရေးဖော်ဆောင်မှုများ
•••••••••••••••®•••••••••••••••
ဒီဇင်ဘာ ၃၊ ၂၀၂၄

ရန်ကုန်တိုင်းအတွင်းတွင် နိုဝင်ဘာလ၌ စစ်ရေးဖော်ဆောင်မှု စုစုပေါင်း (၁၄) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး စစ်အုပ်ချုပ်ရေးယန္တရားအား ဆက်လက်အကောင်အထည်ဖော်လျက်ရှိသည့် ရွာမအစုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ရွှေနံ့သာရပ်ကွက်ရုံး၊ တောင်ဥက္ကလာပမြို့နယ် အမှတ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တို့အားဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ရုံမျှမက မင်္ဂလာဒုံမြို့နယ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ် နှင့် လေတပ်ဝင်း၊ နိုင်ငံရေးမှတ်တိုင်အနီးရှိ စစ်တပ်အိမ်ထောင်သည်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်မှော်ဘီလေတပ်စခန်း အစရှိသည့် အကြမ်းဖက်များစုဝေးရာ နေရာများအား ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ကာ အဆိုပါတိုက်ခိုက်မှုများမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

#RangoonScoutNetwork

Dagon Seikkan News

03 Dec, 05:41


DAILY HIGHLIGHTS (02 Dec 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

#️⃣ ရခိုင်
ဂွမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စွဲခဲ့ရာ ကျေးရွာများကို AA က ဆက်တိုက် သိမ်းပိုက်နေပြီး တိုက်ပွဲမှာ မြို့နှင့်ပိုမိုနီးကပ်လာ – AT

#️⃣ ချင်း
ဟားခါးရှိ စစ်တပ်စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီဘက်မှ ၂၀ ဦးနီးပါးသေဆုံးကာ လက်နက် ၅၇ လက်၊ ဒရုန်းနှင့် ခဲယမ်းများ ရရှိ၊ ဟားခါးတိုက်ပွဲများတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၃ ဦးသေဆုံး – KT
•••
⚠️ မိတ်ဖက်ပြဿနာ

#️⃣ ရှမ်း
RCSS နဲ့ SSPP တို့ တင်းမာမှုတွေရှိနေပေမယ့် ပေါင်းစပ်ညှိနှိုင်းရေး ဖော်ဆောင်သွားမယ်လို့ SSPP ထုတ်ပြန် – MKN
•••
🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

#️⃣ ထိုင်း
မြန်မာရေတပ်ကဖမ်းထားသည့် ထိုင်းနိုင်ငံသားများပြန်လွှတ်ပေးရန် ထိုင်းအစိုးရ၏တောင်းဆိုမှုကို စစ်ကောင်စီပယ်ချ – MN

ထိုင်းငါးဖမ်းလှေများကို ပစ်ခတ်ပြီး ထိုင်းသင်္ဘောသားများကို မြန်မာစစ်တပ်က ဖမ်းဆီးမှု ထိုင်းဝန်ကြီးချုပ် ကန့်ကွက်၊ စစ်ကောင်စီ သံအမတ်ကို ယနေ့ ဆင့်ခေါ်၍ ပစ်ခတ်မှုအပေါ် ရှင်းလင်းချက်ပေးရန်နှင့် ထိုင်းနိုင်ငံသားများ ပြန်လွှတ်ခိုင်းမည် – KT

IDP ဒုက္ခသည်များအတွက် ထိုင်းအစိုးရက ဘတ် ၃ သန်းကူညီ – DVB
•••
📊 စီးပွားရေးထူးခြားသတင်းများ

စားအုန်းဆီရည်ညွှန်းဈေး ဆက်တိုက်မြင့်တက်၊ ဈေးကွက်အတွင်း ကျပ် ၁၀,၀၀၀ ကျော် ပေးဝယ်နေရ – DVB
•••
🗑 ကျားဖြန့်

မူဆယ်နှင့် တာချီလိတ်တွင် အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်း ပုံစံပြောင်းပြီး လုပ်ဆောင်နေ – DVB
•••
🖥 အခြားထူးခြားသတင်းများ

အာဏာသိမ်း​ခေါင်း​​ဆောင်တက်​ရောက်မယ့်ဆိုတဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းပွဲ သံချပ်ကာတပ်​ပါ​ခေါ်ယူလုံခြုံ​ရေးမြှင့်​​နေ – PS

#RangoonScoutNetwork

Dagon Seikkan News

29 Nov, 16:14


ဒဂုံဆိပ်ကမ်း
*
၉၄ ရပ်ကွက်၊ ပုဏ္ဏမီလမ်းနဲ့ ရွှေပြည်လမ်းထောင့်မှာ Premium Diesel တင် ဆီဘောက်ဆာ တိမ်မှောက် နေပြီး ဆီယိုစိမ့်မှုရှိနေ

မကြာမီ စခကခများ ရောက်လာဖွယ်ရှိ
*
10:05 pm
📬 @Inform_RSN

Dagon Seikkan News

29 Nov, 06:17


DAILY HIGHLIGHTS (28 Nov 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

#️⃣ ပအိုဝ်း
ရှမ်းတောင်တွင် စစ်ကောင်စီတပ်နှင့် PNLA တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၃၀ ကျော် သေဆုံး – DVB

#️⃣ မန္တလေး
စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော်လည်း မတ္တရာနှင့် သပိတ်ကျင်းကို အပြည့်အဝ ထိန်းချုပ်ထားဆဲဟု မန္တလေး PDF ပြော – KT

#️⃣
တောင်ပိုင်း စစ်ဒေသ ၁၇၁ မှာ စစ်ရေးတင်းမာချိန် စစ်မှုထမ်း ပထမအသုတ်ကို ‘ဝ’ တပ် သင်တန်းစပေး – BBC
•••
💬 နိုင်ငံရေးထူးခြားသတင်းများ

စစ်အာဏာရှင်များ ခွဲခြား အုပ်ချုပ်ခဲ့သည့် ကချင်အထူးဒေသ ၁ ကို KIO က ဖျက်သိမ်းလိုက်ပြီး ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းရန်ဖိတ်ခေါ် – KT
•••
🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

#️⃣ ICC
မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များအမှုအတွက် ICC တရားရုံးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး IIMM အကြီးအကဲက ကြေညာ – KT

#️⃣ ထိုင်း
နယ်စပ်ပြဿနာဖြစ်နေချိန် ထိုင်း-မြန်မာ နိုင်ငံခြားရေးအကြီးအကဲများ တွေ့ဆုံ – TI
တရားမဝင်အလုပ်သမားများကို မှတ်ပုံတင်ပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန် – DVB

#️⃣ ရုရှား၊ တရုတ်
ရုရှားနှင့် တရုတ်သို အလုပ်သမား ဦးစားပေးစေလွှတ်ရန် စစ်ကောင်စီ စီစဉ်နေ – MN
•••
📊 စီးပွားရေးထူးခြားသတင်းများ

နှစ်စဉ်အစီရင်ခံစာ မတင်သည့် ကုမ္ပဏီ ၁,၅၀၀ ကို စစ်ကောင်စီက မှတ်ပုံတင်ပယ်ဖျက် – DVB
•••
🗑 ကျားဖြန့်

ချင်းမိုင်မြို့တွင် မြန်မာ ၈ ဦးပါဝင်သော အကြီးဆုံး အွန်လိုင်းငွေလိမ်ဂိုဏ်း ဖမ်းမိ – TI

#RangoonScoutNetwork

Dagon Seikkan News

27 Nov, 07:49


DAILY HIGHLIGHTS (26 Nov 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

အမ်းရှိ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းကို AAသိမ်းပိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်ဖမ်းမိ – AT

ဟုမ္မလင်းတွင် စစ်တပ်နှင့် ရှမ်းနီ SNA ပူးပေါင်းအဖွဲ့၏ တပ်စခန်းများအားလုံးကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ရရှိ – KT

ကျရှုံးလုနီးနီး တပ်စခန်းများမှ ဗျူဟာမှူးများနှင့် သေဆုံးသူများအပါအဝင် ဗုံးကြဲတိုက်ခိုက် နေသည့် တပ်ဖွဲ့ဝင်များကိုဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ပေးအပ် – AT
•••
⁉️ အိမ်နီးချင်းနိုင်ငံနှင့် စစ်ရေးပဋိပက္ခ

UWSA နှင့်ထိပ်တိုက်မတွေ့ရန် ညွှန်ကြားထားကြောင်း ထိုင်းစစ်တပ်ပြော – TI
•••
🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

စစ်ဖြစ်နေသည့် ရုရှားနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေးနှင့် ကုန်ထုတ် စက်ရုံ၊ အလုပ်ရုံများသို့ မြန်မာအလုပ်သမားများ စစ်ကောင်စီက စတင်စေလွှတ်မည် – KT

အိန္ဒိယကမ်းခြေစောင့်တပ်က မြန်မာမှ မက်သာဖက်တမင်း ၅.၅ တန် စံချိန်တင် ဖမ်းမိ – TI

အာဏာသိမ်းပြီးနောက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မြင့်တက်လာဟု ဗြိတိန်သံအမတ်ပြော – TI

စစ်ကောင်စီနှင့်တွဲဖက်၍ လုံခြုံရေး ပူးတွဲ ကုမ္ပဏီထူထောင်ခြင်းက တရုတ်အကျိုးစီးပွားများနှင့် လုံခြုံရေး အကာအကွယ်ပေးနိုင်မည်မဟုတ်ဘဲ တရုတ်ကိုပင် တိုက်ရိုက် ပြန်လည် ခြိမ်းခြောက်မှုဖြစ်နိုင်ဟု NUG သတိပေး – KT

NUG ကြားကာလကောင်စီ ပညာရေးလက်မှတ် နိုင်ငံတကာ အသိအမှတ်ပြုဟုဆို – DVB
•••
📊 စီးပွားရေးထူးခြားသတင်းများ

အခေါက်‌ရွှေ ရည်ညွှန်းဈေး ထပ်မံမြင့်တက်လာ – DVB
•••
🖥 အခြားထူးခြားသတင်းများ

နိုင်ငံပြင်ပရောက် NUG အစိုးရအဖွဲ့ဝင်များ ပြည်တွင်းသို့ ပြန်လာကြရန် ယာယီသမ္မတတိုက်တွန်း – MPA

#RangoonScoutNetwork

Dagon Seikkan News

26 Nov, 08:14


DAILY HIGHLIGHTS (25 Nov 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

တောင်ကုတ်မြို့ထဲရှိ တပ်စခန်းများအားလုံးမှ စစ်ကောင်စီတပ်များအားလုံး ဆုတ်ခွာထွက်ပြေး၊ တောင်ကုတ်မြို့နှင့်စခန်းများကို AA က သိမ်းပိုက်ထိန်းချုပ် – KT

သိမ်းထားသည့် မတ္တရာအနောက်ခြမ်းမှ တော်လှန်ရေးတပ်များ ပြန်ဆုတ် – TI

စစ်ကောင်စီက စစ်အသုံးစရိတ်ကို ကန့်သတ်မှုမရှိတော့ဘဲ လိုအပ်လျှင် လိုအပ်သလို နောက်ဆက်တွဲ တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ပြီး တိုင်းပြည်သုံးငွေ၏ ၃၀ ရာခိုင်နှုန်းနီးပါးအထိရှိလာ၊ တစ်နိုင်ငံလုံး အခွန်အခများ မဖြစ်မနေ တိုးမြှင့်ကောက်ခံရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား – KT
•••
⁉️ အိမ်နီးချင်းနိုင်ငံနှင့် စစ်ရေးပဋိပက္ခ

ထိုင်းနှင့်မြန်မာ နယ်မြေအငြင်းပွားနေသည့် နယ်စပ်ဒေသ စခန်း ၈ ခုမှ UWSA "၀" တပ်များ ဒီဇင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားဆုတ်ခွာပေးရန် ထိုင်းစစ်တပ်က အမိန့်ပေးလိုက်ပြီး စစ်ရေး ပြင်ဆင်မှုများ လုပ်ဆောင် – KT
•••
⚠️ မိတ်ဖက်ပြဿနာ

SSPP စခန်းများ RCSS ဝင်တိုက်ပြီး တပ်ဖွဲ့ဝင်များကိုဖမ်းဆီးသွား ဟုဆို – TI
•••
💬 နိုင်ငံရေးထူးခြားသတင်းများ

စစ်ရေးပဋိပက္ခ အဆုံးသတ်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် အသင့်ရှိဟု TNLA ထုတ်ပြန် – DVB

လက်နက်ကိုင်ဖြေရှင်းမှုတွေက လွတ်လပ်ပေမဲ့ မငြိမ်းချမ်းနိုင်ကြောင်း စစ်ခေါင်းဆောင် ပြော – RFA
•••
🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

ရိုဟင်ဂျာအကျပ်အတည်းကိုဖြေရှင်းဖို့ နယ်မြေထိန်းချုပ်ထားတဲ့ အေအေကို ထည့်သွင်းစဉ်းစားရမယ်လို့ ဘင်္ဂလားဒေ့ရှ်ပြော – BBC

ရိုဟင်ဂျာအရေး ဖြေရှင်းနိုင်ဖို့ သန်းခေါင်းစာရင်း ကောက်ယူရမယ်လို့ ဘင်္ဂလားဒေ့ရှ် ပြော – AT

မြန်မာ့ရွေးကောက်ပွဲ လေ့လာရန် ကမ္ဘောဒီးယားပြည်သူ့ပါတီ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည် – TI

အကြမ်းဖက်စစ်ကောင်စီ ပြန်လည်အကောင်အထည်ဖော်မည့် စီမံကိန်း ၂ ခုအတွက် တရုတ်အစိုးရပိုင် China EXIM Bank က အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး အတိုးမဲ့ ချေးပေးမည် – KT

မြန်မာ့အရေး တရုတ်နိုင်ငံ ပါဝင်လာမှုအပေါ် တောင်ကိုရီးယားလွှတ်တော်၌ ဆွေးနွေးပွဲကျင်းပ – PS

မလေးရှားနိုင်ငံ၊ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းများသို့ မြန်မာအလုပ်သမားများ စေလွှတ်ခြင်းမပြုရန် စစ်ကောင်စီက ပိတ်ပင်လိုက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး မကောင်းမွန်မှုက အဓိကအချက်အဖြစ် ပါဝင်နေ – KT

ရုရှားနဲ့ ဆက်ဆံရေးနီးကပ်တဲ့ စစ်ကောင်စီက ရုရှား၊ အိန္ဒိယ၊ တရုတ်တို့ ဦးဆောင်ပါဝင်နေတဲ့ BRICS မှာ ပါဝင်နိုင်ဖို့ ခြေလှမ်း – BBC
•••
📊 စီးပွားရေးထူးခြားသတင်းများ

ရခိုင်မှာ ဘဏ်စနစ် လုံးဝ ပျက်သုဉ်းသွား – TI
•••
🗑 ကျားဖြန့်

မြဝတီ ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသား ၃၉ ဦး ထိုင်းဘက် ထွက်ပြေး – TI

#RangoonScoutNetwork

Dagon Seikkan News

26 Nov, 06:35


ဒီနေ့ဟာ ကိုရေမွန်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူသာရှိနေခဲ့မယ်ဆိုရင် ၃၆ နှစ်ပြည့်ကို ပျော်ရွှင်စွာ ချစ်ရသူတွေနဲ့ဖြတ်သန်းနေခဲ့မယ်လိုထင်ပါတယ်။ သူ့ရဲ့စိတ်ဓာတ်၊ ရပ်တည်ချက်နဲ့ သီချင်းတွေက သူ့ရဲ့အနုပညာနဲ့နိုင်ငံ၊ပရိတ်သတ်‌ တွေပေါ် လွတ်လပ်မှု ၊သစ္စာရှိမှု၊ မြတ်နိုးမှု‌ေတွကိုရှင်းလင်းစွာပြသပေးခဲ့ပါတယ်။

အခုလည်း သူ့သီချင်းတွေဟာ လူငယ်မျိုးဆက်တွေရဲ့ရင်ထဲမှာ နေရာယူနေဆဲဖြစ်ပြီး  သီချင်းတိုင်းဟာ
သတိရမှုတွေနဲ့လွမ်းလိုက်ရင်း သံသရာလည်နေသလိုပါပဲ။လူဟာ သေဆုံးခဲ့ပေမယ့် သူ့ရဲ့သီချင်းတွေကတော့ ချစ်မြတ်နိုးသူတိုရဲ့ရင်ထဲ အမြဲအသက်ရှင်လျက်ရှိနေပါမယ်။
သတိရစိတ်တွေမကုန်မချင်း ကောင်းကင်မှာကောရင်ထဲမှာ ရောရှင်သန်နေမယ့်ကြယ်တစ်ပွင့်ပါ

မရှိတော့တဲ့လူတစ်ယောက်အတွက်မွေးနေ့ဆုတောင်းပေးရတာဟာ တော်တော်၀မ်းနည်းဖိုကောင်းပါတယ်။
ကြယ်ဟာကြွေခဲ့ပါတယ် နှလုံးသားတွေထဲ

Happy Birthday ပါ ကိုရေမွန်။ တော်လှန်မွေးနေ့ပါရယ်..
#OwlCommunity
#LinnYoungNiYouthOrganization_LYNYO
#MayangoneDemocraticFront_MDF
#KyimyidaingNetworks_KMD18

Dagon Seikkan News

22 Nov, 11:38


ညနေခင်းလေး တဖြတ် ကလစ်ဖို့ လင့်ခ် အသစ်လေးတွေပါ

ချစ်ရင် VPN လေးတွေ သုံးကြည့်နော်

https://yebawdoh.com/healthy-recipes-nutrition/fasting-and-diet-a-beginners-guide/

https://eainpyanlann.com/top-5-cloud-security-threats-and-how-to-mitigate-them

https://tawhlanlunge.com/how-to-learn-crypto-and-earn-with-top-educational-platforms/

https://todayfinanceguide.com/retirees-aged-65-and-older-you-can-receive-two-social-security-payments-soon/

https://c2dlearn.xyz/seo-tools-free-top-picks-for-boosting-your-rankings/

https://newdays4mm.com/7-tips-to-stay-organized-when-life-is-busy/

Dagon Seikkan News

22 Nov, 06:09


DAILY HIGHLIGHTS (21 Nov 2024) - 1
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ရခိုင်၊ တောင်ကုတ်မြို့ပေါ်ကို အေအေထိန်းချုပ် – BBC

လေကြောင်းမှ အပြင်းအထန်ခုခံခဲ့သော်လည်း အမ်းရှိ ခမရ ၃၇၁ကို စစ်ကောင်စီ လက်လွှတ်လိုက်ရ – AT

ကန်ပိုက်တီမြို့နှင့် တရုတ်-မြန်မာ နယ်စပ် ချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်းတွင် ကချင်အမျိုးသားအလံတော်ကို KIA က လွှင့်တင်လိုက်ပြီး ထွက်ပြေးနေသော စစ်ကောင်စီဘက်တော်သားများကို ဖမ်းဆီးရှင်းလင်းနေ – KT

စစ်ကောင်စီက ဆုံးရှုံးသွားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် ဒကစနှင့် ဗျူဟာဌာနများ၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များကို ပြန်လည်ဖွဲ့စည်း၊ နယ်မြေများ ပြန်သိမ်းပိုက်ပြီးပါက ချက်ချင်းအစားထိုးနိုင်ရေး အသင့်ပြင် – KT
•••
📊 စီးပွားရေးထူးခြားသတင်းများ

စည်းကမ်းတင်းကျပ် အခွန်ကောက်မှုများကြောင့် အွန်လိုင်းဈေးရောင်းလုပ်ငန်းများ အခက်ကြုံ – DVB

ပို့ကုန်ရငွေ ၂၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် ပေးသွင်းနေရသဖြင့် ကုန်သည်များ အရှုံးပေါ် – DVB

တရုတ်စီမံကိန်း တည်ရှိသည့် ကျောက်ဖြူတွင် ဘဏ်စနစ်အားလုံးရပ်ဆိုင်း – DVB

ရွှေရည်ညွှန်းဈေး ကျပ်၂သိန်းနီးပါး ပြန်မြင့်တက် – DVB

ဗဟိုဘဏ်က ဒေါ်လာ သန်း ၂၀ နှင့် ဘတ် သန်း ၁၀၀ ထုတ်ရောင်း – DVB
•••
🖥 အခြားထူးခြားသတင်းများ

ခြံအမှတ် ၅၄ ကို လေလံကြမ်းခင်းဈေး ထပ်မံလျှော့ချရန် တရားရုံးဆုံးဖြတ် – DVB

ခြံအမှတ် ၅၄ ကို ဈေးလျှော့ပြီး ရောင်းချမဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေအဖွဲ့ ကန့်ကွက် – RFA

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဝန်ကြီးဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်းများနှင့် စစ်အရာရှိဟောင်းများ၏ နေအိမ်များကို စည်ပင်ပိုင်မြေ ကျူးကျော်သည်ဟုဆိုကာ စစ်တပ်၊ရဲနှင့်စည်ပင်များက ဝင်ရောက်ဖျက်ဆီး – KT

လူဦးရေရဲ့ ၆၃ ရာခိုင်နှုန်းကျော်ကို သန်းခေါင်စာရင်း ကောက်ယူ နိုင်ခဲ့ – BBC

သန်းခေါင်စာရင်း ရှေ့ပြေးအစီရင်ခံစာကို ဒီဇင်ဘာလဆန်း စစ်ကောင်စီ ထုတ်ပြန်မည် – DVB
•••
နိုဝင်ဘာ ၂၁ ရက်နေ့တွင် 🌐 နိုင်ငံခြားရေးထူးခြားသတင်း များပြားသဖြင့် သပ်သပ်ခွဲ၍ နိုင်ငံအလိုက် ဖော်ပြထားသည်။

DAILY HIGHLIGHTS (21 Nov 2024) - 2

#RangoonScoutNetwork

Dagon Seikkan News

20 Nov, 07:31


DAILY HIGHLIGHTS (19 Nov 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

စစ်ကောင်စီနှင့် ရှမ်းနီ တပ်စခန်း ၄ ခုထက်မနည်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး KPDF ၂ ဦးကျဆုံး – KT

အနန်းကွင်းစစ်ဗျူဟာ စခန်းသိမ်းတိုက်ပွဲ ပြင်းထန် – DVB

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်ကို ထိန်းသိမ်းထားမှု တရုတ်ငြင်း – TI

AA ၏ ထိုးစစ်ကြောင့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းကို ကာကွယ်ရန် တရုတ်- စစ်ကောင်စီ ပူးတွဲ လုံခြုံရေး အဖွဲ့ကို ဗိုလ်ချုပ်ကျော်ရွှေထွန်း ဦးဆောင်ပြီး တရုတ်များပါ ပါဝင်ဖွဲ့စည်း – KT

မူဆယ် ဆင်ဖြူဂိတ်ကို တရုတ်နိုင်ငံဘက်က ပြန်ဖွင့်ပေး – RFA

မြန်မာသံရုံးဘက်က ထောက်ခံချက်မရ၍ အိန္ဒိယအကျဥ်းထောင်မှ မလွတ်မြောက်ဟု ထောင်အာဏာပိုင် ဆို – MZM

အိန္ဒိယထောင်တွင် အကျဥ်းကျနေသည့် မြန်မာနိုင်ငံသားများ ထောင်အာဏာပိုင်နှင့်ဆွေးနွေးပြီးနောက် အစာငတ်ခံဆန္ဒပြမှုရပ်ဆိုင်း – MZM

ထိုင်းတွင်မွေးသည့် မြန်မာကလေးငယ်များ မွေးစာရင်းလုပ်ရန် စစ်ကောင်စီသံရုံးထုတ်ပြန် – DVB

📊 စီးပွားရေးထူးခြားသတင်းများ

နိုင်ငံခြားငွေလိုနေတဲ့ စစ်ကောင်စီ ကျောက်စိမ်းတွဲ ပိုထုတ်ရောင်းလာ – TI

#rangoonscoutnetwork

Dagon Seikkan News

19 Nov, 16:12


🔹အကြမ်းဖက်စစ်တပ်လက်အောက်မှာ တိုင်းပြည်မှာ ပေါများလာတာဆိုလို့ မသမာသူတွေနဲ့ ဒုစရိုက်မှုတွေသာဖြစ်တယ်။ ပေါဆို  တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ကောင်က အာဏာရှင်လေ။ နေ့ကြီးရက်ကြီးတွေမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးရမယ့်အစား သူ့ရဲ့ရပ်ကွက်ယန္တရားတွေမှာ ကျွန်သဖွယ်အလုပ်လုပ်မယ့် ရပ်ကွက်လူမိုက်ဆိုတဲ့ကောင်တွေ ၊ ခိုးဆိုးလုနှိုက်တွေသာ အာဏာသိမ်းထားတဲ့ (၃)နှစ်အတွင်း ထုနဲ့ဒေးနဲ့ကို လွတ်ပေးနေတာတွေ့ရတယ်။

အခုလည်း အပ်(သို့) တွယ်ချိတ် လိုအရာတွေမှာ ဆေးရည်တစ်ခုကို သုတ်လူးပြီး လိုင်းကားတွေပေါ်မှာရှိတဲ့ ပြည်သူတွေဆီကနေ ဖုန်း၊ပိုက်ဆံအိတ်တွေ နှိုက်ယူနေတာ ခပ်စိပ်စိပ်တွေ့လာရလို့  သတိထားဖို့ လိုအပ်လို့ပြောပြပါမယ်။နောက်ထပ်ကြံစည်ထားတဲ့ ဒုစရိုက်မှုလည်းရှိနိုင်တယ်။ တလောကဆို  ပုဂ္ဂလိက မူကြိုကျောင်းက ခပ်ငယ်ငယ် ဆရာမလေးတစ်ဦးကို လိုင်းကားပေါ်မှာ ဒုစရိုက်သမား‌တချို့က ချွန်ထက်တဲ့အရာနဲ့ ထိုးလိုက်လို့ အသိစိတ်လွတ်ခဲ့ရသေးတာဖတ်လိုက်ရတယ်။ သူလက်က အစင်းကြောင်းကို သာမန်ခြစ်မိတယ်ဆိုပြီး ပစ်ထားရာကနေ ရောင်ရမ်းလာလို့ ဆေးခန်းပြမှ အဆိပ်လို့အရာပါတာကို သူသိခဲ့တယ်။ အဲ့နေ့ကအဖြစ်အပျက်တွေကိုတော့ မမှတ်မိတော့ဘူးတဲ့လေ။ နောက်တစ်ယောက်ကျတော့ ၁၁ ရက်နေ့ကမှ ဖြစ်သွားတာတွေ့တယ်။ ‌ဒီတခါက ယောက်ျားလေးကို ထိုးသွင်းတာမျိုး အလားတူပုံစံထပ်လုပ်တာပဲ။သူ့မတိုင်ခင်မှာလည်း ဆေးခန်းကို အခုလိုကိစ္စနဲ့လာပြသူရှိသတဲ့ဗျာ။ ‌သူ့ရဲ့ အဖြစ်အပျက်ကို ရေးသားထားတဲ့ link ကိုလည်း ဖတ်ရှုနိုင်အောင် ချထားပေးပါမယ်‌။ အခု မသမာသူတွေသုံးနေတဲ့ ဆေးရည်ရဲ့ အရှိန်ဟာ ၆ နာရီလောက် ကြာရှည်ခံသတဲ့ဗျို့ ။ အဲ့ဒီ ၆ နာရီအတွင်း အသိစိတ်ကတော့ ကပ်နေမှာ မဟုတ်ဘူး။

မိဘပြည်သူတို့ရေ
ဒါကြောင့် ခေတ်ကာလဆိုးကြီးထဲမှာ သွားသတိ၊လာသတိ ရှိဖို့ မှာကြားပါရ‌စေ။

မောင်တိုင်ပင်
နိုဝင်ဘာလ ၁၉၊ ၂၀၂၄ ။

ဆေးရည်အထိုးခံရတဲ့ ယောက်ျားလေးနဲ့ post link ပါ -
( https://www.facebook.com/share/p/19cRCBss7B/ )

Dagon Seikkan News

19 Nov, 14:35


'မြို့ပြကြွက်တွေအတွက် သတင်းအချက်အလက်က အသက်' ၊ 'စာတစ်ကြောင်းက အသက်တစ်ချောင်း လုံခြုံဖို့ထိ အရေးပါ'
•••••••••••••••®•••••••••••••••
ပြည်သူလူထုက မြို့ပြကြွက်တွေရဲ့ မျက်စိနဲ့ နားတွေပါ။

မြေပြင်အခြေအနေကို အချိန်နဲ့ တပြေးညီ သိရနေရင် အဖမ်းအဆီး အစစ်အဆေးတွေကို အချိန်မှီရှောင်ရှားနိုင်ပါတယ်။

သတင်း အဆက်မပြတ် စီးဆင်းနေမှ မြို့ပြမှာ လှုပ်ရှားမှုတွေ အားကောင်းနေမှာပါ။

အချိန်မှီ သတင်းရလိုက်လို့ ရန်သူ့လက်ကနေ လွတ်နိုင်လိုက်သူတွေ အမြဲရှိနေပါတယ်။

အချက်အလက် ပိုစုံလင်သွားလို့ ဘေးကင်းသွားကြတဲ့ မြို့ပြလှုပ်ရှားမှုတွေ အများကြီးပါ။

ဒါ့ကြောင့် မိမိယုံကြည်ရတဲ့အဖွဲ့တွေဆီ ရန်သူနဲ့ပက်သတ်ပြီး သိရသမျှ မြေပြင်အခြေအနေတွေ ဆက်ပို့နေကြဖို့ တိုက်တွန်းပါတယ်။

အစစ်အဆေး တင်းကြပ်ထားလျက်နဲ့ ‌အန္တရာယ်ကြားကနေ ကိုယ်တတ်စွမ်းသမျှ လုပ်ဆောင်နေကြတဲ့ ပြည်သူလူထုနဲ့ အင်အားစုတွေကို အမြဲလေးစားဂုဏ်ပြုလျက်ပါ။
•••••••••••••••
📱 ရန်ကုန် အချက်အလက်အစုံ ဖတ်ရှုရန် Join ရမည့် Telegram ချန်နယ် -
RSN: https://t.me/rangoonscoutnetwork

📱 ရန်ကုန် ထူးခြားသတင်းများ ဖတ်ရှုရန် Join ရမည့် Telegram ချန်နယ် -
RSN WEB: https://t.me/rsnweb

📱 သတင်းပေးပို့ရန် Telegram အကောင့် -
RSN Informer: https://t.me/Inform_RSN

#ShittyArtworks #RangoonScoutNetwork

Dagon Seikkan News

19 Nov, 10:03


DAILY HIGHLIGHTS (18 Nov 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

အမ်းရှိ နပခနှင့် တပ်ရင်းများ၏ အသက်သွေးကြော ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ကို AAသိမ်းပိုက် – AT

ဗန်းမော်မြို့နှင့် မိုးမောက်မြို့အကြား ၇ မိုင်ပတ်လည်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲပြန်၊ KIA သိမ်းပိုက်ထားသော မိုးမောက်မြို့နယ်ကို စစ်ကောင်စီက ပြန်သိမ်းရန် ထိုးစစ်ဆင်နေ – KT

သပိတ်ကျင်းက တပ်မတော်တန်းမြင့်သင်တန်းကျောင်းကို TNLA နဲ့ ပူးပေါင်းအဖွဲ့တွေ ပိတ်ဆို့ထား – BBC

အကြမ်းဖက် မင်းအောင်လှိုင် တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် ဘက်စုံသုံး ဒရုန်းများ ထပ်မံဝယ်ယူဦးမည် – KT

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

MNDAA ခေါင်းဆောင် နှင့် ဝ ဒုစစ်ဦးစီးချုပ်ကို တရုတ်ဖမ်းပြီး တော်လှန်ရေးအင်အားစုများကို အကြပ်ကိုင် – PS

MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ် ဖမ်းဆီးထားသည် ဆိုသော သတင်းကို MNDAA က ငြင်းပယ်လိုက်ပြီး လားရှိုးတွင် ကိုးကန့်တပ်များက မြို့ပုံမှန်အတိုင်း ပြန်လည်ပတ်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်နေဟုဆို – KT

📊 စီးပွားရေးထူးခြားသတင်းများ

အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီခွဲတမ်း လုံး၀ ချမပေးသည့်ပြည်နယ်နှင့်မြို့နယ်များ စာရင်း ထုတ်ပြန် – KT

ရှမ်းမြောက်ကို စစ်ကောင်စီက ကုန်စည်တင်ပို့မှု ကန့်သတ်ပြီးနောက် စက်သုံးဆီ သယ်ယူပို့ဆောင်မှုကို ထပ်မံကန့်သတ် – MKN

စားအုန်းဆီရည်ညွှန်းဈေး တပတ်အတွင်း ကျပ် ၄၀၀ ဝန်းကျင် ထပ်မံမြင့်တက် – DVB

🗑 ကျားဖြန့်

မြန်မာ-တရုတ် နယ်စပ်တွင် ကျားဖြန့်လုပ်ငန်းများ တကျော့ပြန် အားကောင်းလာ – DVB

#rangoonscoutnetwork

Dagon Seikkan News

18 Nov, 10:03


DAILY HIGHLIGHTS (17 Nov 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ပုလဲမြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရရှိပြီး လက်နက်အများအပြား သိမ်းဆည်းရရှိကာ မြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း လေကြောင်း စစ်ကူများကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရ – KT

ပုလဲမြို့ကို စစ်ကောင်စီက ထိန်းချုပ်ပြီးနောက် ဒေသခံတွေကို ပြန်ခေါ် – RFA

မင်းတပ်မြို့တိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီ လေကြောင်း ပစ်ကူပေးတိုက်နေ – PS

ကရင်နီပြည်သို့ စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဖြည့်တင်းနေဟု KNDF ဒုစစ်ဦးစီးချုပ်ပြော – PS

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေကို တရုတ်က ခြောက်လနေထိုင်ခွင့်ဗီဇာ ထုတ်ပေးမည် – RFA

ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၂ သိန်း ထပ်ပို့နိုင်ရန် စစ်ကောင်စီ ဆွေးနွေးနေ – DVB

📊 စီးပွားရေးထူးခြားသတင်းများ

တိုင်းရင်းသားလက်နက်ကိုင်များ သိမ်းပိုက်ထားသော ဒေသများသို့ စက်သုံးလောင်စာဆီများ လုံး၀ ရောက်ရှိခြင်းမရှိစေရေး ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြား – KT

စက်သုံးဆီ တင်သွင်းရန် ဒေါ်လာ ၃၅ သန်း ထပ်ရောင်းမည် – DVB

🗑 ကျားဖြန့်

မြ၀တီမြို့အတွင်းရှိ ကျားဖြန့် တရုတ်သူဌေးများ မြို့သစ်တည်ကာ လုပ်ငန်းများ ထပ်မံတိုးချဲ့နေ – MPA

🖥 အခြားထူးခြားသတင်းများ

ပြည်ပရောက် မြန်မာများ စစ်မှုထမ်းရန် ဆင့်ခေါ်ချိန် ပြန်မလာပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်ပိတ်ပင်မည်၊ ပြည်တွင်းပြန်ရောက်လျှင် စစ်မှု ထမ်း ဥပဒေအရ ထောင်ဒဏ်ချမှတ် အရေးယူမည့်အပြင် ပြည်ပထွက်ခွာခွင့် ရာသက်ပန် ပိတ်ပင်မည် – KT

ရန်ကုန်လေဆိပ်တွင် PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်မည့် လူငယ်တချို့၏ မိုဘိုင်းလ်ဖုန်းများ စစ်ဆေးခံရပြီး မိသားစုကို နှုတ်ဆက်ကန်တော့နေသည့် ဓာတ်ပုံပါသည်ဟုဆိုကာ လေယာဉ်ပေါ် တက်ခွင့်မပေး ၊ ပထမဆုံးအကြိမ် ပြည်ပထွက်မည့် လူငယ် အများစုကို မြန်မာနိုင်ငံမှ ထွက်ခွင့်မပြု – KT

#rangoonscoutnetwork

Dagon Seikkan News

18 Nov, 10:03


ရန်ကုန်မှတ်တမ်း (နိုဝင်ဘာ ၁၂ - ၁၇၊ ၂၀၂၄)
•••••••••••••••®•••••••••••••••
⚠️ မြို့ပြစစ်ဆင်ရေး

ယခု ရက်သတ္တပတ်တွင်း ရန်ကုန်၌ မြို့ပြစစ်ဆင်ရေးလှုပ်ရှားမှု ၄ ကြိမ် ရှိခဲ့ပြီး အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှု ၂ ကြိမ်၊ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ၁ ကြိမ်နှင့် ပြင်းအားပျော့မိုင်းဖြင့် သတိပေးဖောက်ခွဲမှု ၁ ကြိမ်တို့ ပါဝင်သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့ခင်း ၂ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းပေါ်ရှိ ရွာမအစု ရပ်ကွက်ရုံးကို ပစ်မှတ်ထား၍ Dark Shadow အဖွဲ့မှ အဝေးထိန်းမိုင်းဖြင့် ...

(ယခုသီတင်းပတ် ရန်ကုန်မှတ်တမ်းတွင် 'မြိုပြစစ်ဆင်ရေး၊ သပိတ်၊ အဖမ်းအဆီး ဧည့်စစ် လူရှာ၊ လျှို့ဝှက်ညွှန်ကြားချက်၊ လူငယ်ကင်းပတ်၊ ဘေးတွဲစာရင်း၊ ရွှေ၊ WY' ဆိုသည့် ခေါင်းစဉ်ငယ်များပါပြီး အောက်ပါ Comment Box တွင် အပြည့်အစုံဖော်ပြထားသည် ⬇️)

Dagon Seikkan News

18 Nov, 09:16


🛑 ဒဂုံဆိပ်ကမ်း (ကားအစစ်အဆေး သတိပြုရန်)

စခ + ဘဲဥ ၅ ကောင်ခန့်
ပုဏ္ဏမီလမ်းပေါ်၊ အိုးအိမ်ထိပ်တွင် ကားစစ်နေ။

3:44 PM
@Dagon_Seikkan_Scout
👉သတင်းပေးရန်။

Dagon Seikkan News

18 Nov, 09:14


🛑 ဒဂုံဆိပ်ကမ်း (ကားအစစ်အဆေး သတိပြုရန်)

စခ ၃ ကောင်၊ ဘဲဥ ၄ ကောင်
ပဲခူးမြစ်လမ်းမပေါ်၊ စမားနီးယားပွိုင့်နား၊ ယာဉ်ကြောနှစ်ဖက်လုံး ကားစစ်နေ။

3:42 PM
@Dagon_Seikkan_Scout
👉သတင်းပေးရန်။

Dagon Seikkan News

17 Nov, 17:23


ရန်ကုန်
*
စစ်မှုထမ်းအတွက် အတွက် လူလိုနေလို့ဆိုပြီး ခုရက်ပိုင်း ရန်ကင်း အပါအဝင် တချို့မြို့နယ်တွေမှာ ည ၁၀ နာရီကျော် လမ်းပေါ်မှာ တွေ့တဲ့သူ လိုက်ဆွဲဖို့ ရှိတယ်လို့ သိရ ။
ယခင်ကလည်း လိုက်ဆွဲနေကျမို့ သတိပြုသွားလာကြပါရန်။
*
17 Nov 2024
📬 @Inform_RSN

Dagon Seikkan News

15 Nov, 13:24


🟡တန်ဆောင်တိုင် ဆုတောင်း🟡

ယနေ့ကျရောက်သော တန်ဆောင်တိုင် အချိန်အခါသမယမှစ၍  မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော ပြည်သူအပေါင်း ဘေးရန်ကင်းဝေးပြီး ကြောက်ရွံ့ထိတ်လန့်မှုများမှ လွတ်မြောက်၍ ငြိမ်းချမ်းမှု အမြန်ဆုံးရရှိနိုင်ပါစေကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့မှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ 🙏🙏🙏

#AirBus2AirStrikes #Airbusted 
#BusinessAndHumanRights #WarCrimes 
#WhatsHappeninglnMyanmar #AVIC
#BloodMoneyCampaignMM

Dagon Seikkan News

14 Nov, 13:03


ပြည်ပရောက် အလုပ်သမားတွေ စစ်မှုထမ်းဖို့ အေဂျင်စီတွေက ပြန်ခေါ်ပေးရမည်
~~~

■ ပြည်ပရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ စစ်မှုထမ်းဖို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက တာဝန်ယူပြီး မဖြစ်မနေ ခေါ်ပေးရမဲ့ ပြင်ဆင်ချက်အသစ်ကို စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်နေ့မှာ အသိပေးအကြောင်းကြားလာတယ်လို့ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက RFA ကို အတည်ပြုပြောပါတယ်။

ပြင်ဆင်လိုက်တဲ့ အလုပ်ရှင်၊ အလုပ်သမား၊ အေဂျင်စီ သုံးပွင့်ဆိုင် စာချုပ်အသစ်ထဲမှာ ပြည်ပရောက်သွားတဲ့ အလုပ်သမားတွေ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့အချိန် မြန်မာနိုင်ငံကို ပြန်လာပြီး စစ်မှုထမ်းနိုင်ဖို့အတွက် အလုပ်သမား အေဂျင်စီတွေဘက်က တာဝန်ယူခေါ်ပေးရမဲ့ ပြင်ဆင်ချက်ကို ထည့်သွင်းပြဋ္ဌာန်းလိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြင်ဆင်ချက်အသစ်ကြောင့် ပြည်ပသွားမဲ့ အလုပ်သမားတွေထက် အေဂျင်စီတွေအတွက် ပိုပြီးအကျပ်အတည်း ဖြစ်လာနိုင်တယ်လို့ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူ RFA ကို ပြောပါတယ်။

“စာချုပ်အသစ်ကို အလုပ်သမားက မကြိုက်ရင်တောင် လက်မှတ်ထိုးပြီး ထွက်ရရင်ပြီးရော လုပ်သွားလို့ရသေးတယ်။ တကယ်လို့ ကျွန်တော်တို့ လွှတ်လိုက်တဲ့အထဲက အလုပ်သမားက စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရပြီဆိုရင် အဲဒီမှာစပြီး ဒုက္ခရောက်ပြီ။ သူက ပြန်မလာဘူးဆိုရင် ကျွန်တော်တို့ကို အရေးယူမှာလား၊ လူစားထိုး ရှာပေးရမှာလား၊ စစ်မှုထမ်းဖို့အတွက် အေဂျင်စီရဲ့တာဝန် ဖြစ်လာတယ်။ တာဝန်ခံပြီး ပြန်ခေါ်ပေးရမယ်ဆိုတဲ့ ပုံစံမျိုး စစ်ကောင်စီဘက်က လုပ်လိုက်တာ။ ဖိအားတွေ အရမ်းများလာတယ်”

ပြည်ပရောက် အလုပ်သမားတွေ စစ်မှုထမ်းဖို့ ချုပ်ဆိုရတဲ့ စာချုပ်အသစ်ထဲမှာ အလုပ်လုပ်တဲ့ကာလ နှစ်နှစ်အတွင်း ဆင့်ခေါ်မှာမဟုတ်ဘူးလို့ ညွှန်ကြားထားပေမဲ့ စစ်မှုထမ်းဖို့ လူလိုတဲ့အခါ အေဂျင်စီတွေကို ဖိအားပေး ခေါ်ခိုင်းလာမှာကိုလည်း စိုးရိမ်တယ်လို့ သူက ပြောပါတယ်။

ပြည်ပရောက် အလုပ်သမားတွေ လုပ်အားခ ရငွေရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် ငွေပြန်မလွှဲတဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေ လိုင်စင်ပိတ်သိမ်းခံရတာကြောင့် အခုလည်း စစ်မှုထမ်းဖို့ မခေါ်ပေးနိုင်တဲ့ အေဂျင်စီတွေ ဆက်ပြီး ပိတ်သိမ်းခံရနိုင်တယ်လို့ အေဂျင်စီတွေဘက်က ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်မှုထမ်းဖို့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေ အကျုံးဝင်ပြီး ငြင်းဆိုရင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

ဒါကြောင့် စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက် ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေလည်း များပြားလာတာပါ။

စစ်မှုထမ်းဖို့ စာရင်းသွင်းပြီးမှ အကြောင်းအမျိုးမျိုးနဲ့ ပျက်ကွက်နေသူတွေကို အရေးယူဖို့ဆိုပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းက နိုဝင်ဘာ ၇ ရက်နေ့က ပြောဆိုထားပါတယ်။

နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်း ၂၃ ကျောင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဥ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ထက်မနည်း ရှိနေတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
_____
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပထွက်ခွာမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဥ်။ (RFA Photo)

#ပြည်ပရောက် #အလုပ်သမားများ #စစ်မှုထမ်း #အေဂျင်စီများ #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

Dagon Seikkan News

14 Nov, 12:12


အတုအပ သတိပြု

မသမာသူများမှ NUGPay Application ဗားရှင်းအသစ်ဟူ၍ ဖော်ပြပါပုံအတိုင်း Telegram မှ လိုက်လန်ဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

၄င်းမှာ တရားဝင်မှု လုံးဝမရှိပဲ၊ အသုံးပြုသူများ၍ Mobile device များရှိ ဒေတာအချက်အလက်များကို အန္တရာယ်ဖြစ်စေနိုင်ပါသည်၊ သို့ဖြစ်ရာ တရားမဝင် ဖြန့်ဝေနေသော Link များကို ဝင်ရောက်ခြင်းမပြုကြပါရန် အသိပေးအပ်ပါသည်။

Dagon Seikkan News

14 Nov, 11:42


ညနေခင်းလေး တဖြတ် ကလစ်ဖို့ လင့်ခ် အသစ်လေးတွေပါ

ချစ်ရင် VPN လေးတွေ သုံးကြည့်နော်

https://yebawdoh.com/healthy-recipes-nutrition/fasting-and-diet-a-beginners-guide/

https://eainpyanlann.com/top-5-cloud-security-threats-and-how-to-mitigate-them

https://tawhlanlunge.com/how-to-learn-crypto-and-earn-with-top-educational-platforms/

https://todayfinanceguide.com/retirees-aged-65-and-older-you-can-receive-two-social-security-payments-soon/

https://c2dlearn.xyz/seo-tools-free-top-picks-for-boosting-your-rankings/

https://newdays4mm.com/7-tips-to-stay-organized-when-life-is-busy/

Dagon Seikkan News

14 Nov, 09:21


သတင်း ထုတ်ပြန်ချက်

ယနေ့ ၁၄.၁၁.၂၀၂၄ ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ် တွင် ရန်ကင်းမြို့နယ် ဘောက်ထော် မြရတနာလမ်းနေ စစ်ကောင်စီထောက်ခံအားပေး အနုပညာရှင်အမည်ခံ ရန်အောင်၏နေအိမ် ကို ကျွန်ုပ်တို့ Dark Shadow တပ်ဖွဲ့မှ ပြင်းအားပျော့မိုင်းအသုံးပြု၍ သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။ ရန်အောင်သည် ပြည်သူများအားနေ့စဉ် ဒုက္ခပေးနေသော် စစ်ကောင်စီ၏ စစ်ခွေးမိစ္စာများကို ထောက်ခံအားပေးနေသည့် အနုပညာရှင်ဖြစ်ကြောင်း သတင်းနှင့် social media များပေါ်တွင်ထင်ရှားစွာမြင်တွေ့နေရပါသည် ထိုကြောင့် ပထမဆုံးအကြိမ် သတိပေးသည့်အနေဖြင့် ရန်အောင်၏ နေအိမ်ကိုပြင်းအားပျော့မိုင်းအသုံးပြု၍သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ထိုနည်းတူစွာ ကျန်ရှိစစ်ခွေးထောက်ခံအားပေးသည့် ဘောမအနုပညာရှင်များလဲ သတိပေးလိုက်သည်။ ပြည်သူများအနေဖြင့်လဲစစ်ကောင်စီ နှင့် ပတ်သတ်သော နေရာများ၊ စစ်ကောင်စီ မှ ရဲခွေး၊ စစ်ခွေးနှင့် ပျူစောထီးများ၊ အရပ်ဝတ်စစ်ခွေးများ စုဝေးရာနေရာများသို့ မသွားကြရန် နှင့်ဝေးဝေးမှရှောင်ရှားသွားလာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#darkshadow

Dagon Seikkan News

14 Nov, 05:51


DAILY HIGHLIGHTS (13 Nov 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ဗိုလ်နဂါးဦးဆောင်တပ်တွေတိုက်ခိုက်နေတဲ့ ပုလဲမြို့ပေါ်တိုက်ပွဲဆက်ပြင်းထန်နေ – BBC

ပုလဲမြို့ကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားနိုင်ပြီဟု ဗိုလ်နဂါးပြော – PS

ဖလမ်းနှင့် မင်းတပ်တွင် တိုက်ပွဲပြင်းထန်နေပြီး ဖလမ်းမြို့ကို ချင်းညီနောင် ထိန်းချုပ်ထား – AT

အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပတ်လည်ကို AA ပိတ်ဆို့တိုက်ခိုက်နေပြီး မြို့ထဲအထိ တိုက်ပွဲပြင်းထန်လာ – AT

မင်းအောင်လှိုင် တရုတ်မှ ပြန်လာပြီးနောက် ကရင်နီ၊ ရခိုင်နှင့် ရှမ်းမြောက်တို့ တွင် စစ်ကူ အင်အား အလုံးအရင်းဖြင့် ဖြည့်ဆည်းလာ၊ နိုဝင်ဘာလ တာဝန်ချဇယားအရ စစ်လေယာဉ်အတက်အဆင်း များပြားနေ၍ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်နိုင် – KT

အနန်းကွင်းစစ်ဗျူဟာ တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်က တင့်ကားများအားဖြည့်ရန် ကြိုးပမ်း – DVB

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

လိုင်ဇာနယ်စပ်ဂိတ် အပါအဝင် လွယ်ဂျယ်နှင့် ကံပိုင်တည်ဂိတ်ကို KIA ဘက်က ပြန်ပိတ် – DVB

ကံပိုင်တည်မြို့ကို KIA သိမ်းပိုက်ရန် တရုတ် ဖိအားကြောင့် အခက်တွေ့နေ – DVB

ကုန်းတွင်းပိတ် လာအိုနိုင်ငံရှိ အထည်ချုပ်၊ ကုန်ထုတ်စက်ရုံများနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများ ရန်ကုန်လေဆိပ်မှ စတင်စေလွှတ် – KT

အိန္ဒိယထောင်တွင် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသားများ ၃ရက်မြောက် အစာငတ်ခံ ဆန္ဒပြ – MZM

အာဆီယံနိုင်ငံတပ်တွေသေနတ်ပစ်ပြိုင်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ပြိုင် – BBC

UNICEF ရုံးချုပ်မှ ကိုယ်စားလှယ်အဖွဲ့က စစ်ကောင်စီ၏ ဝန်ကြီးဌာန ၃ ခုနှင့်တွေ့ဆုံပြီး လက်ရှိထောက် ပံ့နေမှုများနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများဆွေးနွေး – AT

🗑 ကျားဖြန့်

မြန်မာကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ခိုင်းစေခံရသည့် သီရိလင်္ကာနိုင်ငံသား ပိုများလာ – DVB

🖥 အခြားထူးခြားသတင်းများ

ပြည်ပရောက်အလုပ်သမားများကို မြန်မာနိုင်ငံသိုပြန်ခေါ်ပြီး စစ်မှုထမ်းခိုင်းရန် စစ်ကောင်စီပြင်ဆင်နေ – MN

စစ်အာဏာရှင်ဆန့်ကျင်ရေး ကနဦး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူများကို ဖမ်းဆီးစစ်ဆေးရန် စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြား – KT

#rangoonscoutnetwork

Dagon Seikkan News

13 Nov, 14:29


'စစ်အာဏာရှင်ဆန့်ကျင်ရေး ကနဦး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူများကို ဖမ်းဆီးစစ်ဆေးရန် စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြား'

အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ကန ဦး ပါဝင်ခဲ့သူများအားလုံးကို ဖမ်းဆီးစစ်ဆေးရန် စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြားချက်တစ်စောင်ကို ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ယခုနိုဝင်ဘာလဆန်းပိုင်းတွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော် အပါအဝင် ပြည်နယ်/တိုင်း အသီးသီးတွင် အဆိုပါ ညွှန်ကြားချက်များကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများထံသို့ နိုဝင်ဘာလ ၈ ရက်နေ့ ဝန်းကျင်တွင် အဆိုပါ ညွှန်ကြားချက်များ ရောက်ရှိလာကြောင်း သိရှိရသည်။

"၂၀၂၁ အစောပိုင်း ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူတွေကို ဖမ်းဆီး စစ်ဆေးဖို့ ထွေ/အုပ်နဲ့ ရဲစခန်းတွေဆီ စာဝင်လာတယ်။ ဒီလူတွေက PDF ၊ NUG တွေကို ထောက်ပို့ သို့မဟုတ် ငွေလှူဒါန်းတာ သို့မဟုတ် ဆက်လက် သတင်းပေး ဆက်နွယ်နေတာတွေရှိနိုင်လို့ အထူးကြပ်မတ်စစ်ဆေးဖို့ ညွှန်ကြားချက်မှာပါတယ်" ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။... – Khit Thit

13 Nov 2024
#rangoonscoutnetwork

Dagon Seikkan News

13 Nov, 10:52


ညနေခင်းလေး တဖြတ် ကလစ်ဖို့ လင့်ခ် အသစ်လေးတွေပါ

ချစ်ရင် VPN လေးတွေ သုံးကြည့်နော်

https://yebawdoh.com/healthy-recipes-nutrition/fasting-and-diet-a-beginners-guide/

https://eainpyanlann.com/top-5-cloud-security-threats-and-how-to-mitigate-them

https://tawhlanlunge.com/how-to-learn-crypto-and-earn-with-top-educational-platforms/

https://todayfinanceguide.com/retirees-aged-65-and-older-you-can-receive-two-social-security-payments-soon/

https://c2dlearn.xyz/seo-tools-free-top-picks-for-boosting-your-rankings/

https://newdays4mm.com/7-tips-to-stay-organized-when-life-is-busy/

Dagon Seikkan News

13 Nov, 09:10


စစ်မှုထမ်းဖို့ပါ အေဂျင်စီတာဝန် ဖြစ်လာတယ်။ ၂ နှစ်စာချုပ်နဲ့ လွှတ်လိုက်တယ်၊ စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်တယ်ဆိုရင် အေဂျင်စီကနေ တာဝန်ခံပြီး ပြန်ခေါ် ပေးရမယ်ဆိုတဲ့ပုံစံမျိုး သူက (စကစ) ထပ်ပြီးတော့ ထည့်ထား တာ။ ကိုယ့်တာဝန် မဟုတ်တာကြီးကို ကိုယ်ကနေ အတင်းခေါ်ရမှာ

Website တွင် ဖတ်ရန် https://bit.ly/4hOBNsO
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

Dagon Seikkan News

13 Nov, 06:23


DAILY HIGHLIGHTS (12 Nov 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

အမ်းမြို့နယ် ပဲပဒုံ စစ်ဆေးရေးဂိတ်ကို AA က သိမ်းပိုက် – DVB

KNLA တပ်မဟာ ၅ နယ်မြေရှိ ကူးဆိပ်တံတား လုံခြုံရေးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ – KT

ဖယ်ခုံတွင် စစ်ကောင်စီတပ်က စစ်ကား အစီး ၅၀ ဖြင့်အင်အားဖြည့်တင်းနေ – DVB

⚠️ မိတ်ဖက်ပြဿနာ

AA နဲ့ MDF ပူးပေါင်းတပ်က ချင်းလဲန်းကောင်စီတပ်စခန်းကို အင်အားအလုံးရင်းဖြင့်ဝင်ရောက်တိုက်ခိုက်၊ နှစ်ဖက်တပ်ဖွဲ့ကျဆုံးမှုနဲ့ အရပ်သားသေဆုံးမှုရှိ – VOC

💬 နိုင်ငံရေးထူးခြားသတင်းများ

တရုတ်နယ်စပ်ဂိတ်များပိတ်ရန် စစ်ကောင်စီနှင့်အတူ နိုင်ငံရေးပါတီအချို့ပူးပေါင်းကြံစည်ခဲ့ – MN

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

နယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခု တရုတ်ပြန်ဖွင့်၊ အခြားဂိတ်များကို ထပ်တင်းကျပ် – MN

တော်လှန်ရေးအင်အားစုများ၏ သတင်းအချက်အလက်များမပေးရန် ထိုင်းအစိုးရကို NUG တောင်းဆို – MPA

ILO က စစ်​ကောင်စီကိုစတင်အ​ရေးယူ – PS

တောင်ကိုရီးယား NUG ကိုယ်စားလှယ်ရုံးတွင် ပတ်စပို့သက်တမ်းတိုးသူ ၁၀၀၀ နီးပါးရှိ – DVB

ဘင်္ဂလားဒေ့ရှ်ဘက် တရားမဝင် ဝင်ရောက်တဲ့ ရိုဟင်ဂျာ ၈၁ ယောက် ဖမ်းဆီးခံရ – RFA

📊 စီးပွားရေးထူးခြားသတင်းများ

ငွေစက္ကူဖျက်သိမ်းမည်ဆိုပြီး ကောလာဟလ ဖြန့်ဝေသူ‌များကို အရေးယူမည်ဟု ဗဟိုဘဏ် သတိပေး – DVB

#rangoonscoutnetwork

Dagon Seikkan News

12 Nov, 15:53


'ရန်ကုန် ဆင်ခြေဖုံးမြို့နယ်များ၌ ညစဥ် လူငယ်များကို ကင်းပတ်ခိုင်းနေပြီး မလုပ်လိုပါက ဒဏ်ကြေးတောင်းနေ'

ရန်ကုန်တိုင်းအတွင်းရှိ ဆင်ခြေဖုံးမြို့နယ်များ၌ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက လူငယ်များကို ညစဉ် ကိုယ်ထူကိုယ်ထ ကင်းပတ်ခိုင်းနေပြီး မပြုလုပ်လိုသူများသည် အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို ဒဏ်ကြေးပေးဆောင်ရကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

၂၀၂၄ခုနှစ်၊ ဩဂုတ်လမှ စတင်ကာ ရန်ကုန်တိုင်းအတွင်းရှိ ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ အရှေ့ ဒဂုံ စသည့် ဆင်ခြေဖုံး မြို့နယ်များ၌ ရပ်ကွက် လုံခြုံရေးအတွက် ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် လူငယ်များကို ၎င်းတို့နှင့်အတူ ညစဉ် ကင်းပတ်ရန် ခိုင်းစေနေခြင်းလည်း ဖြစ်သည်။ – MPA

12 Nov 2024
#rangoonscoutnetwork

Dagon Seikkan News

12 Nov, 11:32


Telegram Link [ 6 PM ]


⭐️ Click Link ⭐️

✌️ လင့်လေးတွေကိုနှိပ်ပြီး ပုံလေးတွေအတိုင်း အဆင့်ဆင့်နှိပ်သွားပေးပါခင်ဗျာ ✌️

1️⃣ https://t.co/3JbZsDkr6s

2️⃣ https://t.co/mE8uHi1Eon

4️⃣ https://t.co/MdvU1OfYtU

5️⃣ https://t.co/mE8uHi1Eon

6️⃣ https://t.co/MdvU1OfYtU




⭐️Website Link ⭐️

စာပိုဒ်ရဲ့ အောက်ဆုံးမှာ " Next Post " ဆိုတာလေးရှိပါတယ် ။ ထပ်နှိပ်ပြီးကြည့်ပေးပါခင်ဗျာ ။



1️⃣ https://bit.ly/3RQ08mG

2️⃣ https://bit.ly/3W5vJ6k

3️⃣ https://bit.ly/3WfN5xv

4️⃣ https://t.co/RjtfEKaQEi



#click4tuumee
#padaythar

Dagon Seikkan News

12 Nov, 05:30


DAILY HIGHLIGHTS (11 Nov 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

အမ်းတွင် ရဟတ်ယာဉ် ၁ စီး AA ပစ်ချ – TI

အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ တပ်ရင်းမှူး၊ ဗိုလ်မှူး အဆင့်ရှိသူများ အပါအဝင် စစ်ကောင်စီ တပ်သား ၃၀၀ နီးပါး AA ထံ လက်နက်ချ အလင်းဝင် – KT

မိထ္တီလာရှိ ရှမ်းတဲလေတပ်စခန်း အပြင် လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၉၉ ၊ ကပစတပ်များပါ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ – KT

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

ကချင်အထူးဒေသ ၁ တွင် နောက်ဆုံး လက်ကျန်မြို့ဖြစ်သော တရုတ်-မြန်မာနယ်စပ်မြို့ ကန်ပိုက်တီမြို့ကို KIA က မသိမ်းရန် တရုတ်နိုင်ငံက ဖိအားပေးနေ၊ လန်ဆယ်ကျေးရွာရှိ ပြည်သူ့စစ်စခန်းကို KIA နှင့်တော်လှန်ရေးတပ်များက သိမ်းပိုက် – KT

ဗီယက်နမ် ထိုင်းကောင်စစ်ဝန်ရုံးက မြန်မာအလည်အပတ် ဗီဇာ ကန့်သတ် – RFA

တံငါသည်တွေ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်တွေကို စိုးရိမ်တယ်လို့ ဘင်္ဂလားဒေ့ရှ်က မြန်မာကို ပြော – AT

🗑 ကျားဖြန့်

မြ၀တီမြို့နယ်တွင် ရထိုက် အပါအဝင် ကျားဖြန့်အွန်လိုင်းငွေလိမ်လည် ကုမ္ပဏီများ ဖျက်သိမ်းမည်ဆိုသော သတင်းများ မဟုတ်မှန်ဆိုသော ကြေညာချက်များ BGF က ဖြန့်ဝေနေ – KT

#rangoonscoutnetwork

Dagon Seikkan News

28 Oct, 11:33


Telegram Link [ 6 PM ]


⭐️ Click Link ⭐️

✌️ လင့်လေးတွေကိုနှိပ်ပြီး ပုံလေးတွေအတိုင်း အဆင့်ဆင့်နှိပ်သွားပေးပါခင်ဗျာ ✌️

1️⃣ https://t.co/3JbZsDkr6s

2️⃣ https://t.co/mE8uHi1Eon

4️⃣ https://t.co/MdvU1OfYtU

5️⃣ https://t.co/mE8uHi1Eon

6️⃣ https://t.co/MdvU1OfYtU




⭐️Website Link ⭐️

စာပိုဒ်ရဲ့ အောက်ဆုံးမှာ " Next Post " ဆိုတာလေးရှိပါတယ် ။ ထပ်နှိပ်ပြီးကြည့်ပေးပါခင်ဗျာ ။



1️⃣ https://bit.ly/3RQ08mG

2️⃣ https://bit.ly/3W5vJ6k

3️⃣ https://bit.ly/3WfN5xv

4️⃣ https://t.co/RjtfEKaQEi



#click4tuumee
#padaythar

Dagon Seikkan News

28 Oct, 05:42


ရန်ကုန်မှတ်တမ်း (အောက်တိုဘာ ၂၁ - ၂၇၊ ၂၀၂၄)
•••••••••••••••®•••••••••••••••
⚠️ မြို့ပြစစ်ဆင်ရေး

ယခု ရက်သတ္တပတ်တွင် ရန်ကုန်တိုင်းအတွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်စဉ် ၄ ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်ရုံးနှင့် ၂၁ ရပ်ကွက်ရုံးတို့ကို အောက်တိုဘာ ၂၃ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်တွင် Yangon Army (YA) ၊ အနောက်ပိုင်းခရိုင် ပကဖ အဖွဲတိုမှ လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့... – RSN

(ယခုသီတင်းပတ် ရန်ကုန်မှတ်တမ်းတွင် 'မြိုပြစစ်ဆင်ရေး၊ သပိတ်၊ အဖမ်းအဆီး၊ ဧည့်စစ်လူရှာ၊ လက်နက်ကိုင် အနုကြမ်းစီး၊ မဘသ ဆန္ဒပြပွဲ ပြဿနာ၊ စကစ နောက်လိုက်ပြဿနာ၊ ပြည်သူ့စစ်၊ အကြမ်းဖက်စစ်တပ် ယာဉ်တန်းများ၊ ရေကြီးရေလျှံနှင့် ရုရှားရေတပ်' ဆိုသည့် ခေါင်းစဉ်ငယ်များပါပြီး အောက်ပါ Comment Box တွင် အပြည့်အစုံဖော်ပြထားသည် ⬇️)

Dagon Seikkan News

25 Oct, 11:15


ညနေခင်းလေး တဖြတ် ကလစ်ဖို့ လင့်ခ် အသစ်လေးတွေပါ

ချစ်ရင် VPN လေးတွေ သုံးကြည့်နော်

https://yebawdoh.com/example-2/10-easy-low-calorie-recipes-for-weight-loss-beginners/

https://eainpyanlann.com/top-5-cloud-security-threats-and-how-to-mitigate-them

https://tawhlanlunge.com/how-to-learn-crypto-and-earn-with-top-educational-platforms/

https://todayfinanceguide.com/retirees-aged-65-and-older-you-can-receive-two-social-security-payments-soon/

https://c2dlearn.xyz/seo-tools-free-top-picks-for-boosting-your-rankings/

https://newdays4mm.com/7-tips-to-stay-organized-when-life-is-busy/

Dagon Seikkan News

25 Oct, 08:54


တော်လှန်ပြည်သူများထံသို့ အသ်ိပေးခြင်း ❗️

အောက်ဖော်ပြပါ channel မှာ တပ်ရင်းတစ်ခုတွင် အလှူငွေလိုအပ်သည်ဟုဆိုကာ အလှူငွေလိုက်လံလိမ်လည်ကောက်ခံနေသောကြောင့် တော်လှန်ပြည်သူများအနေဖြင့် အလှူငွေများ သွားရောက်မလှူဒါန်းကြပါရန် သတိပေးအပ်ပါသည်။

https://t.me/THAU7766/1193

Dagon Seikkan News

25 Oct, 05:54


DAILY HIGHLIGHTS (24 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

အမ်း တိုင်းစစ်ဌာနချုပ်အနီး AA တပ်များရောက်လာ ညလုံးပေါက်တိုက်ပွဲ ပြင်းထန် – TI

KNLA ဌာနချုပ် ဗုံးကြဲခံရမှု PDF လက်ချက်ဟု စစ်ကောင်စီထိုးချ – TI

💬 နိုင်ငံရေးထူးခြားသတင်းများ

NLD ပါတီ မှတ်ပုံတင်ရင် ခွင့်ပြုပေးဖို့ စစ်ကောင်စီ လျှို့ဝှက် ညွှန်ကြား – BBC

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အပေါ် နာဂအဖွဲ့အစည်းများ ကန့်ကွက် – DVB

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများအတွက် CI စာအုပ် ထုတ်ပေးရေးစင်တာ ဖွင့်မည် – DVB

📊 စီးပွားရေးထူးခြားသတင်းများ

ဒေါ်လာဈေး ပြန်တက် – TI

ဗဟိုဘဏ်က ဒေါ်လာ ၁၀ သန်းခန့် ထုတ်ရောင်းသော်လည်း ဒေါ်လာဈေး တက်ရိပ်ပြ – DVB

ဆီဆိုင်များအားလုံး ငွေသိန်း ၁၀၀၀ နီးပါး အနည်းဆုံး ကုန်ကျမည့် Smart Card ဆီအရောင်းစနစ်နှင့် ဆီပမာဏကို တိုက်ရိုက်စစ်နိုင်သော Real Time စနစ် တပ်ဆင်ရန် ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဖိအားပေး – KT

“၀”ဒေသမှာ စက်သုံးဆီပြတ်လပ်မဲ့ သတင်းကြောင့် အလုအယက်ဝယ်ယူနေရကြောင်း ဒေသခံတွေပြော – RFA

🔴 သဘာဝဘေး

ဘင်္ဂလားပင်လယ်ပြင်တွင် DANA ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာ – TI

🖥 အခြားထူးခြားသတင်းများ

KIA ထိန်းသိမ်းထားသည့် သတင်းထောက် ၂ ဦးကို ပြန်လွှတ်ပေးရန် တောင်းဆို – DVB

အိမ်လေလံတန်ဖိုး ၁၀ ဘီလီယံလျှော့ချရန် ဦးအောင်ဆန်းဦး တင်ပြ – TI

#rangoonscoutnetwork

Dagon Seikkan News

24 Oct, 07:13


DAILY HIGHLIGHTS (23 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

စစ်ကောင်စီ နှင့်အတူ စစ်ရေး လှုပ်ရှားနေသော ARSA ၊ RSO ၊ ARA လက်နက်ကိုင်တပ်များမှာ ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် စိန်ခေါ်မှု အသစ်ဟု AA ပြော – KT

ARSA စခန်း ၄ ခုကို AA သိမ်းပိုက်၊ စစ်ကောင်စီ ထောက်ပံ့သည့် စစ်အသုံးအဆောင်များတွေ့ရှိ – DVB

အမ်းလေဆိပ် ထိန်းချုပ်နိုင်မှုကို စစ်ကောင်စီ လက်လွှတ်လိုက်ရပြီး AA က စောင့်ကြည့်ပစ်ခတ်မှုများရှိ – AT

KNU တပ်မဟာ ၆ နယ်မြေတွင် စစ်တပ်၏ နောက်ဆုံး အင်အားအကြီးဆုံး တပ်စခန်း ဖြစ်သော အနန်းကွင်းတပ်စခန်းမှ စစ်သား ၃၀ ကျော် လက်နက်ချ အလင်းဝင်၊ ဗျူဟာစခန်းသိမ်းနိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား – KT

ထန်တလန်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ – DVB

ရှမ်းနယ်စပ်၌ စစ်တပ်နှင့် ကရင်နီတော်လှန်ရေးအဖွဲ့တို့ တိုက်ပွဲပြင်းထန် – TI

ပြင်ဦးလွင် မြို့တွင်းတိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု စစ်တပ်က တရားဝင်အသိပေးလာပြီး နောက် ဆုံး လက်ကျန် တပ်မိသားစုဝင်များကို ပြောင်းရွှေ့ပေးနေ၊ ပြင်ဦးလွင်မှ လက်နက်ကြီးပစ်ကူမှုများ ဆက်တိုက် လုပ်ဆောင်လာ – KT

⚠️ မိတ်ဖက်ပြဿနာ

CDF (မတူပီ) တပ်မဟာအချင်းချင်း ကွဲလွဲမှုများ ပြေလည်နိုင်ရေး တတိယအဖွဲ့အစည်းနှင့်အတူ ကြိုးစားဆောင်ရွက်သွားမည် – MPA

💬 နိုင်ငံရေးထူးခြားသတင်းများ

လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် NLD ပါတီ၏ သုံးသပ်ချက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပပြီးမှ ထုတ်ပြန်နိုင်မည် – DVB

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

အာဆီယံ ရဲညီလာခံ၌ နိုင်ငံဖြတ်ကျော်မှုခင်းများ ဆွေးနွေး – TI

မြန်မာဘက်သို့ အီလက်ထရောနစ်ပစ္စည်းများ၊ လူသုံးကုန်နှင့် အိမ်သုံးကုန်များ၊ စက်ကိရိယာနှင့် စက်ယန္တရားများ နယ်စပ်ဂိတ်ပေါက်များမှ တင်ပို့မှု တရုတ်အာဏာပိုင်များက အကြောင်းပြချက်မရှိ ပိတ်ပင် – KT

KIA ပန်ဝါမြို့ သိမ်းယူပြီး​နောက် တရုတ်ကမီးဖြတ်ပြီး ​မြေရှားတူး​ဖော်မှု ရပ်တန့် – PS

မြန်မာစစ်တပ်အနေဖြင့် နိုင်ငံတဝန်း အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေမှု ရပ်တန့်ရန် အီးယူ တောင်းဆို – DVB

မြန်မာနှင့် လာအိုနိုင်ငံတို့ အလုပ်သမားကိစ္စပူးပေါင်းဆောင်ရွက်ရေးလက်မှတ်ထိုး – TI

ဘန်ကောက်ရှိ စစ်ကောင်စီ မြန်မာသံရုံးက CI စာအုပ်များအသစ် လဲလှယ်ပေးမည်ဆိုသော ကြေညာချက် ယုံကြည်စရာမရှိဟုဆို – KT

📊 စီးပွားရေးထူးခြားသတင်းများ

၂၀၂၄-၂၅ ဘဏ္ဍာနှစ် ပထမ ၆ လ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သန်း ၂၀၀ ကျော်သာရှိ – DVB

လာအိုရောက်မြန်မာများ တရားဝင်ငွေပြန်လွှဲရန် စစ်ကောင်စီဝန်ကြီး ဖိအားပေး – DVB

#rangoonscoutnetwork

Dagon Seikkan News

23 Oct, 11:03


ညနေခင်းလေး တဖြတ် ကလစ်ဖို့ လင့်ခ် အသစ်လေးတွေပါ

ချစ်ရင် VPN လေးတွေ သုံးကြည့်နော်

https://yebawdoh.com/example-2/10-easy-low-calorie-recipes-for-weight-loss-beginners/

https://eainpyanlann.com/top-5-cloud-security-threats-and-how-to-mitigate-them

https://tawhlanlunge.com/how-to-learn-crypto-and-earn-with-top-educational-platforms/

https://todayfinanceguide.com/retirees-aged-65-and-older-you-can-receive-two-social-security-payments-soon/

https://c2dlearn.xyz/seo-tools-free-top-picks-for-boosting-your-rankings/

https://newdays4mm.com/7-tips-to-stay-organized-when-life-is-busy/

Dagon Seikkan News

23 Oct, 10:18


တောင်ဒဂုံမြို့နယ်ထိစပ် (ဒဂုံဆိပ်ကမ်း)
23 Oct 2024

- ပဲခူးမြစ်လမ်း နဲ့ ရတနာလမ်းထောင့်နား Denko ဆီဆိုင် မရောက်ခင်မှာ
- ဘဲဥ ၄ ကောင်ခန့်၊ စခ ၄ ကောင်ခန့် လနပါ
- ကားတားစစ်နေ

4:26 PM
@SDSinformer

Dagon Seikkan News

23 Oct, 10:03


အောက်တိုဘာ ၂၃ ရက် နေ့လည် ၁၄၃၀ နာရီတွင် တွေ့ရသည့် HIMAWARI-9 ဂြိုဟ်တုပုံများနှင့် အိန္ဒိယမိုးလေဝသဋ္ဌာနမှ ထုတ်ပြန်သည့် Press Release တွေမှာ -

မြန်မာနိုင်ငံအပေါ်သက်ရောက်မှုရှိတဲ့ ရေခိုးရေငွေ ပါဝင်မှုအခြေအနေ နည်းပါးတာတွေ့ရပါမယ်။

ပင်လယ်ပြင်ရေလုပ်သားများအတွက် အောက်တိုဘာ ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းပင်လယ်ပြင်ကို မထွက်ကြဘို့ အကြံပြုထားပြီး အောက်တိုဘာ ၂၆ ရက်နေ့က စ လို့ ပင်လယ်ပြင် ရာသီဥတု အခြေအနေ ပြန်လည်ကောင်းမွန်လာမှာဖြစ်ကြောင်းဖေါ်ပြထားတဲ့ ပုံတွေ တွေ့ရပါမယ်။

Reference:
1. HIMAWARI SAT-Images https://www.nrlmry.navy.mil/tcweb/active/?

2. IMD Press Release

Dagon Seikkan News

23 Oct, 05:53


DAILY HIGHLIGHTS (22 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်းရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို KNLA ၊ PDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ၊ စခန်းဦးစီးအရာရှိထွက်ပြေးလွတ်မြောက်သွား – KT

အနန်းကွင်း စစ်ဗျူဟာက စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့် KNLA ထံ လက်နက်ချ – DVB

KNU ဗဟိုဌာနချုပ်စစ်ရုံးချုပ်ကို စစ်ကောင်စီက အသေခံ ဒရုန်း ဖြင့် ဗုံးလာကျဲမှု ပြည်သူ ၁ ဦးထိခိုက်မှုရှိပြီး အသက်အန္တရာယ်စိုးရိမ်ရ – KT

ကန်ပိုက်တီး အမှတ် ၁၀၀၃ နယ်ခြားစောင့် တပ်ရင်းဌာနချုပ် အပါအဝင် စစ်ကောင်စီနှင့်ပြည်သူ့စစ်တပ်စခန်း ၈ ခုထက်မနည်းကို KIA က သိမ်းပိုက်ရရှိထားဟု ဗိုလ်မှူးကြီးနော်ဘူ အတည်ပြု – KT

ပြင်ဦးလွင်မြို့အနီး တိုက်ပွဲပြင်းထန်နေ – PS

ကြည်း၊ ရေ၊ လေ ထိုးစစ်ဖြင့် ငါန်းမြာကြီးကို စစ်တပ်ပြန်သိမ်း – TI

စစ်မှုထမ်း အပတ်စဉ် တစ်ခုလျှင် တပ်သားသစ် တစ်သောင်းကျော်ရရှိရေး စစ်ကောင်စီက အရှိန် အဟုန်မြင့်နေပြီး သင်တန်းဆင်း တပ်သားသစ် များအားလုံးကို ရှေ့တန်းစစ်မျက်နှာပြင်များနှင့် ထိုးစစ်ဆင်ရေးအတွက် အဓိက အသုံးပြုနေ – KT

ထိုင်းအချုပ်မှ ပြန်ပို့သည့် မြန်မာလုပ်သားများကို စစ်ကောင်စီ လူသစ်စုဆောင်း – PS

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး ယမန်နေ့ညပိုင်း စစ်လေယာဉ်ဖြင့် ဗုံးကျဲပြီး တရုတ်က စစ်ကောင်စီလေယာဉ်ကို မီးကျည်များ ဖောက်၍ ထပ်မံသတိပေးပြန်၊ လားရှိုးမြို့ပေါ်တွင်လည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချ – KT

တရုတ်က မြန်မာဘက်သို့ ကုန်ပစ္စည်းတင်ပို့မှုအားလုံးပိတ်ပင်ဟုနယ်စပ်ကုန်သည်အချို့​ပြော – PS

သတင်းပို့ခြင်း မရှိသော NGO/ INGOs များ မရာနယ်အတွင်း သွားခွင့် မပြုဟု MTCပြော – TI

ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့မှ ထိပ်တန်းရဲအရာရှိများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် ရောက်ရှိ – KT

🔴 သဘာဝဘေး

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းတွင် မိုးကြီးပြီး ရေကြီးခြင်းနှင့် မြေပြိုမှု ဖြစ်ပေါ်နိုင် – KT

🖥 အခြားထူးခြားသတင်းများ

ခြံအမှတ် ၅၄ ကို ဈေးလျှော့ပြီး လေလံတင်ဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြ – RFA

ပန်လုံမြို့ “ဝ” တပ်ဖွဲ့၏ ခွေးရှင်းလင်းရေး ပြည်သူများ ဝေဖန် – TI

#rangoonscoutnetwork

Dagon Seikkan News

22 Oct, 15:58


ဒဂုံဆိပ်ကမ်း
*
ဒဂုံဆိပ်ကမ်း ၆၇ ရပ်ကွက်မှာ စမတ်ကဒ်လုပ်ဖို့ဆိုပြီး စာရင်းလိုက်ကောက်နေ
သောကြာနေအထိ စီမံချက်နဲ့ လုပ်မယ်လို့ သိရ
*
9:54 pm
📬 @Inform_RSN

Dagon Seikkan News

22 Oct, 11:34


Part - 3 (Final)

VPN - US နဲ့ UK, Canada အဆင်ပြေတာတစ်ခုခုထားပြီး ကလစ်လိုက်ပါ။ ဖြစ်နိုင်ရင် location ကို ခနခနမချိန်းပါနဲ့ခင်ဗျ။
ကြော်ငြာလင့်တစ်ခုကို တစ်ခုပဲကလစ်ပါဗျာ။

1. https://eurotimes.club/index.php/3-tips-to-succes…iate-marketing-1/

2. https://eurotimes.club/index.php/why-you-need-a-website-1/

3. https://eurotimes.club/index.php/7-new-on-page-seo-techniques-1/

4. https://eurotimes.club/index.php/how-to-choose-to…t-in-a-company-1/

5. https://eurotimes.club/index.php/what-is-contextual-marketing-and-why-should-i-use-it-1/

Dagon Seikkan News

22 Oct, 10:11


ရန်ကုန်မြို့ဟာ ကျွန်းတခုအဖြစ်သာ ကျန်ခဲ့ပါလိမ့်မယ်

__________________________

◉ ဒေါက်တာ သန့်မြင့်ဦး

မြန်မာနိုင်ငံမှာ ဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့်ဖြစ်တဲ့ သက်ရောက်မှုဟာ ကြီးမားတဲ့ကပ်ဘေးထက် လျော့နည်းဖွယ်မရှိပါဘူး။ ဒီသက်ရောက်မှုတွေဟာ ရာစု၊ ဆယ်စုနှစ်တွေ ကြာမှာမဟုတ်ပါဘူး။ လာမယ့်နှစ်တွေအတွင်း ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒီကနေ့ မြန်မာနိုင်ငံဟာ ဥတုဘေး အရေးပေါ်အခြေအနေ (Climate Emergency) ကို ရင်ဆိုင်နေရပါပြီ။ … ကမ္ဘာကြီးဟာ အခုရာစုနှစ်လယ်မှာ နှစ်ဒီဂရီစင်တီဂရိတ် ပူနွေးလာခဲ့တယ်ဆိုရင်တောင် မြန်မာနိုင်ငံဟာ ဖွတ်ဖွတ်ညက်ညက် ကြေသွားနိုင်ပါတယ်။ ... နာဂစ်လိုမျိုး ပြင်းထန်တဲ့မုန်တိုင်းတွေ၊ ပြင်းထန်တဲ့ လေပြင်းမုန်တိုင်းတွေ ဖြစ်ပွားတဲ့အကြိမ်ရေများလာပါလိမ့်မယ်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ရလဒ်အနေနဲ့ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသအောက်ပိုင်းနဲ့ ရန်ကုန်မြို့အနီး အပါအဝင် ပင်လယ်ကမ်းရိုးတန်းဒေသ အတော်များများ ရေအောက်ကို လုံးဝ မြုပ်သွားပါလိမ့်မယ်။ မခံမရပ်နိုင်လောက်အောင် အပူချိန်လွန်ကဲမှုတွေဟာ တနှစ်ကို ရက်သတ္တပေါင်းများစွာတင်မကဘဲ လပေါင်းများစွာဖြစ်ပေါ်လာပါလိမ့်မယ်။ အပူချိန်လွန်ကဲတာ၊ မိုးခေါင်တာတွေသာမက အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ဖြစ်ပွားလာတဲ့အတွက် မြန်မာနိုင်ငံရဲ့ မိုးနည်းဒေသနဲ့ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသတွေမှာ စားသုံးသီးနှံ စိုက်ပျိုးလို့မရအောင် ဖြစ်ပေါ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တိရစ္ဆာန်မျိုးစိတ်တွေ အစုလိုက်အပြုံလိုက် မျိုးသုဉ်းခြင်း ဖြစ်ပွားပါလိမ့်မယ်။ ရောဂါအသစ်တွေလည်း ပြန့်ပွားလာပါလိမ့်မယ်။ … ကမ္ဘာ့အပူချိန် လေးဒီဂရီ မြင့်တက်လာရင် မြန်မာနိုင်ငံ ဒေသအတော်များများမှာ လူနေထိုင်လို့ မဖြစ်နိုင်တော့ပါဘူး။ ဧရာဝတီမြစ်ဝကျွန်းပေါ်သာမက ရခိုင်ပြည်နယ်တခုလုံးနီးပါး ရှိနိုင်တော့မှာမဟုတ်ပါဘူး။ ရန်ကုန်မြို့ဟာ ကျွန်းတခုအဖြစ်သာ ကျန်ခဲ့ပါလိမ့်မယ်။ နိုင်ငံရဲ့ အလယ်ဗဟိုဒေသဟာ လူသားတွေနဲ့ တိရစ္ဆာန်အများစု နေထိုင်လို့မရအောင် ပူပြင်းနေပါလိမ့်မယ်။ သန်းပေါင်းများစွာသော လူထု ရွှေ့ပြောင်းအခြေချမှုတွေ ဖြစ်လာပါမယ်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ပြင်းထန်တဲ့ကပ်ဘေးကြောင့် ဥတုဘေးဒုက္ခသည် သန်းပေါင်းများစွာကို မွေးထုတ်ပေးပါလိမ့်မယ်။ အခုရာစုမကုန်ခင်၊ အခုလူငယ်တွေရဲ့ သက် တမ်းအတွင်းမှာပဲ အပူချိန် လေးဒီဂရီမြင့်လာတာကို ကြုံရပါလိမ့်မယ်။

(၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၅ ရက်က "ဘေးနှစ်သွယ်အမြွှာဆင့်ချိန်-ဥတုကပ်ဘေးနှင့် သတိပြုဖွယ်သုံးချက်" ခေါင်းစဉ်ဖြင့် ထုတ်ဝေဖြန့်ချိခဲ့သော ISP Insight Email အတွဲ-၂၊ အမှတ်-၆ ၌ ပါရှိသည့် ကောက်နုတ်ချက် ဖြစ်ပါသည်။ ဒေါက်တာ သန့်မြင့်ဦးသည် အထက်ဖော်ပြပါ သုံးသပ်ချက်ကို ၂၀၁၉ ခုနှစ် ဇွန် ၂၂ ရက်တွင် "ဥတုဘေးအတွက် လှုပ်ရှားမှု - အရေးပေါ်လို့ ထိုးရမယ့်ခေါင်းလောင်း" (Climate Action: More Urgent Than Ever) ခေါင်းစဉ်ဖြင့် ISP-Myanmar က ပြုလုပ်ခဲ့သော ယောမင်းကြီးဇရပ် စကားဝိုင်းဆွေးနွေးပွဲသို့ ဗီဒီယိုမက်ဆေ့ဖြင့် ပေးပို့ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်)

➤ အပြည့်အစုံဖတ်ရှုပါရန်

https://ispmyanmar.com/community/insight-emails/ie-v02n06/

➤ ဒေါက်တာ သန့်မြင့်ဦး၏ ဆွေးနွေးချက်ကို ကြည့်ရှုရန်(၂၃ မိနစ်ကနေ ၂၉ မိနစ်အထိ)

https://www.youtube.com/watch?v=YJpkSD3mt60...

➤ ‘ဥတုဘေးအတွက် လှုပ်ရှားမှု - အရေးပေါ်လို့ ထိုးရမယ့်ခေါင်းလောင်း’ (Climate Action: More Urgent Than Ever) ဆွေးနွေးပွဲ အပြည့်အစုံကို ကြည့်ရှုရန်

https://ispmyanmar.com/.../yaw-min-gyis-za-yat-7th.../...

#ISP_InsightEmail

Dagon Seikkan News

22 Oct, 09:10


မုန်တိုင်းငယ် IO-98B update
အောက်တိုဘာ ၂၂ ရက် နေ့လည် ၂ နာရီ
======

🔸 မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ တနာရီ ၈ မိုင်နှုန်းခန့်ဖြင့် ဆက်လက်ရွေ့လျားနေသည်။

🔸 ရန်ကုန်မြို့ အနောက်-အနောက်တောင်ဘက် ၃၂၅ မိုင်ခန့်၊
🔸 ပုသိမ်မြို့ အနောက်-အနောက်တောင်ဘက် ၂၃၇ မိုင်ခန့်၊
🔸 စစ်တွေမြို့ တောင်-အနောက်တောင်ဘက် ၃၆၈ မိုင်ခန့် - ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဆက်လက်တည်ရှိနေသည်။

🔸 DMINT(Deep Multispectral INtensity of TCs estimator (D-MINT, formerly DMN) ၏ မုန်တိုင်းလေတိုက်နှုန်းခန့်မှန်းချက်တွင် တနာရီ ၃၄.၅ မိုင်အထိရှိလာကြောင်း 30 knots(34.5 mph) တွေ့ရသည်။ တနာရီလေတိုက်နှုန်း ၃၉ မိုင်(34 knots)သို့ရောက်ရှိလျှင် ဆိုင်ကလုန်းမုန်တိုင်း DANA ဖြစ်လာမည်။

🔸 တပ်ဆင်ပြီး weather station များမှ ရရှိသည့် အောက်တို ၂၂ ရက်နေ့ မိုးရွာသွန်းပြီးသည့် အခြေအနေများပုံကိုလည်း တင်ပေးထားပါသည်။

🔸 ပြည်နယ်တိုင်းများအလိုက် နောက် ၄ ရက်အတွင်းဖြစ်နိုင်သည့် မိုးလေဝသအခြေအနေများကို ကြည့်ရန် -
https://www.mmweather.org/divisional-cities-weather